Artemis II အာကာသယာဉ်သည် ထိန်းချုပ်ရေးစင်တာနှင့် ဆက်သွယ်မှုပြတ်တောက်နေစဉ်အတွင်း လနှင့်အနီးကပ်ဆုံးအကွာအဝေးမှ ဖြတ်သန်းမှုပြုလုပ်
NASA အာကာသယာဉ်မှူး သုံးဦးနှင့် ကနေဒါအာကာသအေဂျင်စီ (CSA) မှ အာကာသယာဉ်မှူး တစ်ဦးတို့ လိုက်ပါလာသည့် Orion အာကာသ ယာဉ်သည် လူအများစောင့်မျှော်နေကြသည့် လအနီးမှပျံသန်းမှုကို ပြုလုပ်ခဲ့သည်။ ယင်းသို့ ပျံသန်းရာတွင် လမျက်နှာပြင်နှင့် ၄,၀၇၀ မိုင် (၆,၅၅၀ ကီလိုမီတာ) ခန့်အကွာအထိ ချဉ်းကပ်ခဲ့ပြီး လ၏ဒြပ်ဆွဲအား သက်ရောက်မှု နယ်ပယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ကြိုတင်စီစဉ်ထားပြီး လူအများစိတ်ဝင်တစား စောင့်ကြည့်နေသည့် ခရီးစဉ်၏ အဆင့်တစ်ခုတွင် ဟူစတန်ရှိ မစ်ရှင်ထိန်းချုပ်ရေးစင်တာ (Mission Control) သည် အရှေ့ဘက်စံတော်ချိန် ညနေ ၆:၄၃ နာရီခန့် မှစ၍ မိနစ် ၄၀ ကြာ ခရီးစဉ်အဖွဲ့သားများနှင့် ဆက်သွယ်ရေး ပြတ်တောက် သွားခဲ့သည်။ ကမ္ဘာပေါ်ရှိ နက်ရှိုင်းသော အာကာသဆက်သွယ်ရေး ကွန်ရက် (Deep Space Network) နှင့် Orion အာကာသယာဉ်ကြားမှ ရေဒီယိုနှင့် လေဆာအချက်ပြလှိုင်းများကို လ၏ကိုယ်ထည်က ကာဆီးလိုက်ခြင်းကြောင့် ယင်းကဲ့သို့ ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ဆက်သွယ်ရေး ပြတ်တောက်နေစဉ်အတွင်း NASA အာကာသယာဉ်မှူးများဖြစ်ကြသော Reid Wiseman၊ Victor Glover၊ Christina Koch နှင့် ကနေဒါအာကာသအေဂျင်စီမှ Jeremy Hansen တို့သည် ၎င်းတို့၏ သိပ္ပံဆိုင်ရာရည်မှန်းချက်များကို အာရုံစိုက် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့သည် မိုင် ၆၀၀ ကျယ်ဝန်းသော Orientale Basin အပါအဝင် ကမ္ဘာမှ မမြင်ရသည့် လ၏တစ်ဖက်ခြမ်းကို ဓာတ်ပုံရိုက်ကူးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။အဆိုပါမစ်ရှင်၏ အရေးပါဆုံးသော အခိုက်အတန့်တွင် အာကာသ ယာဉ်မှူးများသည် ၁၉၇၀ ပြည့်နှစ်က Apollo 13 မစ်ရှင် တင်ထားခဲ့သည့် မိုင်ပေါင်း ၂၄၈,၆၅၅ စံချိန်ကို ကျော်ဖြတ်ကာ ၅၆ နှစ်ကြာ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့သည်။ NASA စီမံခန့်ခွဲသူ Jared Isaacman က "ကမ္ဘာ နှင့် မိုင်ပေါင်း ၂၅၂,၇၅၆ အကွာ၊ လ၏ တစ်ဖက်ခြမ်းတွင် Reid၊ Victor၊ Christina နှင့် Jeremy တို့သည် လူသားသမိုင်းတွင် ကမ္ဘာနှင့် အဝေးဆုံး သို့ရောက်ရှိသွားခဲ့ပြီဖြစ်သလို ယခုအခါ နေရပ်သို့အပြန်ခရီးစဉ်ကို စတင် နေပြီဖြစ်သည်" ဟု X လူမှုကွန်ရက်ပေါ်ရှိ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။မစ်ရှင်ထိန်းချုပ်ရေးဗဟိုနှင့် ဆက်သွယ်ရေး ပြန်လည်ရရှိပြီးနောက် အာကာသယာဉ်မှူး Koch က "ကမ္ဘာမြေဆီက အသံကို ပြန်ကြားရတာ တကယ့်ကို ဝမ်းသာစရာပါပဲ" ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်မတို့ နောက်တစ်ကြိမ် ထပ်လာဦးမှာပါ၊ သိပ္ပံသုတေသန စခန်းတွေ တည်ဆောက်မယ်၊ လသွားယာဉ် (Rovers) တွေကို မောင်းနှင်မယ်၊ ရေဒီယို နက္ခတ္တဗေဒ တိုင်းတာမှုတွေ လုပ်ဆောင်မယ်၊ ကုမ္ပဏီတွေ တည်ထောင်မယ်၊ လုပ်ငန်းကဏ္ဍတွေကို မြှင့်တင်မယ်၊ ပြီးတော့ စိတ်ကူးစိတ်သန်းတွေကို လှုံ့ဆော်ပေးသွားပါမယ် ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်မတို့ဟာ ကမ္ဘာမြေကိုပဲ အမြဲတမ်းရွေးချယ်သွားမှာပါ" ဟု ပြောကြားခဲ့သည်။ကိုးကား- RTဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

