အမေးအဖြေကဏ္ဍ

-
ချစ်ခင်လေးစားရပါတဲ့ မိဘပြည်သူများခင်ဗျာ- ယခုကာလများအတွင်း နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့ အခြေ အနေများကို ဆက်စပ် တင်ပြလိုပါတယ်။ အချို့အခြေအနေများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး‌ ကောင်စီအစည်းအဝေးမှာ ကျွန်တော်တင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့မှုတွေကြောင့် နိုင်ငံတော်မှာ မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ဒါ့ကြောင့်နိုင်ငံတော်ရဲ့ ယာယီသမ္မတကနေ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး တပ်မတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ရဲ့ တာဝန်ကို ထိန်းသိမ်းစေခဲ့ပါတယ်။ တပ်မတော်အနေနဲ့ စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်စတင်ထမ်းဆောင်ချိန် ကတည်းက ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရေးသည် အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ တိုင်းသိ ပြည်သိကြေညာခဲ့ပါတယ်။ ဒီလိုနိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်မှာ သာမန်ဆန္ဒပြရာကနေ တဖြည်းဖြည်း မင်းမဲ့စရိုက်ဆန်တဲ့ ဆူပူလှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ NLD အစွန်းရောက်ပါတီဝင်အချို့ရဲ့ ဦးဆောင်မှုနဲ့ လက်နက်ကိုင်ဆူပူအကြမ်းဖက်လုပ်ရပ်တွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါတင်မကဘဲ အချို့ လူငယ် တွေကို ဝါဒမှိုင်းရိုက်သွင်းပြီးတော့မှ ငြိမ်းချမ်းရေးကိုမလိုလားတဲ့၊ နိုင်ငံတော်အပေါ် သဘောထားမမှန်တဲ့ လက်နက်ကိုင်အဖွဲ့အချို့ထံမှာ အကြမ်းဖက် စစ်သင်တန်းများ သွားရောက်သင်ကြားစေခဲ့ပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲက NCA ကို လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့များရော၊ NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ထဲက အချို့ သော EAO တို့ကပါ PDF အကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်ပြုပြီး သင်တန်းများပေးခဲ့တာ တွေ့ခဲ့ရပါတယ်။ PDF အကြမ်းဖက် သမားတွေ EAO အဖွဲ့အချို့ထံမှာ အကြမ်းဖက်သင်တန်းများတက်ပြီးတဲ့နောက်မှာ နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲ၊ အကြောင်းမဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုကို ခြောက်လှန့်နေတာ ဒီနေ့ အချိန်အထိပဲဖြစ်ပါတယ်။ ဒီလို နိုင်ငံတစ်ဝန်းမတည်မငြိမ်မှုတွေလုပ်ဆောင်တဲ့အချိန်မှာပဲ အချို့သော လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီအပေါ်မှာ အခွင့်အရေးအဖြစ် ဖန်တီးပြီး နယ်မြေချဲ့ထွင်သိမ်းပိုက်ဖို့ ကြိုးပမ်း လာခဲ့ကြပါတယ်။MNDAA ၊ TNLA ၊ AA သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ၂၀၂၂ ခုနှစ် ဧပြီလက ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကိုငြင်းပယ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသမှာရှိတဲ့ တပ်မတော်လုံခြုံရေးတပ်စခန်းများနဲ့ ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ အင်အားသုံးစတင် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်နိုင်ဖို့အတွက် ၂၀၂၂ ခုနှစ် လောက်ကတည်းက လူအင်အား၊ လက်နက်အင်အား စုဆောင်းတာတွေ၊ Drone များကိုအသုံးပြုပြီး တိုက်ခိုက်ဖို့ လေ့ကျင့်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။ တည်ငြိမ် အေးချမ်းနေတဲ့ နယ်မြေဒေသတစ်ခုလုံးကို စစ်ပွဲဒဏ်သင့်အောင် လုပ်ဆောင်ခဲ့ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့လမ်း တံတားတွေ ကစပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ဖျက်ဆီးခဲ့ကြပါတယ်။ အစိုးရအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ဒေသတွင်း ပြန်လည် တည်ငြိမ်အေးချမ်းရေးကိုရှေးရှုပြီး နှစ်ဖက်အပစ်အခတ် ရပ်စဲရေးကို ဇန်နဝါရီလမှာ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် MNDAA ၊ TNLA အဖွဲ့တို့အနေနဲ့ အကြောင်းပြချက်မျိုးစုံပြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မိုးကုတ်မြို့တို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူလူထုနေထိုင်တဲ့ မြို့ရွာတွေထဲမှာရှိတဲ့ လူနေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင် ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထားပြီး အဓိကအားဖြင့် အဆင့်မြှင့်တင်ထားတဲ့ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တာတွေ၊ Drop Bomb များနဲ့ တိုက်ခိုက်တာတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာ အားလုံးတွေ့မြင်ပြီးဖြစ်ပါ တယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ လားရှိုးမြို့မှာရှိတဲ့ တပ်မတော်ဆေးရုံကို Drop Bomb များ အဆက်မပြတ်ကြဲချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ လူနာများနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ အမျိုးသမီးများ၊ မိသားစုဝင်များနဲ့ ကလေးသူငယ်များ အပါအဝင် အချို့လူနာများကို ဖမ်းဆီးခေါ်ဆောင်သွား တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။ တပ်မတော်ဆေးရုံဆိုတာ တပ်မတော်သားတွေသာမက တပ်မတော်သားမိသားစုဝင်များ၊ ရဟန်းသံဃာများ၊ သာမန်တိုင်းရင်းသား ပြည်သူများ တက်ရောက်ကုသနေတဲ့ ဆေးရုံဖြစ်ပြီး သက်ဆိုင်ရာနယ်မြေအလိုက် ဒေသခံပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို နယ်လှည့်ဆေးကုသရေးအဖွဲ့များနဲ့ ဆောင်ရွက်ပေးနေတဲ့ ဆေးရုံများ ပဲဖြစ်ပါတယ်။ သူတို့အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ဒေသတွေကိုကြည့်ရင် သူတို့လူမျိုးနေထိုင်တဲ့ရာခိုင်နှုန်း အနည်းငယ်သာ ရှိနေတာကိုလည်း တွေ့နိုင်ပါတယ်။ ဥပမာ လားရှိုးမြို့နယ်အတွင်းမှာ ကိုးကန့်လူမျိုးများ နေထိုင်တာ ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ရှိပေမယ့် အများစုဟာလားရှိုးမြို့ပေါ်မှာမဟုတ်ဘဲ ကျေးရွာများမှာသာ နေထိုင်ကြပါတယ်။ မြို့ပေါ်မှာ ရှမ်း၊ ဗမာနဲ့ ကချင်တို့သာ အများဆုံးနေထိုင်ကြပါတယ်။ ထို့အတူပဲကျောက်မဲ၊ သီပေါမြို့နယ်ဘက်မှာ ပလောင်လူမျိုးများနေထိုင်မှုက ၁၅ ရာခိုင်နှုန်းပတ်ဝန်းကျင်သာရှိပါတယ်။ နောင်ချို မြို့နယ်မှာဆိုရင်လည်း ပလောင်လူမျိုးနေထိုင်မှုဟာ တစ်ရာခိုင်နှုန်းတောင်မပြည့်ပါဘူး။ ရှမ်း၊ ဗမာ၊ ဓနုလူမျိုး တွေသာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။ ဒီလို အကြောင်းမဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိုးအိမ်တွေကိုစွန့်ခွာပြီး တိုက်ပွဲရှောင်များအဖြစ် အခြားဒေသများမှာ သွားရောက် ခိုလှုံနေကြတာကို ပြည်သူအားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေဆီက အဖိုးတန် ရွှေ၊ ငွေ၊ ပစ္စည်းတွေ လုယက်တာတွေ၊ ပြည်သူလူထု စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကနေ အဖိုးတန်ပစ္စည်းတွေ ဖောက်ထွင်းခိုးဝှက် ရယူတာတွေ၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ကလေးငယ်တွေကို စစ်မှုထမ်းဆောင်စေပြီး အတင်းအဓမ္မ တိုက်ပွဲဝင်စေတာတွေကို ပြုလုပ်ခဲ့ ကြပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အစိုးရအခြေခံ အဆောက်အဦတွေ၊ လူမျိုးရေးနှင့်ဘာသာရေး အထိမ်းအမှတ် အဆောက်အဦတွေကို စက်ယန္တရားတွေကိုသုံးပြုပြီး မြေလှန်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ ပါတယ်။ ငြိမ်းချမ်းရေးရရှိသွားပြီး တရားဥပဒေစိုးမိုးမှု အပြည့်ရှိရင် ဒေသခံပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး လိုသလိုချုပ်ချယ်မရနိုင်တော့မှာ၊ ကိုယ်ကျိုးစီးပွားရှာလို့မရနိုင်တော့မှာကိုသိတဲ့အတွက် အခုလို မိုက်တွင်းနက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ MNDAA သောင်းကျန်းသူအဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ လောက်ကိုင်မြို့မှာရှိတဲ့ ဗမာလူမျိုးများကိုဖမ်းဆီးပြီး မြို့က နှင်ထုတ် နေတဲ့သတင်းတွေလည်း တွေ့ရှိနေရပါတယ်။ ဒါပေမယ့် သောင်းကျန်းသူအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ မြန်မာ့တပ်မတော်ကပဲ တိုက်ခိုက်ဖျက်စီးနေတယ်၊ လူမျိုးရေး ခွဲခြားနေတယ်ဆိုပြီး စွပ်စွဲထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ လောက်ကိုင် မြို့ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့ဖြစ်ပါတယ်။ နိုင်ငံခြားသားများ ဝင်ထွက်မှုပြုလုပ်ခြင်းကို အစိုးရရဲ့ တရားဝင် လုပ်ထုံးလုပ်နည်း၊ ခွင့်ပြုချက်များနဲ့အညီသာ ဆောင်ရွက်ရမယ့်ဒေသဖြစ်ပါတယ်။ ယခင်ကတရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြတဲ့ သူများနဲ့ ပတ်သက်ဆက်နွယ် နေသူများပူးပေါင်းပြီးတော့ ကျားဖြန့်ခေါ်အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှု များနဲ့ တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲ့ဒီလို တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ ပတ်သက်ဆက်နွယ်နေသူတွေကို အရေးယူခြင်း၊ လွှဲပြောင်းပေးခြင်း၊ နှိမ်နင်းခြင်း တွေကိုလည်း ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအချိန်မှာလည်း တရားဝင်လုပ်ထုံး လုပ်နည်းများနဲ့အညီ ဝင်ရောက်နေထိုင်ရန် ခွင့်ပြုထားတဲ့ နိုင်ငံခြားသားများမရှိကြောင်း ပြောကြား လိုပါတယ်။ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ယခုအချိန်အခါမှာလည်း ကျောက်မဲ၊ နောင်ချိုဒေသများမှာရှိတဲ့ တပ်မတော် လုံခြုံရေးတပ် စခန်းတွေကို အင်အားအလုံးအရင်းနဲ့ အပြင်းအထန် တိုက်ခိုက်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လုပ်ရပ်များနဲ့ ထုတ်ပြန်ချက်များကို မှန်ကန်စွာခွဲခြားပြီးရှုမြင်ဖို့၊ ဝိုင်းဝန်းဆန့်ကျင်ကြဖို့လည်း အရေးကြီးပါတယ်။AA သောင်းကျန်းသူအဖွဲ့ဆိုရင်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာပဲ ရခိုင်ပြည်နယ် နယ်ခြား စောင့်ရဲကင်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်းနဲ့ ရခိုင်ပြည်နယ် အတွင်း မတည်မငြိမ်မှုတွေဖြစ်အောင် စတင်ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးစခန်းတွေ၊ တပ်စခန်းတွေကို တိုက်ခိုက်ပြီး ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအစုံကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူများအနေနဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ အခြားမြို့တွေကို တိုက်ပွဲရှောင်များအဖြစ် တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ယခု အချိန်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းရှိမြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက် ရှိတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့် AA အဖွဲ့ ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်။ တပ်မတော်အနေနဲ့လည်း နယ်မြေဒေသတွေ ပြန်လည်တည်ငြိမ်အေးချမ်းဖို့အတွက် ဒေသခံပြည်သူများနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အလားတူ KIA အဖွဲ့ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ PDF အမည်ခံအကြမ်းဖက်သမားများကို လက်နက်များတပ်ဆင်ပေးတာတွေ၊ အကြမ်းဖက်စစ်သင်တန်းပေးတာ တွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက်ဖြစ်အောင်ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ စပ်ဆက်နယ်မြေများမှာလည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက် အိုးအိမ်နဲ့ မြို့ရွာများ ဖျက်ဆီးနေမှုရဲ့ အဓိကအရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် မတ်လကတည်းက ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများနဲ့ မြို့ရွာများကိုလည်း အင်အားသုံး တိုက်ခိုက် လာတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် CNF အဖွဲ့ဟာဆိုရင်လည်း PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲများဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ်အတွင်း မှာရှိတဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ တိုင်းရင်းသားပြည်သူတို့ရဲ့ လူမှုစီးပွား ဘဝများ ထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန် စတဲ့ မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။အလားတူ KNU အဖွဲ့မှ အချို့ခေါင်းဆောင်များဟာဆိုရင်လည်း သူတို့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ဖြစ်သော်လည်း သဘောတူချက်တွေကို ဖောက်ဖျက်လာတာကို တွေ့ရှိရပါတယ်။ သူတို့ဟာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကို အကြမ်းဖက်သင် တန်းများ သင်ကြားလေ့ကျင့်ပေးတာတွေ၊ လက်နက်များတပ်ဆင်ပေးတာတွေကို ပြုလုပ်ခဲ့ကြပြီးတော့မှ ကရင် ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများ၊ မြို့ရွာများကို အင်အားသုံးတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာ ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာဆိုရင် ကော့ကရိတ်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်မှာ ဆိုရင် သင်္ကန်းညီနောင်မြို့နဲ့ ဧပြီလ ၁၀ ရက်မှာ မြဝတီမြို့တို့ကို တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ KNU အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာပြည်သူ လူထု အားထားနေရတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနဲ့ နိုင်ငံအတွက် များစွာနစ်နာခဲ့ပါတယ်။ ဒါတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒေသတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိနေပါတယ်။ လက်ရှိမှာလည်း KNU အနေနဲ့ တပ်မဟာ(၁၊ ၃၊ ၅) သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ် တစ်ဝိုက်မှာ တိုက်ကွက်များ ဖော်ဆောင်နိုင်ရေးလက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိ နေတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။KNPP/KNDF အဖွဲ့နှင့်ပတ်သက်ပြီး KNPP/KNDF သောင်းကျန်းသူအဖွဲ့ တွေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ KNPP/KNDF အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလိုလားတဲ့ ဒေသခံပြည်သူတွေရဲ့ သတင်းပေးမှုတွေ ကြောင့် KNPP/KNDF သောင်းကျန်းသူအဖွဲ့ဝင်များကို လည်းချေမှုန်းနိုင်ခဲ့ပါတယ်။ တပ်မတော်အပါအဝင် လုံခြုံရေး တပ်ဖွဲ့များကလည်း စွန့်လွှတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့ ခုခံတိုက်ခိုက်နေကြတဲ့အတွက် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ KNPP/KNDF သောင်းကျန်းသူတွေအနေနဲ့ လွိုင်ကော်မြို့ကို မအောင်မြင်တဲ့အခါ ရှမ်းပြည်နယ်နဲ့အစပ်ဖြစ်တဲ့ ဆီဆိုင်ဒေသဘက်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဆီဆိုင်ဒေသဟာ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့အတွက် ပအိုဝ့်ပြည်သူ့စစ်များနဲ့ ဒေသခံပြည်သူများကလုံးဝလက်မခံဘဲ ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ လွိုင်ကော်နဲ့ ဆီဆိုင်ဒေသတို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ ကယားပြည်နယ်တစ်ခုလုံး ယခင်လို တည်ငြိမ်အေးချမ်းမှုအပြည့်အဝရရှိအောင် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သောင်းကျန်းသူ အဖွဲ့တွေအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါမှာ အဖျက်စိတ်နဲ့ပြည်သူအများအပြား ထိခိုက်စေခဲ့သလို မြို့ရွာများ ကိုဖျက်ဆီး ခဲ့တာကိုလည်းတွေ့ရပါတယ်။လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူတို့လိုချင်တဲ့ လက္ခဏာမျိုးရရှိစေလိုတဲ့ ပြည်ပနိုင်ငံအချို့ဟာ လက်နက်ကိုင်သောင်းကျန်းသူတွေ၊ နိုင်ငံရေးသဘောထားကွဲလွဲသူတွေက အကြမ်းဖက် လမ်းစဉ်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးရရှိအောင်၊ အစားအသောက်ရရှိအောင်၊ ဆေးဝါး ရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်အောင် ကူညီပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။တရုတ် – မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်း မီးကျောက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်နေတာကို သိရှိရပါတယ်။ အဲ့ဒီလက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံအကြမ်း ဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်း အများစုဟာလည်း အဲ့ဒီစက်ရုံများကထုတ်လုပ်တဲ့ လက်နက် ခဲယမ်းများဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုလက်နက်ခဲယမ်းမီးကျောက် စက်ရုံများထူထောင်ဖို့ဆို တာသာမန်အခြေအနေနဲ့မရပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အားများ များစွာလိုအပ်တာဖြစ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ငွေကြေးနဲ့နည်းပညာအင်အားဘယ်နေရာကရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှာ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေတဲ့ လက်နက် များဟာဆိုရင်လည်း ထိုင်း – မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာတဲ့ လက်နက်များပဲ ဖြစ်ပါ တယ်။ EAO အဖွဲ့တွေနဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေ ကိုင်ဆောင်နေတဲ့ ဆက်သွယ်ရေးစက်တွေ၊ Drone တွေ၊ လက်နက်ခဲယမ်းတွေဟာ အဆိုပါအရင်းအမြစ်တွေက ရရှိနေတာပဲဖြစ်ပါတယ်။MNDAA ၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနဲ့ဆက်စပ်အဖွဲ့တွေသုံးနေတဲ့ Drop Bomb တွေ၊ ရှော့တိုက်ဒုံး တွေဟာ နည်းပညာအရ အဆင့်မြှင့်တင်ပြင်ဆင်ထားတဲ့ ပစ္စည်းများဖြစ်ကြောင်းလည်း တွေ့ရှိရ ပါတယ်။ သူတို့ သုံးစွဲနေတဲ့ Drone တွေဟာ ပြည်ပဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစား နည်းပညာရှင်များနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုမိုအသုံး ဝင်အောင် ပြုပြင်ထားတာတွေကို လည်းတွေ့ရှိရပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒီလို အကြမ်းဖက်သောင်းကျန်းသူတွေကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ အရပ်သားပြည်သူတွေ မထိခိုက်စေဖို့ ချမှတ်ထားတဲ့ ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့် အကြမ်းဖက်သောင်းကျန်းမှု နှိမ်နင်းရေးဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများ နဲ့အညီ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးအားလုံးအတူတကွစုစည်းပြီး နေထိုင်ကြတဲ့နိုင်ငံဖြစ်ပြီး တောတောင်ရေမြေကစပြီး လုပ်ကိုင်နေကြတဲ့ စီးပွားရေးအခြေအနေများအထိ ခွဲခြားလို့မရတာတွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံအတွင်း မည်သည့်ချုပ်ချယ်ကန့်သတ်မှုမျိုးမှမပါဝင်ဘဲ လွတ်လပ်စွာသွား လာနေထိုင်ခွင့်၊ လွတ်လပ်စွာကုန်စည်ကူးသန်း ရောင်းဝယ်ခွင့်ရရှိရမှာဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဟာ အလိုလို ဆုံးရှုံးလျက်ရှိပါတယ်။ ဒီလိုလူမျိုး နှီးနွှယ်တူညီမှု၊ ဘာသာစကားနှီးနွှယ် တူညီမှု၊ ရာဇဝင်အစဉ်အလာ၊ ယဉ်ကျေးမှုအစဉ်အလာတို့နဲ့အညီ အညွတ်ရှိမှုတို့ကို မထောက်ထားဘဲ သမိုင်းမှာမရှိခဲ့ဘူးတဲ့ ဒီလိုဆိုးရွားတဲ့ လူမျိုးစွဲဝါဒနဲ့လူမျိုးရေးအမြင် ကျဉ်းမြောင်းတဲ့ လုပ်ရပ်မျိုးကို လုံးဝလက်ခံမှာလည်းမဟုတ်ပါဘူး။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး တစ်နိုင်ငံလုံးရဲ့ နယ်စပ်ကုန်သွယ်ရေး အဓိကဆောင်ရွက်ရာ ဒေသလည်း ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းပေါ်မှာတည်ရှိတာကြောင့် ဒေသခံ ပြည်သူများဟာဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သောင်းကျန်းသူတွေရဲ့ အကြမ်းဖက် တိုက်ပွဲ ဖော်ဆောင်မှုတွေကြောင့် လူမှုစီးပွားဘဝတွေ၊ ကလေးငယ်တွေရဲ့ ပညာရေးတွေ၊ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ဘဝတွေဟာ ဘယ်လိုအိပ်မက်မှ မက်ခွင့်မရတော့ဘဲဆိတ်သုဉ်းရတော့မှာပဲ ဖြစ်ပါတယ်။ သောင်း ကျန်းသူခေါင်းဆောင်တွေရဲ့ စစ်ဘုရင်ဝါဒတွေ ပြန်လည်ကြီးစိုးလာမှုနဲ့အတူ ဒီဒေသခံတွေဟာ ဟိုးယခင်က စစ်ဘုရင်ဝါဒကြီးစိုးခဲ့တဲ့ဒေသတွေလို ဥပဒေမဲ့ အနိုင်ကျင့်ခံရမှုတွေ၊ တရားမဲ့သတ်ဖြတ်ခံရမှုတွေ၊ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းတွေ နေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှု တွေ၊ လူငယ်တွေဟာလည်း စာအုပ်နဲ့ဘောပင်အစား သေနတ်တွေကိုင်ရင်းနဲ့ ပြန်လည်ရှင်သန်ကြရတော့မှာ လည်းဖြစ်ပါတယ်။ အလင်းထဲကနေ အမှောင်ထဲကို ပြန်ရောက် ရတော့မယ့်အခြေအနေလည်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလိုအခြေအနေမျိုး ပြန်ရောက်ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီလိုအခြေအနေမျိုးရောက်မှာကို လည်းလုံးဝခွင့်ပြု ပေးမှာ မဟုတ်ပါဘူး။ဒီနေရာမှာ စီးပွားရေးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးအင်အား တောင့်တင်းမှ ကျန်ရှိတဲ့ အင်အားများဟာလည်း ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားအရကျဆင်းပြီး နိုင်ငံရဲ့ ကာကွယ်ရေးအင်အား လျော့နည်းအောင် မိမိတို့နိုင်ငံအပေါ်မှာ စီးပွားရေးအရ ပိတ်ဆို့တာတွေ၊ ကောလာဟလ သတင်းများဖြန့်တာတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒါတွေကို ကြိုးစားဖြေရှင်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံ့ စီးပွားကောင်းမွန်စေဖို့အတွက် ထုတ်ကုန်များစွာ လိုအပ်တာကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်များ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အဓိကကျပြီး လက်ဆုပ်လက် ကိုင်ရှိနေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ လက်ရှိနေရာများရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ ပြည်သူများဘေး အန္တရာယ်ကင်းရေးကို ဦးစားပေးစဉ်းစားပြီး ဆုတ်ခွာခဲ့ရတာ လည်းရှိပါတယ်။ ဒါကို MNDAA၊ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေအားပေးအား မြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ချိတ်ဆက်ပြီး သူတို့ကိုခိုင်း စေတဲ့နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေ လုပ်ဆောင်နေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်နက် ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ အသက်၊ သွေးချွေးများ ရင်းနှီးပေးဆပ်ပြီး ကြိုးစားကာကွယ်ပေးကြတဲ့ ခေတ်အဆက်ဆက်က မြန်မာ့ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ပြည်သူများဟာ မြန်မာပြည်ကြီး ရဲ့ဦးဆောင်လမ်းပြတဲ့ သူရဲကောင်းတွေအဖြစ် အမြဲတည်ရှိနေမှာပါ။ အသိအမှတ်ပြု လေးစားအမှတ်ရနေမှာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်သားတွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်၊ ဇွဲမာန်ပြင်းပြမှုတွေကြောင့် နိုင်ငံတော်မှာ လက်နက်ကိုင်အကြမ်းဖက်တဲ့ လမ်းစဉ်ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုအပြည့်နဲ့ ပြည်သူ တို့ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်တိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးသွားရမှာလည်း ဖြစ်ပါ တယ်။ကျွန်တော်တို့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိဖို့အတွက် ပြည်သူထဲက ပေါက်ဖွားလာတဲ့ အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိပြီး စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့စိတ် တစ်ခုတည်းနှင့်သာ မျိုးချစ်လူငယ်များနဲ့ စတင် တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။ ဒီတပ်မတော်ကပဲ အခက်အခဲအမျိုးမျိုး ကြားကနေ ပြည်သူတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံတော်တစ်ခုလုံးရဲ့ လွတ်လပ်ရေးကို အရယူ ပေးနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း ရှေ့တန်းစစ်မျက်နှာ အသီးသီးမှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို နိုင်ငံချစ်စိတ်ရှိသည့် ပြည်သူလူထုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အားပေးစာများကို တစ်ခဲနက် ဆောင်ရွက်ပေးနေကြတာကိုလည်း အားရဖွယ်ရာတွေ့ရပါတယ်။ အလားတူ တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူ့အဖွဲ့အစည်း အသီးသီးက အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချတာ၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ကိုအရင်းခံပြီး Volunteer ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက တပ်မတော်နှင့်နိုင်ငံတော်ကို ဝိုင်းဝန်းပြောဆို ထောက်ခံအားပေးနေတာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်အနေနဲ့ ယခုလိုဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင် ရှိကြောင်းနှင့် ခွန်အားများဖြစ်ပေါ်ရသည်ကိုလည်း ပြောကြားလိုပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ရရှိပြီးသား လွတ်လပ်ရေးကြီးတည်တံ့နေဖို့၊ ပြည်ထောင်စုကြီး တည်တံ့နေဖို့ ပြည်သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ပေးခဲ့တာ ဒီနေ့အချိန်အထိ လည်းဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်အခါမှာလည်း နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ် အေးချမ်းရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစု ဝင်များအတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုကို ဘယ်တော့မှမေ့ပျောက်ပစ်မှာ မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ ချီးကျူးဂုဏ်ပြုခြင်းများ၊ ရရှိရမယ့်အခွင့်အရေးများနဲ့ ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်သားတိုင်းဟာ ရှေးကလွတ်လပ်ရေးအတွက် အသက်ခန္ဓာစွန့်လွှတ်ကာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော်တွေလိုပဲ တန်ဖိုးရှိတဲ့ ပြည်သူ့သားကောင်း ရတနာတွေဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လည်း ခေတ်ဆက်ဆက်ပေါ်ပေါက်လာတဲ့ ပြည်ပကျူးကျော်သူတွေနဲ့ ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုးရဲ့ ဒဏ်ကို မြန်မာ့တပ်မတော်နဲ့လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ပြည်တွင်းပြည်ပအန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင် ကျော်ဖြတ်နိုင်စွမ်းလည်းရှိကြပါတယ်။ ကျွန်တော်တို့ပြည်သူတွေသတိပြုရမှာက ဒီနေ့ကမ္ဘာ့ရေးရာ အခြေအနေ တွေဟာ အင်မတန်မှ နက်နဲရှုပ်ထွေးလာတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်။ စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာ လည်းဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေတဲ့ တရားသောစစ်အောင်မြင်ဖို့ ကျွန်တော်တို့ပြည်သူအားလုံးက ယုံကြည် စွာနဲ့ ဝိုင်းဝန်းပေးကြဖို့လိုအပ်ပါတယ်။ တပ်မတော်နဲ့ မျိုးချစ်ပြည်သူလူထုရှိနေသမျှ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရပါမယ်။ တည်တံ့ခိုင်မြဲအောင်လည်း လုပ်ဆောင်ပါမယ်။ စည်းလုံးသောအင်အားဖြင့် အမိနိုင်ငံတော် ကြီးကို ကာကွယ်စောင့်ရှောက်ကြပါစို့ ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ချစ်ခင်လေးစားရပါတဲ့ မိဘပြည်သူများခင်ဗျာ- ယခုကာလများအတွင်း နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့ အခြေ အနေများကို ဆက်စပ် တင်ပြလိုပါတယ်။ အချို့အခြေအနေများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး‌ ကောင်စီအစည်းအဝေးမှာ ကျွန်တော်တင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့မှုတွေကြောင့် နိုင်ငံတော်မှာ မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ဒါ့ကြောင့်နိုင်ငံတော်ရဲ့ ယာယီသမ္မတကနေ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး တပ်မတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ရဲ့ တာဝန်ကို ထိန်းသိမ်းစေခဲ့ပါတယ်။ တပ်မတော်အနေနဲ့ စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်စတင်ထမ်းဆောင်ချိန် ကတည်းက ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရေးသည် အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ တိုင်းသိ ပြည်သိကြေညာခဲ့ပါတယ်။ ဒီလိုနိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်မှာ သာမန်ဆန္ဒပြရာကနေ တဖြည်းဖြည်း မင်းမဲ့စရိုက်ဆန်တဲ့ ဆူပူလှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ NLD အစွန်းရောက်ပါတီဝင်အချို့ရဲ့ ဦးဆောင်မှုနဲ့ လက်နက်ကိုင်ဆူပူအကြမ်းဖက်လုပ်ရပ်တွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါတင်မကဘဲ အချို့ လူငယ် တွေကို ဝါဒမှိုင်းရိုက်သွင်းပြီးတော့မှ ငြိမ်းချမ်းရေးကိုမလိုလားတဲ့၊ နိုင်ငံတော်အပေါ် သဘောထားမမှန်တဲ့ လက်နက်ကိုင်အဖွဲ့အချို့ထံမှာ အကြမ်းဖက် စစ်သင်တန်းများ သွားရောက်သင်ကြားစေခဲ့ပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲက NCA ကို လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့များရော၊ NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ထဲက အချို့ သော EAO တို့ကပါ PDF အကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်ပြုပြီး သင်တန်းများပေးခဲ့တာ တွေ့ခဲ့ရပါတယ်။ PDF အကြမ်းဖက် သမားတွေ EAO အဖွဲ့အချို့ထံမှာ အကြမ်းဖက်သင်တန်းများတက်ပြီးတဲ့နောက်မှာ နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲ၊ အကြောင်းမဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုကို ခြောက်လှန့်နေတာ ဒီနေ့ အချိန်အထိပဲဖြစ်ပါတယ်။ ဒီလို နိုင်ငံတစ်ဝန်းမတည်မငြိမ်မှုတွေလုပ်ဆောင်တဲ့အချိန်မှာပဲ အချို့သော လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီအပေါ်မှာ အခွင့်အရေးအဖြစ် ဖန်တီးပြီး နယ်မြေချဲ့ထွင်သိမ်းပိုက်ဖို့ ကြိုးပမ်း လာခဲ့ကြပါတယ်။

