သတင်းများ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်နှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်
၁။ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁၃ ရက်နေ့မှ နှောင်းကဆုန်လဆန်း ၁ ရက်နေ့သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန် အခါတော် ဖြစ်ပါသည်။၂။ ဤအခါသမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ရှင်ပြုရဟန်းခံအလှူမင်္ဂလာများ ကျင်းပခြင်းနှင့် တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်း စသောမင်္ဂလာအမှုတို့ကို ပြုမြဲဖြစ်ပါသည်။၃။ ထို့အပြင် နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါးတို့၌ အညစ်အကြေးများရှိခဲ့ပါက ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်လင်သန့်ရှင်းမွှေးပျံ့သင်းသည့် နံ့သာရည်များကို သပြေခက်ဖြင့် ပက်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်းရှိပါသည်။၄။ သို့သော် လူငယ်တို့သဘာဝအပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရဖြစ်စေခြင်း၊ တစ်ဖက် သား မခံမရပ်နိုင်သည်အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ်ကျရောက်ခြင်း စသည့်အမင်္ဂလာများလည်း သက်ရောက် တတ်ပါသည်။၅။ ထို့ကြောင့် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို အောက်ပါရည်ရွယ်ချက်များနှင့်အညီ ကျင်းပသွားရန် ဖြစ်ပါသည်-(က) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊(ခ) ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊(ဂ) ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန်၊(ဃ) မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်။၆။ သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သောရည်ရွယ်ချက်များကို ထိန်းသိမ်းသောအားဖြင့် အောက်ပါတို့ကို ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်-(က) မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြပါရန်၊(ခ) ဘာသာတရား၏ အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြပါရန်၊(ဂ) သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေ မည့်ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ ရှောင်ကြဉ်ကြပါရန်၊(ဃ) သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြုအမူများ ရှောင်ကြဉ်ကြပါရန်၊(င) မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက် ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုးဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်၊(စ) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန် များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်။MOI

၁။      မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁၃ ရက်နေ့မှ နှောင်းကဆုန်လဆန်း ၁ ရက်နေ့သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန် အခါတော် ဖြစ်ပါသည်။

၂။       ဤအခါသမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ရှင်ပြုရဟန်းခံအလှူမင်္ဂလာများ ကျင်းပခြင်းနှင့် တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်း စသောမင်္ဂလာအမှုတို့ကို ပြုမြဲဖြစ်ပါသည်။

၃။      ထို့အပြင် နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါးတို့၌ အညစ်အကြေးများရှိခဲ့ပါက ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်လင်သန့်ရှင်းမွှေးပျံ့သင်းသည့် နံ့သာရည်များကို သပြေခက်ဖြင့် ပက်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်းရှိပါသည်။

၄။      သို့သော် လူငယ်တို့သဘာဝအပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရဖြစ်စေခြင်း၊ တစ်ဖက် သား မခံမရပ်နိုင်သည်အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ်ကျရောက်ခြင်း စသည့်အမင်္ဂလာများလည်း သက်ရောက် တတ်ပါသည်။

၅။      ထို့ကြောင့် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို အောက်ပါရည်ရွယ်ချက်များနှင့်အညီ ကျင်းပသွားရန် ဖြစ်ပါသည်-

(က)    မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊

(ခ)     ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊

(ဂ)     ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန်၊

(ဃ)    မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်။

၆။      သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သောရည်ရွယ်ချက်များကို ထိန်းသိမ်းသောအားဖြင့် အောက်ပါတို့ကို ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်-

(က)    မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြပါရန်၊

(ခ)     ဘာသာတရား၏ အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြပါရန်၊

(ဂ)     သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေ မည့်ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ ရှောင်ကြဉ်ကြပါရန်၊

(ဃ)    သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြုအမူများ ရှောင်ကြဉ်ကြပါရန်၊

(င)     မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက် ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုးဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်၊

(စ)     မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန် များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်။