NASA အာကာသယာဉ်မှူး သုံးဦးနှင့် ကနေဒါအာကာသအေဂျင်စီ (CSA) မှ အာကာသယာဉ်မှူး တစ်ဦးတို့ လိုက်ပါလာသည့် Orion အာကာသ ယာဉ်သည် လူအများစောင့်မျှော်နေကြသည့် လအနီးမှပျံသန်းမှုကို ပြုလုပ်ခဲ့သည်။ ယင်းသို့ ပျံသန်းရာတွင် လမျက်နှာပြင်နှင့် ၄,၀၇၀ မိုင် (၆,၅၅၀ ကီလိုမီတာ) ခန့်အကွာအထိ ချဉ်းကပ်ခဲ့ပြီး လ၏ဒြပ်ဆွဲအား သက်ရောက်မှု နယ်ပယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ကြိုတင်စီစဉ်ထားပြီး လူအများစိတ်ဝင်တစား စောင့်ကြည့်နေသည့် ခရီးစဉ်၏ အဆင့်တစ်ခုတွင် ဟူစတန်ရှိ မစ်ရှင်ထိန်းချုပ်ရေးစင်တာ (Mission Control) သည် အရှေ့ဘက်စံတော်ချိန် ညနေ ၆:၄၃ နာရီခန့် မှစ၍ မိနစ် ၄၀ ကြာ ခရီးစဉ်အဖွဲ့သားများနှင့် ဆက်သွယ်ရေး ပြတ်တောက် သွားခဲ့သည်။ ကမ္ဘာပေါ်ရှိ နက်ရှိုင်းသော အာကာသဆက်သွယ်ရေး ကွန်ရက် (Deep Space Network) နှင့် Orion အာကာသယာဉ်ကြားမှ ရေဒီယိုနှင့် လေဆာအချက်ပြလှိုင်းများကို လ၏ကိုယ်ထည်က ကာဆီးလိုက်ခြင်းကြောင့် ယင်းကဲ့သို့ ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ပြတ်တောက်နေစဉ်အတွင်း NASA အာကာသယာဉ်မှူးများဖြစ်ကြသော Reid Wiseman၊ Victor Glover၊ Christina Koch နှင့် ကနေဒါအာကာသအေဂျင်စီမှ Jeremy Hansen တို့သည် ၎င်းတို့၏ သိပ္ပံဆိုင်ရာရည်မှန်းချက်များကို အာရုံစိုက် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့သည် မိုင် ၆၀၀ ကျယ်ဝန်းသော Orientale Basin အပါအဝင် ကမ္ဘာမှ မမြင်ရသည့် လ၏တစ်ဖက်ခြမ်းကို ဓာတ်ပုံရိုက်ကူးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါမစ်ရှင်၏ အရေးပါဆုံးသော အခိုက်အတန့်တွင် အာကာသ ယာဉ်မှူးများသည် ၁၉၇၀ ပြည့်နှစ်က Apollo 13 မစ်ရှင် တင်ထားခဲ့သည့် မိုင်ပေါင်း ၂၄၈,၆၅၅ စံချိန်ကို ကျော်ဖြတ်ကာ ၅၆ နှစ်ကြာ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့သည်။ NASA စီမံခန့်ခွဲသူ Jared Isaacman က "ကမ္ဘာ နှင့် မိုင်ပေါင်း ၂၅၂,၇၅၆ အကွာ၊ လ၏ တစ်ဖက်ခြမ်းတွင် Reid၊ Victor၊ Christina နှင့် Jeremy တို့သည် လူသားသမိုင်းတွင် ကမ္ဘာနှင့် အဝေးဆုံး သို့ရောက်ရှိသွားခဲ့ပြီဖြစ်သလို ယခုအခါ နေရပ်သို့အပြန်ခရီးစဉ်ကို စတင် နေပြီဖြစ်သည်" ဟု X လူမှုကွန်ရက်ပေါ်ရှိ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မစ်ရှင်ထိန်းချုပ်ရေးဗဟိုနှင့် ဆက်သွယ်ရေး ပြန်လည်ရရှိပြီးနောက် အာကာသယာဉ်မှူး Koch က "ကမ္ဘာမြေဆီက အသံကို ပြန်ကြားရတာ တကယ့်ကို ဝမ်းသာစရာပါပဲ" ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်မတို့ နောက်တစ်ကြိမ် ထပ်လာဦးမှာပါ၊ သိပ္ပံသုတေသန စခန်းတွေ တည်ဆောက်မယ်၊ လသွားယာဉ် (Rovers) တွေကို မောင်းနှင်မယ်၊ ရေဒီယို နက္ခတ္တဗေဒ တိုင်းတာမှုတွေ လုပ်ဆောင်မယ်၊ ကုမ္ပဏီတွေ တည်ထောင်မယ်၊ လုပ်ငန်းကဏ္ဍတွေကို မြှင့်တင်မယ်၊ ပြီးတော့ စိတ်ကူးစိတ်သန်းတွေကို လှုံ့ဆော်ပေးသွားပါမယ် ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်မတို့ဟာ ကမ္ဘာမြေကိုပဲ အမြဲတမ်းရွေးချယ်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

