လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဧပြီလအတွင်း မျှင်ငါးပိ ပိဿာအများအပြား တင်ပို့ရောင်းချနိုင်

News Image

  • လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဧပြီလအတွင်း မျှင်ငါးပိ ပိဿာအများအပြား တင်ပို့ရောင်းချနိုင်

လပွတ္တာ   မေ   ၁၂

     ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်း မျှင်ငါးပိ ပိဿာအများအပြား တင်ပို့ရောင်းချနိုင်ကြောင်း လပွတ္တာမြို့နယ်၌ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဝင်းမော်၏ ပြောကြားချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ဒေသထွက် မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချရာ ပြီးခဲ့သည့်မတ်လက မျှင်ငါးပိ ပိဿာ ၅၅၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း မျှင်ငါးပိ ပိဿာ ၆၆၀၀၀ ခန့်အထိ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။ 

"ရန်ကုန်ဈေးကွက်ဘက်က လက်ရှိမှာလည်း  မျှင်ငါးပိဝယ်ကုန်က အရမ်းများနေပါတယ်။ မျှင်ငါးပိတွေက ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားကောင်းလာတဲ့အပြင် ဈေးကောင်းလည်းရနေတယ်။  အခုလို မျှင်ငါးပိတွေ  ပြန်ပြီးတော့ အရောင်းအဝယ်ကောင်းလာလို့ လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ အဆင်ပြေလာပါတယ်'' ဟု ဒေါ်ဝင်းမော်ကပြောသည်။ 

လပွတ္တာမြို့နယ်၌  ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသခံရေလုပ်သားများ ပင်လယ်ပြင်မှရရှိသော မျှင်ကောင်များကို ဝယ်ယူပြီး အသင့်စားသုံးနိုင်သော  မျှင်ငါးပိအဖြစ် ထုတ်လုပ်ရောင်းချကြောင်း၊ အဆိုပါမျှင်ငါးပိထုတ်လုပ် ရောင်းချသည့်လုပ်ငန်းသည် ဒေသထုတ်ကုန်စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။   

MWD