ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အီရန်တစ်နိုင်ငံလုံးကို တစ်ညတည်းဖြင့် အပြီးသတ်ချေမှုန်းနိုင်မည်လား? စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦး၏ ကိန်းဂဏန်းအခြေပြု ဝေဖန်ချက်
-
အီရန်တစ်နိုင်ငံလုံးကို တစ်ညတည်းအတွင်း အပြီးသတ်ချေမှုန်းပစ်နိုင်သည်ဆိုသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်မှာ အမေရိကန်နှင့် အစ္စရေးတို့၏ လက်ရှိစစ်ရေး စွမ်းဆောင်ရည်များနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ် ပြောကြားလိုက်သည်။Griffith Asia Institute မှ သုတေသီတစ်ဦးဖြစ်သူနှင့် တော်ဝင်သြစတြေးလျ လေတပ်အရာရှိ ဟောင်း ပီတာလေတန် (Peter Layton) အား ၂၄ နာရီအတွင်း အီရန်နိုင်ငံရှိ ရာနှင့်ချီသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် သိန်းနှင့်ချီသော တံတားများကို ဖျက်ဆီးပစ်ရန် အမေရိကန်နှင့် အစ္စရေး တို့အနေဖြင့် မည်သို့သော စစ်အင်အားမျိုး အသုံးပြုနိုင်မည်နည်းဟု မေးမြန်းခဲ့သည်။ဤကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစားရှိလှသော Layton သည် (ယူဆချက်သက်သက်သာ ဖြစ်သော) စစ်ဆင်ရေးတစ်ခုအတွက် ကိန်းဂဏန်းအချို့ကို တွက်ချက်ပြခဲ့သည်။၎င်း၏ တွက်ချက်မှုအရ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ၆ စီးပါဝင်သော အုပ်စုတစ်စုသည် တစ်ကြိမ်လျှင် ပေါင် ၂,၀၀၀ အလေးချိန်ရှိသည့် JDAM ဗုံး စုစုပေါင်း ၉၆ လုံးကို သယ်ဆောင်နိုင် သည်။ တစ်ရက်လျှင် နှစ်ကြိမ် ပျံသန်းနိုင်သည်ဟု ယူဆပါက ဗုံးအားလုံး ပစ်မှတ်ကို ထိမှန်ခဲ့လျှင်ပင် စုစုပေါင်း ဗုံးအရေအတွက်မှာ ၁၉၂ လုံးသာ ရှိမည်ဖြစ်သည်။ထို့အပြင် အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတပ်ဖွဲ့မှ F-15 တိုက်လေယာဉ် ၄၀ စီး (တစ်စီးလျှင် JDAM ၆ လုံးစီ) ထပ်မံဖြည့်တင်းမည်ဆိုပါက နောက်ထပ် ဗုံး ၂၄၀ ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၃၂ လုံးသာ ရှိမည်ဖြစ်ပြီး ၎င်းမှာ ဖျက်ဆီးရမည့် ပစ်မှတ် အရေ အတွက်နှင့်ယှဉ်လျှင် အဆမတန် ကွာခြားနေပါသည်။ဗုံးအားလုံးသည် ပစ်မှတ်ကိုတည့်တည့်ထိမှန်ခဲ့လျှင်ပင် ထိုလုပ်ဆောင်ချက်က အောင်မြင်မှုရလိမ့်မည်မဟုတ်ကြောင်း Layton က ဆိုသည်။"သူတို့အနေနဲ့ ပစ်မှတ်တစ်ခုချင်းစီအပေါ် ပျက်စီးမှုအချို့ဖြစ်စေနိုင်ပေမယ့် (ပျက်စီးမှုအချို့ကိုသာ ဆိုလိုခြင်းဖြစ်ပါသည်) အလယ်အလတ်နဲ့ အကြီးစားတံတားတွေကို ပြိုကျအောင် လုပ်နိုင်ဖို့ကတော့ မသေချာပါဘူး။ ဒါဟာ အချက်အလက်များစွာပေါ်မှာ မူတည်နေလို့ပါ။ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကလည်း ယေဘုယျအားဖြင့် အလွန်ကြီးမားတဲ့ ပစ်မှတ်တွေဖြစ်တာကြောင့် ထိရောက်တဲ့ ပျက်စီးမှုရဖို့ သေချာစီစဉ်ရပါမယ်။ ဒါ့အပြင် အဲဒီအဆောက်အအုံတွေက သူတို့ရဲ့ အခြေခံဖွဲ့စည်းပုံမှာတင် ခိုင်ခံ့တဲ့ ကွန်ကရစ်တွေနဲ့ တည်ဆောက်ထားတဲ့ 'Hardened' ပစ်မှတ်တွေ ဖြစ်နေပါတယ်" ဟု ၎င်းက ရှင်းပြသည်။သို့သော်လည်း ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကိုမူ ၎င်းက လျှော့မတွက်ထားပေ။"တကယ်လို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ရင် လျှပ်စစ်ဂျင်နရေတာတွေကို ပျက်စီးအောင်လုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အဲဒီလို ဂျင်နရေတာအပိုတွေက အလွယ်တကူ အဆင်သင့်ရှိနေတတ်တာမျိုးမဟုတ်ပါဘူး" ဟု လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍ Layton က ဆိုသည်။အမေရိကန်အနေဖြင့် တစ်စီးလျှင် JDAM ၂၄ လုံးစီ တင်ဆောင်နိုင်သော B-1 ဗုံးကြဲလေယာဉ်များ သို့မဟုတ် ၂၀ စီ တင်ဆောင်နိုင်သော B-52 များကို အင်အားဖြည့်တင်းနိုင်သော်လည်း အီရန် တစ်နိုင်ငံလုံးကို တစ်ညတည်းဖြင့် အပြီးသတ်ချေမှုန်းနိုင်စွမ်းမှာမူ အကောင်းဆုံးအခြေအနေတွင်ပင် သံသယဖြစ်ဖွယ်ရှိနေဆဲဖြစ်ပါသည်။ကိုးကား- CNNPhoto: NBC News

အီရန်တစ်နိုင်ငံလုံးကို တစ်ညတည်းအတွင်း အပြီးသတ်ချေမှုန်းပစ်နိုင်သည်ဆိုသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်မှာ အမေရိကန်နှင့် အစ္စရေးတို့၏ လက်ရှိစစ်ရေး စွမ်းဆောင်ရည်များနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ် ပြောကြားလိုက်သည်။

Griffith Asia Institute မှ သုတေသီတစ်ဦးဖြစ်သူနှင့် တော်ဝင်သြစတြေးလျ လေတပ်အရာရှိ ဟောင်း ပီတာလေတန် (Peter Layton) အား ၂၄ နာရီအတွင်း အီရန်နိုင်ငံရှိ ရာနှင့်ချီသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် သိန်းနှင့်ချီသော တံတားများကို ဖျက်ဆီးပစ်ရန် အမေရိကန်နှင့် အစ္စရေး တို့အနေဖြင့် မည်သို့သော စစ်အင်အားမျိုး အသုံးပြုနိုင်မည်နည်းဟု မေးမြန်းခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစားရှိလှသော Layton သည် (ယူဆချက်သက်သက်သာ ဖြစ်သော) စစ်ဆင်ရေးတစ်ခုအတွက် ကိန်းဂဏန်းအချို့ကို တွက်ချက်ပြခဲ့သည်။

၎င်း၏ တွက်ချက်မှုအရ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ၆ စီးပါဝင်သော အုပ်စုတစ်စုသည် တစ်ကြိမ်လျှင် ပေါင် ၂,၀၀၀ အလေးချိန်ရှိသည့် JDAM ဗုံး စုစုပေါင်း ၉၆ လုံးကို သယ်ဆောင်နိုင် သည်။ တစ်ရက်လျှင် နှစ်ကြိမ် ပျံသန်းနိုင်သည်ဟု ယူဆပါက ဗုံးအားလုံး ပစ်မှတ်ကို ထိမှန်ခဲ့လျှင်ပင် စုစုပေါင်း ဗုံးအရေအတွက်မှာ ၁၉၂ လုံးသာ ရှိမည်ဖြစ်သည်။

ထို့အပြင် အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတပ်ဖွဲ့မှ F-15 တိုက်လေယာဉ် ၄၀ စီး (တစ်စီးလျှင် JDAM ၆ လုံးစီ) ထပ်မံဖြည့်တင်းမည်ဆိုပါက နောက်ထပ် ဗုံး ၂၄၀ ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၃၂ လုံးသာ ရှိမည်ဖြစ်ပြီး ၎င်းမှာ ဖျက်ဆီးရမည့် ပစ်မှတ် အရေ အတွက်နှင့်ယှဉ်လျှင် အဆမတန် ကွာခြားနေပါသည်။

ဗုံးအားလုံးသည် ပစ်မှတ်ကိုတည့်တည့်ထိမှန်ခဲ့လျှင်ပင် ထိုလုပ်ဆောင်ချက်က အောင်မြင်မှုရလိမ့်မည်မဟုတ်ကြောင်း Layton က ဆိုသည်။

"သူတို့အနေနဲ့ ပစ်မှတ်တစ်ခုချင်းစီအပေါ် ပျက်စီးမှုအချို့ဖြစ်စေနိုင်ပေမယ့် (ပျက်စီးမှုအချို့ကိုသာ ဆိုလိုခြင်းဖြစ်ပါသည်) အလယ်အလတ်နဲ့ အကြီးစားတံတားတွေကို ပြိုကျအောင် လုပ်နိုင်ဖို့ကတော့ မသေချာပါဘူး။ ဒါဟာ အချက်အလက်များစွာပေါ်မှာ မူတည်နေလို့ပါ။ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကလည်း ယေဘုယျအားဖြင့် အလွန်ကြီးမားတဲ့ ပစ်မှတ်တွေဖြစ်တာကြောင့် ထိရောက်တဲ့ ပျက်စီးမှုရဖို့ သေချာစီစဉ်ရပါမယ်။ ဒါ့အပြင် အဲဒီအဆောက်အအုံတွေက သူတို့ရဲ့ အခြေခံဖွဲ့စည်းပုံမှာတင် ခိုင်ခံ့တဲ့ ကွန်ကရစ်တွေနဲ့ တည်ဆောက်ထားတဲ့ 'Hardened' ပစ်မှတ်တွေ ဖြစ်နေပါတယ်" ဟု ၎င်းက ရှင်းပြသည်။

သို့သော်လည်း ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကိုမူ ၎င်းက လျှော့မတွက်ထားပေ။

"တကယ်လို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ရင် လျှပ်စစ်ဂျင်နရေတာတွေကို ပျက်စီးအောင်လုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အဲဒီလို ဂျင်နရေတာအပိုတွေက အလွယ်တကူ အဆင်သင့်ရှိနေတတ်တာမျိုးမဟုတ်ပါဘူး" ဟု လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍ Layton က ဆိုသည်။

အမေရိကန်အနေဖြင့် တစ်စီးလျှင် JDAM ၂၄ လုံးစီ တင်ဆောင်နိုင်သော B-1 ဗုံးကြဲလေယာဉ်များ သို့မဟုတ် ၂၀ စီ တင်ဆောင်နိုင်သော B-52 များကို အင်အားဖြည့်တင်းနိုင်သော်လည်း အီရန် တစ်နိုင်ငံလုံးကို တစ်ညတည်းဖြင့် အပြီးသတ်ချေမှုန်းနိုင်စွမ်းမှာမူ အကောင်းဆုံးအခြေအနေတွင်ပင် သံသယဖြစ်ဖွယ်ရှိနေဆဲဖြစ်ပါသည်။

ကိုးကား- CNN

Photo: NBC News

ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)

ဟောမုဇ်ကို အခြေတည်သော အမေရိကန် အီရန် ပဋိပက္ခ အလားအလာ
-
အမေရိကန်နှင့် အီရန်တို့ကြား ဆယ်စုနှစ်များစွာ ကြာရှည်လာသော ရန်လိုမှုများမှာ ၂၀၂၆ ခု နှစ်အစောပိုင်းတွင် စစ်ပွဲအဖြစ် လုံးဝကူးပြောင်းသွားခဲ့ပြီးဖြစ်ရာ ယင်းသည် ကမ္ဘာ့ရေနံ ထောက်ပံ့ရေး၊ ကမ္ဘာ့ငွေကြေးစနစ်နှင့် အရှေ့ အလယ်ပိုင်း၏ ပထဝီနိုင်ငံရေးပုံစံကိုပင် ပြောင်းလဲပစ်နိုင်သည့် အလားအလာရှိနေပါသည်။ ဟော်မုဇ် ရေလက်ကြားတွင် ရေနံတင်သင်္ဘောများ ဖြတ်သန်းခွင့်ကို အီရန်က တားဆီးထားပြီး အမေရိကန်က ၎င်း ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ရန် အတင်းအကျပ် ခြိမ်းခြောက်နေသဖြင့် အဆိုပါပဋိပက္ခသည် သာမန် စစ်ပွဲ၏ နယ်နိမိတ်များကို ကျော်လွန်ကာ စီးပွားရေးလက်နက်များ၊ ဒစ်ဂျစ်တယ်စစ်ပွဲများ နှင့် အင်အားမညီသည့် နည်းဗျူဟာများ ရောနှောနေသော ထိပ်တိုက်ရင်ဆိုင်မှုတစ်ရပ် ဖြစ်လာပါသည်။သံတမန်ရေးလမ်းကြောင်းမှ စစ်ပွဲသို့အဆိုပါပဋိပက္ခ၏ အရင်းခံအကြောင်းအရင်းမှာ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား ဘုံဘောင် လုပ်ဆောင်မှု အစီအစဉ် (JCPOA) ကို ၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတ Donald Trump က စွန့်ခွာခဲ့ခြင်းက စတင်သည်ဟု ဆိုရပါမည်။ ထိုအချိန်မှစ၍ အီရန်အပေါ် အမြင့်ဆုံးဖိအားပေးခြင်းမူဝါဒဖြင့် အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့ပြီး အီရန်ဘက်ကလည်း ယူရေနီယမ် ထပ်တိုးသန့်စင်မှုအဆင့်များကို ကျော်လွန်ကာ နျူကလီးယားကတိကဝတ် များမှ နုတ်ထွက်ခဲ့ပါသည်။၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် အီရန်နှင့် အမေရိကန်တို့သည် ဂျီနီဗာ၌ တိုက်ရိုက် နျူကလီးယားဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ အမေရိကန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် Fordow၊ Natanz နှင့် Isfahan ရှိ အီရန်၏ အဓိကနျူကလီးယား စက်ရုံကြီးသုံးရုံလုံးကို ဖျက်သိမ်းရန်၊ ကြွယ်ဝပြီးသား ယူရေနီယမ်များကို လက်နက်ချရန်နှင့် မည်သည့်သဘောတူညီချက်မဆို ၂၀၁၅ ခုနှစ် JCPOA ၏ အဆင့်လိုက် ကုန်ဆုံးမည့် သဘောတူညီချက်မျိုးမဟုတ်ဘဲ အမြဲတမ်းဖြစ်ရမည်ဟု တောင်းဆိုခဲ့ပါသည်။ အီရန်ဘက် ကမူ အဆင့်လိုက်သက်သာခွင့်များနှင့် နျူကလီးယားစွမ်းရည် အနည်းငယ်ကို ထိန်းသိမ်းခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ သို့ရာတွင် နှစ်ဖက်စလုံး၏ ရပ်တည်ချက်များမှာ အလွန်ကွာဟနေပြီး ညှိနှိုင်းမှုများမှာ မအောင်မြင်ခဲ့ပေ။အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ က "အမေရိကန်၏ အဓိပ္ပာယ်မဲ့ စကားများအတွက် မိမိ တို့၏အဖြေမှာ ရှင်းလင်းနေပြီ" ဟု ပြောကြားကာ နျူကလီးယား ထပ်တိုးသန့်စင်မှုအခွင့်အရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ကြေညာခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် JCPOA ၏ အဓိက ကန့်သတ်ချက်များ ကုန်ဆုံးသွားပြီးနောက် အီရန်၏ နျူကလီးယားအစီအစဉ်သည် နိုင်ငံတကာစစ်ဆေးရေးအဖွဲ့များ၏ စောင့်ကြည့်ခြင်း ကိုပင် ရပ်တန့်စေခဲ့ပါသည်။ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းပဋိပက္ခ၏ အချိုးအကွေ့အရှိဆုံးမှာ ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ ထိန်းချုပ်မှုပင် ဖြစ်ပါသည်။ ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့်သည် အဆိုပါကျဉ်းမြောင်းသော ရေလက်ကြားကို ဖြတ်သန်းရပါသည်။ အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့် တပ်(IRGC) ရေတပ်က ရေလက်ကြားကို လုံးဝပိတ်ဆို့ထားပြီး သင်္ဘောများအား ဖြတ်သန်း ခွင့်အတွက် အခကြေးငွေ ကောက်ခံရန် ဥပဒေမူကြမ်းတစ်ရပ်ကိုပင် ပြုစုနေပါသည်။ IRGC က "အထူးသဖြင့် အမေရိကန်နှင့် အစ္စရေးတို့အတွက် ဟော်မုဇ်ရေလက်ကြားသည် ယခင်အခြေအနေသို့ ဘယ်တော့မှ ပြန်လည်ရောက်ရှိမည်မဟုတ်" ဟု ပြင်းပြင်းထန်ထန် ကြေညာထားပါသည်။ထိုသို့သောပိတ်ဆို့မှုသည် ကမ္ဘာ့ရေနံစျေးနှုန်းများကို ပြီးခဲ့သည့်နှစ်များအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ပါသည်။ ရေနံပြတ်လပ်မှုသည် ဥရောပမှ အာရှအထိ စွမ်းအင်ခေါင်းပါးသောနိုင်ငံများကို ထိခိုက် နေသလို ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း မြင့်တက်နေလျက်ရှိပါသည်။ International Crisis Group ၏ အီရန်စီမံကိန်းဒါရိုက်တာ Ali Vaez က "အမေရိကန်သည် အီရန်ကို အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သည့်လက်နက်မဖြစ်အောင် တားဆီးရန် ကြိုးပမ်းရာမှ အီရန်လက်ထဲသို့ အကြီးစားအနှောင့်အယှက်ပေးသည့် လက်နက် တစ်ခုကို လက်ဆင့်ကမ်းပေးလိုက်မိသည်" ဟု သုံးသပ်ပြခဲ့ပါသည်။အဆိုပါရေလက်ကြားပိတ်ဆို့မှုသည် အမေရိကန်အတွက် ထူးခြားသော နိုင်ငံရေးအကျပ် အတည်းတစ်ရပ် လည်း ဖြစ်လာနေပါသည်။ ရေလက်ကြားကို ပြန်ဖွင့်ရန် ဒေါ်နယ်ထရမ့်အနေဖြင့် ရက်များ သတ်မှတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နောက်ဆုံးမိနစ်တွင် သတ်မှတ်ရက်ကို ရွှေ့ဆိုင်းခြင်းတို့ဖြင့် ဒိုင်လူကြီးတစ်ဦးကဲ့သို့ သရုပ်ဆောင်နေရသော်လည်း လက်တွေ့တွင် မြေပြင်စစ်ဆင်နွှဲရန် ဆန္ဒ မရှိတော့ပေ။ သို့သော် အီရန်ဘက်မှမူ သတ်မှတ်ရက်များကို လျစ်လျူရှုကာ တန်ပြန်ခြိမ်းခြောက်လျက်ရှိနေပါသည်။စစ်ရေးတင်းမာမှုများ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲ လေကြောင်းစစ်ဆင်ရေးဖြင့် စစ်ပွဲစတင်ခဲ့ပြီးနောက် အီရန်သည် ဒုံးကျည်များနှင့် မောင်းသူ မဲ့ ဒရုန်းများဖြင့် အစ္စရေး၊ ဂျော်ဒန်၊ အီရတ်နှင့် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။အဆိုပါစစ်ပွဲအတွင်း အထင်ရှားဆုံးသော ဖြစ်ရပ်မှာ အီရန်က အမေရိကန်၏ ခေတ်အမီ ဆုံး F-35 စစ် လေယာဉ်များကို ပစ်ချနိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ အီရန်က အဆိုပါလေယာဉ်များကို ဒေသတွင်း အဆင့်မြင့် ကာကွယ်ရေး စနစ်ဖြင့် ပစ်ချခဲ့သည်ဟု ကြွားဝါပြောဆိုခဲ့ပြီး ယင်းသည် အမေရိကန်၏ လေကြောင်းလွှမ်းမိုးမှုကို စိန်ခေါ်သည့် သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်လာပါသည်။အခြားတစ်ဖက်တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏ စွမ်းအင်အခြေခံ အဆောက်အအုံများ၊ ဓာတုဗေဒပစ္စည်းအဆောက်အအုံများနှင့် Bushehr နျူကလီးယား စက်ရုံတို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြပါသည်။ စစ်ပွဲခြောက်ပတ်အတွင်း လူပေါင်း ၁,၃၄၀ ကျော် သေဆုံးခဲ့ပြီး စစ်ရာဇဝတ်မှုများအတွက် စိုးရိမ်မှု များလည်း ပေါ်ပေါက်လာနေပါသည်။ ထူးခြားချက်မှာ အီရန်သည် ဒေတာစင်တာများကိုပါ တိုက်ခိုက်ခြင်းဖြင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ပထမဆုံးပဋိပက္ခအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် လောက်အောင် လုပ်ဆောင်ပြနေပါသည်။ ဥပမာအားဖြင့် ဒူဘိုင်းရှိ အမေရိကန်နည်းပညာကုမ္ပဏီ Oracle ၏ ရုံးချုပ်ကို မောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းက သက်သေပြနေပါသည်။အမေရိကန်၏ အမြင့်ဆုံးဖိအားနှင့် အီရန်၏ ခံနိုင်ရည်ဗျူဟာအမေရိကန်သည် စစ်ပွဲအတွင်းတွင်ပင် အီရန်အပေါ် စီးပွားရေးဖိအားများ တိုးမြှင့် လုပ်ဆောင်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်သည် အီရန်၏ shadow ရေယာဉ်စု၊ လက်နက်ဝယ်ယူရေး ကွန်ရက် များနှင့် ရေနံလုပ်ငန်းများကို ပစ်မှတ်ထား၍ ပုဂ္ဂိုလ်၊ ရေယာဉ်နှင့် လေယာဉ် ၈၇၅ ခုကျော်ကို အရေးယူ ပိတ်ဆို့ ခဲ့ပါသည်။ အဆိုပါ ပိတ်ဆို့မှုများကို ဂျီနီဗာစေ့စပ်ညှိနှိုင်းပွဲများ အကြို ရက်အနည်းငယ်အလိုတွင် ထုတ်ပြန်ခဲ့ ပါသည်။ သို့သော် အီရန်ဘက်ကလည်း မိမိ၏စီးပွားရေးကို ကာကွယ်ရန်နှင့် အရေးယူမှုများကို ကျော်လွှားရန် ဗျူဟာများချမှတ်ထားပါသည်။ ထို့အပြင် အီရန်သည် ရေနံအစား ခရစ်ပတိုငွေကြေးများဖြင့် အရောင်းအဝယ်များ ပြုလုပ်ခြင်း၊ SWIFT မဟုတ်သော ငွေပေးချေမှုစနစ်များကို အသုံးပြုခြင်း စသည့် နည်းလမ်းများဖြင့် ပိတ်ဆို့မှုကို ကျော်လွှားနေပါသည်။ပဋိပက္ခ၏ အနာဂတ် ဖြစ်နိုင်မှု အခြေအနေများအဆိုပါပဋိပက္ခ၏ အနာဂတ်အတွက် အဓိကအခြေအနေသုံးရပ်ကို ခန့်မှန်းနိုင်ပါသည်။(၁) သံတမန်ရေးဖြေရှင်းမှု- အလားအလာအားနည်းပါကစ္စတန်၊ တူရကီနှင့် အီဂျစ်တို့သည် အပစ်ရပ်ရေးအတွက် ကြားခံဖျန်ဖြေရန် ကြိုးစားနေသော်လည်း အီရန်သည် အမေရိကန်၏ ၄၈ နာရီအပစ်ရပ်အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပြီး စစ်ရေးအရ ဆက်လက် တိုက်ခိုက်မှု များပြုလုပ်ခြင်းဖြင့် ၎င်း၏ ရပ်တည်ချက်ကို ဖော်ပြခဲ့ပါသည်။ နှစ်ဖက်စလုံး၏ ရပ်တည်ချက်များမှာ အလွန် ကွာဟနေပြီး သံတမန် ရေးအရ ဖြေရှင်းနိုင်ရန် အလားအလာမှာ အားနည်းနေဆဲဖြစ်ပါသည်။(၂) ကြာရှည်သော ပဋိပက္ခ- အများဆုံးဖြစ်နိုင်ခြေရှိသော အခြေအနေအမေရိကန်၏ ထောက်လှမ်းရေးအစီရင်ခံစာများအရ အီရန်သည် ၎င်း၏တစ်ခုတည်းသော အဓိက လက်နက် ဖြစ်သည့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကို မကြာမီတွင် လက်လွှတ်တော့မည် မဟုတ်ကြောင်း သုံးသပ်ထားပုံ ရပါသည်။ ဤသည်မှာ ရှည်ကြာသော စစ်ပွဲအတွက် အားကောင်းစေပြီး နှစ်ဖက်စလုံးအတွက် စီးပွားရေးနှင့် လူမှုရေးအရ ကြီးမားသော ကုန်ကျစရိတ်များ သက်ရောက်လာမည်ဖြစ်ပါသည်။(၃) စစ်ပွဲကျယ်ပြန့်လာခြင်း- အဆိုးရွားဆုံးအခြေအနေအကယ်၍ သံတမန်ရေးကြိုးပမ်းမှုများ ပျက်ကွက်ပြီး နှစ်ဖက်စလုံးမှ စစ်ရေးအရ ထိုးနှက်မှုများ ပိုမို ကျယ်ပြန့်လာပါက ပဋိပက္ခသည် ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်ပါသည်။ အီရန်၏ အဆင့်မြင့် ကာကွယ်ရေး စနစ်နှင့် အမေရိကန်၏ အဆင့်မြင့်စစ်လက်နက်ပစ္စည်းများကြား ပြိုင်ဆိုင်မှုသည် စစ်ပွဲကို ပိုမိုပြင်းထန်လာနိုင်ပြီး အမေရိကန်၏ လေကြောင်း လွှမ်းမိုးမှုကိုပင် စိန်ခေါ်နိုင်သည့် အခြေအနေအထိ ရောက်ရှိလာနိုင်ပါသည်။နိဂုံးချုပ်ဆိုရသော် အမေရိကန်နှင့် အီရန်တို့ကြား လက်ရှိပဋိပက္ခသည် ၂၁ ရာစု၏ ပထမဆုံးသော အဆင့်မြင့်နည်းပညာစီးပွားရေးစစ်ပွဲအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် လိမ့်မည်ဟု ယုံကြည်ရပါသည်။ ဤသည်မှာ ရေလက်ကြားတစ်ခု၏ ပထဝီနိုင်ငံရေးအရ အရေးပါမှု၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ်၏လွတ်လပ်မှုနှင့် ကမ္ဘာ့ စွမ်းအင်ထောက်ပံ့ရေး၏ အားနည်းချက်များကို တစ်ပြိုင်နက်တည်း ဖော်ထုတ်ပြသသော ပဋိပက္ခလည်း ဖြစ်နေ ပါသည်။ အဆိုပါ ပဋိပက္ခတွင် အနိုင်ရရှိသူဟူ၍ မရှိနိုင်ပါ။ ရှုံးနိမ့်သူများမှာ ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး အန္တရာယ်အရှိဆုံးမှာ အရပ်သား ပြည်သူ များသာ ဖြစ်ပါသည်။ ထောင်နှင့်ချီသော အသက် များ ဆုံးရှုံးနေရသလို သန်းနှင့်ချီသော အိမ်ထောင်စုများသည် စစ်ဘေးဒုက္ခ၊ အငတ်ဘေးနှင့် စီးပွားရေးပြိုလဲမှုကို ရင်ဆိုင်နေရပါသည်။ အကယ်၍ နှစ်ဖက်စလုံးက ရေတိုနိုင်ငံရေး အကျိုးအမြတ်များကို ရှေ့တန်းတင် မည့်အစား လူသားချင်းစာနာမှုနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ဦးစားပေး ပါက အဆိုပါပဋိပက္ခကို ရပ်တန့်ရန် အခွင့်အလမ်းများ ရှိနိုင်သေးပါသည်။ သို့သော် လက်ရှိအခြေအနေတွင် ထိုအခွင့်အလမ်းမှာ တစ်နေ့ထက်တစ်နေ့ မှေးမှိန်လာသည်ကို တွေ့မြင်နေရပါသည်။ photo: Al Jazeera

အမေရိကန်နှင့် အီရန်တို့ကြား ဆယ်စုနှစ်များစွာ ကြာရှည်လာသော ရန်လိုမှုများမှာ ၂၀၂၆ ခု နှစ်အစောပိုင်းတွင် စစ်ပွဲအဖြစ် လုံးဝကူးပြောင်းသွားခဲ့ပြီးဖြစ်ရာ ယင်းသည် ကမ္ဘာ့ရေနံ ထောက်ပံ့ရေး၊ ကမ္ဘာ့ငွေကြေးစနစ်နှင့် အရှေ့ အလယ်ပိုင်း၏ ပထဝီနိုင်ငံရေးပုံစံကိုပင် ပြောင်းလဲပစ်နိုင်သည့် အလားအလာရှိနေပါသည်။ ဟော်မုဇ် ရေလက်ကြားတွင် ရေနံတင်သင်္ဘောများ ဖြတ်သန်းခွင့်ကို အီရန်က တားဆီးထားပြီး အမေရိကန်က ၎င်း ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ရန် အတင်းအကျပ် ခြိမ်းခြောက်နေသဖြင့် အဆိုပါပဋိပက္ခသည် သာမန် စစ်ပွဲ၏ နယ်နိမိတ်များကို ကျော်လွန်ကာ စီးပွားရေးလက်နက်များ၊ ဒစ်ဂျစ်တယ်စစ်ပွဲများ နှင့် အင်အားမညီသည့် နည်းဗျူဟာများ ရောနှောနေသော ထိပ်တိုက်ရင်ဆိုင်မှုတစ်ရပ် ဖြစ်လာပါသည်။

သံတမန်ရေးလမ်းကြောင်းမှ စစ်ပွဲသို့

အဆိုပါပဋိပက္ခ၏ အရင်းခံအကြောင်းအရင်းမှာ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား ဘုံဘောင် လုပ်ဆောင်မှု အစီအစဉ် (JCPOA) ကို ၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတ Donald Trump က စွန့်ခွာခဲ့ခြင်းက စတင်သည်ဟု ဆိုရပါမည်။ ထိုအချိန်မှစ၍ အီရန်အပေါ် အမြင့်ဆုံးဖိအားပေးခြင်းမူဝါဒဖြင့် အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့ပြီး အီရန်ဘက်ကလည်း ယူရေနီယမ် ထပ်တိုးသန့်စင်မှုအဆင့်များကို ကျော်လွန်ကာ နျူကလီးယားကတိကဝတ် များမှ နုတ်ထွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် အီရန်နှင့် အမေရိကန်တို့သည် ဂျီနီဗာ၌ တိုက်ရိုက် နျူကလီးယားဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ အမေရိကန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် Fordow၊ Natanz နှင့် Isfahan ရှိ အီရန်၏ အဓိကနျူကလီးယား စက်ရုံကြီးသုံးရုံလုံးကို ဖျက်သိမ်းရန်၊ ကြွယ်ဝပြီးသား ယူရေနီယမ်များကို လက်နက်ချရန်နှင့် မည်သည့်သဘောတူညီချက်မဆို ၂၀၁၅ ခုနှစ် JCPOA ၏ အဆင့်လိုက် ကုန်ဆုံးမည့် သဘောတူညီချက်မျိုးမဟုတ်ဘဲ အမြဲတမ်းဖြစ်ရမည်ဟု တောင်းဆိုခဲ့ပါသည်။ အီရန်ဘက် ကမူ အဆင့်လိုက်သက်သာခွင့်များနှင့် နျူကလီးယားစွမ်းရည် အနည်းငယ်ကို ထိန်းသိမ်းခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ သို့ရာတွင် နှစ်ဖက်စလုံး၏ ရပ်တည်ချက်များမှာ အလွန်ကွာဟနေပြီး ညှိနှိုင်းမှုများမှာ  မအောင်မြင်ခဲ့ပေ။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ က "အမေရိကန်၏ အဓိပ္ပာယ်မဲ့ စကားများအတွက် မိမိ တို့၏အဖြေမှာ ရှင်းလင်းနေပြီ" ဟု ပြောကြားကာ နျူကလီးယား ထပ်တိုးသန့်စင်မှုအခွင့်အရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ကြေညာခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် JCPOA ၏ အဓိက ကန့်သတ်ချက်များ ကုန်ဆုံးသွားပြီးနောက် အီရန်၏ နျူကလီးယားအစီအစဉ်သည် နိုင်ငံတကာစစ်ဆေးရေးအဖွဲ့များ၏ စောင့်ကြည့်ခြင်း ကိုပင် ရပ်တန့်စေခဲ့ပါသည်။

ဟော်မုဇ်ရေလက်ကြား အကျပ်အတည်း

ပဋိပက္ခ၏ အချိုးအကွေ့အရှိဆုံးမှာ ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ ထိန်းချုပ်မှုပင် ဖြစ်ပါသည်။ ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့်သည် အဆိုပါကျဉ်းမြောင်းသော ရေလက်ကြားကို ဖြတ်သန်းရပါသည်။ အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့် တပ်(IRGC) ရေတပ်က ရေလက်ကြားကို လုံးဝပိတ်ဆို့ထားပြီး သင်္ဘောများအား ဖြတ်သန်း ခွင့်အတွက် အခကြေးငွေ ကောက်ခံရန် ဥပဒေမူကြမ်းတစ်ရပ်ကိုပင် ပြုစုနေပါသည်။ IRGC က "အထူးသဖြင့် အမေရိကန်နှင့် အစ္စရေးတို့အတွက် ဟော်မုဇ်ရေလက်ကြားသည် ယခင်အခြေအနေသို့ ဘယ်တော့မှ ပြန်လည်ရောက်ရှိမည်မဟုတ်" ဟု ပြင်းပြင်းထန်ထန် ကြေညာထားပါသည်။

ထိုသို့သောပိတ်ဆို့မှုသည် ကမ္ဘာ့ရေနံစျေးနှုန်းများကို ပြီးခဲ့သည့်နှစ်များအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ပါသည်။ ရေနံပြတ်လပ်မှုသည် ဥရောပမှ အာရှအထိ စွမ်းအင်ခေါင်းပါးသောနိုင်ငံများကို ထိခိုက် နေသလို ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း မြင့်တက်နေလျက်ရှိပါသည်။ International Crisis Group  ၏ အီရန်စီမံကိန်းဒါရိုက်တာ Ali Vaez က "အမေရိကန်သည် အီရန်ကို အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သည့်လက်နက်မဖြစ်အောင် တားဆီးရန် ကြိုးပမ်းရာမှ အီရန်လက်ထဲသို့ အကြီးစားအနှောင့်အယှက်ပေးသည့် လက်နက် တစ်ခုကို လက်ဆင့်ကမ်းပေးလိုက်မိသည်" ဟု သုံးသပ်ပြခဲ့ပါသည်။

အဆိုပါရေလက်ကြားပိတ်ဆို့မှုသည် အမေရိကန်အတွက် ထူးခြားသော နိုင်ငံရေးအကျပ် အတည်းတစ်ရပ် လည်း ဖြစ်လာနေပါသည်။ ရေလက်ကြားကို ပြန်ဖွင့်ရန် ဒေါ်နယ်ထရမ့်အနေဖြင့် ရက်များ သတ်မှတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နောက်ဆုံးမိနစ်တွင် သတ်မှတ်ရက်ကို ရွှေ့ဆိုင်းခြင်းတို့ဖြင့် ဒိုင်လူကြီးတစ်ဦးကဲ့သို့ သရုပ်ဆောင်နေရသော်လည်း လက်တွေ့တွင် မြေပြင်စစ်ဆင်နွှဲရန် ဆန္ဒ မရှိတော့ပေ။ သို့သော် အီရန်ဘက်မှမူ သတ်မှတ်ရက်များကို လျစ်လျူရှုကာ တန်ပြန်ခြိမ်းခြောက်လျက်ရှိနေပါသည်။

စစ်ရေးတင်းမာမှုများ 

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲ လေကြောင်းစစ်ဆင်ရေးဖြင့် စစ်ပွဲစတင်ခဲ့ပြီးနောက် အီရန်သည် ဒုံးကျည်များနှင့် မောင်းသူ မဲ့ ဒရုန်းများဖြင့် အစ္စရေး၊ ဂျော်ဒန်၊ အီရတ်နှင့် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။

အဆိုပါစစ်ပွဲအတွင်း အထင်ရှားဆုံးသော ဖြစ်ရပ်မှာ အီရန်က အမေရိကန်၏ ခေတ်အမီ ဆုံး F-35 စစ် လေယာဉ်များကို ပစ်ချနိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ အီရန်က အဆိုပါလေယာဉ်များကို ဒေသတွင်း အဆင့်မြင့် ကာကွယ်ရေး စနစ်ဖြင့် ပစ်ချခဲ့သည်ဟု ကြွားဝါပြောဆိုခဲ့ပြီး ယင်းသည် အမေရိကန်၏ လေကြောင်းလွှမ်းမိုးမှုကို စိန်ခေါ်သည့် သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်လာပါသည်။

အခြားတစ်ဖက်တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏ စွမ်းအင်အခြေခံ အဆောက်အအုံများ၊ ဓာတုဗေဒပစ္စည်းအဆောက်အအုံများနှင့် Bushehr နျူကလီးယား စက်ရုံတို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြပါသည်။ စစ်ပွဲခြောက်ပတ်အတွင်း လူပေါင်း ၁,၃၄၀ ကျော် သေဆုံးခဲ့ပြီး စစ်ရာဇဝတ်မှုများအတွက် စိုးရိမ်မှု များလည်း ပေါ်ပေါက်လာနေပါသည်။ ထူးခြားချက်မှာ အီရန်သည် ဒေတာစင်တာများကိုပါ တိုက်ခိုက်ခြင်းဖြင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ပထမဆုံးပဋိပက္ခအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် လောက်အောင် လုပ်ဆောင်ပြနေပါသည်။ ဥပမာအားဖြင့် ဒူဘိုင်းရှိ အမေရိကန်နည်းပညာကုမ္ပဏီ Oracle ၏ ရုံးချုပ်ကို မောင်းသူမဲ့ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းက သက်သေပြနေပါသည်။

အမေရိကန်၏ အမြင့်ဆုံးဖိအားနှင့် အီရန်၏ ခံနိုင်ရည်ဗျူဟာ

အမေရိကန်သည် စစ်ပွဲအတွင်းတွင်ပင် အီရန်အပေါ် စီးပွားရေးဖိအားများ တိုးမြှင့် လုပ်ဆောင်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်သည် အီရန်၏ shadow ရေယာဉ်စု၊ လက်နက်ဝယ်ယူရေး ကွန်ရက် များနှင့် ရေနံလုပ်ငန်းများကို ပစ်မှတ်ထား၍ ပုဂ္ဂိုလ်၊ ရေယာဉ်နှင့် လေယာဉ် ၈၇၅ ခုကျော်ကို အရေးယူ ပိတ်ဆို့ ခဲ့ပါသည်။ အဆိုပါ ပိတ်ဆို့မှုများကို ဂျီနီဗာစေ့စပ်ညှိနှိုင်းပွဲများ အကြို ရက်အနည်းငယ်အလိုတွင် ထုတ်ပြန်ခဲ့ ပါသည်။ သို့သော် အီရန်ဘက်ကလည်း မိမိ၏စီးပွားရေးကို ကာကွယ်ရန်နှင့် အရေးယူမှုများကို ကျော်လွှားရန် ဗျူဟာများချမှတ်ထားပါသည်။ ထို့အပြင် အီရန်သည် ရေနံအစား ခရစ်ပတိုငွေကြေးများဖြင့် အရောင်းအဝယ်များ ပြုလုပ်ခြင်း၊ SWIFT မဟုတ်သော ငွေပေးချေမှုစနစ်များကို အသုံးပြုခြင်း စသည့် နည်းလမ်းများဖြင့် ပိတ်ဆို့မှုကို ကျော်လွှားနေပါသည်။

ပဋိပက္ခ၏ အနာဂတ် ဖြစ်နိုင်မှု အခြေအနေများ

အဆိုပါပဋိပက္ခ၏ အနာဂတ်အတွက် အဓိကအခြေအနေသုံးရပ်ကို ခန့်မှန်းနိုင်ပါသည်။

(၁)      သံတမန်ရေးဖြေရှင်းမှု- အလားအလာအားနည်း

ပါကစ္စတန်၊ တူရကီနှင့် အီဂျစ်တို့သည် အပစ်ရပ်ရေးအတွက် ကြားခံဖျန်ဖြေရန် ကြိုးစားနေသော်လည်း အီရန်သည် အမေရိကန်၏ ၄၈ နာရီအပစ်ရပ်အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပြီး စစ်ရေးအရ ဆက်လက် တိုက်ခိုက်မှု များပြုလုပ်ခြင်းဖြင့် ၎င်း၏ ရပ်တည်ချက်ကို ဖော်ပြခဲ့ပါသည်။ နှစ်ဖက်စလုံး၏ ရပ်တည်ချက်များမှာ အလွန် ကွာဟနေပြီး သံတမန် ရေးအရ ဖြေရှင်းနိုင်ရန် အလားအလာမှာ အားနည်းနေဆဲဖြစ်ပါသည်။

(၂)      ကြာရှည်သော ပဋိပက္ခ- အများဆုံးဖြစ်နိုင်ခြေရှိသော အခြေအနေ

အမေရိကန်၏ ထောက်လှမ်းရေးအစီရင်ခံစာများအရ အီရန်သည် ၎င်း၏တစ်ခုတည်းသော အဓိက လက်နက် ဖြစ်သည့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကို မကြာမီတွင် လက်လွှတ်တော့မည် မဟုတ်ကြောင်း သုံးသပ်ထားပုံ ရပါသည်။ ဤသည်မှာ ရှည်ကြာသော စစ်ပွဲအတွက် အားကောင်းစေပြီး နှစ်ဖက်စလုံးအတွက် စီးပွားရေးနှင့် လူမှုရေးအရ ကြီးမားသော ကုန်ကျစရိတ်များ သက်ရောက်လာမည်ဖြစ်ပါသည်။

(၃)      စစ်ပွဲကျယ်ပြန့်လာခြင်း- အဆိုးရွားဆုံးအခြေအနေ

အကယ်၍ သံတမန်ရေးကြိုးပမ်းမှုများ ပျက်ကွက်ပြီး နှစ်ဖက်စလုံးမှ စစ်ရေးအရ ထိုးနှက်မှုများ ပိုမို ကျယ်ပြန့်လာပါက ပဋိပက္ခသည် ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်ပါသည်။ အီရန်၏ အဆင့်မြင့် ကာကွယ်ရေး စနစ်နှင့် အမေရိကန်၏ အဆင့်မြင့်စစ်လက်နက်ပစ္စည်းများကြား ပြိုင်ဆိုင်မှုသည် စစ်ပွဲကို ပိုမိုပြင်းထန်လာနိုင်ပြီး အမေရိကန်၏ လေကြောင်း လွှမ်းမိုးမှုကိုပင် စိန်ခေါ်နိုင်သည့် အခြေအနေအထိ ရောက်ရှိလာနိုင်ပါသည်။

