ရန်ကုန်မြို့ပြပတ်ဝန်းကျင်ကောင်းကင်ယံတွင် ယခုရက်ပိုင်းအတွင်း လေထုများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်ကို မြို့နေပြည်သူအားလုံး ကြုံတွေ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မိုးအုံ့ခြင်း၊ မြူခိုးများအုံ့ဆိုင်းနေခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်နေသည်ကို သတိပြုမိရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် မွန်းလွဲပိုင်း၌ အဆင့် ၁၁ ရှိရာမှ ညနေပိုင်းတွင် IQ Air အရ ကမ္ဘာ့အဆင့် ၄ သတိပြုရမည့်အခြေအနေသို့ ရောက်နေသည်။ လေထုညစ်ညမ်းမှုသည် လေထုထဲ၌ မီးခိုး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်နှင့် ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။
ပုံမှန်အားဖြင့် လေထုညစ်ညမ်းမှု အဆိုးဆုံးအချိန်သည် ဒီဇင်ဘာလမှ ဧပြီလကုန်အထိဖြစ်သည်။ ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီလနှင့် မတ်လတွင် အပူရှိန်များတက်လာပြီး လေငြိမ်သည့်ကာလဖြစ်၍ တောမီးရှို့မှုများကြောင့် လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးဟု ပြောနိုင်သည်။ မိုးဦးကာလ မေလနှင့် ဇွန်လအတွင်း မုတ်သုံမိုးစတင်ရွာသွန်းသည်နှင့် လေထုအတွင်းရှိ အမှုန်အမွှားများသည် မိုးရေနှင့်အတူ မြေပြင်သို့ဆင်းသက်သွားကာ လေထုညစ်ညမ်းမှု အလိုအလျောက်သန့်စင်သွားမည်ဖြစ်သည်။ လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်မားဆုံးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးသတိပြုလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုကို အုံ့မှိုင်းနေသောအသွင်သဏ္ဌာန်ဖြင့် တွေ့မြင်နိုင်သော်လည်း ညစ်ညမ်းနေသောအမှုန်အမွှားများကို မျက်စိဖြင့် မြင်နိုင်စွမ်းမရှိပေ။ အဆိုပါလေကို ကြာရှည်ရှူရှိုက်ပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အမှုန်အမွှားများ ခန္ဓာကိုယ်အတွင်း အများဆုံးဝင်ရောက်ပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ လေထုညစ်ညမ်းမှုကို ကြာရှည်ထိတွေ့မိလျှင် မျက်စိနီခြင်း၊ နာခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စသည့်ရောဂါများဖြစ်နိုင်သည်။ ပန်းနာရင်ကျပ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ကိုယ်ခံအားစနစ်အားနည်းခြင်း၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည်။
အများအားဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အဆုတ်၊ နှလုံး၊ ဆီးချိုကဲ့သို့ နာတာရှည်ရောဂါရှိသူများ၊ အာဟာရချို့တဲ့သူများ၊ လူဦးရေထူထပ်၍ လေထုညစ်ညမ်းသောနေရာများတွင် နေထိုင်ကြသောသူများ၊ လူနေမှုနိမ့်ကျသည့်နေရာများတွင် ဆိုးကျိုးသက်ရောက်မှုများသည်။ ကလေးသူငယ်များသည် လူကြီးများထက် ကိုယ်ခံအားနည်းသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသာမက ဦးနှောက်ဖွံ့ဖြိုးမှုကို မထိခိုက်စေရန် သတိပြုဖို့လိုသည်။ လေထုညစ်ညမ်းမှုသည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားကို ထိခိုက်နိုင်သဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ အချိန်မတိုင်မီမွေးဖွားခြင်း၊ ပေါင်မပြည့် လမစေ့ဘဲမွေးဖွားခြင်း စသည့်အန္တရာယ်များကို သတိပြုဖို့လိုသည်။
ညစ်ညမ်းသောလေထုတွင် ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်စသည့် အန္တရာယ်ရှိသော အမှုန်အမွှားများပါဝင်သည်။ လေထုညစ်ညမ်းမှုကို တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အက်စစ်မိုးရွာသွန်းခြင်းနှင့် ဖန်လုံအိမ်အကျိုး သက်ရောက်မှု စသည့်သဘာဝအန္တရာယ်ကြောင့်ဖြစ်နိုင်သည်။ မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများ၊ ထင်းမီးသွေး၊ ဆေးလိပ်၊ အမှိုက်မီးရှို့ရာမှထွက်ရှိသော မီးခိုးများ၊ အိမ်သုံးဓာတုပစ္စည်းများ၊ အအေးပေးစက်မှ ဓာတ်ငွေ့များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အော်ဂင်းနစ်ဒြပ်ပေါင်းများ စသည်တို့မှထွက်ရှိသော မီးခိုးငွေ့၊ ဓာတ်ငွေ့များဖြစ်သည့် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသောအခိုးအငွေ့များသည် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။
သဘာဝဘေးအန္တရာယ်များနှင့် လူတို့ကြောင့် လေထုညစ်ညမ်းမှုသည် တစ်နှစ် ထက်တစ်နှစ် မြင့်မားနေဦးမည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်သော လေထုညစ်ညမ်းမှုကို ဝိုင်းဝန်းကာကွယ် တားဆီးကြရမည်ဖြစ်သည်။ မြို့ပြလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို စီမံကိန်း၊ စီမံချက်များချမှတ်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့အနေဖြင့် အကျိုးစီးပွားအတွက် ဆင်ခြင်တုံတရားများကို မေ့လျော့နေတတ်ကြရာ ဘေးအန္တရာယ်ဖြစ်နိုင်သည့်ကိစ္စများကို ဖြစ်နိုင်သရွေ့ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အခိုးအငွေ့ထွက်သောအရာများကို ထိန်းညှိရန်နှင့် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူပေးသည့် သစ်တောသစ်ပင်များကို ထူထောင်ကြရန်လိုသည်။
သို့ဖြစ်ရာ လေထုညစ်ညမ်းနေသောကာလတွင် ပြည်သူလူထုအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်ရန်လိုအပ်ပါသည်။ ရေရှည်ကာလအတွက် အန္တရာယ်ရှိသော ကာဗွန်ဓာတ်ငွေ့များကိုစုပ်ယူပေးသည့် ပိတောက်၊ ကုက္ကိုကဲ့သို့ သစ်ပင်များကို အရေအတွက်ပြည့်မီအောင်၊ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးပေး၍ Green zone အစိမ်းရောင်နယ်မြေများ ထူထောင်ပြီး ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။
moi

ခြောက်သွေ့ရာသီရောက်လာသည်နှင့် လေထုညစ်ညမ်းမှုပြဿနာလည်း စတင်ဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုဆိုသည်မှာ လေထဲတွင် အန္တရာယ်ရှိသည့် ဓာတ်ပစ္စည်းများနှင့် အမှုန်အမွှားများ ပါဝင်နေခြင်းဖြစ်ပြီး လူ ၁ဝဝ လျှင် ၉ဝ တို့က ထိုညစ်ညမ်းသည့် လေကိုရှူနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်၍ နှစ်စဉ် လူ ၁၇ သန်း သေဆုံးနေကြရသည်ဟုလည်း ဆိုသည်။
