လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြ

News Image

  • လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြ

နေပြည်တော် မေ ၂၃

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများ လျှပ်စစ်နှင့်စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသောနှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထု၏ သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့်  တိုးတက်လာသည်ဖြစ်ရာ ဝန်နှင့်အားမမျှတော့ဘဲရုန်းကန်နေရသည့် အခြေအနေဖြစ်သည်။

လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရှည်လျားစွာ သွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်း ကြီးများတစ်လျှောက် အလိုအလျောက်ဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်သည် သဘောသဘာဝအရ လျော့နည်းနေမည် ဖြစ်သည်။

ထို့ပြင် အချို့သောဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ၊ မဟာ ဓာတ်အားလိုင်းကြီးများသည် အကြမ်းဖက် ဖျက်ဆီးခံထားရသဖြင့် အပြည့်အဝအသုံးပြု နိုင်မှုမရှိတော့သည့်အတွက် ကျန်ရှိသည့် ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီး များသည် ဝန်ပိုများထမ်းဆောင်နေကြရသည်ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးမှုကွန်ရက်ကြီးသည် နည်းပညာဆိုင်ရာ စွန့်စားရမှုများစွာနှင့်အတူ ပြည်သူများ၏ လိုအပ်ချက်ကို ကြိုးစားဖြည့်ဆည်းနေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

MDN