နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးလမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါသည်။ သို့သော် လည်း NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပြည်သူများကို အကြောက်တရား လွှမ်းမိုးလာစေရေး အကြမ်းဖက်လုပ်ရပ်များကို တရားလက်လွတ်ဥပဒေမဲ့ ယခုအချိန်ကာလအထိ လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်းအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ပါသည်။ ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၁၀၉၃၀ လုံးတို့ကို ဖျက်ဆီးခြင်း ခံခဲ့ရပြီးဖြစ်ပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးကိုမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အနေဖြင့်လည်း လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို အခြေခံပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် EAO အဖွဲ့များကို ခေါ်ယူ တွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံသဘော တူကြောင်းကို ပြောကြားခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် အချို့ EAO များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ချိုးဖောက်နေသည်ကို တွေ့ရှိရပါသည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော် ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော်၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်း နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက် နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကြပ်ကိုင် တောင်းဆိုခဲ့ သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က ဒေသတည်ငြိမ်အေးချမ်းရေး အတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့ပါသည်။ MNDAA အဖွဲ့အနေဖြင့် လားရှိုးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို့ လားရှိုးမြို့အတွင်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း မြို့တွင်းသို့စိမ့်ဝင်ပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ် များကို ဖျက်ဆီးလျက်ရှိပါသည်။ ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် TNLA အဖွဲ့အနေဖြင့်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသတို့တွင်ရှိသည့် နယ်မြေလုံခြုံရေးစခန်းများနှင့် မြို့အချို့အတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်လာသည့်အတွက် ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများသာမက အသက်အန္တရာယ်ပါ ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့ပါသည်။ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးပြပြီး အေးချမ်းစွာနေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အပေါ် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လာမှုကို ပြည်သူလူထုအနေဖြင့် အလွန်ရွံရှာစက်ဆုပ်နေ သည်ကိုလည်း တွေ့ရှိရပါသည်။ တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ပြည်သူ့ တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထိုကဲ့သို့ ပြည်သူ့အတွက်၊ နိုင်ငံအတွက် ဦးထိပ်ထားဆောင်ရွက်ခြင်းသည် တရားသောစစ်ကို ဆင်နွှဲနေ ခြင်းဖြစ်ပါသည်။ တပ်မတော်၏ တရားသောစစ်ဆင်နွှဲနေသည့်အပေါ်တွင် ဝန်းရံထောက်ခံအားပေး နေသည့် မျိုးချစ်လူငယ်များ၊ အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသားပြည်သူ လူထုအပေါ် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါသည်။၊ အမိနိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက် အောင်ဆောင်ရွက်လာသည့် သောင်းကျန်းသူအဖျက်သမားများအပေါ် ပြင်းပြသည့်၊ စုစည်းညီညွတ်သည့် အမျိုးသားရေးစိတ်၊ မြန်မာစိတ်တို့မွေးမြူပြီး နိုင်ငံတော်ကို စုပေါင်းကာကွယ်ကြရန် တိုက်တွန်း