The New Doer and the Lifelong Learner

Posted_Date

Image

The New Doer and the Lifelong Learner

Body

In the first part of this article, I want to talk about how we face the difficulties in our lives. I have written an interesting comparison between the Buddhist concept of Kamma and Western Philosophy. Using the Myanmar saying, “The New Doer and the Old Receiver,” I explain how we can learn from the past and plant “good seeds” for our future.
In the second part, I will explain why education is the most important thing for everyone by using a Myanmar proverb. Based on the saying, “One is never too old to learn,” I encourage everyone to keep learning and studying throughout their entire lives.

I wrote this article for foreign readers who are studying the Myanmar language, so I have presented it in a bilingual format using both Myanmar and English.

“The New Doer and the Old Receiver,”
“ပြုသူအသစ် ဖြစ်သူအဟောင်း”
ကျွန်တော်/ ကျွန်မတို့ရဲ့ ဘဝမှာ ‘ဘာကြောင့် ဒီလိုအခက်အခဲ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရ တာ လဲ’ ဆိုပြီး တစ်ခါတလေ တွေးမိတတ်ကြပါတယ်။ တကယ်တော့ ဒီမေးခွန်းရဲ့ အဖြေက ထင်ထား တာထက် ပိုပြီး ရိုးရှင်းပါတယ်။
အခု ကိုယ်ကြုံနေရတဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာ အရင်က စိုက်ခဲ့တဲ့ မျိုးစေ့တွေ အသီး က လာသီးတာပါ။
ဒါပေမဲ့ စိတ်မပျက်ပါနဲ့။ အခု လက်ရှိ ကိုယ်တွေးနေတဲ့အတွေး၊ ပြောနေတဲ့စကား၊ လုပ်နေတဲ့ အလုပ်တွေ ကတော့ “မျိုးစေ့အသစ်” တွေပါ။ အခု ကောင်းတာလုပ်ရင် ကောင်းတဲ့အပင်ပေါက်မယ်၊ မကောင်းတာ လုပ်ရင် တော့ ဆူးချုံပင်ပဲ ပေါက်မှာပေါ့။
အတိတ်ကို ပြင်လို့မရတော့ပေမဲ့ အနာဂတ်ကိုတော့ အခု “ပြုသူအသစ်” အနေနဲ့ ကိုယ်တိုင် ဖန်တီးလို့ရ ပါတယ်။ ဒီနေ့မှာ မျိုးစေ့ကောင်းလေးတွေပဲ ရွေးစိုက်ကြရအောင်။
“အကျိုးဆိုတာ အကြောင်းကြောင့်ဖြစ်တယ်” ဆိုတဲ့ သဘောတရားကို ကျင့်သုံးကြရပါမယ်။
ဒီနေ့စိုက်တဲ့ မျိုးစေ့၊ နက်ဖြန်ရမယ့် အသီးအပွင့် ဖြစ်ပါမယ်။
အခု ကျွန်တော်တို့ ကမ္ဘာကြီးမှာ မြင်နေရတဲ့ ရာသီဥတု အခြေအနေတွေကနေ ကမ္ဘာ့ရေးရာ နိုင်ငံရေး တွေ အထိ အရာအားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့တဲ့ “မျိုးစေ့” တွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ အတိတ်က လုပ်ရပ်တွေက အခုအချိန်မှာ အသီးအပွင့်တွေအဖြစ် ပေါ်ထွက် လာတာပါ။
ရာသီဥတုအရေးကို ကြည့်မယ်ဆိုရင်လည်း အရင်က စည်းကမ်းမဲ့ ထုတ်လွှတ်ခဲ့တဲ့ ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေကြောင့် အခုအချိန်မှာ အပူချိန်တွေတက်၊ မိုးလေဝသတွေ ဖောက်ပြန်ကုန်တာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့က Green Energy (သန့်စင်စွမ်းအင်) တို့၊ ရေရှည် စဉ်ဆက်မပျက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း (Sustainable Living) တို့ဆိုတဲ့ မျိုးစေ့ကောင်းတွေကို ပြောင်းလဲစိုက်ပျိုးမယ်ဆိုရင် နောက်နောင်မှာ ကျန်းမာစိုပြည်တဲ့ ကမ္ဘာမြေကြီးကို ပြန်လည်ပိုင်ဆိုင်ခွင့် ရကြမှာပါ။
ငြိမ်းချမ်းရေးကိစ္စမှာလည်း ထို့အတူတူပါပဲ။ အတိတ်က အချင်းချင်း မယုံကြည်မှုတွေ၊ အတ္တတွေကနေ ဒီနေ့ခေတ်မှာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာစေတာပါ။ တကယ်လို့ အခုအချိန်ကစပြီး စည်းလုံးမှု (unity) နဲ့ အပြန်အလှန် လေးစားမှု (mutual respect) တွေကိုသာ အလေးထားမယ်ဆိုရင် အနာဂတ်မှာ ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာ အသေအချာပါပဲ။
နည်းပညာနဲ့ AI ကဏ္ဍမှာလည်း အရင်က လူတွေရဲ့ တီထွင်လိုစိတ်တွေကနေ ဒီနေ့ခေတ်မှာ Automation (အလိုအလျောက်စနစ်) တွေ ဖြစ်လာပြီ။ အခုအချိန်မှာ Ethical AI (ကျင့်ဝတ်နဲ့ညီတဲ့ AI) မျိုးစေ့ကိုသာ စနစ်တကျ စိုက်ပျိုးကြမယ်ဆိုရင် နည်းပညာဟာ လူသားတွေကို တကယ့်ကို အကျိုးပြုမယ့် လက်နက်ကိရိယာတစ်ခု ဖြစ်လာမှာပါ။

