မန္တလေးတိုင်းဒေသကြီးအတွင်းတက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ တည်ဆောက်ရေးလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကြည့်ရှုစစ်ဆေး

News Image

  • မန္တလေးတိုင်းဒေသကြီးအတွင်းတက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ တည်ဆောက်ရေးလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကြည့်ရှုစစ်ဆေး

မန္တလေး မေ ၂၃

     ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝက်ဝံ)၊ အခြေခံပညာမူလတန်းကျောင်း(ကုန်း ဘောကျေးရွာ)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရေငယ်)၊ အခြေခံပညာအထက်တန်းကျောင်း (မိုးကြိုးစံပြ)၊ အမှတ် (၁)  အခြေခံပညာအထက်တန်းကျောင်း (ပြင်ဦးလွင်)၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (ပြင်ဦးလွင်)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အောင်ချမ်းသာ) တို့တွင် ကျောင်းဆောင်သစ်များတိုးချဲ့တည်ဆောက်ရန် လျာထားမြေနေရာများ၊  ကျောင်းအပ်နှံရေး သီတင်းပတ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို   ကြည့်ရှုစစ်ဆေးသည်။

ယမန်နေ့ကလည်း မိတ္ထီလာတက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှု၊ ခြောက်ထပ်စာသင်ဆောင်သစ်   တည်ဆောက်ပြီးစီးမှုနှင့် လေးခန်းတွဲလေးထပ်  အမှုထမ်းအိမ်ရာ တည်ဆောက်ရန် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကန်တင်းနှင့်   အားကစားရုံတည်ဆောက်ရန်  လျာထားမြေနေရာ၊ မိတ္ထီလာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက် တန်းကျောင်း (ချည်စက်)နှင့် အခြေခံပညာအထက်တန်းကျောင်း (တောမ) တို့တွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းဆောင်များနေရာတွင် နှစ်ထပ်ကျောင်းဆောင်သစ်များ ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်နေမှု၊ ကျောက်ဆည်တက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်တို့တွင် ဘွဲ့နှင်းသဘင်ခန်းမ၊ ဝန်ထမ်းအိမ်ရာနှင့် ဘက်စုံသုံးခန်းမတည်ဆောက်ရန် လျာထားမြေနေရာများနှင့်  အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မန္တလေးပညာရေးဒီဂရီကောလိပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် လျာထားမြေနေရာ၊ ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အနီးစခန်း)နှင့်  အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) (ပွေးတောင်(နန္ဒဝန်)) တို့တွင် ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရန် လျာထားမြေနေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 

MWD