ကဏ္ဍများ

တီဘီရောဂါကင်းဝေးဖို့ နိုင်ငံတော်က ဦးဆောင်လို့ ပြည်သူ့အားဖြင့် ဆောင်ရွက်စို့
တီဘီရောဂါသည် ကမ္ဘာ့အပြင်းထန်ဆုံး ကူးစက်ရောဂါများထဲမှတစ်ခုဖြစ်ပြီး ကာကွယ်၍၊ ကုသ၍ရသော ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းသေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ တီဘီရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာအကြောင်းအရာတစ်ရပ်လည်း ဖြစ်နေသည်။မြေနိမ့်ရာလှံစိုက် ဆိုရိုးစကားကဲ့သို့ပင် တီဘီရောဂါဖြစ်ပွားမှုအများစုသည် အရှေ့တောင်အာရှ၊ အာဖရိကနှင့် အနောက်ပစိဖိတ် ကဲ့သို့သော ဒေသများတွင်ရှိ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ် အဆင့်ရှိနိုင်ငံများတွင် ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူ ၁၀ ဒသမ ၆ သန်းခန့် တီဘီရောဂါ ဖြစ်ပွားခဲ့ရာတွင် HIV ကင်းစင်သူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၃ သန်းခန့်ရှိခဲ့ပြီး HIV ရှိသူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁၆၇၀၀၀ ခန့်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှုအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/ အိတ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃၀ စာရင်းတွင်ပါဝင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသတွင် ဒုတိယမြောက် တီဘီလူနာသစ်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း တီဘီ ရောဂါအမျိုးမျိုးကြောင့် လူ ၂၀၀၀၀ ခန့် သေဆုံးခဲ့သည်ဟုဆိုသည်။တီဘီရောဂါဖြစ်ပွားရခြင်း၏ အဓိကအကြောင်းများတွင် အာဟာရချို့တဲ့မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဆီးချိုရောဂါဖြစ်ပွားမှု၊ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုတို့ပါဝင်သည်။ တီဘီရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး လေမှတစ်ဆင့်ကူးစက်ပျံ့နှံ့သည်။ အဆုတ်တွင် အများဆုံးဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ဦးနှောက်၊ ကျောရိုး၊ အူလမ်းကြောင်းကဲ့သို့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင်သည်။ တီဘီရောဂါ ဖြစ်ပွားသူသည် ဆေးကုသမှု စနစ်တကျမခံယူပါက မိမိမှတစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူများကို အလွယ်တကူ ကူးစက်နိုင်သည့်အပြင် မိမိကိုယ်တိုင်လည်း ပထမအဆင့် တီဘီရောဂါကုဆေးများနှင့် မကုသနိုင်တော့သည့် ဆေးယဉ်ပါး တီဘီရောဂါဖြစ်လာနိုင်သည်။သလိပ်တွင် တီဘီပိုးရှိသည့် ဝေဒနာရှင်များ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းအားဖြင့် ရောဂါပိုးများ လေထဲသို့ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လူများရှူရှိုက် မိရာမှ ရောဂါပိုးကူးစက်ခံရနိုင်သည်။ အများအားဖြင့် ရောဂါပိုးရှိသူထံမှ အတူနေမိသားစုထံသို့လည်းကောင်း၊ ရုံးခန်း၊ စာသင်ခန်း၊ စက်ရုံ၊ အလုပ်ရုံစသည့်နေရာတို့တွင် ရောဂါရှိသူထံမှ အခြားသူများထံသို့လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ထို့ပြင် လူစုလူဝေး များပြားသည့်နေရာများ၊ အများပြည်သူသွားလာသည့် ယာဉ်၊ ရထားများ စသည်တို့တွင်လည်း ရောဂါရှိသူထံမှ ပတ်ဝန်းကျင်ရှိ လူများထံကူးစက်နိုင်သည်။ မည်သူမဆို တီဘီရောဂါ ကူးစက်ခံရ နိုင်သော်လည်း တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါဖြစ်ပွားလေ့မရှိဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။အာဟာရချို့တဲ့သူ၊ ခုခံအားကျဆင်းနေသူ၊ ဆေးလိပ်သောက်သူ၊ အရက်အလွန်အကျွံသောက်သူ၊ အသက်ကြီးသူနှင့် ငါးနှစ်အောက်ကလေးများ၊ ဆီးချိုရှိသူများနှင့် အစာအိမ်ဖြတ်တောက်ထားရသူများ စသည့်သူတို့မှာ တီဘီရောဂါပိုး ကူးစက်ခံရပါက တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်ပြီး နေအိမ်နှင့် အလုပ်နေရာတို့တွင် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစွာမရသည့် နေရာ၊ လူမှုစီးပွားရေး နိမ့်ကျသည့် အခြေအနေတို့မှာလည်း တီဘီရောဂါ ဖြစ်ပွားရန် အားပေးသည်။ မိမိကိုယ်တိုင်အပါအဝင် မိသားစုအတွင်း နှစ်ပတ်နှင့်အထက် ချောင်းဆိုးလျှင်၊ ချောင်းဆိုးသည့်အခါ သွေး သို့မဟုတ် သလိပ်ပါလျှင်၊ အစားအသောက်ပျက်လျှင်၊ ကိုယ်အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာလျှင်၊ တငွေ့ငွေ့ဖျားလျှင် (အထူးသဖြင့် ညနေပိုင်း)၊ ညအခါ ချွေးအလွန်ထွက်လျှင် တီဘီရောဂါ ရှိ မရှိ စစ်ဆေးမှုခံယူရန် လိုအပ်သည်။မိမိတို့နိုင်ငံတွင် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းများရေးဆွဲပြီး မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးဆောင်ပုဒ်ဖြစ်သည့် ‘‘တီဘီရောဂါ ကင်းဝေးဖို့ နိုင်ငံတော်က ဦးဆောင်လို့ ပြည်သူ့အားဖြင့် ဆောင်ရွက်စို့’’ ဟူသည်နှင့်အညီ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတို့ပူးပေါင်းကာ ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါမည့်အကြောင်း။ ။moi

တီဘီရောဂါသည် ကမ္ဘာ့အပြင်းထန်ဆုံး ကူးစက်ရောဂါများထဲမှတစ်ခုဖြစ်ပြီး ကာကွယ်၍၊ ကုသ၍ရသော ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းသေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ တီဘီရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာအကြောင်းအရာတစ်ရပ်လည်း ဖြစ်နေသည်။

မြေနိမ့်ရာလှံစိုက် ဆိုရိုးစကားကဲ့သို့ပင် တီဘီရောဂါဖြစ်ပွားမှုအများစုသည် အရှေ့တောင်အာရှ၊ အာဖရိကနှင့် အနောက်ပစိဖိတ် ကဲ့သို့သော ဒေသများတွင်ရှိ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ် အဆင့်ရှိနိုင်ငံများတွင် ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူ ၁၀ ဒသမ ၆ သန်းခန့် တီဘီရောဂါ ဖြစ်ပွားခဲ့ရာတွင် HIV ကင်းစင်သူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၃ သန်းခန့်ရှိခဲ့ပြီး HIV ရှိသူများထဲမှ တီဘီရောဂါကြောင့် သေဆုံးသူ ၁၆၇၀၀၀ ခန့်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှုအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/ အိတ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃၀ စာရင်းတွင်ပါဝင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသတွင် ဒုတိယမြောက် တီဘီလူနာသစ်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း တီဘီ ရောဂါအမျိုးမျိုးကြောင့် လူ ၂၀၀၀၀ ခန့် သေဆုံးခဲ့သည်ဟုဆိုသည်။

တီဘီရောဂါဖြစ်ပွားရခြင်း၏ အဓိကအကြောင်းများတွင် အာဟာရချို့တဲ့မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဆီးချိုရောဂါဖြစ်ပွားမှု၊ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုတို့ပါဝင်သည်။ တီဘီရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး လေမှတစ်ဆင့်ကူးစက်ပျံ့နှံ့သည်။ အဆုတ်တွင် အများဆုံးဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ဦးနှောက်၊ ကျောရိုး၊ အူလမ်းကြောင်းကဲ့သို့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင်သည်။ တီဘီရောဂါ ဖြစ်ပွားသူသည် ဆေးကုသမှု စနစ်တကျမခံယူပါက မိမိမှတစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူများကို အလွယ်တကူ ကူးစက်နိုင်သည့်အပြင် မိမိကိုယ်တိုင်လည်း ပထမအဆင့် တီဘီရောဂါကုဆေးများနှင့် မကုသနိုင်တော့သည့် ဆေးယဉ်ပါး တီဘီရောဂါဖြစ်လာနိုင်သည်။

သလိပ်တွင် တီဘီပိုးရှိသည့် ဝေဒနာရှင်များ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းအားဖြင့် ရောဂါပိုးများ လေထဲသို့ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လူများရှူရှိုက် မိရာမှ ရောဂါပိုးကူးစက်ခံရနိုင်သည်။ အများအားဖြင့် ရောဂါပိုးရှိသူထံမှ အတူနေမိသားစုထံသို့လည်းကောင်း၊ ရုံးခန်း၊ စာသင်ခန်း၊ စက်ရုံ၊ အလုပ်ရုံစသည့်နေရာတို့တွင် ရောဂါရှိသူထံမှ အခြားသူများထံသို့လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ထို့ပြင် လူစုလူဝေး များပြားသည့်နေရာများ၊ အများပြည်သူသွားလာသည့် ယာဉ်၊ ရထားများ စသည်တို့တွင်လည်း ရောဂါရှိသူထံမှ ပတ်ဝန်းကျင်ရှိ လူများထံကူးစက်နိုင်သည်။ မည်သူမဆို တီဘီရောဂါ ကူးစက်ခံရ နိုင်သော်လည်း တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါဖြစ်ပွားလေ့မရှိဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။

အာဟာရချို့တဲ့သူ၊ ခုခံအားကျဆင်းနေသူ၊ ဆေးလိပ်သောက်သူ၊ အရက်အလွန်အကျွံသောက်သူ၊ အသက်ကြီးသူနှင့် ငါးနှစ်အောက်ကလေးများ၊ ဆီးချိုရှိသူများနှင့် အစာအိမ်ဖြတ်တောက်ထားရသူများ စသည့်သူတို့မှာ တီဘီရောဂါပိုး ကူးစက်ခံရပါက တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်ပြီး နေအိမ်နှင့် အလုပ်နေရာတို့တွင် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစွာမရသည့် နေရာ၊ လူမှုစီးပွားရေး နိမ့်ကျသည့် အခြေအနေတို့မှာလည်း တီဘီရောဂါ ဖြစ်ပွားရန် အားပေးသည်။ မိမိကိုယ်တိုင်အပါအဝင် မိသားစုအတွင်း နှစ်ပတ်နှင့်အထက် ချောင်းဆိုးလျှင်၊ ချောင်းဆိုးသည့်အခါ သွေး သို့မဟုတ် သလိပ်ပါလျှင်၊ အစားအသောက်ပျက်လျှင်၊ ကိုယ်အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာလျှင်၊ တငွေ့ငွေ့ဖျားလျှင် (အထူးသဖြင့် ညနေပိုင်း)၊ ညအခါ ချွေးအလွန်ထွက်လျှင် တီဘီရောဂါ ရှိ မရှိ စစ်ဆေးမှုခံယူရန် လိုအပ်သည်။

မိမိတို့နိုင်ငံတွင် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းများရေးဆွဲပြီး မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးဆောင်ပုဒ်ဖြစ်သည့် ‘‘တီဘီရောဂါ ကင်းဝေးဖို့ နိုင်ငံတော်က ဦးဆောင်လို့ ပြည်သူ့အားဖြင့် ဆောင်ရွက်စို့’’ ဟူသည်နှင့်အညီ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ ကဏ္ဍပေါင်းစုံတို့ပူးပေါင်းကာ ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါမည့်အကြောင်း။ ။

