မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကိုပြန်ကြည့်ပါက အကြောင်းအမျိုးမျိုးဖြင့် အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အတန်းပညာအားနည်းပါက အတတ်ပညာ၊ အသိပညာအားနည်းမှုများဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးမှုများဖြစ်ပေါ်စေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရေး အတန်းပညာများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် အတတ်ပညာရှင်များများစွာလိုအပ်နေသည်။ နိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားလုပ်ကိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် ပညာရေးကိုမြှင့်တင်ပြီး စီးပွားရေးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာ လမ်း၊ တံတား များကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး မြင့်မားတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၆ ရက်ကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) တွင် “ခိုင်မာတောင့်တင်းသည့် စီးပွားရေးကိုရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုသည် အဆိုပါနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်းဖြစ်ကြောင်း၊ ပညာရေးသည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာကိုအခြေခံသည့် လူသားအရင်းအမြစ်များကို တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရန်လိုမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍ မြင့်မားတိုးတက်ခြင်းသည် တိုင်းပြည်စီးပွားရေးကို တွန်းအားတစ်ရပ် ဖြစ်စေသည်သာမက ဝေဖန်ပိုင်းခြားသုံးသပ်ဆုံးဖြတ်နိုင်သည့် အသိဉာဏ်ပညာအားကို ကောင်းမွန်စေသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိဉာဏ်ပညာဖြင့် သတိတရားလက်ကိုင်ထားပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပေသည်။ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အပြည့်အဝဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်။ နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် အဓိကဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအထိရောက်ရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်လူငယ်လူရွယ်များ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ အသိပညာများ၊ အတတ်ပညာများရရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ဆက်လက်၍ အဆင့်မြင့်အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပိုလီတက္ကနစ်တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ၌ လိုအပ်နေသည့် ကျွမ်းကျင်အတတ်ပညာရှင်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် စီးပွားရေးနှင့်ပတ်သက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းငယ်များရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည် နိုင်ရေးအတွက် လုပ်ငန်းများ စတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိသည့်အချိန်အထိ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သည့် ကျွမ်းကျင်အတတ်ပညာရှင်များကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ်ပေးလျက်ရှိသဖြင့် အနာဂတ်တွင် နိုင်ငံ့စီးပွား မြင့်မားတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံ ရသည့်လုပ်ငန်းဖြစ်သဖြင့် နိုင်ငံတော်၏ အားပေးမြှင့်တင်ပေးမှုများနှင့်အတူ အရှိန်အဟုန်မပျက် တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်း နိုင်ငံ၏အနာဂတ်တိုးတက်ကောင်းမွန်လာစေရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာစေရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။
