Connecting on the Universal Dance of Words

Posted_Date

Image

Connecting on the Universal Dance of Words

Body

“မင်းဖြူ မှန်မှန်ပြော”
“The mnemonic “ Min Phyu Hman Hman Pyaw” encodes the Mingun Bell’s legendary weight.”

“မင်းဖြူ မှန်မှန်ပြော” ဆိုတဲ့ စကားစုလေးဟာ မင်းကွန်းခေါင်းလောင်းကြီးရဲ့ အလေးချိန်ကို မမေ့အောင် မှတ်သားထားတဲ့ ရှေးမြန်မာတို့ရဲ့ “မှတ်ရလွယ်နည်းလမ်း” (Mnemonic) တစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာ့သင်္ချာဗေဒအရ ဗျည်းအက္ခရာတွေကို ဂဏန်းတွေနဲ့ အစားထိုးတဲ့အခါ “မင်း၊ ဖြူ၊ မှန်၊ မှန်၊ ပြော” ဆိုတဲ့ စာလုံးတိုင်းဟာ ၅ ဂဏန်းကို ကိုယ်စားပြုတာကြောင့် စုစုပေါင်း ကြေးပိဿာ ၅၅,၅၅၅ ရှိတယ်ဆိုတာကို ဆိုလိုတာပါ။ ဒီခေါင်းလောင်းကြီးကို ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ်မှာ ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးတဲ့ ကြေးသွန်းပညာရှင်တွေက ဧရာဝတီမြစ် အရှေ့ဘက်ကမ်း စွန်းလွန်းရွာမှာ အောင်မြင်စွာ သွန်းလောင်းခဲ့ကြပါတယ်။
အရွယ်အစားကတော့  အဝအချင်း ၁၆ ပေကျော်ပြီး အမြင့် ၁၂ ပေခွဲခန့် ရှိတာကြောင့် လူတော်တော်များများ ခေါင်းလောင်းထဲ ဝင်ရပ်လို့ရတဲ့အထိ အံ့မခန်း ကြီးမားလှပါတယ်။
မင်းကွန်းခေါင်းလောင်းကြီးဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ခေါင်းလောင်းဖြစ်သလို၊ ရုရှားနိုင်ငံက အကြီးဆုံးခေါင်းလောင်းကြီးမှာ အက်ကွဲနေတဲ့အတွက် အသံမမြည်နိုင်တော့ဘဲ မင်းကွန်းခေါင်းလောင်းကသာ အက်ကွဲကြောင်းမရှိဘဲ အသံမြည်ဆဲဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေပါတယ်။ နှိုင်းယှဉ်ချက်အရ စဉ့်ကူးမင်းရဲ့ မဟာဂဏ္ဍခေါင်းလောင်းထက် (၄) ဆနီးပါး ပိုလေးပြီး သာယာဝတီမင်းရဲ့ မဟာသစ္ဆဒခေါင်းလောင်းထက် (၂) ဆခန့် ပိုမိုလေးလံပါတယ်။
ရွှေတိဂုံစေတီတော် ရာဟုထောင့်မှာ ရှိတဲ့ ခေါင်းလောင်းကြီးဟာ မြန်မာ့သမိုင်းမှာ တော်တော်လေး နာမည်ကျော်တဲ့ “မဟာဂဏ္ဍ” လို့ ခေါ်တဲ့ စဉ့်ကူးမင်း ခေါင်းလောင်းတော်ကြီးပဲ ဖြစ်ပါတယ်။  အလေးချိန် ကြေးပိဿာပေါင်း ၁၅,၅၅၅ ပိဿာ ရှိပါတယ်။ (တန်နဲ့ဆိုရင် ၂၄ တန်လောက်တောင် လေးတာပါ!)ဒီခေါင်းလောင်းကြီးဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတုန်းက အင်္ဂလိပ်တွေ သင်္ဘောနဲ့ တိုက်ယူသွားဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ရန်ကုန်မြစ်ထဲကို ပြုတ်ကျသွားခဲ့ပြီး နောက်ပိုင်းမှာ မြန်မာတို့ကပဲ နည်းလမ်းမျိုးစုံနဲ့ ပြန်ဆယ်ယူပြီး ဘုရားပေါ်မှာ ပြန်ထားနိုင်ခဲ့တာပါ။