moi

ကျန်းမာရေးအတွက် အန္တရာယ်အပူဒဏ်မကျရောက်ရန် ကာကွယ်
မတ်လ ဒုတိယပတ် ကုန်လွန်ပြီးသည့်နောက်တွင် နေ့အပူချိန်များ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီဖြစ်သည်။ လာမည့်ဧပြီလနှင့် မေလတို့တွင် အပူချိန်သည် ဆက်လက်၍ မြင့်တက်နေမည်ဖြစ်ရာ အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရန်လိုသည်။ ရာသီဥတု ပူပြင်းမှုက ချွေးထွက်လွန်စေပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များကို ပိုမိုဆုံးရှုံးစေသည်။ အပူကြောင့် လေဖြတ်ခြင်း၊ အပူကြောင့် သွေးလန့်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း စသည်တို့ကို ခံစားရစေနိုင်သည်။ ရောဂါပိုမိုဆိုးရွားလာပါက အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကို ခံစားရစေနိုင်ကာ ထို့ထက်ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့် သတိလစ် သည်အထိ ဖြစ်ပွားနိုင်သည်။ပြင်ပအပူချိန် မြင့်မားခြင်းသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ လေထုစိုထိုင်းဆနှင့် လူ၏လှုပ်ရှားမှုအပေါ်မူတည်၍ အန္တရာယ်ရှိနိုင်သည့် အဆင့်မှာ ကွဲပြားခြားနားနိုင်သည်။ ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာနေထိုင်ရပါက မောပန်းခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်းတို့ဖြစ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်သည်။ အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အတွင်းတွင် ကြွက်တက်ခြင်းနှင့် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) တို့ ဖြစ်နိုင်ပြီး အထူးသတိထားရမည့်အဆင့်ဖြစ်သည်။ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်မှ ၅၄ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိပါက အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေ အလွန် မြင့်မားပြီး အန္တရာယ်ရှိသော အဆင့်ဖြစ်သည်။ အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်ဆိုပါက အသက်အန္တရာယ်ရှိပြီး ပြင်ပလှုပ်ရှားမှုများကို လုံးဝရှောင်ကြဉ်သင့်သည်။စိုထိုင်းဆများခြင်းက ခန္ဓာကိုယ်မှ ချွေးထွက်၍ အပူပြန်ခြင်းကို အဟန့်အတား ဖြစ်စေရာ မြင့်မားသည့် ပတ်ဝန်းကျင်တွင် အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်သည်ပင်လျှင် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်ပေါ်နိုင်သည်။ လူ့ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးစေပြီး အသက်အန္တရာယ်ကိုဖြစ်ပေါ်စေသည်။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများသည် အပူဒဏ်ကြောင့် ထိခိုက်လွယ်ကြသူများဖြစ်ရာ ပိုမိုဂရုစိုက်ရန်လိုအပ်သည်။အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ခံစားရပါက ပျို့ခြင်း သို့မဟုတ် ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ကြွက်သားများအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ မူးမိုက်ခြင်း၊ နုံးချည့်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့ရှိနိုင်သည်။ ၎င်းအခြေအနေမှ ပိုမိုပြင်းထန်ဆိုးရွားလာပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံ ထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ် အပူချိန်အလွန်အကျွံမြင့်တက်ခြင်း ရောဂါလက္ခဏာများ ခံစားရနိုင်သည်။အပူဒဏ်အန္တရာယ်ခံစားရသော လူနာကိုတွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုခြင်းများ ဦးစွာဆောင်ရွက်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသ ဆေးကုသမှုခံယူရန် လိုသည်။ အပူဒဏ်ခံစားရသည့် လူနာကို အရေးပေါ်ပြုစုရာတွင် လူနာကို အရိပ်ရအေးမြသည့်နေရာ သို့မဟုတ် လေအေးပေးစက်ရှိသည့် အခန်း သို့မဟုတ် လေပန်ကာ ရှိသည့်နေရာသို့ ရွှေ့ပြောင်းပေးခြင်း၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ခြင်း၊ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သို့မဟုတ် ဆရာဝန်နှင့်ပြသရန် စောင့်ဆိုင်းနေစဉ်အတွင်း လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေးပြီး ပက်လက်အနေအထားဖြင့်ထားရန်၊ လူနာ၏ အဝတ်အစားများကို ချွတ်ထားပေးရန်၊ လူနာကောင်းစွာ သတိရနေပါက ရေအေးအေးတိုက်ရန်၊ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးရန်၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး သို့မဟုတ် ရေခဲရေစိမ်ထားသော အဝတ်များဖြင့် အုပ်ပေးရန်၊ လူနာကို ပန်ကာလေပေးရန် သို့မဟုတ် ယပ်ခပ်ပေးရန် ဟူသည့် အချက်များကိုပြုလုပ်ပေးရန် အသိပညာပေးထားသည်။သို့ဖြစ်ရာ အပူချိန်မြင့်မားသည့် နေ့အချိန်များတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ နာတာရှည်လူနာများ အရိပ်ရ အေးမြသည့် နေရာတွင်နေရန်၊ ပူပြင်းသည့် နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ကို ရှောင်ရန်၊ ပွပွချောင်ချောင် ချည်ထည်များသာ ဝတ်ဆင်ရန်၊ နေပူမှပြန်လာပြီး ချက်ချင်းရေမချိုးရန်၊ အရက်သေစာရှောင်ကြဉ်ရန်၊ ရေကို လုံလောက်စွာသောက်သုံးရန်ဟူသောအချက်များကို လိုက်နာကျင့်သုံးလျက် အပူဒဏ်အန္တရာယ်မှ ရှောင်ရှားကြပါမည့် အကြောင်း။ ။moi

မတ်လ ဒုတိယပတ် ကုန်လွန်ပြီးသည့်နောက်တွင် နေ့အပူချိန်များ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီဖြစ်သည်။ လာမည့်ဧပြီလနှင့် မေလတို့တွင် အပူချိန်သည် ဆက်လက်၍ မြင့်တက်နေမည်ဖြစ်ရာ အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရန်လိုသည်။ ရာသီဥတု ပူပြင်းမှုက ချွေးထွက်လွန်စေပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များကို ပိုမိုဆုံးရှုံးစေသည်။ အပူကြောင့် လေဖြတ်ခြင်း၊ အပူကြောင့် သွေးလန့်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း စသည်တို့ကို ခံစားရစေနိုင်သည်။ ရောဂါပိုမိုဆိုးရွားလာပါက အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကို ခံစားရစေနိုင်ကာ ထို့ထက်ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့် သတိလစ် သည်အထိ ဖြစ်ပွားနိုင်သည်။

ပြင်ပအပူချိန် မြင့်မားခြင်းသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ လေထုစိုထိုင်းဆနှင့် လူ၏လှုပ်ရှားမှုအပေါ်မူတည်၍ အန္တရာယ်ရှိနိုင်သည့် အဆင့်မှာ ကွဲပြားခြားနားနိုင်သည်။ ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာနေထိုင်ရပါက မောပန်းခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်းတို့ဖြစ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်သည်။ အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အတွင်းတွင် ကြွက်တက်ခြင်းနှင့် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) တို့ ဖြစ်နိုင်ပြီး အထူးသတိထားရမည့်အဆင့်ဖြစ်သည်။ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်မှ ၅၄ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိပါက အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေ အလွန် မြင့်မားပြီး အန္တရာယ်ရှိသော အဆင့်ဖြစ်သည်။ အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်ဆိုပါက အသက်အန္တရာယ်ရှိပြီး ပြင်ပလှုပ်ရှားမှုများကို လုံးဝရှောင်ကြဉ်သင့်သည်။

စိုထိုင်းဆများခြင်းက ခန္ဓာကိုယ်မှ ချွေးထွက်၍ အပူပြန်ခြင်းကို အဟန့်အတား ဖြစ်စေရာ မြင့်မားသည့် ပတ်ဝန်းကျင်တွင် အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်သည်ပင်လျှင် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်ပေါ်နိုင်သည်။ လူ့ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးစေပြီး အသက်အန္တရာယ်ကိုဖြစ်ပေါ်စေသည်။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများသည် အပူဒဏ်ကြောင့် ထိခိုက်လွယ်ကြသူများဖြစ်ရာ ပိုမိုဂရုစိုက်ရန်လိုအပ်သည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ခံစားရပါက ပျို့ခြင်း သို့မဟုတ် ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ကြွက်သားများအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ မူးမိုက်ခြင်း၊ နုံးချည့်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့ရှိနိုင်သည်။ ၎င်းအခြေအနေမှ ပိုမိုပြင်းထန်ဆိုးရွားလာပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံ ထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ် အပူချိန်အလွန်အကျွံမြင့်တက်ခြင်း ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

အပူဒဏ်အန္တရာယ်ခံစားရသော လူနာကိုတွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုခြင်းများ ဦးစွာဆောင်ရွက်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသ ဆေးကုသမှုခံယူရန် လိုသည်။ အပူဒဏ်ခံစားရသည့် လူနာကို အရေးပေါ်ပြုစုရာတွင် လူနာကို အရိပ်ရအေးမြသည့်နေရာ သို့မဟုတ် လေအေးပေးစက်ရှိသည့် အခန်း သို့မဟုတ် လေပန်ကာ ရှိသည့်နေရာသို့ ရွှေ့ပြောင်းပေးခြင်း၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ခြင်း၊ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သို့မဟုတ် ဆရာဝန်နှင့်ပြသရန် စောင့်ဆိုင်းနေစဉ်အတွင်း လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေးပြီး ပက်လက်အနေအထားဖြင့်ထားရန်၊ လူနာ၏ အဝတ်အစားများကို ချွတ်ထားပေးရန်၊ လူနာကောင်းစွာ သတိရနေပါက ရေအေးအေးတိုက်ရန်၊ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးရန်၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး သို့မဟုတ် ရေခဲရေစိမ်ထားသော အဝတ်များဖြင့် အုပ်ပေးရန်၊ လူနာကို ပန်ကာလေပေးရန် သို့မဟုတ် ယပ်ခပ်ပေးရန် ဟူသည့် အချက်များကိုပြုလုပ်ပေးရန် အသိပညာပေးထားသည်။

သို့ဖြစ်ရာ အပူချိန်မြင့်မားသည့် နေ့အချိန်များတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ နာတာရှည်လူနာများ အရိပ်ရ အေးမြသည့် နေရာတွင်နေရန်၊ ပူပြင်းသည့် နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ကို ရှောင်ရန်၊ ပွပွချောင်ချောင် ချည်ထည်များသာ ဝတ်ဆင်ရန်၊ နေပူမှပြန်လာပြီး ချက်ချင်းရေမချိုးရန်၊ အရက်သေစာရှောင်ကြဉ်ရန်၊ ရေကို လုံလောက်စွာသောက်သုံးရန်ဟူသောအချက်များကို လိုက်နာကျင့်သုံးလျက် အပူဒဏ်အန္တရာယ်မှ ရှောင်ရှားကြပါမည့် အကြောင်း။ ။

ကျန်းမာရေးတွင် ကြိုတင်ကာကွယ်နိုင်ခြင်းမှာ အကောင်းဆုံး
အယ်ဒီတာ့အာဘော်(၂ဝ၂၆ ခုနှစ်၊ မတ် ၁၆ ရက်) နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များ ခိုင်မာလာစေရန် ဦးတည်ချက်များ ချမှတ်ဖော်ဆောင်လျက်ရှိရာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက်ရှိသည်။လူ့ဘဝတွင် “ကျန်းမာမှပညာသင်နိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်”ဖြစ်သည့်အတွက် ကျန်းမာရေးသည် ဘဝရှင်သန်ရေးနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ပင်ဖြစ်သည်။ ပြည်သူများကျန်းမာသန်စွမ်းရှိကြမှသာ နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား လူမှုတည်ငြိမ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ၏ တိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယ ကင်းရှင်းရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြသည်။ ပထမတစ်နှစ်အတွင်းတွင် တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ”ဆိုသည့် မူဝါဒဖြင့် အစိုးရ၊ ဝန်ထမ်းများနှင့်ပြည်သူများစုပေါင်းအားဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂိမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ်မန္တလေးငလျင် စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တက်ညီလက်ညီဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကျန်းမာရေးပြဿနာများဖြစ်ပွားခြင်း မရှိခဲ့သဖြင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမှုအနေဖြင့်လည်း ငါးနှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း ၂၅ ရုံကိုအဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန်အတွက် ကျေးလက်ဒေသများတွင် ၁၆ ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကိုအသစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဆေးရုံများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမြင့် အဆောက်အအုံကောင်းများကို တည်ဆောက်ပေးခဲ့ရာတွင် ငါးနှစ်အတွင်း ဆေးရုံအဆောက်အအုံသစ် ၄၁ ခုနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့သည်။ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရာတွင် ကျွမ်းကျင်သောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆိုသည့်ပန်းတိုင်ကိုပြည့်မီစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒချမှတ်ပြီး ငါးနှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် ၂၆၄၉ ဦးအပါအဝင် သွားနှင့်ခံတွင်းဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုလည်း ခန့်အပ်ပေးနိုင်ခဲ့သည်။ထို့ပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ပြည်တွင်းပြည်ပဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်ကကျင်းပသည့် အမျိုးသား ကင်ဆာကုသရေးဗဟိုဌာနဖွင့်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားစဉ် “အထူးမှာကြားလိုသည်မှာ ရှိနေသည့်စက်ပစ္စည်းများ မည်မျှပင်ခေတ်မီ ကောင်းမွန်နေပါစေ ကိုင်တွယ်အသုံးပြုသည့်လူသား အရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စေတနာသည်သာလျှင် ကုသမှုအောင်မြင်ရန်အတွက် အရေးကြီး ဆုံးအကြောင်းအရာဖြစ်ကြောင်း၊ ကင်ဆာဝေဒနာရှင်များသည် မိမိတို့ခံစားနေရသည့်ဝေဒနာနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင်ရှိပြီး ဖြစ်သည့် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဆိုသည့် နာသုံးနာကိုအရင်းခံပြီး လူနာများအပေါ် မိသားစုစိတ်ဓာတ်ဖြင့် မေတ္တာထားပြီး နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးကြရန် အလေးအနက် မှာကြားလိုကြောင်း”ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။ရောဂါဖြစ်မှကုသခြင်းထက် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့်အတိုင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများရှိစေရန်၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာသိရှိကုသမှု ခံယူနိုင်ရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။MWD

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မတ် ၁၆  ရက်)

      နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များ ခိုင်မာလာစေရန် ဦးတည်ချက်များ ချမှတ်ဖော်ဆောင်လျက်ရှိရာတွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက်ရှိသည်။

လူ့ဘဝတွင် ကျန်းမာမှပညာသင်နိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးသည် ဘဝရှင်သန်ရေးနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ပင်ဖြစ်သည်။ ပြည်သူများကျန်းမာသန်စွမ်းရှိကြမှသာ နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား လူမှုတည်ငြိမ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ၏ တိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယ ကင်းရှင်းရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြသည်။ ပထမတစ်နှစ်အတွင်းတွင် တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဆိုသည့် မူဝါဒဖြင့် အစိုးရ၊ ဝန်ထမ်းများနှင့်ပြည်သူများစုပေါင်းအားဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂိမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ်မန္တလေးငလျင် စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တက်ညီလက်ညီဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကျန်းမာရေးပြဿနာများဖြစ်ပွားခြင်း မရှိခဲ့သဖြင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမှုအနေဖြင့်လည်း ငါးနှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း ၂၅ ရုံကိုအဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး   မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန်အတွက် ကျေးလက်ဒေသများတွင် ၁၆ ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကိုအသစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဆေးရုံများတွင်  ရှိသင့်ရှိထိုက်သည့်  အရည်အသွေးမြင့် အဆောက်အအုံကောင်းများကို တည်ဆောက်ပေးခဲ့ရာတွင် ငါးနှစ်အတွင်း ဆေးရုံအဆောက်အအုံသစ် ၄၁ ခုနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့သည်။

ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရာတွင် ကျွမ်းကျင်သောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆိုသည့်ပန်းတိုင်ကိုပြည့်မီစေရန်  အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည် ဆိုသည့် မူဝါဒချမှတ်ပြီး ငါးနှစ်တာကာလအတွင်း  ပြည်သူ့ဆေးရုံတိုင်းအတွက်  သစ်လွင်ဆရာဝန် ၂၆၄၉ ဦးအပါအဝင် သွားနှင့်ခံတွင်းဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုလည်း ခန့်အပ်ပေးနိုင်ခဲ့သည်။

ထို့ပြင်  ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ပြည်တွင်းပြည်ပဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်ကကျင်းပသည့် အမျိုးသား ကင်ဆာကုသရေးဗဟိုဌာနဖွင့်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားစဉ် အထူးမှာကြားလိုသည်မှာ ရှိနေသည့်စက်ပစ္စည်းများ  မည်မျှပင်ခေတ်မီ ကောင်းမွန်နေပါစေ ကိုင်တွယ်အသုံးပြုသည့်လူသား အရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စေတနာသည်သာလျှင် ကုသမှုအောင်မြင်ရန်အတွက် အရေးကြီး ဆုံးအကြောင်းအရာဖြစ်ကြောင်း၊ ကင်ဆာဝေဒနာရှင်များသည်   မိမိတို့ခံစားနေရသည့်ဝေဒနာနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင်ရှိပြီး ဖြစ်သည့် စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုသည့် နာသုံးနာကိုအရင်းခံပြီး လူနာများအပေါ် မိသားစုစိတ်ဓာတ်ဖြင့် မေတ္တာထားပြီး နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးကြရန် အလေးအနက် မှာကြားလိုကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

ရောဂါဖြစ်မှကုသခြင်းထက် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည် ဆိုသည့်အတိုင်း  ပြည်သူများအနေဖြင့်  ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများရှိစေရန်၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာသိရှိကုသမှု ခံယူနိုင်ရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

MWD

နာတာရှည်ရောဂါမဖြစ်အောင် ရှောင်ကြဉ် ကျန်းမာရေးစံနှုန်းများနှင့်အညီ နေထိုင်
လွန်ခဲ့သည့် ဆယ်နှစ်နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုတို့ အနည်းငယ်လျော့ကျလာပြီး သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်းကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း သုတေသနတွေ့ရှိချက်များအရ သိရသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်းသုတေသနများကို ၂၀၀၃ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂၀၁၄ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများ၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ စသည်တို့ကို ကာလကြာမြင့်စွာ ထိတွေ့နေထိုင်စားသောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါအစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါရောဂါများသည် နာတာရှည်ရောဂါများလည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးမှာ (၁) နှလုံးသွေးကြောရောဂါ၊ (၂) ဆီးချိုသွေးချိုရောဂါ၊ (၃) ကင်ဆာရောဂါ၊ (၄) နာတာရှည်အဆုတ်ရောဂါတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင် ၅၉ ဦးမှာ မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ရာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံနှင့်အညီ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် သက်တမ်းရှည်ကြာ ကျန်းမာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။သို့ဖြစ်ရာ လူတိုင်း သက်ရှည်ကျန်းမာကြရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးကြရန်လိုသည်။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစာများ၊ အသင့်စား ထုပ်ပိုးထားသော အစားအစာများ၊ အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီ စသည့်ဆီများနှင့် ကွမ်းစားခြင်း စသည်တို့ကို ရှောင်ကြဉ်၍ အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးကြရမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ရန်လိုသည်။ တစ်ပတ်လျှင် ၅ ရက်၊ နေ့စဉ် နာရီဝက် လမ်းလျှောက်၊ ရေကူး၊ စက်ဘီး စီး၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုတို့ကို ပြုလုပ်ရန်၊ အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်းကို ရှောင်ကြဉ်ရန်၊ သွက်လက်တက်ကြွစွာ နေထိုင်ရန်၊ တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်၊ ကွန်ပျူတာအသုံးပြုခြင်းတို့ကို အချိန်ကြာမြင့်စွာ ဆက်တိုက်ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန် လိုသည်။တတိယအချက်အဖြစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဆေးရွက်ကြီးဟုဆိုရာတွင် ကွမ်းစားရာတွင် နှပ်ဆေးအမျိုးမျိုးထည့်စားခြင်းနှင့် ဆေးငုံခြင်းတို့လည်း ပါဝင်သည်။ စတုတ္ထအချက်အားဖြင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး ပဉ္စမအချက်အားဖြင့် မိမိအရပ်အမြင့်အလိုက်ရှိသင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်နှင့် ကိုယ်အလေးချိန်များနေပါက လျှော့ချရန် ကြိုးစားကြရမည်ဖြစ်သည်။ ဆဋ္ဌမအချက်အနေဖြင့် နေ့စဉ် ရေဖန်ခွက် ရှစ်ခွက် သို့မဟုတ် ရေသန့်ဘူး နှစ်ဘူး (နှစ်လီတာ) သောက်သုံးကြရမည်ဖြစ်ပြီး သတ္တမအချက်မှာ ကောင်းသောစိတ်ကို မွေး၍ လောကဓံကို သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းဆင်ခြင်ကြရန် ဖြစ်သည်။ အသက် ၄၀ ကျော်လာသည့်အခါ ဆီးချိုသွေးချိုနှင့် သွေးတိုး ရောဂါ ဖြစ်ပွားနေမှု ရှိ မရှိကို ပုံမှန်စစ်ဆေးရန်နှင့် ရောဂါဖြစ်ပွားသည်ကို သိရှိပါက ဆောလျင်စွာ ကုသမှုခံယူကြရမည်ဖြစ်သည်။ကမ္ဘာပေါ်တွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူ ၄၁ သန်းခန့် သေဆုံးနေရပြီး ကမ္ဘာတစ်ဝန်း သေဆုံးမှုများ၏ ၇၄ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။ မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုစုစုပေါင်း ၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့် ဆေးရုံတက်ရောက်ရမှု တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကောက်ခံထားသော အချက်အလက်များအရ ဆေးရုံတက်လူနာသေဆုံးမှုများ၏ ထက်ဝက်ကျော်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်သည်ဟု ဆေးရုံအခြေပြု စာရင်းဇယားများအရ သိရသည်ဆိုသည်။ စင်စစ်အားဖြင့် မကူးစက်နိုင်သောရောဂါများဆိုသည်မှာ မိမိတို့၏ နေထိုင်စားသောက်မှုနှင့် အမူအကျင့်တို့ကို ထိန်းချုပ်ပြုပြင်၍ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများနှင့်အညီ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် မိမိတွင် ရောဂါစွဲကပ်မလာအောင် ရှောင်လွှဲနိုင်သည်။သို့ဖြစ်ရာ ကိုယ်မကျန်းမာ၍ စိတ်မချမ်းသာရခြင်း၊ ကျန်းမာရေးအသုံးစရိတ် ဝန်ပိမှုကြောင့် လူမှုစီးပွားဘဝ ထိခိုက်ရခြင်းအဖြစ်တို့မှ ကင်းဝေးကြစေရေး၊ အချိန်မတိုင်မီ နာရသည့် ဘေး၊ သေရသည့်ဘေးတို့မှ ရှောင်ကြဉ်နိုင်ကြရေးတို့အတွက် မိမိကိုယ်ကို ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်ကာ ကျန်းမာရေးစံနှုန်းများနှင့်အညီ စားသောက်နေထိုင်နိုင်ကြပါစေကြောင်း။ ။moi

လွန်ခဲ့သည့် ဆယ်နှစ်နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုတို့ အနည်းငယ်လျော့ကျလာပြီး သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်းကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း သုတေသနတွေ့ရှိချက်များအရ သိရသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်းသုတေသနများကို ၂၀၀၃ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂၀၁၄ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများ၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ စသည်တို့ကို ကာလကြာမြင့်စွာ ထိတွေ့နေထိုင်စားသောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါအစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါရောဂါများသည် နာတာရှည်ရောဂါများလည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးမှာ (၁) နှလုံးသွေးကြောရောဂါ၊ (၂) ဆီးချိုသွေးချိုရောဂါ၊ (၃) ကင်ဆာရောဂါ၊ (၄) နာတာရှည်အဆုတ်ရောဂါတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင် ၅၉ ဦးမှာ မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ရာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံနှင့်အညီ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် သက်တမ်းရှည်ကြာ ကျန်းမာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်း သက်ရှည်ကျန်းမာကြရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးကြရန်လိုသည်။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစာများ၊ အသင့်စား ထုပ်ပိုးထားသော အစားအစာများ၊ အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီ စသည့်ဆီများနှင့် ကွမ်းစားခြင်း စသည်တို့ကို ရှောင်ကြဉ်၍ အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးကြရမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ရန်လိုသည်။ တစ်ပတ်လျှင် ၅ ရက်၊ နေ့စဉ် နာရီဝက် လမ်းလျှောက်၊ ရေကူး၊ စက်ဘီး စီး၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုတို့ကို ပြုလုပ်ရန်၊ အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်းကို ရှောင်ကြဉ်ရန်၊ သွက်လက်တက်ကြွစွာ နေထိုင်ရန်၊ တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်၊ ကွန်ပျူတာအသုံးပြုခြင်းတို့ကို အချိန်ကြာမြင့်စွာ ဆက်တိုက်ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန် လိုသည်။

တတိယအချက်အဖြစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဆေးရွက်ကြီးဟုဆိုရာတွင် ကွမ်းစားရာတွင် နှပ်ဆေးအမျိုးမျိုးထည့်စားခြင်းနှင့် ဆေးငုံခြင်းတို့လည်း ပါဝင်သည်။ စတုတ္ထအချက်အားဖြင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး ပဉ္စမအချက်အားဖြင့် မိမိအရပ်အမြင့်အလိုက်ရှိသင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်နှင့် ကိုယ်အလေးချိန်များနေပါက လျှော့ချရန် ကြိုးစားကြရမည်ဖြစ်သည်။ ဆဋ္ဌမအချက်အနေဖြင့် နေ့စဉ် ရေဖန်ခွက် ရှစ်ခွက် သို့မဟုတ် ရေသန့်ဘူး နှစ်ဘူး (နှစ်လီတာ) သောက်သုံးကြရမည်ဖြစ်ပြီး သတ္တမအချက်မှာ ကောင်းသောစိတ်ကို မွေး၍ လောကဓံကို သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းဆင်ခြင်ကြရန် ဖြစ်သည်။ အသက် ၄၀ ကျော်လာသည့်အခါ ဆီးချိုသွေးချိုနှင့် သွေးတိုး ရောဂါ ဖြစ်ပွားနေမှု ရှိ မရှိကို ပုံမှန်စစ်ဆေးရန်နှင့် ရောဂါဖြစ်ပွားသည်ကို သိရှိပါက ဆောလျင်စွာ ကုသမှုခံယူကြရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူ ၄၁ သန်းခန့် သေဆုံးနေရပြီး ကမ္ဘာတစ်ဝန်း သေဆုံးမှုများ၏ ၇၄ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။ မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုစုစုပေါင်း ၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့် ဆေးရုံတက်ရောက်ရမှု တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကောက်ခံထားသော အချက်အလက်များအရ ဆေးရုံတက်လူနာသေဆုံးမှုများ၏ ထက်ဝက်ကျော်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်သည်ဟု ဆေးရုံအခြေပြု စာရင်းဇယားများအရ သိရသည်ဆိုသည်။ စင်စစ်အားဖြင့် မကူးစက်နိုင်သောရောဂါများဆိုသည်မှာ မိမိတို့၏ နေထိုင်စားသောက်မှုနှင့် အမူအကျင့်တို့ကို ထိန်းချုပ်ပြုပြင်၍ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများနှင့်အညီ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် မိမိတွင် ရောဂါစွဲကပ်မလာအောင် ရှောင်လွှဲနိုင်သည်။

သို့ဖြစ်ရာ ကိုယ်မကျန်းမာ၍ စိတ်မချမ်းသာရခြင်း၊ ကျန်းမာရေးအသုံးစရိတ် ဝန်ပိမှုကြောင့် လူမှုစီးပွားဘဝ ထိခိုက်ရခြင်းအဖြစ်တို့မှ ကင်းဝေးကြစေရေး၊ အချိန်မတိုင်မီ နာရသည့် ဘေး၊ သေရသည့်ဘေးတို့မှ ရှောင်ကြဉ်နိုင်ကြရေးတို့အတွက် မိမိကိုယ်ကို ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်ကာ ကျန်းမာရေးစံနှုန်းများနှင့်အညီ စားသောက်နေထိုင်နိုင်ကြပါစေကြောင်း။ ။