MOI

ကျောက်ဆည်မြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
မန္တလေး ဧပြီ ၁၀မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းအုပ်စု၊ အရှေ့ အေးမြ သာစည် ရပ်ကွက်၌ ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အပူဒဏ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဇာဇာစိမ်း ကအပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး တတ်နိုင်သမျှ အရိပ်ရ၍ အေးမြသောနေရာတွင် နေထိုင်ရန်၊ ခန္ဓာကိုယ်အား နေရောင်ခြည်နဲ့ တိုက်ရိုက်မထိ‌တွေ့စေရန်၊ အရောင်ဖျော့သည့် ချည်ထည်များကို ဝတ်ဆင်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ထီး၊ ဦးထုပ်တို့ကို ဆောင်းရန်၊ ရေများများ သောက်ရန်နှင့် အပူဒဏ်ကြောင့် ဖြစ်တတ်သောရောဂါများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကို ရှောင်ကျဉ်ရန်၊ အရက်သေစာ သောက်သုံးခြင်းသည် အပူဒဏ်ကို ပိုမိုခံစားရသည့်အတွက် ရှောင်ကျဉ်ကြရန် စသည့် အပူဒဏ် ကာကွယ်ရေး အကြောင်းများ ဟောပြောခဲ့ကြောင်း သိရသည်။ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်သူများက သိရှိလိုသည်များကိုပြန်လည် မေးမြန်း ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ဆားထုပ်များနှင့် သက်ကြီးရွယ်အိုများအတွက် အားတိုးဆေးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက အချိုရည်ဗူးများ ဝေငှခဲ့ကြောင်း သိရသည်။ သက်မောင်(ကျောက်ဆည်)

မန္တလေး  ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းအုပ်စု၊ အရှေ့ အေးမြ သာစည် ရပ်ကွက်၌ ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အပူဒဏ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဇာဇာစိမ်း ကအပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး တတ်နိုင်သမျှ အရိပ်ရ၍ အေးမြသောနေရာတွင် နေထိုင်ရန်၊ ခန္ဓာကိုယ်အား နေရောင်ခြည်နဲ့ တိုက်ရိုက်မထိ‌တွေ့စေရန်၊ အရောင်ဖျော့သည့် ချည်ထည်များကို ဝတ်ဆင်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ထီး၊ ဦးထုပ်တို့ကို ဆောင်းရန်၊ ရေများများ သောက်ရန်နှင့် အပူဒဏ်ကြောင့် ဖြစ်တတ်သောရောဂါများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကို ရှောင်ကျဉ်ရန်၊ အရက်သေစာ သောက်သုံးခြင်းသည် အပူဒဏ်ကို ပိုမိုခံစားရသည့်အတွက် ရှောင်ကျဉ်ကြရန် စသည့် အပူဒဏ် ကာကွယ်ရေး အကြောင်းများ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်သူများက သိရှိလိုသည်များကိုပြန်လည် မေးမြန်း ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ဆားထုပ်များနှင့် သက်ကြီးရွယ်အိုများအတွက် အားတိုးဆေးများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်နှင်းယုသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက အချိုရည်ဗူးများ ဝေငှခဲ့ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက် ပြန့်ပွား လျက်ရှိပြီး ၂၄ နာရီအတွင်း သံသယလူနာ ၁,၀၀၀ ကျော် ရှိကြောင်း အစိုးရထုတ်ပြန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတွင် ၂၄ နာရီအတွင်း ဝက်သက်ရောဂါ သံသယရှိသူပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် နိုင်ငံအတွင်း အကြီးအကျယ် ကူးစက်ပြန့်ပွားနေသည့် ဝက်သက်ရောဂါကို အရှိန်အဟုန်မြှင့် တိုက်ဖျက်နေရသည်။အင်္ဂါနေ့ (ဧပြီ ၇) နံနက် ၈ နာရီမှ ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) နံနက် ၈ နာရီအထိ ကာလအတွင်း ဝက်သက်ရောဂါ သံသယရှိသူ ၁,၂၄၈ ဦးနှင့် အတည်ပြု လူနာ ၁၈၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားမှုဦးစီးဌာန (DGHS) က ပြောကြားသည်ဟု Dhaka Tribune သတင်းစာတွင် ဖော်ပြထားသည်။အဆိုပါကာလအတွင်း သေဆုံးသူ ၁၀ ဦးရှိပြီး ၎င်းတို့အနက် ၆ ဦးမှာ သံသယလူနာ ၅၀၅ ဦးဖြင့် ကူးစက်မှုအများဆုံးဖြစ်နေသည့် မြို့တော် ဒါကာမှ ဖြစ်သည်။ မတ်လ ၁၅ ရက်မှ ဧပြီလ ၈ ရက်အတွင်း တစ်နိုင်ငံ လုံးတွင် ဝက်သက်ရောဂါ သံသယရှိသူ ၁၁,၁၃၃ ဦးနှင့် အတည်ပြုလူနာ ၁,၅၉၉ ဦးရှိကြောင်း DGHS က အစီရင်ခံထားသည်။ ယခုအချက်အလက်များသည် အစိုးရဆေးရုံများတွင် မှတ်တမ်းတင်ထားသည့် ကိန်းဂဏန်းများသာဖြစ်ပြီး အမှန်တကယ် ကူးစက်ခံရသူအရေအတွက်မှာ ယခုထက်များစွာပိုမိုမြင့်မားနိုင်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။ယခုအခါ အဆိုပါ တောင်အာရှနိုင်ငံတစ်ဝှမ်းတွင် ကူးစက်မှု၊ သေဆုံးမှုနှင့် ဆေးရုံတက်ရောက်ကုသရသူ အရေအတွက်များမှာ မြင့်တက်လျက်ရှိသည်။ တစ်လမပြည့်မီသောအချိန်အတွင်း ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သည့် အဆိုပါရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် မြို့တော်ဒါကာတွင် အရေးပေါ် ဝက်သက်-ဂျာမန်ဝက်သက် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း Associated Press သတင်းဌာနက ဖော်ပြခဲ့သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းကာ အန္တရာယ်ရှိသော ခရိုင် ၁၈ ခုတွင် အသက် ၆ လမှ ၅ နှစ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို တနင်္ဂနွေနေ့ (ဧပြီ ၅) မှစတင်၍ ဆောင်ရွက်နေကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ကိုးကား- RTဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတွင် ၂၄ နာရီအတွင်း ဝက်သက်ရောဂါ သံသယရှိသူပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် နိုင်ငံအတွင်း အကြီးအကျယ် ကူးစက်ပြန့်ပွားနေသည့် ဝက်သက်ရောဂါကို အရှိန်အဟုန်မြှင့် တိုက်ဖျက်နေရသည်။

