Mastering the Power of Lived Reality While Embracing the Discipline of Necessary Endurance

Posted_Date

Image

Mastering the Power of Lived Reality While Embracing the Discipline of Necessary Endurance

Body

Mastering the Power of Lived Reality While Embracing the Discipline of Necessary Endurance

 

In this article, I look at two Myanmar sayings. The first is ‘Muta ma par, linga ma chaw,’ which teaches us that without real-life experience, any work of art or life itself feels fake. The second is ‘Ma chit thaw lal, aung kar nam,’ which describes the social reality of having to hide our true feelings to keep the peace or reach a bigger goal.”
I wrote this article for foreign readers who are studying the Myanmar language, so I have presented it in a bilingual format using both Myanmar and English.

“မုတမပါ လင်္ကာမချော”
“Without real experience, the prose does not flow.”
စာပေနဲ့ ကဗျာလောကမှာ “မုတမပါ လင်္ကာမချော” ဆိုတဲ့ စကားဟာ အလွန်လေးနက်ပါတယ်။ “မုတ” ဆိုတာ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ စားခြင်းနဲ့ ထိတွေ့ခြင်းဆိုတဲ့ အာရုံငါးပါးကတစ်ဆင့် ရရှိလာတဲ့ ကိုယ်တွေ့အတွေ့အကြုံကို ဆိုလိုတာပါ။ စာရေးဆရာတစ်ယောက်ဟာ မိမိကိုယ်တိုင် တကယ်ခံစားဖူးတဲ့၊ မြင်ဖူးတဲ့ အမှန်တရားတွေကို အခြေခံပြီး ရေးသားမှသာ စာဖတ်သူရဲ့ရင်ကို ထိမှန်စေတဲ့ အနုပညာမြောက် စာပေကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် စာရေးဆရာကြီး Ernest Hemingway လို ပုဂ္ဂိုလ်မျိုးဟာလည်း ဒီအယူအဆအတိုင်း စစ်မြေပြင်နဲ့ သဘာဝတရားထဲမှာ ကိုယ်တိုင်ဝင်ရောက် ဖြတ်သန်းပြီးမှသာ မော်ကွန်းတင်လောက်တဲ့ စာအုပ်တွေကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
လူအတော်များများဟာ “မုတ” အစား “မုသားမပါ လင်္ကာမချော” လို့ မှားယွင်း အသုံးပြုတတ်ကြပါတယ်။ စကားလုံးတွေ လှပဖို့၊ လူကြိုက်များဖို့အတွက် အမှန်တရားကို ဖုံးကွယ်ပြီး လိမ်ညာခြယ်သမှသာ အဆင်ပြေမယ်လို့ ယူဆကြတာဟာ အလွန်ကြောက်စရာကောင်းတဲ့ အမှားတစ်ခုပါ။ သမိုင်းမှာ James Frey လို စာရေးဆရာမျိုးဟာ ကိုယ်တွေ့မဟုတ်တဲ့ အကြောင်းအရာတွေကို “မုသား” သုံးပြီး လုပ်ကြံရေးသားခဲ့လို့ နောက်ဆုံးမှာ ဂုဏ်သိက္ခာ အဖတ်မဆယ်နိုင်အောင် ပျက်စီးခဲ့ရဖူးပါတယ်။
ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာ အမှန်အတိုင်းပြောရင် လူကြိုက်နည်းမှာကို ကြောက်နေကြတာက အဓိက ပြဿနာပါ။ ကြောက်စိတ်များလေလေ၊ လိမ်ညာမှုတွေ များလေလေ ဖြစ်လာပြီး နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားတဲ့ “သေနေတဲ့ဘဝ” ကြီးထဲ ရောက်သွားတတ်ပါတယ်။ အမှန်ကို သိလျက်နဲ့ ချန်ထားတာဟာလည်း လိမ်ညာခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ စိတ်ချမ်းသာမှုနဲ့ လွတ်လပ်မှုကို ရချင်တယ်ဆိုရင်တော့ အမှန်တရားကို ပြောရမှာ မကြောက်တဲ့ သတ္တိကို မွေးမြူရပါမယ်။
အကယ်၍ “အမှန်အတိုင်းပြောရင် ဒီလောကကြီးမှာ နေစရာမရှိဘူး” လို့ ဆင်ခြေပေးနေကြမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ လိမ်ညာသူတွေပဲ ကြီးစိုးတဲ့ မှောင်မိုက်တဲ့နေရာ ဖြစ်သွားပါလိမ့်မယ်။ အမှန်တရားကို မြတ်နိုးခြင်း၊ ကိုယ်တွေ့ခံစားချက် (မုတ) ကို အခြေခံခြင်းကသာ လူတစ်ယောက်ရဲ့ ဘဝနဲ့ သူဖန်တီးတဲ့ အနုပညာကို ထာဝရ ရှင်သန်စေမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ခံစားချက်ရဲ့ စွမ်းအား
ပန်းချီလောကက ပါရမီရှင်ကြီး ဗန်ဂိုးကို ကြည့်ရင် “မုတ” (ကိုယ်တွေ့ခံစားမှု) ရဲ့ တန်ဖိုးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ သူဟာ စိတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူဖြစ်ပြီး သူ့ရဲ့ ကမ္ဘာကျော် “The Starry Night” ပန်းချီကားဟာ စိတ်ရောဂါကု ဆေးရုံပြတင်းပေါက်ကနေ သူကိုယ်တိုင် မြင်တွေ့ခံစားရတဲ့ ကောင်းကင်ယံကို ရေးဆွဲခဲ့တာပါ။ သူဟာ လှချင်တိုင်းလှအောင် လုပ်ကြံဆွဲခဲ့တာမဟုတ်ဘဲ သူ့ရင်ထဲက မုန်တိုင်းထန်နေတဲ့ ခံစားချက်တွေကို အမှန်အတိုင်း ပုံဖော်ခဲ့တာကြောင့် နှစ်ပေါင်းရာချီ ကြာတဲ့အထိ လူတွေရဲ့ရင်ကို လှုပ်ခတ်နေရတာ ဖြစ်ပါတယ်။

