သတင်းများ

တရုတ်က အာကာသယာဉ်မှူး သုံးဦးပါသည့် အာကာသယာဉ် လွှတ်တင်ရန်ပြင်ဆင်၊ လပေါ်ခြေချနိုင်ရေး ရည်မှန်းချက် နီးစပ်လာ
တရုတ်နိုင်ငံက အာကာသယာဉ်မှူးသုံးဦး လိုက်ပါသည့် အာကာသယာဉ်ကိုမေလ ၂၄ ရက်တွင် လွှတ်တင်သွားမည် ဖြစ်ပြီး ယင်းသို့လွှတ်တင်ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ လပေါ်လူသားများ ခြေချနိုင်ရေးရည်မှန်းချက် အောင်မြင်ရန် နီးစပ်လာပြီဖြစ်ကြောင်း သိရသည်။အဆိုပါအာကာသယာဉ်မှူးသုံးဦးသည် ကောင်းကင်ဘုံဟုအမည်ပေးထားသည့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်းသို့ အလှည့်ကျတာဝန်အဖြစ် သွားမည်ဖြစ်သည်။ အဆိုပါအာကာသယာဉ်မှူးသုံးဦး လိုက်ပါသည့် Shenzhou-23 အာကာသခရီးစဉ်ကို နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျူကွမ်းအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏လူလိုက်ပါသော အာကာသအေဂျင်စီကမေလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။အဆိုပါအာကာသယာဉ်မှူးသုံးဦးတွင်အမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးသည် ဟောင်ကောင်၏ပထမဆုံးသော အာကာသယာဉ်မှူးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြထားသည်။ယခုလုပ်ဆောင်သည့် အာကာသခရီးစဉ်သည် အာကာသသိပ္ပံဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်းနှင့် အာကာသယာဉ်မှူးများ၏ စွမ်းဆောင်ရည်ကိုတိုးတက်အောင် ဆောင်ရွက်ခြင်းအပြင်အာကာသစခန်းသို့ ကုန်ပစ္စည်းပို့ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်မတိုင်မီ လပေါ်တွင် လူများခြေချနိုင်ရေး ရည်မှန်းထားသည်။MWD

     တရုတ်နိုင်ငံက   အာကာသယာဉ်မှူးသုံးဦး လိုက်ပါသည့် အာကာသယာဉ်ကိုမေလ ၂၄ ရက်တွင် လွှတ်တင်သွားမည် ဖြစ်ပြီး ယင်းသို့လွှတ်တင်ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ လပေါ်လူသားများ ခြေချနိုင်ရေးရည်မှန်းချက် အောင်မြင်ရန် နီးစပ်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအာကာသယာဉ်မှူးသုံးဦးသည် ကောင်းကင်ဘုံဟုအမည်ပေးထားသည့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်းသို့ အလှည့်ကျတာဝန်အဖြစ် သွားမည်ဖြစ်သည်။ အဆိုပါအာကာသယာဉ်မှူးသုံးဦး လိုက်ပါသည့် Shenzhou-23 အာကာသခရီးစဉ်ကို  နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျူကွမ်းအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏လူလိုက်ပါသော အာကာသအေဂျင်စီကမေလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါအာကာသယာဉ်မှူးသုံးဦးတွင်အမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးသည် ဟောင်ကောင်၏ပထမဆုံးသော  အာကာသယာဉ်မှူးဖြစ်ကြောင်း   နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြထားသည်။

ယခုလုပ်ဆောင်သည့် အာကာသခရီးစဉ်သည် အာကာသသိပ္ပံဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်းနှင့် အာကာသယာဉ်မှူးများ၏ စွမ်းဆောင်ရည်ကိုတိုးတက်အောင် ဆောင်ရွက်ခြင်းအပြင်အာကာသစခန်းသို့ ကုန်ပစ္စည်းပို့ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်မတိုင်မီ လပေါ်တွင် လူများခြေချနိုင်ရေး ရည်မှန်းထားသည်။

MWD

ဓာတ်ခွဲခန်းအတွင်းဖန်တီးထားသည့် ကြက်ဥအိမ်တုများဖြင့် ကြက်သားပေါက်များကို သိပ္ပံပညာရှင်များက အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့
ဝါရှင်တန် မေ ၂၁အမေရိကန်နိုင်ငံ အခြေစိုက် Colossal Biosciences ကုမ္ပဏီမှ သိပ္ပံပညာရှင်များသည် ဓာတ်ခွဲခန်းအတွင်း အပြည့်အဝဖန်တီးထားသည့် ကြက်ဥအိမ်တုများဖြင့် ကြက်သားပေါက်များကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။Colossal Biosciences ကုမ္ပဏီမှ သိပ္ပံပညာရှင်များသည် သဘာဝကြက်ဥများနှင့် တူနိုင်သမျှတူစေရန် ဖန်တီးထားသော ဥအိမ်တစ်မျိုးဖြင့် ကြက်သားပေါက်များကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ဥအိမ်တုကို ဖန်တီးခဲ့ပြီးနောက် အမေရိကန်သိပ္ပံပညာရှင်များသည် အဆိုပါဥအိမ်တု အတွင်းသို့ ကြက်သန္ဓေသားများ ထည့်သွင်းပေးခဲ့ရာ ၁၈ ရက်အကြာတွင် ကြက်သားပေါက်ငယ်များကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့သည်။အထက်ပါ အောင်မြင်မှုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော သက်ရှိများကို ပြန်လည်မွေးထုတ်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားသည်။Colossal Biosciences ကုမ္ပဏီသည် မိုအာခေါ် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ငှက်ကြီးတစ်မျိုးကို ပြန်လည်မွေးထုတ်ရန် စီစဉ်ထားသည်။ထို့ပြင် Colossal Biosciences ကုမ္ပဏီသည် ရှေးခေတ် အမွေးထူဆင်ကြီးများကို ပြန် လည်မွေးထုတ်ရန်လည်း ကြိုးပမ်းနေကြောင်း သိရသည်။ရတနာပုံPhoto: Fox News

ဝါရှင်တန် မေ ၂၁

အမေရိကန်နိုင်ငံ အခြေစိုက် Colossal Biosciences ကုမ္ပဏီမှ သိပ္ပံပညာရှင်များသည် ဓာတ်ခွဲခန်းအတွင်း အပြည့်အဝဖန်တီးထားသည့် ကြက်ဥအိမ်တုများဖြင့် ကြက်သားပေါက်များကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။

Colossal Biosciences ကုမ္ပဏီမှ သိပ္ပံပညာရှင်များသည် သဘာဝကြက်ဥများနှင့် တူနိုင်သမျှတူစေရန် ဖန်တီးထားသော ဥအိမ်တစ်မျိုးဖြင့် ကြက်သားပေါက်များကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥအိမ်တုကို ဖန်တီးခဲ့ပြီးနောက် အမေရိကန်သိပ္ပံပညာရှင်များသည် အဆိုပါဥအိမ်တု အတွင်းသို့ ကြက်သန္ဓေသားများ ထည့်သွင်းပေးခဲ့ရာ ၁၈ ရက်အကြာတွင် ကြက်သားပေါက်ငယ်များကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့သည်။

အထက်ပါ အောင်မြင်မှုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော သက်ရှိများကို ပြန်လည်မွေးထုတ်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားသည်။