moi

ပညာရေးသည် လူတစ်ဦးချင်းစီအတွက်ရော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့်အလျောက် နိုင်ငံတော်အစိုးရက ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေမှာ ဝါယမစိုက်၍ မြှင့်တင်ရန်လိုအပ်လျက်ရှိရာ နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအပေါ် အမြင်များကိုလည်း မှန်ကန်စွာရှုမြင်လာကြစေရေးအတွက် တည့်မတ်ပေးရန်လိုအပ်သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အခန်း (၅) လူမှုစီးပွားဆိုင်ရာ အညွှန်းကိန်းများတွင် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို ကိန်းဂဏန်းစာရင်းဇယား အချက်အလက်များနှင့်တကွဖော်ပြထားရာ အဆိုပါအချက်အလက်များအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ လူဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါးခန့်ဖြစ်သော ၄၆ ရာခိုင်နှုန်းသည် KG သို့မဟုတ် မူလတန်းအဆင့်ကိုသာ ပြီးမြောက်ခဲ့ကြသည်။ ဤအဆင့်တွင် အမျိုးသားများ ၄၃ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီးများ ၄၈ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဒုတိယအများဆုံးအုပ်စုမှာ အလယ်တန်းအဆင့် ပညာရေးပြီးမြောက်သူများဖြစ်ပြီး လူဦးရေ၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ဤအုပ်စုတွင် အမျိုးသမီးများ ၂၁ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၂၆ ဒသမ ၀ ရာခိုင်နှုန်းရှိရာ ကွာခြားချက် ၄ ဒသမ ၁ ဖြင့် အမျိုးသားများက ပို၍များပြားသည်။ အထက်တန်းအဆင့်ပြီးမြောက်သူသည် လူဦးရေ၏ ၁၄ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဤအဆင့်တွင်လည်း အမျိုးသားများက ၁၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အမျိုးသမီးများ ၁၂ ဒသမ ၆ ရာခိုင်နှုန်းထက် အမျိုးသားက ပိုမိုများပြားသည်။ နည်းပညာနှင့် သက်မွေးပညာသင်တန်း (TVET) အောင်မြင်သူများ၊ သို့မဟုတ် မဟာဘွဲ့၊ ပါရဂူဘွဲ့ရရှိသူများသည် ဝ ဒသမ ၁ ရာခိုင်နှုန်းမှ ဝ ဒသမ ၂ ရာခိုင်နှုန်းသာရှိခြင်း ကြောင့် ကျား/မ ကွာခြားချက်မရှိသလောက်ဖြစ်သည်။ ဖော်ပြပါကိန်းဂဏန်းအချက်အလက်များအရ မူလတန်းပညာရေးတွင် အမျိုးသမီးများ ပါဝင်မှုမြင့်မားသည်ကို ပြသနေသော်လည်း အလယ်အလတ်အဆင့် ပညာရေးတွင် အမျိုးသားများက ပိုမိုလွှမ်းမိုးနေသည်။ ဘွဲ့ရအဆင့်တွင် အမျိုးသမီးများက ပြန်လည်ဦးဆောင်လာသည်။
အသက် ၂၅ နှစ်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်းပညာ/အဆင့်တွင် တက္ကသိုလ်/ကောလိပ်/ဘွဲ့ကြိုဒီပလိုမာရသူ ကျား ၁၆၄၂၇၆ ဦး၊ မ ၁၃၁၀၀၁ ဦးရှိပြီး စုစုပေါင်း ၂၉၅၂၇၇ ဦး ရှိသည်။ ဘွဲ့ရ /ဘွဲ့လွန်ဒီပလိုမာရသူ ကျား ၇၈၉၄၃၈ ဦး၊ မ ၁၃၀၃၈၄၇ ဦးရှိပြီး စုစုပေါင်း ၂၀၉၃၂၈၅ ဦးရှိသည်။ မဟာဘွဲ့/ ပါရဂူဘွဲ့ရသူ စုစုပေါင်း ၄၃၆၅၄ ဦးရှိရာ ကျား ၁၈၅၆၆ ဦးရှိပြီး မ ၂၅၀၈၈ ဦး ရှိသည်။ ကျောင်းသား ကျောင်းသူအများစု ကျောင်းထွက်ရခြင်းသည် မိသားစုကိုကူညီရန်၊ အိမ်အလုပ်လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်တို့က အဓိကအကြောင်းရင်းဖြစ်ပြီး ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ဒုတိယအကြောင်းရင်းမှာ ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ကျောင်း ဆက်မတက်သူများ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းမှာ ၎င်းတို့မိသားစုများကိုယ်တိုင်ကပင် အလယ်တန်း/ အထက်တန်းအဆင့်ထိသာ မျှော်မှန်းတက်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားရေး၊ အခြေခံပညာကျောင်းများ၏ ကျောင်းအင်္ဂါရပ်များပြည့်စုံရေးနှင့် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်အောင် မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ “အခြေခံပညာ ကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိက ကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများအများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏ သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့် ကျောင်းများဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ များဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင်ကျင်းပသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်တွင် ပညာရေးကဏ္ဍမြင့်မားမှသာ လူတစ်ဦးချင်း၏ ဘဝများမြင့်မားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည့်အလျောက် နိုင်ငံတော်၏ ပညာရည်မြှင့်တင်ရေး အဘက်ဘက်မှ ဆောင်ရွက်မှုများတွင် နိုင်ငံသားတို့ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။ ။

မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာ အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုအား အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကို တွေ့ရသည်။ သုတေသနလုပ်ငန်းများတွင် ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများသည် ရေရှည်တွင် အကျိုးရလဒ်များ အများဆုံးဖြစ်ထွန်းပြီး နိုင်ငံတိုးတက်ကြီးပွားချမ်းသာနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများကို အလေးထားပြုလုပ်ရန် အထူးလိုအပ်လျက်ရှိသည်။ လုပ်ငန်းနယ်ပယ်အချို့တွင် သုတေသနလုပ်ငန်းများကို တည်ထောင်ထားသော်လည်း အချို့လုပ်ငန်းများတွင် သုတေသနကို တည်ထောင်ရင်းနှီးမြှုပ်နှံခြင်းမရှိသေးသဖြင့် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၌ လိုအပ်ချက်များရှိနေသည်။
လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်သည်။ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှုစွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ဖြစ်သည်။ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်၍ မြန်မာ့မူဟန်မပျောက်အောင်ထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ ခေတ်မီတိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ်အမီလိုက်ပြီး ခေတ်မီနိုင်ငံတော် ဖြစ်အောင် အားလုံးပါဝင်တည်ဆောက်ရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်နယ်ပယ်အားလုံးနှင့် အစိုးရနှင့် ပုဂ္ဂလိကနယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန်လိုအပ်သည်။ အစိုးရအနေဖြင့် ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေးဆိုင်ရာတွင် သတ်မှတ်သည့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရသော်လည်း ပုဂ္ဂလိကပိုင်းတွင် ကိုယ်ပိုင်မူဝါဒနှင့် လွတ်လပ်စွာဆောင်ရွက်ရသည့်အတွက် မိမိအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရန်လိုသည်။ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသောနိုင်ငံဖြစ်၍ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် များသောအားဖြင့် ဆူလွယ်နပ်လွယ်ရှိသည့် လုပ်ငန်းကြီးများ လုပ်ကိုင်ကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်၍ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးတွင် သုတေသနလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များဖော်ထုတ်ကာ အရည်အသွေးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်သစ်များချဲ့ထွင်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေး ပြည့်ဝသည့် သုတေသနအခြေပြု ကျွမ်းကျင်ပညာရှင်များ၊ လုပ်သားများကို မွေးထုတ် ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအများစုသည် ပုဂ္ဂလိကကဏ္ဍကို အခြေပြုသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းများသာမက