အီရန်နျူကလီးယားဆွေးနွေးပွဲတွင် အမေရိကန်၏ နောက်ဆုံး ကမ်းလှမ်းချက်ကို အီရန်ဘက်မှ ငြင်းဆန်
အမေရိကန်၏ လွန်စွာလိုက်လျောညီထွေရှိသော ကမ်းလှမ်းချက်များကို အီရန်ညှိနှိုင်းရေးမှူးများဘက်က လက်ခံရန် ငြင်းဆန်ခဲ့ကြောင်း ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က ပြောကြားလိုက်သည်။ သမ္မတ၏ လမ်းညွှန်ချက် နှင့်အညီ အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် စိတ်ရင်းစေတနာအမှန် ဖြင့် သဘောတူညီချက်ရရှိရန် အကောင်းဆုံး ကြိုးပမ်းခဲ့သော်လည်းဆွေးနွေးပွဲများတွင် ထိရောက်သည့် တိုးတက်မှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ယခုဆွေးနွေးပွဲတွင် အဓိက အကျပ်ရိုက်နေသည့်အချက်မှာ အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရန် ငြင်းဆန်နေခြင်းပင် ဖြစ်သည်။ ဒုတိယသမ္မတ ဗန့်စ်က အမေရိကန်အနေဖြင့် ၎င်းတို့၏ နောက်ဆုံးနှင့် အကောင်းဆုံးဖြစ်သော ရိုးရှင်းသည့် အဆိုပြုချက်တစ်ခုကို ချပြခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းအချက်ကို အီရန်ဘက်မှ လက်ခံခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: PBS
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
