ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

တန်းတူညီမျှမှုကို လှုံ့ဆော်နေတဲ့ တူကီယဲရဲ့ နျူကလီးယားအိပ်မက်
-
တူကီယဲရဲ့ ကီယဲနိုင်ငံ အန်ကာရာမြို့ရဲ့ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွေမှာ “တစ်နေ့ကျရင် တူကီယဲဟာ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းသင့်သလား”ဆိုတဲ့ အတွေးအခေါ်ဟာ အမြဲတမ်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီကိစ္စဟာပိုပြီးပြတ်သားတဲ့ အသွင်ဆောင်လာပါတယ်။ ဘာလို့လဲဆိုတော့ တူကီယဲနိုင်ငံရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ “စစ်အင်အားနဲ့ ခြိမ်းခြောက်ဟန့်တားခြင်း” ကသာ တစ်ခုတည်းသော ယုံကြည်အားကိုးရမယ့် ဘာသာစကားဖြစ်လာတဲ့ အခြေအနေဆီကို ဦးတည်နေလို့ပါပဲ။တူကီယဲနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက အရင်ကလို ပိုနေမြဲကျားနေမြဲအခြေအနေမှန်ကို ထိန်းသိမ်းရုံသက်သက်လုပ်ဆောင်တဲ့အဆင့်ထက် အများကြီး ကျော်လွန်သွားပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ ဂါဇာအရေးတို့မှာကြားဝင်စေ့စပ်သူအဖြစ်၊ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားအရေးတို့မှာ စစ်ရေးအရဩဇာလွှမ်းမိုးသူအဖြစ် နေရာယူလာသလို မြေထဲပင်လယ်အရှေ့ပိုင်းကနေ အာဖရိကဦးချိုဒေသအထိကို ပါဝင်ပတ်သက်လာပါတယ်။တူကီယဲသမ္မတ အာဒိုဂန်ကတော့ ဒါဟာမမျှတတဲ့ နိုင်ငံတကာစနစ်ကြီးကိုပြုပြင်ဖို့ ကြိုးစားနေတာလို့ ပြောလေ့ရှိပါတယ်။ သူ့ရဲ့နာမည်ကျော် ကြွေးကြော်သံဖြစ်တဲ့ “ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကြီးတယ်”ဆိုတဲ့ကြွေးကြော်သံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကပဲ စစ်ရေးစွမ်းရည်အပါအဝင် အခွင့်ထူးအားလုံးကို လက်ဝါးကြီး အုပ်ထားတာကိုမကျေနပ်ကြောင်း ဖော်ပြနေတာပါ။ဒီလိုပြောဆိုမှုတွေထဲမှာ “နျူကလီးယားမမျှတမှု” ဟာ အဓိကနေရာမှာပါဝင်ပါတယ်။ တချို့နိုင်ငံတွေက နျူကလီးယားကိစ္စမှာ သံသယဖြစ်ခံရတာနဲ့ အပြစ်ပေးခံရချိန်မှာ အစ္စရေးကျတော့ နျူကလီးယားရှိတယ်လို့ အများကလက်ခံထားပေမယ့် ဘာစစ်ဆေးမှုမှမခံရတာဟာ “စံနှုန်းနှစ်မျိုး” ဖြစ်နေတယ်လို့ အာဒိုဂန်က ထောက်ပြပါတယ်။ ၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲနောက်ပိုင်းမှာတော့ ဒါဟာနိုင်ငံရေးအရ ပိုအားကောင်းလာပြီးအစ္စရေးရဲ့လက်နက်တိုက်ကို ဘာလို့နိုင်ငံတကာက မစစ်ဆေးတာလဲလို့ သူကအတိအလင်း မေးခွန်းထုတ်လာပါတယ်။အရင်ကတော့ ဒါဟာတရားမျှတမှုအတွက် အငြင်းပွားတာမျိုးပဲဖြစ်ခဲ့ပေမယ့် အခုတော့ အရှေ့အလယ်ပိုင်းရဲ့လုံခြုံရေး အဆောက်အအုံကြီးတစ်ခုလုံး အက်ကြောင်းထလာရပါပြီ။ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် ဖိအားပေးမှုတွေတိုးလာချိန်မှာ “အကယ်၍ အီရန်သာနျူကလီးယား ပိုင်ဆိုင်သွားရင် တခြားနိုင်ငံတွေလည်း လိုက်လုပ်ကြလိမ့်မယ်၊ အဲဒီအခါ တူကီယဲလည်း ဒီပြိုင်ပွဲထဲကို မဖြစ်မနေပါဝင်လာရလိမ့်မယ်”ဆိုပြီး တူကီယဲခေါင်းဆောင်ပိုင်းက သတိပေးထားပါတယ်။တကယ်တမ်း တူကီယဲကို တွန်းအားပေးနေတာက “စည်းမျဉ်းတွေက စည်းမျဉ်းတွေ မဟုတ်တော့ဘူး”လို့ဆိုတဲ့ကြောက်စိတ်ပါ။ စည်းမျဉ်းတွေကို တစ်ဖက်သတ် ကျင့်သုံးလာတဲ့အခါမှာ နျူကလီးယားကိုပိုင်ဆိုင်ထားတာကသာ ကိုယ့်အစိုးရပြုတ်မကျအောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောသံမဏိအာမခံချက်လို့ ယူဆလာကြပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းမှာ နျူကလီးယားလက်နက်ကို အမြင့်ဆုံး အကာအကွယ်အဖြစ်သာ သတ်မှတ်လာကြမယ်ဆိုရင် တူကီယဲနိုင်ငံအနေနဲ့လည်း ချန်လှပ်ခံထားလို့ မရတော့ဘူးဆိုတာကို အချက်ပြနေတာပါ။ဒီအတွေးအခေါ်ဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆိုရင် ဒါကနျူကလီးယားလက်နက်ကို အာမခံပေါ်လစီတစ်ခုလိုမျိုး မြင်လာစေလို့ပါပဲ။ မတည်ငြိမ်တဲ့ဒေသမှာ နျူကလီးယားဗုံးပိုင်ဆိုင်ထားတာက တခြားနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲအောင်လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာဆွဲဆောင်မှုရှိတဲ့ အကာအကွယ်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာလက်နက်အပြိုင်တပ်ဆင်ခြင်းကို မီးထိုးပေးသလိုဖြစ်ပြီး အခြေအနေ မှားယွင်းတွက်ချက်မှုတွေ၊ စီမံခန့်ခွဲရခက်တဲ့အကျပ်အတည်းတွေနဲ့ နျူကလီးယားအရိပ်အောက်က စစ်ပွဲတွေကိုသာ ဖြစ်လာစေပါလိမ့်မယ်။တူကီယဲနိုင်ငံမှာ နျူကလီးယား နည်းပညာနဲ့ပတ်သက်ပြီး အခြေခံကောင်းတွေရှိနှင့်ထားပြီးပါပြီ။ နျူကလီးယား အင်ဂျင်နီယာကျွမ်းကျင်သူတွေ၊ သုတေသန ဌာနတွေရှိသလို၊ ရုရှားနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ နည်းပညာပိုင်းမှာ အရေးပါလှတဲ့ သင်ယူမှု ယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် တူကီယဲမှာ ယူရေနီယံနဲ့ သိုရီယံလိုမျိုး သဘာဝသယံဇာတတွေ ရှိနေတာကလည်း အားသာချက်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် တူကီယဲဟာ နျူကလီးယားကို လိုအပ်ရင် ငြိမ်းချမ်းစွာအသုံးပြုတဲ့ အဆင့်ကနေ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို အချိန်မရွေး ကူးပြောင်းနိုင်တဲ့နိုင်ငံအဖြစ် သူ့ကိုယ်သူပြသနေတာပါ။ဒါပေမဲ့ အဓိကအဟန့်အတားကတော့ နိုင်ငံရေးနဲ့ ဥပဒေပိုင်းပါ။ တူကီယဲဟာ နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ ပါဝင်ထားလို့ ဒီလမ်းကိုသွားရင် ပြင်းထန်တဲ့စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအရ အထီးကျန်မှုတွေကို ကြုံရမှာပါ။ တူကီယဲဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတဲ့အတွက် ဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် တူကီယဲဟာ ဗုံးကိုပေါ်ပေါ်ထင်ထင်ကြီးထုတ်လုပ်လိုက်တာမျိုးထက် နည်းပညာပိုင်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်ရင်း သံတမန်ရေးအရ ကစားတဲ့ ဗျူဟာကိုပဲသုံးနိုင်ခြေရှိပါတယ်။ဒီကြားထဲမှာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ အခန်းကဏ္ဍကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ အကယ်၍ အီရန်ကဗုံးပိုင်ဆိုင်လာရင် ဆော်ဒီကလည်း လိုက်လုပ်မယ်လို့ပြောထားသလို ပါကစ္စတန်နိုင်ငံက ဆော်ဒီကို နျူကလီးယား အကာအကွယ်ပေးမယ်ဆိုတဲ့ကောလာဟလတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးနျူကလီးယား ကွန်ရက်တွေထဲမှာ တူကီယဲနိုင်ငံကပါဝင်ပတ်သက်လာမှာကို နိုင်ငံတကာက အိပ်မက်ဆိုးတစ်ခုလို ကြောက်လန့်နေကြပါတယ်။တကယ်လို့ တူကီယဲသာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားရင် ဥရောပရဲ့လုံခြုံရေးအခင်းအကျင်းပါ ပြောင်းလဲသွားပါလိမ့်မယ်။ တူကီယဲနိုင်ငံရဲ့ NATOအဖွဲ့ဝင်အဖြစ်နဲ့ အနောက်အုပ်စုအပေါ်မှီခိုနေရမှုတွေဟာ သိသိသာသာ လျော့နည်းသွားမှာပါ။ တူကီယဲနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ အလေးထားစရာမလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မျိုးရသွားမှာဖြစ်သလို ဒါဟာ အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ အထက်အောက် စနစ်ကို တူကီယဲက ငြင်းပယ်လိုက်တဲ့ အကြီးမားဆုံးသော သဘောထားထုတ်ဖော်မှု ဖြစ်လာပါလိမ့်မယ်။လက်ရှိမှာတော့ တူကီယဲနိုင်ငံဟာ ဗုံးထုတ်လုပ်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ မရှိသေးပါဘူး။ ဒါပေမဲ့ အန္တရာယ်ကဘာလဲဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံအများအပြားဟာ အချိန်အခါမရွေးနျူကလီးယား ပိုင်ဆိုင်နိုင်တဲ့အဆင့် ရောက်အောင် အပြိုင်အဆိုင် ကြိုးစားလာနေကြတာပါပဲ။ ဒါဟာ မရေရာမှုကိုအခြေခံတဲ့ လက်နက်အပြိုင် တပ်ဆင်မှုကိုဖြစ်လာစေပါတယ်။တူကီယဲရဲ့ အခုလိုပြောဆိုချက်တွေကို သတိပေးချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ တူကီယဲအနေနဲ့ကမ္ဘာကြီးကိုပြောနေတာက “အီရန်ရဲ့နျူကလီးယား ပြဿနာကို အင်အားသုံးပြီးတစ်ဖက်သတ် ဖြေရှင်းမယ်ဆိုရင် ဒေသတွင်းမှာ နျူကလီးယားလက်နက်အပြိုင်တပ်ဆင်မှုတွေ တောက်လျှောက်ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။အနှစ်ချုပ်ရရင် နျူကလီးယားစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားတာဟာ တစ်နိုင်ငံတည်းက လောင်းကစားလုပ်လို့မဟုတ်ပါဘူး။ လက်ရှိစည်းမျဉ်းတွေက ကိုယ့်ကို မကာကွယ်နိုင်တော့ဘူးလို့ နိုင်ငံအများအပြားက တစ်ပြိုင်တည်း ယူဆလာကြလို့ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအတွေးအခေါ်မျိုးက ပိုပြီးအရှိန်ရလာနေပါတယ်။ ဒါကိုတားဆီးချင်တယ်ဆိုရင် စည်းမျဉ်းတွေဟာ လူတိုင်းအတွက် တန်းတူညီမျှရှိရမယ်ဆိုတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။MWD

     တူကီယဲရဲ့ ကီယဲနိုင်ငံ အန်ကာရာမြို့ရဲ့ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွေမှာ တစ်နေ့ကျရင် တူကီယဲဟာ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းသင့်သလားဆိုတဲ့ အတွေးအခေါ်ဟာ အမြဲတမ်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီကိစ္စဟာပိုပြီးပြတ်သားတဲ့ အသွင်ဆောင်လာပါတယ်။ ဘာလို့လဲဆိုတော့ တူကီယဲနိုင်ငံရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ စစ်အင်အားနဲ့ ခြိမ်းခြောက်ဟန့်တားခြင်း ကသာ တစ်ခုတည်းသော ယုံကြည်အားကိုးရမယ့် ဘာသာစကားဖြစ်လာတဲ့ အခြေအနေဆီကို ဦးတည်နေလို့ပါပဲ။

တူကီယဲနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက အရင်ကလို ပိုနေမြဲကျားနေမြဲအခြေအနေမှန်ကို ထိန်းသိမ်းရုံသက်သက်လုပ်ဆောင်တဲ့အဆင့်ထက် အများကြီး ကျော်လွန်သွားပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ ဂါဇာအရေးတို့မှာကြားဝင်စေ့စပ်သူအဖြစ်၊ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားအရေးတို့မှာ စစ်ရေးအရဩဇာလွှမ်းမိုးသူအဖြစ် နေရာယူလာသလို မြေထဲပင်လယ်အရှေ့ပိုင်းကနေ အာဖရိကဦးချိုဒေသအထိကို ပါဝင်ပတ်သက်လာပါတယ်။

တူကီယဲသမ္မတ အာဒိုဂန်ကတော့ ဒါဟာမမျှတတဲ့ နိုင်ငံတကာစနစ်ကြီးကိုပြုပြင်ဖို့ ကြိုးစားနေတာလို့ ပြောလေ့ရှိပါတယ်။ သူ့ရဲ့နာမည်ကျော် ကြွေးကြော်သံဖြစ်တဲ့ ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကြီးတယ်ဆိုတဲ့ကြွေးကြော်သံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကပဲ စစ်ရေးစွမ်းရည်အပါအဝင် အခွင့်ထူးအားလုံးကို လက်ဝါးကြီး အုပ်ထားတာကိုမကျေနပ်ကြောင်း ဖော်ပြနေတာပါ။

ဒီလိုပြောဆိုမှုတွေထဲမှာ နျူကလီးယားမမျှတမှု ဟာ အဓိကနေရာမှာပါဝင်ပါတယ်။ တချို့နိုင်ငံတွေက နျူကလီးယားကိစ္စမှာ သံသယဖြစ်ခံရတာနဲ့ အပြစ်ပေးခံရချိန်မှာ အစ္စရေးကျတော့ နျူကလီးယားရှိတယ်လို့ အများကလက်ခံထားပေမယ့် ဘာစစ်ဆေးမှုမှမခံရတာဟာ စံနှုန်းနှစ်မျိုး ဖြစ်နေတယ်လို့ အာဒိုဂန်က ထောက်ပြပါတယ်။ ၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲနောက်ပိုင်းမှာတော့ ဒါဟာနိုင်ငံရေးအရ ပိုအားကောင်းလာပြီးအစ္စရေးရဲ့လက်နက်တိုက်ကို ဘာလို့နိုင်ငံတကာက မစစ်ဆေးတာလဲလို့ သူကအတိအလင်း မေးခွန်းထုတ်လာပါတယ်။

အရင်ကတော့ ဒါဟာတရားမျှတမှုအတွက် အငြင်းပွားတာမျိုးပဲဖြစ်ခဲ့ပေမယ့်  အခုတော့ အရှေ့အလယ်ပိုင်းရဲ့လုံခြုံရေး အဆောက်အအုံကြီးတစ်ခုလုံး အက်ကြောင်းထလာရပါပြီ။ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် ဖိအားပေးမှုတွေတိုးလာချိန်မှာ အကယ်၍ အီရန်သာနျူကလီးယား ပိုင်ဆိုင်သွားရင် တခြားနိုင်ငံတွေလည်း လိုက်လုပ်ကြလိမ့်မယ်၊ အဲဒီအခါ တူကီယဲလည်း ဒီပြိုင်ပွဲထဲကို မဖြစ်မနေပါဝင်လာရလိမ့်မယ်ဆိုပြီး တူကီယဲခေါင်းဆောင်ပိုင်းက သတိပေးထားပါတယ်။

တကယ်တမ်း တူကီယဲကို တွန်းအားပေးနေတာက စည်းမျဉ်းတွေက စည်းမျဉ်းတွေ မဟုတ်တော့ဘူးလို့ဆိုတဲ့ကြောက်စိတ်ပါ။ စည်းမျဉ်းတွေကို တစ်ဖက်သတ် ကျင့်သုံးလာတဲ့အခါမှာ နျူကလီးယားကိုပိုင်ဆိုင်ထားတာကသာ ကိုယ့်အစိုးရပြုတ်မကျအောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောသံမဏိအာမခံချက်လို့ ယူဆလာကြပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းမှာ နျူကလီးယားလက်နက်ကို အမြင့်ဆုံး အကာအကွယ်အဖြစ်သာ သတ်မှတ်လာကြမယ်ဆိုရင် တူကီယဲနိုင်ငံအနေနဲ့လည်း ချန်လှပ်ခံထားလို့ မရတော့ဘူးဆိုတာကို အချက်ပြနေတာပါ။

ဒီအတွေးအခေါ်ဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆိုရင် ဒါကနျူကလီးယားလက်နက်ကို အာမခံပေါ်လစီတစ်ခုလိုမျိုး မြင်လာစေလို့ပါပဲ။ မတည်ငြိမ်တဲ့ဒေသမှာ နျူကလီးယားဗုံးပိုင်ဆိုင်ထားတာက တခြားနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲအောင်လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာဆွဲဆောင်မှုရှိတဲ့ အကာအကွယ်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာလက်နက်အပြိုင်တပ်ဆင်ခြင်းကို မီးထိုးပေးသလိုဖြစ်ပြီး အခြေအနေ မှားယွင်းတွက်ချက်မှုတွေ၊ စီမံခန့်ခွဲရခက်တဲ့အကျပ်အတည်းတွေနဲ့ နျူကလီးယားအရိပ်အောက်က စစ်ပွဲတွေကိုသာ ဖြစ်လာစေပါလိမ့်မယ်။

တူကီယဲနိုင်ငံမှာ နျူကလီးယား နည်းပညာနဲ့ပတ်သက်ပြီး    အခြေခံကောင်းတွေရှိနှင့်ထားပြီးပါပြီ။ 

နျူကလီးယား အင်ဂျင်နီယာကျွမ်းကျင်သူတွေ၊ သုတေသန ဌာနတွေရှိသလို၊ ရုရှားနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ နည်းပညာပိုင်းမှာ အရေးပါလှတဲ့ သင်ယူမှု ယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် တူကီယဲမှာ ယူရေနီယံနဲ့ သိုရီယံလိုမျိုး သဘာဝသယံဇာတတွေ ရှိနေတာကလည်း အားသာချက်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် တူကီယဲဟာ နျူကလီးယားကို လိုအပ်ရင် ငြိမ်းချမ်းစွာအသုံးပြုတဲ့ အဆင့်ကနေ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို အချိန်မရွေး ကူးပြောင်းနိုင်တဲ့နိုင်ငံအဖြစ် သူ့ကိုယ်သူပြသနေတာပါ။

ဒါပေမဲ့ အဓိကအဟန့်အတားကတော့ နိုင်ငံရေးနဲ့ ဥပဒေပိုင်းပါ။ တူကီယဲဟာ နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ ပါဝင်ထားလို့ ဒီလမ်းကိုသွားရင် ပြင်းထန်တဲ့စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအရ အထီးကျန်မှုတွေကို ကြုံရမှာပါ။ တူကီယဲဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတဲ့အတွက် ဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် တူကီယဲဟာ ဗုံးကိုပေါ်ပေါ်ထင်ထင်ကြီးထုတ်လုပ်လိုက်တာမျိုးထက် နည်းပညာပိုင်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်ရင်း သံတမန်ရေးအရ ကစားတဲ့ ဗျူဟာကိုပဲသုံးနိုင်ခြေရှိပါတယ်။

ဒီကြားထဲမှာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ အခန်းကဏ္ဍကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ အကယ်၍ အီရန်ကဗုံးပိုင်ဆိုင်လာရင် ဆော်ဒီကလည်း လိုက်လုပ်မယ်လို့ပြောထားသလို ပါကစ္စတန်နိုင်ငံက ဆော်ဒီကို နျူကလီးယား အကာအကွယ်ပေးမယ်ဆိုတဲ့ကောလာဟလတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးနျူကလီးယား ကွန်ရက်တွေထဲမှာ တူကီယဲနိုင်ငံကပါဝင်ပတ်သက်လာမှာကို နိုင်ငံတကာက အိပ်မက်ဆိုးတစ်ခုလို ကြောက်လန့်နေကြပါတယ်။

တကယ်လို့ တူကီယဲသာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားရင် ဥရောပရဲ့လုံခြုံရေးအခင်းအကျင်းပါ ပြောင်းလဲသွားပါလိမ့်မယ်။ တူကီယဲနိုင်ငံရဲ့ NATOအဖွဲ့ဝင်အဖြစ်နဲ့ အနောက်အုပ်စုအပေါ်မှီခိုနေရမှုတွေဟာ သိသိသာသာ လျော့နည်းသွားမှာပါ။ တူကီယဲနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ အလေးထားစရာမလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မျိုးရသွားမှာဖြစ်သလို ဒါဟာ အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ အထက်အောက် စနစ်ကို တူကီယဲက ငြင်းပယ်လိုက်တဲ့ အကြီးမားဆုံးသော သဘောထားထုတ်ဖော်မှု ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာတော့ တူကီယဲနိုင်ငံဟာ ဗုံးထုတ်လုပ်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ မရှိသေးပါဘူး။ ဒါပေမဲ့ အန္တရာယ်ကဘာလဲဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံအများအပြားဟာ အချိန်အခါမရွေးနျူကလီးယား ပိုင်ဆိုင်နိုင်တဲ့အဆင့် ရောက်အောင် အပြိုင်အဆိုင် ကြိုးစားလာနေကြတာပါပဲ။ ဒါဟာ မရေရာမှုကိုအခြေခံတဲ့ လက်နက်အပြိုင် တပ်ဆင်မှုကိုဖြစ်လာစေပါတယ်။

တူကီယဲရဲ့ အခုလိုပြောဆိုချက်တွေကို သတိပေးချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ တူကီယဲအနေနဲ့ကမ္ဘာကြီးကိုပြောနေတာက အီရန်ရဲ့နျူကလီးယား ပြဿနာကို အင်အားသုံးပြီးတစ်ဖက်သတ် ဖြေရှင်းမယ်ဆိုရင် ဒေသတွင်းမှာ နျူကလီးယားလက်နက်အပြိုင်တပ်ဆင်မှုတွေ တောက်လျှောက်ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

အနှစ်ချုပ်ရရင် နျူကလီးယားစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားတာဟာ တစ်နိုင်ငံတည်းက လောင်းကစားလုပ်လို့မဟုတ်ပါဘူး။ လက်ရှိစည်းမျဉ်းတွေက ကိုယ့်ကို မကာကွယ်နိုင်တော့ဘူးလို့ နိုင်ငံအများအပြားက တစ်ပြိုင်တည်း ယူဆလာကြလို့ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအတွေးအခေါ်မျိုးက ပိုပြီးအရှိန်ရလာနေပါတယ်။ ဒါကိုတားဆီးချင်တယ်ဆိုရင် စည်းမျဉ်းတွေဟာ လူတိုင်းအတွက် တန်းတူညီမျှရှိရမယ်ဆိုတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

MWD

ထက်မြတ် 

ငြိမ်းချမ်းရေးစားပွဲဝိုင်းနှင့် စစ်မီးလျှံကြားက အရှေ့အလယ်ပိုင်း
-
ဒီနှစ် ၂၀၂၆ ခုနှစ်ရဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံရေးအခင်းအကျင်းက တကယ့်သမိုင်းဝင် အလှည့်အပြောင်းတစ်ခုဆီ ရောက်နေပါပြီ။ သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ “Board of Peace” ဖိုရမ်မှာကြေညာပြီး ရည်မှန်းချက် အလွန်ကြီးမားတဲ့ ဂါဇာငြိမ်းချမ်းရေးစီမံကိန်းကြီးနဲ့ အီရန်နိုင်ငံအပေါ် ပေးလိုက်တဲ့ ၁၅ ရက်အတွင်း အဖြေပေးရမယ်ဆိုတဲ့ နောက်ဆုံးရာဇသံဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်တွေလိုဖြစ်တဲ့ မဟာဗျူဟာမြောက်လောင်းကစားကြီးတစ်ခု ဖြစ်နေပါတယ်။ သမ္မတထရမ့်ဟာ သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းကို စစ်ပွဲတွေမရှိတဲ့၊ စီးပွားရေးအရ အောင်မြင်တဲ့ ဒေသတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ဖို့ အားခဲထားတာပါ။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမယ့် ရာဇသံကို အီရန်ဆီပို့လိုက်ပြီး “သဘောတူညီချက်အသစ်ကို ၁၅ ရက်အတွင်း လက်မှတ်ထိုးပါ၊ မဟုတ်ရင်တော့ မတွေးဝံ့စရာ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်” လို့ ပြောလိုက်တာဟာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကြားက မထင်မရှားဖြစ်နေတဲ့စည်းလေးကို ပိုပြီးတော့မှုန်ဝါးသွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်မှသည် အီရန်အထိ သံတမန်လောကမှာ အကြီးအကျယ်ကို ဂယက်ရိုက်ခတ်ပြီး ဒေသတွင်းတည်ငြိမ်ရေးသည်လည်း အမြင့်ဆုံးအဆင့်စိန်ခေါ်ခံလိုက်ရပါပြီ။အမေရိကန်အစိုးရအနေနဲ့ အခုလှမ်းနေတဲ့ခြေလှမ်းဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေတဲ့ ပဋိပက္ခများစွာကို အပြီးသတ်အဆုံးသတ်နိုင်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဒေသတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေမယ့် စစ်ပွဲအသစ်တစ်ခုကို မသိမသာစတင်လိုက်တာလားဆိုတာနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေ အများကြီးရှိလာပါတယ်။ထရမ့်ဟာ အရင်တုန်းကသူလုပ်ခဲ့တဲ့ “အေဗရာဟမ်သဘောတူညီချက်” ကိုအခြေခံကာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်နေတာပါ။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေနဲ့ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေက ထရမ့်ရဲ့စီမံကိန်းတွေကို အမြဲတမ်း နှောင့်နှေးစေခဲ့ပါတယ်။ဒါကြောင့်ပဲ အခုလို ၁၅ ရက် ရာဇသံဆိုတာထွက်လာတာဖြစ်ပြီး ဒါဟာ သံတမန်ရေးအရဖိအားပေးမှုသက်သက်ထက် ပိုပြင်းထန်တဲ့ စစ်ပွဲခေါ်သံတစ်ခုအဖြစ် အများက စိုးရိမ်တကြီးစောင့်ကြည့်နေကြရပါတယ်။ ဒီရာဇသံမျိုးဟာ အရင်က ဘယ်အစိုးရလက်ထက်မှာမှမရှိဖူးတဲ့ ပြင်းထန်သောလုပ်ရပ်ဖြစ်ပြီး ထရမ့်ရဲ့ “Deal of the Century” ဒုတိယပိုင်း အောင်မြင်နိုင်ဖို့အတွက် ရှိသမျှအကုန်ပုံအောပြီး လောင်းကြေးထပ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက အကြီးအကျယ်ကျင်းပခဲ့တဲ့Board of Peace ဖိုရမ်မှာ ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို “အရှေ့အလယ်ပိုင်းရဲ့ စင်ကာပူ” လိုမျိုးဖြစ်အောင်လုပ်မယ့် မဟာစီမံကိန်းကြီးကို ချပြခဲ့ပါတယ်။ ဒီစီမံကိန်းဟာ နိုင်ငံရေးထက် စီးပွားရေးကို အခြေခံထားပြီး ပါလက်စတိုင်းလူငယ်တွေအတွက် အလုပ်အကိုင်သိန်းနဲ့ချီ ဖန်တီးပေးဖို့၊ ကုန်သွယ်ရေးဇုန်တွေ တည်ဆောက်ဖို့နဲ့ ခရီးသွားလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီစီမံကိန်းထဲမှာ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လိုမျိုးချမ်းသာတဲ့ အာရပ်နိုင်ငံတွေဆီကနေ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်နေသလို အစ္စရေးထိန်းချုပ်မှုအစား အာရပ်နိုင်ငံတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေနဲ့ ဂါဇာကိုထိန်းကျောင်းမယ့် လုံခြုံရေးဆိုင်ရာ ပုံစံတွေလည်း ပါဝင်နေပါတယ်။ဒါပေမဲ့ ဒီလိုမျိုးလှပတဲ့ ငြိမ်းချမ်းရေး အိပ်မက်တွေပေါ်ကို အရိပ်မည်းကြီးမိုးလိုက်တာက အီရန်နိုင်ငံကိုပေးလိုက်တဲ့ ၁၅ ရက် ရာဇသံဖြစ်ပါတယ်။ ထရမ့်ကအီရန်ရဲ့ နျူကလီးယားလုပ်ငန်းစဉ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့မှုပေးနေတာတွေကို ချက်ချင်းရပ်ဖို့ တောင်းဆိုထားတာဖြစ်ပြီး ဒါဟာ အီရန်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲဆီသို့ ရောက်ရှိလာအောင် အပြင်းထန်ဆုံးနည်းနဲ့ တွန်းအားပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။တကယ်လို့ စစ်ပွဲသာ အမှန်တကယ်ဖြစ်လာရင် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအိပ်မက်ဟာ လမ်းလွဲသွားရုံတင်မကဘဲ လုံးဝကို ပြာကျသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ အီရန်က သူတို့ရဲ့ဒုံးကျည်တွေနဲ့ ဆော်ဒီတို့၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာရှိတဲ့ရေနံစခန်းတွေကို ပြန်တိုက်လာမယ်ဆိုရင် အာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ရန်ပုံငွေတွေကို ဂါဇာပြန်လည်တည်ဆောက်ရေးမှာ မသုံးနိုင်တော့ဘဲ ကိုယ့်နိုင်ငံလုံခြုံရေးအတွက်ပဲ အကုန်အကျခံရတော့မှာပါ။ အဲဒါအပြင် ဟစ်ဇဘိုလာနဲ့ ဟူသီတို့လို အဖွဲ့တွေကလည်း အစ္စရေးနဲ့ အမေရိကန်စခန်းတွေကို ဘက်ပေါင်းစုံက တိုက်ခိုက်လာမယ်ဆိုရင် ဂါဇာဒေသဟာ ပြန်လည် တည်ဆောက်ရေးဇုန် ဖြစ်မလာတော့ဘဲ သွေးချောင်းစီးတဲ့ စစ်တလင်းကြီး ပြန်ဖြစ်သွားပါလိမ့်မယ်။စစ်ဖြစ်ပြီဆိုတာနဲ့ ဟော်မုရေလက်ကြားပိတ်ဆို့ခံရမှာဖြစ်လို့ ကမ္ဘာ့ရေနံဈေးတွေလည်း အဆမတန် တက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ အမေရိကန်ပြည်တွင်းစီးပွားရေး ကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်မှာ ဖြစ်သလို စီးပွားရေးအရအကျိုးအမြတ်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ်မယ့် သူ့ရဲ့ဗျူဟာသည်လည်း စီးပွားရေးပျက်ကပ်အောက်မှာ အသက်ရှူရပ်သွားနိုင်ပါတယ်။အခုဆိုရင် အစ္စရေးနိုင်ငံအတွင်းမှာ လုံခြုံရေးသတိပေးချက်တွေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားရပါတယ်။ အစ္စရေးအစိုးရက ဒေါ်နယ်ထရမ့်ရဲ့ ရာဇသံကိုထောက်ခံပေမယ့်၊ တစ်ဖက်မှာလည်း အီရန်နိုင်ငံက လုပ်ဆောင်လာနိုင်တဲ့ လက်တုံ့ပြန်မှုကြောင့် မြောက်ဘက်နယ်စပ်ကနေ ဒုံးကျည်တွေ မိုးရွာသလိုကျလာမှာကိုတော့ တကယ်ပဲစိုးရိမ်နေရပါတယ်။ စစ်ရေးဗျူဟာရေးဆွဲသူတွေ ပြောတာကတော့ အီရန်နိုင်ငံဟာသူတို့ရဲ့ နျူကလီးယားစခန်းတွေကို ကာကွယ်ဖို့အတွက် နည်းပညာမြင့်ကာကွယ်ရေးအလွှာအသစ်တွေကို အလျင်အမြန်တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒါဟာ အနောက်အုပ်စုအတွက် တိုက်ခိုက်ဖို့ ပိုခက်ခဲသွားစေမယ့် စိန်ခေါ်မှုတစ်ခုဖြစ်သလို စစ်ပွဲဖြစ်ခဲ့ရင်လည်း အကျအဆုံးပိုများစေမယ့် အချက်ပါပဲ။အမေရိကန်ပြည်တွင်းမှာလည်း ထရမ့်ရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် ဝေဖန်တာတွေ အများကြီးရှိနေပါတယ်။ ဒီမိုကရက်တွေကတော့ ၁၅ ရက် ရာဇသံဟာ သံတမန်နည်းလမ်းကို ကုန်စင်အောင်မသုံးဘဲ စစ်ပွဲထဲကို အတင်းတွန်းပို့နေတာလို့ စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဒါဟာတစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အီရန်သာ အလျှော့ပေးရင် ဒေသတွင်းမှာ အရင်ကထက်ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေရလာမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့အနေနဲ့လည်း ဒီတင်းမာမှုတွေကြားမှာ အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြရပါတယ်။ သူတို့ဟာ ထရမ့်ရဲ့စီးပွားရေး စီမံကိန်းတွေကို သဘောကျပေမယ့် စစ်ပွဲဖြစ်လာရင်တော့ သူတို့ရဲ့ခေတ်မီမြို့ကြီးတွေပါ မီးဟုန်းဟုန်းတောက်မှာကိုစိုးရိမ်နေကြတာပါ။ ဒါကြောင့် အခု ၁၅ ရက်အတွင်း ကန့်လန့်ကာနောက်ကွယ်က သံတမန်ရေးရာ ဆွေးနွေးမှုတွေဟာ အပြင်းအထန် ဖြစ်နေမှာ သေချာပါတယ်။တူကီယဲနဲ့ ကာတာတို့လို ကြားခံနိုင်ငံတွေကလည်း စစ်ပွဲကိုရှောင်လွှဲဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ အကယ်၍ ဒီသံတမန်လမ်းကြောင်းတွေသာ ကျရှုံးခဲ့ရင် အရှေ့အလယ်ပိုင်းဟာ နျူကလီးယား အိပ်မက်ဆိုးတွေနဲ့ လက်နက်ပြိုင်ပွဲတွေကြားထဲမှာ ပိတ်မိသွားနိုင်ပါတယ်။ ထရမ့်ရဲ့ ၁၅ ရက် ရာဇသံဟာ အီရန်ကို ဒူးထောက်စေမလား ဒါမှမဟုတ် အီရန်ကိုပိုပြီး ထိပ်တိုက်ရင်ဆိုင်လာအောင် တွန်းပို့လိုက်မလားဆိုတာကတော့ အဖြေထွက်ဖို့ သိပ်မလိုလောက်တော့ပါဘူး။နောက်ဆုံးအနေနဲ့ပြောရရင် ရှေ့လာမယ့် ၁၅ ရက်ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ နောင်ဆယ်စုနှစ်ပေါင်းများစွာအတွက်ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အချိန်ကာလပါပဲ။ ထရမ့်ဟာ ငြိမ်းချမ်းရေးရဲ့ ဗိသုကာကြီးအဖြစ် Board of Peace မှာ နေရာယူနိုင်မလား၊ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသကို အကြီးမားဆုံး စစ်ပွဲကြီးဆီကို ခေါ်ဆောင်သွားသူ ဖြစ်မလားဆိုတာ အီရန်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ အလုံးစုံမူတည်နေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲရဲ့ခြိမ်းခြောက်မှုအောက်မှာတကယ်ပဲ ခိုင်မာစွာတည်ဆောက်လို့ ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းဟာ ကမ္ဘာ့သမိုင်းမှာ အဖြေထွက်လာတော့မှာပါ။ ထရမ့်ရဲ့ “ရာစုနှစ်ရဲ့သဘောတူညီချက်” ဒုတိယပိုင်း အောင်မြင်မှုဟာ အီရန်အရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဒီ ၁၅ ရက်ဟာ ကမ္ဘာကြီးအတွက် အသက်ရှူရပ်လုမတတ် စောင့်ကြည့်ရမယ့်ရက်တွေ ဖြစ်လာပါလိမ့်မယ်။ဒီအတောအတွင်း အီရန်ရဲ့ခေါင်းဆောင်ပိုင်းတွေကြားမှာလည်း အငြင်းပွားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ကတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေကို မခံနိုင်တော့လို့ ညှိနှိုင်းချင်ကြပေမယ့် တချို့ကအမေရိကန်ရဲ့ ရာဇသံကို လက်မခံဘဲ တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ ဒီလိုပြည်တွင်းရေး အားပြိုင်မှုတွေကလည်း ထရမ့်ရဲ့ ရာဇသံအပေါ်ပေးမယ့်အဖြေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သံတမန်ရေးရာအရ အဖြေရှာမရဘဲ စစ်ရေးအရအဖြေရှာဖြစ်ခဲ့ရင် ဂါဇာကမ်းခြေမှာ ဆောက်ဖို့ပြင်ထားတဲ့ ဟိုတယ်တွေနဲ့ ဆိပ်ကမ်းတွေအစား ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ဗုံးခိုကျင်းတွေကိုပဲ မြင်တွေ့ရတော့မှာပါ။ ဒါဟာ အရှေ့အလယ်ပိုင်းသား တွေအတွက် တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ အလှည့်အပြောင်း ဖြစ်လာမှာပါ။ဒါကြောင့် အရှေ့အလယ်ပိုင်းရဲ့ ငြိမ်းချမ်းရေးလား၊ စစ်ပွဲလားဆိုတဲ့ ချိန်သီးဟာ အခု ၁၅ ရက်အတွင်းမှာ ဘယ်ဘက်ကိုယိုင်မလဲဆိုတာ ပြတ်ပြတ်သားသား သိရတော့မှာပါ။ ထရမ့်ရဲ့ ရဲရင့်တဲ့လောင်းကစားဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမလား၊ ဒါမှမဟုတ် ကပ်ဘေးကြီးကို ဖိတ်ခေါ်လိုက်တာလားဆိုတာ ကမ္ဘာ့သမိုင်းစာမျက်နှာသစ်မှာ ရေးထိုးဖို့ အသင့်ဖြစ်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်းကို ထာဝရပြောင်းလဲပစ်မှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ အခုဆိုရင် မိမိတို့အားလုံးဟာ သမိုင်းဝင် အပြောင်းအလဲကြီးတစ်ခုရဲ့ ရှေ့မှောက်မှာ ရောက်နေကြတာပဲ ဖြစ်တယ်လို့ ဆိုရပါတော့မယ်။ ။Ref: Sputnik, STMWD

ဒီနှစ် ၂၀၂၆ ခုနှစ်ရဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံရေးအခင်းအကျင်းက တကယ့်သမိုင်းဝင် အလှည့်အပြောင်းတစ်ခုဆီ ရောက်နေပါပြီ။ 

သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ “Board of Peace” ဖိုရမ်မှာကြေညာပြီး ရည်မှန်းချက် အလွန်ကြီးမားတဲ့ ဂါဇာငြိမ်းချမ်းရေးစီမံကိန်းကြီးနဲ့ အီရန်နိုင်ငံအပေါ် ပေးလိုက်တဲ့ ၁၅ ရက်အတွင်း အဖြေပေးရမယ်ဆိုတဲ့ နောက်ဆုံးရာဇသံဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်တွေလိုဖြစ်တဲ့ မဟာဗျူဟာမြောက်လောင်းကစားကြီးတစ်ခု ဖြစ်နေပါတယ်။ 

သမ္မတထရမ့်ဟာ သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းကို စစ်ပွဲတွေမရှိတဲ့၊ စီးပွားရေးအရ အောင်မြင်တဲ့ ဒေသတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ဖို့ အားခဲထားတာပါ။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမယ့် ရာဇသံကို အီရန်ဆီပို့လိုက်ပြီး “သဘောတူညီချက်အသစ်ကို ၁၅ ရက်အတွင်း လက်မှတ်ထိုးပါ၊ မဟုတ်ရင်တော့ မတွေးဝံ့စရာ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ် လို့ ပြောလိုက်တာဟာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကြားက မထင်မရှားဖြစ်နေတဲ့စည်းလေးကို ပိုပြီးတော့မှုန်ဝါးသွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်မှသည် အီရန်အထိ သံတမန်လောကမှာ အကြီးအကျယ်ကို ဂယက်ရိုက်ခတ်ပြီး ဒေသတွင်းတည်ငြိမ်ရေးသည်လည်း အမြင့်ဆုံးအဆင့်စိန်ခေါ်ခံလိုက်ရပါပြီ။

အမေရိကန်အစိုးရအနေနဲ့ အခုလှမ်းနေတဲ့ခြေလှမ်းဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေတဲ့ ပဋိပက္ခများစွာကို အပြီးသတ်အဆုံးသတ်နိုင်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဒေသတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေမယ့် စစ်ပွဲအသစ်တစ်ခုကို မသိမသာစတင်လိုက်တာလားဆိုတာနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေ အများကြီးရှိလာပါတယ်။

ထရမ့်ဟာ အရင်တုန်းကသူလုပ်ခဲ့တဲ့ “အေဗရာဟမ်သဘောတူညီချက် ကိုအခြေခံကာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်နေတာပါ။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေနဲ့ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေက ထရမ့်ရဲ့စီမံကိန်းတွေကို အမြဲတမ်း နှောင့်နှေးစေခဲ့ပါတယ်။

ဒါကြောင့်ပဲ အခုလို ၁၅ ရက် ရာဇသံဆိုတာထွက်လာတာဖြစ်ပြီး ဒါဟာ သံတမန်ရေးအရဖိအားပေးမှုသက်သက်ထက် ပိုပြင်းထန်တဲ့ စစ်ပွဲခေါ်သံတစ်ခုအဖြစ် အများက စိုးရိမ်တကြီးစောင့်ကြည့်နေကြရပါတယ်။ ဒီရာဇသံမျိုးဟာ အရင်က ဘယ်အစိုးရလက်ထက်မှာမှမရှိဖူးတဲ့ ပြင်းထန်သောလုပ်ရပ်ဖြစ်ပြီး ထရမ့်ရဲ့ “Deal of the Century” ဒုတိယပိုင်း အောင်မြင်နိုင်ဖို့အတွက် ရှိသမျှအကုန်ပုံအောပြီး လောင်းကြေးထပ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အကြီးအကျယ်ကျင်းပခဲ့တဲ့Board of Peace ဖိုရမ်မှာ ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို “အရှေ့အလယ်ပိုင်းရဲ့ စင်ကာပူ လိုမျိုးဖြစ်အောင်လုပ်မယ့် မဟာစီမံကိန်းကြီးကို ချပြခဲ့ပါတယ်။ ဒီစီမံကိန်းဟာ နိုင်ငံရေးထက် စီးပွားရေးကို အခြေခံထားပြီး ပါလက်စတိုင်းလူငယ်တွေအတွက် အလုပ်အကိုင်သိန်းနဲ့ချီ ဖန်တီးပေးဖို့၊ ကုန်သွယ်ရေးဇုန်တွေ တည်ဆောက်ဖို့နဲ့ ခရီးသွားလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီစီမံကိန်းထဲမှာ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လိုမျိုးချမ်းသာတဲ့ အာရပ်နိုင်ငံတွေဆီကနေ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်နေသလို အစ္စရေးထိန်းချုပ်မှုအစား အာရပ်နိုင်ငံတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေနဲ့ ဂါဇာကိုထိန်းကျောင်းမယ့် လုံခြုံရေးဆိုင်ရာ ပုံစံတွေလည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ ဒီလိုမျိုးလှပတဲ့ ငြိမ်းချမ်းရေး အိပ်မက်တွေပေါ်ကို အရိပ်မည်းကြီးမိုးလိုက်တာက အီရန်နိုင်ငံကိုပေးလိုက်တဲ့ ၁၅ ရက် ရာဇသံဖြစ်ပါတယ်။ ထရမ့်ကအီရန်ရဲ့ နျူကလီးယားလုပ်ငန်းစဉ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့မှုပေးနေတာတွေကို ချက်ချင်းရပ်ဖို့ တောင်းဆိုထားတာဖြစ်ပြီး ဒါဟာ အီရန်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲဆီသို့ ရောက်ရှိလာအောင် အပြင်းထန်ဆုံးနည်းနဲ့ တွန်းအားပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။

တကယ်လို့ စစ်ပွဲသာ အမှန်တကယ်ဖြစ်လာရင် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအိပ်မက်ဟာ လမ်းလွဲသွားရုံတင်မကဘဲ လုံးဝကို ပြာကျသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ အီရန်က သူတို့ရဲ့ဒုံးကျည်တွေနဲ့ ဆော်ဒီတို့၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာရှိတဲ့ရေနံစခန်းတွေကို ပြန်တိုက်လာမယ်ဆိုရင် အာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ရန်ပုံငွေတွေကို ဂါဇာပြန်လည်တည်ဆောက်ရေးမှာ မသုံးနိုင်တော့ဘဲ ကိုယ့်နိုင်ငံလုံခြုံရေးအတွက်ပဲ အကုန်အကျခံရတော့မှာပါ။ အဲဒါအပြင် ဟစ်ဇဘိုလာနဲ့ ဟူသီတို့လို အဖွဲ့တွေကလည်း အစ္စရေးနဲ့ အမေရိကန်စခန်းတွေကို ဘက်ပေါင်းစုံက တိုက်ခိုက်လာမယ်ဆိုရင် ဂါဇာဒေသဟာ ပြန်လည် တည်ဆောက်ရေးဇုန် ဖြစ်မလာတော့ဘဲ သွေးချောင်းစီးတဲ့ စစ်တလင်းကြီး ပြန်ဖြစ်သွားပါလိမ့်မယ်။

စစ်ဖြစ်ပြီဆိုတာနဲ့ ဟော်မုရေလက်ကြားပိတ်ဆို့ခံရမှာဖြစ်လို့ ကမ္ဘာ့ရေနံဈေးတွေလည်း အဆမတန် တက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ အမေရိကန်ပြည်တွင်းစီးပွားရေး ကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်မှာ ဖြစ်သလို စီးပွားရေးအရအကျိုးအမြတ်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ်မယ့် သူ့ရဲ့ဗျူဟာသည်လည်း စီးပွားရေးပျက်ကပ်အောက်မှာ အသက်ရှူရပ်သွားနိုင်ပါတယ်။

အခုဆိုရင် အစ္စရေးနိုင်ငံအတွင်းမှာ လုံခြုံရေးသတိပေးချက်တွေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားရပါတယ်။ အစ္စရေးအစိုးရက ဒေါ်နယ်ထရမ့်ရဲ့ ရာဇသံကိုထောက်ခံပေမယ့်၊ တစ်ဖက်မှာလည်း အီရန်နိုင်ငံက လုပ်ဆောင်လာနိုင်တဲ့ လက်တုံ့ပြန်မှုကြောင့် မြောက်ဘက်နယ်စပ်ကနေ ဒုံးကျည်တွေ မိုးရွာသလိုကျလာမှာကိုတော့ တကယ်ပဲစိုးရိမ်နေရပါတယ်။ စစ်ရေးဗျူဟာရေးဆွဲသူတွေ ပြောတာကတော့ အီရန်နိုင်ငံဟာသူတို့ရဲ့ နျူကလီးယားစခန်းတွေကို ကာကွယ်ဖို့အတွက် နည်းပညာမြင့်ကာကွယ်ရေးအလွှာအသစ်တွေကို အလျင်အမြန်တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒါဟာ အနောက်အုပ်စုအတွက် တိုက်ခိုက်ဖို့ ပိုခက်ခဲသွားစေမယ့် စိန်ခေါ်မှုတစ်ခုဖြစ်သလို စစ်ပွဲဖြစ်ခဲ့ရင်လည်း  အကျအဆုံးပိုများစေမယ့် အချက်ပါပဲ။