အင်္ဂါနေ့ (ဧပြီ ၇) နံနက် ၈ နာရီမှ ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) နံနက် ၈ နာရီအထိ ကာလအတွင်း ဝက်သက်ရောဂါ သံသယရှိသူ ၁,၂၄၈ ဦးနှင့် အတည်ပြု လူနာ ၁၈၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားမှုဦးစီးဌာန (DGHS) က ပြောကြားသည်ဟု Dhaka Tribune သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွင်း သေဆုံးသူ ၁၀ ဦးရှိပြီး ၎င်းတို့အနက် ၆ ဦးမှာ သံသယလူနာ ၅၀၅ ဦးဖြင့် ကူးစက်မှုအများဆုံးဖြစ်နေသည့် မြို့တော် ဒါကာမှ ဖြစ်သည်။ မတ်လ ၁၅ ရက်မှ ဧပြီလ ၈ ရက်အတွင်း တစ်နိုင်ငံ လုံးတွင် ဝက်သက်ရောဂါ သံသယရှိသူ ၁၁,၁၃၃ ဦးနှင့် အတည်ပြုလူနာ ၁,၅၉၉ ဦးရှိကြောင်း DGHS က အစီရင်ခံထားသည်။ ယခုအချက်အလက်များသည် အစိုးရဆေးရုံများတွင် မှတ်တမ်းတင်ထားသည့် ကိန်းဂဏန်းများသာဖြစ်ပြီး အမှန်တကယ် ကူးစက်ခံရသူအရေအတွက်မှာ ယခုထက်များစွာပိုမိုမြင့်မားနိုင်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။