သတိပြု၍ ကြိုတင်ကာကွယ် ခွေးရူးပြန်ရောဂါ အန္တရာယ်
ခွေးရူးပြန်ရောဂါသည် ရာခိုင်နှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သော်လည်း ပေါ့ဆမှုကြောင့် ရောဂါကူးစက်ခံရပြီး ခွေးရူးရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီဆိုပါက ကုသ၍ မရနိုင်တော့ဘဲ ရာခိုင်နှုန်းပြည့်သေဆုံးနိုင်သည့် ရောဂါဖြစ်သည်။ လူတွင် ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်းသည် အဆိုပါရောဂါပိုးရှိနေသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ၎င်းတို့၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှရရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အစားထိုးကုသမှုခံယူခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။ရှေးအခါက ခွေးရူးပြန်ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း မျက်မှောက်ကာလတွင်မူ အာဖရိကနှင့်အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိကအားဖြင့် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာဗဟုသုတနည်းပါးခြင်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများမှာ အဆိုပါအကြောင်းရင်းနှစ်ရပ်ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု စုစုပေါင်း၏ ၈ဝ ရာခိုင်နှုန်းကျော်အထိရှိနေသည်။ မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားခြင်းသည် လေလွင့်ခွေးများ အကိုက်ခံရခြင်းကြောင့် အများဆုံးဖြစ်ရာ ခွေးကောင်ရေတိုးပွားမလာအောင် ထိန်းချုပ်ရေးနှင့် ခွေးရူးရောဂါကာကွယ်ဆေးများထိုးနှံမှု လွှမ်းခြုံနိုင်ရေးတို့မှာလည်း အရေးပါသည့်လုပ်ငန်းများဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် ရာနှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သည့်အလျောက် အိမ်မွေးခွေး၊ ကြောင်စသည့် တိရစ္ဆာန်များအား ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်း၊ ခွေး၊ ကြောင်တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်နေသူများအား ခွေးရူးပြန်ကာကွယ်ဆေးကြိုတင်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက ထပ်မံထိုးနှံခြင်းအားဖြင့် တိရစ္ဆာန်ရော လူကိုပါကာကွယ်ကြရမည်ဖြစ်သည်။အိမ်မွေးခွေး၊ ကြောင်များတွင် ခွေးရူးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိရစ္ဆာန်ဆရာဝန်များနှင့်တိုင်ပင်၍ မိမိတို့ မွေးမြူထားသော ခွေး၊ ကြောင်များအား တစ်နှစ်တစ်ကြိမ် ပုံမှန်ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံရန်၊ မိမိတို့မွေးမြူထားသော ခွေး၊ ကြောင်များအား လမ်းပေါ်မှ ခွေးလေခွေးလွင့်များနှင့် မရောနှောမိစေရန် ဂရုတစိုက်ဆောင်ရွက်ရန်၊ အပြင်သို့ထွက်လျှင် ခွေးချည်ကြိုးဖြင့် သေချာစွာချည်၍ ထွက်ရန်၊ မိမိအိမ် သို့မဟုတ် ရပ်ကွက်ထဲတွင် ခွေးရူးရောဂါဖြစ်နေသည်ဟု သံသယရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ ခွေးရူးရောဂါအတည်ပြု ခွေးကောင်ရေတိုးတက်များပြားလာကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံဆေးခန်းများ၏ တရားဝင်သတင်းပို့ စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါနှင့် သေဆုံးသူ ၁၁၃ ဦးရှိခဲ့ရာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းကြောင့် ပြည်သူတစ်ရပ်လုံးခွေးရူးရောဂါကို သတိပြုကာကွယ်ကြရန်လည်း မွေး/ကုပညာရှင်တစ်ဦးက သတိပေးထားသည်ကို တွေ့ရသည်။ ခွေး၊ ကြောင်ကိုက်ခံရခြင်း၊ ကုတ်ခြစ်ဒဏ်ရာရခြင်းတို့တွင် ဒဏ်ရာသေးငယ်စေကာမူ မပေါ့ဆသင့်ဘဲ ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။ အကိုက်ခံရသည့် ဒဏ်ရာကို ရေနှင့်ဆပ်ပြာတို့ဖြင့် အနည်းဆုံး ၁၅ မိနစ်ဆေးရန်၊ အနာကို အရက်ပြန် သို့မဟုတ် ဘီတာဒင်းကဲ့သို့ ပိုးသန့်စင်ဆေးရည်ထည့်ရန်၊ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ပိုမိုဂရုစိုက်၍ အရေးပေါ်ချက်ချင်းကုသမှုခံယူရန်၊ ခွေးရူးပြန်ရောဂါမဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ရန်နည်းလမ်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အမြန်ဆုံးနှင့် အကြိမ်ပြည့်ထိုးနှံရန် (ခွေးရူးပြန်ပိုးသတ်ဆေး - Anti rabies serum ထိုးနိုင်ပါက ပို၍ကောင်းပါသည်။)၊ ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပညာပေးထားသည်။အထူးသတိပြုရန် လိုအပ်သည်မှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အချိန်မီထိုးရန် လိုအပ်ခြင်းကြောင့် အချိန်မဖြုန်းမိကြရန်ပင်ဖြစ်သည်။ လူပြောသူပြော ဆေးမြီးတိုများ၊ ဂါထာမန္တရား မန်းမှုတ်ခြင်းများကို ရှောင်ကြဉ်ကြပြီး တစ်ခုတည်းသော ကာကွယ်နည်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို နီးစပ်ရာဆေးရုံဆေးခန်း၌ အမြန်ဆုံးထိုးနှံကာကွယ်ကြခြင်းဖြင့် ခွေးရူးပြန်ရောဂါဘေးကင်းဝေးကြပါစေကြောင်း။ moi

ခွေးရူးပြန်ရောဂါသည် ရာခိုင်နှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သော်လည်း ပေါ့ဆမှုကြောင့် ရောဂါကူးစက်ခံရပြီး ခွေးရူးရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီဆိုပါက ကုသ၍ မရနိုင်တော့ဘဲ ရာခိုင်နှုန်းပြည့်သေဆုံးနိုင်သည့် ရောဂါဖြစ်သည်။ လူတွင် ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်းသည် အဆိုပါရောဂါပိုးရှိနေသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ၎င်းတို့၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှရရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အစားထိုးကုသမှုခံယူခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။

ရှေးအခါက ခွေးရူးပြန်ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း မျက်မှောက်ကာလတွင်မူ အာဖရိကနှင့်အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိကအားဖြင့် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာဗဟုသုတနည်းပါးခြင်းနှင့် ကာကွယ်ဆေးထိုးနှံနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများမှာ အဆိုပါအကြောင်းရင်းနှစ်ရပ်ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု စုစုပေါင်း၏ ၈ဝ ရာခိုင်နှုန်းကျော်အထိရှိနေသည်။ မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားခြင်းသည် လေလွင့်ခွေးများ အကိုက်ခံရခြင်းကြောင့် အများဆုံးဖြစ်ရာ ခွေးကောင်ရေတိုးပွားမလာအောင် ထိန်းချုပ်ရေးနှင့် ခွေးရူးရောဂါကာကွယ်ဆေးများထိုးနှံမှု လွှမ်းခြုံနိုင်ရေးတို့မှာလည်း အရေးပါသည့်လုပ်ငန်းများဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် ရာနှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သည့်အလျောက် အိမ်မွေးခွေး၊ ကြောင်စသည့် တိရစ္ဆာန်များအား ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်း၊ ခွေး၊ ကြောင်တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်နေသူများအား ခွေးရူးပြန်ကာကွယ်ဆေးကြိုတင်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက ထပ်မံထိုးနှံခြင်းအားဖြင့် တိရစ္ဆာန်ရော လူကိုပါကာကွယ်ကြရမည်ဖြစ်သည်။

အိမ်မွေးခွေး၊ ကြောင်များတွင် ခွေးရူးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိရစ္ဆာန်ဆရာဝန်များနှင့်တိုင်ပင်၍ မိမိတို့ မွေးမြူထားသော ခွေး၊ ကြောင်များအား တစ်နှစ်တစ်ကြိမ် ပုံမှန်ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံရန်၊ မိမိတို့မွေးမြူထားသော ခွေး၊ ကြောင်များအား လမ်းပေါ်မှ ခွေးလေခွေးလွင့်များနှင့် မရောနှောမိစေရန် ဂရုတစိုက်ဆောင်ရွက်ရန်၊ အပြင်သို့ထွက်လျှင် ခွေးချည်ကြိုးဖြင့် သေချာစွာချည်၍ ထွက်ရန်၊ မိမိအိမ် သို့မဟုတ် ရပ်ကွက်ထဲတွင် ခွေးရူးရောဂါဖြစ်နေသည်ဟု သံသယရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ ခွေးရူးရောဂါအတည်ပြု ခွေးကောင်ရေတိုးတက်များပြားလာကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံဆေးခန်းများ၏ တရားဝင်သတင်းပို့ စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါနှင့် သေဆုံးသူ ၁၁၃ ဦးရှိခဲ့ရာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းကြောင့် ပြည်သူတစ်ရပ်လုံးခွေးရူးရောဂါကို သတိပြုကာကွယ်ကြရန်လည်း မွေး/ကုပညာရှင်တစ်ဦးက သတိပေးထားသည်ကို တွေ့ရသည်။ ခွေး၊ ကြောင်ကိုက်ခံရခြင်း၊ ကုတ်ခြစ်ဒဏ်ရာရခြင်းတို့တွင် ဒဏ်ရာသေးငယ်စေကာမူ မပေါ့ဆသင့်ဘဲ ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။ အကိုက်ခံရသည့် ဒဏ်ရာကို ရေနှင့်ဆပ်ပြာတို့ဖြင့် အနည်းဆုံး ၁၅ မိနစ်ဆေးရန်၊ အနာကို အရက်ပြန် သို့မဟုတ် ဘီတာဒင်းကဲ့သို့ ပိုးသန့်စင်ဆေးရည်ထည့်ရန်၊ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ပိုမိုဂရုစိုက်၍ အရေးပေါ်ချက်ချင်းကုသမှုခံယူရန်၊ ခွေးရူးပြန်ရောဂါမဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ရန်နည်းလမ်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အမြန်ဆုံးနှင့် အကြိမ်ပြည့်ထိုးနှံရန် (ခွေးရူးပြန်ပိုးသတ်ဆေး - Anti rabies serum ထိုးနိုင်ပါက ပို၍ကောင်းပါသည်။)၊ ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပညာပေးထားသည်။

အထူးသတိပြုရန် လိုအပ်သည်မှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အချိန်မီထိုးရန် လိုအပ်ခြင်းကြောင့် အချိန်မဖြုန်းမိကြရန်ပင်ဖြစ်သည်။ လူပြောသူပြော ဆေးမြီးတိုများ၊ ဂါထာမန္တရား မန်းမှုတ်ခြင်းများကို ရှောင်ကြဉ်ကြပြီး တစ်ခုတည်းသော ကာကွယ်နည်းဖြစ်သည့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို နီးစပ်ရာဆေးရုံဆေးခန်း၌ အမြန်ဆုံးထိုးနှံကာကွယ်ကြခြင်းဖြင့် ခွေးရူးပြန်ရောဂါဘေးကင်းဝေးကြပါစေကြောင်း။ 

ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ကုန်ပစ္စည်းများကို သတိပြုရှောင်ရှား
၂၀၃၀ ပြည့်နှစ်တွင်ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များအနက်မှ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်း လူ့သက်တမ်းတိုးမြင့်လာစေရေးအတွက် လာမည့်ငါးနှစ်တာကာလသည် အရေးကြီးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဆိုင်ရာ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ပြည်သူလူထု၏ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရေးအတွက် ရောဂါအမျိုးမျိုး ဖြစ်ပွားစေနိုင်သည့် အပြုအမူအနေအထိုင်၊ အစားအသောက် စသည့်ပြည်သူများ၏ ကျန်းမာရေးထိခိုက်စေနိုင်သော ကိစ္စအဝဝတို့ကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ပေးခြင်း၊ ကုသစောင့်ရှောက်မှုပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသောကိစ္စများ၌ အစဉ်အဆက်အန္တရာယ်ဖြစ်လာခဲ့သော ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်အစားထိုး အီးစီးကရက်သောက်သုံးသည့် အလေ့အထများသည် ဆေးလိပ်သောက်သူသာမက ပတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိကြောင်း အသိပေးတားဆီးမှုပြုလုပ်ကြရမည်ဖြစ်သည်။ထို့ကြောင့် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိုင်သည့် ကျန်းမာရေးအန္တရာယ်များကို အသိပညာပေးလျက်ရှိသလို အီလက်ထရောနစ်အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ်အီးစီးကရက်၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူ ပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၉) အရ အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ တားမြစ်အမိန့်ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ တားမြစ်အမိန့်နှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိရာ အီလက်ထရောနစ် အီးစီးကရက်နှင့် ပတ်သက်သောပစ္စည်းများ ရောင်းချသူများနှင့် အသုံးပြုကြသူများအနေဖြင့် အထူးသတိပြုရမည်ဖြစ်သည်။ ဆေးလိပ်ကို အလွန်အကျွံဖြစ်စေ၊ နှစ်ပေါင်းများစွာသောက်သုံးလျှင်ဖြစ်စေ နာတာရှည် အဆုတ်ရောင်ရောဂါ (သို့မဟုတ်) အဆုတ်ရောဂါနှင့် ချောင်းကြာရှည်ဆိုးခြင်းဖြစ်စေပြီး အဆုတ်ကင်ဆာရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ ခံတွင်းကင်ဆာရောဂါတို့ကို ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးလိပ်သောက်သုံးပါက ပေါင်မပြည့်၊ လမစေ့ကလေးမွေးဖွားနိုင်သည်။ ကလေးကြုံလှီခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုက်သည် သန္ဓေသားသို့ရောက်ရှိကာ အောက်ဆီဂျင်မလုံလောက်ဘဲ ကလေးပျက်ကျခြင်း၊ အသေမွေးခြင်းတို့ဖြစ်နိုင်သည်။ဆေးလိပ်ငွေ့သည် ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ကိုရှူရှိုက်မိလျှင် နီကိုတင်း၊ ကတ္တရာနှင့် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တို့ကို တိုက်ရိုက်ထိတွေ့ခံစားရကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။ ဆေးလိပ်သောက်သုံးသူတစ်ဦးကြောင့် ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ ၉ ရာခိုင်နှုန်းခန့်သည် ပတ်ဝန်းကျင်သို့ရောက်ရှိပြီး ပတ်ဝန်းကျင်မှလူများလည်း ညစ်ညမ်းသောလေကို ရှူရှိုက်ရသကဲ့သို့ဖြစ်ပေမည်။ မျက်မှောက်ကာလတွင် အန္တရာယ်ရှိသော ဆေးလိပ်အစားထိုးအီးစီးကရက်များကို ထုတ်လုပ်လာကြရာ အစောပိုင်းက အလုပ်ဖြစ်သလိုရှိသော်လည်း နောက်ပိုင်းတွင် ဆေးလိပ်ကဲ့သို့ပင် ကျန်းမာရေးထိခိုက်သည့် ကုန်ပစ္စည်းဖြစ်လာသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက တားမြစ်ပိတ်ပင်ရခြင်းဖြစ်သည်။အီးစီးကရက်ကို ဆေးပြတ်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့သော်လည်း အီးစီးကရက်တွင် နီကိုတင်းပါရှိသဖြင့် ဆေးလိပ်ပြတ်သွားသော်လည်း အီးစီးကရက်ကို စွဲလာကြသည်။ အီးစီးကရက်တွင် အငွေ့အစီခံပိုင်း၊ ဆေးရည်ထည့်ဘူး၊ အငွေ့ပြန်ကိရိယာ၊ အီလက်ထရောနစ်ပရိုဆက်ဆာ၊ ဘက်ထရီ၊ ဆေးလိပ်မီးနှင့်တူသည့် မီးသီးဆိုသည့် အစိတ်အပိုင်းခြောက်ခုပါဝင်သည်။ ထုတ်လုပ်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန် နီကိုတင်းများထည့်သွင်းပြီး ရောင်းချလာကြသည်။ ထပ်မံ၍ နီကိုတင်းထက် ပိုမိုဆိုးရွားသည့် ဓာတုပစ္စည်းများပါ ထည့်သွင်းရောင်းချလာကြသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေဖြင့် တားမြစ်ပိတ်ပင်ရမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဆေးလိပ် (သို့မဟုတ်) အီးစီးကရက်သောက်သုံးသူ ၁၀၀၀ တွင် ၂၀ ခန့်သေဆုံးကြောင်း တွေ့ရှိခဲ့သည်။ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် အီးစီးကရက်သည် ဆေးလိပ်ကဲ့သို့ပင် လူကိုဒုက္ခပေးသောပစ္စည်းအဖြစ် သတ်မှတ်လိုက်ကြပြီး အီးစီးကရက်သောက်သုံးမှုသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ကြောင်း အသိပေးပြောကြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုကို စဉ်ဆက်မပြတ်အသိပေးပြောကြားလျက်ရှိသလို အန္တရာယ်ရှိသော အီးစီးကရက်ရောင်းဝယ်ဖောက်ကားမှုကိုလည်း ဥပဒေဖြင့် တားမြစ်ပိတ်ပင်ကာ ပြည်သူများ ကျန်းမာရေးထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသောပစ္စည်းများကို သတိပြုရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ရပါကြောင်း။ ။moi