အမေရိကန်ပြည်တွင်းမှာလည်း ထရမ့်ရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် ဝေဖန်တာတွေ အများကြီးရှိနေပါတယ်။ ဒီမိုကရက်တွေကတော့ ၁၅ ရက် ရာဇသံဟာ သံတမန်နည်းလမ်းကို ကုန်စင်အောင်မသုံးဘဲ စစ်ပွဲထဲကို အတင်းတွန်းပို့နေတာလို့ စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဒါဟာတစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အီရန်သာ အလျှော့ပေးရင် ဒေသတွင်းမှာ အရင်ကထက်ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေရလာမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့အနေနဲ့လည်း ဒီတင်းမာမှုတွေကြားမှာ အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြရပါတယ်။ သူတို့ဟာ ထရမ့်ရဲ့စီးပွားရေး စီမံကိန်းတွေကို သဘောကျပေမယ့် စစ်ပွဲဖြစ်လာရင်တော့ သူတို့ရဲ့ခေတ်မီမြို့ကြီးတွေပါ မီးဟုန်းဟုန်းတောက်မှာကိုစိုးရိမ်နေကြတာပါ။ ဒါကြောင့် အခု ၁၅ ရက်အတွင်း ကန့်လန့်ကာနောက်ကွယ်က သံတမန်ရေးရာ ဆွေးနွေးမှုတွေဟာ အပြင်းအထန် ဖြစ်နေမှာ သေချာပါတယ်။

တူကီယဲနဲ့ ကာတာတို့လို ကြားခံနိုင်ငံတွေကလည်း စစ်ပွဲကိုရှောင်လွှဲဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ အကယ်၍ ဒီသံတမန်လမ်းကြောင်းတွေသာ ကျရှုံးခဲ့ရင် အရှေ့အလယ်ပိုင်းဟာ နျူကလီးယား အိပ်မက်ဆိုးတွေနဲ့ လက်နက်ပြိုင်ပွဲတွေကြားထဲမှာ ပိတ်မိသွားနိုင်ပါတယ်။ ထရမ့်ရဲ့ ၁၅ ရက် ရာဇသံဟာ အီရန်ကို ဒူးထောက်စေမလား ဒါမှမဟုတ် အီရန်ကိုပိုပြီး ထိပ်တိုက်ရင်ဆိုင်လာအောင် တွန်းပို့လိုက်မလားဆိုတာကတော့ အဖြေထွက်ဖို့ သိပ်မလိုလောက်တော့ပါဘူး။

နောက်ဆုံးအနေနဲ့ပြောရရင် ရှေ့လာမယ့် ၁၅ ရက်ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ နောင်ဆယ်စုနှစ်ပေါင်းများစွာအတွက်ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အချိန်ကာလပါပဲ။ ထရမ့်ဟာ ငြိမ်းချမ်းရေးရဲ့ ဗိသုကာကြီးအဖြစ် Board of Peace မှာ နေရာယူနိုင်မလား၊ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသကို အကြီးမားဆုံး စစ်ပွဲကြီးဆီကို ခေါ်ဆောင်သွားသူ ဖြစ်မလားဆိုတာ အီရန်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ အလုံးစုံမူတည်နေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲရဲ့ခြိမ်းခြောက်မှုအောက်မှာတကယ်ပဲ ခိုင်မာစွာတည်ဆောက်လို့ ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းဟာ ကမ္ဘာ့သမိုင်းမှာ အဖြေထွက်လာတော့မှာပါ။ ထရမ့်ရဲ့ “ရာစုနှစ်ရဲ့သဘောတူညီချက် ဒုတိယပိုင်း အောင်မြင်မှုဟာ အီရန်အရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဒီ ၁၅ ရက်ဟာ ကမ္ဘာကြီးအတွက် အသက်ရှူရပ်လုမတတ် စောင့်ကြည့်ရမယ့်ရက်တွေ ဖြစ်လာပါလိမ့်မယ်။

ဒီအတောအတွင်း အီရန်ရဲ့ခေါင်းဆောင်ပိုင်းတွေကြားမှာလည်း အငြင်းပွားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ကတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေကို မခံနိုင်တော့လို့ ညှိနှိုင်းချင်ကြပေမယ့် တချို့ကအမေရိကန်ရဲ့ ရာဇသံကို လက်မခံဘဲ တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ ဒီလိုပြည်တွင်းရေး အားပြိုင်မှုတွေကလည်း ထရမ့်ရဲ့ ရာဇသံအပေါ်ပေးမယ့်အဖြေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သံတမန်ရေးရာအရ အဖြေရှာမရဘဲ စစ်ရေးအရအဖြေရှာဖြစ်ခဲ့ရင် ဂါဇာကမ်းခြေမှာ ဆောက်ဖို့ပြင်ထားတဲ့ ဟိုတယ်တွေနဲ့ ဆိပ်ကမ်းတွေအစား ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ဗုံးခိုကျင်းတွေကိုပဲ မြင်တွေ့ရတော့မှာပါ။ ဒါဟာ အရှေ့အလယ်ပိုင်းသား တွေအတွက် တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ အလှည့်အပြောင်း ဖြစ်လာမှာပါ။

ဒါကြောင့် အရှေ့အလယ်ပိုင်းရဲ့ ငြိမ်းချမ်းရေးလား၊ စစ်ပွဲလားဆိုတဲ့ ချိန်သီးဟာ အခု ၁၅ ရက်အတွင်းမှာ ဘယ်ဘက်ကိုယိုင်မလဲဆိုတာ ပြတ်ပြတ်သားသား သိရတော့မှာပါ။ ထရမ့်ရဲ့ ရဲရင့်တဲ့လောင်းကစားဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမလား၊ ဒါမှမဟုတ် ကပ်ဘေးကြီးကို ဖိတ်ခေါ်လိုက်တာလားဆိုတာ ကမ္ဘာ့သမိုင်းစာမျက်နှာသစ်မှာ ရေးထိုးဖို့ အသင့်ဖြစ်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်းကို ထာဝရပြောင်းလဲပစ်မှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ အခုဆိုရင် မိမိတို့အားလုံးဟာ သမိုင်းဝင် အပြောင်းအလဲကြီးတစ်ခုရဲ့ ရှေ့မှောက်မှာ ရောက်နေကြတာပဲ ဖြစ်တယ်လို့ ဆိုရပါတော့မယ်။     ။

Ref: Sputnik, ST

နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီး ဝယ်ယူလို့ရနိုင်မလား
-
နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီးဝယ်ယူလို့ရနိုင်မလားဆိုသည့် မေးခွန်းမျိုးက ယခုခေတ်တွင် ရယ်စရာဖြစ်နေလိမ့်မည်ဖြစ်သည်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူရန်စိတ်ကူးကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး ဒိန်းမတ်က ငြင်းပယ်ပါက ပိုမိုပြတ်သားသော အစီအမံများလုပ်ဆောင်ရန် ဝန်မလေးကြောင်းပြောခဲ့စဉ်က ဥရောပတစ်လွှားတုံ့ပြန်မှုများမှာပြင်းထန်ပြီး မကျေမနပ်ဖြစ်ကြသည်။ ထိုအဆိုပြုချက်က ခေတ်နောက်ပြန်ဆွဲနေပြီး ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးလောကတွင်မရှိတော့သည့် နယ်ချဲ့ခေတ်က မြင်းကုန်သည်လုပ်ငန်းနှင့် တူနေသည်ဟု ရှုမြင်ကြသည်။သို့သော် ထိုသို့မကျေမနပ်ဖြစ်ခြင်းမှာ စိတ်မသက်မသာဖြစ်ဖွယ်သမိုင်းဝင်အမှန်တရားတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုကိုတော်လှန်ရေးနှင့်စစ်ပွဲများဆင်နွှဲခြင်းဖြင့်သာ တည်ဆောက်သည်မဟုတ်ဘဲ ဝယ်ယူမှုများဖြင့်လည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရောင်းချသူဘက်က ရွေးချယ်စရာအကန့်အသတ်ရှိနေသည့် အင်အားချိန်ခွင်လျှာ အခြေအနေများကို အခွင့်ကောင်းယူကာ အကြီးစား နယ်မြေဝယ်ယူမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုန်းမြေကျယ်ကြီးများမှသည် မဟာဗျူဟာကျသော ကျွန်းများအထိ အမေရိကန်သည် ဩဇာအာဏာကို အသုံးချကာ ချက်လက်မှတ်များရေးပြီး ၎င်း၏နယ်နိမိတ်ကို ထပ်ခါတလဲလဲ ချဲ့ထွင်ခြင်းဖြစ်သည်။ယခုခေတ်တွင် နယ်မြေဝယ်ယူခြင်းဟူသည့် အယူအဆမှာ နားဝင်မချိုသော်လည်း ယနေ့ကျွန်ုပ်တို့သိထားသော အမေရိကန်မြေပုံပေါ်ပေါက်လာရန် ထိုသို့သော အကြီးစားအရောင်းအဝယ်များက ကူညီပေးခဲ့သည်ကို သတိရသင့်သည်။ ဂရင်းလန်းကျွန်း အချေအတင်ဆွေးနွေးမှုများ အဘယ်ကြောင့် ဤမျှအရေးပါနေသည်ကို သိရှိရန် အမေရိကန်မြေပုံကို ပြန်လည်ရေးဆွဲနိုင်ခဲ့သည့် အဓိကနယ်မြေဝယ်ယူမှုများကို ပြန်ပြောင်းလေ့လာရမည်ဖြစ်သည်။လူဝီစီယားနား - အကြီးဆုံးအရောင်းအဝယ်၁၇ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ရှာဖွေရေးသမားများသည် မစ္စစ္စပီမြစ်ဝှမ်းသို့ရောက်ရှိပြီး ထိုကျယ်ပြန့်သောနယ်မြေကိုသိမ်းပိုက်ကာ ဘုရင်လူဝီ ၁၄ ကို အစွဲပြု၍ “လူဝီစီယားနား” ဟု အမည်ပေးလိုက်သည်။ ၁၇၁၈ ခုနှစ်တွင် မစ္စစ္စပီမြစ်ဝ၌ နယူးအော်လင်းမြို့ကို တည်ထောင်ခဲ့သည်။ လူဝီဘုရင်သည် လူဖြူများနှင့် လူမည်းများမှ မွေးဖွားလာသော ကလေးများကို လွတ်လပ်ခွင့်ပေးသည့် မူဝါဒများချမှတ်ကာ အခြေချနေထိုင်သူဦးရေကို တိုးမြှင့်ခဲ့သော်လည်း လူဦးရေမှာ ကျဲပါးနေဆဲဖြစ်သည်။ ထို့ပြင် ဆိုးရွားသောရာသီဥတုတွင်နေထိုင်ရမှု၊ တိုင်းရင်းသားများနှင့် ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတို့ရှိသဖြင့် အခြေချနေထိုင်နိုင်ရေးခက်ခဲရသည်။ရလဒ်အနေဖြင့် ပြင်သစ်တို့သည် ဤကျယ်ပြောလှသောနယ်မြေကို တန်ဖိုးအထူးမထားခဲ့ပေ။ ထိုစဉ်က ပြင်သစ်ပိုင် လူဝီစီယားနားသည် ယနေ့ခေတ်လူဝီစီယားနားပြည်နယ်သာမက အာကန်ဆက်၊ အိုကလာဟိုးမား၊ ကန်ဆပ်၊ မစ်ဆိုရီ၊ ကော်လိုရာဒို၊ ဝိုင်အိုမင်း၊ မြောက်နှင့် တောင်ဒါကိုတာ၊ မင်နီဆိုတာ၊ အိုင်အိုဝါ၊ မွန်တားနား၊ နီဘရားစကား၊ တက္ကဆက်၊ နယူးမက္ကဆီကိုနှင့် ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအချို့အထိ ကျယ်ပြန့်သည်။ သို့သော်လည်း နယူးအော်လင်းမြို့မှအပ ကျန်နေရာများတွင် ပြင်သစ်လူမျိုးများကိုရှာဖွေတွေ့ရှိရန်ခက်ခဲခဲ့သည်။၁၇၆၃ ခုနှစ်၌ ခုနစ်နှစ်စစ်ပွဲ (Seven Years’ Warအပြီးတွင် ပြင်သစ်ကလူဝီစီယားနားကို စပိန်ထံသို့ပေးအပ်လိုက်ရသည်။ စပိန်အုပ်ချုပ်ရေးသည် ပြင်သစ်အခြေချသူများကို နှိပ်ကွပ်ခြင်းမရှိဘဲ စနစ်တကျ အုပ်ချုပ်နိုင်ခဲ့သော်လည်း တိုင်းရင်းသားများမှအပ ဤကျယ်ပြန့်သော နယ်မြေကြီးမှာ လူသူကင်းစင်နေဆဲဖြစ်သည်။ လူမည်းများအပါအဝင် အခြေချနေထိုင်သူစုစုပေါင်းမှာ သောင်းဂဏန်းမျှသာရှိသည်။၁၉ ရာစုအစောပိုင်းတွင် ဥရောပ၌ အပြောင်းအလဲများစွာဖြစ်ပေါ်သည်။ နပိုလီယံသည် ပြင်သစ်၏ ပင်လယ်ရပ်ခြားအင်ပါယာကို ပြန်အသက်သွင်းရန် လူဝီစီယားနားကို ပြန်လည်ထိန်းချုပ်သည်။ သို့သော် ဟေတီတွင် ပြင်သစ်အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်ကြိုးပမ်းမှုမှာ လူမည်းတော်လှန်ရေးသမားများနှင့် အပူပိုင်းဒေသရောဂါများကြောင့် ကျရှုံးခဲ့ရသည်။ထိုအခြေအနေတွင် နပိုလီယံသည် လူဝီစီယားနားကိုဆက်လက်ထိန်းထားနိုင်မည်မဟုတ်ဘဲ အင်္ဂလိပ် သို့မဟုတ် အမေရိကန်တို့က အလွယ်တကူ သိမ်းပိုက်သွားမည်ကို သဘောပေါက်ခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မစ္စစ္စပီမြစ်ဝကိုထိန်းချုပ်ရန် လိုအပ်နေသော်လည်း ပြင်သစ်၏ ရန်စမှုကို စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် သမ္မတ သောမတ်ဂျက်ဖာဆန် က လူဝီစီယားနားကိုဝယ်ယူရန် ပြင်သစ်နှင့် စတင်ညှိနှိုင်းသည်။နပိုလီယံသည် ၎င်းအနေဖြင့် အမှန်တကယ်မလိုအပ်ဘဲ မထိန်းချုပ်နိုင်သော နယ်မြေကိုရောင်းချပြီးငွေသားအစစ်အမှန်ရရှိနိုင်မည့် အခွင့်အရေးကြီးအဖြစ် မြင်ခဲ့သည်။ ဂျက်ဖာဆန်နှင့် အမေရိကန်ဘက်က ကနဦးတွင် နယူးအော်လင်းနှင့် ပတ်ဝန်းကျင်ဒေသများကိုသာ ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူရန်ရည်ရွယ်ခဲ့သော်လည်း ပြင်သစ်ဘက်က ဒေါ်လာ ၁၅ သန်းဖြင့် ကနေဒါအထိကျယ်ပြန့်သော နယ်မြေအားလုံးကို ရောင်းချမည်ဟုအံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့သည်။ သို့သော် နယူးအော်လင်းမှအပ ကျန်နယ်မြေများမှာ တိုင်းရင်းသားများနေထိုင်ရာဒေသများကို သိမ်းပိုက်ခွင့်လိုင်စင်ရောင်းချခြင်းသာဖြစ်သည်။ ပြင်သစ်တို့သည် အဆိုပါဒေသများအပေါ် ထိန်းချုပ်မှုလုံးဝမရှိသလောက်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ထိုအရောင်းအဝယ်သည် မည်သည်ကိုဆိုလိုမှန်းမသိကြပေ။ လက်တွေ့တွင် အဆိုပါနယ်မြေကျယ်ကြီး၌ အခြေချနေထိုင်သူ၆၀၀၀၀ ခန့်သာ ရှိခဲ့သည်။မည်သို့ပင်ဖြစ်စေကာမူ ထိုအရောင်းအဝယ်ကြီးပြီးမြောက်သွားချိန်တွင် အမေရိကန်၏နယ်နိမိတ်မှာ တစ်ညအတွင်း နှစ်ဆတိုးသွားသည်။ အမေရိကန်နိုင်ငံကို တည်ထောင်သူတစ်ဦးဖြစ်သည့်အပြင် ထိုစဉ်က ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးဖြစ်သည့် ရောဘတ်လစ်ဗင်းစတုန်းက “ကျွန်ုပ်တို့ အသက်ရှည်ရှည်နေခဲ့ရသော်လည်း ဤအလုပ်သည် ကျွန်ုပ်တို့တစ်သက်တာတွင် အမြင့်မြတ်ဆုံးအလုပ်ဖြစ်သည်... ယနေ့မှစ၍ အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံများကြားတွင်နေရာ ယူလိုက်ပြီဖြစ်သည်” ဟု ထင်ရှားစွာ ကြေညာခဲ့သည်။ဖလော်ရီဒါ - ဖိအားပေးပြီး ဝယ်ယူခြင်းလူဝီစီယားနားကိစ္စတွင် နှစ်ဖက်စလုံးကျေနပ်ကြသော်လည်း ဖလော်ရီဒါကိစ္စတွင်မူ ရောင်းချသူဘက်က အထူးတလည် မပျော်ရွှင်ပေ။ စပိန်တို့သည် ဖလော်ရီဒါကို ၁၅၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်းထိုစဉ်က တန်ဖိုးမထားဘဲ စစ်စခန်းအဖြစ်သာ အသုံးပြုခဲ့သည်။ ၁၈ ရာစုတွင် ဗြိတိန်က ဖလော်ရီဒါကို သိမ်းယူသော်လည်း အမေရိကန်လွတ်လပ်ရေးစစ်ပွဲအတွင်း စပိန်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လူဝီစီယားနားကဲ့သို့ပင် ပိုင်ဆိုင်မှုရှိခြင်းသည် အုပ်ချုပ်နိုင်ခြင်းကိုမဆိုလိုပေ။ထိုအတောအတွင်း အမေရိကန်အခြေချနေထိုင်သူများသည် ဖလော်ရီဒါသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာသည်။ နယ်စပ်တွင် ပဋိပက္ခများဖြစ်ပွားပြီး အမေရိကန်များက စပိန်မြေများကို ကျူးကျော်လာသဖြင့် ဖလော်ရီဒါသည် အမေရိကန်၊ တိုင်းရင်းသားများနှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေသော စစ်မြေပြင်ဖြစ်လာသည်။ စပိန်သည် ထိုကျူးကျော်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်းမရှိပေ။ ထို့ပြင် ၁၈၀၇ ခုနှစ်နှင့် ၁၈၁၄ခုနှစ်ကြားတွင် စပိန်သည် နပိုလီယံနှင့် ပြင်းထန်သောစစ်ပွဲအတွင်း ပိတ်မိနေခဲ့သည်။စစ်ကြီးအပြီးတွင် စပိန်သည် ပျက်စီးယိုယွင်းနေပြီး ဆီမီနိုးအင်ဒီယန်းများ၏ တိုက်ခိုက်မှုကိုမကာကွယ်နိုင်တော့ပေ။ ဆီမီနိုးများကြောင့် စိတ်ပျက်နေသော အမေရိကန်တို့က ဖလော်ရီဒါ၏ နေရာအတော်များများကို သိမ်းပိုက်လိုက်ပြီး ထိုမြေမှာ စွန့်ပစ်ခံထားရသောမြေဖြစ်သည်ဟုဆိုခဲ့သည်။ စပိန်တို့က နယ်မြေကို ဒီအတိုင်းဆုံးရှုံးရမည့်အစား တစ်ခုခုရရှိလိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ကြသည်။ အမေရိကန်သည် ၎င်းတို့၏ကျူးကျော်မှုကြောင့် ဖြစ်ပေါ်ခဲ့သောပျက်စီးမှုများအတွက် လျော်ကြေးအဖြစ် စပိန်ကို ဒေါ်လာ ၅ သန်း တရားဝင်ပေးအပ်သည်။ ၁၈၁၉ ခုနှစ်တွင် စပိန်သည် ဖလော်ရီဒါကို ပေးအပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ဗာဂျင်ကျွန်းစု - ရွှေနဲ့ ဝယ်ယူခြင်း၁၉ ရာစုသည် ကိုလိုနီအင်ပါယာများ၏ခေတ်ဖြစ်သော်လည်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ၂၀ ရာစု ပထမကမ္ဘာစစ်အတွင်းမှ ဝယ်ယူခြင်းဖြစ်သည်။ ကာရေဘီယံပင်လယ်ကို ထိန်းချုပ်ရန်ကြိုးပမ်းမှုနှင့်ပတ်သက်သည့်အကြောင်းပြောလျှင် ဒိန်းမတ်ကို ပြေးမြင်မည်မဟုတ်ပေ။ ၁၆၇၂ ခုနှစ်တွင် ဒိန်းမတ်အနောက်အိန္ဒိယကုမ္ပဏီက စိန့်သောမတ်နှင့် စိန့်ဂျွန်ကျွန်းငယ်များကို သိမ်းပိုက်ခဲ့သည်။ ဒိန်းမတ်တို့သည် သကြားအတွက်လုပ်ငန်းများတည်ထောင်ပြီး ကျွန်လုပ်အားကို အသုံးပြုသည်။ သို့သော် ၁၉ ရာစုအလယ်ပိုင်းတွင် ကမ္ဘာ့သကြားဈေးကွက် ပြိုလဲသွားသဖြင့် ဒိန်းမတ်တို့က ဤပိုင်ဆိုင်မှုကို စွန့်လွှတ်ရန် စဉ်းစားကြသည်။ ထိုစဉ်က အမေရိကန်သည် စိန့်သောမတ်ဆိပ်ကမ်းကို ဝယ်ယူရန် စိတ်ဝင်စားသော်လည်း အရောင်းအဝယ် မဖြစ်ခဲ့ပေ။ အမေရိကန်သည် အလက်စကာကို ဝယ်ယူခြင်းက ပို၍တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဟုဆုံးဖြတ်ကာ ထိန်းသိမ်းရခက်ခဲသော ထိုမြောက်ပိုင်းနယ်မြေကို ရုရှားထံမှ ဝယ်ယူခဲ့သည်။ ထို့ကြောင့် ဗာဂျင်ကျွန်းစုသည် ၂၀ ရာစုအထိ ဒိန်းမတ်လက်အောက်တွင် ကျန်ရှိနေခြင်းဖြစ်သည်။ပထမကမ္ဘာစစ်အတွင်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကိုဝယ်ယူရန် ပြန်လည်စဉ်းစားသည်။ ဂျာမနီက ဒိန်းမတ်ကိုသိမ်းပိုက်ပြီး ထိုကျွန်းများကိုရေငုပ်သင်္ဘောအခြေစိုက်စခန်းအဖြစ်အသုံးပြုမည်ကို စိုးရိမ်သည်ဟု အမေရိကန်ကအကြောင်းပြသည်။ ထို့ကြောင့် အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ဝယ်ယူရန်ဆုံးဖြတ်ပြီးဒိန်းမတ်ကလည်း ငြင်းပယ်ရန်ခက်ခဲသော ကမ်းလှမ်းမှုကို ရရှိသည်။အမေရိကန်သမ္မတဝုရိုးဝီဆင်က ဒိန်းမတ်အနေဖြင့် ထိုကျွန်းများကို မရောင်းချပါက ဂျာမန်လက်ထဲသို့ မရောက်စေရန် အမေရိကန်ကသိမ်းပိုက်မည်ဟု ပြတ်သားစွာသတိပေးခဲ့သည်။ ထို့နောက် ဝီဆင်သည်ဒိန်းမတ်ရင်ဆိုင်နေရသော ဖိအားကိုလျော့ပါးစေရန် ဒိန်းမတ်၏တစ်နှစ်တာဘတ်ဂျက် ထက်ဝက်ခန့်ရှိသောဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ ရွှေများပေးမည်ဟု ကမ်းလှမ်းကာ အပေးအယူကို မြှင့်တင်ခဲ့သည်။ကနဦးတွင် ဒိန်းမတ်အစိုးရက တွန့်ဆုတ်နေသော်လည်း ထိုကျွန်းများသည် အကောင်းနည်းဖြင့်ဖြစ်စေ၊ အဆိုးနည်းဖြင့်ဖြစ်စေ အမေရိကန်နိုင်ငံ၏လက်အောက်သို့ ရောက်လာစေမည်ဖြစ်ကြောင်း အမေရိကန်ကရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ ထို့ကြောင့် ဒိန်းမတ်အစိုးရသည် လူထုဆန္ဒခံယူပွဲပြုလုပ်ကာ ကျွန်းများကို အမေရိကန်အစိုးရထံသို့လွှဲပြောင်းပေးခဲ့သည်။စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတွင်လည်း အမေရိကန်သည် ဂရင်းလန်းကျွန်းကိုဝယ်ယူရန် ကြိုးပမ်းဖူးခြင်းဖြစ်သည်။ ထိုကဲ့သို့ ကမ်းလှမ်းလာမှုကို ဒိန်းမတ်က ငြင်းပယ်ခဲ့သော်လည်း အဆိုပါနေရာတွင် အမေရိကန်စစ်စခန်းများ တည်ဆောက်ခွင့်ရခဲ့သည်။ တစ်ကြိမ်တွင် နျူကလီးယားလက်နက်တင်ဆောင်လာသော ဗုံးကြဲလေယာဉ်တစ်စင်းသည် ဂရင်းလန်းကျွန်းတွင် ပျက်ကျခဲ့သော်လည်း အဆိုပါအချက်ကို ဒိန်းမတ်လူထုမသိအောင် ဖုံးကွယ်ထားခဲ့သည်။ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များသည် ယခင်ကမရှိခဲ့ဖူးသော၊ ယခုမှဖြစ်ပေါ်လာသော အရာများမဟုတ်သည်ကို တွေ့ရှိရသည်။ အမေရိကန်သည် နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် ဝယ်ယူမှုများမှတစ်ဆင့်နယ်နိမိတ်ကိုချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။တစ်ခါတစ်ရံ ရောင်းချသူဘက်က အဝေးရောက်နယ်မြေ သို့မဟုတ် သူတို့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ပိုင်ဆိုင်မှုကိုစွန့်လွှတ်ရ၍ စိတ်သက်သာရာရခဲ့သည်လည်းရှိသကဲ့သို့ တစ်ခါတစ်ရံတွင် ဖိအားပေးမှုနှင့် မဟာဗျူဟာမြောက်မညီမျှမှုများကြောင့် သဘောတူခဲ့ကြရသည်များလည်းရှိသည်။ အရောင်းအဝယ်မှတစ်ဆင့် နယ်မြေချဲ့ထွင်ခြင်းသည် အမေရိကန်နိုင်ငံ၏သမိုင်းတွင် ခြွင်းချက်မဟုတ်ဘဲ ထပ်ခါတလဲလဲအသုံးပြုခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။ယခုအချိန်တွင်လည်း ဂရင်းလန်းအပေါ် ထရမ့်၏စိတ်ဝင်စားမှုသည် အဆိုပါသမိုင်းဝင်ပုံစံခွက်အတွင်းသို့ အတိအကျပင်ကျရောက်နေသည်။ ၎င်း၏ရှေ့ဆောင်များကဲ့သို့ပင် သူသည်လည်း အမေရိကန်၏မဟာဗျူဟာမြောက်ခြေရာကို ချဲ့ထွင်လိုသည့်ပြယုဂ်တစ်ခုကို စိတ်ဝင်စားနေပုံရသည်။ယင်းအတွက် ဒိန်းမတ်နိုင်ငံအကျပ်အတည်းနှင့်ရင်ဆိုင်ရမည့်အချိန်ကိုစောင့်ဆိုင်းပြီး အမေရိကန်အစိုးရက ငွေအိတ်အပြည့်ဖြင့် သွားရောက်ကမ်းလှမ်းခြင်းသည် ပိုကောင်းသည့်အကြံဉာဏ်ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်အထိစောင့်ရန်မှာ ကြာမြင့်နိုင်ပြီးစိတ်ရှည်သည်းခံခြင်းမှာ ထရမ့်၏အားသာချက်မဟုတ်သည်ကတော့ သေချာသည်။သို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ်ကြီးမားလှသောနယ်မြေပိုင်နက်တစ်ခုကိုငွေပေး၍ ဝယ်ယူနိုင်မည်လား၊ ဝယ်ယူ၍မရနိုင်ဘူးလား ဆိုသည့်မေးခွန်းကို ပြန်ဖြေရမည်ဆိုလျှင် ငွေပေး၍လည်းဝယ်နိုင်သလို ပဋိပက္ခများကြားတွင် ဖိအားပေး၍လည်း ရယူသွားနိုင်မည်ပင် ဖြစ်သည်။ အခုအချိန်အတွက် အသေချာဆုံးကတော့ ဖိအားပေး၍ ရယူခြင်းသာဖြစ်လာနိုင်သည်ဟု ရေးသားတင်ပြလိုက်ရပါသည်။ ။ Ref: RTMWD

နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီးဝယ်ယူလို့ရနိုင်မလားဆိုသည့် မေးခွန်းမျိုးက ယခုခေတ်တွင် ရယ်စရာဖြစ်နေလိမ့်မည်ဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူရန်စိတ်ကူးကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး ဒိန်းမတ်က ငြင်းပယ်ပါက ပိုမိုပြတ်သားသော အစီအမံများလုပ်ဆောင်ရန် ဝန်မလေးကြောင်းပြောခဲ့စဉ်က ဥရောပတစ်လွှားတုံ့ပြန်မှုများမှာပြင်းထန်ပြီး မကျေမနပ်ဖြစ်ကြသည်။ ထိုအဆိုပြုချက်က ခေတ်နောက်ပြန်ဆွဲနေပြီး ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးလောကတွင်မရှိတော့သည့် နယ်ချဲ့ခေတ်က မြင်းကုန်သည်လုပ်ငန်းနှင့် တူနေသည်ဟု ရှုမြင်ကြသည်။

သို့သော် ထိုသို့မကျေမနပ်ဖြစ်ခြင်းမှာ စိတ်မသက်မသာဖြစ်ဖွယ်သမိုင်းဝင်အမှန်တရားတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုကိုတော်လှန်ရေးနှင့်စစ်ပွဲများဆင်နွှဲခြင်းဖြင့်သာ တည်ဆောက်သည်မဟုတ်ဘဲ ဝယ်ယူမှုများဖြင့်လည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရောင်းချသူဘက်က ရွေးချယ်စရာအကန့်အသတ်ရှိနေသည့် အင်အားချိန်ခွင်လျှာ အခြေအနေများကို အခွင့်ကောင်းယူကာ အကြီးစား နယ်မြေဝယ်ယူမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုန်းမြေကျယ်ကြီးများမှသည် မဟာဗျူဟာကျသော ကျွန်းများအထိ အမေရိကန်သည် ဩဇာအာဏာကို အသုံးချကာ ချက်လက်မှတ်များရေးပြီး ၎င်း၏နယ်နိမိတ်ကို ထပ်ခါတလဲလဲ ချဲ့ထွင်ခြင်းဖြစ်သည်။

ယခုခေတ်တွင် နယ်မြေဝယ်ယူခြင်းဟူသည့် အယူအဆမှာ နားဝင်မချိုသော်လည်း ယနေ့ကျွန်ုပ်တို့သိထားသော အမေရိကန်မြေပုံပေါ်ပေါက်လာရန် ထိုသို့သော အကြီးစားအရောင်းအဝယ်များက ကူညီပေးခဲ့သည်ကို သတိရသင့်သည်။ ဂရင်းလန်းကျွန်း အချေအတင်ဆွေးနွေးမှုများ အဘယ်ကြောင့် ဤမျှအရေးပါနေသည်ကို သိရှိရန် အမေရိကန်မြေပုံကို ပြန်လည်ရေးဆွဲနိုင်ခဲ့သည့် အဓိကနယ်မြေဝယ်ယူမှုများကို ပြန်ပြောင်းလေ့လာရမည်ဖြစ်သည်။

လူဝီစီယားနား - အကြီးဆုံးအရောင်းအဝယ်၁၇ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ရှာဖွေရေးသမားများသည် မစ္စစ္စပီမြစ်ဝှမ်းသို့ရောက်ရှိပြီး ထိုကျယ်ပြန့်သောနယ်မြေကိုသိမ်းပိုက်ကာ ဘုရင်လူဝီ ၁၄ ကို အစွဲပြု၍ “လူဝီစီယားနား ဟု အမည်ပေးလိုက်သည်။ ၁၇၁၈ ခုနှစ်တွင် မစ္စစ္စပီမြစ်ဝ၌ နယူးအော်လင်းမြို့ကို တည်ထောင်ခဲ့သည်။ လူဝီဘုရင်သည် လူဖြူများနှင့် လူမည်းများမှ မွေးဖွားလာသော ကလေးများကို လွတ်လပ်ခွင့်ပေးသည့် မူဝါဒများချမှတ်ကာ အခြေချနေထိုင်သူဦးရေကို တိုးမြှင့်ခဲ့သော်လည်း လူဦးရေမှာ ကျဲပါးနေဆဲဖြစ်သည်။ ထို့ပြင် ဆိုးရွားသောရာသီဥတုတွင်နေထိုင်ရမှု၊ တိုင်းရင်းသားများနှင့် ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတို့ရှိသဖြင့် အခြေချနေထိုင်နိုင်ရေးခက်ခဲရသည်။

ရလဒ်အနေဖြင့် ပြင်သစ်တို့သည် ဤကျယ်ပြောလှသောနယ်မြေကို တန်ဖိုးအထူးမထားခဲ့ပေ။ ထိုစဉ်က ပြင်သစ်ပိုင် လူဝီစီယားနားသည် ယနေ့ခေတ်လူဝီစီယားနားပြည်နယ်သာမက အာကန်ဆက်၊ အိုကလာဟိုးမား၊ ကန်ဆပ်၊ မစ်ဆိုရီ၊ ကော်လိုရာဒို၊ ဝိုင်အိုမင်း၊ မြောက်နှင့် တောင်ဒါကိုတာ၊ မင်နီဆိုတာ၊ အိုင်အိုဝါ၊ မွန်တားနား၊ နီဘရားစကား၊ တက္ကဆက်၊ နယူးမက္ကဆီကိုနှင့် ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအချို့အထိ ကျယ်ပြန့်သည်။ သို့သော်လည်း နယူးအော်လင်းမြို့မှအပ ကျန်နေရာများတွင် ပြင်သစ်လူမျိုးများကိုရှာဖွေတွေ့ရှိရန်ခက်ခဲခဲ့သည်။

၁၇၆၃ ခုနှစ်၌ ခုနစ်နှစ်စစ်ပွဲ (Seven Years’ Warအပြီးတွင် ပြင်သစ်ကလူဝီစီယားနားကို စပိန်ထံသို့ပေးအပ်လိုက်ရသည်။ စပိန်အုပ်ချုပ်ရေးသည် ပြင်သစ်အခြေချသူများကို နှိပ်ကွပ်ခြင်းမရှိဘဲ စနစ်တကျ အုပ်ချုပ်နိုင်ခဲ့သော်လည်း တိုင်းရင်းသားများမှအပ ဤကျယ်ပြန့်သော နယ်မြေကြီးမှာ လူသူကင်းစင်နေဆဲဖြစ်သည်။ လူမည်းများအပါအဝင် အခြေချနေထိုင်သူစုစုပေါင်းမှာ သောင်းဂဏန်းမျှသာရှိသည်။

၁၉ ရာစုအစောပိုင်းတွင် ဥရောပ၌ အပြောင်းအလဲများစွာဖြစ်ပေါ်သည်။ နပိုလီယံသည် ပြင်သစ်၏ ပင်လယ်ရပ်ခြားအင်ပါယာကို ပြန်အသက်သွင်းရန် လူဝီစီယားနားကို ပြန်လည်ထိန်းချုပ်သည်။ သို့သော် ဟေတီတွင် ပြင်သစ်အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်ကြိုးပမ်းမှုမှာ လူမည်းတော်လှန်ရေးသမားများနှင့် အပူပိုင်းဒေသရောဂါများကြောင့် ကျရှုံးခဲ့ရသည်။

ထိုအခြေအနေတွင် နပိုလီယံသည် လူဝီစီယားနားကိုဆက်လက်ထိန်းထားနိုင်မည်မဟုတ်ဘဲ အင်္ဂလိပ် သို့မဟုတ် အမေရိကန်တို့က အလွယ်တကူ သိမ်းပိုက်သွားမည်ကို သဘောပေါက်ခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မစ္စစ္စပီမြစ်ဝကိုထိန်းချုပ်ရန် လိုအပ်နေသော်

လည်း ပြင်သစ်၏ ရန်စမှုကို စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် သမ္မတ သောမတ်ဂျက်ဖာဆန် က လူဝီစီယားနားကိုဝယ်ယူရန် ပြင်သစ်နှင့် စတင်ညှိနှိုင်းသည်။

နပိုလီယံသည် ၎င်းအနေဖြင့် အမှန်တကယ်မလိုအပ်ဘဲ မထိန်းချုပ်နိုင်သော နယ်မြေကိုရောင်းချပြီးငွေသားအစစ်အမှန်ရရှိနိုင်မည့် အခွင့်အရေးကြီးအဖြစ် မြင်ခဲ့သည်။ ဂျက်ဖာဆန်နှင့် အမေရိကန်ဘက်က ကနဦးတွင် နယူးအော်လင်းနှင့် ပတ်ဝန်းကျင်ဒေသများကိုသာ ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူရန်ရည်ရွယ်ခဲ့သော်လည်း ပြင်သစ်ဘက်က ဒေါ်လာ ၁၅ သန်းဖြင့် ကနေဒါအထိကျယ်ပြန့်သော နယ်မြေအားလုံးကို ရောင်းချမည်ဟုအံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့သည်။ သို့သော် နယူးအော်လင်းမှအပ ကျန်နယ်မြေများမှာ တိုင်းရင်းသားများနေထိုင်ရာဒေသများကို သိမ်းပိုက်ခွင့်လိုင်စင်ရောင်းချခြင်းသာဖြစ်သည်။ ပြင်သစ်တို့သည် အဆိုပါဒေသများအပေါ် ထိန်းချုပ်မှုလုံးဝမရှိသလောက်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ထိုအရောင်းအဝယ်သည် မည်သည်ကိုဆိုလိုမှန်းမသိကြပေ။ လက်တွေ့တွင် အဆိုပါနယ်မြေကျယ်ကြီး၌ အခြေချနေထိုင်သူ၆၀၀၀၀ ခန့်သာ ရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုအရောင်းအဝယ်ကြီးပြီးမြောက်သွားချိန်တွင် အမေရိကန်၏နယ်နိမိတ်မှာ တစ်ညအတွင်း နှစ်ဆတိုးသွားသည်။ အမေရိကန်နိုင်ငံကို တည်ထောင်သူတစ်ဦးဖြစ်သည့်အပြင် ထိုစဉ်က ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးဖြစ်သည့် ရောဘတ်လစ်ဗင်းစတုန်းက “ကျွန်ုပ်တို့ အသက်ရှည်ရှည်နေခဲ့ရသော်လည်း ဤအလုပ်သည် ကျွန်ုပ်တို့တစ်သက်တာတွင် အမြင့်မြတ်ဆုံးအလုပ်ဖြစ်သည်... ယနေ့မှစ၍ အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံများကြားတွင်နေရာ ယူလိုက်ပြီဖြစ်သည် ဟု ထင်ရှားစွာ ကြေညာခဲ့သည်။

ဖလော်ရီဒါ - ဖိအားပေးပြီး ဝယ်ယူခြင်း

လူဝီစီယားနားကိစ္စတွင် နှစ်ဖက်စလုံးကျေနပ်ကြသော်လည်း ဖလော်ရီဒါကိစ္စတွင်မူ ရောင်းချသူဘက်က အထူးတလည် မပျော်ရွှင်ပေ။ စပိန်တို့သည် ဖလော်ရီဒါကို ၁၅၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်းထိုစဉ်က တန်ဖိုးမထားဘဲ စစ်စခန်းအဖြစ်သာ အသုံးပြုခဲ့သည်။ ၁၈ ရာစုတွင် ဗြိတိန်က ဖလော်ရီဒါကို သိမ်းယူသော်လည်း အမေရိကန်လွတ်လပ်ရေးစစ်ပွဲအတွင်း စပိန်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လူဝီစီယားနားကဲ့သို့ပင် ပိုင်ဆိုင်မှုရှိခြင်းသည် အုပ်ချုပ်နိုင်ခြင်းကိုမဆိုလိုပေ။

ထိုအတောအတွင်း အမေရိကန်အခြေချနေထိုင်သူများသည် ဖလော်ရီဒါသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာသည်။ နယ်စပ်တွင် ပဋိပက္ခများဖြစ်ပွားပြီး အမေရိကန်များက စပိန်မြေများကို ကျူးကျော်လာသဖြင့် ဖလော်ရီဒါသည် အမေရိကန်၊ တိုင်းရင်းသားများနှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေသော စစ်မြေပြင်ဖြစ်လာသည်။ စပိန်သည် ထိုကျူးကျော်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်းမရှိပေ။ ထို့ပြင် ၁၈၀၇ ခုနှစ်နှင့် ၁၈၁၄ခုနှစ်ကြားတွင် စပိန်သည် နပိုလီယံနှင့် ပြင်းထန်သောစစ်ပွဲအတွင်း ပိတ်မိနေခဲ့သည်။

စစ်ကြီးအပြီးတွင် စပိန်သည် ပျက်စီးယိုယွင်းနေပြီး ဆီမီနိုးအင်ဒီယန်းများ၏ တိုက်ခိုက်မှုကိုမကာကွယ်နိုင်တော့ပေ။ ဆီမီနိုးများကြောင့် စိတ်ပျက်နေသော အမေရိကန်တို့က ဖလော်ရီဒါ၏ နေရာအတော်များများကို သိမ်းပိုက်လိုက်ပြီး ထိုမြေမှာ စွန့်ပစ်ခံထားရသောမြေဖြစ်သည်ဟုဆိုခဲ့သည်။ စပိန်တို့က နယ်မြေကို ဒီအတိုင်းဆုံးရှုံးရမည့်အစား တစ်ခုခုရရှိလိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ကြသည်။ အမေရိကန်သည် ၎င်းတို့၏ကျူးကျော်မှုကြောင့် ဖြစ်ပေါ်ခဲ့သောပျက်စီးမှုများအတွက် လျော်ကြေးအဖြစ် စပိန်ကို ဒေါ်လာ ၅ သန်း တရားဝင်ပေးအပ်သည်။ ၁၈၁၉ ခုနှစ်တွင် စပိန်သည် ဖလော်ရီဒါကို ပေးအပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဗာဂျင်ကျွန်းစု - ရွှေနဲ့ ဝယ်ယူခြင်း

၁၉ ရာစုသည် ကိုလိုနီအင်ပါယာများ၏ခေတ်ဖြစ်သော်လည်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ၂၀ ရာစု ပထမကမ္ဘာစစ်အတွင်းမှ ဝယ်ယူခြင်းဖြစ်သည်။ ကာရေဘီယံပင်လယ်ကို ထိန်းချုပ်ရန်ကြိုးပမ်းမှုနှင့်ပတ်သက်သည့်အကြောင်းပြောလျှင် ဒိန်းမတ်ကို ပြေးမြင်မည်မဟုတ်ပေ။ ၁၆၇၂ ခုနှစ်တွင် ဒိန်းမတ်အနောက်အိန္ဒိယကုမ္ပဏီက စိန့်သောမတ်နှင့် စိန့်ဂျွန်ကျွန်းငယ်များကို သိမ်းပိုက်ခဲ့သည်။ ဒိန်းမတ်တို့သည် သကြားအတွက်လုပ်ငန်းများတည်ထောင်ပြီး ကျွန်လုပ်အားကို အသုံးပြုသည်။ သို့သော် ၁၉ ရာစုအလယ်ပိုင်းတွင် ကမ္ဘာ့သကြားဈေးကွက် ပြိုလဲသွားသဖြင့် ဒိန်းမတ်တို့က ဤပိုင်ဆိုင်မှုကို စွန့်လွှတ်ရန် စဉ်းစားကြသည်။ ထိုစဉ်က အမေရိကန်သည် စိန့်သောမတ်ဆိပ်ကမ်းကို ဝယ်ယူရန် စိတ်ဝင်စားသော်လည်း အရောင်းအဝယ် မဖြစ်ခဲ့ပေ။ အမေရိကန်သည် အလက်စကာကို ဝယ်ယူခြင်းက ပို၍တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဟုဆုံးဖြတ်ကာ ထိန်းသိမ်းရခက်ခဲသော ထိုမြောက်ပိုင်းနယ်မြေကို ရုရှားထံမှ ဝယ်ယူခဲ့သည်။ ထို့ကြောင့် ဗာဂျင်ကျွန်းစုသည် ၂၀ ရာစုအထိ ဒိန်းမတ်လက်အောက်တွင် ကျန်ရှိနေခြင်းဖြစ်သည်။

ပထမကမ္ဘာစစ်အတွင်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကိုဝယ်ယူရန် ပြန်လည်စဉ်းစားသည်။ ဂျာမနီက ဒိန်းမတ်ကိုသိမ်းပိုက်ပြီး ထိုကျွန်းများကိုရေငုပ်သင်္ဘောအခြေစိုက်စခန်းအဖြစ်အသုံးပြုမည်ကို စိုးရိမ်သည်ဟု အမေရိကန်ကအကြောင်းပြသည်။ ထို့ကြောင့် အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ဝယ်ယူရန်ဆုံးဖြတ်ပြီးဒိန်းမတ်ကလည်း ငြင်းပယ်ရန်ခက်ခဲသော ကမ်းလှမ်းမှုကို ရရှိသည်။

အမေရိကန်သမ္မတဝုရိုးဝီဆင်က ဒိန်းမတ်အနေဖြင့် ထိုကျွန်းများကို မရောင်းချပါက ဂျာမန်လက်ထဲသို့ မရောက်စေရန် အမေရိကန်ကသိမ်းပိုက်မည်ဟု ပြတ်သားစွာသတိပေးခဲ့သည်။ ထို့နောက် ဝီဆင်သည်ဒိန်းမတ်ရင်ဆိုင်နေရသော ဖိအားကိုလျော့ပါးစေရန် ဒိန်းမတ်၏တစ်နှစ်တာဘတ်ဂျက် ထက်ဝက်ခန့်ရှိသောဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ ရွှေများပေးမည်ဟု ကမ်းလှမ်းကာ အပေးအယူကို မြှင့်တင်ခဲ့သည်။

ကနဦးတွင် ဒိန်းမတ်အစိုးရက တွန့်ဆုတ်နေသော်လည်း ထိုကျွန်းများသည် အကောင်းနည်းဖြင့်ဖြစ်စေ၊ အဆိုးနည်းဖြင့်ဖြစ်စေ အမေရိကန်နိုင်ငံ၏လက်အောက်သို့ ရောက်လာစေမည်ဖြစ်ကြောင်း အမေရိကန်ကရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ ထို့ကြောင့် ဒိန်းမတ်အစိုးရသည် လူထုဆန္ဒခံယူပွဲပြုလုပ်ကာ ကျွန်းများကို အမေရိကန်အစိုးရထံသို့လွှဲပြောင်းပေးခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတွင်လည်း အမေရိကန်သည် ဂရင်းလန်းကျွန်းကိုဝယ်ယူရန်  ကြိုးပမ်းဖူးခြင်းဖြစ်သည်။   ထိုကဲ့သို့  ကမ်းလှမ်းလာမှုကို ဒိန်းမတ်က ငြင်းပယ်ခဲ့သော်လည်း အဆိုပါ