Colossal Biosciences ကုမ္ပဏီသည် မိုအာခေါ် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ငှက်ကြီးတစ်မျိုးကို ပြန်လည်မွေးထုတ်ရန် စီစဉ်ထားသည်။

ထို့ပြင် Colossal Biosciences ကုမ္ပဏီသည် ရှေးခေတ် အမွေးထူဆင်ကြီးများကို ပြန် လည်မွေးထုတ်ရန်လည်း ကြိုးပမ်းနေကြောင်း သိရသည်။

ရတနာပုံ

Photo: Fox News

အီရန်ဒရုန်းကို အမေရိကန် ပုံတူကူးထားသည့် Lucas UAV များတွင် အုပ်စုလိုက်တိုက်ခိုက်နိုင်သော AI နည်းပညာ ထည့်သွင်းမည်
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံ၏ Shahed-136 အသေခံဒရုန်းကို Reverse Engineering နည်းပညာဖြင့် ပုံတူကူးယူ ထုတ်လုပ်ထားသော Lucas UAV မောင်းသူမဲ့လေယာဉ်များတွင် အုပ်စုလိုက် ပူးပေါင်းတိုက်ခိုက်နိုင်စွမ်းရှိမည့် AI စနစ်ကို ထည့်သွင်းပေါင်းစပ်ရန် ပြင်ဆင်နေသည်။ စစ်ရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် War Zone ၏ ဖော်ပြချက် အရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် Lucas အသေခံဒရုန်း များတွင် Hivemind ဆော့ဖ်ဝဲလ်ကို ထည့်သွင်းရန်အတွက် Shield AI ကုမ္ပဏီကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ ထိုနည်းပညာသည် Lucas ဒရုန်းများကို ပစ်မှတ်တစ်ခုတည်းကို လေယာဉ်အမြောက်အမြား တစ်ပြိုင်နက် လွှတ်တင်ရုံသက်သက်မဟုတ်ဘဲ အချင်းချင်း စနစ်တကျချိတ်ဆက်ညှိနှိုင်း၍ အုပ်စုလိုက် (Swarm) တိုက်ခိုက်နိုင်စွမ်းကို ရရှိစေမည် ဖြစ်သည်။Hivemind ဆော့ဖ်ဝဲလ်သည် ဒရုန်းအုပ်စုများအတွက် AI လေသူရဲတစ်ဦးကဲ့သို့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး စစ်မြေပြင်ရှိ ရုတ်တရက် ပြောင်းလဲမှု များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ကာ လမ်းကြောင်းများကို အလိုလျောက်စနစ်ဖြင့် ပြင်ဆင်နိုင်သည်။ ထို့အပြင် အဆိုပါစနစ်ကြောင့် လူတစ်ဦး တည်းကပင် ရှုပ်ထွေးသောစစ်ဆင်ရေးများအတွင်း ဒရုန်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း အလွယ်တကူစောင့်ကြည့်ညွှန်ကြားနိုင်မည် ဖြစ်သည်။ သို့သော်လည်း အခြေခံလုပ်ငန်းစဉ်များကို AI က အလိုအလျောက် မောင်းနှင်မည်ဖြစ်သော်လည်း ပစ်မှတ်ကို အမှန်တကယ် တိုက်ခိုက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပိုင်ခွင့်နှင့် ပစ်မှတ်ပြောင်းလဲခွင့်များကိုမူ လူသားမောင်းနှင်ရေးအဖွဲ့ကသာ အပြည့်အဝ ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်သည်။ စစ်ရေးကျွမ်းကျင်သူများ၏ အဆိုအရ ထိုသို့ အလိုအလျောက် စနစ်အသုံးပြုခြင်းက ရန်သူ့ထက် ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်ပြီး ရန်သူ့လေကြောင်းရန် ကာကွယ်ရေးနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များကို ပိုမိုလွှမ်းမိုးနှောင့်ယှက်နိုင်မည်ဟု ဆိုသည်။အမေရိကန်၏ Lucas UAV သည် ကီလိုမီတာ ၆၅၀ မှ ၈၀၀ ခန့်အထိ ပျံသန်းနိုင်ပြီး ၆ နာရီကြာ စဉ်ဆက်မပြတ်ပျံသန်းကာ အလေးချိန် ၁၈ ကီလိုဂရမ်ရှိသော လက်နက်များကို သယ်ဆောင်နိုင်သည်။ ကုန်ကျစရိတ်အနေဖြင့် တစ်စီးလျှင် ဒေါ်လာ ၃၅,၀၀၀ ခန့်သာ ရှိသောကြောင့် တူညီသောအကွာအဝေးပစ်ခတ်နိုင်သည့် ဒုံးကျည်များနှင့်နှိုင်းယှဉ်ပါက သိသိသာသာသက်သာပြီး အမြောက်အမြား အလွယ်တကူထုတ်လုပ်နိုင်သည်။ အဆိုပါ ဒရုန်းများကို အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်း အီရန်ရှိပစ်မှတ်များကို တိုက်ခိုက်ရာတွင် ပထမဆုံးအကြိမ် စမ်းသပ်အသုံးပြုခဲ့ပြီးဖြစ်ရာ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Brad Cooper က Lucas UAV သည် အမေရိကန်စစ်တပ်အတွက် မရှိမဖြစ်လိုအပ်သော အရေးပါသည့် လက်နက် တစ်ခုဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။ကိုးကား- VN Expressဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံ၏ Shahed-136 အသေခံဒရုန်းကို Reverse Engineering နည်းပညာဖြင့် ပုံတူကူးယူ ထုတ်လုပ်ထားသော Lucas UAV မောင်းသူမဲ့လေယာဉ်များတွင် အုပ်စုလိုက် ပူးပေါင်းတိုက်ခိုက်နိုင်စွမ်းရှိမည့် AI စနစ်ကို ထည့်သွင်းပေါင်းစပ်ရန် ပြင်ဆင်နေသည်။ 

စစ်ရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် War Zone ၏ ဖော်ပြချက် အရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် Lucas အသေခံဒရုန်း များတွင် Hivemind ဆော့ဖ်ဝဲလ်ကို ထည့်သွင်းရန်အတွက် Shield AI ကုမ္ပဏီကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ ထိုနည်းပညာသည် Lucas ဒရုန်းများကို ပစ်မှတ်တစ်ခုတည်းကို လေယာဉ်အမြောက်အမြား တစ်ပြိုင်နက် လွှတ်တင်ရုံသက်သက်မဟုတ်ဘဲ အချင်းချင်း စနစ်တကျချိတ်ဆက်ညှိနှိုင်း၍ အုပ်စုလိုက် (Swarm) တိုက်ခိုက်နိုင်စွမ်းကို ရရှိစေမည် ဖြစ်သည်။

Hivemind ဆော့ဖ်ဝဲလ်သည် ဒရုန်းအုပ်စုများအတွက် AI လေသူရဲတစ်ဦးကဲ့သို့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး စစ်မြေပြင်ရှိ ရုတ်တရက် ပြောင်းလဲမှု များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ကာ လမ်းကြောင်းများကို အလိုလျောက်စနစ်ဖြင့် ပြင်ဆင်နိုင်သည်။ ထို့အပြင် အဆိုပါစနစ်ကြောင့် လူတစ်ဦး တည်းကပင် ရှုပ်ထွေးသောစစ်ဆင်ရေးများအတွင်း ဒရုန်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း အလွယ်တကူစောင့်ကြည့်ညွှန်ကြားနိုင်မည် ဖြစ်သည်။ 

