မန္တလေး မေ ၂၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတော်အကျိုးအတွက် လက်ရှိကာလတွင် တက်တက်ကြွကြွ သက်ဝင်လှုပ်ရှား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ထုံးလုပ်နည်းများ လွဲမှားမှုမရှိစေလိုကြောင်း၊ လွှတ်တော်ဆိုသည်မှာ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် နေရာတစ်ခုဖြစ်ပါကြောင်း။
ဥပဒေပြုလုပ်ငန်းသည် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပြီး လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်ရှိပါကြောင်း၊ သို့ဖြစ်၍ ခေတ်စနစ်နှင့် မလျော်ညီသည့်တည်ဆဲဥပဒေများကို စနစ်တကျလေ့လာပြီး ပြင်ဆင်၊ ဖြည့်စွက်ပြဋ္ဌာန်းပေးရန်လိုပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေကို လေ့လာသုံးသပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဥပဒေများပြဋ္ဌာန်ပေးရန်လိုပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲ၍ ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် လွှတ်တော်အနေဖြင့်လည်း ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုပါအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပြည်သူများအနေဖြင့်လည်း မိမိတို့လွှတ်တော်အပေါ် မျှော်လင့်ချက် ယုံကြည်ချက်ထားရှိနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ တင်သွင်းမေးမြန်းရာတွင် ပြည်သူများ၏ အမှန်တကယ်လိုအပ်သည်များကို တင်သွင်းမေးမြန်းရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်မြေအကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကိုအသေးစိတ်သိရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင် အချိန်နှင့် တစ်ပြေးညီတင်ပြ၍ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်း မျက်ခြည်မပြတ် မှတ်သားလေ့လာပြီး လွှတ်တော်ကဏ္ဍမှ ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်နှင့်အစိုးရ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း။
လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန်အတွက် အစိုးရ၏မူဝါဒသိရှိနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၊ မျက်မှောက်ခေတ် နိုင်ငံတကာသတင်းများကို မျက်ခြည်မပြတ် လေ့လာကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကိုရှေးရှုပြီးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ထက်တွင် ပိုမိုကောင်းမွန်သည့် လွှတ်တော်များဖြစ်လာစေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးသော ကိုယ်စားလှယ်များဖြစ်ရန်နှင့် ပြည်သူလူထုက ယုံကြည်ထိုက်သူများဖြစ်ရန် ကြိုးစားသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့လွှတ်တော်သည် ထူးထူးခြားခြား ပြည်သူ့အကျိုးပြုသည့် လွှတ်တော်ဖြစ်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုစစ်ဆေးပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံရာ မိမိတို့လွှတ်တော်သည် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲမှ သက်ဆိုင်ရာမဲဆန္ဒရှင်ပြည်သူများက စိတ်ကြိုက်ရွေးချယ်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ လွှတ်တော်များသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသဖြင့် ပြည်သူနှင့် အနီးကပ်ဆုံးအဖွဲ့အစည်း တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးရမည့် တာဝန်ရှိပါကြောင်း၊ လွှတ်တော်သည် ပြည်သူနှင့်အစိုးရအကြား ပြည်သူများ၏လိုအပ်ချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူအားကိုးရာ နေရာ တစ်ခုဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏အခက်အခဲနှင့် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက လွှတ်တော်အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြပေးကြရန်နှင့် လွှတ်တော်များမှလည်း သက်ဆိုင်ရာနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လိုအပ်ပါက ဥပဒေအဖြစ် ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းပေးခြင်းများ ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ ယခုတင်ပြလာသော လူပုဂ္ဂိုလ်တစ်ဦးချင်း ဆိုင်ရာအခက်အခဲများ၊ အများနှင့်သက်ဆိုင်သည့် အခက်အခဲများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော MSME အခက်အခဲများနှင့် ပတ်သက်သည့် တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်စိစစ်ခြင်းနှင့် လိုအပ်ပါက ဥပဒေအဖြစ်ပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးကို ဥပဒေပြုလွှတ်တော်အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။
