ရုရှားက (၈၁)နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို ရင်ပြင်နီ၌ကျင်းပ

News Image

  •  ရုရှားက (၈၁)နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို ရင်ပြင်နီ၌ကျင်းပ

ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် (၈၁)နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရင်ပြင်နီ၌ မေလ ၉ ရက်တွင် ကျင်းပသည်။

တစ်ချိန်တည်းမှာပင် နာဇီတို့ကို အောင်နိုင်ရန် အသက်ပေးလှူခဲ့ကြသည့် သန်းပေါင်းများစွာသော ပြည်သူများအား ဂုဏ်ပြုသည့် စစ်ရေးပြအခမ်းအနားများကိုလည်း မေလ ၉ ရက် အစောပိုင်းတွင် ရုရှားနိုင်ငံတစ်ဝန်းရှိ မြို့အသီးသီး၌ ကျင်းပခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်၏ မဟာမျိုးချစ်စစ်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုအနေဖြင့် လူဦးရေ ၂၇ သန်းခန့် ဆုံးရှုံးခဲ့ရပြီး စစ်ပွဲ၏ ဒဏ်ကို အဆိုးဆုံးခံစားခဲ့ရသည်။ နာဇီဂျာမနီ၏ ခြွင်းချက်မရှိ လက်နက်ချမှုကို ဘာလင်မြို့၌ မေလ ၈ ရက် ညနှောင်းပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း မော်စကိုမြို့၌ သန်းခေါင်ကျော်ချိန်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရုရှားတွင် အဆိုပါ အောင်ပွဲနေ့ကို မေလ ၉ ရက်တွင် ကျင်းပခြင်းဖြစ်သည်။

ရုရှားအစိုးရက အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရန် ကြေညာခဲ့သော်လည်း ယူကရိန်းဘက်က ရုရှားနိုင်ငံအတွင်းသို့ ဒရုန်းရာပေါင်းများစွာ စေလွှတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ယူကရိန်းအစိုးရက အမေရိကန်သမ္မတ၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုကို သဘောတူခဲ့ကြောင်း သိရသည်။

Ref: RT

MWD