ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်ကစားသမားများ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့သော်လည်း အဖွဲ့ချုပ်တာဝန်ရှိသူများနှင့် နည်းပြအဖွဲ့ဝင်တချို့ ဗီဇာမရရှိသေး
ဝါရှင်တန် ဇွန် ၇
လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်အသင်းမှ ကစားသမားများအနေဖြင့် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့သော်လည်း အီရန်နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် နည်းပြအဖွဲ့ဝင်တချို့ ဗီဇာမရရှိသေးကြောင်း သိရသည်။
အမေရိကန်နိုင်ငံအစိုးရက အီရန်အသင်းမှ ကစားသမားများအား နိုင်ငံအတွင်းဝင်ရောက်ခွင့်ပြု သည်ဟု ကြေညာခဲ့သော်လည်း အီရန်နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အသင်းနည်းပြအဖွဲ့ဝင်များကိုမူ နိုင်ငံအတွင်းဝင်ရောက်ရန် ခွင့်မပြု သေးသည့်အတွက် အငြင်းပွားမှုဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ၊ အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား စစ်ရေးတင်းမာမှုများရှိနေသည့်အတွက် အမေရိကန်အစိုးရက အီရန်နိုင်ငံသား များကို နိုင်ငံအတွင်းဝင်ရောက်ခွင့်ပိတ်ပင်ထားသော်လည်း အီရန်အသင်းမှကစားသမားများအား ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် အမေရိကန်နိုင်ငံနှင့် အီရန် နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုများ ရှိနေသည့်အတွက် အီရန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ရရှိရန် မရေမရာဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အီရန်အသင်းကို ဆက်လက်ကစားခွင့်ပေးခဲ့၍ အီရန်အသင်းကလည်း ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံအစိုးရက အီရန် အသင်းမှ ကစားသမားများအား ပြည်ဝင်ခွင့်ပေးခဲ့သော်လည်း အီရန်နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် နည်းပြအဖွဲ့မှ နည်းစနစ်အဖွဲ့ဝင်တချို့ကို ဆက်လက်ပိတ်ပင်ထားသည့်အတွက် ညှိနှိုင်းမှု များ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။
အီရန်အသင်းသည် ပြိုင်ပွဲအကြိုစခန်းသွင်း လေ့ကျင့်မှုများကို အမေရိကန်နိုင်ငံ၌ လုပ်ဆောင် ခြင်းမရှိဘဲ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မက္ကဆီကိုနိုင်ငံ၌ လုပ်ဆောင်နေခြင်းဖြစ်သည်။
အီရန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်တွင် နယူးဇီလန်အသင်းနှင့် အမေရိကန်နိုင်ငံ၌ ကစားရမည်ဖြစ်ကြောင်း သိရသည်။
Ref;The Athletic
MWD
