ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများနှင့် သားဖွားသင်တန်းကျောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှုနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေး

News Image

  • ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများနှင့် သားဖွားသင်တန်းကျောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှုနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေး

လွိုင်ကော် မေ ၂၃

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ဒေသကွပ်ကဲရေးမှူးတို့သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်၍ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဆရာ ဆရာမများကကျောင်းဝင်းအတွင်း လူအင်အား၊ စက်ယန္တရား များဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် လွိုင်ကော်မြို့ ပုဗ္ဗာရုံ ပရိယတ္တိ စာသင်တိုက်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနက ယာယီနေရပ် စွန့်ခွာပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေကို ကြည့်ရှုအားပေးသည်။

ယင်းနောက် သူနာပြုနှင့် သားဖွား သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဝင်းအတွင်းရှိ ထမင်းစားဆောင်၊ စာကြည့်တိုက်၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့ သင်ကြားရေးခန်းနှင့် စုပေါင်းခန်းမတို့ကို သွားရောက်ကြည့်ရှုပြီး အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

ပြည်နယ်(ပြန်/ဆက်)

MDN