နေရာတွင်   အမေရိကန်စစ်စခန်းများ တည်ဆောက်ခွင့်ရခဲ့သည်။ တစ်ကြိမ်တွင် နျူကလီးယားလက်နက်တင်ဆောင်လာသော   ဗုံးကြဲလေယာဉ်တစ်စင်းသည် ဂရင်းလန်းကျွန်းတွင်   ပျက်ကျခဲ့သော်လည်း အဆိုပါအချက်ကို ဒိန်းမတ်လူထုမသိအောင် ဖုံးကွယ်ထားခဲ့သည်။

ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များသည် ယခင်ကမရှိခဲ့ဖူးသော၊ ယခုမှဖြစ်ပေါ်လာသော အရာများမဟုတ်သည်ကို တွေ့ရှိရသည်။ အမေရိကန်သည် နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် ဝယ်ယူမှုများမှတစ်ဆင့်နယ်နိမိတ်ကိုချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။

တစ်ခါတစ်ရံ ရောင်းချသူဘက်က အဝေးရောက်နယ်မြေ သို့မဟုတ် သူတို့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ပိုင်ဆိုင်မှုကိုစွန့်လွှတ်ရ၍ စိတ်သက်သာရာရခဲ့သည်လည်းရှိသကဲ့သို့ တစ်ခါတစ်ရံတွင် ဖိအားပေးမှုနှင့် မဟာဗျူဟာမြောက်မညီမျှမှုများကြောင့် သဘောတူခဲ့ကြရသည်များလည်းရှိသည်။ အရောင်းအဝယ်မှတစ်ဆင့် နယ်မြေချဲ့ထွင်ခြင်းသည် အမေရိကန်နိုင်ငံ၏သမိုင်းတွင် ခြွင်းချက်မဟုတ်ဘဲ ထပ်ခါတလဲလဲအသုံးပြုခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။

ယခုအချိန်တွင်လည်း ဂရင်းလန်းအပေါ် ထရမ့်၏စိတ်ဝင်စားမှုသည် အဆိုပါသမိုင်းဝင်ပုံစံခွက်အတွင်းသို့    အတိအကျပင်ကျရောက်နေသည်။ ၎င်း၏ရှေ့ဆောင်များကဲ့သို့ပင် သူသည်လည်း အမေရိကန်၏မဟာဗျူဟာမြောက်ခြေရာကို ချဲ့ထွင်လိုသည့်ပြယုဂ်တစ်ခုကို စိတ်ဝင်စားနေပုံရသည်။

ယင်းအတွက် ဒိန်းမတ်နိုင်ငံအကျပ်အတည်းနှင့်ရင်ဆိုင်ရမည့်အချိန်ကိုစောင့်ဆိုင်းပြီး အမေရိကန်အစိုးရက ငွေအိတ်အပြည့်ဖြင့် သွားရောက်ကမ်းလှမ်းခြင်းသည် ပိုကောင်းသည့်အကြံဉာဏ်ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်အထိစောင့်ရန်မှာ ကြာမြင့်နိုင်ပြီးစိတ်ရှည်သည်းခံခြင်းမှာ ထရမ့်၏အားသာချက်မဟုတ်သည်ကတော့ သေချာသည်။

သို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ်ကြီးမားလှသောနယ်မြေပိုင်နက်တစ်ခုကိုငွေပေး၍ ဝယ်ယူနိုင်မည်လား၊ ဝယ်ယူ၍မရနိုင်ဘူးလား ဆိုသည့်မေးခွန်းကို ပြန်ဖြေရမည်ဆိုလျှင် ငွေပေး၍လည်းဝယ်နိုင်သလို ပဋိပက္ခများကြားတွင် ဖိအားပေး၍လည်း ရယူသွားနိုင်မည်ပင် ဖြစ်သည်။ အခုအချိန်အတွက် အသေချာဆုံးကတော့ ဖိအားပေး၍     ရယူခြင်းသာဖြစ်လာနိုင်သည်ဟု ရေးသားတင်ပြလိုက်ရပါသည်။   ။ 

Ref: RT

ကမ္ဘာ့ခေါင်းဆောင်များ အဘယ်ကြောင့် ဘေဂျင်းသို့ဦးတည်နေကြသနည်း
-
ယနေ့ကာလတွင် ဘေဂျင်းသို့ပျံသန်းသည့် လေယာဉ်ခရီးစဉ်များသည် ကမ္ဘာ့ခေါင်းဆောင်များနှင့် ရုတ်တရက် ပြည့်နှက်နေခြင်းမှာ အလွန်ထူးခြား သည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက စပိန်နိုင်ငံဘုရင် ဖိလစ် (၆)၏ ခရီးစဉ်မှ စတင် ကာ ပြင်သစ်၊ အိုင်ယာလန်၊ ကိုရီးယား၊ ကနေဒါ၊ ဖင်လန်နှင့် ဗြိတိန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့ကြသည်။ အနောက်နိုင်ငံများ၏ “Five Eyes” လုံခြုံရေးမဟာမိတ် ငါးနိုင်ငံအနက် လေးနိုင်ငံထိ တရုတ် နိုင်ငံသို့ တစ်လှည့်စီရောက်ရှိခဲ့ကြသည်။ အချို့က ဤဖြစ်စဉ်ကို ဆက်ဆံရေးများ အေးခဲမှုပျော်ကျလာ ခြင်းဟု ရှုမြင်ကြသော်လည်း အချို့ကမူ အမေရိကန်နှင့် ညှိနှိုင်းရာတွင် အသာစီးရရန် တရုတ်ကို အသုံးချနေခြင်းဟု စိုးရိမ်မှုများလည်း ရှိသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် စားပွဲပေါ်တွင် တည်ခင်းခံရသည့် ဟင်းလျာဖြစ်နေသလော သို့မဟုတ် အတူတကွဆွေးနွေးဆုံးဖြတ်မည့် ဝိုင်းတော်သားလောဆိုသည်ကို မေးခွန်းထုတ်ရန်လိုအပ်နေသည်။ ဤလှိုင်းလုံးကြီး၏နောက်ကွယ်မှ တွန်းအားများကို သေချာစွာစိစစ်ကြည့်ရန် လိုအပ်နေသည်မှာ လည်း အမှန်ပင်ဖြစ်သည်။ ခေါင်းဆောင်များဘာကြောင့် ခုလိုအလုအယက်လာနေကြသလဲဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ဤခရီးစဉ်များသည် ကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းသစ်တစ်ခု၏ အစပျိုးမှုအဖြစ်သတ်မှတ်ရန်ဖြစ်သည်။ အမှန်မှာ ဤခရီးစဉ်လှိုင်းလုံးကြီးမှာ (၂၁) ရာစုတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်းကို ကမ္ဘာကြီးအား သက်သေပြနေသည့်အမှတ်အသားတစ်ခုဖြစ်သည်။ ယခင် ရာစုနှစ်များစွာက တရုတ်နိုင်ငံမှာ ကမ္ဘာ့အခြေအနေများကို လက်ခံသူအဆင့်၌သာ ရှိခဲ့သော်လည်း ယနေ့ တွင်မူ စည်းမျဉ်းများနှင့် ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ဖန်တီးသူဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်များသည် နှစ်နိုင်ငံစီးပွားရေးကိစ္စရပ်များအတွက်သာ လာနေကြခြင်းမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို စတင်မိတ်ဆက်ရန် တရုတ်နိုင်ငံကို ဗဟိုချက်အဖြစ်ရွေးချယ်လာကြခြင်းဖြစ်သည်။ ယခင်က အင်အားကြီးရန် အစုလိုက်အပြုံလိုက် သေစေနိုင်သည့် လက်နက်များ လိုအပ်သော်လည်း ယခုခေတ်တွင်မူ အစုလိုက်အပြုံလိုက် ချိတ်ဆက်နိုင်စွမ်းကသာ ပိုမို အရေးကြီးလာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှာ စက်မှုတော်လှန်ရေးနှင့် AI တော်လှန်ရေးကို တစ်ပြိုင်နက်တည်း ဖြတ်သန်းနေပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားစုဖြစ်လာတော့မည်ကို အားလုံးက ကောင်းစွာသိရှိနေကြပြီဖြစ်သည်။ အနောက်နိုင်ငံများမှခေါင်းဆောင်များသည် ဤအချက်ကို သိနားလည်သောကြောင့်သာ ဘေဂျင်းသို့ အရောက်လာကြခြင်းဖြစ်ခြင်းမှာလည်း အမှန်ပင်ဖြစ်သည်။ တရုတ်၏ ဩဇာအာဏာမှာ ယခင်ကထက် ပိုမိုကျယ်ပြန့်လာနေပြီဆိုသည်မှာ ငြင်း၍မရသောအချက်ပင် ဖြစ်နိုင်ပါသည်။ ဤပြောင်းလဲမှုမှာ ကမ္ဘာ့သမိုင်း၏ အရေးကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်သည်။ ဥရောပနှင့် အနောက်နိုင်ငံများသည် တရုတ်နိုင်ငံအပေါ် ထားရှိသည့်စိတ်နေစိတ်ထားများ သိသိသာသာပြောင်းလဲလာမှုကြောင့် ဆက်ဆံရေးအဆင့် သစ်တစ်ခုသို့ ရောက်ရှိနေပြီဟုယူဆနိုင်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များက တရုတ်ကို ကမ္ဘာ့ပြဿနာများ၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ခဲ့ကြသော် လည်း ယနေ့တွင်မူ စိန်ခေါ်မှုများအတွက်အရေးကြီးသော ဖြေရှင်းချက်အဖြစ် အသိအမှတ်ပြုလာရခြင်း ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့်ယှဉ်လျှင် တရုတ်သည် ကမ္ဘာ့စီးပွားရေးကိုထောက်ပံ့ရန် ပိုမိုအပြုသဘောဆောင်သည့်အခန်းကဏ္ဍမှပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာစနစ်ကို ဆက်လက်ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။ အနောက်နိုင်ငံများသည် တရုတ်နှင့် အမေရိကန်ကြားတွင် ပြန်လည်မျှခြေညှိရန်နှင့် ၎င်းတို့၏ သံတမန်ရေး၊ စီးပွားရေးနယ်ပယ်များကို ချဲ့ထွင်ရန်အတွက် တရုတ်နိုင်ငံဆီသို့ မဖြစ်မနေ လာရောက်နေကြရခြင်းဖြစ်သည်။ ဤအချက်သည် အမေရိကန်၏ မတူညီသောမူဝါဒများနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ဥရောပနိုင်ငံများအတွက် ကြီးမားသည့်တွန်းအားတစ်ရပ်ဖြစ်လာခဲ့သည်။ ဤသံတမန်ရေးရာကစားကွက်များကို အနီးကပ်စောင့်ကြည့်ရမည်ဖြစ်သည်။ ဥရောပ၏ ဗျူဟာမှာ အမေရိကန်အပေါ် မှီခိုမှုလျှော့ချရေးဘက်သို့ သိသိ သာသာယိမ်းလာနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ဤအပြောင်းအလဲမှာ ဥရောပ၏ အနာဂတ်အတွက် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်သည်။ လက်ရှိ အမေရိကန်တွင် ဖြစ်ပျက်နေသည့် အခြေအနေများ၏ ရောင်ပြန်ဟပ်မှုကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် တရုတ်နိုင်ငံဆီသို့ ဦးတည်လာရခြင်းဖြစ်သည်ဟုလည်း သုံးသပ်နိုင်သည်။ အမေရိကန်မှာ ပိုမိုကာကွယ်ရေးဝါဒဆန်လာပြီး ဥရောပအပေါ် အခွန်တိုးကောက်ရန် ကြိုးပမ်းလာခြင်းက ဥရောပ ခေါင်းဆောင်များကို အခြားအစားထိုးစရာ ဈေးကွက်များရှာဖွေရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအရ ဥရောပ ကော်မရှင်ကတရုတ်ကို စနစ်ပိုင်းဆိုင်ရာ ပြိုင်ဘက်ဟုသတ်မှတ်ထားဆဲဖြစ်သော်လည်း စီးပွားရေးအရမူ တရုတ်၏ အင်အားကြီးမားသောဈေးကွက်ကို လျစ်လျူရှုရန် မဖြစ်နိုင်တော့ခြင်း ဖြစ်သည်။ ဥရောပ၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်၏ စနစ်ကို ၎င်းတို့စိတ်ကြိုက်ပြောင်းလဲလိုသည့် အာဏာရှင်ဆန်သော အတွေးအခေါ်များအပေါ် အခြေခံနေဆဲဖြစ်ခြင်းမှာ အလွန်ရယ်စရာကောင်းလှသည့်အချက်ဖြစ်သည်။ ကမ္ဘာ့အထိုင်သည် ဝင်ရိုးစုံကမ္ဘာဆီသို့ ဦးတည် ရွေ့လျားနေပြီဖြစ်ကြောင်းကို သက်သေပြနေသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ ကျွန်တော်တို့သည် အင်အားကြီးနိုင်ငံတစ်ခုတည်းက လွှမ်းမိုးထားသည့်ခေတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်ခြင်းမှာလည်း အရှိတရားဖြစ်သည်။ ဥရောပအနေဖြင့် လက်တွေ့ ကျသောလမ်းစဉ်ကို ရွေးချယ်ရန်အချိန်တန်ပြီ ဆိုသည်မှာလည်း အမှန်တရားဖြစ်သည်။ ဤခရီးစဉ်များသည် ၎င်းတို့၏ စီးပွားရေးရှင်သန်မှုအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။အနောက်နိုင်ငံများ၏ ယခုလုပ်ရပ်များသည် အမေရိကန်အပေါ် အားကိုး၍ မရတော့သည့်အပေါ် တုံ့ပြန်သည့် ရှုပ်ထွေးမှုတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် အတွေးအခေါ်ချင်း မတူညီသော်လည်း အလွန်တည်ငြိမ်ပြီး တိုးတက်နေသည့်တရုတ်နိုင်ငံဆီသို့ ပိုက်ဆံအတွက်ကြောင့်သာ အဓိကလာရောက်နေကြခြင်းဖြစ်နိုင်သည်။ သမ္မတထရမ့် ဒုတိယအကြိမ် ရွေးကောက်ခံရခြင်းသည် အမေရိကန်၏လမ်းကြောင်း လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်းကို ပြသလိုက်သဖြင့် ၎င်းတို့မှာ အမေရိကန်၏ ဘေးထွက်ဆိုးကျိုးမှ ကင်းဝေးရန် ကြိုးစားလာရခြင်းလည်းဖြစ်သည်။ သို့သော် ဥရောပ သံအမတ်အချို့၏ ပြောကြားချက်များအရ ၎င်းတို့၏စိတ်ထဲတွင် ကိုလိုနီခေတ်ကဲ့သို့ ဆရာလုပ်လိုသည့်စိတ်နေစိတ်ထားများ ကိန်းအောင်း နေဆဲဖြစ်ကြောင်း တွေ့နေရဆဲဖြစ်သည်။ တရုတ်ပြည်သူများကမူ ၎င်းတို့အား ပိုက်ဆံရှာရန်အတွက်တင်မဟုတ်ဘဲ စစ်မှန်သောလေးစားမှုဖြင့် တန်းတူဆက်ဆံရန်နှင့် အရှိတရားကိုပြောင်းလဲရှုမြင်ရန် ပြတ်ပြတ်သားသား တောင်းဆိုနေကြသည်။ ဤကဲ့သို့သော စိတ်နေစိတ်ထား အတားအဆီးများကို ကျော် လွှားရန် လိုအပ်နေခြင်းမှာလည်း သေချာသည်။ အပြန်အလှန်လေးစားမှုမရှိဘဲ ခိုင်မာသောဆက်ဆံရေး တည်ဆောက်ရန် မဖြစ်နိုင်ခြင်းမှာလည်း အမှန်တရားဖြစ်သည်။ အနောက်နိုင်ငံများ၏ မာနမှာ ၎င်းတို့၏ တိုးတက်မှုကို ဟန့်တားနေသည့်အရာတစ်ခုဖြစ်သည်။အနောက်နိုင်ငံများအနေဖြင့် ဤအေးခဲနေသည့် ဆက်ဆံရေးများမှ သင်ခန်းစာယူသင့်သည့် ပထမဆုံးအချက်မှာ စိတ်ကူးယဉ်မှုနှင့် လက်တွေ့ဘဝကို ခွဲခြား မြင်တတ်ရန်ဖြစ်သည်။ အမေရိကန် အပေါ် အလွန်အမင်း မှီခိုပြီး တရုတ်ကို အဆိုးမြင်နေမည့်အစား တရုတ်၏အပြုသဘောဆောင်သည့် ပံ့ပိုးမှုများကို မြင်အောင်ကြည့်သင့်သည့်အချိန်ရောက်နေပြီဖြစ်သည်။ ဒုတိယအချက်မှာ စီးပွားရေးနှင့် ကုန်သွယ်ရေးကို နိုင်ငံရေးအလွန်အမင်း မလုပ်ရန်ဖြစ်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်ခြင်းမှာ ၎င်းတို့၏ စီးပွားရေးကိုသာ ထိခိုက်စေမည်ဖြစ်သည်။ နောက်ဆုံးအချက်မှာ တရုတ်နိုင်ငံ၏ အရှိတရားကို မျက်စိဖွင့်ကြည့်ရန်ဖြစ်ပြီး တရုတ်သည် အခြား အင်အားကြီးနိုင်ငံများနှင့် မတူဘဲ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုတွင် ကောင်းမွန်သည့်ပြောင်းလဲမှုများ ပေးလိုခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အမြဲတမ်း နိုင်ငံတကာဆက်ဆံရေးကို ဒီမိုကရေစီ နည်းကျ စေရန်နှင့် အားလုံးတန်းတူ နေရာရရှိစေရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။ ဤမူဝါဒများသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်များဖြစ်နေခြင်းမှာလည်း ထင်ရှားသည့် အချက်ဖြစ်သည်။ ကျွန်တော်တို့သည် အစွဲများကိုဖယ်ရှားပြီး ပူးပေါင်းဆောင်ရွက်မှုကို ရှေ့တန်းတင်ရ မည်ဖြစ်ခြင်းမှာလည်း အရေးကြီးသည့်လမ်းစဉ်ဖြစ်နိုင်ပါသည်။ ဤသင်ခန်းစာများကို မှတ်သားထားခြင်းက အမှားများကို ရှောင်ရှားနိုင်စေမည်ဖြစ်သည်။ အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးမှာ ရွှေခေတ်မှသည် ရေခဲခေတ်သို့ ရောက်ရှိခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ကျသော ခေတ်သစ်တစ်ခုသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ စီးပွားရေးအရ အကျပ်ရိုက်လာချိန်တွင် လူသည် သိသိသာသာ နှိမ့်ချတတ်လာသလို မျိုးဥရောပ သည်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် တရုတ်နှင့်ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုလားလာရခြင်း ဖြစ်သည်။ ကြောင်းကျိုးဆက်စပ်မှုအရရော၊ နိုင်ငံရေးအရပါ ရေခဲများပျော်ကျသွားပြီဖြစ်သော်လည်း ယခင်ကဲ့သို့ ရွှေခေတ်သို့ ချက်ချင်းပြန်ရောက်ရန်မှာမူ အချိန်ယူရဦးမည်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ သည် အနောက်အင်အားကြီးများ ရှေ့တွင် ဝပ်တွားသွားမည့် နိုင်ငံမျိုးမဟုတ်ဘဲ ၎င်း၏ ထူးခြားသည့် အခန်းကဏ္ဍဖြင့် ကမ္ဘာ့ကြီးကို ဆက်လက်ဦးဆောင်နေမည်သာဖြစ်သည်။ ဥရောပနိုင်ငံများအနေဖြင့် မာနများကို ဘေးဖယ်ထားပြီး တရုတ်နိုင်ငံဆီမှ သင်ယူရန်နှင့် အပြန် အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်သာလျှင် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ဤခေတ်သစ် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်သင့်သည့် အနေအထားဖြစ်သည်။ တရုတ်၏ဖွံ့ဖြိုးမှုမှာ ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများ သယ်ဆောင်လာမည်ဖြစ်ခြင်းမှာလည်း ယုံကြည်စိတ်ချရသည့်အချက်ပင် ဖြစ်သည်။ ဤခရီးစဉ်များသည် ဆက်ဆံရေးသစ်၏ အစပြုခြင်းဖြစ်နိုင်သည်။ နိဂုံးချုပ်ရပါက ဒီမိုကရေစီ ဟုတ်မဟုတ်ဆိုသည့် ကျဉ်းမြောင်းသော တန်ဖိုးသတ်မှတ်ချက်များ မှရုန်းထွက်ပြီး ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုနှင့် ဘက်စုံစနစ်ကို ပိုမိုအာရုံစိုက်ရန် လိုအပ်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏အမြင်အရ မည်သူမျှ ဟင်းလျာမဖြစ်စေရဘဲ နိုင်ငံအားလုံးသည် ဝိုင်းတော်သားအဖြစ် တန်းတူရည်တူထိုင်နိုင်ရမည်ဟူသောမူဝါဒကို ကိုင်စွဲထားခြင်းဖြစ်သည်။ ဤသို့သော နိုင်ငံတကာ ဆက်ဆံရေး ဒီမိုကရေစီစနစ်သည်သာလျှင် ကမ္ဘာ့နိုင်ငံများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ဆွဲဆောင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အတိတ်က အစွဲအလမ်းများနှင့်မာနများကို စွန့်လွှတ်ကာ မျက်စိဖွင့်ကြည့်ခြင်းဖြင့် ခေတ်သစ်၏ အရှိတရားကို မှန်ကန်စွာရင်ဆိုင်ကြရန် အလွန်အရေးကြီးသည်။ အားလုံးတန်းတူညီမျှသည့် ကမ္ဘာကြီးကို အတူတူ တည်ဆောက်ကြရမည်ဆိုသည်မှာလည်း အဓိကတာဝန်ဖြစ်သည်။ အရှိတရားကို လက်ခံခြင်းကသာ အောင်မြင်မှု၏ လမ်းစဖြစ်သည် ဆိုသည်ကို အထူးမှတ်သားရန် လိုနေပြီဖြစ်သည်။Np news

ယနေ့ကာလတွင် ဘေဂျင်းသို့ပျံသန်းသည့် လေယာဉ်ခရီးစဉ်များသည် ကမ္ဘာ့ခေါင်းဆောင်များနှင့် ရုတ်တရက် ပြည့်နှက်နေခြင်းမှာ အလွန်ထူးခြား သည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက စပိန်နိုင်ငံဘုရင် ဖိလစ် (၆)၏ ခရီးစဉ်မှ စတင် ကာ ပြင်သစ်၊ အိုင်ယာလန်၊ ကိုရီးယား၊ ကနေဒါ၊ ဖင်လန်နှင့် ဗြိတိန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့ကြသည်။ အနောက်နိုင်ငံများ၏ “Five Eyes” လုံခြုံရေးမဟာမိတ် ငါးနိုင်ငံအနက် လေးနိုင်ငံထိ တရုတ် နိုင်ငံသို့ တစ်လှည့်စီရောက်ရှိခဲ့ကြသည်။ အချို့က ဤဖြစ်စဉ်ကို ဆက်ဆံရေးများ အေးခဲမှုပျော်ကျလာ ခြင်းဟု ရှုမြင်ကြသော်လည်း အချို့ကမူ အမေရိကန်နှင့် ညှိနှိုင်းရာတွင် အသာစီးရရန် တရုတ်ကို အသုံးချနေခြင်းဟု စိုးရိမ်မှုများလည်း ရှိသည်။ 
ထို့ကြောင့် တရုတ်နိုင်ငံသည် စားပွဲပေါ်တွင် တည်ခင်းခံရသည့် ဟင်းလျာဖြစ်နေသလော သို့မဟုတ် အတူတကွဆွေးနွေးဆုံးဖြတ်မည့် ဝိုင်းတော်သားလောဆိုသည်ကို မေးခွန်းထုတ်ရန်လိုအပ်နေသည်။ ဤလှိုင်းလုံးကြီး၏နောက်ကွယ်မှ တွန်းအားများကို သေချာစွာစိစစ်ကြည့်ရန် လိုအပ်နေသည်မှာ လည်း အမှန်ပင်ဖြစ်သည်။ ခေါင်းဆောင်များဘာကြောင့် ခုလိုအလုအယက်လာနေကြသလဲဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ဤခရီးစဉ်များသည် ကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းသစ်တစ်ခု၏ အစပျိုးမှုအဖြစ်သတ်မှတ်ရန်ဖြစ်သည်။ 
အမှန်မှာ ဤခရီးစဉ်လှိုင်းလုံးကြီးမှာ (၂၁) ရာစုတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်းကို ကမ္ဘာကြီးအား သက်သေပြနေသည့်အမှတ်အသားတစ်ခုဖြစ်သည်။ ယခင် ရာစုနှစ်များစွာက တရုတ်နိုင်ငံမှာ ကမ္ဘာ့အခြေအနေများကို လက်ခံသူအဆင့်၌သာ ရှိခဲ့သော်လည်း ယနေ့ တွင်မူ စည်းမျဉ်းများနှင့် ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ဖန်တီးသူဖြစ်လာခဲ့ခြင်းဖြစ်သည်။ 
ကမ္ဘာ့ခေါင်းဆောင်များသည် နှစ်နိုင်ငံစီးပွားရေးကိစ္စရပ်များအတွက်သာ လာနေကြခြင်းမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို စတင်မိတ်ဆက်ရန် တရုတ်နိုင်ငံကို ဗဟိုချက်အဖြစ်ရွေးချယ်လာကြခြင်းဖြစ်သည်။ ယခင်က အင်အားကြီးရန် အစုလိုက်အပြုံလိုက် သေစေနိုင်သည့် လက်နက်များ လိုအပ်သော်လည်း ယခုခေတ်တွင်မူ အစုလိုက်အပြုံလိုက် ချိတ်ဆက်နိုင်စွမ်းကသာ ပိုမို အရေးကြီးလာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှာ စက်မှုတော်လှန်ရေးနှင့် AI တော်လှန်ရေးကို တစ်ပြိုင်နက်တည်း ဖြတ်သန်းနေပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားစုဖြစ်လာတော့မည်ကို အားလုံးက ကောင်းစွာသိရှိနေကြပြီဖြစ်သည်။ အနောက်နိုင်ငံများမှခေါင်းဆောင်များသည် ဤအချက်ကို သိနားလည်သောကြောင့်သာ ဘေဂျင်းသို့ အရောက်လာကြခြင်းဖြစ်ခြင်းမှာလည်း အမှန်ပင်ဖြစ်သည်။ တရုတ်၏ ဩဇာအာဏာမှာ ယခင်ကထက် ပိုမိုကျယ်ပြန့်လာနေပြီဆိုသည်မှာ ငြင်း၍မရသောအချက်ပင် ဖြစ်နိုင်ပါသည်။ ဤပြောင်းလဲမှုမှာ ကမ္ဘာ့သမိုင်း၏ အရေးကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်သည်။ 
ဥရောပနှင့် အနောက်နိုင်ငံများသည် တရုတ်နိုင်ငံအပေါ် ထားရှိသည့်စိတ်နေစိတ်ထားများ သိသိသာသာပြောင်းလဲလာမှုကြောင့် ဆက်ဆံရေးအဆင့် သစ်တစ်ခုသို့ ရောက်ရှိနေပြီဟုယူဆနိုင်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များက တရုတ်ကို ကမ္ဘာ့ပြဿနာများ၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ခဲ့ကြသော် လည်း ယနေ့တွင်မူ စိန်ခေါ်မှုများအတွက်အရေးကြီးသော ဖြေရှင်းချက်အဖြစ် အသိအမှတ်ပြုလာရခြင်း ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့်ယှဉ်လျှင် တရုတ်သည် ကမ္ဘာ့စီးပွားရေးကိုထောက်ပံ့ရန် ပိုမိုအပြုသဘောဆောင်သည့်အခန်းကဏ္ဍမှပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာစနစ်ကို ဆက်လက်ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။ အနောက်နိုင်ငံများသည် တရုတ်နှင့် အမေရိကန်ကြားတွင် ပြန်လည်မျှခြေညှိရန်နှင့် ၎င်းတို့၏ သံတမန်ရေး၊ စီးပွားရေးနယ်ပယ်များကို ချဲ့ထွင်ရန်အတွက် တရုတ်နိုင်ငံဆီသို့ မဖြစ်မနေ လာရောက်နေကြရခြင်းဖြစ်သည်။ ဤအချက်သည် အမေရိကန်၏ မတူညီသောမူဝါဒများနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ဥရောပနိုင်ငံများအတွက် ကြီးမားသည့်တွန်းအားတစ်ရပ်ဖြစ်လာခဲ့သည်။ 
ဤသံတမန်ရေးရာကစားကွက်များကို အနီးကပ်စောင့်ကြည့်ရမည်ဖြစ်သည်။ ဥရောပ၏ ဗျူဟာမှာ အမေရိကန်အပေါ် မှီခိုမှုလျှော့ချရေးဘက်သို့ သိသိ သာသာယိမ်းလာနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ဤအပြောင်းအလဲမှာ ဥရောပ၏ အနာဂတ်အတွက် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်သည်။ လက်ရှိ အမေရိကန်တွင် ဖြစ်ပျက်နေသည့် အခြေအနေများ၏ ရောင်ပြန်ဟပ်မှုကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် တရုတ်နိုင်ငံဆီသို့ ဦးတည်လာရခြင်းဖြစ်သည်ဟုလည်း သုံးသပ်နိုင်သည်။ အမေရိကန်မှာ ပိုမိုကာကွယ်ရေးဝါဒဆန်လာပြီး ဥရောပအပေါ် အခွန်တိုးကောက်ရန် ကြိုးပမ်းလာခြင်းက ဥရောပ ခေါင်းဆောင်များကို အခြားအစားထိုးစရာ ဈေးကွက်များရှာဖွေရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအရ ဥရောပ ကော်မရှင်ကတရုတ်ကို စနစ်ပိုင်းဆိုင်ရာ ပြိုင်ဘက်ဟုသတ်မှတ်ထားဆဲဖြစ်သော်လည်း စီးပွားရေးအရမူ တရုတ်၏ အင်အားကြီးမားသောဈေးကွက်ကို လျစ်လျူရှုရန် မဖြစ်နိုင်တော့ခြင်း ဖြစ်သည်။ ဥရောပ၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်၏ စနစ်ကို ၎င်းတို့စိတ်ကြိုက်ပြောင်းလဲလိုသည့် အာဏာရှင်ဆန်သော အတွေးအခေါ်များအပေါ် အခြေခံနေဆဲဖြစ်ခြင်းမှာ အလွန်ရယ်စရာကောင်းလှသည့်အချက်ဖြစ်သည်။ 
ကမ္ဘာ့အထိုင်သည် ဝင်ရိုးစုံကမ္ဘာဆီသို့ ဦးတည် ရွေ့လျားနေပြီဖြစ်ကြောင်းကို သက်သေပြနေသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ ကျွန်တော်တို့သည် အင်အားကြီးနိုင်ငံတစ်ခုတည်းက လွှမ်းမိုးထားသည့်ခေတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်ခြင်းမှာလည်း အရှိတရားဖြစ်သည်။ ဥရောပအနေဖြင့် လက်တွေ့ ကျသောလမ်းစဉ်ကို ရွေးချယ်ရန်အချိန်တန်ပြီ ဆိုသည်မှာလည်း အမှန်တရားဖြစ်သည်။ ဤခရီးစဉ်များသည် ၎င်းတို့၏ စီးပွားရေးရှင်သန်မှုအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။
အနောက်နိုင်ငံများ၏ ယခုလုပ်ရပ်များသည် အမေရိကန်အပေါ် အားကိုး၍ မရတော့သည့်အပေါ် တုံ့ပြန်သည့် ရှုပ်ထွေးမှုတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် အတွေးအခေါ်ချင်း မတူညီသော်လည်း အလွန်တည်ငြိမ်ပြီး တိုးတက်နေသည့်တရုတ်နိုင်ငံဆီသို့ ပိုက်ဆံအတွက်ကြောင့်သာ အဓိကလာရောက်နေကြခြင်းဖြစ်နိုင်သည်။ သမ္မတထရမ့် ဒုတိယအကြိမ် ရွေးကောက်ခံရခြင်းသည် အမေရိကန်၏လမ်းကြောင်း လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်းကို ပြသလိုက်သဖြင့် ၎င်းတို့မှာ အမေရိကန်၏ ဘေးထွက်ဆိုးကျိုးမှ ကင်းဝေးရန် ကြိုးစားလာရခြင်းလည်းဖြစ်သည်။ သို့သော် ဥရောပ သံအမတ်အချို့၏ ပြောကြားချက်များအရ ၎င်းတို့၏စိတ်ထဲတွင် ကိုလိုနီခေတ်ကဲ့သို့ ဆရာလုပ်လိုသည့်စိတ်နေစိတ်ထားများ ကိန်းအောင်း နေဆဲဖြစ်ကြောင်း တွေ့နေရဆဲဖြစ်သည်။ တရုတ်ပြည်သူများကမူ ၎င်းတို့အား ပိုက်ဆံရှာရန်အတွက်တင်မဟုတ်ဘဲ စစ်မှန်သောလေးစားမှုဖြင့် တန်းတူဆက်ဆံရန်နှင့် အရှိတရားကိုပြောင်းလဲရှုမြင်ရန် ပြတ်ပြတ်သားသား တောင်းဆိုနေကြသည်။ ဤကဲ့သို့သော စိတ်နေစိတ်ထား အတားအဆီးများကို ကျော် လွှားရန် လိုအပ်နေခြင်းမှာလည်း သေချာသည်။ အပြန်အလှန်လေးစားမှုမရှိဘဲ ခိုင်မာသောဆက်ဆံရေး တည်ဆောက်ရန် မဖြစ်နိုင်ခြင်းမှာလည်း အမှန်တရားဖြစ်သည်။ အနောက်နိုင်ငံများ၏ မာနမှာ ၎င်းတို့၏ တိုးတက်မှုကို ဟန့်တားနေသည့်အရာတစ်ခုဖြစ်သည်။
အနောက်နိုင်ငံများအနေဖြင့် ဤအေးခဲနေသည့် ဆက်ဆံရေးများမှ သင်ခန်းစာယူသင့်သည့် ပထမဆုံးအချက်မှာ စိတ်ကူးယဉ်မှုနှင့် လက်တွေ့ဘဝကို ခွဲခြား မြင်တတ်ရန်ဖြစ်သည်။ အမေရိကန် အပေါ် အလွန်အမင်း မှီခိုပြီး တရုတ်ကို အဆိုးမြင်နေမည့်အစား တရုတ်၏အပြုသဘောဆောင်သည့် ပံ့ပိုးမှုများကို မြင်အောင်ကြည့်သင့်သည့်အချိန်ရောက်နေပြီဖြစ်သည်။ ဒုတိယအချက်မှာ စီးပွားရေးနှင့် ကုန်သွယ်ရေးကို နိုင်ငံရေးအလွန်အမင်း မလုပ်ရန်ဖြစ်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်ခြင်းမှာ ၎င်းတို့၏ စီးပွားရေးကိုသာ ထိခိုက်စေမည်ဖြစ်သည်။ 
နောက်ဆုံးအချက်မှာ တရုတ်နိုင်ငံ၏ အရှိတရားကို မျက်စိဖွင့်ကြည့်ရန်ဖြစ်ပြီး တရုတ်သည် အခြား အင်အားကြီးနိုင်ငံများနှင့် မတူဘဲ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုတွင် ကောင်းမွန်သည့်ပြောင်းလဲမှုများ ပေးလိုခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အမြဲတမ်း နိုင်ငံတကာဆက်ဆံရေးကို ဒီမိုကရေစီ နည်းကျ စေရန်နှင့် အားလုံးတန်းတူ နေရာရရှိစေရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။ ဤမူဝါဒများသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်များဖြစ်နေခြင်းမှာလည်း ထင်ရှားသည့် အချက်ဖြစ်သည်။ ကျွန်တော်တို့သည် အစွဲများကိုဖယ်ရှားပြီး ပူးပေါင်းဆောင်ရွက်မှုကို ရှေ့တန်းတင်ရ မည်ဖြစ်ခြင်းမှာလည်း အရေးကြီးသည့်လမ်းစဉ်ဖြစ်နိုင်ပါသည်။ ဤသင်ခန်းစာများကို မှတ်သားထားခြင်းက အမှားများကို ရှောင်ရှားနိုင်စေမည်ဖြစ်သည်။ 
အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးမှာ ရွှေခေတ်မှသည် ရေခဲခေတ်သို့ ရောက်ရှိခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ကျသော ခေတ်သစ်တစ်ခုသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ စီးပွားရေးအရ အကျပ်ရိုက်လာချိန်တွင် လူသည် သိသိသာသာ နှိမ့်ချတတ်လာသလို မျိုးဥရောပ သည်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် တရုတ်နှင့်ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုလားလာရခြင်း ဖြစ်သည်။ ကြောင်းကျိုးဆက်စပ်မှုအရရော၊ နိုင်ငံရေးအရပါ ရေခဲများပျော်ကျသွားပြီဖြစ်သော်လည်း ယခင်ကဲ့သို့ ရွှေခေတ်သို့ ချက်ချင်းပြန်ရောက်ရန်မှာမူ အချိန်ယူရဦးမည်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ သည် အနောက်အင်အားကြီးများ ရှေ့တွင် ဝပ်တွားသွားမည့် နိုင်ငံမျိုးမဟုတ်ဘဲ ၎င်း၏ ထူးခြားသည့် အခန်းကဏ္ဍဖြင့် ကမ္ဘာ့ကြီးကို ဆက်လက်ဦးဆောင်နေမည်သာဖြစ်သည်။ 
ဥရောပနိုင်ငံများအနေဖြင့် မာနများကို ဘေးဖယ်ထားပြီး တရုတ်နိုင်ငံဆီမှ သင်ယူရန်နှင့် အပြန် အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်သာလျှင် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ဤခေတ်သစ် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်သင့်သည့် အနေအထားဖြစ်သည်။ တရုတ်၏ဖွံ့ဖြိုးမှုမှာ ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများ သယ်ဆောင်လာမည်ဖြစ်ခြင်းမှာလည်း ယုံကြည်စိတ်ချရသည့်အချက်ပင် ဖြစ်သည်။ ဤခရီးစဉ်များသည် ဆက်ဆံရေးသစ်၏ အစပြုခြင်းဖြစ်နိုင်သည်။ 
နိဂုံးချုပ်ရပါက ဒီမိုကရေစီ ဟုတ်မဟုတ်ဆိုသည့် ကျဉ်းမြောင်းသော တန်ဖိုးသတ်မှတ်ချက်များ မှရုန်းထွက်ပြီး ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုနှင့် ဘက်စုံစနစ်ကို ပိုမိုအာရုံစိုက်ရန် လိုအပ်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏အမြင်အရ မည်သူမျှ ဟင်းလျာမဖြစ်စေရဘဲ နိုင်ငံအားလုံးသည် ဝိုင်းတော်သားအဖြစ် တန်းတူရည်တူထိုင်နိုင်ရမည်ဟူသောမူဝါဒကို ကိုင်စွဲထားခြင်းဖြစ်သည်။ ဤသို့သော နိုင်ငံတကာ ဆက်ဆံရေး ဒီမိုကရေစီစနစ်သည်သာလျှင် ကမ္ဘာ့နိုင်ငံများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ဆွဲဆောင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အတိတ်က အစွဲအလမ်းများနှင့်မာနများကို စွန့်လွှတ်ကာ မျက်စိဖွင့်ကြည့်ခြင်းဖြင့် ခေတ်သစ်၏ အရှိတရားကို မှန်ကန်စွာရင်ဆိုင်ကြရန် အလွန်အရေးကြီးသည်။ အားလုံးတန်းတူညီမျှသည့် ကမ္ဘာကြီးကို အတူတူ တည်ဆောက်ကြရမည်ဆိုသည်မှာလည်း အဓိကတာဝန်ဖြစ်သည်။ အရှိတရားကို လက်ခံခြင်းကသာ အောင်မြင်မှု၏ လမ်းစဖြစ်သည် ဆိုသည်ကို အထူးမှတ်သားရန် လိုနေပြီဖြစ်သည်။