လျှပ်စစ်ဓာတ်အားနဲ့အတူ နေ့စဉ် ဟိုက်ဒရိုဂျင်လီတာ ၂၅၀ ကိုပါ ထုတ်လုပ်ပေးမယ့် ဆိုလာဟိုက်ဒရိုဂျင်ဥယျာဉ်
ဘယ်ဂျီယံနိုင်ငံရှိ ကုမ္ပဏီလေးခုက ကမ္ဘာ့ပထမဆုံးသော ဆိုလာဟိုက်ဒရိုဂျင်ဥယျာဉ်ကိုတည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလက်မှတ်ထိုးလိုက်ပါပြီ။ ဒီစီမံကိန်းကနေ ထွက်ပေါ်လာမှာက ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုတို့ ဖြစ်ပါတယ်။အဲဒီဥယျာဉ်ကြီးကို ဘယ်ဂျီယံနိုင်ငံရှိ ဝယ်လိုနီယာမြို့မှာ တည်ဆောက်သွားမှာပါ။ အခုလိုမျိုး ပူးပေါင်း တည်ဆောက်မှုရဲ့ ရည်ရွယ်ချက်က အစိမ်းရောင်ဟိုက်ဒရိုဂျင်ကို ရိုးရှင်းသောနည်းလမ်း၊ ကုန်ကျစရိတ် သက်သာသောနည်းလမ်း၊ ထွက်ရှိမှုပမာဏ များပြားသော နည်းလမ်းတို့နဲ့ ထုတ်လုပ်နိုင်တယ်ဆိုတာကို ထုတ်ဖော်ပြလိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။သူတို့အနေနဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မယ့် နည်းလမ်းက နေရောင်ခြည်နဲ့ လေထဲကနေ ဟိုက်ဒရိုဂျင်ကို တိုက်ရိုက် ထုတ်ယူသွားမှာဖြစ်ပြီး ထုတ်ယူနိုင်တဲ့ပမာဏကလည်း တစ်ရက်ကိုလီတာ ၂၅၀ အထိရှိ မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆိုလာနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ၂ မဂ္ဂါဝပ်အထိ ထွက်ရှိမယ်လို့လည်း သိရပါတယ်။ ဒီစီမံကိန်းသာအောင်မြင်ခဲ့ရင် သန့်ရှင်းစွမ်းအင်နဲ့လောင်စာကို တစ်ချိန်တည်းမှာ ထုတ်လုပ်နိုင်မှု ဖြစ်လာမှာပါ။ Ref: IEကိုထက်MWD

