ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား စာရင်းထုတ်ပြန်
ပဲရစ် မေ ၁၅
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နည်းပြဒက်ချမ့်က ပြင်သစ်အသင်းကစားသမားစာရင်းတွင် ကစားသမား ၂၆ ဦးကို အပြီးသတ်ရွေးချယ်ခဲ့ပြီး တိုက်စစ်ကစားသမား ခြောက်ဦးအထိ ပါဝင်လာသည်။
ပြင်သစ်အသင်းကစားသမား စာရင်းတွင် ဂိုးသမား နေရာ၌ ရင်းနက်အသင်းမှဆမ်ဘာ၊ အေစီမီလန် အသင်းမှ မိုက်မိုင်နန်၊ လန်းအသင်းမှ ရီဆား၊ ခံစစ် ကစားသမားနေရာ၌ ချယ်လ်ဆီးအသင်းမှ ဂတ်စတို၊ အက်စ်တွန်ဗီလာအသင်းမှ ဒစ်နေး၊ ဘိုင်ယန်မြူးနစ်အသင်းမှ အူပါမီကာနို၊ အာဆင်နယ်အသင်းမှ ဆလီဘာ၊ လီဗာပူးအသင်းမှ ကိုနာတီ၊ ဘာစီလိုနာအသင်းမှ ခွန်ဒီ၊ အယ်ဟီလယ်အသင်းမှ သီယာဂိုဟာနန်ဒက်၊ ပီအက်စ်ဂျီအသင်းမှ လူးကပ်ဟာနန်ဒက်၊ ခရစ္စတယ် ပဲလေ့စ်အသင်းမှ လာခရစ်၊ ကွင်းလယ်ကစားသမား နေရာ၌ ပီအက်စ်ဂျီအသင်းမှ ဇိုင်အမ်မရီ၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ချူအာမန်ဒီ၊ ဖီနာဘာချီအသင်းမှကန်တီ၊ အေစီမီလန်အသင်းမှ ရာဘီယော့၊ မန်စီးတီးအသင်းမှ ချက်ကီနှင့် ရိုးမားအသင်းမှ ကိုနေးတို့ပါဝင် လာသည်။
တိုက်စစ်ကစားသမား နေရာ၌ ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီ၊ ဘာကိုလာနှင့် ဒူအီ၊ အင်တာမီလန်အသင်းမှ သူရမ်၊ ရီးယဲလ်မက်ဒရစ်အသင်းမှ အမ်ဘတ်ပီ၊ ဘိုင်ယန်မြူးနစ်အသင်းမှ အိုလီဆီ၊ ခရစ္စတယ်ပဲလေ့စ်အသင်းမှ မာတီတာ၊ မိုနာကိုအသင်းမှ အက်ကီလီယိုချီ တို့ပါဝင်လာကြောင်း သိရသည်။
MWD