အကြီးစားလုပ်ငန်းများတွင်ပါ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်ကြီးများက ပါဝင်ရင်းနှီးမြှုပ်နှံသွားရန်လိုအပ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့်နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာမခံချက်များရရှိရေးအတွက် နိုင်ငံတော်က အထောက်အပံ့ကောင်းများ ဖြည့်ဆည်း ပေးလျက်ရှိသလို ပုဂ္ဂလိကအကျိုးစီးပွားကို အာမခံချက်ပေးသည့် မူပိုင်ခွင့်အခွင့်အရေးများ ဆောင်ရွက်ပေးထားပြီးဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေး အတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ရင်းနှီးမြှုပ်နှံတည်ထောင်ပြီး ကုန်ထုတ်လုပ်ငန်းများ အကျိုးဖြစ်ထွန်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ခြင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ခြင်းတို့ကို အထောက်အကူပြုနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇန်နဝါရီ ၁၉ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးရာတွင် “မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို မှာကြားသည့်အခါတိုင်း ပညာရေးကဏ္ဍ၏ အရေးကြီးပုံကို အလျဉ်းသင့်သလို ထည့်သွင်းပြောကြားလေ့ရှိသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်လျှင် ပညာရေးကဏ္ဍအားနည်းမှုကြောင့် တိုးတက်မှု နှေးကွေးခြင်းအကျိုးရလဒ်များနှင့် ကြုံတွေ့နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများအနေဖြင့် ပညာရေးကို အဓိကအားပေးခြင်း၊ ပမာဏကြီးမားစွာ ရင်းနှီးမြှုပ်နှံထားခြင်းတို့ကြောင့် နိုင်ငံကိုဦးဆောင်သူများနှင့် ပြည်သူများမှာ အသိဉာဏ်ပညာမြင့်မားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ နိုင်ငံကို ခေတ်နှင့်အညီ လိုက်ပါတိုးတက်လာအောင် ပညာရေးကို အဆက်မပြတ် မြှင့်တင်ပေးနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ၌ အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက် များရှိနေသဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် လူသားအရင်းအမြစ်များလိုအပ်နေမှု၊ ပြည်သူများအနေဖြင့် အသိပညာအတွေးအခေါ် မြင့်မားတိုးတက်မှု၌ လိုအပ်မှုများရှိနေရာ အချို့ဆိုလျှင် အမှားအမှန် အကောင်းအဆိုးတို့ကို မဝေခွဲနိုင်ဘဲ အပြုထက် အပျက်ဘက်သို့ ရောက်ရှိနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်သီသောဒေသများတွင် ပညာရေးကဏ္ဍ၌ နိမ့်ကျမှုများရှိနေသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့၌ အားနည်းချက်များ ဖြစ်ပေါ်ပြီး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည်ကို တွေ့ရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေခံမြေခံနှင့်အခြေခံကောင်းများ များစွာပိုင်ဆိုင်ထားသည်ကို တွေ့မြင်နိုင်သည်။ သို့သော် အဆိုပါအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ခြင်းမရှိသည်မှာ ပညာရေးအားနည်းခြင်းကြောင့် ဖြစ်နေသည်ကို ထင်ရှားစွာ တွေ့ရသည်။ ဒေသအသီးသီးတွင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ ဒေသထုတ်ကုန်စွမ်းအားများ အပြည့်အဝမထုတ်လုပ်နိုင်ဘဲ စီးပွားရေး၌ လိုအပ်ချက်များရှိနေသည်။ ပြီးခဲ့သည့်ဒီမိုကရေစီအစိုးရကာလက စီမံခန့်ခွဲမှုအလွဲအမှားများကြောင့် တိုင်းပြည်စီးပွားရေးတိုးတက်မှု နှောင့်နှေးကြန့်ကြာခဲ့မှုများလည်းရှိသည်။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သည့်အချိန်၌ နိုင်ငံတော်တွင် ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားနေသဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ရာ ကုန်သွယ်မှု လိုငွေ လျော့နည်းလာခဲ့သည်။