ယခုအခါ အဆိုပါ တောင်အာရှနိုင်ငံတစ်ဝှမ်းတွင် ကူးစက်မှု၊ သေဆုံးမှုနှင့် ဆေးရုံတက်ရောက်ကုသရသူ အရေအတွက်များမှာ မြင့်တက်လျက်ရှိသည်။ တစ်လမပြည့်မီသောအချိန်အတွင်း ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သည့် အဆိုပါရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် မြို့တော်ဒါကာတွင် အရေးပေါ် ဝက်သက်-ဂျာမန်ဝက်သက် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း Associated Press သတင်းဌာနက ဖော်ပြခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းကာ အန္တရာယ်ရှိသော ခရိုင် ၁၈ ခုတွင် အသက် ၆ လမှ ၅ နှစ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို တနင်္ဂနွေနေ့ (ဧပြီ ၅) မှစတင်၍ ဆောင်ရွက်နေကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (၁၅) ကြိမ်မြောက် စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကျင်းပ
နေပြည်တော် ဧပြီ ၈အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (၁၅) ကြိမ်မြောက် စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲကို ဧပြီ ၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။ ဦးစွာ ရဟန်းခံရှင်ပြုအလှူမင်္ဂလာနေ့ရက်ဖြစ်သည့် ဧပြီ ၇ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် အားကစားခန်းမရှေ့စုရပ်မှ ရဟန်း ၃၇ ပါး၊ သာမဏေ ၂၁ ပါးနှင့် သီလရှင်နှစ်ပါးတို့အား တောင်ကြီးမြို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း စူဠာမုနိလောကချမ်းသာစေတီတော်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စဝ်စံထွန်းရပ်ကွက် မင်္ဂလာဂူဝိပဿနာစာသင်တိုက်၌ ဆံချမင်္ဂလာနှင့် သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်း (ပဗ္ဗဇ္ဇမင်္ဂလာ) အစီရင်အတိုင်း ဆောင်ရွက်ကာ ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် သာသနာ့အမွေခံယူစေပြီး သာမဏေဘဝမှ ရဟန်းဘောင်သို့ သိမ်ဝင်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များက ရဟန်းသာမဏေများအား သိမ်ဆင်းလောင်းလှူခဲ့ကြသည်။ ထို့နောက် အလှူတော်မင်္ဂလာ ရေစက်ချတရားနာယူခြင်းအခမ်းအနားကို မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စဝ်စံထွန်းရပ်ကွက် မင်္ဂလာဂူကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တနာယကဆရာတော်ထံမှ အနုမောဒနာနှင့် ရေစက်ချတရားများနာယူကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။MOI

နေပြည်တော် ဧပြီ ၈

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (၁၅) ကြိမ်မြောက် စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲကို ဧပြီ ၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။    

