နည်းပြကလော့နှင့် ဟာလန်းတို့ကို ခေါ်ယူပေးမည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌသစ် ရွေးချယ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ရီကွယ်မီပြောကြား

News Image

  • နည်းပြကလော့နှင့် ဟာလန်းတို့ကို ခေါ်ယူပေးမည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌသစ် ရွေးချယ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ရီကွယ်မီပြောကြား

မက်ဒရစ်   မေ   ၂၃

     ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌသစ်ရွေးချယ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်   ရီကွယ်မီက  အသင်းထံ  နည်းပြကလော့နှင့် မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းတို့ကို  ခေါ်ယူပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ရီးယဲလ်မက်ဒရစ်အသင်းတွင်  အသင်းဥက္ကဋ္ဌ ရာထူးကို လက်ရှိအသင်းဥက္ကဋ္ဌ ပီရက်က ကာလရှည် တာဝန်ယူပြီးနောက်    အသင်းဥက္ကဋ္ဌသစ်ရာထူးအတွက် ယခုနှစ်အတွင်း ရွေးချယ်ပွဲကျင်းပမည်ဖြစ်ကာ ရွေးချယ်ခံမည့်သူများအနေဖြင့် မေလ ၂၃ ရက် က စာရင်းပေးသွင်းရပြီး စပိန်စီးပွားရေးလုပ်ငန်းရှင်  ရီကွယ်မီကလည်း    ပီရက်နှင့်အပြိုင်  ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။

လက်ရှိအသင်းဥက္ကဋ္ဌ ပီရက်သည် ရီးယဲလ်မက်ဒရစ် အသင်းဥက္ကဋ္ဌရာထူးကို  ဒုတိယအကြိမ် ၂၀၀၉ ခုနှစ်မှ စတင်ပြီး ကာလရှည်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရီကွယ်မီသည် ရေနှင့်စွမ်းအင်အုပ်စုကိုပိုင်ဆိုင်ထားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လက်ရှိ တွင် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌသစ် ရွေးချယ်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

နည်းပြကလော့သည် လီဗာပူးအသင်းကို အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ၂၀၂၄ ခုနှစ်က အသင်းနှင့်လမ်းခွဲပြီးနောက် လက်ရှိတွင် ရက်ဘူးလ်အုပ်စု၏  ဘောလုံးဆိုင်ရာတာဝန်ရှိသူ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

အလားတူ   မန်စီးတီးအသင်းတိုက်စစ် ကစားသမား   ဟာလန်းသည်လည်း  ယခုဘောလုံးရာသီ တွင် မန်စီးတီးအသင်းမှ နည်းပြဂွါဒီယိုယာ ထွက်ခွာမည်ဖြစ်သည့်အတွက်  ၎င်းအနေဖြင့်   လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေခြင်းဖြစ်သည်။

ရီကွယ်မီက ဟာလန်းကိုခေါ်ယူရန်  အေးဂျင့် ဖြစ်သူထံ ဆက်သွယ်မှုများလုပ်ဆောင်ထားပြီး နည်းပြကလော့ကို ခန့်အပ်ရန် ၎င်း၏အကြံပေးအဖွဲ့မှ တစ်ဆင့်  ဆက်သွယ်မှုများ လုပ်ဆောင်ထားသည်ဟု  မဲဆွယ်စည်းရုံးမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။          

MWD