MNDAA ၊ TNLA ၊ AA သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ၂၀၂၂ ခုနှစ် ဧပြီလက ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကိုငြင်းပယ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသမှာရှိတဲ့ တပ်မတော်လုံခြုံရေးတပ်စခန်းများနဲ့ ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ အင်အားသုံးစတင် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်နိုင်ဖို့အတွက် ၂၀၂၂ ခုနှစ် လောက်ကတည်းက လူအင်အား၊ လက်နက်အင်အား စုဆောင်းတာတွေ၊ Drone များကိုအသုံးပြုပြီး တိုက်ခိုက်ဖို့ လေ့ကျင့်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။ တည်ငြိမ် အေးချမ်းနေတဲ့ နယ်မြေဒေသတစ်ခုလုံးကို စစ်ပွဲဒဏ်သင့်အောင် လုပ်ဆောင်ခဲ့ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့လမ်း တံတားတွေ ကစပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ဖျက်ဆီးခဲ့ကြပါတယ်။ အစိုးရအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ဒေသတွင်း ပြန်လည် တည်ငြိမ်အေးချမ်းရေးကိုရှေးရှုပြီး နှစ်ဖက်အပစ်အခတ် ရပ်စဲရေးကို ဇန်နဝါရီလမှာ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် MNDAA ၊ TNLA အဖွဲ့တို့အနေနဲ့ အကြောင်းပြချက်မျိုးစုံပြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မိုးကုတ်မြို့တို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူလူထုနေထိုင်တဲ့ မြို့ရွာတွေထဲမှာရှိတဲ့ လူနေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင် ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထားပြီး အဓိကအားဖြင့် အဆင့်မြှင့်တင်ထားတဲ့ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တာတွေ၊ Drop Bomb များနဲ့ တိုက်ခိုက်တာတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာ အားလုံးတွေ့မြင်ပြီးဖြစ်ပါ တယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ လားရှိုးမြို့မှာရှိတဲ့ တပ်မတော်ဆေးရုံကို Drop Bomb များ အဆက်မပြတ်ကြဲချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ လူနာများနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ အမျိုးသမီးများ၊ မိသားစုဝင်များနဲ့ ကလေးသူငယ်များ အပါအဝင် အချို့လူနာများကို ဖမ်းဆီးခေါ်ဆောင်သွား တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။ တပ်မတော်ဆေးရုံဆိုတာ တပ်မတော်သားတွေသာမက တပ်မတော်သားမိသားစုဝင်များ၊ ရဟန်းသံဃာများ၊ သာမန်တိုင်းရင်းသား ပြည်သူများ တက်ရောက်ကုသနေတဲ့ ဆေးရုံဖြစ်ပြီး သက်ဆိုင်ရာနယ်မြေအလိုက် ဒေသခံပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို နယ်လှည့်ဆေးကုသရေးအဖွဲ့များနဲ့ ဆောင်ရွက်ပေးနေတဲ့ ဆေးရုံများ ပဲဖြစ်ပါတယ်။ သူတို့အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ဒေသတွေကိုကြည့်ရင် သူတို့လူမျိုးနေထိုင်တဲ့ရာခိုင်နှုန်း အနည်းငယ်သာ ရှိနေတာကိုလည်း တွေ့နိုင်ပါတယ်။ ဥပမာ လားရှိုးမြို့နယ်အတွင်းမှာ ကိုးကန့်လူမျိုးများ နေထိုင်တာ ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ရှိပေမယ့် အများစုဟာလားရှိုးမြို့ပေါ်မှာမဟုတ်ဘဲ ကျေးရွာများမှာသာ နေထိုင်ကြပါတယ်။ မြို့ပေါ်မှာ ရှမ်း၊ ဗမာနဲ့ ကချင်တို့သာ အများဆုံးနေထိုင်ကြပါတယ်။ ထို့အတူပဲကျောက်မဲ၊ သီပေါမြို့နယ်ဘက်မှာ ပလောင်လူမျိုးများနေထိုင်မှုက ၁၅ ရာခိုင်နှုန်းပတ်ဝန်းကျင်သာရှိပါတယ်။ နောင်ချို မြို့နယ်မှာဆိုရင်လည်း ပလောင်လူမျိုးနေထိုင်မှုဟာ တစ်ရာခိုင်နှုန်းတောင်မပြည့်ပါဘူး။ ရှမ်း၊ ဗမာ၊ ဓနုလူမျိုး တွေသာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။ ဒီလို အကြောင်းမဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိုးအိမ်တွေကိုစွန့်ခွာပြီး တိုက်ပွဲရှောင်များအဖြစ် အခြားဒေသများမှာ သွားရောက် ခိုလှုံနေကြတာကို ပြည်သူအားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေဆီက အဖိုးတန် ရွှေ၊ ငွေ၊ ပစ္စည်းတွေ လုယက်တာတွေ၊ ပြည်သူလူထု စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကနေ အဖိုးတန်ပစ္စည်းတွေ ဖောက်ထွင်းခိုးဝှက် ရယူတာတွေ၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ကလေးငယ်တွေကို စစ်မှုထမ်းဆောင်စေပြီး အတင်းအဓမ္မ တိုက်ပွဲဝင်စေတာတွေကို ပြုလုပ်ခဲ့ ကြပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အစိုးရအခြေခံ အဆောက်အဦတွေ၊ လူမျိုးရေးနှင့်ဘာသာရေး အထိမ်းအမှတ် အဆောက်အဦတွေကို စက်ယန္တရားတွေကိုသုံးပြုပြီး မြေလှန်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ ပါတယ်။ ငြိမ်းချမ်းရေးရရှိသွားပြီး တရားဥပဒေစိုးမိုးမှု အပြည့်ရှိရင် ဒေသခံပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး လိုသလိုချုပ်ချယ်မရနိုင်တော့မှာ၊ ကိုယ်ကျိုးစီးပွားရှာလို့မရနိုင်တော့မှာကိုသိတဲ့အတွက် အခုလို မိုက်တွင်းနက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ MNDAA သောင်းကျန်းသူအဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ လောက်ကိုင်မြို့မှာရှိတဲ့ ဗမာလူမျိုးများကိုဖမ်းဆီးပြီး မြို့က နှင်ထုတ် နေတဲ့သတင်းတွေလည်း တွေ့ရှိနေရပါတယ်။ ဒါပေမယ့် သောင်းကျန်းသူအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ မြန်မာ့တပ်မတော်ကပဲ တိုက်ခိုက်ဖျက်စီးနေတယ်၊ လူမျိုးရေး ခွဲခြားနေတယ်ဆိုပြီး စွပ်စွဲထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ လောက်ကိုင် မြို့ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့ဖြစ်ပါတယ်။ နိုင်ငံခြားသားများ ဝင်ထွက်မှုပြုလုပ်ခြင်းကို အစိုးရရဲ့ တရားဝင် လုပ်ထုံးလုပ်နည်း၊ ခွင့်ပြုချက်များနဲ့အညီသာ ဆောင်ရွက်ရမယ့်ဒေသဖြစ်ပါတယ်။ ယခင်ကတရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြတဲ့ သူများနဲ့ ပတ်သက်ဆက်နွယ် နေသူများပူးပေါင်းပြီးတော့ ကျားဖြန့်ခေါ်အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှု များနဲ့ တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲ့ဒီလို တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ ပတ်သက်ဆက်နွယ်နေသူတွေကို အရေးယူခြင်း၊ လွှဲပြောင်းပေးခြင်း၊ နှိမ်နင်းခြင်း တွေကိုလည်း ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအချိန်မှာလည်း တရားဝင်လုပ်ထုံး လုပ်နည်းများနဲ့အညီ ဝင်ရောက်နေထိုင်ရန် ခွင့်ပြုထားတဲ့ နိုင်ငံခြားသားများမရှိကြောင်း ပြောကြား လိုပါတယ်။ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ယခုအချိန်အခါမှာလည်း ကျောက်မဲ၊ နောင်ချိုဒေသများမှာရှိတဲ့ တပ်မတော် လုံခြုံရေးတပ် စခန်းတွေကို အင်အားအလုံးအရင်းနဲ့ အပြင်းအထန် တိုက်ခိုက်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လုပ်ရပ်များနဲ့ ထုတ်ပြန်ချက်များကို မှန်ကန်စွာခွဲခြားပြီးရှုမြင်ဖို့၊ ဝိုင်းဝန်းဆန့်ကျင်ကြဖို့လည်း အရေးကြီးပါတယ်။

AA သောင်းကျန်းသူအဖွဲ့ဆိုရင်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာပဲ ရခိုင်ပြည်နယ် နယ်ခြား စောင့်ရဲကင်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်းနဲ့ ရခိုင်ပြည်နယ် အတွင်း မတည်မငြိမ်မှုတွေဖြစ်အောင် စတင်ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးစခန်းတွေ၊ တပ်စခန်းတွေကို တိုက်ခိုက်ပြီး ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအစုံကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူများအနေနဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ အခြားမြို့တွေကို တိုက်ပွဲရှောင်များအဖြစ် တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ယခု အချိန်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းရှိမြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက် ရှိတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့် AA အဖွဲ့ ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်။ တပ်မတော်အနေနဲ့လည်း နယ်မြေဒေသတွေ ပြန်လည်တည်ငြိမ်အေးချမ်းဖို့အတွက် ဒေသခံပြည်သူများနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အလားတူ KIA အဖွဲ့ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ PDF အမည်ခံအကြမ်းဖက်သမားများကို လက်နက်များတပ်ဆင်ပေးတာတွေ၊ အကြမ်းဖက်စစ်သင်တန်းပေးတာ တွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက်ဖြစ်အောင်ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ စပ်ဆက်နယ်မြေများမှာလည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက် အိုးအိမ်နဲ့ မြို့ရွာများ ဖျက်ဆီးနေမှုရဲ့ အဓိကအရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် မတ်လကတည်းက ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများနဲ့ မြို့ရွာများကိုလည်း အင်အားသုံး တိုက်ခိုက် လာတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် CNF အဖွဲ့ဟာဆိုရင်လည်း PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲများဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ်အတွင်း မှာရှိတဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ တိုင်းရင်းသားပြည်သူတို့ရဲ့ လူမှုစီးပွား ဘဝများ ထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန် စတဲ့ မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။

အလားတူ KNU အဖွဲ့မှ အချို့ခေါင်းဆောင်များဟာဆိုရင်လည်း သူတို့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ဖြစ်သော်လည်း သဘောတူချက်တွေကို ဖောက်ဖျက်လာတာကို တွေ့ရှိရပါတယ်။ သူတို့ဟာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကို အကြမ်းဖက်သင် တန်းများ သင်ကြားလေ့ကျင့်ပေးတာတွေ၊ လက်နက်များတပ်ဆင်ပေးတာတွေကို ပြုလုပ်ခဲ့ကြပြီးတော့မှ ကရင် ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများ၊ မြို့ရွာများကို  အင်အားသုံးတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာ ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာဆိုရင် ကော့ကရိတ်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်မှာ ဆိုရင် သင်္ကန်းညီနောင်မြို့နဲ့ ဧပြီလ ၁၀ ရက်မှာ မြဝတီမြို့တို့ကို တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ KNU အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာပြည်သူ လူထု အားထားနေရတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနဲ့ နိုင်ငံအတွက် များစွာနစ်နာခဲ့ပါတယ်။ ဒါတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒေသတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိနေပါတယ်။ လက်ရှိမှာလည်း KNU အနေနဲ့ တပ်မဟာ(၁၊ ၃၊ ၅) သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ် တစ်ဝိုက်မှာ တိုက်ကွက်များ ဖော်ဆောင်နိုင်ရေးလက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိ နေတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။

KNPP/KNDF အဖွဲ့နှင့်ပတ်သက်ပြီး KNPP/KNDF သောင်းကျန်းသူအဖွဲ့ တွေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ KNPP/KNDF အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလိုလားတဲ့ ဒေသခံပြည်သူတွေရဲ့ သတင်းပေးမှုတွေ ကြောင့် KNPP/KNDF သောင်းကျန်းသူအဖွဲ့ဝင်များကို လည်းချေမှုန်းနိုင်ခဲ့ပါတယ်။ တပ်မတော်အပါအဝင် လုံခြုံရေး တပ်ဖွဲ့များကလည်း စွန့်လွှတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့ ခုခံတိုက်ခိုက်နေကြတဲ့အတွက် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ KNPP/KNDF သောင်းကျန်းသူတွေအနေနဲ့ လွိုင်ကော်မြို့ကို မအောင်မြင်တဲ့အခါ ရှမ်းပြည်နယ်နဲ့အစပ်ဖြစ်တဲ့ ဆီဆိုင်ဒေသဘက်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဆီဆိုင်ဒေသဟာ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့အတွက် ပအိုဝ့်ပြည်သူ့စစ်များနဲ့ ဒေသခံပြည်သူများကလုံးဝလက်မခံဘဲ ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ လွိုင်ကော်နဲ့ ဆီဆိုင်ဒေသတို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ ကယားပြည်နယ်တစ်ခုလုံး ယခင်လို တည်ငြိမ်အေးချမ်းမှုအပြည့်အဝရရှိအောင် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သောင်းကျန်းသူ အဖွဲ့တွေအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါမှာ အဖျက်စိတ်နဲ့ပြည်သူအများအပြား ထိခိုက်စေခဲ့သလို မြို့ရွာများ ကိုဖျက်ဆီး ခဲ့တာကိုလည်းတွေ့ရပါတယ်။

လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူတို့လိုချင်တဲ့ လက္ခဏာမျိုးရရှိစေလိုတဲ့ ပြည်ပနိုင်ငံအချို့ဟာ လက်နက်ကိုင်သောင်းကျန်းသူတွေ၊ နိုင်ငံရေးသဘောထားကွဲလွဲသူတွေက အကြမ်းဖက် လမ်းစဉ်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးရရှိအောင်၊ အစားအသောက်ရရှိအောင်၊ ဆေးဝါး ရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်အောင် ကူညီပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။

တရုတ် – မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ  လက်နက်ခဲယမ်း မီးကျောက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်နေတာကို သိရှိရပါတယ်။ အဲ့ဒီလက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံအကြမ်း ဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်း အများစုဟာလည်း အဲ့ဒီစက်ရုံများကထုတ်လုပ်တဲ့ လက်နက် ခဲယမ်းများဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုလက်နက်ခဲယမ်းမီးကျောက် စက်ရုံများထူထောင်ဖို့ဆို တာသာမန်အခြေအနေနဲ့မရပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အားများ များစွာလိုအပ်တာဖြစ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ငွေကြေးနဲ့နည်းပညာအင်အားဘယ်နေရာကရရှိတာလဲဆိုတာကိုလည်း  ဆန်းစစ်သွားရမှာ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေတဲ့ လက်နက် များဟာဆိုရင်လည်း ထိုင်း – မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာတဲ့ လက်နက်များပဲ ဖြစ်ပါ တယ်။ EAO အဖွဲ့တွေနဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေ ကိုင်ဆောင်နေတဲ့ ဆက်သွယ်ရေးစက်တွေ၊ Drone တွေ၊ လက်နက်ခဲယမ်းတွေဟာ အဆိုပါအရင်းအမြစ်တွေက ရရှိနေတာပဲဖြစ်ပါတယ်။

