ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် မေ ၂၃
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မှာကြား
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နိုင်ငံတော်သမ္မတရုံးသည် မတ် ၂၂ ရက် ရက်စွဲဖြင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဥက္ကဋ္ဌအဖြစ် ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင် ကိုယ်စားလှယ် စုစုပေါင်း ၂၂ ဦး ပါဝင်မှုဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ချင်းပြည်နယ်အတွင်း တွန်းဇံ၊ ဖလမ်းနှင့် တီးတိန်မြို့နယ်များ ပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရန်နှင့် လိုအပ်ပါက လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များက ချင်းပြည်နယ်အတွင်းရှိ မိမိတို့ဌာနများနှင့် ကြိုတင် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက ဌာနအလိုက် ဆောင်ရွက်မည့် အခြေအနေကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