နိဂုံးချုပ်ဆိုရသော် အမေရိကန်နှင့် အီရန်တို့ကြား လက်ရှိပဋိပက္ခသည် ၂၁ ရာစု၏ ပထမဆုံးသော အဆင့်မြင့်နည်းပညာစီးပွားရေးစစ်ပွဲအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် လိမ့်မည်ဟု ယုံကြည်ရပါသည်။ ဤသည်မှာ ရေလက်ကြားတစ်ခု၏ ပထဝီနိုင်ငံရေးအရ အရေးပါမှု၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ်၏လွတ်လပ်မှုနှင့် ကမ္ဘာ့ စွမ်းအင်ထောက်ပံ့ရေး၏ အားနည်းချက်များကို တစ်ပြိုင်နက်တည်း ဖော်ထုတ်ပြသသော ပဋိပက္ခလည်း ဖြစ်နေ ပါသည်။ အဆိုပါ ပဋိပက္ခတွင် အနိုင်ရရှိသူဟူ၍ မရှိနိုင်ပါ။ ရှုံးနိမ့်သူများမှာ ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး အန္တရာယ်အရှိဆုံးမှာ အရပ်သား ပြည်သူ များသာ ဖြစ်ပါသည်။ ထောင်နှင့်ချီသော အသက် များ ဆုံးရှုံးနေရသလို  သန်းနှင့်ချီသော အိမ်ထောင်စုများသည် စစ်ဘေးဒုက္ခ၊ အငတ်ဘေးနှင့် စီးပွားရေးပြိုလဲမှုကို ရင်ဆိုင်နေရပါသည်။ အကယ်၍ နှစ်ဖက်စလုံးက ရေတိုနိုင်ငံရေး အကျိုးအမြတ်များကို ရှေ့တန်းတင် မည့်အစား လူသားချင်းစာနာမှုနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ဦးစားပေး ပါက အဆိုပါပဋိပက္ခကို ရပ်တန့်ရန် အခွင့်အလမ်းများ ရှိနိုင်သေးပါသည်။ သို့သော် လက်ရှိအခြေအနေတွင် ထိုအခွင့်အလမ်းမှာ တစ်နေ့ထက်တစ်နေ့ မှေးမှိန်လာသည်ကို တွေ့မြင်နေရပါသည်။ 

photo: Al Jazeera

ကျော်ဇေယျ

မျက်မှောက်ကာလ အရှေ့အလယ်ပိုင်းရေးရာ
-
အီရန်စစ်ပွဲတွင်ပါဝင်ရန်လက်ရှောင်လာသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများအီရန်အရေးတွင် အမေရိကန်ပြည် ထောင်စုအနေဖြင့် အလွတ်သဘောအရ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မဟာ မိတ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းနိုင်သော်လည်း ၎င်း၏မဟာမိတ်နိုင်ငံအများစုမှာ အီရန်စစ်ပွဲ တွင် ပါဝင်ရန်လက်ရှောင်လျက်ရှိပြီး အခြေ အနေအရပ်ရပ်ကို လေ့လာစောင့်ကြည့်ရန် အတွက်သာ ဦးစားပေးလုပ်ဆောင်မည်ဖြစ် သည်ဟု လေ့လာသူများကပြောကြားထား သည်။ အီရန်နိုင်ငံအပေါ် အစ္စရေးနှင့်အမေရိ ကန်တို့က ဝင်ရောက်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ၎င်း၏မဟာမိတ် နေတိုးအဖွဲ့ဝင်များအကြား သဘောထား ကွဲလွဲမှုများရှိနေခြင်းကြောင့် နေတိုးအဖွဲ့ဝင် နိုင်ငံအချို့က အမေရိကန်ဘက်မှနေ၍ အီရန်ပဋိပက္ခအတွင်းသို့ ဝင်ရောက်လာ မည့် အလားအလာနည်းပါးလျက်ရှိသည်။ အကြောင်းမှာ နေတိုးအဖွဲ့ဝင် အနည်းဆုံး ၅ နိုင်ငံသည် အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုများကို တရားဝင်ပြစ်တင်ရှုတ်ချ ခဲ့ပြီးဖြစ်သည်။အီရန်အရေးနှင့်စပ်လျဉ်း၍ အရှေ့ဥရောပ နိုင်ငံဖြစ်သည့် ပိုလန်၊ ဘောလ်တစ်နိုင်ငံများ နှင့် ချက်သမ္မတနိုင်ငံတို့ကသာ အမေရိကန် အစိုးရကို ထောက်ခံထားသည်။ အမေရိကန်၏ အဓိကမဟာမိတ်နိုင်ငံကြီးဖြစ်သည့် ဗြိတိန်နိုင်ငံသည်ပင်လျှင် ၎င်းတို့၏ စစ်အခြေစိုက်စခန်းများကို အမေရိကန်တို့အား အသုံးပြုခွင့်ပေးထားသော်လည်း အီရန်အပေါ် လေကြောင်းမှတိုက်ခိုက်ရာ တွင် ပါဝင်ကူညီရန်အလွန်ဝန်လေးလျက်ရှိပြီး လက်ရှောင်နေသည်။ထို့ပြင် အခြားနေတိုးအဖွဲ့ဝင်ဥရောပ နိုင်ငံကြီးများဖြစ်သည့် ပြင်သစ်နှင့် အီတလီ တို့မှာလည်း ဆိုက်ပရပ်စ်နှင့် ပင်လယ်ကွေ့ နိုင်ငံများကို အကာအကွယ်ပေးနိုင်ရေးကိုသာ အဓိကအာရုံစိုက်နေကြသည်။ အမေရိကန်အတွက် လာမည့်အနာဂတ် ကာလတွင် အဓိကလိုအပ်လာနိုင်သည့် အရာမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် များတွင်အသုံးပြုမည့် ဒုံးကျည်များနှင့် ခဲယမ်းမီးကျောက်များဖြစ်သည်။ လက်ရှိဖြစ်ပွားနေသည့်အီရန်စစ်ပွဲအတွင်း အမေရိ ကန်က အပိုဆောင်းလက်နက်ခဲယမ်းများ ကို အရေးပေါ်ရှာဖွေနေရခြင်းသည် အီရန်နိုင်ငံ၏ ရေရှည်ခုခံနိုင်စွမ်းရည်ကို အမေရိ ကန်တို့က မမျှော်လင့်ထားခဲ့ခြင်းမရှိကြောင်းကို ပြသလျက်ရှိသည်။အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် သည် လက်ရှိလုပ်ဆောင်နေသည့် အီရန်စစ်ဆင်ရေးများကို အနည်းဆုံးရက်ပေါင်း ၁၀၀ မှ စက်တင်ဘာလအထိ အကူအညီ ပေးအပ်နိုင်ရန်အတွက် စစ်ဘက်ထောက် လှမ်းရေးဝန်ထမ်းများကို ပေးအပ်ရန် ပင်တဂွန်စစ်ဌာနချုပ်ထံမှ တောင်းခံထားကြောင်း Politico မဂ္ဂဇင်းကြီးက ဖော်ပြထားသည်။ အမေရိကန်က ထောက်လှမ်းရေးအရင်း အမြစ်များကို အရေးပေါ်တိုးမြှင့်နေရခြင်း သည် အီရန်အပေါ်တိုက်ခိုက်ဆင်နွှဲနေသည့် စစ်ဆင်ရေးသည် ဤမျှကြာရှည်မည်ဟု အမေရိကန်စစ်ဘက် မူဝါဒချမှတ်သူများ အနေဖြင့် ကနဦးကမခန့်မှန်းထားကြောင်း ကို ညွှန်ပြနေခြင်းဖြစ်သည်။ထို့ကြောင့် အမေရိကန်အစိုးရသည် နေတိုးအဖွဲ့တစ်ခုလုံးကို အီရန်စစ်ပွဲအတွင်း သို့ ပါဝင်လာစေရန်ဆွဲသွင်းနိုင်မည့်အခြေ အနေကို စတင်စဉ်းစားလာခြင်းဖြစ်သည် ဟုဆိုနိုင်သည်။တစ်ချိန်တည်းမှာပင် နေတိုးအတွင်းရေး မှူးချုပ် မာ့ရုတေးအနေဖြင့် အီရန်အပေါ် အမေရိကန်ကလုပ်ဆောင်သည့် စစ်ဆင် ရေးတွင် နေတိုးအဖွဲ့၏ စုပေါင်းကာကွယ် ရေးဆိုင်ရာ အပိုဒ်ခွဲ (၅)ကို အသုံးပြုရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သော်လည်း ထိုသို့အသုံးပြုမည့် အချိန်အတိအကျကိုမူ ထည့်သွင်းပြောဆိုခြင်းမရှိပေ။နေတိုး သို့မဟုတ် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့၏ အပိုဒ်ခွဲ (၅) အရ အဖွဲ့ဝင် တစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် အဖွဲ့ဝင် အားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတ်မှတ်သော်လည်း အဆိုပါတိုက်ခိုက်မှု သည် ဥရောပ၊ မြောက်အမေရိက သို့မဟုတ် တူကီယဲနယ်မြေအတွင်းဖြစ်ပွားမှသာ အကျုံး ဝင်မည်ဟူသော ကန့်သတ်ချက်ရှိနေသည်။တစ်ချိန်တည်းမှာပင် နေတိုးအဖွဲ့ဝင် နိုင်ငံများအား အီရန်စစ်ပွဲအတွင်းသို့ ဆွဲသွင်းလာနိုင်သည့် အခြေအနေများကို ရုရှားနိုင်ငံက သတိပြုမိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ပြောကြားခဲ့သည့်အပြင် အီရန်အရေးသည် နျူကလီးယားလက်နက် အပြိုင်အဆိုင် တပ်ဆင်မှုကိုလှုံ့ဆော်ပေးနိုင်ပြီး ဆိုးရွားသည့်အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင် ကြောင်း ၎င်းကဆက်လက်သတိပေးထားသည်။ရုရှားနိုင်ငံသည် လက်ရှိတွင် အရပ်ဘက် အခြေခံအဆောက်အဦများကို တိုက်ခိုက် ခြင်းအားရပ်ဆိုင်းရန် ထောက်ခံပြောကြား ထားပြီး ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်တင်သွင်းရန် ရည်ရွယ်ထားသည်။ထို့ကြောင့် လက်ရှိတွင် အမေရိကန်၏ နေတိုးမဟာမိတ်နိုင်ငံများအတွင်း အုပ်စုသုံးစုကွဲပြားလျက်ရှိရာ နေတိုးအဖွဲ့ဝင်နိုင်ငံ အားလုံးအကြားတွင် သဘောတူညီချက် ရရှိရန်ခက်ခဲခြင်းကြောင့် အီရန်စစ်ပွဲ၌တရားဝင်ပါဝင်လာနိုင်ခြေမှာ အလွန်နည်းပါး ပြီး အလွတ်သဘောမဟာမိတ်အဖွဲ့အဖြစ် သာရပ်တည်နိုင်ကြောင်း နိုင်ငံရေးလေ့လာ သူ ဒဲနစ်ဒန်းနီဆော့ဗ်က ရုရှားမီဒီယာတစ်ခုသို့ ပြောကြားထားသည်။တစ်ချိန်တည်းမှာပင် ဗြိတိန်တပ်ဖွဲ့များ သည် အီရန်နိုင်ငံအပေါ်တိုက်ခိုက်မှုတွင် မပါဝင်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတား မားက ပြောကြားခဲ့သော်လည်း ၎င်းတို့၏ အခြေစိုက်စခန်းများကို အမေရိကန်အား အသုံးပြုခွင့်ပေးခြင်းနှင့် ထောက်လှမ်းရေး သတင်းမျှဝေခြင်းများ ပြုလုပ်လျက်ရှိသည်။ သို့သော် ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏စစ်အခြေစိုက်စခန်းများအား အမေရိကန် တပ်ဖွဲ့များအားအသုံးပြုခွင့်ပေးရန် ဝန်လေးခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဗြိတိန်နိုင်ငံအား လူသိရှင်ကြား ဝေဖန်ခဲ့ဖူးသည်။ အလားတူပင် ပြင်သစ်သမ္မတ မက်ခရွန် အနေဖြင့်လည်း လက်ရှိပဋိပက္ခတွင် အီရန် နိုင်ငံကို ပြစ်တင်ဝေဖန်ထားသော်လည်း ယင်းနိုင်ငံအားတိုက်ခိုက်မှုတွင် ပါဝင်မည်မဟုတ်ဟု ပြောကြားထားပြီးဖြစ်သည်။အမေရိကန်၏ နေတိုးမဟာမိတ်နိုင်ငံများ၏ ရပ်တည်ချက်မှာ ပိုမိုထင်ရှားလာ သည့်အချိန်တွင် အီရန်စစ်ပွဲကြာရှည်လာပါက အမေရိကန်အတွက် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ အရေးပေါ်လိုအပ် လာမည်ဖြစ်သည်။ အီရန်၏ဒုံးကျည်များ ကို ခုခံရာတွင် အမေရိကန်တပ်မတော်က ကြားဖြတ်ဟန့်တားရေး ဒုံးကျည်လေးစင်းခန့် အသုံးပြုရလေ့ရှိပြီး တစ်ခါတစ်ရံ ၁၂ စင်း အထိ အသုံးပြုရတတ်သည်။ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့များ၌ ပက်ထရီးယော့ ဒုံးကျည် လက်ကျန် ၂၀၀၀၀ မှ ၂၅၀၀၀ ကြားရှိနိုင်သည်ဟုယူဆရသည်။ သို့သော် တစ်နေ့လျှင် အီရန်နိုင်ငံက ပစ်လွှတ်သည့် ဒုံးကျည်နှင့် ဒရုန်းအစင်း ၃၀ ခန့်ကို အမေရိကန်တပ်ဖွဲ့များက ခုခံရမည်ဆိုပါက တစ်နေ့လျှင် ကြားဖြတ်ဟန့်တားရေးဒုံးကျည်အစင်း ၁၂၀ ခန့်ကို အသုံးပြုရမည်ဖြစ်သည်။ အဆိုပါနှုန်းထား အတိုင်းဆိုပါက အမေရိကန်၏လက်ကျန် ဒုံးကျည်များမှာ ၆ လမှ ၈ လခန့်သာ ခံမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပိုလန်၊ ရိုမေးနီးယားနှင့် ဂျာမနီနိုင်ငံများရှိ နေတိုး အဖွဲ့၏ လက်နက်သိုလှောင်ရုံများကို မျက်စိကျနေခြင်းဖြစ်သည်။အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန် အစိုးရက နေတိုးအဖွဲ့မှ မဟာမိတ်နိုင်ငံ များအား လက်ရှိဆင်နွှဲနေသည့် အီရန် စစ်ပွဲအတွင်း ပါဝင်လာစေရန် ဆန္ဒရှိနေသော်လည်း အဆိုပါနေတိုး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ပွဲကြောင့် ၎င်းတို့နိုင်ငံ အပေါ် သက်ရောက်လာနိုင်သည့် အကျိုး ဆက်များကို မြော်တွေးခဲ့ခြင်းကြောင့် အီရန်စစ်ပွဲတွင် အမေရိကန်၏အလိုကျ ပါဝင်ခြင်းမပြုဘဲ အထိုက်အလျောက်သာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အပြည့် အဝပါဝင်ရန် လက်ရှောင်နေခဲ့ခြင်းဖြစ်ကြောင်း သုံးသပ် ဖော်ပြလိုက်ပါသည်။ Ref: Iv

အီရန်စစ်ပွဲတွင်ပါဝင်ရန်လက်ရှောင်လာသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ

အီရန်အရေးတွင် အမေရိကန်ပြည် ထောင်စုအနေဖြင့် အလွတ်သဘောအရ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မဟာ မိတ်အဖွဲ့တစ်ဖွဲ့ကို  ဖွဲ့စည်းနိုင်သော်လည်း ၎င်း၏မဟာမိတ်နိုင်ငံအများစုမှာ အီရန်စစ်ပွဲ တွင် ပါဝင်ရန်လက်ရှောင်လျက်ရှိပြီး အခြေ အနေအရပ်ရပ်ကို လေ့လာစောင့်ကြည့်ရန် အတွက်သာ ဦးစားပေးလုပ်ဆောင်မည်ဖြစ် သည်ဟု လေ့လာသူများကပြောကြားထား သည်။ 

အီရန်နိုင်ငံအပေါ် အစ္စရေးနှင့်အမေရိ ကန်တို့က ဝင်ရောက်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ၎င်း၏မဟာမိတ် နေတိုးအဖွဲ့ဝင်များအကြား သဘောထား ကွဲလွဲမှုများရှိနေခြင်းကြောင့် နေတိုးအဖွဲ့ဝင် နိုင်ငံအချို့က အမေရိကန်ဘက်မှနေ၍ အီရန်ပဋိပက္ခအတွင်းသို့ ဝင်ရောက်လာ မည့် အလားအလာနည်းပါးလျက်ရှိသည်။ အကြောင်းမှာ နေတိုးအဖွဲ့ဝင် အနည်းဆုံး ၅ နိုင်ငံသည် အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုများကို တရားဝင်ပြစ်တင်ရှုတ်ချ ခဲ့ပြီးဖြစ်သည်။

အီရန်အရေးနှင့်စပ်လျဉ်း၍ အရှေ့ဥရောပ နိုင်ငံဖြစ်သည့် ပိုလန်၊ ဘောလ်တစ်နိုင်ငံများ နှင့် ချက်သမ္မတနိုင်ငံတို့ကသာ အမေရိကန် အစိုးရကို ထောက်ခံထားသည်။ အမေရိကန်၏  အဓိကမဟာမိတ်နိုင်ငံကြီးဖြစ်သည့် ဗြိတိန်နိုင်ငံသည်ပင်လျှင် ၎င်းတို့၏ စစ်အခြေစိုက်စခန်းများကို အမေရိကန်တို့အား အသုံးပြုခွင့်ပေးထားသော်လည်း  အီရန်အပေါ် လေကြောင်းမှတိုက်ခိုက်ရာ  တွင် ပါဝင်ကူညီရန်အလွန်ဝန်လေးလျက်ရှိပြီး လက်ရှောင်နေသည်။

ထို့ပြင် အခြားနေတိုးအဖွဲ့ဝင်ဥရောပ နိုင်ငံကြီးများဖြစ်သည့် ပြင်သစ်နှင့် အီတလီ တို့မှာလည်း ဆိုက်ပရပ်စ်နှင့် ပင်လယ်ကွေ့ နိုင်ငံများကို အကာအကွယ်ပေးနိုင်ရေးကိုသာ အဓိကအာရုံစိုက်နေကြသည်။ 

အမေရိကန်အတွက် လာမည့်အနာဂတ် ကာလတွင် အဓိကလိုအပ်လာနိုင်သည့် အရာမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် များတွင်အသုံးပြုမည့်   ဒုံးကျည်များနှင့် ခဲယမ်းမီးကျောက်များဖြစ်သည်။ လက်ရှိဖြစ်ပွားနေသည့်အီရန်စစ်ပွဲအတွင်း အမေရိ ကန်က အပိုဆောင်းလက်နက်ခဲယမ်းများ ကို အရေးပေါ်ရှာဖွေနေရခြင်းသည် အီရန်နိုင်ငံ၏ ရေရှည်ခုခံနိုင်စွမ်းရည်ကို အမေရိ ကန်တို့က မမျှော်လင့်ထားခဲ့ခြင်းမရှိကြောင်းကို ပြသလျက်ရှိသည်။

အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် သည် လက်ရှိလုပ်ဆောင်နေသည့် အီရန်စစ်ဆင်ရေးများကို အနည်းဆုံးရက်ပေါင်း ၁၀၀ မှ စက်တင်ဘာလအထိ အကူအညီ ပေးအပ်နိုင်ရန်အတွက် စစ်ဘက်ထောက် လှမ်းရေးဝန်ထမ်းများကို  ပေးအပ်ရန် ပင်တဂွန်စစ်ဌာနချုပ်ထံမှ တောင်းခံထားကြောင်း Politico မဂ္ဂဇင်းကြီးက ဖော်ပြထားသည်။ 

အမေရိကန်က ထောက်လှမ်းရေးအရင်း အမြစ်များကို အရေးပေါ်တိုးမြှင့်နေရခြင်း သည် အီရန်အပေါ်တိုက်ခိုက်ဆင်နွှဲနေသည့် စစ်ဆင်ရေးသည် ဤမျှကြာရှည်မည်ဟု အမေရိကန်စစ်ဘက် မူဝါဒချမှတ်သူများ အနေဖြင့် ကနဦးကမခန့်မှန်းထားကြောင်း ကို ညွှန်ပြနေခြင်းဖြစ်သည်။

ထို့ကြောင့် အမေရိကန်အစိုးရသည် နေတိုးအဖွဲ့တစ်ခုလုံးကို အီရန်စစ်ပွဲအတွင်း သို့ ပါဝင်လာစေရန်ဆွဲသွင်းနိုင်မည့်အခြေ အနေကို စတင်စဉ်းစားလာခြင်းဖြစ်သည် ဟုဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် နေတိုးအတွင်းရေး မှူးချုပ် မာ့ရုတေးအနေဖြင့် အီရန်အပေါ် အမေရိကန်ကလုပ်ဆောင်သည့်  စစ်ဆင် ရေးတွင် နေတိုးအဖွဲ့၏ စုပေါင်းကာကွယ် ရေးဆိုင်ရာ အပိုဒ်ခွဲ (၅)ကို အသုံးပြုရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သော်လည်း ထိုသို့အသုံးပြုမည့် အချိန်အတိအကျကိုမူ  ထည့်သွင်းပြောဆိုခြင်းမရှိပေ။

နေတိုး သို့မဟုတ် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့၏ အပိုဒ်ခွဲ (၅) အရ အဖွဲ့ဝင် တစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် အဖွဲ့ဝင် အားလုံးကို  တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတ်မှတ်သော်လည်း အဆိုပါတိုက်ခိုက်မှု သည် ဥရောပ၊ မြောက်အမေရိက သို့မဟုတ် တူကီယဲနယ်မြေအတွင်းဖြစ်ပွားမှသာ အကျုံး ဝင်မည်ဟူသော ကန့်သတ်ချက်ရှိနေသည်။

တစ်ချိန်တည်းမှာပင် နေတိုးအဖွဲ့ဝင် နိုင်ငံများအား  အီရန်စစ်ပွဲအတွင်းသို့ ဆွဲသွင်းလာနိုင်သည့် အခြေအနေများကို ရုရှားနိုင်ငံက သတိပြုမိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ပြောကြားခဲ့သည့်အပြင်  အီရန်အရေးသည် နျူကလီးယားလက်နက် အပြိုင်အဆိုင် တပ်ဆင်မှုကိုလှုံ့ဆော်ပေးနိုင်ပြီး ဆိုးရွားသည့်အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင် ကြောင်း ၎င်းကဆက်လက်သတိပေးထားသည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် အရပ်ဘက် အခြေခံအဆောက်အဦများကို တိုက်ခိုက် ခြင်းအားရပ်ဆိုင်းရန် ထောက်ခံပြောကြား ထားပြီး ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်တင်သွင်းရန် ရည်ရွယ်ထားသည်။

ထို့ကြောင့် လက်ရှိတွင် အမေရိကန်၏ နေတိုးမဟာမိတ်နိုင်ငံများအတွင်း အုပ်စုသုံးစုကွဲပြားလျက်ရှိရာ နေတိုးအဖွဲ့ဝင်နိုင်ငံ အားလုံးအကြားတွင် သဘောတူညီချက် ရရှိရန်ခက်ခဲခြင်းကြောင့်  အီရန်စစ်ပွဲ၌တရားဝင်ပါဝင်လာနိုင်ခြေမှာ အလွန်နည်းပါး ပြီး အလွတ်သဘောမဟာမိတ်အဖွဲ့အဖြစ် သာရပ်တည်နိုင်ကြောင်း နိုင်ငံရေးလေ့လာ သူ ဒဲနစ်ဒန်းနီဆော့ဗ်က  ရုရှားမီဒီယာတစ်ခုသို့ ပြောကြားထားသည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်တပ်ဖွဲ့များ သည် အီရန်နိုင်ငံအပေါ်တိုက်ခိုက်မှုတွင် မပါဝင်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတား မားက ပြောကြားခဲ့သော်လည်း ၎င်းတို့၏ အခြေစိုက်စခန်းများကို အမေရိကန်အား အသုံးပြုခွင့်ပေးခြင်းနှင့် ထောက်လှမ်းရေး သတင်းမျှဝေခြင်းများ ပြုလုပ်လျက်ရှိသည်။ သို့သော် ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏စစ်အခြေစိုက်စခန်းများအား အမေရိကန် တပ်ဖွဲ့များအားအသုံးပြုခွင့်ပေးရန် ဝန်လေးခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဗြိတိန်နိုင်ငံအား လူသိရှင်ကြား ဝေဖန်ခဲ့ဖူးသည်။ 

အလားတူပင် ပြင်သစ်သမ္မတ မက်ခရွန် အနေဖြင့်လည်း လက်ရှိပဋိပက္ခတွင်   အီရန် နိုင်ငံကို ပြစ်တင်ဝေဖန်ထားသော်လည်း ယင်းနိုင်ငံအားတိုက်ခိုက်မှုတွင် ပါဝင်မည်မဟုတ်ဟု ပြောကြားထားပြီးဖြစ်သည်။

အမေရိကန်၏ နေတိုးမဟာမိတ်နိုင်ငံများ၏ ရပ်တည်ချက်မှာ ပိုမိုထင်ရှားလာ သည့်အချိန်တွင် အီရန်စစ်ပွဲကြာရှည်လာပါက အမေရိကန်အတွက် လေကြောင်းရန် 

ကာကွယ်ရေးဒုံးကျည်များ အရေးပေါ်လိုအပ် လာမည်ဖြစ်သည်။ အီရန်၏ဒုံးကျည်များ ကို ခုခံရာတွင် အမေရိကန်တပ်မတော်က ကြားဖြတ်ဟန့်တားရေး ဒုံးကျည်လေးစင်းခန့် အသုံးပြုရလေ့ရှိပြီး တစ်ခါတစ်ရံ ၁၂ စင်း အထိ အသုံးပြုရတတ်သည်။ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့များ၌  ပက်ထရီးယော့ ဒုံးကျည် လက်ကျန် ၂၀၀၀၀ မှ ၂၅၀၀၀ ကြားရှိနိုင်သည်ဟုယူဆရသည်။ 

သို့သော် တစ်နေ့လျှင် အီရန်နိုင်ငံက ပစ်လွှတ်သည့် ဒုံးကျည်နှင့် ဒရုန်းအစင်း ၃၀ ခန့်ကို အမေရိကန်တပ်ဖွဲ့များက ခုခံရမည်ဆိုပါက တစ်နေ့လျှင် ကြားဖြတ်ဟန့်တားရေးဒုံးကျည်အစင်း ၁၂၀ ခန့်ကို အသုံးပြုရမည်ဖြစ်သည်။ အဆိုပါနှုန်းထား အတိုင်းဆိုပါက အမေရိကန်၏လက်ကျန် ဒုံးကျည်များမှာ ၆ လမှ ၈ လခန့်သာ ခံမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပိုလန်၊ ရိုမေးနီးယားနှင့် ဂျာမနီနိုင်ငံများရှိ နေတိုး အဖွဲ့၏    လက်နက်သိုလှောင်ရုံများကို မျက်စိကျနေခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန် အစိုးရက နေတိုးအဖွဲ့မှ မဟာမိတ်နိုင်ငံ များအား လက်ရှိဆင်နွှဲနေသည့် အီရန် စစ်ပွဲအတွင်း ပါဝင်လာစေရန် ဆန္ဒရှိနေသော်လည်း အဆိုပါနေတိုး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ပွဲကြောင့် ၎င်းတို့နိုင်ငံ အပေါ် သက်ရောက်လာနိုင်သည့် အကျိုး  ဆက်များကို မြော်တွေးခဲ့ခြင်းကြောင့် အီရန်စစ်ပွဲတွင် အမေရိကန်၏အလိုကျ ပါဝင်ခြင်းမပြုဘဲ အထိုက်အလျောက်သာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အပြည့် အဝပါဝင်ရန် လက်ရှောင်နေခဲ့ခြင်းဖြစ်ကြောင်း သုံးသပ် ဖော်ပြလိုက်ပါသည်။ 

Ref: Iv

အမည်မသိ

ဟော်မုဇ်ရေလက်ကြားပိတ်ရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
-
ပါရှန်ပင်လယ်ကွေ့၏ ထွက်ပေါက်ဝသဖွယ် တည်ရှိနေသော ဟော်မုဇ် ရေလက်ကြား သည် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို ပြောင်းလဲပစ်နိုင်သည့် ပထဝီနိုင်ငံရေး အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ချေပြီ။ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီနှင့် ထိပ်တန်းခေါင်းဆောင်အချို့ ဆုံးရှုံးရ ပြီးနောက် ချက်ချင်းဆိုသလို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ကြောင်း ကြေညာလိုက်သလို ထိုခြိမ်းခြောက်မှုမှာ လက်တွေ့အဆင့်သို့ ကူးပြောင်းခဲ့ ပေပြီ။ ယခုရက်ပိုင်းမှာပင် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ ထောက်ပံ့မှုပြတ်တောက်ရန် ရှေ့ပြေး လက္ခဏာများကို နိုင်ငံအတော်များများက စတင်ခံစားနေရပြီ ဖြစ်ပါသည်။ဟော်မုဇ်ရေလက်ကြားဟော်မုဇ်ရေလက်ကြားသည် အီရန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းနှင့် အိုမန်နိုင်ငံ မူဆန် ဒမ်ကျွန်းဆွယ်အကြား တည်ရှိပါသည်။ အရှေ့-အနောက် မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀)ခန့် ရှည် လျားပါသည်။ ရေလက်ကြား၏ အကျဉ်းဆုံးနေရာတွင် ၂၁ မိုင် (၃၃ ကီလိုမီတာ) သာ ကျယ်ဝန်း ပြီး သွားလာရေးလမ်းကြောင်းမှာ တစ်ဖက်လျှင် ၂ မိုင်စီခန့်သာ ရှိပါသည်။ ဤကဲ့သို့ကျဉ်းမြောင်းလှသော ရေပြင်သည် ကမ္ဘာ့ရေနံစိမ်း ကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် (တစ်နေ့လျှင် စည်ပေါင်း သန်း ၂၀ ခန့်) နှင့် ကမ္ဘာ့သဘာဝဓာတ်ငွေ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံ ခန့် ဖြတ်သန်းစီးဆင်းရာ စွမ်းအင်အတွက် အရေးပါဆုံး ပင်လယ်ရေကြောင်း လည်ချောင်းနေရာ (Chokepoint) ဖြစ်ပါသည်။ ဆော်ဒီအာရေဗျ၊ အီရတ်၊ ကူဝိတ်၊ ယူအေအီးနှင့် ကာတာနိုင်ငံ တို့သည် ၎င်းတို့၏ ရေနံနှင့် ဓာတ်ငွေ့တင်ပို့မှုအတွက် ထိုရေလမ်းကြောင်းကိုသာ အားကိုးနေ ရပါသည်။ရေလက်ကြားပိတ်ရန် ဘာလို့အီရန်ကြေညာတာလဲ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲစစ်ဆင်ရေးကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီနှင့် ထိပ်တန်းခေါင်းဆောင် အများအပြား သေဆုံးခဲ့ရပါသည်။ ထိုဖြစ်ရပ်ကို ချက်ချင်းလက်တုံ့ပြန်သည့်အနေဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးတန်းအကြံပေး အီဘရာဟင်ဂျဘာရီက မတ်လ ၁ ရက်တွင် ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားပြီဖြစ်ကြောင်းနှင့် ဖြတ်သန်းရန် ကြိုးစားသည့် မည်သည့်သင်္ဘောကိုမဆို မီးရှို့ဖျက်ဆီးပစ်မည် ဟု ကြေညာခဲ့ပါသည် ။ ရေလက်ကြားအတွင်းရှိ သင်္ဘောများသည် အီရန်ရေတပ်မှ ထုတ်လွှင့်သည့် ရေလက်ကြား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကြောင်း ရေဒီယို အသံလွှင့်ချက်ကို ကြားခဲ့ရပါသည်။လတ်တလော ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုအီရန်အနေဖြင့် မတ်လ ၁ ရက်ကြေညာပြီးနေ့မှာပင် သင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့ပါသည်။ ပထမသင်္ဘောသည် အိုမန်ကမ်းလွန်တွင် အမည်မသိသော လက်နက်ထိမှန်ပြီး အင်ဂျင်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ဒုတိယသင်္ဘောသည် ယူအေအီးနိုင်ငံ၊ မီနာဆာကာ၏ အနောက်မြောက်ဘက် ၁၇ ရေမိုင်အကွာတွင် ဒုံးကျည်ထိမှန်ကာ မီးလောင်ခဲ့ပါသည်။ တတိယ သင်္ဘောမှာ ရှာဂျာမြို့၏ အနောက်ဘက် ၃၅ ရေမိုင်အကွာတွင် ၎င်းနှင့် အလွန်နီးကပ်သော နေရာ၌ ဒုံးကျည်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းစဉ် ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ရေကြောင်းခြေရာခံဒေတာအချက်အလက်များအရ ရေနံတင်သင်္ဘော အစီးရေ ၂၀၀ ကျော်သည် ရေလက်ကြားတစ်ဝိုက်တွင် သောင်တင်နေပြီး ဗဟိုရေလမ်းကြောင်းပေါ်တွင် တစ်စီးမျှ မရှိတော့ပါ။ ကမ္ဘာတစ်ဝှမ်း စိုးရိမ်မှုများအီရန်၏ ဟော်မုဇ်ရေလက်ကြားပိတ်ရန် ကြေညာချက်က ကမ္ဘာ့ကုန်သွယ်ရေးကို ချက်ချင်း လှိုင်းခတ်သွားစေပါသည်။ ING Group မှ ဝါရင့်စီးပွားရေးပညာရှင် Rico Luman က ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက်များ အပြင်းထန်ဆုံး ထိခိုက်မည်ဖြစ်ပြီး သင်္ဘောတင်ခနှင့် စစ်ဘေးအာမခံကြေးများ အမြင့်ဆုံးတက်ရောက်လာမည်ဟု သုံးသပ်ခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းကြီးများဖြစ်သည့် Maersk အပါအဝင် ကုမ္ပဏီများသည် ဒေသတွင်းမှ အပြီးတိုင်ထွက်ခွာခြင်း သို့မဟုတ် အာဖရိကတိုက်တောင်ဘက်စွန်းကို ပတ်မောင်းခြင်းဖြင့် လမ်းကြောင်းပြောင်းနေကြပါသည်။ ဂျေပီမော်ဂန်၏ မတ် ၁ ရက်က အစီရင်ခံစာတစ်ခုတွင် လေ့လာသုံးသပ်သူများက ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ပါက အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သူများအနေဖြင့် ရက်ပေါင်း ၂၅ ရက်ထက် မပိုသောကာလအထိသာ ထုတ်လုပ် နိုင်မည်ဟု သတိပေးထားပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် နယူးယောက် ကုန်စည်ဒိုင်၌ ဧပြီလပို့ဆောင်မှုအတွက် Light Sweet Crude Oil အနာဂတ်ဈေးကွက်မှာ ၁၂.၄ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည် လျှင် ဒေါ်လာ ၇၅.၃၃ သို့ ရောက်ရှိခဲ့ပါသည်။ လန်ဒန် ICE ဈေးကွက်တွင် မေလပို့ဆောင်မှုအတွက် ဘရန့်ရေနံစိမ်းဈေးကွက်မှာ ၁၃ ရာခိုင်နှုန်းမြင့်တက်ကာ တစ်စည်လျှင် ဒေါ်လာ ၈၂.၃၇ သို့ ရောက်ရှိခဲ့ပါသည်။ ပဋိပက္ခဆက်လက်ဖြစ်ပွားပါက ရေနံဈေးနှုန်းများ တစ်စည်လျှင် ဒေါ်လာ ၁၅၀ အထိ ခုန်တက်သွားနိုင်သည်ဟု လေ့လာသုံးသပ်သူများက သတိပေးထားကြပါသည်။ရေလက်ကြားပိတ်လိုက်သည့်ဂယက်ကြောင့် မြေထဲပင်လယ်သင်္ဘောကုမ္ပဏီ (MSC)၊ Maersk ၊ CMA CGM နှင့် ဂျာမနီနိုင်ငံ၏ Hapag-Lloyd AG အပါအဝင် သင်္ဘောလုပ်ငန်းကြီးများသည် သင်္ဘောများကို ဘေးကင်းရာ ဆိပ်ကမ်းများသို့ လမ်းကြောင်းလွှဲပြောင်းစေခြင်း၊ ကြိုတင်အမှာစာသစ်များ ရပ်ဆိုင်းပစ်ခြင်းနှင့် ခရီးစဉ်အချိန်ဇယားများပြောင်းလဲခြင်းတို့ ပြုလုပ် နေကြသောကြောင့် ကုန်စည်ပို့ဆောင်ခနှင့် အာမခံစရိတ်များလည်း မြင့်တက်လျက်ရှိပါသည်။ ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်နိုင်မလားစစ်ဖက်ဆိုင်ရာသုံးသပ်ချက်များအရ အီရန်သည် ရေလက်ကြားကို ရုပ်ပိုင်းဆိုင်ရာအရ အပြီးတိုင်ပိတ်ဆို့ရန် နည်းပညာအရ အခက်အခဲရှိနေပါသည်။ ပုံမှန်သင်္ဘောဖြတ်ပစ်ဒုံးကျည်များ (anti-ship missiles) နှင့် မောင်းသူမဲ့လေယာဉ်များဖြင့်သာ ခြိမ်းခြောက်နိုင်ပါသည်။ ထို့ပြင် ရေလက်ကြားကို အပြီးတိုင်ပိတ်ဆို့ခြင်းမှာ အီရန်အတွက် လွန်စွာ စိန်ခေါ်မှုများလှပါသည်။ ကုန်တင်သင်္ဘောများ ဝင်ရောက်ရန် အနှောက်အယှက်ပေးနိုင်လောက်အောင်တော့ ခြိမ်းခြောက်နိုင်ပါသည်။ ထို့ပြင် အီရန်ကိုယ်တိုင်အတွက် မိမိရေနံတင်ပို့မှုကို ပြန်ထိလာနိုင်သည့် လက်နက်တစ်ခုလည်းဖြစ်ပါသည်။ ရေရှည်တွင် အီရန်အတွက် မဖြစ်နိုင်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။ ယခင်က ရေလက်ကြားကို ပိတ်ဖူးပါသလားသမိုင်းတစ်လျှောက် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ဆို့တာမျိုး မရှိဖူးပါ။ ၁၉၈၀-၁၉၈၈ ခုနှစ် အီရန်-အီရတ်စစ်ပွဲအတွင်း "တင်န်ကာစစ်ပွဲ (Tanker War)" ဟု ခေါ်သော ကာလတွင် နှစ်ဖက်စလုံးက ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခဲ့ကြပြီး အမေရိကန်ရေတပ်က ကူဝိတ်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးခဲ့ရပါသည်။ ၁၉၈၇ ခုနှစ်တွင် အီရန်က ရေမြှုပ်မိုင်း များ တပ်ဆင်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးများကြောင့် ယင်းကာလက ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၃၀ မှ ၄၅ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ရေနံတင်သင်္ဘောငှားရမ်းခ နှစ်ဆတိုး ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်တွင် အီရန်က ရေလက်ကြားအတွင်း ဗြိတိန်ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးရာ ရေနံဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပါသည်။ ထိုလုပ်ရပ်မှာ အမေရိကန် က အီရန်နျူကလီးယားသဘောတူညီမှ နုတ်ထွက်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြန်လည် ချမှတ်ပြီးနောက် နှစ်လခန့်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဖြစ်ရပ်များကြောင့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော နိုင်ငံတကာရေကြောင်းလုံခြုံရေးအဖွဲ့ (International Maritime Security Construct) ကို ဖွဲ့စည်းခဲ့ရပါသည်။၂၀၂၅ ခုနှစ် ဇွန်လက အီရန်-အစ္စရေး ပဋိပက္ခအတွင်း GPS အချက်ပြမှု နှောင့်ယှက်ခံရမှုကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောထောင်ပေါင်းများစွာ လမ်းကြောင်းပျောက်ခဲ့ရပါသည်။ ထိုကာလက ဖော်ဒိုး၊ နာတန်ဇ်နှင့်အစ်ဖာဟန်တို့ရှိ အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်က လေကြောင်းမှတိုက်ခိုက်မှုအပြီး ရေလက်ကြားပိတ်ရန် တီဟီရန်ပါလီမန်၏ သဘောတူညီမှုကြောင့် ဘရန့်ရေနံစိမ်းဈေးနှုန်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဆိုလိုသည်မှာ အတိတ်ကာလတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင် ပိတ်ဆို့ခြင်းမလုပ်သော်လည်း ထိုရေလက်ကြား ဂယက်တိုင်းက ရေနံဈေးနှုန်းကို လှုပ်ခတ်စေခဲ့သည်ကို သက်သေပြနေပါသည်။ တီဟီရန်အနေဖြင့် သမိုင်းကြောင်းတစ်လျှောက် မိမိကိုယ်ကို ထိုးနှက်ခြင်း (self-inflicted wound) ကိုတော့ ရှောင်ရှားခဲ့ကြပါသည်။ ရေလက်ကြားပိတ်လိုက်ခြင်းက လက်တွေ့အလုပ်ဖြစ်မှာလား လက်ရှိတွင် ရေလက်ကြားကို ရုပ်ပိုင်းဆိုင်ရာ အပြီးတိုင် ပိတ်ဆို့ထားခြင်းထက် စစ်ရေးအရ ခြိမ်းခြောက်မှုများဖြင့် သွားလာမှုကို ရပ်တန့်ထားခြင်းဟု တွေ့မြင်နိုင်ပါသည်။ သင်္ဘောအစီးရေ ၂၀၀ ကျော် သောင်တင်နေခြင်းနှင့် သွားလာမှု ၈၆% ခန့် ကျဆင်းခြင်းသည် လက်တွေ့ပိတ်ဆို့မှု၏ အကျိုးသက်ရောက်မှုကို ပြသနေသည်။ သို့သော် ကျွမ်းကျင်သူများက ထိုအခြေအနေ ရေရှည်တည်မြဲရန် ဖြစ်နိုင်ခြေ ၁၀-၂၀% သာ ရှိသည်ဟု ခန့်မှန်းကြပြီး အီရန်အနေဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရှောင်ရှားရန် သံတမန်ရေးအရ ညှိနှိုင်းမှုများ ပြုလုပ် လာနိုင်သည်ဟု သုံးသပ်ထားကြပါသည်။ရေလက်ကြားပိတ်ရင် ဘယ်နိုင်ငံတွေ ထိခိုက်နိုင်သလဲမတ်လ ၁ ရက်က အီရန်တို့၏ဟော်မုဇ်ရေလက်ကြားပိတ်လိုက်ခြင်းက ကမ္ဘာ့စွမ်းအင်ဈေးကွက် ချက်ချင်းထိတ်လန့်ခဲ့ရပါသည်။ ဘရန့်ရေနံစျေးနှုန်းသည် ပဋိပက္ခမဖြစ်မီက တစ်စည်လျှင် ၆၇ ဒေါ်လာဝန်းကျင်ရှိရာမှ မတ်လ ၂ ရက်နေ့တွင် ဒေါ်လာ ၈၀ အထိ မြင့်တက်လာခဲ့ပြီး အချို့သုံးသပ်ချက်များက တစ်စည်လျှင် ၁၂၀ မှ ၁၅၀ ဒေါ်လာအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ထားကြပါသည်။ဟော်မုဇ်ရေလက်ကြားပိတ်လိုက်ပါက အထိခိုက်ဆုံးနိုင်ငံများအနက် အိန္ဒိယမှာ ထိပ်ဆုံးနေရာတွင် ရှိနေပါသည်။ အိန္ဒိယသည် ရေလက်ကြားဖြတ်သန်းရာဒေသတွင်းမှ ရေနံ ၆၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ၅၃ ရာခိုင်နှုန်းကို တင်သွင်းနေရပါသည်။ ယခုအခါ အိန္ဒိယ သည် LPG သိုလှောင်မှု ၂ ပတ်စာမျှသာ ခံနိုင်သည့်အန္တရာယ်ရှိနေပါသည်။ ရုပ်ပိုင်းဆိုင်ရာ ရော ဘဏ္ဍာရေးဆိုင်ရာပါ ထိုးနှက်ချက် နှစ်မျိုးစလုံး ခံစားရပါမည်။ ဒုတိယမှာ ပါကစ္စတန်နိုင်ငံဖြစ်ပါ သည်။ ပါကစ္စတန်သည် ၉၉ ရာခိုင်နှုန်းသော LPG ကို ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံမှ ဝယ်ယူနေရခြင်းဖြစ်ပါသည်။ သိုလှောင်မှုလက်ကျန် နည်းပါးနေသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်နိုင်ခြေ များနေပါသည်။ တတိယမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါသည်။ ပါကစ္စတန်နည်းတူ ၎င်း၏ LPG ၇၂ ရာခိုင်နှုန်းကို ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံမှ ရရှိ နေခြင်းဖြစ်ပါသည်။ တစ်နေ့လျှင် ဓာတ်ငွေ့ ၁.၃ ဘီလီယံကုဗ ပြတ်လပ်နေပြီးသားဖြစ်သော ဘင်္ဂလားဒေ့ရှ်အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်နိုင်ခြေများနေပါသည်။ ထိုင်းနိုင်ငံ ၏ ရေနံအသားတင်သွင်းမှုမှာ ဂျီဒီပီ ၄.၇ ရာခိုင်နှုန်းရှိသဖြင့် ရေနံဈေး ၁၀ ရာခိုင်နှုန်း တက်ပါက ဂျီဒီပီ ၀.၅ ကျဆင်းနိုင်၍ ဂျီဒီပီအားဖြင့် အာရှတွင် အထိခိုက်ဆုံးဖြစ်လာနိုင်ပါသည်။ ဂျပန်အနေဖြင့် ထိုဒေသတွင်းမှ ရေနံ ၇၅ ရာခိုင်နှုန်းနှင့် LNG ၆ ရာခိုင်နှုန်း တင်သွင်းနေရသဖြင့် အကျပ်အတည်းရင်ဆိုင်ရဖွယ်ရှိပါသည်။ LNG သိုလှောင်မှု တန်ချိန် ၄.၄ သန်း (၂-၄ ပတ် သာခံနိုင်မည်) သာကျန်ရှိနေပါသည်။ ရုပ်ပိုင်းဆိုင်ရာပြတ်လပ်မှုအပြင် ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် စီးပွားရေး ပိုမိုထိခိုက်နိုင်ပါသည်။ တရုတ်သည် ဒေသတွင်းမှ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်း LNG နှင့် ၃၀ ရာခိုင်နှုန်း တင်သွင်းနေပါသည်။ LNG သိုလှောင်မှု တန်ချိန် ၇.၆ သန်း နှင့် ရေနံစည် ရက်ပေါင်း ၁၁၅ စာ သိုလှောင်ထားနိုင်ပြီး အခြားရွေးချယ်စရာရှိနေသေး သည့်အတွက် သက်ရောက်မှု သက်သာနိုင်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ၎င်း၏ ရေနံ တင်ပို့မှု ၉၀ ရာခိုင်နှုန်း ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းရသဖြင့် အရှေ့-အနောက် ပိုက်လိုင်း တစ်နေ့လျှင် စည်ပေါင်း ၅ သန်း ပြန်လည်ပို့ဆောင်နိုင်ပါသည်။ သို့သော် ကျန်ရှိသည့် ရေနံတင်ပို့မှု ရပ်ဆိုင်းလိုက်ပါက နိုင်ငံဝင်ငွေအပေါ် ကြီးမားသော ထိုးနှက်ချက်ဖြစ်လာပါမည်။ ယူအေအီးရေနံတင်ပို့မှု သိသိသာသာပမာဏမှာ ရေလက်ကြားကို ဖြတ်သန်းနေရပါသည်။ ဟပ်ရှန်-ဖူဂျိုင်းရားပိုက်လိုင်းမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁.၅ သန်း ပြန်လည်ပို့ ဆောင်နိုင်သော်လည်း မတ်လ ၂ ရက်က အီရန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရေနံသိုလှောင်ရုံ မီးလောင်သွားရပါသည်။ ကာတာနိုင်ငံသည် LNG တင်ပို့မှု ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ရာ အဆိုပါ တင်ပို့မှုများကို ရေလက်ကြားကို အသုံးပြုရပါသည်။ မတ်လ ၂ ရက်က LNG ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရာကာ ယူရီးယား၊ မီသနော၊ ပိုလီမာနှင့် အလူမီနီယမ် ထုတ်လုပ်မှုပါ ရပ်နားခဲ့ရ ပါသည်။ ဘာတွေဆက်ဖြစ်လာနိုင်သလဲ လက်ရှိအခြေအနေမှာ အလွန်ပြောင်းလဲမှုမြန်ဆန်နေပါသည်။ ကာလတို၊ ကာလလတ်၊ ကာလရှည်စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ ရက်သတ္တပတ်အနည်းငယ် ကာလတို တွင် ရေလက်ကြား၏ လက်ရှိအခြေအနေ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ရေနံစျေးနှုန်း တစ်စည်လျှင် ၈၀-၁၀၀ ဒေါ်လာအတွင်း မြင့်တက်နေပါမည်။ အာရှနိုင်ငံများတွင် စွမ်းအင်ပြတ် လပ်မှု စတင်နိုင်ပြီး အထူးသဖြင့် တောင်အာရှနိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု များ ဖြစ်ပေါ်လာနိုင်ပါသည်။လပိုင်းကာလလတ်ဖြစ်လာလျှင် နိုင်ငံတကာ၏ သံတမန်ရေး ဖိအားများ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယကဲ့သို့ စွမ်းအင်လိုအပ်ချက်ကြီးမားသောနိုင်ငံများ၏ ဖိအားပေးမှုမှာ အရှိန်မြှင့် လာပါမည်။ အီရန်အနေဖြင့် မိမိ၏ ရပ်တည်ချက်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ပြန်လည်ရောက် ရှိလာရန် အသုံးချပါလိမ့်မည်။ အကယ်၍ ပဋိပက္ခ ဆက်လက်ရှည်ကြာပါက ဆော်ဒီနှင့် အာရပ် စော်ဘွားများနိုင်ငံတို့၏ အရန်ပိုက်လိုင်းများမှ တစ်ဆင့် ရေနံတင်ပို့မှု အနည်းငယ် ပြန်လည် စတင်နိုင်သော်လည်း လုံလောက်မှု မရှိနိုင်ပါ။ ပဋိပက္ခမှာ တစ်နှစ်နှင့်အထက် ရေရှည်ဖြစ်ပွားနေပါက ယခုအကျပ်အတည်းသည် ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်လုံခြုံရေးမူဝါဒ ပြောင်းလဲသွားပါလိမ့်မည်။ အရှေ့အလယ်ပိုင်းအပေါ် မှီခိုမှုလျှော့ချရန် အမေရိကတိုက်မှ ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှု တိုးမြှင့်လာပါမည်။ စွမ်းအင် သိုလှောင်ရုံများ တည်ဆောက်ခြင်းနှင့် ပြည်တွင်းထုတ်လုပ်မှု (အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်) မြှင့်တင်ခြင်းတို့သည် ဦးစားပေး ဆောင်ရွက်လာနိုင်ပါသည်။အချုပ်ဆိုရသော် အီရန်၏ သမိုင်းတစ်လျှောက် ခြိမ်းခြောက်လာခဲ့သော ဟော်မုဇ် ရေလက်ကြားပိတ်ရန် ကြုံးဝါးမှုကို လက်တွေ့ကျကျ လုပ်ဆောင်လိုက်ခြင်းမှာ ကမ္ဘာ့စွမ်းအင် ဂေဟစနစ် အားနည်းချက်များ ထင်ရှားစွာ ပေါ်လာပါသည်။ ဤအကျပ်အတည်းမှာ စွမ်းအင် ထောက်ပံ့ရေးကွင်းဆက်က ပထဝီဝင်နိုင်ငံရေးအပေါ် မည်မျှအထိမှီခိုနေရကြောင်းကို သက်သေ ပြနေပါသည်။ အာရှနိုင်ငံများ အထူးသဖြင့် တောင်အာရှနိုင်ငံများသည် ဤအကျပ်အတည်းကို ရှေ့တန်းမှ ထိခိုက်ခံစားနေရပါသည်။ ရေတိုတွင် သံတမန်ရေးအရ ဖြေရှင်းနိုင်ခြေရှိသော်လည်း ရေရှည်တွင် ကမ္ဘာ့နိုင်ငံများသည် ပိုမိုခံနိုင်ရည်ရှိသော၊ ကွဲပြားမှုရှိသော စွမ်းအင်မူဝါဒများကို ချမှတ်ရန် တင်းကျပ်စွာလုပ်လာနိုင်ပါသည်။ ယခု ရက်ပိုင်းအတွင်း အီရန်နှင့် အမေရိကန်-အစ္စရေးတို့ တိုက်ခိုက်မှုများ၊ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုနှင့် ကာတာ၏ ရေနံထုတ်လုပ်မှုရပ်ဆိုင်းခြင်းက ရေနံစျေးနှုန်းသာမဟုတ်ဘဲ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စက်မှုထုတ်လုပ်မှုကိုပါ ရိုက်ခတ်လာနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။ကိုးကားချက်များ၁။ Radio Moldova. (2026, March 2 ). Tehran blocks world's premier oil transit point in retaliatory escalation. ၂။ Gulf Times. (2026, 2 February 28). How strikes on Iran put focus on the Strait of Hormuz. ၃။ BSS/AFP. (2026, March 1). Three ships attacked in Strait of Hormuz: maritime agencies. ၄။ BERNAMA-Anadolu. (2026, March 3 ). STRAIT OF HORMUZ CLOSURE RESHAPES GLOBAL SHIPPING AS FREIGHT COSTS CLIMB. ၅။ Global Times / sdchina.com. (2026, March 3). Chinese expert weighs in on impact of Strait of Hormuz blockade, Iran’s capability of controlling the strait