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သည့် ပန်းနာရင်ကျပ် (Asthma) ကို ပိုမိုဆိုးရွား လာစေနိုင်ပြီး အဆုတ်ရောင်ရောဂါ (Pneumonia)ကိုလည်း ဖြစ်နိုင်ခြေများစေနိုင်သည်။ နာတာရှည်အဆုတ်ရောဂါ (COPD)ကို ဖြစ်စေနိုင်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများဖြစ်သည့် သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ထို့အပြင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပြီး အခြားကင်ဆာရောဂါတို့လည်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ ကလေးများ၏ အဆုတ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေပြီး ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေများစေသည်။ သက်ကြီးရွယ်အိုများတွင် နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများ ပိုမိုဆိုးလာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေများစေသည်။ ကိုယ်ဝန်ဆောင်သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့ ဖြစ်နိုင်ခြေများစေသည်။ လေထုညစ်ညမ်းမှုကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်းဖြစ်နိုင်သည်ဟု ပညာရှင်တို့ကဆိုသည်။
ရုပ်ခန္ဓာရှင်သန်နေစေရေးအတွက် လေ၊ ရေနှင့် အစာအာဟာရတို့ဖြင့် ထောက်ပင့်ပေးထားရခြင်းဖြစ်ရာ လူတစ်ဦးသည် နေ့စဉ်လေ ၁၄ ကီလိုဂရမ်၊ ရေ ၂ ကီလိုဂရမ်နှင့် အစားအစာ ၁ ဒသမ ၅ ကီလိုဂရမ်ကို မှီဝဲနေကြရသည်ဟု ဆိုသည်။ သို့ဖြစ်သည့်အတွက် မိမိတို့ ရှူသွင်း၊ စားသောက်သုံးဆောင်လိုက်သည့် လေ၊ ရေ၊ အစား အစာတို့ သန့်ရှင်းနေစေဖို့လိုသည်။ လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လေထုညစ်ညမ်းမှုအမြင့်ဆုံးအချိန်များ ဖြစ်သည့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ အိမ်တွင်းလေထုကို ထိန်းသိမ်းရန်အတွက် ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားခြင်း၊ အပြင်သို့ ထွက်ရပါကလည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သည့် အရည်အသွေးမြင့် ပါးစပ်နှာခေါင်းစည်း ( ဥပမာ- N95 Mask) တပ်ဆင်ခြင်း၊ အိမ်တွင်း၌အမွှေးတိုင်၊ ခြင်ဆေးခွေထွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထင်း/မီးသွေးတို့ဖြင့် ချက်ပြုတ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ အိမ်တွင်း၌ ဖုန်မထစေရန် စိုစွတ်သည့်အဝတ်၊ ကြမ်းတိုက်တံတို့ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ရေများများသောက်ခြင်း၊ လေထုညစ်ညမ်းမှု အမြင့်ဆုံးအချိန်တွင် ကာယလှုပ်ရှားမှုများကို ပြင်းထန်စွာ သို့မဟုတ် ကြာရှည်စွာ ပြုလုပ်ခြင်းတို့ ရှောင်ကြဉ်ခြင်းတို့ကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြရန်လိုသည်။
လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသော ကျန်းမာရေးထိခိုက်မှုမှာ ညစ်ညမ်းမှုအမျိုးအစားနှင့် ပမာဏ၊ လူတစ်ဦးချင်းစီ၏ ထိတွေ့မှုကာလတို့ပေါ်တွင် မူတည်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ တစ်နှစ်အောက်ကလေးများ၊ ငယ်ရွယ်သည့်ကလေးများသည် ယေဘုယျအားဖြင့် လေထုညစ်ညမ်းမှု၏ အကျိုးသက်ရောက်မှုကို ပိုမိုခံရခြင်းကြောင့် မိသားစုအတွင်း ဂရုစိုက်ကြရန်လိုသည်။ လေထုညစ်ညမ်းမှုနှင့် ကာလတိုထိတွေ့ရာတွင် လတ်တလောတုံ့ပြန်မှုအဖြစ် မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းများယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးဝင်ခြင်းတို့ဖြစ်တတ်ရာ ဆိုးရွားသည့် သက်ရောက်မှုကိုခံစားရပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် သတိပြုထားဖို့လည်း လိုအပ်သည်။
လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်နိုင်သကဲ့သို့ မိမိတို့ပြည်တွင်းရှိ အန္တရာယ်ရှိအရင်း အမြစ်များမှလည်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ အိမ်တွင်းလေထု ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ အမှိုက်မီးရှို့ခြင်း၊ တောမီးနှင့် လယ်ယာမြေပြုပြင်ရန် မီးရှို့မှုတို့ကိုရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ကိုယ်ပိုင် မော်တော်ယာဉ်သုံးစွဲမှုကိုလျှော့ချပြီး အများသုံးယာဉ်များကို ပိုမိုအသုံးပြုခြင်းတို့အပါအဝင် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ခြင်း၊ အတတ်နိုင်ဆုံးလျှော့ချခြင်း အားဖြင့် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များမှ ရှောင်ကြဉ်နိုင်ကြပါမည့်အကြောင်း။ ။

Vape ဟူ၍ လူသိများကြသည့် e- Cigarette ကို ဆေးလိပ် ဖြတ်ရန်အတွက် အစားထိုးပစ္စည်းအဖြစ် မူလကရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်တီထွင်ထုတ်လုပ်လိုက်သည့် အဆိုပါပစ္စည်းသည် ဆယ်စုနှစ်တစ်ခုကျော်မျှကာလအတွင်း ကမ္ဘာတစ်ခွင်ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူများ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ ယခုအခါ ခေတ်မီဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် အီး-စီးကရက်ကို လူငယ်လူရွယ်များအတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသလို ဆေးလိပ်စွဲသကဲ့သို့ စွဲလမ်းမှုများ၊ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာသည့် အထောက်အထားများလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။
မကြာသေးမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတိပေးချက်တစ်ရပ်အရ ကမ္ဘာတစ်ဝန်းလုံးတွင် အီး-စီးကရက် သုံးစွဲသူ စုစုပေါင်း သန်း ၁၀၀ ကျော်ခန့်ရှိနေပြီး ယင်းတို့ထဲတွင် ကလေးငယ် လူဦးရေ ၁၅ သန်းထက်မနည်း ပါဝင်လျက်ရှိရာ နီကိုတင်းစွဲလမ်းမှု လှိုင်းသစ်တစ်ခုဖြစ်ပေါ်လာစေရန် လောင်စာထည့်ပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာတစ်ဝန်း လေ့လာချက်များအရ ကလေးများသည် အရွယ်ရောက်ပြီးသူများထက် Vape သောက်သုံးနိုင်ခြေပျမ်းမျှအားဖြင့် ကိုးဆပို၍များသည်ဟု သိရသည်။ Vape ခေါ် အီး-စီးကရက်သည် နီကိုတင်းကို ရှူရှိုက်နိုင်ရန် အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးခြင်းပင်ဖြစ်ရာ ကလေးများ Vape သုံးစွဲခြင်းဖြင့် ငယ်စဉ်ကတည်းကပင် နီကိုတင်းစွဲလမ်းမှုဖြစ်စေပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေနိုင်သည်။