ဗုဒ္ဓဘာသာမှာ ကံဆိုတာ “ကံကြမ္မာ (Fatalism)” မဟုတ်ပါဘူး။ “မိမိကိုယ်တိုင် ဖန်တီးခွင့်ရှိတဲ့ အပြုအမူ” (The Power of ‘New’ Action) ဖြစ်ပါတယ်။
အတိတ်က “ကံဟောင်း” ကို ပြင်မရပေမဲ့ အခုလက်ရှိ စေတနာနဲ့ လုပ်ဆောင်ချက်တွေက အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ်။
ခေတ်သစ်သိပ္ပံပညာရှင်တွေနဲ့ David Bohm လို ဒဿနပညာရှင်တွေကတော့ “အကြောင်းမဲ့ ဘာမှမဖြစ်ဘူး” (Interconnectivity)ဆိုတဲ့ ယုတ္တိနဲ့ အရာအားလုံး အသုံးချဖို့ အလေးထားပါတယ်။
ဒေးဗစ်ဘုမ်းဟာ ၂၀ ရာစုရဲ့ သြဇာအရှိဆုံး အမေရိကန် ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ရိုးရိုးလမ်းဟောင်းအတိုင်းမဟုတ်ဘဲ ဆန်းသစ်တဲ့ အတွေးအခေါ်သစ်တွေကို ချန်ထားရစ်ခဲ့သူပါ။ သူဟာ ကွမ်တမ်သီအိုရီတင်မကဘဲ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပညာရပ်နဲ့ စိတ်နဲ့ရုပ် ဆက်စပ်မှု ဒဿနတွေကိုပါ နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။
အနောက်တိုင်းက Aristotle က “ဘာမှ အကြောင်းမဲ့ မဖြစ်ဘူး” (Nothing comes from nothing) ဆိုတဲ့ နိယာမ (Rationalism အကြောင်းယုတ္တိဝါဒ) ကို လက်ခံပါတယ်။ ဒါဟာ ပဋိစ္စသမုပ္ပါဒ်ရဲ့ “ဤအကြောင်းကြောင့် ဤအကျိုးဖြစ်သည်” ဆိုတာနဲ့ သဘောတူပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဘာသာကတော့ ဒီအကြောင်းအကျိုး နိယာမ (ပဋိစ္စသမုပ္ပါဒ်) ကို သီအိုရီသက်သက်ထက် ဒုက္ခက လွတ်မြောက်ရေးအတွက် လက်တွေ့ကျကျ ကျင့်ကြံအားထုတ်ရမည့် လမ်းစဉ်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
(အရစ္စတိုတယ် ဆိုသူဟာ ဆရာ့ထက် ထူးချွန်တဲ့သူဖြစ်ပြီး နာမည်ကြီး ဒဿနိကဗေဒပညာရှင် ပလေတို (Plato) ဆီမှာ တပည့်ခံခဲ့တာပါ။ ကမ္ဘာကို သိမ်းပိုက်ခဲ့တဲ့ အလက်ဇန္ဒားသည်ဂရိတ် (Alexander the Great) ရဲ့ ငယ်ဆရာလည်း ဖြစ်ပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေရဲ့ ဒီနေ့ခေတ် သင်ကြားနေတဲ့ ဘာသာရပ်တော်တော်များများရဲ့ အခြေခံအုတ်မြစ်ကို သူကပဲ ချပေးခဲ့တာပါ။)