ပါရှန်ပင်လယ်ကွေ့၏ ထွက်ပေါက်ဝသဖွယ် တည်ရှိနေသော ဟော်မုဇ် ရေလက်ကြား သည် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို ပြောင်းလဲပစ်နိုင်သည့် ပထဝီနိုင်ငံရေး အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ချေပြီ။ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီနှင့် ထိပ်တန်းခေါင်းဆောင်အချို့ ဆုံးရှုံးရ ပြီးနောက် ချက်ချင်းဆိုသလို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ကြောင်း ကြေညာလိုက်သလို ထိုခြိမ်းခြောက်မှုမှာ လက်တွေ့အဆင့်သို့ ကူးပြောင်းခဲ့ ပေပြီ။ ယခုရက်ပိုင်းမှာပင် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ ထောက်ပံ့မှုပြတ်တောက်ရန် ရှေ့ပြေး လက္ခဏာများကို နိုင်ငံအတော်များများက စတင်ခံစားနေရပြီ ဖြစ်ပါသည်။

ဟော်မုဇ်ရေလက်ကြား

ဟော်မုဇ်ရေလက်ကြားသည် အီရန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းနှင့် အိုမန်နိုင်ငံ မူဆန် ဒမ်ကျွန်းဆွယ်အကြား တည်ရှိပါသည်။ အရှေ့-အနောက် မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀)ခန့် ရှည် လျားပါသည်။ ရေလက်ကြား၏ အကျဉ်းဆုံးနေရာတွင် ၂၁ မိုင် (၃၃ ကီလိုမီတာ) သာ ကျယ်ဝန်း ပြီး သွားလာရေးလမ်းကြောင်းမှာ တစ်ဖက်လျှင် ၂ မိုင်စီခန့်သာ ရှိပါသည်။ 

ဤကဲ့သို့ကျဉ်းမြောင်းလှသော ရေပြင်သည် ကမ္ဘာ့ရေနံစိမ်း ကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် (တစ်နေ့လျှင် စည်ပေါင်း သန်း ၂၀ ခန့်နှင့် ကမ္ဘာ့သဘာဝဓာတ်ငွေ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံ ခန့် ဖြတ်သန်းစီးဆင်းရာ စွမ်းအင်အတွက် အရေးပါဆုံး ပင်လယ်ရေကြောင်း လည်ချောင်းနေရာ (Chokepoint) ဖြစ်ပါသည်။ ဆော်ဒီအာရေဗျ၊ အီရတ်၊ ကူဝိတ်၊ ယူအေအီးနှင့် ကာတာနိုင်ငံ တို့သည် ၎င်းတို့၏ ရေနံနှင့် ဓာတ်ငွေ့တင်ပို့မှုအတွက် ထိုရေလမ်းကြောင်းကိုသာ အားကိုးနေ ရပါသည်။

ရေလက်ကြားပိတ်ရန် ဘာလို့အီရန်ကြေညာတာလဲ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲစစ်ဆင်ရေးကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီနှင့် ထိပ်တန်းခေါင်းဆောင် အများအပြား သေဆုံးခဲ့ရပါသည်။ ထိုဖြစ်ရပ်ကို ချက်ချင်းလက်တုံ့ပြန်သည့်အနေဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးတန်းအကြံပေး အီဘရာဟင်ဂျဘာရီက မတ်လ  ရက်တွင် ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားပြီဖြစ်ကြောင်းနှင့် ဖြတ်သန်းရန် ကြိုးစားသည့် မည်သည့်သင်္ဘောကိုမဆို မီးရှို့ဖျက်ဆီးပစ်မည် ဟု ကြေညာခဲ့ပါသည်  ရေလက်ကြားအတွင်းရှိ သင်္ဘောများသည် အီရန်ရေတပ်မှ ထုတ်လွှင့်သည့် ရေလက်ကြား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကြောင်း ရေဒီယို အသံလွှင့်ချက်ကို ကြားခဲ့ရပါသည်။

လတ်တလော ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှု

အီရန်အနေဖြင့် မတ်လ ၁ ရက်ကြေညာပြီးနေ့မှာပင် သင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့ပါသည်။ ပထမသင်္ဘောသည် အိုမန်ကမ်းလွန်တွင် အမည်မသိသော လက်နက်ထိမှန်ပြီး အင်ဂျင်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ဒုတိယသင်္ဘောသည် ယူအေအီးနိုင်ငံ၊ မီနာဆာကာ၏ အနောက်မြောက်ဘက် ၁၇ ရေမိုင်အကွာတွင် ဒုံးကျည်ထိမှန်ကာ မီးလောင်ခဲ့ပါသည်။  တတိယ သင်္ဘောမှာ ရှာဂျာမြို့၏ အနောက်ဘက် ၃၅ ရေမိုင်အကွာတွင် ၎င်းနှင့် အလွန်နီးကပ်သော နေရာ၌ ဒုံးကျည်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းစဉ် ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်နေပြီ  ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ရေကြောင်းခြေရာခံဒေတာအချက်အလက်များအရ ရေနံတင်သင်္ဘော အစီးရေ ၂၀၀ ကျော်သည် ရေလက်ကြားတစ်ဝိုက်တွင် သောင်တင်နေပြီး ဗဟိုရေလမ်းကြောင်းပေါ်တွင် တစ်စီးမျှ မရှိတော့ပါ။ 

ကမ္ဘာတစ်ဝှမ်း စိုးရိမ်မှုများ

အီရန်၏ ဟော်မုဇ်ရေလက်ကြားပိတ်ရန် ကြေညာချက်က ကမ္ဘာ့ကုန်သွယ်ရေးကို ချက်ချင်း လှိုင်းခတ်သွားစေပါသည်။  ING Group မှ ဝါရင့်စီးပွားရေးပညာရှင် Rico Luman က ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက်များ အပြင်းထန်ဆုံး ထိခိုက်မည်ဖြစ်ပြီး သင်္ဘောတင်ခနှင့် စစ်ဘေးအာမခံကြေးများ အမြင့်ဆုံးတက်ရောက်လာမည်ဟု သုံးသပ်ခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းကြီးများဖြစ်သည့် Maersk အပါအဝင် ကုမ္ပဏီများသည် ဒေသတွင်းမှ အပြီးတိုင်ထွက်ခွာခြင်း သို့မဟုတ် အာဖရိကတိုက်တောင်ဘက်စွန်းကို ပတ်မောင်းခြင်းဖြင့် လမ်းကြောင်းပြောင်းနေကြပါသည်။ ဂျေပီမော်ဂန်၏ မတ် ၁ ရက်က အစီရင်ခံစာတစ်ခုတွင် လေ့လာသုံးသပ်သူများက ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ပါက အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သူများအနေဖြင့် ရက်ပေါင်း ၂၅ ရက်ထက် မပိုသောကာလအထိသာ ထုတ်လုပ် နိုင်မည်ဟု သတိပေးထားပါသည်။ 

၂၀၂၆ ခုနှစ် မတ်လ  ရက်နေ့တွင် နယူးယောက် ကုန်စည်ဒိုင်၌ ဧပြီလပို့ဆောင်မှုအတွက် Light Sweet Crude Oil အနာဂတ်ဈေးကွက်မှာ ၁၂. ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည် လျှင် ဒေါ်လာ ၇၅.၃၃ သို့ ရောက်ရှိခဲ့ပါသည်။  လန်ဒန် ICE ဈေးကွက်တွင် မေလပို့ဆောင်မှုအတွက် ဘရန့်ရေနံစိမ်းဈေးကွက်မှာ ၁၃ ရာခိုင်နှုန်းမြင့်တက်ကာ တစ်စည်လျှင် ဒေါ်လာ ၈၂.၃၇ သို့ ရောက်ရှိခဲ့ပါသည်။ ပဋိပက္ခဆက်လက်ဖြစ်ပွားပါက ရေနံဈေးနှုန်းများ တစ်စည်လျှင် ဒေါ်လာ ၁၅၀ အထိ ခုန်တက်သွားနိုင်သည်ဟု လေ့လာသုံးသပ်သူများက သတိပေးထားကြပါသည်။

ရေလက်ကြားပိတ်လိုက်သည့်ဂယက်ကြောင့် မြေထဲပင်လယ်သင်္ဘောကုမ္ပဏီ (MSC) Maersk  CMA CGM နှင့် ဂျာမနီနိုင်ငံ၏ Hapag-Lloyd AG အပါအဝင် သင်္ဘောလုပ်ငန်းကြီးများသည် သင်္ဘောများကို ဘေးကင်းရာ ဆိပ်ကမ်းများသို့ လမ်းကြောင်းလွှဲပြောင်းစေခြင်း၊ ကြိုတင်အမှာစာသစ်များ ရပ်ဆိုင်းပစ်ခြင်းနှင့် ခရီးစဉ်အချိန်ဇယားများပြောင်းလဲခြင်းတို့ ပြုလုပ် နေကြသောကြောင့် ကုန်စည်ပို့ဆောင်ခနှင့် အာမခံစရိတ်များလည်း မြင့်တက်လျက်ရှိပါသည်။ 

ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်နိုင်မလား

စစ်ဖက်ဆိုင်ရာသုံးသပ်ချက်များအရ အီရန်သည် ရေလက်ကြားကို ရုပ်ပိုင်းဆိုင်ရာအရ အပြီးတိုင်ပိတ်ဆို့ရန် နည်းပညာအရ အခက်အခဲရှိနေပါသည်။ ပုံမှန်သင်္ဘောဖြတ်ပစ်ဒုံးကျည်များ (anti-ship missiles) နှင့် မောင်းသူမဲ့လေယာဉ်များဖြင့်သာ ခြိမ်းခြောက်နိုင်ပါသည်။ ထို့ပြင် ရေလက်ကြားကို အပြီးတိုင်ပိတ်ဆို့ခြင်းမှာ အီရန်အတွက် လွန်စွာ စိန်ခေါ်မှုများလှပါသည်။ ကုန်တင်သင်္ဘောများ ဝင်ရောက်ရန် အနှောက်အယှက်ပေးနိုင်လောက်အောင်တော့ ခြိမ်းခြောက်နိုင်ပါသည်။ ထို့ပြင် အီရန်ကိုယ်တိုင်အတွက် မိမိရေနံတင်ပို့မှုကို ပြန်ထိလာနိုင်သည့် လက်နက်တစ်ခုလည်းဖြစ်ပါသည်။ ရေရှည်တွင် အီရန်အတွက် မဖြစ်နိုင်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။ 

ယခင်က ရေလက်ကြားကို ပိတ်ဖူးပါသလား

သမိုင်းတစ်လျှောက် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ဆို့တာမျိုး မရှိဖူးပါ။ ၁၉၈၀-၁၉၈၈ ခုနှစ် အီရန်-အီရတ်စစ်ပွဲအတွင်း "တင်န်ကာစစ်ပွဲ (Tanker War)" ဟု ခေါ်သော ကာလတွင် နှစ်ဖက်စလုံးက ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခဲ့ကြပြီး အမေရိကန်ရေတပ်က ကူဝိတ်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးခဲ့ရပါသည်။ ၁၉၈၇ ခုနှစ်တွင် အီရန်က ရေမြှုပ်မိုင်း များ တပ်ဆင်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးများကြောင့် ယင်းကာလက ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၃၀ မှ ၄၅ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ရေနံတင်သင်္ဘောငှားရမ်းခ နှစ်ဆတိုး ခဲ့ပါသည်။ 

၂၀၁၈ ခုနှစ် ဇူလိုင်တွင် အီရန်က ရေလက်ကြားအတွင်း ဗြိတိန်ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးရာ ရေနံဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပါသည်။ ထိုလုပ်ရပ်မှာ အမေရိကန် က အီရန်နျူကလီးယားသဘောတူညီမှ နုတ်ထွက်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြန်လည် ချမှတ်ပြီးနောက် နှစ်လခန့်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဖြစ်ရပ်များကြောင့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော နိုင်ငံတကာရေကြောင်းလုံခြုံရေးအဖွဲ့ (International Maritime Security Construct) ကို ဖွဲ့စည်းခဲ့ရပါသည်။

၂၀၂၅ ခုနှစ် ဇွန်လက အီရန်-အစ္စရေး ပဋိပက္ခအတွင်း GPS အချက်ပြမှု နှောင့်ယှက်ခံရမှုကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောထောင်ပေါင်းများစွာ လမ်းကြောင်းပျောက်ခဲ့ရပါသည်။ ထိုကာလက ဖော်ဒိုး၊ နာတန်ဇ်နှင့်အစ်ဖာဟန်တို့ရှိ အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်က လေကြောင်းမှတိုက်ခိုက်မှုအပြီး ရေလက်ကြားပိတ်ရန် တီဟီရန်ပါလီမန်၏ သဘောတူညီမှုကြောင့် ဘရန့်ရေနံစိမ်းဈေးနှုန်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ 

ဆိုလိုသည်မှာ အတိတ်ကာလတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင် ပိတ်ဆို့ခြင်းမလုပ်သော်လည်း ထိုရေလက်ကြား ဂယက်တိုင်းက ရေနံဈေးနှုန်းကို လှုပ်ခတ်စေခဲ့သည်ကို သက်သေပြနေပါသည်။ တီဟီရန်အနေဖြင့် သမိုင်းကြောင်းတစ်လျှောက် မိမိကိုယ်ကို ထိုးနှက်ခြင်း (self-inflicted wound) ကိုတော့ ရှောင်ရှားခဲ့ကြပါသည်။ 

ရေလက်ကြားပိတ်လိုက်ခြင်းက လက်တွေ့အလုပ်ဖြစ်မှာလား  

လက်ရှိတွင် ရေလက်ကြားကို ရုပ်ပိုင်းဆိုင်ရာ အပြီးတိုင် ပိတ်ဆို့ထားခြင်းထက် စစ်ရေးအရ ခြိမ်းခြောက်မှုများဖြင့် သွားလာမှုကို ရပ်တန့်ထားခြင်းဟု တွေ့မြင်နိုင်ပါသည်။ သင်္ဘောအစီးရေ ၂၀၀ ကျော် သောင်တင်နေခြင်းနှင့် သွားလာမှု ၈၆ခန့် ကျဆင်းခြင်းသည် လက်တွေ့ပိတ်ဆို့မှု၏ အကျိုးသက်ရောက်မှုကို ပြသနေသည်။ သို့သော် ကျွမ်းကျင်သူများက ထိုအခြေအနေ ရေရှည်တည်မြဲရန် ဖြစ်နိုင်ခြေ ၁၀-၂၀သာ ရှိသည်ဟု ခန့်မှန်းကြပြီး အီရန်အနေဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရှောင်ရှားရန် သံတမန်ရေးအရ ညှိနှိုင်းမှုများ ပြုလုပ် လာနိုင်သည်ဟု သုံးသပ်ထားကြပါသည်။

ရေလက်ကြားပိတ်ရင် ဘယ်နိုင်ငံတွေ ထိခိုက်နိုင်သလဲ

မတ်လ ၁ ရက်က အီရန်တို့၏ဟော်မုဇ်ရေလက်ကြားပိတ်လိုက်ခြင်းက ကမ္ဘာ့စွမ်းအင်ဈေးကွက် ချက်ချင်းထိတ်လန့်ခဲ့ရပါသည်။ ဘရန့်ရေနံစျေးနှုန်းသည် ပဋိပက္ခမဖြစ်မီက တစ်စည်လျှင် ၆၇ ဒေါ်လာဝန်းကျင်ရှိရာမှ မတ်လ  ရက်နေ့တွင် ဒေါ်လာ ၈၀ အထိ မြင့်တက်လာခဲ့ပြီး အချို့သုံးသပ်ချက်များက တစ်စည်လျှင် ၁၂၀ မှ ၁၅၀ ဒေါ်လာအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ထားကြပါသည်။

ဟော်မုဇ်ရေလက်ကြားပိတ်လိုက်ပါက အထိခိုက်ဆုံးနိုင်ငံများအနက် အိန္ဒိယမှာ ထိပ်ဆုံးနေရာတွင် ရှိနေပါသည်။ အိန္ဒိယသည် ရေလက်ကြားဖြတ်သန်းရာဒေသတွင်းမှ ရေနံ ၆၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ၅၃ ရာခိုင်နှုန်းကို တင်သွင်းနေရပါသည်။ ယခုအခါ အိန္ဒိယ သည် LPG သိုလှောင်မှု ၂ ပတ်စာမျှသာ ခံနိုင်သည့်အန္တရာယ်ရှိနေပါသည်။ ရုပ်ပိုင်းဆိုင်ရာ ရော ဘဏ္ဍာရေးဆိုင်ရာပါ ထိုးနှက်ချက် နှစ်မျိုးစလုံး ခံစားရပါမည်။ ဒုတိယမှာ ပါကစ္စတန်နိုင်ငံဖြစ်ပါ သည်။ ပါကစ္စတန်သည် ၉၉ ရာခိုင်နှုန်းသော LPG ကို ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံမှ ဝယ်ယူနေရခြင်းဖြစ်ပါသည်။ သိုလှောင်မှုလက်ကျန် နည်းပါးနေသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်နိုင်ခြေ များနေပါသည်။ တတိယမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါသည်။ ပါကစ္စတန်နည်းတူ ၎င်း၏ LPG ၇၂ ရာခိုင်နှုန်းကို ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံမှ ရရှိ နေခြင်းဖြစ်ပါသည်။ တစ်နေ့လျှင် ဓာတ်ငွေ့ ၁.၃ ဘီလီယံကုဗ ပြတ်လပ်နေပြီးသားဖြစ်သော ဘင်္ဂလားဒေ့ရှ်အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်နိုင်ခြေများနေပါသည်။ ထိုင်းနိုင်ငံ ၏ ရေနံအသားတင်သွင်းမှုမှာ ဂျီဒီပီ ၄.၇ ရာခိုင်နှုန်းရှိသဖြင့် ရေနံဈေး ၁၀ ရာခိုင်နှုန်း တက်ပါက ဂျီဒီပီ ၀.၅ ကျဆင်းနိုင်၍ ဂျီဒီပီအားဖြင့် အာရှတွင် အထိခိုက်ဆုံးဖြစ်လာနိုင်ပါသည်။ 

ဂျပန်အနေဖြင့် ထိုဒေသတွင်းမှ ရေနံ ၇၅ ရာခိုင်နှုန်းနှင့် LNG ၆ ရာခိုင်နှုန်း တင်သွင်းနေရသဖြင့် အကျပ်အတည်းရင်ဆိုင်ရဖွယ်ရှိပါသည်။ LNG သိုလှောင်မှု တန်ချိန် ၄.၄ သန်း (၂-၄ ပတ် သာခံနိုင်မည်) သာကျန်ရှိနေပါသည်။ ရုပ်ပိုင်းဆိုင်ရာပြတ်လပ်မှုအပြင် ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် စီးပွားရေး ပိုမိုထိခိုက်နိုင်ပါသည်။ တရုတ်သည် ဒေသတွင်းမှ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်း LNG နှင့် ၃၀ ရာခိုင်နှုန်း တင်သွင်းနေပါသည်။ LNG သိုလှောင်မှု တန်ချိန် ၇.၆ သန်း နှင့် ရေနံစည် ရက်ပေါင်း ၁၁၅ စာ သိုလှောင်ထားနိုင်ပြီး အခြားရွေးချယ်စရာရှိနေသေး သည့်အတွက် သက်ရောက်မှု သက်သာနိုင်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ၎င်း၏ ရေနံ တင်ပို့မှု ၉၀ ရာခိုင်နှုန်း ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းရသဖြင့် အရှေ့-အနောက် ပိုက်လိုင်း တစ်နေ့လျှင် စည်ပေါင်း ၅ သန်း ပြန်လည်ပို့ဆောင်နိုင်ပါသည်။ သို့သော် ကျန်ရှိသည့် ရေနံတင်ပို့မှု ရပ်ဆိုင်းလိုက်ပါက နိုင်ငံဝင်ငွေအပေါ်  ကြီးမားသော ထိုးနှက်ချက်ဖြစ်လာပါမည်။ 

ယူအေအီးရေနံတင်ပို့မှု သိသိသာသာပမာဏမှာ ရေလက်ကြားကို ဖြတ်သန်းနေရပါသည်။ ဟပ်ရှန်-ဖူဂျိုင်းရားပိုက်လိုင်းမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁.၅ သန်း ပြန်လည်ပို့ ဆောင်နိုင်သော်လည်း မတ်လ ၂ ရက်က အီရန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရေနံသိုလှောင်ရုံ မီးလောင်သွားရပါသည်။ ကာတာနိုင်ငံသည် LNG တင်ပို့မှု ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ရာ အဆိုပါ တင်ပို့မှုများကို ရေလက်ကြားကို အသုံးပြုရပါသည်။ မတ်လ ၂ ရက်က LNG ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရာကာ ယူရီးယား၊ မီသနော၊ ပိုလီမာနှင့် အလူမီနီယမ် ထုတ်လုပ်မှုပါ ရပ်နားခဲ့ရ ပါသည်။ 

ဘာတွေဆက်ဖြစ်လာနိုင်သလဲ 

လက်ရှိအခြေအနေမှာ  အလွန်ပြောင်းလဲမှုမြန်ဆန်နေပါသည်။ ကာလတို၊ ကာလလတ်၊ ကာလရှည်စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ ရက်သတ္တပတ်အနည်းငယ် ကာလတို တွင် ရေလက်ကြား၏ လက်ရှိအခြေအနေ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ရေနံစျေးနှုန်း တစ်စည်လျှင် ၈၀-၁၀၀ ဒေါ်လာအတွင်း မြင့်တက်နေပါမည်။ အာရှနိုင်ငံများတွင် စွမ်းအင်ပြတ် လပ်မှု စတင်နိုင်ပြီး အထူးသဖြင့် တောင်အာရှနိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု များ ဖြစ်ပေါ်လာနိုင်ပါသည်။

လပိုင်းကာလလတ်ဖြစ်လာလျှင် နိုင်ငံတကာ၏ သံတမန်ရေး ဖိအားများ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယကဲ့သို့ စွမ်းအင်လိုအပ်ချက်ကြီးမားသောနိုင်ငံများ၏ ဖိအားပေးမှုမှာ အရှိန်မြှင့် လာပါမည်။ အီရန်အနေဖြင့် မိမိ၏ ရပ်တည်ချက်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ပြန်လည်ရောက် ရှိလာရန် အသုံးချပါလိမ့်မည်။ အကယ်၍ ပဋိပက္ခ ဆက်လက်ရှည်ကြာပါက ဆော်ဒီနှင့် အာရပ် စော်ဘွားများနိုင်ငံတို့၏ အရန်ပိုက်လိုင်းများမှ တစ်ဆင့် ရေနံတင်ပို့မှု အနည်းငယ် ပြန်လည် စတင်နိုင်သော်လည်း လုံလောက်မှု မရှိနိုင်ပါ။ 

ပဋိပက္ခမှာ တစ်နှစ်နှင့်အထက် ရေရှည်ဖြစ်ပွားနေပါက ယခုအကျပ်အတည်းသည် ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်လုံခြုံရေးမူဝါဒ ပြောင်းလဲသွားပါလိမ့်မည်။ အရှေ့အလယ်ပိုင်းအပေါ် မှီခိုမှုလျှော့ချရန် အမေရိကတိုက်မှ ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှု တိုးမြှင့်လာပါမည်။  စွမ်းအင် သိုလှောင်ရုံများ တည်ဆောက်ခြင်းနှင့် ပြည်တွင်းထုတ်လုပ်မှု (အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မြှင့်တင်ခြင်းတို့သည် ဦးစားပေး ဆောင်ရွက်လာနိုင်ပါသည်။

အချုပ်ဆိုရသော် အီရန်၏ သမိုင်းတစ်လျှောက် ခြိမ်းခြောက်လာခဲ့သော ဟော်မုဇ် ရေလက်ကြားပိတ်ရန် ကြုံးဝါးမှုကို လက်တွေ့ကျကျ လုပ်ဆောင်လိုက်ခြင်းမှာ ကမ္ဘာ့စွမ်းအင် ဂေဟစနစ် အားနည်းချက်များ ထင်ရှားစွာ ပေါ်လာပါသည်။ ဤအကျပ်အတည်းမှာ စွမ်းအင် ထောက်ပံ့ရေးကွင်းဆက်က ပထဝီဝင်နိုင်ငံရေးအပေါ် မည်မျှအထိမှီခိုနေရကြောင်းကို သက်သေ ပြနေပါသည်။ အာရှနိုင်ငံများ အထူးသဖြင့် တောင်အာရှနိုင်ငံများသည် ဤအကျပ်အတည်းကို ရှေ့တန်းမှ ထိခိုက်ခံစားနေရပါသည်။ 

ရေတိုတွင် သံတမန်ရေးအရ ဖြေရှင်းနိုင်ခြေရှိသော်လည်း ရေရှည်တွင် ကမ္ဘာ့နိုင်ငံများသည် ပိုမိုခံနိုင်ရည်ရှိသော၊ ကွဲပြားမှုရှိသော စွမ်းအင်မူဝါဒများကို ချမှတ်ရန် တင်းကျပ်စွာလုပ်လာနိုင်ပါသည်။ ယခု ရက်ပိုင်းအတွင်း အီရန်နှင့် အမေရိကန်-အစ္စရေးတို့ တိုက်ခိုက်မှုများ၊ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုနှင့် ကာတာ၏ ရေနံထုတ်လုပ်မှုရပ်ဆိုင်းခြင်းက ရေနံစျေးနှုန်းသာမဟုတ်ဘဲ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စက်မှုထုတ်လုပ်မှုကိုပါ ရိုက်ခတ်လာနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။

ကိုးကားချက်များ

၁။ Radio Moldova. (2026, March 2 ). Tehran blocks world's premier oil transit point in retaliatory escalation

၂။ Gulf Times. (2026, 2 February 28). How strikes on Iran put focus on the Strait of Hormuz

၃။ BSS/AFP. (2026, March 1). Three ships attacked in Strait of Hormuz: maritime agencies

၄။ BERNAMA-Anadolu. (2026, March 3 ). STRAIT OF HORMUZ CLOSURE RESHAPES GLOBAL SHIPPING AS FREIGHT COSTS CLIMB

၅။ Global Times / sdchina.com. (2026, March 3). Chinese expert weighs in on impact of Strait of Hormuz blockade, Iran’s capability of controlling the strait

ကူဝိတ်နိုင်ငံက အမေရိကန်၏ F-15 တိုက်လေယာဉ် ၃ စီးကို အမှန်တကယ် မှားယွင်းပစ်ချခဲ့ခြင်းလား?
-
ဗီယက်နမ်စစ်ပွဲနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် အဆိုးရွားဆုံး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်နေ့ကို "မိမိအချင်းချင်း မှားယွင်းပစ်ခတ်မှု" (Friendly Fire) ကြောင့်ဖြစ်ရသည့် မတော်တဆမှုတစ်ခုအဖြစ် အမေရိကန်စစ်တပ်က သင့်ကို ယုံကြည်စေလိုပါသည်။ သို့သော် အသေးစိတ် ပြန်လည်စူးစမ်းကြည့်ပါက ထိုပြောကြားချက်မှာ ဖြစ်နိုင်ခြေအလွန်နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကူဝိတ်နိုင်ငံအထက်တွင် အမေရိကန်၏ F-15E Strike Eagle တိုက်လေယာဉ် ၃ စီး ပစ်ချခံခဲ့ရပြီး ယင်းဖြစ်ရပ်ကို "ထင်ရှားသော မိမိအချင်းချင်း မှားယွင်းပစ်ခတ်မှုတစ်ခု" ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ခေါ်ဆိုခဲ့သည်။ လေယာဉ်တစ်စီးလျှင် ၂ ဦး စီဖြင့် စုစုပေါင်း ပိုင်းလော့ ၆ ဦးစလုံးမှာ လေယာဉ်ပေါ်မှ ဘေးကင်းစွာခုန်ထွက်နိုင်ခဲ့ကြပြီး ပြင်းထန်သော ဒဏ်ရာရရှိမှုမျိုး မရှိခဲ့ပေ။ယင်းဖြစ်ရပ်ကြောင့် ထိုနေ့သည် ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်လေတပ်အတွက် ဆုံးရှုံးမှု အကြီးမားဆုံးနေ့တစ်နေ့ ဖြစ်လာခဲ့သည်။ ဗီယက်နမ်စစ်ပွဲအပြီး ဆယ်စုနှစ် ၅ ခုအတွင်း အမေရိကန် လေတပ်အနေဖြင့် တစ်ရက်တည်း၌ တိုက်လေယာဉ် ၃ စီး ဆုံးရှုံးခဲ့ရသည့်ဖြစ်ရပ်မှာ တစ်ကြိမ်သာ ရှိခဲ့ဖူးသည်။ ၎င်းမှာ ၁၉၉၁ ခုနှစ် Desert Storm စစ်ဆင်ရေး၏ ဒုတိယမြောက်နေ့တွင် အီရတ်နိုင်ငံ အထက်၌ F-16 ၂ စီးနှင့် F-15 ၁ စီး ပစ်ချခံခဲ့ရသည့် ဖြစ်ရပ်ပင် ဖြစ်သည်။အဆိုပါ F-15 တိုက်လေယာဉ်များသည် "ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၏ မှားယွင်းပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်" ဟု CENTCOM က ဆိုသည်။ ဤဇာတ်လမ်းမှာ မှန်ကန်နိုင်သော်လည်း လက်ခံရခက်ခဲသည့် ဟာကွက်အချို့ကမူ ထိုဖြစ်ရပ်အတွက် အခြားတစ်စုံတစ်ဦးတွင် တာဝန်ရှိနိုင်ကြောင်း ညွှန်ပြနေပါသည်။Patriot ဒုံးကျည်ဆိုင်ရာ ပြဿနာ ရရှိထားသော ဗီဒီယိုမှတ်တမ်းများအရ F-15 တိုက်လေယာဉ်များသည် ၎င်းတို့၏ အင်ဂျင်နေရာများတွင် ထိမှန်ခံခဲ့ရသည်ကို တွေ့ရှိရသဖြင့် အပူအာရုံခံဒုံးကျည်များ (Heat-seeking missiles) ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း ကူဝိတ်နိုင်ငံပိုင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များထဲတွင် ထိုနည်းပညာဖြင့် လုပ်ဆောင်သည့်စနစ် တစ်ခုမျှမရှိပေ။ ကူဝိတ်တွင် M902 Patriot ဒုံးကျည်ပစ်စင် ၃၅ ခုရှိပြီး HAWK ၊ NASAMS နှင့် အီတလီထုတ် Spada 2000 စနစ် အနည်းငယ်စီ ရှိကြသော်လည်း ထိုစနစ်အားလုံးမှာ အပူအာရုံခံဒုံးကျည်များမဟုတ်ဘဲ ရေဒါလမ်းညွှန် စနစ်သုံး ဒုံးကျည်များကိုသာ ပစ်ခတ်ခြင်းဖြစ်သည်။Patriot ၏ PAC-3 ဒုံးကျည်များသည် ပစ်မှတ်တိုက်လေယာဉ် သို့မဟုတ် ပဲ့ထိန်းဒုံးကျည်များ၏ အလယ်ဗဟိုကို တိုက်ရိုက်ဝင်ရောက်ဆောင့်မိစေရန် ပစ်ခတ်ခြင်းဖြစ်ပြီး ကူဝိတ်ပိုင် အခြားစနစ်များမှ ပစ်ခတ်သော ဒုံးကျည်များသည် ပစ်မှတ်နှင့် အနီးကပ်ဆုံးနေရာတွင် ပေါက်ကွဲစေသည့် ထိပ်ဖူးများကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့ကို တိုက်လေယာဉ်များကို တိုက်ခိုက်ရာတွင် အသုံးပြုပါက ပုံမှန်အားဖြင့် ပစ်မှတ်၏ လောင်စာဆီကန်နှင့် လေယာဉ်မောင်းခန်းကြားတွင် ပေါက်ကွဲလေ့ရှိသည်။ထို့အပြင် F-15 များ ပစ်ချခံရချိန်၌ ကောင်းကင်ယံတွင် PAC-3 နှင့် အလားတူဒုံးကျည်များ ချန်ရစ်လေ့ ရှိသော မီးခိုးတန်းများကိုလည်း မတွေ့ရှိရပေ။ ကူဝိတ်အနေဖြင့် ၎င်းတို့တွင် အများဆုံးရှိပြီး အဆင့်အမြင့်ဆုံးဖြစ်သော Patriot စနစ်များကို F-15 များအပေါ် အသုံးပြုခဲ့သည်ဟု ယူဆမည်ဆိုပါက လေယာဉ်အဖွဲ့ဝင် ၆ ဦးစလုံး အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ စာရင်းဇယားများအရ အလွန်ထူးခြားနေပါသည်။ မိတ်ဆွေဖြစ်စေ၊ ရန်သူဖြစ်စေ မည်သည့်လေယာဉ်မောင်းမျှ Patriot ဒုံးကျည်ဖြင့် အောင်မြင်စွာ ကြားဖြတ်ပစ်ခတ်ခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့ဖူးခြင်း မရှိပေ။ ၂၀၂၄ ခုနှစ်တွင် ယူကရိန်းတိုက်လေယာဉ်မောင်း Aleksey Mes သည် အမေရိကန်ထောက်ပံ့ထားသော F-16 လေယာဉ်ကို အမေရိကန်ထောက်ပံ့ထားသည့် PAC-3 ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်ခံရစဉ် သေဆုံးခဲ့ရသကဲ့သို့ ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံအထက်၌ ဗြိတိန်၏ Tornado ကင်းထောက်လေယာဉ်ကို PAC-3 ဒုံးကျည်ထိမှန်ခဲ့စဉ်ကလည်း လေယာဉ်မောင်းနှင့် လမ်းညွှန်အရာရှိ နှစ်ဦးစလုံးမှာ ချက်ချင်းဆိုသလို သေဆုံးခဲ့ရသည်။မိတ်ဆွေနှင့် ရန်သူ ခွဲခြားမှုစနစ် Patriot စနစ်နှင့် အခြားအမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် မိတ်ဆွေ သို့မဟုတ် ရန်သူခွဲခြားနိုင်သည့် IFF (Identification Friend or Foe) နည်းပညာ တပ်ဆင်ထားပါသည်။ အမေရိကန် တိုက်လေယာဉ်များပေါ်ရှိ IFF လှိုင်းထုတ်စက်များသည် မြေပြင်ရေဒါများ ဖတ်ရှုနိုင်သည့် လျှို့ဝှက်ကုဒ်ပါ အချက်ပြလှိုင်းများကို ထုတ်လွှင့်ပေးခြင်းဖြင့် ၎င်းတို့မှာ မိတ်ဆွေလေယာဉ် ဖြစ်ကြောင်း အသိပေးပြီး လက်နက်များဖြင့် ပစ်ခတ်မှုကို တားဆီးပေးပါသည်။ အမေရိကန် တိုက်လေယာဉ်များအနေဖြင့် ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် IFF ချိတ်ဆက်မှုမရှိဘဲ ကူဝိတ်ကောင်းကင်ယံတွင် ပျံသန်းစစ်ဆင်နေရန်မှာ အလွန်ပင် မဖြစ်နိုင်သလောက်ဖြစ်သော်လည်း ယခင်က ထိုသို့သော အမှားမျိုးများ ဖြစ်ပွားခဲ့ဖူးပါသည်။ ၂၀၂၄ ခုနှစ်က Aleksey Mes သေဆုံးမှုနှင့် ၂၀၀၃ ခုနှစ်က ဗြိတိန်လေယာဉ်အဖွဲ့ဝင်များသေဆုံးမှုကိုမူ စစ်ဆင်ရေးမစတင်မီ လေကြောင်းနှင့် မြေပြင်အဖွဲ့များအကြား IFF ကုဒ်များ ဖလှယ်ရန် ပျက်ကွက်ခဲ့မှုကြောင့်ဟု ပြစ်တင်ပြောဆိုခဲ့ကြပါသည်။ထုတ်ပြန်ချက်များအတွင်းမှ သဲလွန်စများ CENTCOM ၏ ထုတ်ပြန်ချက်တွင် အရေးကြီးနိုင်သည့် အချက်တစ်ချက်ပါဝင်နေပြီး ယင်းမှာ လေယာဉ်များ ပစ်ချခံရချိန်တွင် “အီရန်လေယာဉ်များ၏ တိုက်ခိုက်မှုများ” ဖြစ်ပွားနေသည်ဟု ဖော်ပြထားခြင်းပင် ဖြစ်သည်။ အီရန်တိုက်လေယာဉ်များ ရှိနေရုံမျှဖြင့် ၎င်းတို့တွင် F-15 များကိုပစ်ချခဲ့သည့် တာဝန်ရှိသည်ဟု မဆိုလိုနိုင်သော်လည်း လက်ရှိအချိန်တွင် ယင်းဖြစ်နိုင်ခြေကိုမူ ဖယ်ထုတ်ထား၍ မရနိုင်သေးပေ။CENTCOM က “ထိုဖြစ်ရပ်ကို ကူဝိတ်နိုင်ငံဘက်က ဝန်ခံထားသည်” ဟု ဆိုသော်လည်း ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ မိမိအချင်းချင်း မှားယွင်းပစ်ခတ်မှု (Friendly Fire) နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။ ယင်းအစား အမေရိကန်လေယာဉ်များ ပျက်ကျခဲ့ကြောင်းနှင့် ထိုအချိန်၌ ကောင်းကင်ယံတွင် “ရန်သူ့ လေကြောင်းပစ်မှတ် အများအပြား” ရှိနေခဲ့ကြောင်းသာ ဖော်ပြထားပါသည်။F-15 တိုက်လေယာဉ်များကို မည်သူပစ်ချခဲ့သနည်း ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အပြိုင်ဖြစ်နေသော ယူဆချက်နှစ်ခုရှိနေသည်။ CENTCOM ၏ "မိမိ အချင်းချင်း မှားယွင်းပစ်ခတ်မှု" ဟူသော ရှင်းလင်းချက်မှာ နည်းပညာအရ ခိုင်လုံမှုအားနည်းနေ သကဲ့သို့ ကူဝိတ်ဘက်က ထောက်ခံထားခြင်းမရှိသော်လည်း ဖြစ်နိုင်ခြေရှိနေဆဲ ဖြစ်သည်။ ပင်တဂွန် စစ်ဌာနချုပ်က လက်ရှိတွင် ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး "အချက်အလက်သစ်များ ရရှိလာ သည်နှင့်အမျှ ထပ်မံထုတ်ပြန်ပေးသွားမည်" ဟု ကတိပြုထားသည်။အခြားတစ်ဖက်တွင်မူ အီရန်စစ်တပ်က တိုက်လေယာဉ် အနည်းဆုံးတစ်စီးကို ပစ်ချခဲ့ကြောင်း ဆိုလာသည်။ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော Khatam Al-Anbiya လေကြောင်းရန် ကာကွယ်ရေးစခန်း၏ ထုတ်ပြန်ချက်တွင် "နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်သည့် အမေရိကန်စစ်တပ်ပိုင် F-15 တိုက်လေယာဉ်တစ်စီးကို အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ကာ ပစ်ချနိုင်ခဲ့သည်" ဟု ဖော်ပြ ထားသည်။တီဟီရန်တွင် အခြေစိုက်သော Khatam Al-Anbiya လေကြောင်းရန်ကာကွယ်ရေးစခန်းသည် အီရန်ပုံမှန်စစ်တပ်နှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) တို့အကြား လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းပေးသည့် ဌာနဖြစ်သည်။အီရန်၏ ကြားဖြတ်တိုက်လေယာဉ်များသည် ကူဝိတ်ကောင်းကင်ယံအထိ ရောက်ရှိလာနိုင်သည့် ဖြစ်နိုင်ခြေရှိသော်လည်း အီရန်၏ တာလတ်နှင့် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် များသည်လည်း ရန်သူ့လေယာဉ်များကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်သည့် ရေဒါလမ်းညွှန် စနစ်သုံး ဒုံးကျည်ကြီးများကိုသာ အသုံးပြုကြသည်။ ထို့ကြောင့် အဆိုပါလေယာဉ်များသည် အီရန် လေတပ်က အသုံးပြုသော R-73 သို့မဟုတ် R-74 ကဲ့သို့သော အနီးကပ်ပစ် အပူအာရုံခံဒုံးကျည်များဖြင့် ပစ်ချခံရခြင်းဖြစ်သည်ဟူသော ကောက်ချက်မှာ ပို၍ဖြစ်နိုင်ကြောင်း ယူဆရသည်။ သို့သော်လည်း နှစ်ဖက်စလုံး၏ တရားဝင်ထုတ်ပြန်ချက်များအပေါ်၌သာ အခြေခံနေရသဖြင့် RT သတင်းဌာနအနေဖြင့် ထိုသို့ဖြစ်နိုင်မဖြစ်နိုင်ကို အတည်ပြုခန့်မှန်းနိုင်ခြင်း မရှိသေးပေ။စစ်ပွဲများတွင် အမြဲရှိနေတတ်သည့် အချက်နှစ်ချက်မှာ အမှားအယွင်းများ ဖြစ်ပေါ်တတ်ခြင်းနှင့် စစ်တပ်များသည် ၎င်းတို့၏ အောင်နိုင်မှု သို့မဟုတ် ဆုံးရှုံးမှုများနှင့်ပတ်သက်၍ လိမ်ညာတတ်ကြခြင်းပင်ဖြစ်သည်။ အမေရိကန်အတွက်မူ မည်သည့်ရှင်းလင်းချက်ကမျှ ကောင်းမွန်သောပုံရိပ်ကို မပေးစွမ်းနိုင်ပေ။ မိမိတို့၏ ဝန်ထမ်းများနှင့် မဟာမိတ်များအကြား အရည်အချင်းမပြည့်ဝမှုနှင့် ရှုပ်ထွေးမှုများကြောင့် တစ်ရက်တည်း၌ တိုက်လေယာဉ် ၃ စီး ဆုံးရှုံးခဲ့ရခြင်း ဖြစ်နိုင်သကဲ့သို့ မိမိတို့ထက် နိမ့်ကျပြီး ရှုံးနိမ့်လုနီးပါးဖြစ်နေသည်ဟု ယူဆထားသော ရန်သူ၏ လက်ချက်ဖြင့် ဆုံးရှုံးခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။ လက်ရှိအချိန်တွင်မူ အမှန်တရားသည် စစ်ပွဲ၏ မရေရာမှုများကြားတွင် ဖုံးကွယ်နေဆဲပင်ဖြစ်သည်။(RT တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် RT newsroom အဖွဲ့၏ “Did Kuwait really shoot down three US F-15s?” ကို ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

ဗီယက်နမ်စစ်ပွဲနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် အဆိုးရွားဆုံး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်နေ့ကို "မိမိအချင်းချင်း မှားယွင်းပစ်ခတ်မှု" (Friendly Fire) ကြောင့်ဖြစ်ရသည့် မတော်တဆမှုတစ်ခုအဖြစ် အမေရိကန်စစ်တပ်က သင့်ကို ယုံကြည်စေလိုပါသည်။ သို့သော် အသေးစိတ် ပြန်လည်စူးစမ်းကြည့်ပါက ထိုပြောကြားချက်မှာ ဖြစ်နိုင်ခြေအလွန်နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။

မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကူဝိတ်နိုင်ငံအထက်တွင် အမေရိကန်၏ F-15E Strike Eagle တိုက်လေယာဉ် ၃ စီး ပစ်ချခံခဲ့ရပြီး ယင်းဖြစ်ရပ်ကို "ထင်ရှားသော မိမိအချင်းချင်း မှားယွင်းပစ်ခတ်မှုတစ်ခု" ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ခေါ်ဆိုခဲ့သည်။ လေယာဉ်တစ်စီးလျှင် ၂ ဦး စီဖြင့် စုစုပေါင်း ပိုင်းလော့ ၆ ဦးစလုံးမှာ လေယာဉ်ပေါ်မှ ဘေးကင်းစွာခုန်ထွက်နိုင်ခဲ့ကြပြီး ပြင်းထန်သော ဒဏ်ရာရရှိမှုမျိုး မရှိခဲ့ပေ။

ယင်းဖြစ်ရပ်ကြောင့် ထိုနေ့သည် ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်လေတပ်အတွက် ဆုံးရှုံးမှု အကြီးမားဆုံးနေ့တစ်နေ့ ဖြစ်လာခဲ့သည်။ ဗီယက်နမ်စစ်ပွဲအပြီး ဆယ်စုနှစ် ၅ ခုအတွင်း အမေရိကန် လေတပ်အနေဖြင့် တစ်ရက်တည်း၌ တိုက်လေယာဉ် ၃ စီး ဆုံးရှုံးခဲ့ရသည့်ဖြစ်ရပ်မှာ တစ်ကြိမ်သာ ရှိခဲ့ဖူးသည်။ ၎င်းမှာ ၁၉၉၁ ခုနှစ် Desert Storm စစ်ဆင်ရေး၏ ဒုတိယမြောက်နေ့တွင် အီရတ်နိုင်ငံ အထက်၌ F-16 ၂ စီးနှင့် F-15 ၁ စီး ပစ်ချခံခဲ့ရသည့် ဖြစ်ရပ်ပင် ဖြစ်သည်။

အဆိုပါ F-15 တိုက်လေယာဉ်များသည် "ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၏ မှားယွင်းပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်" ဟု CENTCOM က ဆိုသည်။ ဤဇာတ်လမ်းမှာ မှန်ကန်နိုင်သော်လည်း လက်ခံရခက်ခဲသည့် ဟာကွက်အချို့ကမူ ထိုဖြစ်ရပ်အတွက် အခြားတစ်စုံတစ်ဦးတွင် တာဝန်ရှိနိုင်ကြောင်း ညွှန်ပြနေပါသည်။

Patriot ဒုံးကျည်ဆိုင်ရာ ပြဿနာ 

ရရှိထားသော ဗီဒီယိုမှတ်တမ်းများအရ F-15 တိုက်လေယာဉ်များသည် ၎င်းတို့၏ အင်ဂျင်နေရာများတွင် ထိမှန်ခံခဲ့ရသည်ကို တွေ့ရှိရသဖြင့် အပူအာရုံခံဒုံးကျည်များ (Heat-seeking missiles) ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း ကူဝိတ်နိုင်ငံပိုင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များထဲတွင် ထိုနည်းပညာဖြင့် လုပ်ဆောင်သည့်စနစ် တစ်ခုမျှမရှိပေ။ ကူဝိတ်တွင် M902 Patriot ဒုံးကျည်ပစ်စင် ၃၅ ခုရှိပြီး HAWK ၊ NASAMS နှင့် အီတလီထုတ် Spada 2000 စနစ် အနည်းငယ်စီ ရှိကြသော်လည်း ထိုစနစ်အားလုံးမှာ အပူအာရုံခံဒုံးကျည်များမဟုတ်ဘဲ ရေဒါလမ်းညွှန် စနစ်သုံး ဒုံးကျည်များကိုသာ ပစ်ခတ်ခြင်းဖြစ်သည်။

Patriot ၏ PAC-3 ဒုံးကျည်များသည် ပစ်မှတ်တိုက်လေယာဉ် သို့မဟုတ် ပဲ့ထိန်းဒုံးကျည်များ၏ အလယ်ဗဟိုကို တိုက်ရိုက်ဝင်ရောက်ဆောင့်မိစေရန် ပစ်ခတ်ခြင်းဖြစ်ပြီး ကူဝိတ်ပိုင် အခြားစနစ်များမှ ပစ်ခတ်သော ဒုံးကျည်များသည် ပစ်မှတ်နှင့် အနီးကပ်ဆုံးနေရာတွင် ပေါက်ကွဲစေသည့် ထိပ်ဖူးများကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့ကို တိုက်လေယာဉ်များကို တိုက်ခိုက်ရာတွင် အသုံးပြုပါက ပုံမှန်အားဖြင့် ပစ်မှတ်၏ လောင်စာဆီကန်နှင့် လေယာဉ်မောင်းခန်းကြားတွင် ပေါက်ကွဲလေ့ရှိသည်။

ထို့အပြင် F-15 များ ပစ်ချခံရချိန်၌ ကောင်းကင်ယံတွင် PAC-3 နှင့် အလားတူဒုံးကျည်များ ချန်ရစ်လေ့ ရှိသော မီးခိုးတန်းများကိုလည်း မတွေ့ရှိရပေ။ ကူဝိတ်အနေဖြင့် ၎င်းတို့တွင် အများဆုံးရှိပြီး အဆင့်အမြင့်ဆုံးဖြစ်သော Patriot စနစ်များကို F-15 များအပေါ် အသုံးပြုခဲ့သည်ဟု ယူဆမည်ဆိုပါက လေယာဉ်အဖွဲ့ဝင် ၆ ဦးစလုံး အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ စာရင်းဇယားများအရ အလွန်ထူးခြားနေပါသည်။ မိတ်ဆွေဖြစ်စေ၊ ရန်သူဖြစ်စေ မည်သည့်လေယာဉ်မောင်းမျှ Patriot ဒုံးကျည်ဖြင့် အောင်မြင်စွာ ကြားဖြတ်ပစ်ခတ်ခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့ဖူးခြင်း မရှိပေ။ ၂၀၂၄ ခုနှစ်တွင် ယူကရိန်းတိုက်လေယာဉ်မောင်း Aleksey Mes သည် အမေရိကန်ထောက်ပံ့ထားသော F-16 လေယာဉ်ကို အမေရိကန်ထောက်ပံ့ထားသည့် PAC-3 ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်ခံရစဉ် သေဆုံးခဲ့ရသကဲ့သို့ ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံအထက်၌ ဗြိတိန်၏ Tornado ကင်းထောက်လေယာဉ်ကို PAC-3 ဒုံးကျည်ထိမှန်ခဲ့စဉ်ကလည်း လေယာဉ်မောင်းနှင့် လမ်းညွှန်အရာရှိ နှစ်ဦးစလုံးမှာ ချက်ချင်းဆိုသလို သေဆုံးခဲ့ရသည်။