သို့သော် စီးပွားရေးတိုးတက်မှုတွင် လိုအပ်ချက်များရှိနေသေးသဖြင့် ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံခန့် ဆုံးရှုံးလျက်ရှိသည်။ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၌ ကုန်ထုတ်လုပ်ငန်းများတိုးတက်လာပြီး နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အတတ်ပညာရှင် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်၍ ပညာရေးကဏ္ဍကို နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားသည့်အတိုင်း မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့် ပဋိပက္ခများကို သုံးသပ်ကြည့်လျှင် အခြေခံအားဖြင့် တစ်ဦးချင်း အတန်းပညာအားနည်းမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည်ကို လေ့လာတွေ့ရှိနိုင်သည်။ အတန်းပညာအားနည်းမှုကြောင့် စည်းကမ်းလိုက်နာမှုနှင့် တွေးခေါ်မြော်မြင်မှုအားနည်းခြင်း၊ ကျေးလက်နှင့် တိုင်းရင်းသားဒေသမှ ပြည်သူများ အမှားဘက်သို့ရောက်ရှိလွယ်ခြင်း၊ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်နိုင်မှုအားနည်းသောကြောင့် ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
သို့ဖြစ်ရာ အတန်းပညာပြည့်စုံအောင်တတ်မြောက်မှ အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံတော်ကို မည်သည့် အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် ဘောဂဗေဒ ဘာသာရပ်နှင့်ပတ်သက်သော အထောက်အကူပြုသိကောင်းစရာများအနေဖြင့် အပိုင်း(၂)ပိုင်းခွဲ၍ ဖော်ပြ ပါမည်။ ပထမပိုင်းတွင် စာမေးပွဲမေးခွန်းပုံစံကို ဖော်ပြမည်ဖြစ်ပြီး ဒုတိယပိုင်းတွင် ဖြေဆိုပုံ ဖြေဆိုနည်းများ နှင့် သတိပြုရမည့်အချက်များကို ရှင်းလင်းပါမည်။
တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံ
တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာတွင် မေးခွန်းအမျိုးအစား (၅)မျိုး ပါဝင် သည့် မေးခွန်း(၅)ပုဒ်ပါရှိပါသည်။ မေးခွန်း (၅)ပုဒ်လုံးကို ဖြေဆိုကြရမည်ဖြစ်သည်။ မေးခွန်းအမျိုးအစား (၅)မျိုးမှာ (၁) ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ (၂) အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ (၃) မှတ်စုတိုမေးခွန်း၊ (၄) မှတ်စုရှည် မေးခွန်းနှင့် (၅)တွက်ချက်မှုနှင့်သုံးသပ်ဖြေဆိုမှုများပြုလုပ်ရသည့်မေးခွန်းတို့ဖြစ်သည်။

အထက်ပါဇယားအရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘောဂဗေဒဘာသာရပ် မေးခွန်းလွှာတွင် ပါဝင်သော မေးခွန်းပုံစံ(၅)မျိုးသည် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၊ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာတွင်ပါဝင်သော မေးခွန်းပုံစံများနှင့် တူညီပါသည်။ သို့သော် သတိပြုရမည့်အချက်မှာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘောဂဗေဒဘာသာရပ်တွင် အချို့သော မေးခွန်းနံပါတ်များ၌ ရွေးချယ်ဖြေဆိုရန်ပေးထားသည့် အရေအတွက်ပြောင်းသွားခြင်းပင်ဖြစ်သည်။ မေးခွန်းနံပါတ်(၂) အဓိပ္ပာယ်ဖွင့်ဆိုချက်များကို (၁၀)ခုပေးထားပြီး ကြိုက်နှစ်သက်ရာ(၅)ခုကို ရွေးချယ် ဖြေဆိုရမည်ဖြစ်သည်။ အလားတူပင် မေးခွန်းနံပါတ်(၄) မှတ်စုရှည်မေးခွန်းတွင် (က)နှင့် (ခ)ဟူ၍ ရွေးချယ်စရာ(၂)ပုဒ် ပေးထားပြီး ကြိုက်နှစ်သက်ရာ(၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရန်ဖြစ်သည်။ မေးခွန်း နံပါတ်(၅) တွင် တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုပြုလုပ်ရသည့် မေးခွန်းများကို (က)နှင့် (ခ) ဟူ၍ မေးခွန်း (၂)ပုဒ် မေးထားပြီး ရွေးချယ်စရာမရှိဘဲ (၂)ပုဒ်လုံးကို ဖြေဆိုရပါမည်။
ဖြေဆိုပုံဖြေဆိုနည်း