The New Doer and the Old Receiver
Have you ever asked yourself, “Why is this happening to me?” The answer is simple.
The good or bad luck you are experiencing right now is the fruit of the seeds you planted in the past.
But do not be discouraged. Your current thoughts, words, and actions are “new seeds”.
If you do good now, good things will grow; if you do bad, only thorns will sprout.
While you cannot fix the past, you can create your own future as a “new doer.”
Let’s choose to plant only good seeds today, based on the principle that “every effect has a cause”.
The seeds we plant today become the fruits of tomorrow. Everything we see in the world now — from climate change to global politics – is the result of seeds planted years ago.
Our past actions are now appearing as consequences. For example, the rising temperatures and erratic weather we face are due to the pollution we mindlessly released in the past.
However, if we start planting good seeds like green energy and sustainable living today, we can reclaim a healthy, green planet in the future.
The same applies to peace. Past distrust and ego have led to today’s wars and conflicts.
If we prioritize unity and mutual respect starting now, the world will surely become peaceful.
Even in technology and AI, past innovation has led to today’s automation. If we systematically plant the seeds of ethical AI now, technology will become a powerful tool that truly benefits humanity.
In Buddhism, Kamma is not “fatalism” or a fixed destiny. Instead, it is the “power of new action”, something you have the right to create yourself.
While you cannot change “old kamma”, your current intentions and actions can transform your future.
Modern scientists and philosophers like David Bohm also emphasize this through the logic of interconnectivity, suggesting that nothing happens without a reason.
Western thinkers, starting from Aristotle, have long accepted the rationalist principle that “nothing comes from nothing.”
This aligns with the Buddhist concept of Paticcasamuppada (Dependent Origination), which states that “this effect exists because of this cause.”
However, Buddhism treats this law of cause and effect as more than just a theory; it is presented as a practical path to follow to truly liberate oneself from suffering.