မိတ်ဆွေနှင့် ရန်သူ ခွဲခြားမှုစနစ် 

Patriot စနစ်နှင့် အခြားအမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် မိတ်ဆွေ သို့မဟုတ် ရန်သူခွဲခြားနိုင်သည့် IFF (Identification Friend or Foe) နည်းပညာ တပ်ဆင်ထားပါသည်။ အမေရိကန် တိုက်လေယာဉ်များပေါ်ရှိ IFF လှိုင်းထုတ်စက်များသည် မြေပြင်ရေဒါများ ဖတ်ရှုနိုင်သည့် လျှို့ဝှက်ကုဒ်ပါ အချက်ပြလှိုင်းများကို ထုတ်လွှင့်ပေးခြင်းဖြင့် ၎င်းတို့မှာ မိတ်ဆွေလေယာဉ် ဖြစ်ကြောင်း အသိပေးပြီး လက်နက်များဖြင့် ပစ်ခတ်မှုကို တားဆီးပေးပါသည်။ အမေရိကန် တိုက်လေယာဉ်များအနေဖြင့် ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် IFF ချိတ်ဆက်မှုမရှိဘဲ ကူဝိတ်ကောင်းကင်ယံတွင် ပျံသန်းစစ်ဆင်နေရန်မှာ အလွန်ပင် မဖြစ်နိုင်သလောက်ဖြစ်သော်လည်း ယခင်က ထိုသို့သော အမှားမျိုးများ ဖြစ်ပွားခဲ့ဖူးပါသည်။ ၂၀၂၄ ခုနှစ်က Aleksey Mes သေဆုံးမှုနှင့် ၂၀၀၃ ခုနှစ်က ဗြိတိန်လေယာဉ်အဖွဲ့ဝင်များသေဆုံးမှုကိုမူ စစ်ဆင်ရေးမစတင်မီ လေကြောင်းနှင့် မြေပြင်အဖွဲ့များအကြား IFF ကုဒ်များ ဖလှယ်ရန် ပျက်ကွက်ခဲ့မှုကြောင့်ဟု ပြစ်တင်ပြောဆိုခဲ့ကြပါသည်။

ထုတ်ပြန်ချက်များအတွင်းမှ သဲလွန်စများ 

CENTCOM ၏ ထုတ်ပြန်ချက်တွင် အရေးကြီးနိုင်သည့် အချက်တစ်ချက်ပါဝင်နေပြီး ယင်းမှာ လေယာဉ်များ ပစ်ချခံရချိန်တွင် “အီရန်လေယာဉ်များ၏ တိုက်ခိုက်မှုများ” ဖြစ်ပွားနေသည်ဟု ဖော်ပြထားခြင်းပင် ဖြစ်သည်။ အီရန်တိုက်လေယာဉ်များ ရှိနေရုံမျှဖြင့် ၎င်းတို့တွင် F-15 များကိုပစ်ချခဲ့သည့် တာဝန်ရှိသည်ဟု မဆိုလိုနိုင်သော်လည်း လက်ရှိအချိန်တွင် ယင်းဖြစ်နိုင်ခြေကိုမူ ဖယ်ထုတ်ထား၍ မရနိုင်သေးပေ။

CENTCOM က “ထိုဖြစ်ရပ်ကို ကူဝိတ်နိုင်ငံဘက်က ဝန်ခံထားသည်” ဟု ဆိုသော်လည်း ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ မိမိအချင်းချင်း မှားယွင်းပစ်ခတ်မှု (Friendly Fire) နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။ ယင်းအစား အမေရိကန်လေယာဉ်များ ပျက်ကျခဲ့ကြောင်းနှင့် ထိုအချိန်၌ ကောင်းကင်ယံတွင် “ရန်သူ့ လေကြောင်းပစ်မှတ် အများအပြား” ရှိနေခဲ့ကြောင်းသာ ဖော်ပြထားပါသည်။

F-15 တိုက်လေယာဉ်များကို မည်သူပစ်ချခဲ့သနည်း 

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အပြိုင်ဖြစ်နေသော ယူဆချက်နှစ်ခုရှိနေသည်။ CENTCOM ၏ "မိမိ အချင်းချင်း မှားယွင်းပစ်ခတ်မှု" ဟူသော ရှင်းလင်းချက်မှာ နည်းပညာအရ ခိုင်လုံမှုအားနည်းနေ သကဲ့သို့ ကူဝိတ်ဘက်က ထောက်ခံထားခြင်းမရှိသော်လည်း ဖြစ်နိုင်ခြေရှိနေဆဲ ဖြစ်သည်။ ပင်တဂွန် စစ်ဌာနချုပ်က လက်ရှိတွင် ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး "အချက်အလက်သစ်များ ရရှိလာ သည်နှင့်အမျှ ထပ်မံထုတ်ပြန်ပေးသွားမည်" ဟု ကတိပြုထားသည်။

အခြားတစ်ဖက်တွင်မူ အီရန်စစ်တပ်က တိုက်လေယာဉ် အနည်းဆုံးတစ်စီးကို ပစ်ချခဲ့ကြောင်း ဆိုလာသည်။ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော Khatam Al-Anbiya လေကြောင်းရန် ကာကွယ်ရေးစခန်း၏ ထုတ်ပြန်ချက်တွင် "နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်သည့် အမေရိကန်စစ်တပ်ပိုင် F-15 တိုက်လေယာဉ်တစ်စီးကို အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ကာ ပစ်ချနိုင်ခဲ့သည်" ဟု ဖော်ပြ ထားသည်။

တီဟီရန်တွင် အခြေစိုက်သော Khatam Al-Anbiya လေကြောင်းရန်ကာကွယ်ရေးစခန်းသည် အီရန်ပုံမှန်စစ်တပ်နှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) တို့အကြား လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းပေးသည့် ဌာနဖြစ်သည်။

အီရန်၏ ကြားဖြတ်တိုက်လေယာဉ်များသည် ကူဝိတ်ကောင်းကင်ယံအထိ ရောက်ရှိလာနိုင်သည့် ဖြစ်နိုင်ခြေရှိသော်လည်း အီရန်၏ တာလတ်နှင့် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် များသည်လည်း ရန်သူ့လေယာဉ်များကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်သည့် ရေဒါလမ်းညွှန် စနစ်သုံး ဒုံးကျည်ကြီးများကိုသာ အသုံးပြုကြသည်။ ထို့ကြောင့် အဆိုပါလေယာဉ်များသည် အီရန် လေတပ်က အသုံးပြုသော R-73 သို့မဟုတ် R-74 ကဲ့သို့သော အနီးကပ်ပစ် အပူအာရုံခံဒုံးကျည်များဖြင့် ပစ်ချခံရခြင်းဖြစ်သည်ဟူသော ကောက်ချက်မှာ ပို၍ဖြစ်နိုင်ကြောင်း ယူဆရသည်။ သို့သော်လည်း နှစ်ဖက်စလုံး၏ တရားဝင်ထုတ်ပြန်ချက်များအပေါ်၌သာ အခြေခံနေရသဖြင့် RT သတင်းဌာနအနေဖြင့် ထိုသို့ဖြစ်နိုင်မဖြစ်နိုင်ကို အတည်ပြုခန့်မှန်းနိုင်ခြင်း မရှိသေးပေ။

စစ်ပွဲများတွင် အမြဲရှိနေတတ်သည့် အချက်နှစ်ချက်မှာ အမှားအယွင်းများ ဖြစ်ပေါ်တတ်ခြင်းနှင့် စစ်တပ်များသည် ၎င်းတို့၏ အောင်နိုင်မှု သို့မဟုတ် ဆုံးရှုံးမှုများနှင့်ပတ်သက်၍ လိမ်ညာတတ်ကြခြင်းပင်ဖြစ်သည်။ အမေရိကန်အတွက်မူ မည်သည့်ရှင်းလင်းချက်ကမျှ ကောင်းမွန်သောပုံရိပ်ကို မပေးစွမ်းနိုင်ပေ။ မိမိတို့၏ ဝန်ထမ်းများနှင့် မဟာမိတ်များအကြား အရည်အချင်းမပြည့်ဝမှုနှင့် ရှုပ်ထွေးမှုများကြောင့် တစ်ရက်တည်း၌ တိုက်လေယာဉ် ၃ စီး ဆုံးရှုံးခဲ့ရခြင်း ဖြစ်နိုင်သကဲ့သို့ မိမိတို့ထက် နိမ့်ကျပြီး ရှုံးနိမ့်လုနီးပါးဖြစ်နေသည်ဟု ယူဆထားသော ရန်သူ၏ လက်ချက်ဖြင့် ဆုံးရှုံးခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။ လက်ရှိအချိန်တွင်မူ အမှန်တရားသည် စစ်ပွဲ၏ မရေရာမှုများကြားတွင် ဖုံးကွယ်နေဆဲပင်ဖြစ်သည်။

(RT တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် RT newsroom အဖွဲ့၏ “Did Kuwait really shoot down three US F-15s?” ကို ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

RT newsroom

ဟူသီတို့အကြောင်း တစ်စေ့တစ်စောင်း
-
ဟူသီသူပုန်များသည် ယီမင်နိုင်ငံအခြေစိုက် နိုင်ငံရေးလှုပ်ရှားမှုလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ တရားဝင်အမည်မှာ (Ansar Allah) ဖြစ်ပြီး “အလ္လာဟ်အရှင်မြတ်ကို ထောက်ခံသူများ” ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းတို့သည် ရှီအာ ဘာသာခွဲဖြစ်သည့် ဇိုင်ဒီ (Zaidi) ဂိုဏ်းဝင်များဖြစ်ကြပါသည်။ လက်ရှိတွင် ဟူသီသူပုန်များသည် ယီမင်နိုင်ငံမြောက် ပိုင်းရှိ ဒေသအများအပြားကို ထိန်းချုပ်ထားကြပါသည်။ဟူသီသူပုန်များသည် ယီမင်နိုင်ငံ ဆာဒါး(Saada) နှင့် ဆန်နာ (Sanaa) မြို့တော်တို့ တွင် အခြေစိုက်ကြပါသည်။ ၎င်းတို့ လှုပ်ရှားရာဒေသမှာ ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း၊ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နေရာများဖြစ်ပါသည်။ အင်အားသောင်းချီ တိုက်ခိုက်ရေး သမားများရှိသည်ဟု ခန့်မှန်းထားကြပါသည်။ အီရန်သည် ဟူသီသူပုန်များကို ထောက်ပံ့ ပေးနေသည့် နိုင်ငံဖြစ်ပါသည်။ ဟူသီသူပုန်တို့၏ အဓိကရန်ဘက်များမှာ ယီမင်အစိုးရ၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အမေရိကန်နှင့် အစ္စရေးတို့ဖြစ်သည်။ သမိုင်းကြောင်းနှင့် မူလဇစ်မြစ်ဟူသီလှုပ်ရှားမှုမှာ ၁၉၉၀ ပြည့်လွန်နှစ်များက ဇိုင်ဒီဘာသာ ပြန်လည်ရှင်သန်ရေးအတွက် စတင်ခဲ့သော “သစ္စာတော်ရှင်လူငယ်” (Believing Youth) လှုပ်ရှားမှုမှ ပေါက်ဖွား လာခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် ယီမင်အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် ဆော်ဒီအာရေဗျ နှင့်အမေရိကန်တို့၏ ဩဇာလွှမ်းမိုးမှုကို ဗြောင်ကျကျဆန့်ကျင်သည့် လှုပ်ရှားမှုအဖြစ် ကြီးထွားလာခဲ့ပြီး၊ ၂၀၁၃ ခုနှစ် အီရတ်ကျူးကျော်မှုအပြီးတွင် အမေရိကန်နှင့် အစ္စရေးတို့ကို ဆန့်ကျင်မှုများ ပိုမိုပြင်းထန်လာခဲ့ပါသည်။၁၉၉၀ ပြည့်လွန်နှစ်များက လှုပ်ရှားမှုစတင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင် ၎င်းတို့၏ ခေါင်းဆောင် ဟူစိန်ဘာဒ်ရက်ဒင် အယ်လ်-ဟူသီကို ယီမင်စစ်တပ်က သတ်ဖြတ်ပြီးနောက် လက်နက်ကိုင်တော်လှန်ရေး စတင်လာခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် မြို့တော် ဆန်နာကို သိမ်းပိုက်လိုက်ကြပြီး နိုင်ငံတကာအသိအမှတ်ပြုအစိုးရကို ဖြုတ်ချကာ ပြည်တွင်းစစ် စတင်ဆင်နွှဲခဲ့ကြပါသည်။ ဟူသီသူပုန်တို့၏ နယ်ပယ်ချဲ့ထွင်မှုကို တုံ့ပြန်ရန် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်အဖွဲ့က ၂၀၁၅ ခုနှစ်တွင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခဲ့ပါသည်။ လက်ရှိအခြေအနေနှင့်ထိန်းချုပ်နယ်မြေဟူသီတို့သည် ယီမင်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်းခန့် နေထိုင်ရာ နိုင်ငံမြောက်ပိုင်းရှိ ကုန်းမြင့်ဒေသအများအပြားကို ထိန်းချုပ်နိုင်ထားကြပါသည်။ လက်ရှိ အခြေအနေမှာ ဆော်ဒီအာရေဗျနှင့် ယီမင်ညွှန့်ပေါင်းအဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိသော်လည်း တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ဆော်ဒီ၏ စစ်ရေးဆောင်ရွက်မှုကြောင့် ယီမင်တောင်ပိုင်း ခွဲထွက်ရေးသမားများ၏ ဩဇာကျဆင်းသွားခဲ့ပြီး ဟူသီများ၏ရှေ့တန်းစစ်မျက်နှာတွင် စိုးရိမ်ဖွယ်ရာ ငြိမ်သက်မှုများ ဖြစ်ပေါ်နေပါသည်။စစ်ရေးစွမ်းရည်နှင့် လှုပ်ရှားမှုဟူသီသူပုန်များ၏ စစ်ရေးစွမ်းရည်သည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးတက်လာပါသည်။ ဟူသီများ၏ လက်နက်ပစ္စည်းအများစုကို အီရန်နိုင်ငံက တိုက်ရိုက် ထောက်ပံ့ပေးနေခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့၏ အစီရင်ခံစာအရ အီရန် သည် ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သော လက်နက်ရောင်းချမှု ပိတ်ဆို့အရေးယူမှု (UN arms embargo) ကို ချိုးဖောက်ကာ ဟူသီများထံ လက်နက်များ ထောက်ပံ့ခဲ့ကြောင်း အတည်ပြုပြောကြားထားပါသည်။ဟူသီတို့အား အီရန်မှ တိုက်ရိုက်ထောက်ပံ့သော လက်နက်များမှာ ပဲ့ထိန်းဒုံးကျည် ၊ ခရုဇ်ဒုံးကျည်၊ တိုက်ခိုက်ရေးနှင့် ကင်းထောက်မောင်းသူမဲ့လေယာဉ် (UAV) များ၊ ရေမြုပ်မိုင်း (naval mines) နှင့် လူမဲ့ရေယာဉ် (unmanned surface and underwater vessels) များ ပါဝင်ပါသည်။ ကုလသမဂ္ဂကျွမ်းကျင်သူများက ဆော်ဒီအာရေဗျသို့ ပစ်ခတ်ခဲ့သော ဒုံးကျည် အပျက်အစီးများကို စစ်ဆေးရာတွင် ၎င်းတို့မှာ အီရန်ထုတ် Qiam-1 ဒုံးကျည်များနှင့် တူညီ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ဟူသီများသည် အီရန်မှ တင်သွင်းသော (engine, propulsion systems, guidance units, avionics) စသည့် အစိတ်အပိုင်းတို့ကို အသုံးပြု၍ ယီမင်နိုင်ငံအတွင်းရှိ တောင်တန်း ဒေသများတွင် မြှုပ်နှံတည်ဆောက်ထားသော စက်ရုံများ၌ တပ်ဆင်ထုတ်လုပ်လာနိုင် ပါသည်။ ၎င်းတို့တွင် လေယာဉ်ကိုယ်ထည် (airframe) များ ပြုလုပ်ခြင်း၊ ထိပ်ဖူးများ (warheads) တပ်ဆင်ခြင်းနှင့် ပစ်လွှတ်ရန် အခြေခံအဆောက်အအုံများ ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်လာနိုင်ပါသည်။ အမေရိကန်၏ စစ်ရေးအရထိုးနှက်မှုများခံရပြီးနောက်တွင်ပင် ထိုစနစ်ဖြင့် ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါသည်။ ဟူသီများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ ပြသနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက် တိုဘာလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ဟူသီများသည် ပင်လယ်နီနှင့် အေဒင် ပင်လယ်ကွေ့အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်သင်္ဘောများနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်စစ်သင်္ဘောများကို အနည်းဆုံး အကြိမ် ၂၀၀ တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက် ခိုက်မှုများကြောင့် လူ ၃ သေဆုံးကာ သင်္ဘော ၄ စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၂၅ ဦး ဖမ်းဆီးခံခဲ့ရပါသည်။ ယင်းတိုက်ခိုက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေကာ အာမခံနှုန်းထားများ မြင့်တက်စေပြီး အမေရိကန်နှင့် မဟာမိတ် ရေတပ်များကိုပါ တိုက်ရိုက်ထိတွေ့စေခဲ့ပါသည်။ထို့ပြင် ဟူသီများသည် အစ္စရေးနိုင်ငံကိုပါ ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ စစ်ဖက် ဆိုင်ရာအချက်အလက်များအရ ၎င်းတို့သည် အစ္စရေးပိုင်နက်သို့ ဒုံးကျည်နှင့် ဒရုန်း ၃၀၀ နီးပါး ပစ်လွှတ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မေလ ၄ ရက်နေ့တွင် ဟူသီများက တဲလ်အဗစ်မြို့ရှိ အစ္စရေး၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သော ဘန်ဂူရီယန်လေဆိပ်အား အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် (hypersonic ballistic missile) ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်လည်ပတ်မှု တစ်နာရီခန့် ရပ်ဆိုင်းခဲ့ရပါသည်။ အဆိုပါဒုံးကျည်ကို အမေရိကန်နှင့် အစ္စရေး၏ ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ မေလ ၁၄ ရက်နေ့တွင်လည်း အလားတူ လေဆိပ်ကိုပင် ၂၄ နာရီအတွင်း နှစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ ဒုတိယအကြိမ် ဒုံးကျည်ကိုမူ အစ္စရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါသည်။ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဟူသီများသည် အစ္စရေးမြောက်ပိုင်း ဟိုင်ဖာမြို့အနီးသို့ အသံထက်မြန်သော ဒုံးကျည်ဖြင့် ပထမဆုံးအကြိမ် ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး အစ္စရေးစစ်တပ်ကလည်း ဒုံးကျည်အား ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း အတည်ပြုပြောကြားထားပါသည်။ထို့ပြင် ဟူသီများသည် အမေရိကန်၏ စစ်ဆင်ရေးများကိုတန်ပြန်ရန် ဝေဟင်ပစ် စွမ်းရည်ကိုလည်း ပြသခဲ့ပါသည်။ ၎င်းတို့သည် ယီမင်နိုင်ငံအထက်တွင် ပျံသန်းနေသော အမေရိကန် MQ-9 Reaper ဒရုန်းများကို ပစ်ချနိုင်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အနည်းဆုံး ၂၆ စင်း ပစ်ချခဲ့သည်ဟု သိရပါသည်။ ထိုသို့ ပစ်ချရာတွင် အီရန်လုပ် 358 ဝေဟင်ပစ်ဒုံးကျည်များ သုံးစွဲခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြပါသည်။အာဖရိက ချဲ့ထွင်မှု ဟူသီသူပုန်များ၏ အာဖရိကချဲ့ထွင်မှုသည် ၎င်းတို့အား ဒေသတွင်း သူပုန်အဖွဲ့ အဖြစ်မှ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြောင်းလဲလာခြင်းကို ပြသနေပါသည်။ ယီမင်ပြည်တွင်း၌ ဖိအားများတိုးလာခြင်းကြောင့် ဟူသီများသည် တောင်ဘက်အာဖရိက ဦးချိုဒေသသို့ လှည့်လည်ကာ ချဲ့ထွင်မှုများ ပြုလုပ်လာခြင်းဖြစ်ပါသည်။ ၎င်းတို့၏ မဟာဗျူဟာမှာ အခွင့်ကောင်းကို ရယူလိုခြင်းဖြစ်ပြီး ဘာသာရေးအယူဝါဒရေး မဟာမိတ်ဖွဲ့ခြင်း မဟုတ်ပေ။ဟူသီများ၏ အထင်ရှားဆုံးချဲ့ထွင်မှုမှာ ဆိုမာလီယာအခြေစိုက် အယ်လ်ကိုင်ဒါ ဆက်နွယ်အဖွဲ့ဖြစ်သော အယ်လ်ရှာဘာ့ခ်နှင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်ပါသည်။ ၎င်းတို့နှစ်ဖွဲ့သည် ရှီအာနှင့် ဆွန်နီ အယူဝါဒအရ ကွဲပြားသော်လည်း လက်တွေ့ကျသော အကျိုးအမြတ်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုလသမဂ္ဂ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဇူလိုင်နှင့် စက်တင်ဘာလများတွင် ဆိုမာလီယာ၌ အစည်းအဝေးများ ကျင်းပ ခဲ့ပြီး ဟူသီများက အဆင့်မြင့်လက်နက်များနှင့် နည်းပညာအကူအညီများ ထောက်ပံ့ရန် သဘောတူညီခဲ့ကြပါသည်။ ယင်းတွင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) များ၊ ဝေဟင်ပစ် ဒုံးကျည်များ၊ ဖောက်ခွဲရေးပစ္စည်းများ ပါဝင်ပါသည်။ ဟူသီအင်ဂျင်နီယာများသည် အယ်လ်ရှာဘာ့ခ်ထံသို့ သွားရောက်ကာ အဆင့်မြင့်လက်နက်နှင့် ဗုံးများပြုလုပ်နည်းကိုပါ သင်ကြားပေးခဲ့သည်။ ဤမဟာမိတ်ဖွဲ့မှုသည် "ငွေကြေးအတွက် လက်နက်" ဟူသော ပုံစံမျိုးဖြစ်ပါသည်။ အယ်လ်ရှာဘာ့ခ်သည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၀၀ အထက် ဝင်ငွေရှိပြီး လက်နက်များ ဝယ်ယူရန် ငွေကြေးတတ်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် အယ်လ်ရှာဘာ့ခ်သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်တွင် ပင်လယ်ဓားပြလုပ်ငန်းများ ပြန်လည်အသက်သွင်းရန် ကတိပြုခဲ့ပြီး ဖမ်းဆီးရမိသော သင်္ဘောများမှ ရွေးနုတ်ဖိုးငွေများ ရယူရန် ဆောင်ရွက်ခဲ့ပါသည်။ ဟူသီ-အယ်လ် ရှာဘာ့ခ် မဟာမိတ် ဖွဲ့မှုကြောင့် ဆိုမာလီယာကမ်းလွန်တွင် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော ပင်လယ်ဓားပြ လုပ်ငန်းများ ပြန်လည် ရှင်သန်လာခဲ့သည်။ဟူသီတို့သည် ဆိုမာလီယာအပြင် အခြားသော အာဖရိကဦးချိုနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား၊ အီရီထရီးယား၊ ဂျီဘူတီတို့တွင်ပါ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန်ကြိုးပမ်းမှုများ ရှိနေပါသည်။ ဟူသီများသည် နိုင်ငံစုံတွင် နေထိုင်သော အာဖာလူမျိုးစုအား အဓိကထား စုဆောင်းလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ပေါ်လာသော အီရီထရီး ယားနိုင်ငံသားတစ်ဦး၏ ထွက်ဆိုချက်အရ ဟူသီများသည် အာဖာလူမျိုးစုဝင်များအား ယီမင်နိုင်ငံသို့ ခေါ်ဆောင်ကာ စစ်ရေးလေ့ကျင့်သင်ကြားပေးပြီး ၎င်းတို့၏ အယူဝါဒကို သွတ်သွင်းခဲ့သည်။ အဆိုပါအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဖာလူမျိုးစုမှ ကလေးငယ်များကိုပါ ယီမင်သို့ ခေါ်ဆောင်ကာ ဘာသာရေးအယူဝါဒ ပြောင်းလဲသွတ်သွင်း ရန် ကမ်းလှမ်းခဲ့သည်ဟု သိရပါသည်။ ထိုထွက်ဆိုချက်များအရ အီရန်နိုင်ငံသည် အီရီထရီးယား၊ အီသီယိုးပီးယားနှင့် ဂျီဘူတီနိုင်ငံများမှ အာဖာဒေသအား လွတ်လပ်ရေးရယူရန် ကူညီမည်ဟု ကတိပြုထားပြီး ဟစ်ဇ်ဘိုလာနှင့် ဟူသီများကို ထောက်ပံ့သကဲ့သို့ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများ ပေးအပ်ရန် စီစဉ်ထားပါသည်။ ထိုချဲ့ထွင်မှုများသည် အာဖရိကဦးချိုဒေသ၏ တည်ငြိမ်ရေး အတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပါသည်။ နိုင်ငံတကာရေကြောင်း ကင်းလှည့်မှုများ ရှိနေသော်လည်း ဟူသီများ၏ ကျယ်ပြန့်လာသော ဩဇာလွှမ်းမိုးမှုနှင့် ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ တန်ပြန် ရန်မှာ စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်လာပါသည်။ နိုင်ငံတကာ၏ ရပ်တည်ချက်အမေရိကန်ပြည်ထောင်စုသည် ၂၀၂၅ ခုနှစ်မတ်လ ၄ ရက်တွင် အန်ဆာရာလာဟု တရားဝင်အမည်ရှိသော ဟူသီတို့အား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း (FTO) အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါသည်။ အကြောင်းပြချက်မှာ ဟူသီများ၏ လုပ်ဆောင်ချက်များသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် အရပ်သားများနှင့် စစ်သည်များ၏ လုံခြုံရေး၊ ဒေသတွင်းမဟာမိတ်များ၏ ဘေးကင်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှု တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်နေသောကြောင့်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်မှစတင်၍ ဟူသီများသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းရှိ ကုန်တင်သင်္ဘောများ၊ အမေရိကန်နှင့် မဟာမိတ်စစ်သင်္ဘောများကို အကြိမ်ပေါင်း ရာချီ၍ တိုက်ခိုက်ခဲ့ပါသည်။အမေရိကန်၏ FTO သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်ခဲ့သော အမှုဆောင်အမိန့် (Executive Order 14175) ကို အကောင်အထည် ဖော်ခြင်းဖြစ်ပြီး ၎င်း၏ရာထူးတာဝန်ယူချိန်မှစ၍ ပထမဆုံးကတိကဝတ် တစ်ခုကို ဖြည့်ဆည်းလိုက်ခြင်းလည်းဖြစ်ပါသည်။အဆိုပါ FTO ၏ ဥပဒေသက်ရောက်မှုများအနေဖြင့် မည်သူမဆို ဟူသီတို့ကို ငွေကြေး၊ လက်နက်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ လေ့ကျင့်မှု စသည် တို့ကို ပေးအပ်ခြင်းသည် ပြစ်မှုကျူးလွန်ရာရောက်ပြီး၊ ဒဏ်ခတ်အရေးယူခံရမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံအသီးသီးရှိ ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် FTO နှင့် ဆက်စပ်နေသောငွေကြေး များကို ထုတ်မပေးဘဲ ထိန်းချုပ်ထားရမည်ဖြစ်ပြီး ယင်းသို့မပြုလုပ်ပါက ပြစ်ဒဏ်ခံရမည်ဖြစ် ပါသည်။ ထို့ပြစ်မှုကျူးလွန်သူများ၏ အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များ အမေရိကန် ဝင်ရောက်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ ထို့ပြင် ဟူသီတို့၏ ဘဏ္ဍာရေးယန္တရားများကို အနှောက် အယှက်ဖြစ်စေမည့်သတင်းအချက်အလက်များ ရရှိနိုင်ပါက ဒေါ်လာ ၁၅ သန်း ဆုကြေးငွေအတွက် အမေရိကန်က ကမ်းလှမ်းခဲ့ပါသည်။ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ မလေးရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် ယီမင်အစိုးရတို့ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားကြပါသည်။အမေရိကန်၏ စစ်ရေးဆောင်ရွက်မှု အမေရိကန်သည် ၂၀၂၅ ခုနှစ် မတ်လမှ မေလအထိ ဟူသီတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် "အော်ပရေးရှင်း ရတ်ရိုက်ဒါ" (Operation Rough Rider) ကို ဆင်နွှဲခဲ့ပြီး အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပါသည်။သို့ရာတွင် ထိုသဘောတူညီချက်သည် အမေရိကန်စစ်သင်္ဘောများကို ကာကွယ်ပေးခဲ့သော်လည်း ကုန်သင်္ဘောများနှင့် အစ္စရေးကိုပစ်မှတ်ထားခြင်းကိုမူ တားမြစ်နိုင်ခြင်း မရှိချေ။ . ထို့ကြောင့် ဟူသီများသည်ကုန်သင်္ဘောများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်ဇူလိုင်လတွင် ဂရိပိုင်သင်္ဘောနှစ်စင်း MV Magic Seas နှင့် MV Eternity C ကိုတိုက်ခိုက်ရာ သင်္ဘောသား၄ ဦး သေဆုံးခဲ့သည် စက်တင်ဘာလတွင် ဒတ်ခ်ျကုန်တင် သင်္ဘော MV Minervagracht ကိုတိုက်ခိုက်ရာလည်း သင်္ဘောသား ၁ ဦး သေဆုံးခဲ့ ပါသည်။ထို့ကြောင့် အစ္စရေးနှင့် ဟားမက်တို့အကြား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက် တွင်ပိုမိုခိုင်မာသော အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဟူသီများသည်ကုန်သင်္ဘောများကို တိုက်ခိုက်ခြင်းကို ထပ်မံရပ်ဆိုင်းခဲ့ပါသည်။ သို့သော် ဟူသီများသည်လက်နက်ခဲယမ်း အလုံအလောက်သိုလှောင်ထားဆဲဖြစ်ပြီး အီရန်ကလည်း ဆက်လက်ထောက်ပံ့နေသဖြင့် မည်သည့်အချိန်တွင်မဆို တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဟူသီသူပုန်များ အခြေစိုက်ရာ ယီမင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူသားချင်းစာနာမှု ဆိုင်ရာအကျပ်အတည်း အဆိုးရွားဆုံး နိုင်ငံဖြစ်နေပါသည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ယီမင်နိုင်ငံသား ၁၉.၅ သန်းခန့် (နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်) သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေပါသည်။ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့် နေသော ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ သိသိသာသာ လျော့နည်းလာမှုတို့၏ အကျိုးဆက်ဖြစ်ပါသည်။ လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ သိသိသာသာ လျော့နည်းလာခြင်းအဓိက အကြောင်းရင်းမှာ အမေရိကန်ပြည်ထောင်စုသည် နှစ်ပေါင်းများစွာ ယီမင်၏ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ ထိုအခြေအနေမျိုး မဟုတ်တော့ပေ။ အခြား အဓိကအလှူရှင်နိုင်ငံများသည်လည်း ဘတ်ဂျက်ငွေများ ဖြတ်တောက်ခြင်းနှင့် ခြိုးခြံချွေ တာရေးမူဝါဒများကြောင့် အကူအညီများ လျှော့ချခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကဲ့သို့ အေဂျင်စီများသည် လူသန်းပေါင်းများစွာအတွက် စားနပ် ရိက္ခာများ ဖြတ်တောက်ရန် သို့မဟုတ် လျှော့ချရန် ဖိအားပေးခံနေရပါသည်။အချုပ်ဆိုရသော် ဟူသီသူပုန်များသည်ယီမင်နိုင်ငံ၏ ဒေသတွင်း တိုက်ခိုက်ရေး အင်အားစုမျှသာမက ပင်လယ်နီဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နိုင်သော နိုင်ငံဖြတ်ကျော်စစ်ရေးအင်အားစုအဖြစ် ပြောင်းလဲလာခဲ့ပြီးဖြစ်ပါသည်။ အီရန်၏ အဆက်မပြတ်ထောက်ပံ့မှုနှင့် ပြည်တွင်း၌ လက်နက်တပ်ဆင်ထုတ်လုပ်နိုင်မှုတို့သည် ၎င်းတို့အား နိုင်ငံတကာ ၏ ဖိအားပေးမှုများကြားတွင်ပင် ခံနိုင်ရည်ရှိလာစေပါသည်။ အာဖရိကဦးချိုဒေသသို့ ချဲ့ထွင်လာမှုနှင့် ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အနာဂတ်တွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ဖော်ပြနေပါသည်။ ဟူသီများ၏ စစ်ရေးစွမ်းရည် ဆက်လက်မြင့်တက်လာမှုနှင့် ယီမင်ပြည်သူများ၏ ဒုက္ခခံစားနေရမှုတို့ကြား ကွာဟချက်မှာလည်း ကျယ်ပြန့်လာနေပြီး ယင်းကွာဟချက်ကို ပေါင်းကူးရန်မှာ နိုင်ငံတကာအတွက် အဓိကစိန်ခေါ်မှုကြီး တစ်ရပ်အဖြစ် ကျန်ရှိနေဦးမည်ဖြစ်ပါသည်။

ဟူသီသူပုန်များသည် ယီမင်နိုင်ငံအခြေစိုက် နိုင်ငံရေးလှုပ်ရှားမှုလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ တရားဝင်အမည်မှာ (Ansar Allah) ဖြစ်ပြီး “အလ္လာဟ်အရှင်မြတ်ကို ထောက်ခံသူများ” ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းတို့သည် ရှီအာ ဘာသာခွဲဖြစ်သည့် ဇိုင်ဒီ (Zaidi) ဂိုဏ်းဝင်များဖြစ်ကြပါသည်။ လက်ရှိတွင် ဟူသီသူပုန်များသည် ယီမင်နိုင်ငံမြောက် ပိုင်းရှိ ဒေသအများအပြားကို ထိန်းချုပ်ထားကြပါသည်။

ဟူသီသူပုန်များသည် ယီမင်နိုင်ငံ ဆာဒါး(Saada) နှင့် ဆန်နာ (Sanaa)  မြို့တော်တို့ တွင် အခြေစိုက်ကြပါသည်။ ၎င်းတို့ လှုပ်ရှားရာဒေသမှာ ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း၊ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နေရာများဖြစ်ပါသည်။ အင်အားသောင်းချီ တိုက်ခိုက်ရေး သမားများရှိသည်ဟု ခန့်မှန်းထားကြပါသည်။ အီရန်သည် ဟူသီသူပုန်များကို ထောက်ပံ့ ပေးနေသည့် နိုင်ငံဖြစ်ပါသည်။ ဟူသီသူပုန်တို့၏ အဓိကရန်ဘက်များမှာ ယီမင်အစိုးရ၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အမေရိကန်နှင့် အစ္စရေးတို့ဖြစ်သည်။ 

သမိုင်းကြောင်းနှင့် မူလဇစ်မြစ်

ဟူသီလှုပ်ရှားမှုမှာ ၁၉၉၀ ပြည့်လွန်နှစ်များက ဇိုင်ဒီဘာသာ ပြန်လည်ရှင်သန်ရေးအတွက် စတင်ခဲ့သော “သစ္စာတော်ရှင်လူငယ်”  (Believing Youth)  လှုပ်ရှားမှုမှ ပေါက်ဖွား လာခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် ယီမင်အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် ဆော်ဒီအာရေဗျ နှင့်အမေရိကန်တို့၏ ဩဇာလွှမ်းမိုးမှုကို ဗြောင်ကျကျဆန့်ကျင်သည့် လှုပ်ရှားမှုအဖြစ် ကြီးထွားလာခဲ့ပြီး၊ ၂၀၁၃ ခုနှစ် အီရတ်ကျူးကျော်မှုအပြီးတွင် အမေရိကန်နှင့် အစ္စရေးတို့ကို ဆန့်ကျင်မှုများ ပိုမိုပြင်းထန်လာခဲ့ပါသည်။

၁၉၉၀ ပြည့်လွန်နှစ်များက လှုပ်ရှားမှုစတင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင် ၎င်းတို့၏ ခေါင်းဆောင် ဟူစိန်ဘာဒ်ရက်ဒင် အယ်လ်-ဟူသီကို ယီမင်စစ်တပ်က သတ်ဖြတ်ပြီးနောက် လက်နက်ကိုင်တော်လှန်ရေး စတင်လာခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် မြို့တော် ဆန်နာကို သိမ်းပိုက်လိုက်ကြပြီး နိုင်ငံတကာအသိအမှတ်ပြုအစိုးရကို ဖြုတ်ချကာ ပြည်တွင်းစစ် စတင်ဆင်နွှဲခဲ့ကြပါသည်။ ဟူသီသူပုန်တို့၏ နယ်ပယ်ချဲ့ထွင်မှုကို တုံ့ပြန်ရန် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်အဖွဲ့က ၂၀၁၅ ခုနှစ်တွင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခဲ့ပါသည်။ 

လက်ရှိအခြေအနေနှင့်ထိန်းချုပ်နယ်မြေ

ဟူသီတို့သည် ယီမင်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်းခန့် နေထိုင်ရာ နိုင်ငံမြောက်ပိုင်းရှိ ကုန်းမြင့်ဒေသအများအပြားကို ထိန်းချုပ်နိုင်ထားကြပါသည်။ လက်ရှိ အခြေအနေမှာ ဆော်ဒီအာရေဗျနှင့် ယီမင်ညွှန့်ပေါင်းအဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိသော်လည်း တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ဆော်ဒီ၏ စစ်ရေးဆောင်ရွက်မှုကြောင့် ယီမင်တောင်ပိုင်း ခွဲထွက်ရေးသမားများ၏ ဩဇာကျဆင်းသွားခဲ့ပြီး ဟူသီများ၏ရှေ့တန်းစစ်မျက်နှာတွင် စိုးရိမ်ဖွယ်ရာ ငြိမ်သက်မှုများ ဖြစ်ပေါ်နေပါသည်။

စစ်ရေးစွမ်းရည်နှင့် လှုပ်ရှားမှု

ဟူသီသူပုန်များ၏ စစ်ရေးစွမ်းရည်သည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးတက်လာပါသည်။ ဟူသီများ၏ လက်နက်ပစ္စည်းအများစုကို အီရန်နိုင်ငံက တိုက်ရိုက် ထောက်ပံ့ပေးနေခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့၏ အစီရင်ခံစာအရ အီရန် သည် ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သော လက်နက်ရောင်းချမှု ပိတ်ဆို့အရေးယူမှု (UN arms embargo) ကို ချိုးဖောက်ကာ ဟူသီများထံ လက်နက်များ ထောက်ပံ့ခဲ့ကြောင်း အတည်ပြုပြောကြားထားပါသည်။

ဟူသီတို့အား အီရန်မှ တိုက်ရိုက်ထောက်ပံ့သော လက်နက်များမှာ  ပဲ့ထိန်းဒုံးကျည် ၊  ခရုဇ်ဒုံးကျည်၊  တိုက်ခိုက်ရေးနှင့် ကင်းထောက်မောင်းသူမဲ့လေယာဉ် (UAV) များ၊ ရေမြုပ်မိုင်း (naval mines) နှင့် လူမဲ့ရေယာဉ် (unmanned surface and underwater vessels) များ ပါဝင်ပါသည်။ ကုလသမဂ္ဂကျွမ်းကျင်သူများက ဆော်ဒီအာရေဗျသို့ ပစ်ခတ်ခဲ့သော ဒုံးကျည် အပျက်အစီးများကို စစ်ဆေးရာတွင် ၎င်းတို့မှာ အီရန်ထုတ် Qiam-1 ဒုံးကျည်များနှင့် တူညီ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

ဟူသီများသည် အီရန်မှ တင်သွင်းသော (engine, propulsion systems, guidance units, avionics) စသည့် အစိတ်အပိုင်းတို့ကို အသုံးပြု၍ ယီမင်နိုင်ငံအတွင်းရှိ တောင်တန်း ဒေသများတွင် မြှုပ်နှံတည်ဆောက်ထားသော စက်ရုံများ၌ တပ်ဆင်ထုတ်လုပ်လာနိုင် ပါသည်။ ၎င်းတို့တွင် လေယာဉ်ကိုယ်ထည် (airframe) များ ပြုလုပ်ခြင်း၊ ထိပ်ဖူးများ (warheads) တပ်ဆင်ခြင်းနှင့် ပစ်လွှတ်ရန် အခြေခံအဆောက်အအုံများ ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်လာနိုင်ပါသည်။ အမေရိကန်၏ စစ်ရေးအရထိုးနှက်မှုများခံရပြီးနောက်တွင်ပင် ထိုစနစ်ဖြင့် ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါသည်။  

ဟူသီများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ ပြသနိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက် တိုဘာလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ဟူသီများသည် ပင်လယ်နီနှင့် အေဒင် ပင်လယ်ကွေ့အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်သင်္ဘောများနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်စစ်သင်္ဘောများကို အနည်းဆုံး အကြိမ် ၂၀၀ တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက် ခိုက်မှုများကြောင့် လူ ၃ သေဆုံးကာ သင်္ဘော ၄ စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၂၅ ဦး ဖမ်းဆီးခံခဲ့ရပါသည်။ ယင်းတိုက်ခိုက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေကာ အာမခံနှုန်းထားများ မြင့်တက်စေပြီး အမေရိကန်နှင့် မဟာမိတ် ရေတပ်များကိုပါ တိုက်ရိုက်ထိတွေ့စေခဲ့ပါသည်။ထို့ပြင် ဟူသီများသည် အစ္စရေးနိုင်ငံကိုပါ ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ စစ်ဖက် ဆိုင်ရာအချက်အလက်များအရ ၎င်းတို့သည် အစ္စရေးပိုင်နက်သို့ ဒုံးကျည်နှင့် ဒရုန်း ၃၀၀ နီးပါး ပစ်လွှတ်ခဲ့ကြောင်း သိရပါသည်။ 

၂၀၂၅ ခုနှစ် မေလ  ရက်နေ့တွင် ဟူသီများက တဲလ်အဗစ်မြို့ရှိ အစ္စရေး၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သော ဘန်ဂူရီယန်လေဆိပ်အား အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် (hypersonic ballistic missile) ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်လည်ပတ်မှု တစ်နာရီခန့် ရပ်ဆိုင်းခဲ့ရပါသည်။  အဆိုပါဒုံးကျည်ကို အမေရိကန်နှင့် အစ္စရေး၏ ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ မေလ ၁၄ ရက်နေ့တွင်လည်း အလားတူ လေဆိပ်ကိုပင် ၂၄ နာရီအတွင်း နှစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ ဒုတိယအကြိမ် ဒုံးကျည်ကိုမူ အစ္စရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဟူသီများသည် အစ္စရေးမြောက်ပိုင်း ဟိုင်ဖာမြို့အနီးသို့ အသံထက်မြန်သော ဒုံးကျည်ဖြင့် ပထမဆုံးအကြိမ် ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး အစ္စရေးစစ်တပ်ကလည်း ဒုံးကျည်အား ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း အတည်ပြုပြောကြားထားပါသည်။

ထို့ပြင် ဟူသီများသည် အမေရိကန်၏ စစ်ဆင်ရေးများကိုတန်ပြန်ရန် ဝေဟင်ပစ် စွမ်းရည်ကိုလည်း ပြသခဲ့ပါသည်။ ၎င်းတို့သည် ယီမင်နိုင်ငံအထက်တွင် ပျံသန်းနေသော အမေရိကန် MQ-9 Reaper ဒရုန်းများကို ပစ်ချနိုင်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အနည်းဆုံး ၂၆ စင်း ပစ်ချခဲ့သည်ဟု သိရပါသည်။ ထိုသို့ ပစ်ချရာတွင် အီရန်လုပ် 358 ဝေဟင်ပစ်ဒုံးကျည်များ သုံးစွဲခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြပါသည်။

အာဖရိက ချဲ့ထွင်မှု 

ဟူသီသူပုန်များ၏ အာဖရိကချဲ့ထွင်မှုသည် ၎င်းတို့အား ဒေသတွင်း သူပုန်အဖွဲ့ အဖြစ်မှ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြောင်းလဲလာခြင်းကို ပြသနေပါသည်။ ယီမင်ပြည်တွင်း၌ ဖိအားများတိုးလာခြင်းကြောင့် ဟူသီများသည် တောင်ဘက်အာဖရိက ဦးချိုဒေသသို့ လှည့်လည်ကာ ချဲ့ထွင်မှုများ ပြုလုပ်လာခြင်းဖြစ်ပါသည်။ ၎င်းတို့၏ မဟာဗျူဟာမှာ အခွင့်ကောင်းကို ရယူလိုခြင်းဖြစ်ပြီး ဘာသာရေးအယူဝါဒရေး မဟာမိတ်ဖွဲ့ခြင်း မဟုတ်ပေ။

ဟူသီများ၏ အထင်ရှားဆုံးချဲ့ထွင်မှုမှာ ဆိုမာလီယာအခြေစိုက် အယ်လ်ကိုင်ဒါ ဆက်နွယ်အဖွဲ့ဖြစ်သော အယ်လ်ရှာဘာ့ခ်နှင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်ပါသည်။ ၎င်းတို့နှစ်ဖွဲ့သည် ရှီအာနှင့် ဆွန်နီ အယူဝါဒအရ ကွဲပြားသော်လည်း လက်တွေ့ကျသော အကျိုးအမြတ်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။  ကုလသမဂ္ဂ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဇူလိုင်နှင့် စက်တင်ဘာလများတွင် ဆိုမာလီယာ၌ အစည်းအဝေးများ ကျင်းပ ခဲ့ပြီး ဟူသီများက အဆင့်မြင့်လက်နက်များနှင့် နည်းပညာအကူအညီများ ထောက်ပံ့ရန် သဘောတူညီခဲ့ကြပါသည်။ ယင်းတွင် မောင်းသူမဲ့လေယာဉ် (ဒရုန်းများ၊ ဝေဟင်ပစ် ဒုံးကျည်များ၊ ဖောက်ခွဲရေးပစ္စည်းများ ပါဝင်ပါသည်။ ဟူသီအင်ဂျင်နီယာများသည် အယ်လ်ရှာဘာ့ခ်ထံသို့ သွားရောက်ကာ အဆင့်မြင့်လက်နက်နှင့် ဗုံးများပြုလုပ်နည်းကိုပါ သင်ကြားပေးခဲ့သည်။ ဤမဟာမိတ်ဖွဲ့မှုသည် "ငွေကြေးအတွက် လက်နက်ဟူသော ပုံစံမျိုးဖြစ်ပါသည်။ အယ်လ်ရှာဘာ့ခ်သည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၀၀ အထက် ဝင်ငွေရှိပြီး လက်နက်များ ဝယ်ယူရန် ငွေကြေးတတ်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် အယ်လ်ရှာဘာ့ခ်သည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်တွင် ပင်လယ်ဓားပြလုပ်ငန်းများ ပြန်လည်အသက်သွင်းရန် ကတိပြုခဲ့ပြီး ဖမ်းဆီးရမိသော သင်္ဘောများမှ ရွေးနုတ်ဖိုးငွေများ ရယူရန် ဆောင်ရွက်ခဲ့ပါသည်။ ဟူသီ-အယ်လ် ရှာဘာ့ခ် မဟာမိတ် ဖွဲ့မှုကြောင့် ဆိုမာလီယာကမ်းလွန်တွင် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော ပင်လယ်ဓားပြ လုပ်ငန်းများ ပြန်လည် ရှင်သန်လာခဲ့သည်။

ဟူသီတို့သည်  ဆိုမာလီယာအပြင် အခြားသော အာဖရိကဦးချိုနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား၊ အီရီထရီးယား၊ ဂျီဘူတီတို့တွင်ပါ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန်ကြိုးပမ်းမှုများ ရှိနေပါသည်။ ဟူသီများသည် နိုင်ငံစုံတွင် နေထိုင်သော အာဖာလူမျိုးစုအား အဓိကထား စုဆောင်းလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ပေါ်လာသော အီရီထရီး ယားနိုင်ငံသားတစ်ဦး၏ ထွက်ဆိုချက်အရ ဟူသီများသည် အာဖာလူမျိုးစုဝင်များအား ယီမင်နိုင်ငံသို့ ခေါ်ဆောင်ကာ စစ်ရေးလေ့ကျင့်သင်ကြားပေးပြီး ၎င်းတို့၏ အယူဝါဒကို သွတ်သွင်းခဲ့သည်။ အဆိုပါအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဖာလူမျိုးစုမှ ကလေးငယ်များကိုပါ ယီမင်သို့ ခေါ်ဆောင်ကာ ဘာသာရေးအယူဝါဒ ပြောင်းလဲသွတ်သွင်း ရန် ကမ်းလှမ်းခဲ့သည်ဟု သိရပါသည်။ 