MNDAA ၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနဲ့ဆက်စပ်အဖွဲ့တွေသုံးနေတဲ့ Drop Bomb တွေ၊ ရှော့တိုက်ဒုံး တွေဟာ နည်းပညာအရ  အဆင့်မြှင့်တင်ပြင်ဆင်ထားတဲ့ ပစ္စည်းများဖြစ်ကြောင်းလည်း တွေ့ရှိရ ပါတယ်။ သူတို့ သုံးစွဲနေတဲ့ Drone တွေဟာ ပြည်ပဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစား နည်းပညာရှင်များနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုမိုအသုံး ဝင်အောင် ပြုပြင်ထားတာတွေကို လည်းတွေ့ရှိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒီလို အကြမ်းဖက်သောင်းကျန်းသူတွေကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ အရပ်သားပြည်သူတွေ မထိခိုက်စေဖို့ ချမှတ်ထားတဲ့ ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့် အကြမ်းဖက်သောင်းကျန်းမှု နှိမ်နင်းရေးဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများ နဲ့အညီ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးအားလုံးအတူတကွစုစည်းပြီး နေထိုင်ကြတဲ့နိုင်ငံဖြစ်ပြီး တောတောင်ရေမြေကစပြီး လုပ်ကိုင်နေကြတဲ့ စီးပွားရေးအခြေအနေများအထိ ခွဲခြားလို့မရတာတွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံအတွင်း မည်သည့်ချုပ်ချယ်ကန့်သတ်မှုမျိုးမှမပါဝင်ဘဲ လွတ်လပ်စွာသွား လာနေထိုင်ခွင့်၊ လွတ်လပ်စွာကုန်စည်ကူးသန်း ရောင်းဝယ်ခွင့်ရရှိရမှာဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဟာ အလိုလို ဆုံးရှုံးလျက်ရှိပါတယ်။ ဒီလိုလူမျိုး နှီးနွှယ်တူညီမှု၊ ဘာသာစကားနှီးနွှယ် တူညီမှု၊ ရာဇဝင်အစဉ်အလာ၊ ယဉ်ကျေးမှုအစဉ်အလာတို့နဲ့အညီ အညွတ်ရှိမှုတို့ကို မထောက်ထားဘဲ သမိုင်းမှာမရှိခဲ့ဘူးတဲ့ ဒီလိုဆိုးရွားတဲ့ လူမျိုးစွဲဝါဒနဲ့လူမျိုးရေးအမြင် ကျဉ်းမြောင်းတဲ့  လုပ်ရပ်မျိုးကို လုံးဝလက်ခံမှာလည်းမဟုတ်ပါဘူး။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး တစ်နိုင်ငံလုံးရဲ့ နယ်စပ်ကုန်သွယ်ရေး အဓိကဆောင်ရွက်ရာ ဒေသလည်း ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းပေါ်မှာတည်ရှိတာကြောင့် ဒေသခံ ပြည်သူများဟာဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သောင်းကျန်းသူတွေရဲ့ အကြမ်းဖက် တိုက်ပွဲ ဖော်ဆောင်မှုတွေကြောင့် လူမှုစီးပွားဘဝတွေ၊ ကလေးငယ်တွေရဲ့ ပညာရေးတွေ၊ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ဘဝတွေဟာ ဘယ်လိုအိပ်မက်မှ မက်ခွင့်မရတော့ဘဲဆိတ်သုဉ်းရတော့မှာပဲ ဖြစ်ပါတယ်။ သောင်း ကျန်းသူခေါင်းဆောင်တွေရဲ့ စစ်ဘုရင်ဝါဒတွေ ပြန်လည်ကြီးစိုးလာမှုနဲ့အတူ ဒီဒေသခံတွေဟာ ဟိုးယခင်က စစ်ဘုရင်ဝါဒကြီးစိုးခဲ့တဲ့ဒေသတွေလို ဥပဒေမဲ့ အနိုင်ကျင့်ခံရမှုတွေ၊ တရားမဲ့သတ်ဖြတ်ခံရမှုတွေ၊ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းတွေ နေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှု တွေ၊ လူငယ်တွေဟာလည်း စာအုပ်နဲ့ဘောပင်အစား သေနတ်တွေကိုင်ရင်းနဲ့ ပြန်လည်ရှင်သန်ကြရတော့မှာ လည်းဖြစ်ပါတယ်။ အလင်းထဲကနေ အမှောင်ထဲကို ပြန်ရောက် ရတော့မယ့်အခြေအနေလည်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလိုအခြေအနေမျိုး ပြန်ရောက်ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီလိုအခြေအနေမျိုးရောက်မှာကို လည်းလုံးဝခွင့်ပြု ပေးမှာ မဟုတ်ပါဘူး။

ဒီနေရာမှာ စီးပွားရေးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးအင်အား တောင့်တင်းမှ ကျန်ရှိတဲ့ အင်အားများဟာလည်း ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားအရကျဆင်းပြီး နိုင်ငံရဲ့ ကာကွယ်ရေးအင်အား လျော့နည်းအောင် မိမိတို့နိုင်ငံအပေါ်မှာ စီးပွားရေးအရ ပိတ်ဆို့တာတွေ၊ ကောလာဟလ သတင်းများဖြန့်တာတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒါတွေကို ကြိုးစားဖြေရှင်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံ့ စီးပွားကောင်းမွန်စေဖို့အတွက် ထုတ်ကုန်များစွာ လိုအပ်တာကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်များ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အဓိကကျပြီး လက်ဆုပ်လက် ကိုင်ရှိနေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ လက်ရှိနေရာများရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ ပြည်သူများဘေး အန္တရာယ်ကင်းရေးကို ဦးစားပေးစဉ်းစားပြီး ဆုတ်ခွာခဲ့ရတာ လည်းရှိပါတယ်။ ဒါကို MNDAA၊ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေအားပေးအား မြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ချိတ်ဆက်ပြီး သူတို့ကိုခိုင်း စေတဲ့နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေ လုပ်ဆောင်နေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်နက် ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ အသက်၊ သွေးချွေးများ ရင်းနှီးပေးဆပ်ပြီး ကြိုးစားကာကွယ်ပေးကြတဲ့ ခေတ်အဆက်ဆက်က မြန်မာ့ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ပြည်သူများဟာ မြန်မာပြည်ကြီး ရဲ့ဦးဆောင်လမ်းပြတဲ့ သူရဲကောင်းတွေအဖြစ် အမြဲတည်ရှိနေမှာပါ။ အသိအမှတ်ပြု လေးစားအမှတ်ရနေမှာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်သားတွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်၊ ဇွဲမာန်ပြင်းပြမှုတွေကြောင့် နိုင်ငံတော်မှာ လက်နက်ကိုင်အကြမ်းဖက်တဲ့ လမ်းစဉ်ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုအပြည့်နဲ့ ပြည်သူ တို့ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်တိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးသွားရမှာလည်း ဖြစ်ပါ တယ်။

ကျွန်တော်တို့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိဖို့အတွက် ပြည်သူထဲက ပေါက်ဖွားလာတဲ့ အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိပြီး စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့စိတ် တစ်ခုတည်းနှင့်သာ မျိုးချစ်လူငယ်များနဲ့ စတင် တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။ ဒီတပ်မတော်ကပဲ အခက်အခဲအမျိုးမျိုး ကြားကနေ ပြည်သူတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံတော်တစ်ခုလုံးရဲ့ လွတ်လပ်ရေးကို အရယူ ပေးနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း ရှေ့တန်းစစ်မျက်နှာ အသီးသီးမှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို နိုင်ငံချစ်စိတ်ရှိသည့် ပြည်သူလူထုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အားပေးစာများကို တစ်ခဲနက် ဆောင်ရွက်ပေးနေကြတာကိုလည်း အားရဖွယ်ရာတွေ့ရပါတယ်။ အလားတူ တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူ့အဖွဲ့အစည်း အသီးသီးက အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချတာ၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ကိုအရင်းခံပြီး Volunteer ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက တပ်မတော်နှင့်နိုင်ငံတော်ကို ဝိုင်းဝန်းပြောဆို ထောက်ခံအားပေးနေတာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်အနေနဲ့ ယခုလိုဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင် ရှိကြောင်းနှင့် ခွန်အားများဖြစ်ပေါ်ရသည်ကိုလည်း ပြောကြားလိုပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ရရှိပြီးသား လွတ်လပ်ရေးကြီးတည်တံ့နေဖို့၊ ပြည်ထောင်စုကြီး တည်တံ့နေဖို့ ပြည်သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ပေးခဲ့တာ ဒီနေ့အချိန်အထိ လည်းဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်အခါမှာလည်း နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ် အေးချမ်းရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစု ဝင်များအတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုကို ဘယ်တော့မှမေ့ပျောက်ပစ်မှာ မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ ချီးကျူးဂုဏ်ပြုခြင်းများ၊ ရရှိရမယ့်အခွင့်အရေးများနဲ့ ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်သားတိုင်းဟာ ရှေးကလွတ်လပ်ရေးအတွက် အသက်ခန္ဓာစွန့်လွှတ်ကာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော်တွေလိုပဲ တန်ဖိုးရှိတဲ့ ပြည်သူ့သားကောင်း ရတနာတွေဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လည်း ခေတ်ဆက်ဆက်ပေါ်ပေါက်လာတဲ့ ပြည်ပကျူးကျော်သူတွေနဲ့ ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုးရဲ့ ဒဏ်ကို မြန်မာ့တပ်မတော်နဲ့လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ပြည်တွင်းပြည်ပအန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင် ကျော်ဖြတ်နိုင်စွမ်းလည်းရှိကြပါတယ်။ ကျွန်တော်တို့ပြည်သူတွေသတိပြုရမှာက ဒီနေ့ကမ္ဘာ့ရေးရာ အခြေအနေ တွေဟာ အင်မတန်မှ နက်နဲရှုပ်ထွေးလာတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်။ စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာ လည်းဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေတဲ့ တရားသောစစ်အောင်မြင်ဖို့ ကျွန်တော်တို့ပြည်သူအားလုံးက ယုံကြည် စွာနဲ့ ဝိုင်းဝန်းပေးကြဖို့လိုအပ်ပါတယ်။ တပ်မတော်နဲ့ မျိုးချစ်ပြည်သူလူထုရှိနေသမျှ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရပါမယ်။ တည်တံ့ခိုင်မြဲအောင်လည်း လုပ်ဆောင်ပါမယ်။ စည်းလုံးသောအင်အားဖြင့် အမိနိုင်ငံတော် ကြီးကို ကာကွယ်စောင့်ရှောက်ကြပါစို့ ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်ကို သိရှိပါရစေ။

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများသည် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းတွင် အစ္စရေးနိုင်ငံ အလယ်ပိုင်းသို့ ဒုံးကျည်ငါးစင်းခန့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း၊ တဲလ်အဗစ်မြို့ဝန်းကျင်တွင် ဥဩသံများကြားရသော်လည်း ထိခိုက်သေဆုံးသူမရှိကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။နယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာတို့က ဒုံးကျည်ငါးစင်းခန့် ပစ်လွှတ်တိုက်ခိုက်ကြောင်း၊ ဒုံးကျည်အများအပြားကို ကြားဖြတ်ပစ်ချ ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အခြားသော ဒုံးကျည်အချို့မှာ လဟာပြင်တွင် ကျရောက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။ အောက်တိုဘာလ ၇ ရက်နေ့အစောပိုင်းတွင် အစ္စရေးစစ်ဘက်သုံး လေယာဉ်များက လက်ဘနွန်နိုင်ငံ တောင်ပိုင်းသို့ ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ အစ္စရေးတပ်မတော်၏ ပြောကြားချက်အရ အခြေခံအဆောက်အအုံများ၊ ကွပ်ကဲထိန်းချုပ်ရေးစင်များ၊ လက်နက်သိုလှောင်ရုံများအပါအဝင် ဟစ်ဇ်ဘိုလာပစ်မှတ် ၁၂၀ ‌ကျော်ထိမှန်ခဲ့ကြောင်း သိရသည်။ဆင်ဟွာနမူနာ မေးခွန်းနှင့် အဖြေများ ဖြစ်ပါသည်။

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများသည် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းတွင် အစ္စရေးနိုင်ငံ အလယ်ပိုင်းသို့ ဒုံးကျည်ငါးစင်းခန့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း၊ တဲလ်အဗစ်မြို့ဝန်းကျင်တွင် ဥဩသံများကြားရသော်လည်း ထိခိုက်သေဆုံးသူမရှိကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။

နယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာတို့က ဒုံးကျည်ငါးစင်းခန့် ပစ်လွှတ်တိုက်ခိုက်ကြောင်း၊ ဒုံးကျည်အများအပြားကို ကြားဖြတ်ပစ်ချ ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အခြားသော ဒုံးကျည်အချို့မှာ လဟာပြင်တွင် ကျရောက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။ အောက်တိုဘာလ ၇ ရက်နေ့အစောပိုင်းတွင် အစ္စရေးစစ်ဘက်သုံး လေယာဉ်များက လက်ဘနွန်နိုင်ငံ တောင်ပိုင်းသို့ ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ အစ္စရေးတပ်မတော်၏ ပြောကြားချက်အရ အခြေခံအဆောက်အအုံများ၊ ကွပ်ကဲထိန်းချုပ်ရေးစင်များ၊ လက်နက်သိုလှောင်ရုံများအပါအဝင် ဟစ်ဇ်ဘိုလာပစ်မှတ် ၁၂၀ ‌ကျော်ထိမှန်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

နမူနာ မေးခွန်းနှင့် အဖြေများ ဖြစ်ပါသည်။
 
ဟစ်ဇ်ဘိုလာက အစ္စရေးအလယ်ပိုင်းသို့ မည်သည့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သနည်း။

ရုရှားနှင့် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ယူကရိန်း အသင့်ရှိနေသော်လည်း ပူတင်ကို မြေပြင်၊ ရေပြင်နှင့် ဝေဟင်မှာ ၃၀ ရက်ကြာ စစ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါ။အဆိုပါ သဘောတူညီချက်ကို အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ယူကရိန်းများနှင့် မကြာသေးမီက ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနှင့် ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ကတည်းက စွမ်းအင်လိုင်းများကို အပြန်အလှန် အကြိမ်ကြိမ် တိုက်ခိုက် နေခဲ့ခြင်းဖြစ်ပါသည်။ သို့သော် မတ်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည့် စွမ်းအင်အခြေခံအဆောက်အဦတွေကို ရက် ၃၀ ကြာ တိုက်ခိုက်မှုရပ်တန့်မည့်အချက်သည် စစ်ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေသော ယူကရိန်း ပြည်သူများကို စိတ်သက်သာရာရစေမည်ဖြစ်ပါသည်။ စစ်ရေးအရ အဆိုပါအချက်သည် ယူကရိန်းအတွက် အဆင်ပြေစေ မည်ဟု အတိအကျမပြောနိုင်ပါ။ ယူကရိန်း၏ မြေပြင်တပ်များသည်ကာ့စ်ဒေသနှင့် ယူကရိန်းရှေ့တန်းမြေပြင်များကနေ ဆုတ်ခွာနေသော်လည်း ရုရှား၏ ရေနံစွမ်းအင် အခြေခံအဆောက်အဦများကို တာဝေးကနေ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် တိုက်ရိုက်ထိမှန်သည့် တိုက်ခိုက်မှုများ အများအပြား ရှိခဲ့ပါသည်။ ထိုအချက်များသည် ရုရှား၏ စစ်ရေး ထောက်ပို့ ပိုင်းများကို ထိခိုက်ခဲ့သော်လည်း ယခုအခြေအနေတွင် ရပ်တန့်ရမည် ဖြစ်ပါသည်။ဖြေကြားသူ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)

ရုရှားနှင့် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ယူကရိန်း အသင့်ရှိနေသော်လည်း ပူတင်ကို မြေပြင်၊ ရေပြင်နှင့် ဝေဟင်မှာ ၃၀ ရက်ကြာ စစ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါ။

အဆိုပါ သဘောတူညီချက်ကို အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ယူကရိန်းများနှင့် မကြာသေးမီက ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနှင့် ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ကတည်းက စွမ်းအင်လိုင်းများကို အပြန်အလှန် အကြိမ်ကြိမ် တိုက်ခိုက် နေခဲ့ခြင်းဖြစ်ပါသည်။ သို့သော် မတ်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည့် စွမ်းအင်အခြေခံအဆောက်အဦတွေကို ရက် ၃၀ ကြာ တိုက်ခိုက်မှုရပ်တန့်မည့်အချက်သည် စစ်ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေသော ယူကရိန်း ပြည်သူများကို စိတ်သက်သာရာရစေမည်ဖြစ်ပါသည်။ 

စစ်ရေးအရ အဆိုပါအချက်သည် ယူကရိန်းအတွက် အဆင်ပြေစေ မည်ဟု အတိအကျမပြောနိုင်ပါ။ ယူကရိန်း၏ မြေပြင်တပ်များသည်ကာ့စ်ဒေသနှင့် ယူကရိန်းရှေ့တန်းမြေပြင်များကနေ ဆုတ်ခွာနေသော်လည်း ရုရှား၏ ရေနံစွမ်းအင် အခြေခံအဆောက်အဦများကို တာဝေးကနေ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် တိုက်ရိုက်ထိမှန်သည့် တိုက်ခိုက်မှုများ အများအပြား ရှိခဲ့ပါသည်။ ထိုအချက်များသည် ရုရှား၏ စစ်ရေး ထောက်ပို့ ပိုင်းများကို ထိခိုက်ခဲ့သော်လည်း ယခုအခြေအနေတွင် ရပ်တန့်ရမည် ဖြစ်ပါသည်။

ဖြေကြားသူ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)

ရက် ၃၀ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယူကရိန်း-ရုရှား နှစ်ဖက် အသာ-အနာ မည်သို့ရှိနိုင်မည်နည်း။

တရုတ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းမှုသည် အိန္ဒိယ၏ “ကြက်လည်ပင်းကြိုး” Chicken’s Neck (Siliguri Corridor) ကဲ့သို့သော မဟာဗျူဟာမြောက် နေရာများကို ခြိမ်းခြောက်နိုင်သည်။ ပါကစ္စတန်၏ ပါဝင်မှုသည် ဒေသတွင်း စစ်ရေးတည်ငြိမ်မှုကို ပိုမို ထိခိုက်စေနိုင်ပါသည်။ကိုးကား - GG political

တရုတ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းမှုသည် အိန္ဒိယ၏ “ကြက်လည်ပင်းကြိုး” Chicken’s Neck (Siliguri Corridor) ကဲ့သို့သော မဟာဗျူဟာမြောက် နေရာများကို ခြိမ်းခြောက်နိုင်သည်။  
ပါကစ္စတန်၏ ပါဝင်မှုသည် ဒေသတွင်း စစ်ရေးတည်ငြိမ်မှုကို ပိုမို ထိခိုက်စေနိုင်ပါသည်။
ကိုးကား - GG political

ဘင်္ဂလားဒေ့ရှ်၏ ယာယီအစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ်စ် သည် အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးသက်ရောက်မှုမှ ရုန်းထွက်ရန် လာမိုနီရဟတ်တွင် လေတပ်စခန်းတည်ဆောက်ရန် တရုတ်နိုင်ငံအား အဆိုပြုမှုနှင့်စပ်လျဉ်း၍ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သနည်း။

တရုတ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းမှုသည် အိန္ဒိယ၏ “ကြက်လည်ပင်းကြိုး” Chicken’s Neck (Siliguri Corridor) ကဲ့သို့သော မဟာဗျူဟာမြောက် နေရာများကို ခြိမ်းခြောက်နိုင်သည်။  
ပါကစ္စတန်၏ ပါဝင်မှုသည် ဒေသတွင်း စစ်ရေးတည်ငြိမ်မှုကို ပိုမို ထိခိုက်စေနိုင်ပါသည်။
ကိုးကား - GG political

-
အဆိုပါမေးမြန်းချက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ထားရှိပါသည်-(က) အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲ (တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)မှ လွိုင်လင်ခရိုင်တွင် လွိုင်လင် မြို့နယ်၊ လဲချားမြို့နယ်နှင့် မိုင်းကိုင် မြို့နယ်တို့တွင်လည်းကောင်း၊ နမ့်စန်ခရိုင်တွင် နမ့်စန်မြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင် လည်းကောင်း၊ လင်းခေးခရိုင်တွင် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်နှင့် မောက်မယ် မြို့နယ်တို့တွင်လည်းကောင်း တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါကြောင်း။(ခ) လွိုင်လင်ခရိုင်အတွင်းရှိ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ လင်းခေးခရိုင်အတွင်းရှိလင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ် မြို့နယ်နှင့် နမ့်စန်ခရိုင်အတွင်းရှိ မိုးနဲမြို့နယ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားသွားလာ လျက်ရှိသော နယ်မြေများဖြစ်ပါကြောင်း၊ လွိုင်လင်မြို့ပေါ် ရပ်ကွက်များ၊ ပင်လုံမြို့ပေါ်ရပ်ကွက်များနှင့် နမ့်စန်မြို့ပေါ်ရပ်ကွက်များ တွင်သာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပြီး တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ပါကြောင်း။( ဂ ) လဲချားမြို့သည် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာ ပေါင်း ၁၃၄ ရွာ တည်ရှိပြီး SSPP/SSA နှင့် RCSS အဖွဲ့များ သွားလာလှုပ်ရှားလျက် ရှိသော နယ်မြေဖြစ်ပါကြောင်း၊ လဲချားမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် မြို့ပေါ် ၄ ရပ်ကွက်နှင့် မြို့မကျေးရွာ အုပ်စုများတွင် ရဲလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါကြောင်း၊ တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။(ဃ) လဲချားမြို့နယ်တွင် KTV ၃ ခု ဖွင့်လှစ်ထားရှိပြီး အဆိုပါ KTV ၃ ခုသည် နယ်မြေအတွင်း လှုပ်ရှားသွားလာလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိပါကြောင်း၊ လတ်တလောအခြေအနေတွင် ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးနိုင်ရန် အခက်အခဲများရှိပါကြောင်း။( င) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် နယ်မြေအခြေအနေအရ လဲချားမြို့အား ဖြတ်သန်း၍ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်များကို ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပေါင်းလိုင်ကျေးရွာအဝင် ပင်လုံ-ကျောက်တန်းသွားလမ်းတွင်လည်းကောင်း၊ လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီး သွားလမ်းတွင်လည်းကောင်း ပုံသေပိတ်ဆို့/ရှောင်တခင်ရှာဖွေစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် လဲချား မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လဲချားမြို့၊ နောင်မိန်းကျေးရွာအဝင်လမ်းရှိ မိုင်းရှူး-မိုင်းနောင်-ကျေးသီး-လဲချားလမ်းတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းနှင့် လဲချားမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အမှတ်(၆၄)ခြေလျင်တပ်ရင်းမှ တပ်မတော်သားများ နှင့်ပူးပေါင်း၍ ပုံသေပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။( စ) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၄ မှု၊ ဘိန်းစိမ်း ၁ မှု၊ ပေါင်း ၅ မှုမှ တရားခံ ကျား ၆ ဦး၊ မ ၁ ဦး၊ ပေါင်း ၇ ဦးတို့အား စိတ်ကြွဆေးပြား ၁၃၅,၁၈ဝ ပြား၊ ဘိန်းစိမ်း ၄၅ဝ ဂရမ်၊ မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ ၂ဝ၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၂ မှုမှ တရားခံ ကျား ၂ ဦးအား စိတ်ကြွဆေးပြား ၂,၂၀၀ ပြား၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။(ဆ) ၂ဝ၂၄ ခုနှစ်အတွင်း Happy Water ၆ မှုမှ တရားခံ ကျား ၇ ဦး၊ မ ၂ ဦး၊ ပေါင်း ၉ ဦး တို့အား Happy Water ၆.၅၈၁ ကီလိုဂရမ်၊ Ketamine ၉ဝဝ ဂရမ်၊ ခတ်ခူး ၅ ဂရမ်၊ မော်တော်ယာဉ် ၅ စီး၊ ဖုန်း ၈ လုံးတို့နှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။(ဇ) လဲချားမြို့နယ်ရဲတပ်ဖွဲ့မှလည်း လဲချားမြို့နယ်အတွင်း၌ ၂ဝ၂၂ ခုနှစ်အတွင်း စိတ်ကြွ ဆေးပြား ၁ မှု၊ ၂၀၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှုနှင့် ၂ဝ၂၄ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှု၊ စုစုပေါင်း ၃ မှုမှ တရားခံ ကျား ၃ ဦးအား စိတ်ကြွဆေးပြား ၂၈,၂၂၂ ပြား၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။(ဈ) အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲ(တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ် (၂၇) မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)အနေဖြင့် မူးယစ်ဆေးဝါးသတင်းရရှိမှုအပေါ် မူတည်၍ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများအား လွိုင်လင်တပ်နယ်မှူး/လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့ပြီး ၁ လလျှင် (၆) ကြိမ်ခန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။(ည) ထို့ပြင် လဲချားမြို့ပေါ်ရပ်ကွက်များတွင် မိမိတပ်ဖွဲ့ဝင်များ၊ အမာခံသတင်းပေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများနှင့် ပေါင်းစပ် ညှိနှိုင်း၍ မူးယစ်ဆေးဝါးသတင်းများရယူပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့၍ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ဖြေကြားပေးသည့်ဌာန- ပြည်ထဲရေးဝန်ကြီးဌာန