မေးခွန်းနံပါတ် (၁)သည် ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြစ်သည်။ မေးခွန်းနံပါတ်(၁) ကို ဖြေဆိုနိုင်ရန်အတွက် သင်ခန်းစာတိုင်း၏အဆုံးတွင် ဘောင်ခတ်၍ ဖော်ပြထားသော အဓိကအချက်များကို လေ့လာရုံမျှဖြင့် မလုံလောက်ကြောင်း သတိပြုရပါမည်။ သင်ခန်းစာတွင်ပါရှိသော သဘောတရားများနားလည်သဘော ပေါက်မှုကို ဆန်းစစ်သည့် မေးခွန်းဖြစ်သည့်အတွက် သင်ခန်းစာကို ကောင်းစွာနားလည်မှသာ ဖြေဆိုနိုင် မည်ဖြစ်ပါသည်။ မေးခွန်းနံပါတ်(၁)အတွက် စုစုပေါင်းပေးမှတ်မှာ (၃၀)မှတ်ဖြစ်သည်။ မေးခွန်းနံပါတ် (၁)ကို (က)၊ (ခ) နှင့် (ဂ) ဟူ၍ (၃) ပိုင်းခွဲထားသည်။
မေးခွန်း (၁-က) ။ ။ ဤမေးခွန်းတွင် ဖော်ပြချက် (၁၀)ခုပါရှိပြီး ပေးထားသောဖော်ပြချက်ကို မှား သို့မဟုတ် မှန် ဖြေဆိုရန်ဖြစ်ပါသည်။ မေးခွန်းစာကြောင်းပြန်ရေးရန်မလိုဘဲ အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ ဥပမာ - ‘အစွန်းထွက်ထုတ်ကုန်တိုးတက်လာခြင်းသည် ထုတ်လုပ်မှုတွင် အသုံးပြုသည့် ပုံသေသွင်းအားစုနှင့် သွင်းအားစုရှင် အချိုးမြင့်မားနေသည့် အဆင့်များတွင်သာ ဖြစ်ပေါ်မည်။’ ဟူသော ဖော်ပြချက်အတွက် အဖြေမှာ ‘မှန်’ ဖြစ်သည့်အတွက် ‘မှန်’ဟုသာ ဖြေဆိုရန်ဖြစ်သည်။ အဖြေလွှာစစ်ဆေးသူ (စာစစ်သူ) ဖတ်၍ မရသော၊ မှား/မှန် မကွဲပြားသော အဖြေများအတွက် အမှတ်မရရှိနိုင်ပါ။ ထို့ကြောင့် ဖြေဆိုသူက အဖြေကို ပီပီသသ၊ မှန်မှန်ကန်ကန် ဖော်ပြဖြေဆိုရပါမည်။ မေးခွန်းဖော်ပြချက် (၁၀)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်း ပေးမှတ်မှာ (၁၀)မှတ်ဖြစ်သည်။
မေးခွန်း (၁-ခ) ။ ။ ဤမေးခွန်းတွင် ဖော်ပြချက် (၁၀)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီတွင် (က)၊ (ခ) နှင့် (ဂ) ဟူ၍ အဖြေ (၃)မျိုး ပေးထားသည့်အနက် အဖြေမှန်တစ်ခုကိုသာ ရွေးချယ်ရန်ဖြစ်သည်။ မေးခွန်း စာကြောင်းပြန်ရေးရန်မလိုဘဲ အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ ဥပမာ ‘ကုန်စည်တစ်ခု အတွက် ဝယ်လိုအား၏ဝင်ငွေအလျော့အတင်းသည် အနုတ်လက္ခဏာဆောင်ပါက ထိုကုန်စည်သည် (က) မရှိမဖြစ်ကုန်စည် (ခ) သာမန်ကုန်စည် (ဂ) ကုန်ညံ့ဖြစ်သည်။’ ဟူသော ဖော်ပြချက်တွင် အဖြေမှာ (ဂ) ကုန်ညံ့ဖြစ်သည်။ ထို့ကြောင့် အဖြေကို (၁) (ဂ) သို့မဟုတ် (၁)(ဂ) ကုန်ညံ့ဟု ဖြေဆိုရန်ဖြစ်သည်။ မေးခွန်း ဖော်ပြချက် (၁၀)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းပေးမှတ် (၁၀)မှတ် ဖြစ်သည်။
မေးခွန်း (၁-ဂ) ။ ။ ဤမေးခွန်းတွင် ဖော်ပြချက် (၁၀)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီတွင် ဖြေဆိုသူက ပေးထားသောဖော်ပြချက်စာကြောင်း၏ လိုအပ်သည့်ကွက်လပ်အတွက် အဖြေမှန်ကို ဖြည့်စွက်ပေးရန်ဖြစ် သည်။ မေးခွန်းစာကြောင်းကို ပြန်ရေးသားရန်မလိုဘဲ ဖြည့်စွက်ရမည့်အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆို ရန်ဖြစ်သည်။ တိကျသော အဖြေဖြစ်ရန်နှင့် စာလုံးပေါင်းမှန်ရန် လိုအပ်ပါသည်။ ဥပမာ‘ငွေကြေးမူဝါဒ၏ ကန့်သတ်ချက်အနေဖြင့် အတိုးနှုန်းပြောင်းလဲမှုအပေါ် စီးပွားရေးလုပ်ဆောင်ချက်များက တုံ့ပြန်ရာတွင် --------ရှိနေသည်။’ဟူသော မေးခွန်းအတွက်အဖြေမှာ ‘အချိန်ကွာဟမှု’ ဖြစ်ရာ ယင်းအဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ မေးခွန်းဖော်ပြချက် (၁)ခုလျှင် (၁)မှတ်ဖြင့် (၁၀)ခုအတွက် စုစုပေါင်း ပေးမှတ် (၁၀)မှတ်ဖြစ်သည်။
မေးခွန်းနံပါတ်(၂)တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မေးထားရာ၌ ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအတိုင်း တိတိကျကျပြည့်စုံစွာ ဖြေဆိုရန်လိုအပ်ပါသည်။ ဖြေဆိုရာတွင် တိကျမှန်ကန် ပြည့်စုံပါက အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုအတွက် (၂)မှတ်အပြည့်၊ မှန်ကန်သော်လည်း မပြည့်စုံပါက (၁)မှတ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် မှားယွင်းပါက (ဝ)မှတ်ဟု အမှတ်ပေးစည်းမျဉ်း ချမှတ်စစ်ဆေးလေ့ရှိသဖြင့် ဂရုစိုက် ဖြေဆိုကြရန်ဖြစ်ပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုလျှင် (၂)မှတ်နှင့် (၅)ခု ဖြေဆိုရသည့်အတွက် စုစုပေါင်းပေးမှတ်မှာ (၁၀)မှတ် ဖြစ်သည်။