မင်းကွန်းခေါင်းလောင်းကြီး
သမိုင်းတစ်လျှောက်မှာတော့ ၁၈၃၉ ခုနှစ် ငလျင်ဒဏ်ကြောင့် မင်းကွန်း ခေါင်းလောင်းကြီးကို ချိတ်ဆွဲထားတဲ့ ဒေါက်တိုင်တွေ ကျိုးကျပြီး မြေခခဲ့ဖူးတဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၈၉၆ ခုနှစ်မှာ အစိုးရနဲ့ စေတနာရှင်တွေ ပူးပေါင်းပြီး အခုမြင်တွေ့နေရတဲ့ သံမဏိဒေါက်တိုင်တွေနဲ့ ပြန်လည်မြှင့်တင် ပူဇော်ခဲ့ကြတာပါ။ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီခေါင်းလောင်းတော်ကြီးဟာ ယနေ့တိုင် အသံကြည်လင်စွာ မြည်နေဆဲဖြစ်တာကြောင့် ရှေးခေတ်မြန်မာ့ကြေးသွန်းပညာနဲ့ အင်ဂျင်နီယာအတတ်ပညာ ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာကို သက်သေပြနေတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်တစ်ခုပဲ ဖြစ်ပါတယ်။

The phrase “Min Phyu Hman Hman Pyaw” is a mnemonic created by ancient Myanmar people to recall the colossal weight of the Mingun Bell. In Myanmar numerology, each word signifies the number five, together representing 55,555 visses (around 90 tonnes) of bronze. Cast in 1808 under King Bodawpaya, the bell is an extraordinary feat of craftsmanship.
Measuring over 16 feet wide and 12.5 feet high, it is so vast that several people can stand inside it. Though ranked as the world’s third-largest bell, it holds the distinction of being the largest ringing bell in perfect condition, unlike Russia’s cracked giant. Its immense weight surpasses King Singu’s Maha Ganda Bell nearly fourfold and doubles King Tharrawaddy’s bell.
The Maha Ganda Bell at the Shwedagon Pagoda, weighing 15,555 visses (24 tonnes), has its own dramatic history. During the First Anglo-Burmese War, British forces attempted to seize it, but it fell into the Yangon River. The resilient Burmese salvaged and restored it to the pagoda.
The Mingun Bell itself endured hardship: in 1839, an earthquake toppled it, but in 1896 it was raised again with steel supports. Today, more than two centuries later, it still resonates with a clear, majestic tone, symbolizing Myanmar’s enduring heritage and the brilliance of its bronze artisans.

“ဘဝမြင့်လျှင် ရူးတတ်သည်” 
“Great success or power can make people lose touch with reality and humility.”