Np news

သန်းထိုက်စိုး

အရှေ့အလယ်ပိုင်း၏ မဟာဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမှုနှင့် အားပြိုင်မှုအသစ်များ
-
ကမ္ဘာတစ်ဝန်းလုံးတွင် အနောက်အုပ်စု၏ အသာစီးရမှုကို ကတိကဝတ်ပြုခဲ့ဖူးသော စစ်အေးတိုက်ပွဲ အလွန် အခြေချနေထိုင်မှုများသည် ယခုအခါ မယိမ်းယိုင်နိုင်သောအချက်အလက်တစ်ခုအဖြစ် မယူဆ နိုင်တော့ပေ။ ၎င်း၏ ဝေါဟာရများသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သော်လည်း လက်တွေ့သမိုင်း ကမူ ၎င်း၏အာဏာစက်ကို ဆက်လက်စိန်ခေါ်နေသည်။ ထိုလစ်ဟာသွားသော နေရာများတွင် နိုင်ငံ အများအပြားသည် စနစ်တကျရှိမှု (Order) နှင့် ပတ်သက်၍ ကွဲပြားသော အယူအဆတစ်ခုကို ရှာဖွေနေကြသည်။ ထိုအယူအဆမှာ ဗဟိုချက်တစ်ခုတည်းမှ ညွှန်ကြားချက်ထက် ဗဟိုချက်အသီးသီးကြား ညှိနှိုင်းရရှိသော မျှခြေနှင့် ပို၍တူသည်။ ယခုကဲ့သို့သော အချိန်တွင် ယခင်က အားပြိုင်ကွင်းများအဖြစ်သာ သတ်မှတ်ခံခဲ့ရသည့် ဒေသများသည် ဖန်တီးသူများ (Authors) ကဲ့သို့ ပြုမူလာကြသည်။ အရှေ့အလယ်ပိုင်းဒေသသည် ဤအပြောင်းအလဲကို ပထမဆုံး မြင်တွေ့ရသည့်နေရာများထဲမှတစ်ခုဖြစ်ပြီး လုံခြုံရေးအတွက် အပြင်လူကို အားမကိုးတော့ခြင်းနှင့် မဟာမိတ်များမှာ အမြဲတမ်း မဟုတ်တော့သည့် မတည်ငြိမ်သော မဟာဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမှုများကို မြင်တွေ့နေရ သည်။ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဒေသတွင်း၌ ရိုးရှင်းသော မော်ဒယ်တစ်ခုက မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုများကို လွှမ်းမိုးထားခဲ့သည်။ ဝါရှင်တန်သည် အန္တိမအာမခံချက်ပေးသူအဖြစ် ရှိနေမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများသည် အမေရိကန်၏ ဟန့်တားမှုအကာအကွယ်အောက်တွင် ၎င်းတို့၏ စွန့်စားရမှုများကို ချိန်ညှိကြမည်ဖြစ်သည်။ ထိုမော်ဒယ်သည် စစ်ပွဲများကို အမြဲမတားဆီး နိုင်ခဲ့သော်လည်း မျှော်မှန်းချက်များအတွက် မူဘောင်တစ်ခု ဖြစ်ခဲ့သည်။ ယုံကြည်မှုများ ပျက်ပြားနေချိန်တွင်ပင် အရင်းခံယူဆချက်မှာ အမေရိကန်အား လှုပ်ရှားလာအောင် တွန်းအားပေးနိုင်ပြီး ၎င်း၏ အကျိုးစီးပွားများကို လျစ်လျူရှုပါက ကြီးမားသော ပေးဆပ်မှုများရှိလာမည်ဟူ၍ ဖြစ်သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ထိုဒေသသည် မော်ဒယ်ဟောင်းအပေါ် ယုံကြည်စိတ်ချရမှု လျော့နည်းသွားစေသည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များစွာကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ အထူးခြားဆုံးတစ်ခုမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ဒိုဟာ၌ အစ္စရေး၏ တိုက်ခိုက်မှုဖြစ်ပြီး၊ ယင်းစစ်ဆင်ရေးသည် ပါရှန်ပင်လယ်ကွေ့ဒေသ၏ နိုင်ငံရေးအနီရောင်စည်းများကို မည်မျှအထိ လျင်မြန်စွာ ကျော်ဖြတ်နိုင်ကြောင်း ပြသခဲ့ကာ ကာလရှည်ကြာ ကိန်းအောင်းနေသော စိုးရိမ်ပူပန်မှုများကို အပြင်သို့ တွန်းထုတ်ပေးခဲ့သည်။ အကယ်၍ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ပြင်ပမှ ဟန့်တားမှု အနည်းငယ်မျှဖြင့်သာ ဖြစ်ပွားနိုင်ပါက အလိုအလျောက်ရရှိမည့် လုံခြုံရေးအာမခံချက်ဟူသော အယူအဆမှာ စနစ်တစ်ခုက ပေးအပ်နိုင်သော အာမခံချက်ထက် ထိုဒေသက ကိုယ့်ဘာသာကိုယ်ပြောပြနေသည့် ပုံပြင်တစ်ပုဒ်နှင့် ပိုတူလာမည်ဖြစ်သည်။ ("အမေရိကန်က ငါတို့ကို အမြဲကာကွယ် ပေးလိမ့်မယ်ဆိုတဲ့ အယူအဆဟာ တကယ့်လက်တွေ့ အာမခံချက်မဟုတ်တော့ဘဲ ငါတို့ဘာသာ ငါတို့ စိတ်အေးအောင် အယုံအကြည် သွင်းထားတဲ့ ပုံပြင်တစ်ပုဒ်လိုဖြစ်နေပြီ တကယ့်လက်တွေ့မှာတော့ ဘယ်သူမှ လာမတားပေးဘူး" ဟု ဒေသတွင်းနိုင်ငံများက ခံစားလာရတာကို ဆိုလိုခြင်း ဖြစ်ပါသည်။)ဤကဲ့သို့သော အခြေအနေမျိုးတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့သော ဆော်ဒီ- ပါကစ္စတန် မဟာဗျူဟာမြောက် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်သည် ပြင်းထန်သော အာရုံစိုက်မှုကို ခံခဲ့ရသည်။ ၎င်းက ဒေသတွင်း အဓိကနိုင်ငံများသည် အကာအကွယ်အတွက် နာယကတစ်ဦးတည်းကို လွှဲအပ်ခြင်းထက် အဆင့်ဆင့်ရှိသော မိတ်ဖက်ဆက်ဆံရေးများဖြင့် ဖွဲ့စည်း မည့် အနာဂတ်အတွက် ပြင်ဆင်နေကြကြောင်း ပြသနေသည်။ ဒေသတွင်း မဟာမိတ်များ ထိခိုက်လွယ်သည့် အခြေအနေများတွင် အမေရိကန်၏ ဟန့်တားမှု သို့မဟုတ် တုံ့ဆိုင်းမှုအပေါ် စိတ်ပျက်မှုများကြောင့် ထိုသို့သော သဘောတူညီချက်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လေ့လာသူများက မှတ်ချက်ပြုကြသည်။ ယင်းသဘောတူညီချက်သည် စစ်ပွဲအတွက် ခိုင်မာသော အာမခံချက်တစ်ခု အဖြစ်ဖြစ်စေ သို့မဟုတ် မဟာဗျူဟာမြောက် သတိပေးချက်တစ်ခုအဖြစ် လုပ်ဆောင်သည်ဖြစ်စေ ၎င်းသည် နိုင်ငံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရွေးချယ်စရာများ တည်ဆောက်နေကြသည့် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ ပေါ်ထွက်လာသော လုံခြုံရေးဖွဲ့စည်းမှု အုပ်စုနှစ်စုကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီဖြစ်သည်။ တစ်ဖက်တွင် ဆော်ဒီအာရေဗျ ၊ ပါကစ္စတန်၊ တူရကီ၊ အီဂျစ် နှင့် အိုမန် တို့ကို ဗဟိုပြု၍ အုပ်စုတစ်ခု ပေါင်းစည်းလာနေသည်။ ထိုအုပ်စုသည် ပြင်ပအာမခံချက်များ အပေါ် မှီခိုမှုလျှော့ချရန်နှင့် မတည်ငြိမ်စေသော အခြေအနေများကို ဟန့်တားရန်အတွက် အချုပ်အခြာအာဏာကို အခြေခံသော မူဘောင်တစ်ခုအဖြစ် ပိုမိုဖော်ဆောင်လာသည်။ တစ်ချိန်တည်းမှာပင် ကာတာ၊ အယ်လ်ဂျီးရီးယားနှင့် အခြားနိုင်ငံအချို့သည် ထိုအုပ်စုကို တရားဝင်အဖွဲ့ဝင်အဖြစ်ထက် ဖြစ်နိုင်ခြေရှိသော မိတ်ဖက်ကွန်ရက်တစ်ခုအဖြစ် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ အခြား တစ်ဖက်တွင်မူ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ကို ဗဟိုပြု၍ တန်ပြန်အုပ်စုတစ်ခု ပုံဖော်နေသည်။ ၎င်းတို့၏ မဟာမိတ်ဖြစ်မှုကို ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် အဆင့်မြင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများက အားဖြည့်ပေးထားသည်။ ထို့အပြင် အဇာဘိုင်ဂျန်သည် ပုံမှန်အဖွဲ့ဝင်တစ်ဦးထက် တူရကီနှင့် နီးကပ်သောဆက်ဆံရေးရှိသလို၊ အစ္စရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍတွင် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ထားပြီး အဘူဒါဘီနှင့်လည်း ပူးပေါင်းဆောင်ရွက် မှုများ တိုးချဲ့နေခြင်းကြောင့် ထပ်တူကျနေသော ကွန်ရက်များကို ချိတ်ဆက်ပေးသည့် အဓိကမိတ်ဖက် အဖြစ် ၎င်းတို့၏ မဟာဗျူဟာမြောက် နယ်ပယ်ကို ပိုမိုခိုင်မာစေသည်။ယင်းနောက်ပိုင်းမှစ၍ ဒေသတွင်း၏ မဟာဗျူဟာမြောက်အခင်းအကျင်းမှာ စားပွဲအောက်ရှိ သံလိုက်များ ရွေ့လျားနေသကဲ့သို့ မြို့တော်အချို့ကို ပိုမိုနီးကပ်စေပြီး အချို့ကိုမူ ဝေးကွာသွားစေခဲ့သည်။ အကျိုးဆက်အကြီးမားဆုံး လားရာမှာ တူရကီ၊ ဆော်ဒီအာရေဗျ နှင့် အီဂျစ် တို့ကြား ပေါ်ပေါက်လာ သော ရင်းနှီးမှုဖြစ်ပြီး၊ ၎င်းသည် စစ်ရေးနှင့် သံတမန်ရေးရာ အလေးသာမှုကို ပြန်လည်ပုံဖော်ပေး နိုင်သည့် " သုံးပွင့်ဆိုင် အင်အားစုအသစ်တစ်ခု" ဖြစ်လာနိုင်သော အလားအလာရှိသည်။၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် တူရကီသမ္မတ အာဒိုဂန်သည် ရီယာ့ဒ်မြို့သို့ သွားရောက်ခဲ့ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ကြသည်။ ထိုကာလအတွင်းမှာပင် တူရကီ၏ KAAN တိုက်လေယာဉ် စီမံကိန်း၌ ဆော်ဒီအာရေးဗီးယားအနေဖြင့် ရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်အဖြစ် ပါဝင်လာနိုင်ခြေကို အာဒိုဂန်က အရိပ်အမြွက် ပြောကြားခဲ့သည်။ ဤစီမံကိန်းများသည် စွမ်းဆောင်ရည် တိုးတက်ရုံ သာမက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲပြုမှုကို ဖန်တီးပေးခြင်းဖြစ်ပြီး၊ ယင်းအချက်မှာ ခိုင်မာသော မဟာမိတ်ဖွဲ့မှု၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ဤပေါ်ထွက်လာသောဝင်ရိုး (Axis) ကို စစ်ရေးလက်နက်တစ်ခုအဖြစ်သာမက သံတမန်ရေးရာ ကိရိယာတစ်ခုအဖြစ်ပါ ပုံဖော်ထားသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်း ရိုက်တာသတင်း ဌာန၏ ဖော်ပြချက်အရ ပဋိပက္ခများကို ရှောင်ရှားရန် ရည်ရွယ်သည့် ဆွေးနွေးပွဲတစ်ရပ်ကို အစ္စတန်ဘူလ်မြို့၌ ကျင်းပရန် စီစဉ်နေပြီး ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ အီဂျစ်၊ အိုမန်၊ ပါကစ္စတန်နှင့် ယူအေအီး (UAE) တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။ ဤစာရင်းသည် ဒေသတွင်း နိုင်ငံများသည် ပြင်ပအစီအစဉ်များကို တုံ့ပြန်ရုံမျှမကဘဲ မိမိတို့ကိုယ်တိုင် အစီအစဉ်များကို စုပေါင်း ပုံဖော်ရန် ကြိုးပမ်းလာကြသည်ကို ပြသနေသည်။ အကယ်၍ စနစ်ဟောင်းက ထိပ်တိုက်တွေ့မှု များကို မတားဆီးနိုင်တော့ပါက နားလည်မှုလွဲမှားခြင်းကို လျှော့ချနိုင်မည့် ယန္တရားများကို ဒေသတွင်း၌ ကိုယ်တိုင်တည်ဆောက်ရမည်ဟူသော ယုတ္တိပင် ဖြစ်သည်။သို့သော် ဆက်ဆံရေးအုပ်စုတစ်ခု နက်ရှိုင်းလာချိန်တွင် အခြားအုပ်စုတစ်ခုမှာလည်း တန်ပြန် အင်အားစုအဖြစ် ပိုမိုခိုင်မာလာသည်။ အစ္စရေး၏ လုံခြုံရေးမိတ်ဖက်ပြုမှုများ၊ အထူးသဖြင့် နည်းပညာ၊ ထောက်လှမ်းရေးနှင့် အဆင့်မြင့်စနစ်များအပေါ် အခြေခံသည့် ဆက်ဆံရေးမှာ ဒေသတွင်းရှိ အချို့ သော အစိတ်အပိုင်းများကို စိုးရိမ်ပူပန်စေသည်။ ၂၀၂၀-၂၀၂၁ အေဗရာဟမ် သဘောတူညီချက် (Abraham Accords) မှ စတင်ခဲ့သော ပုံမှန်ဆက်ဆံရေးသည် ယခုအခါ အစ္စရေးနှင့် UAE ကြား လက်တွေ့ကျသော ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် ရင့်ကျက်လာပြီဖြစ် သည်။ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် သတင်းပို့ချက်များအရ UAE ၏ EDGE Group သည် အစ္စရေး၏ ThirdEye Systems တွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းက လက်နက်ဝယ်ယူရုံမျှမကဘဲ ပူးတွဲထုတ်လုပ်ရေး အထိပါ ယုံကြည်မှုရှိလာသည်ကို ပြသနေသည်။အဇာဘိုင်ဂျန်၏ အခန်းကဏ္ဍမှာမူ ပိုမိုရှုပ်ထွေးပြီး ၎င်းသည် ပေါ်ထွက်လာသော ထိုအုပ်စုနှစ်ခုကြား လမ်းဆုံတွင် ရှိနေသည်။ အဇာဘိုင်ဂျန်သည် တူရကီနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်း ထားသကဲ့သို့ အစ္စရေးနှင့်လည်း ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍတွင် ကာလရှည်ကြာ မဟာမိတ်ဖွဲ့ ထားသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ရိုက်တာသတင်းများအရ အစ္စရေးသည် အဇာဘိုင်ဂျန်ထံမှ ရေနံစိမ်းတင်သွင်းမှု မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘာကူး (Baku) သည် အဘူဒါဘီနှင့်လည်း ကာကွယ်ရေးဆိုင်ရာ ထိတွေ့မှုများကို တိုးမြှင့်နေပြီး Shield of Peace 2026 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို UAE နှင့် ပြုလုပ်ရန် စီစဉ်နေသည်။ ပြယုဂ်များက မဟာ ဗျူဟာမြောက်အရေးပါသော ဤဒေသတွင် စစ်ရေးလေ့ကျင့်မှုများ၊ စက်မှုစီမံကိန်းများနှင့် ခေါင်းဆောင် များ၏ ခရီးစဉ်များသည် မိတ်ဆွေများအတွက် သတင်းစကားဖြစ်ပြီး ပြိုင်ဘက်များအတွက်မူ သတိပေးချက်များပင် ဖြစ်သည်။ဤအချင်းချင်း ချိတ်ဆက်နေသော အဆက်အသွယ်များသည် အရှေ့အလယ်ပိုင်းဒေသရှိ ဟောင်းနွမ်းနေသော အမျိုးအစားသတ်မှတ်ချက်များကို အသုံးမဝင်တော့အောင် ပြုလုပ်နေသည်။ တစ်ချိန်က အမေရိကန် ဦးဆောင်သော လုံခြုံရေးကွန်ရက်တွင် တစ်ဖက်တည်း၌ ရှိနေပုံရသည့် နိုင်ငံများသည် ယခုအခါ မိမိတို့၏ ဘေးအန္တရာယ်ရှုမြင်ပုံအပေါ်မူတည်၍ မတူညီသောစခန်းများသို့ ကွဲထွက် သွားကြပြီဖြစ်သည်။ အချို့အတွက်မူ အဓိကစိုးရိမ်မကင်းဖြစ်မှုမှာ အီရန်၊ အမေရိကန်နှင့် ၎င်းတို့၏ မိတ်ဖက်များအကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာစေမည့် ထိန်းချုပ်မရသော ပဋိပက္ခ အရှိန်မြင့် တက်လာမှုပင် ဖြစ်သည်။ အချို့အတွက်မူ အစ္စရေး၏ ပိုမိုကျယ်ပြန့်လာသော စစ်ရေးနှင့် နည်းပညာ သာလွန်မှုသည် ပင်လယ်ကွေ့၊ လီဗန့် (Levant) သို့မဟုတ် ပင်လယ်နီစင်္ကြံတစ်လျှောက်တွင် လက်ရဲဇက်ရဲ လုပ်ဆောင်လာနိုင်မည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ အတွင်း ဒိုဟာ၌ တိုက်ခိုက်မှုသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းသည် အစ္စရေး၏ လက်လှမ်းမီမှုကို ပြသခြင်းဖြစ်ပြီး ထိုသို့ပြသခြင်းမျိုးသည် အိမ်နီးချင်းနိုင်ငံများက ၎င်းတို့၏ ထိခိုက်လွယ်မှုကို ပြန်လည်သုံးသပ်ရန် နည်းလမ်းတစ်ခု ဖြစ်စေခဲ့သည်။စိုးရိမ်ပူပန်မှုမှာ ပင်လယ်ကွေ့ဒေသတွင်သာ ကန့်သတ်မနေပေ။ အစ္စရေးခေါင်းဆောင်ပိုင်းသည်လည်း ဒေသတွင်း စစ်ရေးမျှခြေ အပြောင်းအလဲများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို အချက်ပေးလာခဲ့ သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီဂျစ်၏ စစ်ရေးစွမ်းဆောင်ရည်များ တိုးတက်လာနေပြီး စောင့်ကြည့်ရန် လိုအပ်ကြောင်း သတိပေးခဲ့သည်။ ထိုသို့သော မှတ်ချက်များသည် မဟာမိတ်များ ပြောင်းလဲနေချိန် တွင် ရည်ရွယ်ချက်အပေါ် မရေရာမှုများ ရှိနေသည်ကို ပြသနေသည်။ အီဂျစ်အနေဖြင့်လည်း ၎င်း၏ အချုပ်အခြာအာဏာသည် အခြားသူများ ရေးဆွဲထားသော လုံခြုံရေးဝန်းကျင်ကြောင့် ကန့်သတ် မခံရစေရန်နှင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် ကြိုးပမ်းနေသည်။ ဤသို့သော တွန်းအားမျိုးကို မူဝါဒချင်း ပြင်းထန်စွာ ကွဲပြားနေသော နိုင်ငံများကြားတွင်ပင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစားနေ ကြရသည်။အာဖရိကဦးချိုဒေသ (The Horn of Africa) သည်လည်း ဤပိုမိုကျယ်ပြန့်သော အားပြိုင်မှု၏ မမျှော်လင့်ထားသော ကြည့်မှန်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် အစ္စရေးက ဆိုမာလီလန်း (Somaliland) အား အသိအမှတ်ပြုကြောင်း ကြေညာခဲ့ရာ ဆိုမာလီယာ နိုင်ငံ၏ ပြင်းထန်သော ကန့်ကွက်မှုနှင့် တူရကီအပါအဝင် အဖွဲ့အစည်းများစွာ၏ ရှုတ်ချမှုကို ခံခဲ့ရ သည်။ တူရကီက ဤဆုံးဖြတ်ချက်သည် မတည်ငြိမ်မှုကို ဖြစ်စေပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း ဖော်ပြခဲ့သည်။ ဆိုမာလီလန်း၏ အဆင့်အတန်းမှာ ရေရှည်တွင် မည်သို့ပင်ဖြစ်စေကာမူ ဤဖြစ်ရပ် သည် အာရပ်-အစ္စရေး ပဋိပက္ခ၏ ရိုးရာနယ်နိမိတ်များထက် ကျော်လွန်၍ အက်ကြောင်းသစ်များ မည်သို့ပေါ်ထွက်လာကြောင်း သရုပ်ဖော်နေသည်။ ထို့အပြင် ပင်လယ်ကွေ့နှင့် ပင်လယ်နီနိုင်ငံများ သည် လုံခြုံရေးကို သီးခြားကဏ္ဍများအဖြစ် မမြင်တော့ဘဲ ချိတ်ဆက်နေသော စနစ်တစ်ခုအဖြစ် အဘယ်ကြောင့် ရှုမြင်လာကြသည်ကိုလည်း အလေးပေးဖော်ပြနေသည်။ ဆိပ်ကမ်းများ၊ ကျွန်းစုများ၊ သင်္ဘောလမ်းကြောင်းများ၊ ရေအောက်ကေဘယ်ကြိုးများ၊ ဒရုန်းစင်္ကြံများနှင့် စွမ်းအင်လမ်းကြောင်း များသည် ယခင်က သီးခြားစီဖြစ်နေပုံရသော နေရာများကို ယခုအခါ ပေါင်းစည်းထားပြီးဖြစ်သည်။ မြေပုံပေါ်ရှိ ဒေသန္တရလှုပ်ရှားမှုတစ်ခုသည် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ရိုက်ခတ်နိုင်ပြီး ကမ္ဘာ့ကုန်သွယ် ရေးသည် ဝင်ရိုးစုံခေတ်သစ်၏ ငွေကြေးတစ်မျိုးပင် ဖြစ်သည်။ဤအရာအားလုံးသည် ဒေသတွင်း၌ ခန့်မှန်းရလွယ်ကူမှု ၊ လိုအပ်သော စီးပွားရေးအသွင်ကူးပြောင်းမှု အစီအစဉ်များကို ကာကွယ်ရန် ကြိုးပမ်းနေချိန်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေခြင်းဖြစ်သည်။ ဧရာမပွဲလမ်းသဘင်များ၊ ခရီးသွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းအင်ကဏ္ဍ ပြောင်းလဲမှုများ အားလုံးသည် စဉ်ဆက်မပြတ်ဖြစ်နေသော အကျပ်အတည်းများက မပေးစွမ်းနိုင်သည့် တည်ငြိမ်မှုအခြေခံကို လိုအပ်သည်။ ထို့ကြောင့်ပင် ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် ရိုးရိုးလက်နက်ဝယ်ယူခြင်းထက် ပိုမိုဦးစားပေးစရာ ဖြစ်လာခဲ့သည်။ ပူးတွဲထုတ်လုပ်မှုသည် မိတ်ဖက်များကို အချိန်ကြာလာသည်နှင့်အမျှ ချည်နှောင်ထားပြီး အလုပ် အကိုင်များ၊ စက်ရုံများနှင့် နည်းပညာအသိုက်အဝန်းများတွင် မြှုပ်နှံထားခြင်းဖြင့် မဟာမိတ်ဖွဲ့ခြင်း၏ ပြည်တွင်းနိုင်ငံရေးကို တဖြည်းဖြည်း ပြောင်းလဲစေသည်။ ထို့ကြောင့်ပင် ပဋိပက္ခလျှော့ချရေးကို အလေးပေးသည့် သံတမန်ရေးရာ ပုံစံများသည် တစ်ဦးကိုတစ်ဦး မယုံကြည်ကြသော ပြိုင်ဘက်များ ကြားတွင်ပင် တိုးပွားလာခြင်းဖြစ်သည်။ ၎င်းတို့သည် မိတ်ဆွေဖြစ်ရန် မလိုဘဲ၊ ပြင်ပမှ အာမခံချက်များမှာ ယခင်ကထက် ပိုမိုကန့်သတ်ချက်ရှိနေသည့် ခေတ်ကာလတွင် ဘေးအန္တရာယ်များကိုသာ စီမံခန့်ခွဲရန် လိုအပ်ခြင်းပင်ဖြစ်သည်။တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက်အုပ်စုများ ဖွဲ့စည်းလာခြင်းသည် သိသာထင်ရှားသော အန္တရာယ်များကို သယ်ဆောင်လာပါသည်။ အုပ်စုဖွဲ့ခြင်းသည် "လုံခြုံရေးဆိုင်ရာ အကျပ်အတည်း" (Security Dilemmas) ကို ဖြစ်ပေါ်စေတတ်သည်။ တစ်ဖက်မှ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် လုပ်ဆောင်မှု သည် အခြားတစ်ဖက်အတွက်မူ တိုက်ခိုက်ရန် ပြင်ဆင်မှုအဖြစ် မြင်နိုင်ပါသည်။ စစ်ရေးလေ့ကျင့်မှုများသည် တန်ပြန်စစ်ရေးလေ့ကျင့်မှုများကို ဖိတ်ခေါ်သကဲ့သို့၊ စက်မှုလုပ်ငန်းဆိုင်ရာ မိတ်ဖက်ပြုမှု များသည်လည်း တန်ပြန်မိတ်ဖက်ပြုမှုများကို ဖြစ်ပေါ်စေသည်။ လူတိုင်းက လက်ခံကျင့်သုံးနေသည့်"အချုပ်အခြာအာဏာ" ဟူသော အကြောင်းပြချက်သည် ယုံကြည်မှုများ ပြိုလဲသွားသည့်အခါ တစ်ဦးတည်းသဘောဖြင့် အရေးယူဆောင်ရွက်မှုများအတွက် ဆင်ခြေတစ်ခု ဖြစ်လာနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အထူးသဖြင့် ပြည်တွင်းနိုင်ငံရေး၊ ဝါဒရေးရာ သို့မဟုတ် ခေါင်းဆောင်ချင်း အားပြိုင်မှုများက ပိုမိုမီးလောင်ရာလေပင့် ဖြစ်စေသည့်အခါ ဖြစ်ရပ်ငယ်လေးများသည်ပင် လျင်မြန်စွာ အရှိန်မြင့်တက်သွားနိုင်သည်။ ဤဒေသသည် ထိုကဲ့သို့သော အခြေအနေများကို ယခင် ကလည်း ကြုံတွေ့ခဲ့ဖူးသော်လည်း၊ ယနေ့ခေတ်တွင် ကွာခြားချက်မှာ "ဒိုင်လူကြီးဟောင်း" က ကွင်းထဲသို့ ဆင်းရန် ဆန္ဒမရှိတော့ခြင်းနှင့် "ဒိုင်လူကြီးအသစ်" များကိုလည်း ကစားသမားအားလုံးက အသိအမှတ်မပြုကြသေးခြင်းပင် ဖြစ်သည်။သို့သော်ငြားလည်း ဤမတည်ငြိမ်မှုများကြားတွင် အခွင့်အလမ်းတစ်ခု ရှိနေပါသည်။ အကယ်၍ ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် တာဝန်ယူရန် ဖိအားပေးခံရပါက၊ ရေရှည်တွင် အခြားသူအပေါ် မှီခိုနေရခြင်းထက် ပိုမိုခိုင်မာသော အရာတစ်ခုကို တည်ဆောက် နိုင်ဖွယ် ရှိပါသည်။ ထိုသို့သွားရာလမ်းသည် ဖြောင့်တန်းနေမည်မဟုတ်ပေ။ ၎င်းသည် အုပ်စုများကြား ပြိုင်ဆိုင်မှုများ၊ ခက်ခဲသော ညှိနှိုင်းမှုများနှင့် ပြိုင်ဘက်ကို စမ်းသပ်လိုသည့် ပြင်းထန်သော သွေးဆောင်မှုများကို ဖြတ်သန်းသွားရဖွယ်ရှိသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဖိအား များသည် အဖွဲ့အစည်းများကို ဖြစ်ပေါ်စေတတ်သည်။ ပြင်းထန်သော အားပြိုင်မှုများသည် တစ်ခါ တစ်ရံတွင် "အေးစက်သော ယှဉ်တွဲနေထိုင်မှု" (Cold Coexistence) အဖြစ်သို့ ရင့်ကျက်သွားတတ် သည်။ ပဋိပက္ခလျှော့ချရေး လမ်းကြောင်းများသည် ပုံမှန်လုပ်ရိုးလုပ်စဉ်များ ဖြစ်လာသည်။ အခြား ရွေးချယ်စရာလမ်းမှာ ရင်းနှီးပေးဆပ်ရမှု များလွန်းလှသဖြင့် ရေကြောင်းလုံခြုံရေး၊ ဝေဟင်ပိုင်နက် ညှိနှိုင်းဆောင်ရွက်ရေး၊ အကျပ်အတည်းကာလ ဆက်သွယ်ရေးနှင့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲယန္တရားများသည် အပြည့်အဝမဟုတ်သည့်တိုင် အမြစ်တွယ်လာနိုင်ပါသည်။ထို့ကြောင့် ဖြစ်နိုင်ခြေရှိသော ရလဒ်မှာ မဟာမိတ်အဖွဲ့တစ်ခုက အခြားတစ်ခုအပေါ် သန့်သန့်ရှင်းရှင်း အောင်နိုင်သွားခြင်းမျိုး မဟုတ်ဘဲ၊ ဒေသတွင်း၏ အမှန်တကယ် အင်အားခွဲဝေမှုနှင့် အဆင့်ဆင့်သော အမှတ်သရုပ်များကို ထင်ဟပ်စေမည့် "ဒေသတွင်းလုံခြုံရေး ဗိသုကာ" (Regional Security Architecture) တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုသို့သော ဗိသုကာစနစ်သည် နိုင်ငံများအနေဖြင့် ပဋိပက္ခတိုင်းတွင် သဘောတူညီရန် မလိုအပ်သလို၊ ဝါဒရေးရာ ကွဲပြားမှုများ ကိုလည်း ဖျောက်ဖျက်ပစ်မည်မဟုတ်ပေ။ ယင်းအစား ပြိုင်ဆိုင်မှုများသည် ကပ်ဘေးအသွင်သို့ မပြောင်းလဲသွားစေရန် တားဆီးရန်သာ ရည်ရွယ်မည်ဖြစ်သည်။ အကယ်၍ ထိုစနစ်သည် မပြည့်စုံ သည့်တိုင် အောင်မြင်ခဲ့မည်ဆိုလျှင် အရှေ့အလယ်ပိုင်းဒေသသည် ပြောင်းလဲနေသော ကမ္ဘာ့အစီအစဉ် သစ်၏ "စစ်တလင်း" ဘဝမှသည် ယင်းအစီအစဉ်ကို "ပုံဖော်သူ" တစ်ဦးအဖြစ်သို့ ကူးပြောင်းသွားနိုင်မည်ဖြစ်သည်။ ပြည်တွင်းပြိုင်ဆိုင်မှုများနှင့် နာကျင်ဖွယ်ရာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မှုများအပြီးတွင်၊ ထိုဒေသသည် မိမိကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ပိုမိုမြင့်မားသော ညှိနှိုင်းမှု စွမ်းအားတို့နှင့်အတူ ကမ္ဘာ့ခေတ်သစ်အတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ပြီး၊ မိမိ၏ ပထဝီဝင်အနေ အထားနှင့် သယံဇာတများကို ဘေးအန္တရာယ်အဖြစ်မှသည် ဩဇာအာဏာအဖြစ်သို့ ပြောင်းလဲနိုင် သည့် ပိုမိုခိုင်မာသော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်လာပါလိမ့်မည်။(RT တွင်ဖော်ပြထားသည့် “‘Murad Sadygzade’, President of the Middle East Studies Center, Visiting Lecturer, HSE University (Moscow)” ၏ “The Middle East is splitting into rival blocs” ကို ဆီလျော်အောင် ပြန်လည်ပြစုထားခြင်း ဖြစ်ပါသည်။)

ကမ္ဘာတစ်ဝန်းလုံးတွင် အနောက်အုပ်စု၏ အသာစီးရမှုကို ကတိကဝတ်ပြုခဲ့ဖူးသော စစ်အေးတိုက်ပွဲ အလွန် အခြေချနေထိုင်မှုများသည် ယခုအခါ မယိမ်းယိုင်နိုင်သောအချက်အလက်တစ်ခုအဖြစ် မယူဆ နိုင်တော့ပေ။ ၎င်း၏ ဝေါဟာရများသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သော်လည်း လက်တွေ့သမိုင်း ကမူ ၎င်း၏အာဏာစက်ကို ဆက်လက်စိန်ခေါ်နေသည်။ ထိုလစ်ဟာသွားသော နေရာများတွင် နိုင်ငံ အများအပြားသည် စနစ်တကျရှိမှု (Order) နှင့် ပတ်သက်၍ ကွဲပြားသော အယူအဆတစ်ခုကို ရှာဖွေနေကြသည်။ ထိုအယူအဆမှာ ဗဟိုချက်တစ်ခုတည်းမှ ညွှန်ကြားချက်ထက် ဗဟိုချက်အသီးသီးကြား ညှိနှိုင်းရရှိသော မျှခြေနှင့် ပို၍တူသည်။ ယခုကဲ့သို့သော အချိန်တွင် ယခင်က အားပြိုင်ကွင်းများအဖြစ်သာ သတ်မှတ်ခံခဲ့ရသည့် ဒေသများသည် ဖန်တီးသူများ (Authors) ကဲ့သို့ ပြုမူလာကြသည်။ အရှေ့အလယ်ပိုင်းဒေသသည် ဤအပြောင်းအလဲကို ပထမဆုံး မြင်တွေ့ရသည့်နေရာများထဲမှတစ်ခုဖြစ်ပြီး လုံခြုံရေးအတွက် အပြင်လူကို အားမကိုးတော့ခြင်းနှင့် မဟာမိတ်များမှာ အမြဲတမ်း မဟုတ်တော့သည့် မတည်ငြိမ်သော မဟာဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမှုများကို မြင်တွေ့နေရ သည်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဒေသတွင်း၌ ရိုးရှင်းသော မော်ဒယ်တစ်ခုက မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုများကို လွှမ်းမိုးထားခဲ့သည်။ ဝါရှင်တန်သည် အန္တိမအာမခံချက်ပေးသူအဖြစ် ရှိနေမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများသည် အမေရိကန်၏ ဟန့်တားမှုအကာအကွယ်အောက်တွင် ၎င်းတို့၏ စွန့်စားရမှုများကို ချိန်ညှိကြမည်ဖြစ်သည်။ ထိုမော်ဒယ်သည် စစ်ပွဲများကို အမြဲမတားဆီး နိုင်ခဲ့သော်လည်း မျှော်မှန်းချက်များအတွက် မူဘောင်တစ်ခု ဖြစ်ခဲ့သည်။ ယုံကြည်မှုများ ပျက်ပြားနေချိန်တွင်ပင် အရင်းခံယူဆချက်မှာ အမေရိကန်အား လှုပ်ရှားလာအောင် တွန်းအားပေးနိုင်ပြီး ၎င်း၏ အကျိုးစီးပွားများကို လျစ်လျူရှုပါက ကြီးမားသော ပေးဆပ်မှုများရှိလာမည်ဟူ၍ ဖြစ်သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ထိုဒေသသည် မော်ဒယ်ဟောင်းအပေါ် ယုံကြည်စိတ်ချရမှု လျော့နည်းသွားစေသည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များစွာကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ အထူးခြားဆုံးတစ်ခုမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ဒိုဟာ၌ အစ္စရေး၏ တိုက်ခိုက်မှုဖြစ်ပြီး၊ ယင်းစစ်ဆင်ရေးသည် ပါရှန်ပင်လယ်ကွေ့ဒေသ၏ နိုင်ငံရေးအနီရောင်စည်းများကို မည်မျှအထိ လျင်မြန်စွာ ကျော်ဖြတ်နိုင်ကြောင်း ပြသခဲ့ကာ ကာလရှည်ကြာ ကိန်းအောင်းနေသော စိုးရိမ်ပူပန်မှုများကို အပြင်သို့ တွန်းထုတ်ပေးခဲ့သည်။ အကယ်၍ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ပြင်ပမှ ဟန့်တားမှု အနည်းငယ်မျှဖြင့်သာ ဖြစ်ပွားနိုင်ပါက အလိုအလျောက်ရရှိမည့် လုံခြုံရေးအာမခံချက်ဟူသော အယူအဆမှာ စနစ်တစ်ခုက ပေးအပ်နိုင်သော အာမခံချက်ထက် ထိုဒေသက ကိုယ့်ဘာသာကိုယ်ပြောပြနေသည့် ပုံပြင်တစ်ပုဒ်နှင့် ပိုတူလာမည်ဖြစ်သည်။ ("အမေရိကန်က ငါတို့ကို အမြဲကာကွယ် ပေးလိမ့်မယ်ဆိုတဲ့ အယူအဆဟာ တကယ့်လက်တွေ့ အာမခံချက်မဟုတ်တော့ဘဲ ငါတို့ဘာသာ ငါတို့ စိတ်အေးအောင် အယုံအကြည် သွင်းထားတဲ့ ပုံပြင်တစ်ပုဒ်လိုဖြစ်နေပြီ တကယ့်လက်တွေ့မှာတော့ ဘယ်သူမှ လာမတားပေးဘူး" ဟု ဒေသတွင်းနိုင်ငံများက ခံစားလာရတာကို ဆိုလိုခြင်း ဖြစ်ပါသည်။)

ဤကဲ့သို့သော အခြေအနေမျိုးတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့သော ဆော်ဒီ- ပါကစ္စတန် မဟာဗျူဟာမြောက် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်သည် ပြင်းထန်သော အာရုံစိုက်မှုကို ခံခဲ့ရသည်။ ၎င်းက ဒေသတွင်း အဓိကနိုင်ငံများသည် အကာအကွယ်အတွက် နာယကတစ်ဦးတည်းကို လွှဲအပ်ခြင်းထက် အဆင့်ဆင့်ရှိသော မိတ်ဖက်ဆက်ဆံရေးများဖြင့် ဖွဲ့စည်း မည့် အနာဂတ်အတွက် ပြင်ဆင်နေကြကြောင်း ပြသနေသည်။ ဒေသတွင်း မဟာမိတ်များ ထိခိုက်လွယ်သည့် အခြေအနေများတွင် အမေရိကန်၏ ဟန့်တားမှု သို့မဟုတ် တုံ့ဆိုင်းမှုအပေါ် စိတ်ပျက်မှုများကြောင့် ထိုသို့သော သဘောတူညီချက်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လေ့လာသူများက မှတ်ချက်ပြုကြသည်။ ယင်းသဘောတူညီချက်သည် စစ်ပွဲအတွက် ခိုင်မာသော အာမခံချက်တစ်ခု အဖြစ်ဖြစ်စေ သို့မဟုတ် မဟာဗျူဟာမြောက် သတိပေးချက်တစ်ခုအဖြစ် လုပ်ဆောင်သည်ဖြစ်စေ ၎င်းသည် နိုင်ငံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရွေးချယ်စရာများ တည်ဆောက်နေကြသည့် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ ပေါ်ထွက်လာသော လုံခြုံရေးဖွဲ့စည်းမှု အုပ်စုနှစ်စုကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီဖြစ်သည်။ တစ်ဖက်တွင် ဆော်ဒီအာရေဗျ ၊ ပါကစ္စတန်၊ တူရကီ၊ အီဂျစ် နှင့် အိုမန် တို့ကို ဗဟိုပြု၍ အုပ်စုတစ်ခု ပေါင်းစည်းလာနေသည်။ ထိုအုပ်စုသည် ပြင်ပအာမခံချက်များ အပေါ် မှီခိုမှုလျှော့ချရန်နှင့် မတည်ငြိမ်စေသော အခြေအနေများကို ဟန့်တားရန်အတွက် အချုပ်အခြာအာဏာကို အခြေခံသော မူဘောင်တစ်ခုအဖြစ် ပိုမိုဖော်ဆောင်လာသည်။ တစ်ချိန်တည်းမှာပင် ကာတာ၊ အယ်လ်ဂျီးရီးယားနှင့် အခြားနိုင်ငံအချို့သည် ထိုအုပ်စုကို တရားဝင်အဖွဲ့ဝင်အဖြစ်ထက် ဖြစ်နိုင်ခြေရှိသော မိတ်ဖက်ကွန်ရက်တစ်ခုအဖြစ် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ အခြား တစ်ဖက်တွင်မူ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ကို ဗဟိုပြု၍ တန်ပြန်အုပ်စုတစ်ခု ပုံဖော်နေသည်။ ၎င်းတို့၏ မဟာမိတ်ဖြစ်မှုကို ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် အဆင့်မြင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများက အားဖြည့်ပေးထားသည်။ ထို့အပြင် အဇာဘိုင်ဂျန်သည် ပုံမှန်အဖွဲ့ဝင်တစ်ဦးထက် တူရကီနှင့် နီးကပ်သောဆက်ဆံရေးရှိသလို၊ အစ္စရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍတွင် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ထားပြီး အဘူဒါဘီနှင့်လည်း ပူးပေါင်းဆောင်ရွက် မှုများ တိုးချဲ့နေခြင်းကြောင့် ထပ်တူကျနေသော ကွန်ရက်များကို ချိတ်ဆက်ပေးသည့် အဓိကမိတ်ဖက် အဖြစ် ၎င်းတို့၏ မဟာဗျူဟာမြောက် နယ်ပယ်ကို ပိုမိုခိုင်မာစေသည်။

ယင်းနောက်ပိုင်းမှစ၍ ဒေသတွင်း၏ မဟာဗျူဟာမြောက်အခင်းအကျင်းမှာ စားပွဲအောက်ရှိ သံလိုက်များ ရွေ့လျားနေသကဲ့သို့ မြို့တော်အချို့ကို ပိုမိုနီးကပ်စေပြီး အချို့ကိုမူ ဝေးကွာသွားစေခဲ့သည်။ အကျိုးဆက်အကြီးမားဆုံး လားရာမှာ တူရကီ၊ ဆော်ဒီအာရေဗျ နှင့် အီဂျစ် တို့ကြား ပေါ်ပေါက်လာ သော ရင်းနှီးမှုဖြစ်ပြီး၊ ၎င်းသည် စစ်ရေးနှင့် သံတမန်ရေးရာ အလေးသာမှုကို ပြန်လည်ပုံဖော်ပေး နိုင်သည့် " သုံးပွင့်ဆိုင် အင်အားစုအသစ်တစ်ခု" ဖြစ်လာနိုင်သော အလားအလာရှိသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် တူရကီသမ္မတ အာဒိုဂန်သည် ရီယာ့ဒ်မြို့သို့ သွားရောက်ခဲ့ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ကြသည်။ ထိုကာလအတွင်းမှာပင် တူရကီ၏ KAAN တိုက်လေယာဉ် စီမံကိန်း၌ ဆော်ဒီအာရေးဗီးယားအနေဖြင့် ရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်အဖြစ် ပါဝင်လာနိုင်ခြေကို အာဒိုဂန်က အရိပ်အမြွက် ပြောကြားခဲ့သည်။ ဤစီမံကိန်းများသည် စွမ်းဆောင်ရည် တိုးတက်ရုံ သာမက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲပြုမှုကို ဖန်တီးပေးခြင်းဖြစ်ပြီး၊ ယင်းအချက်မှာ ခိုင်မာသော မဟာမိတ်ဖွဲ့မှု၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

ဤပေါ်ထွက်လာသောဝင်ရိုး (Axis) ကို စစ်ရေးလက်နက်တစ်ခုအဖြစ်သာမက သံတမန်ရေးရာ ကိရိယာတစ်ခုအဖြစ်ပါ ပုံဖော်ထားသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်း ရိုက်တာသတင်း ဌာန၏ ဖော်ပြချက်အရ ပဋိပက္ခများကို ရှောင်ရှားရန် ရည်ရွယ်သည့် ဆွေးနွေးပွဲတစ်ရပ်ကို အစ္စတန်ဘူလ်မြို့၌ ကျင်းပရန် စီစဉ်နေပြီး ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ အီဂျစ်၊ အိုမန်၊ ပါကစ္စတန်နှင့် ယူအေအီး (UAE) တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။ ဤစာရင်းသည် ဒေသတွင်း နိုင်ငံများသည် ပြင်ပအစီအစဉ်များကို တုံ့ပြန်ရုံမျှမကဘဲ မိမိတို့ကိုယ်တိုင် အစီအစဉ်များကို စုပေါင်း ပုံဖော်ရန် ကြိုးပမ်းလာကြသည်ကို ပြသနေသည်။ အကယ်၍ စနစ်ဟောင်းက ထိပ်တိုက်တွေ့မှု များကို မတားဆီးနိုင်တော့ပါက နားလည်မှုလွဲမှားခြင်းကို လျှော့ချနိုင်မည့် ယန္တရားများကို ဒေသတွင်း၌ ကိုယ်တိုင်တည်ဆောက်ရမည်ဟူသော ယုတ္တိပင် ဖြစ်သည်။

သို့သော် ဆက်ဆံရေးအုပ်စုတစ်ခု နက်ရှိုင်းလာချိန်တွင် အခြားအုပ်စုတစ်ခုမှာလည်း တန်ပြန် အင်အားစုအဖြစ် ပိုမိုခိုင်မာလာသည်။ အစ္စရေး၏ လုံခြုံရေးမိတ်ဖက်ပြုမှုများ၊ အထူးသဖြင့် နည်းပညာ၊ ထောက်လှမ်းရေးနှင့် အဆင့်မြင့်စနစ်များအပေါ် အခြေခံသည့် ဆက်ဆံရေးမှာ ဒေသတွင်းရှိ အချို့ သော အစိတ်အပိုင်းများကို စိုးရိမ်ပူပန်စေသည်။ ၂၀၂၀-၂၀၂၁ အေဗရာဟမ် သဘောတူညီချက် (Abraham Accords) မှ စတင်ခဲ့သော ပုံမှန်ဆက်ဆံရေးသည် ယခုအခါ အစ္စရေးနှင့် UAE ကြား လက်တွေ့ကျသော ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် ရင့်ကျက်လာပြီဖြစ် သည်။ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် သတင်းပို့ချက်များအရ UAE ၏ EDGE Group သည် အစ္စရေး၏ ThirdEye Systems တွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းက လက်နက်ဝယ်ယူရုံမျှမကဘဲ ပူးတွဲထုတ်လုပ်ရေး အထိပါ ယုံကြည်မှုရှိလာသည်ကို ပြသနေသည်။

အဇာဘိုင်ဂျန်၏ အခန်းကဏ္ဍမှာမူ ပိုမိုရှုပ်ထွေးပြီး ၎င်းသည် ပေါ်ထွက်လာသော ထိုအုပ်စုနှစ်ခုကြား လမ်းဆုံတွင် ရှိနေသည်။ အဇာဘိုင်ဂျန်သည် တူရကီနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်း ထားသကဲ့သို့ အစ္စရေးနှင့်လည်း ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍတွင် ကာလရှည်ကြာ မဟာမိတ်ဖွဲ့ ထားသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ရိုက်တာသတင်းများအရ အစ္စရေးသည် အဇာဘိုင်ဂျန်ထံမှ ရေနံစိမ်းတင်သွင်းမှု မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘာကူး (Baku) သည် အဘူဒါဘီနှင့်လည်း ကာကွယ်ရေးဆိုင်ရာ ထိတွေ့မှုများကို တိုးမြှင့်နေပြီး Shield of Peace 2026 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို UAE နှင့် ပြုလုပ်ရန် စီစဉ်နေသည်။ ပြယုဂ်များက မဟာ ဗျူဟာမြောက်အရေးပါသော ဤဒေသတွင် စစ်ရေးလေ့ကျင့်မှုများ၊ စက်မှုစီမံကိန်းများနှင့် ခေါင်းဆောင် များ၏ ခရီးစဉ်များသည် မိတ်ဆွေများအတွက် သတင်းစကားဖြစ်ပြီး ပြိုင်ဘက်များအတွက်မူ သတိပေးချက်များပင် ဖြစ်သည်။

ဤအချင်းချင်း ချိတ်ဆက်နေသော အဆက်အသွယ်များသည် အရှေ့အလယ်ပိုင်းဒေသရှိ ဟောင်းနွမ်းနေသော အမျိုးအစားသတ်မှတ်ချက်များကို အသုံးမဝင်တော့အောင် ပြုလုပ်နေသည်။ တစ်ချိန်က အမေရိကန် ဦးဆောင်သော လုံခြုံရေးကွန်ရက်တွင် တစ်ဖက်တည်း၌ ရှိနေပုံရသည့် နိုင်ငံများသည် ယခုအခါ မိမိတို့၏ ဘေးအန္တရာယ်ရှုမြင်ပုံအပေါ်မူတည်၍ မတူညီသောစခန်းများသို့ ကွဲထွက် သွားကြပြီဖြစ်သည်။ အချို့အတွက်မူ အဓိကစိုးရိမ်မကင်းဖြစ်မှုမှာ အီရန်၊ အမေရိကန်နှင့် ၎င်းတို့၏ မိတ်ဖက်များအကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာစေမည့် ထိန်းချုပ်မရသော ပဋိပက္ခ အရှိန်မြင့် တက်လာမှုပင် ဖြစ်သည်။ အချို့အတွက်မူ အစ္စရေး၏ ပိုမိုကျယ်ပြန့်လာသော စစ်ရေးနှင့် နည်းပညာ သာလွန်မှုသည် ပင်လယ်ကွေ့၊ လီဗန့် (Levant) သို့မဟုတ် ပင်လယ်နီစင်္ကြံတစ်လျှောက်တွင် လက်ရဲဇက်ရဲ လုပ်ဆောင်လာနိုင်မည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ အတွင်း ဒိုဟာ၌ တိုက်ခိုက်မှုသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းသည် အစ္စရေး၏ လက်လှမ်းမီမှုကို ပြသခြင်းဖြစ်ပြီး ထိုသို့ပြသခြင်းမျိုးသည် အိမ်နီးချင်းနိုင်ငံများက ၎င်းတို့၏ ထိခိုက်လွယ်မှုကို ပြန်လည်သုံးသပ်ရန် နည်းလမ်းတစ်ခု ဖြစ်စေခဲ့သည်။

စိုးရိမ်ပူပန်မှုမှာ ပင်လယ်ကွေ့ဒေသတွင်သာ ကန့်သတ်မနေပေ။ အစ္စရေးခေါင်းဆောင်ပိုင်းသည်လည်း ဒေသတွင်း စစ်ရေးမျှခြေ အပြောင်းအလဲများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို အချက်ပေးလာခဲ့ သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီဂျစ်၏ စစ်ရေးစွမ်းဆောင်ရည်များ တိုးတက်လာနေပြီး စောင့်ကြည့်ရန် လိုအပ်ကြောင်း သတိပေးခဲ့သည်။ ထိုသို့သော မှတ်ချက်များသည် မဟာမိတ်များ ပြောင်းလဲနေချိန် တွင် ရည်ရွယ်ချက်အပေါ် မရေရာမှုများ ရှိနေသည်ကို ပြသနေသည်။ အီဂျစ်အနေဖြင့်လည်း ၎င်း၏ အချုပ်အခြာအာဏာသည် အခြားသူများ ရေးဆွဲထားသော လုံခြုံရေးဝန်းကျင်ကြောင့် ကန့်သတ် မခံရစေရန်နှင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် ကြိုးပမ်းနေသည်။ ဤသို့သော တွန်းအားမျိုးကို မူဝါဒချင်း ပြင်းထန်စွာ ကွဲပြားနေသော နိုင်ငံများကြားတွင်ပင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစားနေ ကြရသည်။

အာဖရိကဦးချိုဒေသ (The Horn of Africa) သည်လည်း ဤပိုမိုကျယ်ပြန့်သော အားပြိုင်မှု၏ မမျှော်လင့်ထားသော ကြည့်မှန်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် အစ္စရေးက ဆိုမာလီလန်း (Somaliland) အား အသိအမှတ်ပြုကြောင်း ကြေညာခဲ့ရာ ဆိုမာလီယာ နိုင်ငံ၏ ပြင်းထန်သော ကန့်ကွက်မှုနှင့် တူရကီအပါအဝင် အဖွဲ့အစည်းများစွာ၏ ရှုတ်ချမှုကို ခံခဲ့ရ သည်။ တူရကီက ဤဆုံးဖြတ်ချက်သည် မတည်ငြိမ်မှုကို ဖြစ်စေပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း ဖော်ပြခဲ့သည်။ ဆိုမာလီလန်း၏ အဆင့်အတန်းမှာ ရေရှည်တွင် မည်သို့ပင်ဖြစ်စေကာမူ ဤဖြစ်ရပ် သည် အာရပ်-အစ္စရေး ပဋိပက္ခ၏ ရိုးရာနယ်နိမိတ်များထက် ကျော်လွန်၍ အက်ကြောင်းသစ်များ မည်သို့ပေါ်ထွက်လာကြောင်း သရုပ်ဖော်နေသည်။ ထို့အပြင် ပင်လယ်ကွေ့နှင့် ပင်လယ်နီနိုင်ငံများ သည် လုံခြုံရေးကို သီးခြားကဏ္ဍများအဖြစ် မမြင်တော့ဘဲ ချိတ်ဆက်နေသော စနစ်တစ်ခုအဖြစ် အဘယ်ကြောင့် ရှုမြင်လာကြသည်ကိုလည်း အလေးပေးဖော်ပြနေသည်။ ဆိပ်ကမ်းများ၊ ကျွန်းစုများ၊ သင်္ဘောလမ်းကြောင်းများ၊ ရေအောက်ကေဘယ်ကြိုးများ၊ ဒရုန်းစင်္ကြံများနှင့် စွမ်းအင်လမ်းကြောင်း များသည် ယခင်က သီးခြားစီဖြစ်နေပုံရသော နေရာများကို ယခုအခါ ပေါင်းစည်းထားပြီးဖြစ်သည်။ မြေပုံပေါ်ရှိ ဒေသန္တရလှုပ်ရှားမှုတစ်ခုသည် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ရိုက်ခတ်နိုင်ပြီး ကမ္ဘာ့ကုန်သွယ် ရေးသည် ဝင်ရိုးစုံခေတ်သစ်၏ ငွေကြေးတစ်မျိုးပင် ဖြစ်သည်။