ထိုထွက်ဆိုချက်များအရ အီရန်နိုင်ငံသည် အီရီထရီးယား၊ အီသီယိုးပီးယားနှင့် ဂျီဘူတီနိုင်ငံများမှ အာဖာဒေသအား လွတ်လပ်ရေးရယူရန် ကူညီမည်ဟု ကတိပြုထားပြီး ဟစ်ဇ်ဘိုလာနှင့် ဟူသီများကို ထောက်ပံ့သကဲ့သို့ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများ ပေးအပ်ရန် စီစဉ်ထားပါသည်။   ထိုချဲ့ထွင်မှုများသည် အာဖရိကဦးချိုဒေသ၏ တည်ငြိမ်ရေး အတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပါသည်။ နိုင်ငံတကာရေကြောင်း ကင်းလှည့်မှုများ ရှိနေသော်လည်း ဟူသီများ၏ ကျယ်ပြန့်လာသော ဩဇာလွှမ်းမိုးမှုနှင့် ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ တန်ပြန် ရန်မှာ စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်လာပါသည်။ 

နိုင်ငံတကာ၏ ရပ်တည်ချက်

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၅ ခုနှစ်မတ်လ ၄ ရက်တွင် အန်ဆာရာလာဟု တရားဝင်အမည်ရှိသော ဟူသီတို့အား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း (FTO) အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါသည်။ အကြောင်းပြချက်မှာ ဟူသီများ၏ လုပ်ဆောင်ချက်များသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် အရပ်သားများနှင့် စစ်သည်များ၏ လုံခြုံရေး၊ ဒေသတွင်းမဟာမိတ်များ၏ ဘေးကင်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှု တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်နေသောကြောင့်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်မှစတင်၍ ဟူသီများသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းရှိ ကုန်တင်သင်္ဘောများ၊ အမေရိကန်နှင့် မဟာမိတ်စစ်သင်္ဘောများကို အကြိမ်ပေါင်း ရာချီ၍ တိုက်ခိုက်ခဲ့ပါသည်။

အမေရိကန်၏ FTO သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်ခဲ့သော အမှုဆောင်အမိန့် (Executive Order 14175) ကို အကောင်အထည် ဖော်ခြင်းဖြစ်ပြီး ၎င်း၏ရာထူးတာဝန်ယူချိန်မှစ၍ ပထမဆုံးကတိကဝတ် တစ်ခုကို ဖြည့်ဆည်းလိုက်ခြင်းလည်းဖြစ်ပါသည်။

အဆိုပါ FTO ၏ ဥပဒေသက်ရောက်မှုများအနေဖြင့် မည်သူမဆို ဟူသီတို့ကို ငွေကြေး၊ လက်နက်၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ လေ့ကျင့်မှု စသည် တို့ကို ပေးအပ်ခြင်းသည် ပြစ်မှုကျူးလွန်ရာရောက်ပြီး၊ ဒဏ်ခတ်အရေးယူခံရမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံအသီးသီးရှိ ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် FTO နှင့် ဆက်စပ်နေသောငွေကြေး များကို ထုတ်မပေးဘဲ ထိန်းချုပ်ထားရမည်ဖြစ်ပြီး  ယင်းသို့မပြုလုပ်ပါက ပြစ်ဒဏ်ခံရမည်ဖြစ် ပါသည်။ ထို့ပြစ်မှုကျူးလွန်သူများ၏ အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များ အမေရိကန် ဝင်ရောက်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ ထို့ပြင် ဟူသီတို့၏ ဘဏ္ဍာရေးယန္တရားများကို အနှောက် အယှက်ဖြစ်စေမည့်သတင်းအချက်အလက်များ ရရှိနိုင်ပါက ဒေါ်လာ ၁၅ သန်း ဆုကြေးငွေအတွက် အမေရိကန်က ကမ်းလှမ်းခဲ့ပါသည်။ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ မလေးရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် ယီမင်အစိုးရတို့ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားကြပါသည်။

အမေရိကန်၏ စစ်ရေးဆောင်ရွက်မှု 

အမေရိကန်သည် ၂၀၂၅ ခုနှစ် မတ်လမှ မေလအထိ ဟူသီတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် "အော်ပရေးရှင်း ရတ်ရိုက်ဒါ" (Operation Rough Rider) ကို ဆင်နွှဲခဲ့ပြီး အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပါသည်။

သို့ရာတွင် ထိုသဘောတူညီချက်သည် အမေရိကန်စစ်သင်္ဘောများကို ကာကွယ်ပေးခဲ့သော်လည်း ကုန်သင်္ဘောများနှင့် အစ္စရေးကိုပစ်မှတ်ထားခြင်းကိုမူ တားမြစ်နိုင်ခြင်း မရှိချေ။ထို့ကြောင့် ဟူသီများသည်ကုန်သင်္ဘောများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်ဇူလိုင်လတွင် ဂရိပိုင်သင်္ဘောနှစ်စင်း MV Magic Seas နှင့် MV Eternity C ကိုတိုက်ခိုက်ရာ သင်္ဘောသား၄ ဦး သေဆုံးခဲ့သည် စက်တင်ဘာလတွင် ဒတ်ခ်ျကုန်တင် သင်္ဘော MV Minervagracht ကိုတိုက်ခိုက်ရာလည်း သင်္ဘောသား ၁ ဦး သေဆုံးခဲ့ ပါသည်။

ထို့ကြောင့် အစ္စရေးနှင့် ဟားမက်တို့အကြား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက် တွင်ပိုမိုခိုင်မာသော အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဟူသီများသည်ကုန်သင်္ဘောများကို တိုက်ခိုက်ခြင်းကို ထပ်မံရပ်ဆိုင်းခဲ့ပါသည်။ သို့သော် ဟူသီများသည်လက်နက်ခဲယမ်း အလုံအလောက်သိုလှောင်ထားဆဲဖြစ်ပြီး အီရန်ကလည်း ဆက်လက်ထောက်ပံ့နေသဖြင့်  မည်သည့်အချိန်တွင်မဆို တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ 

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း 

ဟူသီသူပုန်များ အခြေစိုက်ရာ ယီမင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူသားချင်းစာနာမှု ဆိုင်ရာအကျပ်အတည်း အဆိုးရွားဆုံး နိုင်ငံဖြစ်နေပါသည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ယီမင်နိုင်ငံသား ၁၉. သန်းခန့် (နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေပါသည်။   ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့် နေသော ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ သိသိသာသာ လျော့နည်းလာမှုတို့၏ အကျိုးဆက်ဖြစ်ပါသည်။ 

လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ သိသိသာသာ လျော့နည်းလာခြင်းအဓိက အကြောင်းရင်းမှာ  အမေရိကန်ပြည်ထောင်စုသည် နှစ်ပေါင်းများစွာ ယီမင်၏ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ ထိုအခြေအနေမျိုး မဟုတ်တော့ပေ။ အခြား အဓိကအလှူရှင်နိုင်ငံများသည်လည်း ဘတ်ဂျက်ငွေများ ဖြတ်တောက်ခြင်းနှင့် ခြိုးခြံချွေ တာရေးမူဝါဒများကြောင့် အကူအညီများ လျှော့ချခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကဲ့သို့ အေဂျင်စီများသည် လူသန်းပေါင်းများစွာအတွက် စားနပ် ရိက္ခာများ ဖြတ်တောက်ရန် သို့မဟုတ် လျှော့ချရန် ဖိအားပေးခံနေရပါသည်။

အချုပ်ဆိုရသော် ဟူသီသူပုန်များသည်ယီမင်နိုင်ငံ၏ ဒေသတွင်း တိုက်ခိုက်ရေး အင်အားစုမျှသာမက ပင်လယ်နီဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နိုင်သော နိုင်ငံဖြတ်ကျော်စစ်ရေးအင်အားစုအဖြစ် ပြောင်းလဲလာခဲ့ပြီးဖြစ်ပါသည်။ အီရန်၏ အဆက်မပြတ်ထောက်ပံ့မှုနှင့် ပြည်တွင်း၌ လက်နက်တပ်ဆင်ထုတ်လုပ်နိုင်မှုတို့သည် ၎င်းတို့အား နိုင်ငံတကာ ၏ ဖိအားပေးမှုများကြားတွင်ပင် ခံနိုင်ရည်ရှိလာစေပါသည်။ အာဖရိကဦးချိုဒေသသို့ ချဲ့ထွင်လာမှုနှင့် ဒေသတွင်းအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အနာဂတ်တွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ဖော်ပြနေပါသည်။ ဟူသီများ၏ စစ်ရေးစွမ်းရည် ဆက်လက်မြင့်တက်လာမှုနှင့် ယီမင်ပြည်သူများ၏ ဒုက္ခခံစားနေရမှုတို့ကြား ကွာဟချက်မှာလည်း ကျယ်ပြန့်လာနေပြီး ယင်းကွာဟချက်ကို ပေါင်းကူးရန်မှာ နိုင်ငံတကာအတွက် အဓိကစိန်ခေါ်မှုကြီး တစ်ရပ်အဖြစ် ကျန်ရှိနေဦးမည်ဖြစ်ပါသည်။

အီရန်ပဋိပက္ခသည် အဘယ်ကြောင့် တရုတ်နိုင်ငံကို ဦးစွာ ထိခိုက်စေသနည်း
-
အီရန်နိုင်ငံအပေါ် စစ်မက်ဖြစ်ပွားနိုင်ခြေရှိသည့်ကိစ္စရပ်ကို ဆွေးနွေးကြရာတွင် ပါရှန်ပင်လယ်ကွေ့၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း ဟန့်တားမှုဆိုင်ရာ တည်ဆောက်ပုံများအပေါ် အခြေခံသည့် ဒေသတွင်း အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်သာ ရှုမြင်လေ့ရှိကြသည်။ သို့သော် အီရန်၏ အခြေအနေကို အမြဲတစေ ပေါက်ကွဲလွယ်သော အနေအထားတွင် ရှိနေစေသည့် ပိုမိုနက်ရှိုင်းသော ယုတ္တိဗေဒမှာ ဒေသတွင်းအကြောင်းရင်းများထက် ကမ္ဘာလုံးဆိုင်ရာ အကြောင်းရင်းများအပေါ်တွင်သာ ပို၍ အခြေခံနေပါသည်။အီရန်နိုင်ငံသည် စွမ်းအင်စျေးကွက်များ၊ ရေကြောင်းသွားလာမှုဆိုင်ရာ အချက်အချာကျသည့် ရေလက်ကြားများ၊ ပိတ်ဆို့အရေးယူမှုများ အာဏာသက်ရောက်စေခြင်းနှင့် အပြိုင်အဆိုင်ဖြစ်နေသော ဆက်သွယ်ရေးစီမံကိန်းများ ထပ်တူကျရာနေရာတွင် တည်ရှိနေသည်။ ထိုသို့ ထပ်တူကျနေခြင်းသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပေါ်နေသော မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ ထို့ကြောင့် အီရန်အပေါ် စစ်ရေးအရ အရှိန်မြှင့်တင်လာနိုင်ခြေရှိသည့် အခြေအနေကို အရှေ့အလယ်ပိုင်းဒေသအား ပုံစံသစ်ဖြင့် ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းမှုအဖြစ်သာမက တရုတ်နိုင်ငံ၏ တိုးတက်မှုပုံစံ (Growth Model) အတွက် ကုန်ကျစရိတ်များကို မြှင့်တင်ခြင်း၊ တရုတ်၏ အရေးကြီးသောသွင်းကုန်ကဏ္ဍကို မတည်မငြိမ်ဖြစ်စေခြင်းနှင့် ပေကျင်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့်အစား ဘေးအန္တရာယ်စီမံခန့်ခွဲမှု (Risk Management) အတွက် အရင်းအမြစ်များကို ပိုမိုသုံးစွဲလာစေရန် ဖိအားပေးခြင်းဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်မည့် "ပထဝီနိုင်ငံရေးလက်နက်တစ်ခု" အဖြစ်လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။လက်ရှိခေတ်ကာလ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုတွင် အဓိကကျသော အဆုံးအဖြတ်ပေးမည့် တိုက်ပွဲများကို အရှေ့အာရှဒေသ၌ တိုက်ရိုက်ထိပ်တိုက်တွေ့ခြင်းဖြင့် ဆင်နွှဲကြလိမ့်မည်မဟုတ်ဘဲ တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍချဲ့ထွင်မှုကို ဆက်လက်ထိန်းထားနိုင်မည့် စနစ်တကျရှိသော အခြေအနေများ (Systemic Conditions) အပေါ် ထိန်းချုပ်နိုင်ခြင်းဖြင့်သာ ဆုံးဖြတ်ကြမည်ဖြစ်သည်။ ရေနံ၊ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာအခွင့်အလမ်းများသည် ထိုအခြေအနေများထဲတွင် ပါဝင်နေဆဲဖြစ်သည်။တရုတ်နိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အဓိကတင်သွင်းနေရသည့် နိုင်ငံဖြစ်ပြီး ၎င်း၏ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဂေဟစနစ်သည် စွမ်းအင်စျေးနှုန်း အတက်အကျများနှင့် ရေကြောင်းလမ်းကြောင်းများတွင် အနှောင့်အယှက်ဖြစ်ပေါ်မှုများအပေါ် အလွန်အမင်း ထိခိုက်လွယ်ပါသည်။ အီရန်နိုင်ငံသည် ၎င်း၏ ပထဝီဝင်အနေအထားနှင့် စွမ်းဆောင်ရည်များအရ ဟော်မုဇ် ရေလက်ကြားနှင့် အနီးတစ်ဝိုက်ရေပြင်များ၏ လုံခြုံရေးကို သက်ရောက်မှုရှိစေနိုင်သောကြောင့် အရေးပါနေခြင်းဖြစ်သည်။ မည်သည့်ဒုံးကျည်မှ ပစ်ခတ်ခြင်းမရှိသည့်တိုင်အောင် သင်္ဘောသွားလာရေးလမ်းကြောင်းကို ခြိမ်းခြောက်ခံရနိုင်သည်ဟူသော အယူအဆမျှဖြင့်ပင် အာမခံကြေးများကို တက်သွားစေရန်နှင့် ကုန်စည်သယ်ယူခနှုန်းထားများကို ပြောင်းလဲသွားစေရန် လုံလောက်ပြီး ယင်းသည် စွမ်းအင်ကို အဓိကအားကိုးနေရသော စီးပွားရေးစနစ်များအတွက် ငွေကြေးဖောင်းပွမှုဆိုင်ရာ တွန်းအားတစ်ရပ်အဖြစ်သို့ ကူးပြောင်းသွားစေပါသည်။အီရန်ကို ဗဟိုပြုသည့် အကျပ်အတည်းတစ်ခု၊ အထူးသဖြင့် ရေရှည်ဖြစ်ပွားမည့် အကျပ်အတည်းသည် တရုတ်နိုင်ငံအပေါ် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ပထမယန္တရားမှာ စျေးနှုန်းနှင့် မတည်ငြိမ်မှု ဖြစ်သည်။ ရေနံစျေးနှုန်းသည် အနားသတ်အပေါ်တွင်သာ အခြေခံပြီး ဘေးအန္တရာယ်များအပေါ် ပြင်းထန်စွာ တုံ့ပြန်တတ်သည်။ တစ်ခါတစ်ရံတွင် လက်တွေ့မြေပြင်၌ အမှန်တကယ်ဆုံးရှုံးမှုထက် ပိုမိုပြင်းထန်စွာ တုံ့ပြန်တတ်ပါသည်။ ပါရှန် ပင်လယ်ကွေ့တစ်ဝိုက်တွင် မသေချာမရေရာမှုများရှိလာနိုင်သည်ဟု အချက်ပြသည့် အကျပ်အတည်းတစ်ခုသည် ရေနံအနာဂတ်စျေးနှုန်းများကို မြင့်တက်စေပြီး စျေးကစားမှုများကို ပိုမို အားကောင်းလာစေသည်။ တရုတ်နိုင်ငံအတွက်မူ မြင့်မားသော ရေနံစျေးနှုန်းများသည် အခွန်ကောက်ခံ ခံရသကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် စက်မှုကဏ္ဍတစ်ခုလုံး၏ ကုန်ကျစရိတ်များကို မြင့်တက်စေပြီး အိမ်ထောင်စုများ၏ ဝယ်ယူနိုင်စွမ်းအားကို ကျဆင်းစေကာ မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုကို ရှုပ်ထွေးစေပါသည်။ အမေရိကန်အတွက်မူ ထိခိုက်မှုရှိမည်ဖြစ်သော်လည်း ၎င်းတို့၏ စွမ်းအင်ထုတ်လုပ်မှုပုံစံသည် ပြောင်းလဲသွားပြီဖြစ်သည်။ ပြည်တွင်း၌ ရေနံထုတ်လုပ်မှု မြင့်မားခြင်းနှင့် ပြည်ပသို့ တင်ပို့နိုင်သည့်အခန်းကဏ္ဍကြောင့် စားသုံးသူ လောင်စာဆီစျေးနှုန်းသည် နိုင်ငံရေးအရ အကဲဆတ်နေဆဲဖြစ်သော်လည်း မက်ခရိုစီးပွားရေးဆိုင်ရာထိခိုက်မှုကို တစ်စိတ်တစ်ပိုင်း ခုနှိမ်နိုင်မည်ဖြစ်သည်။ မဟာဗျူဟာမြောက် အသာစီးရမှုသည် အလုံးစုံ ကင်းလွတ်ခွင့်ရရှိခြင်းမျိုးမဟုတ်ဘဲ "နှိုင်းယှဉ်ချက်အရ ဒဏ်ခံနိုင်ရည်ပိုရှိခြင်း" သာ ဖြစ်သည်။ဒုတိယယန္တရားမှာ လမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်မှုပြုနေသော ရေနံအမြောက်အမြားသည် ကျဉ်းမြောင်းသော ရေလက်ကြားများနှင့် အားနည်းချက်ရှိသော ပင်လယ်ရေကြောင်းလမ်းများမှတစ်ဆင့် ဖြတ်သန်းနေရသည်။ ဟော်မုဇ်ရေလက်ကြားသည် ယင်းတို့အထဲတွင် သင်္ကေတအရရော လက်တွေ့အရပါ အရေးအကြီးဆုံးဖြစ်ပြီး အီရန်သည် ၎င်း၏ ကမ်းရိုးတန်းနှင့် စစ်ရေးအနေအထားအရ ဟော်မုဇ်ရေလက်ကြားကို ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေသည့်နေရာအဖြစ် ပြောင်းလဲနိုင်သည့် တစ်ခုတည်းသော အဓိကအင်အားကြီးနိုင်ငံ ဖြစ်သည်။ ထိုနယ်ပယ်တွင် ဟန့်တားမှု (Deterrence) ဆိုသည်မှာ လမ်းကြောင်းအမှန်တကယ် ပိတ်ဆို့မှုကို တားဆီးရန်သာမက စျေးကွက်၏ မျှော်လင့်ချက်ကို ပုံဖော်ရန်လည်း ဖြစ်သည်။ စစ်ဘေးအာမခံများ၊ သင်္ဘောအချိန်ဇယားများနှင့် သင်္ဘောသားများ၏ အန္တရာယ်ရှိသောဇုန်ကို ဖြတ်သန်းသွားလာလိုသည့် ဆန္ဒအားလုံးသည် ပြောင်းလဲလွယ်သော အရာများဖြစ်သည်။ သေးငယ်သော စစ်ရေးအရှိန်မြှင့်သည့် အချက်ပြမှုများသည်ပင် စီးပွားရေးအရ အချိုးအစားမညီသော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ စွမ်းအင်လုံခြုံရေးအတွက် ခန့်မှန်းရလွယ်ကူသော ပင်လယ်ရေကြောင်းလမ်းများကို အားကိုးနေရသည့် တရုတ်နိုင်ငံသည် ထိုသို့သောအခြေအနေမျိုးတွင် တူညီသော ကုန်စည်အတွက် ပိုမိုပေးဆောင်ရခြင်း၊ ကုန်ပစ္စည်းများကို ပိုမိုသိုလှောင်ထားရခြင်းနှင့် အမေရိကန်က ထောက်ပံ့ပို့ဆောင်ရေး၊ အခြေစိုက်စခန်းများနှင့် မဟာမိတ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများတွင် ကာလရှည်ကြာ အသာစီးရထားသော ဝေးလံသည့် ရေပြင်များအတွက် ရေတပ်အင်အားကို ပိုမိုအသုံးပြုလာရခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်။တတိယယန္တရားမှာ ပိတ်ဆို့အရေးယူမှုဆိုင်ရာ တည်ဆောက်ပုံ (Sanctions Architecture) ဖြစ်သည်။ အီရန်သည် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများအောက်တွင် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ၎င်း၏ ရေနံတင်ပို့မှုအပေါ်အခြေခံ၍ လျှို့ဝှက်ကုန်သွယ်မှုကွန်ရက်တစ်ခု ထွန်းကားလာခဲ့သည်။ လက်တွေ့တွင် အီရန်အပေါ် ဖိအားပေးခြင်းသည် အမေရိကန်၏ ဘဏ္ဍာရေးဆိုင်ရာ အကျပ်ကိုင်နိုင်စွမ်း မည်မျှအသက်ဝင်သနည်းဆိုသည်ကို စမ်းသပ်သည့်ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။ အကယ်၍ ဝါရှင်တန်အနေဖြင့် ပိတ်ဆို့ထားသော ရေနံစည်များကို သယ်ယူနေသည့် ကွန်ရက်များကို ဖြတ်တောက်နိုင်ကြောင်း သက်သေပြနိုင်ပါက ယင်းသည် တရုတ်နိုင်ငံထံသို့ ပေးပို့သည့် သတင်းစကားလည်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သော ကုန်သွယ်မှုတွင် ပါဝင်ခြင်းသည် ပိုမိုကျယ်ပြန့်သော ကော်ပိုရိတ်နှင့် ဘဏ်လုပ်ငန်းကဏ္ဍများအထိ ကူးစက်သွားနိုင်သည့် ကုန်ကျစရိတ်များနှင့် မသေချာမရေရာမှုများကို သယ်ဆောင်လာနိုင်ကြောင်း အချက်ပြနေခြင်းဖြစ်သည်။ အကယ်၍ အမေရိကန်က စစ်ရေးအရှိန်မြှင့်ရန် သို့မဟုတ် အရှိန်မြှင့်မည်ဟု အချက်ပြရန် ရွေးချယ်ခဲ့ပါက အရေးယူဆောင်ရွက်မှုပတ်ဝန်းကျင်သည် ပိုမိုတင်းကျပ်လာနိုင်ပြီး တရုတ်သွင်းကုန်လုပ်ငန်းရှင်များနှင့် ကြားခံဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ အပြုအမူကို ပြင်ဆင်ရန်၊ မြင့်မားသော အရောင်းအဝယ်ကုန်ကျစရိတ်များကို လက်ခံရန် သို့မဟုတ် စျေးလျှော့ပေးမှု နည်းပါးသည့်အတွက် စီးပွားရေးအရ အကျိုးအမြတ်သိပ်မရှိသော အခြားထောက်ပံ့ရေးအရင်းအမြစ်များကိုရှာဖွေရန် ဖိအားပေးခံရမည် ဖြစ်သည်။တရုတ်နိုင်ငံ၏ အီရန်ရေနံအပေါ် မှီခိုနေရမှုအတိုင်းအတာသည် သေးငယ်သည့် အချက်အလက်တစ်ခု မဟုတ်ပါ။ လတ်တလော ခြေရာခံမှုများအပေါ် အခြေခံသည့် ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ်တွင် တရုတ်၏ အီရန်ရေနံစိမ်း ပျမ်းမျှဝယ်ယူမှုသည် တစ်ရက်လျှင် စည်ပေါင်း ၁.၃၈ သန်းခန့် ရှိနေပြီး ၎င်းသည် တရုတ်၏ စုစုပေါင်း ပင်လယ်ရေကြောင်း ရေနံတင်သွင်းမှု တစ်ရက်လျှင် စည် ၁၀.၂၇ သန်း၏ ၁၃.၄% ခန့် ရှိပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် အီရန်မှ တင်ပို့သော ရေနံစုစုပေါင်း၏ ၈၀% ကျော်ကို ဝယ်ယူနေခြင်း ဖြစ်သည်။ ထိုကိန်းဂဏန်းများသည် ပမာဏကို ဖော်ပြနေရုံသာမက စျေးနှုန်းသဘောတရားကိုလည်း ညွှန်ပြနေသည်။ အီရန်ရေနံစည်များသည် တရုတ်နိုင်ငံ၏ စနစ်အတွင်းသို့ စျေးနှုန်းလျှော့ပေါ့မှုဖြင့် ဝင်ရောက်လေ့ရှိပြီး ယင်းသည် တင်သွင်းသူများအတွက် ဥပဒေကြောင်းအရနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်များကို ခုနှိမ်ပေးခြင်းဖြစ်သည်။ ထိုစျေးနှုန်းလျှော့ပေးမှုသည် ရေနံချက်စက်ရုံများ၏ စီးပွားရေးတွက်ခြေကိုက်မှုနှင့် ပိုမိုကျယ်ပြန့်သော စက်မှုကုန်ကျစရိတ် တည်ဆောက်ပုံ၏ အစိတ်ပိုင်းတစ်ခုဖြစ်လာသည်။ ထို့ကြောင့် ထိုစီးဆင်းမှုကို အနှောင့်အယှက်ပေးခြင်းသည် ပမာဏကိုသာမက အခွင့်အလမ်းကိုပါ ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အခြားအစားထိုးရန် ဖြစ်နိုင်သော်လည်း အစားထိုးခြင်းသည် တန်ဖိုးချင်း ညီမျှလေ့မရှိပါ။ အခြားထောက်ပံ့သူများသည် ပို၍စျေးကြီးနိုင်သလို အခြားအမျိုးအစားများအတွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နိုင်ပြီး ကုန်စည်သယ်ယူခနှင့် စာချုပ်ပါ စည်းကမ်းချက်များသည်လည်း အကျိုးအမြတ် နည်းပါးနိုင်ပါသည်။ အသားတင် အကျိုးသက်ရောက်မှုမှာ ကုန်ကျစရိတ် အခြေခံ ပိုမိုမြင့်မားသွားခြင်းပင် ဖြစ်သည်။တစ်ချိန်တည်းမှာပင် အီရန်၏ တရုတ်အတွက် အရေးပါမှုမှာ ရေနံစိမ်းသက်သက်မျှ မဟုတ်ပါ။ အီရန်သည် ဆက်သွယ်ရေး စီမံကိန်းများတွင်လည်း ပထဝီဝင်မဟာဗျူဟာမြောက် အချက်အချာကျသော နေရာဖြစ်သည်။ ပေကျင်း၏ ပိုးလမ်းမသစ်စီမံကိန်း (Belt and Road) ၏ ရည်ရွယ်ချက်မှာ ကုန်သွယ်မှုနှင့် စွမ်းအင်စီးဆင်းမှုများသည် ရေကြောင်းလမ်းတစ်ခုတည်း သို့မဟုတ် နိုင်ငံရေးအရ ဆက်ဆံရေးတစ်ခုတည်းအပေါ်တွင်သာ ပိတ်မိမနေစေရန် အရန်လမ်းကြောင်းများ တည်ဆောက်ခြင်းဖြစ်သည်။ အီရန်သည် အလယ်အာရှ၊ ကော့ကေးဆပ် (Caucasus)၊ တူရကီနှင့် အရှေ့အလယ်ပိုင်းတို့အကြားတွင် ထူးခြားသောအနေအထား၌ တည်ရှိနေပြီး ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့နှစ်ခုလုံးသို့ ထွက်ပေါက်ရှိသည်။ ဖြတ်သန်းသွားလာမှုနယ်မြေတစ်ခုအနေဖြင့် ၎င်းသည် ပင်လယ်ရေကြောင်း လမ်းကြောင်းများကို အားဖြည့်ပေးနိုင်သည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ပံ့ပိုးပေးနိုင်ပြီး မြောက်-တောင် ရထားလမ်းနှင့် ကားလမ်းများအတွက် ရွေးချယ်စရာများဖြစ်စေကာ ယူရေးရှားကုန်းတွင်းပိုင်း ကွန်ရက်များကို ရေနွေးဆိပ်ကမ်းများ (Warm-water ports) နှင့် ချိတ်ဆက်ပေးနိုင်သည်။ နိုင်ငံရေးအရ ဖိအားများရှိနေစဉ်အတွင်း ကုန်စည်များကို ရွှေ့ပြောင်းနိုင်စွမ်းရှိခြင်းသည် စီးပွားရေးလုံခြုံမှုဟု ပိုမိုအဓိပ္ပာယ်ဖွင့်ဆိုလာကြသည့် ခေတ်ကာလတွင် ယင်းကဲ့သို့သော လမ်းကြောင်းများသည် မဟာဗျူဟာမြောက် ရပိုင်ခွင့်များ ဖြစ်လာသည်။ အကယ်၍ အီရန်သည် တည်ငြိမ်ပြီး အခြားဒေသများနှင့် ပေါင်းစည်းနိုင်ပါက ဒေသတွင်း ထောက်ပံ့ ပို့ဆောင်ရေးအတွက် ကျောက်ဆူးတစ်ခုသဖွယ် ဖြစ်လာနိုင်သည်။ အကယ်၍ အီရန်သည် မတည်မငြိမ်ဖြစ်ခြင်း သို့မဟုတ် စစ်တလင်း ဖြစ်သွားပါက ၎င်းသည် ဆက်သွယ်ရေးကွင်းဆက်တွင် ပြတ်တောက်မှုတစ်ခု ဖြစ်သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ရေတပ်နှင့် မဟာမိတ် အဖွဲ့အစည်းများက လွှမ်းမိုးနိုင်သည့် လမ်းကြောင်းများအပေါ်တွင်သာ ပိုမိုအမှီပြုလာရစေမည်ဖြစ် သည်။တရုတ်-အီရန် ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်မျှော်မှန်းချက်သည် ထိုအချက်ကို ပိုမိုခိုင်မာစေသည်။ ပေကျင်းနှင့် တီဟီရန်တို့သည် ၎င်းတို့၏ မိတ်ဖက်ဖြစ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့် မည့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အဖြစ် သတ်မှတ်ထားကြသည်။ စီမံကိန်းများ၏ အသေးစိတ်အချက်အလက်များသည် မကြာခဏဆိုသလို မရေမရာရှိနေတတ်သော်လည်း မဟာဗျူဟာမြောက် ဦးတည်ချက်မှာ ရှင်းလင်းပါသည်။ အီရန်သည် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ပိတ်ဆို့အရေးယူမှုနှင့် နိုင်ငံရေးအရ ဘေးအန္တရာယ်များကြောင့် ကန့်သတ်ခံထားရသည့်နေရာတွင် တရုတ် နိုင်ငံအတွက် စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် ဩဇာလွှမ်းမိုးမှုဆိုင်ရာ ရွေးချယ်စရာများကို ဖော်ဆောင်ပေးထားသည်။ ထိုရွေးချယ်စရာများသည် စီမံကိန်းများ နှေးကွေးနေသည့်တိုင်အောင် တန်ဖိုးရှိနေဆဲ ဖြစ်သည်။ ၎င်းသည် အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ကန့်သတ်ချက်များအတွက် ကြိုတင်ကာကွယ်မှု (Hedge) တစ်ခု ဖြစ်သည်။ ဝါရှင်တန်၏ အမြင်အရ အီရန်၏ ဘေးအန္တရာယ်ဖြစ်နိုင်ခြေကို မြှင့်တင်ခြင်းသည် ထိုကြိုတင်ကာကွယ်မှု၏ တန်ဖိုးကို လျော့ကျစေသည်။ ယင်းသည် အီရန်နှင့် လက်တွဲဆောင်ရွက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ရေရှည်ကတိကဝတ်များကို အဟန့်အတား ဖြစ်စေသည်။ တရုတ်အနေဖြင့် အီရန်ကို စွန့်လွှတ်မည်မဟုတ်သော်လည်း အီရန်ကို ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ်ထက် ပိုမိုမသေချာသည့် ရပိုင်ခွင့်တစ်ခုအဖြစ် သဘောထားရန် ဖိအားပေးခံရနိုင်ပါသည်။ထို့ကြောင့် အီရန်အပေါ် စစ်မက်ဖြစ်ပွားနိုင်ခြေရှိသည့် အတွေးအခေါ်သည် အချို့သော မဟာဗျူဟာမြောက် အသိုင်းအဝိုင်းများတွင် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် "သွယ်ဝိုက်သော နည်းလမ်းတစ်ခု" အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဝါရှင်တန်အနေဖြင့် အလုံးစုံစစ်ပွဲကိုသာ ဦးတည်နေသည်ဟု ယူဆရန် မလိုအပ်ပါ။ အီရန်သည် ရေနံစျေးနှုန်း၊ ရေကြောင်းလုံခြုံရေး၊ ပိတ်ဆို့အရေးယူမှုများ အာဏာသက်ရောက်စေခြင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းစသည့် လမ်းကြောင်းအသွယ်သွယ်မှတစ်ဆင့် ဖိအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးနိုင်သည့် အနည်းငယ်သော နေရာများထဲမှ တစ်ခုဖြစ်သည်ကို သတိပြုရန်သာ လိုအပ်ပါသည်။ ဤလမ်းကြောင်းများအားလုံး တစ်ပြိုင်နက်တည်း အသက်ဝင်လာသောအခါ ရလဒ်အနေဖြင့် ပေါ်ထွက်လာသော မသေချာမရေရာမှုများသည် အလွန်ကြီးမားသော ကုန်ထုတ်လုပ်မှုအခြေစိုက်စခန်းနှင့် ရှည်လျားသော ထောက်ပံ့ရေးကွင်းဆက်များရှိသည့် ရေနံအသားတင် တင်သွင်းရသော နိုင်ငံများအတွက် အထိခိုက်ဆုံး ဖြစ်စေသည်။ တရုတ်နိုင်ငံသည် ထိုပုံစံအတွင်း၌ အတိအကျ ရှိနေခြင်းပင် ဖြစ် သည်။သို့ရာတွင် ထိုကဲ့သို့သော မဟာဗျူဟာတစ်ရပ် ထိရောက်မှုရှိမရှိဆိုသည်မှာ ဝါရှင်တန်၏ ကိုယ်ပိုင် စွမ်းအင်အနေအထားနှင့် နောက်ဆက်တွဲဆိုးကျိုးများကို မည်မျှထိန်းချုပ်နိုင်သနည်းဟူသည့် အချက်ပေါ်တွင် များစွာမူတည်နေပါသည်။ ထိုနေရာတွင် လက်ရှိအမေရိကန်၏ စွမ်းအင်အခင်းအကျင်းကို လူအများက လျှော့တွက်ထားလေ့ရှိကြသည်။ အမေရိကန်၏ ရေနံစိမ်းထုတ်လုပ်မှု သည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်တွင်ရှိနေပြီး ၂၀၂၆ ခုနှစ်တွင် ပျမ်းမျှတစ်ရက်လျှင် စည်ပေါင်း ၁၃.၅ သန်းခန့် ရှိလာမည်ဟု ခန့်မှန်းထားကြရာ ယင်းသည် ရှေးလ် (Shale) ရေနံ ကဏ္ဍ၏ အဆောက်အအုံဆိုင်ရာ ကြံ့ခိုင်မှုနှင့် အဓိကရေနံထွက်ရာ ဒေသများ၏ ဆက်တိုက်ထွက်ရှိမှုကို ထင်ဟပ်နေပါသည်။ ရေနံစိမ်းတင်ပို့မှုသည်လည်း စနစ်တစ်ခုလုံး၏ တည်ငြိမ်သောအင်္ဂါရပ် တစ်ခု ဖြစ်လာခဲ့ရာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်၏ ပျမ်းမျှတင်ပို့မှုသည် တစ်ရက်လျှင် စည် ၄.၁ သန်းကျော်ရှိခဲ့သည်။ ယင်းက အမေရိကန်သည် ပြင်ပမှလာသော ရိုက်ခတ်မှုများကို ခံရလွယ်သည့် စားသုံးသူနိုင်ငံဘဝမှ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ညီမျှမှုကို ထိန်းညှိပေးနိုင်သော အဓိကထောက်ပံ့သူ နိုင်ငံဖြစ်လာကြောင်း ပြသနေပါသည်။ ထို့အပြင် မက္ကဆီကိုပင်လယ်ကွေ့ (US Gulf) မှ ပင်လယ်ကမ်းလွန် ရေနံထုတ်လုပ်မှုသည်လည်း ၂၀၂၆ ခုနှစ်တွင် တစ်ရက်လျှင် စည် ၂ သန်းခန့်အထိ မြင့်တက်လာရန် ခန့်မှန်းထားရာ၊ ယင်းသည် ကာလတိုစျေးနှုန်း အတက်အကျအပေါ်တွင် ရှေးလ်ရေနံလောက် ထိခိုက်လွယ်မှုမရှိဘဲ တည်ငြိမ်သော ထုတ်လုပ်မှုအခြေခံကို ပိုမိုခိုင်မာစေပါသည်။ ယင်းအချက်များအပြင် အမေရိကန်၏ သဘာဝဓာတ်ငွေ့နှင့် LNG (သဘာဝဓာတ်ငွေ့ရည်) ထုတ်လုပ်နိုင်စွမ်းမြင့်တက်လာခြင်းက စွမ်းအင်အကျပ်အတည်းကာလတွင် မဟာမိတ်များကို ဝါရှင်တန်အနေဖြင့် ပိုမိုကူညီပေးနိုင်လာစေသည်။ ထို့ကြောင့် လက်ရှိအခြေအနေကို ခြုံငုံကြည့်ပါက အမေရိကန်သည် လွန်ခဲ့သော ဆယ်စုနှစ်များကထက်စာလျှင် စျေးကွက်မတည်ငြိမ်မှုများကို ပိုမိုခံနိုင်ရည်ရှိသည့် အနေအထားတွင် ရှိနေပါသည်။အမေရိကန်၏ စွမ်းအင်တွက်ချက်မှုတွင် ပါဝင်သည့် နောက်ထပ်အချက်တစ်ခုမှာ ဗင်နီဇွဲလားနိုင်ငံ ဖြစ်သည်။ ဗင်နီဇွဲလားနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများသည် ဝါရှင်တန်အနေဖြင့် ရေနံချက်စက်ရုံများနှင့် ကိုက်ညီသည့် "ရေနံစိမ်းအမျိုးအစား" (Heavy Crude) အပေါ်တွင် ဩဇာလွှမ်းမိုးမှု ပိုမိုရရှိလာစေမည့် အလားအလာအဖြစ် ဖော်ပြကြသည်။ ဤနေရာတွင် မဟာဗျူဟာမြောက် အရေးပါမှုမှာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကြောင့် ရေနံပမာဏ မည်မျှအမြန်ထွက်လာနိုင်သည်ဟူသည့် အချက်ထက်၊ အပိုဆောင်းလိုအပ်သည့် ရေနံထောက်ပံ့မှု (Marginal Supply) အပေါ် ထိန်းချုပ်နိုင်စွမ်းနှင့် ထိုရေနံကို မည်ကဲ့သို့သော နိုင်ငံရေးအခြေအနေများအောက်တွင် စျေးကွက်တင်မည်နည်းဟူသည့် အချက်ပေါ်တွင် ပို၍မူတည်ပါသည်။ စျေးကွက် အတွင်း ဝယ်လိုအား တင်းကျပ်နေချိန်တွင် ထိုသို့သော အပိုဆောင်းရေနံစည်များသည် အလွန် အရေးကြီးပြီး၊ ယင်းတို့ကို လမ်းညွှန်ပေးနိုင်ခြင်း သို့မဟုတ် စျေးကွက်ထဲသို့ ထုတ်ပေးနိုင်ခြင်းဖြင့် မဟာမိတ်စီးပွားရေးများအတွက် ရိုက်ခတ်မှုများကို လျှော့ချပေးနိုင်ကာ ပြိုင်ဘက်များအပေါ် ဆက်လက်ဖိအားပေးနိုင်မည် ဖြစ်သည်။ အကယ်၍ ထိုသို့သော ဩဇာလွှမ်းမိုးမှုသည် လက်တွေ့ကျပြီး ရေရှည်တည်တံ့ပါက အီရန်နှင့်ပတ်သက်သည့် အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို အမေရိကန်က ပိုမိုစီမံခန့်ခွဲနိုင်မည် ဖြစ်သည်။သို့သော်လည်း အီရန်ကို တရုတ်နိုင်ငံအပေါ် ဖိအားပေးသည့် အချက်အချာအဖြစ် အသုံးချသည့် ယုတ္တိဗေဒတွင် ပြင်းထန်သော ကန့်သတ်ချက်များ ရှိနေပါသည်။ ရေနံစျေးနှုန်း ရုတ်တရက် မြင့်တက်ခြင်းသည် အမေရိကန်အပါအဝင် လူတိုင်းကို ထိခိုက်စေပါသည်။ ပြည်တွင်းရေနံထုတ်လုပ်သူများအနေဖြင့် စျေးနှုန်းမြင့်ခြင်းကြောင့် အကျိုးရှိနိုင်သော်လည်း စားသုံးသူများနှင့် စက်မှုလုပ်ငန်းများသည် ကုန်ကျစရိတ် မြင့်မားမှုနှင့်ရင်ဆိုင်ရမည်ဖြစ်ကာ နိုင်ငံရေးစနစ်သည်လည်း ဓာတ်ဆီ စျေးနှုန်းအပေါ် အလွန်အကဲဆတ်ပါသည်။ ထို့အပြင် မဟာမိတ်များသည်လည်း အလိုအလျောက် သဘောတူညီကြလိမ့်မည် မဟုတ်ပါ။ ဥရောပနှင့် အာရှရှိ အမေရိကန်၏ မဟာမိတ်အများစုမှာ ရေနံအသားတင် တင်သွင်းနေရသူများဖြစ်ကြပြီး ရေရှည်စျေးနှုန်းကြီးမြင့်မှုနှင့် ရေကြောင်းပို့ဆောင်ရေး အနှောင့်အယှက်များကြောင့် ဒုက္ခရောက်ကြမည် ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများ ထိရောက်စေရန်နှင့် ရေကြောင်းလုံခြုံရေး လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် မဟာမိတ်များအကြား စည်းလုံးမှု (Coalition Discipline) သည် မဟာမိတ်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်အချိုးအစားမညီသော ကုန်ကျစရိတ်များကို ပေးဆပ်နေရသည်ဟု ခံစားရသောအခါ ထိန်းသိမ်းရန် ပိုမိုခက်ခဲလာပါသည်။ထို့ထက်ပို၍ နက်ရှိုင်းသော မဟာဗျူဟာမြောက် အန္တရာယ်တစ်ခုလည်း ရှိနေပါသည်။ ကြာရှည်သော ပဋိပက္ခတစ်ခုသည် အမေရိကန်၏ ဩဇာအာဏာကို အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးသွားစေမည့် "လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှုများ" ကို ပိုမိုမြန်ဆန်လာစေနိုင်ပါသည်။ အကယ်၍ ပါရှန်ပင်လယ်ကွေ့ဒေသတွင် စစ်ပွဲ သို့မဟုတ် စစ်ပွဲနှင့် နီးစပ်သော အခြေအနေများမှာ ထပ်ခါတလဲလဲဖြစ်ပေါ်နေပါက တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ရေနံသိုလှောင်မှုများကို မြှင့်တင်ရန်၊ ရေနံရရှိရာ အရင်းအမြစ်များကို စုံလင်အောင် ပြုလုပ်ရန်၊ ရုရှားနှင့် အခြားရေနံတင်ပို့သူများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်ရန်၊ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို အရှိန်မြှင့်ရန်နှင့် ပိတ်ဆို့အရေးယူမှုများကို ခံနိုင်ရည်ရှိသည့် ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ တည်ဆောက်ရန်အတွက် တွန်းအားများ ရရှိသွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဒုက္ခသည် လက်တွေ့ကျသော်လည်း ထိုဒုက္ခသည်ပင် ဒဏ်ခံနိုင်ရည် (Resilience) တည်ဆောက်ရန် တွန်းအားပေးသည့် ယန္တရားတစ်ခု ဖြစ်လာနိုင်ပါသည်။ အကျပ်ကိုင်မှုများကို မကြာခဏ အသုံးပြုလေလေ၊ တန်ပြန်ဆောင်ရွက်မှုများသည် ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးလာလေလေ ဖြစ်ပါလိမ့်မည်။ ခဏတာ ရိုက်ခတ်မှုတစ်ခုသည် တရုတ်၏ ဘဏ္ဍာရေးအခြေအနေနှင့် အန္တရာယ် တွက်ချက်မှုကို ဖိအားပေးနိုင်သော်လည်း ရေရှည်တိုက်ပွဲတစ်ခုသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဩဇာသက်ရောက်မှုကို လျော့ပါးစေမည့် အဆောက်အအုံဆိုင်ရာလမ်းခွဲမှုများ (Structural Decoupling) နှင့် အခြားရွေးချယ်စရာအဖွဲ့အစည်းများ ပေါ်ပေါက်လာမှုကို ပိုမိုအားပေးရာ ရောက်သွားနိုင်ပါသည်။တရုတ်နိုင်ငံသည်လည်း ထိုနယ်ပယ်တွင် ငြိမ်ခံနေမည့်သူမဟုတ်ပါ။ ၎င်းတို့သည် ရေနံပမာဏကို ပြောင်းလဲခြင်း၊ စာချုပ်ပါစည်းကမ်းချက်များကို ပြန်လည်ညှိနှိုင်းခြင်း၊ ကြားခံများကို အသုံးပြုခြင်းနှင့် ပြည်တွင်းစျေးကွက်ကို တည်ငြိမ်စေရန် နိုင်ငံတော်က တိုက်ရိုက်ညွှန်ကြားသည့် နည်းလမ်းများကို အသုံးပြုနိုင်စွမ်းရှိပါသည်။ ထို့အပြင် စွမ်းအင်ကို ရိုးရှင်းသော စီးဆင်းမှုတစ်ခုအဖြစ် ရှုမြင်မည့်အစား ရေရှည်စာချုပ်များ၊ သိုလှောင်မှုများနှင့် တတိယနိုင်ငံ ကုန်သွယ်မှုများ ပါဝင်သည့် ပေါင်းစပ်ရင်းနှီးမြှုပ်နှံမှု (Portfolio) တစ်ခုအဖြစ် ကိုင်တွယ်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်ချွေတာခြင်းနှင့် လျှပ်စစ်စွမ်းအင်သုံးစွဲမှု တိုးမြှင့်ခြင်းတို့မှတစ်ဆင့် ရေနံအပေါ် အမှီပြုနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ထိုအပြောင်းအလဲများသည် ချက်ချင်းလက်ငင်း ဖြစ်မလာနိုင်သော်လည်း ယင်း၏ ဦးတည်ချက်သည် အရေးကြီးပါသည်။ အကယ်၍ အီရန်ပဋိပက္ခကို ဖိအားပေးရန်အတွက် ထပ်ခါတလဲလဲ အသုံးပြုလာပါက ပေကျင်း၏ မဟာဗျူဟာမြောက် သင်ခန်းစာမှာ မည်သည့်ရေလက်ကြား အချက်အချာနှင့် မည်သည့်အကျပ်ကိုင်နိုင်သော အင်အားစုအပေါ်တွင်မဆို မှီခိုနေရမှုကို လျှော့ချရန်ပင် ဖြစ်လိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကာလတိုတွင် စရိတ်စကများမည်ဖြစ်သော်လည်း ၎င်းတို့က ရွေးချယ်မည့်လမ်း ဖြစ်လာပါလိမ့်မည်။ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် လက်ရှိအခြေအနေများအပေါ်မူတည်၍ တည်ငြိမ်စွာ ရှုမြင်ရန် လိုအပ်ပါသည်။ အီရန်အပေါ် စစ်မက်ဖြစ်ပွားနိုင်ခြေသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တရုတ်နိုင်ငံကို ထိန်းချုပ်မည့် ပိုမိုကျယ်ပြန့်သော အမေရိကန် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု အဖြစ် လုပ်ဆောင်နိုင်ပါသည်။ ယင်းသည် စွမ်းအင်ဆိုင်ရာ ဘေးအန္တရာယ်များကို မြှင့်တင်ခြင်း၊ ပိတ်ဆို့အရေးယူမှု ရှောင်လွှဲခြင်းအတွက် ကုန်ကျစရိတ်များကို မြင့်တက်စေခြင်းနှင့် တရုတ်၏ ဆက်သွယ်ရေးစီမံကိန်းများအတွက် အရေးပါသော ဒေသတစ်ခုတွင် မသေချာမရေရာမှုများကို ထည့်သွင်းပေးခြင်းဖြင့် တရုတ်ကို ဖိအားပေးပါသည်။ ယနေ့အချိန်တွင် အမေရိကန်သည် ယခင် ခေတ်များထက် ပိုမိုခိုင်မာသော ပြည်တွင်းစွမ်းအင် အခြေခံကောင်းများ ရှိနေသောကြောင့် နှိုင်းယှဉ်ချက်အရ ဒဏ်ခံနိုင်ရည် ပိုမိုရှိပါသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် အီရန်ရေနံအပေါ် လက်တွေ့ကျကျမှီခိုနေရပြီး အီရန်ကို လမ်းကြောင်းသစ်နှင့် မိတ်ဖက်အဖြစ် မဟာဗျူဟာမြောက် စိတ်ဝင်စားမှုရှိနေခြင်းကြောင့် အနှောင့်အယှက်ဖြစ်ပေါ်မှုများသည် ထိရောက်မှုရှိပါသည်။ သို့သော် ဖိအားကိုမြှင့်တင်လိုက်သည့် အလားတူလုပ်ရပ်သည်ပင်လျှင် တစ်ဖက်မှ လိုက်လျောညီထွေ ပြုပြင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အကယ်၍ စစ်ရေးအရှိန်မြှင့်ခြင်းသည် မဟာမိတ်များအကြား စည်းလုံးမှုကို ပျက်ပြားစေခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရိုက်ခတ်မှုကို ကြာရှည်စေခြင်း သို့မဟုတ် အခြားရွေးချယ်စရာ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးစနစ်များ ပေါ်ပေါက်လာမှုကို အရှိန်မြှင့်ပေးလိုက်ခြင်း ဖြစ်ခဲ့မည်ဆိုလျှင် ရေရှည်တွင် ဩဇာလွှမ်းမိုးမှု အသာစီးရရှိမှုသည် မူလရည်ရွယ်ချက်ကို ပျက်ပြားစေမည့် လမ်းကြောင်းဘက်သို့ ကူးပြောင်းသွားနိုင်ပါသည်။အဆုံးသတ်မှာတော့ အီရန်အရေးဆိုသည်မှာ ရိုးရှင်းသည့် အရှေ့အလယ်ပိုင်း "ပြဿနာ" တစ်ခုမျှသာ မဟုတ်ပါ။ ၎င်းသည် ဒေသတွင်း လုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုတို့အကြားက အဓိက "မဏ္ဍိုင်" (Hinge) ဖြစ်ပါသည်။ အီရန်ပြဿနာကို တရုတ်နိုင်ငံအပေါ် ဖိအားပေးသည့် လက်နက်တစ်ခုအဖြစ် သဘောထားခြင်းသည် ခွဲခြမ်းစိတ်ဖြာမှုအရ ဖြစ်နိုင်ခြေရှိသည်ဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ စျေးနှုန်း၊ လမ်းကြောင်းလုံခြုံရေး၊ ပိတ်ဆို့အရေးယူမှု အာဏာသက်ရောက်မှုနှင့်အခြေခံအဆောက်အအုံ စီမံကိန်းများစသည့် လွှဲပြောင်းပေးပို့နိုင်သော လမ်းကြောင်းများမှာ လက်တွေ့ရှိနေပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးနေသောကြောင့် ဖြစ်သည်။ သို့သော် ဖြစ်နိုင်ခြေရှိခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ခြင်းနှင့် တူညီသည်မဟုတ်ပါ။ ဖိအားပေးခြင်း၏ မဟာဗျူဟာမြောက် အသုံးဝင်မှုသည် မည်မျှအတိုင်းအတာအထိ ချိန်ညှိနိုင်သနည်း၊ မည်မျှ ကြာရှည်ခံသနည်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် မိမိအားနည်းသွားစေလိုသော ပြိုင်ဘက်ကို ပို၍ပင် တောင့်တင်းခိုင်မာမသွားအောင် မည်သို့တားဆီးနိုင်သနည်း ဟူသည့် အချက်များအပေါ် တွင်သာ မူတည်နေပါသည်။(RT တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် “Murad Sadygzade, President of the Middle East Studies Center, Visiting Lecturer, HSE University (Moscow)” ၏ “Why an Iran crisis hits China first” ဆောင်းပါးကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