အဆိုပါမေးမြန်းချက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ထားရှိပါသည်-

(က) အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲ (တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)မှ လွိုင်လင်ခရိုင်တွင် လွိုင်လင် မြို့နယ်၊ လဲချားမြို့နယ်နှင့် မိုင်းကိုင် မြို့နယ်တို့တွင်လည်းကောင်း၊ နမ့်စန်ခရိုင်တွင် နမ့်စန်မြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင် လည်းကောင်း၊ လင်းခေးခရိုင်တွင် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်နှင့် မောက်မယ် မြို့နယ်တို့တွင်လည်းကောင်း တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါကြောင်း။

(ခ) လွိုင်လင်ခရိုင်အတွင်းရှိ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ လင်းခေးခရိုင်အတွင်းရှိလင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ် မြို့နယ်နှင့် နမ့်စန်ခရိုင်အတွင်းရှိ မိုးနဲမြို့နယ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားသွားလာ လျက်ရှိသော နယ်မြေများဖြစ်ပါကြောင်း၊ လွိုင်လင်မြို့ပေါ် ရပ်ကွက်များ၊ ပင်လုံမြို့ပေါ်ရပ်ကွက်များနှင့် နမ့်စန်မြို့ပေါ်ရပ်ကွက်များ တွင်သာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပြီး တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ပါကြောင်း။

( ဂ ) လဲချားမြို့သည် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာ ပေါင်း ၁၃၄ ရွာ တည်ရှိပြီး SSPP/SSA နှင့် RCSS အဖွဲ့များ သွားလာလှုပ်ရှားလျက် ရှိသော နယ်မြေဖြစ်ပါကြောင်း၊ လဲချားမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် မြို့ပေါ် ၄ ရပ်ကွက်နှင့် မြို့မကျေးရွာ အုပ်စုများတွင် ရဲလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါကြောင်း၊ တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။

(ဃ) လဲချားမြို့နယ်တွင် KTV ၃ ခု ဖွင့်လှစ်ထားရှိပြီး အဆိုပါ KTV ၃ ခုသည် နယ်မြေအတွင်း လှုပ်ရှားသွားလာလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိပါကြောင်း၊ လတ်တလောအခြေအနေတွင် ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးနိုင်ရန် အခက်အခဲများရှိပါကြောင်း။

( င) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် နယ်မြေအခြေအနေအရ လဲချားမြို့အား ဖြတ်သန်း၍ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်များကို ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပေါင်းလိုင်ကျေးရွာအဝင် ပင်လုံ-ကျောက်တန်းသွားလမ်းတွင်လည်းကောင်း၊ လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီး သွားလမ်းတွင်လည်းကောင်း ပုံသေပိတ်ဆို့/ရှောင်တခင်ရှာဖွေစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် လဲချား မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လဲချားမြို့၊ နောင်မိန်းကျေးရွာအဝင်လမ်းရှိ မိုင်းရှူး-မိုင်းနောင်-ကျေးသီး-လဲချားလမ်းတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းနှင့် လဲချားမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အမှတ်(၆၄)ခြေလျင်တပ်ရင်းမှ တပ်မတော်သားများ နှင့်ပူးပေါင်း၍ ပုံသေပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

( စ) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၄ မှု၊ ဘိန်းစိမ်း ၁ မှု၊ ပေါင်း ၅ မှုမှ တရားခံ ကျား ၆ ဦး၊ မ ၁ ဦး၊ ပေါင်း ၇ ဦးတို့အား စိတ်ကြွဆေးပြား ၁၃၅,၁၈ဝ ပြား၊ ဘိန်းစိမ်း ၄၅ဝ ဂရမ်၊ မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ ၂ဝ၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၂ မှုမှ တရားခံ ကျား ၂ ဦးအား စိတ်ကြွဆေးပြား ၂,၂၀၀ ပြား၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။

(ဆ) ၂ဝ၂၄ ခုနှစ်အတွင်း Happy Water ၆ မှုမှ တရားခံ ကျား ၇ ဦး၊ မ ၂ ဦး၊ ပေါင်း ၉ ဦး တို့အား Happy Water ၆.၅၈၁ ကီလိုဂရမ်၊ Ketamine ၉ဝဝ ဂရမ်၊ ခတ်ခူး ၅ ဂရမ်၊ မော်တော်ယာဉ် ၅ စီး၊ ဖုန်း ၈ လုံးတို့နှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။

(ဇ) လဲချားမြို့နယ်ရဲတပ်ဖွဲ့မှလည်း လဲချားမြို့နယ်အတွင်း၌ ၂ဝ၂၂ ခုနှစ်အတွင်း စိတ်ကြွ ဆေးပြား ၁ မှု၊ ၂၀၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှုနှင့် ၂ဝ၂၄ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှု၊ စုစုပေါင်း ၃ မှုမှ တရားခံ ကျား ၃ ဦးအား စိတ်ကြွဆေးပြား ၂၈,၂၂၂ ပြား၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။

(ဈ) အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲ(တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ် (၂၇) မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)အနေဖြင့် မူးယစ်ဆေးဝါးသတင်းရရှိမှုအပေါ် မူတည်၍ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများအား လွိုင်လင်တပ်နယ်မှူး/လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့ပြီး ၁ လလျှင် (၆) ကြိမ်ခန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

(ည) ထို့ပြင် လဲချားမြို့ပေါ်ရပ်ကွက်များတွင် မိမိတပ်ဖွဲ့ဝင်များ၊ အမာခံသတင်းပေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများနှင့် ပေါင်းစပ် ညှိနှိုင်း၍ မူးယစ်ဆေးဝါးသတင်းများရယူပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့၍ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဖြေကြားပေးသည့်ဌာန- ပြည်ထဲရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးဝါးများနှင့် ဘိန်းဖြူ K Happy Water အစရှိသည့် မူးယစ်ဆေးဝါး များကို ပေါ်ပေါ်တင်တင် ရောင်းချနေပါသဖြင့် အချိန်မီ မဖမ်းဆီးပါက အနာဂတ်လူငယ်များအတွက် များစွာဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ် စေနိုင်သည့်အတွက် သက်ဆိုင်ရာ တာ၀န်ရှိ အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါသည်။

