ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

News Image

  • ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဧရာဝတီ မေ ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ဧရာဝတီတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမင်းဦးနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကျောင်းအုပ်၊ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ဆရာ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား ကျောင်းသူများအား နောင်တစ်ချိန် တွင် နိုင်ငံတော်အတွက် အားကိုး အားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်း များဖြစ်အောင် ရည်မှန်းချက်များနှင့်အညီ လေ့ကျင့်သင်ကြား ပျိုးထောင်သွားကြရန် မှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့တွင် ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လပွတ္တာမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းများသို့ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများအား တွေဆုံအမှာ စကားပြောကြား၍ ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် လပွတ္တာမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်း ကျောင်းသို့ရောက်ရှိပြီး သင်တန်းသားများ၏ လက်ကိုင်ဖုန်းပြင် သင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ ဆောက်လုပ်ရေး သင်တန်းများတွင် ဘာသာရပ် အလိုက် လက်တွေ့သင်ကြားနေမှု နှင့် ဂါလန် ၃၁၀၀၀၀ ဆံ့ ရေစုကန်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MDN