သို့သော်လည်း အခြေခံလုပ်ငန်းစဉ်များကို AI က အလိုအလျောက် မောင်းနှင်မည်ဖြစ်သော်လည်း ပစ်မှတ်ကို အမှန်တကယ် တိုက်ခိုက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပိုင်ခွင့်နှင့် ပစ်မှတ်ပြောင်းလဲခွင့်များကိုမူ လူသားမောင်းနှင်ရေးအဖွဲ့ကသာ အပြည့်အဝ ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်သည်။ စစ်ရေးကျွမ်းကျင်သူများ၏ အဆိုအရ ထိုသို့ အလိုအလျောက် စနစ်အသုံးပြုခြင်းက ရန်သူ့ထက် ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်ပြီး ရန်သူ့လေကြောင်းရန် ကာကွယ်ရေးနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များကို ပိုမိုလွှမ်းမိုးနှောင့်ယှက်နိုင်မည်ဟု ဆိုသည်။

အမေရိကန်၏ Lucas UAV သည် ကီလိုမီတာ ၆၅၀ မှ ၈၀၀ ခန့်အထိ ပျံသန်းနိုင်ပြီး ၆ နာရီကြာ စဉ်ဆက်မပြတ်ပျံသန်းကာ အလေးချိန် ၁၈ ကီလိုဂရမ်ရှိသော လက်နက်များကို သယ်ဆောင်နိုင်သည်။ ကုန်ကျစရိတ်အနေဖြင့် တစ်စီးလျှင် ဒေါ်လာ ၃၅,၀၀၀ ခန့်သာ ရှိသောကြောင့် တူညီသောအကွာအဝေးပစ်ခတ်နိုင်သည့် ဒုံးကျည်များနှင့်နှိုင်းယှဉ်ပါက သိသိသာသာသက်သာပြီး အမြောက်အမြား အလွယ်တကူထုတ်လုပ်နိုင်သည်။ 

အဆိုပါ ဒရုန်းများကို အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်း အီရန်ရှိပစ်မှတ်များကို တိုက်ခိုက်ရာတွင် ပထမဆုံးအကြိမ် စမ်းသပ်အသုံးပြုခဲ့ပြီးဖြစ်ရာ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Brad Cooper က Lucas UAV သည် အမေရိကန်စစ်တပ်အတွက် မရှိမဖြစ်လိုအပ်သော အရေးပါသည့် လက်နက် တစ်ခုဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဂြိုဟ်တုသစ်တစ်စင်းက ကမ္ဘာပတ်လမ်းကြောင်းပေါ်၌ အအေးခံလောင်စာရည်များ သိုလှောင် ထိန်းသိမ်းမှုနှင့် လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်
ဝါရှင်တန် မေ ၂၁အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)၏ ဂြိုဟ်တုသစ်တစ်စင်းသည် ကမ္ဘာပတ်လမ်းကြောင်းပေါ်၌ အအေးခံလောင်စာရည်များသိုလှောင်ထိန်းသိမ်းမှုနှင့် လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်ဖြစ်ကြောင်း မေ ၂၀ ရက်သတင်းများအရ သိရသည်။LOXSAT အမည်ရှိ အဆိုပါ ဂြိုဟ်တုကို ယခုနှစ်ကုန်ပိုင်းတွင် Rocket Lab ကုမ္ပဏီ၏ အီလက်ထရွန်ဒုံးပျံဖြင့် လွှတ်တင်ရန် နာဆာအဖွဲ့က စီစဉ်ထားသည်။ လွှတ်တင်ပြီးချိန်တွင် LOXSAT ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းပေါ်၌ အအေးခံလောင်စာရည် သိုလှောင်ထိန်းသိမ်းမှုနည်းပညာ၊ အခြားအာကာသယာဉ်များသို့ လောင်စာရည်လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။လကမ္ဘာနှင့် အင်္ဂါဂြိုဟ် အာကာသမစ်ရှင်များကို အထောက်အကူပေးနိုင်ရေးအတွက် အထက်ပါ နည်းပညာများကို LOXSAT ဂြိုဟ်တုဖြင့် စမ်းသပ်ရန် နာဆာအဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။LOXSAT ဂြိုဟ်တုမစ်ရှင်သည် ကိုးလထိ ကြာမြင့်မည်ဖြစ်ပြီး အအေးခံလောင်စာရည်ထိန်းသိမ်းမှုပုံစံ ကိုးမျိုးကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။စမ်းသပ်မှုအောင်မြင်ခဲ့ပါက LOXSAT ကဲ့သို့ ဂြိုဟ်တုများသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အာကာသလောင်စာရည်ဖြည့်ဆည်းရေးစခန်းများ ဖြစ်လာနိုင်ကြောင်း နာဆာတာဝန်ရှိသူများက သုံးသပ်ထားသည်။ရတနာပုံ

ဝါရှင်တန် မေ ၂၁

အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)၏ ဂြိုဟ်တုသစ်တစ်စင်းသည် ကမ္ဘာပတ်လမ်းကြောင်းပေါ်၌ အအေးခံလောင်စာရည်များသိုလှောင်ထိန်းသိမ်းမှုနှင့် လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်ဖြစ်ကြောင်း မေ ၂၀ ရက်သတင်းများအရ သိရသည်။

LOXSAT အမည်ရှိ အဆိုပါ ဂြိုဟ်တုကို ယခုနှစ်ကုန်ပိုင်းတွင် Rocket Lab ကုမ္ပဏီ၏ အီလက်ထရွန်ဒုံးပျံဖြင့် လွှတ်တင်ရန် နာဆာအဖွဲ့က စီစဉ်ထားသည်။ 

လွှတ်တင်ပြီးချိန်တွင် LOXSAT ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းပေါ်၌ အအေးခံလောင်စာရည် သိုလှောင်ထိန်းသိမ်းမှုနည်းပညာ၊ အခြားအာကာသယာဉ်များသို့ လောင်စာရည်လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။

လကမ္ဘာနှင့် အင်္ဂါဂြိုဟ် အာကာသမစ်ရှင်များကို အထောက်အကူပေးနိုင်ရေးအတွက် အထက်ပါ နည်းပညာများကို LOXSAT ဂြိုဟ်တုဖြင့် စမ်းသပ်ရန် နာဆာအဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။

LOXSAT ဂြိုဟ်တုမစ်ရှင်သည် ကိုးလထိ ကြာမြင့်မည်ဖြစ်ပြီး အအေးခံလောင်စာရည်ထိန်းသိမ်းမှုပုံစံ ကိုးမျိုးကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။

စမ်းသပ်မှုအောင်မြင်ခဲ့ပါက LOXSAT ကဲ့သို့ ဂြိုဟ်တုများသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အာကာသလောင်စာရည်ဖြည့်ဆည်းရေးစခန်းများ ဖြစ်လာနိုင်ကြောင်း နာဆာတာဝန်ရှိသူများက သုံးသပ်ထားသည်။