နေပြည်တော် ဒီဇင်ဘာ ၁၆Popular News ဂျာနယ်မှ အကြီးတန်းသတင်းထောက် ဒေါ်မဉ္ဇူဇော်တိုးက မင်းလက်ပံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကိစ္စကို အစိုးရနှင့်တပ်မတော်အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။နှစ်နိုင်ငံအထင်အမြင်လွဲစေရန်လုပ်ဆောင်မှုများကို မိမိတို့နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် တိုက်ဖျက်သွားမည်ဗိုလ်ချုပ်ဇော်မင်းထွန်းက မင်းလက်ပံကိစ္စကို မီဒီယာများလည်း သိရှိပြီးဖြစ်ကြောင်း၊ မင်းလက်ပံကိစ္စသည် KNU အနေနှင့် အွန်လိုင်းလိမ်လည်မှုများကို ကျူးလွန်ပြီးသည့်နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုနှင့် ၎င်းတို့မပတ်သက်ကြောင်းကိုပြလိုသည့် လုပ်ကွက်တစ်ခုဖြစ်သည်ကို မိမိအနေဖြင့် ပထမဦးဆုံးပြောလိုပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အရှိန်အဟုန်နှင့် အမြစ်ပြတ်အောင် ဖြေရှင်းနေသည့်အပေါ်တွင် အာရုံပြောင်းရန်အတွက် KNU အနေဖြင့် ၎င်းတို့ကိုယ်တိုင်ပါဝင်ပတ်သက်နေသည့် KKO အဖွဲ့ကို (KKO အဖွဲ့နှင့် KNU အဖွဲ့အချို့ နေရာများတွင် မည်ကဲ့သို့ပတ်သက်ခဲ့သည်၊ မည်သို့ဖြစ်ပေါ်လာသည်ကို မိမိယခင်ကလည်း ပြောပြီးဖြစ်ကြောင်း) ဟန်ပြသိမ်းပိုက်ပြီး ၎င်းတို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့်အကြောင်းကို လူမသိအောင်လုပ်ရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့်ပြောလိုပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီးလည်း PowerPoint တွင် မိမိတို့ပြထား‌ကြောင်း၊ မိမိတို့ကိုလည်း ပြည်ပနိုင်ငံတစ်ခုက သံရုံးမှတစ်ဆင့် မင်းလက်ပံကိစ္စတွင်သေဆုံးခဲ့သည့် ၎င်းတို့ နိုင်ငံသားများရှိသည်ကိုလည်း သတင်းလက်ခံရရှိပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့်လည်း စုံစမ်းဖော်ထုတ်လျက်ရှိပါကြောင်း၊ စုံစမ်း ဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုကိစ္စများနှင့်ပတ်သက်ပြီး မိမိပြောကြားခဲ့သည့်အတိုင်း အမြစ်ပြတ်သည်အထိ သုတ်သင်ချေမှုန်းသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမည်သည့်နေရာဒေသတွင်ရှိသည့် နေရာတွင်ဖြစ်စေ၊ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည် ဖြစ်ကြောင်း၊ မေးခွန်းနှင့်ဆက်စပ်ပြီး မြန်မာ-ထိုင်း နယ်စပ်တွင်ဖြစ်ပေါ်နေသည့် တချို့အခြေအနေနှင့် ပတ်သက်ပြီးလည်း ပြောလိုပါကြောင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မိမိတို့အနေနှင့်ထိန်းသိမ်းမှုများ၊ အဆောက်အအုံများ မြေလှန်ဖျက်ဆီးမှုများဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်နေရသည့် ရည်ရွယ်ချက်ကိုလည်း ပြောပြီးဖြစ်ကြောင်း၊ ယင်းကို နှောင့်ယှက်ရန်အတွက် KNU အနေဖြင့် ထိုဒေသများတွင် တိုက်ပွဲဖြစ်စဉ်များ ဖော်ဆောင်နေခြင်းများရှိကြောင်း၊ မိမိတို့ တပ်မတော်သားများနှင့်လည်း တိုက်ပွဲဖြစ်နေခြင်းများ ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏နယ်မြေထဲသို့ မြန်မာ့တပ်မတော်ကပစ်သည့်ကျည်များကျသည်ဟု ပြောကြားမှုများရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လုံးဝမငြင်းပယ်ပါကြောင်း၊ မိမိတို့နှင့်ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ မိမိတို့တွင် နှစ်နိုင်ငံနယ်ခြားဒေသများနှင့်ပတ်သက်ပြီး အခြေခံအဆင့်ထိဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မြို့နယ်အဆင့် နှစ်နိုင်ငံနယ်ခြားဒေသကော်မတီများ၊ ခရိုင်အဆင့်များ၊ ဒေသတွင်းအဆင့်များမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ သို့သော်မိမိပြောလိုသည်မှာ တချို့သည်မိမိတို့ဘက်က ပစ်လိုက်ခြင်း မဟုတ်ပါကြောင်း၊ KNU အနေဖြင့် ထိုင်းနှင့်မြန်မာကြားတွင် ပြဿနာဖြစ်အောင် တမင်သက်သက်လုပ်နေခြင်းဖြစ်ကြောင်း၊ KNU က တိုက်ပွဲဖြစ် သယောင်နှင့် ထိုင်းနိုင်ငံထဲကို ကျည်များကျအောင် ပစ်နေခြင်းများရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး လည်း ယခုမိမိပြမည့် မင်းလက်ပံတွင် ဖြစ်နေသည့် နေရာ၌ တမင်သက်သက် ထိုင်းနိုင်ငံထဲကို KNU များအနေနှင့် ၄၀ မမ ဗုံးသီးများ ပစ်သွင်းနေခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်း Video ဖိုင်ကို မိမိပြလို ပါကြောင်း၊ ၎င်းတို့ပစ်နေသည်မှာ ထိုင်းနိုင်ငံဘက်ကို ပစ်နေခြင်းဖြစ်ကြောင်း၊ မည်သည့်တိုက်ပွဲမျှ မဖြစ်ဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းသည် သက်သေဖြစ်ကြောင်း၊ တစ်ဖက်တွင် သောင်ရင်းမြစ် ရှိပါကြောင်း၊ KNU များအနေဖြင့် မည်သည့်တိုက်ပွဲမျှ မဖြစ်ဘဲ သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းနိုင်ငံထဲ သို့ပစ်နေသည့် သက်သေခံ Video ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နေပြီး နှစ်နိုင်ငံကြားတွင် အထင်အမြင်လွဲအောင်၊ နှစ်နိုင်ငံကြားတွင် ပြဿနာဖြစ်အောင် ၎င်းတို့အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှသာ KNU ဆိုသည့် အဖွဲ့အစည်း၊ KNU နှင့်ပတ်သက်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် ရပ်တည်၍ ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြားဒေသများတွင် ယခုကဲ့သို့ပြဿနာဖြစ်မှ၊ နှစ်နိုင်ငံနယ်ခြားဒေသများတွင် မတည်မငြိမ်ဖြစ်မှ ၎င်းတို့၏ရပ်တည်မှု၊ ၎င်းတို့၏ နေထိုင်မှုများသည် ခိုင်မာမည်ဖြစ်သည့် အတွက် ထိုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်သည်ကို ပြောလိုပါကြောင်း၊ ထိုင်းနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံသည် ဆက်သွယ်ဆက်ဆံရေးတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ဆက်ဆံဆက်သွယ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ အထက်ပါအတိုင်း နှစ်နိုင်ငံအထင်အမြင်လွဲစေရန် လုပ်ဆောင်မှုများကို မိမိတို့နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။အမိမြေသစ္စာ သတင်းစုံသတင်းဂျာနယ်မှ ဒုတိယအယ်ဒီတာချုပ် ဦးမျိုးမင်းလတ်က အမြစ်ပြတ်နှိမ်နင်းရေးလမ်းစဉ်နှင့်ပတ်သက်ပြီး လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ NCA ကို လက်မှတ်ရေးထိုး ထားသည့် DKBA ကဲ့သို့သောအဖွဲ့အစည်းမျိုး၊ KNU/ KNLA - PC ကဲ့သို့ အဖွဲ့အစည်းမျိုး၊ လက်ရှိနိုင်ငံတော် ကာကွယ်ရေးလက်အောက်တွင်ရှိနေသည့် BGF ကဲ့သို့အဖွဲ့အစည်းမျိုးနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတချို့ကို သိလိုပါကြောင်း မေးမြန်းသည်။ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိပြောသွားသည့် အသုံးအနှုန်းများထဲတွင် ပါပြီးဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုများထဲတွင် တချို့သော EAO အဖွဲ့များအပြင်၊ တချို့သော လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်ကို မိမိပြောလိုပါကြောင်း၊ အဖွဲ့အစည်းအနေဖြင့် ပါဝင်သည်ဆိုခြင်းထက် အဖွဲ့အစည်းထဲတွင်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့အစည်းထဲတွင်ရှိသည့် ယင်းပုဂ္ဂိုလ်များ၏ တစ်ဦးချင်းနောက်တွင်လိုက်နေသည့် အဖွဲ့ငယ်လေးများအလိုက်သော်လည်းကောင်း ဆောင်ရွက်နေခြင်းရှိပါကြောင်း၊ မိမိပြောလိုသည်မှာ မကောင်းသည့်သွေးဆိုလျှင် ဖောက်ထုတ်ပစ်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတိုင်းတွင် ကောင်းသည့်လူရှိသကဲ့သို့ မကောင်းသည့်လူလည်းရှိကြောင်း၊ အဖွဲ့ အစည်းအားလုံးသည် မကောင်းခြင်းမဟုတ်ပါကြောင်း၊ ယခုဆိုလျှင် ရွှေကုက္ကိုလ်တွင်လုပ်ဆောင် နေသည့်အထဲတွင် BGF အဖွဲ့ဝင်များပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်းရှိပါကြောင်း၊ တချို့ BGF အဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ခြင်းမရှိကြောင်း၊ မိမိတို့ အနေဖြင့် ခွဲခွဲခြားခြားလုပ်ပစ်ရမည်ဖြစ်ကြောင်း၊ EAO အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အစိုးရ ၏မျက်နှာကိုမကြည့်ချင်နေ၊ နိုင်ငံတော်၏မျက်နှာ၊ ပြည်သူလူထု၏မျက်နှာကိုပဲကြည့်ပါဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ဟိဏ်းသစ္စာသတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဒေါ်ခိုင်စံပယ်ဦးက ယခုမိမိတို့ မြန်မာနိုင်ငံသည် အခြားနိုင်ငံကဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည် မှုလုပ်ငန်းဆိုင်ရာများ၊ ကျူးလွန်ခဲ့တဲ့သူများ၊ ပါဝင်ပတ်သက်ခဲ့သည့်သူများကို စရိတ်များအကုန်ကျခံကာ ကျွေးမွေးစောင့်ရှောက်ပြီး ၎င်းတို့၏ မူရင်းတိုင်းပြည်များသို့ ပြန်လည်အပ်နှံနေကြောင်းကို သိရ ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသားများ တခြားနိုင်ငံတွင် ယင်းကဲ့သို့လုပ်ငန်းများထဲ ပါဝင်ပတ်သက်ခြင်းဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခုတွင် ဥပဒေနှင့်မညီ သည့်အသုံးချခံရခြင်းများဖြစ်စေဖြစ်ပွားခဲ့သည့် ပြည်သူများကို တခြားနိုင်ငံများက မိမိတို့နိုင်ငံကို ယခုကဲ့သို့ပြုစုစောင့်ရှောက်ပြီး ပြန်လည်အပ်နှံပေးပါသလား၊ မည်မျှရှိခဲ့ပါသလဲဟု သိလိုပါကြောင်းမေးမြန်းသည်။ ပြတ်ပြတ်သားသားအရေးယူရမည့်သူများကိုလည်း ပြတ်ပြတ်သားသားအရေးယူသွားမည်ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတကာတွင် ယင်းကိစ္စများသည် နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း၊ နိုင်ငံတကာမှမသမာမှုဖြင့် ထွက်ပြေးနေသည့် ရာဇဝတ်သားများ၊ ရာဇဝတ်ပြေးများက စုပေါင်းပြီးလုပ်ခြင်းဖြစ်ပါကြောင်း၊ သတင်းထောက်ကြီးမေးသည့် အရေအတွက်ကို အတိအကျမပြောနိုင်သော်လည်း နိုင်ငံတကာတွင်လည်း နိုင်ငံတိုင်းနိုင်ငံတိုင်း စံနှုန်းရှိပါကြောင်း၊ ယင်းစံနှုန်းတွင် လူသားချင်းစာနာထောက်ထားမှုစံနှုန်းသည် နိုင်ငံတကာတွင်ရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့နိုင်ငံထဲတွင် ဥပမာ-မြန်မာနိုင်ငံသားက ပြစ်မှုကျူးလွန်သည်ဆိုပါက ၎င်းတို့အနေဖြင့် ၎င်းတို့တရားဥပဒေနှင့်ဆောင်ရွက်ကြောင်း၊ စားစရာ၊ နေရာပေးခြင်း၊ ပြန်လည်မအပ်နှံခင်စစ်ဆေးခြင်းတို့သည် နိုင်ငံတိုင်းတွင် လုပ်ဆောင်သည့်လုပ်ငန်းစဉ်များ ဖြစ်ပါ ကြောင်း၊ ယင်းတို့လုပ်ဆောင်နေခြင်းလည်းရှိပါကြောင်း၊ မြန်မာနိုင်ငံကိုပြန်လည်ပြီး အပ်နှံနေခြင်းလည်းရှိပါကြောင်း ဖြေကြားသည်။သတင်းနဂါးသတင်းစုံဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးမင်းထက်ပိုင်က မြန်မာနိုင်ငံထဲတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျယ်ပြန့်လာသည်နှင့်အမျှ နစ်နာသည့် မြန်မာနိုင်ငံမှပြည်သူများ၊ အခြားနိုင်ငံမှ ပြည်သူပြည်သားများပါ ထိရောက်သည့် ဒုစရိုက်ကျူးလွန်မှုများ ခံစားနေရသည်ကို တွေ့ရပါကြောင်း၊ ဒုစရိုက်မှုများကို ချေမှုန်းပြီး အမြစ် ပြတ်နှိမ်နင်းနေသည့် ကာလဟုသိရသော်လည်း မိမိတို့လိုလားမှုမရှိဘဲနှင့် အွန်လိုင်းလိမ်လည်သည့် ဖြစ်စဉ်အောက်ကို ရောက်ရှိသွားသည့် အခြားနိုင်ငံက ပြည်သူများ၊ မိမိတို့မြန်မာနိုင်ငံကပြည်သူများကိုလည်း အမြန်ဆုံးကယ်ဆယ်စောင့်ရှောက်သွားမည့်အခြေအနေ၊ ထောက်ပံ့သွားမည့်အခြေအနေကို သိလိုပါကြောင်းမေးမြန်းသည်။ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းလိမ်လည်မှု ဖြစ်စဉ်တွင် အနည်းငယ်ရှုပ်ထွေးသည့် အပိုင်းများရှိကြောင်း၊ ရှုပ်ထွေးသည့်အပိုင်းဆိုသည်မှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်ဘဲ ၎င်း၏ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ရုပ်သွင်ကိုအသုံးချခံလိုက်ရခြင်းမျိုး ရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နစ်နာမှုရှိသည့် လူများလည်း မြန်မာနိုင်ငံထဲတွင် ရှိပါကြောင်း၊ သို့သော် တချို့က ထိုသို့မဟုတ်ဘဲ အကျိုးတူဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောခဲ့သကဲ့သို့ တချို့ကသားကောင် ဖြစ်ခဲ့သည်မှာမှန်သော်လည်း တချို့က သားကောင်မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်းရှိသည်ကို မိမိတို့ဝန်ခံကြောင်း၊ နိုင်ငံခြားသားများလည်း ရှိကြောင်း၊ မိမိတို့ဖမ်းမိသည်မှာအရေအတွက် အနည်းငယ်သာဖြစ်ကြောင်း၊ ပြည်ထဲရေးဒုတိယ ဝန်ကြီးပြောသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်ဖမ်းဆီးပြီး ပြန်ပို့လိုက်သော်လည်း တချို့လူများက ဒုတိယအကြိမ် လိုလိုလားလား ပြန်ဝင်လာကြောင်း၊ ထိုလူမျိုးများကို မိမိတို့က ခွဲခြားသတ်မှတ်ရမည်ဖြစ်ကြောင်း၊ အပြစ်ရှိသည့်သူများကိုလည်း မိမိတို့က ပြင်းပြင်းထန်ထန်ချေမှုန်းမည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ သဘောထားကိုပြောပြီးဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ သဘောထားသည် အွန်လိုင်း လိမ်လည်မှုဆိုသည်မှာ လူတစ်ဦးတည်းကိုလိမ်လည် ခြင်းမဟုတ်ဘဲ၊ လူအများစုကို လိမ်လည်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူအများစုပေါ်တွင်ကျူးလွန်သည့် ကြီးလေးသည့်ပြစ်မှုအဖြစ် မိမိတို့ခံယူထားကြောင်း၊ ထို့ကြောင့် အကာအကွယ်လိုအပ်သည့်လူများကိုလည်း မိမိတို့ အကာအကွယ်ပေးသွားမည် ဖြစ်ပြီး ပြတ်ပြတ်သားသားအရေးယူရမည့်သူများကိုလည်း ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။အမှန်တရားသတင်းစုံဂျာနယ်မှ သတင်းထောက်ဦးဝင်းဇော်က အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးကြီးကြပ်မှု ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို တွေ့ရ၍ ကြိုဆိုပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား အမြန်ဆုံးရှင်းလင်း ကွယ်ပျောက်သွားမည်ဟုလည်း ယုံကြည်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတစ်ခုဖြစ်သည့် အွန်လိုင်းပေါ်တွင် ထိုင်းထီဂဏန်း သုံးလုံးတူလျှင် ပေါက်မဲဟုဆိုသည့် ကားကံစမ်းမဲ၊ ဆိုင်ကယ်ကံစမ်းမဲ၊ မြေကွက်ကံစမ်းမဲ၊ အိမ်ကံစမ်းမဲ များကို လိမ်လည်ရောင်းချနေသူ အများအပြားတွေ့ရပါကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်နေသည့် အွန်လိုင်းကံစမ်းမဲများကို အရေးယူဖမ်းဆီးမှုရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းသည်။ရဲမှူးချုပ်ကျော်လင်းက အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် နည်းမျိုးစုံ၊ ကစားနည်းမျိုးစုံနှင့် လုပ်ဆောင်နေသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ တရားမဝင်ထိုင်းထီများ၊ ကားများ၊ မြေများ၊ အိမ်စသည့်ကံစမ်းမဲများ လိမ်လည်ရောင်းချသည့်သူများကို နည်းပညာပိုင်းအရဖော်ထုတ်ပြီးမှ လောင်းကစားဥပဒေနှင့် အရေးယူနေခြင်းများ ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အွန်လိုင်းလောင်းကစားမှု ၁၀၇ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရှင်းလင်းဖြေကြားသည်။NP News သတင်းဌာနမှ သတင်းထောက်ချုပ် ကိုသုတကျော်က Online Scam ကို နယ်စပ်တွင် တိုက်ဖျက်နေသည်ကိုသိရကြောင်း၊ ယင်းနောက်တွင် ၎င်းတို့ထဲက တချို့သည် ပြည်မဘက်ကို စိမ့်ဝင်လာသည်ဟု သတင်းထွက်ခြင်းမျိုးများရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်သည့် အပိုင်းတွင် အဂတိရှိနေသည်ဟု သတင်းထွက်ခြင်း များ ရှိနေပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပေးစေလိုကြောင်း မေးမြန်း သည်။ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းလောင်းကစားသည် နည်းပညာပိုင်းဆိုင်ရာများ၊ လုပ်ဆောင်သည့်သူများဖြင့် ရှုပ်ထွေးမှုနှစ်ခုဖြစ်ကြောင်း၊ နံပါတ်တစ် နည်းပညာပိုင်းဆိုင်ရာ၊ နံပါတ်နှစ် လုပ်ဆောင်သည့်သူများဖြစ်ကြောင်း၊ နံပါတ်တစ် နည်းပညာပိုင်းဆိုင်ရာဆိုသည်မှာ အွန်လိုင်းလောင်း ကစားမှုကို ဒီနေရာတွင် နှိမ်နင်းလိုက်သော်လည်း နည်းပညာပိုင်းဆိုင်ရာ တချို့သောအချက်များကို ဒီထဲတွင် ဖျက်ဆီးလိုက်နိုင်ခြင်းရှိသော်လည်း လေပေါ်တွင် ရှိနေသည့်အရာကို မိမိတို့မဖျက်ဆီး နိုင်ကြောင်း၊ ဥပမာ-အနီးဆုံး ပြောရမည်ဆိုလျှင် Cloud နည်းပညာနှင့် အင်တာနက်အပေါ်တွင် တင်ထားသည့် အချက်အလက်များကို သတင်းထောက်ကြီးတို့လည်း မသိနိုင်သလို မိမိတို့လည်း မသိနိုင်ကြောင်း၊ အချက်အလက်နှိမ်နင်းရန် ခက်ခဲမှု၊ နံပါတ်နှစ်မှာ အွန်လိုင်းလောင်းကစားမှုကို ကျူးလွန် နေသည့်သူများဖြစ်ကြောင်း၊ အွန်လိုင်းလောင်း ကစားမှုကို ကျူးလွန်နေသည့်သူများက အများအားဖြင့် မည်သည့်လူကြီးလူကောင်းမှ မကျူးလွန်ကြောင်း၊ နိုင်ငံတကာတွင်ရှိနေသည့် ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးနေသည့် ပြည်ပြေးများ သို့မဟုတ် ရာဇဝတ်သားများက အများအားဖြင့် ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ နောက်ကွယ်တွင် အရေခြုံများရှိနေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တချို့ကိစ္စများကို ခြေရာခံပြီး ကွင်းဆက်လိုက်ကာ အားလုံးနှင့်ပူးပေါင်းဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ်များတွင် နှိမ်နင်းလိုက်သည့်သူများက မြန်မာနိုင်ငံထဲကို ဝင်လာနိုင်ကြောင်း၊ ဤသည်ကိုလည်းမဖြစ်နိုင်ဟု ပြော၍မရကြောင်း၊ မိမိတို့လည်း မငြင်းကြောင်း၊ ပြည်ပကို မည်မျှထွက်သွားသည်ကိုလည်း သတင်းထောက် ကြီးတို့ မြင်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကိုလည်း ဝင်လာနိုင်ကြောင်း၊ ထိုကဲ့သို့ မြန်မာနိုင်ငံထဲကို ဝင်လာသည့်အခါ မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကို ဝင်လာသည်ဆိုသည့်နေရာတွင် အဓိကလုပ်ဆောင်ရမည်မှာ၊ အဓိက အကူအညီတောင်းလိုခြင်းမှာ မိမိတို့ပြည်သူလူထုသာဖြစ်ကြောင်း၊ နံပါတ်တစ်အနေနှင့် ပြည်သူလူထုအနေဖြင့် မမြင်ချင်ယောင် မဆောင်ဘဲ၊ မကြားချင်ယောင်မဆောင်ဘဲ သက်ဆိုင်ရာကိုပြောသင့်ကြောင်း၊ မမြင်ယောင် မကြားချင်ယောင် မဆောင်ဘူးဆိုလျှင် ပထမဦးဆုံး နှိမ်နင်းပြီးသားဖြစ်ကြောင်း၊ နံပါတ်နှစ်အချက်အနေဖြင့် ပုန်းကွယ်ရန် နေရာမပေးသင့်ကြောင်း၊ ၎င်းတို့ ဘယ်နေရာတွင်ပုန်းမည်လဲ၊ မိမိတို့ပြည်သူ လူထုထဲတွင်သာ ပုန်းမည်ဖြစ်ကြောင်း၊ ပုန်းစရာ နေရာမရှိရလေအောင် မသင်္ကာဖွယ်ရာတွေ့ရှိပါက တရားဥပဒေစိုးမိုးရေးအဖွဲ့နှင့် ပြည်သူလူထုက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်းဖြေကြားသည်။Myanmar Transparency News Agency မှ အကြီးတန်းသတင်းထောက် ဦးဇေယျာငြိမ်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်နိုင်ငံကဂိုဏ်းကြီး လေးဂိုဏ်းနှင့် သံသယရှိသူအယောက် ၁၀၀ ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ယင်းကိုကြည့်ခြင်း အားဖြင့် MNDAA ၊ TNLA တို့ကဲ့သို့ မြောက်ပိုင်းအဖွဲ့များကလည်း Online Scam ကျူးလွန်သည့်သူများကို အခကြေးငွေယူပြီး လက်ခံပေးထားခြင်းမျိုး၊ ကာကွယ်ပေးထားခြင်းမျိုးရှိနေကြောင်း၊ လက်ရှိမြဝတီမြို့နယ်တွင် တပ်မတော်က အမြစ်ပြတ်ချေမှုန်းနေမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းအခြေအနေမျိုးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် အဖွဲ့အစည်းများက Online Scam လုပ်သည့် သူများကို အခကြေးငွေယူပြီး အကာအကွယ်ပေးထားခြင်း၊ လွတ်မြောက်အောင် လုပ်ပေးနေခြင်းမျိုးရှိနေကြောင်း၊ ယင်းကိစ္စများကို တာဝန်ရှိသူများနှင့် တပ်မတော်အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်း သွားမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။ဗိုလ်ချုပ်ဇော်မင်းထွန်းက တချို့သတင်းများလည်း မိမိတို့ရရှိကြောင်း၊ တချို့ရရှိသည့် သတင်းများကိုလည်း အတည်မပြုနိုင်သေးကြောင်း၊ လောက်ကိုင်နယ်မြေအတွင်းတွင်ပင် ယခင်ကလို အလုံးအရင်းနှင့်မဟုတ်ဘဲ အွန်လိုင်းလိမ်လည်မှု အဖွဲ့ငယ်လေးများ လုပ်ဆောင်နေသည်ဆိုသည့် သတင်းမျိုးလည်း မိမိတို့ရရှိထားပြီး၊ အတည်မပြုနိုင်သေးကြောင်း၊ ယင်းနေရာတွင် သတင်းရယူရေးအဖွဲ့အစည်းများ မရှိသေးသည့်အတွက်၊ သတင်းရယူရေး အဖွဲ့အစည်းများကလည်း တစ်ဆင့်ပြန်လည်ရရှိသည့် သတင်းများဖြစ်သည့်အတွက် အတည်မပြုနိုင်သေးသော်လည်း ယုံကြည်ရလောက်သည့် သတင်းအရင်းအမြစ်များထံမှ သတင်းများကိုရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိမိတို့ပူးပေါင်းဆောင်ရွက်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှုများလည်းရှိကြောင်း၊ ယင်းသတင်းကို ပိုမိုခိုင်မာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်ပြီးလျှင် ၎င်း၏အောက်ဘက်တွင်ရှိနေသည့် EAO နယ်မြေများရှိကြောင်း၊ အတွင်းဘက်တွင်လည်း တချို့လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများရှိကြောင်း၊ ယင်းနယ်မြေများထဲတွင်လည်း တချို့လုပ်ငန်းလေးများလုပ်နေခြင်းရှိကြောင်း၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နှင့် ပတ်ဝန်းကျင်တွင် မိမိတို့ဖမ်းဆီးရမိခြင်းများ ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံ သတင်းညှိနှိုင်းဖလှယ် ထားသည့်ရရှိခဲ့သည့် သတင်းကွင်းဆက်များအရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံပူးပေါင်းပြီး ယင်းနယ်မြေများကို သတင်း အရင်းအမြစ်ဖော်ထုတ်ပြီး နှိမ်နင်းနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း ဖြေကြားသည်။ဆက်လက်၍ ဦးဇေယျာငြိမ်းက အကယ်၍များ ယင်းသတင်းအရင်းအမြစ် မှန်သည်ဆိုပါက ၎င်းတို့ ဖုံးကွယ်ပေးထားခြင်းများ၊ ကယ်တင်ပေးထားခြင်းများ မှန်သည်ဆိုပါက မည်ကဲ့သို့ ဆောင်ရွက်သွားနိုင် မည်ကို သိလိုကြောင်းမေးမြန်းသည်။ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် တချို့အဖွဲ့အစည်းများနှင့်ပတ်သက်ပြီး စကားပြောနေခြင်းများရှိကြောင်း၊ ထိုသို့စကားပြောနေ ခြင်းသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ပထမအဆင့် သတိပေးသွားမည်ကြောင်း၊ နောက်မလိုက်နာဘူးဆိုလျှင် နိုင်ငံတော်အဆင့်အနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။အထူးဟစ်တိုင်သတင်းအေဂျင်စီမှ အကြီးတန်းသတင်းထောက် ဦးအောင်ကျော်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုကို နယ်စပ်ဒေသတွင် အမြစ်ပြတ်ချေမှုန်း တိုက်ဖျက်နေသည်ကိုတွေ့ရသဖြင့် ဝမ်းသာမိပါကြောင်း၊ သို့သော်လည်း နည်းစနစ်တစ်မျိုးဖြင့် Link ချပြီး ဖုန်းများထဲတွင် အွန်လိုင်းမှ ဝင်လာခြင်းများရှိကြောင်း၊ တစ်နေ့ကို သိန်းတစ်ရာခန့် တစ်ခဏအတွင်းကုန်သွားသည့် ကျွဲဂိမ်းကဲ့သို့ တချို့ဂိမ်းများလည်းရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တချို့အနုပညာရှင်များဖြင့် ကြော်ငြာနေသည်ကိုပင် တွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်၍ မည်ကဲ့သို့စီမံထားသည်ကို သိလိုကြောင်း မေးမြန်းသည်။ရဲမှူးချုပ် ကျော်လင်းကသတင်းထောက်ကြီး မေးမြန်းသွားသည့်အတိုင်း နည်းပညာများ တိုးတက်လာသည်နှင့်အမျှ နည်းပညာများကို အသုံးပြုပြီး ကျူးလွန်သည့်ပြစ်မှုများသည် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် များပြားလာသည်ကို တွေ့ရကြောင်း၊ ကျွဲဂိမ်းကဲ့သို့ Slot ဂိမ်းများ၊ အွန်လိုင်းလောင်း ကစားနှင့်ပတ်သက်ပြီး ဆက်စပ်နေသည်ဟု မိမိတို့ စိစစ်ဖော်ထုတ်တွေ့ရှိ ရသော Facebook အ‌ကောင့်များ၊ Telegram အကောင့်များ အစရှိသဖြင့် လူမှုကွန်ရက်အကောင့်များကို စောင့်ကြည့်စုံစမ်းပြီး အရေးယူဆောင်ရွက်နေခြင်းများရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အွန်လိုင်းဂိမ်းများနှင့် ဆက်စပ်သည်ဟု သံသယရှိသည့် Facebook အကောင့်၊ Telegram အကောင့်နှင့်တခြားလူမှုကွန်ရက်အကောင့် ၂၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ဖုန်းဆင်းကတ် ၂၃၀၀ ကျော်ကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ Link ချပေးသည့် ဖုန်းနံပါတ် ၄၅၆ ခုကိုလည်း ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း၊တစ်ဆက်တည်း အွန်လိုင်းလောင်းကစားများဖြင့် ဆက်စပ်နေပြီး ငွေသွင်းငွေထုတ်ပြုလုပ်သည့် Pay အကောင့်ပေါင်း ၁၉၀၀ ကျော်ကိုလည်း ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း၊ တချို့ကြော်ငြာများတွင် သရုပ်ဆောင်များ ဝင်ရောက်ကြော်ငြာနေခြင်းရှိကြောင်း၊ ယင်းနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်တွင် Miles Ceno Facebook Page တွင် ဝင်ရောက်ကြော်ငြာသည့် သရုပ်ဆောင်တစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်လျှင် နည်းပညာပိုင်းအရ စောင့်ကြည့်စုံစမ်းဖော်ထုတ်ပြီး အကောင့်များ၊ Pay အကောင့်များ၊ လူမှုကွန်ရက်အကောင့်များကို ပိတ်သိမ်းနိုင်ရန် ဆောင်ရွက်ကြောင်း၊ တယ်လီဖုန်းဆင်းကတ်များကိုလည်း ပိတ်သိမ်းနိုင်ရန်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် Links များကိုလည်း အမြဲတမ်းစောင့်ကြည့် ဆောင်ရွက်နေကြောင်း၊ Links များနှင့် ဆက်စပ်နေသည့် ဖုန်းနံပါတ်များကိုလည်း ပိတ်သိမ်းဆောင်ရွက်နေသည်ဟု ပြောကြားလိုကြောင်း ဖြေကြားသည်။Myanmar National Post News Agency မှ အယ်ဒီတာချုပ် နောင်တော်လေးက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အဓိကဦးဆောင်လုပ်ကိုင်ခဲ့သည့် KNU အကြမ်းဖက်အဖွဲ့ခေါင်းဆောင် စောကွယ်ထူးဝင်းနှင့် အပေါင်းအပါများကို အမှုဖွင့်လှစ်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့်အကယ်၍ မရှိသေးပါက အမှုဖွင့်လှစ်ဆောင်ရွက်ရန် ရှိ/မရှိ သိလို ပါကြောင်း မေးမြန်းသည်။ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးက ယခင်က KNU အဖွဲ့သည် မတရားအသင်းဖြစ်ကြောင်း၊ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက်တွင် KNU အဖွဲ့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ ပယ်ဖျက်ပေးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်နောက်ပိုင်းတွင် KNU အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်ကို လုပ်ဆောင်လာတာရှိခဲ့ကြောင်း၊ မိမိတို့ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးမှုများလည်း ရှိခဲ့ကြောင်း၊ လမ်း၊ တံတားများကို ချိုးဖျက်မှုများရှိခဲ့ကြောင်း၊ အာရှ Highway လမ်းမကြီးပြတ်တောက်မှုဖြစ်ပေါ်ကြောင်း၊ ထိုသို့ ပြတ်တောက်သွားသည့်အချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် KNU အဖွဲ့ကို လက်ပိုက်ကြည့်နေ၍ မရကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက် တွင် KNU အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ရော၊ မတရားအသင်းအဖွဲ့အစည်းအဖြစ်ရော ထပ်ပြီး ကြေညာထားခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိနယ်စပ်ဒေသတွင် ဖြစ်နေသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှုများမှာ KNU အဖွဲ့ဘယ်လိုအနေအထားနှင့်ပတ်သက်နေသည်ကို မိမိတို့ ရှေ့တွင်ရှင်းပြခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် သိပြီးဖြစ်မည်ဟု မိမိထင်ကြောင်း၊ လက်ရှိတွင် KNU အဖွဲ့ကို ဖဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ ၎င်းတို့၏ လက်အောက်ခံအဖွဲ့ဝင်များကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေနှင့် မိမိတို့အမှုဖွင့်ထားကြောင်း၊ ထို့ပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနှင့်လည်း အမှုဖွင့်ထားကြောင်း၊ ဆက်လက်ပြီး ပြည်တွင်းဥပဒေနှင့်အညီ KNU အဖွဲ့ကို ဆက်လက် အရေးယူနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြောသွားသည်မှာ မိမိတို့၏ Internal Process ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ရပ်တည်နေသည့် အဖွဲ့အစည်းရှိကြောင်း၊ မိမိတို့က Aseanapol အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ အာဆီယံရဲအဖွဲ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မနှစ်က မြန်မာနိုင်ငံတွင် (၄၂)ကြိမ်မြောက် Aseanapol Conference ကို နေပြည်တော်တွင်ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ် ထိုင်းနိုင်ငံတွင် (၄၃)ကြိမ် မြောက် Aseanapol Conference ကို ကျင်းပ ပြီးခဲ့ပြီဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့က နိုင်ငံတကာရဲအဖွဲ့ဖြစ်သည့် Interpol နှင့်လည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ Internal တွင် မိမိတို့ဆောင်ရွက်နေခြင်းအပြင် ယင်း၏ Criteria နှင့် ပြည့်စုံပြီဆိုလျှင် မိမိတို့သည် Aseanapol ၊ Interpol ကိုလည်း ထပ်မံပြီး မိမိတို့ဆက်လက်၍ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း International အဖွဲ့အစည်းများတွင် မိမိတို့က ၎င်းတို့၏ Constitution ကိုလိုက်နာရကြောင်း၊ Interpol ၏ Constitution နှင့် အညီ မိမိတို့ဆက်လက်ပြီး ဆောင်ရွက်သွားရန်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။Union Politics News မှ အယ်ဒီတာချုပ် ဦးထူးမောင်မောင်က မိမိမေးမြန်းလိုသည်မှာမြဝတီရှိ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ကရင်လက်နက်ကိုင်သူပုန် KNU ထိန်းချုပ်ထားသည့် KK Park ကိုလည်း ဝင်ရောက်ထိန်းချုပ်ပြီး လာရောက်သည့်သူများကိုလည်း နိုင်ငံတော်အဆင့် လွှဲပြောင်းခြင်းများပြုလုပ်ထားကြောင်း၊ ယင်းနေရာတွင် မင်းလက်ပံနှင့် ပတ်သက်ပြီး KKO အဖွဲ့ရှိနေသည့် အွန်လိုင်းလိမ်လည်မှုကို ကရင်လက်နက်ကိုင်သူပုန်က ဝင်ရောက်စီးနင်းပြီးနောက် နိုင်ငံတော်အစိုးရကို လွှဲပြောင်းခြင်းမရှိဘဲ ၎င်းတို့က တစ်ဖက်သတ်အနေနှင့် ဝင်ရောက်ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းသည်ဆိုသည့် သတင်းကိုလည်း ကြားသိရပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ယင်းသို့ တရားဝင်လွှဲပြောင်းမှုများကို မြန်မာနိုင်ငံအစိုးရထံ ပြန်လည်သတင်းပို့ခြင်း ရှိ/မရှိနှင့် နှစ်နိုင်ငံအစိုးရပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းသည်။အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက် ဆောင်ရွက်လျက်ရှိဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အွန်လိုင်းလိမ်လည်မှုဂိုဏ်းများသည် ကွင်းဆက်တစ်ခုလုံး ပါဝင်ပတ်သက်နေသည့် Multi Jurisdictional ရာဇဝတ်မှုဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ၏ပိုင်နက်အတွင်း ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိမိတို့တွင် တာဝန်ရှိကြောင်း၊ ထို့ပြင် မိမိတို့နေရာတွင် Online Scam လုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် Original Country ရှိကြောင်း၊ ထို့နောက် မိမိတို့နိုင်ငံရောက်ရန်အတွက် Transist လုပ်လာပြီး Transist Country ရှိကြောင်း၊ မိမိတို့တွင်တာဝန်ရှိသကဲ့သို့ မိမိတို့မြန်မာနိုင်ငံကို ရောက်ရန်အတွက် ဖြတ်သန်းလာသည့်နိုင်ငံတွင်လည်း တာဝန်ရှိကြောင်း၊ လူနှင့်ငွေကြေးစီးဆင်းမှု လမ်းကြောင်းဖြတ်တောက်ပေးရန် Transist Country တွင် တာဝန်ရှိကြောင်း၊ ထို့ပြင် နယ်စပ်ဒေသ ထိန်းချုပ်ရေးအတွက် Border Control and Border Monitoring အစီအမံကိုလည်း မိမိတို့နှစ်နိုင်ငံ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ထိန်းချုပ်မှုပြဿနာအဖြစ် သတ်မှတ်ခြင်းက ရာဇဝတ်ကွန်ရက်၏ တစ်ကမ္ဘာလုံးဆိုင်ရာလည်ပတ်မှုကို လျစ်လျူရှုသည်ဟု မိမိတို့ မြင်ကြောင်း၊ ထို့ကြောင့် မူရင်းနိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံသားများအတွက် ကြိုတင်တားဆီးကာကွယ်ရေးအစီအမံကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒီရာဇဝတ်မှုကို ထိရောက်စွာတိုက်ဖျက်ရန်အတွက် ကွင်းဆက်တစ်ခုလုံး ပါဝင်နေသည့်နိုင်ငံများက ယခုအချိန်တွင် ပူးပေါင်းပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအစက ရှင်းပြခဲ့သည့်အတိုင်း ဒီနိုင်ငံသားထွက်လာသည့်အတွက် ယင်း၏ Original Country ရှိကြောင်း၊ ထို့ပြင် ဖြတ်သန်းသည့် Transist Country ရှိကြောင်း၊ မိမိတို့မြန်မာနိုင်ငံက Destination ဖြစ်သွားကြောင်း၊ လက်ရှိဟော့ဖြစ်နေခြင်းက မိမိတို့မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဖြစ်ကြောင်း၊ ပါဝင်ပတ်သက်ကျူးလွန်နေသည့် လူအများစုကိုကြည့်လိုက်လျှင် တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်၊ ထိုင်း၊ မြန်မာနိုင်ငံတို့ပူးပေါင်းပြီး ဆောင်ရွက်နေ ခြင်းရှိကြောင်း၊ မြန်မာ-ထိုင်း နယ်စပ်ဒေသ တစ်လျှောက်လုံးတွင်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တားဆီးရေးအတွက် မြန်မာ၊ တရုတ်၊ ထိုင်း Trilateral Cooperation ပူးပေါင်း ဆောင်ရွက်နေခြင်းရှိကြောင်း၊ လက်ရှိတွင်လည်း တရုတ်နိုင်ငံက လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး ဦးဆောင် နေကြောင်း၊ ယမန်နေ့ကဆိုလျှင် မိမိတို့ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့်ဘန်ကောက်သို့သွားကြောင်း၊ ယနေ့ဆိုလျှင် KK Park ၊ ရွှေကုက္ကိုလ်အထိ သွားရောက်မည်ဖြစ်ကြောင်း၊ ပြီးလျှင် မိမိတို့၏ ပြည်ထဲရေးဒုတိယဝန်ကြီးကလည်း ယခုသတင်းစာ ရှင်းလင်းပွဲပြီးလျှင် နောက်ကနေလိုက်မည်ဖြစ် ကြောင်း၊ အွန်လိုင်း လောင်းကစားမှုတားဆီးနှိမ်နင်း ရေးလုပ်ငန်းအတွက် မိမိတို့သုံးနိုင်ငံက ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးနိုင်ငံအကြားတွင် အဆင့်မြင့်အရာရှိ အစည်းအဝေးကိုလည်း သုံးကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးအဆင့် အစည်းအဝေးကိုလည်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ မင်းလက်ပံနယ်မြေတွင်ရှိသည့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူများကို ထိုင်းနိုင်ငံဘက်သို့ KNU က တိုက်ရိုက်လွှဲပြောင်းမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတွင် အစည်းအဝေးပြုလုပ်ရန်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် အစည်းအဝေးတွင် မိမိတို့သုံးနိုင်ငံ ပွင့်ပွင့်လင်းလင်း ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မင်းလက်ပံတွင်ဖြစ်သည့်ကိစ္စက မိမိတို့အစိုးရဖြစ်ကြောင်း၊ အစိုးရဖြစ်သည့်အတွက်ကြောင့် အစိုးရကပဲ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ တိုက်ရိုက်လွှဲပြောင်းမှုနှင့်ပတ်သက်ပြီး ယင်းအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ရန်ရှိကြောင်း၊ လက်ရှိတွင်လည်း မိမိတို့သုံးနိုင်ငံညှိနှိုင်းပူးပေါင်းပြီး ဒေသအတွင်းတွင် Online Scam လုပ်ငန်းများပပျောက်ရန်အထိ ရည်မှန်းချက်ထားပြီး တက်ညီလက်ညီ လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။(ဆက်လက်ဖော်ပြပါမည်။)MOI