မုသားကြောင့် အရှက်ရခဲ့တဲ့ ဂျာနယ်လစ်
၁၉၈၁ ခုနှစ်မှာ ဝါရှင်တန်ပို့စ် သတင်းစာက သတင်းထောက်မလေး ဂျင်းနက်ကွတ်ဟာ အသက် (၈) နှစ်အရွယ် ဟီးရိုးအင်း မူးယစ်ဆေးစွဲနေတဲ့ ကလေးငယ်တစ်ယောက်အကြောင်း ရေးသားခဲ့လို့ အမြင့်ဆုံး Pulitzer ဆုကို ရရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီကလေးဟာ တကယ်မရှိဘဲ သူမက “လင်္ကာချော” အောင် မုသားနဲ့ လုပ်ကြံဖန်တီးထားတာဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ သတင်းစာလောကမှာ အကြီးမားဆုံး အမည်းစက်ဖြစ်ခဲ့ရပြီး သူမဟာ ဆုကို ပြန်အပ်ခဲ့ရရုံတင်မကဘဲ တစ်သက်လုံး နာမည်ပျက်သွားခဲ့ရပါတယ်။ “မုသား” ဟာ ခဏတာ တောက်ပနိုင်ပေမဲ့ ရေရှည်မှာတော့ ကိုယ့်ကိုပြန်သတ်မယ့် ဓားသွားပါပဲ။

အမှန်တရားကို ရွေးချယ်ခဲ့တဲ့ ဆိုကရေးတီး (Socrates)
ရှေးဟောင်းဂရိပညာရှိကြီး ဆိုကရေးတီးဟာ အမှန်တရားကို ပြောဆိုဖို့ ဘယ်တော့မှ မကြောက်ခဲ့သူပါ။ အာဏာပိုင်တွေက သူ့ကို အမှန်တရားတွေ မဟောပြောဖို့ သူကတော့ “လိမ်ပြောပြီး အသက်ရှင်နေရတဲ့ဘဝထက် အမှန်တရားအတွက် သေရတာက ပိုမြတ်တယ်” လို့ ယုံကြည်ခဲ့ပါတယ်။ သူဟာ အဆိပ်ခွက်ကို သောက်ပြီး သေဒဏ်ခံယူသွားခဲ့ပေမဲ့ သူချန်ထားခဲ့တဲ့ အမှန်တရားတွေကတော့ ဒီနေ့ခေတ်အထိ ကမ္ဘာကြီးကို လမ်းပြနေတုန်းပါပဲ။ ဒါဟာ “အမှန်ကိုပြောရမှာ မကြောက်သောသူ” ဆိုတဲ့ စိတ်ဓာတ်ရဲ့ ပြယုဂ်ပါပဲ။