ဤအရာအားလုံးသည် ဒေသတွင်း၌ ခန့်မှန်းရလွယ်ကူမှု ၊ လိုအပ်သော စီးပွားရေးအသွင်ကူးပြောင်းမှု အစီအစဉ်များကို ကာကွယ်ရန် ကြိုးပမ်းနေချိန်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေခြင်းဖြစ်သည်။ ဧရာမပွဲလမ်းသဘင်များ၊ ခရီးသွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းအင်ကဏ္ဍ ပြောင်းလဲမှုများ အားလုံးသည် စဉ်ဆက်မပြတ်ဖြစ်နေသော အကျပ်အတည်းများက မပေးစွမ်းနိုင်သည့် တည်ငြိမ်မှုအခြေခံကို လိုအပ်သည်။ ထို့ကြောင့်ပင် ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် ရိုးရိုးလက်နက်ဝယ်ယူခြင်းထက် ပိုမိုဦးစားပေးစရာ ဖြစ်လာခဲ့သည်။ ပူးတွဲထုတ်လုပ်မှုသည် မိတ်ဖက်များကို အချိန်ကြာလာသည်နှင့်အမျှ ချည်နှောင်ထားပြီး အလုပ် အကိုင်များ၊ စက်ရုံများနှင့် နည်းပညာအသိုက်အဝန်းများတွင် မြှုပ်နှံထားခြင်းဖြင့် မဟာမိတ်ဖွဲ့ခြင်း၏ ပြည်တွင်းနိုင်ငံရေးကို တဖြည်းဖြည်း ပြောင်းလဲစေသည်။ ထို့ကြောင့်ပင် ပဋိပက္ခလျှော့ချရေးကို အလေးပေးသည့် သံတမန်ရေးရာ ပုံစံများသည် တစ်ဦးကိုတစ်ဦး မယုံကြည်ကြသော ပြိုင်ဘက်များ ကြားတွင်ပင် တိုးပွားလာခြင်းဖြစ်သည်။ ၎င်းတို့သည် မိတ်ဆွေဖြစ်ရန် မလိုဘဲ၊ ပြင်ပမှ အာမခံချက်များမှာ ယခင်ကထက် ပိုမိုကန့်သတ်ချက်ရှိနေသည့် ခေတ်ကာလတွင် ဘေးအန္တရာယ်များကိုသာ စီမံခန့်ခွဲရန် လိုအပ်ခြင်းပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက်အုပ်စုများ ဖွဲ့စည်းလာခြင်းသည် သိသာထင်ရှားသော အန္တရာယ်များကို သယ်ဆောင်လာပါသည်။ အုပ်စုဖွဲ့ခြင်းသည် "လုံခြုံရေးဆိုင်ရာ အကျပ်အတည်း" (Security Dilemmas) ကို ဖြစ်ပေါ်စေတတ်သည်။ တစ်ဖက်မှ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် လုပ်ဆောင်မှု သည် အခြားတစ်ဖက်အတွက်မူ တိုက်ခိုက်ရန် ပြင်ဆင်မှုအဖြစ် မြင်နိုင်ပါသည်။ စစ်ရေးလေ့ကျင့်မှုများသည် တန်ပြန်စစ်ရေးလေ့ကျင့်မှုများကို ဖိတ်ခေါ်သကဲ့သို့၊ စက်မှုလုပ်ငန်းဆိုင်ရာ မိတ်ဖက်ပြုမှု များသည်လည်း တန်ပြန်မိတ်ဖက်ပြုမှုများကို ဖြစ်ပေါ်စေသည်။ လူတိုင်းက လက်ခံကျင့်သုံးနေသည့်"အချုပ်အခြာအာဏာ" ဟူသော အကြောင်းပြချက်သည် ယုံကြည်မှုများ ပြိုလဲသွားသည့်အခါ တစ်ဦးတည်းသဘောဖြင့် အရေးယူဆောင်ရွက်မှုများအတွက် ဆင်ခြေတစ်ခု ဖြစ်လာနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အထူးသဖြင့် ပြည်တွင်းနိုင်ငံရေး၊ ဝါဒရေးရာ သို့မဟုတ် ခေါင်းဆောင်ချင်း အားပြိုင်မှုများက ပိုမိုမီးလောင်ရာလေပင့် ဖြစ်စေသည့်အခါ ဖြစ်ရပ်ငယ်လေးများသည်ပင် လျင်မြန်စွာ အရှိန်မြင့်တက်သွားနိုင်သည်။ ဤဒေသသည် ထိုကဲ့သို့သော အခြေအနေများကို ယခင် ကလည်း ကြုံတွေ့ခဲ့ဖူးသော်လည်း၊ ယနေ့ခေတ်တွင် ကွာခြားချက်မှာ "ဒိုင်လူကြီးဟောင်း" က ကွင်းထဲသို့ ဆင်းရန် ဆန္ဒမရှိတော့ခြင်းနှင့် "ဒိုင်လူကြီးအသစ်" များကိုလည်း ကစားသမားအားလုံးက အသိအမှတ်မပြုကြသေးခြင်းပင် ဖြစ်သည်။

သို့သော်ငြားလည်း ဤမတည်ငြိမ်မှုများကြားတွင် အခွင့်အလမ်းတစ်ခု ရှိနေပါသည်။ အကယ်၍ ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် တာဝန်ယူရန် ဖိအားပေးခံရပါက၊ ရေရှည်တွင် အခြားသူအပေါ် မှီခိုနေရခြင်းထက် ပိုမိုခိုင်မာသော အရာတစ်ခုကို တည်ဆောက် နိုင်ဖွယ် ရှိပါသည်။ ထိုသို့သွားရာလမ်းသည် ဖြောင့်တန်းနေမည်မဟုတ်ပေ။ ၎င်းသည် အုပ်စုများကြား ပြိုင်ဆိုင်မှုများ၊ ခက်ခဲသော ညှိနှိုင်းမှုများနှင့် ပြိုင်ဘက်ကို စမ်းသပ်လိုသည့် ပြင်းထန်သော သွေးဆောင်မှုများကို ဖြတ်သန်းသွားရဖွယ်ရှိသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဖိအား များသည် အဖွဲ့အစည်းများကို ဖြစ်ပေါ်စေတတ်သည်။ ပြင်းထန်သော အားပြိုင်မှုများသည် တစ်ခါ တစ်ရံတွင် "အေးစက်သော ယှဉ်တွဲနေထိုင်မှု" (Cold Coexistence) အဖြစ်သို့ ရင့်ကျက်သွားတတ် သည်။ ပဋိပက္ခလျှော့ချရေး လမ်းကြောင်းများသည် ပုံမှန်လုပ်ရိုးလုပ်စဉ်များ ဖြစ်လာသည်။ အခြား ရွေးချယ်စရာလမ်းမှာ ရင်းနှီးပေးဆပ်ရမှု များလွန်းလှသဖြင့် ရေကြောင်းလုံခြုံရေး၊ ဝေဟင်ပိုင်နက် ညှိနှိုင်းဆောင်ရွက်ရေး၊ အကျပ်အတည်းကာလ ဆက်သွယ်ရေးနှင့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲယန္တရားများသည် အပြည့်အဝမဟုတ်သည့်တိုင် အမြစ်တွယ်လာနိုင်ပါသည်။

ထို့ကြောင့် ဖြစ်နိုင်ခြေရှိသော ရလဒ်မှာ မဟာမိတ်အဖွဲ့တစ်ခုက အခြားတစ်ခုအပေါ် သန့်သန့်ရှင်းရှင်း အောင်နိုင်သွားခြင်းမျိုး မဟုတ်ဘဲ၊ ဒေသတွင်း၏ အမှန်တကယ် အင်အားခွဲဝေမှုနှင့် အဆင့်ဆင့်သော အမှတ်သရုပ်များကို ထင်ဟပ်စေမည့် "ဒေသတွင်းလုံခြုံရေး ဗိသုကာ" (Regional Security Architecture) တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုသို့သော ဗိသုကာစနစ်သည် နိုင်ငံများအနေဖြင့် ပဋိပက္ခတိုင်းတွင် သဘောတူညီရန် မလိုအပ်သလို၊ ဝါဒရေးရာ ကွဲပြားမှုများ ကိုလည်း ဖျောက်ဖျက်ပစ်မည်မဟုတ်ပေ။ ယင်းအစား ပြိုင်ဆိုင်မှုများသည် ကပ်ဘေးအသွင်သို့ မပြောင်းလဲသွားစေရန် တားဆီးရန်သာ ရည်ရွယ်မည်ဖြစ်သည်။ အကယ်၍ ထိုစနစ်သည် မပြည့်စုံ သည့်တိုင် အောင်မြင်ခဲ့မည်ဆိုလျှင် အရှေ့အလယ်ပိုင်းဒေသသည် ပြောင်းလဲနေသော ကမ္ဘာ့အစီအစဉ် သစ်၏ "စစ်တလင်း" ဘဝမှသည် ယင်းအစီအစဉ်ကို "ပုံဖော်သူ" တစ်ဦးအဖြစ်သို့ ကူးပြောင်းသွားနိုင်မည်ဖြစ်သည်။ ပြည်တွင်းပြိုင်ဆိုင်မှုများနှင့် နာကျင်ဖွယ်ရာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မှုများအပြီးတွင်၊ ထိုဒေသသည် မိမိကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ပိုမိုမြင့်မားသော ညှိနှိုင်းမှု စွမ်းအားတို့နှင့်အတူ ကမ္ဘာ့ခေတ်သစ်အတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ပြီး၊ မိမိ၏ ပထဝီဝင်အနေ အထားနှင့် သယံဇာတများကို ဘေးအန္တရာယ်အဖြစ်မှသည် ဩဇာအာဏာအဖြစ်သို့ ပြောင်းလဲနိုင် သည့် ပိုမိုခိုင်မာသော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်လာပါလိမ့်မည်။

(RT တွင်ဖော်ပြထားသည့် “‘Murad Sadygzade’, President of the Middle East Studies Center, Visiting Lecturer, HSE University (Moscow)” ၏ “The Middle East is splitting into rival blocs” ကို ဆီလျော်အောင် ပြန်လည်ပြစုထားခြင်း ဖြစ်ပါသည်။)

Murad Sadygzade

အမေရိကန်က ဥရောပသမဂ္ဂကို ခြောက်လှန့်ပြီး  ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လာစေရန် တွန်းအားပေးခဲ့သလား?
-
လူရမ်းကားဗျူဟာ (Madman Theory) နှင့် ၂၀၂၆ ခုနှစ်၏ ဥရောပပထဝီနိုင်ငံရေး အခင်းအကျင်းဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဟင်နရီ ကစ်ဆင်းဂျား (Henry Kissinger) သည် ‘Madman Theory’ (လူရမ်းကားဗျူဟာ) ကို စတင်ဖော်ထုတ်ခဲ့သည်။ ထိုဗျူဟာ၏ ရည်ရွယ်ချက်မှာ ထိုစဉ်က သမ္မတ ရစ်ချက် နစ်ဆင် (Richard Nixon) အား မည်သည်ကိုမဆို လုပ်ဆောင်ရန် ဝန်မလေးသည့် စိတ်မမှန်သူတစ်ဦးအဖြစ် မြောက်ဗီယက်နမ်နှင့် ဆိုဗီယက် ယူနီယံတို့က ထင်မှတ်သွားစေရန်ဖြစ်ပြီး၊ ဝါရှင်တန်နှင့် ညှိနှိုင်းဆွေးနွေးခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ဖိအားပေးရန် ဖြစ်သည်။ သို့သော် ဟနွိုင်းအစိုးရသည် ထိုလှည့်ကွက်ကို မယုံ ကြည်ခဲ့ပေ။ သို့ဆိုလျှင် ၂၀၂၆ ခုနှစ်တွင် ဥရောပသမဂ္ဂ (EU) အာဏာပိုင်များက ယုံကြည်သွားကြ မည်လော။အမှန်စင်စစ် ၎င်းတို့သည် အိမ်ဖြူတော်တွင် လူရမ်းကားတစ်ဦး ရောက်ရှိနေပြီဟု အမှန်တကယ်ပင် ယုံကြည်နေကြပြီဖြစ်သည်။ သို့သော် ဖြစ်ပေါ်လာသည့် ရလဒ်မှာမူ ဝါရှင်တန်က ရည်မှန်းထားသည့် အတိုင်း လုံးလုံးလျားလျား ဖြစ်မလာနိုင်တော့ပေ။ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က El Pais နှင့် အင်တာဗျူးရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "အမျိုးသားလုံခြုံရေး" ကို အကြောင်းပြကာ ဂရင်းလန်းကျွန်းကို အင်အားသုံးသိမ်းပိုက်ရန် ခြိမ်းခြောက်ခဲ့မှုနှင့် ပတ်သက်၍ “အမေရိကန်၏ တကယ့်ရည်ရွယ်ချက်မှာ ပထဝီနိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ရိုးသားစွာ တုံ့ပြန်ရန်သာဖြစ်သည်ဟု မည်သူမျှ အထင်မမှားပါစေနှင့်။ ရုရှား သို့မဟုတ် တရုတ်တို့က ခြိမ်းခြောက်နေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ ထောက်လှမ်းရေး အချက်အလက်များအရ ဂရင်းလန်းတစ်ဝိုက်ရှိ ရုရှားနှင့် တရုတ်တို့၏ သင်္ဘောများနှင့် ရေငုပ်သင်္ဘောအရေအတွက်မှာ လျစ်လျူရှုထားနိုင်လောက်အောင် နည်းပါးကြောင်း ကျွန်ုပ် အတည်ပြုနိုင်ပါသည်” ဟု မှတ်ချက်ပြုခဲ့သည်။ထရမ့်သည် မဖြစ်နိုင်သောအရာကို ဖြစ်မြောက်အောင် လုပ်ဆောင်လိုက်ခြင်းဖြင့် EU ခေါင်းဆောင်များ၏ "ရုရှားကျူးကျော်မည့် စိတ်ကူးယဉ်ကြောက်စိတ်" ကို "အမေရိကန်ကျူးကျော်မည့် စိတ်ကူးယဉ် ကြောက်စိတ်" ဖြင့် အစားထိုးပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ ဥရောပခေါင်းဆောင်များအတွက် ပိုမိုအဆင်ပြေစေသည့် အနေအထားပင် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် "၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပူတင်က ဥရောပသမဂ္ဂကို ကျူးကျော်လာတော့မည်" ဟု ဥရောပသားများ ယုံကြည်လာအောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ ဝေးလံလှသော၊ စိတ်ကူးယဉ်ဆန်သော ကျူးကျော်မှုသတင်းကို အကြောင်းပြချက်ကောင်းအဖြစ် အသုံးချကာ အခွန်ထမ်းပြည်သူများထံမှ ဘီလီယံနှင့်ချီသော ငွေကြေးများကို ထုတ်ယူရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။အခြားတစ်ဖက်တွင်လည်း ဥရောပသားများသည် "ငွေကြေး ထပ်မံတောင်းခံပြန်ပြီ" ဆိုသည့် ပုံစံ မျိုးဖြင့် ငြီးငွေ့နေသည်မှာ ကြာပြီဖြစ်သည်။ ၎င်းမှာ အိမ်နီးချင်းဖြစ်သူ (ယခုဖြစ်ရပ်တွင် ယူကရိန်း၏ ဗလာဒီမာ ဇီလန်စကီး) ကို အသုံးချကာ မိမိအိမ် မည်သို့ဖောက်ထွင်းခံရကြောင်း အမြဲမပြတ် ပြောကြားစေပြီး အိမ်လုံခြုံရေးစနစ် (Alarm) လာရောက်ရောင်းချနေသူနှင့် တူညီနေသည်။ ၎င်းမှာ ရုရှားနယ်စပ်ရှိ နီယိုနာဇီ (Neo-Nazis) အုပ်စုများနှင့် NATO လက်နက်များကိစ္စတွင် မည်သို့မျှမပတ်သက်ဘဲ ငြိမ်သက်စွာ နေထိုင်နေသည့်ကြားမှ တိုက်ခိုက်ခံရသည့် သားကောင်တစ်ဦးအဖြစ် ဟန်ဆောင်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် "သင်တို့ ဥရောပတွင်လည်း အလားတူ ဖြစ်ပွားနိုင်သည်" ဟု ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ အကယ်၍ NATO အဖွဲ့ကြီးသည် ထိုမျှလောက်ပင် အားနည်းနေပါက ပြည်သူများထံမှ ရယူထားသော ငွေကြေးများဖြင့် ကစားစရာသေနတ်များသာ ဝယ်ယူနေကြသလောဟု မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။ဥရောပသားများအနေဖြင့် အဆိုပါအချက်များကို အယုံအကြည်မရှိခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ အနည်းဆုံးတော့ အာဏာရအသိုင်းအဝိုင်းပြင်ပရှိ လူထုကြားတွင် ဖြစ်သည်။ အာဏာရပုဂ္ဂိုလ်များ ကိုယ်တိုင်ကပင် အယုံအကြည်မရှိသော်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက်မူ ဆန့်ကျင်ဘက် စကားများကိုသာ ဆက်လက်ပြောဆိုနေကြသည်။ထို့ကြောင့် မက်ခရွန်ကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ကံကောင်းသည်မှာ အများပြည်သူပိုင် ရန်ပုံငွေ အမြောက်အမြားကို စစ်ရေးအသုံးစရိတ်အဖြစ် ပြောင်းလဲအသုံးချမည့် ယခင်စီမံကိန်းဟောင်းအတွက်ပင် ပိုမိုခိုင်လုံသော အကြောင်းပြချက်အသစ်တစ်ရပ်ကို ရရှိသွားခြင်းဖြစ်သည်။ ယခုအခါ မက်ခရွန်ထံမှ ထွက်ပေါ်လာသော သတင်းစကားအသစ်မှာ ရုရှား သို့မဟုတ် တရုတ်တို့ထံမှ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို ဘေးဖယ်ထားလိုက်ပြီး၊ အမေရိကန်၏ ခြိမ်းခြောက်မှု ကိုသာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ် အသားပေးဖော်ပြလာခြင်းဖြစ်သည်။၎င်းတို့ကို ခုခံကာကွယ်ရန်အတွက် ဥရောပသမဂ္ဂ (EU) သည် "အင်အားကြီးနိုင်ငံ" တစ်ခု ဖြစ်လာရမည်ဟု ၎င်းက အခိုင်အမာဆိုသည်။ ယခင်က ရုရှားကို အဓိကရန်သူအဖြစ် သတ်မှတ်ခဲ့စဉ်ကမူ အမေရိကန်အပေါ် အမှီမပြုနိုင်တော့သည့် ကိစ္စရပ်တစ်ခုအဖြစ်သာ တင်ပြခဲ့ကြသည်။ ယခုအခြေ အနေမှာ EU ၏ အစီအစဉ်များအတွက် ပိုမိုအဆင်ပြေစေသည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းမှာ ဥရောပသားများသည် ထရမ့်က ၎င်းတို့အဖွဲ့အစည်းကို တိုက်ခိုက်လာနိုင်သည်ဟူသော အချက်ကို ပိုမိုယုံကြည်လက်ခံနိုင်သောကြောင့် ဖြစ်သည်။ထို့အပြင် ဤအကြောင်းပြချက်အသစ်ကြောင့် EU ခေါင်းဆောင်များသည် ကာကွယ်ရေးကဏ္ဍအတွက် သာမက အခြားသော ကဏ္ဍအသီးသီးအတွက်ပါ အခွန်ထမ်းပြည်သူများ၏ ငွေကြေးကို သိမ်းကျုံးအသုံးပြုခွင့် ရရှိသွားစေသည်။ ဥရောပသည် ကဏ္ဍစုံတွင် အမေရိကန်အပေါ် အလွန်အမင်း မှီခိုနေ ရသောကြောင့် ထိုကဲ့သို့အသုံးစရိတ်များကို အမြောက်အမြားသုံးစွဲခြင်းက ကျဆင်းနေသော ၎င်းတို့၏ စီးပွားရေးကို ပြန်လည်ထောက်ကူပေးနိုင်သဖြင့် ၎င်းတို့၏နိုင်ငံရေးရပ်တည်မှု သက်တမ်းကိုလည်း အဆင်ပြေချောမွေ့စွာ ရှည်ကြာစေမည်ဖြစ်သည်။ယခုအခါ မက်ခရွန်သည် အမေရိကန်နှင့် ကင်းလွတ်သည့် နည်းပညာဂေဟစနစ်တစ်ခုလုံးကို တည်ဆောက်ရန် လိုအပ်ကြောင်း ပြောဆိုနေပြီဖြစ်သည်။ အစိုးရဌာနများတွင် Zoom ၊ Microsoft Teams နှင့် Webex ကဲ့သို့သော အမေရိကန် ဆော့ဖ်ဝဲလ်များ အသုံးပြုမှုကို အဆင့်ဆင့် ရပ်ဆိုင်း သွားရန် စီစဉ်နေသည်။ ထို့အပြင် လာမည့်လများအတွင်း အမေရိကန်သည် ဒစ်ဂျစ်တယ် စည်းမျဉ်း စည်းကမ်းများဆိုင်ရာကဏ္ဍတွင်လည်း တိုက်ခိုက်လာလိမ့်မည်ဖြစ်ကြောင်း El Pais သို့ ပြောကြားခဲ့သည်။အမေရိကန်အနေဖြင့် ထိုသို့လုပ်ဆောင်ရခြင်းမှာ ဥရောပသားများထံ ရောက်ရှိလာမည့် အွန်လိုင်း သတင်းစကားများကို ထိန်းချုပ်ရန်အတွက် အီလွန်မက် (Elon Musk) က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သော X နှင့် ၎င်း၏ ပွင့်လင်းမြင်သာမှုမရှိသော Algorithms များကို အသုံးချနေခြင်း အပေါ် EU က စိတ်ကုန်နေသည်ကို ဝါရှင်တန်က သဘောမကျသောကြောင့် ဖြစ်နိုင်သည်။ ထို့အတူပင် အမေရိကန် တာဝန်ရှိသူများကလည်း ၎င်းတို့၏ ရန်ဘက်ဖြစ်သူ ဂျော့ချ်ဆိုးရော့စ် (George Soros) ၏ နည်းလမ်းအတိုင်း ထရမ့်ကို ထောက်ခံသည့် ဥရောပ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များကို ရန်ပုံငွေ ထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားကြောင်း ပွင့်လင်းစွာ အတည်ပြုပြောကြား ထားသည်။ယခုဖော်ပြပါ အခြေအနေများသည် နှစ်ဦးသဘောတူ လမ်းခွဲရန် ပြင်ဆင်နေသည့် (Conscious uncoupling) ပုံစံမျိုးပင် သက်ရောက်နေပြီဖြစ်သည်။ ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ခရစ္စတင်း လာဂတ် (Christine Lagarde) က အမေရိကန်၏ Mastercard နှင့် Visa ခရက်ဒစ်ကတ် စနစ်များ နေရာတွင် အစားထိုးနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ကြောင်း ပြောဆိုနေပြီဖြစ်သည်။ ထို့အတူ မက်ခရွန်ကလည်း ထရမ့်လက်ထက် အမေရိကန်သည် "တရားဥပဒေစိုးမိုးရေးနှင့် ပို၍ပို၍ ဝေးကွာလာနေသောကြောင့်" ကမ္ဘာကြီးအနေဖြင့် အမေရိကန်ဒေါ်လာ၏ နေရာတွင် အခြားရွေးချယ် စရာများကို လိုလားနေကြပြီဖြစ်ကြောင်း ဆိုပြန်သည်။မက်ခရွန်သည် လက်ရှိအမေရိကန်၏ အယူအဆကို "ဥရောပဆန့်ကျင်ရေး လုံးလုံးလျားလျား ဖြစ်နေသည်" ဟုပင် ခေါ်ဆိုခဲ့သည်။ ဥရောပသမဂ္ဂ (EU) အား စီးပွားရေးပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ဆယ်စုနှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ် တိုက်ခိုက်လာခဲ့ခြင်းက ၎င်းအတွက် မလုံလောက်ခဲ့ဘဲ၊ ယခုအခါ ထရမ့်က တစ်လုံးချင်း စာလုံးပေါင်းပြလိုက်မှသာ သဘောပေါက်သွားပုံရသည်။ယခုအခါ ဥရောပ၏ "အခွန်တိုးမြှင့်ကောက်ခံပြီး အသုံးစရိတ်တိုးမြှင့်ခြင်း" ဆိုင်ရာ ဇာတ်ကြောင်းကို ရုရှား သို့မဟုတ် တရုတ်တို့ထက် ပိုမိုအားကောင်းအောင် တွန်းအားပေးနိုင်မည့် "ဗီလိန်အသစ်" ပေါ်ထွက်လာပြီဖြစ်ရာ ရုရှားသည်လည်း အမှတ်တံဆိပ် အပြောင်းအလဲ (Rebrand) အသစ်တစ်ခု ရရှိသွားပုံပေါ်သည်။"ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရုရှားကတော့ နောင်တစ်ချိန်မှာလည်း ထိုနေရာမှာပဲ ဆက်ရှိနေမှာပါ ၊ ၎င်းတို့က ကျွန်တော်တို့၏ အိမ်ရှေ့တင်မှာ ရှိနေခြင်းဖြစ်သောကြောင့် ၎င်းတို့နှင့်အတူ ဥရောပဆိုင်ရာ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ရန် အရေးကြီးပါသည်" ဟု မက်ခရွန် က El Pais သို့ ပြောကြားခဲ့သည်။ ပြင်သစ်နှင့် ရုရှားအကြား နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ကရင်မလင်ကလည်း အတည်ပြုထားသည်။ သို့ဖြစ်ရာ မက်ခရွန်သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ က ပြင်သစ်သမ္မတဟောင်း ချားလ်ဒီဂေါ (Charles de Gaulle) ၏ ကောက်ချက်အတိုင်းပင် ဥရောပအပေါ် အမေရိကန်၏ လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် "အတ္တလန္တိတ်သမုဒ္ဒရာမှ သည် ယူရယ်တောင်တန်း (Urals) အထိ ဥရောပ" ဆိုသည့် အယူအဆသို့ ပြန်လည်ရောက်ရှိလာပုံရသည်။ယူကရိန်းတွင် ရုရှား၏ရန်မှ ကာကွယ်ရန် အမေရိကန်က ဥရောပကို လုံခြုံရေးအာမခံချက်ပေးရန် မက်ခရွန် အပြင်းအထန် တောင်းဆိုခဲ့သည်များကို မှတ်မိကြဦးမည် ထင်ပါသည်။ သို့သော် ယခု ရက်ပိုင်းတွင်မူ ၎င်းသည် ထိုကိစ္စများကို ဝါရှင်တန်နှင့်ထက် ရုရှားနှင့်သာ တိုက်ရိုက်ဆွေးနွေးလိုပုံ ရသည်။ "ရုရှားနှင့်အတူ ဥရောပ၏ လုံခြုံရေးဆိုင်ရာ အဆောက်အအုံအသစ်တစ်ခုကို ကျွန်တော်တို့ တည်ဆောက်ရပါလိမ့်မည်" ဟု မက်ခရွန်က ဆိုသည်။ ၎င်းက ဆက်လက်၍ "နောင်အနာဂတ် သာယာဝပြောရေးက ဥရောပသားများနှင့်ဆိုင်ပါသည် ၊ သို့မဟုတ်ပါက ယူကရိန်းကို EU ထဲ မည်သည့်အချိန်သွတ်သွင်းမလဲဆိုသည်ကို အမေရိကန် သံအမတ်များနှင့် စေလွှတ်ထားသည့် ကိုယ်စားလှယ်တွေကပဲ သင်တို့ကိုယ်စား ဆုံးဖြတ်ပေးတာကို ပိုသဘောကျပါသလား" ဟု မေးခွန်းထုတ်ခဲ့သည်။ထိုအခြေအနေအားလုံးကို ခြုံငုံကြည့်ပါက ရုပ်ရှင်ရိုက်ကူးနေစဉ် ဇာတ်လမ်းတစ်ခုလုံး၏ အလယ် ရောက်ချိန်မှ ဇာတ်ညွှန်းမကောင်း၍ ဖျက်သိမ်းလိုက်ရခြင်းနှင့် တူနေသည်။ ယခုဖြစ်ရပ်တွင်မူ ဇာတ်လိုက်မင်းသားသည် ရုတ်တရက် ဗီလိန်အဖြစ် ပြောင်းလဲသတ်မှတ်ခံလိုက်ရခြင်းကြောင့်ဖြစ် သည်။ အမှန်စင်စစ် ၎င်းသည် အစကတည်းကပင် အဖြူအမည်းမကွဲပြားဘဲ မှားယွင်းစွာ ရွေးချယ်မိခဲ့သော ဇာတ်ကောင်ဖြစ်နေခြင်းပင် ဖြစ်သည်။(RT တွင်ဖော်ပြထားသော Rachel Marsden ၏ “Has America scared the EU into talking to Russia?” ကို ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) ကဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

လူရမ်းကားဗျူဟာ (Madman Theory) နှင့် ၂၀၂၆ ခုနှစ်၏ ဥရောပပထဝီနိုင်ငံရေး အခင်းအကျင်း

ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဟင်နရီ ကစ်ဆင်းဂျား (Henry Kissinger) သည် ‘Madman Theory’ (လူရမ်းကားဗျူဟာ) ကို စတင်ဖော်ထုတ်ခဲ့သည်။ ထိုဗျူဟာ၏ ရည်ရွယ်ချက်မှာ ထိုစဉ်က သမ္မတ ရစ်ချက် နစ်ဆင် (Richard Nixon) အား မည်သည်ကိုမဆို လုပ်ဆောင်ရန် ဝန်မလေးသည့် စိတ်မမှန်သူတစ်ဦးအဖြစ် မြောက်ဗီယက်နမ်နှင့် ဆိုဗီယက် ယူနီယံတို့က ထင်မှတ်သွားစေရန်ဖြစ်ပြီး၊ ဝါရှင်တန်နှင့် ညှိနှိုင်းဆွေးနွေးခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ဖိအားပေးရန် ဖြစ်သည်။ သို့သော် ဟနွိုင်းအစိုးရသည် ထိုလှည့်ကွက်ကို မယုံ ကြည်ခဲ့ပေ။ သို့ဆိုလျှင် ၂၀၂၆ ခုနှစ်တွင် ဥရောပသမဂ္ဂ (EU) အာဏာပိုင်များက ယုံကြည်သွားကြ မည်လော။

အမှန်စင်စစ် ၎င်းတို့သည် အိမ်ဖြူတော်တွင် လူရမ်းကားတစ်ဦး ရောက်ရှိနေပြီဟု အမှန်တကယ်ပင် ယုံကြည်နေကြပြီဖြစ်သည်။ သို့သော် ဖြစ်ပေါ်လာသည့် ရလဒ်မှာမူ ဝါရှင်တန်က ရည်မှန်းထားသည့် အတိုင်း လုံးလုံးလျားလျား ဖြစ်မလာနိုင်တော့ပေ။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က El Pais နှင့် အင်တာဗျူးရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "အမျိုးသားလုံခြုံရေး" ကို အကြောင်းပြကာ ဂရင်းလန်းကျွန်းကို အင်အားသုံးသိမ်းပိုက်ရန် ခြိမ်းခြောက်ခဲ့မှုနှင့် ပတ်သက်၍ “အမေရိကန်၏ တကယ့်ရည်ရွယ်ချက်မှာ ပထဝီနိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ရိုးသားစွာ တုံ့ပြန်ရန်သာဖြစ်သည်ဟု မည်သူမျှ အထင်မမှားပါစေနှင့်။ ရုရှား သို့မဟုတ် တရုတ်တို့က ခြိမ်းခြောက်နေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ ထောက်လှမ်းရေး အချက်အလက်များအရ ဂရင်းလန်းတစ်ဝိုက်ရှိ ရုရှားနှင့် တရုတ်တို့၏ သင်္ဘောများနှင့် ရေငုပ်သင်္ဘောအရေအတွက်မှာ လျစ်လျူရှုထားနိုင်လောက်အောင် နည်းပါးကြောင်း ကျွန်ုပ် အတည်ပြုနိုင်ပါသည်” ဟု မှတ်ချက်ပြုခဲ့သည်။

ထရမ့်သည် မဖြစ်နိုင်သောအရာကို ဖြစ်မြောက်အောင် လုပ်ဆောင်လိုက်ခြင်းဖြင့် EU ခေါင်းဆောင်များ၏ "ရုရှားကျူးကျော်မည့် စိတ်ကူးယဉ်ကြောက်စိတ်" ကို "အမေရိကန်ကျူးကျော်မည့် စိတ်ကူးယဉ် ကြောက်စိတ်" ဖြင့် အစားထိုးပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ ဥရောပခေါင်းဆောင်များအတွက် ပိုမိုအဆင်ပြေစေသည့် အနေအထားပင် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် "၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပူတင်က ဥရောပသမဂ္ဂကို ကျူးကျော်လာတော့မည်" ဟု ဥရောပသားများ ယုံကြည်လာအောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ ဝေးလံလှသော၊ စိတ်ကူးယဉ်ဆန်သော ကျူးကျော်မှုသတင်းကို အကြောင်းပြချက်ကောင်းအဖြစ် အသုံးချကာ အခွန်ထမ်းပြည်သူများထံမှ ဘီလီယံနှင့်ချီသော ငွေကြေးများကို ထုတ်ယူရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဥရောပသားများသည် "ငွေကြေး ထပ်မံတောင်းခံပြန်ပြီ" ဆိုသည့် ပုံစံ မျိုးဖြင့် ငြီးငွေ့နေသည်မှာ ကြာပြီဖြစ်သည်။ ၎င်းမှာ အိမ်နီးချင်းဖြစ်သူ (ယခုဖြစ်ရပ်တွင် ယူကရိန်း၏ ဗလာဒီမာ ဇီလန်စကီး) ကို အသုံးချကာ မိမိအိမ် မည်သို့ဖောက်ထွင်းခံရကြောင်း အမြဲမပြတ် ပြောကြားစေပြီး အိမ်လုံခြုံရေးစနစ် (Alarm) လာရောက်ရောင်းချနေသူနှင့် တူညီနေသည်။ ၎င်းမှာ ရုရှားနယ်စပ်ရှိ နီယိုနာဇီ (Neo-Nazis) အုပ်စုများနှင့် NATO လက်နက်များကိစ္စတွင် မည်သို့မျှမပတ်သက်ဘဲ ငြိမ်သက်စွာ နေထိုင်နေသည့်ကြားမှ တိုက်ခိုက်ခံရသည့် သားကောင်တစ်ဦးအဖြစ် ဟန်ဆောင်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် "သင်တို့ ဥရောပတွင်လည်း အလားတူ ဖြစ်ပွားနိုင်သည်" ဟု ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ အကယ်၍ NATO အဖွဲ့ကြီးသည် ထိုမျှလောက်ပင် အားနည်းနေပါက ပြည်သူများထံမှ ရယူထားသော ငွေကြေးများဖြင့် ကစားစရာသေနတ်များသာ ဝယ်ယူနေကြသလောဟု မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။

ဥရောပသားများအနေဖြင့် အဆိုပါအချက်များကို အယုံအကြည်မရှိခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ အနည်းဆုံးတော့ အာဏာရအသိုင်းအဝိုင်းပြင်ပရှိ လူထုကြားတွင် ဖြစ်သည်။ အာဏာရပုဂ္ဂိုလ်များ ကိုယ်တိုင်ကပင် အယုံအကြည်မရှိသော်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက်မူ ဆန့်ကျင်ဘက် စကားများကိုသာ ဆက်လက်ပြောဆိုနေကြသည်။

ထို့ကြောင့် မက်ခရွန်ကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ကံကောင်းသည်မှာ အများပြည်သူပိုင် ရန်ပုံငွေ အမြောက်အမြားကို စစ်ရေးအသုံးစရိတ်အဖြစ် ပြောင်းလဲအသုံးချမည့် ယခင်စီမံကိန်းဟောင်းအတွက်ပင် ပိုမိုခိုင်လုံသော အကြောင်းပြချက်အသစ်တစ်ရပ်ကို ရရှိသွားခြင်းဖြစ်သည်။ ယခုအခါ မက်ခရွန်ထံမှ ထွက်ပေါ်လာသော သတင်းစကားအသစ်မှာ ရုရှား သို့မဟုတ် တရုတ်တို့ထံမှ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို ဘေးဖယ်ထားလိုက်ပြီး၊ အမေရိကန်၏ ခြိမ်းခြောက်မှု ကိုသာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ် အသားပေးဖော်ပြလာခြင်းဖြစ်သည်။

၎င်းတို့ကို ခုခံကာကွယ်ရန်အတွက် ဥရောပသမဂ္ဂ (EU) သည် "အင်အားကြီးနိုင်ငံ" တစ်ခု ဖြစ်လာရမည်ဟု ၎င်းက အခိုင်အမာဆိုသည်။ ယခင်က ရုရှားကို အဓိကရန်သူအဖြစ် သတ်မှတ်ခဲ့စဉ်ကမူ အမေရိကန်အပေါ် အမှီမပြုနိုင်တော့သည့် ကိစ္စရပ်တစ်ခုအဖြစ်သာ တင်ပြခဲ့ကြသည်။ ယခုအခြေ အနေမှာ EU ၏ အစီအစဉ်များအတွက် ပိုမိုအဆင်ပြေစေသည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းမှာ ဥရောပသားများသည် ထရမ့်က ၎င်းတို့အဖွဲ့အစည်းကို တိုက်ခိုက်လာနိုင်သည်ဟူသော အချက်ကို ပိုမိုယုံကြည်လက်ခံနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် ဤအကြောင်းပြချက်အသစ်ကြောင့် EU ခေါင်းဆောင်များသည် ကာကွယ်ရေးကဏ္ဍအတွက် သာမက အခြားသော ကဏ္ဍအသီးသီးအတွက်ပါ အခွန်ထမ်းပြည်သူများ၏ ငွေကြေးကို သိမ်းကျုံးအသုံးပြုခွင့် ရရှိသွားစေသည်။ ဥရောပသည် ကဏ္ဍစုံတွင် အမေရိကန်အပေါ် အလွန်အမင်း မှီခိုနေ ရသောကြောင့် ထိုကဲ့သို့အသုံးစရိတ်များကို အမြောက်အမြားသုံးစွဲခြင်းက ကျဆင်းနေသော ၎င်းတို့၏ စီးပွားရေးကို ပြန်လည်ထောက်ကူပေးနိုင်သဖြင့် ၎င်းတို့၏နိုင်ငံရေးရပ်တည်မှု သက်တမ်းကိုလည်း အဆင်ပြေချောမွေ့စွာ ရှည်ကြာစေမည်ဖြစ်သည်။

ယခုအခါ မက်ခရွန်သည် အမေရိကန်နှင့် ကင်းလွတ်သည့် နည်းပညာဂေဟစနစ်တစ်ခုလုံးကို တည်ဆောက်ရန် လိုအပ်ကြောင်း ပြောဆိုနေပြီဖြစ်သည်။ အစိုးရဌာနများတွင် Zoom ၊ Microsoft Teams နှင့် Webex ကဲ့သို့သော အမေရိကန် ဆော့ဖ်ဝဲလ်များ အသုံးပြုမှုကို အဆင့်ဆင့် ရပ်ဆိုင်း သွားရန် စီစဉ်နေသည်။ ထို့အပြင် လာမည့်လများအတွင်း အမေရိကန်သည် ဒစ်ဂျစ်တယ် စည်းမျဉ်း စည်းကမ်းများဆိုင်ရာကဏ္ဍတွင်လည်း တိုက်ခိုက်လာလိမ့်မည်ဖြစ်ကြောင်း El Pais သို့ ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ထိုသို့လုပ်ဆောင်ရခြင်းမှာ ဥရောပသားများထံ ရောက်ရှိလာမည့် အွန်လိုင်း သတင်းစကားများကို ထိန်းချုပ်ရန်အတွက် အီလွန်မက် (Elon Musk) က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သော X နှင့် ၎င်း၏ ပွင့်လင်းမြင်သာမှုမရှိသော Algorithms များကို အသုံးချနေခြင်း အပေါ် EU က စိတ်ကုန်နေသည်ကို ဝါရှင်တန်က သဘောမကျသောကြောင့် ဖြစ်နိုင်သည်။ ထို့အတူပင် အမေရိကန် တာဝန်ရှိသူများကလည်း ၎င်းတို့၏ ရန်ဘက်ဖြစ်သူ ဂျော့ချ်ဆိုးရော့စ် (George Soros) ၏ နည်းလမ်းအတိုင်း ထရမ့်ကို ထောက်ခံသည့် ဥရောပ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များကို ရန်ပုံငွေ ထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားကြောင်း ပွင့်လင်းစွာ အတည်ပြုပြောကြား ထားသည်။

ယခုဖော်ပြပါ အခြေအနေများသည် နှစ်ဦးသဘောတူ လမ်းခွဲရန် ပြင်ဆင်နေသည့် (Conscious uncoupling) ပုံစံမျိုးပင် သက်ရောက်နေပြီဖြစ်သည်။ ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ခရစ္စတင်း လာဂတ် (Christine Lagarde) က အမေရိကန်၏ Mastercard နှင့် Visa ခရက်ဒစ်ကတ် စနစ်များ နေရာတွင် အစားထိုးနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ကြောင်း ပြောဆိုနေပြီဖြစ်သည်။ ထို့အတူ မက်ခရွန်ကလည်း ထရမ့်လက်ထက် အမေရိကန်သည် "တရားဥပဒေစိုးမိုးရေးနှင့် ပို၍ပို၍ ဝေးကွာလာနေသောကြောင့်" ကမ္ဘာကြီးအနေဖြင့် အမေရိကန်ဒေါ်လာ၏ နေရာတွင် အခြားရွေးချယ် စရာများကို လိုလားနေကြပြီဖြစ်ကြောင်း ဆိုပြန်သည်။

မက်ခရွန်သည် လက်ရှိအမေရိကန်၏ အယူအဆကို "ဥရောပဆန့်ကျင်ရေး လုံးလုံးလျားလျား ဖြစ်နေသည်" ဟုပင် ခေါ်ဆိုခဲ့သည်။ ဥရောပသမဂ္ဂ (EU) အား စီးပွားရေးပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ဆယ်စုနှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ် တိုက်ခိုက်လာခဲ့ခြင်းက ၎င်းအတွက် မလုံလောက်ခဲ့ဘဲ၊ ယခုအခါ ထရမ့်က တစ်လုံးချင်း စာလုံးပေါင်းပြလိုက်မှသာ သဘောပေါက်သွားပုံရသည်။

ယခုအခါ ဥရောပ၏ "အခွန်တိုးမြှင့်ကောက်ခံပြီး အသုံးစရိတ်တိုးမြှင့်ခြင်း" ဆိုင်ရာ ဇာတ်ကြောင်းကို ရုရှား သို့မဟုတ် တရုတ်တို့ထက် ပိုမိုအားကောင်းအောင် တွန်းအားပေးနိုင်မည့် "ဗီလိန်အသစ်" ပေါ်ထွက်လာပြီဖြစ်ရာ ရုရှားသည်လည်း အမှတ်တံဆိပ် အပြောင်းအလဲ (Rebrand) အသစ်တစ်ခု ရရှိသွားပုံပေါ်သည်။

"ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရုရှားကတော့ နောင်တစ်ချိန်မှာလည်း ထိုနေရာမှာပဲ ဆက်ရှိနေမှာပါ ၊ ၎င်းတို့က ကျွန်တော်တို့၏ အိမ်ရှေ့တင်မှာ ရှိနေခြင်းဖြစ်သောကြောင့် ၎င်းတို့နှင့်အတူ ဥရောပဆိုင်ရာ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ရန် အရေးကြီးပါသည်" ဟု မက်ခရွန် က El Pais သို့ ပြောကြားခဲ့သည်။ ပြင်သစ်နှင့် ရုရှားအကြား နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ကရင်မလင်ကလည်း အတည်ပြုထားသည်။ သို့ဖြစ်ရာ မက်ခရွန်သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ က ပြင်သစ်သမ္မတဟောင်း ချားလ်ဒီဂေါ (Charles de Gaulle) ၏ ကောက်ချက်အတိုင်းပင် ဥရောပအပေါ် အမေရိကန်၏ လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် "အတ္တလန္တိတ်သမုဒ္ဒရာမှ သည် ယူရယ်တောင်တန်း (Urals) အထိ ဥရောပ" ဆိုသည့် အယူအဆသို့ ပြန်လည်ရောက်ရှိလာပုံရသည်။

ယူကရိန်းတွင် ရုရှား၏ရန်မှ ကာကွယ်ရန် အမေရိကန်က ဥရောပကို လုံခြုံရေးအာမခံချက်ပေးရန် မက်ခရွန် အပြင်းအထန် တောင်းဆိုခဲ့သည်များကို မှတ်မိကြဦးမည် ထင်ပါသည်။ သို့သော် ယခု ရက်ပိုင်းတွင်မူ ၎င်းသည် ထိုကိစ္စများကို ဝါရှင်တန်နှင့်ထက် ရုရှားနှင့်သာ တိုက်ရိုက်ဆွေးနွေးလိုပုံ ရသည်။ "ရုရှားနှင့်အတူ ဥရောပ၏ လုံခြုံရေးဆိုင်ရာ အဆောက်အအုံအသစ်တစ်ခုကို ကျွန်တော်တို့ တည်ဆောက်ရပါလိမ့်မည်" ဟု မက်ခရွန်က ဆိုသည်။ ၎င်းက ဆက်လက်၍ "နောင်အနာဂတ် သာယာဝပြောရေးက ဥရောပသားများနှင့်ဆိုင်ပါသည် ၊ သို့မဟုတ်ပါက ယူကရိန်းကို EU ထဲ မည်သည့်အချိန်သွတ်သွင်းမလဲဆိုသည်ကို အမေရိကန် သံအမတ်များနှင့် စေလွှတ်ထားသည့် ကိုယ်စားလှယ်တွေကပဲ သင်တို့ကိုယ်စား ဆုံးဖြတ်ပေးတာကို ပိုသဘောကျပါသလား" ဟု မေးခွန်းထုတ်ခဲ့သည်။

ထိုအခြေအနေအားလုံးကို ခြုံငုံကြည့်ပါက ရုပ်ရှင်ရိုက်ကူးနေစဉ် ဇာတ်လမ်းတစ်ခုလုံး၏ အလယ် ရောက်ချိန်မှ ဇာတ်ညွှန်းမကောင်း၍ ဖျက်သိမ်းလိုက်ရခြင်းနှင့် တူနေသည်။ ယခုဖြစ်ရပ်တွင်မူ ဇာတ်လိုက်မင်းသားသည် ရုတ်တရက် ဗီလိန်အဖြစ် ပြောင်းလဲသတ်မှတ်ခံလိုက်ရခြင်းကြောင့်ဖြစ် သည်။ အမှန်စင်စစ် ၎င်းသည် အစကတည်းကပင် အဖြူအမည်းမကွဲပြားဘဲ မှားယွင်းစွာ ရွေးချယ်မိခဲ့သော ဇာတ်ကောင်ဖြစ်နေခြင်းပင် ဖြစ်သည်။

(RT တွင်ဖော်ပြထားသော Rachel Marsden ၏ “Has America scared the EU into talking to Russia?” ကို ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) ကဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