ဘယ်ဂျီယံနိုင်ငံရှိ ကုမ္ပဏီလေးခုက ကမ္ဘာ့ပထမဆုံးသော ဆိုလာဟိုက်ဒရိုဂျင်ဥယျာဉ်ကိုတည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလက်မှတ်ထိုးလိုက်ပါပြီ။ ဒီစီမံကိန်းကနေ ထွက်ပေါ်လာမှာက ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုတို့ ဖြစ်ပါတယ်။

အဲဒီဥယျာဉ်ကြီးကို ဘယ်ဂျီယံနိုင်ငံရှိ ဝယ်လိုနီယာမြို့မှာ တည်ဆောက်သွားမှာပါ။ အခုလိုမျိုး  ပူးပေါင်း တည်ဆောက်မှုရဲ့ ရည်ရွယ်ချက်က အစိမ်းရောင်ဟိုက်ဒရိုဂျင်ကို ရိုးရှင်းသောနည်းလမ်း၊ ကုန်ကျစရိတ် သက်သာသောနည်းလမ်း၊ ထွက်ရှိမှုပမာဏ များပြားသော နည်းလမ်းတို့နဲ့  ထုတ်လုပ်နိုင်တယ်ဆိုတာကို ထုတ်ဖော်ပြလိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့  ဟိုက်ဒရိုဂျင်ထုတ်လုပ်မယ့် နည်းလမ်းက နေရောင်ခြည်နဲ့ လေထဲကနေ ဟိုက်ဒရိုဂျင်ကို တိုက်ရိုက် ထုတ်ယူသွားမှာဖြစ်ပြီး ထုတ်ယူနိုင်တဲ့ပမာဏကလည်း တစ်ရက်ကိုလီတာ ၂၅၀ အထိရှိ မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆိုလာနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ၂ မဂ္ဂါဝပ်အထိ ထွက်ရှိမယ်လို့လည်း  သိရပါတယ်။ ဒီစီမံကိန်းသာအောင်မြင်ခဲ့ရင် သန့်ရှင်းစွမ်းအင်နဲ့လောင်စာကို တစ်ချိန်တည်းမှာ ထုတ်လုပ်နိုင်မှု ဖြစ်လာမှာပါ။  

Ref: IE

ကိုထက်

MWD

တရုတ်နိုင်ငံထုတ် မျိုးစပ်စွမ်းအင် အသုံးပြုလျှပ်စစ်ကား ၁၄၄၅ မိုင်မောင်းပြီး ဂင်းနစ်စံချိန်တင်
FAW ဆိုတာ တရုတ်နိုင်ငံရဲ့ အကြီးစားမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုပါ။ သူ့ရဲ့အောက်မှာ ကုန်အမှတ်တံဆိပ်ခွဲ တစ်ခုအနေနဲ့ Hongqi ဆိုတဲ့ ကုမ္ပဏီရှိပါတယ်။ Hongqi ဆိုတာကလည်း တရုတ်နိုင်ငံမှာ နိုင်ငံတော်အဆင့်စီးတဲ့ ကားတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီပါ။ အခုသူတို့ဆီက ထုတ်လုပ်ထားတဲ့ မျိုးစပ်စွမ်းအင် အသုံးပြုလျှပ်စစ်ကားတစ်စီးက လောင်စာပြန်လည်ဖြည့်တင်းရခြင်းမရှိဘဲ ခရီးမိုင်ပေါင်း ၁၄၄၅မိုင်အထိသွားနိုင်ခြင်းအားဖြင့် ဂင်းနစ်မှတ်တမ်းဝင်သွားပါတယ်။ ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့ကားအမျိုးအစားက Hongqi HS6 ဖြစ်ပါတယ်။ဒီကားက ဘက်ထရီအားအပြည့်သွင်း၊ဆီအပြည့်ဖြည့်ပြီး ရှန်ဂရီလာမှ အောက်တိုဘာလ ၃၀ ရက်မှာ စတင်ထွက်ခွာလာတာပါ။ နိုဝင်ဘာလ ၃ ရက်မှာ ကွမ်ကျိုးကိုရောက်လာတာဖြစ်ပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့အင်ဂျင်က မြင်းကောင်ရေ ၁၄၈ ကောင်အားထွက်ရှိတဲ့ အင်ဂျင်ဖြစ်ပြီးဘက်ထရီကတော့ ၁၄၆ မိုင်အထိသွားနိုင်စေမယ့် ဘက်ထရီကို တပ်ဆင်ထားတာဖြစ်ပါတယ်။ Hongqi ကုမ္ပဏီက အခုလိုမျိုး ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့ ကားကိုဥရောပနဲ့ အရှေ့ အလယ်ပိုင်းဒေသတို့ဆီ အဓိကဦးတည်တင်ပို့ ရောင်းချသွားမှာဖြစ်ပါတယ်။MWD