 ဦးစွာ ရဟန်းခံရှင်ပြုအလှူမင်္ဂလာနေ့ရက်ဖြစ်သည့် ဧပြီ ၇ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် အားကစားခန်းမရှေ့စုရပ်မှ ရဟန်း ၃၇ ပါး၊ သာမဏေ ၂၁ ပါးနှင့် သီလရှင်နှစ်ပါးတို့အား တောင်ကြီးမြို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း စူဠာမုနိလောကချမ်းသာစေတီတော်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စဝ်စံထွန်းရပ်ကွက် မင်္ဂလာဂူဝိပဿနာစာသင်တိုက်၌ ဆံချမင်္ဂလာနှင့် သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်း (ပဗ္ဗဇ္ဇမင်္ဂလာ) အစီရင်အတိုင်း ဆောင်ရွက်ကာ ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် သာသနာ့အမွေခံယူစေပြီး သာမဏေဘဝမှ ရဟန်းဘောင်သို့ သိမ်ဝင်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များက ရဟန်းသာမဏေများအား သိမ်ဆင်းလောင်းလှူခဲ့ကြသည်။ ထို့နောက် အလှူတော်မင်္ဂလာ ရေစက်ချတရားနာယူခြင်းအခမ်းအနားကို မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စဝ်စံထွန်းရပ်ကွက် မင်္ဂလာဂူကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တနာယကဆရာတော်ထံမှ အနုမောဒနာနှင့် ရေစက်ချတရားများနာယူကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း ရာသီသစ်အတွက် ကစားသမားစတင်ခေါ်ယူ
ရန်ကုန် ဧပြီ ၈မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် ရာသီသစ်အတွက် ကစားသမားများ စတင်ခေါ်ယူနေပြီး ပထမဆုံးခေါ်ယူမှုအဖြစ် လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဆွမ်လမန်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။ဆွမ်လမန်သည် မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ကာလအတန်ကြာ ပါဝင်ကစားခဲ့သလို ပြည်တွင်း၊ ပြည်ပကလပ်အသင်းများစွာတွင် ကစားခဲ့သည့် အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်သည်။ ဆွမ်လမန်သည် MNL ကလပ်များဖြစ်သည့် ချင်းယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်အသင်းတို့အပြင် ထိုင်းကလပ်အသင်းများတွင်လည်း ကစားခဲ့သူဖြစ်ကာ ဒဂုံစတားယူနိုက်တက်အသင်းတွင် နောက်ဆုံးကစားခဲ့ခြင်းဖြစ်သည်။ရတနာပုံအသင်းသည် နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းအား ခန့်အပ်ခဲ့ပြီးနောက် ၎င်းနှင့်လက်တွဲခဲ့ဖူးသည့် တိုက်စစ်ကစားသမား ဆွမ်လမန်ကို စတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။သတင်း - ရှိုင်းထက်ဇော်MDN

ရန်ကုန်   ဧပြီ   ၈

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် ရာသီသစ်အတွက် ကစားသမားများ စတင်ခေါ်ယူနေပြီး ပထမဆုံးခေါ်ယူမှုအဖြစ် လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဆွမ်လမန်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

ဆွမ်လမန်သည် မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ကာလအတန်ကြာ  ပါဝင်ကစားခဲ့သလို  ပြည်တွင်း၊  ပြည်ပကလပ်အသင်းများစွာတွင် ကစားခဲ့သည့် အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်သည်။ ဆွမ်လမန်သည် MNL ကလပ်များဖြစ်သည့် ချင်းယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်၊ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်အသင်းတို့အပြင် ထိုင်းကလပ်အသင်းများတွင်လည်း   ကစားခဲ့သူဖြစ်ကာ   ဒဂုံစတားယူနိုက်တက်အသင်းတွင် နောက်ဆုံးကစားခဲ့ခြင်းဖြစ်သည်။

ရတနာပုံအသင်းသည် နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းအား ခန့်အပ်ခဲ့ပြီးနောက် ၎င်းနှင့်လက်တွဲခဲ့ဖူးသည့် တိုက်စစ်ကစားသမား ဆွမ်လမန်ကို  စတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

MDN

နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၃၀၀)၌ အပူဒဏ်အန္တရာယ် ကုသရေးအတွက် ဆောင်ရွက်ထားရှိ
နေပြည်တော် ဧပြီ ၇ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ အပူချိန်ပြင်းထန်မြင့်မားသည့် နွေရာသီကာလအတွင်း အပူဒဏ်သင့်၍ လာရောက်ပြသသော လူနာများအား အချိန်နှင့်တစ်ပြေးညီ ကုသမှုပေးနိုင်ရန် အတွက် လေအေးပေးစက်များ တပ်ဆင်ထားသည့် သီးသန့်အခန်းများတွင် လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများ ပြင်ဆင်ဖြည့်တင်းထားရှိခြင်း၊ ရေငွေ့ ထုတ်ပန်ကာကြီးများ၊ ရေဇလုံကြီးများနှင့် ရေခဲသေတ္တာများ ပြင်ဆင်ထားရှိခြင်း၊ ဆေးရုံဝန်ထမ်းများအား အပူဒဏ်သင့်လူနာများ အရေးပေါ်ကုသမှုအတွက် စနစ်တကျ လေ့ကျင့်ထားခြင်းတို့ဖြင့် အပူဒဏ်အန္တရာယ်ကုသရေး လုပ်ငန်းများအား ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။MWD