တောရိုင်းထဲက အတွေ့အကြုံစစ်
“တောရိုင်း၏ ခေါ်သံ” (The Call of the Wild) လို ဝတ္ထုမျိုးကို ရေးခဲ့တဲ့ ဂျက်လန်ဒန်ဟာလည်း စားပွဲတင် စာရေးဆရာမဟုတ်ခဲ့ပါဘူး။ သူဟာ ကလောန်ဒိုက် (Klondike) ရွှေတွင်းဒေသရဲ့ အလွန်အမင်းအေးခဲလှတဲ့ ရာသီဥတုထဲမှာ ကိုယ်တိုင်ရှင်သန် နေထိုင်ခဲ့သူပါ။ အဲဒီမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အအေးဒဏ်၊ ဆာလောင်မှုနဲ့ သဘာဝတရားရဲ့ ရက်စက်မှု “မုတ” တွေကြောင့်သာ သူ့ရဲ့စာတွေဟာ ဖတ်နေရင်းနဲ့တောင် ချမ်းစိမ့်လာရလောက်အောင် အသက်ဝင်နေရတာ ဖြစ်ပါတယ်။ မုသားနဲ့ ဘယ်လောက်ပဲ ခြယ်သပါစေ၊ အတွေ့အကြုံစစ်ရဲ့ ရသကိုတော့ ဘယ်တော့မှ မမီနိုင်ပါဘူး။
အယ်ဒီတာ့မှတ်ချက် — ပါဠိစကားလုံး “မုတ” (muta) ဆိုတာ “ကိုယ်တိုင်သိတာ” ဒါမှမဟုတ် “ကိုယ်တိုင်ထိတွေ့ခံစားမိတာ” ကို ပြောတာပါ။
ပါဠိကျမ်းဂန်တွေမှာ “မုတ” (muta) ကို အများဆုံးတွေ့ရတာကတော့ “ဒိဋ္ဌ၊ သုတ၊ မုတ၊ ဝိညာတ” ဆိုတဲ့ အစုအဝေးလေးထဲမှာ ဖြစ်ပါတယ်။
မြတ်စွာဘုရားက ဗာဟိယရဟန်းကို “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ…” စသဖြင့် ဟောကြားခဲ့ဖူးပါတယ်။
အဓိပ္ပာယ်က – မြင်ရင် မြင်ရုံပဲ၊ ကြားရင် ကြားရုံပဲ၊ “ငါ” လို့ သွားမစွဲနဲ့လို့ ဆိုလိုတာပါ။ ဒီလိုကျင့်ကြံရင်းနဲ့ ဗာဟိယဟာ ချက်ချင်းပဲ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

“Without real experience, the prose does not flow.”
There is a profound saying in Myanmar literature: “Without real experience, the prose does not flow.” This carries deep weight. When writers create from what they have truly seen, heard, and felt, their work touches the human heart.
Ernest Hemingway understood this well. He immersed himself in war zones and the raw elements of nature so he could write stories that felt authentic. His books remain masterpieces today because they were forged in the crucible of real life.

The Temptation of the Lie
Many people distort this saying, mistakenly claiming: “Without lies, the prose does not flow.” They believe that beautiful writing requires fabrication or that hiding the truth makes one more likeable. This is a dangerous fallacy.
Consider the case of James Frey. He wrote a memoir detailing experiences he never actually had. When the deception was uncovered, his reputation crumbled beyond repair. A life built on lies, or art born of deception, can never hold lasting value.