သတင်းစဉ်
MOI

နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူ၍ ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်
နေပြည်တော် မေ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံတော်တွင် နိုင်ငံရေးအရ ခေတ်အဆက်ဆက်ဖြစ်ပေါ်ပြောင်းလဲမှုများ
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့သည်မှာ တစ်လခွဲကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ပြန်လည်သုံးသပ်ကြည့်ရမည်ဆိုပါက လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ ပြည်တွင်းနိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့် ချိန်ထိုးသုံးသပ်ရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ပြည်ပကျူးကျော်မှုများကိုလည်း ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားနည်းချက်ကြောင့် ပြည်နယ်များ ခွဲထွက်ခွင့်များဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများပိုမိုကြီးမားလာခဲ့ခြင်း၊ အာဏာရပါတီအတွင်း အုပ်စုကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရတည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများမရှိခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရက တာဝန်ယူခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ရကြောင်း။
ယင်းအချိန်တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိသူများအားလုံးတွင် ဆိုရှယ်လစ်နှင့် ပတ်သက်သည့်အသိများရှိထားကြသည့် အချိန်ဖြစ်ပြီး ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ်တို့နှင့် ဆိုရှယ်လစ်စနစ်တို့အား ပြိုင်နေသည့်အခြေအနေဖြစ်ကြောင်း၊ ထို့နောက် ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ်ကို ကြိုက်သည့်သူများအနေဖြင့် နိုင်ငံရေးထွက်ပေါက်မရှိသဖြင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့ကြောင်း၊ အာဏာရပါတီအတွင်း၌လည်း စီးပွားရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး တစ်ချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများလည်း ပိုမိုကြီးထွားလာခဲ့ကြောင်း။
ထိုအချိန်တွင် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့်ဆက်ဆံရေးတွင် ကောင်းမွန်ခဲ့သည်ကိုတွေ့ရပြီး ကုလသမဂ္ဂတွင်တာဝန်ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များလည်း ပေါ်ပေါက်လာခဲ့ကြောင်း၊ သို့သော် တရုတ်ဖြူကျူးကျော်မှုဖြစ်ပွားချိန်တွင် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ SEATO အဖွဲ့ပေါ်ပေါက်လာချိန်တွင် ပြည်ထောင်စုကြီးမှခွဲထွက်လိုသည့် တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အဆိုပါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ဖိအားများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ဆိုရှယ်လစ်စနစ်ကို မကျင့်သုံးနိုင်စေရေး အနှောင့်အယှက်ပေးမှုများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် ကမ္ဘာပေါ်၌ နိုင်ငံရေးလမ်းစဉ်များနှင့်ပတ်သက်၍ အားပြိုင်မှုများပြင်းထန်နေသည့်အချိန်ဖြစ်ကြောင်း။
ယင်းနောက် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်ဆောင်ရွက်ချိန်တွင် NGO ၊ INGO များ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပြည်ပနိုင်ငံများမှ အထောက်အပံ့များရယူခဲ့ကြောင်း၊ ထိုအချိန်တွင် ဒီမိုကရေစီစနစ်ကိုလိုလားသည့် နိုင်ငံများက မိမိတို့နိုင်ငံကို ကူညီဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုအချိန်ကတည်းက မိမိတို့နိုင်ငံသည် ပညာရေးအရ အားနည်းချက်များရှိခဲ့သည်ကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ တွေ့ရှိနိုင်ကြောင်း၊ အဆိုပါအားနည်းချက်ပေါ်တွင် အခွင့်ကောင်းယူ၍ NGO ၊ INGO အဖွဲ့ အစည်းများက အစိုးရအပေါ်မကောင်းမြင်စေရန်နှင့် အစိုးရအပေါ် ဆန့်ကျင်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ဖွံ့ဖြိုးမှုအားနည်းမှုကြောင့် ပြည်ပအကူအညီများရရှိရန် LDC နိုင်ငံအဖြစ်သို့ လျှောက်ထားခဲ့မှုအပေါ် နိုင်ငံတော်အပေါ် ယုံကြည်မှုအားနည်းစေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးမှာကျဆင်းလာခြင်း၊ စီမံခန့်ခွဲမှုလွဲမှားမှုများဖြစ်ပေါ်ခြင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝအခက်အခဲများဖြစ်ပေါ်ခဲ့ရပြီး ငွေစက္ကူတရားမဝင်ကြေညာမှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် အရေးအခင်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။
အဆိုပါအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်မဖြစ်သေးကြောင်း၊ မိမိတို့နိုင်ငံအပေါ် အချို့အင်အားကြီးနိုင်ငံများက ၎င်းတို့အလိုကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်များလည်းရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂညီလာခံပုံမှန် တက်ရောက်ခဲ့သော်လည်း နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂနယ်ပယ်များတွင် ပါဝင်မှုနည်းပါးခဲ့သည်ကို တွေ့ရှိနိုင်ကြောင်း။
ထိုအချိန်တွင် စီးပွားရေးကျဆင်းခြင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် နိုင်ငံတကာမှ အထင်အမြင်သေးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ GDP မှာလည်း များစွာနည်းပါးခဲ့ပြီး ကုန်ထုတ်လုပ်မှုများလည်း များစွာနည်းပါးခဲ့ကြောင်း၊ သယံဇာတများထုတ်ယူရောင်းပြီး တိုင်းပြည်စီးပွားရေးကို ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် နဝတခေတ်တွင် အမျိုးသားညီလာခံကိုကျင်းပပြုလုပ်ခဲ့သော်လည်းအကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း၊ နယကခေတ်တွင် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပပြုလုပ်ပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ကြောင်း။
တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးကိုဆောင်ရွက်ခဲ့ကာ နှစ်ဘက်သဘောတူညီချက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်သည် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဘက်ဘက်မှ ကြပ်တည်းခဲ့သည့်ကာလဖြစ်ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အသားကျနိုင်ရေးလိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းချိန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည့်အတွက် NLD ပါတီအနေဖြင့် နိုင်ငံရေးတွင်ပါဝင်လာခဲ့ကြောင်း၊ နိုင်ငံတော်ကို ခြယ်လှယ်ချုပ်ကိုင်လိုသည့် အနောက်အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တွင် တည်ငြိမ်မှုမရှိစေရေး အတိတ်ဖြစ်ရပ်များဖြင့် ပြန်လည်လှုံ့ဆော်၍ ၎င်းတို့လိုသလိုပုံသွင်းနိုင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေး ဦးတည်ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုအချိန်တွင် NGO ၊ INGO အဖွဲ့များအနေဖြင့် နိုင်ငံရေးတွင်ပါဝင်ပတ်သက်လာခဲ့ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင်လည်း ပြည်ပနိုင်ငံများမှ ၎င်းတို့၏ သဘောဆန္ဒများကို ဖော်ဆောင်ပေးနိုင်သည့်ပါတီကို နည်းလမ်းပေါင်းစုံဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မိမိတို့တာဝန်ယူချိန်တွင် NGO ၊ INGO အဖွဲ့များအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်၍ ပါဝင်လာခဲ့မှုများရှိကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ရှင်းလင်းပြောကြားရခြင်းသည် မိမိတို့နိုင်ငံဖြတ်သန်းခဲ့သည့် ဖြစ်စဉ်များတွင်ရင်ဆိုင်နေရသည့် ပြဿနာများကို ပြောကြားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် သတိချပ်ကြစေလိုကြောင်း။
မိမိတို့အနေဖြင့် အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တွင် သင်ခန်းစာယူ၍ နောင်အနာဂတ်တွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးဖြစ်ပေါ်လာခြင်းမရှိစေရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရတည်ငြိမ်အေးချမ်း အောင်ဆောင်ရွက်ရမည်၊ စီးပွားရေးအရ အားကောင်းအောင်ဆောင်ရွက်ရမည်၊ လုံခြုံရေးအရ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတကာဆက်ဆံရေး
နိုင်ငံတကာဆက်ဆံရေးအနေဖြင့်လည်း ကောင်းမွန်မှုရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရသည့်အခါ၌ မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည့် ပြောဆိုဆက်ဆံမှုများဖြစ်စေရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့်ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း၊ အမျိုးသားရေးတွင် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အမှန်တကယ်အလုပ် လုပ်ကိုင်နိုင်စေရေး၊ လုပ်တတ်ကိုင်တတ်စေရေး ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရမှ ဖန်တီးပေးရမည်များရှိသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ ဖော်ဆောင်ပေးရမည်များလည်းရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျင် ၎င်းတို့အနေဖြင့် ဝင်ငွေကောင်းလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်အစိုးရအပေါ်တွင်လည်း ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း။
နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ် ပြန့်ပြန့်တွေးခေါ်ဆောင်ရွက်
လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူခဲ့သည့်အချိန်တွင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့်အောက်ခြေ အဆင့်များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ပညာရေးကို မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟု အကြိမ်ပေါင်းများစွာ ပြောဆိုဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်း လိုအပ်မည်ဖြစ်သဖြင့် လာမည့် ၅ နှစ် တာကာလအတွင်း ထာဝရငြိမ်းချမ်း ရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လိုစိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်လျက်ရှိသည်ကို အလေးထား၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ်အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။
မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ၏လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းဆိုင်ရာများအရ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်သွားကြရန်လိုပြီး ယခု ၆ လအတွင်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သဟဇာတဖြစ်ရန်လိုပြီး ပြီးမြောက်အောင်မြင်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် ကိုယ်တိုင်အကောင်အထည်ဖော်ဆောင် ရသည်မဟုတ်သော်လည်း မည်ကဲ့သို့ဆောင်ရွက်ရမည်ကို နည်းလမ်းပြပေးခြင်း၊ စီမံကြီးကြပ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း။
မိမိတို့နိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမည့် လုပ်နိုင်ကိုင်နိုင်သည့် အသက်အပိုင်းအခြားရှိသည့် လူဦးရေနှုန်းထားအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့မြင်ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း အလုပ်သမားရှားပါးမှုပြဿနာကို ကြုံတွေ့ရလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်အကိုင်ရှိသည့်နေရာများသို့ သွားရောက်နေကြသူများရှိသည်ဟုလည်း ပြောဆိုကြကြောင်း၊ မိမိတို့နိုင်ငံအတွင်း၌ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရေမြေသယံဇာတနှင့် အခြေခံကောင်းများရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်နိုင်မှု အားနည်းကြသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်းဖြစ်သည်ဟု တွေ့မြင်ရကြောင်း၊ နိုင်ငံ၏ အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များ များစွာလိုအပ်နေဆဲဖြစ်ကြောင်း၊ ကျွမ်းကျင်သည့်လုပ်ငန်းများကို လုပ်ကိုင်မှုမရှိဘဲ ကျဘမ်းအလုပ်များ လုပ်ကိုင်ကြခြင်း၊ တရားမဝင်သယံဇာတထုတ်ယူခြင်းလုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ ပြည်ပနိုင်ငံများသို့သွားရောက်၍ လုပ်သားအဖြစ်ဝင်ရောက်လုပ်ကိုင်နေခြင်းတို့ကြောင့် လုပ်သားများရှားပါးလာခြင်းလည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေး၊ အလုပ်လုပ်ကိုင်နိုင်ရေးတို့အတွက် ဖော်ဆောင်ပေးသွားကြရန်လိုကြောင်း။
မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့်ပတ်သက် သည့်ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့်အညီသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုသိရှိကြရန်၊ လိုက်နာကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မြေယာအသုံးချ မှုများနှင့်ပတ်သက်၍ စည်းကမ်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်မှ တတ်နိုင်သမျှဆောင်ရွက်ပေးသွားမည်
နိုင်ငံရေးအရသဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ ယခုအခါ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် မိမိဦးဆောင်သည့်အစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုများကိုခိုင်ခိုင်မာမာ ဆောင်ရွက်ပေးထားပြီးဖြစ်ကာ သဘောထားကွဲလွဲရန်အကြောင်းမရှိသည့်အတွက် ငြိမ်းချမ်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အတူတကွအလုပ်လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာသင်ကျောင်းများနှင့်ပတ်သက်၍ ယခုအခါကျောင်းအပ်ရာသီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်မှ တတ်နိုင်သမျှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ KG+9 အထိ မသင်မနေရ ပညာသင်ကြားရေးကိစ္စရပ်များကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး ကျောင်းများအားလုံးတွင် ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးအားပေးမှသာ ကျေးလက်တွင် အလုပ်အကိုင်အခွင့်အလမ်းရရှိလာမည်ဖြစ်ပြီး ကျောင်းပညာရေးကို အားပေးမှုမရှိပါက နောင်အနာဂတ်တွင် မိမိတို့ကလေးငယ်များအနေဖြင့် ဘဝလမ်းခရီးကို ခက်ခဲစွာဖြတ်သန်းရမည်ကို သတိပြုမိကြရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရည်မြင့်မားလာမှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပိုမိုလျှင်မြန် မြန်ဆန်စွာဖြင့် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းများစနစ်တကျဖြစ်စေရေး၊ သတ်မှတ်စံနှုန်းများ ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျောင်းနေပျော်၍စာတော်ရမည်ဟူသည့်အတိုင်း ကျောင်းများအားလုံး သန့်ရှင်းသာယာလှပရေး၊ အခြေခံအဆောက်အဦများ ကောင်းမွန်စေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း။
စားသုံးဆီဖူလုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ ပြည်တွင်း၌လည်း ဆီထွက်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိနေသဖြင့် ပြည်ပမှ တင်သွင်းနေရသည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပိုမိုတိုးတက်ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုနှင့်အတူ ပျားမွေးမြူခြင်းကိုလည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ပြီး နှစ်ဖက်အကျိုးရှိစေမည့် မိတ်ဖက် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။
ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံမှထွက်ရှိသည့်ကော်ဖီသည် နာမည်ရရှိပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် တင်ပို့နိုင်မှုမရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီစွာထုတ်လုပ်တင်ပို့နိုင်ရေး တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားကြရန်လိုကြောင်း။
ပြီးခဲ့သည့် နွေရာသီကာလအတွင်း အပူချိန်မြင့်မားခဲ့သည့်ဒေသများအား မှတ်သား၍ ယခုမိုးရာသီကာလအတွင်း သစ်ပင်များတိုးချဲ့စိုက်ပျိုးခြင်း၊ ရှိပြီးသားအပင်များအား ထိန်းသိမ်းခြင်း၊ အပူရှောင်နေရာများ သတ်မှတ်ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းဒေသများမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍လည်း အမြဲမပြတ်ကြည့်ရှုပေးရန်လိုပြီး ရာသီဥတု ပြင်းထန်မှုဒဏ်ကို အသက်သာဆုံးနည်းလည်းဖြင့် ဖြတ်သန်းနိုင်ရေး ဒေသဆိုင်ရာအစိုးရများက နည်းလမ်းရှာဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အပူပိုင်းဒေသစိမ်းလမ်းစိုပြေရေး သတ်မှတ်ထားသည့် ၁၃ ခရိုင်အတွင်းလာမည့် သစ်ပင်စိုက်ရာသီတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အသုံးပြုရန်လျာထားသည့် ဘဏ္ဍာငွေများအား မှန်မှန်ကန်ကန်နှင့် အပြည့်အဝအကျိုးရှိအောင် သုံးစွဲသွားကြရန်လိုကြောင်း၊ ခွင့်ပြုငွေများအား အသုံးချနိုင်မှုမရှိဘဲ ပိုလျှံငွေများအဖြစ် ပြန်လည်အပ်နှံခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုပင်ဖြစ်သည့်အတွက် မှန်ကန်စွာသုံးစွဲအသုံးချနိုင်ရန်လိုကြောင်း၊ ကြီးကြပ်ကွပ်ကဲရန်၊ ပြန်လည်စိစစ်ရန် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဖြည့်စွက်မှာကြား
ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက အွန်လိုင်းလောင်းကစားမှုများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းပြီး အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်အစိုးရက မော်တော်ယာဉ်သုံးစွဲမှုနှင့် စက်သုံးဆီရောင်းချပေးမှုကို စနစ်တကျဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းသည် အထိုက်အလျောက် ပြန်လည်ကျဆင်းလာသည်ကိုတွေ့ရကြောင်း၊ ယခုအခြေအနေကိုထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အောက်ခြေတွင် စနစ်တကျ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် စိုက်ပျိုးကိရိယာချေးငွေများနှင့်စပ်လျဉ်း၍ ကြွေးမဆပ်သည့် တောင်သူအချို့ရှိခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ရရန်ကြွေးကျန်ဘီလီယံချီရှိသည်ကိုတွေ့ရှိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ချေးငွေများနှင့်ပတ်သက်၍ ချေးငွေများကို အပြည့်အဝပြန်လည်ပြန်လည်ရရှိရေးနှင့် ကြွေးကျန်များမရှိရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ချင်းပြည်နယ်အတွင်းထိခိုက်ပျက်စီးခဲ့သည့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများအား ပြန်လည်ထူထောင်ရေး
ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ ချင်းပြည်နယ်အတွင်း၌ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများ၊ ဘာသာရေးအဆောက်အအုံများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက်လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို မိမိတို့အနေဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း၊ အများပြည်သူများနှင့်သက် ဆိုင်သည့်ဈေးနှင့် အခြားရုံးဌာနအဆောက်အဦများကိုလည်း ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် တိုက်တွန်းလိုကြောင်း။
အားကစားကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်
အားကစားနှင့်ပတ်သက်၍ နိုင်ငံတော်၏စိတ်ဓာတ်အင်အားကို အားကစားဖြင့် ဖော်ပြနေပြီး ဒေသတွင်းအားကစားပြိုင်ပွဲများ၌ပင် ထိုက်သင့်သည့်အောင်မြင်မှုများ ရရှိနိုင်ရန်လိုအပ်နေဆဲဖြစ်သည်ကို မြင်တွေ့ရကြောင်း၊ အရည်အသွေးမြင့်မားပြီး စိတ်ဓာတ်ကောင်းမွန်သည့် အားကစားသမားများကို ရွေးခြယ်ယှဉ်ပြိုင်နိုင်လိုကြောင်း၊ အားကစားတွင်အောင်မြင်မှုရရှိစေရေး အားကစားအဖွဲ့ချုပ်များမှအစ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ အားကစားကွင်းများစနစ် တကျဖြစ်စေရေးနှင့် အဆင့်မီမီဖြစ်စေရေး နိုင်ငံတော်အနေဖြင့်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နည်းစနစ်ကျစွာ၊ ကျန်းမာကြံ့ခိုင်မှုရှိစွာဖြင့် ယှဉ်ပြိုင်နိုင်စေရေး အတွက်လည်း နည်းစနစ်ပိုင်းဆိုင်ရာနည်းပြများ၊ ကြံ့ခိုင်ရေးနည်းပြများဖြင့် လေ့ကျင့်နိုင်ရန်လိုကြောင်း၊ အရည်အသွေးရှိပြီး Talent ရှိသည့်အားကစားသမားများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများအား ငယ်စဉ်ကတည်းကပင် စနစ်တကျရွေးခြယ်၍ ပြုစုပျိုးထောင်ပေးသွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတော်၏ အလံတော်ကိုတိုင်ထိပ်၌ လွှင့်တင်ဂုဏ်ပြုခံရသည့် အားကစားသမားများပေါ်ထွန်းလာစေရေး စနစ်တကျပြုစု ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ အားကစားပွဲတော်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အားကစားကဏ္ဍကောင်းမွန်တိုးတက်လာမည်ဆိုပါက တိုင်းချစ်ပြည်ချစ်စိတ်များလည်း မြင့်မားတိုးတက်လာစေမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံတော်ကိုတည် ဆောက်ခြင်းပင်ဖြစ်ကြောင်းနှင့် အားကစားကဏ္ဍမြှင့်တင် ရေးဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့်မှာကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အီရန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ငြိမ်းချမ်းရေးရရှိစေရန် တက်ကြွစွာစေ့စပ် ညှိနှိုင်းပေးနေသည့်အတွက် ပါကစ္စတန်နိုင်ငံကို ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က မေလ ၂၅ ရက်တွင် ပြောသည်။ ရှီကျင့်ဖျင်သည် နိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရှီဘက်ရှာရစ်နှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ပါကစ္စတန် ဝန်ကြီးချုပ်က တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ခေါင်းဆောင်နှစ်ဦးတွေ့ဆုံစဉ် နှစ်နိုင်ငံစလုံးအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အားပေးမြှင့်တင်နိုင်ရေး အတွက်အနီးကပ် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှုတို့ လုပ်ဆောင်သွားမည်ဟု ကတိပြုထားကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားသည်။
အလားတူ ပါကစ္စတန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းများတွင် ကူညီပံ့ပိုးပေးမှုများအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ သမ္မတရှီကျင့်ဖျင်၏ အချက် ၄ ချက်ပါအရှေ့အလယ်ပိုင်း အစီအစဉ်သည် ငြိမ်းချမ်းရေးအတွက် လမ်းပြမူဘောင်တစ်ခုဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ကပြောသည်။ ထိုအစီအစဉ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးတို့ဖြစ်သည်။
MWD

နယူးဒေလီ မေ ၂၅
အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမ နီယမ်ဂျိုင် ရှန်ကာနှင့် နယူးဒေလီမြို့တွင် မေ ၂၄ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း ဂျိုင်ရှန်ကာက နှစ်နိုင်ငံဆက်ဆံရေးကို ဘက်ပေါင်းစုံလွှမ်းခြုံနိုင်သည့် ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပြောကြားခဲ့သည်။ ရူဘီယိုကလည်း အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံနှင့် ဘုံအကျိုးစီးပွားများစွာရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော ရူဘီယို၏ ခရီးစဉ်သည် ဝါရှင်တန်နှင့် နယူးဒေလီတို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရူဘီယိုသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် မေ ၂၃ ရက်တွင် တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအခြေအနေများအပြင် ကုန်သွယ်ရေးနှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရူဘီယိုသည် နယူးဒေလီမြို့၌ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် မေ ၂၆ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။