အီရန်နိုင်ငံအပေါ် စစ်မက်ဖြစ်ပွားနိုင်ခြေရှိသည့်ကိစ္စရပ်ကို ဆွေးနွေးကြရာတွင် ပါရှန်ပင်လယ်ကွေ့၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း ဟန့်တားမှုဆိုင်ရာ တည်ဆောက်ပုံများအပေါ် အခြေခံသည့် ဒေသတွင်း အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်သာ ရှုမြင်လေ့ရှိကြသည်။ သို့သော် အီရန်၏ အခြေအနေကို အမြဲတစေ ပေါက်ကွဲလွယ်သော အနေအထားတွင် ရှိနေစေသည့် ပိုမိုနက်ရှိုင်းသော ယုတ္တိဗေဒမှာ ဒေသတွင်းအကြောင်းရင်းများထက် ကမ္ဘာလုံးဆိုင်ရာ အကြောင်းရင်းများအပေါ်တွင်သာ ပို၍ အခြေခံနေပါသည်။

အီရန်နိုင်ငံသည် စွမ်းအင်စျေးကွက်များ၊ ရေကြောင်းသွားလာမှုဆိုင်ရာ အချက်အချာကျသည့် ရေလက်ကြားများ၊ ပိတ်ဆို့အရေးယူမှုများ အာဏာသက်ရောက်စေခြင်းနှင့် အပြိုင်အဆိုင်ဖြစ်နေသော ဆက်သွယ်ရေးစီမံကိန်းများ ထပ်တူကျရာနေရာတွင် တည်ရှိနေသည်။ ထိုသို့ ထပ်တူကျနေခြင်းသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပေါ်နေသော မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ ထို့ကြောင့် အီရန်အပေါ် စစ်ရေးအရ အရှိန်မြှင့်တင်လာနိုင်ခြေရှိသည့် အခြေအနေကို အရှေ့အလယ်ပိုင်းဒေသအား ပုံစံသစ်ဖြင့် ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းမှုအဖြစ်သာမက တရုတ်နိုင်ငံ၏ တိုးတက်မှုပုံစံ (Growth Model) အတွက် ကုန်ကျစရိတ်များကို မြှင့်တင်ခြင်း၊ တရုတ်၏ အရေးကြီးသောသွင်းကုန်ကဏ္ဍကို မတည်မငြိမ်ဖြစ်စေခြင်းနှင့် ပေကျင်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့်အစား ဘေးအန္တရာယ်စီမံခန့်ခွဲမှု (Risk Management) အတွက် အရင်းအမြစ်များကို ပိုမိုသုံးစွဲလာစေရန် ဖိအားပေးခြင်းဖြင့် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်မည့် "ပထဝီနိုင်ငံရေးလက်နက်တစ်ခု" အဖြစ်လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။

လက်ရှိခေတ်ကာလ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုတွင် အဓိကကျသော အဆုံးအဖြတ်ပေးမည့် တိုက်ပွဲများကို အရှေ့အာရှဒေသ၌ တိုက်ရိုက်ထိပ်တိုက်တွေ့ခြင်းဖြင့် ဆင်နွှဲကြလိမ့်မည်မဟုတ်ဘဲ တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍချဲ့ထွင်မှုကို ဆက်လက်ထိန်းထားနိုင်မည့် စနစ်တကျရှိသော အခြေအနေများ (Systemic Conditions) အပေါ် ထိန်းချုပ်နိုင်ခြင်းဖြင့်သာ ဆုံးဖြတ်ကြမည်ဖြစ်သည်။ ရေနံ၊ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာအခွင့်အလမ်းများသည် ထိုအခြေအနေများထဲတွင် ပါဝင်နေဆဲဖြစ်သည်။

တရုတ်နိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အဓိကတင်သွင်းနေရသည့် နိုင်ငံဖြစ်ပြီး ၎င်း၏ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဂေဟစနစ်သည် စွမ်းအင်စျေးနှုန်း အတက်အကျများနှင့် ရေကြောင်းလမ်းကြောင်းများတွင် အနှောင့်အယှက်ဖြစ်ပေါ်မှုများအပေါ် အလွန်အမင်း ထိခိုက်လွယ်ပါသည်။ အီရန်နိုင်ငံသည် ၎င်း၏ ပထဝီဝင်အနေအထားနှင့် စွမ်းဆောင်ရည်များအရ ဟော်မုဇ် ရေလက်ကြားနှင့် အနီးတစ်ဝိုက်ရေပြင်များ၏ လုံခြုံရေးကို သက်ရောက်မှုရှိစေနိုင်သောကြောင့် အရေးပါနေခြင်းဖြစ်သည်။ မည်သည့်ဒုံးကျည်မှ ပစ်ခတ်ခြင်းမရှိသည့်တိုင်အောင် သင်္ဘောသွားလာရေးလမ်းကြောင်းကို ခြိမ်းခြောက်ခံရနိုင်သည်ဟူသော အယူအဆမျှဖြင့်ပင် အာမခံကြေးများကို တက်သွားစေရန်နှင့် ကုန်စည်သယ်ယူခနှုန်းထားများကို ပြောင်းလဲသွားစေရန် လုံလောက်ပြီး ယင်းသည် စွမ်းအင်ကို အဓိကအားကိုးနေရသော စီးပွားရေးစနစ်များအတွက် ငွေကြေးဖောင်းပွမှုဆိုင်ရာ တွန်းအားတစ်ရပ်အဖြစ်သို့ ကူးပြောင်းသွားစေပါသည်။

အီရန်ကို ဗဟိုပြုသည့် အကျပ်အတည်းတစ်ခု၊ အထူးသဖြင့် ရေရှည်ဖြစ်ပွားမည့် အကျပ်အတည်းသည် တရုတ်နိုင်ငံအပေါ် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။

ပထမယန္တရားမှာ စျေးနှုန်းနှင့် မတည်ငြိမ်မှု ဖြစ်သည်။ ရေနံစျေးနှုန်းသည် အနားသတ်အပေါ်တွင်သာ အခြေခံပြီး ဘေးအန္တရာယ်များအပေါ် ပြင်းထန်စွာ တုံ့ပြန်တတ်သည်။ တစ်ခါတစ်ရံတွင် လက်တွေ့မြေပြင်၌ အမှန်တကယ်ဆုံးရှုံးမှုထက် ပိုမိုပြင်းထန်စွာ တုံ့ပြန်တတ်ပါသည်။ ပါရှန် ပင်လယ်ကွေ့တစ်ဝိုက်တွင် မသေချာမရေရာမှုများရှိလာနိုင်သည်ဟု အချက်ပြသည့် အကျပ်အတည်းတစ်ခုသည် ရေနံအနာဂတ်စျေးနှုန်းများကို မြင့်တက်စေပြီး စျေးကစားမှုများကို ပိုမို အားကောင်းလာစေသည်။ တရုတ်နိုင်ငံအတွက်မူ မြင့်မားသော ရေနံစျေးနှုန်းများသည် အခွန်ကောက်ခံ ခံရသကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် စက်မှုကဏ္ဍတစ်ခုလုံး၏ ကုန်ကျစရိတ်များကို မြင့်တက်စေပြီး အိမ်ထောင်စုများ၏ ဝယ်ယူနိုင်စွမ်းအားကို ကျဆင်းစေကာ မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုကို ရှုပ်ထွေးစေပါသည်။ အမေရိကန်အတွက်မူ ထိခိုက်မှုရှိမည်ဖြစ်သော်လည်း ၎င်းတို့၏ စွမ်းအင်ထုတ်လုပ်မှုပုံစံသည် ပြောင်းလဲသွားပြီဖြစ်သည်။ ပြည်တွင်း၌ ရေနံထုတ်လုပ်မှု မြင့်မားခြင်းနှင့် ပြည်ပသို့ တင်ပို့နိုင်သည့်အခန်းကဏ္ဍကြောင့် စားသုံးသူ လောင်စာဆီစျေးနှုန်းသည် နိုင်ငံရေးအရ အကဲဆတ်နေဆဲဖြစ်သော်လည်း မက်ခရိုစီးပွားရေးဆိုင်ရာထိခိုက်မှုကို တစ်စိတ်တစ်ပိုင်း ခုနှိမ်နိုင်မည်ဖြစ်သည်။ မဟာဗျူဟာမြောက် အသာစီးရမှုသည် အလုံးစုံ ကင်းလွတ်ခွင့်ရရှိခြင်းမျိုးမဟုတ်ဘဲ "နှိုင်းယှဉ်ချက်အရ ဒဏ်ခံနိုင်ရည်ပိုရှိခြင်း" သာ ဖြစ်သည်။

ဒုတိယယန္တရားမှာ လမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်မှုပြုနေသော ရေနံအမြောက်အမြားသည် ကျဉ်းမြောင်းသော ရေလက်ကြားများနှင့် အားနည်းချက်ရှိသော ပင်လယ်ရေကြောင်းလမ်းများမှတစ်ဆင့် ဖြတ်သန်းနေရသည်။ ဟော်မုဇ်ရေလက်ကြားသည် ယင်းတို့အထဲတွင် သင်္ကေတအရရော လက်တွေ့အရပါ အရေးအကြီးဆုံးဖြစ်ပြီး အီရန်သည် ၎င်း၏ ကမ်းရိုးတန်းနှင့် စစ်ရေးအနေအထားအရ ဟော်မုဇ်ရေလက်ကြားကို ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေသည့်နေရာအဖြစ် ပြောင်းလဲနိုင်သည့် တစ်ခုတည်းသော အဓိကအင်အားကြီးနိုင်ငံ ဖြစ်သည်။ ထိုနယ်ပယ်တွင် ဟန့်တားမှု (Deterrence) ဆိုသည်မှာ လမ်းကြောင်းအမှန်တကယ် ပိတ်ဆို့မှုကို တားဆီးရန်သာမက စျေးကွက်၏ မျှော်လင့်ချက်ကို ပုံဖော်ရန်လည်း ဖြစ်သည်။ စစ်ဘေးအာမခံများ၊ သင်္ဘောအချိန်ဇယားများနှင့် သင်္ဘောသားများ၏ အန္တရာယ်ရှိသောဇုန်ကို ဖြတ်သန်းသွားလာလိုသည့် ဆန္ဒအားလုံးသည် ပြောင်းလဲလွယ်သော အရာများဖြစ်သည်။ သေးငယ်သော စစ်ရေးအရှိန်မြှင့်သည့် အချက်ပြမှုများသည်ပင် စီးပွားရေးအရ အချိုးအစားမညီသော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ စွမ်းအင်လုံခြုံရေးအတွက် ခန့်မှန်းရလွယ်ကူသော ပင်လယ်ရေကြောင်းလမ်းများကို အားကိုးနေရသည့် တရုတ်နိုင်ငံသည် ထိုသို့သောအခြေအနေမျိုးတွင် တူညီသော ကုန်စည်အတွက် ပိုမိုပေးဆောင်ရခြင်း၊ ကုန်ပစ္စည်းများကို ပိုမိုသိုလှောင်ထားရခြင်းနှင့် အမေရိကန်က ထောက်ပံ့ပို့ဆောင်ရေး၊ အခြေစိုက်စခန်းများနှင့် မဟာမိတ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများတွင် ကာလရှည်ကြာ အသာစီးရထားသော ဝေးလံသည့် ရေပြင်များအတွက် ရေတပ်အင်အားကို ပိုမိုအသုံးပြုလာရခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်။

တတိယယန္တရားမှာ ပိတ်ဆို့အရေးယူမှုဆိုင်ရာ တည်ဆောက်ပုံ (Sanctions Architecture) ဖြစ်သည်။ အီရန်သည် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများအောက်တွင် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ၎င်း၏ ရေနံတင်ပို့မှုအပေါ်အခြေခံ၍ လျှို့ဝှက်ကုန်သွယ်မှုကွန်ရက်တစ်ခု ထွန်းကားလာခဲ့သည်။ လက်တွေ့တွင် အီရန်အပေါ် ဖိအားပေးခြင်းသည် အမေရိကန်၏ ဘဏ္ဍာရေးဆိုင်ရာ အကျပ်ကိုင်နိုင်စွမ်း မည်မျှအသက်ဝင်သနည်းဆိုသည်ကို စမ်းသပ်သည့်ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။ အကယ်၍ ဝါရှင်တန်အနေဖြင့် ပိတ်ဆို့ထားသော ရေနံစည်များကို သယ်ယူနေသည့် ကွန်ရက်များကို ဖြတ်တောက်နိုင်ကြောင်း သက်သေပြနိုင်ပါက ယင်းသည် တရုတ်နိုင်ငံထံသို့ ပေးပို့သည့် သတင်းစကားလည်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သော ကုန်သွယ်မှုတွင် ပါဝင်ခြင်းသည် ပိုမိုကျယ်ပြန့်သော ကော်ပိုရိတ်နှင့် ဘဏ်လုပ်ငန်းကဏ္ဍများအထိ ကူးစက်သွားနိုင်သည့် ကုန်ကျစရိတ်များနှင့် မသေချာမရေရာမှုများကို သယ်ဆောင်လာနိုင်ကြောင်း အချက်ပြနေခြင်းဖြစ်သည်။ အကယ်၍ အမေရိကန်က စစ်ရေးအရှိန်မြှင့်ရန် သို့မဟုတ် အရှိန်မြှင့်မည်ဟု အချက်ပြရန် ရွေးချယ်ခဲ့ပါက အရေးယူဆောင်ရွက်မှုပတ်ဝန်းကျင်သည် ပိုမိုတင်းကျပ်လာနိုင်ပြီး တရုတ်သွင်းကုန်လုပ်ငန်းရှင်များနှင့် ကြားခံဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ အပြုအမူကို ပြင်ဆင်ရန်၊ မြင့်မားသော အရောင်းအဝယ်ကုန်ကျစရိတ်များကို လက်ခံရန် သို့မဟုတ် စျေးလျှော့ပေးမှု နည်းပါးသည့်အတွက် စီးပွားရေးအရ အကျိုးအမြတ်သိပ်မရှိသော အခြားထောက်ပံ့ရေးအရင်းအမြစ်များကိုရှာဖွေရန် ဖိအားပေးခံရမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အီရန်ရေနံအပေါ် မှီခိုနေရမှုအတိုင်းအတာသည် သေးငယ်သည့် အချက်အလက်တစ်ခု မဟုတ်ပါ။ လတ်တလော ခြေရာခံမှုများအပေါ် အခြေခံသည့် ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ်တွင် တရုတ်၏ အီရန်ရေနံစိမ်း ပျမ်းမျှဝယ်ယူမှုသည် တစ်ရက်လျှင် စည်ပေါင်း ၁.၃၈ သန်းခန့် ရှိနေပြီး ၎င်းသည် တရုတ်၏ စုစုပေါင်း ပင်လယ်ရေကြောင်း ရေနံတင်သွင်းမှု တစ်ရက်လျှင် စည် ၁၀.၂၇ သန်း၏ ၁၃.၄% ခန့် ရှိပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် အီရန်မှ တင်ပို့သော ရေနံစုစုပေါင်း၏ ၈၀% ကျော်ကို ဝယ်ယူနေခြင်း ဖြစ်သည်။ ထိုကိန်းဂဏန်းများသည် ပမာဏကို ဖော်ပြနေရုံသာမက စျေးနှုန်းသဘောတရားကိုလည်း ညွှန်ပြနေသည်။ အီရန်ရေနံစည်များသည် တရုတ်နိုင်ငံ၏ စနစ်အတွင်းသို့ စျေးနှုန်းလျှော့ပေါ့မှုဖြင့် ဝင်ရောက်လေ့ရှိပြီး ယင်းသည် တင်သွင်းသူများအတွက် ဥပဒေကြောင်းအရနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်များကို ခုနှိမ်ပေးခြင်းဖြစ်သည်။ ထိုစျေးနှုန်းလျှော့ပေးမှုသည် ရေနံချက်စက်ရုံများ၏ စီးပွားရေးတွက်ခြေကိုက်မှုနှင့် ပိုမိုကျယ်ပြန့်သော စက်မှုကုန်ကျစရိတ် တည်ဆောက်ပုံ၏ အစိတ်ပိုင်းတစ်ခုဖြစ်လာသည်။ ထို့ကြောင့် ထိုစီးဆင်းမှုကို အနှောင့်အယှက်ပေးခြင်းသည် ပမာဏကိုသာမက အခွင့်အလမ်းကိုပါ ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အခြားအစားထိုးရန် ဖြစ်နိုင်သော်လည်း အစားထိုးခြင်းသည် တန်ဖိုးချင်း ညီမျှလေ့မရှိပါ။ အခြားထောက်ပံ့သူများသည် ပို၍စျေးကြီးနိုင်သလို အခြားအမျိုးအစားများအတွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နိုင်ပြီး ကုန်စည်သယ်ယူခနှင့် စာချုပ်ပါ စည်းကမ်းချက်များသည်လည်း အကျိုးအမြတ် နည်းပါးနိုင်ပါသည်။ အသားတင် အကျိုးသက်ရောက်မှုမှာ ကုန်ကျစရိတ် အခြေခံ ပိုမိုမြင့်မားသွားခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အီရန်၏ တရုတ်အတွက် အရေးပါမှုမှာ ရေနံစိမ်းသက်သက်မျှ မဟုတ်ပါ။ အီရန်သည် ဆက်သွယ်ရေး စီမံကိန်းများတွင်လည်း ပထဝီဝင်မဟာဗျူဟာမြောက် အချက်အချာကျသော နေရာဖြစ်သည်။ ပေကျင်း၏ ပိုးလမ်းမသစ်စီမံကိန်း (Belt and Road) ၏ ရည်ရွယ်ချက်မှာ ကုန်သွယ်မှုနှင့် စွမ်းအင်စီးဆင်းမှုများသည် ရေကြောင်းလမ်းတစ်ခုတည်း သို့မဟုတ် နိုင်ငံရေးအရ ဆက်ဆံရေးတစ်ခုတည်းအပေါ်တွင်သာ ပိတ်မိမနေစေရန် အရန်လမ်းကြောင်းများ တည်ဆောက်ခြင်းဖြစ်သည်။ အီရန်သည် အလယ်အာရှ၊ ကော့ကေးဆပ် (Caucasus)၊ တူရကီနှင့် အရှေ့အလယ်ပိုင်းတို့အကြားတွင် ထူးခြားသောအနေအထား၌ တည်ရှိနေပြီး ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့နှစ်ခုလုံးသို့ ထွက်ပေါက်ရှိသည်။ ဖြတ်သန်းသွားလာမှုနယ်မြေတစ်ခုအနေဖြင့် ၎င်းသည် ပင်လယ်ရေကြောင်း လမ်းကြောင်းများကို အားဖြည့်ပေးနိုင်သည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ပံ့ပိုးပေးနိုင်ပြီး မြောက်-တောင် ရထားလမ်းနှင့် ကားလမ်းများအတွက် ရွေးချယ်စရာများဖြစ်စေကာ ယူရေးရှားကုန်းတွင်းပိုင်း ကွန်ရက်များကို ရေနွေးဆိပ်ကမ်းများ (Warm-water ports) နှင့် ချိတ်ဆက်ပေးနိုင်သည်။ နိုင်ငံရေးအရ ဖိအားများရှိနေစဉ်အတွင်း ကုန်စည်များကို ရွှေ့ပြောင်းနိုင်စွမ်းရှိခြင်းသည် စီးပွားရေးလုံခြုံမှုဟု ပိုမိုအဓိပ္ပာယ်ဖွင့်ဆိုလာကြသည့် ခေတ်ကာလတွင် ယင်းကဲ့သို့သော လမ်းကြောင်းများသည် မဟာဗျူဟာမြောက် ရပိုင်ခွင့်များ ဖြစ်လာသည်။ အကယ်၍ အီရန်သည် တည်ငြိမ်ပြီး အခြားဒေသများနှင့် ပေါင်းစည်းနိုင်ပါက ဒေသတွင်း ထောက်ပံ့ ပို့ဆောင်ရေးအတွက် ကျောက်ဆူးတစ်ခုသဖွယ် ဖြစ်လာနိုင်သည်။ အကယ်၍ အီရန်သည် မတည်မငြိမ်ဖြစ်ခြင်း သို့မဟုတ် စစ်တလင်း ဖြစ်သွားပါက ၎င်းသည် ဆက်သွယ်ရေးကွင်းဆက်တွင် ပြတ်တောက်မှုတစ်ခု ဖြစ်သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ရေတပ်နှင့် မဟာမိတ် အဖွဲ့အစည်းများက လွှမ်းမိုးနိုင်သည့် လမ်းကြောင်းများအပေါ်တွင်သာ ပိုမိုအမှီပြုလာရစေမည်ဖြစ် သည်။

တရုတ်-အီရန် ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်မျှော်မှန်းချက်သည် ထိုအချက်ကို ပိုမိုခိုင်မာစေသည်။ ပေကျင်းနှင့် တီဟီရန်တို့သည် ၎င်းတို့၏ မိတ်ဖက်ဖြစ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့် မည့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အဖြစ် သတ်မှတ်ထားကြသည်။ စီမံကိန်းများ၏ အသေးစိတ်အချက်အလက်များသည် မကြာခဏဆိုသလို မရေမရာရှိနေတတ်သော်လည်း မဟာဗျူဟာမြောက် ဦးတည်ချက်မှာ ရှင်းလင်းပါသည်။ အီရန်သည် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ပိတ်ဆို့အရေးယူမှုနှင့် နိုင်ငံရေးအရ ဘေးအန္တရာယ်များကြောင့် ကန့်သတ်ခံထားရသည့်နေရာတွင် တရုတ် နိုင်ငံအတွက် စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် ဩဇာလွှမ်းမိုးမှုဆိုင်ရာ ရွေးချယ်စရာများကို ဖော်ဆောင်ပေးထားသည်။ ထိုရွေးချယ်စရာများသည် စီမံကိန်းများ နှေးကွေးနေသည့်တိုင်အောင် တန်ဖိုးရှိနေဆဲ ဖြစ်သည်။ ၎င်းသည် အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ကန့်သတ်ချက်များအတွက် ကြိုတင်ကာကွယ်မှု (Hedge) တစ်ခု ဖြစ်သည်။ ဝါရှင်တန်၏ အမြင်အရ အီရန်၏ ဘေးအန္တရာယ်ဖြစ်နိုင်ခြေကို မြှင့်တင်ခြင်းသည် ထိုကြိုတင်ကာကွယ်မှု၏ တန်ဖိုးကို လျော့ကျစေသည်။ ယင်းသည် အီရန်နှင့် လက်တွဲဆောင်ရွက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ရေရှည်ကတိကဝတ်များကို အဟန့်အတား ဖြစ်စေသည်။ တရုတ်အနေဖြင့် အီရန်ကို စွန့်လွှတ်မည်မဟုတ်သော်လည်း အီရန်ကို ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ်ထက် ပိုမိုမသေချာသည့် ရပိုင်ခွင့်တစ်ခုအဖြစ် သဘောထားရန် ဖိအားပေးခံရနိုင်ပါသည်။

ထို့ကြောင့် အီရန်အပေါ် စစ်မက်ဖြစ်ပွားနိုင်ခြေရှိသည့် အတွေးအခေါ်သည် အချို့သော မဟာဗျူဟာမြောက် အသိုင်းအဝိုင်းများတွင် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် "သွယ်ဝိုက်သော နည်းလမ်းတစ်ခု" အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဝါရှင်တန်အနေဖြင့် အလုံးစုံစစ်ပွဲကိုသာ ဦးတည်နေသည်ဟု ယူဆရန် မလိုအပ်ပါ။ အီရန်သည် ရေနံစျေးနှုန်း၊ ရေကြောင်းလုံခြုံရေး၊ ပိတ်ဆို့အရေးယူမှုများ အာဏာသက်ရောက်စေခြင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းစသည့် လမ်းကြောင်းအသွယ်သွယ်မှတစ်ဆင့် ဖိအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးနိုင်သည့် အနည်းငယ်သော နေရာများထဲမှ တစ်ခုဖြစ်သည်ကို သတိပြုရန်သာ လိုအပ်ပါသည်။ ဤလမ်းကြောင်းများအားလုံး တစ်ပြိုင်နက်တည်း အသက်ဝင်လာသောအခါ ရလဒ်အနေဖြင့် ပေါ်ထွက်လာသော မသေချာမရေရာမှုများသည် အလွန်ကြီးမားသော ကုန်ထုတ်လုပ်မှုအခြေစိုက်စခန်းနှင့် ရှည်လျားသော ထောက်ပံ့ရေးကွင်းဆက်များရှိသည့် ရေနံအသားတင် တင်သွင်းရသော နိုင်ငံများအတွက် အထိခိုက်ဆုံး ဖြစ်စေသည်။ တရုတ်နိုင်ငံသည် ထိုပုံစံအတွင်း၌ အတိအကျ ရှိနေခြင်းပင် ဖြစ် သည်။

သို့ရာတွင် ထိုကဲ့သို့သော မဟာဗျူဟာတစ်ရပ် ထိရောက်မှုရှိမရှိဆိုသည်မှာ ဝါရှင်တန်၏ ကိုယ်ပိုင် စွမ်းအင်အနေအထားနှင့် နောက်ဆက်တွဲဆိုးကျိုးများကို မည်မျှထိန်းချုပ်နိုင်သနည်းဟူသည့် အချက်ပေါ်တွင် များစွာမူတည်နေပါသည်။ ထိုနေရာတွင် လက်ရှိအမေရိကန်၏ စွမ်းအင်အခင်းအကျင်းကို လူအများက လျှော့တွက်ထားလေ့ရှိကြသည်။ အမေရိကန်၏ ရေနံစိမ်းထုတ်လုပ်မှု သည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်တွင်ရှိနေပြီး ၂၀၂၆ ခုနှစ်တွင် ပျမ်းမျှတစ်ရက်လျှင် စည်ပေါင်း ၁၃.၅ သန်းခန့် ရှိလာမည်ဟု ခန့်မှန်းထားကြရာ ယင်းသည် ရှေးလ် (Shale) ရေနံ ကဏ္ဍ၏ အဆောက်အအုံဆိုင်ရာ ကြံ့ခိုင်မှုနှင့် အဓိကရေနံထွက်ရာ ဒေသများ၏ ဆက်တိုက်ထွက်ရှိမှုကို ထင်ဟပ်နေပါသည်။ ရေနံစိမ်းတင်ပို့မှုသည်လည်း စနစ်တစ်ခုလုံး၏ တည်ငြိမ်သောအင်္ဂါရပ် တစ်ခု ဖြစ်လာခဲ့ရာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်၏ ပျမ်းမျှတင်ပို့မှုသည် တစ်ရက်လျှင် စည် ၄.၁ သန်းကျော်ရှိခဲ့သည်။ ယင်းက အမေရိကန်သည် ပြင်ပမှလာသော ရိုက်ခတ်မှုများကို ခံရလွယ်သည့် စားသုံးသူနိုင်ငံဘဝမှ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ညီမျှမှုကို ထိန်းညှိပေးနိုင်သော အဓိကထောက်ပံ့သူ နိုင်ငံဖြစ်လာကြောင်း ပြသနေပါသည်။ ထို့အပြင် မက္ကဆီကိုပင်လယ်ကွေ့ (US Gulf) မှ ပင်လယ်ကမ်းလွန် ရေနံထုတ်လုပ်မှုသည်လည်း ၂၀၂၆ ခုနှစ်တွင် တစ်ရက်လျှင် စည် ၂ သန်းခန့်အထိ မြင့်တက်လာရန် ခန့်မှန်းထားရာ၊ ယင်းသည် ကာလတိုစျေးနှုန်း အတက်အကျအပေါ်တွင် ရှေးလ်ရေနံလောက် ထိခိုက်လွယ်မှုမရှိဘဲ တည်ငြိမ်သော ထုတ်လုပ်မှုအခြေခံကို ပိုမိုခိုင်မာစေပါသည်။ ယင်းအချက်များအပြင် အမေရိကန်၏ သဘာဝဓာတ်ငွေ့နှင့် LNG (သဘာဝဓာတ်ငွေ့ရည်) ထုတ်လုပ်နိုင်စွမ်းမြင့်တက်လာခြင်းက စွမ်းအင်အကျပ်အတည်းကာလတွင် မဟာမိတ်များကို ဝါရှင်တန်အနေဖြင့် ပိုမိုကူညီပေးနိုင်လာစေသည်။ ထို့ကြောင့် လက်ရှိအခြေအနေကို ခြုံငုံကြည့်ပါက အမေရိကန်သည် လွန်ခဲ့သော ဆယ်စုနှစ်များကထက်စာလျှင် စျေးကွက်မတည်ငြိမ်မှုများကို ပိုမိုခံနိုင်ရည်ရှိသည့် အနေအထားတွင် ရှိနေပါသည်။

အမေရိကန်၏ စွမ်းအင်တွက်ချက်မှုတွင် ပါဝင်သည့် နောက်ထပ်အချက်တစ်ခုမှာ ဗင်နီဇွဲလားနိုင်ငံ ဖြစ်သည်။ ဗင်နီဇွဲလားနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများသည် ဝါရှင်တန်အနေဖြင့် ရေနံချက်စက်ရုံများနှင့် ကိုက်ညီသည့် "ရေနံစိမ်းအမျိုးအစား" (Heavy Crude) အပေါ်တွင် ဩဇာလွှမ်းမိုးမှု ပိုမိုရရှိလာစေမည့် အလားအလာအဖြစ် ဖော်ပြကြသည်။ ဤနေရာတွင် မဟာဗျူဟာမြောက် အရေးပါမှုမှာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကြောင့် ရေနံပမာဏ မည်မျှအမြန်ထွက်လာနိုင်သည်ဟူသည့် အချက်ထက်၊ အပိုဆောင်းလိုအပ်သည့် ရေနံထောက်ပံ့မှု (Marginal Supply) အပေါ် ထိန်းချုပ်နိုင်စွမ်းနှင့် ထိုရေနံကို မည်ကဲ့သို့သော နိုင်ငံရေးအခြေအနေများအောက်တွင် စျေးကွက်တင်မည်နည်းဟူသည့် အချက်ပေါ်တွင် ပို၍မူတည်ပါသည်။ စျေးကွက် အတွင်း ဝယ်လိုအား တင်းကျပ်နေချိန်တွင် ထိုသို့သော အပိုဆောင်းရေနံစည်များသည် အလွန် အရေးကြီးပြီး၊ ယင်းတို့ကို လမ်းညွှန်ပေးနိုင်ခြင်း သို့မဟုတ် စျေးကွက်ထဲသို့ ထုတ်ပေးနိုင်ခြင်းဖြင့် မဟာမိတ်စီးပွားရေးများအတွက် ရိုက်ခတ်မှုများကို လျှော့ချပေးနိုင်ကာ ပြိုင်ဘက်များအပေါ် ဆက်လက်ဖိအားပေးနိုင်မည် ဖြစ်သည်။ အကယ်၍ ထိုသို့သော ဩဇာလွှမ်းမိုးမှုသည် လက်တွေ့ကျပြီး ရေရှည်တည်တံ့ပါက အီရန်နှင့်ပတ်သက်သည့် အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို အမေရိကန်က ပိုမိုစီမံခန့်ခွဲနိုင်မည် ဖြစ်သည်။

သို့သော်လည်း အီရန်ကို တရုတ်နိုင်ငံအပေါ် ဖိအားပေးသည့် အချက်အချာအဖြစ် အသုံးချသည့် ယုတ္တိဗေဒတွင် ပြင်းထန်သော ကန့်သတ်ချက်များ ရှိနေပါသည်။ ရေနံစျေးနှုန်း ရုတ်တရက် မြင့်တက်ခြင်းသည် အမေရိကန်အပါအဝင် လူတိုင်းကို ထိခိုက်စေပါသည်။ ပြည်တွင်းရေနံထုတ်လုပ်သူများအနေဖြင့် စျေးနှုန်းမြင့်ခြင်းကြောင့် အကျိုးရှိနိုင်သော်လည်း စားသုံးသူများနှင့် စက်မှုလုပ်ငန်းများသည် ကုန်ကျစရိတ် မြင့်မားမှုနှင့်ရင်ဆိုင်ရမည်ဖြစ်ကာ နိုင်ငံရေးစနစ်သည်လည်း ဓာတ်ဆီ စျေးနှုန်းအပေါ် အလွန်အကဲဆတ်ပါသည်။ ထို့အပြင် မဟာမိတ်များသည်လည်း အလိုအလျောက် သဘောတူညီကြလိမ့်မည် မဟုတ်ပါ။ ဥရောပနှင့် အာရှရှိ အမေရိကန်၏ မဟာမိတ်အများစုမှာ ရေနံအသားတင် တင်သွင်းနေရသူများဖြစ်ကြပြီး ရေရှည်စျေးနှုန်းကြီးမြင့်မှုနှင့် ရေကြောင်းပို့ဆောင်ရေး အနှောင့်အယှက်များကြောင့် ဒုက္ခရောက်ကြမည် ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများ ထိရောက်စေရန်နှင့် ရေကြောင်းလုံခြုံရေး လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် မဟာမိတ်များအကြား စည်းလုံးမှု (Coalition Discipline) သည် မဟာမိတ်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်အချိုးအစားမညီသော ကုန်ကျစရိတ်များကို ပေးဆပ်နေရသည်ဟု ခံစားရသောအခါ ထိန်းသိမ်းရန် ပိုမိုခက်ခဲလာပါသည်။

ထို့ထက်ပို၍ နက်ရှိုင်းသော မဟာဗျူဟာမြောက် အန္တရာယ်တစ်ခုလည်း ရှိနေပါသည်။ ကြာရှည်သော ပဋိပက္ခတစ်ခုသည် အမေရိကန်၏ ဩဇာအာဏာကို အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးသွားစေမည့် "လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှုများ" ကို ပိုမိုမြန်ဆန်လာစေနိုင်ပါသည်။ အကယ်၍ ပါရှန်ပင်လယ်ကွေ့ဒေသတွင် စစ်ပွဲ သို့မဟုတ် စစ်ပွဲနှင့် နီးစပ်သော အခြေအနေများမှာ ထပ်ခါတလဲလဲဖြစ်ပေါ်နေပါက တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ရေနံသိုလှောင်မှုများကို မြှင့်တင်ရန်၊ ရေနံရရှိရာ အရင်းအမြစ်များကို စုံလင်အောင် ပြုလုပ်ရန်၊ ရုရှားနှင့် အခြားရေနံတင်ပို့သူများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်ရန်၊ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို အရှိန်မြှင့်ရန်နှင့် ပိတ်ဆို့အရေးယူမှုများကို ခံနိုင်ရည်ရှိသည့် ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ တည်ဆောက်ရန်အတွက် တွန်းအားများ ရရှိသွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဒုက္ခသည် လက်တွေ့ကျသော်လည်း ထိုဒုက္ခသည်ပင် ဒဏ်ခံနိုင်ရည် (Resilience) တည်ဆောက်ရန် တွန်းအားပေးသည့် ယန္တရားတစ်ခု ဖြစ်လာနိုင်ပါသည်။ အကျပ်ကိုင်မှုများကို မကြာခဏ အသုံးပြုလေလေ၊ တန်ပြန်ဆောင်ရွက်မှုများသည် ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးလာလေလေ ဖြစ်ပါလိမ့်မည်။ ခဏတာ ရိုက်ခတ်မှုတစ်ခုသည် တရုတ်၏ ဘဏ္ဍာရေးအခြေအနေနှင့် အန္တရာယ် တွက်ချက်မှုကို ဖိအားပေးနိုင်သော်လည်း ရေရှည်တိုက်ပွဲတစ်ခုသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဩဇာသက်ရောက်မှုကို လျော့ပါးစေမည့် အဆောက်အအုံဆိုင်ရာလမ်းခွဲမှုများ (Structural Decoupling) နှင့် အခြားရွေးချယ်စရာအဖွဲ့အစည်းများ ပေါ်ပေါက်လာမှုကို ပိုမိုအားပေးရာ ရောက်သွားနိုင်ပါသည်။

တရုတ်နိုင်ငံသည်လည်း ထိုနယ်ပယ်တွင် ငြိမ်ခံနေမည့်သူမဟုတ်ပါ။ ၎င်းတို့သည် ရေနံပမာဏကို ပြောင်းလဲခြင်း၊ စာချုပ်ပါစည်းကမ်းချက်များကို ပြန်လည်ညှိနှိုင်းခြင်း၊ ကြားခံများကို အသုံးပြုခြင်းနှင့် ပြည်တွင်းစျေးကွက်ကို တည်ငြိမ်စေရန် နိုင်ငံတော်က တိုက်ရိုက်ညွှန်ကြားသည့် နည်းလမ်းများကို အသုံးပြုနိုင်စွမ်းရှိပါသည်။ ထို့အပြင် စွမ်းအင်ကို ရိုးရှင်းသော စီးဆင်းမှုတစ်ခုအဖြစ် ရှုမြင်မည့်အစား ရေရှည်စာချုပ်များ၊ သိုလှောင်မှုများနှင့် တတိယနိုင်ငံ ကုန်သွယ်မှုများ ပါဝင်သည့် ပေါင်းစပ်ရင်းနှီးမြှုပ်နှံမှု (Portfolio) တစ်ခုအဖြစ် ကိုင်တွယ်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်ချွေတာခြင်းနှင့် လျှပ်စစ်စွမ်းအင်သုံးစွဲမှု တိုးမြှင့်ခြင်းတို့မှတစ်ဆင့် ရေနံအပေါ် အမှီပြုနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ထိုအပြောင်းအလဲများသည် ချက်ချင်းလက်ငင်း ဖြစ်မလာနိုင်သော်လည်း ယင်း၏ ဦးတည်ချက်သည် အရေးကြီးပါသည်။ အကယ်၍ အီရန်ပဋိပက္ခကို ဖိအားပေးရန်အတွက် ထပ်ခါတလဲလဲ အသုံးပြုလာပါက ပေကျင်း၏ မဟာဗျူဟာမြောက် သင်ခန်းစာမှာ မည်သည့်ရေလက်ကြား အချက်အချာနှင့် မည်သည့်အကျပ်ကိုင်နိုင်သော အင်အားစုအပေါ်တွင်မဆို မှီခိုနေရမှုကို လျှော့ချရန်ပင် ဖြစ်လိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကာလတိုတွင် စရိတ်စကများမည်ဖြစ်သော်လည်း ၎င်းတို့က ရွေးချယ်မည့်လမ်း ဖြစ်လာပါလိမ့်မည်။

ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် လက်ရှိအခြေအနေများအပေါ်မူတည်၍ တည်ငြိမ်စွာ ရှုမြင်ရန် လိုအပ်ပါသည်။ အီရန်အပေါ် စစ်မက်ဖြစ်ပွားနိုင်ခြေသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တရုတ်နိုင်ငံကို ထိန်းချုပ်မည့် ပိုမိုကျယ်ပြန့်သော အမေရိကန် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု အဖြစ် လုပ်ဆောင်နိုင်ပါသည်။ ယင်းသည် စွမ်းအင်ဆိုင်ရာ ဘေးအန္တရာယ်များကို မြှင့်တင်ခြင်း၊ ပိတ်ဆို့အရေးယူမှု ရှောင်လွှဲခြင်းအတွက် ကုန်ကျစရိတ်များကို မြင့်တက်စေခြင်းနှင့် တရုတ်၏ ဆက်သွယ်ရေးစီမံကိန်းများအတွက် အရေးပါသော ဒေသတစ်ခုတွင် မသေချာမရေရာမှုများကို ထည့်သွင်းပေးခြင်းဖြင့် တရုတ်ကို ဖိအားပေးပါသည်။ ယနေ့အချိန်တွင် အမေရိကန်သည် ယခင် ခေတ်များထက် ပိုမိုခိုင်မာသော ပြည်တွင်းစွမ်းအင် အခြေခံကောင်းများ ရှိနေသောကြောင့် နှိုင်းယှဉ်ချက်အရ ဒဏ်ခံနိုင်ရည် ပိုမိုရှိပါသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် အီရန်ရေနံအပေါ် လက်တွေ့ကျကျမှီခိုနေရပြီး အီရန်ကို လမ်းကြောင်းသစ်နှင့် မိတ်ဖက်အဖြစ် မဟာဗျူဟာမြောက် စိတ်ဝင်စားမှုရှိနေခြင်းကြောင့် အနှောင့်အယှက်ဖြစ်ပေါ်မှုများသည် ထိရောက်မှုရှိပါသည်။ သို့သော် ဖိအားကိုမြှင့်တင်လိုက်သည့် အလားတူလုပ်ရပ်သည်ပင်လျှင် တစ်ဖက်မှ လိုက်လျောညီထွေ ပြုပြင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အကယ်၍ စစ်ရေးအရှိန်မြှင့်ခြင်းသည် မဟာမိတ်များအကြား စည်းလုံးမှုကို ပျက်ပြားစေခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရိုက်ခတ်မှုကို ကြာရှည်စေခြင်း သို့မဟုတ် အခြားရွေးချယ်စရာ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးစနစ်များ ပေါ်ပေါက်လာမှုကို အရှိန်မြှင့်ပေးလိုက်ခြင်း ဖြစ်ခဲ့မည်ဆိုလျှင် ရေရှည်တွင် ဩဇာလွှမ်းမိုးမှု အသာစီးရရှိမှုသည် မူလရည်ရွယ်ချက်ကို ပျက်ပြားစေမည့် လမ်းကြောင်းဘက်သို့ ကူးပြောင်းသွားနိုင်ပါသည်။

အဆုံးသတ်မှာတော့ အီရန်အရေးဆိုသည်မှာ ရိုးရှင်းသည့် အရှေ့အလယ်ပိုင်း "ပြဿနာ" တစ်ခုမျှသာ မဟုတ်ပါ။ ၎င်းသည် ဒေသတွင်း လုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုတို့အကြားက အဓိက "မဏ္ဍိုင်" (Hinge) ဖြစ်ပါသည်။ အီရန်ပြဿနာကို တရုတ်နိုင်ငံအပေါ် ဖိအားပေးသည့် လက်နက်တစ်ခုအဖြစ် သဘောထားခြင်းသည် ခွဲခြမ်းစိတ်ဖြာမှုအရ ဖြစ်နိုင်ခြေရှိသည်ဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ စျေးနှုန်း၊ လမ်းကြောင်းလုံခြုံရေး၊ ပိတ်ဆို့အရေးယူမှု အာဏာသက်ရောက်မှုနှင့်အခြေခံအဆောက်အအုံ စီမံကိန်းများစသည့် လွှဲပြောင်းပေးပို့နိုင်သော လမ်းကြောင်းများမှာ လက်တွေ့ရှိနေပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးနေသောကြောင့် ဖြစ်သည်။ သို့သော် ဖြစ်နိုင်ခြေရှိခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ခြင်းနှင့် တူညီသည်မဟုတ်ပါ။ ဖိအားပေးခြင်း၏ မဟာဗျူဟာမြောက် အသုံးဝင်မှုသည် မည်မျှအတိုင်းအတာအထိ ချိန်ညှိနိုင်သနည်း၊ မည်မျှ ကြာရှည်ခံသနည်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် မိမိအားနည်းသွားစေလိုသော ပြိုင်ဘက်ကို ပို၍ပင် တောင့်တင်းခိုင်မာမသွားအောင် မည်သို့တားဆီးနိုင်သနည်း ဟူသည့် အချက်များအပေါ် တွင်သာ မူတည်နေပါသည်။

(RT တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် “Murad Sadygzade, President of the Middle East Studies Center, Visiting Lecturer, HSE University (Moscow)” ၏ “Why an Iran crisis hits China first” ဆောင်းပါးကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