၂၀၃၀ ပြည့်နှစ်တွင်ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များအနက်မှ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်း လူ့သက်တမ်းတိုးမြင့်လာစေရေးအတွက် လာမည့်ငါးနှစ်တာကာလသည် အရေးကြီးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဆိုင်ရာ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပြည်သူလူထု၏ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရေးအတွက် ရောဂါအမျိုးမျိုး ဖြစ်ပွားစေနိုင်သည့် အပြုအမူအနေအထိုင်၊ အစားအသောက် စသည့်ပြည်သူများ၏ ကျန်းမာရေးထိခိုက်စေနိုင်သော ကိစ္စအဝဝတို့ကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ပေးခြင်း၊ ကုသစောင့်ရှောက်မှုပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသောကိစ္စများ၌ အစဉ်အဆက်အန္တရာယ်ဖြစ်လာခဲ့သော ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်အစားထိုး အီးစီးကရက်သောက်သုံးသည့် အလေ့အထများသည် ဆေးလိပ်သောက်သူသာမက ပတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိကြောင်း အသိပေးတားဆီးမှုပြုလုပ်ကြရမည်ဖြစ်သည်။

ထို့ကြောင့် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိုင်သည့် ကျန်းမာရေးအန္တရာယ်များကို အသိပညာပေးလျက်ရှိသလို အီလက်ထရောနစ်အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ်အီးစီးကရက်၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူ ပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၉) အရ အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ တားမြစ်အမိန့်ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ တားမြစ်အမိန့်နှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိရာ အီလက်ထရောနစ် အီးစီးကရက်နှင့် ပတ်သက်သောပစ္စည်းများ ရောင်းချသူများနှင့် အသုံးပြုကြသူများအနေဖြင့် အထူးသတိပြုရမည်ဖြစ်သည်။

 ဆေးလိပ်ကို အလွန်အကျွံဖြစ်စေ၊ နှစ်ပေါင်းများစွာသောက်သုံးလျှင်ဖြစ်စေ နာတာရှည် အဆုတ်ရောင်ရောဂါ (သို့မဟုတ်) အဆုတ်ရောဂါနှင့် ချောင်းကြာရှည်ဆိုးခြင်းဖြစ်စေပြီး အဆုတ်ကင်ဆာရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ ခံတွင်းကင်ဆာရောဂါတို့ကို ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးလိပ်သောက်သုံးပါက ပေါင်မပြည့်၊ လမစေ့ကလေးမွေးဖွားနိုင်သည်။ ကလေးကြုံလှီခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုက်သည် သန္ဓေသားသို့ရောက်ရှိကာ အောက်ဆီဂျင်မလုံလောက်ဘဲ ကလေးပျက်ကျခြင်း၊ အသေမွေးခြင်းတို့ဖြစ်နိုင်သည်။

ဆေးလိပ်ငွေ့သည် ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ကိုရှူရှိုက်မိလျှင် နီကိုတင်း၊ ကတ္တရာနှင့် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တို့ကို တိုက်ရိုက်ထိတွေ့ခံစားရကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။ ဆေးလိပ်သောက်သုံးသူတစ်ဦးကြောင့် ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ ၉ ရာခိုင်နှုန်းခန့်သည် ပတ်ဝန်းကျင်သို့ရောက်ရှိပြီး ပတ်ဝန်းကျင်မှလူများလည်း ညစ်ညမ်းသောလေကို ရှူရှိုက်ရသကဲ့သို့ဖြစ်ပေမည်။ မျက်မှောက်ကာလတွင် အန္တရာယ်ရှိသော ဆေးလိပ်အစားထိုးအီးစီးကရက်များကို ထုတ်လုပ်လာကြရာ အစောပိုင်းက အလုပ်ဖြစ်သလိုရှိသော်လည်း နောက်ပိုင်းတွင် ဆေးလိပ်ကဲ့သို့ပင် ကျန်းမာရေးထိခိုက်သည့် ကုန်ပစ္စည်းဖြစ်လာသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက တားမြစ်ပိတ်ပင်ရခြင်းဖြစ်သည်။

အီးစီးကရက်ကို ဆေးပြတ်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့သော်လည်း အီးစီးကရက်တွင် နီကိုတင်းပါရှိသဖြင့် ဆေးလိပ်ပြတ်သွားသော်လည်း အီးစီးကရက်ကို စွဲလာကြသည်။ အီးစီးကရက်တွင် အငွေ့အစီခံပိုင်း၊ ဆေးရည်ထည့်ဘူး၊ အငွေ့ပြန်ကိရိယာ၊ အီလက်ထရောနစ်ပရိုဆက်ဆာ၊ ဘက်ထရီ၊ ဆေးလိပ်မီးနှင့်တူသည့် မီးသီးဆိုသည့် အစိတ်အပိုင်းခြောက်ခုပါဝင်သည်။ ထုတ်လုပ်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန် နီကိုတင်းများထည့်သွင်းပြီး ရောင်းချလာကြသည်။ ထပ်မံ၍ နီကိုတင်းထက် ပိုမိုဆိုးရွားသည့် ဓာတုပစ္စည်းများပါ ထည့်သွင်းရောင်းချလာကြသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေဖြင့် တားမြစ်ပိတ်ပင်ရမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဆေးလိပ် (သို့မဟုတ်) အီးစီးကရက်သောက်သုံးသူ ၁၀၀၀ တွင် ၂၀ ခန့်သေဆုံးကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် အီးစီးကရက်သည် ဆေးလိပ်ကဲ့သို့ပင် လူကိုဒုက္ခပေးသောပစ္စည်းအဖြစ် သတ်မှတ်လိုက်ကြပြီး အီးစီးကရက်သောက်သုံးမှုသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ကြောင်း အသိပေးပြောကြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးထိခိုက်မှုကို စဉ်ဆက်မပြတ်အသိပေးပြောကြားလျက်ရှိသလို အန္တရာယ်ရှိသော အီးစီးကရက်ရောင်းဝယ်ဖောက်ကားမှုကိုလည်း ဥပဒေဖြင့် တားမြစ်ပိတ်ပင်ကာ ပြည်သူများ ကျန်းမာရေးထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသောပစ္စည်းများကို သတိပြုရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ရပါကြောင်း။ ။

ပြည်သူများ သက်ရှည်ကျန်းမာရေး လေထုညစ်ညမ်းမှုကို ထိန်းသိမ်း
ရန်ကုန်မြို့ပြပတ်ဝန်းကျင်ကောင်းကင်ယံတွင် ယခုရက်ပိုင်းအတွင်း လေထုများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်ကို မြို့နေပြည်သူအားလုံး ကြုံတွေ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မိုးအုံ့ခြင်း၊ မြူခိုးများအုံ့ဆိုင်းနေခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်နေသည်ကို သတိပြုမိရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် မွန်းလွဲပိုင်း၌ အဆင့် ၁၁ ရှိရာမှ ညနေပိုင်းတွင် IQ Air အရ ကမ္ဘာ့အဆင့် ၄ သတိပြုရမည့်အခြေအနေသို့ ရောက်နေသည်။ လေထုညစ်ညမ်းမှုသည် လေထုထဲ၌ မီးခိုး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်နှင့် ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။ပုံမှန်အားဖြင့် လေထုညစ်ညမ်းမှု အဆိုးဆုံးအချိန်သည် ဒီဇင်ဘာလမှ ဧပြီလကုန်အထိဖြစ်သည်။ ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီလနှင့် မတ်လတွင် အပူရှိန်များတက်လာပြီး လေငြိမ်သည့်ကာလဖြစ်၍ တောမီးရှို့မှုများကြောင့် လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးဟု ပြောနိုင်သည်။ မိုးဦးကာလ မေလနှင့် ဇွန်လအတွင်း မုတ်သုံမိုးစတင်ရွာသွန်းသည်နှင့် လေထုအတွင်းရှိ အမှုန်အမွှားများသည် မိုးရေနှင့်အတူ မြေပြင်သို့ဆင်းသက်သွားကာ လေထုညစ်ညမ်းမှု အလိုအလျောက်သန့်စင်သွားမည်ဖြစ်သည်။ လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်မားဆုံးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးသတိပြုလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။လေထုညစ်ညမ်းမှုကို အုံ့မှိုင်းနေသောအသွင်သဏ္ဌာန်ဖြင့် တွေ့မြင်နိုင်သော်လည်း ညစ်ညမ်းနေသောအမှုန်အမွှားများကို မျက်စိဖြင့် မြင်နိုင်စွမ်းမရှိပေ။ အဆိုပါလေကို ကြာရှည်ရှူရှိုက်ပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အမှုန်အမွှားများ ခန္ဓာကိုယ်အတွင်း အများဆုံးဝင်ရောက်ပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ လေထုညစ်ညမ်းမှုကို ကြာရှည်ထိတွေ့မိလျှင် မျက်စိနီခြင်း၊ နာခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စသည့်ရောဂါများဖြစ်နိုင်သည်။ ပန်းနာရင်ကျပ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ကိုယ်ခံအားစနစ်အားနည်းခြင်း၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည်။အများအားဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အဆုတ်၊ နှလုံး၊ ဆီးချိုကဲ့သို့ နာတာရှည်ရောဂါရှိသူများ၊ အာဟာရချို့တဲ့သူများ၊ လူဦးရေထူထပ်၍ လေထုညစ်ညမ်းသောနေရာများတွင် နေထိုင်ကြသောသူများ၊ လူနေမှုနိမ့်ကျသည့်နေရာများတွင် ဆိုးကျိုးသက်ရောက်မှုများသည်။ ကလေးသူငယ်များသည် လူကြီးများထက် ကိုယ်ခံအားနည်းသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသာမက ဦးနှောက်ဖွံ့ဖြိုးမှုကို မထိခိုက်စေရန် သတိပြုဖို့လိုသည်။ လေထုညစ်ညမ်းမှုသည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားကို ထိခိုက်နိုင်သဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ အချိန်မတိုင်မီမွေးဖွားခြင်း၊ ပေါင်မပြည့် လမစေ့ဘဲမွေးဖွားခြင်း စသည့်အန္တရာယ်များကို သတိပြုဖို့လိုသည်။ညစ်ညမ်းသောလေထုတွင် ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်စသည့် အန္တရာယ်ရှိသော အမှုန်အမွှားများပါဝင်သည်။ လေထုညစ်ညမ်းမှုကို တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အက်စစ်မိုးရွာသွန်းခြင်းနှင့် ဖန်လုံအိမ်အကျိုး သက်ရောက်မှု စသည့်သဘာဝအန္တရာယ်ကြောင့်ဖြစ်နိုင်သည်။ မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများ၊ ထင်းမီးသွေး၊ ဆေးလိပ်၊ အမှိုက်မီးရှို့ရာမှထွက်ရှိသော မီးခိုးများ၊ အိမ်သုံးဓာတုပစ္စည်းများ၊ အအေးပေးစက်မှ ဓာတ်ငွေ့များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အော်ဂင်းနစ်ဒြပ်ပေါင်းများ စသည်တို့မှထွက်ရှိသော မီးခိုးငွေ့၊ ဓာတ်ငွေ့များဖြစ်သည့် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသောအခိုးအငွေ့များသည် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။သဘာဝဘေးအန္တရာယ်များနှင့် လူတို့ကြောင့် လေထုညစ်ညမ်းမှုသည် တစ်နှစ် ထက်တစ်နှစ် မြင့်မားနေဦးမည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်သော လေထုညစ်ညမ်းမှုကို ဝိုင်းဝန်းကာကွယ် တားဆီးကြရမည်ဖြစ်သည်။ မြို့ပြလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို စီမံကိန်း၊ စီမံချက်များချမှတ်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့အနေဖြင့် အကျိုးစီးပွားအတွက် ဆင်ခြင်တုံတရားများကို မေ့လျော့နေတတ်ကြရာ ဘေးအန္တရာယ်ဖြစ်နိုင်သည့်ကိစ္စများကို ဖြစ်နိုင်သရွေ့ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အခိုးအငွေ့ထွက်သောအရာများကို ထိန်းညှိရန်နှင့် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူပေးသည့် သစ်တောသစ်ပင်များကို ထူထောင်ကြရန်လိုသည်။သို့ဖြစ်ရာ လေထုညစ်ညမ်းနေသောကာလတွင် ပြည်သူလူထုအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်ရန်လိုအပ်ပါသည်။ ရေရှည်ကာလအတွက် အန္တရာယ်ရှိသော ကာဗွန်ဓာတ်ငွေ့များကိုစုပ်ယူပေးသည့် ပိတောက်၊ ကုက္ကိုကဲ့သို့ သစ်ပင်များကို အရေအတွက်ပြည့်မီအောင်၊ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးပေး၍ Green zone အစိမ်းရောင်နယ်မြေများ ထူထောင်ပြီး ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။moi