အောင်မြင်မှုရလာချိန်မှာ မာန်တက်ခြင်း (Arrogance/Hubris) ဆိုတာ လူသားတွေရဲ့ စိတ်အခြေအနေမှာ  ဖြစ်ပေါ် အလွယ်ဆုံးနဲ့ ဘဝအတွက် အန္တရာယ်အရှိဆုံး အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ အောင်မြင်မှုရလာတဲ့အခါ လူတစ်ယောက်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို အရှိထက် ပိုတွက်ချက်မိတတ်တဲ့ “The Ego Trap” ထဲကို ကျရောက်သွားလေ့ရှိပါတယ်။ ဥပမာအားဖြင့် အောင်မြင်မှုတစ်ခုအတွက် ပတ်ဝန်းကျင်ရဲ့ ကူညီမှုနဲ့ ကံတရားက ၅၀% ပါဝင်နေပေမဲ့ မာန်တက်လာသူကတော့ ဒါဟာ သူ့ရဲ့ တော်လွန်းမှု ၁၀၀% ကြောင့်လို့ ယူဆလိုက်ပါတယ်။ ဒီအခါမှာ “ငါ” ဆိုတဲ့ အစွဲက ဖောင်းပွလာပြီး သူတစ်ပါးကို အထင်သေးတဲ့စိတ် စတင်ဝင်လာပါတော့တယ်။
စိတ်ပညာရှုထောင့်ကကြည့်ရင် အာဏာ ဒါမှမဟုတ် အောင်မြင်မှု အဆင့်အတန်း မြင့်လာတဲ့အခါ လူတွေရဲ့ ဦးနှောက်ထဲမှာ ကိုယ်ချင်းစာစိတ် (Empathy) လျော့နည်းသွားတတ်ပါတယ်။ ဒါကို “The Hubris Syndrome” လို့ ခေါ်ဆိုပြီး အောင်မြင်မှုကြောင့် အမှန်တရားကို မမြင်နိုင်တော့ဘဲ မိမိကိုယ်ကိုယ် အမြဲမှန်တယ်လို့ ထင်လာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မာန်တက်ခြင်းဟာ  “ဒီအောင်မြင်မှု ပြန်ဆုံးရှုံးသွားမှာကို ကြောက်တဲ့စိတ်” (Hidden Insecurity) ကို ဖုံးကွယ်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မလုံခြုံတဲ့သူဟာ အောင်မြင်မှုရလာတဲ့အခါ သူတစ်ပါးကို နှိမ်လိုက်ခြင်းအားဖြင့် မိမိရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။
“ဘဝမြင့်လျှင် ရူးတတ်သည်” ဆိုတဲ့အတိုင်း မာန်တက်ခြင်းကနေ ရူးသွပ်ခြင်းအဆင့်ကို ရောက်သွားတဲ့အခါ ဘယ်သူ့စကားမှ နားမထောင်တော့ဘဲ နားပိတ်သွားခြင်း၊ အမှားလုပ်မိရင်တောင် ဝန်မခံဘဲ ပတ်ဝန်းကျင်ကို အပြစ်ပုံချခြင်းနဲ့ လက်တွေ့လောကနဲ့ ကင်းကွာပြီး မြှောက်ပင့်ပေးမယ့်သူတွေ ဝန်းကျင်မှာပဲ နေထိုင်ခြင်း စတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။ ဒါကြောင့် အောင်မြင်မှုကြားမှာ မရူးသွပ်သွားဖို့အတွက် အောင်မြင်မှုဆိုတာ ယာယီသာဖြစ်ကြောင်း နှိမ့်ချတွေးတောခြင်း၊ အောင်မြင်မှုနောက်ကွယ်က ကူညီခဲ့သူတွေကို ကျေးဇူးသိတတ်ခြင်းနဲ့ မိမိကို အမှန်အတိုင်း ထောက်ပြဝေဖန်ဝံ့တဲ့ မိတ်ဆွေစစ်တွေကို အနားမှာ ထားရှိခြင်း စတဲ့ “စိတ်ဓာတ်ရေးရာဆေးနည်း” တွေနဲ့ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။
မာန်တက်ခြင်းဟာ လှေကားထိပ်ကို တက်နေတာနဲ့ တူပါတယ်။ အမြင့်ရောက်လေလေ ပြုတ်ကျရင် နာလေလေဖြစ်တာကြောင့် အောင်မြင်မှုကို တည်ငြိမ်စွာနဲ့ ကိုင်တွယ်တတ်ဖို့က အလွန်အရေးကြီးပါတယ်။
ဗုဒ္ဓဘာသာရှုထောင့်အရ မာန်မာနနဲ့ အတ္တဆိုတာဟာ သံသရာဝဋ်အတွင်းမှာ သတ္တဝါတွေကို ပိတ်လှောင်ထားတဲ့ အဓိက အနှောင်အဖွဲ့တွေပဲ ဖြစ်ပါတယ်။ မာနဆိုတာ မိမိကိုယ်ကို သူတစ်ပါးနဲ့ နှိုင်းယှဉ်ရာကနေ မြစ်ဖျားခံလာတာဖြစ်ပြီး မိမိကသာတယ်လို့ ထင်မြင်တဲ့ “သေယျမာန”၊ တန်းတူလို့ယူဆတဲ့ “သဒိသမာန” နဲ့ မိမိကိုယ်ကို နိမ့်ကျတယ်လို့ အားငယ်တဲ့ “ဟီနမာန” ဆိုပြီး အုပ်စု (၃) စု ကွဲပြားပါတယ်။ ဒီလို နှိုင်းယှဉ်မှုတွေ အားလုံးဟာ တကယ်တော့ “ငါ” ရှိတယ်ဆိုတဲ့ သက္ကာယဒိဋ္ဌိ (သို့မဟုတ်) အတ္တစွဲပေါ်မှာ အခြေခံနေတာကြောင့် အမှန်တရားကို မမြင်နိုင်အောင် ဖုံးကွယ်ထားတဲ့ ကိလေသာတွေသာ ဖြစ်ပါတယ်။