ပြောကြားလိုပါသည်။ တပ်မတော်အနေဖြင့် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နယ်စပ်ဒေသစီမံခန့်ခွဲရေး ကိစ္စရပ်များသည် နှစ်နိုင်ငံအစိုးရများမှ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ နယ်စပ်ကုန်သွယ်ရေးကို နှစ်ဖက် အစိုးရ ဌာနများကသာ ကြီးကြပ်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။၊ အချို့နယ်စပ်ဒေသများတွင် စီမံခန့်ခွဲမှုများ ချို့ယွင်းမှုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက် ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က အစ္စရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေး အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းဖြစ်သည်။ ယနေ့ကလေးသူငယ် လူငယ်လူရွယ်များသည် အနာဂတ်တွင် မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်ကို အကောင်း၊ အဆိုး ဖန်တီးနိုင်သူများဖြစ်ပြီး ပညာသင်ကြားဆည်းပူးရေးကို အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကာ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူနိုင်ရေး မိဘ၊ ဆရာ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို ချမှတ်ပြီး ပညာရေးကဏ္ဍကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်စီးပြီး ကျောင်းများပိတ်ထားခဲ့ရသောကြောင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြား၊ သင်ယူမှုအခွင့်အလမ်းများ စာသင်နှစ် တစ်နှစ်ခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။
ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့ကြီးများဖြစ်သော နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နေပြီဖြစ်ကာ အခြေခံပညာကျောင်းများတွင် စာသင်နောက်ကျခဲ့ရသည့် ကျောင်းသား ကျောင်းသူများအတွက် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ကျောက်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စာသင်နောက်ကျခဲ့ရသည့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပြန်လည်ပညာသင်ကြားနိုင်ပြီဖြစ်ရာ ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ၏ ဝမ်းသာပီတိစကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်။
မောင်ကျော်ဇင်မင်းထက်(Grade -12)၊ အ.ထ.က(၁)၊ ကျောက်မဲမြို့
ကျွန်တော်ကတော့ အ.ထ.က (၁) Grade-12 STEAM-1 က ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ကျောင်းတက်နေစဉ် ရုတ်တရက်ဖြစ်ရတဲ့တိုက်ပွဲကြောင့် ခေတ္တနေရပ်ရှောင်ခဲ့ရပါတယ်။ တခြားမြို့၊ တခြားရွာမှာ သွားနေခဲ့ရပါတယ်။ ကိုယ့်အရပ်ဒေသမဟုတ်တဲ့အတွက် အခက်အခဲများစွာ ရှိခဲ့ပါတယ်။ ကျောင်းတွေဖွင့်တော့ ကျောင်းတက်ချင်မိပါတယ်။ အခုကတော့ ကိုယ့်နေရပ်မှာ ကျောင်းပြန်တက်ရတော့ အင်မတန်ပျော်မိပါတယ်။ ကျောင်းနားပြီး စိတ်ကအပြင်ရောက်တာနဲ့စာရင် ကျောင်းပညာရေးမှာ စိတ်နှစ်ထားတာက ပိုပြီးကောင်းပါတယ်။
မနန်းဥမ္မာဦး (Grade -12)၊ အ.ထ.က(၁)၊ ကျောက်မဲမြို့
ကျွန်မကတော့ Grade-12 STEAM-1 ကျောင်းသူဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျွန်မတို့ မန္တလေးဘက်မှာ သွားရှောင်နေရပါတယ်။ ကိုယ်နေဖူးတဲ့ဒေသမဟုတ်တဲ့အတွက်ကြောင့် မပျော်ခဲ့ဘူး။ အခက်အခဲတွေရှိခဲ့ပါတယ်။ အခုကတော့ ကျွန်မတို့ ကျောက်မဲမြို့မှာ ကျောင်းပြန်ဖွင့်နေပြီဖြစ်တဲ့အတွက် ကိုယ့်အိမ်၊ ကိုယ့်ဒေသမှာ နေခွင့်ရတယ်၊ ကျောင်းလည်း ပြန်တက်ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။
မောင်မင်းခန့်သော် (Grade -12)၊ အ.ထ.က(၁)၊ ကျောက်မဲမြို့
တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း ပြင်ဦးလွင်က ဘုန်းကြီးကျောင်းမှာ ခေတ္တရှောင်နေခဲ့ရပါတယ်။ ပညာရေးအတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ လျှပ်စစ်မီးအဆင်မပြေတာ၊ ခရီးသွားလာရေး အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ အခုကတော့ ကိုယ့်မြို့၊ ကိုယ်ရွာ၊ ကိုယ့်ကျောင်းကို ပြန်လာရတဲ့အတွက် အင်မတန်ပျော်ရွှင်မိပါတယ်။ ကိုယ့်နေရပ်က ကျောင်းမှာပဲ စာပြန်သင်ယူနိုင်ပါပြီ။ ဆရာ ဆရာမတွေက စေတနာထားပြီး သင်ကြားပေးကြတယ်၊ ဆရာ ဆရာမတွေက အကောင်းဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ကြိုးစားပေးကြပါတယ်။ ဒါကြောင့် အခု ကျောင်းမှာစာပြန်လည်သင်ကြားရမှုက အဆင်ပြေပါတယ်။ ကျောင်းကို မရောက်လာသေးတဲ့ သူငယ်ချင်းတွေကို အရှုံးမပေးပါနဲ့၊ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ကျောင်းပြန်လာတက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
ဦးကျော်စွာဝင်း(ကျောင်းသားမိဘ)၊ ကျောက်မဲမြို့
အခုလို ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပြီး ကိုယ့်မြို့ရွာမှာပဲ ကလေးတွေ အေးအေးချမ်းချမ်း စာပြန်သင်ခွင့်ရတာ မိဘတစ်ဦးအနေနဲ့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကျောင်းတက်ရင်းနဲ့ တိုက်ပွဲရှောင်ပြီး တခြားနေရာဒေသမှာ သွားနေရတဲ့အခါ ကိုယ့်ရပ်ရွာမဟုတ်တဲ့အတွက် တကယ်တော့ အဆင်မပြေတာတွေ အများကြီးရှိခဲ့ပါတယ်ခင်ဗျ။ ကျွန်တော့်သားသမီးတွေကို ကိုယ့်မြို့၊ ကိုယ့်အိမ်ကနေ အေးအေးချမ်းချမ်း အဆင်ပြေပြေနဲ့ ကျောင်းတက်စေချင်တာပါ။
ဒေါ်နန်းမူရင်(ကျောင်းအုပ်ကြီး)
အမှတ်(၃)အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊ ကျောက်မဲမြို့
တိုက်ပွဲတွေဖြစ်ပွားတဲ့ကာလမှာ ရှမ်းအရှေ့ တာချီလိတ်ကို ခေတ္တသွားနေခဲ့ရပါတယ်။ အဲဒီကို သွားတဲ့အခါမှာလည်း လမ်းခရီးမှာ အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ရတယ်။ အခု ကျောက်မဲမြို့ကို ပြန်လည်ရောက်ရှိလာတုန်းက ကျွန်မတို့ကျောင်း ပျက်စီးမှုကိုကြည့်ပြီး အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကလေးတွေ အရင်လိုစာသင်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးမှာဖြစ်ပါတယ်။ အခု ကျွန်မတို့ ဆရာ ဆရာမတွေ၊ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး ကျောင်းကြီးသာယာလှပရေး စွမ်းဆောင်ကြိုးစားနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ကျောင်းကို ပြန်ရောက်လာတဲ့အတွက် အများကြီး ဝမ်းသာအားရမိပါတယ်။ ကျောက်မဲမြို့မှာ အရင်လို အေးအေးချမ်းချမ်း သာသာယာယာနဲ့ ကျောင်းမှာ ကျောင်းသား ကျောင်းသူတွေ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်နေရတာကို မြင်ရတဲ့အတွက် ဆရာမတစ်ဦးအနေနဲ့ အများကြီး စိတ်ချမ်းသာရပါတယ်။
ယခုအခါ ကျောက်မဲဒေသ၌ နယ်မြေအေးချမ်းတည်ငြိမ်လာသည်နှင့်အမျှ ကျောင်းတံခါးများဖွင့်လှစ်ကာ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှု အသံများ၊ စာကျက် စာအံသံများဖြင့် လွှမ်းခြုံနေပြီဖြစ်သည့်အတွက် ဒေသခံ မိဘပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ဝမ်းသာကြည်နူးမှုက အတိုင်းမသိပင်။ ဆက်လက်၍လည်း မိမိတို့အရပ် မိမိတို့ဒေသတွင် ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများ ကျောင်းသို့ရောက်ရှိရေး၊ အချိန်မတိုင်မီ ကျောင်းမထွက်ကြရေး၊ တန်းစဉ်မှန်မှန်ကူးပြောင်းရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အဆင့်မြင့်ပညာများ သင်ယူပြီးမြောက်ရေးအတွက် မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ အားလုံးက ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြပြီး စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
T Z T(MoE)
MOI

