CONNECTING ON THE UNIVERSAL DANCE OF WORDS

Posted_Date

Image

CONNECTING ON THE UNIVERSAL DANCE OF WORDS

Body

Proverbs and sayings are crucial to understanding and preserving a culture because they reflect shared
values, beliefs, and wisdom passed down through generations.

1

ကျည်ပွေ့ အတက်ပေါက်
A pestle grows a sprout

“ကျည်ပွေ့ အတက်ပေါက်” ဆိုတဲ့ စကားပုံလေးဟာ အဖြစ်နိုင်ဆုံးလို့ ယူဆမထားတဲ့သူတစ်ယောက်က မယုံနိုင်လောက်အောင် တိုးတက်ပြောင်းလဲလာတဲ့အခါမျိုးမှာ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဒီစကားပုံရဲ့ဇာစ်မြစ်ဟာ ပုဂံခေတ်က နရသီဟပတေ့မင်းလက်ထက်မှာ တကယ်ဖြစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကနေ ဆင်းသက်လာခဲ့တာပါ။
တစ်ချိန်က အသက် ၆၀ ကျော်အရွယ်မှာမှ ရဟန်းဝတ်တဲ့ ဘုန်းကြီးတစ်ပါးဟာ စာပေသင်ယူဖို့အတွက် ကံ့ကူဆံ (ကံ့ကုဆံ) အလှူခံဖို့ နန်းတော်ကို ရောက်လာခဲ့ပါတယ်။ ဒီလို အသက်ကြီးမှ စာသင်မှာလားလို့ မင်းကြီးက မေးတဲ့အခါမှာ ဘုန်းကြီးက ရိုးသားစွာ စာပေသင်ယူလိုကြောင်း လျှောက်တင်ခဲ့ပါတယ်။ မင်းကြီးကတော့ ဘုန်းကြီးကို “ကျည်ပွေ့မှာ အတက်ပေါက်မှပဲ စာတတ်တော့မှာပေါ့” လို့ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။
ဒီစကားကြောင့် ဘုန်းကြီးက စိတ်ဓာတ်မကျဘဲ၊ နေ့တိုင်း သဒ္ဒါ၊ သင်္ဂြိုဟ် စတဲ့ ကျမ်းဂန်တွေကို အပြင်းအထန် ကြိုးစားသင်ယူခဲ့ပါတယ်။ မကြာခင်မှာပဲ ဘုန်းကြီးဟာ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ တစ်နေ့တော့ ဘုန်းကြီးဟာ သစ်ကိုင်း၊ သစ်ခက်တွေကို ကျည်ပွေ့မှာချည်ပြီး “အရှင်မင်းကြီး… ကျည်ပွေ့အတက်ပေါက်ပါပြီ” လို့ ပြန်ပြောခဲ့တာဟာ အခုထိ သမိုင်းမှာ မှတ်တမ်းတင်ကျန်နေခဲ့ပါတယ်။

ကံ့ကူဆံ (ကံ့ကုဆံ) (steatite) ဆိုတာ ဘာလဲ?
ကံ့ကူဆံ (ကံ့ကုဆံ) ဆိုတာ သဘာဝကနေရရှိတဲ့ ကျောက်နုတစ်မျိုး ဖြစ်ပြီး အဖြူ၊ အစိမ်းနု ဒါမှမဟုတ် အမည်းရောင်တွေ ရှိတတ်ပါတယ်။ ရှေးခေတ်က အနက်ရောင်ပုရပိုက်ပေါ်မှာ စာရေးဖို့အတွက် ကံ့ကူဆံကို အသုံးပြုခဲ့ကြပါတယ်။ ကျောင်းသားတွေ စာစသင်တဲ့အခါ ကံ့ကူဆံကို ဘယ်လိုကိုင်ရမယ်ဆိုတာကို ဆရာက သင်ပေးရလို့ အဲဒီခေတ်ဆရာတွေကို “ကံ့ကူလက်လှည့်ဆရာ” လို့တောင် ခေါ်ခဲ့ကြပါသေးတယ်။
ကံ့ကူဆံ (ကံ့ကုဆံ) ကို အတုံးလိုက် အဖတ်လိုက်အတိုင်း အချွန်လုပ်ပြီး သုံးနိုင်သလို၊ ကြေးပြွန်အသေးလေးတွေရဲ့ ထိပ်မှာတပ်ပြီးလည်း အသုံးပြုခဲ့ကြပါတယ်။ ရှေးခေတ်သမိုင်းအရ ကံ့ကူဆံ (ကံ့ကုဆံ) ကို လိုသလို သုံးလို့မရဘဲ၊ ဘုရင့်ဘဏ္ဍာတိုက်ကို အရင်ပို့ရပြီး မင်းကြီးကမှ လိုအပ်တဲ့သူတွေဖြစ်တဲ့ စာရေးစာချီတွေ၊ ဘုန်းကြီးတွေနဲ့ တခြားသူတွေကို ခွဲဝေပေးလေ့ရှိပါတယ်။
ကျည်ပွေ့ (pestle) ဆိုတာ ဆုံမှာ ထောင်းဖို့ ကြိတ်ဖို့အတွက် အသုံးပြုတဲ့ သစ်သား (သို့) ကျောက်နဲ့ ပြုလုပ်ထားတဲ့ အရာပါ။

That Myanmar saying, “A pestle grows a sprout,” is truly meaningful and inspiring.
In simple terms, it’s used when someone who was looked down on or thought to be incapable of succeeding achieves something incredible and unexpected.
This saying comes from a fascinating story. Once, in the ancient kingdom of Bagan, there was a man who became a monk in his 60s. When he went to the king to ask for a certain kind of wood to study, the king mocked him, saying, “You’ll learn to read when a pestle grows a sprout.” The king was essentially saying it was impossible for someone his age to learn.

But the monk didn’t give up. He studied diligently, day and night. Before long, he became a master of religious texts.
One day, the monk went back to the palace, holding a wooden pestle with a small branch tied to it. He told the king, “Your Majesty, the pestle has grown a sprout,” symbolizing that he had become learned.
This story teaches us that nothing is impossible if you have determination. That’s why people use this saying to describe an underdog’s amazing success, proving that hard work can make the impossible happen.

SIMILAR IDIOMS
Dark horse
Definition: A person who is little known but unexpectedly wins or succeeds.
Example: No one expected her to win the competition, but she was a real dark horse.

Come out of nowhere
Definition: To appear or succeed suddenly and unexpectedly.
Example: The young athlete came out of nowhere to break the world record.

Against all odds
Definition: Despite very low chances of success, someone achieves something remarkable.
Example: Against all odds, the underdog team won the championship.

From rags to riches
Definition: To rise from a poor or humble background to great success or wealth.
Example: His story is truly inspiring; he went from rags to riches through hard work and determination.