နေပြည်တော်     ဧပြီ    ၇

     ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ အပူချိန်ပြင်းထန်မြင့်မားသည့်  နွေရာသီကာလအတွင်း အပူဒဏ်သင့်၍    လာရောက်ပြသသော လူနာများအား အချိန်နှင့်တစ်ပြေးညီ ကုသမှုပေးနိုင်ရန် အတွက်  လေအေးပေးစက်များ တပ်ဆင်ထားသည့် သီးသန့်အခန်းများတွင် လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများ ပြင်ဆင်ဖြည့်တင်းထားရှိခြင်း၊  ရေငွေ့ ထုတ်ပန်ကာကြီးများ၊ ရေဇလုံကြီးများနှင့် ရေခဲသေတ္တာများ ပြင်ဆင်ထားရှိခြင်း၊ ဆေးရုံဝန်ထမ်းများအား  အပူဒဏ်သင့်လူနာများ အရေးပေါ်ကုသမှုအတွက် စနစ်တကျ လေ့ကျင့်ထားခြင်းတို့ဖြင့် အပူဒဏ်အန္တရာယ်ကုသရေး လုပ်ငန်းများအား ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

MWD

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တွင် အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ နိုင်ပွဲကိုယ်စီရရှိ
ဧပြီ ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီးအနိုင်ရရှိခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ စပို့တင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရကာ သာမန်ပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို တစ်မိနစ်မှာ ရရှိခဲ့တဲ့ ကိုင်ဟာဗက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ စပို့တင်းအသင်းဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်း နောက်ဆုံး ၁၇ ပွဲဆက် နိုင်ပွဲရရှိခဲ့တဲ့ စံချိန်လည်း ရပ်တန့်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်မှာ ဘုန်းမောက်အသင်းနဲ့ ပရီမီယာလိဂ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး စပို့တင်းအသင်းက အာမာဒိုရာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကတော့ ချန်ပီယံလိဂ်ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၄၁ မိနစ်မှာ ဒီယက်ဇ်ကတစ်ဂိုး၊ ဒုတိယပိုင်း ၄၆ မိနစ်မှာ ဟယ်ရီကိန်းကတစ်ဂိုးသွင်းယူပေးခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၇၄ မိနစ်မှာ အမ်ဘတ်ပီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ငွေကြယ်MDN

ဧပြီ ၈ ရက် နံနက်ပိုင်းက   ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီးအနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ  စပို့တင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရကာ သာမန်ပွဲကစားချိန်အတွင်း  ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ   မိနစ်  ၉၀   ပြည့်ပြီး နာကျင်အချိန်ပို  တစ်မိနစ်မှာ  ရရှိခဲ့တဲ့ ကိုင်ဟာဗက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။   စပို့တင်းအသင်းဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်း နောက်ဆုံး  ၁၇  ပွဲဆက်  နိုင်ပွဲရရှိခဲ့တဲ့  စံချိန်လည်း ရပ်တန့်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်မှာ ဘုန်းမောက်အသင်းနဲ့ ပရီမီယာလိဂ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး စပို့တင်းအသင်းက  အာမာဒိုရာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့  ချန်ပီယံလိဂ်ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၄၁ မိနစ်မှာ ဒီယက်ဇ်ကတစ်ဂိုး၊ ဒုတိယပိုင်း ၄၆ မိနစ်မှာ ဟယ်ရီကိန်းကတစ်ဂိုးသွင်းယူပေးခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၇၄ မိနစ်မှာ အမ်ဘတ်ပီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။                                               