AI ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ဂူဂဲလ်က Gemini AI အေးဂျင့်သစ် လုပ်ဆောင်ချက်များ မိတ်ဆက်
ဝါရှင်တန် မေ ၂၀ အမေရိကန် နည်းပညာကုမ္ပဏီကြီးဂူဂဲလ် က ၎င်း၏ Gemini AI အေးဂျင့်လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်ကာ သုံးစွဲသူတစ်ဦးချင်းစီထံ တိုးချဲ့ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်း AI ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာချိန်၌ ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူတိုင်းအဆင်ပြေစွာ အသုံးပြုနိုင်ရန် AI အေးဂျင့်များ၏ စွမ်းဆောင်ရည်ကို ဘေးကင်းလုံခြုံသည့် နည်းလမ်းဖြင့် သုံးစွဲသူများထံ ပို့ဆောင်ပေးနိုင်ရေးကို အထူးအာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ် ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။ Developer များအတွက် ကယ်လီဖိုးနီးယားပြည်နယ်၌ ကျင်းပပြုလုပ်သည့် နှစ်ပတ်လည် နည်းပညာမိတ်ဆက် ညီလာခံတွင် Gemini AI အေးဂျင့်၏ ပြောင်းလဲတိုးတက်မှုများကို ဂူဂဲလ် က ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ ခေတ်မီ AI အေးဂျင့်သစ်သည် လုပ်ငန်းတာဝန်အမျိုးမျိုးကို အလိုအလျောက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ AI အေးဂျင့်သစ်သည် သုံးစွဲသူ၏ ခွင့်ပြုချက်ဖြင့် အက်ပလီကေးရှင်း အများအပြားမှ အချက်အလက်များကို တစ်နေ့တာလုံး စုဆောင်းနိုင်မည်ဖြစ်ပြီး စာရွက်စာတမ်းများ ဖန်တီးခြင်းနှင့် ပေးပို့ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် Gemini သည် ကလေးများ၏ ကျောင်းများမှ နောက်ဆုံးရသတင်း အချက်အလက်များကို အလိုအလျောက် စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး အရေးကြီးသည့် အကြောင်းအရာအလိုက် သတ်မှတ်ရက်များကို ခွဲခြားထုတ်ယူကာ စုစည်းထားသော နေ့စဉ်မှတ်တမ်းများကို မိသားစုဝင်များထံ ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် AI အေးဂျင့်သစ်သည် လစဉ် ခရက်ဒစ်ကတ် ထုတ်ပြန်ချက်များကို စိစစ် ပိုင်းခြားနိုင်မည်ဖြစ်ပြီး လစဉ်ကြေး၊ နှစ်စဉ်ကြေးအသစ်များ သို့မဟုတ် လျို့ဝှက်စာရင်းသွင်း ထားသည့် ငွေကြေးစာရင်းများကိုလည်း သတိပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ လာမည့်သီတင်းပတ်မှ စတင်၍ ဂူဂဲလ်သည် ၎င်း၏အခကြေးငွေပေးသွင်း အသုံးပြုသူများအတွက် AI အေးဂျင့်သစ်ကို စတင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်သော သုံးစွဲသူများထံ တိုးချဲ့ပံ့ပိုးပေးသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် AI အေးဂျင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်၌ ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပြီး OpenAI နှင့် Anthropic တို့အပါအဝင် နည်းပညာ ကုမ္ပဏီများကလည်း အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အင်န်အိတ်ချ်ကေ

ဝါရှင်တန် မေ ၂၀

အမေရိကန် နည်းပညာကုမ္ပဏီကြီးဂူဂဲလ် က ၎င်း၏ Gemini AI အေးဂျင့်လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်ကာ သုံးစွဲသူတစ်ဦးချင်းစီထံ တိုးချဲ့ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်း AI ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာချိန်၌ ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူတိုင်းအဆင်ပြေစွာ အသုံးပြုနိုင်ရန် AI အေးဂျင့်များ၏ စွမ်းဆောင်ရည်ကို ဘေးကင်းလုံခြုံသည့် နည်းလမ်းဖြင့် သုံးစွဲသူများထံ ပို့ဆောင်ပေးနိုင်ရေးကို အထူးအာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ် ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။

Developer များအတွက် ကယ်လီဖိုးနီးယားပြည်နယ်၌ ကျင်းပပြုလုပ်သည့် နှစ်ပတ်လည် နည်းပညာမိတ်ဆက် ညီလာခံတွင် Gemini AI အေးဂျင့်၏ ပြောင်းလဲတိုးတက်မှုများကို ဂူဂဲလ် က ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ ခေတ်မီ AI အေးဂျင့်သစ်သည် လုပ်ငန်းတာဝန်အမျိုးမျိုးကို အလိုအလျောက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ ပြောကြားချက်အရ AI အေးဂျင့်သစ်သည် သုံးစွဲသူ၏ ခွင့်ပြုချက်ဖြင့် အက်ပလီကေးရှင်း အများအပြားမှ အချက်အလက်များကို တစ်နေ့တာလုံး စုဆောင်းနိုင်မည်ဖြစ်ပြီး စာရွက်စာတမ်းများ ဖန်တီးခြင်းနှင့် ပေးပို့ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ဥပမာအားဖြင့် Gemini သည် ကလေးများ၏ ကျောင်းများမှ နောက်ဆုံးရသတင်း အချက်အလက်များကို အလိုအလျောက် စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး အရေးကြီးသည့် အကြောင်းအရာအလိုက် သတ်မှတ်ရက်များကို ခွဲခြားထုတ်ယူကာ စုစည်းထားသော နေ့စဉ်မှတ်တမ်းများကို မိသားစုဝင်များထံ ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် AI အေးဂျင့်သစ်သည် လစဉ် ခရက်ဒစ်ကတ် ထုတ်ပြန်ချက်များကို စိစစ် ပိုင်းခြားနိုင်မည်ဖြစ်ပြီး လစဉ်ကြေး၊ နှစ်စဉ်ကြေးအသစ်များ သို့မဟုတ် လျို့ဝှက်စာရင်းသွင်း ထားသည့် ငွေကြေးစာရင်းများကိုလည်း သတိပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

လာမည့်သီတင်းပတ်မှ စတင်၍ ဂူဂဲလ်သည် ၎င်း၏အခကြေးငွေပေးသွင်း အသုံးပြုသူများအတွက် AI အေးဂျင့်သစ်ကို စတင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်သော သုံးစွဲသူများထံ တိုးချဲ့ပံ့ပိုးပေးသွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် AI အေးဂျင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်၌ ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိပြီး OpenAI နှင့် Anthropic တို့အပါအဝင် နည်းပညာ ကုမ္ပဏီများကလည်း အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