နိုင်ငံအများအပြားတွင် အီး-စီးကရက်နှင့် Vaping ထုတ်ကုန်များ ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားပြီး ဒဏ်ငွေများစွာရိုက်ခြင်း၊ ထောင်ချခြင်းတို့အပါအဝင် တင်းကျပ်သည့် ပြစ်ဒဏ်များကို ချမှတ်လျက်ရှိသည်။ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် နိုင်ငံများမှာ အာရှတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မြောက်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်းတွင် ကာတာ၊ အိုမန်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ဘရာဇီး၊ မက္ကဆီကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပနားမား၊ နီကာရာဂွါ၊ ဆူရီနမ်၊ ဗင်နီဇွဲလား၊ အာဖရိကတွင် အီသီယိုး ပီးယား၊ ဂမ်ဘီယာ၊ မောရစ်သျှ၊ ယူဂန္ဓာ၊ အခြားဒေသများအဖြစ် သြစတြေးလျ၊ နော်ဝေ၊ တူကီယဲနိုင်ငံတို့ပါဝင်သည်။
လက်ရှိအခြေအနေတွင် အီး-စီးကရက် သုံးစွဲခြင်းသည် ဆေးလိပ်သောက်ခြင်းကို အစားထိုးခြင်း မဟုတ်တော့ဘဲ နီကိုတင်းရောစပ်ထားသည့် အခြားဓာတုပစ္စည်းများကို စွဲလမ်းလာခြင်း ဖြစ်လာသည်။ အီး-စီးကရက်တွင် ထည့်သွင်းအသုံးပြုသည့် အငွေ့ပျံနိုင်သည့် အရည် (aerosal) ကို အဆိပ်သင့်စေသည့် ဓာတုပစ္စည်းများ (Toxic Chemicals) နှင့် ပေါင်းစပ်၍ အသုံးပြုသူများကို ဆွဲဆောင်နိုင်ရန် အရောင်၊ အနံ့၊ အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ရာ မိန်းကလေးများနှင့် အရွယ်မရောက် သေးသူ ကလေးများပါ စိတ်ဝင်စားဖွယ်ရာ၊ အကြိုက်တွေ့ဖွယ်ရာများ ဖြစ်နေသည်။ အီး-စီးကရက် ကိရိယာလေးများမှာလည်း လှပဆန်းသစ်သည့် ပုံစံများ၊ အရောင်အသွေးများဖြင့် ထုတ်လုပ် ရောင်းချနေခြင်းဖြစ်ရာ Vape သုံးစွဲမှ ခေတ်မီသည်ဟူသော အထင်ကိုပါ ရောက်စေသည်။ မိမိတို့နိုင်ငံတွင် Vape သုံးစွဲမှု၊ တင်သွင်းရောင်းချမှုတို့နှင့် စပ်လျဉ်း၍ ကိန်းဂဏန်းအချက်အလက်များ တိကျစွာ မတွေ့ရှိရသော်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ကြီးများ၊ နယ်မြို့များ၌ပါ ဝယ်ယူရရှိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၈/ ၂၀၂၆ ကို ထုတ်ပြန်၍ အီး-စီးကရက်၊ အီး-စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အပူပေးအငွေ့ရှူစက် (Heated smoking Device)၊ ယင်းကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်နစ် အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရွန်နစ်ရှိရှား (Electronic Shisha)၊ ယင်းအီလက်ထရွန်နစ်ရှိရှားကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ၎င်းကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းတို့မပြုရန် တားမြစ်လိုက်ပြီဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ ကျူးလွန်မိကြပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံကြရမည်ဖြစ်ရာ လက်ရှိရောင်းဝယ်၊ သိုလှောင်၊ သုံးစွဲနေကြသူများ အမှတ်တမဲ့မကျူးလွန်မိကြစေရေး သတိထားလိုက်နာကြရန်နှင့် မိမိတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် Vape နှင့် လမ်းခွဲကြရန် အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။

လတ်တလောတွင် အများပြည်သူကြားသိနေကြသည့် ယခုလလယ်ပိုင်းက အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၌ နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုအသစ်ပြန်လည်တွေ့ရှိခဲ့သည်။ ကာလကတ္တားမြို့အနီးရှိ ဘာရာဆတ်ဒေသတွင် အဆိုပါရောဂါပိုးအား ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိခြင်းဖြစ်ပြီး အတည်ပြုလူနာ ငါးဦးရှိကြောင်းသတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အဆိုပါ ရောဂါပိုးကူးစက်ဖြစ်ပွားမှုမရှိဘဲ ကြိုတင်ကာကွယ်သည့်အနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နီပါးရ်ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတစ်မျိုးဖြစ်ပြီး ၁၉၉၉ ခုနှစ်၌ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် ဝက်နှင့်လူတို့၌ ကပ်အသွင်ကူးစက်ဖြစ်ပွားရာမှ စတင်တွေ့ရှိခဲ့သည်။ အဆိုပါရောဂါပိုးသည် အသီးစားသော လင်းနို့များတွင် အဓိကအားဖြင့်တွေ့ရှိရပြီး ရောဂါပိုးရှိသော လင်းနို့၏ တံတွေး၊ ဆီးနှင့် သွေးတို့ကိုထိတွေ့ခြင်း၊ လင်းနို့မှတစ်ဆင့် ရောဂါပိုးကပ်ငြိနေသော အစားအသောက်တို့ကို စားသုံးခြင်းမှတစ်ဆင့် ဝက်နှင့်လူကို ကူးစက်ခဲ့ခြင်းဖြစ်သည်။ ရောဂါပိုးရှိသောလူနှင့်ပတ်သက်သည်တို့ကို တိုက်ရိုက်ထိတွေ့မိခြင်း၊ ရောဂါပိုးရှိသောဝက်နှင့်အစားအစာတို့ကို လူတို့စားသုံးမိခြင်းမှ ကူးစက်တတ်သည်။
ရောဂါပိုးကူးစက်ခံရပါက ၃ ရက်မှ ၁၄ ရက်အတွင်း ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကျပ်ခြင်းတို့ စတင်ခံစားရပြီး အချို့ရောဂါပိုးပြင်းထန်ပါက စိတ်ရှုပ်ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်း၊ ဦးနှောက် အမြှေးရောင်လက္ခဏာများခံစားရပြီး အချို့တွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။ ရောဂါလျင်မြန်စွာ ပြင်းထန်လာပါက ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ အသက်အန္တရာယ်ရှိနိုင်သည်။ လတ်တလောတွင် အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးဘဲ ကာကွယ်ဆေးစမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်က အဆိုပါရောဂါပိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံအဆင့်နှင့် ဒေသတွင်းဖြစ်ပွားနိုင်ခြေ အလယ်အလတ်အဆင့်၊ ကမ္ဘာလုံးဆိုင်ရာဖြစ်ပွားနိုင်ခြေ နည်းပါးသည့်အဆင့်အဖြစ် ထိန်းချုပ်နိုင်ခဲ့သည်။
