တနင်္သာရီမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသော အခြေခံပညာ မူ/လယ်အဆင့် ကျောင်းသား၊ ကျောင်းသူများ Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် ခုံအမှတ်များ ထုတ်ပြန်ကြေညာ
တနင်္သာရီ ဇွန် ၇
တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော မေလ ၃၁ ရက်နေ့တွင် အသက် ၁၅ နှစ် ၃ လပြည့်သည့် မူလတန်းအဆင့်/ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ Placement Test(အထူးအစီအစဉ်) ဖြေဆိုရန် အတန်းအလိုက် ခုံအမှတ်စာရင်းအား တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ ထုတ်ပြန်ကြေငြာထားရာ မြို့နယ်အတွင်း ဖြေဆိုရန်လာ ရောက်လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများ ပျော်ရွှင်စွာလာရောက် ကြည့်ရှုကြကြောင်း သိရသည်။
လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ အသက်အလိုက် ဖြေဆိုခွင့်ရှိသော အတန်းများမှာ အသက် ၇-နှစ် Grade-1 ၊အသက် ၈-နှစ် Grade-2၊ အသက် ၉-နှစ် Grade-3 ၊ အသက် ၁၀-နှစ် Grade-4၊ အသက် ၁၁ -နှစ် Grade-5၊ အသက် ၁၂-နှစ် Grade-6၊ အသက် ၁၃-နှစ် Grade-7 ၊အသက် ၁၄-နှစ် မှ ၁၅-နှစ် ၃-လ အထိ Grade-8 တို့ဖြစ်ပြီး စာမေးပွဲအား ၁၅-၆-၂၀၂၆ ရက်မှ ၂၀-၆-၂၀၂၆ရက်အထိ ဘာသာရပ်အလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။
တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးတွင် Placement Test (အထူးအစီအစဉ်) ဖြေဆိုရန်စတင် လျှောက်လွှာလက်ခံသည့် ၂၂-၅-၂၀၂၆ ရက်နေ့မှ ၆-၆-၂၀၂၆ ရက်အထိ လာရောက် လျှောက်ထား သော ကျောင်းသား၊ ကျောင်းသူ Grade-1 မှ Grade-8 အထိ စုစုပေါင်း ၈၀၆ ဦး ရှိကြောင်း သိရသည်။
MWD
