ဆီးရီးယားနှင့် ဂျော်ဒန် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်မည့် သဘောတူညီချက်များ လက်မှတ်ရေးထိုး

News Image

  • ဆီးရီးယားနှင့် ဂျော်ဒန် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်မည့် သဘောတူညီချက်များ လက်မှတ်ရေးထိုး

ဒမတ်စကပ်စ် ဧပြီ ၁၃

 

ဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံတို့သည် အဓိကအခန်းကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်ရည်ရွယ်သည့် သဘောတူညီချက်များစွာကို သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ဧပြီ ၁၂ ရက် က ထုတ်ပြန်သော တရားဝင်ကြေညာချက် တစ်ရပ်အရ သိရသည်။

 

ဧပြီ ၁၂ ရက်က ဂျော်ဒန်နိုင်ငံ၏မြို့တော်တွင် ကျင်းပခဲ့သော ဆီးရီးယား-ဂျော်ဒန် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ယင်းသဘောတူညီချက် များစွာကို ရရှိခဲ့ခြင်းဖြစ်သည်၊။ အဆိုပါ အစည်းအဝေးကို နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်အရာရှိများက ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

 

ဆီးရီးယား နိုင်ငံခြားရေးတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၂၆ ရက်က လက်မှတ် ရေးထိုးခဲ့သည့် သဘောတူညီချက်အရ ဆီးရီးယားနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ပြန်လည်ပို့ဆောင်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြပြီး နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များပြီးဆုံးပြီးနောက် နှစ်ရက် အတွင်း ပြန်လည်ပို့ဆောင်နိုင်ရန် မျှော်မှန်းထား ကြောင်း ဖော်ပြထားသည်။

 

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကုန်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်းနယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုအားကောင်းစေရေး ကတိကဝတ်ကို နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုခဲ့ကြသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များ လွယ်ကူရိုးရှင်းစေရန်နှင့် လုပ်ငန်းလည်ပတ်ရာတွင် ပိုမို သွက်လက် မြန်ဆန်စေရန်အတွက်လည်း အတူတကွပူးပေါင်း အဖြေရှာကြမည်ဖြစ်ကြောင်း သိရသည်။

 

ဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံတို့သည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအပြင် ပြည်သူ့စွမ်းဆောင်ရည်ကို မြှင့်တင်မည့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များတွင်လည်း အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဆွေးနွေးခဲ့ကြသည်။

 

ဆင်ဟွာ

MDN