ငွေကြယ်

ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ကျောက်ဆည်၊ ဧပြီ ၈မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီက ခရိုင်လမ်းဦးစီးရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ဦးစွာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ဓလေ့ထုံးစံနှင့်အညီ ပြည်သူများ၏ ပင်ပန်းနွမ်းနယ်မှုကို အတာရေပက်ဖျန်း၍ စည်ကားပျော်ရွှင်စွာဖြင့် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြို့မိ/မြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်စေရေး ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေးနှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီက ခရိုင်လမ်းဦးစီးရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ဓလေ့ထုံးစံနှင့်အညီ ပြည်သူများ၏ ပင်ပန်းနွမ်းနယ်မှုကို အတာရေပက်ဖျန်း၍ စည်ကားပျော်ရွှင်စွာဖြင့် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြို့မိ/မြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်စေရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေးနှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၃)ကြိမ်မြောက် SEA Leadership Meeting အကြို ညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန် ဧပြီ ၆ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက (၂၃) ကြိမ်မြောက် Southeast Asia Leader-ship Meeting ပြုလုပ်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။အစည်းအဝေးသို့ မြန်မာနိုင်ငံ ကြက် ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head Of Delegation Ms. Nadia KHOURY နှင့် တာဝန်ရှိသူများ၊ (၂၂)ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မလေးရှားနိုင်ငံ လခြမ်းနီအသင်းမှ အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ (၂၄) ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။အရှေ့တောင်အာရှနိုင်ငံများရှိ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ ဦးဆောင်ဦးရွက်ပြုနေသူများ တက်ရောက်ကြမည်ဖြစ်သည့် အဆိုပါအစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင်ပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်းလူမှု ကရုဏာလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ MWD

ရန်ကုန်    ဧပြီ     ၆ 

     မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက (၂၃) ကြိမ်မြောက် Southeast Asia Leader-ship Meeting ပြုလုပ်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကြက် ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊  လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head Of Delegation Ms. Nadia KHOURY နှင့် တာဝန်ရှိသူများ၊ (၂၂)ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မလေးရှားနိုင်ငံ လခြမ်းနီအသင်းမှ အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ (၂၄) ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အရှေ့တောင်အာရှနိုင်ငံများရှိ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ ဦးဆောင်ဦးရွက်ပြုနေသူများ တက်ရောက်ကြမည်ဖြစ်သည့် အဆိုပါအစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင်ပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့်     ဒေသတွင်းလူမှု ကရုဏာလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး နိုင်ရေးအတွက်  အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။ 

ညောင်ဦးမြို့၌ ဂူပြောက်ကြီးဘုရားတည်ဆောက်ပုံနှင့် ရှေးဟောင်းနံရံပန်းချီများကို လေ့လာနိုင်
ညောင်ဦး ဧပြီ ၆မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူးများအနေဖြင့် ဝက်ကြီးအင်းရပ်ရှိ ဂူပြောက်ကြီးဘုရား တည်ဆောက်ပုံ၊ ဘုရားလိုဏ်အတွင်း နံရံပန်းချီများနှင့် ထိုင်တော်မူဆင်းတုတော်များအား ဖူးမြော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ တာဝန်ရှိသူများထံမှ သိရသည်။ဂူပြောက်ကြီးဘုရားကို အေဒီ ၁၃ ရာစုအစောပိုင်းတွင် တည်ထားခဲ့သည်ဟု ခန့်မှန်းရပြီး မဟာဗောဓိပုံစံ ကွမ်းတောင်ပေါက်ဘုရားဖြစ်ကာ အာရုံခံအရှေ့ဘက် မုခ်လှည့် လိုဏ်ဘုရားတစ်ဆူဖြစ်သည်။ အပေါ်ဆင့်လိုဏ်နှင့် ကြောင်လိမ်လှေကားပါရှိပြီး အင်္ဂတေပန်းလက်ရာများ အသင့်အတင့်ကျန်ရှိနေသေးသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံရံဆေးရေးပန်းချီလက်ရာအနေဖြင့် အာရုံခံမျက်နှာကြက်ရှိ ခြေတော်ရာပုံ၊ မင်စာနှင့်တကွ နှစ်ကျိပ် ရှစ်ဆူသော မြတ်စွာဘုရားတို့၏ ဗျာဒိပ်ခံ ဟန်အခန်းများ၊ ငါးရာငါးဆယ်ဇာတ်ကွက်များ၊ ဗုဒ္ဓဝင်ရှစ်ခန်းနှင့် သတ္တဌာနခန်းများ၊ အောင်မြင်ခန်းများစသည့် သရုပ်ဖော်ပုံများကို မင်စာနှင့်တကွ ရေးထိုးထားသည်ကို လေ့လာနိုင်သည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံ ၃၈၃၇ ဆူ ကျန်ရှိနေသေးကြောင်း၊ ညောင်ဦးမြို့နယ်၌ ဝက်ကြီးဂူပြောက်ကြီး၊ ဂူပြောက်လေး၊ ပုဂံမြို့သစ်၊ မြင်းကပါဂူပြောက်ကြီး၊ ဂူပြောက်လေးဘုရားတို့သည် နံရံဆေးရေးပန်းချီ လက်ရာ ကောင်းမွန်ကြကြောင်း၊ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရားအနောက်ဘက်တွင် ရှင်ဘို့မယ်အုတ်ကျောင်း၊ ဝက်ကြီးအင်းဂူပြောက်လေးဘုရား၊ အနောက်တောင်ဘက်တွင် ဆူးလေကုန်းဘုရားစု၊ အလိုတော်ပြည့်ဘုရားတို့ကိုလည်း တစ်ဆက်တစ်စပ်တည်း ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။ဒီပါလင်းmoi

