တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့၌ ရုတ်တရက်မိုးကြီးပြီး ရေကြီးမှုဖြစ်ပွား

News Image

  • တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့၌ ရုတ်တရက်မိုးကြီးပြီး ရေကြီးမှုဖြစ်ပွား

     တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့၌ မေလ ၁၉ ရက်တွင် ရုတ်တရက်မိုးကြီးပြီး ရေကြီးမှုဖြစ်ပွားခြင်းကြောင့် အနည်းဆုံးလူ ၂၁ ဦးသေဆုံးကြောင်းနှင့် စာသင်ကျောင်းများ၊ ဈေးဆိုင်များကိုပိတ်ထားရကြောင်း တာဝန်ရှိသူများကပြောသည်။

ထိုကဲ့သို့မိုးသည်းထန်စွာရွာမှုကြောင့် ကျန်းရှီး၊ အန်းဟွေ၊ ဟူနန်၊ ဟူပေး၊ ကွီကျိုး၊ကွမ်ရှီး၊ ကွမ်တုံနှင့် ဟိုင်နန်ဒေသတို့သည် မြေပြိုမှု၊ ရုတ်တရက်ရေကြီးမှု၊ မြို့ပေါ်ရေလွှမ်းမိုးမှုနှင့် ရေမြောင်းများပိတ်ဆို့မှုတို့ကို ခံစားရနိုင်ကြောင်း တရုတ်နိုင်ငံအမျိုးသား မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါသဘာဝဘေးကြောင့် အစိုးရကအဆင့် (၄ )ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ယွမ်သန်း ၁၅၀ ခွဲဝေသတ်မှတ်ပေးထားကြောင်း တာဝန်ရှိသူများကပြောသည်။

မိုင်ပေါင်း  ၆၂၁   မိုင်ပတ်လည်ရှိသော နယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေခြင်းဖြစ်သောကြောင့် မြစ်ရေကြီးခြင်း၊တောင်ပြိုခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ ဖြစ်ပွားသည့်အပြင် လာမည့်ရက် အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု‌ဆက်လက်ဖြစ်ပွားမည် ဖြစ်ကြောင်း သိရသည်။        

MWD