ဒီနေ့ ကျွန်တော်တို့ မိဘပြည်သူများနှင့် မီဒီယာများကို အသိပေးပြောကြားလိုတာကတော့ မြဝတီဒေသမှာ ပြုလုပ်နေတဲ့ Online လောင်းကစားမှုတိုက်ဖျက်ချေမှုန်းရေးကိစ္စတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကို ပြောလိုပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်မှာပဲ မြဝတီမြို့ရဲ့မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်နယ်မြေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ ပထမဦးစွာ အဲဒီထဲမှာရှိနေတဲ့ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံသုံးလုံးကို အရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ အဲဒီထဲကနေ စိစစ်ဆဲ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိခဲ့ပါတယ်။ Online လောင်းကစားမှုမှာ အသုံးပြုနေတဲ့ ဖုန်းအလုံးရေ တစ်သောင်းနီးပါးလောက် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပစ္စည်းတွေလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကို ထွက်ပြေးမယ့်သူတွေကိုလည်း ကျွန်တော်တို့ ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်။ ဒီနယ်မြေမှာ Online လောင်းကစားမှု လုပ်ဆောင်နေတဲ့ နယ်မြေ သုံးခုရှိပါတယ်။ အဲဒါတွေကတော့ နံပါတ်တစ်ကတော့ KK Park နယ်မြေ၊ နံပါတ်နှစ်ကတော့ ရွှေကုက္ကိုလ်နယ်မြေနဲ့ နံပါတ်သုံးကတော့ ကျောက်ခတ်နယ်မြေဖြစ်ပါတယ်။ KK Park နယ်မြေကတော့ အားလုံးသိတဲ့အတိုင်းပဲ မြဝတီမြို့ရဲ့ တောင်ဘက်မှာရှိတယ်။ ရွှေကုက္ကိုလ်နယ်မြေကတော့ မြဝတီမြို့ရဲ့ မြောက်ဘက်မှာရှိတယ်။ ကျောက်ခတ်ဒေသကတော့ တောင်ဘက်အစွန်ဆုံးပေါ့။ KK Park ရဲ့တောင်ဘက်မှာရှိတဲ့ နယ်မြေတွေဖြစ်ပါတယ်။ ဒီနေရာတွေမှာ ဘယ်သူတွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ဟာကလည်း ကျွန်တော် ယခင်တုန်းက အတိအလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ KK Park နယ်မြေနဲ့ပတ်သက်ပြီး ကျွန်တော် အားလုံးကို ရှင်းလင်းပြောပြတဲ့နေရာမှာ အထောက်အထားတွေနဲ့ ဘယ်သူတွေနဲ့ ဘယ်အချိန်တုန်းက စာချုပ်ချုပ်ခဲ့တယ်၊ KNU အဖွဲ့ထဲက သူတွေနဲ့ စာချုပ်ဘယ်လိုချုပ်ခဲ့တယ်၊ ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်၊ ဘယ်သူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ကျွန်တော် ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KK Park နယ်မြမှာ အဓိကကတော့ မုလအိအလင်းကုမ္ပဏီ၊ Tran-Asia International Holding Group ( Thailand) ကုမ္ပဏီတွေ ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ ရွှေကုက္ကိုလ်နယ်မြေမှာကတော့ Myanmar Yatai International Holding Group ကုမ္ပဏီ ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ ကျောက်ခတ်နယ်မြေမှာကတော့ Chongkhaed Garden Resort ကုမ္ပဏီက ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ ရောက်ရှိပြီး Online လောင်းကစားမှုတွေ၊ Online လိမ်လည်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုမျိုးရောက်ရှိလာသလဲဆိုတဲ့ဟာကို ကျွန်တော်တို့ရှင်းပြပြီးဖြစ်ပါတယ်။ အဲဒီကိုရောက်ရှိလာတဲ့ Online လိမ်လည်တဲ့ နိုင်ငံခြားသားတွေဟာ ၉၉ ဒသမ ၅ ရာခိုင်နှုန်းလောက်က တစ်ဖက်နိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ကူးပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ မြဝတီမြို့နဲ့အလှမ်းကွာဝေးတဲ့ ခုနကနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် EAOs ၊ KNU ၊ KNLA အဖွဲ့၊ ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တချို့သော EAO အဖွဲ့တွေ၊ ပြီးရင် နယ်ခြားစောင့်တပ်ဖွဲ့အမည်ခံတပ်ဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အဲဒီလူတွေကိုပဲ ချဉ်းကပ်ပြီးတော့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက အဲလူတွေနဲ့ဆက်စပ်ပြီးတော့ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြဝတီမြို့နဲ့ အနီးတစ်ဝိုက်ကို ကျွန်တော်တို့လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာ Online လောင်းကစားမှုတိုက်ဖျက်ရေးတွေ စတင်ဆောင်ရွက်ခဲ့တယ်။ တဖြည်းဖြည်း နယ်မြေငြိမ်းချမ်းလာတာနဲ့အမျှ နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး Online