ကျောက်ဆည်မြို့၌ မိသားစုအပိုဝင်ငွေရှာဖွေနိုင်ရေး သဘာဝ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်
ကျောက်ဆည်၊ မေ- ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိသားစုအပိုဝင်ငွေရှာဖွေနိုင်ရေး သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယနေ့နံနက်ပိုင်းက အခမဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီပြုလုပ်နည်းပညာရပ်များကို ကျောက်ဆည်ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်ပြည့်ဖြိုးအိက သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီပြုနည်း အဆင့်ဆင့်ကို အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များမှ သင်တန်းသူ (၂၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၂ ရက်ကြာ အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး (ကျောက်ဆည်)
