ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
ရန်ကုန် ဇွန် ၈
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ သွားရောက်၍ အကြီးစားပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အား အကြီးစားပြုပြင်မွမ်းမံထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အဆောက်အဦ ဦးစီးဌာနက ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ လာမည့်အာဇာနည်နေ့တွင် ပြခန်းတိုးချဲ့ပြသမှုများ ရှေးမူလက်ရာမပျက် ကြံ့ခိုင်အောင်ဆောင်ရွက်မှုများဖြင့် ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။
moi
MM-News-Category