Murad Sadygzade

တန်းတူညီမျှမှုကို လှုံ့ဆော်နေတဲ့ တူကီယဲရဲ့ နျူကလီးယားအိပ်မက်
-
တူကီယဲရဲ့ ကီယဲနိုင်ငံ အန်ကာရာမြို့ရဲ့ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွေမှာ “တစ်နေ့ကျရင် တူကီယဲဟာ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းသင့်သလား”ဆိုတဲ့ အတွေးအခေါ်ဟာ အမြဲတမ်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီကိစ္စဟာပိုပြီးပြတ်သားတဲ့ အသွင်ဆောင်လာပါတယ်။ ဘာလို့လဲဆိုတော့ တူကီယဲနိုင်ငံရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ “စစ်အင်အားနဲ့ ခြိမ်းခြောက်ဟန့်တားခြင်း” ကသာ တစ်ခုတည်းသော ယုံကြည်အားကိုးရမယ့် ဘာသာစကားဖြစ်လာတဲ့ အခြေအနေဆီကို ဦးတည်နေလို့ပါပဲ။တူကီယဲနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက အရင်ကလို ပိုနေမြဲကျားနေမြဲအခြေအနေမှန်ကို ထိန်းသိမ်းရုံသက်သက်လုပ်ဆောင်တဲ့အဆင့်ထက် အများကြီး ကျော်လွန်သွားပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ ဂါဇာအရေးတို့မှာကြားဝင်စေ့စပ်သူအဖြစ်၊ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားအရေးတို့မှာ စစ်ရေးအရဩဇာလွှမ်းမိုးသူအဖြစ် နေရာယူလာသလို မြေထဲပင်လယ်အရှေ့ပိုင်းကနေ အာဖရိကဦးချိုဒေသအထိကို ပါဝင်ပတ်သက်လာပါတယ်။တူကီယဲသမ္မတ အာဒိုဂန်ကတော့ ဒါဟာမမျှတတဲ့ နိုင်ငံတကာစနစ်ကြီးကိုပြုပြင်ဖို့ ကြိုးစားနေတာလို့ ပြောလေ့ရှိပါတယ်။ သူ့ရဲ့နာမည်ကျော် ကြွေးကြော်သံဖြစ်တဲ့ “ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကြီးတယ်”ဆိုတဲ့ကြွေးကြော်သံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကပဲ စစ်ရေးစွမ်းရည်အပါအဝင် အခွင့်ထူးအားလုံးကို လက်ဝါးကြီး အုပ်ထားတာကိုမကျေနပ်ကြောင်း ဖော်ပြနေတာပါ။ဒီလိုပြောဆိုမှုတွေထဲမှာ “နျူကလီးယားမမျှတမှု” ဟာ အဓိကနေရာမှာပါဝင်ပါတယ်။ တချို့နိုင်ငံတွေက နျူကလီးယားကိစ္စမှာ သံသယဖြစ်ခံရတာနဲ့ အပြစ်ပေးခံရချိန်မှာ အစ္စရေးကျတော့ နျူကလီးယားရှိတယ်လို့ အများကလက်ခံထားပေမယ့် ဘာစစ်ဆေးမှုမှမခံရတာဟာ “စံနှုန်းနှစ်မျိုး” ဖြစ်နေတယ်လို့ အာဒိုဂန်က ထောက်ပြပါတယ်။ ၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲနောက်ပိုင်းမှာတော့ ဒါဟာနိုင်ငံရေးအရ ပိုအားကောင်းလာပြီးအစ္စရေးရဲ့လက်နက်တိုက်ကို ဘာလို့နိုင်ငံတကာက မစစ်ဆေးတာလဲလို့ သူကအတိအလင်း မေးခွန်းထုတ်လာပါတယ်။အရင်ကတော့ ဒါဟာတရားမျှတမှုအတွက် အငြင်းပွားတာမျိုးပဲဖြစ်ခဲ့ပေမယ့် အခုတော့ အရှေ့အလယ်ပိုင်းရဲ့လုံခြုံရေး အဆောက်အအုံကြီးတစ်ခုလုံး အက်ကြောင်းထလာရပါပြီ။ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် ဖိအားပေးမှုတွေတိုးလာချိန်မှာ “အကယ်၍ အီရန်သာနျူကလီးယား ပိုင်ဆိုင်သွားရင် တခြားနိုင်ငံတွေလည်း လိုက်လုပ်ကြလိမ့်မယ်၊ အဲဒီအခါ တူကီယဲလည်း ဒီပြိုင်ပွဲထဲကို မဖြစ်မနေပါဝင်လာရလိမ့်မယ်”ဆိုပြီး တူကီယဲခေါင်းဆောင်ပိုင်းက သတိပေးထားပါတယ်။တကယ်တမ်း တူကီယဲကို တွန်းအားပေးနေတာက “စည်းမျဉ်းတွေက စည်းမျဉ်းတွေ မဟုတ်တော့ဘူး”လို့ဆိုတဲ့ကြောက်စိတ်ပါ။ စည်းမျဉ်းတွေကို တစ်ဖက်သတ် ကျင့်သုံးလာတဲ့အခါမှာ နျူကလီးယားကိုပိုင်ဆိုင်ထားတာကသာ ကိုယ့်အစိုးရပြုတ်မကျအောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောသံမဏိအာမခံချက်လို့ ယူဆလာကြပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းမှာ နျူကလီးယားလက်နက်ကို အမြင့်ဆုံး အကာအကွယ်အဖြစ်သာ သတ်မှတ်လာကြမယ်ဆိုရင် တူကီယဲနိုင်ငံအနေနဲ့လည်း ချန်လှပ်ခံထားလို့ မရတော့ဘူးဆိုတာကို အချက်ပြနေတာပါ။ဒီအတွေးအခေါ်ဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆိုရင် ဒါကနျူကလီးယားလက်နက်ကို အာမခံပေါ်လစီတစ်ခုလိုမျိုး မြင်လာစေလို့ပါပဲ။ မတည်ငြိမ်တဲ့ဒေသမှာ နျူကလီးယားဗုံးပိုင်ဆိုင်ထားတာက တခြားနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲအောင်လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာဆွဲဆောင်မှုရှိတဲ့ အကာအကွယ်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာလက်နက်အပြိုင်တပ်ဆင်ခြင်းကို မီးထိုးပေးသလိုဖြစ်ပြီး အခြေအနေ မှားယွင်းတွက်ချက်မှုတွေ၊ စီမံခန့်ခွဲရခက်တဲ့အကျပ်အတည်းတွေနဲ့ နျူကလီးယားအရိပ်အောက်က စစ်ပွဲတွေကိုသာ ဖြစ်လာစေပါလိမ့်မယ်။တူကီယဲနိုင်ငံမှာ နျူကလီးယား နည်းပညာနဲ့ပတ်သက်ပြီး အခြေခံကောင်းတွေရှိနှင့်ထားပြီးပါပြီ။ နျူကလီးယား အင်ဂျင်နီယာကျွမ်းကျင်သူတွေ၊ သုတေသန ဌာနတွေရှိသလို၊ ရုရှားနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ နည်းပညာပိုင်းမှာ အရေးပါလှတဲ့ သင်ယူမှု ယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် တူကီယဲမှာ ယူရေနီယံနဲ့ သိုရီယံလိုမျိုး သဘာဝသယံဇာတတွေ ရှိနေတာကလည်း အားသာချက်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် တူကီယဲဟာ နျူကလီးယားကို လိုအပ်ရင် ငြိမ်းချမ်းစွာအသုံးပြုတဲ့ အဆင့်ကနေ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို အချိန်မရွေး ကူးပြောင်းနိုင်တဲ့နိုင်ငံအဖြစ် သူ့ကိုယ်သူပြသနေတာပါ။ဒါပေမဲ့ အဓိကအဟန့်အတားကတော့ နိုင်ငံရေးနဲ့ ဥပဒေပိုင်းပါ။ တူကီယဲဟာ နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ ပါဝင်ထားလို့ ဒီလမ်းကိုသွားရင် ပြင်းထန်တဲ့စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအရ အထီးကျန်မှုတွေကို ကြုံရမှာပါ။ တူကီယဲဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတဲ့အတွက် ဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် တူကီယဲဟာ ဗုံးကိုပေါ်ပေါ်ထင်ထင်ကြီးထုတ်လုပ်လိုက်တာမျိုးထက် နည်းပညာပိုင်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်ရင်း သံတမန်ရေးအရ ကစားတဲ့ ဗျူဟာကိုပဲသုံးနိုင်ခြေရှိပါတယ်။ဒီကြားထဲမှာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ အခန်းကဏ္ဍကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ အကယ်၍ အီရန်ကဗုံးပိုင်ဆိုင်လာရင် ဆော်ဒီကလည်း လိုက်လုပ်မယ်လို့ပြောထားသလို ပါကစ္စတန်နိုင်ငံက ဆော်ဒီကို နျူကလီးယား အကာအကွယ်ပေးမယ်ဆိုတဲ့ကောလာဟလတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးနျူကလီးယား ကွန်ရက်တွေထဲမှာ တူကီယဲနိုင်ငံကပါဝင်ပတ်သက်လာမှာကို နိုင်ငံတကာက အိပ်မက်ဆိုးတစ်ခုလို ကြောက်လန့်နေကြပါတယ်။တကယ်လို့ တူကီယဲသာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားရင် ဥရောပရဲ့လုံခြုံရေးအခင်းအကျင်းပါ ပြောင်းလဲသွားပါလိမ့်မယ်။ တူကီယဲနိုင်ငံရဲ့ NATOအဖွဲ့ဝင်အဖြစ်နဲ့ အနောက်အုပ်စုအပေါ်မှီခိုနေရမှုတွေဟာ သိသိသာသာ လျော့နည်းသွားမှာပါ။ တူကီယဲနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ အလေးထားစရာမလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မျိုးရသွားမှာဖြစ်သလို ဒါဟာ အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ အထက်အောက် စနစ်ကို တူကီယဲက ငြင်းပယ်လိုက်တဲ့ အကြီးမားဆုံးသော သဘောထားထုတ်ဖော်မှု ဖြစ်လာပါလိမ့်မယ်။လက်ရှိမှာတော့ တူကီယဲနိုင်ငံဟာ ဗုံးထုတ်လုပ်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ မရှိသေးပါဘူး။ ဒါပေမဲ့ အန္တရာယ်ကဘာလဲဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံအများအပြားဟာ အချိန်အခါမရွေးနျူကလီးယား ပိုင်ဆိုင်နိုင်တဲ့အဆင့် ရောက်အောင် အပြိုင်အဆိုင် ကြိုးစားလာနေကြတာပါပဲ။ ဒါဟာ မရေရာမှုကိုအခြေခံတဲ့ လက်နက်အပြိုင် တပ်ဆင်မှုကိုဖြစ်လာစေပါတယ်။တူကီယဲရဲ့ အခုလိုပြောဆိုချက်တွေကို သတိပေးချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ တူကီယဲအနေနဲ့ကမ္ဘာကြီးကိုပြောနေတာက “အီရန်ရဲ့နျူကလီးယား ပြဿနာကို အင်အားသုံးပြီးတစ်ဖက်သတ် ဖြေရှင်းမယ်ဆိုရင် ဒေသတွင်းမှာ နျူကလီးယားလက်နက်အပြိုင်တပ်ဆင်မှုတွေ တောက်လျှောက်ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။အနှစ်ချုပ်ရရင် နျူကလီးယားစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားတာဟာ တစ်နိုင်ငံတည်းက လောင်းကစားလုပ်လို့မဟုတ်ပါဘူး။ လက်ရှိစည်းမျဉ်းတွေက ကိုယ့်ကို မကာကွယ်နိုင်တော့ဘူးလို့ နိုင်ငံအများအပြားက တစ်ပြိုင်တည်း ယူဆလာကြလို့ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအတွေးအခေါ်မျိုးက ပိုပြီးအရှိန်ရလာနေပါတယ်။ ဒါကိုတားဆီးချင်တယ်ဆိုရင် စည်းမျဉ်းတွေဟာ လူတိုင်းအတွက် တန်းတူညီမျှရှိရမယ်ဆိုတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။MWD

     တူကီယဲရဲ့ ကီယဲနိုင်ငံ အန်ကာရာမြို့ရဲ့ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွေမှာ တစ်နေ့ကျရင် တူကီယဲဟာ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းသင့်သလားဆိုတဲ့ အတွေးအခေါ်ဟာ အမြဲတမ်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီကိစ္စဟာပိုပြီးပြတ်သားတဲ့ အသွင်ဆောင်လာပါတယ်။ ဘာလို့လဲဆိုတော့ တူကီယဲနိုင်ငံရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ စစ်အင်အားနဲ့ ခြိမ်းခြောက်ဟန့်တားခြင်း ကသာ တစ်ခုတည်းသော ယုံကြည်အားကိုးရမယ့် ဘာသာစကားဖြစ်လာတဲ့ အခြေအနေဆီကို ဦးတည်နေလို့ပါပဲ။

တူကီယဲနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက အရင်ကလို ပိုနေမြဲကျားနေမြဲအခြေအနေမှန်ကို ထိန်းသိမ်းရုံသက်သက်လုပ်ဆောင်တဲ့အဆင့်ထက် အများကြီး ကျော်လွန်သွားပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ ဂါဇာအရေးတို့မှာကြားဝင်စေ့စပ်သူအဖြစ်၊ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားအရေးတို့မှာ စစ်ရေးအရဩဇာလွှမ်းမိုးသူအဖြစ် နေရာယူလာသလို မြေထဲပင်လယ်အရှေ့ပိုင်းကနေ အာဖရိကဦးချိုဒေသအထိကို ပါဝင်ပတ်သက်လာပါတယ်။

တူကီယဲသမ္မတ အာဒိုဂန်ကတော့ ဒါဟာမမျှတတဲ့ နိုင်ငံတကာစနစ်ကြီးကိုပြုပြင်ဖို့ ကြိုးစားနေတာလို့ ပြောလေ့ရှိပါတယ်။ သူ့ရဲ့နာမည်ကျော် ကြွေးကြော်သံဖြစ်တဲ့ ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကြီးတယ်ဆိုတဲ့ကြွေးကြော်သံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကပဲ စစ်ရေးစွမ်းရည်အပါအဝင် အခွင့်ထူးအားလုံးကို လက်ဝါးကြီး အုပ်ထားတာကိုမကျေနပ်ကြောင်း ဖော်ပြနေတာပါ။

ဒီလိုပြောဆိုမှုတွေထဲမှာ နျူကလီးယားမမျှတမှု ဟာ အဓိကနေရာမှာပါဝင်ပါတယ်။ တချို့နိုင်ငံတွေက နျူကလီးယားကိစ္စမှာ သံသယဖြစ်ခံရတာနဲ့ အပြစ်ပေးခံရချိန်မှာ အစ္စရေးကျတော့ နျူကလီးယားရှိတယ်လို့ အများကလက်ခံထားပေမယ့် ဘာစစ်ဆေးမှုမှမခံရတာဟာ စံနှုန်းနှစ်မျိုး ဖြစ်နေတယ်လို့ အာဒိုဂန်က ထောက်ပြပါတယ်။ ၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲနောက်ပိုင်းမှာတော့ ဒါဟာနိုင်ငံရေးအရ ပိုအားကောင်းလာပြီးအစ္စရေးရဲ့လက်နက်တိုက်ကို ဘာလို့နိုင်ငံတကာက မစစ်ဆေးတာလဲလို့ သူကအတိအလင်း မေးခွန်းထုတ်လာပါတယ်။

အရင်ကတော့ ဒါဟာတရားမျှတမှုအတွက် အငြင်းပွားတာမျိုးပဲဖြစ်ခဲ့ပေမယ့်  အခုတော့ အရှေ့အလယ်ပိုင်းရဲ့လုံခြုံရေး အဆောက်အအုံကြီးတစ်ခုလုံး အက်ကြောင်းထလာရပါပြီ။ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် ဖိအားပေးမှုတွေတိုးလာချိန်မှာ အကယ်၍ အီရန်သာနျူကလီးယား ပိုင်ဆိုင်သွားရင် တခြားနိုင်ငံတွေလည်း လိုက်လုပ်ကြလိမ့်မယ်၊ အဲဒီအခါ တူကီယဲလည်း ဒီပြိုင်ပွဲထဲကို မဖြစ်မနေပါဝင်လာရလိမ့်မယ်ဆိုပြီး တူကီယဲခေါင်းဆောင်ပိုင်းက သတိပေးထားပါတယ်။

တကယ်တမ်း တူကီယဲကို တွန်းအားပေးနေတာက စည်းမျဉ်းတွေက စည်းမျဉ်းတွေ မဟုတ်တော့ဘူးလို့ဆိုတဲ့ကြောက်စိတ်ပါ။ စည်းမျဉ်းတွေကို တစ်ဖက်သတ် ကျင့်သုံးလာတဲ့အခါမှာ နျူကလီးယားကိုပိုင်ဆိုင်ထားတာကသာ ကိုယ့်အစိုးရပြုတ်မကျအောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောသံမဏိအာမခံချက်လို့ ယူဆလာကြပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းမှာ နျူကလီးယားလက်နက်ကို အမြင့်ဆုံး အကာအကွယ်အဖြစ်သာ သတ်မှတ်လာကြမယ်ဆိုရင် တူကီယဲနိုင်ငံအနေနဲ့လည်း ချန်လှပ်ခံထားလို့ မရတော့ဘူးဆိုတာကို အချက်ပြနေတာပါ။

ဒီအတွေးအခေါ်ဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆိုရင် ဒါကနျူကလီးယားလက်နက်ကို အာမခံပေါ်လစီတစ်ခုလိုမျိုး မြင်လာစေလို့ပါပဲ။ မတည်ငြိမ်တဲ့ဒေသမှာ နျူကလီးယားဗုံးပိုင်ဆိုင်ထားတာက တခြားနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲအောင်လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာဆွဲဆောင်မှုရှိတဲ့ အကာအကွယ်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာလက်နက်အပြိုင်တပ်ဆင်ခြင်းကို မီးထိုးပေးသလိုဖြစ်ပြီး အခြေအနေ မှားယွင်းတွက်ချက်မှုတွေ၊ စီမံခန့်ခွဲရခက်တဲ့အကျပ်အတည်းတွေနဲ့ နျူကလီးယားအရိပ်အောက်က စစ်ပွဲတွေကိုသာ ဖြစ်လာစေပါလိမ့်မယ်။

တူကီယဲနိုင်ငံမှာ နျူကလီးယား နည်းပညာနဲ့ပတ်သက်ပြီး    အခြေခံကောင်းတွေရှိနှင့်ထားပြီးပါပြီ။ 

နျူကလီးယား အင်ဂျင်နီယာကျွမ်းကျင်သူတွေ၊ သုတေသန ဌာနတွေရှိသလို၊ ရုရှားနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ နည်းပညာပိုင်းမှာ အရေးပါလှတဲ့ သင်ယူမှု ယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် တူကီယဲမှာ ယူရေနီယံနဲ့ သိုရီယံလိုမျိုး သဘာဝသယံဇာတတွေ ရှိနေတာကလည်း အားသာချက်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် တူကီယဲဟာ နျူကလီးယားကို လိုအပ်ရင် ငြိမ်းချမ်းစွာအသုံးပြုတဲ့ အဆင့်ကနေ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို အချိန်မရွေး ကူးပြောင်းနိုင်တဲ့နိုင်ငံအဖြစ် သူ့ကိုယ်သူပြသနေတာပါ။

ဒါပေမဲ့ အဓိကအဟန့်အတားကတော့ နိုင်ငံရေးနဲ့ ဥပဒေပိုင်းပါ။ တူကီယဲဟာ နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ ပါဝင်ထားလို့ ဒီလမ်းကိုသွားရင် ပြင်းထန်တဲ့စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအရ အထီးကျန်မှုတွေကို ကြုံရမှာပါ။ တူကီယဲဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတဲ့အတွက် ဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် တူကီယဲဟာ ဗုံးကိုပေါ်ပေါ်ထင်ထင်ကြီးထုတ်လုပ်လိုက်တာမျိုးထက် နည်းပညာပိုင်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်ရင်း သံတမန်ရေးအရ ကစားတဲ့ ဗျူဟာကိုပဲသုံးနိုင်ခြေရှိပါတယ်။

ဒီကြားထဲမှာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ အခန်းကဏ္ဍကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ အကယ်၍ အီရန်ကဗုံးပိုင်ဆိုင်လာရင် ဆော်ဒီကလည်း လိုက်လုပ်မယ်လို့ပြောထားသလို ပါကစ္စတန်နိုင်ငံက ဆော်ဒီကို နျူကလီးယား အကာအကွယ်ပေးမယ်ဆိုတဲ့ကောလာဟလတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးနျူကလီးယား ကွန်ရက်တွေထဲမှာ တူကီယဲနိုင်ငံကပါဝင်ပတ်သက်လာမှာကို နိုင်ငံတကာက အိပ်မက်ဆိုးတစ်ခုလို ကြောက်လန့်နေကြပါတယ်။

တကယ်လို့ တူကီယဲသာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားရင် ဥရောပရဲ့လုံခြုံရေးအခင်းအကျင်းပါ ပြောင်းလဲသွားပါလိမ့်မယ်။ တူကီယဲနိုင်ငံရဲ့ NATOအဖွဲ့ဝင်အဖြစ်နဲ့ အနောက်အုပ်စုအပေါ်မှီခိုနေရမှုတွေဟာ သိသိသာသာ လျော့နည်းသွားမှာပါ။ တူကီယဲနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ အလေးထားစရာမလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မျိုးရသွားမှာဖြစ်သလို ဒါဟာ အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ အထက်အောက် စနစ်ကို တူကီယဲက ငြင်းပယ်လိုက်တဲ့ အကြီးမားဆုံးသော သဘောထားထုတ်ဖော်မှု ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာတော့ တူကီယဲနိုင်ငံဟာ ဗုံးထုတ်လုပ်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ မရှိသေးပါဘူး။ ဒါပေမဲ့ အန္တရာယ်ကဘာလဲဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံအများအပြားဟာ အချိန်အခါမရွေးနျူကလီးယား ပိုင်ဆိုင်နိုင်တဲ့အဆင့် ရောက်အောင် အပြိုင်အဆိုင် ကြိုးစားလာနေကြတာပါပဲ။ ဒါဟာ မရေရာမှုကိုအခြေခံတဲ့ လက်နက်အပြိုင် တပ်ဆင်မှုကိုဖြစ်လာစေပါတယ်။

တူကီယဲရဲ့ အခုလိုပြောဆိုချက်တွေကို သတိပေးချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ တူကီယဲအနေနဲ့ကမ္ဘာကြီးကိုပြောနေတာက အီရန်ရဲ့နျူကလီးယား ပြဿနာကို အင်အားသုံးပြီးတစ်ဖက်သတ် ဖြေရှင်းမယ်ဆိုရင် ဒေသတွင်းမှာ နျူကလီးယားလက်နက်အပြိုင်တပ်ဆင်မှုတွေ တောက်လျှောက်ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

အနှစ်ချုပ်ရရင် နျူကလီးယားစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားတာဟာ တစ်နိုင်ငံတည်းက လောင်းကစားလုပ်လို့မဟုတ်ပါဘူး။ လက်ရှိစည်းမျဉ်းတွေက ကိုယ့်ကို မကာကွယ်နိုင်တော့ဘူးလို့ နိုင်ငံအများအပြားက တစ်ပြိုင်တည်း ယူဆလာကြလို့ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအတွေးအခေါ်မျိုးက ပိုပြီးအရှိန်ရလာနေပါတယ်။ ဒါကိုတားဆီးချင်တယ်ဆိုရင် စည်းမျဉ်းတွေဟာ လူတိုင်းအတွက် တန်းတူညီမျှရှိရမယ်ဆိုတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

MWD

ထက်မြတ် 

ငြိမ်းချမ်းရေးစားပွဲဝိုင်းနှင့် စစ်မီးလျှံကြားက အရှေ့အလယ်ပိုင်း
-
ဒီနှစ် ၂၀၂၆ ခုနှစ်ရဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံရေးအခင်းအကျင်းက တကယ့်သမိုင်းဝင် အလှည့်အပြောင်းတစ်ခုဆီ ရောက်နေပါပြီ။ သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ “Board of Peace” ဖိုရမ်မှာကြေညာပြီး ရည်မှန်းချက် အလွန်ကြီးမားတဲ့ ဂါဇာငြိမ်းချမ်းရေးစီမံကိန်းကြီးနဲ့ အီရန်နိုင်ငံအပေါ် ပေးလိုက်တဲ့ ၁၅ ရက်အတွင်း အဖြေပေးရမယ်ဆိုတဲ့ နောက်ဆုံးရာဇသံဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်တွေလိုဖြစ်တဲ့ မဟာဗျူဟာမြောက်လောင်းကစားကြီးတစ်ခု ဖြစ်နေပါတယ်။ သမ္မတထရမ့်ဟာ သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းကို စစ်ပွဲတွေမရှိတဲ့၊ စီးပွားရေးအရ အောင်မြင်တဲ့ ဒေသတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ဖို့ အားခဲထားတာပါ။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမယ့် ရာဇသံကို အီရန်ဆီပို့လိုက်ပြီး “သဘောတူညီချက်အသစ်ကို ၁၅ ရက်အတွင်း လက်မှတ်ထိုးပါ၊ မဟုတ်ရင်တော့ မတွေးဝံ့စရာ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်” လို့ ပြောလိုက်တာဟာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကြားက မထင်မရှားဖြစ်နေတဲ့စည်းလေးကို ပိုပြီးတော့မှုန်ဝါးသွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်မှသည် အီရန်အထိ သံတမန်လောကမှာ အကြီးအကျယ်ကို ဂယက်ရိုက်ခတ်ပြီး ဒေသတွင်းတည်ငြိမ်ရေးသည်လည်း အမြင့်ဆုံးအဆင့်စိန်ခေါ်ခံလိုက်ရပါပြီ။အမေရိကန်အစိုးရအနေနဲ့ အခုလှမ်းနေတဲ့ခြေလှမ်းဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေတဲ့ ပဋိပက္ခများစွာကို အပြီးသတ်အဆုံးသတ်နိုင်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဒေသတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေမယ့် စစ်ပွဲအသစ်တစ်ခုကို မသိမသာစတင်လိုက်တာလားဆိုတာနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေ အများကြီးရှိလာပါတယ်။ထရမ့်ဟာ အရင်တုန်းကသူလုပ်ခဲ့တဲ့ “အေဗရာဟမ်သဘောတူညီချက်” ကိုအခြေခံကာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်နေတာပါ။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေနဲ့ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေက ထရမ့်ရဲ့စီမံကိန်းတွေကို အမြဲတမ်း နှောင့်နှေးစေခဲ့ပါတယ်။ဒါကြောင့်ပဲ အခုလို ၁၅ ရက် ရာဇသံဆိုတာထွက်လာတာဖြစ်ပြီး ဒါဟာ သံတမန်ရေးအရဖိအားပေးမှုသက်သက်ထက် ပိုပြင်းထန်တဲ့ စစ်ပွဲခေါ်သံတစ်ခုအဖြစ် အများက စိုးရိမ်တကြီးစောင့်ကြည့်နေကြရပါတယ်။ ဒီရာဇသံမျိုးဟာ အရင်က ဘယ်အစိုးရလက်ထက်မှာမှမရှိဖူးတဲ့ ပြင်းထန်သောလုပ်ရပ်ဖြစ်ပြီး ထရမ့်ရဲ့ “Deal of the Century” ဒုတိယပိုင်း အောင်မြင်နိုင်ဖို့အတွက် ရှိသမျှအကုန်ပုံအောပြီး လောင်းကြေးထပ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက အကြီးအကျယ်ကျင်းပခဲ့တဲ့Board of Peace ဖိုရမ်မှာ ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို “အရှေ့အလယ်ပိုင်းရဲ့ စင်ကာပူ” လိုမျိုးဖြစ်အောင်လုပ်မယ့် မဟာစီမံကိန်းကြီးကို ချပြခဲ့ပါတယ်။ ဒီစီမံကိန်းဟာ နိုင်ငံရေးထက် စီးပွားရေးကို အခြေခံထားပြီး ပါလက်စတိုင်းလူငယ်တွေအတွက် အလုပ်အကိုင်သိန်းနဲ့ချီ ဖန်တီးပေးဖို့၊ ကုန်သွယ်ရေးဇုန်တွေ တည်ဆောက်ဖို့နဲ့ ခရီးသွားလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီစီမံကိန်းထဲမှာ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လိုမျိုးချမ်းသာတဲ့ အာရပ်နိုင်ငံတွေဆီကနေ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်နေသလို အစ္စရေးထိန်းချုပ်မှုအစား အာရပ်နိုင်ငံတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေနဲ့ ဂါဇာကိုထိန်းကျောင်းမယ့် လုံခြုံရေးဆိုင်ရာ ပုံစံတွေလည်း ပါဝင်နေပါတယ်။ဒါပေမဲ့ ဒီလိုမျိုးလှပတဲ့ ငြိမ်းချမ်းရေး အိပ်မက်တွေပေါ်ကို အရိပ်မည်းကြီးမိုးလိုက်တာက အီရန်နိုင်ငံကိုပေးလိုက်တဲ့ ၁၅ ရက် ရာဇသံဖြစ်ပါတယ်။ ထရမ့်ကအီရန်ရဲ့ နျူကလီးယားလုပ်ငန်းစဉ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့မှုပေးနေတာတွေကို ချက်ချင်းရပ်ဖို့ တောင်းဆိုထားတာဖြစ်ပြီး ဒါဟာ အီရန်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲဆီသို့ ရောက်ရှိလာအောင် အပြင်းထန်ဆုံးနည်းနဲ့ တွန်းအားပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။တကယ်လို့ စစ်ပွဲသာ အမှန်တကယ်ဖြစ်လာရင် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအိပ်မက်ဟာ လမ်းလွဲသွားရုံတင်မကဘဲ လုံးဝကို ပြာကျသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ အီရန်က သူတို့ရဲ့ဒုံးကျည်တွေနဲ့ ဆော်ဒီတို့၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာရှိတဲ့ရေနံစခန်းတွေကို ပြန်တိုက်လာမယ်ဆိုရင် အာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ရန်ပုံငွေတွေကို ဂါဇာပြန်လည်တည်ဆောက်ရေးမှာ မသုံးနိုင်တော့ဘဲ ကိုယ့်နိုင်ငံလုံခြုံရေးအတွက်ပဲ အကုန်အကျခံရတော့မှာပါ။ အဲဒါအပြင် ဟစ်ဇဘိုလာနဲ့ ဟူသီတို့လို အဖွဲ့တွေကလည်း အစ္စရေးနဲ့ အမေရိကန်စခန်းတွေကို ဘက်ပေါင်းစုံက တိုက်ခိုက်လာမယ်ဆိုရင် ဂါဇာဒေသဟာ ပြန်လည် တည်ဆောက်ရေးဇုန် ဖြစ်မလာတော့ဘဲ သွေးချောင်းစီးတဲ့ စစ်တလင်းကြီး ပြန်ဖြစ်သွားပါလိမ့်မယ်။စစ်ဖြစ်ပြီဆိုတာနဲ့ ဟော်မုရေလက်ကြားပိတ်ဆို့ခံရမှာဖြစ်လို့ ကမ္ဘာ့ရေနံဈေးတွေလည်း အဆမတန် တက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ အမေရိကန်ပြည်တွင်းစီးပွားရေး ကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်မှာ ဖြစ်သလို စီးပွားရေးအရအကျိုးအမြတ်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ်မယ့် သူ့ရဲ့ဗျူဟာသည်လည်း စီးပွားရေးပျက်ကပ်အောက်မှာ အသက်ရှူရပ်သွားနိုင်ပါတယ်။အခုဆိုရင် အစ္စရေးနိုင်ငံအတွင်းမှာ လုံခြုံရေးသတိပေးချက်တွေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားရပါတယ်။ အစ္စရေးအစိုးရက ဒေါ်နယ်ထရမ့်ရဲ့ ရာဇသံကိုထောက်ခံပေမယ့်၊ တစ်ဖက်မှာလည်း အီရန်နိုင်ငံက လုပ်ဆောင်လာနိုင်တဲ့ လက်တုံ့ပြန်မှုကြောင့် မြောက်ဘက်နယ်စပ်ကနေ ဒုံးကျည်တွေ မိုးရွာသလိုကျလာမှာကိုတော့ တကယ်ပဲစိုးရိမ်နေရပါတယ်။ စစ်ရေးဗျူဟာရေးဆွဲသူတွေ ပြောတာကတော့ အီရန်နိုင်ငံဟာသူတို့ရဲ့ နျူကလီးယားစခန်းတွေကို ကာကွယ်ဖို့အတွက် နည်းပညာမြင့်ကာကွယ်ရေးအလွှာအသစ်တွေကို အလျင်အမြန်တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒါဟာ အနောက်အုပ်စုအတွက် တိုက်ခိုက်ဖို့ ပိုခက်ခဲသွားစေမယ့် စိန်ခေါ်မှုတစ်ခုဖြစ်သလို စစ်ပွဲဖြစ်ခဲ့ရင်လည်း အကျအဆုံးပိုများစေမယ့် အချက်ပါပဲ။အမေရိကန်ပြည်တွင်းမှာလည်း ထရမ့်ရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် ဝေဖန်တာတွေ အများကြီးရှိနေပါတယ်။ ဒီမိုကရက်တွေကတော့ ၁၅ ရက် ရာဇသံဟာ သံတမန်နည်းလမ်းကို ကုန်စင်အောင်မသုံးဘဲ စစ်ပွဲထဲကို အတင်းတွန်းပို့နေတာလို့ စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဒါဟာတစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အီရန်သာ အလျှော့ပေးရင် ဒေသတွင်းမှာ အရင်ကထက်ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေရလာမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့အနေနဲ့လည်း ဒီတင်းမာမှုတွေကြားမှာ အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြရပါတယ်။ သူတို့ဟာ ထရမ့်ရဲ့စီးပွားရေး စီမံကိန်းတွေကို သဘောကျပေမယ့် စစ်ပွဲဖြစ်လာရင်တော့ သူတို့ရဲ့ခေတ်မီမြို့ကြီးတွေပါ မီးဟုန်းဟုန်းတောက်မှာကိုစိုးရိမ်နေကြတာပါ။ ဒါကြောင့် အခု ၁၅ ရက်အတွင်း ကန့်လန့်ကာနောက်ကွယ်က သံတမန်ရေးရာ ဆွေးနွေးမှုတွေဟာ အပြင်းအထန် ဖြစ်နေမှာ သေချာပါတယ်။တူကီယဲနဲ့ ကာတာတို့လို ကြားခံနိုင်ငံတွေကလည်း စစ်ပွဲကိုရှောင်လွှဲဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ အကယ်၍ ဒီသံတမန်လမ်းကြောင်းတွေသာ ကျရှုံးခဲ့ရင် အရှေ့အလယ်ပိုင်းဟာ နျူကလီးယား အိပ်မက်ဆိုးတွေနဲ့ လက်နက်ပြိုင်ပွဲတွေကြားထဲမှာ ပိတ်မိသွားနိုင်ပါတယ်။ ထရမ့်ရဲ့ ၁၅ ရက် ရာဇသံဟာ အီရန်ကို ဒူးထောက်စေမလား ဒါမှမဟုတ် အီရန်ကိုပိုပြီး ထိပ်တိုက်ရင်ဆိုင်လာအောင် တွန်းပို့လိုက်မလားဆိုတာကတော့ အဖြေထွက်ဖို့ သိပ်မလိုလောက်တော့ပါဘူး။နောက်ဆုံးအနေနဲ့ပြောရရင် ရှေ့လာမယ့် ၁၅ ရက်ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ နောင်ဆယ်စုနှစ်ပေါင်းများစွာအတွက်ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အချိန်ကာလပါပဲ။ ထရမ့်ဟာ ငြိမ်းချမ်းရေးရဲ့ ဗိသုကာကြီးအဖြစ် Board of Peace မှာ နေရာယူနိုင်မလား၊ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသကို အကြီးမားဆုံး စစ်ပွဲကြီးဆီကို ခေါ်ဆောင်သွားသူ ဖြစ်မလားဆိုတာ အီရန်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ အလုံးစုံမူတည်နေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲရဲ့ခြိမ်းခြောက်မှုအောက်မှာတကယ်ပဲ ခိုင်မာစွာတည်ဆောက်လို့ ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းဟာ ကမ္ဘာ့သမိုင်းမှာ အဖြေထွက်လာတော့မှာပါ။ ထရမ့်ရဲ့ “ရာစုနှစ်ရဲ့သဘောတူညီချက်” ဒုတိယပိုင်း အောင်မြင်မှုဟာ အီရန်အရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဒီ ၁၅ ရက်ဟာ ကမ္ဘာကြီးအတွက် အသက်ရှူရပ်လုမတတ် စောင့်ကြည့်ရမယ့်ရက်တွေ ဖြစ်လာပါလိမ့်မယ်။ဒီအတောအတွင်း အီရန်ရဲ့ခေါင်းဆောင်ပိုင်းတွေကြားမှာလည်း အငြင်းပွားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ကတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေကို မခံနိုင်တော့လို့ ညှိနှိုင်းချင်ကြပေမယ့် တချို့ကအမေရိကန်ရဲ့ ရာဇသံကို လက်မခံဘဲ တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ ဒီလိုပြည်တွင်းရေး အားပြိုင်မှုတွေကလည်း ထရမ့်ရဲ့ ရာဇသံအပေါ်ပေးမယ့်အဖြေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သံတမန်ရေးရာအရ အဖြေရှာမရဘဲ စစ်ရေးအရအဖြေရှာဖြစ်ခဲ့ရင် ဂါဇာကမ်းခြေမှာ ဆောက်ဖို့ပြင်ထားတဲ့ ဟိုတယ်တွေနဲ့ ဆိပ်ကမ်းတွေအစား ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ဗုံးခိုကျင်းတွေကိုပဲ မြင်တွေ့ရတော့မှာပါ။ ဒါဟာ အရှေ့အလယ်ပိုင်းသား တွေအတွက် တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ အလှည့်အပြောင်း ဖြစ်လာမှာပါ။ဒါကြောင့် အရှေ့အလယ်ပိုင်းရဲ့ ငြိမ်းချမ်းရေးလား၊ စစ်ပွဲလားဆိုတဲ့ ချိန်သီးဟာ အခု ၁၅ ရက်အတွင်းမှာ ဘယ်ဘက်ကိုယိုင်မလဲဆိုတာ ပြတ်ပြတ်သားသား သိရတော့မှာပါ။ ထရမ့်ရဲ့ ရဲရင့်တဲ့လောင်းကစားဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမလား၊ ဒါမှမဟုတ် ကပ်ဘေးကြီးကို ဖိတ်ခေါ်လိုက်တာလားဆိုတာ ကမ္ဘာ့သမိုင်းစာမျက်နှာသစ်မှာ ရေးထိုးဖို့ အသင့်ဖြစ်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်းကို ထာဝရပြောင်းလဲပစ်မှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ အခုဆိုရင် မိမိတို့အားလုံးဟာ သမိုင်းဝင် အပြောင်းအလဲကြီးတစ်ခုရဲ့ ရှေ့မှောက်မှာ ရောက်နေကြတာပဲ ဖြစ်တယ်လို့ ဆိုရပါတော့မယ်။ ။Ref: Sputnik, STMWD

ဒီနှစ် ၂၀၂၆ ခုနှစ်ရဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံရေးအခင်းအကျင်းက တကယ့်သမိုင်းဝင် အလှည့်အပြောင်းတစ်ခုဆီ ရောက်နေပါပြီ။ 

သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ “Board of Peace” ဖိုရမ်မှာကြေညာပြီး ရည်မှန်းချက် အလွန်ကြီးမားတဲ့ ဂါဇာငြိမ်းချမ်းရေးစီမံကိန်းကြီးနဲ့ အီရန်နိုင်ငံအပေါ် ပေးလိုက်တဲ့ ၁၅ ရက်အတွင်း အဖြေပေးရမယ်ဆိုတဲ့ နောက်ဆုံးရာဇသံဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်တွေလိုဖြစ်တဲ့ မဟာဗျူဟာမြောက်လောင်းကစားကြီးတစ်ခု ဖြစ်နေပါတယ်။ 

သမ္မတထရမ့်ဟာ သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းကို စစ်ပွဲတွေမရှိတဲ့၊ စီးပွားရေးအရ အောင်မြင်တဲ့ ဒေသတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ဖို့ အားခဲထားတာပါ။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမယ့် ရာဇသံကို အီရန်ဆီပို့လိုက်ပြီး “သဘောတူညီချက်အသစ်ကို ၁၅ ရက်အတွင်း လက်မှတ်ထိုးပါ၊ မဟုတ်ရင်တော့ မတွေးဝံ့စရာ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ် လို့ ပြောလိုက်တာဟာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကြားက မထင်မရှားဖြစ်နေတဲ့စည်းလေးကို ပိုပြီးတော့မှုန်ဝါးသွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်မှသည် အီရန်အထိ သံတမန်လောကမှာ အကြီးအကျယ်ကို ဂယက်ရိုက်ခတ်ပြီး ဒေသတွင်းတည်ငြိမ်ရေးသည်လည်း အမြင့်ဆုံးအဆင့်စိန်ခေါ်ခံလိုက်ရပါပြီ။

အမေရိကန်အစိုးရအနေနဲ့ အခုလှမ်းနေတဲ့ခြေလှမ်းဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေတဲ့ ပဋိပက္ခများစွာကို အပြီးသတ်အဆုံးသတ်နိုင်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဒေသတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေမယ့် စစ်ပွဲအသစ်တစ်ခုကို မသိမသာစတင်လိုက်တာလားဆိုတာနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေ အများကြီးရှိလာပါတယ်။

ထရမ့်ဟာ အရင်တုန်းကသူလုပ်ခဲ့တဲ့ “အေဗရာဟမ်သဘောတူညီချက် ကိုအခြေခံကာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်နေတာပါ။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေနဲ့ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေက ထရမ့်ရဲ့စီမံကိန်းတွေကို အမြဲတမ်း နှောင့်နှေးစေခဲ့ပါတယ်။

ဒါကြောင့်ပဲ အခုလို ၁၅ ရက် ရာဇသံဆိုတာထွက်လာတာဖြစ်ပြီး ဒါဟာ သံတမန်ရေးအရဖိအားပေးမှုသက်သက်ထက် ပိုပြင်းထန်တဲ့ စစ်ပွဲခေါ်သံတစ်ခုအဖြစ် အများက စိုးရိမ်တကြီးစောင့်ကြည့်နေကြရပါတယ်။ ဒီရာဇသံမျိုးဟာ အရင်က ဘယ်အစိုးရလက်ထက်မှာမှမရှိဖူးတဲ့ ပြင်းထန်သောလုပ်ရပ်ဖြစ်ပြီး ထရမ့်ရဲ့ “Deal of the Century” ဒုတိယပိုင်း အောင်မြင်နိုင်ဖို့အတွက် ရှိသမျှအကုန်ပုံအောပြီး လောင်းကြေးထပ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အကြီးအကျယ်ကျင်းပခဲ့တဲ့Board of Peace ဖိုရမ်မှာ ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို “အရှေ့အလယ်ပိုင်းရဲ့ စင်ကာပူ လိုမျိုးဖြစ်အောင်လုပ်မယ့် မဟာစီမံကိန်းကြီးကို ချပြခဲ့ပါတယ်။ ဒီစီမံကိန်းဟာ နိုင်ငံရေးထက် စီးပွားရေးကို အခြေခံထားပြီး ပါလက်စတိုင်းလူငယ်တွေအတွက် အလုပ်အကိုင်သိန်းနဲ့ချီ ဖန်တီးပေးဖို့၊ ကုန်သွယ်ရေးဇုန်တွေ တည်ဆောက်ဖို့နဲ့ ခရီးသွားလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီစီမံကိန်းထဲမှာ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လိုမျိုးချမ်းသာတဲ့ အာရပ်နိုင်ငံတွေဆီကနေ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်နေသလို အစ္စရေးထိန်းချုပ်မှုအစား အာရပ်နိုင်ငံတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေနဲ့ ဂါဇာကိုထိန်းကျောင်းမယ့် လုံခြုံရေးဆိုင်ရာ ပုံစံတွေလည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ ဒီလိုမျိုးလှပတဲ့ ငြိမ်းချမ်းရေး အိပ်မက်တွေပေါ်ကို အရိပ်မည်းကြီးမိုးလိုက်တာက အီရန်နိုင်ငံကိုပေးလိုက်တဲ့ ၁၅ ရက် ရာဇသံဖြစ်ပါတယ်။ ထရမ့်ကအီရန်ရဲ့ နျူကလီးယားလုပ်ငန်းစဉ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့မှုပေးနေတာတွေကို ချက်ချင်းရပ်ဖို့ တောင်းဆိုထားတာဖြစ်ပြီး ဒါဟာ အီရန်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲဆီသို့ ရောက်ရှိလာအောင် အပြင်းထန်ဆုံးနည်းနဲ့ တွန်းအားပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။

တကယ်လို့ စစ်ပွဲသာ အမှန်တကယ်ဖြစ်လာရင် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအိပ်မက်ဟာ လမ်းလွဲသွားရုံတင်မကဘဲ လုံးဝကို ပြာကျသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ အီရန်က သူတို့ရဲ့ဒုံးကျည်တွေနဲ့ ဆော်ဒီတို့၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာရှိတဲ့ရေနံစခန်းတွေကို ပြန်တိုက်လာမယ်ဆိုရင် အာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ရန်ပုံငွေတွေကို ဂါဇာပြန်လည်တည်ဆောက်ရေးမှာ မသုံးနိုင်တော့ဘဲ ကိုယ့်နိုင်ငံလုံခြုံရေးအတွက်ပဲ အကုန်အကျခံရတော့မှာပါ။ အဲဒါအပြင် ဟစ်ဇဘိုလာနဲ့ ဟူသီတို့လို အဖွဲ့တွေကလည်း အစ္စရေးနဲ့ အမေရိကန်စခန်းတွေကို ဘက်ပေါင်းစုံက တိုက်ခိုက်လာမယ်ဆိုရင် ဂါဇာဒေသဟာ ပြန်လည် တည်ဆောက်ရေးဇုန် ဖြစ်မလာတော့ဘဲ သွေးချောင်းစီးတဲ့ စစ်တလင်းကြီး ပြန်ဖြစ်သွားပါလိမ့်မယ်။

စစ်ဖြစ်ပြီဆိုတာနဲ့ ဟော်မုရေလက်ကြားပိတ်ဆို့ခံရမှာဖြစ်လို့ ကမ္ဘာ့ရေနံဈေးတွေလည်း အဆမတန် တက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ အမေရိကန်ပြည်တွင်းစီးပွားရေး ကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်မှာ ဖြစ်သလို စီးပွားရေးအရအကျိုးအမြတ်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ်မယ့် သူ့ရဲ့ဗျူဟာသည်လည်း စီးပွားရေးပျက်ကပ်အောက်မှာ အသက်ရှူရပ်သွားနိုင်ပါတယ်။

အခုဆိုရင် အစ္စရေးနိုင်ငံအတွင်းမှာ လုံခြုံရေးသတိပေးချက်တွေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားရပါတယ်။ အစ္စရေးအစိုးရက ဒေါ်နယ်ထရမ့်ရဲ့ ရာဇသံကိုထောက်ခံပေမယ့်၊ တစ်ဖက်မှာလည်း အီရန်နိုင်ငံက လုပ်ဆောင်လာနိုင်တဲ့ လက်တုံ့ပြန်မှုကြောင့် မြောက်ဘက်နယ်စပ်ကနေ ဒုံးကျည်တွေ မိုးရွာသလိုကျလာမှာကိုတော့ တကယ်ပဲစိုးရိမ်နေရပါတယ်။ စစ်ရေးဗျူဟာရေးဆွဲသူတွေ ပြောတာကတော့ အီရန်နိုင်ငံဟာသူတို့ရဲ့ နျူကလီးယားစခန်းတွေကို ကာကွယ်ဖို့အတွက် နည်းပညာမြင့်ကာကွယ်ရေးအလွှာအသစ်တွေကို အလျင်အမြန်တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒါဟာ အနောက်အုပ်စုအတွက် တိုက်ခိုက်ဖို့ ပိုခက်ခဲသွားစေမယ့် စိန်ခေါ်မှုတစ်ခုဖြစ်သလို စစ်ပွဲဖြစ်ခဲ့ရင်လည်း  အကျအဆုံးပိုများစေမယ့် အချက်ပါပဲ။

အမေရိကန်ပြည်တွင်းမှာလည်း ထရမ့်ရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် ဝေဖန်တာတွေ အများကြီးရှိနေပါတယ်။ ဒီမိုကရက်တွေကတော့ ၁၅ ရက် ရာဇသံဟာ သံတမန်နည်းလမ်းကို ကုန်စင်အောင်မသုံးဘဲ စစ်ပွဲထဲကို အတင်းတွန်းပို့နေတာလို့ စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဒါဟာတစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အီရန်သာ အလျှော့ပေးရင် ဒေသတွင်းမှာ အရင်ကထက်ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေရလာမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့အနေနဲ့လည်း ဒီတင်းမာမှုတွေကြားမှာ အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြရပါတယ်။ သူတို့ဟာ ထရမ့်ရဲ့စီးပွားရေး စီမံကိန်းတွေကို သဘောကျပေမယ့် စစ်ပွဲဖြစ်လာရင်တော့ သူတို့ရဲ့ခေတ်မီမြို့ကြီးတွေပါ မီးဟုန်းဟုန်းတောက်မှာကိုစိုးရိမ်နေကြတာပါ။ ဒါကြောင့် အခု ၁၅ ရက်အတွင်း ကန့်လန့်ကာနောက်ကွယ်က သံတမန်ရေးရာ ဆွေးနွေးမှုတွေဟာ အပြင်းအထန် ဖြစ်နေမှာ သေချာပါတယ်။

တူကီယဲနဲ့ ကာတာတို့လို ကြားခံနိုင်ငံတွေကလည်း စစ်ပွဲကိုရှောင်လွှဲဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ အကယ်၍ ဒီသံတမန်လမ်းကြောင်းတွေသာ ကျရှုံးခဲ့ရင် အရှေ့အလယ်ပိုင်းဟာ နျူကလီးယား အိပ်မက်ဆိုးတွေနဲ့ လက်နက်ပြိုင်ပွဲတွေကြားထဲမှာ ပိတ်မိသွားနိုင်ပါတယ်။ ထရမ့်ရဲ့ ၁၅ ရက် ရာဇသံဟာ အီရန်ကို ဒူးထောက်စေမလား ဒါမှမဟုတ် အီရန်ကိုပိုပြီး ထိပ်တိုက်ရင်ဆိုင်လာအောင် တွန်းပို့လိုက်မလားဆိုတာကတော့ အဖြေထွက်ဖို့ သိပ်မလိုလောက်တော့ပါဘူး။