ရန်ကုန်မြို့ပြပတ်ဝန်းကျင်ကောင်းကင်ယံတွင် ယခုရက်ပိုင်းအတွင်း လေထုများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်ကို မြို့နေပြည်သူအားလုံး ကြုံတွေ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မိုးအုံ့ခြင်း၊ မြူခိုးများအုံ့ဆိုင်းနေခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်နေသည်ကို သတိပြုမိရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် မွန်းလွဲပိုင်း၌ အဆင့် ၁၁ ရှိရာမှ ညနေပိုင်းတွင် IQ Air အရ ကမ္ဘာ့အဆင့် ၄ သတိပြုရမည့်အခြေအနေသို့ ရောက်နေသည်။ လေထုညစ်ညမ်းမှုသည် လေထုထဲ၌ မီးခိုး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်နှင့် ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။

ပုံမှန်အားဖြင့် လေထုညစ်ညမ်းမှု အဆိုးဆုံးအချိန်သည် ဒီဇင်ဘာလမှ ဧပြီလကုန်အထိဖြစ်သည်။ ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီလနှင့် မတ်လတွင် အပူရှိန်များတက်လာပြီး လေငြိမ်သည့်ကာလဖြစ်၍ တောမီးရှို့မှုများကြောင့် လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးဟု ပြောနိုင်သည်။ မိုးဦးကာလ မေလနှင့် ဇွန်လအတွင်း မုတ်သုံမိုးစတင်ရွာသွန်းသည်နှင့် လေထုအတွင်းရှိ အမှုန်အမွှားများသည် မိုးရေနှင့်အတူ မြေပြင်သို့ဆင်းသက်သွားကာ လေထုညစ်ညမ်းမှု အလိုအလျောက်သန့်စင်သွားမည်ဖြစ်သည်။ လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်မားဆုံးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးသတိပြုလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

လေထုညစ်ညမ်းမှုကို အုံ့မှိုင်းနေသောအသွင်သဏ္ဌာန်ဖြင့် တွေ့မြင်နိုင်သော်လည်း ညစ်ညမ်းနေသောအမှုန်အမွှားများကို မျက်စိဖြင့် မြင်နိုင်စွမ်းမရှိပေ။ အဆိုပါလေကို ကြာရှည်ရှူရှိုက်ပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အမှုန်အမွှားများ ခန္ဓာကိုယ်အတွင်း အများဆုံးဝင်ရောက်ပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ လေထုညစ်ညမ်းမှုကို ကြာရှည်ထိတွေ့မိလျှင် မျက်စိနီခြင်း၊ နာခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စသည့်ရောဂါများဖြစ်နိုင်သည်။ ပန်းနာရင်ကျပ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ကိုယ်ခံအားစနစ်အားနည်းခြင်း၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည်။

အများအားဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အဆုတ်၊ နှလုံး၊ ဆီးချိုကဲ့သို့ နာတာရှည်ရောဂါရှိသူများ၊ အာဟာရချို့တဲ့သူများ၊ လူဦးရေထူထပ်၍ လေထုညစ်ညမ်းသောနေရာများတွင် နေထိုင်ကြသောသူများ၊ လူနေမှုနိမ့်ကျသည့်နေရာများတွင် ဆိုးကျိုးသက်ရောက်မှုများသည်။ ကလေးသူငယ်များသည် လူကြီးများထက် ကိုယ်ခံအားနည်းသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသာမက ဦးနှောက်ဖွံ့ဖြိုးမှုကို မထိခိုက်စေရန် သတိပြုဖို့လိုသည်။ လေထုညစ်ညမ်းမှုသည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားကို ထိခိုက်နိုင်သဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ အချိန်မတိုင်မီမွေးဖွားခြင်း၊ ပေါင်မပြည့် လမစေ့ဘဲမွေးဖွားခြင်း စသည့်အန္တရာယ်များကို သတိပြုဖို့လိုသည်။

ညစ်ညမ်းသောလေထုတွင် ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်စသည့် အန္တရာယ်ရှိသော အမှုန်အမွှားများပါဝင်သည်။ လေထုညစ်ညမ်းမှုကို တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အက်စစ်မိုးရွာသွန်းခြင်းနှင့် ဖန်လုံအိမ်အကျိုး သက်ရောက်မှု စသည့်သဘာဝအန္တရာယ်ကြောင့်ဖြစ်နိုင်သည်။ မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများ၊ ထင်းမီးသွေး၊ ဆေးလိပ်၊ အမှိုက်မီးရှို့ရာမှထွက်ရှိသော မီးခိုးများ၊ အိမ်သုံးဓာတုပစ္စည်းများ၊ အအေးပေးစက်မှ ဓာတ်ငွေ့များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အော်ဂင်းနစ်ဒြပ်ပေါင်းများ စသည်တို့မှထွက်ရှိသော မီးခိုးငွေ့၊ ဓာတ်ငွေ့များဖြစ်သည့် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသောအခိုးအငွေ့များသည် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။

သဘာဝဘေးအန္တရာယ်များနှင့် လူတို့ကြောင့် လေထုညစ်ညမ်းမှုသည် တစ်နှစ် ထက်တစ်နှစ် မြင့်မားနေဦးမည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်သော လေထုညစ်ညမ်းမှုကို ဝိုင်းဝန်းကာကွယ် တားဆီးကြရမည်ဖြစ်သည်။ မြို့ပြလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို စီမံကိန်း၊ စီမံချက်များချမှတ်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့အနေဖြင့် အကျိုးစီးပွားအတွက် ဆင်ခြင်တုံတရားများကို မေ့လျော့နေတတ်ကြရာ ဘေးအန္တရာယ်ဖြစ်နိုင်သည့်ကိစ္စများကို ဖြစ်နိုင်သရွေ့ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အခိုးအငွေ့ထွက်သောအရာများကို ထိန်းညှိရန်နှင့် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူပေးသည့် သစ်တောသစ်ပင်များကို ထူထောင်ကြရန်လိုသည်။

သို့ဖြစ်ရာ လေထုညစ်ညမ်းနေသောကာလတွင် ပြည်သူလူထုအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်ရန်လိုအပ်ပါသည်။ ရေရှည်ကာလအတွက် အန္တရာယ်ရှိသော ကာဗွန်ဓာတ်ငွေ့များကိုစုပ်ယူပေးသည့် ပိတောက်၊ ကုက္ကိုကဲ့သို့ သစ်ပင်များကို အရေအတွက်ပြည့်မီအောင်၊ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးပေး၍ Green zone အစိမ်းရောင်နယ်မြေများ ထူထောင်ပြီး ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။

လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး
ခြောက်သွေ့ရာသီရောက်လာသည်နှင့် လေထုညစ်ညမ်းမှုပြဿနာလည်း စတင်ဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုဆိုသည်မှာ လေထဲတွင် အန္တရာယ်ရှိသည့် ဓာတ်ပစ္စည်းများနှင့် အမှုန်အမွှားများ ပါဝင်နေခြင်းဖြစ်ပြီး လူ ၁ဝဝ လျှင် ၉ဝ တို့က ထိုညစ်ညမ်းသည့် လေကိုရှူနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်၍ နှစ်စဉ် လူ ၁၇ သန်း သေဆုံးနေကြရသည်ဟုလည်း ဆိုသည်။လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သည့် ပန်းနာရင်ကျပ် (Asthma) ကို ပိုမိုဆိုးရွား လာစေနိုင်ပြီး အဆုတ်ရောင်ရောဂါ (Pneumonia)ကိုလည်း ဖြစ်နိုင်ခြေများစေနိုင်သည်။ နာတာရှည်အဆုတ်ရောဂါ (COPD)ကို ဖြစ်စေနိုင်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများဖြစ်သည့် သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ထို့အပြင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပြီး အခြားကင်ဆာရောဂါတို့လည်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ ကလေးများ၏ အဆုတ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေပြီး ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေများစေသည်။ သက်ကြီးရွယ်အိုများတွင် နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများ ပိုမိုဆိုးလာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေများစေသည်။ ကိုယ်ဝန်ဆောင်သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့ ဖြစ်နိုင်ခြေများစေသည်။ လေထုညစ်ညမ်းမှုကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်းဖြစ်နိုင်သည်ဟု ပညာရှင်တို့ကဆိုသည်။ရုပ်ခန္ဓာရှင်သန်နေစေရေးအတွက် လေ၊ ရေနှင့် အစာအာဟာရတို့ဖြင့် ထောက်ပင့်ပေးထားရခြင်းဖြစ်ရာ လူတစ်ဦးသည် နေ့စဉ်လေ ၁၄ ကီလိုဂရမ်၊ ရေ ၂ ကီလိုဂရမ်နှင့် အစားအစာ ၁ ဒသမ ၅ ကီလိုဂရမ်ကို မှီဝဲနေကြရသည်ဟု ဆိုသည်။ သို့ဖြစ်သည့်အတွက် မိမိတို့ ရှူသွင်း၊ စားသောက်သုံးဆောင်လိုက်သည့် လေ၊ ရေ၊ အစား အစာတို့ သန့်ရှင်းနေစေဖို့လိုသည်။ လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လေထုညစ်ညမ်းမှုအမြင့်ဆုံးအချိန်များ ဖြစ်သည့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ အိမ်တွင်းလေထုကို ထိန်းသိမ်းရန်အတွက် ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားခြင်း၊ အပြင်သို့ ထွက်ရပါကလည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သည့် အရည်အသွေးမြင့် ပါးစပ်နှာခေါင်းစည်း ( ဥပမာ- N95 Mask) တပ်ဆင်ခြင်း၊ အိမ်တွင်း၌အမွှေးတိုင်၊ ခြင်ဆေးခွေထွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထင်း/မီးသွေးတို့ဖြင့် ချက်ပြုတ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ အိမ်တွင်း၌ ဖုန်မထစေရန် စိုစွတ်သည့်အဝတ်၊ ကြမ်းတိုက်တံတို့ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ရေများများသောက်ခြင်း၊ လေထုညစ်ညမ်းမှု အမြင့်ဆုံးအချိန်တွင် ကာယလှုပ်ရှားမှုများကို ပြင်းထန်စွာ သို့မဟုတ် ကြာရှည်စွာ ပြုလုပ်ခြင်းတို့ ရှောင်ကြဉ်ခြင်းတို့ကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြရန်လိုသည်။လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသော ကျန်းမာရေးထိခိုက်မှုမှာ ညစ်ညမ်းမှုအမျိုးအစားနှင့် ပမာဏ၊ လူတစ်ဦးချင်းစီ၏ ထိတွေ့မှုကာလတို့ပေါ်တွင် မူတည်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ တစ်နှစ်အောက်ကလေးများ၊ ငယ်ရွယ်သည့်ကလေးများသည် ယေဘုယျအားဖြင့် လေထုညစ်ညမ်းမှု၏ အကျိုးသက်ရောက်မှုကို ပိုမိုခံရခြင်းကြောင့် မိသားစုအတွင်း ဂရုစိုက်ကြရန်လိုသည်။ လေထုညစ်ညမ်းမှုနှင့် ကာလတိုထိတွေ့ရာတွင် လတ်တလောတုံ့ပြန်မှုအဖြစ် မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းများယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးဝင်ခြင်းတို့ဖြစ်တတ်ရာ ဆိုးရွားသည့် သက်ရောက်မှုကိုခံစားရပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် သတိပြုထားဖို့လည်း လိုအပ်သည်။လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်နိုင်သကဲ့သို့ မိမိတို့ပြည်တွင်းရှိ အန္တရာယ်ရှိအရင်း အမြစ်များမှလည်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ အိမ်တွင်းလေထု ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ အမှိုက်မီးရှို့ခြင်း၊ တောမီးနှင့် လယ်ယာမြေပြုပြင်ရန် မီးရှို့မှုတို့ကိုရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ကိုယ်ပိုင် မော်တော်ယာဉ်သုံးစွဲမှုကိုလျှော့ချပြီး အများသုံးယာဉ်များကို ပိုမိုအသုံးပြုခြင်းတို့အပါအဝင် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ခြင်း၊ အတတ်နိုင်ဆုံးလျှော့ချခြင်း အားဖြင့် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များမှ ရှောင်ကြဉ်နိုင်ကြပါမည့်အကြောင်း။ ။moi

ခြောက်သွေ့ရာသီရောက်လာသည်နှင့် လေထုညစ်ညမ်းမှုပြဿနာလည်း စတင်ဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုဆိုသည်မှာ လေထဲတွင် အန္တရာယ်ရှိသည့် ဓာတ်ပစ္စည်းများနှင့် အမှုန်အမွှားများ ပါဝင်နေခြင်းဖြစ်ပြီး လူ ၁ဝဝ လျှင် ၉ဝ တို့က ထိုညစ်ညမ်းသည့် လေကိုရှူနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်၍ နှစ်စဉ် လူ ၁၇ သန်း သေဆုံးနေကြရသည်ဟုလည်း ဆိုသည်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သည့် ပန်းနာရင်ကျပ် (Asthma) ကို ပိုမိုဆိုးရွား လာစေနိုင်ပြီး အဆုတ်ရောင်ရောဂါ (Pneumonia)ကိုလည်း ဖြစ်နိုင်ခြေများစေနိုင်သည်။ နာတာရှည်အဆုတ်ရောဂါ (COPD)ကို ဖြစ်စေနိုင်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများဖြစ်သည့် သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ထို့အပြင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပြီး အခြားကင်ဆာရောဂါတို့လည်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ ကလေးများ၏ အဆုတ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေပြီး ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေများစေသည်။ သက်ကြီးရွယ်အိုများတွင် နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများ ပိုမိုဆိုးလာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေများစေသည်။ ကိုယ်ဝန်ဆောင်သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့ ဖြစ်နိုင်ခြေများစေသည်။ လေထုညစ်ညမ်းမှုကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်းဖြစ်နိုင်သည်ဟု ပညာရှင်တို့ကဆိုသည်။

