နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်

News Image

  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်

နေပြည်တော် မေ ၂၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ  H.E. Mr. Valery D. Zorkin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကြီးကြပ်ထိန်းကျောင်းခြင်းနှင့် မျက်မှောက်ကာလ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ မေ ၁၉  ရက်မှ ၂၁ ရက်အထိ တက်ရောက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသ  ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC)၊ အဖွဲ့ဝင်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌနှင့် တရားသူကြီးများ၊ အခြားဖိတ်ကြားထားသော ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ကြသည်။

ညီလာခံတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကြီးကြပ်ထိန်းကျောင်းခြင်းနှင့် မျက်မှောက်ကာလ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်ကြသည့် Covid-19 ကပ်ရောဂါကာလအတွင်း ကြုံတွေ့ရသည့် တရားစီရင်ရေး အခက်အခဲများ၊ နိုင်ငံသားများ၏ ပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှုများ၊  နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တရားစီရင်ရေးတွင် ဉာဏ်ရည်တု (Artificial Intelligence) သက်ရောက်မှုများနှင့်စပ်လျဉ်း၍ အတွေ့အကြုံများကို တက်ရောက်လာကြသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MDN