တရုတ်က ထိုင်ဝမ်ကျွန်းအရှေ့ဘက်၌ အထူးရေကြောင်းစစ်ဆင်ရေးစတင်ဆောင်ရွက်
ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကြား ရေပိုင်နက်နယ်နိမိတ်ဆိုင်ရာ ဆွေးနွေးမှုပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်း၏ အရှေ့ဘက်ရေပြင်တွင် အထူးရေကြောင်းဥပဒေစိုးမိုးမှုစစ်ဆင်ရေးကို စတင်ဆောင်ရွက်ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။ အဆိုပါစစ်ဆင်ရေးသည် ရေကြောင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ပိုင်ခွင့်ကို အပြည့်အဝ ကျင့်သုံးရန်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ကြောင်း တရုတ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတတို့ကသီးသန့်စီးပွားရေးဇုန်နှင့် တိုက်ကြီးများ၏ ကုန်းမြင့်အစွန်းများဆိုင်ရာ နယ်နိမိတ်သတ်မှတ်ရေးဆွေးနွေးပွဲများစတင်ရန် ပူးတွဲကြေညာခဲ့ခြင်းဖြစ်သည်။ ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ထိုရေပြင်သည် တရုတ်၏ သီးသန့်စီးပွားရေးဇုန်ဖြစ်သဖြင့် တရုတ်ကိုကျော်လွန်၍ ဆွေးနွေးခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ရှုတ်ချခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်က တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကျွန်းအရေးနှင့်ပတ်သက်၍စစ်ရေးအရ ကြားဝင်နိုင်ကြောင်း သတိပေးပြီးနောက် တရုတ်နှင့် ဂျပန်ကြား တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။
Ref: RT
MWD