နေပြည်တော် ဒီဇင်ဘာ ၁၆

Popular News ဂျာနယ်မှ အကြီးတန်းသတင်းထောက် ဒေါ်မဉ္ဇူဇော်တိုးက မင်းလက်ပံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကိစ္စကို အစိုးရနှင့်တပ်မတော်အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

နှစ်နိုင်ငံအထင်အမြင်လွဲစေရန်လုပ်ဆောင်မှုများကို မိမိတို့နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် တိုက်ဖျက်သွားမည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက မင်းလက်ပံကိစ္စကို မီဒီယာများလည်း သိရှိပြီးဖြစ်ကြောင်း၊ မင်းလက်ပံကိစ္စသည် KNU အနေနှင့် အွန်လိုင်းလိမ်လည်မှုများကို ကျူးလွန်ပြီးသည့်နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုနှင့် ၎င်းတို့မပတ်သက်ကြောင်းကိုပြလိုသည့် လုပ်ကွက်တစ်ခုဖြစ်သည်ကို မိမိအနေဖြင့် ပထမဦးဆုံးပြောလိုပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အရှိန်အဟုန်နှင့် အမြစ်ပြတ်အောင် ဖြေရှင်းနေသည့်အပေါ်တွင် အာရုံပြောင်းရန်အတွက် KNU အနေဖြင့် ၎င်းတို့ကိုယ်တိုင်ပါဝင်ပတ်သက်နေသည့် KKO အဖွဲ့ကို (KKO အဖွဲ့နှင့် KNU အဖွဲ့အချို့ နေရာများတွင် မည်ကဲ့သို့ပတ်သက်ခဲ့သည်၊ မည်သို့ဖြစ်ပေါ်လာသည်ကို မိမိယခင်ကလည်း ပြောပြီးဖြစ်ကြောင်း) ဟန်ပြသိမ်းပိုက်ပြီး ၎င်းတို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့်အကြောင်းကို လူမသိအောင်လုပ်ရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့်ပြောလိုပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီးလည်း PowerPoint တွင် မိမိတို့ပြထား‌ကြောင်း၊ မိမိတို့ကိုလည်း ပြည်ပနိုင်ငံတစ်ခုက သံရုံးမှတစ်ဆင့် မင်းလက်ပံကိစ္စတွင်သေဆုံးခဲ့သည့် ၎င်းတို့ နိုင်ငံသားများရှိသည်ကိုလည်း သတင်းလက်ခံရရှိပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့်လည်း စုံစမ်းဖော်ထုတ်လျက်ရှိပါကြောင်း၊ စုံစမ်း ဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုကိစ္စများနှင့်ပတ်သက်ပြီး မိမိပြောကြားခဲ့သည့်အတိုင်း အမြစ်ပြတ်သည်အထိ သုတ်သင်ချေမှုန်းသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမည်သည့်နေရာဒေသတွင်ရှိသည့် နေရာတွင်ဖြစ်စေ၊ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည် ဖြစ်ကြောင်း၊ မေးခွန်းနှင့်ဆက်စပ်ပြီး မြန်မာ-ထိုင်း နယ်စပ်တွင်ဖြစ်ပေါ်နေသည့် တချို့အခြေအနေနှင့် ပတ်သက်ပြီးလည်း ပြောလိုပါကြောင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မိမိတို့အနေနှင့်ထိန်းသိမ်းမှုများ၊ အဆောက်အအုံများ မြေလှန်ဖျက်ဆီးမှုများဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်နေရသည့် ရည်ရွယ်ချက်ကိုလည်း ပြောပြီးဖြစ်ကြောင်း၊ ယင်းကို နှောင့်ယှက်ရန်အတွက် KNU အနေဖြင့် ထိုဒေသများတွင် တိုက်ပွဲဖြစ်စဉ်များ ဖော်ဆောင်နေခြင်းများရှိကြောင်း၊ မိမိတို့ တပ်မတော်သားများနှင့်လည်း တိုက်ပွဲဖြစ်နေခြင်းများ ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏နယ်မြေထဲသို့ မြန်မာ့တပ်မတော်ကပစ်သည့်ကျည်များကျသည်ဟု ပြောကြားမှုများရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လုံးဝမငြင်းပယ်ပါကြောင်း၊ မိမိတို့နှင့်ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ မိမိတို့တွင် နှစ်နိုင်ငံနယ်ခြားဒေသများနှင့်ပတ်သက်ပြီး အခြေခံအဆင့်ထိဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မြို့နယ်အဆင့် နှစ်နိုင်ငံနယ်ခြားဒေသကော်မတီများ၊ ခရိုင်အဆင့်များ၊ ဒေသတွင်းအဆင့်များမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ သို့သော်မိမိပြောလိုသည်မှာ တချို့သည်မိမိတို့ဘက်က ပစ်လိုက်ခြင်း မဟုတ်ပါကြောင်း၊ KNU အနေဖြင့် ထိုင်းနှင့်မြန်မာကြားတွင် ပြဿနာဖြစ်အောင် တမင်သက်သက်လုပ်နေခြင်းဖြစ်ကြောင်း၊ KNU က တိုက်ပွဲဖြစ် သယောင်နှင့် ထိုင်းနိုင်ငံထဲကို ကျည်များကျအောင် ပစ်နေခြင်းများရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး လည်း ယခုမိမိပြမည့် မင်းလက်ပံတွင် ဖြစ်နေသည့် နေရာ၌ တမင်သက်သက် ထိုင်းနိုင်ငံထဲကို KNU များအနေနှင့် ၄၀ မမ ဗုံးသီးများ ပစ်သွင်းနေခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်း Video ဖိုင်ကို မိမိပြလို ပါကြောင်း၊ ၎င်းတို့ပစ်နေသည်မှာ ထိုင်းနိုင်ငံဘက်ကို ပစ်နေခြင်းဖြစ်ကြောင်း၊ မည်သည့်တိုက်ပွဲမျှ မဖြစ်ဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းသည် သက်သေဖြစ်ကြောင်း၊ တစ်ဖက်တွင် သောင်ရင်းမြစ် ရှိပါကြောင်း၊ KNU များအနေဖြင့် မည်သည့်တိုက်ပွဲမျှ မဖြစ်ဘဲ သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းနိုင်ငံထဲ သို့ပစ်နေသည့် သက်သေခံ Video ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နေပြီး နှစ်နိုင်ငံကြားတွင် အထင်အမြင်လွဲအောင်၊ နှစ်နိုင်ငံကြားတွင် ပြဿနာဖြစ်အောင် ၎င်းတို့အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှသာ KNU ဆိုသည့် အဖွဲ့အစည်း၊ KNU နှင့်ပတ်သက်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် ရပ်တည်၍ ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြားဒေသများတွင် ယခုကဲ့သို့ပြဿနာဖြစ်မှ၊ နှစ်နိုင်ငံနယ်ခြားဒေသများတွင် မတည်မငြိမ်ဖြစ်မှ ၎င်းတို့၏ရပ်တည်မှု၊ ၎င်းတို့၏ နေထိုင်မှုများသည် ခိုင်မာမည်ဖြစ်သည့် အတွက် ထိုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်သည်ကို ပြောလိုပါကြောင်း၊ ထိုင်းနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံသည် ဆက်သွယ်ဆက်ဆံရေးတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ဆက်ဆံဆက်သွယ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ အထက်ပါအတိုင်း နှစ်နိုင်ငံအထင်အမြင်လွဲစေရန် လုပ်ဆောင်မှုများကို မိမိတို့နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

အမိမြေသစ္စာ သတင်းစုံသတင်းဂျာနယ်မှ ဒုတိယအယ်ဒီတာချုပ် ဦးမျိုးမင်းလတ်က အမြစ်ပြတ်နှိမ်နင်းရေးလမ်းစဉ်နှင့်ပတ်သက်ပြီး လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ NCA ကို လက်မှတ်ရေးထိုး ထားသည့် DKBA ကဲ့သို့သောအဖွဲ့အစည်းမျိုး၊ KNU/ KNLA - PC ကဲ့သို့ အဖွဲ့အစည်းမျိုး၊ လက်ရှိနိုင်ငံတော် ကာကွယ်ရေးလက်အောက်တွင်ရှိနေသည့် BGF ကဲ့သို့အဖွဲ့အစည်းမျိုးနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတချို့ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိပြောသွားသည့် အသုံးအနှုန်းများထဲတွင် ပါပြီးဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုများထဲတွင် တချို့သော EAO အဖွဲ့များအပြင်၊ တချို့သော လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်ကို မိမိပြောလိုပါကြောင်း၊ အဖွဲ့အစည်းအနေဖြင့် ပါဝင်သည်ဆိုခြင်းထက် အဖွဲ့အစည်းထဲတွင်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့အစည်းထဲတွင်ရှိသည့် ယင်းပုဂ္ဂိုလ်များ၏ တစ်ဦးချင်းနောက်တွင်လိုက်နေသည့် အဖွဲ့ငယ်လေးများအလိုက်သော်လည်းကောင်း ဆောင်ရွက်နေခြင်းရှိပါကြောင်း၊ မိမိပြောလိုသည်မှာ မကောင်းသည့်သွေးဆိုလျှင် ဖောက်ထုတ်ပစ်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတိုင်းတွင် ကောင်းသည့်လူရှိသကဲ့သို့ မကောင်းသည့်လူလည်းရှိကြောင်း၊ အဖွဲ့ အစည်းအားလုံးသည် မကောင်းခြင်းမဟုတ်ပါကြောင်း၊ ယခုဆိုလျှင် ရွှေကုက္ကိုလ်တွင်လုပ်ဆောင် နေသည့်အထဲတွင် BGF အဖွဲ့ဝင်များပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်းရှိပါကြောင်း၊ တချို့ BGF အဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ခြင်းမရှိကြောင်း၊ မိမိတို့ အနေဖြင့် ခွဲခွဲခြားခြားလုပ်ပစ်ရမည်ဖြစ်ကြောင်း၊ EAO အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အစိုးရ ၏မျက်နှာကိုမကြည့်ချင်နေ၊ နိုင်ငံတော်၏မျက်နှာ၊ ပြည်သူလူထု၏မျက်နှာကိုပဲကြည့်ပါဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဟိဏ်းသစ္စာသတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဒေါ်ခိုင်စံပယ်ဦးက ယခုမိမိတို့ မြန်မာနိုင်ငံသည် အခြားနိုင်ငံကဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည် မှုလုပ်ငန်းဆိုင်ရာများ၊ ကျူးလွန်ခဲ့တဲ့သူများ၊ ပါဝင်ပတ်သက်ခဲ့သည့်သူများကို စရိတ်များအကုန်ကျခံကာ ကျွေးမွေးစောင့်ရှောက်ပြီး ၎င်းတို့၏ မူရင်းတိုင်းပြည်များသို့ ပြန်လည်အပ်နှံနေကြောင်းကို သိရ ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသားများ တခြားနိုင်ငံတွင် ယင်းကဲ့သို့လုပ်ငန်းများထဲ ပါဝင်ပတ်သက်ခြင်းဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခုတွင် ဥပဒေနှင့်မညီ သည့်အသုံးချခံရခြင်းများဖြစ်စေဖြစ်ပွားခဲ့သည့် ပြည်သူများကို တခြားနိုင်ငံများက မိမိတို့နိုင်ငံကို ယခုကဲ့သို့ပြုစုစောင့်ရှောက်ပြီး ပြန်လည်အပ်နှံပေးပါသလား၊ မည်မျှရှိခဲ့ပါသလဲဟု သိလိုပါကြောင်းမေးမြန်းသည်။

 ပြတ်ပြတ်သားသားအရေးယူရမည့်သူများကိုလည်း ပြတ်ပြတ်သားသားအရေးယူသွားမည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတကာတွင် ယင်းကိစ္စများသည် နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း၊ နိုင်ငံတကာမှမသမာမှုဖြင့် ထွက်ပြေးနေသည့် ရာဇဝတ်သားများ၊ ရာဇဝတ်ပြေးများက စုပေါင်းပြီးလုပ်ခြင်းဖြစ်ပါကြောင်း၊ သတင်းထောက်ကြီးမေးသည့် အရေအတွက်ကို အတိအကျမပြောနိုင်သော်လည်း နိုင်ငံတကာတွင်လည်း နိုင်ငံတိုင်းနိုင်ငံတိုင်း စံနှုန်းရှိပါကြောင်း၊ ယင်းစံနှုန်းတွင် လူသားချင်းစာနာထောက်ထားမှုစံနှုန်းသည် နိုင်ငံတကာတွင်ရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့နိုင်ငံထဲတွင် ဥပမာ-မြန်မာနိုင်ငံသားက ပြစ်မှုကျူးလွန်သည်ဆိုပါက ၎င်းတို့အနေဖြင့် ၎င်းတို့တရားဥပဒေနှင့်ဆောင်ရွက်ကြောင်း၊ စားစရာ၊ နေရာပေးခြင်း၊ ပြန်လည်မအပ်နှံခင်စစ်ဆေးခြင်းတို့သည် နိုင်ငံတိုင်းတွင် လုပ်ဆောင်သည့်လုပ်ငန်းစဉ်များ ဖြစ်ပါ ကြောင်း၊ ယင်းတို့လုပ်ဆောင်နေခြင်းလည်းရှိပါကြောင်း၊ မြန်မာနိုင်ငံကိုပြန်လည်ပြီး အပ်နှံနေခြင်းလည်းရှိပါကြောင်း ဖြေကြားသည်။

သတင်းနဂါးသတင်းစုံဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးမင်းထက်ပိုင်က မြန်မာနိုင်ငံထဲတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျယ်ပြန့်လာသည်နှင့်အမျှ နစ်နာသည့် မြန်မာနိုင်ငံမှပြည်သူများ၊ အခြားနိုင်ငံမှ ပြည်သူပြည်သားများပါ ထိရောက်သည့် ဒုစရိုက်ကျူးလွန်မှုများ ခံစားနေရသည်ကို တွေ့ရပါကြောင်း၊ ဒုစရိုက်မှုများကို ချေမှုန်းပြီး အမြစ် ပြတ်နှိမ်နင်းနေသည့် ကာလဟုသိရသော်လည်း မိမိတို့လိုလားမှုမရှိဘဲနှင့် အွန်လိုင်းလိမ်လည်သည့် ဖြစ်စဉ်အောက်ကို ရောက်ရှိသွားသည့် အခြားနိုင်ငံက ပြည်သူများ၊ မိမိတို့မြန်မာနိုင်ငံကပြည်သူများကိုလည်း အမြန်ဆုံးကယ်ဆယ်စောင့်ရှောက်သွားမည့်အခြေအနေ၊ ထောက်ပံ့သွားမည့်အခြေအနေကို သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းလိမ်လည်မှု ဖြစ်စဉ်တွင် အနည်းငယ်ရှုပ်ထွေးသည့် အပိုင်းများရှိကြောင်း၊ ရှုပ်ထွေးသည့်အပိုင်းဆိုသည်မှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်ဘဲ ၎င်း၏ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ရုပ်သွင်ကိုအသုံးချခံလိုက်ရခြင်းမျိုး ရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နစ်နာမှုရှိသည့် လူများလည်း မြန်မာနိုင်ငံထဲတွင် ရှိပါကြောင်း၊ သို့သော် တချို့က ထိုသို့မဟုတ်ဘဲ အကျိုးတူဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောခဲ့သကဲ့သို့ တချို့ကသားကောင် ဖြစ်ခဲ့သည်မှာမှန်သော်လည်း တချို့က သားကောင်မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်းရှိသည်ကို မိမိတို့ဝန်ခံကြောင်း၊ နိုင်ငံခြားသားများလည်း ရှိကြောင်း၊ မိမိတို့ဖမ်းမိသည်မှာအရေအတွက် အနည်းငယ်သာဖြစ်ကြောင်း၊ ပြည်ထဲရေးဒုတိယ ဝန်ကြီးပြောသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်ဖမ်းဆီးပြီး ပြန်ပို့လိုက်သော်လည်း တချို့လူများက ဒုတိယအကြိမ် လိုလိုလားလား ပြန်ဝင်လာကြောင်း၊ ထိုလူမျိုးများကို မိမိတို့က ခွဲခြားသတ်မှတ်ရမည်ဖြစ်ကြောင်း၊ အပြစ်ရှိသည့်သူများကိုလည်း မိမိတို့က ပြင်းပြင်းထန်ထန်ချေမှုန်းမည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ သဘောထားကိုပြောပြီးဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ သဘောထားသည် အွန်လိုင်း လိမ်လည်မှုဆိုသည်မှာ လူတစ်ဦးတည်းကိုလိမ်လည် ခြင်းမဟုတ်ဘဲ၊ လူအများစုကို လိမ်လည်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူအများစုပေါ်တွင်ကျူးလွန်သည့် ကြီးလေးသည့်ပြစ်မှုအဖြစ် မိမိတို့ခံယူထားကြောင်း၊ ထို့ကြောင့် အကာအကွယ်လိုအပ်သည့်လူများကိုလည်း မိမိတို့ အကာအကွယ်ပေးသွားမည် ဖြစ်ပြီး ပြတ်ပြတ်သားသားအရေးယူရမည့်သူများကိုလည်း ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။

အမှန်တရားသတင်းစုံဂျာနယ်မှ သတင်းထောက်ဦးဝင်းဇော်က အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးကြီးကြပ်မှု ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို တွေ့ရ၍ ကြိုဆိုပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား အမြန်ဆုံးရှင်းလင်း ကွယ်ပျောက်သွားမည်ဟုလည်း ယုံကြည်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတစ်ခုဖြစ်သည့် အွန်လိုင်းပေါ်တွင် ထိုင်းထီဂဏန်း သုံးလုံးတူလျှင် ပေါက်မဲဟုဆိုသည့် ကားကံစမ်းမဲ၊ ဆိုင်ကယ်ကံစမ်းမဲ၊ မြေကွက်ကံစမ်းမဲ၊ အိမ်ကံစမ်းမဲ များကို လိမ်လည်ရောင်းချနေသူ အများအပြားတွေ့ရပါကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်နေသည့် အွန်လိုင်းကံစမ်းမဲများကို အရေးယူဖမ်းဆီးမှုရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းသည်။

ရဲမှူးချုပ်ကျော်လင်းက အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် နည်းမျိုးစုံ၊ ကစားနည်းမျိုးစုံနှင့် လုပ်ဆောင်နေသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ တရားမဝင်ထိုင်းထီများ၊ ကားများ၊ မြေများ၊ အိမ်စသည့်ကံစမ်းမဲများ လိမ်လည်ရောင်းချသည့်သူများကို နည်းပညာပိုင်းအရဖော်ထုတ်ပြီးမှ လောင်းကစားဥပဒေနှင့် အရေးယူနေခြင်းများ ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အွန်လိုင်းလောင်းကစားမှု ၁၀၇ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရှင်းလင်းဖြေကြားသည်။