ယခုအိန္ဒိယနိုင်ငံတွင် လတ်တလောကူးစက်ဖြစ်ပွားမှုမှာ အဆိုပါဒေသတစ်ခုအတွင်း၌သာဖြစ်ပြီး ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိပါသည်။ ထို့ကြောင့် လတ်တလောတွင် မြန်မာနိုင်ငံသို့ ကူးစက်ဖြစ်ပွားနိုင်ခြေမရှိသဖြင့် စိုးရိမ်ဖွယ်ရာမရှိပါ။ သို့သော် နီပါးရ်ဗိုင်းရပ်စ်ပိုး မူလလက်ခံကောင်ဖြစ်သော လင်းနို့မျိုးစိတ်များဒေသတွင်း၌ ကျက်စားခြင်းရှိသဖြင့် ကူးစက်မှုရှိပါက စောစီးစွာသိရှိ၍ အချိန်နှင့် တစ်ပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနများအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် လတ်တလော ဦးနှောက်အမြှေးရောင်ခြင်း လက္ခဏာစုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူများအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားစဉ်က ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံများ များစွာရှိခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ ဒေသတစ်ခုတွင်ဖြစ်ပွားနေသော နီပါးရ်ဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်ရန်မလိုသော်လည်း ကိုဗစ်-၁၉ ရောဂါကဲ့သို့ပင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ထားရမည်ဖြစ်သည်။ အဆိုပါရောဂါလက္ခဏာမျိုး ခံစားရသည့်လူနာတွေ့ရှိပါက နီးစပ်ရာဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူရန်၊ လူနာအိမ်ဝန်းကျင်တွင် လင်းနို့ရှိ/မရှိနှင့် ဝက်များအစုလိုက်နေမကောင်းခြင်း၊ သေဆုံးခြင်းရှိ/မရှိစစ်ဆေးပြီး တွေ့ရှိရပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
လင်းနို့ကိုက်ထားသည့် အသီးများကိုမစားရန်၊ အုန်းရည်၊ ထန်းရည်တို့ကို အစိမ်းမသောက်ရန်၊ ကျိုချက်ပြီးမှသောက်ရန်၊ အစာမစားမီ လက်ကိုမကြာခဏ ဆေးကြောရန်၊ လူနာအသုံးအဆောင်နှင့် နေထိုင်ရာနေအိမ်ပတ်ဝန်းကျင်ကို ပိုးသတ်ရန်၊ သံသယလူနာတွေ့ရှိပါက လက်အိတ်၊ နှာခေါင်းစည်း၊ အကာအကွယ် ပစ္စည်းများဝတ်ဆင်ရန်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့်နယ်စပ်အဝင်/အထွက်ဂိတ်များ၌ သံသယလူနာများအား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ရန်စသည့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါသဖြင့် ပြည်သူများကလည်း စိုးရိမ်ပူပန်မှုမဖြစ်ဘဲ ကျန်းမာရေးသတိဖြင့် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

မိမိတို့၏အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ကူးစက်မှုဖြစ်ပေါ်နေသည့် နီပါးရ်ဗိုင်းရပ်စ် (Nipah virus) နှင့်စပ်လျဉ်း၍ ခရီးသွားပြည်သူများ သတိပြုရန်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် အသိပေးချက်ထုတ်ပြန်ထားသည်။ အဆိုပါဗိုင်းရပ်စ်ဝင်ရောက်ကူးစက်မှု မဖြစ်ပွားလာစေရန် ထိုင်းနိုင်ငံက ၎င်း၏ နိုင်ငံတကာလေဆိပ်များတွင် အနောက်ဘင်္ဂလားမှလာသည့် ခရီးသည်များကို စစ်ဆေးမှုများပြုလုပ်နေပြီး နီပေါနိုင်ငံကလည်း ခတ္တမန္ဒူလေဆိပ်နှင့် အိန္ဒိယသို့ ဝင်ထွက်သွားလာသည့် နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများကို စတင်ပြုလုပ်နေပြီဖြစ်သည်။
နီပါးရ်ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်သည် သစ်သီးစားသည့် လင်းနို့များမှစတင်ပြီး လူနှင့်အခြားတိရစ္ဆာန်များကို ဖျားနာစေခြင်းဖြစ်သကဲ့သို့ လူတစ်ယောက်မှ တစ်ယောက်စီသို့လည်း ကူးစက်စေနိုင်သည်။ နှစ်စဉ်လိုလိုပင် နီပါးရ်ကူးစက်မှုသည် အာရှ၏အစိတ်အပိုင်းတချို့တွင် ဖြစ်ပွားလေ့ရှိရာ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယတို့တွင် မကြာခဏ ကူးစက်ပြန့်ပွားလေ့ရှိသည်။ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၌ နီပါးရ်ရောဂါဖြစ်ပွားမှုများရှိခဲ့ပြီး ၂၀၁၈ ခုနှစ်က ရောဂါကူးစက်မှု ၁၉ မှုဖြစ်ပွားရာတွင် ၁၇ မှုမှာ သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အတည်ပြုလူနာ ၆ ဦး တွေ့ရှိခဲ့သည့်အနက် ၂ ဦး သေဆုံးခဲ့သည်။ လတ်တလောအခြေအနေတွင် အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်သည် နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုအများဆုံး (hotspot) နေရာဖြစ်နေသည်။ နီပါးရ်ဗိုင်းရပ်စ်ကူးစက်ခံရသူများ၏ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးမှုနှုန်း မြင့်မားခြင်းနှင့် လက်ရှိအချိန်ထိ အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် ရောဂါကူးစက်မှုအကြောင်း သိရှိနားလည်ထားရန်နှင့် ကြိုတင်ကာကွယ်မှုပြုနိုင် ရန်လိုအပ်သည်။
နီပါးရ်ဗိုင်းရပ်စ်သည် သစ်သီးစားလင်းနို့များ၊ ဝက်များစသည့် တိရစ္ဆာန်များမှ လူသားဆီသို့ကူးစက်သည့် zoonotic ဗိုင်းရပ်စ်မျိုးဖြစ်သည်။ ၎င်းသည် ညစ်ညမ်းသောအစားအစာများနှင့် လူမှ လူသို့လည်း ကူးစက်နိုင်သည်။ ညစ်ညမ်းသောအစားအစာဟု ဆိုရာ၌ ဗိုင်းရပ်စ်တွယ်ကပ်နေသည့်အခြေအနေတွင် ရှိနေခြင်းကို ဆိုလိုခြင်းဖြစ်ပြီး အိန္ဒိယတွင်မူ လင်းနို့များထိတွေ့ထားသည့် စွန်ပလွံသီးကို အသီးစိမ်းအတိုင်း တိုက်ရိုက်စားသုံးခြင်းမျိုးကို ရည်ညွှန်းသည်။ မိမိတို့နိုင်ငံတွင်မူ လင်းနို့များနှင့်ထိတွေ့နိုင်သည့် ရာသီပေါ်သစ်သီးဝလံများနှင့် ထန်းရည်ချို၊ ထန်းရည်ခါးစသည်တို့ကို လတ်တလောတွင် ရှောင်ကြဉ်ကြရန် တိုက်တွန်း နှိုးဆော်နေကြသည်ကို တွေ့ရသည်။
ကျွမ်းကျင်သူအများစုက နီပါးရ်ဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်သည်ဟု မသတ်မှတ်သော်လည်း အနီးကပ်အနေအထားတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကူးစက်နိုင်သည်ဟု ယူဆထားကြသည်။ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ခံရပါက ၃ ရက်မှ ၁၄ ရက်အတွင်း ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူရခက်ခဲခြင်း တို့ကို ခံစားရလေ့ရှိသည်။ နောက်ပိုင်းတွင် လူနာသည် ပိုမိုဖျားနာလာပြီး ဦးနှောက်အမြှေးရောင်ရောဂါကို ခံစားရနိုင်သည့်အပြင် ပြင်းထန်သည့်အခြေအနေတွင် အသက်ဆုံးရှုံးနိုင်သည်။