ရုပ်ခန္ဓာရှင်သန်နေစေရေးအတွက် လေ၊ ရေနှင့် အစာအာဟာရတို့ဖြင့် ထောက်ပင့်ပေးထားရခြင်းဖြစ်ရာ လူတစ်ဦးသည် နေ့စဉ်လေ ၁၄ ကီလိုဂရမ်၊ ရေ ၂ ကီလိုဂရမ်နှင့် အစားအစာ ၁ ဒသမ ၅ ကီလိုဂရမ်ကို မှီဝဲနေကြရသည်ဟု ဆိုသည်။ သို့ဖြစ်သည့်အတွက် မိမိတို့ ရှူသွင်း၊ စားသောက်သုံးဆောင်လိုက်သည့် လေ၊ ရေ၊ အစား အစာတို့ သန့်ရှင်းနေစေဖို့လိုသည်။ လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လေထုညစ်ညမ်းမှုအမြင့်ဆုံးအချိန်များ ဖြစ်သည့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ အိမ်တွင်းလေထုကို ထိန်းသိမ်းရန်အတွက် ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားခြင်း၊ အပြင်သို့ ထွက်ရပါကလည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သည့် အရည်အသွေးမြင့် ပါးစပ်နှာခေါင်းစည်း ( ဥပမာ- N95 Mask) တပ်ဆင်ခြင်း၊ အိမ်တွင်း၌အမွှေးတိုင်၊ ခြင်ဆေးခွေထွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထင်း/မီးသွေးတို့ဖြင့် ချက်ပြုတ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ အိမ်တွင်း၌ ဖုန်မထစေရန် စိုစွတ်သည့်အဝတ်၊ ကြမ်းတိုက်တံတို့ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ရေများများသောက်ခြင်း၊ လေထုညစ်ညမ်းမှု အမြင့်ဆုံးအချိန်တွင် ကာယလှုပ်ရှားမှုများကို ပြင်းထန်စွာ သို့မဟုတ် ကြာရှည်စွာ ပြုလုပ်ခြင်းတို့ ရှောင်ကြဉ်ခြင်းတို့ကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြရန်လိုသည်။

လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသော ကျန်းမာရေးထိခိုက်မှုမှာ ညစ်ညမ်းမှုအမျိုးအစားနှင့် ပမာဏ၊ လူတစ်ဦးချင်းစီ၏ ထိတွေ့မှုကာလတို့ပေါ်တွင် မူတည်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ တစ်နှစ်အောက်ကလေးများ၊ ငယ်ရွယ်သည့်ကလေးများသည် ယေဘုယျအားဖြင့် လေထုညစ်ညမ်းမှု၏ အကျိုးသက်ရောက်မှုကို ပိုမိုခံရခြင်းကြောင့် မိသားစုအတွင်း ဂရုစိုက်ကြရန်လိုသည်။ လေထုညစ်ညမ်းမှုနှင့် ကာလတိုထိတွေ့ရာတွင် လတ်တလောတုံ့ပြန်မှုအဖြစ် မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းများယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးဝင်ခြင်းတို့ဖြစ်တတ်ရာ ဆိုးရွားသည့် သက်ရောက်မှုကိုခံစားရပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် သတိပြုထားဖို့လည်း လိုအပ်သည်။

လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်နိုင်သကဲ့သို့ မိမိတို့ပြည်တွင်းရှိ အန္တရာယ်ရှိအရင်း အမြစ်များမှလည်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ အိမ်တွင်းလေထု ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ အမှိုက်မီးရှို့ခြင်း၊ တောမီးနှင့် လယ်ယာမြေပြုပြင်ရန် မီးရှို့မှုတို့ကိုရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ကိုယ်ပိုင် မော်တော်ယာဉ်သုံးစွဲမှုကိုလျှော့ချပြီး အများသုံးယာဉ်များကို ပိုမိုအသုံးပြုခြင်းတို့အပါအဝင် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ခြင်း၊ အတတ်နိုင်ဆုံးလျှော့ချခြင်း အားဖြင့် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များမှ ရှောင်ကြဉ်နိုင်ကြပါမည့်အကြောင်း။ ။

Vape နှင့် လမ်းခွဲ
Vape ဟူ၍ လူသိများကြသည့် e- Cigarette ကို ဆေးလိပ် ဖြတ်ရန်အတွက် အစားထိုးပစ္စည်းအဖြစ် မူလကရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်တီထွင်ထုတ်လုပ်လိုက်သည့် အဆိုပါပစ္စည်းသည် ဆယ်စုနှစ်တစ်ခုကျော်မျှကာလအတွင်း ကမ္ဘာတစ်ခွင်ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူများ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ ယခုအခါ ခေတ်မီဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် အီး-စီးကရက်ကို လူငယ်လူရွယ်များအတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသလို ဆေးလိပ်စွဲသကဲ့သို့ စွဲလမ်းမှုများ၊ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာသည့် အထောက်အထားများလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။မကြာသေးမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတိပေးချက်တစ်ရပ်အရ ကမ္ဘာတစ်ဝန်းလုံးတွင် အီး-စီးကရက် သုံးစွဲသူ စုစုပေါင်း သန်း ၁၀၀ ကျော်ခန့်ရှိနေပြီး ယင်းတို့ထဲတွင် ကလေးငယ် လူဦးရေ ၁၅ သန်းထက်မနည်း ပါဝင်လျက်ရှိရာ နီကိုတင်းစွဲလမ်းမှု လှိုင်းသစ်တစ်ခုဖြစ်ပေါ်လာစေရန် လောင်စာထည့်ပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာတစ်ဝန်း လေ့လာချက်များအရ ကလေးများသည် အရွယ်ရောက်ပြီးသူများထက် Vape သောက်သုံးနိုင်ခြေပျမ်းမျှအားဖြင့် ကိုးဆပို၍များသည်ဟု သိရသည်။ Vape ခေါ် အီး-စီးကရက်သည် နီကိုတင်းကို ရှူရှိုက်နိုင်ရန် အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးခြင်းပင်ဖြစ်ရာ ကလေးများ Vape သုံးစွဲခြင်းဖြင့် ငယ်စဉ်ကတည်းကပင် နီကိုတင်းစွဲလမ်းမှုဖြစ်စေပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေနိုင်သည်။နိုင်ငံအများအပြားတွင် အီး-စီးကရက်နှင့် Vaping ထုတ်ကုန်များ ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားပြီး ဒဏ်ငွေများစွာရိုက်ခြင်း၊ ထောင်ချခြင်းတို့အပါအဝင် တင်းကျပ်သည့် ပြစ်ဒဏ်များကို ချမှတ်လျက်ရှိသည်။ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် နိုင်ငံများမှာ အာရှတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မြောက်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်းတွင် ကာတာ၊ အိုမန်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ဘရာဇီး၊ မက္ကဆီကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပနားမား၊ နီကာရာဂွါ၊ ဆူရီနမ်၊ ဗင်နီဇွဲလား၊ အာဖရိကတွင် အီသီယိုး ပီးယား၊ ဂမ်ဘီယာ၊ မောရစ်သျှ၊ ယူဂန္ဓာ၊ အခြားဒေသများအဖြစ် သြစတြေးလျ၊ နော်ဝေ၊ တူကီယဲနိုင်ငံတို့ပါဝင်သည်။လက်ရှိအခြေအနေတွင် အီး-စီးကရက် သုံးစွဲခြင်းသည် ဆေးလိပ်သောက်ခြင်းကို အစားထိုးခြင်း မဟုတ်တော့ဘဲ နီကိုတင်းရောစပ်ထားသည့် အခြားဓာတုပစ္စည်းများကို စွဲလမ်းလာခြင်း ဖြစ်လာသည်။ အီး-စီးကရက်တွင် ထည့်သွင်းအသုံးပြုသည့် အငွေ့ပျံနိုင်သည့် အရည် (aerosal) ကို အဆိပ်သင့်စေသည့် ဓာတုပစ္စည်းများ (Toxic Chemicals) နှင့် ပေါင်းစပ်၍ အသုံးပြုသူများကို ဆွဲဆောင်နိုင်ရန် အရောင်၊ အနံ့၊ အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ရာ မိန်းကလေးများနှင့် အရွယ်မရောက် သေးသူ ကလေးများပါ စိတ်ဝင်စားဖွယ်ရာ၊ အကြိုက်တွေ့ဖွယ်ရာများ ဖြစ်နေသည်။ အီး-စီးကရက် ကိရိယာလေးများမှာလည်း လှပဆန်းသစ်သည့် ပုံစံများ၊ အရောင်အသွေးများဖြင့် ထုတ်လုပ် ရောင်းချနေခြင်းဖြစ်ရာ Vape သုံးစွဲမှ ခေတ်မီသည်ဟူသော အထင်ကိုပါ ရောက်စေသည်။ မိမိတို့နိုင်ငံတွင် Vape သုံးစွဲမှု၊ တင်သွင်းရောင်းချမှုတို့နှင့် စပ်လျဉ်း၍ ကိန်းဂဏန်းအချက်အလက်များ တိကျစွာ မတွေ့ရှိရသော်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ကြီးများ၊ နယ်မြို့များ၌ပါ ဝယ်ယူရရှိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၈/ ၂၀၂၆ ကို ထုတ်ပြန်၍ အီး-စီးကရက်၊ အီး-စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အပူပေးအငွေ့ရှူစက် (Heated smoking Device)၊ ယင်းကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်နစ် အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရွန်နစ်ရှိရှား (Electronic Shisha)၊ ယင်းအီလက်ထရွန်နစ်ရှိရှားကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ၎င်းကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းတို့မပြုရန် တားမြစ်လိုက်ပြီဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ ကျူးလွန်မိကြပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံကြရမည်ဖြစ်ရာ လက်ရှိရောင်းဝယ်၊ သိုလှောင်၊ သုံးစွဲနေကြသူများ အမှတ်တမဲ့မကျူးလွန်မိကြစေရေး သတိထားလိုက်နာကြရန်နှင့် မိမိတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် Vape နှင့် လမ်းခွဲကြရန် အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။moi

Vape ဟူ၍ လူသိများကြသည့် e- Cigarette ကို ဆေးလိပ် ဖြတ်ရန်အတွက် အစားထိုးပစ္စည်းအဖြစ် မူလကရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်တီထွင်ထုတ်လုပ်လိုက်သည့် အဆိုပါပစ္စည်းသည် ဆယ်စုနှစ်တစ်ခုကျော်မျှကာလအတွင်း ကမ္ဘာတစ်ခွင်ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူများ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ ယခုအခါ ခေတ်မီဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် အီး-စီးကရက်ကို လူငယ်လူရွယ်များအတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသလို ဆေးလိပ်စွဲသကဲ့သို့ စွဲလမ်းမှုများ၊ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာသည့် အထောက်အထားများလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။

မကြာသေးမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတိပေးချက်တစ်ရပ်အရ ကမ္ဘာတစ်ဝန်းလုံးတွင် အီး-စီးကရက် သုံးစွဲသူ စုစုပေါင်း သန်း ၁၀၀ ကျော်ခန့်ရှိနေပြီး ယင်းတို့ထဲတွင် ကလေးငယ် လူဦးရေ ၁၅ သန်းထက်မနည်း ပါဝင်လျက်ရှိရာ နီကိုတင်းစွဲလမ်းမှု လှိုင်းသစ်တစ်ခုဖြစ်ပေါ်လာစေရန် လောင်စာထည့်ပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာတစ်ဝန်း လေ့လာချက်များအရ ကလေးများသည် အရွယ်ရောက်ပြီးသူများထက် Vape သောက်သုံးနိုင်ခြေပျမ်းမျှအားဖြင့် ကိုးဆပို၍များသည်ဟု သိရသည်။ Vape ခေါ် အီး-စီးကရက်သည် နီကိုတင်းကို ရှူရှိုက်နိုင်ရန် အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးခြင်းပင်ဖြစ်ရာ ကလေးများ Vape သုံးစွဲခြင်းဖြင့် ငယ်စဉ်ကတည်းကပင် နီကိုတင်းစွဲလမ်းမှုဖြစ်စေပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေနိုင်သည်။

နိုင်ငံအများအပြားတွင် အီး-စီးကရက်နှင့် Vaping ထုတ်ကုန်များ ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားပြီး ဒဏ်ငွေများစွာရိုက်ခြင်း၊ ထောင်ချခြင်းတို့အပါအဝင် တင်းကျပ်သည့် ပြစ်ဒဏ်များကို ချမှတ်လျက်ရှိသည်။ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် နိုင်ငံများမှာ အာရှတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မြောက်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်းတွင် ကာတာ၊ အိုမန်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ဘရာဇီး၊ မက္ကဆီကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပနားမား၊ နီကာရာဂွါ၊ ဆူရီနမ်၊ ဗင်နီဇွဲလား၊ အာဖရိကတွင် အီသီယိုး ပီးယား၊ ဂမ်ဘီယာ၊ မောရစ်သျှ၊ ယူဂန္ဓာ၊ အခြားဒေသများအဖြစ် သြစတြေးလျ၊ နော်ဝေ၊ တူကီယဲနိုင်ငံတို့ပါဝင်သည်။

