ချယ်လ်ဆီးအသင်းကို အနိုင်ရရှိပြီး ဆန်းဒါးလန်းအသင်း နှစ်ပေါင်း ၅၃ နှစ်အတွင်း ဥရောပအဆင့် ပြိုင်ပွဲဝင်ခွင့်ရရှိ

News Image

  • ချယ်လ်ဆီးအသင်းကို အနိုင်ရရှိပြီး ဆန်းဒါးလန်းအသင်း နှစ်ပေါင်း ၅၃ နှစ်အတွင်း ဥရောပအဆင့် ပြိုင်ပွဲဝင်ခွင့်ရရှိ

လန်ဒန်    မေ   ၂၅

     ဆန်းဒါးလန်းအသင်းသည်    ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ချယ်လ်ဆီး အသင်းကိုအနိုင်ရရှိပြီးနောက် နှစ်ပေါင်း  ၅၃   နှစ် အတွင်း   ဥရောပအဆင့်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

ဆန်းဒါးလန်းအသင်းသည်  နောက်ဆုံးပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့်  အနိုင်ရရှိပြီး နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၇)နေရာ၌ ရပ်တည်နိုင်သည့်အတွက် လာမည့်ဘောလုံး ရာသီတွင် ဥရောပအဆင့်ပြိုင်ပွဲဖြစ်သည့်  ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိမည်ဖြစ်သည်။

ဆန်းဒါးလန်းအသင်းသည် ယခုဘောလုံးရာသီတွင် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ  ပရီးမီးယားလိဂ်ပြိုင်ပွဲ သို့တန်းတက်လာနိုင်ပြီးနောက်  ယခုဘောလုံးရာသီ တွင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ကာ   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဘောလုံးတစ်ရာသီသာ ကစားပြီး   နှစ်ပေါင်းအတန်ကြာ ဝေးကွာနေသည့် ဥရောပအဆင့်ပြိုင်ပွဲဖြစ်သည့်   ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

‌ဆန်းဒါးလန်းအသင်းသည်  ၁၉၇၃ ခုနှစ်က  ယူရိုပါလိဂ်ပြိုင်ပွဲ ကစားခွင့်ရရှိခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ကစားခွင့်မရရှိဘဲ ယခုဘောလုံးရာသီမှသာ  ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

ဆန်းဒါးလန်းအသင်းကို   ရှုံးနိမ့်ခဲ့သည့်  ချယ်လ်ဆီး အသင်းသည်  အမှတ်ပေးဇယား  အဆင့်(၁၀)နေရာ၌သာ ရပ်တည်နိုင်သည့်အတွက် လာမည့်ဘောလုံး ရာသီတွင်  ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့ကြောင်း  သိရသည်။ 

MWD