အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်း စတင်လက်ခံ ဆောင်ရွက်
မန္တလေး မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ မေလ ၂၅ ရက်မှ ၃၁ ရက်အထိ အခြေခံပညာစာသင်ကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ် သတ်မှတ်ပြီး တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းများကို စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာ မူလတန်းလွန်ကျောင်းတို့၌ ကျောင်းသား၊ကျောင်းသူများအား မိဘ/အုပ်ထိန်းသူများမှ လာရောက် ကျောင်းအပ်နှံနေမှုကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး စာသင်ခန်းသုံးပစ္စည်းများနှင့် အထွေထွေသုံးပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
MWD

,