၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

News Image

  • ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် မေ ၂၃

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ကွင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်ကွင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစား ဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတို့၌ ဇုန်လေးဇုန်ခွဲ၍ ကျင်းပရာ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မကွေး တိုင်းဒေသကြီးအသင်းကို သုံးဂိုး- ဂိုးမရှိ၊ ရှမ်းပြည်နယ် တောင်ကြီး မြို့ ပြည်နယ်အားကစားကွင်းတွင် တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အသင်းက ကယားပြည်နယ်အသင်းကို လေးဂိုး - ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MDN