မြန်မာ U - 22 အမျိုးသားဘောလုံးအသင်း (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ရှိ

News Image

  • မြန်မာ U - 22 အမျိုးသားဘောလုံးအသင်း  (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ရှိ

 

ရန်ကုန်  နိုဝင်ဘာ   ၃၀

မြန်မာU - 22 အမျိုးသားဘောလုံးအသင်းသည် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန်   ယနေ့တွင်  ရန်ကုန်မြို့မှ ထွက်ခွာရာ နေ့လယ်ပိုင်းတွင်  ထိုင်းနိုင်ငံ  ချင်းမိုင်မြို့သို့ ရောက်ရှိသည်။

မြန်မာU - 22 အသင်းတွင်    အုပ်ချုပ်သူအဖြစ်   ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ်  ကူရိုဆာကီ(ဂျပန်)၊ အားကစားသမားများအဖြစ် ဂိုးသမား-ဟိန်းထက်စိုး၊ အောင်ပြည့်ဖြိုး(ဒဂုံစတားယူနိုက်တက်)၊ ခန့်မင်းသန့် (ရခိုင်ယူနိုက်တက်) ၊ နောက်တန်း- ဖြိုးပြည့်စုံ၊ ရှမွေလငိုင်းကီး (ရတနာပုံ)၊ မြတ်ဘုန်းခန့် (သစ္စာအားမာန်)၊ လာဘ်ဝေဘုန်း၊ ကောင်းထက်ပိုင် (ရန်ကုန်ယူနိုက်တက်)၊ ထူးဝေယံ (မဟာယူနိုက်တက်)၊ မာတီးနို (အား/ကာသိပ္ပံ)၊ အလယ်တန်း- စခန့်ချော၊ ရဲရင့်ဖြိုး၊ မိုးဆွေ၊ အောင်သီဟ၊ စွမ်းထက် (ဒဂုံစတားယူနိုက်တက်)၊ အာကာကျော်၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ ရှိုင်းဝဏ္ဏအောင်၊ မင်းမော်ဦး(သစ္စာအားမာန်)၊ ရှေ့တန်း- သန်းတိုးအောင်(ဟံသာဝတီယူနိုက်တက်)၊ စောမျိုးဇော် (သစ္စာအားမာန်)၊ သူရိန်ထွန်း(လက်ရှိအသင်းမရှိသေး)တို့ ပါ၀င်ကြသည်။

မြန်မာအသင်းသည် အုပ်စု(C)တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု(C)ပွဲစဉ်များကို ချင်းမိုင်မြို့ရှိ နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်ကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာလ ၅ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာလ ၁၂ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။

MWD