နာဆာ၏ ဆိုက်ခီအာကာသယာဉ်က အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းခဲ့
ဝါရှင်တန် မေ ၁၈အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)၏ ဆိုက်ခီ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော် ပျံသန်းခဲ့ကြောင်း မေ ၁၇ ရက်သတင်းများအရ သိရသည်။ဆိုက်ခီအမည်ရှိ သတ္တုဂြိုဟ်သိမ် တစ်စင်းဆီသို့ ခရီးနှင်နေသော အာကာသယာဉ်သည် ပျံသန်းရာလမ်းကြောင်းထိန်းညှိရေးအတွက် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။နာဆာ၏ သတင်းထုတ်ပြန်ချက်အရ ဆိုက်ခီအာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို ဂြိုဟ်မျက်နှာ ပြင်နှင့် မိုင်၂၈၀၀ အကွာမှတစ်နာရီလျှင် ၁၂၃၃၃ မိုင် အမြန်နှုန်းဖြင့် ဖြတ်ကျော်ပျံသန်းခဲ့ကြောင်းသိရသည်။အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းချိန်တွင် ဆိုက်ခီ အာကာသယာဉ်ပေါ်ရှိ စူးစမ်းလေ့လာရေးစနစ်များက အင်္ဂါဂြိုဟ် ဘူမိလက္ခဏာများကို လေ့လာခဲ့ကြောင်း နာဆာ တာဝန်ရှိသူများက ပြောကြားသည်။နာဆာအဖွဲ့သည် အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်ကြား ဂြိုဟ်သိမ်ခါးပတ်ကွင်းနယ်မြေအတွင်းရှိ ဆိုက်ခီသတ္တုဂြိုဟ်သိမ်ကို လေ့လာရေးအတွက် ဆိုက်ခီအာကာသယာဉ်ကို ၂၀၂၃ ခုနှစ်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။ဆိုက်ခီ အာကာသယာဉ်သည် ၂၀၂၉ ခုနှစ်တွင် ဆိုက်ခီသတ္တုဂြိုဟ်သိမ်ဆီသို့ ရောက်ရှိမည်ဖြစ်ပြီး နှစ်နှစ်ကြာ စူးစမ်းလေ့လာရေးမစ်ရှင်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။ရတနာပုံ

ဝါရှင်တန် မေ ၁၈

အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)၏ ဆိုက်ခီ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော် ပျံသန်းခဲ့ကြောင်း မေ ၁၇ ရက်သတင်းများအရ သိရသည်။

ဆိုက်ခီအမည်ရှိ သတ္တုဂြိုဟ်သိမ် တစ်စင်းဆီသို့ ခရီးနှင်နေသော အာကာသယာဉ်သည် ပျံသန်းရာလမ်းကြောင်းထိန်းညှိရေးအတွက် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာဆာ၏ သတင်းထုတ်ပြန်ချက်အရ ဆိုက်ခီအာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို ဂြိုဟ်မျက်နှာ ပြင်နှင့် မိုင်၂၈၀၀ အကွာမှတစ်နာရီလျှင် ၁၂၃၃၃ မိုင် အမြန်နှုန်းဖြင့် ဖြတ်ကျော်ပျံသန်းခဲ့ကြောင်းသိရသည်။

အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းချိန်တွင် ဆိုက်ခီ အာကာသယာဉ်ပေါ်ရှိ စူးစမ်းလေ့လာရေးစနစ်များက အင်္ဂါဂြိုဟ် ဘူမိလက္ခဏာများကို လေ့လာခဲ့ကြောင်း နာဆာ တာဝန်ရှိသူများက ပြောကြားသည်။

နာဆာအဖွဲ့သည် အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်ကြား ဂြိုဟ်သိမ်ခါးပတ်ကွင်းနယ်မြေအတွင်းရှိ ဆိုက်ခီသတ္တုဂြိုဟ်သိမ်ကို လေ့လာရေးအတွက် ဆိုက်ခီအာကာသယာဉ်ကို ၂၀၂၃ ခုနှစ်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။

ဆိုက်ခီ အာကာသယာဉ်သည် ၂၀၂၉ ခုနှစ်တွင် ဆိုက်ခီသတ္တုဂြိုဟ်သိမ်ဆီသို့ ရောက်ရှိမည်ဖြစ်ပြီး နှစ်နှစ်ကြာ စူးစမ်းလေ့လာရေးမစ်ရှင်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်က AI နှင့် အလိုအလျောက်မောင်းနှင်စနစ်သုံး ခေတ်သစ် စစ်ဆင်ရေးစီမံကိန်းကို အကောင်အထည်ဖော်မည်
ထိုင်းတော်ဝင်စစ်တပ်သည် လျင်မြန်စွာပြောင်းလဲနေသော လုံခြုံရေးနှင့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ခေတ်သစ်စစ်ပွဲများတွင် AI နှင့် အလိုအလျောက်ထိန်းချုပ်မောင်းနှင်စနစ်သုံးနည်းပညာများ (Autonomous Technologies) ကို မြှင့်တင်အသုံးပြုသွားမည့် စစ်မဟာဗျူဟာစီမံကိန်းကို ချမှတ်လိုက်သည်။ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥခရစ် ဘွန်တာနွန်ဒါ ဦးဆောင်ပါဝင်သော ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အရာရှိချုပ်များနှင့် အမျိုးသားရဲတပ်ဖွဲ့ချုပ်တို့၏ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ထိုင်းစစ်ဌာနချုပ်က ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုက်ဘာနယ်ပယ် အားလုံး အကျုံးဝင်သည့် နယ်ပယ်စုံစစ်ဆင်ရေး (All Domain Operations) ဆိုင်ရာ မျှော်မှန်းချက်ကိုချပြခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ပူးတွဲ စွမ်းဆောင်ရည်ကွပ်ကဲမှုဌာန (Joint Capabilities Command - JCC) အသစ်တစ်ခုကို တည်ထောင်ရန်စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ထိုမဟာဗျူဟာသည် စစ်ဆင်ရေးတိကျမှုကို မြှင့်တင်ရန်၊ စစ်သည်အကျအဆုံးလျှော့ချရန်နှင့် စစ်ဆင်ရေးများကို ၂၄ နာရီပတ်လုံး အဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။အဆိုပါ အလိုအလျောက်ထိန်းချုပ်မောင်းနှင်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းစစ်တပ်သည် အဆင့်သုံးဆင့်ပါဝင်သော မူဘောင်တစ်ခုကို သတ်မှတ်ထားသည်။ ပထမအဆင့်တွင် တိုက်ခိုက်ရေးဒရုန်းများနှင့် ဗုံးရှင်းလင်းရေးစက်ရုပ်များကဲ့သို့ လူသားများကသာ နောက်ဆုံးဖြတ်ချက်ချမည့် စနစ်၊ ဒုတိယအဆင့်တွင် မောင်းသူမဲ့ရေယာဉ်များနှင့် အလိုအလျောက် မောင်းနှင်သည့်ယာဉ်တန်းများကဲ့သို့ လူသားများ၏ ရံဖန်ရံခါ ကြီးကြပ်မှုဖြင့် လည်ပတ်မည့်စနစ်နှင့် တတိယအဆင့်တွင် လူသားများဝင်ရောက်ရန် မဖြစ်နိုင်သည့် အန္တရာယ်ကြီးမားသော ပတ်ဝန်းကျင်များအတွက် အလို အလျောက်ထိန်းချုပ်မောင်းနှင်သည့် ဒရုန်းအုပ်စုများ (Drone Swarms) ကဲ့သို့ အပြည့်အဝ ကိုယ်ပိုင်ထိန်းချုပ်မောင်းနှင်စနစ်များ ဖြစ်သည်။ လက်ရှိတွင် JCC မူဘောင်အောက်၌ ပူးတွဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်များနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကို တည်ထောင်ထားပြီးဖြစ်သည့်အပြင် AI အခြေပြု ဆိုက်ဘာခြိမ်းခြောက်မှုရှာဖွေရေးစနစ်များနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးဒရုန်းများကိုလည်း စတင်လက်တွေ့ အသုံးချနေပြီ ဖြစ်သည်။ ထို့အပြင် ကာကွယ်ရေးနည်းပညာတွင် ရေရှည်ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေးအတွက် ပြည်တွင်းကာကွယ်ရေးစက်မှုကဏ္ဍ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ မဟီဒေါတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ်ကဲ့သို့သော ထိပ်တန်းတက္ကသိုလ်များနှင့်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ကိုးကား- Bangkok Postဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ထိုင်းတော်ဝင်စစ်တပ်သည် လျင်မြန်စွာပြောင်းလဲနေသော လုံခြုံရေးနှင့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ခေတ်သစ်စစ်ပွဲများတွင် AI နှင့် အလိုအလျောက်ထိန်းချုပ်မောင်းနှင်စနစ်သုံးနည်းပညာများ (Autonomous Technologies) ကို မြှင့်တင်အသုံးပြုသွားမည့် စစ်မဟာဗျူဟာစီမံကိန်းကို ချမှတ်လိုက်သည်။ 

စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥခရစ် ဘွန်တာနွန်ဒါ ဦးဆောင်ပါဝင်သော ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အရာရှိချုပ်များနှင့် အမျိုးသားရဲတပ်ဖွဲ့ချုပ်တို့၏ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ထိုင်းစစ်ဌာနချုပ်က ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုက်ဘာနယ်ပယ် အားလုံး အကျုံးဝင်သည့် နယ်ပယ်စုံစစ်ဆင်ရေး (All Domain Operations) ဆိုင်ရာ မျှော်မှန်းချက်ကိုချပြခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ပူးတွဲ စွမ်းဆောင်ရည်ကွပ်ကဲမှုဌာန (Joint Capabilities Command - JCC) အသစ်တစ်ခုကို တည်ထောင်ရန်စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုမဟာဗျူဟာသည် စစ်ဆင်ရေးတိကျမှုကို မြှင့်တင်ရန်၊ စစ်သည်အကျအဆုံးလျှော့ချရန်နှင့် စစ်ဆင်ရေးများကို ၂၄ နာရီပတ်လုံး အဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အဆိုပါ အလိုအလျောက်ထိန်းချုပ်မောင်းနှင်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းစစ်တပ်သည် အဆင့်သုံးဆင့်ပါဝင်သော မူဘောင်တစ်ခုကို သတ်မှတ်ထားသည်။ ပထမအဆင့်တွင် တိုက်ခိုက်ရေးဒရုန်းများနှင့် ဗုံးရှင်းလင်းရေးစက်ရုပ်များကဲ့သို့ လူသားများကသာ နောက်ဆုံးဖြတ်ချက်ချမည့် စနစ်၊ ဒုတိယအဆင့်တွင် မောင်းသူမဲ့ရေယာဉ်များနှင့် အလိုအလျောက် မောင်းနှင်သည့်ယာဉ်တန်းများကဲ့သို့ လူသားများ၏ ရံဖန်ရံခါ ကြီးကြပ်မှုဖြင့် လည်ပတ်မည့်စနစ်နှင့် တတိယအဆင့်တွင် လူသားများဝင်ရောက်ရန် မဖြစ်နိုင်သည့် အန္တရာယ်ကြီးမားသော ပတ်ဝန်းကျင်များအတွက် အလို အလျောက်ထိန်းချုပ်မောင်းနှင်သည့် ဒရုန်းအုပ်စုများ (Drone Swarms) ကဲ့သို့ အပြည့်အဝ ကိုယ်ပိုင်ထိန်းချုပ်မောင်းနှင်စနစ်များ ဖြစ်သည်။ 

လက်ရှိတွင် JCC မူဘောင်အောက်၌ ပူးတွဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်များနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကို တည်ထောင်ထားပြီးဖြစ်သည့်အပြင် AI အခြေပြု ဆိုက်ဘာခြိမ်းခြောက်မှုရှာဖွေရေးစနစ်များနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးဒရုန်းများကိုလည်း စတင်လက်တွေ့ အသုံးချနေပြီ ဖြစ်သည်။ 

ထို့အပြင် ကာကွယ်ရေးနည်းပညာတွင် ရေရှည်ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေးအတွက် ပြည်တွင်းကာကွယ်ရေးစက်မှုကဏ္ဍ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ မဟီဒေါတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ်ကဲ့သို့သော ထိပ်တန်းတက္ကသိုလ်များနှင့်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post

စပေ့အိတ်ကုမ္ပဏီက ဒရာဂွန်အာကာသကုန်တင်ယာဉ် လွှတ်တင်မည့်အစီအစဉ်ကို ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရ
ဝါရှင်တန် မေ ၁၄အမေရိကန်နိုင်ငံ အခြေစိုက် စပေ့အိတ်ကုမ္ပဏီသည် ဒရာဂွန် အာကာသကုန်တင်ယာဉ် လွှတ်တင်မည့်အစီအစဉ်ကို ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရကြောင်း မေ ၁၃ ရက် သတင်းများအရ သိရသည်။စပေ့အိတ်ကုမ္ပဏီသည် မူလက ဒရာဂွန် အာကာသကုန်တင်ယာဉ်ကို ဖလော်ရီဒါပြည်နယ် ကိပ်ကာနေဗာရယ် အာကာသစခန်းမှတစ်ဆင့် မေ ၁၃ ရက်တွင် ဖယ်လ်ကွန်- ၉ ဒုံးပျံဖြင့် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။သို့ရာတွင် ကိပ်ကာနေဗာရယ် အာကာသစခန်းနယ်မြေ၏ ရာသီဥတုအခြေအနေကြောင့် ဒရာဂွန် အာကာသကုန်တင်ယာဉ် လွှတ်တင်ရေးအစီအစဉ်ကို ဖျက်သိမ်းထားရကြောင်း စပေ့အိတ်ကုမ္ပဏီ က သတင်းထုတ်ပြန်ထားသည်။စပေ့အိတ်ကုမ္ပဏီသည် ဒရာဂွန်အာကာသ ကုန်တင်ယာဉ်ကို လွှတ်တင်ရေးအတွက် မေ ၁၅ ရက်တွင် ထပ်မံကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။ဒရာဂွန် အာကာသကုန်တင်ယာဉ်သည် နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများအတွက် စားနပ်ရိက္ခာနှင့် သိပ္ပံပညာစမ်းသပ်ပစ္စည်း စုစုပေါင်း ကုန်စည်အလေးချိန် ပေါင် ၆၅၀၀ ခန့် သယ်ဆောင်ထားကြောင်း သိရသည်။အဆိုပါ အာကာသကုန်တင်ယာဉ်သည် နာဆာနှင့်ရယူထားသည့် သဘောတူညီချက်အရ စပေ့အိတ်ကုမ္ပဏီက လွှတ်တင်ပေးမည့် ၃၄ ကြိမ်မြောက် နိုင်ငံတကာ အာကာသစခန်း ထောက်ပို့မစ်ရှင်ဖြစ်ကြောင်း သိရသည်။ရတနာပုံ