“ငါ” ဆိုတဲ့ အမာခံ အနှစ်သာရ မရှိတာကို မမြင်ဘဲ အောင်မြင်မှုတွေကို “ငါ့အရည်အချင်း” လို့ စွဲလန်းနေတာဟာ အတ္တကို အစာကျွေးနေတာနဲ့ တူပါတယ်။ ဒီလို မာနကြီးလွန်းခြင်းဟာ လက်ရှိဘဝမှာ ပညာမဲ့သူဖြစ်စေရုံတင်မကဘဲ နောင်ဘဝတွေမှာလည်း မျိုးနွယ်နိမ့်ကျတဲ့ ဘဝမျိုးမှာ ဖြစ်ရတတ်တယ်လို့ အဘိဓမ္မာသဘောအရ ဟောကြားထားပါတယ်။
ဒီမာန်မာနတွေကို နှိမ်နင်းဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကတော့ မိမိကိုယ်မိမိ အမြဲမပြတ် ပြောင်းလဲနေတဲ့ ရုပ်နဲ့ နာမ်သာဖြစ်တယ်လို့ ဝိပဿနာရှုပွားခြင်းပဲ ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာလည်း ရိုသေထိုက်သူကို ရိုသေခြင်း (ဂါရဝ) နဲ့ မိမိကိုယ်ကို နှိမ့်ချခြင်း (နိဝါတ) ဆိုတဲ့ မင်္ဂလာတရားတွေကို ကျင့်သုံးခြင်းအားဖြင့် အတ္တနဲ့ မာနတွေကို လျှော့ချပြီး ငြိမ်းချမ်းတဲ့ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Success often brings with it the danger of arrogance, a phenomenon known as hubris. Many fall into the “Ego Trap,” believing their achievements are entirely self-made, ignoring the roles of luck and support from others. This inflated ego leads them to look down on others. Psychologists describe this as Hubris Syndrome, where power diminishes empathy, causing people to stop listening, insist they are always right, and sometimes mask hidden insecurities with superiority.
Signs of losing one’s way include refusing advice, blaming others, and creating an “echo chamber” of praise. A Myanmar saying warns, “When life gets high, one can go crazy,” reflecting the risks of unchecked pride.
Buddhism also cautions against ego, identifying three forms of pride – thinking oneself better, equal, or lower than others – all rooted in the illusion of “self”. These defilements trap individuals in suffering by feeding attachment to identity and success.
The antidote lies in humility, gratitude, and honest friendships. Staying grounded requires reflection on impermanence and recognizing that success is never permanent nor solely personal. Like climbing a tall ladder, the higher one goes, the harder the fall. True peace in success comes from humility and balance, not ego.
Success is fragile – without humility, gratitude, and self-awareness, it easily turns into arrogance. True achievement is not measured by ego but by the ability to stay grounded, honour those who helped along the way, and embrace impermanence. The higher the climb, the greater the fall; balance and humility are the keys to lasting peace.