NP News သတင်းဌာနမှ သတင်းထောက်ချုပ် ကိုသုတကျော်က Online Scam ကို နယ်စပ်တွင် တိုက်ဖျက်နေသည်ကိုသိရကြောင်း၊ ယင်းနောက်တွင် ၎င်းတို့ထဲက တချို့သည် ပြည်မဘက်ကို စိမ့်ဝင်လာသည်ဟု သတင်းထွက်ခြင်းမျိုးများရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်သည့် အပိုင်းတွင် အဂတိရှိနေသည်ဟု သတင်းထွက်ခြင်း များ ရှိနေပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပေးစေလိုကြောင်း မေးမြန်း သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းလောင်းကစားသည် နည်းပညာပိုင်းဆိုင်ရာများ၊ လုပ်ဆောင်သည့်သူများဖြင့် ရှုပ်ထွေးမှုနှစ်ခုဖြစ်ကြောင်း၊ နံပါတ်တစ် နည်းပညာပိုင်းဆိုင်ရာ၊ နံပါတ်နှစ် လုပ်ဆောင်သည့်သူများဖြစ်ကြောင်း၊ နံပါတ်တစ် နည်းပညာပိုင်းဆိုင်ရာဆိုသည်မှာ အွန်လိုင်းလောင်း ကစားမှုကို ဒီနေရာတွင် နှိမ်နင်းလိုက်သော်လည်း နည်းပညာပိုင်းဆိုင်ရာ တချို့သောအချက်များကို ဒီထဲတွင် ဖျက်ဆီးလိုက်နိုင်ခြင်းရှိသော်လည်း လေပေါ်တွင် ရှိနေသည့်အရာကို မိမိတို့မဖျက်ဆီး နိုင်ကြောင်း၊ ဥပမာ-အနီးဆုံး ပြောရမည်ဆိုလျှင် Cloud နည်းပညာနှင့် အင်တာနက်အပေါ်တွင် တင်ထားသည့် အချက်အလက်များကို သတင်းထောက်ကြီးတို့လည်း မသိနိုင်သလို မိမိတို့လည်း မသိနိုင်ကြောင်း၊ အချက်အလက်နှိမ်နင်းရန် ခက်ခဲမှု၊ နံပါတ်နှစ်မှာ အွန်လိုင်းလောင်းကစားမှုကို ကျူးလွန် နေသည့်သူများဖြစ်ကြောင်း၊ အွန်လိုင်းလောင်း ကစားမှုကို ကျူးလွန်နေသည့်သူများက အများအားဖြင့် မည်သည့်လူကြီးလူကောင်းမှ မကျူးလွန်ကြောင်း၊ နိုင်ငံတကာတွင်ရှိနေသည့် ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးနေသည့် ပြည်ပြေးများ သို့မဟုတ် ရာဇဝတ်သားများက အများအားဖြင့် ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ နောက်ကွယ်တွင် အရေခြုံများရှိနေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တချို့ကိစ္စများကို ခြေရာခံပြီး ကွင်းဆက်လိုက်ကာ အားလုံးနှင့်ပူးပေါင်းဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ်များတွင် နှိမ်နင်းလိုက်သည့်သူများက မြန်မာနိုင်ငံထဲကို ဝင်လာနိုင်ကြောင်း၊ ဤသည်ကိုလည်းမဖြစ်နိုင်ဟု ပြော၍မရကြောင်း၊ မိမိတို့လည်း မငြင်းကြောင်း၊ ပြည်ပကို မည်မျှထွက်သွားသည်ကိုလည်း သတင်းထောက် ကြီးတို့ မြင်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကိုလည်း ဝင်လာနိုင်ကြောင်း၊ ထိုကဲ့သို့ မြန်မာနိုင်ငံထဲကို ဝင်လာသည့်အခါ မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကို ဝင်လာသည်ဆိုသည့်နေရာတွင် အဓိကလုပ်ဆောင်ရမည်မှာ၊ အဓိက အကူအညီတောင်းလိုခြင်းမှာ မိမိတို့ပြည်သူလူထုသာဖြစ်ကြောင်း၊ နံပါတ်တစ်အနေနှင့် ပြည်သူလူထုအနေဖြင့် မမြင်ချင်ယောင် မဆောင်ဘဲ၊ မကြားချင်ယောင်မဆောင်ဘဲ သက်ဆိုင်ရာကိုပြောသင့်ကြောင်း၊ မမြင်ယောင် မကြားချင်ယောင် မဆောင်ဘူးဆိုလျှင် ပထမဦးဆုံး နှိမ်နင်းပြီးသားဖြစ်ကြောင်း၊ နံပါတ်နှစ်အချက်အနေဖြင့် ပုန်းကွယ်ရန် နေရာမပေးသင့်ကြောင်း၊ ၎င်းတို့ ဘယ်နေရာတွင်ပုန်းမည်လဲ၊ မိမိတို့ပြည်သူ လူထုထဲတွင်သာ ပုန်းမည်ဖြစ်ကြောင်း၊ ပုန်းစရာ နေရာမရှိရလေအောင် မသင်္ကာဖွယ်ရာတွေ့ရှိပါက တရားဥပဒေစိုးမိုးရေးအဖွဲ့နှင့် ပြည်သူလူထုက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်းဖြေကြားသည်။

Myanmar Transparency News Agency မှ အကြီးတန်းသတင်းထောက် ဦးဇေယျာငြိမ်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်နိုင်ငံကဂိုဏ်းကြီး လေးဂိုဏ်းနှင့် သံသယရှိသူအယောက် ၁၀၀ ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ယင်းကိုကြည့်ခြင်း အားဖြင့် MNDAA ၊ TNLA တို့ကဲ့သို့ မြောက်ပိုင်းအဖွဲ့များကလည်း Online Scam ကျူးလွန်သည့်သူများကို အခကြေးငွေယူပြီး လက်ခံပေးထားခြင်းမျိုး၊ ကာကွယ်ပေးထားခြင်းမျိုးရှိနေကြောင်း၊ လက်ရှိမြဝတီမြို့နယ်တွင် တပ်မတော်က အမြစ်ပြတ်ချေမှုန်းနေမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းအခြေအနေမျိုးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် အဖွဲ့အစည်းများက Online Scam လုပ်သည့် သူများကို အခကြေးငွေယူပြီး အကာအကွယ်ပေးထားခြင်း၊ လွတ်မြောက်အောင် လုပ်ပေးနေခြင်းမျိုးရှိနေကြောင်း၊ ယင်းကိစ္စများကို တာဝန်ရှိသူများနှင့် တပ်မတော်အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်း သွားမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တချို့သတင်းများလည်း မိမိတို့ရရှိကြောင်း၊ တချို့ရရှိသည့် သတင်းများကိုလည်း အတည်မပြုနိုင်သေးကြောင်း၊ လောက်ကိုင်နယ်မြေအတွင်းတွင်ပင် ယခင်ကလို အလုံးအရင်းနှင့်မဟုတ်ဘဲ အွန်လိုင်းလိမ်လည်မှု အဖွဲ့ငယ်လေးများ လုပ်ဆောင်နေသည်ဆိုသည့် သတင်းမျိုးလည်း မိမိတို့ရရှိထားပြီး၊ အတည်မပြုနိုင်သေးကြောင်း၊ ယင်းနေရာတွင် သတင်းရယူရေးအဖွဲ့အစည်းများ မရှိသေးသည့်အတွက်၊ သတင်းရယူရေး အဖွဲ့အစည်းများကလည်း တစ်ဆင့်ပြန်လည်ရရှိသည့် သတင်းများဖြစ်သည့်အတွက် အတည်မပြုနိုင်သေးသော်လည်း ယုံကြည်ရလောက်သည့် သတင်းအရင်းအမြစ်များထံမှ သတင်းများကိုရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိမိတို့ပူးပေါင်းဆောင်ရွက်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှုများလည်းရှိကြောင်း၊ ယင်းသတင်းကို ပိုမိုခိုင်မာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်ပြီးလျှင် ၎င်း၏အောက်ဘက်တွင်ရှိနေသည့် EAO နယ်မြေများရှိကြောင်း၊ အတွင်းဘက်တွင်လည်း တချို့လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများရှိကြောင်း၊ ယင်းနယ်မြေများထဲတွင်လည်း တချို့လုပ်ငန်းလေးများလုပ်နေခြင်းရှိကြောင်း၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နှင့် ပတ်ဝန်းကျင်တွင် မိမိတို့ဖမ်းဆီးရမိခြင်းများ ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံ သတင်းညှိနှိုင်းဖလှယ် ထားသည့်ရရှိခဲ့သည့် သတင်းကွင်းဆက်များအရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံပူးပေါင်းပြီး ယင်းနယ်မြေများကို သတင်း အရင်းအမြစ်ဖော်ထုတ်ပြီး နှိမ်နင်းနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဦးဇေယျာငြိမ်းက အကယ်၍များ ယင်းသတင်းအရင်းအမြစ် မှန်သည်ဆိုပါက ၎င်းတို့ ဖုံးကွယ်ပေးထားခြင်းများ၊ ကယ်တင်ပေးထားခြင်းများ မှန်သည်ဆိုပါက မည်ကဲ့သို့ ဆောင်ရွက်သွားနိုင် မည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် တချို့အဖွဲ့အစည်းများနှင့်ပတ်သက်ပြီး စကားပြောနေခြင်းများရှိကြောင်း၊ ထိုသို့စကားပြောနေ ခြင်းသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ပထမအဆင့် သတိပေးသွားမည်ကြောင်း၊ နောက်မလိုက်နာဘူးဆိုလျှင် နိုင်ငံတော်အဆင့်အနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

အထူးဟစ်တိုင်သတင်းအေဂျင်စီမှ အကြီးတန်းသတင်းထောက် ဦးအောင်ကျော်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုကို နယ်စပ်ဒေသတွင် အမြစ်ပြတ်ချေမှုန်း တိုက်ဖျက်နေသည်ကိုတွေ့ရသဖြင့် ဝမ်းသာမိပါကြောင်း၊ သို့သော်လည်း နည်းစနစ်တစ်မျိုးဖြင့် Link ချပြီး ဖုန်းများထဲတွင် အွန်လိုင်းမှ ဝင်လာခြင်းများရှိကြောင်း၊ တစ်နေ့ကို သိန်းတစ်ရာခန့် တစ်ခဏအတွင်းကုန်သွားသည့် ကျွဲဂိမ်းကဲ့သို့ တချို့ဂိမ်းများလည်းရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တချို့အနုပညာရှင်များဖြင့် ကြော်ငြာနေသည်ကိုပင် တွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်၍ မည်ကဲ့သို့စီမံထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ရဲမှူးချုပ် ကျော်လင်းကသတင်းထောက်ကြီး မေးမြန်းသွားသည့်အတိုင်း နည်းပညာများ တိုးတက်လာသည်နှင့်အမျှ နည်းပညာများကို အသုံးပြုပြီး ကျူးလွန်သည့်ပြစ်မှုများသည် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် များပြားလာသည်ကို တွေ့ရကြောင်း၊ ကျွဲဂိမ်းကဲ့သို့ Slot ဂိမ်းများ၊ အွန်လိုင်းလောင်း ကစားနှင့်ပတ်သက်ပြီး ဆက်စပ်နေသည်ဟု မိမိတို့ စိစစ်ဖော်ထုတ်တွေ့ရှိ ရသော Facebook အ‌ကောင့်များ၊ Telegram အကောင့်များ အစရှိသဖြင့် လူမှုကွန်ရက်အကောင့်များကို စောင့်ကြည့်စုံစမ်းပြီး အရေးယူဆောင်ရွက်နေခြင်းများရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အွန်လိုင်းဂိမ်းများနှင့် ဆက်စပ်သည်ဟု သံသယရှိသည့် Facebook အကောင့်၊ Telegram အကောင့်နှင့်တခြားလူမှုကွန်ရက်အကောင့် ၂၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ဖုန်းဆင်းကတ် ၂၃၀၀ ကျော်ကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ Link ချပေးသည့် ဖုန်းနံပါတ် ၄၅၆ ခုကိုလည်း ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း၊တစ်ဆက်တည်း အွန်လိုင်းလောင်းကစားများဖြင့် ဆက်စပ်နေပြီး ငွေသွင်းငွေထုတ်ပြုလုပ်သည့် Pay အကောင့်ပေါင်း ၁၉၀၀ ကျော်ကိုလည်း ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း၊ တချို့ကြော်ငြာများတွင် သရုပ်ဆောင်များ ဝင်ရောက်ကြော်ငြာနေခြင်းရှိကြောင်း၊ ယင်းနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်တွင် Miles Ceno Facebook Page တွင် ဝင်ရောက်ကြော်ငြာသည့် သရုပ်ဆောင်တစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်လျှင် နည်းပညာပိုင်းအရ စောင့်ကြည့်စုံစမ်းဖော်ထုတ်ပြီး အကောင့်များ၊ Pay အကောင့်များ၊ လူမှုကွန်ရက်အကောင့်များကို ပိတ်သိမ်းနိုင်ရန် ဆောင်ရွက်ကြောင်း၊ တယ်လီဖုန်းဆင်းကတ်များကိုလည်း ပိတ်သိမ်းနိုင်ရန်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် Links များကိုလည်း အမြဲတမ်းစောင့်ကြည့် ဆောင်ရွက်နေကြောင်း၊ Links များနှင့် ဆက်စပ်နေသည့် ဖုန်းနံပါတ်များကိုလည်း ပိတ်သိမ်းဆောင်ရွက်နေသည်ဟု ပြောကြားလိုကြောင်း ဖြေကြားသည်။

Myanmar National Post News Agency မှ အယ်ဒီတာချုပ် နောင်တော်လေးက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အဓိကဦးဆောင်လုပ်ကိုင်ခဲ့သည့် KNU အကြမ်းဖက်အဖွဲ့ခေါင်းဆောင် စောကွယ်ထူးဝင်းနှင့် အပေါင်းအပါများကို အမှုဖွင့်လှစ်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့်အကယ်၍ မရှိသေးပါက အမှုဖွင့်လှစ်ဆောင်ရွက်ရန် ရှိ/မရှိ သိလို ပါကြောင်း မေးမြန်းသည်။

ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးက ယခင်က KNU အဖွဲ့သည် မတရားအသင်းဖြစ်ကြောင်း၊ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက်တွင် KNU အဖွဲ့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ ပယ်ဖျက်ပေးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်နောက်ပိုင်းတွင် KNU အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်ကို လုပ်ဆောင်လာတာရှိခဲ့ကြောင်း၊ မိမိတို့ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးမှုများလည်း ရှိခဲ့ကြောင်း၊ လမ်း၊ တံတားများကို ချိုးဖျက်မှုများရှိခဲ့ကြောင်း၊ အာရှ Highway လမ်းမကြီးပြတ်တောက်မှုဖြစ်ပေါ်ကြောင်း၊ ထိုသို့ ပြတ်တောက်သွားသည့်အချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် KNU အဖွဲ့ကို လက်ပိုက်ကြည့်နေ၍ မရကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက် တွင် KNU အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ရော၊ မတရားအသင်းအဖွဲ့အစည်းအဖြစ်ရော ထပ်ပြီး ကြေညာထားခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိနယ်စပ်ဒေသတွင် ဖြစ်နေသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှုများမှာ KNU အဖွဲ့ဘယ်လိုအနေအထားနှင့်ပတ်သက်နေသည်ကို မိမိတို့ ရှေ့တွင်ရှင်းပြခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် သိပြီးဖြစ်မည်ဟု မိမိထင်ကြောင်း၊ လက်ရှိတွင် KNU အဖွဲ့ကို ဖဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ ၎င်းတို့၏ လက်အောက်ခံအဖွဲ့ဝင်များကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေနှင့် မိမိတို့အမှုဖွင့်ထားကြောင်း၊ ထို့ပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနှင့်လည်း အမှုဖွင့်ထားကြောင်း၊ ဆက်လက်ပြီး ပြည်တွင်းဥပဒေနှင့်အညီ KNU အဖွဲ့ကို ဆက်လက် အရေးယူနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြောသွားသည်မှာ မိမိတို့၏ Internal Process ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ရပ်တည်နေသည့် အဖွဲ့အစည်းရှိကြောင်း၊ မိမိတို့က Aseanapol အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ အာဆီယံရဲအဖွဲ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မနှစ်က မြန်မာနိုင်ငံတွင် (၄၂)ကြိမ်မြောက် Aseanapol Conference ကို နေပြည်တော်တွင်ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ် ထိုင်းနိုင်ငံတွင် (၄၃)ကြိမ် မြောက် Aseanapol Conference ကို ကျင်းပ ပြီးခဲ့ပြီဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့က နိုင်ငံတကာရဲအဖွဲ့ဖြစ်သည့် Interpol နှင့်လည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ Internal တွင် မိမိတို့ဆောင်ရွက်နေခြင်းအပြင် ယင်း၏ Criteria နှင့် ပြည့်စုံပြီဆိုလျှင် မိမိတို့သည် Aseanapol ၊ Interpol ကိုလည်း ထပ်မံပြီး မိမိတို့ဆက်လက်၍ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း International အဖွဲ့အစည်းများတွင် မိမိတို့က ၎င်းတို့၏ Constitution ကိုလိုက်နာရကြောင်း၊ Interpol ၏ Constitution နှင့် အညီ မိမိတို့ဆက်လက်ပြီး ဆောင်ရွက်သွားရန်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

Union Politics News မှ အယ်ဒီတာချုပ် ဦးထူးမောင်မောင်က မိမိမေးမြန်းလိုသည်မှာမြဝတီရှိ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ကရင်လက်နက်ကိုင်သူပုန် KNU ထိန်းချုပ်ထားသည့် KK Park ကိုလည်း ဝင်ရောက်ထိန်းချုပ်ပြီး လာရောက်သည့်သူများကိုလည်း နိုင်ငံတော်အဆင့် လွှဲပြောင်းခြင်းများပြုလုပ်ထားကြောင်း၊ ယင်းနေရာတွင် မင်းလက်ပံနှင့် ပတ်သက်ပြီး KKO အဖွဲ့ရှိနေသည့် အွန်လိုင်းလိမ်လည်မှုကို ကရင်လက်နက်ကိုင်သူပုန်က ဝင်ရောက်စီးနင်းပြီးနောက် နိုင်ငံတော်အစိုးရကို လွှဲပြောင်းခြင်းမရှိဘဲ ၎င်းတို့က တစ်ဖက်သတ်အနေနှင့် ဝင်ရောက်ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းသည်ဆိုသည့် သတင်းကိုလည်း ကြားသိရပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ယင်းသို့ တရားဝင်လွှဲပြောင်းမှုများကို မြန်မာနိုင်ငံအစိုးရထံ ပြန်လည်သတင်းပို့ခြင်း ရှိ/မရှိနှင့် နှစ်နိုင်ငံအစိုးရပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းသည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက် ဆောင်ရွက်လျက်ရှိ

ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အွန်လိုင်းလိမ်လည်မှုဂိုဏ်းများသည် ကွင်းဆက်တစ်ခုလုံး ပါဝင်ပတ်သက်နေသည့် Multi Jurisdictional ရာဇဝတ်မှုဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ၏ပိုင်နက်အတွင်း ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိမိတို့တွင် တာဝန်ရှိကြောင်း၊ ထို့ပြင် မိမိတို့နေရာတွင် Online Scam လုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် Original Country ရှိကြောင်း၊ ထို့နောက် မိမိတို့နိုင်ငံရောက်ရန်အတွက် Transist လုပ်လာပြီး Transist Country ရှိကြောင်း၊ မိမိတို့တွင်တာဝန်ရှိသကဲ့သို့ မိမိတို့မြန်မာနိုင်ငံကို ရောက်ရန်အတွက် ဖြတ်သန်းလာသည့်နိုင်ငံတွင်လည်း တာဝန်ရှိကြောင်း၊ လူနှင့်ငွေကြေးစီးဆင်းမှု လမ်းကြောင်းဖြတ်တောက်ပေးရန် Transist Country တွင် တာဝန်ရှိကြောင်း၊ ထို့ပြင် နယ်စပ်ဒေသ ထိန်းချုပ်ရေးအတွက် Border Control and Border Monitoring အစီအမံကိုလည်း မိမိတို့နှစ်နိုင်ငံ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ထိန်းချုပ်မှုပြဿနာအဖြစ် သတ်မှတ်ခြင်းက ရာဇဝတ်ကွန်ရက်၏ တစ်ကမ္ဘာလုံးဆိုင်ရာလည်ပတ်မှုကို လျစ်လျူရှုသည်ဟု မိမိတို့ မြင်ကြောင်း၊ ထို့ကြောင့် မူရင်းနိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံသားများအတွက် ကြိုတင်တားဆီးကာကွယ်ရေးအစီအမံကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒီရာဇဝတ်မှုကို ထိရောက်စွာတိုက်ဖျက်ရန်အတွက် ကွင်းဆက်တစ်ခုလုံး ပါဝင်နေသည့်နိုင်ငံများက ယခုအချိန်တွင် ပူးပေါင်းပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအစက ရှင်းပြခဲ့သည့်အတိုင်း ဒီနိုင်ငံသားထွက်လာသည့်အတွက် ယင်း၏ Original Country ရှိကြောင်း၊ ထို့ပြင် ဖြတ်သန်းသည့် Transist Country ရှိကြောင်း၊ မိမိတို့မြန်မာနိုင်ငံက Destination ဖြစ်သွားကြောင်း၊ လက်ရှိဟော့ဖြစ်နေခြင်းက မိမိတို့မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဖြစ်ကြောင်း၊ ပါဝင်ပတ်သက်ကျူးလွန်နေသည့် လူအများစုကိုကြည့်လိုက်လျှင် တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်၊ ထိုင်း၊ မြန်မာနိုင်ငံတို့ပူးပေါင်းပြီး ဆောင်ရွက်နေ ခြင်းရှိကြောင်း၊ မြန်မာ-ထိုင်း နယ်စပ်ဒေသ တစ်လျှောက်လုံးတွင်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တားဆီးရေးအတွက် မြန်မာ၊ တရုတ်၊ ထိုင်း Trilateral Cooperation ပူးပေါင်း ဆောင်ရွက်နေခြင်းရှိကြောင်း၊ လက်ရှိတွင်လည်း တရုတ်နိုင်ငံက လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး ဦးဆောင် နေကြောင်း၊ ယမန်နေ့ကဆိုလျှင် မိမိတို့ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့်ဘန်ကောက်သို့သွားကြောင်း၊ ယနေ့ဆိုလျှင် KK Park ၊ ရွှေကုက္ကိုလ်အထိ သွားရောက်မည်ဖြစ်ကြောင်း၊ ပြီးလျှင် မိမိတို့၏ ပြည်ထဲရေးဒုတိယဝန်ကြီးကလည်း ယခုသတင်းစာ ရှင်းလင်းပွဲပြီးလျှင် နောက်ကနေလိုက်မည်ဖြစ် ကြောင်း၊ အွန်လိုင်း လောင်းကစားမှုတားဆီးနှိမ်နင်း ရေးလုပ်ငန်းအတွက် မိမိတို့သုံးနိုင်ငံက ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးနိုင်ငံအကြားတွင် အဆင့်မြင့်အရာရှိ အစည်းအဝေးကိုလည်း သုံးကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးအဆင့် အစည်းအဝေးကိုလည်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ မင်းလက်ပံနယ်မြေတွင်ရှိသည့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူများကို ထိုင်းနိုင်ငံဘက်သို့ KNU က တိုက်ရိုက်လွှဲပြောင်းမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတွင် အစည်းအဝေးပြုလုပ်ရန်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် အစည်းအဝေးတွင် မိမိတို့သုံးနိုင်ငံ ပွင့်ပွင့်လင်းလင်း ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မင်းလက်ပံတွင်ဖြစ်သည့်ကိစ္စက မိမိတို့အစိုးရဖြစ်ကြောင်း၊ အစိုးရဖြစ်သည့်အတွက်ကြောင့် အစိုးရကပဲ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ တိုက်ရိုက်လွှဲပြောင်းမှုနှင့်ပတ်သက်ပြီး ယင်းအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ရန်ရှိကြောင်း၊ လက်ရှိတွင်လည်း မိမိတို့သုံးနိုင်ငံညှိနှိုင်းပူးပေါင်းပြီး ဒေသအတွင်းတွင် Online Scam လုပ်ငန်းများပပျောက်ရန်အထိ ရည်မှန်းချက်ထားပြီး တက်ညီလက်ညီ လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်။)

