တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် လူ ၉၀ ထက်မနည်းသေဆုံး

News Image

  • တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် လူ ၉၀ ထက်မနည်းသေဆုံး

   တရုတ်နိုင်ငံအလယ်ပိုင်း ရှန်းရှီးပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ဖြစ်ပွားသည့် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့်လူ ၉၀ ထက်မနည်းသေဆုံးကြောင်း တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါပေါက်ကွဲမှုသည် ပေကျင်းမြို့၏အနောက်တောင်ဘက် ကီလိုမီတာ ၅၂၀ ခန့်အကွာရှိ ကျင်းယွမ်ခရိုင်၌ မေလ ၂၂ ရက်နှောင်းပိုင်းတွင် ကျောက်မီးသွေးတွင်းမှ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ထွက်ရှိမှု သတိပေးချက် ထုတ်ပြန်ပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် မြေအောက်၌ အလုပ်သမား ၂၄၇ ဦး ရှိနေပြီး အခြားအလုပ်သမားများ ပိတ်မိနေဆဲရှိ၊ မရှိကိုမူ မသိရသေးကြောင်း သိရသည်။

အစောပိုင်းတွင် သေဆုံးသူရှစ်ဦးသာရှိကြောင်း ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူအရေအတွက်   ရုတ်တရက် မြင့်တက်လာခြင်းဖြစ်သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မီးသွေးတွင်းလုပ်ငန်းကို လည်ပတ်သည့် ကုမ္ပဏီအမှုဆောင်များကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း Xinhua ကဆိုသည်။

ယခုဖြစ်စဉ်သည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း တရုတ်နိုင်ငံ၏ လူအသေအပျောက်အများဆုံး ကျောက်မီးသွေးတွင်း မတော်တဆမှုဖြစ်လာသည်။ သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေး လုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းရန် ညွှန်ကြားထားကြောင်း သိရသည်။    

MWD