The Root of the Problem: Fear
The real problem is fear. We are afraid that telling the truth will lead to rejection, so we lie more and more. Eventually, we trap ourselves in a “dead life”—a life that feels empty and artificial. Even remaining silent when you know the truth is a form of lying.
If you desire genuine peace and freedom, you must cultivate the courage to speak the truth. This strength cannot be gained through prayer alone; it must be practised daily in the real world. If we continue to argue that “there is no room for truth in this world,” we allow darkness and deception to rule.

Learning from Van Gogh
Vincent van Gogh perfectly illustrates the power of authentic experience. Despite his intense struggle with mental illness, he didn’t paint “pretty pictures” to please the crowd. From his asylum window, he painted the sky exactly as he perceived and felt it. Because he was honest about the “storm” inside him, his work – like The Starry Night – continues to move people over a century later.
The Journalist Ruined by Lies
In 1981, a reporter named Janet Cooke from The Washington Post won the prestigious Pulitzer Prize. She wrote a heartbreaking story about an 8-year-old boy addicted to heroin. However, it was later discovered that the boy didn’t actually exist; she had made the whole story up just to make her writing “flow” and sound more dramatic. This became a massive scandal in the world of journalism. Not only did she have to give back her award, but her reputation was ruined forever. A lie might shine brightly for a moment, but in the long run, it is a blade that turns back to hurt you.

Socrates: Choosing Truth Over Life
The ancient Greek philosopher Socrates was never afraid to speak the truth. Authorities tried to stop him from teaching and pressured him to admit to things that weren’t true to save his life. He famously believed, “It is better to die for the truth than to live a life built on lies.” He chose to drink poison and face his execution rather than lie. Though he died, the truths he left behind still guide the world today. He is the ultimate symbol of someone who refused to be afraid of the truth.

Real Experience from the Wild
Jack London, the author of the famous novel The Call of the Wild, wasn’t just a writer sitting at a desk. He actually lived through the freezing winters of the Klondike gold mines. Because he personally experienced the bitter cold, the hunger, and the cruelty of nature (Muta), his writing feels incredibly alive. When you read his books, you can almost feel the chill in your bones. No matter how much you decorate a story with lies, it can never match the raw power of real-life experience.