အင်န်အိတ်ချ်ကေ
MDN

တီဟီရန် မေ ၂၄
အီရန်အနေဖြင့် အမေရိကန်နှင့် ဆွေးနွေးရာတွင် နိုင်ငံ၏အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်သည့်နည်းလမ်းဖြင့် ဆွေးနွေးဆောင်ရွက်မည်ဟု အီရန်သမ္မတ မာဆော့ ပါဇက် ကီရန်က မေ ၂၃ ရက် တွင် ပြောကြားသည်။
အမေရိကန်သည် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ချိုးဖောက်ပြီး ဆွေးနွေးပွဲကာလအတွင်း အီရန်အား တိုက်ခိုက်ကာ အီရန်တာဝန်ရှိသူများကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြင့် အီရန်နိုင်ငံ သားများ၏ ယုံကြည်မှုကို ပျက်ပြားစေခဲ့ကြောင်း အီရန်သမ္မတက ပါကစ္စတန်တပ်မတော်အကြီးအကဲ အဆမ်မူနာနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည်။
လက်ရှိဖြစ်နေသည့် အခြေအနေများအရ အီရန်အနေဖြင့် ပါကစ္စတန်အပါအဝင် မိတ်ဆွေနိုင်ငံများနှင့် မဟာမိတ်ဖွဲ့ကာ ညှိနှိုင်းဆွေးနွေးနေကြောင်းနှင့် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း အီရန်သမ္မတက ပြောကြားသည်။ သို့ရာတွင် သမိုင်းကြောင်းများနှင့် အတွေ့အကြုံများအရ အမေရိကန်နှင့် ဆွေးနွေးရာတွင် သတိထားရန် လိုအပ်သည်ဟု ညွှန်ပြနေကြောင်း ၎င်းကပြောကြားသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာတွင် မည်သူ့အတွက်မျှ အကျိုးကျေးဇူးရှိစေမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
ဒေသတွင်းတည်ငြိမ်ရေးအတွက် ပါကစ္စတန်၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ညှိနှိုင်းဆွေးနွေးပွဲများအတွင်း အပြုသဘောဆောင်သည့် ရလဒ်များရရှိခဲ့ခြင်းကို ကြိုဆိုကြောင်းနှင့် ၎င်းရလဒ်များကြောင့် အီရန်နှင့် ဒေသတွင်းနိုင်ငံများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း အဆမ် မူနာကပြောကြားသည်။ အမေရိကန်ဘက်မှ လိုက်လျောမှုများမရှိက လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်မည်ဟု အီရန်သတင်းဌာန ဖားစ်သတင်းအေဂျင်စီက ပြောကြားသည်။ အီရန်ဘက်မှ လက်ရှိအချိန်တွင် နျူကလီးယားအရေး ဆွေးနွေးမည်မဟုတ်ကြောင်း၊ ဆွေးနွေးပွဲများ ကျင်းပရန်အတွက် အီရန်၏ပိုင်ဆိုင်မှုများကို အမေရိကန်က ပေးအပ်ရန်နှင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲခွင့်ရရှိရေး စသည့်အချက်များကို တောင်းဆိုခဲ့ပြီး ၎င်းအချက်များကို လိုက်လျောခြင်းမရှိက ဆွေးနွေးမှုများဆောင်ရွက်မည်မဟုတ်ကြောင်း အီရန်က ပြောကြားသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ပါကစ္စတန်နိုင်ငံ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းမှစတင်၍ နှစ်ဖက်အကြား ပါကစ္စတန်၏ ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေးအဆိုပြုချက်များ အပြန်အလှန်ပေးပို့ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

မေ ၂၅
ပါကစ္စတန်နိုင်ငံ အကျဉ်းထောင်များမှ အာဖဂန်အကျဉ်းသား ၃၇၃ ဦးကို ပြီးခဲ့သည့် သုံးရက်အတွင်း လွှတ်ပေးခဲ့ပြီး အာဖဂန်နစ္စတန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အာဖဂန်ဒုက္ခသည်များနှင့် ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာခဲ့သည်။
နိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်များတွင် စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် တောင်ပိုင်းကန်ဒါဟာပြည်နယ်ရှိ Spin Boldak နယ်စပ်ဖြတ်ကျော်ဂိတ်နှင့် အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ Torkham ဖြတ်ကျော်ဂိတ်မှတစ်ဆင့် နေရပ်သို့ ပြန်ခဲ့ကြသည်ဟု သိရသည်။
နိုင်ငံသို့ပြန်လည်ရောက်ရှိပြီးနောက် ပြန်လည်ပေါင်းစည်းရေးအတွက် ၎င်းတို့၏ နေရပ်ပြည်နယ်များသို့ ပို့ဆောင်ခြင်းမပြုမီ အာဖဂန်အာဏာပိုင်များထံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ချက်ချင်းရရှိခဲ့ကြောင်း ထိုဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