Rachel Marsden

အပေးအယူကိုသာ လိုချင်နေတဲ့အမေရိကန်နဲ့ စနစ်ကိုလိုချင်နေတဲ့ရုရှား
-
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက အလက်စကာပြည်နယ်တွင် ရုရှားနှင့်အမေရိကန် သမ္မတနှစ်ဦးတွေ့ဆုံပြီးနောက် “အန်ကာရေ့စိတ်ဓာတ်” (Spirit of Anchorage) ဆိုသည့် စကားရပ်အသစ်တစ်ခု သံတမန်လောကအတွင်း ပျံ့နှံ့လာသည်။ ဆွေးနွေးပွဲအနှစ်သာရကို တရားဝင်ထုတ်ဖော်ပြောထားခြင်းမရှိသော်လည်း ပေါက်ကြားလာသည့် သတင်းအချက်အလက်များ အပေါ်မူတည်၍ ခန့်မှန်းကြည့်နိုင်သည်။သို့သော် သူတို့တွေ့ဆုံပွဲပုံစံမှာမူ ထူးခြားလှသည်။ လူကိုယ်တိုင်နှုတ်ဆက်ခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခြင်းနှင့် ကားတစ်စီးတည်းအတူစီးခြင်း စသည်တို့ဖြစ်သည်။ ထိုသို့သော ပြကွက်များကအရေးပါသည်။ ၎င်းမှာ ကိစ္စရပ်များနှင့်ပတ်သက်၍ အလေးအနက်ထားကြောင်း ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။သို့တိုင်အောင် မေးစရာမေးခွန်းတစ်ခုရှိသည်မှာအန်ကာရေ့တွင် မည်သည့်အရာကို အမှန်တကယ်မွေးဖွားပေးခဲ့သနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ထိုတွေ့ဆုံပွဲသည် ယခင်အချိန်များဆီက ခေတ်တစ်ခေတ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးသည့် သံတမန်ရေးရာ စိတ်ဓာတ်များ၏ မျိုးဆက်တွင် အကျုံးဝင်ပါမည်လားဟုသိချင်လာရသည်။ဤစကားရပ်မှာ အသစ်အဆန်းတော့မဟုတ်ပေ။ အန်ကာရေ့မတိုင်မီက ယောတာစိတ်ဓာတ် (Spirit of Yalta)၊ ဟယ်ဆင်ကီ စိတ်ဓာတ် (Spirit of Helsinki) နှင့် ခဏတာရှင်သန်ခဲ့သည့် မော်တာစိတ်ဓာတ် (Spirit of Malta) ဟူ၍ ရှိခဲ့ဖူးသည်။ ထိုသုံးကြိမ်စလုံးသည် ၂၀ရာစု ဒုတိယဝက်ကာလအတွင်း အင်အားကြီးနိုင်ငံများကြားဆက်ဆံရေး၏ အလှည့်အပြောင်းမှတ်တိုင်များဖြစ်ခဲ့ဖူးသည်။၁၉၄၅ ခုနှစ် ယောတာဆွေးနွေးပွဲသည် ဆိုဗီယက်နှင့် အမေရိကန်ကို ဗဟိုမဏ္ဍိုင်များအဖြစ် အသိအမှတ်ပြုကာ စစ်ပြီးကာလ ကမ္ဘာ့စနစ်အသစ်၏အုတ်မြစ်ကို ချပေးခဲ့သည်။ ၁၉၇၅ ခုနှစ် ဟယ်ဆင်ကီဆွေးနွေးပွဲသည် ထိုစနစ်ကို တရားဝင်ပြဋ္ဌာန်းခဲ့ပြီး တစ်ဖက်တွင်လည်း ယင်းစနစ် တဖြည်းဖြည်းပျက်စီးလာစေရန် လမ်းစဖော်ပေးသလိုဖြစ်သည်။ ၁၉၈၉ ခုနှစ် မော်တာဆွေးနွေးပွဲကမူ စစ်အေးတိုက်ပွဲအဆုံးသတ်ခြင်းနှင့်အတူ ဥရောပတိုက်ကြီး နှစ်ခြမ်းကွဲနေမှုကို အဆုံးသတ်စေသည့် ပြယုဂ်တစ်ခုဖြစ်လာသည်။ဤတွေ့ဆုံပွဲများသည် ပုံစံနှင့်ရလဒ်ချင်းကွဲပြားမှုရှိသည်။ ယောတာသည် အောင်ပွဲရ အင်အားကြီးသုံးနိုင်ငံက သြဇာလွှမ်းမိုးမှုနယ်ပယ်များကို ခွဲဝေယူခြင်း ဖြစ်သည်။ ဟယ်ဆင်ကီမှာ တင်းမာမှုဖြစ်ပေါ်နေသည့်အခြေအနေကိုတည်ငြိမ်လာစေရန် ရည်ရွယ်သည့် ဘက်ပေါင်းစုံမှဆွေးနွေးပွဲများ၏ ရလဒ်ဖြစ်သည်။ မော်တာမှာမူ “ကမ္ဘာ့စနစ်အသစ်” ဆိုသည့် ခေါင်းစဉ်အောက်တွင် တစ်ဖက်၏ဆုတ်ခွာပေးမှုကို အတည်ပြုပေးသည့် နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်သည်။ သို့သော် ၎င်းတို့အားလုံးတွင် တူညီသည့် ဝိသေသတစ်ခုရှိသည်။ထိုဝိသေသမှာ တွေ့ဆုံဆွေးနွေးမှုတစ်ခုချင်းစီသည်နိုင်ငံတကာစနစ်၏ မူဘောင်များကိုသတ်မှတ်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်ဖြစ်သည်။တရားဝင်ထုတ်ပြန်ချက်များအရ ပြောရမည်ဆိုလျှင် အလက်စကာဆွေးနွေးပွဲသည် ယူကရိန်းအရေးကိုအာရုံစိုက်သည်ဟုဆိုရမည်ဖြစ်သည်။ ထိုနေရာတွင်မေးခွန်းတစ်ခုကို ချက်ချင်းပေါ်ထွက်လာစေသည်။ စစ်ဖြစ်နေသည့် အဖွဲ့အစည်းတစ်ခု၏ တိုက်ရိုက်ပါဝင်မှု မရှိဘဲ ရေရှည်တည်တံ့မည့် ပြေလည်မှုတစ်ခုရရှိရန် မည်မျှလက်တွေ့ကျနိုင်မည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ထိုသို့သော ချဉ်းကပ်မှုမျိုးသည် ဆွေးနွေးသူများထဲမှ တစ်ဦးဖြစ်သည့်အမေရိကန်က ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းမပါဘဲ ချမှတ်ထားသည့်ဆုံးဖြတ်ချက်များကို လက်ခံလာစေရန် ဖိအားပေးနိုင်စွမ်းနှင့် ဆန္ဒရှိမှသာဖြစ်နိုင်မည်ဖြစ်သည်။သြဂုတ်လနောက်ပိုင်းဖြစ်ရပ်များအရ အမေရိကန်တွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိနေသည်ကို တွေ့ရှိရသည်။ ခိုင်လုံသော အကြောင်းပြချက်မှာ အမေရိကန်၌ ထိုသို့လုပ်ဆောင်ရန်တွန်းအား မရှိခြင်းပင်ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခဖြေရှင်းရေးကို ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာအဖြစ် မှတ်ယူထားသည်။ သို့သော် ဂုဏ်သိက္ခာသည် မဟာဗျူဟာမြောက်လိုအပ်ချက်နှင့်မတူပေ။ ထရမ့်နှင့် ၎င်း၏ လူယုံများအတွက်ဆိုပါက ရုရှားအနေဖြင့်လုံးဝဥဿုံအောင်ပွဲမရသွားစေရန် တားဆီးနိုင်ဖို့ကသာ အဓိကဖြစ်ပြီး ကျန်ရှိသည့် နယ်နိမိတ်သတ်မှတ်ချက်များနှင့် ထိန်းသိမ်းရမည့် စည်းကမ်းချက်များသည် အရေးမကြီးလှပေ။အဆိုပါဆွေးနွေးပွဲများသည် ကမ္ဘာ့စနစ်အသစ်တစ်ခုကို ပုံဖော်ပေးလိမ့်မည်ဟု အမေရိကန်အနေဖြင့် ယူဆမှသာ ၎င်း၏နိုင်ငံရေးနှင့် စီးပွားရေးအင်အားအားလုံးကို အသုံးချမည်ဖြစ်သည်။ ယောတာ၊ ဟယ်ဆင်ကီနှင့် မော်တာတို့တွင် ထိုသို့ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ ထိုသို့မဟုတ်တော့ပေ။ရုရှားကမူ အန်ကာရေ့ကို ထိုထက်ပို၍ ကျယ်ပြန့်သည့်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ စစ်ဆင်ရေးစတင်ကတည်းက ရုရှားသည် ထိုပဋိပက္ခကို နယ်မြေလုပွဲထက် ဥရောပလုံခြုံရေးဗိသုကာပုံစံဆိုင်ရာ ပြဿနာအဖြစ်ပုံဖော်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ နယ်မြေကိစ္စက အရေးပါလာသည်မှာ မှန်သော်လည်းအဓိကပြဿနာမှာ ဥရောပတိုက်၏လုံခြုံရေးကို စိုးမိုးမည့် မူဝါဒများပင်ဖြစ်သည်။ယနေ့တွင် အဆိုပါအချက်ကို ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များဟူသည့် မေးခွန်းအဖြစ် ဖော်ပြလေ့ရှိသည်။ လက်တွေ့တွင်မူ ယင်းသည် ထိုအာမခံချက်များတည်ရှိမည့် ပိုမိုကျယ်ပြန့်သော စနစ်နှင့် သက်ဆိုင်နေသည်။ ဤအချက်သည်ပင် မည်သည့်သဘောတူညီချက်အတွက်မဆို အကြီးမား ဆုံး အဟန့်အတားဖြစ်လာနိုင်သည်။အမေရိကန်၏ ကမ္ဘာ့စနစ်အမြင်မှာ အစိတ်စိတ်အမြွှာမြွှာဖြစ်နေပြီး လက်တွေ့ကျကျအသုံးချနိုင်မှုကိုသာ အလေးထားသည်။ စီးပွားရေးဖိအားပေးမှု၊ စစ်ရေးအရတည်ရှိနေမှုနှင့် နိုင်ငံရေးအရအသာစီးရမှုတို့ကို သတ်မှတ်ထားသော ဒေသနှင့်ပြဿနာများပေါ်တွင်သာ ရွေးချယ်အသုံးချပြီး ထိန်းချုပ်ထားသည်။ယင်းသည် စနစ်တစ်ခုလုံးကို ပုံဖော်ခြင်းထက် လိုအပ်သည့်နေရာကိုသာ ပစ်မှတ်ထားဝင်ရောက်စွက်ဖက်သည့် ပုံစံမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် “အင်အားသုံးအပ်စိုက်ကုထုံး” ပုံစံမျိုးပင်ဖြစ်သည်။ဤအခြေအနေမျိုးတွင် သဘောတူညီချက်များသည် မူဝါဒများအပေါ် အခြေမခံဘဲ အပြန်အလှန် အကျိုးအမြတ်လဲလှယ်မှုများသာ ဖြစ်လာသည်။ ယင်းတို့သည် ရေရှည်တည်တံ့မည့် ဆက်ဆံရေးစည်းကမ်းများကို တည်ဆောက်ရန်ထက် လက်ငင်းရလဒ် သို့မဟုတ် စီးပွားရေးအရ အမြတ်ထွက်ရေးကိုသာဦးတည်သည်။ အမေရိကန်၏အမြင်တွင် ယူကရိန်းက ပြဿနာပေါင်းများစွာထဲမှတစ်ခုသာဖြစ်ပြီး စနစ်အသစ်တစ်ခုတည်ဆောက်နိုင်မည့် ဗဟိုချက်မဟုတ်ပေ။အကယ်၍ ရည်ရွယ်ချက်မှာ ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရန်သက်သက်ဆိုလျှင် ရုရှား-အမေရိကန် ဆွေးနွေးပွဲပုံစံတစ်ခုတည်းဖြင့် လုံလောက်မှုမရှိပေ။ ယူကရိန်းကိုယ်တိုင်နှင့် ဥရောပတို့ပါဝင်ရန် လိုအပ်မည်ဖြစ်သည်။ ဥရောပ၏ မဟာဗျူဟာမြောက် အင်အားသည် အကန့်အသတ်ရှိသော်လည်း ၎င်းတို့ လက်မခံနိုင်သည့် မည်သည့်ပြေလည်မှုကိုမဆို ဟန့်တားနိုင်စွမ်း ရှိနေသေးသည်။ ဤအချက်ကို လျစ်လျူရှုခြင်းက မှားယွင်းမှုတစ်ခုဖြစ်သွားစေမည်ဖြစ်သည်။အန်ကာရေ့စိတ်ဓာတ်ကို ယောတာ၊ ဟယ်ဆင်ကီ၊ မော်တာတို့နှင့် တန်းတူထားရန်ဆိုလျှင် ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၈၀ နီးပါး တည်တံ့ခဲ့သည့် စနစ်ဟောင်းကို အစားထိုးနိုင်မည့် တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ရန်အထိ ပစ်မှတ်ထားရမည်ဖြစ်သည်။အမေရိကန်သည် ယင်းကဲ့သို့သော စီမံကိန်းမျိုးတွင် ရုရှားနိုင်ငံအား အဓိကဆွေးနွေးဖက်အဖြစ် မရှုမြင်ပေ။ အလွန်ဆုံးရှိမှ တရုတ်ကိုသာ ထိုနေရာတွင် ခေတ္တသတ်မှတ်ထားသည်။ သို့သော် ယင်းမှာလည်း မရေရာသေးပေ။ ရလဒ်အနေဖြင့် အန်ကာရေ့စိတ်ဓာတ်သည် ဆွေးနွေးပွဲ၏ တကယ့်အကြောင်းအရာနှင့် ကိုက်ညီမှုမရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုကြားတွင် မတည်မငြိမ် လွင့်မျောနေရသည်။ရုရှား၏အမြင်တွင် ယင်းသည် ဥရောပနှင့် ကမ္ဘာ့လုံခြုံရေး အခြေခံအုတ်မြစ်များကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။ အမေရိကန်ဘက်ကမူ ပိုမိုကျယ်ပြန့်သည့် အာဏာတည်ဆောက်ပုံကို မပြောင်းလဲဘဲ သတ်မှတ်ထားသော ပဋိပက္ခပုံစံတစ်ခုကိုသာ ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်။ နှစ်ဖက်စလုံးက အကြောင်းအရာတစ်ခုတည်းကိုပင် ဆွေးနွေးနေခြင်း မဟုတ်သည့်အခါတွင် ဘေးထွက်ဆိုးကျိုးများက သိသာလှသည်။ဤသို့သော အခြေအနေမျိုးတွင် “စိတ်ဓာတ်” ဆိုသည်မှာ တဖြည်းဖြည်းမှေးမှိန်သွားပြီး လမ်းပြပေးမည့်အင်အားဆိုသည်ထက် စကားလုံးအလှသက်သက်သာဖြစ်လာကာ ဘယ်သောအခါမှ ပေါ်ပေါက်မလာသည့် သဘောတူညီချက်၏ ဝိညာဉ်တစ်ခုဖြစ်သွားပေလိမ့်မည်။ထိုအခြေအနေက ပြောင်းလဲသွားနိုင်သလားဟု မေးလာလျှင် ဖြစ်ကောင်းဖြစ်နိုင်သည်ဟုဆိုရမည်။သို့သော် နှစ်ဖက်စလုံးကို ဒေသတွင်းတွက်ချက်မှုများမှကျော်လွန်၍ ပိုမိုအခြေခံကျသောစနစ်ပြန်လည်တည်ဆောက်ရေးကို မဖြစ်မနေရင်ဆိုင်လာစေမည့် ဖြစ်ရပ်များ ပေါ်ပေါက်လာမှသာ ဖြစ်ပါလိမ့်မည်။ ယင်းအချိန်မတိုင်မီအထိတော့ အန်ကာရေ့သည် မျှော်လင့်ချက်နှင့် လက်တွေ့ဘဝကြားတွင် လွင့်မျောနေဦးမည်ဖြစ်ပြီး ၎င်း၏ ကတိကဝတ်များမှာလည်း ပြည့်ဝလာဦးမည်မဟုတ်ပေ။အန်ကာရေ့စိတ်ဓာတ်သည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ဆွေးနွေးမှုအသစ်တစ်ခုကို လမ်းဖွင့်ပေးသော်လည်း တစ်ဖက်နှင့်တစ်ဖက် မျှော်လင့်ချက်ချင်းလွဲမှားနေဆဲဖြစ်သည်။ အမေရိကန်က ယူကရိန်းပဋိပက္ခကို လက်ငင်းအကျိုးအမြတ်အတွက် အပေးအယူလုပ်ရမည့် ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်နေချိန်ရုရှားကမူ ၎င်းကိုကမ္ဘာ့လုံခြုံရေးစနစ်တစ်ခုလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲရမည့် အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားသည်။ ဤသို့သော မတူကွဲပြားသည့် အမြင်များကြောင့်ပင် အန်ကာရေ့ဆွေးနွေးပွဲသည် သမိုင်းဝင် ယောတာ သို့မဟုတ် ဟယ်ဆင်ကီတို့ကဲ့သို့ ခိုင်မာသည့်စနစ်သစ်တစ်ခုကို ပုံဖော်ပေးနိုင်ခြင်း မရှိသေးဘဲ မရေရာသည့် သံတမန်ရေးရာ အရိပ်အယောင်တစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေပါတော့သည်။ ။ MWD

      ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက အလက်စကာပြည်နယ်တွင် ရုရှားနှင့်အမေရိကန် သမ္မတနှစ်ဦးတွေ့ဆုံပြီးနောက် အန်ကာရေ့စိတ်ဓာတ် (Spirit of Anchorage) ဆိုသည့် စကားရပ်အသစ်တစ်ခု သံတမန်လောကအတွင်း ပျံ့နှံ့လာသည်။ ဆွေးနွေးပွဲအနှစ်သာရကို တရားဝင်ထုတ်ဖော်ပြောထားခြင်းမရှိသော်လည်း ပေါက်ကြားလာသည့် သတင်းအချက်အလက်များ အပေါ်မူတည်၍ ခန့်မှန်းကြည့်နိုင်သည်။

သို့သော် သူတို့တွေ့ဆုံပွဲပုံစံမှာမူ ထူးခြားလှသည်။ လူကိုယ်တိုင်နှုတ်ဆက်ခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခြင်းနှင့် ကားတစ်စီးတည်းအတူစီးခြင်း စသည်တို့ဖြစ်သည်။ ထိုသို့သော ပြကွက်များကအရေးပါသည်။ ၎င်းမှာ ကိစ္စရပ်များနှင့်ပတ်သက်၍ အလေးအနက်ထားကြောင်း ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့တိုင်အောင် မေးစရာမေးခွန်းတစ်ခုရှိသည်မှာအန်ကာရေ့တွင် မည်သည့်အရာကို အမှန်တကယ်မွေးဖွားပေးခဲ့သနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

ထိုတွေ့ဆုံပွဲသည် ယခင်အချိန်များဆီက ခေတ်တစ်ခေတ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးသည့် သံတမန်ရေးရာ စိတ်ဓာတ်များ၏ မျိုးဆက်တွင် အကျုံးဝင်ပါမည်လားဟုသိချင်လာရသည်။

ဤစကားရပ်မှာ အသစ်အဆန်းတော့မဟုတ်ပေ။ အန်ကာရေ့မတိုင်မီက ယောတာစိတ်ဓာတ် (Spirit of Yalta)၊ ဟယ်ဆင်ကီ စိတ်ဓာတ် (Spirit of Helsinki) နှင့် ခဏတာရှင်သန်ခဲ့သည့် မော်တာစိတ်ဓာတ် (Spirit of Malta) ဟူ၍ ရှိခဲ့ဖူးသည်။ ထိုသုံးကြိမ်စလုံးသည် ၂၀ရာစု ဒုတိယဝက်ကာလအတွင်း အင်အားကြီးနိုင်ငံများကြားဆက်ဆံရေး၏ အလှည့်အပြောင်းမှတ်တိုင်များဖြစ်ခဲ့ဖူးသည်။

၁၉၄၅ ခုနှစ် ယောတာဆွေးနွေးပွဲသည် ဆိုဗီယက်နှင့် အမေရိကန်ကို ဗဟိုမဏ္ဍိုင်များအဖြစ် အသိအမှတ်ပြုကာ စစ်ပြီးကာလ ကမ္ဘာ့စနစ်အသစ်၏အုတ်မြစ်ကို ချပေးခဲ့သည်။ ၁၉၇၅ ခုနှစ် ဟယ်ဆင်ကီဆွေးနွေးပွဲသည် ထိုစနစ်ကို တရားဝင်ပြဋ္ဌာန်းခဲ့ပြီး တစ်ဖက်တွင်လည်း ယင်းစနစ် တဖြည်းဖြည်းပျက်စီးလာစေရန် လမ်းစဖော်ပေးသလိုဖြစ်သည်။ ၁၉၈၉ ခုနှစ် မော်တာဆွေးနွေးပွဲကမူ စစ်အေးတိုက်ပွဲအဆုံးသတ်ခြင်းနှင့်အတူ ဥရောပတိုက်ကြီး နှစ်ခြမ်းကွဲနေမှုကို  အဆုံးသတ်စေသည့် ပြယုဂ်တစ်ခုဖြစ်လာသည်။

ဤတွေ့ဆုံပွဲများသည် ပုံစံနှင့်ရလဒ်ချင်းကွဲပြားမှုရှိသည်။ ယောတာသည် အောင်ပွဲရ အင်အားကြီးသုံးနိုင်ငံက သြဇာလွှမ်းမိုးမှုနယ်ပယ်များကို ခွဲဝေယူခြင်း ဖြစ်သည်။ ဟယ်ဆင်ကီမှာ တင်းမာမှုဖြစ်ပေါ်နေသည့်အခြေအနေကိုတည်ငြိမ်လာစေရန် ရည်ရွယ်သည့် ဘက်ပေါင်းစုံမှဆွေးနွေးပွဲများ၏ ရလဒ်ဖြစ်သည်။ မော်တာမှာမူ ကမ္ဘာ့စနစ်အသစ် ဆိုသည့် ခေါင်းစဉ်အောက်တွင် တစ်ဖက်၏ဆုတ်ခွာပေးမှုကို အတည်ပြုပေးသည့် နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်သည်။ သို့သော် ၎င်းတို့အားလုံးတွင် တူညီသည့် ဝိသေသတစ်ခုရှိသည်။

ထိုဝိသေသမှာ တွေ့ဆုံဆွေးနွေးမှုတစ်ခုချင်းစီသည်နိုင်ငံတကာစနစ်၏ မူဘောင်များကိုသတ်မှတ်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်ဖြစ်သည်။

တရားဝင်ထုတ်ပြန်ချက်များအရ ပြောရမည်ဆိုလျှင် အလက်စကာဆွေးနွေးပွဲသည် ယူကရိန်းအရေးကိုအာရုံစိုက်သည်ဟုဆိုရမည်ဖြစ်သည်။ ထိုနေရာတွင်မေးခွန်းတစ်ခုကို ချက်ချင်းပေါ်ထွက်လာစေသည်။ စစ်ဖြစ်နေသည့် အဖွဲ့အစည်းတစ်ခု၏ တိုက်ရိုက်ပါဝင်မှု မရှိဘဲ ရေရှည်တည်တံ့မည့် ပြေလည်မှုတစ်ခုရရှိရန် မည်မျှလက်တွေ့ကျနိုင်မည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ထိုသို့သော ချဉ်းကပ်မှုမျိုးသည် ဆွေးနွေးသူများထဲမှ တစ်ဦးဖြစ်သည့်အမေရိကန်က ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းမပါဘဲ ချမှတ်ထားသည့်ဆုံးဖြတ်ချက်များကို လက်ခံလာစေရန် ဖိအားပေးနိုင်စွမ်းနှင့် ဆန္ဒရှိမှသာဖြစ်နိုင်မည်ဖြစ်သည်။

သြဂုတ်လနောက်ပိုင်းဖြစ်ရပ်များအရ အမေရိကန်တွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိနေသည်ကို တွေ့ရှိရသည်။ ခိုင်လုံသော အကြောင်းပြချက်မှာ အမေရိကန်၌ ထိုသို့လုပ်ဆောင်ရန်တွန်းအား မရှိခြင်းပင်ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခဖြေရှင်းရေးကို ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာအဖြစ် မှတ်ယူထားသည်။ သို့သော် ဂုဏ်သိက္ခာသည် မဟာဗျူဟာမြောက်လိုအပ်ချက်နှင့်မတူပေ။ ထရမ့်နှင့် ၎င်း၏ လူယုံများအတွက်ဆိုပါက ရုရှားအနေဖြင့်လုံးဝဥဿုံအောင်ပွဲမရသွားစေရန် တားဆီးနိုင်ဖို့ကသာ အဓိကဖြစ်ပြီး ကျန်ရှိသည့် နယ်နိမိတ်သတ်မှတ်ချက်များနှင့် ထိန်းသိမ်းရမည့် စည်းကမ်းချက်များသည် အရေးမကြီးလှပေ။

အဆိုပါဆွေးနွေးပွဲများသည် ကမ္ဘာ့စနစ်အသစ်တစ်ခုကို ပုံဖော်ပေးလိမ့်မည်ဟု အမေရိကန်အနေဖြင့် ယူဆမှသာ ၎င်း၏နိုင်ငံရေးနှင့် စီးပွားရေးအင်အားအားလုံးကို အသုံးချမည်ဖြစ်သည်။ ယောတာ၊ ဟယ်ဆင်ကီနှင့် မော်တာတို့တွင် ထိုသို့ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ ထိုသို့မဟုတ်တော့ပေ။

ရုရှားကမူ အန်ကာရေ့ကို ထိုထက်ပို၍ ကျယ်ပြန့်သည့်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ စစ်ဆင်ရေးစတင်ကတည်းက ရုရှားသည် ထိုပဋိပက္ခကို နယ်မြေလုပွဲထက် ဥရောပလုံခြုံရေးဗိသုကာပုံစံဆိုင်ရာ ပြဿနာအဖြစ်ပုံဖော်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ နယ်မြေကိစ္စက အရေးပါလာသည်မှာ မှန်သော်လည်း

အဓိကပြဿနာမှာ ဥရောပတိုက်၏လုံခြုံရေးကို စိုးမိုးမည့် မူဝါဒများပင်ဖြစ်သည်။

ယနေ့တွင် အဆိုပါအချက်ကို ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များဟူသည့် မေးခွန်းအဖြစ် ဖော်ပြလေ့ရှိသည်။ လက်တွေ့တွင်မူ ယင်းသည် ထိုအာမခံချက်များတည်ရှိမည့် ပိုမိုကျယ်ပြန့်သော စနစ်နှင့် သက်ဆိုင်နေသည်။ ဤအချက်သည်ပင် မည်သည့်သဘောတူညီချက်အတွက်မဆို အကြီးမား ဆုံး အဟန့်အတားဖြစ်လာနိုင်သည်။

အမေရိကန်၏ ကမ္ဘာ့စနစ်အမြင်မှာ အစိတ်စိတ်အမြွှာမြွှာဖြစ်နေပြီး လက်တွေ့ကျကျအသုံးချနိုင်မှုကိုသာ အလေးထားသည်။ စီးပွားရေးဖိအားပေးမှု၊ စစ်ရေးအရတည်ရှိနေမှုနှင့် နိုင်ငံရေးအရအသာစီးရမှုတို့ကို သတ်မှတ်ထားသော ဒေသနှင့်ပြဿနာများပေါ်တွင်သာ ရွေးချယ်အသုံးချပြီး ထိန်းချုပ်ထားသည်။

ယင်းသည် စနစ်တစ်ခုလုံးကို ပုံဖော်ခြင်းထက် လိုအပ်သည့်နေရာကိုသာ ပစ်မှတ်ထားဝင်ရောက်စွက်ဖက်သည့် ပုံစံမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် အင်အားသုံးအပ်စိုက်ကုထုံး ပုံစံမျိုးပင်ဖြစ်သည်။

ဤအခြေအနေမျိုးတွင် သဘောတူညီချက်များသည် မူဝါဒများအပေါ် အခြေမခံဘဲ အပြန်အလှန် အကျိုးအမြတ်လဲလှယ်မှုများသာ ဖြစ်လာသည်။ ယင်းတို့သည် ရေရှည်တည်တံ့မည့် ဆက်ဆံရေးစည်းကမ်းများကို တည်ဆောက်ရန်ထက် လက်ငင်းရလဒ် သို့မဟုတ် စီးပွားရေးအရ အမြတ်ထွက်ရေးကိုသာဦးတည်သည်။     အမေရိကန်၏အမြင်တွင် ယူကရိန်းက  ပြဿနာပေါင်းများစွာထဲမှတစ်ခုသာဖြစ်ပြီး   စနစ်အသစ်တစ်ခုတည်ဆောက်နိုင်မည့် ဗဟိုချက်မဟုတ်ပေ။

အကယ်၍ ရည်ရွယ်ချက်မှာ ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရန်သက်သက်ဆိုလျှင် ရုရှား-အမေရိကန် ဆွေးနွေးပွဲပုံစံတစ်ခုတည်းဖြင့် လုံလောက်မှုမရှိပေ။ ယူကရိန်းကိုယ်တိုင်နှင့် ဥရောပတို့ပါဝင်ရန် လိုအပ်မည်ဖြစ်သည်။ ဥရောပ၏ မဟာဗျူဟာမြောက် အင်အားသည် အကန့်အသတ်ရှိသော်လည်း ၎င်းတို့ လက်မခံနိုင်သည့် မည်သည့်ပြေလည်မှုကိုမဆို ဟန့်တားနိုင်စွမ်း ရှိနေသေးသည်။ ဤအချက်ကို လျစ်လျူရှုခြင်းက မှားယွင်းမှုတစ်ခုဖြစ်သွားစေမည်ဖြစ်သည်။

အန်ကာရေ့စိတ်ဓာတ်ကို ယောတာ၊ ဟယ်ဆင်ကီ၊ မော်တာတို့နှင့် တန်းတူထားရန်ဆိုလျှင် ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၈၀ နီးပါး တည်တံ့ခဲ့သည့် စနစ်ဟောင်းကို အစားထိုးနိုင်မည့် တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ရန်အထိ ပစ်မှတ်ထားရမည်ဖြစ်သည်။

အမေရိကန်သည် ယင်းကဲ့သို့သော စီမံကိန်းမျိုးတွင် ရုရှားနိုင်ငံအား အဓိကဆွေးနွေးဖက်အဖြစ် မရှုမြင်ပေ။ အလွန်ဆုံးရှိမှ တရုတ်ကိုသာ ထိုနေရာတွင် ခေတ္တသတ်မှတ်ထားသည်။ သို့သော် ယင်းမှာလည်း မရေရာသေးပေ။ ရလဒ်အနေဖြင့် အန်ကာရေ့စိတ်ဓာတ်သည် ဆွေးနွေးပွဲ၏ တကယ့်အကြောင်းအရာနှင့် ကိုက်ညီမှုမရှိသော  အဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုကြားတွင် မတည်မငြိမ် လွင့်မျောနေရသည်။

ရုရှား၏အမြင်တွင် ယင်းသည် ဥရောပနှင့် ကမ္ဘာ့လုံခြုံရေး အခြေခံအုတ်မြစ်များကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။ အမေရိကန်ဘက်ကမူ ပိုမိုကျယ်ပြန့်သည့် အာဏာတည်ဆောက်ပုံကို မပြောင်းလဲဘဲ သတ်မှတ်ထားသော ပဋိပက္ခပုံစံတစ်ခုကိုသာ ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်။  နှစ်ဖက်စလုံးက အကြောင်းအရာတစ်ခုတည်းကိုပင် ဆွေးနွေးနေခြင်း မဟုတ်သည့်အခါတွင်   ဘေးထွက်ဆိုးကျိုးများက သိသာလှသည်။

ဤသို့သော အခြေအနေမျိုးတွင် စိတ်ဓာတ် ဆိုသည်မှာ တဖြည်းဖြည်းမှေးမှိန်သွားပြီး လမ်းပြပေးမည့်အင်အားဆိုသည်ထက် စကားလုံးအလှသက်သက်သာဖြစ်လာကာ ဘယ်သောအခါမှ ပေါ်ပေါက်မလာသည့် သဘောတူညီချက်၏ ဝိညာဉ်တစ်ခုဖြစ်သွားပေလိမ့်မည်။

ထိုအခြေအနေက ပြောင်းလဲသွားနိုင်သလားဟု မေးလာလျှင် ဖြစ်ကောင်းဖြစ်နိုင်သည်ဟုဆိုရမည်။

သို့သော် နှစ်ဖက်စလုံးကို ဒေသတွင်းတွက်ချက်မှုများမှကျော်လွန်၍ ပိုမိုအခြေခံကျသောစနစ်ပြန်လည်တည်ဆောက်ရေးကို မဖြစ်မနေရင်ဆိုင်လာစေမည့် ဖြစ်ရပ်များ ပေါ်ပေါက်လာမှသာ ဖြစ်ပါလိမ့်မည်။ ယင်းအချိန်မတိုင်မီအထိတော့ အန်ကာရေ့သည် မျှော်လင့်ချက်နှင့် လက်တွေ့ဘဝကြားတွင် လွင့်မျောနေဦးမည်ဖြစ်ပြီး ၎င်း၏ ကတိကဝတ်များမှာလည်း ပြည့်ဝလာဦးမည်မဟုတ်ပေ။

အန်ကာရေ့စိတ်ဓာတ်သည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ဆွေးနွေးမှုအသစ်တစ်ခုကို လမ်းဖွင့်ပေးသော်လည်း တစ်ဖက်နှင့်တစ်ဖက် မျှော်လင့်ချက်ချင်းလွဲမှားနေဆဲဖြစ်သည်။ အမေရိကန်က ယူကရိန်းပဋိပက္ခကို လက်ငင်းအကျိုးအမြတ်အတွက် အပေးအယူလုပ်ရမည့် ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်နေချိန်ရုရှားကမူ ၎င်းကိုကမ္ဘာ့လုံခြုံရေးစနစ်တစ်ခုလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲရမည့် အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားသည်။ ဤသို့သော မတူကွဲပြားသည့် အမြင်များကြောင့်ပင် အန်ကာရေ့ဆွေးနွေးပွဲသည် သမိုင်းဝင် ယောတာ သို့မဟုတ် ဟယ်ဆင်ကီတို့ကဲ့သို့ ခိုင်မာသည့်စနစ်သစ်တစ်ခုကို   ပုံဖော်ပေးနိုင်ခြင်း မရှိသေးဘဲ  မရေရာသည့် သံတမန်ရေးရာ အရိပ်အယောင်တစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေပါတော့သည်။     ။                         

အမေရိကန်–အီရန် တင်းမာမှုများကြောင့် ပေါ်လာသော အရှေ့ အလယ်ပိုင်း ပထဝီနိုင်ငံရေး အပြစ်အနာသစ်များ
-
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက အီရန်နိုင်ငံအတွင်း လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ဖိနှိပ်နေသည် ဟု ပြောဆိုကာ အမေရိကန်က စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ရန် ခြိမ်းခြောက်လိုက်ခြင်း သည် အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးတွင် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ဖြစ်လာပါသည်။ ယင်းပြောင်းလဲမှုမှာ ယခင်က ပြိုင်ဆိုင်မှုပြင်းထန်ကြသော ပြိုင်ဘက်များဖြစ်ခဲ့ကြသည့် အီရန် ၊ ဆော်ဒီအာရေဗျ၊ တူရကီကဲ့သို့ ဒေသတွင်း အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးအခြေအနေများ မမျှော်လင့်ဘဲ ရုတ်တရက် ပြောင်းလဲသွားခြင်းပင်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အီရန်၌ ဆန္ဒပြပွဲများ ပေါက်ကွဲဖြစ်ပွားလာချိန်တွင် ယင်းဖြစ်ရပ် များက ရီယာဒ်နှင့် အန်ကာရာတို့အကြား နက်နက်ရှိုင်းရှိုင်းစွာ ရှိနေကြသည့် ပထဝီ နိုင်ငံရေးဆိုင်ရာ စိုးရိမ် ပူပန်မှုများ ဖြစ်လာလိမ့်မည်ဟု အနည်းငယ်တော့ မျှော်လင့်ထားခဲ့ကြပါသည်။ ဆန္ဒပြပွဲများ နိုင်ငံအနှံ့ ပျံ့နှံ့ လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆန္ဒပြသူများ ကို ထောက်ခံသည့်အနေဖြင့် စစ်ရေးအရေးယူမှု ပြုလုပ်နိုင်ကြောင်း သတိပေးလာသည်နှင့်အမျှ ဆော်ဒီအာရေဗျနှင့် တူရကီတို့သည် ကာတာ၊ အိုမန်တို့နှင့် အတူ မမျှော်လင့်ဘဲ အီရန်အစိုးရဘက် ကို ထောက်ခံရပ်တည်လာကြပါသည်။ အဓိကအကြောင်းရင်းမှာ အီရန် တွင် အစိုးရပြောင်းလဲမှု ဖြစ်ပေါ်လာပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကို စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်ပါ သည်။ အမှန်တကယ်တွင် ဆန္ဒပြပွဲများ မဖြစ်ပွားမီက အီရန်နှင့် ၎င်း၏ ပြိုင်ဘက်များ ဖြစ်သော ဆော်ဒီ အာရေဗျ နှင့် တူရတီတို့ ဆက်ဆံရေးမှာ တင်းမာနေခြင်း မရှိပါ။ ယခင်ကထက် ပိုမိုနီးကပ်လာသည့်အဆင့်ပင် ရောက်နေ ပါပြီ။ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဆော်ဒီအာရေဗျသည် အီရန်နှင့်ချုပ်ဆိုခဲ့သော သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော် နေခဲ့သလို တူရကီကလည်း သမ္မတအဆင့် အလည်အပတ် ခရီးစဉ် တစ်ရပ် ကိုပင် စီစဉ်နေခဲ့ပါသည်။ သို့ရာတွင် ဆန္ဒပြပွဲများက အီရန်၏ နိုင်ငံရေးစနစ် အားနည်းချက်ကို ထင်ဟပ် ပြသလိုက်ခြင်းကြောင့် ဆော်ဒီအာရေဗျနှင့် တူရကီတို့အတွက် အန္တရာယ်အမြင်သစ်များ မြင်လာကြပြီး နှစ်နိုင်ငံ စလုံးက အီရန်အပေါ် စစ်ရေးအရေးယူမှု မပြုလုပ်ရန် ထရမ့်အစိုးရကို ဖိအားပေး တောင်းဆိုလာကြပါသည်။တူရကီနှင့် ဆော်ဒီအာရေဗျတို့သည် အီရန်အပေါ် အမြင်ချင်း မတူညီကြသော်လည်း ၎င်းတို့အတွက် အမြဲတစေ ဖော်ပြလေ့မရှိသည့် စိုးရိမ်မှုတစ်ရပ် ကိုယ်စီ ရှိကြပါသည်။ ၎င်းမှာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ပြိုကွဲသွားပါက ဒေသတွင်း၌ အစ္စရေး၏ သြဇာလွှမ်းမိုးမှု တိုးလာနိုင်ခြေပင် ဖြစ်ပါသည်။အစပိုင်းတွင် အီရန်အတွင်း ဖြစ်ပွားလာသော ဆန္ဒပြပွဲများသည် အစိုးရကို ချက်ချင်းပြိုလဲစေမည်မဟုတ်ဟု အများက သုံးသပ်ခဲ့ကြပါသည်။ သို့သော် ပါလဗီမင်းဆက် (Pahlavi Dynasty) အမွေဆက်ခံသူ ဖြစ်သည့် ရေဇာပါလဗီ (Reza Pahlavi) ရုတ်တရက် ပေါ်ထွက်လာခြင်းနှင့် ၎င်းက ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက် အထိ လူထုကို ခေါ်ယူခဲ့ခြင်းကြောင့် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့ပါသည်။ ၎င်း၏ စည်းရုံးမှု ကြောင့် လူအုပ်ကြီးများ လမ်းမများပေါ်သို့ ထွက်လာကြကာ ဆန္ဒပြပွဲများတွင် ပါလဗီမင်းဆက် ပြန်လည် တည်ထောင်ရေးကို တောင်းဆိုသည့် သံချပ်များလည်း ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါသည်။ အီရန်နိုင်ငံ၏ နောက်ဆုံးဘုရင်ဟောင်း မိုဟာမက်ရေဇာရှာပါလဗီ၏ သားဖြစ်သူ ရေဇာ ပါလဗီသည် အစ္စရေးနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ဖြစ်ပါသည်။ သူသည် အီရန်အတွင်း အမြင်ကွဲပြားသည့် နိုင်ငံရေး အဖွဲ့အစည်းများအားလုံးကို စုစည်းစေနိုင်မည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်းကို အများစုက သဘောတူ လက်ခံထားကြပါသည်။ ၎င်း၏ ပေါ်ထွက်လာမှုသည် ပါရှား မဟုတ်သည့် လူမျိုးစုများနှင့် ဘာသာရေး အယူအဆ ပြင်းထန်သူများအတွက် စိုးရိမ်မှုများ ဖြစ်ပေါလာပါသည်။ သို့ရာတွင် ဆော်ဒီအာရေဗျနှင့် တူရကီတို့အမြင်အရ အီရန်အနှံ့တွင် ပါလဗီကို ထောက်ခံ သည့်အသံ များပေါ်ပေါက်လာခြင်းမှာ အရေးကြီးသော အချက်ပြမှုတစ်ခု ဖြစ်နေပါသည်။ အကယ်၍ အီရန်အစိုးရ ပြိုလဲ သွားခဲ့ပါက အစ္စရေးနှင့် အမေရိကန်တို့၏ သြဇာလွှမ်းမိုးမှုသည် ဒေသအတွင်း ပိုမိုတိုးချဲ့လာနိုင်ကြောင်း ယင်း အခြေအနေက ထောက်ပြနေပါသည်။ ထိုကြောင့်ပင် အီရန်၏ အတွင်းရေး မတည်ငြိမ်မှုများကို တူရကီနှင့် ဆော်ဒီအာရေဗျတို့က ကိုယ်ပိုင် အမျိုးသားအကျိုးစီးပွားနှင့် ဒေသတည်ငြိမ်ရေးအတွက် စိုးရိမ်စိတ်ဖြင့် အနီးကပ် စောင့်ကြည့်နေကြခြင်း ဖြစ်ပါသည်။ပါလဗီမင်းဆက် ပြန်လည်ထူထောင်နိုင်ခြေကို စိုးရိမ်ခြင်းသည်သာ ဆော်ဒီအာရေဗျနှင့် တူရကီတို့က အီရန်အစိုးရအပေါ် ထောက်ခံရသည့် အကြောင်းရင်းတစ်ခုတည်းတော့ မဟုတ်ပါ။ အီရန်နိုင်ငံသည် လူမျိုးရေး ကွဲပြားမှု လွန်စွာများပြားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ Azerbaijani Turks, Arabs, Baluch, Turkmen နှင့် Kurds ကဲ့သို့သော လူမျိုးစုများသည် ၁၉၂၅ ခုနှစ်မှစ၍ အာဏာပိုင်များ၏ ဖိနှိပ်မှုကို စဉ်ဆက်မပြတ် ခါးခါး သီးသီး ကြုံတွေ့လာခဲ့ရပါသည်။၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလတွင် လူမျိုးရေးအခြေခံပဋိပက္ခများ အကြီးအကျယ် ဖြစ်ပွား ခဲ့ပြီး ပါလဗီမင်းဆက် ပြိုလဲသွားပြီးနောက်တွင်လည်း အာရပ်များ၊ ကာဒ်များနှင့် တူကမန်များ၏ လှုပ်ရှားမှု များကို အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အစိုးရက ကြမ်းကြမ်း တမ်းတမ်း ဖိနှိပ်ကိုင်တွယ်ခဲ့ပါသည်။ ထိုဖိနှိပ်မှု များကြောင့် လူမျိုးရေးဆန့်ကျင်ရေးလှုပ်ရှားမှုများ ကာလအတန်ကြာ ငြိမ်သက်သွားသလို ထင်ရသော်လည်း အမှန်တကယ်တွင် ထိုပြဿနာများသည် အောက်ခြေလူထုအတွင်း အချိန်မရွေး ထပေါက်နိုင်သော ပူဖောင်း သဖွယ် ရှိနေဆဲဖြစ် ပါသည်။အီရန်၏ ခိုင်မာသော လုံခြုံရေးအာဏာချုပ်ကိုင်မှု ပျက်စီးသွားပါက သို့မဟုတ် အစိုးရ ပြိုလဲသွားပါက သို့မဟုတ် ပြင်ပနိုင်ငံများ၏ စစ်ရေးဝင်ရောက်လာပါက လူမျိုးရေးပဋိပက္ခများ ပြန်လည်ပေါက်ကွဲလာနိုင်ပြီး ပြည်တွင်းစစ်တစ်ရပ်အထိ ရောက်ရှိသွားနိုင်ပါသည်။ ထိုအန္တရာယ် မှာ ဆော်ဒီအာရေဗျနှင့် တူရကီတို့အတွက် အဓိက စိုးရိမ်ရသည့် အချက်ဖြစ်လာပါသည်။အထူးသဖြင့် တူရကီအတွက် အီရန်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေး မတည်ငြိမ်မှု များသည် မိမိနိုင်ငံအတွင်းရှိ Kurdish ပြဿနာနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်ကို သဘောပေါက် လက်ခံထားပါသည်။ ထိုပြဿနာမှာ တူရကီအတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှု တစ်ရပ်ပင် ဖြစ်နေပါသည်။ အီရန်တွင် ကာ့ဒ်လူဦးရေ ၇ သန်းမှ ၁၅ သန်းကြား ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ အီရန်တွင် ကာ့ဒ်လှုပ်ရှားမှုများ အားကောင်းလာပါက ယင်း၏ သက်ရောက်မှုသည် တူရကီနိုင်ငံအတွင်းသို့ ချက်ချင်း ပျံ့နှံ့လာမှာ သေချာ နေပါသည်။ အနည်းနှင့် အများသာ ကွာခြားပါလိမ့်မည်။ ထို့ကြောင့် တူရကီသည် ကာ့ဒ်လှုပ်ရှားမှုများ ထိန်းချုပ် နိုင်ရေးအတွက် အီရန်အစိုးရနှင့် လုံခြုံရေးပိုင်းတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်ဟု လေ့လာ သုံးသပ်နိုင်ပါသည်။အချုပ်ဆိုရသော် အီရန်တွင် ဖြစ်ပေါ်ခဲ့သည့် လူထုဆန္ဒပြမှုများသည် အရှေ့အလယ်ပိုင်း၏ ဒေသတွင်း ပထဝီနိုင်ငံရေးအတွက် အရေးကြီးသည့် အပြစ်အနာသစ်များကို ဖော်ထုတ်ပြသနေပါသည်။ အကျိုး သက်ရောက်မှု များနှင့် အန္တရာယ်များအားလုံးကို စဉ်းစားကြရမည့်အချိန်တွင် အမေရိကန်–အီရန် တင်းမာမှုများက ဒေသတွင်း နိုင်ငံများ၏ လိုက်လျောညီထွေမှုမရှိခြင်း၊ ရှုပ်ထွေးလှသော လူမျိုးရေးအခြေအနေများနှင့် အားနည်းသော အစိုးရများ၏ အခြေအနေတို့ကို ပိုမိုထင်ဟပ်စေပြီး ဒေသတွင်းနိုင်ငံရေး ရှုမြင်ချက်များ၊ အပြောင်းအလဲသစ် များ ပေါ်လာစေခဲ့သည်ဟု သုံးသပ်ရပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက အီရန်နိုင်ငံအတွင်း လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ဖိနှိပ်နေသည် ဟု ပြောဆိုကာ အမေရိကန်က စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ရန် ခြိမ်းခြောက်လိုက်ခြင်း သည် အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးတွင် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ဖြစ်လာပါသည်။ ယင်းပြောင်းလဲမှုမှာ ယခင်က ပြိုင်ဆိုင်မှုပြင်းထန်ကြသော ပြိုင်ဘက်များဖြစ်ခဲ့ကြသည့် အီရန် ၊ ဆော်ဒီအာရေဗျ၊ တူရကီကဲ့သို့ ဒေသတွင်း အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးအခြေအနေများ မမျှော်လင့်ဘဲ ရုတ်တရက် ပြောင်းလဲသွားခြင်းပင်ဖြစ်ပါသည်။ 

၂၀၂၅  ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အီရန်၌ ဆန္ဒပြပွဲများ ပေါက်ကွဲဖြစ်ပွားလာချိန်တွင် ယင်းဖြစ်ရပ် များက ရီယာဒ်နှင့် အန်ကာရာတို့အကြား နက်နက်ရှိုင်းရှိုင်းစွာ ရှိနေကြသည့် ပထဝီ နိုင်ငံရေးဆိုင်ရာ စိုးရိမ် ပူပန်မှုများ ဖြစ်လာလိမ့်မည်ဟု အနည်းငယ်တော့ မျှော်လင့်ထားခဲ့ကြပါသည်။ ဆန္ဒပြပွဲများ နိုင်ငံအနှံ့ ပျံ့နှံ့ လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆန္ဒပြသူများ ကို ထောက်ခံသည့်အနေဖြင့် စစ်ရေးအရေးယူမှု ပြုလုပ်နိုင်ကြောင်း သတိပေးလာသည်နှင့်အမျှ ဆော်ဒီအာရေဗျနှင့် တူရကီတို့သည် ကာတာ၊ အိုမန်တို့နှင့် အတူ မမျှော်လင့်ဘဲ အီရန်အစိုးရဘက် ကို ထောက်ခံရပ်တည်လာကြပါသည်။ အဓိကအကြောင်းရင်းမှာ အီရန် တွင် အစိုးရပြောင်းလဲမှု ဖြစ်ပေါ်လာပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကို စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်ပါ သည်။ 