“မချစ်သော်လည်း အောင့်ကာနမ်း”
“Enduring a kiss by holding breath, despite no love”
ဒီစကားပုံက တကယ်တော့ “မတတ်သာလို့ အောင့်အည်းသည်းခံပြီး လုပ်နေရတဲ့ အခြေအနေ” ကို ပုံဖော်ထားတာပါ။ စဉ်းစားကြည့်ရင်… ကိုယ်က မနှစ်သက်တဲ့သူ၊ အနံ့အသက်မကောင်းတဲ့သူတစ်ယောက်ကို နမ်းရတော့မယ်ဆိုရင် အသက်ကို ဝအောင်မရှူရဲဘဲ အောင့်ထားပြီးမှ မျက်စိမှိတ်နမ်းရသလိုမျိုးပေါ့။ အဲဒီအတိုင်းပါပဲ၊ လူမှုပတ်ဝန်းကျင်မှာ ကိုယ်က စိတ်မပါဘူး၊ မကြိုက်ဘူး၊ သဘောမတူဘူး။ ဒါပေမဲ့ အခြေအနေအရ (သို့မဟုတ်) အားနာလို့၊ မတတ်သာလို့ မျက်စိမှိတ်ပြီး လိုက်လျောပေးလိုက်ရတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
အလုပ်ခွင်မှာ ကိုယ်က ဒီလူကြီးကို ကြည့်မရဘူး၊ သူခိုင်းတာတွေကိုလည်း သဘောမကျဘူး။ ဒါပေမဲ့ အလုပ်ပြုတ်မှာကြောက်လို့ ဒါမှမဟုတ် အဆင်ပြေအောင်ဆိုပြီး ပြုံးပြုံးလေးနဲ့ ခိုင်းတာလုပ်ပေးနေရတာမျိုးပါပဲ။
လူမှုရေးမှာ ကိုယ်နဲ့မတည့်တဲ့ ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို မသွားချင်ဘဲနဲ့ မျက်နှာပူလို့ သွားပေးရတာ၊ လက်ဆောင်ပေးရတာမျိုးပေါ့။
တစ်ခါတလေ ဒီစကားပုံကို အရှည်ကြီး သုံးတတ်ကြပါသေးတယ်။ “မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ” တဲ့။ ဆိုလိုတာကတော့ အောင့်အည်းသည်းခံရတာကို ပိုပြီး လေးနက်အောင် ပြောတာပါ။
ဒီစကားပုံဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ “အားနာတတ်မှု” နဲ့ “သည်းခံစောင့်စည်းမှု” ကြောင့် ကြုံတွေ့ရတဲ့ စိတ်အခြေအနေတစ်ခုကို ဟာသနှောပြီး ရေးဖွဲ့ထားတာပါ။
“မချစ်သော်လည်း အောင့်ကာနမ်း” ဆိုတဲ့ အခြေအနေမျိုးက ကျွန်တော်တို့ မြန်မာနိုင်ငံတင်မကဘူး၊ တစ်ကမ္ဘာလုံးက နိုင်ငံရေး၊ စီးပွားရေးနဲ့ သမိုင်းဖြစ်ရပ်တွေမှာလည်း အများကြီးရှိခဲ့ဖူးတယ်။
“အောင့်ကာနမ်း” တဲ့ မဟာမိတ်များ
နိုင်ငံတကာဆက်ဆံရေးမှာ “ထာဝရမိတ်ဆွေဆိုတာမရှိဘူး၊ ထာဝရအကျိုးစီးပွားပဲရှိတယ်” ဆိုတဲ့စကားရှိပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်သမ္မတ Roosevelt နဲ့ ဗြိတိန်ဝန်ကြီးချုပ် Churchill တို့ဟာ ဆိုဗီယက်ယူနီယံခေါင်းဆောင် Stalin ကို တကယ်တော့ လုံးဝသဘောမကျကြဘူး။
ဒါပေမဲ့ ဟစ်တလာကို တိုက်ထုတ်ဖို့အတွက် သူတို့သုံးယောက်ဟာ မဟာမိတ်အဖြစ် လက်တွဲခဲ့ကြရတယ်။ အဲဒီတုန်းက သူတို့ရဲ့ ဆက်ဆံရေးဟာ “မချစ်သော်လည်း အောင့်ကာနမ်း” ရတဲ့ အခြေအနေမျိုးပါပဲ။ အားလုံးရဲ့ ရန်သူဖြစ်တဲ့ နာဇီကို နှိမ်နင်းဖို့အတွက် စိတ်မပါဘဲ ပြုံးပြုံးလေးနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကြရတာပေါ့။
စီးပွားရေးလောကက ရန်ဘက် မဟာမိတ်များ
ဒါကတော့ အခုခေတ် လူတိုင်းသိတဲ့ သာဓကပါ။ Apple နဲ့ Samsung ဟာ တရားရုံးမှာ မူပိုင်ခွင့်ကိစ္စတွေနဲ့ တစ်ယောက်ကိုတစ်ယောက် တရားစွဲလိုက်၊ အပြတ်အသတ် ပြိုင်ဆိုင်လိုက်နဲ့ ရန်သူတွေလို ဖြစ်နေကြတာပါ။
ဒါပေမဲ့ ထူးဆန်းတာက iPhone တွေမှာသုံးတဲ့ Screen တွေနဲ့ တချို့အစိတ်အပိုင်းတွေကို Samsung ဆီကပဲ ဝယ်နေရတာပါ။ Apple ဘက်က ကြည့်မရပေမဲ့ ပစ္စည်းကောင်းချင်တော့ Samsung ဆီက ဝယ်ရတယ်။ Samsung ဘက်ကလည်း ပြိုင်ဘက်ဖြစ်ပေမဲ့ ပိုက်ဆံရချင်တော့ ရောင်းပေးရတယ်။ ဒါဟာ စီးပွားရေးအကျိုးအမြတ်အတွက် နှစ်ဖက်စလုံးက “မချစ်သော်လည်း အောင့်ကာနမ်း” ပါပဲ။
သမိုင်းဝင် အိမ်ထောင်ရေး
ပြင်သစ်ဧကရာဇ် နပိုလီယံဟာ သူ့ရဲ့ ပထမဇနီး ဂျိုးဇဖင်းကို အရမ်းချစ်တာပါ။ ဒါပေမဲ့ ရင်သွေးမရတာကြောင့် နိုင်ငံရေးအရ အင်အားတောင့်တင်းဖို့ သြစတြီးယားမင်းသမီး မာရီလူဝီနဲ့ လက်ထပ်ခဲ့ရပါတယ်။
နပိုလီယံဟာ သြစတြီးယားနိုင်ငံ (Austria) ကို စစ်ရှုံးစေခဲ့တဲ့ ရန်သူဖြစ်လို့ မင်းသမီးလေးက နပိုလီယံကို အသေမုန်းတာပါ။ နပိုလီယံကလည်း သူ့ကို နိုင်ငံရေးအရပဲ အသုံးချချင်တာ။ ဒါပေမဲ့ နိုင်ငံနှစ်ခု ငြိမ်းချမ်းဖို့နဲ့ နန်းလျာရဖို့အတွက် သူတို့နှစ်ယောက်ဟာ မချစ်ဘဲနဲ့ အောင့်အည်းသည်းခံပြီး လက်ထပ်ပွဲကို ဆင်နွှဲခဲ့ကြရတာပါ။ ဒါဟာ သမိုင်းဝင် “အောင့်ကာနမ်း” ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပေါ့။
ဒီဖြစ်ရပ်တွေကို ကြည့်ရင် “မချစ်သော်လည်း အောင့်ကာနမ်း” ဆိုတာ အားနည်းလို့တင် မဟုတ်ဘဲ တစ်ခါတလေမှာ ပိုကြီးမားတဲ့ ရည်မှန်းချက် (သို့မဟုတ်) အခြေအနေအရ မဖြစ်မနေ ရွေးချယ်ရတဲ့ နည်းဗျူဟာတစ်ခုပါ။ ကိုယ်တိုင်ကတော့ စိတ်ပျက်ပြီး ပင့်သက်ရှူနေရပေမဲ့ အလုပ်ဖြစ်ဖို့အတွက် မျက်စိမှိတ် လုပ်ဆောင်ကြရတာပေါ့။

