ယခုဘဏ္ဍာနှစ် မေလတစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၃၀၀၀၀ ကျော် တင်ပို့ထား

News Image

  • ယခုဘဏ္ဍာနှစ် မေလတစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၃၀၀၀၀ ကျော် တင်ပို့ထား

ရန်ကုန်    ဇွန်     ၇

      ယခုဘဏ္ဍာနှစ်  မေလတစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်  ၁၃၀၀၀၀ ကျော် တင်ပို့ထားကြောင်း   မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ ခြင်းဖြစ်ကာ ပြီးခဲ့သည့်မေလက ဆန်နှင့်ဆန်ကွဲပို့ကုန် ကုမ္ပဏီ ၄၂ ခုမှ ဆန်တန်ချိန်  ၅၇၈၅၈ တန်နှင့် ဆန်ကွဲ တန်ချိန် ၇၈၄၀၄ တန် စုစုပေါင်း  ၁၃၆၂၆၂ တန် တင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တင်ပို့ရာတွင်  ဆန်ကို   ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၂၃၉၉၀ ဖြင့် အများဆုံး တင်ပို့ထားပြီး ပိုလန်၊  စပိန်နှင့်   တရုတ်နိုင်ငံအပါအဝင်  စုစုပေါင်း ၂၆  နိုင်ငံသို့တင်ပို့ခဲ့ကြောင်း၊ ဆန်ကွဲကို တရုတ်နိုင်ငံသို့ ၄၀၆၈၉ တန်ဖြင့် အများဆုံးတင်ပို့ထားပြီး ဘယ်လ် ဂျီယံ၊ နယ်သာလန်၊  ပိုလန်၊ စပိန်နှင့်အီတလီနိုင်ငံ အပါအဝင်   နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့  ဆန်တင်ပို့ရာတွင်  ဧည့်မထ/ငစိန်အုပ်စုဝင်များဖြစ်သော ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စသည့်ဆန်ကြမ်းများကို အဓိကတင်ပို့ပြီး  ပေါ်ဆန်းဆန်ကိုလည်း  တင်ပို့မှုရှိ ကြောင်း၊ ထိုသို့တင်ပို့ရာတွင်  အာရှနိုင်ငံများအပြင် ဥရောပ၊ အာဖရိက၊ ဗြိတိန် စသည့် အနောက်နိုင်ငံများသို့ပါ တင်ပို့ကာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ပြည်ပ သို့ ဆန်နှင့်ဆန်ကွဲတန်ချိန်  ၂၇၄၀၇၃၉ တန် တင်ပို့ခဲ့ ကြောင်း သိရသည်။

MWD