နောက်ဆုံးအနေနဲ့ပြောရရင် ရှေ့လာမယ့် ၁၅ ရက်ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ နောင်ဆယ်စုနှစ်ပေါင်းများစွာအတွက်ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အချိန်ကာလပါပဲ။ ထရမ့်ဟာ ငြိမ်းချမ်းရေးရဲ့ ဗိသုကာကြီးအဖြစ် Board of Peace မှာ နေရာယူနိုင်မလား၊ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသကို အကြီးမားဆုံး စစ်ပွဲကြီးဆီကို ခေါ်ဆောင်သွားသူ ဖြစ်မလားဆိုတာ အီရန်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ အလုံးစုံမူတည်နေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲရဲ့ခြိမ်းခြောက်မှုအောက်မှာတကယ်ပဲ ခိုင်မာစွာတည်ဆောက်လို့ ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းဟာ ကမ္ဘာ့သမိုင်းမှာ အဖြေထွက်လာတော့မှာပါ။ ထရမ့်ရဲ့ “ရာစုနှစ်ရဲ့သဘောတူညီချက် ဒုတိယပိုင်း အောင်မြင်မှုဟာ အီရန်အရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဒီ ၁၅ ရက်ဟာ ကမ္ဘာကြီးအတွက် အသက်ရှူရပ်လုမတတ် စောင့်ကြည့်ရမယ့်ရက်တွေ ဖြစ်လာပါလိမ့်မယ်။

ဒီအတောအတွင်း အီရန်ရဲ့ခေါင်းဆောင်ပိုင်းတွေကြားမှာလည်း အငြင်းပွားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ကတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေကို မခံနိုင်တော့လို့ ညှိနှိုင်းချင်ကြပေမယ့် တချို့ကအမေရိကန်ရဲ့ ရာဇသံကို လက်မခံဘဲ တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ ဒီလိုပြည်တွင်းရေး အားပြိုင်မှုတွေကလည်း ထရမ့်ရဲ့ ရာဇသံအပေါ်ပေးမယ့်အဖြေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သံတမန်ရေးရာအရ အဖြေရှာမရဘဲ စစ်ရေးအရအဖြေရှာဖြစ်ခဲ့ရင် ဂါဇာကမ်းခြေမှာ ဆောက်ဖို့ပြင်ထားတဲ့ ဟိုတယ်တွေနဲ့ ဆိပ်ကမ်းတွေအစား ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ဗုံးခိုကျင်းတွေကိုပဲ မြင်တွေ့ရတော့မှာပါ။ ဒါဟာ အရှေ့အလယ်ပိုင်းသား တွေအတွက် တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ အလှည့်အပြောင်း ဖြစ်လာမှာပါ။

ဒါကြောင့် အရှေ့အလယ်ပိုင်းရဲ့ ငြိမ်းချမ်းရေးလား၊ စစ်ပွဲလားဆိုတဲ့ ချိန်သီးဟာ အခု ၁၅ ရက်အတွင်းမှာ ဘယ်ဘက်ကိုယိုင်မလဲဆိုတာ ပြတ်ပြတ်သားသား သိရတော့မှာပါ။ ထရမ့်ရဲ့ ရဲရင့်တဲ့လောင်းကစားဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမလား၊ ဒါမှမဟုတ် ကပ်ဘေးကြီးကို ဖိတ်ခေါ်လိုက်တာလားဆိုတာ ကမ္ဘာ့သမိုင်းစာမျက်နှာသစ်မှာ ရေးထိုးဖို့ အသင့်ဖြစ်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်းကို ထာဝရပြောင်းလဲပစ်မှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ အခုဆိုရင် မိမိတို့အားလုံးဟာ သမိုင်းဝင် အပြောင်းအလဲကြီးတစ်ခုရဲ့ ရှေ့မှောက်မှာ ရောက်နေကြတာပဲ ဖြစ်တယ်လို့ ဆိုရပါတော့မယ်။     ။

Ref: Sputnik, ST

နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီး ဝယ်ယူလို့ရနိုင်မလား
-
နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီးဝယ်ယူလို့ရနိုင်မလားဆိုသည့် မေးခွန်းမျိုးက ယခုခေတ်တွင် ရယ်စရာဖြစ်နေလိမ့်မည်ဖြစ်သည်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူရန်စိတ်ကူးကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး ဒိန်းမတ်က ငြင်းပယ်ပါက ပိုမိုပြတ်သားသော အစီအမံများလုပ်ဆောင်ရန် ဝန်မလေးကြောင်းပြောခဲ့စဉ်က ဥရောပတစ်လွှားတုံ့ပြန်မှုများမှာပြင်းထန်ပြီး မကျေမနပ်ဖြစ်ကြသည်။ ထိုအဆိုပြုချက်က ခေတ်နောက်ပြန်ဆွဲနေပြီး ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးလောကတွင်မရှိတော့သည့် နယ်ချဲ့ခေတ်က မြင်းကုန်သည်လုပ်ငန်းနှင့် တူနေသည်ဟု ရှုမြင်ကြသည်။သို့သော် ထိုသို့မကျေမနပ်ဖြစ်ခြင်းမှာ စိတ်မသက်မသာဖြစ်ဖွယ်သမိုင်းဝင်အမှန်တရားတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုကိုတော်လှန်ရေးနှင့်စစ်ပွဲများဆင်နွှဲခြင်းဖြင့်သာ တည်ဆောက်သည်မဟုတ်ဘဲ ဝယ်ယူမှုများဖြင့်လည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရောင်းချသူဘက်က ရွေးချယ်စရာအကန့်အသတ်ရှိနေသည့် အင်အားချိန်ခွင်လျှာ အခြေအနေများကို အခွင့်ကောင်းယူကာ အကြီးစား နယ်မြေဝယ်ယူမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုန်းမြေကျယ်ကြီးများမှသည် မဟာဗျူဟာကျသော ကျွန်းများအထိ အမေရိကန်သည် ဩဇာအာဏာကို အသုံးချကာ ချက်လက်မှတ်များရေးပြီး ၎င်း၏နယ်နိမိတ်ကို ထပ်ခါတလဲလဲ ချဲ့ထွင်ခြင်းဖြစ်သည်။ယခုခေတ်တွင် နယ်မြေဝယ်ယူခြင်းဟူသည့် အယူအဆမှာ နားဝင်မချိုသော်လည်း ယနေ့ကျွန်ုပ်တို့သိထားသော အမေရိကန်မြေပုံပေါ်ပေါက်လာရန် ထိုသို့သော အကြီးစားအရောင်းအဝယ်များက ကူညီပေးခဲ့သည်ကို သတိရသင့်သည်။ ဂရင်းလန်းကျွန်း အချေအတင်ဆွေးနွေးမှုများ အဘယ်ကြောင့် ဤမျှအရေးပါနေသည်ကို သိရှိရန် အမေရိကန်မြေပုံကို ပြန်လည်ရေးဆွဲနိုင်ခဲ့သည့် အဓိကနယ်မြေဝယ်ယူမှုများကို ပြန်ပြောင်းလေ့လာရမည်ဖြစ်သည်။လူဝီစီယားနား - အကြီးဆုံးအရောင်းအဝယ်၁၇ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ရှာဖွေရေးသမားများသည် မစ္စစ္စပီမြစ်ဝှမ်းသို့ရောက်ရှိပြီး ထိုကျယ်ပြန့်သောနယ်မြေကိုသိမ်းပိုက်ကာ ဘုရင်လူဝီ ၁၄ ကို အစွဲပြု၍ “လူဝီစီယားနား” ဟု အမည်ပေးလိုက်သည်။ ၁၇၁၈ ခုနှစ်တွင် မစ္စစ္စပီမြစ်ဝ၌ နယူးအော်လင်းမြို့ကို တည်ထောင်ခဲ့သည်။ လူဝီဘုရင်သည် လူဖြူများနှင့် လူမည်းများမှ မွေးဖွားလာသော ကလေးများကို လွတ်လပ်ခွင့်ပေးသည့် မူဝါဒများချမှတ်ကာ အခြေချနေထိုင်သူဦးရေကို တိုးမြှင့်ခဲ့သော်လည်း လူဦးရေမှာ ကျဲပါးနေဆဲဖြစ်သည်။ ထို့ပြင် ဆိုးရွားသောရာသီဥတုတွင်နေထိုင်ရမှု၊ တိုင်းရင်းသားများနှင့် ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတို့ရှိသဖြင့် အခြေချနေထိုင်နိုင်ရေးခက်ခဲရသည်။ရလဒ်အနေဖြင့် ပြင်သစ်တို့သည် ဤကျယ်ပြောလှသောနယ်မြေကို တန်ဖိုးအထူးမထားခဲ့ပေ။ ထိုစဉ်က ပြင်သစ်ပိုင် လူဝီစီယားနားသည် ယနေ့ခေတ်လူဝီစီယားနားပြည်နယ်သာမက အာကန်ဆက်၊ အိုကလာဟိုးမား၊ ကန်ဆပ်၊ မစ်ဆိုရီ၊ ကော်လိုရာဒို၊ ဝိုင်အိုမင်း၊ မြောက်နှင့် တောင်ဒါကိုတာ၊ မင်နီဆိုတာ၊ အိုင်အိုဝါ၊ မွန်တားနား၊ နီဘရားစကား၊ တက္ကဆက်၊ နယူးမက္ကဆီကိုနှင့် ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအချို့အထိ ကျယ်ပြန့်သည်။ သို့သော်လည်း နယူးအော်လင်းမြို့မှအပ ကျန်နေရာများတွင် ပြင်သစ်လူမျိုးများကိုရှာဖွေတွေ့ရှိရန်ခက်ခဲခဲ့သည်။၁၇၆၃ ခုနှစ်၌ ခုနစ်နှစ်စစ်ပွဲ (Seven Years’ Warအပြီးတွင် ပြင်သစ်ကလူဝီစီယားနားကို စပိန်ထံသို့ပေးအပ်လိုက်ရသည်။ စပိန်အုပ်ချုပ်ရေးသည် ပြင်သစ်အခြေချသူများကို နှိပ်ကွပ်ခြင်းမရှိဘဲ စနစ်တကျ အုပ်ချုပ်နိုင်ခဲ့သော်လည်း တိုင်းရင်းသားများမှအပ ဤကျယ်ပြန့်သော နယ်မြေကြီးမှာ လူသူကင်းစင်နေဆဲဖြစ်သည်။ လူမည်းများအပါအဝင် အခြေချနေထိုင်သူစုစုပေါင်းမှာ သောင်းဂဏန်းမျှသာရှိသည်။၁၉ ရာစုအစောပိုင်းတွင် ဥရောပ၌ အပြောင်းအလဲများစွာဖြစ်ပေါ်သည်။ နပိုလီယံသည် ပြင်သစ်၏ ပင်လယ်ရပ်ခြားအင်ပါယာကို ပြန်အသက်သွင်းရန် လူဝီစီယားနားကို ပြန်လည်ထိန်းချုပ်သည်။ သို့သော် ဟေတီတွင် ပြင်သစ်အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်ကြိုးပမ်းမှုမှာ လူမည်းတော်လှန်ရေးသမားများနှင့် အပူပိုင်းဒေသရောဂါများကြောင့် ကျရှုံးခဲ့ရသည်။ထိုအခြေအနေတွင် နပိုလီယံသည် လူဝီစီယားနားကိုဆက်လက်ထိန်းထားနိုင်မည်မဟုတ်ဘဲ အင်္ဂလိပ် သို့မဟုတ် အမေရိကန်တို့က အလွယ်တကူ သိမ်းပိုက်သွားမည်ကို သဘောပေါက်ခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မစ္စစ္စပီမြစ်ဝကိုထိန်းချုပ်ရန် လိုအပ်နေသော်လည်း ပြင်သစ်၏ ရန်စမှုကို စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် သမ္မတ သောမတ်ဂျက်ဖာဆန် က လူဝီစီယားနားကိုဝယ်ယူရန် ပြင်သစ်နှင့် စတင်ညှိနှိုင်းသည်။နပိုလီယံသည် ၎င်းအနေဖြင့် အမှန်တကယ်မလိုအပ်ဘဲ မထိန်းချုပ်နိုင်သော နယ်မြေကိုရောင်းချပြီးငွေသားအစစ်အမှန်ရရှိနိုင်မည့် အခွင့်အရေးကြီးအဖြစ် မြင်ခဲ့သည်။ ဂျက်ဖာဆန်နှင့် အမေရိကန်ဘက်က ကနဦးတွင် နယူးအော်လင်းနှင့် ပတ်ဝန်းကျင်ဒေသများကိုသာ ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူရန်ရည်ရွယ်ခဲ့သော်လည်း ပြင်သစ်ဘက်က ဒေါ်လာ ၁၅ သန်းဖြင့် ကနေဒါအထိကျယ်ပြန့်သော နယ်မြေအားလုံးကို ရောင်းချမည်ဟုအံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့သည်။ သို့သော် နယူးအော်လင်းမှအပ ကျန်နယ်မြေများမှာ တိုင်းရင်းသားများနေထိုင်ရာဒေသများကို သိမ်းပိုက်ခွင့်လိုင်စင်ရောင်းချခြင်းသာဖြစ်သည်။ ပြင်သစ်တို့သည် အဆိုပါဒေသများအပေါ် ထိန်းချုပ်မှုလုံးဝမရှိသလောက်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ထိုအရောင်းအဝယ်သည် မည်သည်ကိုဆိုလိုမှန်းမသိကြပေ။ လက်တွေ့တွင် အဆိုပါနယ်မြေကျယ်ကြီး၌ အခြေချနေထိုင်သူ၆၀၀၀၀ ခန့်သာ ရှိခဲ့သည်။မည်သို့ပင်ဖြစ်စေကာမူ ထိုအရောင်းအဝယ်ကြီးပြီးမြောက်သွားချိန်တွင် အမေရိကန်၏နယ်နိမိတ်မှာ တစ်ညအတွင်း နှစ်ဆတိုးသွားသည်။ အမေရိကန်နိုင်ငံကို တည်ထောင်သူတစ်ဦးဖြစ်သည့်အပြင် ထိုစဉ်က ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးဖြစ်သည့် ရောဘတ်လစ်ဗင်းစတုန်းက “ကျွန်ုပ်တို့ အသက်ရှည်ရှည်နေခဲ့ရသော်လည်း ဤအလုပ်သည် ကျွန်ုပ်တို့တစ်သက်တာတွင် အမြင့်မြတ်ဆုံးအလုပ်ဖြစ်သည်... ယနေ့မှစ၍ အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံများကြားတွင်နေရာ ယူလိုက်ပြီဖြစ်သည်” ဟု ထင်ရှားစွာ ကြေညာခဲ့သည်။ဖလော်ရီဒါ - ဖိအားပေးပြီး ဝယ်ယူခြင်းလူဝီစီယားနားကိစ္စတွင် နှစ်ဖက်စလုံးကျေနပ်ကြသော်လည်း ဖလော်ရီဒါကိစ္စတွင်မူ ရောင်းချသူဘက်က အထူးတလည် မပျော်ရွှင်ပေ။ စပိန်တို့သည် ဖလော်ရီဒါကို ၁၅၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်းထိုစဉ်က တန်ဖိုးမထားဘဲ စစ်စခန်းအဖြစ်သာ အသုံးပြုခဲ့သည်။ ၁၈ ရာစုတွင် ဗြိတိန်က ဖလော်ရီဒါကို သိမ်းယူသော်လည်း အမေရိကန်လွတ်လပ်ရေးစစ်ပွဲအတွင်း စပိန်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လူဝီစီယားနားကဲ့သို့ပင် ပိုင်ဆိုင်မှုရှိခြင်းသည် အုပ်ချုပ်နိုင်ခြင်းကိုမဆိုလိုပေ။ထိုအတောအတွင်း အမေရိကန်အခြေချနေထိုင်သူများသည် ဖလော်ရီဒါသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာသည်။ နယ်စပ်တွင် ပဋိပက္ခများဖြစ်ပွားပြီး အမေရိကန်များက စပိန်မြေများကို ကျူးကျော်လာသဖြင့် ဖလော်ရီဒါသည် အမေရိကန်၊ တိုင်းရင်းသားများနှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေသော စစ်မြေပြင်ဖြစ်လာသည်။ စပိန်သည် ထိုကျူးကျော်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်းမရှိပေ။ ထို့ပြင် ၁၈၀၇ ခုနှစ်နှင့် ၁၈၁၄ခုနှစ်ကြားတွင် စပိန်သည် နပိုလီယံနှင့် ပြင်းထန်သောစစ်ပွဲအတွင်း ပိတ်မိနေခဲ့သည်။စစ်ကြီးအပြီးတွင် စပိန်သည် ပျက်စီးယိုယွင်းနေပြီး ဆီမီနိုးအင်ဒီယန်းများ၏ တိုက်ခိုက်မှုကိုမကာကွယ်နိုင်တော့ပေ။ ဆီမီနိုးများကြောင့် စိတ်ပျက်နေသော အမေရိကန်တို့က ဖလော်ရီဒါ၏ နေရာအတော်များများကို သိမ်းပိုက်လိုက်ပြီး ထိုမြေမှာ စွန့်ပစ်ခံထားရသောမြေဖြစ်သည်ဟုဆိုခဲ့သည်။ စပိန်တို့က နယ်မြေကို ဒီအတိုင်းဆုံးရှုံးရမည့်အစား တစ်ခုခုရရှိလိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ကြသည်။ အမေရိကန်သည် ၎င်းတို့၏ကျူးကျော်မှုကြောင့် ဖြစ်ပေါ်ခဲ့သောပျက်စီးမှုများအတွက် လျော်ကြေးအဖြစ် စပိန်ကို ဒေါ်လာ ၅ သန်း တရားဝင်ပေးအပ်သည်။ ၁၈၁၉ ခုနှစ်တွင် စပိန်သည် ဖလော်ရီဒါကို ပေးအပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ဗာဂျင်ကျွန်းစု - ရွှေနဲ့ ဝယ်ယူခြင်း၁၉ ရာစုသည် ကိုလိုနီအင်ပါယာများ၏ခေတ်ဖြစ်သော်လည်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ၂၀ ရာစု ပထမကမ္ဘာစစ်အတွင်းမှ ဝယ်ယူခြင်းဖြစ်သည်။ ကာရေဘီယံပင်လယ်ကို ထိန်းချုပ်ရန်ကြိုးပမ်းမှုနှင့်ပတ်သက်သည့်အကြောင်းပြောလျှင် ဒိန်းမတ်ကို ပြေးမြင်မည်မဟုတ်ပေ။ ၁၆၇၂ ခုနှစ်တွင် ဒိန်းမတ်အနောက်အိန္ဒိယကုမ္ပဏီက စိန့်သောမတ်နှင့် စိန့်ဂျွန်ကျွန်းငယ်များကို သိမ်းပိုက်ခဲ့သည်။ ဒိန်းမတ်တို့သည် သကြားအတွက်လုပ်ငန်းများတည်ထောင်ပြီး ကျွန်လုပ်အားကို အသုံးပြုသည်။ သို့သော် ၁၉ ရာစုအလယ်ပိုင်းတွင် ကမ္ဘာ့သကြားဈေးကွက် ပြိုလဲသွားသဖြင့် ဒိန်းမတ်တို့က ဤပိုင်ဆိုင်မှုကို စွန့်လွှတ်ရန် စဉ်းစားကြသည်။ ထိုစဉ်က အမေရိကန်သည် စိန့်သောမတ်ဆိပ်ကမ်းကို ဝယ်ယူရန် စိတ်ဝင်စားသော်လည်း အရောင်းအဝယ် မဖြစ်ခဲ့ပေ။ အမေရိကန်သည် အလက်စကာကို ဝယ်ယူခြင်းက ပို၍တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဟုဆုံးဖြတ်ကာ ထိန်းသိမ်းရခက်ခဲသော ထိုမြောက်ပိုင်းနယ်မြေကို ရုရှားထံမှ ဝယ်ယူခဲ့သည်။ ထို့ကြောင့် ဗာဂျင်ကျွန်းစုသည် ၂၀ ရာစုအထိ ဒိန်းမတ်လက်အောက်တွင် ကျန်ရှိနေခြင်းဖြစ်သည်။ပထမကမ္ဘာစစ်အတွင်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကိုဝယ်ယူရန် ပြန်လည်စဉ်းစားသည်။ ဂျာမနီက ဒိန်းမတ်ကိုသိမ်းပိုက်ပြီး ထိုကျွန်းများကိုရေငုပ်သင်္ဘောအခြေစိုက်စခန်းအဖြစ်အသုံးပြုမည်ကို စိုးရိမ်သည်ဟု အမေရိကန်ကအကြောင်းပြသည်။ ထို့ကြောင့် အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ဝယ်ယူရန်ဆုံးဖြတ်ပြီးဒိန်းမတ်ကလည်း ငြင်းပယ်ရန်ခက်ခဲသော ကမ်းလှမ်းမှုကို ရရှိသည်။အမေရိကန်သမ္မတဝုရိုးဝီဆင်က ဒိန်းမတ်အနေဖြင့် ထိုကျွန်းများကို မရောင်းချပါက ဂျာမန်လက်ထဲသို့ မရောက်စေရန် အမေရိကန်ကသိမ်းပိုက်မည်ဟု ပြတ်သားစွာသတိပေးခဲ့သည်။ ထို့နောက် ဝီဆင်သည်ဒိန်းမတ်ရင်ဆိုင်နေရသော ဖိအားကိုလျော့ပါးစေရန် ဒိန်းမတ်၏တစ်နှစ်တာဘတ်ဂျက် ထက်ဝက်ခန့်ရှိသောဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ ရွှေများပေးမည်ဟု ကမ်းလှမ်းကာ အပေးအယူကို မြှင့်တင်ခဲ့သည်။ကနဦးတွင် ဒိန်းမတ်အစိုးရက တွန့်ဆုတ်နေသော်လည်း ထိုကျွန်းများသည် အကောင်းနည်းဖြင့်ဖြစ်စေ၊ အဆိုးနည်းဖြင့်ဖြစ်စေ အမေရိကန်နိုင်ငံ၏လက်အောက်သို့ ရောက်လာစေမည်ဖြစ်ကြောင်း အမေရိကန်ကရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ ထို့ကြောင့် ဒိန်းမတ်အစိုးရသည် လူထုဆန္ဒခံယူပွဲပြုလုပ်ကာ ကျွန်းများကို အမေရိကန်အစိုးရထံသို့လွှဲပြောင်းပေးခဲ့သည်။စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတွင်လည်း အမေရိကန်သည် ဂရင်းလန်းကျွန်းကိုဝယ်ယူရန် ကြိုးပမ်းဖူးခြင်းဖြစ်သည်။ ထိုကဲ့သို့ ကမ်းလှမ်းလာမှုကို ဒိန်းမတ်က ငြင်းပယ်ခဲ့သော်လည်း အဆိုပါနေရာတွင် အမေရိကန်စစ်စခန်းများ တည်ဆောက်ခွင့်ရခဲ့သည်။ တစ်ကြိမ်တွင် နျူကလီးယားလက်နက်တင်ဆောင်လာသော ဗုံးကြဲလေယာဉ်တစ်စင်းသည် ဂရင်းလန်းကျွန်းတွင် ပျက်ကျခဲ့သော်လည်း အဆိုပါအချက်ကို ဒိန်းမတ်လူထုမသိအောင် ဖုံးကွယ်ထားခဲ့သည်။ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များသည် ယခင်ကမရှိခဲ့ဖူးသော၊ ယခုမှဖြစ်ပေါ်လာသော အရာများမဟုတ်သည်ကို တွေ့ရှိရသည်။ အမေရိကန်သည် နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် ဝယ်ယူမှုများမှတစ်ဆင့်နယ်နိမိတ်ကိုချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။တစ်ခါတစ်ရံ ရောင်းချသူဘက်က အဝေးရောက်နယ်မြေ သို့မဟုတ် သူတို့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ပိုင်ဆိုင်မှုကိုစွန့်လွှတ်ရ၍ စိတ်သက်သာရာရခဲ့သည်လည်းရှိသကဲ့သို့ တစ်ခါတစ်ရံတွင် ဖိအားပေးမှုနှင့် မဟာဗျူဟာမြောက်မညီမျှမှုများကြောင့် သဘောတူခဲ့ကြရသည်များလည်းရှိသည်။ အရောင်းအဝယ်မှတစ်ဆင့် နယ်မြေချဲ့ထွင်ခြင်းသည် အမေရိကန်နိုင်ငံ၏သမိုင်းတွင် ခြွင်းချက်မဟုတ်ဘဲ ထပ်ခါတလဲလဲအသုံးပြုခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။ယခုအချိန်တွင်လည်း ဂရင်းလန်းအပေါ် ထရမ့်၏စိတ်ဝင်စားမှုသည် အဆိုပါသမိုင်းဝင်ပုံစံခွက်အတွင်းသို့ အတိအကျပင်ကျရောက်နေသည်။ ၎င်း၏ရှေ့ဆောင်များကဲ့သို့ပင် သူသည်လည်း အမေရိကန်၏မဟာဗျူဟာမြောက်ခြေရာကို ချဲ့ထွင်လိုသည့်ပြယုဂ်တစ်ခုကို စိတ်ဝင်စားနေပုံရသည်။ယင်းအတွက် ဒိန်းမတ်နိုင်ငံအကျပ်အတည်းနှင့်ရင်ဆိုင်ရမည့်အချိန်ကိုစောင့်ဆိုင်းပြီး အမေရိကန်အစိုးရက ငွေအိတ်အပြည့်ဖြင့် သွားရောက်ကမ်းလှမ်းခြင်းသည် ပိုကောင်းသည့်အကြံဉာဏ်ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်အထိစောင့်ရန်မှာ ကြာမြင့်နိုင်ပြီးစိတ်ရှည်သည်းခံခြင်းမှာ ထရမ့်၏အားသာချက်မဟုတ်သည်ကတော့ သေချာသည်။သို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ်ကြီးမားလှသောနယ်မြေပိုင်နက်တစ်ခုကိုငွေပေး၍ ဝယ်ယူနိုင်မည်လား၊ ဝယ်ယူ၍မရနိုင်ဘူးလား ဆိုသည့်မေးခွန်းကို ပြန်ဖြေရမည်ဆိုလျှင် ငွေပေး၍လည်းဝယ်နိုင်သလို ပဋိပက္ခများကြားတွင် ဖိအားပေး၍လည်း ရယူသွားနိုင်မည်ပင် ဖြစ်သည်။ အခုအချိန်အတွက် အသေချာဆုံးကတော့ ဖိအားပေး၍ ရယူခြင်းသာဖြစ်လာနိုင်သည်ဟု ရေးသားတင်ပြလိုက်ရပါသည်။ ။ Ref: RTMWD

နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီးဝယ်ယူလို့ရနိုင်မလားဆိုသည့် မေးခွန်းမျိုးက ယခုခေတ်တွင် ရယ်စရာဖြစ်နေလိမ့်မည်ဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူရန်စိတ်ကူးကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး ဒိန်းမတ်က ငြင်းပယ်ပါက ပိုမိုပြတ်သားသော အစီအမံများလုပ်ဆောင်ရန် ဝန်မလေးကြောင်းပြောခဲ့စဉ်က ဥရောပတစ်လွှားတုံ့ပြန်မှုများမှာပြင်းထန်ပြီး မကျေမနပ်ဖြစ်ကြသည်။ ထိုအဆိုပြုချက်က ခေတ်နောက်ပြန်ဆွဲနေပြီး ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးလောကတွင်မရှိတော့သည့် နယ်ချဲ့ခေတ်က မြင်းကုန်သည်လုပ်ငန်းနှင့် တူနေသည်ဟု ရှုမြင်ကြသည်။

သို့သော် ထိုသို့မကျေမနပ်ဖြစ်ခြင်းမှာ စိတ်မသက်မသာဖြစ်ဖွယ်သမိုင်းဝင်အမှန်တရားတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုကိုတော်လှန်ရေးနှင့်စစ်ပွဲများဆင်နွှဲခြင်းဖြင့်သာ တည်ဆောက်သည်မဟုတ်ဘဲ ဝယ်ယူမှုများဖြင့်လည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရောင်းချသူဘက်က ရွေးချယ်စရာအကန့်အသတ်ရှိနေသည့် အင်အားချိန်ခွင်လျှာ အခြေအနေများကို အခွင့်ကောင်းယူကာ အကြီးစား နယ်မြေဝယ်ယူမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုန်းမြေကျယ်ကြီးများမှသည် မဟာဗျူဟာကျသော ကျွန်းများအထိ အမေရိကန်သည် ဩဇာအာဏာကို အသုံးချကာ ချက်လက်မှတ်များရေးပြီး ၎င်း၏နယ်နိမိတ်ကို ထပ်ခါတလဲလဲ ချဲ့ထွင်ခြင်းဖြစ်သည်။

ယခုခေတ်တွင် နယ်မြေဝယ်ယူခြင်းဟူသည့် အယူအဆမှာ နားဝင်မချိုသော်လည်း ယနေ့ကျွန်ုပ်တို့သိထားသော အမေရိကန်မြေပုံပေါ်ပေါက်လာရန် ထိုသို့သော အကြီးစားအရောင်းအဝယ်များက ကူညီပေးခဲ့သည်ကို သတိရသင့်သည်။ ဂရင်းလန်းကျွန်း အချေအတင်ဆွေးနွေးမှုများ အဘယ်ကြောင့် ဤမျှအရေးပါနေသည်ကို သိရှိရန် အမေရိကန်မြေပုံကို ပြန်လည်ရေးဆွဲနိုင်ခဲ့သည့် အဓိကနယ်မြေဝယ်ယူမှုများကို ပြန်ပြောင်းလေ့လာရမည်ဖြစ်သည်။

လူဝီစီယားနား - အကြီးဆုံးအရောင်းအဝယ်၁၇ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ရှာဖွေရေးသမားများသည် မစ္စစ္စပီမြစ်ဝှမ်းသို့ရောက်ရှိပြီး ထိုကျယ်ပြန့်သောနယ်မြေကိုသိမ်းပိုက်ကာ ဘုရင်လူဝီ ၁၄ ကို အစွဲပြု၍ “လူဝီစီယားနား ဟု အမည်ပေးလိုက်သည်။ ၁၇၁၈ ခုနှစ်တွင် မစ္စစ္စပီမြစ်ဝ၌ နယူးအော်လင်းမြို့ကို တည်ထောင်ခဲ့သည်။ လူဝီဘုရင်သည် လူဖြူများနှင့် လူမည်းများမှ မွေးဖွားလာသော ကလေးများကို လွတ်လပ်ခွင့်ပေးသည့် မူဝါဒများချမှတ်ကာ အခြေချနေထိုင်သူဦးရေကို တိုးမြှင့်ခဲ့သော်လည်း လူဦးရေမှာ ကျဲပါးနေဆဲဖြစ်သည်။ ထို့ပြင် ဆိုးရွားသောရာသီဥတုတွင်နေထိုင်ရမှု၊ တိုင်းရင်းသားများနှင့် ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတို့ရှိသဖြင့် အခြေချနေထိုင်နိုင်ရေးခက်ခဲရသည်။

ရလဒ်အနေဖြင့် ပြင်သစ်တို့သည် ဤကျယ်ပြောလှသောနယ်မြေကို တန်ဖိုးအထူးမထားခဲ့ပေ။ ထိုစဉ်က ပြင်သစ်ပိုင် လူဝီစီယားနားသည် ယနေ့ခေတ်လူဝီစီယားနားပြည်နယ်သာမက အာကန်ဆက်၊ အိုကလာဟိုးမား၊ ကန်ဆပ်၊ မစ်ဆိုရီ၊ ကော်လိုရာဒို၊ ဝိုင်အိုမင်း၊ မြောက်နှင့် တောင်ဒါကိုတာ၊ မင်နီဆိုတာ၊ အိုင်အိုဝါ၊ မွန်တားနား၊ နီဘရားစကား၊ တက္ကဆက်၊ နယူးမက္ကဆီကိုနှင့် ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအချို့အထိ ကျယ်ပြန့်သည်။ သို့သော်လည်း နယူးအော်လင်းမြို့မှအပ ကျန်နေရာများတွင် ပြင်သစ်လူမျိုးများကိုရှာဖွေတွေ့ရှိရန်ခက်ခဲခဲ့သည်။

၁၇၆၃ ခုနှစ်၌ ခုနစ်နှစ်စစ်ပွဲ (Seven Years’ Warအပြီးတွင် ပြင်သစ်ကလူဝီစီယားနားကို စပိန်ထံသို့ပေးအပ်လိုက်ရသည်။ စပိန်အုပ်ချုပ်ရေးသည် ပြင်သစ်အခြေချသူများကို နှိပ်ကွပ်ခြင်းမရှိဘဲ စနစ်တကျ အုပ်ချုပ်နိုင်ခဲ့သော်လည်း တိုင်းရင်းသားများမှအပ ဤကျယ်ပြန့်သော နယ်မြေကြီးမှာ လူသူကင်းစင်နေဆဲဖြစ်သည်။ လူမည်းများအပါအဝင် အခြေချနေထိုင်သူစုစုပေါင်းမှာ သောင်းဂဏန်းမျှသာရှိသည်။

၁၉ ရာစုအစောပိုင်းတွင် ဥရောပ၌ အပြောင်းအလဲများစွာဖြစ်ပေါ်သည်။ နပိုလီယံသည် ပြင်သစ်၏ ပင်လယ်ရပ်ခြားအင်ပါယာကို ပြန်အသက်သွင်းရန် လူဝီစီယားနားကို ပြန်လည်ထိန်းချုပ်သည်။ သို့သော် ဟေတီတွင် ပြင်သစ်အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်ကြိုးပမ်းမှုမှာ လူမည်းတော်လှန်ရေးသမားများနှင့် အပူပိုင်းဒေသရောဂါများကြောင့် ကျရှုံးခဲ့ရသည်။

ထိုအခြေအနေတွင် နပိုလီယံသည် လူဝီစီယားနားကိုဆက်လက်ထိန်းထားနိုင်မည်မဟုတ်ဘဲ အင်္ဂလိပ် သို့မဟုတ် အမေရိကန်တို့က အလွယ်တကူ သိမ်းပိုက်သွားမည်ကို သဘောပေါက်ခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မစ္စစ္စပီမြစ်ဝကိုထိန်းချုပ်ရန် လိုအပ်နေသော်

လည်း ပြင်သစ်၏ ရန်စမှုကို စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် သမ္မတ သောမတ်ဂျက်ဖာဆန် က လူဝီစီယားနားကိုဝယ်ယူရန် ပြင်သစ်နှင့် စတင်ညှိနှိုင်းသည်။

နပိုလီယံသည် ၎င်းအနေဖြင့် အမှန်တကယ်မလိုအပ်ဘဲ မထိန်းချုပ်နိုင်သော နယ်မြေကိုရောင်းချပြီးငွေသားအစစ်အမှန်ရရှိနိုင်မည့် အခွင့်အရေးကြီးအဖြစ် မြင်ခဲ့သည်။ ဂျက်ဖာဆန်နှင့် အမေရိကန်ဘက်က ကနဦးတွင် နယူးအော်လင်းနှင့် ပတ်ဝန်းကျင်ဒေသများကိုသာ ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူရန်ရည်ရွယ်ခဲ့သော်လည်း ပြင်သစ်ဘက်က ဒေါ်လာ ၁၅ သန်းဖြင့် ကနေဒါအထိကျယ်ပြန့်သော နယ်မြေအားလုံးကို ရောင်းချမည်ဟုအံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့သည်။ သို့သော် နယူးအော်လင်းမှအပ ကျန်နယ်မြေများမှာ တိုင်းရင်းသားများနေထိုင်ရာဒေသများကို သိမ်းပိုက်ခွင့်လိုင်စင်ရောင်းချခြင်းသာဖြစ်သည်။ ပြင်သစ်တို့သည် အဆိုပါဒေသများအပေါ် ထိန်းချုပ်မှုလုံးဝမရှိသလောက်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ထိုအရောင်းအဝယ်သည် မည်သည်ကိုဆိုလိုမှန်းမသိကြပေ။ လက်တွေ့တွင် အဆိုပါနယ်မြေကျယ်ကြီး၌ အခြေချနေထိုင်သူ၆၀၀၀၀ ခန့်သာ ရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုအရောင်းအဝယ်ကြီးပြီးမြောက်သွားချိန်တွင် အမေရိကန်၏နယ်နိမိတ်မှာ တစ်ညအတွင်း နှစ်ဆတိုးသွားသည်။ အမေရိကန်နိုင်ငံကို တည်ထောင်သူတစ်ဦးဖြစ်သည့်အပြင် ထိုစဉ်က ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးဖြစ်သည့် ရောဘတ်လစ်ဗင်းစတုန်းက “ကျွန်ုပ်တို့ အသက်ရှည်ရှည်နေခဲ့ရသော်လည်း ဤအလုပ်သည် ကျွန်ုပ်တို့တစ်သက်တာတွင် အမြင့်မြတ်ဆုံးအလုပ်ဖြစ်သည်... ယနေ့မှစ၍ အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံများကြားတွင်နေရာ ယူလိုက်ပြီဖြစ်သည် ဟု ထင်ရှားစွာ ကြေညာခဲ့သည်။

ဖလော်ရီဒါ - ဖိအားပေးပြီး ဝယ်ယူခြင်း

လူဝီစီယားနားကိစ္စတွင် နှစ်ဖက်စလုံးကျေနပ်ကြသော်လည်း ဖလော်ရီဒါကိစ္စတွင်မူ ရောင်းချသူဘက်က အထူးတလည် မပျော်ရွှင်ပေ။ စပိန်တို့သည် ဖလော်ရီဒါကို ၁၅၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်းထိုစဉ်က တန်ဖိုးမထားဘဲ စစ်စခန်းအဖြစ်သာ အသုံးပြုခဲ့သည်။ ၁၈ ရာစုတွင် ဗြိတိန်က ဖလော်ရီဒါကို သိမ်းယူသော်လည်း အမေရိကန်လွတ်လပ်ရေးစစ်ပွဲအတွင်း စပိန်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လူဝီစီယားနားကဲ့သို့ပင် ပိုင်ဆိုင်မှုရှိခြင်းသည် အုပ်ချုပ်နိုင်ခြင်းကိုမဆိုလိုပေ။

ထိုအတောအတွင်း အမေရိကန်အခြေချနေထိုင်သူများသည် ဖလော်ရီဒါသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာသည်။ နယ်စပ်တွင် ပဋိပက္ခများဖြစ်ပွားပြီး အမေရိကန်များက စပိန်မြေများကို ကျူးကျော်လာသဖြင့် ဖလော်ရီဒါသည် အမေရိကန်၊ တိုင်းရင်းသားများနှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေသော စစ်မြေပြင်ဖြစ်လာသည်။ စပိန်သည် ထိုကျူးကျော်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်းမရှိပေ။ ထို့ပြင် ၁၈၀၇ ခုနှစ်နှင့် ၁၈၁၄ခုနှစ်ကြားတွင် စပိန်သည် နပိုလီယံနှင့် ပြင်းထန်သောစစ်ပွဲအတွင်း ပိတ်မိနေခဲ့သည်။

စစ်ကြီးအပြီးတွင် စပိန်သည် ပျက်စီးယိုယွင်းနေပြီး ဆီမီနိုးအင်ဒီယန်းများ၏ တိုက်ခိုက်မှုကိုမကာကွယ်နိုင်တော့ပေ။ ဆီမီနိုးများကြောင့် စိတ်ပျက်နေသော အမေရိကန်တို့က ဖလော်ရီဒါ၏ နေရာအတော်များများကို သိမ်းပိုက်လိုက်ပြီး ထိုမြေမှာ စွန့်ပစ်ခံထားရသောမြေဖြစ်သည်ဟုဆိုခဲ့သည်။ စပိန်တို့က နယ်မြေကို ဒီအတိုင်းဆုံးရှုံးရမည့်အစား တစ်ခုခုရရှိလိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ကြသည်။ အမေရိကန်သည် ၎င်းတို့၏ကျူးကျော်မှုကြောင့် ဖြစ်ပေါ်ခဲ့သောပျက်စီးမှုများအတွက် လျော်ကြေးအဖြစ် စပိန်ကို ဒေါ်လာ ၅ သန်း တရားဝင်ပေးအပ်သည်။ ၁၈၁၉ ခုနှစ်တွင် စပိန်သည် ဖလော်ရီဒါကို ပေးအပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဗာဂျင်ကျွန်းစု - ရွှေနဲ့ ဝယ်ယူခြင်း

၁၉ ရာစုသည် ကိုလိုနီအင်ပါယာများ၏ခေတ်ဖြစ်သော်လည်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ၂၀ ရာစု ပထမကမ္ဘာစစ်အတွင်းမှ ဝယ်ယူခြင်းဖြစ်သည်။ ကာရေဘီယံပင်လယ်ကို ထိန်းချုပ်ရန်ကြိုးပမ်းမှုနှင့်ပတ်သက်သည့်အကြောင်းပြောလျှင် ဒိန်းမတ်ကို ပြေးမြင်မည်မဟုတ်ပေ။ ၁၆၇၂ ခုနှစ်တွင် ဒိန်းမတ်အနောက်အိန္ဒိယကုမ္ပဏီက စိန့်သောမတ်နှင့် စိန့်ဂျွန်ကျွန်းငယ်များကို သိမ်းပိုက်ခဲ့သည်။ ဒိန်းမတ်တို့သည် သကြားအတွက်လုပ်ငန်းများတည်ထောင်ပြီး ကျွန်လုပ်အားကို အသုံးပြုသည်။ သို့သော် ၁၉ ရာစုအလယ်ပိုင်းတွင် ကမ္ဘာ့သကြားဈေးကွက် ပြိုလဲသွားသဖြင့် ဒိန်းမတ်တို့က ဤပိုင်ဆိုင်မှုကို စွန့်လွှတ်ရန် စဉ်းစားကြသည်။ ထိုစဉ်က အမေရိကန်သည် စိန့်သောမတ်ဆိပ်ကမ်းကို ဝယ်ယူရန် စိတ်ဝင်စားသော်လည်း အရောင်းအဝယ် မဖြစ်ခဲ့ပေ။ အမေရိကန်သည် အလက်စကာကို ဝယ်ယူခြင်းက ပို၍တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဟုဆုံးဖြတ်ကာ ထိန်းသိမ်းရခက်ခဲသော ထိုမြောက်ပိုင်းနယ်မြေကို ရုရှားထံမှ ဝယ်ယူခဲ့သည်။ ထို့ကြောင့် ဗာဂျင်ကျွန်းစုသည် ၂၀ ရာစုအထိ ဒိန်းမတ်လက်အောက်တွင် ကျန်ရှိနေခြင်းဖြစ်သည်။

ပထမကမ္ဘာစစ်အတွင်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကိုဝယ်ယူရန် ပြန်လည်စဉ်းစားသည်။ ဂျာမနီက ဒိန်းမတ်ကိုသိမ်းပိုက်ပြီး ထိုကျွန်းများကိုရေငုပ်သင်္ဘောအခြေစိုက်စခန်းအဖြစ်အသုံးပြုမည်ကို စိုးရိမ်သည်ဟု အမေရိကန်ကအကြောင်းပြသည်။ ထို့ကြောင့် အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ဝယ်ယူရန်ဆုံးဖြတ်ပြီးဒိန်းမတ်ကလည်း ငြင်းပယ်ရန်ခက်ခဲသော ကမ်းလှမ်းမှုကို ရရှိသည်။

အမေရိကန်သမ္မတဝုရိုးဝီဆင်က ဒိန်းမတ်အနေဖြင့် ထိုကျွန်းများကို မရောင်းချပါက ဂျာမန်လက်ထဲသို့ မရောက်စေရန် အမေရိကန်ကသိမ်းပိုက်မည်ဟု ပြတ်သားစွာသတိပေးခဲ့သည်။ ထို့နောက် ဝီဆင်သည်ဒိန်းမတ်ရင်ဆိုင်နေရသော ဖိအားကိုလျော့ပါးစေရန် ဒိန်းမတ်၏တစ်နှစ်တာဘတ်ဂျက် ထက်ဝက်ခန့်ရှိသောဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ ရွှေများပေးမည်ဟု ကမ်းလှမ်းကာ အပေးအယူကို မြှင့်တင်ခဲ့သည်။

ကနဦးတွင် ဒိန်းမတ်အစိုးရက တွန့်ဆုတ်နေသော်လည်း ထိုကျွန်းများသည် အကောင်းနည်းဖြင့်ဖြစ်စေ၊ အဆိုးနည်းဖြင့်ဖြစ်စေ အမေရိကန်နိုင်ငံ၏လက်အောက်သို့ ရောက်လာစေမည်ဖြစ်ကြောင်း အမေရိကန်ကရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ ထို့ကြောင့် ဒိန်းမတ်အစိုးရသည် လူထုဆန္ဒခံယူပွဲပြုလုပ်ကာ ကျွန်းများကို အမေရိကန်အစိုးရထံသို့လွှဲပြောင်းပေးခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတွင်လည်း အမေရိကန်သည် ဂရင်းလန်းကျွန်းကိုဝယ်ယူရန်  ကြိုးပမ်းဖူးခြင်းဖြစ်သည်။   ထိုကဲ့သို့  ကမ်းလှမ်းလာမှုကို ဒိန်းမတ်က ငြင်းပယ်ခဲ့သော်လည်း အဆိုပါ

နေရာတွင်   အမေရိကန်စစ်စခန်းများ တည်ဆောက်ခွင့်ရခဲ့သည်။ တစ်ကြိမ်တွင် နျူကလီးယားလက်နက်တင်ဆောင်လာသော   ဗုံးကြဲလေယာဉ်တစ်စင်းသည် ဂရင်းလန်းကျွန်းတွင်   ပျက်ကျခဲ့သော်လည်း အဆိုပါအချက်ကို ဒိန်းမတ်လူထုမသိအောင် ဖုံးကွယ်ထားခဲ့သည်။

ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များသည် ယခင်ကမရှိခဲ့ဖူးသော၊ ယခုမှဖြစ်ပေါ်လာသော အရာများမဟုတ်သည်ကို တွေ့ရှိရသည်။ အမေရိကန်သည် နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် ဝယ်ယူမှုများမှတစ်ဆင့်နယ်နိမိတ်ကိုချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။

တစ်ခါတစ်ရံ ရောင်းချသူဘက်က အဝေးရောက်နယ်မြေ သို့မဟုတ် သူတို့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ပိုင်ဆိုင်မှုကိုစွန့်လွှတ်ရ၍ စိတ်သက်သာရာရခဲ့သည်လည်းရှိသကဲ့သို့ တစ်ခါတစ်ရံတွင် ဖိအားပေးမှုနှင့် မဟာဗျူဟာမြောက်မညီမျှမှုများကြောင့် သဘောတူခဲ့ကြရသည်များလည်းရှိသည်။ အရောင်းအဝယ်မှတစ်ဆင့် နယ်မြေချဲ့ထွင်ခြင်းသည် အမေရိကန်နိုင်ငံ၏သမိုင်းတွင် ခြွင်းချက်မဟုတ်ဘဲ ထပ်ခါတလဲလဲအသုံးပြုခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။

ယခုအချိန်တွင်လည်း ဂရင်းလန်းအပေါ် ထရမ့်၏စိတ်ဝင်စားမှုသည် အဆိုပါသမိုင်းဝင်ပုံစံခွက်အတွင်းသို့    အတိအကျပင်ကျရောက်နေသည်။ ၎င်း၏ရှေ့ဆောင်များကဲ့သို့ပင် သူသည်လည်း အမေရိကန်၏မဟာဗျူဟာမြောက်ခြေရာကို ချဲ့ထွင်လိုသည့်ပြယုဂ်တစ်ခုကို စိတ်ဝင်စားနေပုံရသည်။

ယင်းအတွက် ဒိန်းမတ်နိုင်ငံအကျပ်အတည်းနှင့်ရင်ဆိုင်ရမည့်အချိန်ကိုစောင့်ဆိုင်းပြီး အမေရိကန်အစိုးရက ငွေအိတ်အပြည့်ဖြင့် သွားရောက်ကမ်းလှမ်းခြင်းသည် ပိုကောင်းသည့်အကြံဉာဏ်ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်အထိစောင့်ရန်မှာ ကြာမြင့်နိုင်ပြီးစိတ်ရှည်သည်းခံခြင်းမှာ ထရမ့်၏အားသာချက်မဟုတ်သည်ကတော့ သေချာသည်။

သို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ်ကြီးမားလှသောနယ်မြေပိုင်နက်တစ်ခုကိုငွေပေး၍ ဝယ်ယူနိုင်မည်လား၊ ဝယ်ယူ၍မရနိုင်ဘူးလား ဆိုသည့်မေးခွန်းကို ပြန်ဖြေရမည်ဆိုလျှင် ငွေပေး၍လည်းဝယ်နိုင်သလို ပဋိပက္ခများကြားတွင် ဖိအားပေး၍လည်း ရယူသွားနိုင်မည်ပင် ဖြစ်သည်။ အခုအချိန်အတွက် အသေချာဆုံးကတော့ ဖိအားပေး၍     ရယူခြင်းသာဖြစ်လာနိုင်သည်ဟု ရေးသားတင်ပြလိုက်ရပါသည်။   ။ 

Ref: RT