ရွှေပိတောက်ငါးဈေး၌ တစ်ရက်လျှင် လုပ်သားအင်အား ၂၀၀၀ ကျော်ဖြင့် ရေချိုထွက်ကုန်များ နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနေ

News Image

  • ရွှေပိတောက်ငါးဈေး၌ တစ်ရက်လျှင် လုပ်သားအင်အား ၂၀၀၀ ကျော်ဖြင့် ရေချိုထွက်ကုန်များ နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနေ

ရန်ကုန်  ဇွန်  ၇

      နိုင်ငံတစ်ဝန်းသို့ ရေချိုထွက်ကုန်များ နေ့စဉ်မပြတ် စီးဆင်းလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် လုပ်သားအင်အား ၂၀၀၀ ကျော်ဖြင့် ရေချိုထွက်ကုန်များကို  နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ဘုရင့်နောင်လမ်းမကြီးနှင့် လှိုင်မြစ်မှ ရွှေပိတောက်ငါးဈေးသို့ ဝင်ရောက်လာသည့် ရေချိုထွက်ကုန်များကို ရန်ကုန်မြို့နှင့် ဒေသအသီးသီးသို့ တင်ပို့ရာ၌   လုပ်သားအင်အားသည်   အရေးပါလျက်ရှိရာ ရွှေပိတောက်ငါးဈေးသို့ လှိုင်၊ ကြည့်မြင်တိုင်၊ ဒလ၊ တွံတေး၊ အင်းစိန်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့မှ အလုပ်သမားများ နေ့စဉ် ကုန်တင်ကုန်ချ၊ ရေခဲရိုက်၊ ငါးပုံးရိုက်၊ ပို့ဆောင်ရေးနှင့် အရောင်းအဝယ် လုပ်ငန်းတို့၌ လုပ်ကိုင်ကြလျက်ရှိသည်။

ရွှေပိတောက်ငါးဈေးသည် ရှစ်ဧကကျော်ကျယ်ဝန်းပြီး ဆိပ်ကမ်းတစ်ခုလည်း ရှိ၍ ဈေးရုံပေါင်း ခုနစ်ရုံရှိကာ ဆိုင်ခန်းနှင့် ရေခဲဒိုင်အပါအဝင် ဆိုင်ခန်းပေါင်း  ၄၃၂ ခန်းရှိကြောင်း သိရသည်။

MWD