လက်ရှိအခြေအနေတွင် အီး-စီးကရက် သုံးစွဲခြင်းသည် ဆေးလိပ်သောက်ခြင်းကို အစားထိုးခြင်း မဟုတ်တော့ဘဲ နီကိုတင်းရောစပ်ထားသည့် အခြားဓာတုပစ္စည်းများကို စွဲလမ်းလာခြင်း ဖြစ်လာသည်။ အီး-စီးကရက်တွင် ထည့်သွင်းအသုံးပြုသည့် အငွေ့ပျံနိုင်သည့် အရည် (aerosal) ကို အဆိပ်သင့်စေသည့် ဓာတုပစ္စည်းများ (Toxic Chemicals) နှင့် ပေါင်းစပ်၍ အသုံးပြုသူများကို ဆွဲဆောင်နိုင်ရန် အရောင်၊ အနံ့၊ အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ရာ မိန်းကလေးများနှင့် အရွယ်မရောက် သေးသူ ကလေးများပါ စိတ်ဝင်စားဖွယ်ရာ၊ အကြိုက်တွေ့ဖွယ်ရာများ ဖြစ်နေသည်။ အီး-စီးကရက် ကိရိယာလေးများမှာလည်း လှပဆန်းသစ်သည့် ပုံစံများ၊ အရောင်အသွေးများဖြင့် ထုတ်လုပ် ရောင်းချနေခြင်းဖြစ်ရာ Vape သုံးစွဲမှ ခေတ်မီသည်ဟူသော အထင်ကိုပါ ရောက်စေသည်။ မိမိတို့နိုင်ငံတွင် Vape သုံးစွဲမှု၊ တင်သွင်းရောင်းချမှုတို့နှင့် စပ်လျဉ်း၍ ကိန်းဂဏန်းအချက်အလက်များ တိကျစွာ မတွေ့ရှိရသော်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ကြီးများ၊ နယ်မြို့များ၌ပါ ဝယ်ယူရရှိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၈/ ၂၀၂၆ ကို ထုတ်ပြန်၍ အီး-စီးကရက်၊ အီး-စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အပူပေးအငွေ့ရှူစက် (Heated smoking Device)၊ ယင်းကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်နစ် အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရွန်နစ်ရှိရှား (Electronic Shisha)၊ ယင်းအီလက်ထရွန်နစ်ရှိရှားကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ၎င်းကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းတို့မပြုရန် တားမြစ်လိုက်ပြီဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ ကျူးလွန်မိကြပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံကြရမည်ဖြစ်ရာ လက်ရှိရောင်းဝယ်၊ သိုလှောင်၊ သုံးစွဲနေကြသူများ အမှတ်တမဲ့မကျူးလွန်မိကြစေရေး သတိထားလိုက်နာကြရန်နှင့် မိမိတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် Vape နှင့် လမ်းခွဲကြရန် အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။

ကူးစက်တတ်သောရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
လတ်တလောတွင် အများပြည်သူကြားသိနေကြသည့် ယခုလလယ်ပိုင်းက အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၌ နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုအသစ်ပြန်လည်တွေ့ရှိခဲ့သည်။ ကာလကတ္တားမြို့အနီးရှိ ဘာရာဆတ်ဒေသတွင် အဆိုပါရောဂါပိုးအား ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိခြင်းဖြစ်ပြီး အတည်ပြုလူနာ ငါးဦးရှိကြောင်းသတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အဆိုပါ ရောဂါပိုးကူးစက်ဖြစ်ပွားမှုမရှိဘဲ ကြိုတင်ကာကွယ်သည့်အနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။နီပါးရ်ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတစ်မျိုးဖြစ်ပြီး ၁၉၉၉ ခုနှစ်၌ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် ဝက်နှင့်လူတို့၌ ကပ်အသွင်ကူးစက်ဖြစ်ပွားရာမှ စတင်တွေ့ရှိခဲ့သည်။ အဆိုပါရောဂါပိုးသည် အသီးစားသော လင်းနို့များတွင် အဓိကအားဖြင့်တွေ့ရှိရပြီး ရောဂါပိုးရှိသော လင်းနို့၏ တံတွေး၊ ဆီးနှင့် သွေးတို့ကိုထိတွေ့ခြင်း၊ လင်းနို့မှတစ်ဆင့် ရောဂါပိုးကပ်ငြိနေသော အစားအသောက်တို့ကို စားသုံးခြင်းမှတစ်ဆင့် ဝက်နှင့်လူကို ကူးစက်ခဲ့ခြင်းဖြစ်သည်။ ရောဂါပိုးရှိသောလူနှင့်ပတ်သက်သည်တို့ကို တိုက်ရိုက်ထိတွေ့မိခြင်း၊ ရောဂါပိုးရှိသောဝက်နှင့်အစားအစာတို့ကို လူတို့စားသုံးမိခြင်းမှ ကူးစက်တတ်သည်။ရောဂါပိုးကူးစက်ခံရပါက ၃ ရက်မှ ၁၄ ရက်အတွင်း ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကျပ်ခြင်းတို့ စတင်ခံစားရပြီး အချို့ရောဂါပိုးပြင်းထန်ပါက စိတ်ရှုပ်ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်း၊ ဦးနှောက် အမြှေးရောင်လက္ခဏာများခံစားရပြီး အချို့တွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။ ရောဂါလျင်မြန်စွာ ပြင်းထန်လာပါက ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ အသက်အန္တရာယ်ရှိနိုင်သည်။ လတ်တလောတွင် အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးဘဲ ကာကွယ်ဆေးစမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်က အဆိုပါရောဂါပိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံအဆင့်နှင့် ဒေသတွင်းဖြစ်ပွားနိုင်ခြေ အလယ်အလတ်အဆင့်၊ ကမ္ဘာလုံးဆိုင်ရာဖြစ်ပွားနိုင်ခြေ နည်းပါးသည့်အဆင့်အဖြစ် ထိန်းချုပ်နိုင်ခဲ့သည်။ယခုအိန္ဒိယနိုင်ငံတွင် လတ်တလောကူးစက်ဖြစ်ပွားမှုမှာ အဆိုပါဒေသတစ်ခုအတွင်း၌သာဖြစ်ပြီး ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိပါသည်။ ထို့ကြောင့် လတ်တလောတွင် မြန်မာနိုင်ငံသို့ ကူးစက်ဖြစ်ပွားနိုင်ခြေမရှိသဖြင့် စိုးရိမ်ဖွယ်ရာမရှိပါ။ သို့သော် နီပါးရ်ဗိုင်းရပ်စ်ပိုး မူလလက်ခံကောင်ဖြစ်သော လင်းနို့မျိုးစိတ်များဒေသတွင်း၌ ကျက်စားခြင်းရှိသဖြင့် ကူးစက်မှုရှိပါက စောစီးစွာသိရှိ၍ အချိန်နှင့် တစ်ပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနများအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် လတ်တလော ဦးနှောက်အမြှေးရောင်ခြင်း လက္ခဏာစုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူများအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားစဉ်က ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံများ များစွာရှိခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ ဒေသတစ်ခုတွင်ဖြစ်ပွားနေသော နီပါးရ်ဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်ရန်မလိုသော်လည်း ကိုဗစ်-၁၉ ရောဂါကဲ့သို့ပင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ထားရမည်ဖြစ်သည်။ အဆိုပါရောဂါလက္ခဏာမျိုး ခံစားရသည့်လူနာတွေ့ရှိပါက နီးစပ်ရာဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူရန်၊ လူနာအိမ်ဝန်းကျင်တွင် လင်းနို့ရှိ/မရှိနှင့် ဝက်များအစုလိုက်နေမကောင်းခြင်း၊ သေဆုံးခြင်းရှိ/မရှိစစ်ဆေးပြီး တွေ့ရှိရပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။လင်းနို့ကိုက်ထားသည့် အသီးများကိုမစားရန်၊ အုန်းရည်၊ ထန်းရည်တို့ကို အစိမ်းမသောက်ရန်၊ ကျိုချက်ပြီးမှသောက်ရန်၊ အစာမစားမီ လက်ကိုမကြာခဏ ဆေးကြောရန်၊ လူနာအသုံးအဆောင်နှင့် နေထိုင်ရာနေအိမ်ပတ်ဝန်းကျင်ကို ပိုးသတ်ရန်၊ သံသယလူနာတွေ့ရှိပါက လက်အိတ်၊ နှာခေါင်းစည်း၊ အကာအကွယ် ပစ္စည်းများဝတ်ဆင်ရန်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့်နယ်စပ်အဝင်/အထွက်ဂိတ်များ၌ သံသယလူနာများအား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ရန်စသည့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါသဖြင့် ပြည်သူများကလည်း စိုးရိမ်ပူပန်မှုမဖြစ်ဘဲ ကျန်းမာရေးသတိဖြင့် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။moi

လတ်တလောတွင် အများပြည်သူကြားသိနေကြသည့် ယခုလလယ်ပိုင်းက အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၌ နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုအသစ်ပြန်လည်တွေ့ရှိခဲ့သည်။ ကာလကတ္တားမြို့အနီးရှိ ဘာရာဆတ်ဒေသတွင် အဆိုပါရောဂါပိုးအား ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိခြင်းဖြစ်ပြီး အတည်ပြုလူနာ ငါးဦးရှိကြောင်းသတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အဆိုပါ ရောဂါပိုးကူးစက်ဖြစ်ပွားမှုမရှိဘဲ ကြိုတင်ကာကွယ်သည့်အနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီပါးရ်ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတစ်မျိုးဖြစ်ပြီး ၁၉၉၉ ခုနှစ်၌ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် ဝက်နှင့်လူတို့၌ ကပ်အသွင်ကူးစက်ဖြစ်ပွားရာမှ စတင်တွေ့ရှိခဲ့သည်။ အဆိုပါရောဂါပိုးသည် အသီးစားသော လင်းနို့များတွင် အဓိကအားဖြင့်တွေ့ရှိရပြီး ရောဂါပိုးရှိသော လင်းနို့၏ တံတွေး၊ ဆီးနှင့် သွေးတို့ကိုထိတွေ့ခြင်း၊ လင်းနို့မှတစ်ဆင့် ရောဂါပိုးကပ်ငြိနေသော အစားအသောက်တို့ကို စားသုံးခြင်းမှတစ်ဆင့် ဝက်နှင့်လူကို ကူးစက်ခဲ့ခြင်းဖြစ်သည်။ ရောဂါပိုးရှိသောလူနှင့်ပတ်သက်သည်တို့ကို တိုက်ရိုက်ထိတွေ့မိခြင်း၊ ရောဂါပိုးရှိသောဝက်နှင့်အစားအစာတို့ကို လူတို့စားသုံးမိခြင်းမှ ကူးစက်တတ်သည်။

ရောဂါပိုးကူးစက်ခံရပါက ၃ ရက်မှ ၁၄ ရက်အတွင်း ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကျပ်ခြင်းတို့ စတင်ခံစားရပြီး အချို့ရောဂါပိုးပြင်းထန်ပါက စိတ်ရှုပ်ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်း၊ ဦးနှောက် အမြှေးရောင်လက္ခဏာများခံစားရပြီး အချို့တွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။ ရောဂါလျင်မြန်စွာ ပြင်းထန်လာပါက ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ အသက်အန္တရာယ်ရှိနိုင်သည်။ လတ်တလောတွင် အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးဘဲ ကာကွယ်ဆေးစမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်က အဆိုပါရောဂါပိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံအဆင့်နှင့် ဒေသတွင်းဖြစ်ပွားနိုင်ခြေ အလယ်အလတ်အဆင့်၊ ကမ္ဘာလုံးဆိုင်ရာဖြစ်ပွားနိုင်ခြေ နည်းပါးသည့်အဆင့်အဖြစ် ထိန်းချုပ်နိုင်ခဲ့သည်။

ယခုအိန္ဒိယနိုင်ငံတွင် လတ်တလောကူးစက်ဖြစ်ပွားမှုမှာ အဆိုပါဒေသတစ်ခုအတွင်း၌သာဖြစ်ပြီး ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိပါသည်။ ထို့ကြောင့် လတ်တလောတွင် မြန်မာနိုင်ငံသို့ ကူးစက်ဖြစ်ပွားနိုင်ခြေမရှိသဖြင့် စိုးရိမ်ဖွယ်ရာမရှိပါ။ သို့သော် နီပါးရ်ဗိုင်းရပ်စ်ပိုး မူလလက်ခံကောင်ဖြစ်သော လင်းနို့မျိုးစိတ်များဒေသတွင်း၌ ကျက်စားခြင်းရှိသဖြင့် ကူးစက်မှုရှိပါက စောစီးစွာသိရှိ၍ အချိန်နှင့် တစ်ပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနများအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် လတ်တလော ဦးနှောက်အမြှေးရောင်ခြင်း လက္ခဏာစုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူများအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားစဉ်က ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံများ များစွာရှိခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ ဒေသတစ်ခုတွင်ဖြစ်ပွားနေသော နီပါးရ်ဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်ရန်မလိုသော်လည်း ကိုဗစ်-၁၉ ရောဂါကဲ့သို့ပင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ထားရမည်ဖြစ်သည်။ အဆိုပါရောဂါလက္ခဏာမျိုး ခံစားရသည့်လူနာတွေ့ရှိပါက နီးစပ်ရာဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူရန်၊ လူနာအိမ်ဝန်းကျင်တွင် လင်းနို့ရှိ/မရှိနှင့် ဝက်များအစုလိုက်နေမကောင်းခြင်း၊ သေဆုံးခြင်းရှိ/မရှိစစ်ဆေးပြီး တွေ့ရှိရပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

လင်းနို့ကိုက်ထားသည့် အသီးများကိုမစားရန်၊ အုန်းရည်၊ ထန်းရည်တို့ကို အစိမ်းမသောက်ရန်၊ ကျိုချက်ပြီးမှသောက်ရန်၊ အစာမစားမီ လက်ကိုမကြာခဏ ဆေးကြောရန်၊ လူနာအသုံးအဆောင်နှင့် နေထိုင်ရာနေအိမ်ပတ်ဝန်းကျင်ကို ပိုးသတ်ရန်၊ သံသယလူနာတွေ့ရှိပါက လက်အိတ်၊ နှာခေါင်းစည်း၊ အကာအကွယ် ပစ္စည်းများဝတ်ဆင်ရန်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့်နယ်စပ်အဝင်/အထွက်ဂိတ်များ၌ သံသယလူနာများအား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ရန်စသည့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါသဖြင့် ပြည်သူများကလည်း စိုးရိမ်ပူပန်မှုမဖြစ်ဘဲ ကျန်းမာရေးသတိဖြင့် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။