မေးခွန်းနံပါတ်(၃)တွင် (၁၀)မှတ်တန် မှတ်စုတို (၄)ပုဒ် ပေးထားပြီး နှစ်သက်ရာ (၂)ပုဒ်ကို ရွေးချယ် ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ်(၃)အတွက် မှတ်စုတို(၁)ပုဒ်လျှင်(၁၀)မှတ်နှင့် (၂)ပုဒ်အတွက် ပေးမှတ်မှာ (၂၀)မှတ်ဖြစ်သည်။ မေးခွန်းနံပါတ် (၄)တွင် အမှတ်(၂၀)မှတ်တန် မှတ်စုရှည် (၂)ပုဒ်ပေးထားပြီး နှစ်သက်ရာ(၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။ မှတ်စုတိုနှင့် မှတ်စုရှည်မေးခွန်းများကို ဖြေဆိုနိုင်ရန်မှာ ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာအားလုံးကို နှံ့စပ်စွာဖတ်ရှုလေ့လာရန် အထူးလိုအပ်ပါသည်။ အချက်အလက်များကို ဖော်ပြရှင်းလင်းရန်ဟု မေးပါက အဖြေလွှာစစ်ဆေးသူ ရှင်းလင်းစွာစစ်ဆေးနိုင်ရန် မေးထားသည့်အချက်အလက်များကို ဦးစွာဖော်ပြပြီးမှ (၁)ချက်ချင်းစီကို ရှင်းလင်းဖြေဆိုသင့်ပါသည်။
မေးခွန်းနံပါတ် (၅)တွင် တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုပြုလုပ်ရသည့် မေးခွန်းများကို (က)နှင့် (ခ) ဟူ၍ မေးခွန်း(၂)ခု မေးထားပြီး (၂)ခုလုံးကို ဖြေဆိုရပါမည်။ မေးခွန်းနံပါတ်(၅)အတွက် ပေးမှတ်မှာ (၂၀)မှတ် ဖြစ်သည်။ မေးခွန်းနံပါတ်(၅)တွင် ပေးထားသောကိန်းဂဏန်းများနှင့် အချက်အလက်များကို အသုံးပြု ၍ တွက်ချက်ခြင်း၊ မျဉ်းကွေးများ ရေးဆွဲခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်ဖြေဆိုရသည့်အတွက် သင်ခန်းစာပါ သဘောတရားများအပေါ် နားလည်တတ်ကျွမ်းမှုကို ဆန်းစစ်သောမေးခွန်းများဖြစ်သည်။ တိကျမှန်ကန် စွာဖြေဆိုနိုင်ပါက အမှတ်ပြည့်ရရှိနိုင်သော်လည်း တွက်ချက်မှုနှင့်သုံးသပ်ချက်များ မှားယွင်းပါက အမှတ် လျော့လွယ်သော မေးခွန်းပုံစံဖြစ်ပါသည်။ ထို့ကြောင့် မေးခွန်းနံပါတ်(၅)နှင့် ပတ်သက်၍ အထူးအလေးပေး ရှင်းလင်းပါမည်။
မေးခွန်းနံပါတ်(၅)တွင် တွက်ချက်မှုနှင့်သုံးသပ်ဖြေဆိုမှု ပြုလုပ်ရသည့်မေးခွန်းများကို မေးနိုင်သည့် အခန်းမှာ (၄)ခန်းရှိသည်။ ယင်းအခန်းများမှာ သင်ခန်းစာ အခန်း(၁)၊ အခန်း(၂)၊ အခန်း(၃)နှင့် အခန်း(၇) တို့ဖြစ်ကြသည်။
အခန်း(၁)‘ဝယ်လိုအားအလျော့အတင်းနှင့် ရောင်းလိုအားအလျော့အတင်း’ အခန်းတွင် အလျော့ အတင်းပုစ္ဆာပုံစံ(၅)မျိုးရှိသည်။ (က) ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း၊ (ခ) စုစုပေါင်း ရောင်းရငွေနှင့်ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း ဆက်စပ်ပုံ၊ (ဂ)ဝယ်လိုအား၏ အပြန်အလှန်အလျော့အတင်း၊ (ဃ)ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်းနှင့် (င) ရောင်းလိုအား အလျော့အတင်းတို့ဖြစ်သည်။
ဝယ်လိုအား၏ဈေးနှုန်းအလျော့အတင်း၊ ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်း၊ ဝယ်လိုအား၏ အပြန်အလှန်အလျော့အတင်းနှင့် ရောင်းလိုအားအလျော့အတင်းများကို တွက်ချက်စေသော မေးခွန်းများ တွင် မေးထားသည့် အလျော့အတင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖော်ပြ ဖြေဆိုရပါမည်။ ထို့နောက် တွက်ချက်မှုနှင့် သုံးသပ်မှုကိုပြုလုပ်ရပါမည်။ ဥပမာ - ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း ပုစ္ဆာမေးခွန်းကို ဖြေဆိုရာတွင် ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖြေဆိုပြီးမှ ပေးထားသော ကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ တွက်ချက်ရပါမည်။ ထို့နောက် တွက်ချက်ရရှိသောအဖြေကို ဝယ်လိုအား၏ဈေးနှုန်းအလျော့အတင်း သဘောတရား များအရ သုံးသပ်ဖြေဆိုရမည်။ ထို့အတူ အခြားသော အလျော့အတင်း ပုစ္ဆာမေးခွန်းများကို ဖြေဆိုရာတွင် လည်း အထက်ပါအတိုင်းဖြေဆိုရမည်။ အလျော့အတင်း ပုစ္ဆာမေးခွန်းများအတွက် သုံးသပ်ရာတွင် မှတ်သားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း(Ed )အတွက် အချက်(၃)ချက် သုံးသပ်ရပါမယ်။