သို့ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်အသိပေးထားသည်နှင့်အညီ နီပါးရ်ရောဂါဖြစ်ပွားနေသည့်ဒေသများသို့ မသွားရန်၊ ဤဒေသများသို့ရောက်ရှိနေပါကလည်း ဖျားနာသူများသည့်နေရာများ၊ ဆေးရုံများကိုရှောင်ရှားရန်၊ ယင်းဒေသများမှ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် ရောဂါလက္ခဏာများ ခံစားရပါက လေဆိပ် သို့မဟုတ် နယ်စပ်ဂိတ်များရှိ ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရန်၊ ရောဂါဖြစ်ပွားရာ ဒေသမှ ပြန်လည်ရောက်ရှိလာပြီး နှစ်ပတ်အတွင်း သံသယရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ခရီးသွားရာဇဝင်ကို ဆရာဝန်အား သေချာစွာ ပြောပြ၍ လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများခံယူရန်၊ မိသားစုအတွင်း ရောဂါဖြစ်ပွားရာနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး သံသယဖြစ်ဖွယ်ရောဂါလက္ခဏာဖြစ်ပေါ်နေသူ တွေ့ရှိခြင်း၊ မိမိပတ်ဝန်းကျင်တွင် ဝက်၊ လင်းနို့စသည့် တိရစ္ဆာန်များ သေဆုံးနေသည်ကိုတွေ့ရှိခြင်း စသည်တို့တွင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားပေးရန်တို့ကို သတိပြုကာ လိုက်ပါဆောင်ရွက်ကြခြင်းအားဖြင့် နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှုမှ ကင်းဝေးကြစေရေး ထပ်ဆင့်နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ်သတ်မှတ်၍ အများပြည်သူစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း နံနက်စောစော၊ ဆောင်းနှင်းဝေဝေ၊ အေးချမ်းလှသည့် အခါသမယတွင် စုပေါင်းလမ်းလျှောက်ခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့က လူတိုင်းကြံ့ခိုင်ကျန်းမာရေးကို အလေးဂရုပြု ဆောင်ရွက်လာကြစေရန် အစပျိုးပေးခြင်းဖြစ်သည်။
ဤတွင် လူထုအားကစားဆိုသည်မှာ အပျော်တမ်း/ဆုကြေးစား အားကစားသမားစစ်စစ်များကဲ့သို့ လေ့ကျင့်ယှဉ်ပြိုင်ကြခြင်းမျိုး မဟုတ်ဘဲ ကြီး၊ ငယ်၊ ကျား၊ မ မရွေးလူတိုင်း အလွယ်တကူ ပါဝင်လှုပ်ရှားနိုင်ကြပြီး ကျန်းမာရေးနှင့် ကိုယ်လက်ကြံ့ခိုင်ရေးတို့အတွက်လည်း အမှန်တကယ်အကျိုးသက်ရောက်သည့် အားကစားလှုပ်ရှားမှုကို တပျော်တပါး စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အားကစားအထောက်အကူပစ္စည်းလည်းမလို၊ ခက်ခက်ခဲခဲ လေ့ကျင့်ရန်လည်းမလို၍ ငွေကုန်ကြေးကျသက်သာပြီး လူစုလူဝေးဖြင့် စုပေါင်းလှုပ်ရှားနိုင်သည့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုများကို ပြုလုပ်နေ ကြခြင်းဖြစ်သည်။
လမ်းလျှောက်ခြင်းသည် အရိုးရှင်းဆုံးနှင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်သော အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုထားသည်။ လမ်းလျှောက်ချိန်တွင် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့်အတူ စိတ်အာရုံစုစည်းမှုလည်းဖြစ်ပေါ်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ကောင်းစွာအကျိုးပြုသည်ဟုဆိုသည်။ လမ်းလျှောက်ခြင်းသည် ကယ်လိုရီကိုလောင်ကျွမ်းစေခြင်းကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ပြီး အဝလွန်ခြင်းကို ကာကွယ်နိုင်သည်။ ကျန်းမာသည့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းထား နိုင်ရန် ပုံမှန်လမ်းလျှောက်ပေးရန်လိုသည်။
လမ်းလျှောက်ခြင်းအားဖြင့် ခန္ဓာကိုယ်သွေးလည်ပတ်မှု ကောင်းမွန်စေပြီး နှလုံးကြွက်သားများကိုလည်း အားကောင်းစေသည်။ သွေးဖိအားကို လျော့ကျစေခြင်း၊ သွေးတွင်းရှိ မကောင်းသည့် ကိုလက်စထရောများကို ကျဆင်းစေနိုင်ခြင်းစသည်တို့ကြောင့် နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အလားအလာတို့ကိုလည်း လျှော့ချပေးသည်။ ကြွက်သားနှင့်အရိုးများကို သန်မာစေပြီး အဆစ်အမျက်များကိုလည်း ကောင်းမွန်စေသည်။ အစာအိမ်နှင့် အူလမ်းကြောင်းကို နှိုးဆွပေးပြီး အစာချေစနစ်ကိုကောင်းမွန်စေရန် အထောက်အကူပြုသည်။ လမ်းလျှောက်သောအခါ Endorphins ခေါ် ဟော်မုန်းကို ပိုမိုထွက်လာစေပြီး Cortisol ခေါ် ဟော်မုန်း ထွက်ရှိမှုကို လျှော့ချပေးခြင်းကြောင့် စိတ်ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက အသိပေးထားပြီး ပုံမှန်လမ်းလျှောက်ကြရန်လည်း တိုက်တွန်းထားသည်။
ကျန်းမာရေးအကျိုးပြု ပုံမှန်လမ်းလျှောက်မှုပြုကြရာတွင် တစ်ရက်လျှင် နာရီဝက်၊ တစ်ပတ်လျှင် ငါးရက်လမ်းလျှောက်ကြဖို့ လိုသည်။ ပေါ့ပါး၍ လမ်းလျှောက်ကောင်းသော အဝတ်အစား၊ ဖိနပ်တို့ကို ရွေးချယ်ဝတ်ဆင်၍ နံနက်စောစော လမ်းလျှောက်ကြခြင်းက အသင့်လျော်ဆုံးသော အနေအထားပင်ဖြစ်သည်။ လမ်းလျှောက် သူ၏ ကိုယ်နေဟန်ထားမှာ ဦးခေါင်းနှင့်ခါးကို တည့်မတ်စွာထား၍ တံတောင်ဆစ်နှစ်ခုကို ၉၀ ဒီဂရီထားကာ ခြေလှမ်းမှန်မှန်၊ ဟန်ချက်ညီညီ မနှေးမမြန် လျှောက်ကြရမည်ဖြစ်သည်။
ငွေကုန်ကြေးကျနည်းသလောက် လွယ်ကူစွာလှုပ်ရှားနိုင်သည့် ပုံမှန်လမ်းလျှောက်ခြင်းမှရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ မယုံနိုင်လောက်အောင်ပင် များပြားလှသည်။ တစ်ရက်လျှင် နာရီဝက်၊ တစ်ပတ်လျှင် ငါးရက်လမ်းလျှောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို ၁၉ ရာခိုင်နှုန်း လျော့ကျစေပြီး သက်လတ်ပိုင်း အမျိုးသမီးများ တင်ပါးဆုံရိုးကျိုးခြင်းကို ၄၀ ရာခိုင်နှုန်း လျော့နည်းစေသည်။ အသက် ၅၀ နှင့် ၆၀ ကြား ပုံမှန်လမ်းလျှောက်သူများသည် ရှစ်နှစ်အတွင်း လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း မရှိသူများထက် သေဆုံးနိုင်ခြေ ၃၅ ရာခိုင်နှုန်း လျော့နည်းသည်။ အသက် ၇၁-၉၃ နှစ်အရွယ်အမျိုးသားများ အယ်ဇိုင်းမားဖြစ်ပွားမှုနှင့် စိတ်ဖောက်ပြန်မှုတို့ ထက်ဝက်လျော့ကျစေသည်ဟုဆိုသည်။
သို့ဖြစ်ရာ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရေးနှင့် အသက်ရှည်ရာ အနာမဲ့ရေးအတွက် အကျိုးကြီးမားသည့် လမ်းလျှောက်ခြင်း အားကစားကို လူတိုင်းကိုယ်စီမပျက်မကွက် ဆောင်ရွက်ကြရေးအကျိုးမျှော်၍ နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။ ။
MOI

အေအိုင်ဒီအက်စ်ရောဂါနှင့် ဆက်စပ်သည့် သေဆုံးမှုများသည် ၂၀၀၄ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၎င်းအခြေအနေမှ ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့ပြီဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှုအသစ်ဖြစ်ပွားမှုတွင်လည်း ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကမ္ဘာတစ်ဝန်း၌ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသူသည် တစ်မိနစ်တိုင်းတွင် တစ်ယောက်နှုန်းရှိနေခြင်းနှင့် အိတ်ချ်အိုင်ဗွီပိုးကူးစက်မှုမြင့်မားသည့် နိုင်ငံများစာရင်းတွင် မိမိတို့နိုင်ငံပါဝင်နေခြင်းတို့က အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ကို မေ့လျော့ပေါ့ဆမှုမပြုရန် သတိပေးနေခြင်းပင်ဖြစ်သည်။
ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုအဖြစ်မှ အဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂကဦးဆောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့ တစ်ဦးချင်းအနေဖြင့်မူ ဂရုပြုနေထိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ အိတ်ချ်အိုင်ဗွီပိုးရှိနေသူ ၄၀ ဒသမ ၈ သန်းခန့်ရှိနေပြီး အေအိုင်ဒီအက်စ်နှင့် ဆက်စပ်သည့်ရောဂါများကြောင့် သေဆုံး သူ ၆၃၀၀၀၀ ရှိခဲ့သည်။ အိတ်ချ်အိုင်ဗွီကူးစက်မှုအသစ် ၁ ဒသမ ၃ သန်းရှိပြီး အေအာတီ (antiretroviral therapy) ကုထုံးခံယူ သူဦးရေမှာ ၃၁ ဒသမ ၆ သန်းထိ ရောက်ရှိခဲ့သည်။
အိတ်ချ်အိုင်ဗွီပိုးရှိသူ စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် မိန်းကလေးများဖြစ်ကြပြီး အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရသူအများစုတို့မှာ ၎င်းတို့၏အခြေအနေကို သိကြသော်လည်း ၅ ဒသမ ၃ သန်းခန့်တို့မှာ မသိကြဟုဆိုသည်။ မျက်မှောက်ကာလတွင် အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် စပ်လျဉ်း၍ ကုသမှုခံယူနိုင်မှုအခြေအနေများ ယခင်ထက် ပိုမိုကောင်းမွန်လာပြီဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ လူများစွာအတွက် အကြောင်းအမျိုးမျိုးဖြင့် အိတ်ချ်အိုင်ဗွီကာကွယ်မှုနှင့် ကုသမှုတို့ရရှိရန် အလှမ်းဝေးလျက်ရှိသည်။
အိတ်ချ်အိုင်ဗွီပိုးကူးစက်မှုနည်းလမ်းများမှာ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ (လိင်တူ/လိင်ကွဲ) လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း၊ ပိုးရှိသူအသုံးပြုပြီးသော မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ ပိုးရှိသော သွေးသွင်းမိရာမှ ကူးစက်ခြင်း၊ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်းတို့ဖြစ်ရာ ဂရုပြု၍ ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ လိင်လုပ်သားများနှင့် ၎င်းတို့၏လိင်ဆက်ဆံဖက်များ၊ အမျိုးသားချင်းလိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးသွေးကြောထဲ ထိုးသွင်းသုံးစွဲသူများမှာ ပိုးကူးစက်ခံရနိုင်ခြေရှိသူများဖြစ်ရာ လိင်မှုကိစ္စနှင့်မူးယစ်ဆေးဝါးသုံးစွဲမှုတို့ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းလိုသည်။ ထို့အပြင် ဆေးထိုးအပ်များ၊ ဆေးသွင်းပြွန်များ စသည်တို့ကို တစ်ခါသုံးများ သုံးစွဲခြင်း (သို့မဟုတ်) စနစ်တကျပိုးသတ်ပြီးမှ သုံးစွဲခြင်း၊ မုတ်ဆိတ်ရိတ်သည့် ဘလိတ်ဓား၊ သင်တုန်းဓား၊ သွားပွတ်တံတို့ကို တစ်ကိုယ်ရေသုံးစွဲခြင်း၊ သွေးသွင်းမှုခံယူရသည့်အခါတွင် လက်ခံရမည့် သွေးထဲ၌ အိတ်ချ်အိုင်ဗွီပိုးကင်းရှင်းမှု ရှိမရှိ သေချာစွာစစ်ဆေးခြင်း၊ အခြားသူများ၏ သွေး သို့မဟုတ် ကိုယ်တွင်းမှ အရည်များနှင့် ထိတွေ့ရသည့်အလုပ်ကို လုပ်ကိုင်ရသူများမှာ လက်အိတ်အပါအဝင် လုံလောက်သော အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အိတ်ချ်အိုင်ဗွီပိုးတွေ့ရှိပါက စောစီးစွာ ကုသမှုခံယူခြင်း၊ ကလေးမွေးဖွားပြီးနောက်တွင်လည်း ကလေးကို အိတ်ချ်အိုင်ဗွီပိုးရှိနေသည့် မိခင်နို့မတိုက်ကျွေးဘဲ အထူးဖော်စပ်ထားသည့်နို့မှုန့်ကို တိုက်ကျွေးခြင်းနည်းလမ်းများဖြင့် အိတ်ချ်အိုင်ဗွီကူးစက်မှုကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။
ယခုအခါ အိတ်ချ်အိုင်ဗွီကုထုံးများမှာ တိုးတက်လာခဲ့ပြီဖြစ်ရာ ဝေဒနာရှင်များအဖို့ သက်တမ်းစေ့နေနိုင်ရန် ယခင်ထက် ပို၍မျှော်လင့်လာနိုင်ကြပြီဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက် ခံရမည့်အပြုအမူ အနေအထိုင်မျိုးကို ရှောင်ကြဉ်ခြင်း၊ ရောဂါပိုးကူးစက်ခံရပါက စောစီးစွာကုသမှုခံယူခြင်းတို့က အသက်ရှည်ကျန်းမာမှုအတွက် အရေးပါသည်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှုစုစုပေါင်း၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ၊ မိန်းကလေးများဖြစ်နေပြီး ထက်ဝက်ခန့်မှာ လူငယ်များဖြစ်လျက်ရှိရာ မျက်မှောက်ခေတ်၏ လူမှုဘဝပတ်ဝန်းကျင်တွင် ဆင်ခြင်နေထိုင်ကြရပါမည့်အကြောင်း။ ။

၂၀၂၀ ပြည့်နှစ်အတွင်း အရှေ့တောင်အာရှဒေသတွင် သားအိမ်ခေါင်းကင်ဆာအသစ်ဖြစ်ပွားမှုပေါင်း နှစ်သိန်းခန့်ရှိရာ ယင်းသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားမှု၏ ၃၂ ရာခိုင်နှုန်းဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူတစ်သိန်းခန့်ရှိရာ ကမ္ဘာတစ်ဝန်းသေဆုံးမှု၏ ၃၄ ရာခိုင်နှုန်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ကင်ဆာစောင့်ကြည့်ရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် သားအိမ်ခေါင်းကင်ဆာပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ရေးဆွဲချမှတ်ခဲ့ရာ အဖွဲ့ဝင်နိုင်ငံများကလည်း နိုင်ငံအဆင့် သားအိမ်ခေါင်းကင်ဆာပပျောက်ရေး မဟာဗျူဟာများကို အသီးသီးရေးဆွဲအကောင်အထည်ဖော်ခဲ့ကြသည်။
သားအိမ်ခေါင်းကင်ဆာသည် ကူးစက်ရန်အလွန်လွယ်ကူသည့် HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ HPV ဗိုင်းရပ်စ်သည် အများအားဖြင့် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး အခြားတစ်နည်းနည်းနှင့်လည်း ကူးစက်နိုင်ခြေရှိသည်။ HPV ဗိုင်းရပ်စ် ကူးစက်ခြင်းနှင့် ကင်ဆာအကြိုအဆင့်ဆဲလ်များမှာ မည်သည့်လက္ခဏာမျိုးမှ မပြခြင်းကြောင့် စစ်ဆေးကြည့်မှသာ သိနိုင်ကြသည်။ ထို့ကြောင့် ကင်ဆာအကြိုအဆင့်ဖြစ်နေခြင်းကို မသိလိုက်ကြဘဲ နှစ်များကြာမြင့်ပြီး ကင်ဆာဖြစ်ချိန်ကျမှသာ သိရှိကြရသည်။ HPV ဗိုင်းရပ်စ်များအနက် ၁၅ မျိုးမှာ အန္တရာယ်ကြီးပြီး ယင်းအနက်အချို့မှာ ပြင်းထန်ခြင်းကြောင့် ကူးစက်ခံရသည့်အမျိုးအစားပေါ်မူတည်ပြီး ရောဂါအပြင်းအပျော့ကွာခြားသည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။
သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု၏ ၇၀ ရာခိုင်နှုန်းသည် HPV ဗိုင်းရပ်စ်အမျိုးအစား(၁၆) နှင့်(၁၈)ကူးစက်ခံရခြင်းကြောင့်ဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာသည် စောစောသိပါက နိုင်အောင် ကုသနိုင်သည့်ရောဂါဖြစ်သော်လည်း မစစ်ဆေးသူများ၊ စစ်ဆေးသော်လည်း မှန်ကန်သည့်အဖြေမရသူများ၊ အဖြေတွင် ပုံမမှန်မှုများ ရှိနေကြောင်း သိသော်လည်း မည်သည့်လက္ခဏာမှ ပြသခြင်းမရှိသောကြောင့် သေချာစွာကုသမှုမပြုသူတို့ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ခံစားကြရသည်။ သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်နိုင်သော ရောဂါဖြစ်သလို စစ်ဆေး၍ စောစီးစွာသိလျှင် လုံးဝပျောက်ကင်းအောင် ကုသနိုင်သောရောဂါဖြစ်ရာ အသက် ၃၅ နှစ်အထက် အိမ်ထောင်ရှိသူ အမျိုးသမီးတိုင်း စစ်ဆေးမှုပြုလုပ် သင့်သည်။
မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံပေးနေသည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးသည် HPV ပိုးအမျိုးအစား(၆)၊ (၁၁)၊ (၁၆)၊ (၁၈) တို့ကို ကာကွယ်ပေးနိုင်ခြင်းကြောင့် သားအိမ်ခေါင်း ကင်ဆာအပြင် ကြွက်နို့ဖြစ်ပွားခြင်းကိုပါ ကာကွယ်ပေးနိုင်သည်ဟု သိရသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကျောင်းအခြေပြုထိုးနှံခြင်းလုပ်ငန်းဖြင့် လွှမ်းခြုံမှု ၉၀ ရာခိုင်နှုန်းအထိ ရရှိအောင်မြင်ခဲ့သည်။ လာမည့်ဒီဇင်ဘာလဆန်းမှစတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းပြင်ပ မိန်းကလေးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် အသက် ၉ နှစ်မှ ၁၈ နှစ်အရွယ်အထိ မိန်းကလေးငယ်များကို အသက်အပိုင်းအခြားတိုးမြှင့်၍ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဟု သိရှိရသည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့် အသက် ၁၃ နှစ်မှ ၁၉ နှစ်အတွင်းရှိ မိန်းကလေးများတွင် HPV ကူးစက်မှုနှုန်း ၈၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် မိန်းကလေးများတွင် အဖြစ်များသည့် ကနဦး ကင်ဆာဖြစ်ပွားနှုန်းကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု သိရသည်။
ကမ္ဘာတစ်ဝန်း အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် တတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်သော သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုမှ ကင်းဝေးရန် ငယ်ရွယ်စဉ် လိင်မှုကိစ္စရှောင်ကြဉ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုခြင်း၊ လိင်ဆက်ဆံဖက် မများခြင်း၊ ဆေးလိပ်ရှောင်ကြဉ်ခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ရောဂါ ရှိ မရှိ ကြိုတင်စစ်ဆေးခြင်းတို့ဖြင့် ကျန်းမာရွှင်လန်းကြပါစေကြောင်း။ ။

ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသည့် သွေးတွင်းအချိုဓာတ်များနေသော ရောဂါဖြစ်သည်။ ကမ္ဘာပေါ်တွင် လူ ၁၀ ဦးလျှင် တစ်ဦးခန့်မှာ ဆီးချိုသွေးချိုဖြစ်ပွားလျက်ရှိပြီး လာမည့်ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာမည်ဟု အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF)၏ အချက်အလက်များက ဆိုသည်။
ဆီးချိုသွေးချိုရောဂါတွင် အမျိုးအစား(၁)နှင့် အမျိုးအစား(၂)ဟူ၍နှစ်မျိုးရှိရာ ဆီးချိုဝေဒနာရှင်များ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အမျိုးအစား(၂) ဆီးချိုရောဂါကို ခံစားနေကြရပြီး ရောဂါရှိနေသူ ထက်ဝက်ခန့်မှာ ရောဂါရှိကြောင်းကို မသိကြဟုဆိုသည်။ ဆီးချိုသွေးချိုရောဂါဖြစ်ပွား သေဆုံးမှုသည် နှစ်စဉ်မြင့်မားလာလျက်ရှိပြီး အရွယ်မတိုင်မီသေဆုံးမှု(Premature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်လည်းဖြစ်နေသည်။ ရောဂါကြောင့်သေဆုံးမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍များနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စာရင်းဇယားများတွင် ဖော်ပြထားရာ သတိပြုကြရန်လိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ကနဦး ဆီးချိုအဆင့်ရှိသူ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိနေပြီး ထိုသူများမှာ ဆီးချိုရောဂါဝေဒနာရှင်များ ဖြစ်လာနိုင်ခြေများသလို နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေလည်း အလွန်များသည်ဟု သိရသည်။ အသက် ၄၅ နှစ် ကျော်လာပြီဆိုလျှင် လူတိုင်းဆီးချိုဖြစ်နိုင်ခြေများလာပြီး ကနဦးဆီးချိုရှိခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ဆီးချိုမျိုးရိုးရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုရှိဖူးခြင်း၊ အသည်းအဆီဖုံးရောဂါရှိခြင်းတို့သည် ဆီးချိုရောဂါဖြစ်လာတော့မည့် အဓိကရှေ့ပြေးလက္ခဏာများဖြစ်ရာ ရောဂါရှိ၊မရှိ ပုံမှန်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည်။ ရောဂါစစ်ဆေးတွေ့ရှိပါက အချိန်မီကုသမှုခံယူခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုကို များစွာလျော့ကျစေမည်ဖြစ်သည်။
ဆီးချိုသွေးချိုရောဂါလက္ခဏာများမှာ မကြာခဏဆီးသွားခြင်း၊ ရေအလွန်ငတ်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ပိန်သွားခြင်း၊ နုံးချည့်နေခြင်း၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုမရှိခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ခြေလက်ထုံ/ကျဉ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာများမကြာခဏပေါက်ခြင်း၊ အနာကျက်ရန် ခက်ခဲခြင်း၊ ညဘက်ဆီးခဏခဏသွားခြင်း၊ မိန်းမကိုယ်ယားယံခြင်းတို့ဖြစ်သည်။ ဆီးချိုသွေးချိုရောဂါရှိနေသူများမှာ ကိုယ်လက်လှုပ်ရှားမှုကို ရောဂါကုထုံးတစ်ခုအဖြစ် မှန်မှန်လုပ်သင့်ပြီး အစားလျှော့စားရန်၊ အချို၊ အငန်၊ အဆီများ သည့်အစာများကိုလျှော့စားရန်၊ ရေများများသောက်ရန်၊ အဝမလွန်အောင်ထိန်းထားရန်၊ လှုပ်ရှားမှုများသည့်လူနေမှုပုံစံဖြင့် နေထိုင်ရန်၊ တစ်နေ့လျှင် နာရီဝက်၊ တစ်ပတ်လျှင်(၅)ရက် စုစုပေါင်း မိနစ် ၁၅၀ ထက်မနည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ရန်၊ အမျှင်ဓာတ်များသော အစားအစာ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများများစားရန်၊ တိရစ္ဆာန်အဆီများရှောင်ရန်၊ စိတ်ဖိစီးမှုလျှော့ချနေထိုင်ရန်၊ အိပ်ချိန်နားချိန် လုံလောက်စွာယူရန်၊ အရာရာကိုအပြုသဘောမြင်ရန်စသည်ဖြင့် မိမိတို့၏ဘဝနေမှုပုံစံကို ပြုပြင်ပြောင်းလဲနေထိုင်ကြရန် လိုသည်။
