ပြည်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ
ပြည် မေ ၂၃
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး နိုင်ငံတော်အစိုးရမှ အခမဲ့ပညာရေးစနစ် ဖော်ဆောင်ပေးသည့် ကျောင်းဝတ်စုံများ၊ စာအုပ်၊ ခဲတံနှင့် ဘောပင်များအား အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများအား အသီးသီးပေးအပ်သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
MWD