ဝါရှင်တန် မေ ၁၄

အမေရိကန်နိုင်ငံ အခြေစိုက် စပေ့အိတ်ကုမ္ပဏီသည် ဒရာဂွန် အာကာသကုန်တင်ယာဉ် လွှတ်တင်မည့်အစီအစဉ်ကို ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရကြောင်း မေ ၁၃ ရက် သတင်းများအရ သိရသည်။

စပေ့အိတ်ကုမ္ပဏီသည် မူလက ဒရာဂွန် အာကာသကုန်တင်ယာဉ်ကို ဖလော်ရီဒါပြည်နယ် ကိပ်ကာနေဗာရယ် အာကာသစခန်းမှတစ်ဆင့် မေ ၁၃ ရက်တွင် ဖယ်လ်ကွန်- ၉ ဒုံးပျံဖြင့် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

သို့ရာတွင် ကိပ်ကာနေဗာရယ် အာကာသစခန်းနယ်မြေ၏ ရာသီဥတုအခြေအနေကြောင့် ဒရာဂွန် အာကာသကုန်တင်ယာဉ် လွှတ်တင်ရေးအစီအစဉ်ကို ဖျက်သိမ်းထားရကြောင်း စပေ့အိတ်ကုမ္ပဏီ က သတင်းထုတ်ပြန်ထားသည်။

စပေ့အိတ်ကုမ္ပဏီသည် ဒရာဂွန်အာကာသ ကုန်တင်ယာဉ်ကို လွှတ်တင်ရေးအတွက် မေ ၁၅ ရက်တွင် ထပ်မံကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။

ဒရာဂွန် အာကာသကုန်တင်ယာဉ်သည် နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများအတွက် စားနပ်ရိက္ခာနှင့် သိပ္ပံပညာစမ်းသပ်ပစ္စည်း စုစုပေါင်း ကုန်စည်အလေးချိန် ပေါင် ၆၅၀၀ ခန့် သယ်ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အာကာသကုန်တင်ယာဉ်သည် နာဆာနှင့်ရယူထားသည့် သဘောတူညီချက်အရ စပေ့အိတ်ကုမ္ပဏီက လွှတ်တင်ပေးမည့် ၃၄ ကြိမ်မြောက် နိုင်ငံတကာ အာကာသစခန်း ထောက်ပို့မစ်ရှင်ဖြစ်ကြောင်း သိရသည်။

AI နှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား တူညီသော ဘုံသဘောထားဖြစ်ပေါ်
သမ္မတထရမ့်၏ ပေကျင်းခရီးစဉ်အတွင်း ထွက်ပေါ်လာသည့် ထူးခြားသောဆွေးနွေးမှုများအနက်တစ်ခုမှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အသာစီးရရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသော်လည်း ဉာဏ်ရည်တု (AI) နည်းပညာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာပင် ဖြစ်သည်။နှစ်နိုင်ငံစလုံးသည် နည်းပညာဆန်းသစ်တီထွင်မှုကို အဟန့်အတားမဖြစ်စေဘဲ AI တိုးတက်လာမှုအပေါ် မည်ကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များ (Guardrails) ချမှတ်နိုင်မည့်အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ကြာသပတေးနေ့ (မေ ၁၄) တွင် ပြောကြားခဲ့သည်။အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှုကြောင့် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပြီး မြေရှားသတ္တုများနှင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကဲ့သို့သော အရေးပါသည့် ကုန်ကြမ်းနှင့်အစိတ်အပိုင်းများ တစ်ဖက်နိုင်ငံသို့မရောက်ရှိစေရန် ပိတ်ပင်တားဆီးမှုများ ဖြစ်ပေါ်လာခဲ့သည်။AI နည်းပညာ ပိုမိုဆန်းပြားလာသည်နှင့်အမျှ ယင်း၏ သက်ရောက်မှုအပေါ် စိုးရိမ်ပူပန်မှုများက အစိုးရများနှင့် စားသုံးသူများကို မည်သို့ကာကွယ်ရမည်ဆိုသည့်အချက်အပေါ် ကမ္ဘာလုံးဆိုင်ရာဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးအချို့က AI ကြောင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာမှု၏ အကျိုးဆက်အဖြစ် ဝန်ထမ်းအင်အားလျှော့ချမှုများရှိနေသကဲ့သို့ တရုတ်နိုင်ငံရှိ အချို့သောတရားရုံး များကလည်း ကုမ္ပဏီများအနေဖြင့် လူသားဝန်ထမ်းများနေရာတွင် AI နှင့် လုံးဝအစားထိုးခြင်းမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ချက်များ ချမှတ် ထားကြသည်။သို့သော်လည်း နည်းပညာလက်နက်ပြိုင်ပွဲတွင် အသာစီးရလိုသည့် နှစ်နိုင်ငံလုံး၏ ဆန္ဒကြောင့် ပူးပေါင်းဆောင်ရွက်ရေးကြိုးပမ်းမှုများမှာ အဟန့်အတားဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။သမ္မတ ထရမ့်နှင့်ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီ သီတင်းပတ်အနည်းငယ်က အိမ်ဖြူတော် သိပ္ပံနှင့် နည်းပညာမူဝါဒဆိုင်ရာရုံး ညွှန်ကြားရေးမှူး Michael Kratsios က တရုတ်အဖွဲ့အစည်းများသည် အမေရိကန်၏ AI နည်းပညာများကို ခိုးယူနေကြောင်း အတွင်းရေးတင်ပြချက်တစ်ခုတွင် ရေးသားခဲ့သည်။"အကယ်၍ AI ကို နည်းပညာပြိုင်ဆိုင်မှုရှုထောင့်တစ်ခုတည်းကနေ ကြည့်မယ်ဆိုရင် အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်လို့ရသေးတဲ့ တကယ်လည်း အရေးတကြီးလိုအပ်နေတဲ့ ရှားရှားပါးပါး နယ်ပယ်တစ်ခုကို နှစ်နိုင်ငံလုံးလက်လွှတ်ရပါလိမ့်မယ်" ဟု တီရှန်ဟွာ တက္ကသိုလ်၊ နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာစင်တာမှ ဒုတိယညွှန်ကြားရေးမှူး Xiao Qian က ရေးသားဖော်ပြခဲ့သည်။ကိုးကား- CNNPhoto: The Starဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

သမ္မတထရမ့်၏ ပေကျင်းခရီးစဉ်အတွင်း ထွက်ပေါ်လာသည့် ထူးခြားသောဆွေးနွေးမှုများအနက်တစ်ခုမှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အသာစီးရရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသော်လည်း ဉာဏ်ရည်တု (AI) နည်းပညာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာပင် ဖြစ်သည်။

နှစ်နိုင်ငံစလုံးသည် နည်းပညာဆန်းသစ်တီထွင်မှုကို အဟန့်အတားမဖြစ်စေဘဲ AI တိုးတက်လာမှုအပေါ် မည်ကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များ (Guardrails) ချမှတ်နိုင်မည့်အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ကြာသပတေးနေ့ (မေ ၁၄) တွင် ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှုကြောင့် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပြီး မြေရှားသတ္တုများနှင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကဲ့သို့သော အရေးပါသည့် ကုန်ကြမ်းနှင့်အစိတ်အပိုင်းများ တစ်ဖက်နိုင်ငံသို့မရောက်ရှိစေရန် ပိတ်ပင်တားဆီးမှုများ ဖြစ်ပေါ်လာခဲ့သည်။