ဆီးချိုသွေးချိုရောဂါသည် ပျောက်ကင်းအောင်ကုသ၍မရသည့်ရောဂါမျိုးဖြစ်ပြီး မဖြစ်ခင်ကကြိုတင်ကာကွယ်၊ ဖြစ်လာပါက မှန်မှန်စစ်ဆေး၊ စနစ်တကျနေထိုင်၊ ကျွမ်းကျင်သူများနှင့် ကုသမှုခံယူခြင်းဖြင့် သက်တမ်းစေ့နေနိုင်ကြမည်ဖြစ်သည်။ လာမည့်နိုဝင်ဘာလ ၁၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ“လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့- Know more and do more for diabetes at work” ဟူ၍ဖြစ်သည်။ ယခုနှစ်ဆောင်ပုဒ်က စက်ရုံ၊ အလုပ်ရုံ၊ ရုံးစသည့်လုပ်ငန်းခွင်များရှိ ဆီးချိုသွေးချိုရောဂါရှိသူများအား ပြုစုစောင့်ရှောက်မှုနှင့် ထောက်ပံ့မှုများ အရှိန်အဟုန်မြှင့်ပြုလုပ်နိုင်ကြရန် မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။ အချို့လုပ်ငန်းများနှင့် ရုံးဌာနတို့၏ အလုပ်သဘာဝအရကြာမြင့်စွာထိုင်၍ အလုပ်လုပ်ရခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာရွေးချယ်စားသောက်နိုင်ရန် အခွင့်အလမ်းနည်းပါးခြင်း၊ စိတ်ဖိစီးမှုများဖြစ်ပေါ်နိုင်ခြင်း စသည့်အခြေအနေအရပ်ရပ်တို့ကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်သည့် အခြေအနေမြင့်မားလျက်ရှိသည်။
သို့ဖြစ်ရာ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များ ဆီးချိုသွေးချိုဖြစ်နိုင်ခြေများသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ဖြည့်ဆည်းပံ့ပိုးမှုအပြည့်အဝရှိသော လုပ်ငန်းခွင်များကိုဖန်တီးပေးနိုင်ခြင်းဖြင့် ကာယ၊ ဉာဏလုပ်အားရှင်များ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာနိုင်ပါမည့်အကြောင်း။ ။

အချိန်အခါနေရာမရွေး လူတိုင်းလေဖြတ်နိုင်ခြေရှိသည်။ လေဖြတ်ခြင်းသည် သေဆုံးမှုကို ဖြစ်စေသောအကြောင်းရင်းများအနက် ဒုတိယအများဆုံးဖြစ်ပြီး မသန်စွမ်းမှုဖြစ်စေသည့်အကြောင်းများတွင် အဖြစ်အများဆုံးအဖြစ် အဓိကအကျဆုံးရောဂါဖြစ်သည်။ လူလေးဦးတွင် တစ်ဦးသည်ဘဝသက်တမ်းတစ်လျှောက် လေဖြတ်ခြင်းနှင့် ကြုံတွေ့နိုင်ခြေရှိသည့်အလျောက် ဤရောဂါနှင့်ပတ်သက်၍ လူတိုင်းသိနားလည်ထားကြရန်လိုအပ်သည်။
ကမ္ဘာတစ်ဝန်းနှစ်စဉ်လေဖြတ်ရောဂါဖြစ်ပွားနေသူ ၁၄ ဒသမ ၅ သန်းခန့်ရှိနေပြီး ၎င်းတို့အနက် ၅ ဒသမ ၅ သန်းခန့်မှာ အသက် ဆုံးရှုံးသွားသည်။ လက်ရှိကမ္ဘာပေါ်တွင် လေဖြတ်ရောဂါခံစားရပြီး အသက်ရှင်ကျန်ရစ်နေသူ စုစုပေါင်း သန်း ၈၀ ခန့်ရှိနေရာ ၎င်းတို့မှာ အကောင်းပကတိရှိနေခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်မသန်စွမ်းခြင်း၊ စကားပြောရန်ခက်ခဲခြင်း၊ မှတ်ဉာဏ်နှင့် စိတ်ခံစားမှုတို့ ထိခိုက်ပြောင်းလဲသွားခြင်း၊ ၎င်းတို့၏ လူမှုစီးပွားဘဝများဆုံးရှုံးခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ဝင်ငွေနည်းတိုင်းပြည်များမှ ပြည်သူများမှာ လေဖြတ်ရောဂါကို ပိုမိုခံစားနေကြရခြင်းဖြစ်ရာ လေဖြတ်ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ကြရန်လိုသည်။
စင်စစ်အားဖြင့် လေဖြတ်ခြင်း၏ ၉၀ ရာခိုင်နှုန်းမှာ ကြိုတင်ကာကွယ်၍ ရနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ လေဖြတ်ခြင်းကို ဖြစ်စေနိုင်သည့်အကြောင်းရင်းများကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ခြင်းအားဖြင့် လေဖြတ်ခြင်းကို ထိထိရောက်ရောက် လျှော့ချနိုင်သည်။ လေဖြတ်ခြင်းသည် ဦးနှောက်သွေး ကြောပိတ်ခြင်း သို့မဟုတ် ပေါက်ခြင်းတို့ကြောင့် ဦးနှောက်သို့သွေးစီးဆင်းမှု ပြတ်တောက်ခြင်း သို့မဟုတ် လျော့နည်းသွားခြင်း ဖြစ်ပေါ်သည့် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းသည် အဖြစ်များဆုံးဖြစ်ပြီး ၈၅ ရာခိုင်နှုန်းသော လေဖြတ်ခြင်းများမှာ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် ဖြစ်သည်။ ကျန် ၁၅ ရာခိုင်နှုန်းမှာ ဦးနှောက်သွေးကြောပေါက်ခြင်း ကြောင့် ဖြစ်သည်။
လေဖြတ်ရောဂါဖြစ်စေသည့်အကြောင်းရင်းများတွင် ပြုပြင် ပြောင်းလဲ၍မရနိုင်သော အကြောင်းရင်းများနှင့် ပြုပြင်ပြောင်းလဲ၍ ရနိုင်သောအကြောင်းရင်းများဟူ၍ နှစ်မျိုးရှိရာ အသက်ကြီးလာခြင်း၊ အမျိုးသားဖြစ်ခြင်း၊ လေဖြတ်နှင့် နှလုံးရောဂါမျိုးရိုးရှိခြင်း၊ ယခင်ဖြစ် ဖူးခြင်းတို့သည် ပြုပြင်ပြောင်းလဲ၍မရနိုင်သောအကြောင်းရင်းများဖြစ်သည်။ ပြုပြင်ပြောင်းလဲ၍ရနိုင်သောအကြောင်းများမှာ သွေးတိုး၊ နှလုံးရောဂါရှိခြင်း၊ လည်ပင်းရှိ သွေးလွှတ်ကြောမကြီးထူခြင်း၊ ကျဉ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ သွေးချိုဆီးချိုရှိခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ဖြစ်သည်။
လေဖြတ်ရောဂါကာကွယ်ရန်အတွက် သွေးပေါင်ချိန်ပုံမှန်ရှိရန်၊ သွေးတွင်းအဆီဓာတ်မတက်ရန်နှင့် ကိုယ်အလေးချိန်မတက်ရန် ထိန်းကြရမည်ဖြစ်သည်။ သွေးချိုဆီးချိုရှိပါက စနစ်တကျကုသရန် နှင့်ဆေးလိပ်၊ အရက်၊ အချို၊ အငန်၊ အဆီလွန်ကဲသောအစားအစာများကို ရှောင်ကြဉ်ရန်လည်း လိုအပ်သည်။ အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ နေ့စဉ်စားသုံးရန်နှင့် ကိုယ် လက်လေ့ကျင့်ခန်းများ တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် နာရီဝက်ခန့် ပြုလုပ်ကြရမည်လည်းဖြစ်သည်။ ထို့အပြင် စိတ်ဖိစီးမှုများကို ဖြေဖျောက်ရန်နှင့် လေဖြတ်ခြင်း ရှေ့ပြေးလက္ခဏာများ တွေ့ရှိပါက အချိန်မဆိုင်းဘဲ ချက်ချင်းကုသမှုခံယူရန် ဆောင်ရွက်ကြရမည် ဖြစ်သည်။
လေဖြတ်ခြင်းလက္ခဏာကို F.A.S.T ဟူ၍ အတိုကောက်မှတ်သားနိုင်ပြီး F-Facial dropping (မျက်နှာရွဲ့ခြင်း)၊ A-Arm Weakness (လက်မောင်းအားလျော့နည်းခြင်း)၊ S-Speech Difficulty (စကား ဗလုံးဗထွေးဖြစ်ခြင်း)၊ T-Time to call emergency (အရေးပေါ် ကုသမှုချက်ချင်းခံယူခြင်း)ဖြစ်သည်။ လေဖြတ်ပြီးနောက် ပထမမိနစ် ၆၀ ကို ရွှေနာရီအဖြစ် သတ်မှတ်ထားပြီး အမြန်ကုသမှုခံယူပါက ဦးနှောက်ပျက်စီးမှုကို သိသိသာသာလျှော့ချပေးနိုင်ကာ ပြန်လည် ကောင်းမွန်သည့်ရလဒ်များကို ပိုမိုရရှိစေနိုင်သည်။
သို့ဖြစ်ရာ အသက်ကြီးသူ၊ မျိုးရိုးရှိသူ၊ လေဖြတ်ဖူးသူများ လေဖြတ်ရောဂါကို သတိပြုကြရန်နှင့် လေဖြတ်ရောဂါဖြစ်နိုင်သည့် အကြောင်းရင်းများကို ရှောင်ကြဉ်ရန်၊ လေဖြတ်ရောဂါဖြစ်လာပါက လည်း တစ်မိနစ်မျှပင် အချိန်မဆိုင်းဘဲ အမြန်ဆုံးကုသမှုခံယူကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။