One is never too old to learn”
“ပညာလို အိုသည်မရှိ”
မြန်မာဆိုရိုးစကားတစ်ခုဖြစ်တဲ့ “ပညာလို အိုသည်မရှိ” ဆိုတဲ့စကားဟာ ရှေးကတည်းက ရှိခဲ့တာဖြစ်ပေမဲ့ ယနေ့ခေတ် Digital ခေတ်ကြီးမှာ ပိုပြီးတော့တောင် အဓိပ္ပာယ်လေးနက်လာပါတယ်။ ပညာရှာတယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး၊ ဘယ်အရွယ်ပဲရောက်ရောက် အမြဲတမ်း အသစ်အသစ်တွေကို လေ့လာနေဖို့ အားပေးချင်တာ ဖြစ်ပါတယ်။
လောကမှာ သင်ယူစရာ အတတ်ပညာတွေဟာ သမုဒ္ဒရာရေပြင်လိုပဲ အဆုံးမရှိပါဘူး။ လူတစ်ယောက်ဟာ ဘွဲ့တစ်ခုရရုံ၊ အလုပ်တစ်ခုရရုံနဲ့ ပညာသင်ယူမှု ရပ်တန့်သွားလို့ မရပါဘူး။ အသက် ၂၀ မှာ သင်ခဲ့တဲ့ပညာဟာ အသက် ၅၀ အရောက်မှာ ခေတ်နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် “ငါကြီးပြီ၊ ငါသိပြီးသားပဲ” လို့ သတ်မှတ်မထားဘဲ အသစ်သစ်သော ဗဟုသုတတွေကို ရေငတ်သလို ရှာဖွေနေဖို့ တိုက်တွန်းတာဖြစ်ပါတယ်။
စာဖတ်တာ၊ ဘာသာစကားအသစ် သင်တာ ဒါမှမဟုတ် နည်းပညာအသစ်တွေကို လေ့လာတာဟာ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးသလို ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း နုပျိုလန်းဆန်းစေပါတယ်။
ယနေ့ခေတ်မှာ နည်းပညာတွေက နေ့ချင်းညချင်း ပြောင်းလဲနေပါတယ်။ အသက်ကြီးလို့ဆိုပြီး နည်းပညာကို ကျောခိုင်းထားရင် ကိုယ့်ရဲ့ သားသမီး၊ မြေးမြစ်တွေနဲ့ ဆက်သွယ်ရခက်ခဲလာနိုင်သလို လူမှုပတ်ဝန်းကျင်နဲ့လည်း အလှမ်းဝေးသွားနိုင်ပါတယ်။ ဖုန်းအသုံးပြုနည်းကအစ စနစ်တကျ သင်ယူထားမယ်ဆိုရင် ဘယ်အရွယ်ရောက်ရောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ယုံကြည်ချက်ရှိရှိ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။
ဒီဆိုရိုးစကားဟာ ကျွန်တော်တို့ကို “စူးစမ်းလိုတဲ့စိတ်” မပျောက်ပျက်အောင် သတိပေးနေတာပါ။ ပညာရှာဖို့အတွက် စိတ်အားထက်သန်မှုရှိရင် ဘယ်အချိန်မဆို စတင်လို့ရပါတယ်။
ကမ္ဘာပေါ်မှာ အသက်ကြီးမှ ပညာသင်ပြီး လူတွေကို အံ့အားသင့်စေခဲ့တဲ့ စံနမူနာရှင်တွေ အများကြီးရှိပါတယ်။ Ingeborg Rapoport က တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ သူဟာ ၁၉၃၈ ခုနှစ် နာဇီခေတ်တုန်းက ခွဲခြားဆက်ဆံခံခဲ့ရလို့ သူ့ရဲ့ ပါရဂူဘွဲ့စာတမ်းကို ခုခံကာကွယ်ခွင့် မရခဲ့ပေမဲ့ လက်မလျှော့ခဲ့ပါဘူး။ နောက်ဆုံး ၂၀၁၅ ခုနှစ်၊ အသက် ၁၀၂ နှစ်အရွယ်ကျမှ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံး PhD ဘွဲ့ရရှိသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် နယ်သာလန်နိုင်ငံက Hans van Duivendijk ဆိုတဲ့ ဘိုးဘိုးကြီးကလည်း ပညာလိုလားသူတွေအတွက် အားကျစရာပါပဲ။ သူဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ အသက် ၉၀ အရွယ်နဲ့ ပါရဂူဘွဲ့ကို ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့တက္ကသိုလ်မှာ အသက်အကြီးဆုံး ဘွဲ့ရရှိသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တွေအားလုံးဟာ ပညာသင်ယူဖို့ ဘယ်တော့မှ နောက်မကျဘူးဆိုတာကို လက်တွေ့ပြသသွားကြတာပဲ ဖြစ်ပါတယ်။