လိမ်လည်မှုအမြစ်ပြတ်ပပျောက်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စစ်သည်တွေ၊ ဝန်ထမ်းတွေ အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဒီနယ်မြေမှာ တရားမဝင်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကို ကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်။ တချို့စစ်ဆေးချက်မှတ်တမ်းတွေကို မီဒီယာများ၊ မိဘပြည်သူများသိအောင် ကျွန်တော်တို့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ အဲဒီထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင် ဒီလူတွေဟာ ဘယ်ကနေရောက်လာလဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတာကို အထင်အရှားသိနိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ ခုနကပြောတဲ့နေရာ သုံးခု KK Park ၊ ရွှေကုက္ကိုလ်၊ ကျောက်ခတ်ဒေသ၊ ဒီနေရာတွေရဲ့အခြေခံလူနေထိုင်မှု ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးစတာတွေက တစ်ဖက်နိုင်ငံကနေရရှိနေတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကန့်ကွက်လို့ တစ်ဖက်နိုင်ငံက ပူးပေါင်းဆောင်ရွက် မှုတွေပြုလုပ်ခဲ့ပြီး ပိတ်ပင်တာမျိုးတွေ ဆောင်ရွက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံး နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park လိုနယ်မြေမျိုးမှာ ပြန်လည်ပြီး Online လောင်းကစားမှုတွေ အခြေမချနိုင်ဖို့အတွက် အဲ့မှာရှိနေတဲ့ အဆောက်အအုံတွေကို ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်း စက်ယန္တရားတွေနဲ့ ဖြိုဖျက်ခဲ့တာတွေရှိတယ်။ အဆင့်မြင့်ဖောက်ခွဲခဲ့တာမျိုးတွေ ရှိပါတယ်။ ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ တစ်ဖက်နိုင်ငံအနေနဲ့က ဒီဖောက်ခွဲလိုက်တဲ့အစအနတွေ သူတို့နိုင်ငံထဲမှာ ကျတယ်ဆိုပြီး ကန့်ကွက်တဲ့ဟာမျိုးလေးတွေ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ ဗီဒီယိုမှတ်တမ်းတွေ ဆောင်ရွက် ထားပြီးဖြစ်ပါတယ်။ သူတို့ကို ဒီအစအနတွေမကျဘူးဆိုတာလည်း ဗီဒီယိုမှတ်တမ်းတွေနဲ့ ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကျွန်တော် ပုံတစ်ပုံကို ပြလိုပါတယ်။ ဒီမှာဆိုရင် ဒါ KK Park ထဲမှာရှိတဲ့ အဆောက်အအုံကို ကျွန်တော်တို့ ဖြိုချဖျက်ဆီးတာဖြစ်ပါတယ်။ ဖြိုချဖျက်ဆီးတဲ့နေရာမှာ ဒီအဆောက်အအုံဟာ တည့်တည့်ပဲအောက်ကို ပြိုကျသွားတာ ဖြစ်ပါတယ်။ အဆင့်မြင့်ဖောက်ခွဲနည်းပညာနဲ့ အသုံးပြုတဲ့အတွက်ကြောင့်မို့လို့ အောက်ကိုပြိုကျသွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဖက်နိုင်ငံထဲကိုကျဖို့နေနေသာသာ သူ့ရဲ့ဘေးနားမှာရှိတဲ့ သစ်ပင်တွေတောင် မလှုပ်ဘူးဆိုတာတောင် တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နိုင်ငံရဲ့ နယ်စပ်အနီးမှာကပ်နေတဲ့ Hotel တစ်လုံးကိုလည်း ကျွန်တော်တို့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီလိုဖြိုချဖျက်ဆီးတဲ့နေရာမှာလည်း တစ်ဖက်နိုင်ငံကိုကျရောက်ဖို့နေနေသာသာ တစ်ဖက်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့နယ်ခြားမျဉ်းဖြစ်တဲ့ ဒီမြစ်ထဲကိုတောင်မှ အစအန ကျတာမတွေ့တာကို ထင်ရှားစွာတွေ့နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ အဆောက်အအုံများ ဖြိုချရှင်းလင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခု ဒါနဲ့ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံအနေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီမှာ ကျွန်တော်တို့တွေ့ရတာကတော့ ဒီနေ့မှာတွေ့ရတဲ့ ကြေညာချက်ဖြစ်ပါတယ်။ ဒီထဲမှာတော့ Online လိမ်လည်မှုတွေအနေနဲ့ အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ District of Columbia Scam Center Strike Force ကို ဖွဲ့စည်းခဲ့တယ်။ SCSF ကို ဖွဲ့စည်းခဲ့တယ်လို့ သူတို့ကြေညာလာတာကို တွေ့ရပါတယ်။ ဒီထဲမှာ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ အရှေ့တောင်အာရှနိုင်ငံတွေကို အခြေပြုပြီးတော့ cryptocurrency နဲ့အပါအဝင် ဆိုက်ဘာလိမ်လည်မှုတွေကို အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ဆိုပြီး ဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ ထူးထူးခြားခြား အသုံးအနှုန်းလေးတွေ ပါတာကို ကျွန်တော်ပြောပြချင်ပါတယ်။ ထူးထူးခြားခြားအသုံးအနှုန်းလေးတွေက တတိယအပိုဒ်လောက်မှာ တရုတ်နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ (TCOs) တွေက cryptocurrency ရင်းနှီးမြှုပ်နှံမှု၊ လိမ်လည်မှုများနှင့် ယုံကြည်မှု၊ လိမ်လည်မှုအမျိုးမျိုးကို အသုံးပြုပြီး နေ့စဉ် အမေရိကန်များ၏ စုဆောင်းငွေများ၊ အသက်များကို ခိုးယူလျက်ရှိသည်ဆိုပြီး ပါတာတွေ့ရပါတယ်။ နောက်တစ်ပိုဒ်မှာတော့ လိမ်လည်မှုစင်တာတွေဟာ အမေရိကန်မှ တရုတ်ရာဇဝတ်ဂိမ်းများ၏ အိတ်ကပ်ထဲသို့ မျိုးဆက်တစ်ခုပြီးတစ်ခု ချမ်းသာကြွယ်ဝမှုရှိအောင် ဖန်တီးနေတယ်ဆိုပြီး စွပ်စွဲထားတာမျိုးလည်း တွေ့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force Burma အဖွဲ့သည် မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာနှစ်ခုကို စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဆိုပြီးလည်း ပါတာတွေ့ရပါတယ်။ သူတို့ စစ်ဆင်ရေး ဘယ်လိုလုပ်ခဲ့လဲ၊ မလုပ်ခဲ့လဲဆိုတာတော့ ကျွန်တော်တို့ လည်း မသိပါဘူး။ မြေပြင်မှာလည်း တွေ့ရတာတော့မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နဲ့ အတူပူးပေါင်းဆောင်ရွက်ရန် ဗန်ကောက်ကို FBI agent များ စေလွှတ်ခဲ့သည်ဆိုတာလည်း ပါပါတယ်။ ဒါဟာ သူတို့ထုတ်ပြန်တဲ့ နှစ်မျက်နှာလောက်ရှိတဲ့ ထုတ်ပြန်ချက်ထဲက ကျွန်တော်တို့ ထုတ်နုတ် ပြီးပြောတာ ဖြစ်ပါတယ်။ ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနကပြောတဲ့ Online လိမ်လည်မှု၊ Online လောင်းကစားမှုတိုက်ဖျက် ရေးဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ကတော့ အရှေ့မြောက်ဒေသ လောက်ကိုင်ဒေသမှာ Online လောင်းကစားမှုတွေ၊ Online လိမ်လည်မှုတွေကို စသိခဲ့တဲ့အတိုင်း တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု Task Force ကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ အခုထိလည်း ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ ပြီးရင်တော့ ကရင်ပြည်နယ်၊ မြဝတီဒေသ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Trilateral Cooperation) ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အခုထိလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့၌ကျင်းပခဲ့တဲ့ တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ် ခြောက်နိုင်ငံ Online လိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးအစည်းအဝေး တက်ရောက်ခဲ့ပြီး ဒီအဖွဲ့နဲ့လည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ဒီ Online လိမ်လည်မှု၊ Online လောင်းကစားမှုဆိုတာသည် ကျွန်တော်တို့ မြန်မာတစ်နိုင်ငံတည်းကိုပဲ ဒုက္ခပေးနေတာ မဟုတ်ပါဘူး။ လိမ်လို့ရတဲ့ နိုင်ငံတကာက နိုင်ငံသူနိုင်ငံသားတွေကိုလည်း လိမ်လည်နေတာဖြစ်ပါတယ်။ ဒါကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပြတ်ပြတ်သားသားတိုက်ဖျက်ဖို့လည်း နိုင်ငံတော်ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ လူထုတွေ့ဆုံပွဲတွေမှာလည်း ဒါကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊ မီဒီယာများအားလုံးအနေနဲ့ ဒီ Online လိမ်လည်မှုတွေ၊ Online လောင်းကစားမှုတွေနဲ့ပတ်သက်ပြီး သတင်းရရှိလာရင် သက်ဆိုင်ရာကို သတင်းပေးကြပါ။ ပူးပေါင်းဆောင်ရွက်သွားကြပါ။ ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ခြောက်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီ Online လိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။