၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

News Image

  • ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်   မေ   ၂၃

     ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈  နှစ်အောက် အမျိုးသား   ဘောလုံးပြိုင်ပွဲကို   ယနေ့မွန်းလွဲပိုင်းတွင်   ကရင်ပြည်နယ်    ဘားအံမြို့ရှိ ဇွဲကပင်ကွင်း၊   ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ  ပြည်နယ်ကွင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ  အားကစားဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့ရှိ ကိုးသိန်း အားကစားကွင်းတို့၌ ဇုန်လေးဇုန်ခွဲ၍ကျင်းပရာ  ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်   ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ 

ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍  ကရင်ပြည်နယ်ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသ ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို ၉ ဂိုး ဂိုးမရှိ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစား ဥယျာဉ်ကွင်းတွင် မကွေး တိုင်းဒေသကြီး အသင်းနှင့် ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး ဂိုးမရှိ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း တွင် တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် ကယားပြည် နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အသင်းက ကယားပြည်နယ်အ သင်းကို ၄ ဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြောင်း သိရသည်။ 

MWD