“ကျားဆရာ ကြောင်”
“The Cat is the Teacher of the Tiger”

 

မြန်မာစကားပုံတစ်ခုဖြစ်တဲ့ “ကျားဆရာ ကြောင်” ဆိုတဲ့ ဆိုရိုးစကားဟာ မိမိထက် တန်ခိုးအာဏာ ကြီးမားသူ ဒါမှမဟုတ် ပိုပြီးတော်တဲ့သူကိုမှ မိမိက တစ်ချိန်တစ်ခါက ပညာသင်ကြားပေးခဲ့ဖူးကြောင်း၊ ဒါမှမဟုတ် မိမိက ပိုပြီး ဝါရင့်ကြောင်းကို ရည်ညွှန်းပြောဆိုတဲ့ စကားဖြစ်ပါတယ်။ ကျားဆိုတာ တောမှာ အင်အားအကြီးဆုံးနဲ့ အကြောက်ရဖွယ် အကောင်းဆုံး သတ္တဝါ ဖြစ်ပေမဲ့၊ ရှေးပုံပြင်တွေအရ ကျားကို အတတ်ပညာ သင်ပေးခဲ့သူဟာ အင်အားနည်းတဲ့ ကြောင်သာ ဖြစ်တယ်ဆိုတဲ့ အချက်ကို အခြေခံပြီး လူမှုပတ်ဝန်းကျင်က ဝါစဉ်နဲ့ ဂုဏ်ဒြပ်တွေကို မီးမောင်းထိုးပြထားတာပါ။
ဒီစကားပုံရဲ့ နောက်ခံပုံပြင်လေးကလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရှေးတုန်းက ကျားဟာ အမဲလိုက်တဲ့နေရာမှာ အခုလောက် မကျင်လည်သေးဘဲ အတော်လေး ညံ့ဖျင်းခဲ့တာကြောင့် အမျိုးအနွယ်တူတဲ့ ကြောင်ဆီမှာ ပညာသင်ယူခဲ့ရပါတယ်။ ကြောင်က ကျားကို အမဲလိုက်နည်း အမျိုးမျိုး သင်ပေးခဲ့ပေမဲ့ “သစ်ပင်တက်နည်း” ကိုတော့  ဆရာစားချန်တဲ့အနေနဲ့ ချန်ထားခဲ့ပါတယ်။ နောက်ဆုံးမှာ ပညာစုံသွားတဲ့ ကျားက ကြောင်ကို ပြန်စားဖို့ ကြံစည်တဲ့အခါမှာတော့ ကြောင်က သူချန်ထားခဲ့တဲ့ သစ်ပင်တက်နည်းနဲ့ သစ်ပင်ပေါ် တက်ပြေးနိုင်ခဲ့လို့ အသက်ဘေးက လွတ်မြောက်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို အစွဲပြုပြီး “ကျားဆရာ ကြောင်” ဆိုတဲ့ စကားပုံ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
လက်တွေ့အသုံးချမှုအပိုင်းမှာတော့ဒီစကားပုံကို ကြီးပွားချမ်းသာနေသူ ဒါမှမဟုတ် ရာထူးကြီးမြင့်နေသူတစ်ယောက်ကို သူ့ရဲ့ငယ်ဆရာ ဒါမှမဟုတ် လက်ဦးဆရာက ကျီစယ်ပြောဆိုတဲ့နေရာမှာ အသုံးများပါတယ်။ ဥပမာအားဖြင့် “သူက အခုတော့ ကုမ္ပဏီပိုင်ရှင်ကြီး ဖြစ်နေပေမဲ့ ငါက သူ့ကို ဒီလုပ်ငန်းအကြောင်း စသင်ပေးခဲ့တဲ့ ကျားဆရာ ကြောင် ပါကွာ” ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ ရှိကြပါတယ်။ ဒါဟာ အောင်မြင်နေသူတွေအနေနဲ့လည်း မိမိကို လမ်းစဖော်ပေးခဲ့တဲ့ ဆရာသမားတွေရဲ့ ကျေးဇူးနဲ့ ဝါစဉ်ကို မေ့မပစ်သင့်ဘူးဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

The Myanmar proverb “Kyarr Saya Kyaung” – literally “The Cat is the Teacher of the Tiger” – captures the idea that even the mighty once learned from the humble. Rooted in folklore, the story tells of a tiger who was once a poor hunter. Seeking guidance, he turned to the cat, his smaller relative, to master the art of hunting. The cat generously taught him nearly all the skills he needed, but deliberately withheld one secret: how to climb trees.
When the tiger became strong and skilled, greed overtook gratitude. He attempted to devour his teacher. Yet the cat, having “saved a lesson for himself,” escaped by climbing a tree, leaving the tiger helpless below. This tale highlights both the wisdom of the mentor and the folly of forgetting one’s roots.
In modern usage, the proverb is often invoked by teachers, mentors, or elders reflecting on former students who have risen to prominence. For instance, a retired manager might remark that a billionaire CEO was once his trainee, emphasizing that the cat remains the teacher of the tiger. The saying conveys pride in seniority and experience, while reminding successful individuals to honour those who guided their beginnings. It celebrates mentorship, humility, and respect for knowledge.

gnlm