OECD ရဲ့ အစီရင်ခံစာတွေအရ အသက်ကြီးပိုင်းတွေမှာ ပညာပြန်သင်တာက အလုပ်အကိုင်အတွက်တင်မဟုတ်ဘဲ ဦးနှောက်ကို ထက်မြက်နေစေဖို့ပါ လိုအပ်လာတယ်လို့ ဆိုပါတယ်။ UNESCO က “Learning Cities” ဆိုပြီး အသက်အရွယ်မရွေး သင်ယူနိုင်တဲ့ မြို့ကွန်ရက်တွေကို ကမ္ဘာအနှံ့ ချဲ့ထွင်နေပါတယ်။ အထူးသဖြင့် AI (Artificial Intelligence) ခေတ်မှာ အသက် ၄၀ ကျော်သူတွေအတွက် Upskilling (အသိပညာ အဆင့်မြှင့်တင်ခြင်း) က မဖြစ်မနေ လုပ်ရမယ့်အရာ ဖြစ်လာပါတယ်။
အသက်ကြီးချိန်မှာ အသစ်အဆန်းတွေ သင်ယူတာက ဦးနှောက်ရဲ့ flexibility ကို ကောင်းစေပြီး Alzheimer’s (အယ်လ်ဇိုင်းမား) လို မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကဘဲ နည်းပညာတတ်မြောက်ထားရင် သားသမီး၊ မြေးမြစ်တွေနဲ့ အဆက်အသွယ်မပြတ်တော့ဘဲ အထီးကျန်ဝေဒနာကိုလည်း ဖြေဖျောက်နိုင်ပါတယ်။
The Myanmar proverb “One is never too old to learn” has existed for a long time, but it has become even more meaningful in today’s digital age.
Seeking knowledge has nothing to do with age; rather, it is about encouraging yourself to keep learning new things, no matter how old you are.
In this world, the skills and knowledge available to learn are as vast as the ocean. A person’s education shouldn’t stop just because they earned a degree or landed a job.
What you learned at age 20 might become outdated by the time you reach 50. Therefore, instead of thinking, “I’m old” or “I already know everything”, we should stay hungry for new knowledge and explore it constantly.
Activities like reading, learning a new language, or exploring technology serve as a workout for the brain and keep the spirit feeling young and fresh.
In our modern era, technology changes overnight. If you turn your back on technology just because of your age, you might find it difficult to communicate with your children and grandchildren, and you could feel disconnected from society.
By learning the basics – even just how to use a smartphone properly – you can live independently and confidently at any age.
This proverb serves as a reminder to never lose our sense of curiosity. As long as you have the passion, you can start learning at any time.
Many inspiring people have surprised the world by pursuing education later in life. Ingeborg Rapoport is a truly amazing example.
After being denied the chance to defend her doctoral thesis in 1938 due to Nazi discrimination, she never gave up. In 2015, at the age of 102, she finally completed her defence and became the oldest person in the world to receive a PhD.
Similarly, Hans van Duivendijk from the Netherlands earned his doctorate at age 90 in June 2024, becoming the oldest graduate at his university. These individuals prove that it is never too late to learn.
According to reports from the OECD, continuing education in older age is essential not just for employment, but for keeping the brain sharp.
UNESCO is even expanding a global network of “Learning Cities” to support education for all ages. Especially in the era of Artificial Intelligence (AI), “upskilling” has become a necessity for those over 40.
Learning new things in later life improves brain flexibility and is one of the most effective ways to prevent memory-related illnesses like Alzheimer’s.

Furthermore, staying tech-savvy helps seniors stay connected with their families, effectively overcoming the pain of loneliness.

gnlm