FAW ဆိုတာ တရုတ်နိုင်ငံရဲ့ အကြီးစားမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုပါ။ သူ့ရဲ့အောက်မှာ ကုန်အမှတ်တံဆိပ်ခွဲ တစ်ခုအနေနဲ့ Hongqi ဆိုတဲ့ ကုမ္ပဏီရှိပါတယ်။ Hongqi ဆိုတာကလည်း တရုတ်နိုင်ငံမှာ နိုင်ငံတော်အဆင့်စီးတဲ့ ကားတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီပါ။ အခုသူတို့ဆီက ထုတ်လုပ်ထားတဲ့ မျိုးစပ်စွမ်းအင် အသုံးပြုလျှပ်စစ်ကားတစ်စီးက လောင်စာပြန်လည်ဖြည့်တင်းရခြင်းမရှိဘဲ ခရီးမိုင်ပေါင်း ၁၄၄၅မိုင်အထိသွားနိုင်ခြင်းအားဖြင့် ဂင်းနစ်မှတ်တမ်းဝင်သွားပါတယ်။ ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့ကားအမျိုးအစားက Hongqi HS6 ဖြစ်ပါတယ်။

ဒီကားက ဘက်ထရီအားအပြည့်သွင်း၊ဆီအပြည့်ဖြည့်ပြီး ရှန်ဂရီလာမှ အောက်တိုဘာလ  ၃၀  ရက်မှာ စတင်ထွက်ခွာလာတာပါ။ နိုဝင်ဘာလ ၃ ရက်မှာ ကွမ်ကျိုးကိုရောက်လာတာဖြစ်ပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့အင်ဂျင်က မြင်းကောင်ရေ ၁၄၈ ကောင်အားထွက်ရှိတဲ့ အင်ဂျင်ဖြစ်ပြီးဘက်ထရီကတော့ ၁၄၆ မိုင်အထိသွားနိုင်စေမယ့် ဘက်ထရီကို တပ်ဆင်ထားတာဖြစ်ပါတယ်။ Hongqi ကုမ္ပဏီက အခုလိုမျိုး ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့    ကားကိုဥရောပနဲ့ အရှေ့ အလယ်ပိုင်းဒေသတို့ဆီ အဓိကဦးတည်တင်ပို့ ရောင်းချသွားမှာဖြစ်ပါတယ်။

ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်သည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်မောင်းသူမဲ့ လေယာဉ် သို့မဟုတ် CarryAll V2000CG လျှပ်စစ်လေယာဉ်
တရုတ်နိုင်ငံသည် ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်သည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်မောင်းသူမဲ့လေယာဉ်တစ်စင်း (eVTOL) ကို နိုင်ငံအတွင်းမောင်းနှင် အသုံးပြု၊ ထုတ်လုပ်၊ မောင်းနှင်ခွင့်ပြုလိုက်ပြီဖြစ်သည်။CarryAll V2000CG ဟုအမည်ပေးထားသည့် အဆိုပါကမ္ဘာ့ပထမဆုံးသော လျှပ်စစ် မောင်းသူမဲ့လေယာဉ်အား တရုတ်လျှပ်စစ် လေယာဉ်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Autoflight က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါကုမ္ပဏီသည် လေယာဉ်ထုတ်လုပ်ရန်နှင့် ပျံသန်းရာတွင် ဘေးကင်းမှုရှိကြောင်း ထောက်ခံချက်များ ရရှိပြီးဖြစ်သည်။ထို့ကြောင့် အစိုးရထံမှ ယခုကဲ့သို့ ထောက်ခံချက်များနှင့် ခွင့်ပြုချက်များရရှိခြင်းသည် လာမည့် အနာဂတ်ကာလတွင် ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများကို ထွက်ပေါ်လာစေခဲ့ကြောင်း Autoflight ကုမ္ပဏီက ပြောသည်။CarryAll V2000CG လေယာဉ်သည် မောင်းသူမဲ့လျှပ်စစ်လေယာဉ်အမျိုးအစားဖြစ်ပြီး ထွက်ခွာပျံသန်းချိန်တွင် အများဆုံး အလေးချိန်အဖြစ် မက်ထရစ်တန် နှစ်တန် ၄၄၀၀ ပေါင်ခန့်အထိ သယ်ဆောင် နိုင်မည်ဖြစ်သည်။ ထို့ပြင် တစ်နာရီလျှင် ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ)အရှိန်နှုန်းဖြင့် မောင်းနှင်ပျံသန်းနိုင်သည်။ယခုထုတ်လုပ်လိုက်သည့် မောင်းသူမဲ့ လျှပ်စစ်လေယာဉ်ကို ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်းနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ခြင်း စသည့် လုပ်ငန်းများတွင် ကောင်းစွာအသုံးပြုနိုင်ကြောင်း Autoflight ကုမ္ပဏီက ပြောကြားထားသည်။ Ref: CdMWD Web Portal

တရုတ်နိုင်ငံသည် ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်သည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်မောင်းသူမဲ့လေယာဉ်တစ်စင်း (eVTOL) ကို နိုင်ငံအတွင်းမောင်းနှင် အသုံးပြု၊ ထုတ်လုပ်၊ မောင်းနှင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

CarryAll V2000CG ဟုအမည်ပေးထားသည့် အဆိုပါကမ္ဘာ့ပထမဆုံးသော လျှပ်စစ် မောင်းသူမဲ့လေယာဉ်အား တရုတ်လျှပ်စစ် လေယာဉ်ကုမ္ပဏီကြီး   တစ်ခုဖြစ်သည့် Autoflight က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး   ယခုအခါ   အဆိုပါကုမ္ပဏီသည် လေယာဉ်ထုတ်လုပ်ရန်နှင့် ပျံသန်းရာတွင် ဘေးကင်းမှုရှိကြောင်း ထောက်ခံချက်များ ရရှိပြီးဖြစ်သည်။

ထို့ကြောင့်  အစိုးရထံမှ  ယခုကဲ့သို့ ထောက်ခံချက်များနှင့်   ခွင့်ပြုချက်များရရှိခြင်းသည် လာမည့် အနာဂတ်ကာလတွင် ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်မည့်    အခွင့်အလမ်းများကို ထွက်ပေါ်လာစေခဲ့ကြောင်း Autoflight ကုမ္ပဏီက ပြောသည်။

CarryAll V2000CG လေယာဉ်သည် မောင်းသူမဲ့လျှပ်စစ်လေယာဉ်အမျိုးအစားဖြစ်ပြီး ထွက်ခွာပျံသန်းချိန်တွင် အများဆုံး အလေးချိန်အဖြစ် မက်ထရစ်တန် နှစ်တန် ၄၄၀၀  ပေါင်ခန့်အထိ    သယ်ဆောင် နိုင်မည်ဖြစ်သည်။ ထို့ပြင် တစ်နာရီလျှင် ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ)အရှိန်နှုန်းဖြင့် မောင်းနှင်ပျံသန်းနိုင်သည်။

ယခုထုတ်လုပ်လိုက်သည့် မောင်းသူမဲ့ လျှပ်စစ်လေယာဉ်ကို    ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်    တုံ့ပြန်ကယ်ဆယ်ခြင်း စသည့် လုပ်ငန်းများတွင် ကောင်းစွာအသုံးပြုနိုင်ကြောင်း   Autoflight  ကုမ္ပဏီက ပြောကြားထားသည်။           

 Ref: Cd

MWD Web Portal