MOI

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအမေး/အဖြေများ

မေး။ ။ ရွေးကောက်ပွဲပထမပိုင်းမှာ (၅၂)ရာခိုင်နှုန်းကျော်မဲပေးခဲ့တယ်လို့ သိရှိရပါတယ်။ မဲပေးရာမှာ ပြည်သူပြည်သားတွေ ပါဝင်အောင်လို့ ဘယ်လိုလုံခြုံရေးအစီအမံတွေ လုပ်ခဲ့လဲဆိုတာ သိချင်ပါတယ်။ဖြေ။ ။ အဓိကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲအပိုင်း (၁)မှာ ပြည်သူတွေ မဲပေးတာပေါ့နော်။ ပြည်သူတွေမဲပေးတာကြည့်ရတာ တော်တော်လေးအားရဖွယ်ကောင်းတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ဒါဟာအစိုးရရဲ့အောင်ပွဲလည်း မဟုတ်ဘူး။ ပြည်သူ့အောင်ပွဲပေါ့နော်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ၊ ငြိမ်းချမ်းမှုကို လိုလားတဲ့ပြည်သူတွေရဲ့အောင်ပွဲပါ။ အခု အပိုင်း(၂)မှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ တွေ့ကြတာပဲ။ အပိုင်း(၂)မှာလည်း ရန်ကုန်မြို့ကို ရောက်နေတဲ့ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဒီနေ့မဲရုံတွေကို လိုက်ကြည့်တယ်။ ကြည့်တဲ့အခါမှာလည်း တော်တော့်ကို တက်တက်ကြွကြွမဲပေးနေကြတာကို မြင်တွေ့ခဲ့ရမှာပဲ။ ဥပမာ - ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်လည်း ပြည်သူတွေနဲ့တွေ့ဆုံပြီး မေးမြန်းခဲ့တယ်။ မေးမြန်းခဲ့တဲ့အခါမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ မြင်လိမ့်မယ်။ မဲပေးစက်နဲ့ ပတ်သက်ပြီးလည်း မဲပေးတဲ့ပြည်သူတွေကို သူကိုယ်တိုင်မေးတယ်။ ခင်ဗျားနှိပ်တဲ့ ခလုတ်အတိုင်း စက္ကူကထွက်လားဆိုတော့ ထွက်တယ်ပေါ့နော်။ ဒါဟာပွင့်လင်းမြင်သာတဲ့ဟာပါပဲဗျ။ နောက်တစ်ခုကတော့ တချို့ဆိုရင် မနက် ၄ နာရီ ကတည်းကထပြီး မဲပေးကြရတာ။ အပိုင်း (၂)မှာလည်း ညနေမဲစာရင်းတွေပြီးရင်တော့ ထွက်လာမှာ ပေါ့ဗျာ။ အောင်မြင်မယ်လို့ ယုံကြည်တယ်။ အပိုင်း(၃)မှာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အရင်တုန်းက ၁၉၅၂ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ခဲ့တယ်။ အပိုင်း သုံးပိုင်း ခွဲပြီးလုပ်တာ ၅ လ လောက်ကြာတယ်။ အပိုင်းတစ်ပိုင်းကို (၇) ရက်လောက်၊ (၁၀) ရက်လောက်ကြာတယ်။ အဲ့ဒီမှာ မဲပေးခွင့်ရှိတဲ့သူ ၈ သန်းမှာ ၁ ဒသမ ၅ သန်းပဲပေးတာဆိုတော့ ၂၀ ရာခိုင်နှုန်းလောက်အထိ ရောက်သွားတာပေါ့နော်။ အခုတော့ ကျွန်တော်တို့နိုင်ငံမှာ မဲပေးတာနဲ့ပတ်သက်ပြီး တချို့ပြောနေကြတာတွေရှိတယ်။ မဲပေးတာနဲ့ပတ်သက်ပြီး မဲမပေးဖို့လှုံ့ဆော်နေကြတာတွေရှိတယ်။ အတိုက်အခံလုပ်ကြတာပေါ့။ ဘယ်လိုပဲပြောပြော ဒီမိုကရေစီစနစ်ကို ထူထောင်တဲ့နေရာမှာ ရွေးကောက်ပွဲကနေပဲတစ်ဆင့်ဖြတ်သန်းရမှာဖြစ်တယ်။ ဒီနေ့ပြောချင်တာကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားစွာလုပ်ဆောင်ပေးတဲ့၊ လာပြီးမဲပေးတဲ့ ပြည်သူပြည်သားတွေအားလုံး၊ ပြီးရင်မဲရုံမှာကြီးကြပ်နေတဲ့လူတွေအားလုံး၊ လုံခြုံရေးဝန်ထမ်းတွေအပါအဝင် ကူညီတဲ့လူတွေအားလုံးက ပြည်သူကိုစိတ်ချမ်းသာစွာ မဲပေးနိုင်ဖို့လုပ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ပြောချင်တယ်။မေး။ ။ ရွေးကောက်ပွဲပြီးလို့ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာဆက်ဆံရေးတည်ဆောက်တဲ့အခါမှာ ဘာတွေဘယ်လိုအထိမျှော်လင့်ထားပါသလဲ။ဖြေ။ ။ ကျွန်တော်တို့ကတော့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာတော့ ပိတ်ဆို့တဲ့ဟာတွေ ရှိတာပေါ့။ ဒီဟာသည် ရွေးကောက်ခံအစိုးရမဟုတ်တဲ့အတွက် ပိတ်ဆို့တာတွေရှိတယ်။ သို့သော်ဆက်ဆံနေတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေလည်း အများကြီးရှိတယ်။ဥပမာဆိုရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ဆိုရင် မြန်မာနိုင်ငံနဲ့က ဆက်ဆံနေတာပဲ။ တကယ့်ကိုမိတ်ဆွေရင်းချာလိုပဲ ဆက်ဆံနေတာပဲ။ ဒီရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ ခုနကပြောတဲ့ ကန့်သတ်ချက်တွေနည်းသွားတဲ့အတွက်ကြောင့် နိုင်ငံတကာဆက်ဆံရေး ပိုပြီးပွင့်လင်းလာမယ်။ ပိုပြီးမြင်သာလာမယ်လို့ပဲ ကျွန်တော်မြင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံမှာ ပိုပြီးဝင်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်ဗျ။ ဒီဟာနဲ့အတူ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးလည်း ပိုပြီးတော့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာမယ်လို့ မြင်ပါတယ်။မေး။ ။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော်ခေါ်မယ်၊ အစိုးရဖွဲ့မယ်၊ ပေါ်ပေါက်လာတဲ့အစိုးရသစ်ကို အာဏာလွှဲပြောင်းမှုတွေလုပ်မယ်။ အဲ့ဒီအချိန်ဇယားက ဘယ်နှစ်လပိုင်းလောက်ဖြစ်မလဲ။ ပုံမှန်ဆိုရင်တော့ ဧပြီမှာ လွှဲတဲ့အခြေအနေမျိုးတွေရှိတာပေါ့၊ ဗိုလ်ချုပ်အနေနဲ့ ပြောပြလို့ရနိုင်လား။ဖြေ။ ။လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင်အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းကလုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်။မေး။ ။ ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီများက ဗိုလ်ချုပ်မှူးကြီးကို တင်ပြတောင်းခံထားတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေဆက်လက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။ဖြေ။ ။ ဒါကတော့ ကော်မရှင်ရဲ့ကိစ္စပဲ။ ကော်မရှင်ကလုပ်ပါလိမ့်မယ်။ အဓိကတော့ ကြိုတင်မဲနဲ့ပတ်သက်ပြီး သူတို့ပြောနေတာများတယ်။ ကြိုတင်မဲရေတွက်တဲ့အခါမှာလည်း ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးဖိတ်တာပဲ။ ခင်ဗျားတို့လည်းမြင်ပြီးသားပဲ။ ကျွန်တော်သိရသလောက် တချို့ကိုယ်စားလှယ်တွေက မလာဘူး။ မလာဘဲနဲ့ပြောတာပေါ့နော်။ ဥပမာဆိုရင် မရမ်းကုန်းဆိုရင် ပထမအကြိမ်မှာ ပြီးသွားပြီ။ ခင်ဗျားတို့ ကျွန်တော်တို့လည်းကြားခဲ့မှာပဲလေ။ ပုဂ္ဂလိကကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့ သူဆိုရင် သူကိုယ်တိုင်လည်း ပြောခဲ့တာပဲ။ သူဆိုရင် တော်တော်လေးစားဖို့ကောင်းပါတယ်။ သူရှုံးခဲ့တယ်။ ကြိုတင်မဲတွေရေတွက်တဲ့နေရာမှာ သူကိုယ်တိုင်လည်းသွားကြည့်တယ်။ သွားကြည့်တဲ့အခါမှာ ဒီလိုပဲပွင့်လင်းမြင်သာတာပါပဲ။ အကုန်လုံးကကျွန်တော်တို့က ကွယ်ဝှက်ပြီးလုပ်လို့မရပါဘူး။ ပွင့်လင်းမြင်သာစွာပဲလုပ်ရတာပဲ။ သို့သော်ချို့ယွင်းချက်လေးတွေရှိတာကို ကျွန်တော်တွေ့ရတယ်။ ဘာချို့ယွင်းချက်ရှိတာလည်းဆိုတော့ ကိုယ်စားလှယ်လောင်းတွေကို မဲရေတွက်တဲ့အချိန် ခေါ်တဲ့အခါမလာတာတွေရှိတယ်။ မလာဘဲနဲ့ပြောနေတာတွေရှိတာပေါ့နော်။ ဒါကျွန်တော်တွေ့ခဲ့တဲ့ဟာကိုပဲ ပြောခြင်းဖြစ်ပါတယ်။ တစ်ဖက်သတ်ပြောခြင်း မဟုတ်ပါဘူး။ သို့သော် ချို့ယွင်းချက်တွေလည်း ရှိကောင်းရှိနိုင်တယ်။ ရှိရင်လည်းကော်မရှင်နဲ့ ရှင်းလို့ရပါတယ်။ ကော်မရှင်နဲ့ ပြောလို့ရပါတယ်။ အားလုံးပွင့်လင်းမြင်သာစွာပဲ သူတို့ဆောင်ရွက်ပေးပါလိမ့်မယ်။မေး။ ။ ဒီရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲ။ဖြေ။ ။ နိုင်ငံတကာအမြင်ကတော့ ပထမဦးဆုံးအကြိမ်ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေလာတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့က သေချာလေ့လာခဲ့တယ်။ လေ့လာပြီးမှ သူတို့တွေ့ပြီးတာတွေကို ပြောခဲ့တာရှိတယ်။ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့တာတွေရှိတယ်။ အနှစ်ချုပ်ပြန်ပြောရရင် နံပါတ်တစ်က မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို ဒီလောက်အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ထင်မထားဘူး။ ဒီလောက်လူများလိမ့်မယ်လို့လည်းသူတို့ ထင်မထားဘူး။သူတို့သွားကြည့်တဲ့အခါမှာ မဲရုံမှာတန်းစီပြီးတော့ လူတွေမဲပေးနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်လည်းအံ့ဩတယ်။ နောက်တစ်ခုက မဲပေးစက်ပေါ့။ မဲပေးစက်နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း လေ့လာခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးစက်၊ ဘယ်လိုမှ လိမ်လို့မရတဲ့ မဲပေးစက်ဆိုပြီး ပြောသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့စိတ်ကို သူတို့ထုတ်ဖော်ပြီးတော့ ချီးကျူးသွားတာရှိတယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့သံရုံးတွေက စောင့်ကြည့်ရေးကိုယ်စားလှယ်တွေ သူတို့လွှတ်ထားတယ်။ အယောက် ၁၀၀ ကျော်ရှိတယ်။ အများအားဖြင့် မြို့ကြီးတွေမှာပဲများတယ်။ အပေါ်မြို့တွေမှာ ရန်ကုန်၊ မန္တလေး၊ ပြီးရင် အောက်မှာမော်လမြိုင်၊ ဟိုဘက်ကတောင်ကြီးတို့၊ စစ်ကိုင်းတို့ အဲ့ဒီအထိလွှတ်ထားတာရှိပါတယ်။ သူတို့လည်း အလျဉ်းသင့်တဲ့အချိန်မှာ ဒီစောင့်ကြည့်ရေးအဖွဲ့တွေက သူတို့တွေ့တာနဲ့ပတ်သက်ပြီး ပြန်ပြီးပြောပါလိမ့်မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။moi

မေး။ ။ ရွေးကောက်ပွဲပထမပိုင်းမှာ (၅၂)ရာခိုင်နှုန်းကျော်မဲပေးခဲ့တယ်လို့ သိရှိရပါတယ်။ မဲပေးရာမှာ ပြည်သူပြည်သားတွေ ပါဝင်အောင်လို့ ဘယ်လိုလုံခြုံရေးအစီအမံတွေ လုပ်ခဲ့လဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ အဓိကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲအပိုင်း (၁)မှာ ပြည်သူတွေ မဲပေးတာပေါ့နော်။ ပြည်သူတွေမဲပေးတာကြည့်ရတာ တော်တော်လေးအားရဖွယ်ကောင်းတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ဒါဟာအစိုးရရဲ့အောင်ပွဲလည်း မဟုတ်ဘူး။ ပြည်သူ့အောင်ပွဲပေါ့နော်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ၊ ငြိမ်းချမ်းမှုကို လိုလားတဲ့ပြည်သူတွေရဲ့အောင်ပွဲပါ။ အခု အပိုင်း(၂)မှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ တွေ့ကြတာပဲ။ အပိုင်း(၂)မှာလည်း ရန်ကုန်မြို့ကို ရောက်နေတဲ့ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဒီနေ့မဲရုံတွေကို လိုက်ကြည့်တယ်။ ကြည့်တဲ့အခါမှာလည်း တော်တော့်ကို တက်တက်ကြွကြွမဲပေးနေကြတာကို မြင်တွေ့ခဲ့ရမှာပဲ။ ဥပမာ - ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်လည်း ပြည်သူတွေနဲ့တွေ့ဆုံပြီး မေးမြန်းခဲ့တယ်။ မေးမြန်းခဲ့တဲ့အခါမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ မြင်လိမ့်မယ်။ မဲပေးစက်နဲ့ ပတ်သက်ပြီးလည်း မဲပေးတဲ့ပြည်သူတွေကို သူကိုယ်တိုင်မေးတယ်။ ခင်ဗျားနှိပ်တဲ့ ခလုတ်အတိုင်း စက္ကူကထွက်လားဆိုတော့ ထွက်တယ်ပေါ့နော်။ ဒါဟာပွင့်လင်းမြင်သာတဲ့ဟာပါပဲဗျ။ နောက်တစ်ခုကတော့ တချို့ဆိုရင် မနက် ၄ နာရီ ကတည်းကထပြီး မဲပေးကြရတာ။ အပိုင်း (၂)မှာလည်း ညနေမဲစာရင်းတွေပြီးရင်တော့ ထွက်လာမှာ ပေါ့ဗျာ။ အောင်မြင်မယ်လို့ ယုံကြည်တယ်။ အပိုင်း(၃)မှာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အရင်တုန်းက ၁၉၅၂ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ခဲ့တယ်။ အပိုင်း သုံးပိုင်း ခွဲပြီးလုပ်တာ ၅ လ လောက်ကြာတယ်။ အပိုင်းတစ်ပိုင်းကို (၇) ရက်လောက်၊ (၁၀) ရက်လောက်ကြာတယ်။ အဲ့ဒီမှာ မဲပေးခွင့်ရှိတဲ့သူ ၈ သန်းမှာ ၁ ဒသမ ၅ သန်းပဲပေးတာဆိုတော့ ၂၀ ရာခိုင်နှုန်းလောက်အထိ ရောက်သွားတာပေါ့နော်။ အခုတော့ ကျွန်တော်တို့နိုင်ငံမှာ မဲပေးတာနဲ့ပတ်သက်ပြီး တချို့ပြောနေကြတာတွေရှိတယ်။ မဲပေးတာနဲ့ပတ်သက်ပြီး မဲမပေးဖို့လှုံ့ဆော်နေကြတာတွေရှိတယ်။ အတိုက်အခံလုပ်ကြတာပေါ့။ ဘယ်လိုပဲပြောပြော ဒီမိုကရေစီစနစ်ကို ထူထောင်တဲ့နေရာမှာ ရွေးကောက်ပွဲကနေပဲတစ်ဆင့်ဖြတ်သန်းရမှာဖြစ်တယ်။ ဒီနေ့ပြောချင်တာကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားစွာလုပ်ဆောင်ပေးတဲ့၊ လာပြီးမဲပေးတဲ့ ပြည်သူပြည်သားတွေအားလုံး၊ ပြီးရင်မဲရုံမှာကြီးကြပ်နေတဲ့လူတွေအားလုံး၊ လုံခြုံရေးဝန်ထမ်းတွေအပါအဝင် ကူညီတဲ့လူတွေအားလုံးက ပြည်သူကိုစိတ်ချမ်းသာစွာ မဲပေးနိုင်ဖို့လုပ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ပြောချင်တယ်။

မေး။ ။ ရွေးကောက်ပွဲပြီးလို့ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာဆက်ဆံရေးတည်ဆောက်တဲ့အခါမှာ ဘာတွေဘယ်လိုအထိမျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာတော့ ပိတ်ဆို့တဲ့ဟာတွေ ရှိတာပေါ့။ ဒီဟာသည် ရွေးကောက်ခံအစိုးရမဟုတ်တဲ့အတွက် ပိတ်ဆို့တာတွေရှိတယ်။ သို့သော်ဆက်ဆံနေတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေလည်း အများကြီးရှိတယ်။

ဥပမာဆိုရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ဆိုရင် မြန်မာနိုင်ငံနဲ့က ဆက်ဆံနေတာပဲ။ တကယ့်ကိုမိတ်ဆွေရင်းချာလိုပဲ ဆက်ဆံနေတာပဲ။ ဒီရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ ခုနကပြောတဲ့ ကန့်သတ်ချက်တွေနည်းသွားတဲ့အတွက်ကြောင့် နိုင်ငံတကာဆက်ဆံရေး ပိုပြီးပွင့်လင်းလာမယ်။ ပိုပြီးမြင်သာလာမယ်လို့ပဲ ကျွန်တော်မြင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံမှာ ပိုပြီးဝင်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်ဗျ။ ဒီဟာနဲ့အတူ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးလည်း ပိုပြီးတော့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာမယ်လို့ မြင်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော်ခေါ်မယ်၊ အစိုးရဖွဲ့မယ်၊ ပေါ်ပေါက်လာတဲ့အစိုးရသစ်ကို အာဏာလွှဲပြောင်းမှုတွေလုပ်မယ်။ အဲ့ဒီအချိန်ဇယားက ဘယ်နှစ်လပိုင်းလောက်ဖြစ်မလဲ။ ပုံမှန်ဆိုရင်တော့ ဧပြီမှာ လွှဲတဲ့အခြေအနေမျိုးတွေရှိတာပေါ့၊ ဗိုလ်ချုပ်အနေနဲ့ ပြောပြလို့ရနိုင်လား။

ဖြေ။ ။လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင်အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းကလုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်။

မေး။ ။ ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီများက ဗိုလ်ချုပ်မှူးကြီးကို တင်ပြတောင်းခံထားတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေဆက်လက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ ဒါကတော့ ကော်မရှင်ရဲ့ကိစ္စပဲ။ ကော်မရှင်ကလုပ်ပါလိမ့်မယ်။ အဓိကတော့ ကြိုတင်မဲနဲ့ပတ်သက်ပြီး သူတို့ပြောနေတာများတယ်။ ကြိုတင်မဲရေတွက်တဲ့အခါမှာလည်း ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးဖိတ်တာပဲ။ ခင်ဗျားတို့လည်းမြင်ပြီးသားပဲ။ ကျွန်တော်သိရသလောက် တချို့ကိုယ်စားလှယ်တွေက မလာဘူး။ မလာဘဲနဲ့ပြောတာပေါ့နော်။ ဥပမာဆိုရင် မရမ်းကုန်းဆိုရင် ပထမအကြိမ်မှာ ပြီးသွားပြီ။ ခင်ဗျားတို့ ကျွန်တော်တို့လည်းကြားခဲ့မှာပဲလေ။ ပုဂ္ဂလိကကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့ သူဆိုရင် သူကိုယ်တိုင်လည်း ပြောခဲ့တာပဲ။ သူဆိုရင် တော်တော်လေးစားဖို့ကောင်းပါတယ်။ သူရှုံးခဲ့တယ်။ ကြိုတင်မဲတွေရေတွက်တဲ့နေရာမှာ သူကိုယ်တိုင်လည်းသွားကြည့်တယ်။ သွားကြည့်တဲ့အခါမှာ ဒီလိုပဲပွင့်လင်းမြင်သာတာပါပဲ။ အကုန်လုံးကကျွန်တော်တို့က ကွယ်ဝှက်ပြီးလုပ်လို့မရပါဘူး။ ပွင့်လင်းမြင်သာစွာပဲလုပ်ရတာပဲ။ သို့သော်ချို့ယွင်းချက်လေးတွေရှိတာကို ကျွန်တော်တွေ့ရတယ်။ ဘာချို့ယွင်းချက်ရှိတာလည်းဆိုတော့ ကိုယ်စားလှယ်လောင်းတွေကို မဲရေတွက်တဲ့အချိန် ခေါ်တဲ့အခါမလာတာတွေရှိတယ်။ မလာဘဲနဲ့ပြောနေတာတွေရှိတာပေါ့နော်။ ဒါကျွန်တော်တွေ့ခဲ့တဲ့ဟာကိုပဲ ပြောခြင်းဖြစ်ပါတယ်။ တစ်ဖက်သတ်ပြောခြင်း မဟုတ်ပါဘူး။ သို့သော် ချို့ယွင်းချက်တွေလည်း ရှိကောင်းရှိနိုင်တယ်။ ရှိရင်လည်းကော်မရှင်နဲ့ ရှင်းလို့ရပါတယ်။ ကော်မရှင်နဲ့ ပြောလို့ရပါတယ်။ အားလုံးပွင့်လင်းမြင်သာစွာပဲ သူတို့ဆောင်ရွက်ပေးပါလိမ့်မယ်။

မေး။ ။ ဒီရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ နိုင်ငံတကာအမြင်ကတော့ ပထမဦးဆုံးအကြိမ်ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေလာတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့က သေချာလေ့လာခဲ့တယ်။ လေ့လာပြီးမှ သူတို့တွေ့ပြီးတာတွေကို ပြောခဲ့တာရှိတယ်။ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့တာတွေရှိတယ်။ အနှစ်ချုပ်ပြန်ပြောရရင် နံပါတ်တစ်က မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို ဒီလောက်အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ထင်မထားဘူး။ ဒီလောက်လူများလိမ့်မယ်လို့လည်းသူတို့ ထင်မထားဘူး။

သူတို့သွားကြည့်တဲ့အခါမှာ မဲရုံမှာတန်းစီပြီးတော့ လူတွေမဲပေးနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်လည်းအံ့ဩတယ်။ နောက်တစ်ခုက မဲပေးစက်ပေါ့။ မဲပေးစက်နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း လေ့လာခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးစက်၊ ဘယ်လိုမှ လိမ်လို့မရတဲ့ မဲပေးစက်ဆိုပြီး ပြောသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့စိတ်ကို သူတို့ထုတ်ဖော်ပြီးတော့ ချီးကျူးသွားတာရှိတယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့သံရုံးတွေက စောင့်ကြည့်ရေးကိုယ်စားလှယ်တွေ သူတို့လွှတ်ထားတယ်။ အယောက် ၁၀၀ ကျော်ရှိတယ်။ အများအားဖြင့် မြို့ကြီးတွေမှာပဲများတယ်။ အပေါ်မြို့တွေမှာ ရန်ကုန်၊ မန္တလေး၊ ပြီးရင် အောက်မှာမော်လမြိုင်၊ ဟိုဘက်ကတောင်ကြီးတို့၊ စစ်ကိုင်းတို့ အဲ့ဒီအထိလွှတ်ထားတာရှိပါတယ်။ သူတို့လည်း အလျဉ်းသင့်တဲ့အချိန်မှာ ဒီစောင့်ကြည့်ရေးအဖွဲ့တွေက သူတို့တွေ့တာနဲ့ပတ်သက်ပြီး ပြန်ပြီးပြောပါလိမ့်မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

moi

၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်