အမှန်တကယ်တွင် ဆန္ဒပြပွဲများ မဖြစ်ပွားမီက အီရန်နှင့် ၎င်း၏ ပြိုင်ဘက်များ ဖြစ်သော ဆော်ဒီ အာရေဗျ နှင့် တူရတီတို့ ဆက်ဆံရေးမှာ တင်းမာနေခြင်း မရှိပါ။ ယခင်ကထက် ပိုမိုနီးကပ်လာသည့်အဆင့်ပင် ရောက်နေ ပါပြီ။ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဆော်ဒီအာရေဗျသည် အီရန်နှင့်ချုပ်ဆိုခဲ့သော သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော် နေခဲ့သလို တူရကီကလည်း သမ္မတအဆင့် အလည်အပတ် ခရီးစဉ် တစ်ရပ် ကိုပင် စီစဉ်နေခဲ့ပါသည်။ သို့ရာတွင် ဆန္ဒပြပွဲများက အီရန်၏ နိုင်ငံရေးစနစ် အားနည်းချက်ကို ထင်ဟပ် ပြသလိုက်ခြင်းကြောင့် ဆော်ဒီအာရေဗျနှင့် တူရကီတို့အတွက် အန္တရာယ်အမြင်သစ်များ မြင်လာကြပြီး နှစ်နိုင်ငံ စလုံးက အီရန်အပေါ် စစ်ရေးအရေးယူမှု မပြုလုပ်ရန် ထရမ့်အစိုးရကို ဖိအားပေး တောင်းဆိုလာကြပါသည်။

တူရကီနှင့် ဆော်ဒီအာရေဗျတို့သည် အီရန်အပေါ် အမြင်ချင်း မတူညီကြသော်လည်း ၎င်းတို့အတွက် အမြဲတစေ ဖော်ပြလေ့မရှိသည့် စိုးရိမ်မှုတစ်ရပ် ကိုယ်စီ ရှိကြပါသည်။ ၎င်းမှာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ပြိုကွဲသွားပါက ဒေသတွင်း၌ အစ္စရေး၏ သြဇာလွှမ်းမိုးမှု တိုးလာနိုင်ခြေပင် ဖြစ်ပါသည်။

အစပိုင်းတွင် အီရန်အတွင်း ဖြစ်ပွားလာသော ဆန္ဒပြပွဲများသည် အစိုးရကို ချက်ချင်းပြိုလဲစေမည်မဟုတ်ဟု အများက သုံးသပ်ခဲ့ကြပါသည်။ သို့သော် ပါလဗီမင်းဆက် (Pahlavi Dynasty) အမွေဆက်ခံသူ ဖြစ်သည့် ရေဇာပါလဗီ (Reza Pahlavi) ရုတ်တရက် ပေါ်ထွက်လာခြင်းနှင့် ၎င်းက ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက် အထိ လူထုကို ခေါ်ယူခဲ့ခြင်းကြောင့် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့ပါသည်။ ၎င်း၏ စည်းရုံးမှု ကြောင့် လူအုပ်ကြီးများ လမ်းမများပေါ်သို့ ထွက်လာကြကာ ဆန္ဒပြပွဲများတွင် ပါလဗီမင်းဆက် ပြန်လည် တည်ထောင်ရေးကို တောင်းဆိုသည့် သံချပ်များလည်း ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါသည်။  

အီရန်နိုင်ငံ၏ နောက်ဆုံးဘုရင်ဟောင်း မိုဟာမက်ရေဇာရှာပါလဗီ၏ သားဖြစ်သူ ရေဇာ ပါလဗီသည် အစ္စရေးနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ဖြစ်ပါသည်။ သူသည် အီရန်အတွင်း အမြင်ကွဲပြားသည့် နိုင်ငံရေး အဖွဲ့အစည်းများအားလုံးကို စုစည်းစေနိုင်မည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်းကို အများစုက သဘောတူ လက်ခံထားကြပါသည်။ ၎င်း၏ ပေါ်ထွက်လာမှုသည် ပါရှား မဟုတ်သည့် လူမျိုးစုများနှင့် ဘာသာရေး အယူအဆ ပြင်းထန်သူများအတွက် စိုးရိမ်မှုများ ဖြစ်ပေါလာပါသည်။ 

သို့ရာတွင် ဆော်ဒီအာရေဗျနှင့် တူရကီတို့အမြင်အရ အီရန်အနှံ့တွင် ပါလဗီကို ထောက်ခံ သည့်အသံ များပေါ်ပေါက်လာခြင်းမှာ အရေးကြီးသော အချက်ပြမှုတစ်ခု ဖြစ်နေပါသည်။ အကယ်၍ အီရန်အစိုးရ ပြိုလဲ သွားခဲ့ပါက အစ္စရေးနှင့် အမေရိကန်တို့၏ သြဇာလွှမ်းမိုးမှုသည် ဒေသအတွင်း ပိုမိုတိုးချဲ့လာနိုင်ကြောင်း ယင်း အခြေအနေက ထောက်ပြနေပါသည်။ 

ထိုကြောင့်ပင် အီရန်၏ အတွင်းရေး မတည်ငြိမ်မှုများကို တူရကီနှင့် ဆော်ဒီအာရေဗျတို့က ကိုယ်ပိုင် အမျိုးသားအကျိုးစီးပွားနှင့် ဒေသတည်ငြိမ်ရေးအတွက် စိုးရိမ်စိတ်ဖြင့် အနီးကပ် စောင့်ကြည့်နေကြခြင်း ဖြစ်ပါသည်။

ပါလဗီမင်းဆက် ပြန်လည်ထူထောင်နိုင်ခြေကို စိုးရိမ်ခြင်းသည်သာ ဆော်ဒီအာရေဗျနှင့် တူရကီတို့က အီရန်အစိုးရအပေါ် ထောက်ခံရသည့် အကြောင်းရင်းတစ်ခုတည်းတော့ မဟုတ်ပါ။ အီရန်နိုင်ငံသည် လူမျိုးရေး ကွဲပြားမှု လွန်စွာများပြားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ Azerbaijani Turks, Arabs, Baluch, Turkmen နှင့် Kurds ကဲ့သို့သော လူမျိုးစုများသည် ၁၉၂၅ ခုနှစ်မှစ၍ အာဏာပိုင်များ၏ ဖိနှိပ်မှုကို စဉ်ဆက်မပြတ် ခါးခါး သီးသီး ကြုံတွေ့လာခဲ့ရပါသည်။

၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလတွင် လူမျိုးရေးအခြေခံပဋိပက္ခများ အကြီးအကျယ် ဖြစ်ပွား ခဲ့ပြီး ပါလဗီမင်းဆက် ပြိုလဲသွားပြီးနောက်တွင်လည်း အာရပ်များ၊ ကာဒ်များနှင့် တူကမန်များ၏ လှုပ်ရှားမှု များကို အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အစိုးရက ကြမ်းကြမ်း တမ်းတမ်း ဖိနှိပ်ကိုင်တွယ်ခဲ့ပါသည်။ ထိုဖိနှိပ်မှု များကြောင့် လူမျိုးရေးဆန့်ကျင်ရေးလှုပ်ရှားမှုများ ကာလအတန်ကြာ ငြိမ်သက်သွားသလို ထင်ရသော်လည်း အမှန်တကယ်တွင် ထိုပြဿနာများသည် အောက်ခြေလူထုအတွင်း အချိန်မရွေး ထပေါက်နိုင်သော ပူဖောင်း သဖွယ် ရှိနေဆဲဖြစ် ပါသည်။

အီရန်၏ ခိုင်မာသော လုံခြုံရေးအာဏာချုပ်ကိုင်မှု ပျက်စီးသွားပါက သို့မဟုတ် အစိုးရ ပြိုလဲသွားပါက သို့မဟုတ် ပြင်ပနိုင်ငံများ၏ စစ်ရေးဝင်ရောက်လာပါက လူမျိုးရေးပဋိပက္ခများ ပြန်လည်ပေါက်ကွဲလာနိုင်ပြီး ပြည်တွင်းစစ်တစ်ရပ်အထိ ရောက်ရှိသွားနိုင်ပါသည်။ ထိုအန္တရာယ် မှာ ဆော်ဒီအာရေဗျနှင့် တူရကီတို့အတွက် အဓိက စိုးရိမ်ရသည့် အချက်ဖြစ်လာပါသည်။

အထူးသဖြင့် တူရကီအတွက် အီရန်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေး မတည်ငြိမ်မှု များသည် မိမိနိုင်ငံအတွင်းရှိ Kurdish ပြဿနာနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်ကို သဘောပေါက် လက်ခံထားပါသည်။ ထိုပြဿနာမှာ တူရကီအတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှု တစ်ရပ်ပင် ဖြစ်နေပါသည်။ အီရန်တွင် ကာ့ဒ်လူဦးရေ  ၇ သန်းမှ ၁၅ သန်းကြား ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။  အီရန်တွင် ကာ့ဒ်လှုပ်ရှားမှုများ အားကောင်းလာပါက ယင်း၏ သက်ရောက်မှုသည် တူရကီနိုင်ငံအတွင်းသို့ ချက်ချင်း ပျံ့နှံ့လာမှာ သေချာ နေပါသည်။ အနည်းနှင့် အများသာ ကွာခြားပါလိမ့်မည်။  ထို့ကြောင့် တူရကီသည် ကာ့ဒ်လှုပ်ရှားမှုများ ထိန်းချုပ် နိုင်ရေးအတွက် အီရန်အစိုးရနှင့် လုံခြုံရေးပိုင်းတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်ဟု လေ့လာ သုံးသပ်နိုင်ပါသည်။

အချုပ်ဆိုရသော် အီရန်တွင် ဖြစ်ပေါ်ခဲ့သည့် လူထုဆန္ဒပြမှုများသည် အရှေ့အလယ်ပိုင်း၏ ဒေသတွင်း ပထဝီနိုင်ငံရေးအတွက် အရေးကြီးသည့် အပြစ်အနာသစ်များကို ဖော်ထုတ်ပြသနေပါသည်။ အကျိုး သက်ရောက်မှု များနှင့် အန္တရာယ်များအားလုံးကို စဉ်းစားကြရမည့်အချိန်တွင် အမေရိကန်–အီရန် တင်းမာမှုများက ဒေသတွင်း နိုင်ငံများ၏ လိုက်လျောညီထွေမှုမရှိခြင်း၊ ရှုပ်ထွေးလှသော လူမျိုးရေးအခြေအနေများနှင့် အားနည်းသော အစိုးရများ၏ အခြေအနေတို့ကို ပိုမိုထင်ဟပ်စေပြီး ဒေသတွင်းနိုင်ငံရေး ရှုမြင်ချက်များ၊ အပြောင်းအလဲသစ် များ ပေါ်လာစေခဲ့သည်ဟု သုံးသပ်ရပါသည်။

ကျော်ဇေယျ

ဗင်နီဇွဲလားအပေါ် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကို တရုတ် နိုင်ငံက မည်သည့်အတွက် အကာအကွယ်မပေးခဲ့သနည်း
-
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု (Operation Absolute Resolve ဟုသိကြသည့် စစ်ဆင်ရေး) သည် ကရာကတ်စ် ၏ အပြင်ဘက်အထိပါ တုန်လှုပ်ချောက်ချားမှုများ ပျံ့နှံ့စေခဲ့သည်။ ဗင်နီဇွဲလားမြို့တော်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် သမ္မတ နီကိုလက်စ် မာဒူရိုအား ဖမ်းဆီးခြင်းအားဖြင့် ဝါရှင်တန်သည် အနောက်ကမ္ဘာခြမ်းတွင် အင်အားသုံးဖြေရှင်းသည့် မူဝါဒ (Hard Power) ထံသို့ ပြတ်ပြတ်သားသား ပြန်လည်ခြေဦးလှည့်လာကြောင်း အချက်ပေးလိုက်ခြင်း ဖြစ်သည်။အဆိုပါ စစ်ဆင်ရေးသည် ရန်လိုသောအစိုးရကို ဆန့်ကျင်သည့် နည်းဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုမျှသာမဟုတ်ဘဲ အမေရိကတိုက်တစ်ခွင်ရှိ သြဇာလွှမ်းမိုးမှု၊ အဆင့်ဆင့်အာဏာစက်နှင့် ထိန်းချုပ်မှုတို့နှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် သတင်းစကားတစ်ခုလည်း ဖြစ်သည်။ ဗင်နီဇွဲလား၏ နိုင်ငံရေးနှင့် စီးပွားရေး ရှင်သန်ရပ်တည်မှုအတွက် များစွာရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံအဖို့မူ ထိုဝင်ရောက်စွက်ဖက်မှုသည် ၎င်း၏ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးနိုင်စွမ်း အကန့်အသတ်များနှင့် ပိုမိုများပြားလာသော အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှုတွင် ပြောင်းလဲလာသည့် စည်းမျဉ်းများအပေါ် ချက်ချင်းဆိုသလို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။Operation Absolute Resolve အပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုမှာ လေသံအရ လျင်မြန်သော်လည်း အနှစ်သာရပိုင်းတွင်မူ သတိကြီးစွာ ထားခဲ့သည်။ ပေကျင်း၏ တရားဝင်ထုတ်ပြန်ချက်များတွင် အမေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းသည် တည်ငြိမ်မှုကို ပျက်ပြားစေသည့်အပြင် တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးမှု၏ ပြယုဂ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဝါရှင်တန်အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို လေးစားရန်နှင့် ဗင်နီဇွဲလား၏ ပြည်တွင်းရေးတွင် စွက်ဖက်ခြင်းကို ရပ်တန့်ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကာ တရုတ်နိုင်ငံအား နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးစံနှုန်းများကို ကာကွယ်စောင့်ရှောက်သူအဖြစ် ပုံဖော်ခဲ့သည်။သို့သော်လည်း အဆိုပါ စကားလုံးအသုံးအနှုန်းများသည် လက်တွေ့တွင် အခြေအနေကို ပိုမိုတင်းမာလာစေခြင်း မရှိခဲ့ပေ။ ပေကျင်းသည် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် ကရာကတ်စ်သို့ တိုက်ရိုက်စစ်ရေးအကူအညီပေးအပ်ခြင်းတို့ကို ရှောင်ကြဉ်ခဲ့သည်။ ယင်းအစား ၎င်း၏တုံ့ပြန်မှုကို သံတမန်ရေးရာ လမ်းကြောင်းများတွင်သာ ကန့်သတ်ထားခဲ့ပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကာ မတည်ငြိမ်မှုများ မြင့်တက်နေစဉ်အတွင်း တရုတ်နိုင်ငံသားများ ဗင်နီဇွဲလားသို့ သွားရောက်ခြင်းမပြုရန် ခရီးသွားသတိပေးချက်များကိုထုတ်ပြန်ခဲ့သည်။ တရုတ်လေ့လာဆန်းစစ်သူများက ဦးစားပေးလုပ်ဆောင်ချက်မှာ ထိခိုက်မှုများကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဆိုလိုသည်မှာ အနောက်ကမ္ဘာခြမ်းရှိ အမေရိကန်၏ စစ်ရေးအင်အားနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့မှုကိုမဖန်တီးဘဲ ကာလရှည်တည်ရှိခဲ့သော စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန် ဖြစ်သည်။ထိုသို့ ချိန်ဆထားသော တုံ့ပြန်မှုသည် လက်တင်အမေရိကအပေါ် ကျင့်သုံးသည့် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုပုံစံကို ထင်ရှားစေသည်။ ပေကျင်းသည် စီးပွားရေးအရ နက်ရှိုင်းစွာပတ်သက်ခြင်းနှင့် အချုပ်အခြာအာဏာအတွက် နှုတ်ဖြင့် ထောက်ခံမှုပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်၏ အင်အားမှာ အပြတ်အသတ် သာလွန်နေဆဲဖြစ်သည့် ဒေသမျိုးတွင် အမေရိကန်နှင့် စစ်ရေးအရ ယှဉ်ပြိုင်မှုကို အစဉ်တစိုက် ရှောင်လွှဲခဲ့သည်။ Operation Absolute Resolve သည်အဆိုပါ မဟာဗျူဟာ၏ အားသာချက်နှင့် အကန့်အသတ် နှစ်ခုစလုံးကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်။တရုတ်နိုင်ငံနှင့် မာဒူရိုအစိုးရတို့၏ ဆက်ဆံရေးသည် အပေါ်ယံပြရုံသက်သက် မဟုတ်ခဲ့ပေ။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဗင်နီဇွဲလားသည် အမေရိကတိုက်၌ ပေကျင်း၏ အရေးအပါဆုံး မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံး နှစ်နိုင်ငံအဆင့် သတ်မှတ်ချက်ဖြစ်သော “ရာသီမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” (All-weather strategic partnership) အဆင့်သို့ မြှင့်တင်ခဲ့သည်။ ထိုအဆင့်အတန်းသည် စွမ်းအင်၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ရေရှည်ခိုင်မြဲသော ရည်မှန်းချက်များကို ထင်ဟပ်စေရုံမျှမက ဗင်နီဇွဲလားနိုင်ငံကို ပေကျင်းက မဟာဗျူဟာမြောက် အရေးပါသည်ဟု ယူဆထားသော နိုင်ငံငယ်အစုအတွင်းသို့ သွတ်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။တရုတ်အစိုးရပိုင် မူဝါဒရေးရာဘဏ်များသည် ကရာကတ်စ်ထံသို့ အကြီးစား ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ယင်းတို့အနက် အများစုမှာ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ဗင်နီဇွဲလားအနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ဆက်လက်ဝင်ရောက်နိုင်စေရန် "ရေနံဖြင့်ပြန်ဆပ်ရမည့် ချေးငွေများ" အဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီများသည် အထူးသဖြင့် အိုရီနိုကို (Orinoco) ရေနံမြေရှိ စွမ်းအင်စီမံကိန်းများတွင် ပါဝင်လာခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ဗင်နီဇွဲလားမှ ထွက်ရှိသော ရေနံစိမ်းသည် သန့်စင်ရန် ခက်ခဲပြီး စရိတ်ကြီးမားသော်လည်း တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုတွင် သိသာထင်ရှားသော ပမာဏအဖြစ် ပါဝင်ခဲ့ကာ ပေကျင်း၏ စွမ်းအင်အရင်းအမြစ် ရှာဖွေမှုနည်းဗျူဟာကို အထောက်အကူပြုစေခဲ့သည်။လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာလည်း သတိကြီးစွာဖြင့် တိုးတက်လာခဲ့သည်။ ဗင်နီဇွဲလားသည် လက်တင်အမေရိကတွင် တရုတ်စစ်လက်နက်ပစ္စည်းများကို အများဆုံး ဝယ်ယူသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး တရုတ်ကျွမ်းကျင်ပညာရှင်များသည် ဗင်နီဇွဲလားပိုင်နက်အတွင်းရှိ ဂြိုဟ်တုခြေရာခံစခန်းများကို အသုံးပြုခွင့် ရရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ပေကျင်းသည် ၎င်းတို့၏ စည်းမျဉ်းများကို ရှင်းလင်းစွာ သတ်မှတ်ခဲ့သည်။ ၎င်းသည် တရားဝင် ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုများ၊ အမြဲတမ်းတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်း သို့မဟုတ် စစ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်းတို့ကို ရှောင်ကြဉ်ခဲ့သည်။ ၎င်းမှာ တရုတ်အနေဖြင့် အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်၏ မဟာဗျူဟာမြောက် ထိပ်တန်းဦးဆောင်မှုကို စိန်ခေါ်ရန် ရည်ရွယ်ခြင်းမရှိကြောင်း ပြသသည့် လက္ခဏာရပ်များ ဖြစ်သည်။ဗင်နီဇွဲလားအပေါ် ထားရှိသော ပေကျင်း၏ အကျိုးစီးပွားသည် ရေနံနှင့် လက်နက်ရောင်းချမှုထက် များစွာပိုမိုကျယ်ပြန့်သည်။ အဆိုပါနိုင်ငံသည် တရုတ်၏ ပိုမိုကျယ်ပြန့်သော လက်တင်အမေရိက မဟာဗျူဟာတွင် အဓိကကျသော နေရာတစ်ခု ဖြစ်ခဲ့သည်။ ယင်းမဟာဗျူဟာသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးတိုးချဲ့မှု၊ ဘဏ္ဍာရေးပေါင်းစည်းမှု၊ နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အတွင်းမှ ယဉ်ကျေးမှု ဖလှယ်ခြင်းတို့ကို အလေးပေးဆောင်ရွက်သည်။ ထိုပုံစံသည် အတင်းအဓမ္မ စေခိုင်းခြင်း သို့မဟုတ် အင်အားသုံးခြင်းထက် ဆက်သွယ်မှုနှင့် စီးပွားရေးအရ အပြန်အလှန် မှီခိုမှုတို့မှတစ်ဆင့် သြဇာလွှမ်းမိုးမှုကို တည်ဆောက်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံအား လုံခြုံရေးအရ အကာအကွယ်ပေးသူထက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုအပြီး လက်တွေ့အခြေအနေများသည် အထက်ပါ အခင်းအကျင်းကို သိသိသာသာ ပြောင်းလဲပစ်ခဲ့သည်။ မာဒူရိုအား အာဏာမှ ဖယ်ရှားလိုက်ခြင်းနှင့်အတူ အမေရိကန်သည် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုအပေါ် ထိရောက်သော ထိန်းချုပ်မှုကို ရယူ လိုက်ပြီး ရရှိလာသော ဝင်ငွေများကို လမ်းကြောင်းလွှဲခြင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံစိမ်းများ ရောက်ရှိမည့် စည်းကမ်းချက်များကို သတ်မှတ်ခြင်းတို့ ပြုလုပ်လာခဲ့သည်။ ဝါရှင်တန်သည် တရုတ် နိုင်ငံအား ဗင်နီဇွဲလားရေနံကို ဆက်လက်ဝယ်ယူခွင့် ပြုထားသော်လည်း ယခုအခါ အရောင်းအဝယ်များကို ကမ္ဘာ့ပေါက်ဈေးအတိုင်းသာ တင်းကျပ်စွာ ဆောင်ရွက်ရပြီး ပေကျင်းက ယခင်က ခံစားခဲ့ရသော အထူးအခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကိုလည်း ပျက်ပြားစေခဲ့သည်။ ထိုအပြောင်းအလဲသည် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးဆိုင်ရာတွက်ချက်မှုများကို တိုက်ရိုက် ထိခိုက်စေသည့်အပြင် ရေနံဖြင့် အာမခံထားသော ချေးငွေများမှ ရရှိသည့် သြဇာအာဏာကိုလည်း အားနည်းသွားစေသည်။အမေရိကန်၏ ရေနံစီးဆင်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းသည် ကြွေးမြီပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းနှင့် မြီရှင်များအကြား ညှိနှိုင်းမှုများအပေါ် ဝါရှင်တန်အား သြဇာသက်ရောက်စေခဲ့ပြီး တရုတ် နိုင်ငံ၏ ကျန်ရှိနေသော ချေးငွေများ ပြန်လည်ရရှိရန် ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးခက်ခဲစေနိုင်သည်။ ရလဒ်အနေဖြင့် ကရာကတ်စ်အပေါ် ပေကျင်း၏ အပေးအယူလုပ်နိုင်စွမ်းမှာ သိသိသာသာ လျော့ကျသွားပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၏ ရေရှည်ရှင်သန်နိုင်စွမ်းကို ပြန်လည်သုံးသပ်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံအတွက် ရင်ဆိုင်နေရသော အကြပ်အတည်းမှာ အလွန်ပြင်းထန်လှသည်။ အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေမည့် မဟာဗျူဟာမြောက် ကန့်သတ်ချက်ကို မကျော်လွန်စေဘဲ မိမိ၏ စီးပွားရေးအကျိုးအမြတ်များကို မည်သို့ကာကွယ်မည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။ထိုဖြစ်ပေါ်တိုးတက်မှုများသည် ၂၀၂၅ ခုနှစ် အမျိုးသားလုံခြုံရေးမဟာဗျူဟာ (2025 National Security Strategy) တွင် ဖော်ပြထားသော အမေရိကန်မူဝါဒ၏ ပိုမိုကျယ်ပြန့်သော ဦးတည်ချက်နှင့် ကိုက်ညီနေသည်။ အဆိုပါ စာတမ်းသည် အနောက်ကမ္ဘာခြမ်းကို အဓိက မဟာဗျူဟာမြောက် ဦးစားပေးအဖြစ် ထပ်လောင်းအလေးပေးထားပြီး မွန်ရိုးဝါဒ (Monroe Doctrine) ၏ ယုတ္တိကို ပြတ်ပြတ်သားသား ပြန်လည်ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် ဒေသတွင်း၌ သြဇာလွှမ်းမိုး မှုရှိစေရန်နှင့် ပြင်ပအင်အားကြီးနိုင်ငံများ (အထူးသဖြင့် တရုတ်နိုင်ငံ) ၏ စစ်ရေး၊ နည်းပညာနှင့် ကုန်သွယ်ရေးဆိုင်ရာ တည်ရှိမှုများကို ကန့်သတ်ရန် ဝါရှင်တန်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ပေကျင်းအတွက်မူ ထိုအခြေအနေသည် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှု (Structural Asymmetry) ကို ဖြစ်ပေါ်စေသည်။ ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများသည် အမေရိကတိုက်ရှိ အမေရိကန်၏ စစ်ရေးအရ လွှမ်းမိုးထားမှုဟူသော လက်တွေ့ဘဝကို ကျော်လွှားနိုင်ခြင်း မရှိပေ။ တရုတ်နိုင်ငံ၏ အနှစ်သက်ဆုံး နည်းလမ်းများဖြစ်သော စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးအခြေခံအဆောက်အအုံနှင့် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒတို့သည် ပြတ်သားသော အင်အားသုံးဖြေရှင်းမှု (Hard Power) နှင့် ရင်ဆိုင်ရသောအခါ သဘာဝအရ အကန့် အသတ်များနှင့် ကြုံတွေ့ရသည်။ တစ်ချိန်တည်းမှာပင် အချုပ်အခြာအာဏာနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအပေါ် ပေကျင်း၏အလေးပေးမှုသည် ပြင်ပမှဝင်ရောက်စွက်ဖက်မှုများကို စိုးရိမ်ပြီး မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိန်းသိမ်းလိုသော လက်တင်အမေရိက နိုင်ငံရေး လောက၏ အချို့သော အစိတ်အပိုင်းများတွင် ဆက်လက်၍ ပဲ့တင်ထပ် လွှမ်းမိုးလျက်ရှိသည်။အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာများကို နှိုင်းယှဉ်ကြည့်ပါက ကွဲပြားခြားနားသော ကမ္ဘာ့အမြင်များကို တွေ့ရှိရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မဟာဗျူဟာတွင် ဖော်ပြထားသည့်အတိုင်း အမေရိကန်၏ ချဉ်းကပ်မှုမှာ အနောက်ကမ္ဘာခြမ်းကို လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဖြစ်မှု၊ စီးပွားရေး အရ ဆွဲဆောင်မှုနှင့် စစ်ရေးအသင့်ဖြစ်မှုတို့မှတစ်ဆင့် ပြင်ပစိန်ခေါ်သူများရန်မှ ကာကွယ်ရမည့် မဟာဗျူဟာမြောက် နယ်ပယ်တစ်ခုအဖြစ် သဘောထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုမှာမူ ပေါင်းစည်းမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံအသီးသီး၏ ရွေးချယ်မှုကို လေးစားခြင်းတို့ကို ဦးစားပေးပြီး တင်းကျပ်သော အမိန့်အာဏာထက် တဖြည်းဖြည်းချင်း လွှမ်းမိုးမှုရယူခြင်းအပေါ် မှီခိုခြင်းဖြစ်သည်။‘မွန်ရိုးဝါဒ’ (Monroe Doctrine) နှင့် ကမ္ဘာ့အင်အားအစုအဖွဲ့များစွာ ပေါ်ထွန်းလာခြင်း (Multipolarity) သို့ ကူးပြောင်းမှု ရှုထောင့်မှကြည့်လျှင် ဗင်နီဇွဲလားဖြစ်ရပ်သည် အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်သည်။ အမေရိကန်သည် မိမိတို့၏ ဒေသတွင်းလွှမ်းမိုးမှုကို ငြင်းဆို၍မရသော အသုံးအနှုန်းများဖြင့် ထပ်မံအတည်ပြုလိုက်ပြီး တရုတ်နိုင်ငံမှာမူ မိမိ၏ မိခင်မြေနှင့် ဝေးကွာသောနေရာတွင် ရှိနေသည့် ဩဇာလွှမ်းမိုးမှု အကန့်အသတ်များကို ဝန်ခံရန် ဖိအားပေးခံလိုက်ရသည်။တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားတွင် အရေးနိမ့်မှုများရှိနိုင်သော်လည်း ယင်းသည် ထိုဒေသမှ ဆုတ်ခွာသွားခြင်းကို မဆိုလိုပေ။ ယင်းအစား လိုက်လျောညီထွေ ပြောင်းလဲမှုကိုသာ ညွှန်ပြနေသည်။ ဘရာဇီးနှင့် မက္ကဆီကိုကဲ့သို့သော နိုင်ငံများနှင့် မိတ်ဖက်အဖြစ် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စေခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဆက်လက်ထိတွေ့ခြင်းတို့သည် ရှေ့ဆက်ရန် အစားထိုးလမ်းစများကို ဖြစ်ပေါ်စေသည်။ ပိုမိုကျယ်ပြန့်သော ရှုထောင့်အရကြည့်လျှင် သွယ်ဝိုက်သော သြဇာလွှမ်းမိုးမှုနယ်ပယ်များ ပေါ်ထွက်လာခြင်းသည် အခြားနေရာများ (အထူးသဖြင့် ပေကျင်းက မိမိ၏ မဟာဗျူဟာမြောက် နယ်ပယ်အဖြစ် ပိုမိုအသိအမှတ်ပြုခံလိုသော အာရှဒေသ) ၌ တရုတ်၏ အကျိုးစီးပွားများနှင့် ကိုက်ညီနေပေလိမ့်မည်။တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်ခြင်းထက် ညှိနှိုင်းသတ်မှတ်ထားသော နယ်နိမိတ်များဖြင့်သာ ပိုမိုအဓိပ္ပာယ်ဖွင့်ဆိုလာသည့် နိုင်ငံတကာစနစ်တွင် ဝါရှင်တန်နှင့် ပေကျင်း နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ အာဏာစက်မှာ မည်မျှအထိ သက်ရောက်သနည်း၊ မည်သည့်နေရာတွင် ထိန်းသိမ်းခြင်းသည် မဟာဗျူဟာမြောက်သနည်းဆိုသည်ကို စမ်းသပ်နေကြခြင်း ဖြစ်သည်။ ၎င်း၏ ရလဒ်သည် ဗင်နီဇွဲလား၏ အနာဂတ်ကိုသာမက အင်အားအစုအဖွဲ့များစွာရှိသော ယနေ့ခေတ်ကာလတွင် ပြောင်းလဲလာနေသည့် ကမ္ဘာ့စနစ်၏ ပုံစံကိုပါ ပုံဖော်သွားမည် ဖြစ်သည်။(RT တွင်ဖော်ပြထားသော Ladislav Zemánek ၏ “Why didn’t China protect Venezuela from the US?” ဆောင်းပါးကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု (Operation Absolute Resolve ဟုသိကြသည့် စစ်ဆင်ရေး) သည် ကရာကတ်စ် ၏ အပြင်ဘက်အထိပါ တုန်လှုပ်ချောက်ချားမှုများ ပျံ့နှံ့စေခဲ့သည်။ ဗင်နီဇွဲလားမြို့တော်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် သမ္မတ နီကိုလက်စ် မာဒူရိုအား ဖမ်းဆီးခြင်းအားဖြင့် ဝါရှင်တန်သည် အနောက်ကမ္ဘာခြမ်းတွင် အင်အားသုံးဖြေရှင်းသည့် မူဝါဒ (Hard Power) ထံသို့ ပြတ်ပြတ်သားသား ပြန်လည်ခြေဦးလှည့်လာကြောင်း အချက်ပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးသည် ရန်လိုသောအစိုးရကို ဆန့်ကျင်သည့် နည်းဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုမျှသာမဟုတ်ဘဲ အမေရိကတိုက်တစ်ခွင်ရှိ သြဇာလွှမ်းမိုးမှု၊ အဆင့်ဆင့်အာဏာစက်နှင့် ထိန်းချုပ်မှုတို့နှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် သတင်းစကားတစ်ခုလည်း ဖြစ်သည်။ ဗင်နီဇွဲလား၏ နိုင်ငံရေးနှင့် စီးပွားရေး ရှင်သန်ရပ်တည်မှုအတွက် များစွာရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံအဖို့မူ ထိုဝင်ရောက်စွက်ဖက်မှုသည် ၎င်း၏ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးနိုင်စွမ်း အကန့်အသတ်များနှင့် ပိုမိုများပြားလာသော အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှုတွင် ပြောင်းလဲလာသည့် စည်းမျဉ်းများအပေါ် ချက်ချင်းဆိုသလို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

Operation Absolute Resolve အပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုမှာ လေသံအရ လျင်မြန်သော်လည်း အနှစ်သာရပိုင်းတွင်မူ သတိကြီးစွာ ထားခဲ့သည်။ ပေကျင်း၏ တရားဝင်ထုတ်ပြန်ချက်များတွင် အမေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းသည် တည်ငြိမ်မှုကို ပျက်ပြားစေသည့်အပြင် တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးမှု၏ ပြယုဂ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဝါရှင်တန်အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို လေးစားရန်နှင့် ဗင်နီဇွဲလား၏ ပြည်တွင်းရေးတွင် စွက်ဖက်ခြင်းကို ရပ်တန့်ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကာ တရုတ်နိုင်ငံအား နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးစံနှုန်းများကို ကာကွယ်စောင့်ရှောက်သူအဖြစ် ပုံဖော်ခဲ့သည်။

သို့သော်လည်း အဆိုပါ စကားလုံးအသုံးအနှုန်းများသည် လက်တွေ့တွင် အခြေအနေကို ပိုမိုတင်းမာလာစေခြင်း မရှိခဲ့ပေ။ ပေကျင်းသည် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် ကရာကတ်စ်သို့ တိုက်ရိုက်စစ်ရေးအကူအညီပေးအပ်ခြင်းတို့ကို ရှောင်ကြဉ်ခဲ့သည်။ ယင်းအစား ၎င်း၏တုံ့ပြန်မှုကို သံတမန်ရေးရာ လမ်းကြောင်းများတွင်သာ ကန့်သတ်ထားခဲ့ပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကာ မတည်ငြိမ်မှုများ မြင့်တက်နေစဉ်အတွင်း တရုတ်နိုင်ငံသားများ ဗင်နီဇွဲလားသို့ သွားရောက်ခြင်းမပြုရန် ခရီးသွားသတိပေးချက်များကိုထုတ်ပြန်ခဲ့သည်။ တရုတ်လေ့လာဆန်းစစ်သူများက ဦးစားပေးလုပ်ဆောင်ချက်မှာ ထိခိုက်မှုများကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဆိုလိုသည်မှာ အနောက်ကမ္ဘာခြမ်းရှိ အမေရိကန်၏ စစ်ရေးအင်အားနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့မှုကိုမဖန်တီးဘဲ ကာလရှည်တည်ရှိခဲ့သော စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန် ဖြစ်သည်။

ထိုသို့ ချိန်ဆထားသော တုံ့ပြန်မှုသည် လက်တင်အမေရိကအပေါ် ကျင့်သုံးသည့် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုပုံစံကို ထင်ရှားစေသည်။ ပေကျင်းသည် စီးပွားရေးအရ နက်ရှိုင်းစွာပတ်သက်ခြင်းနှင့် အချုပ်အခြာအာဏာအတွက် နှုတ်ဖြင့် ထောက်ခံမှုပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်၏ အင်အားမှာ အပြတ်အသတ် သာလွန်နေဆဲဖြစ်သည့် ဒေသမျိုးတွင် အမေရိကန်နှင့် စစ်ရေးအရ ယှဉ်ပြိုင်မှုကို အစဉ်တစိုက် ရှောင်လွှဲခဲ့သည်။ Operation Absolute Resolve သည်အဆိုပါ မဟာဗျူဟာ၏ အားသာချက်နှင့် အကန့်အသတ် နှစ်ခုစလုံးကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မာဒူရိုအစိုးရတို့၏ ဆက်ဆံရေးသည် အပေါ်ယံပြရုံသက်သက် မဟုတ်ခဲ့ပေ။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဗင်နီဇွဲလားသည် အမေရိကတိုက်၌ ပေကျင်း၏ အရေးအပါဆုံး မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံး နှစ်နိုင်ငံအဆင့် သတ်မှတ်ချက်ဖြစ်သော “ရာသီမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” (All-weather strategic partnership) အဆင့်သို့ မြှင့်တင်ခဲ့သည်။ ထိုအဆင့်အတန်းသည် စွမ်းအင်၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ရေရှည်ခိုင်မြဲသော ရည်မှန်းချက်များကို ထင်ဟပ်စေရုံမျှမက ဗင်နီဇွဲလားနိုင်ငံကို ပေကျင်းက မဟာဗျူဟာမြောက် အရေးပါသည်ဟု ယူဆထားသော နိုင်ငံငယ်အစုအတွင်းသို့ သွတ်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။

တရုတ်အစိုးရပိုင် မူဝါဒရေးရာဘဏ်များသည် ကရာကတ်စ်ထံသို့ အကြီးစား ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ယင်းတို့အနက် အများစုမှာ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ဗင်နီဇွဲလားအနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ဆက်လက်ဝင်ရောက်နိုင်စေရန် "ရေနံဖြင့်ပြန်ဆပ်ရမည့် ချေးငွေများ" အဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီများသည် အထူးသဖြင့် အိုရီနိုကို (Orinoco) ရေနံမြေရှိ စွမ်းအင်စီမံကိန်းများတွင် ပါဝင်လာခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ဗင်နီဇွဲလားမှ ထွက်ရှိသော ရေနံစိမ်းသည် သန့်စင်ရန် ခက်ခဲပြီး စရိတ်ကြီးမားသော်လည်း တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုတွင် သိသာထင်ရှားသော ပမာဏအဖြစ် ပါဝင်ခဲ့ကာ ပေကျင်း၏ စွမ်းအင်အရင်းအမြစ် ရှာဖွေမှုနည်းဗျူဟာကို အထောက်အကူပြုစေခဲ့သည်။

လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာလည်း သတိကြီးစွာဖြင့် တိုးတက်လာခဲ့သည်။ ဗင်နီဇွဲလားသည် လက်တင်အမေရိကတွင် တရုတ်စစ်လက်နက်ပစ္စည်းများကို အများဆုံး ဝယ်ယူသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး တရုတ်ကျွမ်းကျင်ပညာရှင်များသည် ဗင်နီဇွဲလားပိုင်နက်အတွင်းရှိ ဂြိုဟ်တုခြေရာခံစခန်းများကို အသုံးပြုခွင့် ရရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ပေကျင်းသည် ၎င်းတို့၏ စည်းမျဉ်းများကို ရှင်းလင်းစွာ သတ်မှတ်ခဲ့သည်။ ၎င်းသည် တရားဝင် ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုများ၊ အမြဲတမ်းတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်း သို့မဟုတ် စစ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်းတို့ကို ရှောင်ကြဉ်ခဲ့သည်။ ၎င်းမှာ တရုတ်အနေဖြင့် အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်၏ မဟာဗျူဟာမြောက် ထိပ်တန်းဦးဆောင်မှုကို စိန်ခေါ်ရန် ရည်ရွယ်ခြင်းမရှိကြောင်း ပြသသည့် လက္ခဏာရပ်များ ဖြစ်သည်။

ဗင်နီဇွဲလားအပေါ် ထားရှိသော ပေကျင်း၏ အကျိုးစီးပွားသည် ရေနံနှင့် လက်နက်ရောင်းချမှုထက် များစွာပိုမိုကျယ်ပြန့်သည်။ အဆိုပါနိုင်ငံသည် တရုတ်၏ ပိုမိုကျယ်ပြန့်သော လက်တင်အမေရိက မဟာဗျူဟာတွင် အဓိကကျသော နေရာတစ်ခု ဖြစ်ခဲ့သည်။ ယင်းမဟာဗျူဟာသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးတိုးချဲ့မှု၊ ဘဏ္ဍာရေးပေါင်းစည်းမှု၊ နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အတွင်းမှ ယဉ်ကျေးမှု ဖလှယ်ခြင်းတို့ကို အလေးပေးဆောင်ရွက်သည်။ ထိုပုံစံသည် အတင်းအဓမ္မ စေခိုင်းခြင်း သို့မဟုတ် အင်အားသုံးခြင်းထက် ဆက်သွယ်မှုနှင့် စီးပွားရေးအရ အပြန်အလှန် မှီခိုမှုတို့မှတစ်ဆင့် သြဇာလွှမ်းမိုးမှုကို တည်ဆောက်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံအား လုံခြုံရေးအရ အကာအကွယ်ပေးသူထက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုအပြီး လက်တွေ့အခြေအနေများသည် အထက်ပါ အခင်းအကျင်းကို သိသိသာသာ ပြောင်းလဲပစ်ခဲ့သည်။ မာဒူရိုအား အာဏာမှ ဖယ်ရှားလိုက်ခြင်းနှင့်အတူ အမေရိကန်သည် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုအပေါ် ထိရောက်သော ထိန်းချုပ်မှုကို ရယူ လိုက်ပြီး ရရှိလာသော ဝင်ငွေများကို လမ်းကြောင်းလွှဲခြင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံစိမ်းများ ရောက်ရှိမည့် စည်းကမ်းချက်များကို သတ်မှတ်ခြင်းတို့ ပြုလုပ်လာခဲ့သည်။ ဝါရှင်တန်သည် တရုတ် နိုင်ငံအား ဗင်နီဇွဲလားရေနံကို ဆက်လက်ဝယ်ယူခွင့် ပြုထားသော်လည်း ယခုအခါ အရောင်းအဝယ်များကို ကမ္ဘာ့ပေါက်ဈေးအတိုင်းသာ တင်းကျပ်စွာ ဆောင်ရွက်ရပြီး ပေကျင်းက ယခင်က ခံစားခဲ့ရသော အထူးအခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကိုလည်း ပျက်ပြားစေခဲ့သည်။ ထိုအပြောင်းအလဲသည် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးဆိုင်ရာတွက်ချက်မှုများကို တိုက်ရိုက် ထိခိုက်စေသည့်အပြင် ရေနံဖြင့် အာမခံထားသော ချေးငွေများမှ ရရှိသည့် သြဇာအာဏာကိုလည်း အားနည်းသွားစေသည်။

အမေရိကန်၏ ရေနံစီးဆင်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းသည် ကြွေးမြီပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းနှင့် မြီရှင်များအကြား ညှိနှိုင်းမှုများအပေါ် ဝါရှင်တန်အား သြဇာသက်ရောက်စေခဲ့ပြီး တရုတ် နိုင်ငံ၏ ကျန်ရှိနေသော ချေးငွေများ ပြန်လည်ရရှိရန် ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးခက်ခဲစေနိုင်သည်။ ရလဒ်အနေဖြင့် ကရာကတ်စ်အပေါ် ပေကျင်း၏ အပေးအယူလုပ်နိုင်စွမ်းမှာ သိသိသာသာ လျော့ကျသွားပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၏ ရေရှည်ရှင်သန်နိုင်စွမ်းကို ပြန်လည်သုံးသပ်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံအတွက် ရင်ဆိုင်နေရသော အကြပ်အတည်းမှာ အလွန်ပြင်းထန်လှသည်။ အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေမည့် မဟာဗျူဟာမြောက် ကန့်သတ်ချက်ကို မကျော်လွန်စေဘဲ မိမိ၏ စီးပွားရေးအကျိုးအမြတ်များကို မည်သို့ကာကွယ်မည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။

ထိုဖြစ်ပေါ်တိုးတက်မှုများသည် ၂၀၂၅ ခုနှစ် အမျိုးသားလုံခြုံရေးမဟာဗျူဟာ (2025 National Security Strategy) တွင် ဖော်ပြထားသော အမေရိကန်မူဝါဒ၏ ပိုမိုကျယ်ပြန့်သော ဦးတည်ချက်နှင့် ကိုက်ညီနေသည်။ အဆိုပါ စာတမ်းသည် အနောက်ကမ္ဘာခြမ်းကို အဓိက မဟာဗျူဟာမြောက် ဦးစားပေးအဖြစ် ထပ်လောင်းအလေးပေးထားပြီး မွန်ရိုးဝါဒ (Monroe Doctrine) ၏ ယုတ္တိကို ပြတ်ပြတ်သားသား ပြန်လည်ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် ဒေသတွင်း၌ သြဇာလွှမ်းမိုး မှုရှိစေရန်နှင့် ပြင်ပအင်အားကြီးနိုင်ငံများ (အထူးသဖြင့် တရုတ်နိုင်ငံ) ၏ စစ်ရေး၊ နည်းပညာနှင့် ကုန်သွယ်ရေးဆိုင်ရာ တည်ရှိမှုများကို ကန့်သတ်ရန် ဝါရှင်တန်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ပေကျင်းအတွက်မူ ထိုအခြေအနေသည် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှု (Structural Asymmetry) ကို ဖြစ်ပေါ်စေသည်။ ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများသည် အမေရိကတိုက်ရှိ အမေရိကန်၏ စစ်ရေးအရ လွှမ်းမိုးထားမှုဟူသော လက်တွေ့ဘဝကို ကျော်လွှားနိုင်ခြင်း မရှိပေ။ တရုတ်နိုင်ငံ၏ အနှစ်သက်ဆုံး နည်းလမ်းများဖြစ်သော စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးအခြေခံအဆောက်အအုံနှင့် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒတို့သည် ပြတ်သားသော အင်အားသုံးဖြေရှင်းမှု (Hard Power) နှင့် ရင်ဆိုင်ရသောအခါ သဘာဝအရ အကန့် အသတ်များနှင့် ကြုံတွေ့ရသည်။ တစ်ချိန်တည်းမှာပင် အချုပ်အခြာအာဏာနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအပေါ် ပေကျင်း၏အလေးပေးမှုသည် ပြင်ပမှဝင်ရောက်စွက်ဖက်မှုများကို စိုးရိမ်ပြီး မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိန်းသိမ်းလိုသော လက်တင်အမေရိက နိုင်ငံရေး လောက၏ အချို့သော အစိတ်အပိုင်းများတွင် ဆက်လက်၍ ပဲ့တင်ထပ် လွှမ်းမိုးလျက်ရှိသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာများကို နှိုင်းယှဉ်ကြည့်ပါက ကွဲပြားခြားနားသော ကမ္ဘာ့အမြင်များကို တွေ့ရှိရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မဟာဗျူဟာတွင် ဖော်ပြထားသည့်အတိုင်း အမေရိကန်၏ ချဉ်းကပ်မှုမှာ အနောက်ကမ္ဘာခြမ်းကို လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဖြစ်မှု၊ စီးပွားရေး အရ ဆွဲဆောင်မှုနှင့် စစ်ရေးအသင့်ဖြစ်မှုတို့မှတစ်ဆင့် ပြင်ပစိန်ခေါ်သူများရန်မှ ကာကွယ်ရမည့် မဟာဗျူဟာမြောက် နယ်ပယ်တစ်ခုအဖြစ် သဘောထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုမှာမူ ပေါင်းစည်းမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံအသီးသီး၏ ရွေးချယ်မှုကို လေးစားခြင်းတို့ကို ဦးစားပေးပြီး တင်းကျပ်သော အမိန့်အာဏာထက် တဖြည်းဖြည်းချင်း လွှမ်းမိုးမှုရယူခြင်းအပေါ် မှီခိုခြင်းဖြစ်သည်။