ညောင်ဦး ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူးများအနေဖြင့် ဝက်ကြီးအင်းရပ်ရှိ ဂူပြောက်ကြီးဘုရား တည်ဆောက်ပုံ၊ ဘုရားလိုဏ်အတွင်း နံရံပန်းချီများနှင့် ထိုင်တော်မူဆင်းတုတော်များအား ဖူးမြော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ တာဝန်ရှိသူများထံမှ သိရသည်။

ဂူပြောက်ကြီးဘုရားကို အေဒီ ၁၃ ရာစုအစောပိုင်းတွင် တည်ထားခဲ့သည်ဟု ခန့်မှန်းရပြီး မဟာဗောဓိပုံစံ ကွမ်းတောင်ပေါက်ဘုရားဖြစ်ကာ အာရုံခံအရှေ့ဘက် မုခ်လှည့် လိုဏ်ဘုရားတစ်ဆူဖြစ်သည်။ အပေါ်ဆင့်လိုဏ်နှင့် ကြောင်လိမ်လှေကားပါရှိပြီး အင်္ဂတေပန်းလက်ရာများ အသင့်အတင့်ကျန်ရှိနေသေးသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံရံဆေးရေးပန်းချီလက်ရာအနေဖြင့် အာရုံခံမျက်နှာကြက်ရှိ ခြေတော်ရာပုံ၊ မင်စာနှင့်တကွ နှစ်ကျိပ် ရှစ်ဆူသော မြတ်စွာဘုရားတို့၏ ဗျာဒိပ်ခံ ဟန်အခန်းများ၊ ငါးရာငါးဆယ်ဇာတ်ကွက်များ၊ ဗုဒ္ဓဝင်ရှစ်ခန်းနှင့် သတ္တဌာနခန်းများ၊ အောင်မြင်ခန်းများစသည့် သရုပ်ဖော်ပုံများကို မင်စာနှင့်တကွ ရေးထိုးထားသည်ကို လေ့လာနိုင်သည်။

 ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံ ၃၈၃၇ ဆူ ကျန်ရှိနေသေးကြောင်း၊ ညောင်ဦးမြို့နယ်၌ ဝက်ကြီးဂူပြောက်ကြီး၊ ဂူပြောက်လေး၊ ပုဂံမြို့သစ်၊ မြင်းကပါဂူပြောက်ကြီး၊ ဂူပြောက်လေးဘုရားတို့သည် နံရံဆေးရေးပန်းချီ လက်ရာ ကောင်းမွန်ကြကြောင်း၊ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရားအနောက်ဘက်တွင် ရှင်ဘို့မယ်အုတ်ကျောင်း၊ ဝက်ကြီးအင်းဂူပြောက်လေးဘုရား၊ အနောက်တောင်ဘက်တွင် ဆူးလေကုန်းဘုရားစု၊ အလိုတော်ပြည့်ဘုရားတို့ကိုလည်း တစ်ဆက်တစ်စပ်တည်း ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း

moi