AI နည်းပညာ ပိုမိုဆန်းပြားလာသည်နှင့်အမျှ ယင်း၏ သက်ရောက်မှုအပေါ် စိုးရိမ်ပူပန်မှုများက အစိုးရများနှင့် စားသုံးသူများကို မည်သို့ကာကွယ်ရမည်ဆိုသည့်အချက်အပေါ် ကမ္ဘာလုံးဆိုင်ရာဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးအချို့က AI ကြောင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာမှု၏ အကျိုးဆက်အဖြစ် ဝန်ထမ်းအင်အားလျှော့ချမှုများရှိနေသကဲ့သို့ တရုတ်နိုင်ငံရှိ အချို့သောတရားရုံး များကလည်း ကုမ္ပဏီများအနေဖြင့် လူသားဝန်ထမ်းများနေရာတွင် AI နှင့် လုံးဝအစားထိုးခြင်းမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ချက်များ ချမှတ် ထားကြသည်။

သို့သော်လည်း နည်းပညာလက်နက်ပြိုင်ပွဲတွင် အသာစီးရလိုသည့် နှစ်နိုင်ငံလုံး၏ ဆန္ဒကြောင့် ပူးပေါင်းဆောင်ရွက်ရေးကြိုးပမ်းမှုများမှာ အဟန့်အတားဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။

သမ္မတ ထရမ့်နှင့်ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီ သီတင်းပတ်အနည်းငယ်က အိမ်ဖြူတော် သိပ္ပံနှင့် နည်းပညာမူဝါဒဆိုင်ရာရုံး ညွှန်ကြားရေးမှူး Michael Kratsios က တရုတ်အဖွဲ့အစည်းများသည် အမေရိကန်၏ AI နည်းပညာများကို ခိုးယူနေကြောင်း အတွင်းရေးတင်ပြချက်တစ်ခုတွင် ရေးသားခဲ့သည်။

"အကယ်၍ AI ကို နည်းပညာပြိုင်ဆိုင်မှုရှုထောင့်တစ်ခုတည်းကနေ ကြည့်မယ်ဆိုရင် အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်လို့ရသေးတဲ့ တကယ်လည်း အရေးတကြီးလိုအပ်နေတဲ့ ရှားရှားပါးပါး နယ်ပယ်တစ်ခုကို နှစ်နိုင်ငံလုံးလက်လွှတ်ရပါလိမ့်မယ်" ဟု တီရှန်ဟွာ တက္ကသိုလ်၊ နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာစင်တာမှ ဒုတိယညွှန်ကြားရေးမှူး Xiao Qian က ရေးသားဖော်ပြခဲ့သည်။

ကိုးကား- CNN

Photo: The Star

ရုရှားက ကမ္ဘာ့အင်အားအပြင်းဆုံး ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်
ရုရှားနိုင်ငံသည် ၎င်း၏ နျူကလီးယားအင်အားစုများကို ခေတ်မီစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကမ္ဘာ့အင်အားအပြင်းဆုံးဟု သတ်မှတ်ထားသည့် Sarmat တိုက်ချင်းပစ် အမြင့်ပျံဒုံးကျည်အသစ်ကို မေလ ၁၂ ရက်တွင် စမ်းသပ်ပစ်ခတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် နီးကပ်နေပြီဟု ပူတင်က ပြောကြားပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စမ်းသပ်မှုပြုလုပ်ခြင်းဖြစ်သည်။ ဆိုဗီယက်ခေတ်ထုတ် Voyevoda ဒုံးကျည်များနေရာတွင် အစားထိုးရန် ထုတ်လုပ်ထားသည့် နျူကလီးယားထိပ်ဖူးတပ် Sarmat ဒုံးကျည်များသည် ယခုနှစ်ကုန်တွင် စစ်ဆင်ရေးတာဝန်များ စတင်ထမ်းဆောင်မည်ဖြစ်သည်။ထိုဒုံးကျည်သည် အနောက်အုပ်စုရှိ ဒုံးကျည်များထက် လေးဆကျော် ပိုမိုပြင်းထန်ကြောင်း ပူတင်က ပြောသည်။ အကွာအဝေး ကီလိုမီတာ ၃၅,၀၀၀ ကျော်အထိ ပစ်ခတ်နိုင်ပြီး မည်သည့်ဒုံးခွင်းဒုံးစနစ်ကိုမဆို ဖောက်ထွင်းနိုင်စွမ်းရှိသည့် Sarmat ဒုံးကျည်သည် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်များကို အသုံးမဝင်အောင် ပြုလုပ်နိုင်မည်ဟု ရုရှားကဆိုသည်။ထို့ပြင် ရုရှားနိုင်ငံသည် အသံထက် ၂၇ ဆ မြန်သည့် Avangard ဒုံးကျည်နှင့် ဥရောပရှိ မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင် ပစ်ခတ်နိုင်သည့် Oreshnik ဒုံးကျည်များကိုလည်း အဆင့်မြှင့်တင် အသုံးပြုလျက်ရှိကြောင်း သိရသည်။Ref: RTMWD

ရုရှားနိုင်ငံသည် ၎င်း၏ နျူကလီးယားအင်အားစုများကို ခေတ်မီစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကမ္ဘာ့အင်အားအပြင်းဆုံးဟု သတ်မှတ်ထားသည့် Sarmat တိုက်ချင်းပစ် အမြင့်ပျံဒုံးကျည်အသစ်ကို မေလ ၁၂ ရက်တွင် စမ်းသပ်ပစ်ခတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် နီးကပ်နေပြီဟု ပူတင်က ပြောကြားပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စမ်းသပ်မှုပြုလုပ်ခြင်းဖြစ်သည်။ ဆိုဗီယက်ခေတ်ထုတ် Voyevoda ဒုံးကျည်များနေရာတွင် အစားထိုးရန် ထုတ်လုပ်ထားသည့် နျူကလီးယားထိပ်ဖူးတပ် Sarmat ဒုံးကျည်များသည် ယခုနှစ်ကုန်တွင် စစ်ဆင်ရေးတာဝန်များ စတင်ထမ်းဆောင်မည်ဖြစ်သည်။

ထိုဒုံးကျည်သည် အနောက်အုပ်စုရှိ ဒုံးကျည်များထက် လေးဆကျော် ပိုမိုပြင်းထန်ကြောင်း ပူတင်က ပြောသည်။ အကွာအဝေး ကီလိုမီတာ ၃၅,၀၀၀ ကျော်အထိ ပစ်ခတ်နိုင်ပြီး မည်သည့်ဒုံးခွင်းဒုံးစနစ်ကိုမဆို ဖောက်ထွင်းနိုင်စွမ်းရှိသည့် Sarmat ဒုံးကျည်သည် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်များကို အသုံးမဝင်အောင် ပြုလုပ်နိုင်မည်ဟု ရုရှားကဆိုသည်။

ထို့ပြင် ရုရှားနိုင်ငံသည် အသံထက် ၂၇ ဆ မြန်သည့် Avangard ဒုံးကျည်နှင့် ဥရောပရှိ မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင် ပစ်ခတ်နိုင်သည့် Oreshnik ဒုံးကျည်များကိုလည်း အဆင့်မြှင့်တင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

Ref: RT