ကဝမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

News Image

  • ကဝမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကဝ   မေ   ၂၃

     ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့   ခုတင် - ၅၀၀ ဆံ့  အထွေထွေရောဂါကုဆေးရုံကြီးမှ  ‌ဆေးရုံအုပ်ကြီး‌ ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ

ပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ ၂၃ ရက် နံနက်ပိုင်းတွင် ကဝမြို့နယ် သက္ကလတိုက်နယ်ဆေးရုံသို့ သွားရောက်၍  ရဟန်းရှင်လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်ပေးကြသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ဆေးကုသမှုလာရောက်ခံယူကြသည့်  ပြည်သူများအား ပဲခူးမြို့ ခုတင် - ၅၀၀ ဆံ့  ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး

စကားပြောကြားပြီး  အထူးကုဆရာဝန်ကြီးများက စမ်းသပ်ကုသပေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့အနေဖြင့် မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေးနှင့် ပြည်သူများအသက်ရှည်အနာမဲ့စွာနေထိုင်နိုင်ရေးအတွက် ကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကဝမြို့နယ်အတွင်းရှိ ပြည်သူများအား ဖျားနာရောဂါ၊  ခွဲစိတ်‌၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးရောဂါ၊ အရေပြားရောဂါ၊  ဓာတ်မှန်၊  သွားနှင့်ခံတွင်းရောဂါ စသည့် ဘာသာရပ် ၁၀ ခုမှ အထူးကုဆရာဝန်ကြီးများဖြင့် လာရောက်ပြသသည့်လူနာ    ၃၀၀    ကျော်အား ကျန်းမာရေးစစ်ဆေး ကုသမှုများ ပြုလုပ်ပေးနိုင်ကြောင်း သိရသည်။

MWD