“Enduring a kiss by holding breath, despite no love”
This proverb describes a situation where you have no choice but to endure something you dislike. Imagine having to kiss someone you aren’t attracted to or someone who smells bad. You wouldn’t want to breathe in, so you would hold your breath, close your eyes, and just get it over with. In real life, this refers to situations where you don’t agree with something or don’t like someone, but you go along with it because of social pressure, politeness, or necessity.
In professional settings, you might find yourself working under a manager you genuinely dislike or executing orders you find questionable. To maintain your job security and avoid conflict, you suppress your true feelings, put on a polite facade, and follow through with your duties – perfectly illustrating the concept of “kissing while holding your breath.” Similarly, this dynamic often plays out in your social life, such as when you receive a wedding invitation for a relative you find difficult. Even if you have no desire to attend, you show up with a gift in hand simply to “save face” and prevent family drama, prioritizing social harmony over your personal preferences.
Sometimes the saying is longer: “Kissing while holding your breath, and sighing even if you aren’t kissing.” This emphasizes the deep frustration of the situation, where even after the unpleasant task is done, you are left let down and sighing in disappointment.
In Myanmar culture, this proverb captures the feeling of “Ah-nar-deh” (being restrained by politeness) and patience. When someone says, “I’m just holding my breath and kissing right now,” everyone immediately understands that they are miserable but doing their duty anyway.
The concept of “kissing while holding your breath” exists globally in politics, business, and history.
During WWII, Western leaders allied with Stalin to defeat Hitler despite mutual loathing. In business, Apple and Samsung compete fiercely in court but cooperate as vital suppliers for profit.
Even Napoleon married a princess who hated him to secure a political heir. These examples show rivals enduring unpleasant partnerships to achieve a greater goal.

gnlm