အာဖဂန်အစိုးရသည် အာဖဂန်ဒုက္ခသည်များ၊ အထူးသဖြင့် အထောက်အထားမဲ့သူများအား ပြည်ပတွင်ဒုက္ခသည်အဖြစ်နေထိုင်ခြင်းကို ရပ်တန့်ပြီး စစ်ဘေးသင့်ဒေသကို ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ကူညီရေး နေရပ်သို့ပြန်လာရန် အကြိမ်ကြိမ်ခေါ်ဆိုခဲ့သည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာထားသည့် သဘောတူညီချက်တွင် အီရန်နိုင်ငံက ၎င်း၏သန့်စင်ပြီးယူရေနီယံ များကို စွန့်လွှတ်ရန်သဘောတူကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောသည်။ ထရမ့်က အီရန်နှင့် သဘောတူညီချက်ရရန် နီးစပ်နေပြီး ဟော်မုရေလက်ကြား ပြန်ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် ပြောသည်။ သို့သော် ထရမ့်၏ပြောဆိုမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်က မှတ်ချက်ပြုထားခြင်းမရှိပေ။
အမေရိကန်ကပေးထားသော အဆိုပြုချက်တွင် အီရန်က၎င်း၏ ယူရေနီယံများကို မည်မျှအထိစွန့်လွှတ်မည်ဟူသော အချက်ကို ဆုံးဖြတ်ထားခြင်းမရှိဘဲ လာမည့်ဆွေးနွေးပွဲများကျမှသာ ဆုံးဖြတ်မည်ဟု တာဝန်ရှိသူများကပြောသည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အီရန်တွင် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၄၀ ကီလိုဂရမ်ခန့်ရှိသည်ဟု သိရသည်။
ယခုသဘောတူညီချက်၏ အဓိကအစိတ်အပိုင်းတစ်ခုတွင် အီရန်နိုင်ငံ၏ပြည်ပရှိ ထိန်းသိမ်းခံထားရသော ငွေကြေး ဘီလီယံပေါင်းများစွာကို ပြန်လည်ထုတ်ပေးရေး ပါဝင်ပြီး အီရန်အနေဖြင့် နောက်ဆုံးနျူကလီးယား သဘောတူညီချက်ကို သဘောတူပြီးမှသာ ရန်ပုံငွေများကိုရရှိမည်ဖြစ်သည်။
လက်ရှိတွင် ထရမ့်ကြေညာထားသော သဘောတူညီချက်နှင့်ပတ်သက်၍ အီရန်ဘက်က မည်သည့်ထုတ်ပြန်ချက်မျှ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ထိုသို့သဘောတူညီချက်ရရှိရန် နီးစပ်မှုမရှိသေးကြောင်း မေလ ၂၂ ရက်တွင် ပြောထားသည်ဟု သိရသည်။

အီရန်နှင့်အမေရိကန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ သဘောတူညီမှုရရှိရန် နီးစပ်မှုမရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘာဂါအီက မေလ ၂၂ ရက်တွင် ပြောသည်။
ပါကစ္စတန်နိုင်ငံစစ်ဘက်အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးတို့ အီရန်နိုင်ငံသို့ရောက်ရှိနေသော်လည်း ယင်းသည် ဆွေးနွေးပွဲများတွင် အဆုံးအဖြတ် အခြေအနေသို့ ရောက်ရှိနေသည်ဟု မဆိုလိုကြောင်း ၎င်းကပြောသည်။ ထို့ပြင် အီရန်နှင့် အမေရိကန်ကြား ကွာခြားချက်များမှာ နက်ရှိုင်းပြီးများပြား ကြောင်း၊ သံတမန်ရေးဆွေးနွေးမှုများသည် အချိန်ယူရကြောင်း ဘာဂါအီက ဆက်ပြောသည်။ ဆွေးနွေးပွဲများသည် လက်ဘနွန်အပါအဝင် တိုက်ခိုက်မှုများအားလုံး အဆုံးသတ်ရေးကိုသာရည်ရွယ်ထားပြီး လက်ရှိအဆင့်တွင် အီရန်၏ နျူကလီးယားအစီအစဉ် မပါဝင်သေးကြောင်းလည်း ၎င်းကဆိုသည်။
Al Arabiya သတင်းဌာနက အီရန်-အမေရိကန် ငြိမ်းချမ်းရေး သဘောတူညီချက် မူကြမ်းတွင် အချက်(၉)ချက် ပါဝင်ကြောင်း ဖော်ပြထားသည်။ ယင်းတွင် အပစ်အခတ်ရပ်စဲရေး၊ စစ်ရေးနှင့် စီးပွားရေး အဆောက်အအုံများကို မတိုက်ခိုက်ရေး၊ ရေကြောင်းလွတ်လပ်စွာ သွားလာခွင့်နှင့် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးတို့ ပါဝင်ကြောင်း သိရသည်။

ကျူးဘားနိုင်ငံသည် အမေရိကန်နိုင်ငံအတွက် အမျိုးသားလုံခြုံရေးအန္တရာယ်ဖြစ်လာနေကြောင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် သဘောတူညီချက်ရရှိရေးမှာ ဖြစ်လာနိုင်ဖွယ် သိပ်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မှတ်ချက်ပြုပြောထားသည်။
၁၉၉၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသားများ သေဆုံးစေသည့် လေယာဉ်နှစ်စင်းကို ပစ်ချသည်ဟူသော စွပ်စွဲချက်ဖြင့် ကျူးဘားသမ္မတဟောင်း ရောကက်စထရိုကို အမေရိကန်အစိုးရက လူသတ်မှုဖြင့်တရားစွဲဆိုပြီးနောက် မာကိုရူဘီယိုက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် သံတမန်ရေးအရသာ ဖြေရှင်းလိုကြောင်း၊ သို့သော်အမေရိကန်နိုင်ငံကို ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တွင် အခွင့်အရေးနှင့်တာဝန်ရှိကြောင်း မာကိုရူဘီယိုကပြောသည်။
သို့ရာတွင် မာကိုရူဘီယို၏ ပြောဆိုချက်များသည် အလိမ်အညာများသာဖြစ်နေကြောင်း၊ ကျူးဘားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအတွက် မည်သည့်အခါကမျှ အန္တရာယ်ဖြစ်စေခြင်းမရှိကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂက်ကတုံ့ပြန်ထားသည်။
အလားတူ ကျူးဘားနိုင်ငံသည် ဒေသတစ်ခုလုံးတွင် အကြမ်းဖက်သမားများကို အားပေးထောက်ပံ့ပေးနေခြင်းဖြစ်သည် ဟူသော မာကိုရူဘီယို၏ စွပ်စွဲချက်များကိုလည်း ဘရူနိုရိုဒရီဂက်ကငြင်းဆိုကာ အမေရိကန်အနေဖြင့် စစ်ရေးအရ ကျူးကျော်ရန် အကြောင်းရှာနေခြင်းဖြစ်ကြောင်း ပြောထားသည်။