၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
မကွေး မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့နှင့် မြို့တော်ခန်းမတို့၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်ကြမယ်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade-7 ကျောင်းသား မောင်လွင်သန့်ထူးအောင်နှင့် တယောအဖွဲ့က တိမ်တမန်၊အလှကမ္ဘာမြေနှင့် မြန်မာ့ကျောင်းတေးသီချင်း များအား တယောဖြင့်ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့သော သင်ထောက်ကူပစ္စည်းနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
MWD

,