‘မွန်ရိုးဝါဒ’ (Monroe Doctrine) နှင့် ကမ္ဘာ့အင်အားအစုအဖွဲ့များစွာ ပေါ်ထွန်းလာခြင်း (Multipolarity) သို့ ကူးပြောင်းမှု ရှုထောင့်မှကြည့်လျှင် ဗင်နီဇွဲလားဖြစ်ရပ်သည် အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်သည်။ အမေရိကန်သည် မိမိတို့၏ ဒေသတွင်းလွှမ်းမိုးမှုကို ငြင်းဆို၍မရသော အသုံးအနှုန်းများဖြင့် ထပ်မံအတည်ပြုလိုက်ပြီး တရုတ်နိုင်ငံမှာမူ မိမိ၏ မိခင်မြေနှင့် ဝေးကွာသောနေရာတွင် ရှိနေသည့် ဩဇာလွှမ်းမိုးမှု အကန့်အသတ်များကို ဝန်ခံရန် ဖိအားပေးခံလိုက်ရသည်။

တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားတွင် အရေးနိမ့်မှုများရှိနိုင်သော်လည်း ယင်းသည် ထိုဒေသမှ ဆုတ်ခွာသွားခြင်းကို မဆိုလိုပေ။ ယင်းအစား လိုက်လျောညီထွေ ပြောင်းလဲမှုကိုသာ ညွှန်ပြနေသည်။ ဘရာဇီးနှင့် မက္ကဆီကိုကဲ့သို့သော နိုင်ငံများနှင့် မိတ်ဖက်အဖြစ် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စေခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဆက်လက်ထိတွေ့ခြင်းတို့သည် ရှေ့ဆက်ရန် အစားထိုးလမ်းစများကို ဖြစ်ပေါ်စေသည်။ ပိုမိုကျယ်ပြန့်သော ရှုထောင့်အရကြည့်လျှင် သွယ်ဝိုက်သော သြဇာလွှမ်းမိုးမှုနယ်ပယ်များ ပေါ်ထွက်လာခြင်းသည် အခြားနေရာများ (အထူးသဖြင့် ပေကျင်းက မိမိ၏ မဟာဗျူဟာမြောက် နယ်ပယ်အဖြစ် ပိုမိုအသိအမှတ်ပြုခံလိုသော အာရှဒေသ) ၌ တရုတ်၏ အကျိုးစီးပွားများနှင့် ကိုက်ညီနေပေလိမ့်မည်။

တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်ခြင်းထက် ညှိနှိုင်းသတ်မှတ်ထားသော နယ်နိမိတ်များဖြင့်သာ ပိုမိုအဓိပ္ပာယ်ဖွင့်ဆိုလာသည့် နိုင်ငံတကာစနစ်တွင် ဝါရှင်တန်နှင့် ပေကျင်း နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ အာဏာစက်မှာ မည်မျှအထိ သက်ရောက်သနည်း၊ မည်သည့်နေရာတွင် ထိန်းသိမ်းခြင်းသည် မဟာဗျူဟာမြောက်သနည်းဆိုသည်ကို စမ်းသပ်နေကြခြင်း ဖြစ်သည်။ ၎င်း၏ ရလဒ်သည် ဗင်နီဇွဲလား၏ အနာဂတ်ကိုသာမက အင်အားအစုအဖွဲ့များစွာရှိသော ယနေ့ခေတ်ကာလတွင် ပြောင်းလဲလာနေသည့် ကမ္ဘာ့စနစ်၏ ပုံစံကိုပါ ပုံဖော်သွားမည် ဖြစ်သည်။

(RT တွင်ဖော်ပြထားသော Ladislav Zemánek ၏ “Why didn’t China protect Venezuela from the US?” ဆောင်းပါးကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

Ladislav Zemánek

TRIPP ပါဝါ - ထရမ့် ပုံဖော်နေသော လဲလှယ်ညှိနှိုင်းရေး သံတမန်ရေး အခင်းအကျင်း
-
အမေရိကန်ပြည်ထောင်စုက အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အကြား ဖြတ်သန်းသွားလာရေးလမ်းကြောင်း (transit corridor) တစ်ခု ညှိနှိုင်းစီမံဖန်တီးရန် ဆုံးဖြတ်လိုက်ခြင်းသည် အပြင်ပန်းကြည့်လိုက်လျှင် ဒေသတွင်းဆိုင်ရာ အကန့်အသတ်တစ်ခုကို ဝင်ရောက် စွက်ဖက်မှုတစ်ခုလို ထင်ရနိုင် ပါသည်။ သို့သော် အမှန်တကယ်အားဖြင့် ယင်းဆုံးဖြတ်ချက်သည် ထရမ့်ခေတ် သံတမန်ရေးရာ၏ အတွေးအမြင်နှင့် လုပ်ထုံးလုပ်နည်းကို နက်နက် ရှိုင်းရှိုင်း ဖော်ထုတ်ပြသပေးနေပါသည်။ “Trump Route for International Peace and Prosperity (TRIPP)” ဟု ခေါ်ဆိုသည့် အဆိုပါ အစီအစဉ်သည် ကော်ကေးရှပ်တောင်ပိုင်းဒေသရှိ အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုသာမက သံတမန်ရေးရာကို စီးပွားရေးဆိုင်ရာ အရောင်းအဝယ်အဖြစ် မြင်မြင်သာသာခံယူထားပြီး အပြည်ပြည် ဆိုင်ရာစည်းမျဉ်းစနစ်ကို ပူးပေါင်းလိုက်နာရမည့် စည်းမျဉ်းများအဖြစ်မဟုတ်ဘဲ အပြန်အလှန် အကျိုးအမြတ်ပေးချေရမည့် စုစည်းမှုအဖြစ် မြင်နေသော ထရမ့်၏ ကမ္ဘာ့အမြင်ကို ဖော်ပြနေခြင်းဖြစ်ပါသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် အဇာဘိုင်ဂျန်၏ အထူးဒေသ (exclave) ဖြစ်သော နာချီဗန် (Nakhchivan) ကို အဇာဘိုင်ဂျန်၏အဓိကပြည်နယ်နှင့် ချိတ်ဆက်ပေးမည့် ဖြတ်သန်းလမ်းကြောင်းအပေါ် အချိန်အတော်ကြာအငြင်းပွားနေခဲ့ကြသည်။ နာချီဗန်သည် အာမေးနီးယား၏ Syunik ပြည်နယ် (သမိုင်းဝင်အမည်မှာ ဇန်ဂေဇူးရ် (Zangezur) ဖြစ်ပါသည်။) ဖြင့် ခွဲခြားထားခြင်းဖြစ်ပြီး အဇာဘိုင်ဂျန်၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည့် တူရကီနှင့် နယ်စပ်ချင်းထိစပ်နေပါသည်။ အဇာဘိုင်ဂျန်၏ တောင်းဆိုချက်မှာ ရိုးရှင်းပြတ်သားပါသည်။ အာမေးနီးယား တောင်ပိုင်းကို ဖြတ်သန်းသွားလာနိုင်ပြီး အာမေးနီးယား၏ နယ်စပ်ထိန်းချုပ်မှုများမှ ကင်းလွတ်သည့် လမ်းကြောင်းတစ်ခုဖြစ်ရမည်ဟု တောင်းဆိုခြင်းဖြစ်ပါသည်။ ဘာကူအစိုးရက ယင်းကို “ဇန်ဂေဇူးရ် လမ်းကြောင်း” ဟု ခေါ်ဆိုပြီး တူရကီမှ အဇာဘိုင်ဂျန် ထို့မှတစ်ဆင့် အာရှအလယ်ပိုင်းသို့ ဆက်သွယ်ပေးနိုင်သော တူရကီ ဘာသာစကားပြောနိုင်ငံများအကြား အတားအဆီးမဲ့ ချိတ်ဆက်ရေးလမ်းကြောင်းအဖြစ် ယူဆထားပါသည်။ အာမေးနီးယားဘက်ကမူ ကိုယ်ပိုင်နယ်မြေအပေါ် အထိရောက်ဆုံးအုပ်ချုပ်ခွင့်ကို လက်လွတ်မလုပ်လိုသောကြောင့် ယင်းတောင်းဆိုချက်ကို တင်းမာစွာ တုံ့ပြန်ခဲ့ပါသည်။ ထို့နောက် အစားထိုးအစီအစဉ်တစ်ခုအဖြစ် ငြိမ်းချမ်းရေးလမ်းဆုံ (Crossroads of Peace) ဟုခေါ်သော စီမံကိန်းကို တင်ပြ ခဲ့သည်။ ယင်းအစီအစဉ်မှာ ဒေသတွင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း အာမေးနီးယား၏ အချုပ်အခြာအာဏာကို မထိခိုက်စေရန် ရည်ရွယ်ထားပါသည်။ ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးရှုပ်ထွေးမှုအစမှာ ၂၀၂၀ ပြည့်နှစ် စစ်ပွဲအပြီး အာမေးနီးယား–အဇာဘိုင်ဂျန် သဘောတူညီချက်အရ အဆိုပါဖြတ်သန်းလမ်းကြောင်းကို ကြီးကြပ်ရန် ရုရှားဖက်ဒရယ် လုံခြုံရေးဝန်ဆောင်မှု (FSB) ၏ နယ်စပ်ကာကွယ်ရေးတပ်များကို တာဝန်ပေးအပ်ခဲ့ခြင်းကဟု ဆိုရပေမည်။ ယနေ့ထိ ရုရှားတပ်ဖွဲ့များသည် အာမေးနီးယား–အီရန်နှင့် အာမေးနီးယား–တူရကီ နယ်စပ်များကိုစောင့်ကြပ်လျက်ရှိပြီး အာမေးနီးယား၏ ရထားလမ်းကွန်ရက်ကိုလည်း ရုရှားအစိုးရပိုင် Russian Railways က ထိန်းချုပ်လည်ပတ်နေပါသည်။ အီရန်နိုင်ငံကလည်း ၎င်း၏ မြောက်ပိုင်းနယ်စပ်အနီးတွင် အထူးသဖြင့် အမေရိကန်အပါအဝင် နိုင်ငံခြားတပ်ဖွဲ့များ ရှိလာမည်ကို ပြင်းထန်စွာ သတိပေးထားပါသည်။ ထို့ကြောင့် ယင်းလမ်းကြောင်း၏ ပထဝီဝင်အနေအထားသည် ရုရှား၊ အီရန်နှင့် တူရကီတို့၏ မဟာဗျူဟာ စိုးရိမ်မှုများနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ ထိုကဲ့သို့ ရှုပ်ထွေးပွေလီနေသော ပထဝီနိုင်ငံရေးပတ်ဝန်းကျင်ထဲသို့ ဒေါ်နယ်ထရမ့် က ရုတ်တရက်ဝင်ရောက်လာပါသည်။ ယမန်နှစ် ဩဂုတ်လတွင် ထရမ့်သည် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် ခေါင်းဆောင်များကို ဝါရှင်တန်သို့ ဖိတ်ခေါ်ခဲ့ပါသည်။ နယ်မြေအချုပ်အခြာ အာဏာကို အပြန်အလှန် အသိအမှတ်ပြုမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ကတိပြုသည့် ပူးတွဲ ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးစေခဲ့ပါသည်။ နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း အနာဂတ်ငြိမ်းချမ်းရေးစာချုပ်ကို အကြမ်းဖျင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ အရေးအကြီးဆုံးမှာ TRIPP ကို ဖန်တီးရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါသည်။ ယင်းလမ်းကြောင်းကို အမေရိကန် ထိန်းချုပ်သော ကုမ္ပဏီတစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတာဝန်ယူမည်ဖြစ်ကာ အမေရိကန်အတွက် သီးသန့်အခွင့်အရေးများ ရရှိထားပါသည်။ ယင်းက ရုရှားကို မဟာဗျူဟာအရ အရေးကြီးသော စီမံကိန်းတစ်ခုမှ လုံးဝဖယ်ရှားလိုက်သည့် သဘောလည်း ဖြစ်ပါသည်။ ထိုအစီအစဉ်သည် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒ အမှတ်အသားများဖြစ်သည့် နှစ်ဖက်သဘောတူညီချက်များကို ဦးစားပေးခြင်း၊ စီးပွားရေးအကျိုးအမြတ်ကို ရှာဖွေခြင်းနှင့် အပြန်အလှန် အကျိုးရှိသော သံတမန်ရေးကို အသုံးချခြင်းတို့ကို ပြသနေပါသည်။ ၂၀၁၇ ခုနှစ် ထရမ့်၏ ပထမသမ္မတ သက်တမ်းအစမှစ၍ ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို transactional ဟု မကြာခဏ ဖော်ပြခဲ့ဖူးပါသည်။ ယင်းမူဝါဒသည် ရေရှည်မဟာမိတ်ဆက်ဆံရေးများနှင့် လစ်ဘရယ်အပြည်ပြည်ဆိုင်ရာစည်းမျဉ်းစနစ်ကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည့် အမေရိကန် ရိုးရာ အစဉ်အလာမူဝါဒများမှ ကွဲပြားနေပါသည်။ ချက်ချင်း လက်ငင်းရရှိမည့် အမေရိကန်၏အကျိုးစီးပွားကို ဦးစားပေးထားပါသည်။ TRIPP သဘောတူညီချက်သည် ယင်းအတွေးအမြင်ကို အချက်အလက်အမျိုးမျိုးဖြင့် ထင်ဟပ်ပြသနေပါသည်။ ပထမအချက်အနေဖြင့် TRIPP ကို အမေရိကန်က ဦးဆောင်ကာ အစဉ်အလာများပြားသော မူလအဖွဲ့အစည်းများကို ကျော်လွန်သွားခဲ့ပါသည်။ ဒေသဆိုင်ရာ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကိုမသုံးဘဲ အမေရိကန်သမ္မတကိုယ်တိုင် သက်သေဖြစ်သည့်ပူးတွဲကြေညာချက်နှင့် ဝါရှင်တန်–ဘာကူ၊ ဝါရှင်တန်–ယေရေဗန် နှစ်ဖက်သဘောတူညီချက်များအပေါ် အခြေခံထားပါသည်။ ယင်းက ရုရှားနှင့် ဥရောပသမဂ္ဂကဲ့သို့ ယခင်က ညှိနှိုင်းပေးသူများ၏ အခန်းကဏ္ဍကို ဘေးဖယ်ထားလိုက်ခြင်းဖြစ်ပါသည်။ ထူးခြားစရာကောင်းသည်မှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အာမေးနီးယား–အဇာဘိုင်ဂျန် ငြိမ်းချမ်းရေးညှိနှိုင်းမှုကို တာဝန်ယူခဲ့သည့် OSCE Minsk Group ကို လုံးဝ ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။ ယင်းအဖွဲ့ကို ထိရောက်မှုမရှိဟု ဝေဖန်ခဲ့ကြသော်လည်း ဝါရှင်တန်ဆွေးနွေးပွဲများအပြီး အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းလိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းစီမံခန့်ခွဲမှုမှ ပြန်လည် ဆုတ်ခွာသည့် လက္ခဏာတစ်ရပ်ဖြစ်နေပါသည်။ ဒုတိယအချက်အနေဖြင့် TRIPP အတွက် သံတမန်ရေးလုပ်ငန်းစဉ်သည် ပုံမှန်ရိုးရာ လမ်းကြောင်းများကို ကျော်လွန်သွားခဲ့ပါသည်။ ထရမ့်သည် နိုင်ငံခြားရေးဝန်ကြီးဌာနကိုအားမကိုးဘဲ ၎င်း၏ အနီးကပ် ယုံကြည်ရသူ အိမ်ခြံမြေလုပ်ငန်းရှင်ဘီလျံနာ Steve Witkoff ကို တာဝန်ပေးခဲ့ပါသည်။ ယင်းအချက်သည် အဖွဲ့အစည်းများထက် ပုဂ္ဂိုလ်ရေးဆက်ဆံမှုနှင့် စီးပွားရေးကျွမ်းကျင်မှုကို ယုံကြည်သည့် ထရမ့်၏ အမြင်ကို ထင်ဟပ်စေပါသည်။ တတိယအချက်အနေဖြင့် TRIPP သည် အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားကို တိုးမြှင့်ရန် ရည်ရွယ်သည့် ကုန်သွယ်ရေးအခြေပြု စီမံကိန်းဖြစ်ပါသည်။ ယင်းလမ်းကြောင်းသည် ရုရှား ထိန်းချုပ်ထားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အစားထိုးနိုင်ပြီး ကာစပီယံပင်လယ်ကို ဖြတ်သန်းကာ ဥရောပမှ အာရှအလယ်ပိုင်းနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်သည့် Middle Corridor အတွင်း သင့်လျော်စွာ ဝင်ရောက်နိုင်ပါသည်။ ယူကရိန်း စစ်ပွဲကြောင့် မြောက်ဘက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရပြီးနောက် ယင်းလမ်းကြောင်း၏ မဟာဗျူဟာအရေးပါမှုသည် အထူးသဖြင့် တူရကီနှင့် အနောက်နိုင်ငံ များအတွက် တိုးမြင့်လာခဲ့ပါသည်။ ယခုကဲ့သို့ ပထဝီစီးပွားရေးတွက်ချက်မှု၏ အလယ်ဗဟိုတွင် အရေးပါလှသော သတ္တုအရင်းအမြစ် များရှိနေပါသည်။ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှု ပြင်းထန်လာသည်နှင့်အမျှ ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးကွန်ရက်များကို ထိန်းချုပ်နိုင်ခြင်းသည် အမေရိကန်၏ အဓိကရည်မှန်းချက်တစ်ရပ် ဖြစ်လာ ပါသည်။ မကြာသေးမီက ထုတ်ပြန်သည့် အမေရိကန် အမျိုးသားလုံခြုံရေးမူဝါဒတွင်လည်း အရေးပါသော သတ္တုများနှင့်ပစ္စည်းများအတွက် အမေရိကန်၏ လက်လှမ်းမီမှု တိုးချဲ့ရန် အလေးပေး ဖော်ပြထားပါသည်။ အဇာဘိုင်ဂျန်၏ ကြေးနီ၊ အလူနိုက် (အလူမီနီယမ်)နှင့် မိုလစ်ဘ်ဒနမ်၊ အာမေးနီးယား၏ ကြေးနီ၊ ငွေ၊ အန်တီမိုနီ စသည့် သတ္တုအရင်းအမြစ်များသည် TRIPP ကို ပိုမိုဆွဲဆောင်မှုရှိစေပါသည်။ အာရှအလယ်ပိုင်းတွင်လည်း အရေးပါသော သတ္တုအရင်းအမြစ်များစွာရှိနေပြီး အမေရိကန် က C5+1 ပလက်ဖောင်းမှတစ်ဆင့် အာရှအလယ်ပိုင်း နိုင်ငံငါးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် “Critical Minerals Dialogue” ကို ထည့်သွင်းထားပါသည်။ အာမေးနီးယားနှင့် သဘောတူထားသည့် အကောင်အထည်ဖော်မှု မူဘောင်တွင်လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ စျေးကွက်ဝင်ရောက်ခွင့်နှင့် အမေရိကန်စက်မှုလုပ်ငန်းများသို့ အရင်းအမြစ်များ စီးဆင်းလာစေရေးကို အထူးအလေးထားထားသည်ကို တွေ့ရှိရပါသည်။ ထိုအစီအစဉ်၏ အပြန်အလှန်အကျိုးပေးသဘောကို အိမ်ဖြူတော်၌ လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဖက်သဘောတူညီချက်များတွင် ထင်ဟပ်နေပါသည်။ အာမေးနီးယား သည် အခြေခံအဆောက်အအုံ ၊ စွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ဆီမီးကွန်ဒတ်တာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်ခဲ့ပါသည်။ အဇာဘိုင်ဂျန်ကမူ ၁၉၉၂ ခုနှစ် Freedom Support Act ၏ Section 907 ကို ယာယီလွတ်လပ်ခွင့်ပေးထားမှုကို ဆက်လက်ရရှိခဲ့ပြီး အမေရိကန်မှ ကာကွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းများ တင်ပို့နိုင်မည့် လမ်းကို ဖွင့်လှစ် နိုင်ခဲ့ပါသည်။ နှစ်ဖက်စလုံးက ၎င်းတို့အတွက် ရလဒ်တစ်ခုစီ ရရှိခဲ့ကြပါသည်။TRIPP စီမံကိန်းသည် မူလရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မလား။ ထိုမေးခွန်းမှာ လက်ရှိအချိန်အထိ မသေချာသေးပါ။ အာမေးနီးယားတွင် ဝန်ကြီးချုပ် Nikol Pashinyan သည် အရေးပါသော ရွေးကောက်ပွဲများကို ရင်ဆိုင်နေရပါသည်။ နိုင်ငံရေးအခြေအနေ မှာလည်း မတည်ငြိမ်သေးသည့် အနေအထားတွင် ရှိနေဆဲ ဖြစ်ပါသည်။ ထိုအခြေအနေကြောင့် TRIPP ကဲ့သို့ ဒေသလုံးဆိုင်ရာ စီမံကိန်းကြီးများကို ဆက်လက် အားပေးထောက်ခံနိုင်မလား ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်နေပါသည်။တစ်ဖက်တွင် ရုရှားသည် အာမေးနီးယား၏ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အသက်သွေးကြောများအပေါ် သြဇာသက်ရောက်နိုင်သည့်အချက်များကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပါသည်။ နယ်စပ်လုံခြုံရေး၊ လမ်းတံတားအခြေခံအဆောက်အအုံများနှင့် စွမ်းအင်မှီခိုမှု စသည့် အချက်များကြောင့် အာမေးနီးယား၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်သည့် အခွင့်အရေးကို မော်စကိုအနေဖြင့် လက်ရှိအချိန်ထိ မဆုံးရှုံးသေးပါ။ ထို့ကြောင့် TRIPP သည် အမေရိကန်၏ စီမံကိန်း ဖြစ်သော်လည်း ရုရှား၏ လက်ရှိသြဇာကို လုံးဝ ဖယ်ရှားနိုင်မည် မဟုတ်သေးပါ။အာဇာဘိုင်ဂျန်အတွကမူ TRIPP သည် စီးပွားရေးနှင့် မဟာဗျူဟာအရ အခွင့်အလမ်း တစ်ရပ် ဖြစ်လာနိုင်ပါသည်။ ဘာကူအစိုးရသည် ရေနံနှင့်ဓာတ်ငွေ့အပေါ် အလွန်အမင်း မှီခို နေဆဲဖြစ်ပါသည်။ စီးပွားရေးကို ပုံစံမျိုးစုံပြောင်းလဲရန် ကြိုးပမ်းနေပြီး သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း အသစ်များမှာလည်း ထိုရည်မှန်းချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရပါသည်။ သို့ရာတွင် စီးပွားရေးအကျိုးအမြတ်ရရှိခြင်းက ဒေသတွင်း နိုင်ငံရေး တည်ငြိမ်မှုကို အလိုအလျောက် အာမခံပေးနိုင်မည်တော့ မဟုတ်ပါ။တစ်ဖက်တွင် စီးပွားရေးသဘောတူညီချက်များကို ဦးစားပေးသည့် ဒေါ်နယ်ထရမ့်၏ ချဉ်းကပ်မှုသည် နိုင်ငံအတွင်း အုပ်ချုပ်ရေးကောင်းမွန်မှု၊ ဥပဒေအာဏာစိုးမိုးမှုနှင့် ဒီမိုကရေစီအဖွဲ့အစည်းများကို မြှင့်တင်ရန် အားပေးမှုများတွင် အကန့်အသတ်ရှိနေပါသည်။ ထရမ့်သည် အခြေခံအဆောက်အအုံများနှင့် ကုန်သွယ်မှုကိုသာ အာရုံစိုက်ထားပြီး အစိုးရ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို အဓိကထားမည် မဟုတ်မှာ သေချာနေပါသည်။အမေရိကန်အတွက် အရေးကြီးဆုံး မေးခွန်းမှာ TRIPP ကို အကောင်အထည်ဖော်နိုင်မလားဆိုသည်ထက် ယင်းစီမံကိန်းအပေါ် ကိုယ်စားပြုမည့် ဩဇာအာဏာအသုံးချမှု ပုံစံကဘာလဲ ဆိုသည့်အချက် ဖြစ်ပါသည်။ ထရမ့်သည် မိမိကိုယ်ကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ကြွေးကြော်နိုင်သော်လည်း ယင်းစီမံကိန်းကို အပြည့်အဝ အကောင်အထည်ဖော်ရန်မှာ နှစ်ပေါင်းများစွာ လိုအပ်မည်ဖြစ်ပါသည်။ ၎င်း၏ သမ္မတတာဝန် ကာလကိုပင် ကျော်လွန်သွားနိုင်ပါသည်။နောက်ဆုံးတွင် ကျန်ရစ်နိုင်သည့်အရာမှာ TRIPP စီမံကိန်းတစ်ခုတည်းမဟုတ်ဘဲ ယင်းစီမံကိန်းကို ကိုယ်စားပြုသည့် သံတမန်ရေးရာပုံစံဖြစ်ပါသည်။ ယင်းပုံစံသည် အဖွဲ့အစည်းများနှင့် စည်းမျဉ်းစည်းကမ်းများအစား လဲလှယ်ညှိနှိုင်းမှုများကို ဦးစားပေးပြီး အယူအဆပိုင်းထက် အကျိုးအမြတ်ကို အလေးထားသည့် နည်းလမ်းဖြစ်လာပါမည်။ ထိုနည်းလမ်းသည် အချို့နေရာများတွင် သဘောတူညီချက်များကို ဖြစ်ပေါ်စေနိုင်သော်လည်း အမေရိကန်ဦးဆောင်သော လွတ်လပ်ရေးကို အခြေခံသည့် နိုင်ငံတကာစနစ်က ရေရှည်တွင် အားကောင်းစေနိုင်ပါ့မလားဆိုသည်မှာ မရေရာမသေချာသည့် မေးခွန်းတစ်ခုအဖြစ် ကျန်ရစ်နေဆဲဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုက အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အကြား ဖြတ်သန်းသွားလာရေးလမ်းကြောင်း (transit corridor) တစ်ခု ညှိနှိုင်းစီမံဖန်တီးရန် ဆုံးဖြတ်လိုက်ခြင်းသည် အပြင်ပန်းကြည့်လိုက်လျှင် ဒေသတွင်းဆိုင်ရာ အကန့်အသတ်တစ်ခုကို ဝင်ရောက် စွက်ဖက်မှုတစ်ခုလို ထင်ရနိုင် ပါသည်။ သို့သော် အမှန်တကယ်အားဖြင့် ယင်းဆုံးဖြတ်ချက်သည် ထရမ့်ခေတ် သံတမန်ရေးရာ၏ အတွေးအမြင်နှင့် လုပ်ထုံးလုပ်နည်းကို နက်နက် ရှိုင်းရှိုင်း ဖော်ထုတ်ပြသပေးနေပါသည်။ 

“Trump Route for International Peace and Prosperity (TRIPP)” ဟု ခေါ်ဆိုသည့် အဆိုပါ အစီအစဉ်သည် ကော်ကေးရှပ်တောင်ပိုင်းဒေသရှိ အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုသာမက သံတမန်ရေးရာကို စီးပွားရေးဆိုင်ရာ အရောင်းအဝယ်အဖြစ် မြင်မြင်သာသာခံယူထားပြီး အပြည်ပြည် ဆိုင်ရာစည်းမျဉ်းစနစ်ကို ပူးပေါင်းလိုက်နာရမည့် စည်းမျဉ်းများအဖြစ်မဟုတ်ဘဲ အပြန်အလှန် အကျိုးအမြတ်ပေးချေရမည့် စုစည်းမှုအဖြစ် မြင်နေသော ထရမ့်၏ ကမ္ဘာ့အမြင်ကို ဖော်ပြနေခြင်းဖြစ်ပါသည်။ 

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် အဇာဘိုင်ဂျန်၏ အထူးဒေသ (exclave) ဖြစ်သော နာချီဗန် (Nakhchivan) ကို အဇာဘိုင်ဂျန်၏အဓိကပြည်နယ်နှင့် ချိတ်ဆက်ပေးမည့် ဖြတ်သန်းလမ်းကြောင်းအပေါ် အချိန်အတော်ကြာအငြင်းပွားနေခဲ့ကြသည်။ နာချီဗန်သည် အာမေးနီးယား၏ Syunik ပြည်နယ် (သမိုင်းဝင်အမည်မှာ ဇန်ဂေဇူးရ် (Zangezur) ဖြစ်ပါသည်။) ဖြင့် ခွဲခြားထားခြင်းဖြစ်ပြီး အဇာဘိုင်ဂျန်၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည့် တူရကီနှင့် နယ်စပ်ချင်းထိစပ်နေပါသည်။ 

အဇာဘိုင်ဂျန်၏ တောင်းဆိုချက်မှာ ရိုးရှင်းပြတ်သားပါသည်။ အာမေးနီးယား တောင်ပိုင်းကို ဖြတ်သန်းသွားလာနိုင်ပြီး အာမေးနီးယား၏ နယ်စပ်ထိန်းချုပ်မှုများမှ ကင်းလွတ်သည့် လမ်းကြောင်းတစ်ခုဖြစ်ရမည်ဟု တောင်းဆိုခြင်းဖြစ်ပါသည်။ ဘာကူအစိုးရက ယင်းကို “ဇန်ဂေဇူးရ် လမ်းကြောင်း” ဟု ခေါ်ဆိုပြီး တူရကီမှ အဇာဘိုင်ဂျန် ထို့မှတစ်ဆင့် အာရှအလယ်ပိုင်းသို့ ဆက်သွယ်ပေးနိုင်သော တူရကီ ဘာသာစကားပြောနိုင်ငံများအကြား အတားအဆီးမဲ့ ချိတ်ဆက်ရေးလမ်းကြောင်းအဖြစ် ယူဆထားပါသည်။

 အာမေးနီးယားဘက်ကမူ ကိုယ်ပိုင်နယ်မြေအပေါ် အထိရောက်ဆုံးအုပ်ချုပ်ခွင့်ကို လက်လွတ်မလုပ်လိုသောကြောင့် ယင်းတောင်းဆိုချက်ကို တင်းမာစွာ တုံ့ပြန်ခဲ့ပါသည်။ ထို့နောက် အစားထိုးအစီအစဉ်တစ်ခုအဖြစ် ငြိမ်းချမ်းရေးလမ်းဆုံ (Crossroads of Peace) ဟုခေါ်သော စီမံကိန်းကို တင်ပြ ခဲ့သည်။ ယင်းအစီအစဉ်မှာ ဒေသတွင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း အာမေးနီးယား၏ အချုပ်အခြာအာဏာကို မထိခိုက်စေရန် ရည်ရွယ်ထားပါသည်။ 

ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးရှုပ်ထွေးမှုအစမှာ ၂၀၂၀ ပြည့်နှစ် စစ်ပွဲအပြီး အာမေးနီးယား–အဇာဘိုင်ဂျန် သဘောတူညီချက်အရ အဆိုပါဖြတ်သန်းလမ်းကြောင်းကို ကြီးကြပ်ရန် ရုရှားဖက်ဒရယ် လုံခြုံရေးဝန်ဆောင်မှု (FSB) ၏ နယ်စပ်ကာကွယ်ရေးတပ်များကို တာဝန်ပေးအပ်ခဲ့ခြင်းကဟု ဆိုရပေမည်။ ယနေ့ထိ ရုရှားတပ်ဖွဲ့များသည် အာမေးနီးယား–အီရန်နှင့် အာမေးနီးယား–တူရကီ နယ်စပ်များကိုစောင့်ကြပ်လျက်ရှိပြီး အာမေးနီးယား၏ ရထားလမ်းကွန်ရက်ကိုလည်း ရုရှားအစိုးရပိုင် Russian Railways က ထိန်းချုပ်လည်ပတ်နေပါသည်။ အီရန်နိုင်ငံကလည်း ၎င်း၏ မြောက်ပိုင်းနယ်စပ်အနီးတွင် အထူးသဖြင့် အမေရိကန်အပါအဝင် နိုင်ငံခြားတပ်ဖွဲ့များ ရှိလာမည်ကို ပြင်းထန်စွာ သတိပေးထားပါသည်။ ထို့ကြောင့် ယင်းလမ်းကြောင်း၏ ပထဝီဝင်အနေအထားသည် ရုရှား၊ အီရန်နှင့် တူရကီတို့၏ မဟာဗျူဟာ စိုးရိမ်မှုများနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ 

ထိုကဲ့သို့ ရှုပ်ထွေးပွေလီနေသော ပထဝီနိုင်ငံရေးပတ်ဝန်းကျင်ထဲသို့ ဒေါ်နယ်ထရမ့် က ရုတ်တရက်ဝင်ရောက်လာပါသည်။ ယမန်နှစ် ဩဂုတ်လတွင် ထရမ့်သည် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် ခေါင်းဆောင်များကို ဝါရှင်တန်သို့ ဖိတ်ခေါ်ခဲ့ပါသည်။  နယ်မြေအချုပ်အခြာ အာဏာကို အပြန်အလှန် အသိအမှတ်ပြုမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ကတိပြုသည့် ပူးတွဲ ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးစေခဲ့ပါသည်။ နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း အနာဂတ်ငြိမ်းချမ်းရေးစာချုပ်ကို အကြမ်းဖျင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ အရေးအကြီးဆုံးမှာ TRIPP ကို ဖန်တီးရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါသည်။ ယင်းလမ်းကြောင်းကို အမေရိကန် ထိန်းချုပ်သော ကုမ္ပဏီတစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတာဝန်ယူမည်ဖြစ်ကာ အမေရိကန်အတွက် သီးသန့်အခွင့်အရေးများ ရရှိထားပါသည်။ ယင်းက ရုရှားကို မဟာဗျူဟာအရ အရေးကြီးသော စီမံကိန်းတစ်ခုမှ လုံးဝဖယ်ရှားလိုက်သည့် သဘောလည်း ဖြစ်ပါသည်။ ထိုအစီအစဉ်သည် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒ အမှတ်အသားများဖြစ်သည့် နှစ်ဖက်သဘောတူညီချက်များကို ဦးစားပေးခြင်း၊ စီးပွားရေးအကျိုးအမြတ်ကို ရှာဖွေခြင်းနှင့် အပြန်အလှန် အကျိုးရှိသော သံတမန်ရေးကို အသုံးချခြင်းတို့ကို ပြသနေပါသည်။ 

၂၀၁၇ ခုနှစ် ထရမ့်၏ ပထမသမ္မတ သက်တမ်းအစမှစ၍ ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို transactional ဟု မကြာခဏ ဖော်ပြခဲ့ဖူးပါသည်။ ယင်းမူဝါဒသည် ရေရှည်မဟာမိတ်ဆက်ဆံရေးများနှင့် လစ်ဘရယ်အပြည်ပြည်ဆိုင်ရာစည်းမျဉ်းစနစ်ကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည့် အမေရိကန် ရိုးရာ အစဉ်အလာမူဝါဒများမှ ကွဲပြားနေပါသည်။ ချက်ချင်း လက်ငင်းရရှိမည့် အမေရိကန်၏အကျိုးစီးပွားကို ဦးစားပေးထားပါသည်။ TRIPP သဘောတူညီချက်သည် ယင်းအတွေးအမြင်ကို အချက်အလက်အမျိုးမျိုးဖြင့် ထင်ဟပ်ပြသနေပါသည်။ 

ပထမအချက်အနေဖြင့် TRIPP ကို အမေရိကန်က ဦးဆောင်ကာ အစဉ်အလာများပြားသော မူလအဖွဲ့အစည်းများကို ကျော်လွန်သွားခဲ့ပါသည်။ ဒေသဆိုင်ရာ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကိုမသုံးဘဲ အမေရိကန်သမ္မတကိုယ်တိုင် သက်သေဖြစ်သည့်ပူးတွဲကြေညာချက်နှင့် ဝါရှင်တန်–ဘာကူ၊ ဝါရှင်တန်–ယေရေဗန် နှစ်ဖက်သဘောတူညီချက်များအပေါ် အခြေခံထားပါသည်။ ယင်းက ရုရှားနှင့် ဥရောပသမဂ္ဂကဲ့သို့ ယခင်က ညှိနှိုင်းပေးသူများ၏ အခန်းကဏ္ဍကို ဘေးဖယ်ထားလိုက်ခြင်းဖြစ်ပါသည်။ ထူးခြားစရာကောင်းသည်မှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အာမေးနီးယား–အဇာဘိုင်ဂျန် ငြိမ်းချမ်းရေးညှိနှိုင်းမှုကို တာဝန်ယူခဲ့သည့် OSCE Minsk Group ကို လုံးဝ ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။ ယင်းအဖွဲ့ကို ထိရောက်မှုမရှိဟု ဝေဖန်ခဲ့ကြသော်လည်း ဝါရှင်တန်ဆွေးနွေးပွဲများအပြီး အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းလိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းစီမံခန့်ခွဲမှုမှ ပြန်လည် ဆုတ်ခွာသည့် လက္ခဏာတစ်ရပ်ဖြစ်နေပါသည်။ 

ဒုတိယအချက်အနေဖြင့် TRIPP အတွက် သံတမန်ရေးလုပ်ငန်းစဉ်သည် ပုံမှန်ရိုးရာ လမ်းကြောင်းများကို ကျော်လွန်သွားခဲ့ပါသည်။ ထရမ့်သည် နိုင်ငံခြားရေးဝန်ကြီးဌာနကိုအားမကိုးဘဲ ၎င်း၏ အနီးကပ် ယုံကြည်ရသူ အိမ်ခြံမြေလုပ်ငန်းရှင်ဘီလျံနာ Steve Witkoff ကို တာဝန်ပေးခဲ့ပါသည်။ ယင်းအချက်သည် အဖွဲ့အစည်းများထက် ပုဂ္ဂိုလ်ရေးဆက်ဆံမှုနှင့် စီးပွားရေးကျွမ်းကျင်မှုကို ယုံကြည်သည့် ထရမ့်၏ အမြင်ကို ထင်ဟပ်စေပါသည်။ 

တတိယအချက်အနေဖြင့် TRIPP သည် အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားကို တိုးမြှင့်ရန် ရည်ရွယ်သည့် ကုန်သွယ်ရေးအခြေပြု စီမံကိန်းဖြစ်ပါသည်။ ယင်းလမ်းကြောင်းသည် ရုရှား ထိန်းချုပ်ထားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အစားထိုးနိုင်ပြီး ကာစပီယံပင်လယ်ကို ဖြတ်သန်းကာ ဥရောပမှ အာရှအလယ်ပိုင်းနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်သည့် Middle Corridor အတွင်း သင့်လျော်စွာ ဝင်ရောက်နိုင်ပါသည်။ ယူကရိန်း စစ်ပွဲကြောင့် မြောက်ဘက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရပြီးနောက် ယင်းလမ်းကြောင်း၏ မဟာဗျူဟာအရေးပါမှုသည် အထူးသဖြင့် တူရကီနှင့် အနောက်နိုင်ငံ များအတွက် တိုးမြင့်လာခဲ့ပါသည်။ 

ယခုကဲ့သို့ ပထဝီစီးပွားရေးတွက်ချက်မှု၏ အလယ်ဗဟိုတွင် အရေးပါလှသော သတ္တုအရင်းအမြစ် များရှိနေပါသည်။ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှု ပြင်းထန်လာသည်နှင့်အမျှ ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးကွန်ရက်များကို ထိန်းချုပ်နိုင်ခြင်းသည် အမေရိကန်၏ အဓိကရည်မှန်းချက်တစ်ရပ် ဖြစ်လာ ပါသည်။ မကြာသေးမီက ထုတ်ပြန်သည့် အမေရိကန် အမျိုးသားလုံခြုံရေးမူဝါဒတွင်လည်း အရေးပါသော သတ္တုများနှင့်ပစ္စည်းများအတွက် အမေရိကန်၏ လက်လှမ်းမီမှု တိုးချဲ့ရန် အလေးပေး ဖော်ပြထားပါသည်။ အဇာဘိုင်ဂျန်၏ ကြေးနီ၊ အလူနိုက် (အလူမီနီယမ်)နှင့် မိုလစ်ဘ်ဒနမ်၊ အာမေးနီးယား၏ ကြေးနီ၊ ငွေ၊ အန်တီမိုနီ စသည့် သတ္တုအရင်းအမြစ်များသည် TRIPP ကို ပိုမိုဆွဲဆောင်မှုရှိစေပါသည်။ အာရှအလယ်ပိုင်းတွင်လည်း အရေးပါသော သတ္တုအရင်းအမြစ်များစွာရှိနေပြီး အမေရိကန် က C5+1 ပလက်ဖောင်းမှတစ်ဆင့် အာရှအလယ်ပိုင်း နိုင်ငံငါးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် “Critical Minerals Dialogue” ကို ထည့်သွင်းထားပါသည်။ 

အာမေးနီးယားနှင့် သဘောတူထားသည့် အကောင်အထည်ဖော်မှု မူဘောင်တွင်လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ စျေးကွက်ဝင်ရောက်ခွင့်နှင့် အမေရိကန်စက်မှုလုပ်ငန်းများသို့ အရင်းအမြစ်များ စီးဆင်းလာစေရေးကို အထူးအလေးထားထားသည်ကို တွေ့ရှိရပါသည်။  ထိုအစီအစဉ်၏ အပြန်အလှန်အကျိုးပေးသဘောကို အိမ်ဖြူတော်၌ လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဖက်သဘောတူညီချက်များတွင် ထင်ဟပ်နေပါသည်။ အာမေးနီးယား သည် အခြေခံအဆောက်အအုံ ၊ စွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ဆီမီးကွန်ဒတ်တာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်ခဲ့ပါသည်။ အဇာဘိုင်ဂျန်ကမူ ၁၉၉၂ ခုနှစ် Freedom Support Act ၏ Section 907 ကို ယာယီလွတ်လပ်ခွင့်ပေးထားမှုကို ဆက်လက်ရရှိခဲ့ပြီး အမေရိကန်မှ ကာကွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းများ တင်ပို့နိုင်မည့် လမ်းကို ဖွင့်လှစ် နိုင်ခဲ့ပါသည်။ နှစ်ဖက်စလုံးက ၎င်းတို့အတွက် ရလဒ်တစ်ခုစီ ရရှိခဲ့ကြပါသည်။

TRIPP စီမံကိန်းသည် မူလရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မလား။ ထိုမေးခွန်းမှာ လက်ရှိအချိန်အထိ မသေချာသေးပါ။ အာမေးနီးယားတွင် ဝန်ကြီးချုပ် Nikol Pashinyan သည် အရေးပါသော ရွေးကောက်ပွဲများကို ရင်ဆိုင်နေရပါသည်။ နိုင်ငံရေးအခြေအနေ မှာလည်း မတည်ငြိမ်သေးသည့် အနေအထားတွင် ရှိနေဆဲ ဖြစ်ပါသည်။ ထိုအခြေအနေကြောင့် TRIPP ကဲ့သို့ ဒေသလုံးဆိုင်ရာ စီမံကိန်းကြီးများကို ဆက်လက် အားပေးထောက်ခံနိုင်မလား ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်နေပါသည်။

တစ်ဖက်တွင် ရုရှားသည် အာမေးနီးယား၏ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အသက်သွေးကြောများအပေါ် သြဇာသက်ရောက်နိုင်သည့်အချက်များကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပါသည်။ နယ်စပ်လုံခြုံရေး၊ လမ်းတံတားအခြေခံအဆောက်အအုံများနှင့် စွမ်းအင်မှီခိုမှု စသည့် အချက်များကြောင့် အာမေးနီးယား၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်သည့် အခွင့်အရေးကို မော်စကိုအနေဖြင့် လက်ရှိအချိန်ထိ မဆုံးရှုံးသေးပါ။ ထို့ကြောင့် TRIPP သည် အမေရိကန်၏ စီမံကိန်း ဖြစ်သော်လည်း ရုရှား၏ လက်ရှိသြဇာကို လုံးဝ ဖယ်ရှားနိုင်မည် မဟုတ်သေးပါ။

အာဇာဘိုင်ဂျန်အတွကမူ TRIPP သည် စီးပွားရေးနှင့် မဟာဗျူဟာအရ အခွင့်အလမ်း တစ်ရပ် ဖြစ်လာနိုင်ပါသည်။ ဘာကူအစိုးရသည် ရေနံနှင့်ဓာတ်ငွေ့အပေါ် အလွန်အမင်း မှီခို နေဆဲဖြစ်ပါသည်။ စီးပွားရေးကို ပုံစံမျိုးစုံပြောင်းလဲရန် ကြိုးပမ်းနေပြီး သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း အသစ်များမှာလည်း ထိုရည်မှန်းချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရပါသည်။ သို့ရာတွင် စီးပွားရေးအကျိုးအမြတ်ရရှိခြင်းက ဒေသတွင်း နိုင်ငံရေး တည်ငြိမ်မှုကို အလိုအလျောက် အာမခံပေးနိုင်မည်တော့ မဟုတ်ပါ။

တစ်ဖက်တွင် စီးပွားရေးသဘောတူညီချက်များကို ဦးစားပေးသည့် ဒေါ်နယ်ထရမ့်၏ ချဉ်းကပ်မှုသည် နိုင်ငံအတွင်း အုပ်ချုပ်ရေးကောင်းမွန်မှု၊ ဥပဒေအာဏာစိုးမိုးမှုနှင့် ဒီမိုကရေစီအဖွဲ့အစည်းများကို မြှင့်တင်ရန် အားပေးမှုများတွင် အကန့်အသတ်ရှိနေပါသည်။ ထရမ့်သည် အခြေခံအဆောက်အအုံများနှင့် ကုန်သွယ်မှုကိုသာ အာရုံစိုက်ထားပြီး အစိုးရ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို အဓိကထားမည် မဟုတ်မှာ သေချာနေပါသည်။

အမေရိကန်အတွက် အရေးကြီးဆုံး မေးခွန်းမှာ TRIPP ကို အကောင်အထည်ဖော်နိုင်မလားဆိုသည်ထက် ယင်းစီမံကိန်းအပေါ် ကိုယ်စားပြုမည့် ဩဇာအာဏာအသုံးချမှု ပုံစံကဘာလဲ ဆိုသည့်အချက် ဖြစ်ပါသည်။ ထရမ့်သည် မိမိကိုယ်ကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ကြွေးကြော်နိုင်သော်လည်း ယင်းစီမံကိန်းကို အပြည့်အဝ အကောင်အထည်ဖော်ရန်မှာ နှစ်ပေါင်းများစွာ လိုအပ်မည်ဖြစ်ပါသည်။ ၎င်း၏ သမ္မတတာဝန် ကာလကိုပင် ကျော်လွန်သွားနိုင်ပါသည်။

နောက်ဆုံးတွင် ကျန်ရစ်နိုင်သည့်အရာမှာ TRIPP စီမံကိန်းတစ်ခုတည်းမဟုတ်ဘဲ ယင်းစီမံကိန်းကို ကိုယ်စားပြုသည့် သံတမန်ရေးရာပုံစံဖြစ်ပါသည်။ ယင်းပုံစံသည် အဖွဲ့အစည်းများနှင့် စည်းမျဉ်းစည်းကမ်းများအစား လဲလှယ်ညှိနှိုင်းမှုများကို ဦးစားပေးပြီး အယူအဆပိုင်းထက် အကျိုးအမြတ်ကို အလေးထားသည့် နည်းလမ်းဖြစ်လာပါမည်။ ထိုနည်းလမ်းသည် အချို့နေရာများတွင် သဘောတူညီချက်များကို ဖြစ်ပေါ်စေနိုင်သော်လည်း အမေရိကန်ဦးဆောင်သော လွတ်လပ်ရေးကို အခြေခံသည့် နိုင်ငံတကာစနစ်က ရေရှည်တွင် အားကောင်းစေနိုင်ပါ့မလားဆိုသည်မှာ မရေရာမသေချာသည့် မေးခွန်းတစ်ခုအဖြစ် ကျန်ရစ်နေဆဲဖြစ်ပါသည်။ 