(၁) ကုန်စည်၏ ဝယ်လိုအားအလျော့အတင်း အနည်း/အများကို သုံးသပ်ရပါမည်။ ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း (Ed) အနည်း/အများကို သုံးသပ်ရာတွင် အနုတ်လက္ခဏာကိုမစဉ်းစားဘဲ ပကတိတန်ဖိုးကို စဉ်းစားရမှာဖြစ်သည်။ ဥပမာ Ed ရဲ့တန်ဖိုး - ၁.၆ ဖြစ်ပါက Ed သည် ၁ ထက်ကြီးသဖြင့် အလျော့အတင်းများသည်ဟု သုံးသပ်နိုင်သည်။ Ed ၏တန်ဖိုး - ၀.၆ ဖြစ်ပါက ပကတိတန်ဖိုးအရ Ed သည် ၁ ထက်ငယ်သောကြောင့် အလျော့အတင်းနည်းသည်ဟု သုံးသပ်နိုင်သည်။
(၂) ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်းတန်ဖိုးသည် အမြဲတမ်း အနုတ်လက္ခဏာဖြစ်ရသည့် အကြောင်းရင်းကို ဖော်ပြရမည်။ (ကုန်စည်၏ ဈေးနှုန်းနှင့်ဝယ်ယူသောအရေအတွက်သည် ပြောင်းပြန် ဆက်စပ်သဖြင့် Ed တန်ဖိုးသည် အမြဲလို အနုတ်တန်ဖိုးဖြစ်သည်။)
(၃) ဈေးနှုန်း ၁% မြင့်တက်သွားပါက ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်းမည်မျှ လျော့နည်းသွား သည် (သို့မဟုတ်) ဈေးနှုန်း ၁% ကျဆင်းသွားပါက ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်း မည်မျှတိုးသွား သည်ကို သုံးသပ်ရပါမည်။
(ခ) စုစုပေါင်းရောင်းရငွေနှင့် ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်းဆက်စပ်ပုံကိုလည်း လေ့လာ ထားရန်လိုအပ်ပါသည်။ တွက်ချက်ရရှိသော ဝယ်လိုအားအလျော့အတင်းတန်ဖိုးအရ ကုန်စည်၏ ဝယ်လိုအားအလျော့အတင်းအနည်း/အများကို သုံးသပ်နိုင်သကဲ့သို့ အလျော့အတင်းတန်ဖိုးကို မတွက်ချက်ဘဲ ဈေးနှုန်းပြောင်းလဲမှုနှင့် စုစုပေါင်းရောင်းရငွေ ပြောင်းလဲမှုအရလည်း ကုန်စည်၏ ဝယ်လိုအားအလျော့ အတင်းအနည်း/အများကို ခန့်မှန်းနိုင်ကြောင်း သိရှိထားရန်လိုအပ်သည်။ ဇယားတွင် ဖော်ပြထားသည့် အချက်အလက်များအရ ဈေးနှုန်း၊ စုစုပေါင်းရောင်းရငွေနှင့် ဝယ်လိုအား အလျော့အတင်းတို့၏ ဆက်စပ်မှုများကို ရှင်းလင်းဖြေဆိုပါဟူသော မေးခွန်းမျိုးတွင် ဝယ်လိုအား၏ ဈေးနှုန်း အလျော့အတင်း (Ed )ကို တွက်ချက်ဖော်ပြရန်မလိုအပ်ပါ။ ဥပမာ အောက်ဖော်ပြပါ ဇယားတွင် ဈေးနှုန်းနှင့် ဝယ်ယူသည့် အရေအတွက်များကို ဖော်ပြထားသည်

ဇယားပါအချက်အလက်များအရ ဈေးနှုန်းနှင့်အရေအတွက်ကိုမြှောက်ခြင်းဖြင့် စုစုပေါင်း ရောင်းရငွေကိုတွက်ချက်ရရှိမည်။ ဇယားတွင် ဈေးနှုန်းများကိုကြည့်ပါက ကျဆင်းနေကြောင်းကို တွေ့ရ သည်။ ရောင်းရငွေကိုကြည့်ပါက ရောင်းရငွေတိုးလာပြီး ဈေးနှုန်း (၄၀)ကျပ်မှာ (၃၂၀)ကျပ်ဖြစ်ပြီး အများ ဆုံးဖြစ်ပါသည်။ ဈေးနှုန်း (၃၀)ကျပ်မှစ၍ ရောင်းရငွေ ကျဆင်းသွားပါသည်။ ထို့ကြောင့် ဆက်စပ်မှုကို ကြည့်သောအခါ ဈေးနှုန်း (၇၀)ကျပ်မှ (၄၀)ကျပ်အထိတစ်ပိုင်း၊ ဈေးနှုန်း (၄၀)ကျပ်မှ (၂၀)ကျပ်အထိ တစ်ပိုင်း ပိုင်းခြားပြီး သုံးသပ်ရပါမည်။ သုံးသပ်ပုံမှာ - ဈေးနှုန်းသည် (၇၀)ကျပ်မှ (၆၀)ကျပ်၊ (၅၀)ကျပ် နှင့် (၄၀)ကျပ်သို့ ကျဆင်းသွားသောအခါ ဝယ်ယူသောအရေအတွက်များသည် တိုးလာပြီး ရောင်းရငွေမှာ လည်း (၁၄၀)ကျပ်မှ (၂၄၀)ကျပ်၊ (၃၀၀)ကျပ်နှင့် (၃၂၀)ကျပ်သို့ တိုးသွားသည်။ ဝယ်ယူသည့် အရေအတွက် တိုးလာခြင်းသည် ဈေးနှုန်းကျဆင်းခြင်းထက် အချိုးအစားများသောကြောင့် ရောင်းရငွေတိုးလာခြင်းဖြစ် သည်။ ဈေးနှုန်းသည် (၇၀)ကျပ်မှ (၆၀)ကျပ်၊ (၅၀)ကျပ်နှင့် (၄၀)ကျပ်သို့ ကျဆင်းသွားသောအခါ ဈေးနှုန်း ပြောင်းလဲမှုနှင့် ရောင်းရငွေပြောင်းလဲမှု ပြောင်းပြန်ဆက်စပ်နေသဖြင့် ဝယ်လိုအား အလျော့အတင်းများသည် ဟု သုံးသပ်နိုင်သည်။
ဈေးနှုန်းသည် (၄၀)ကျပ်မှ (၃၀)ကျပ်နှင့် (၂၀)ကျပ်သို့ ဆက်လက်ကျဆင်းသွားသောအခါ ဝယ်ယူသော အရေအတွက်များသည် တိုးလာပြီး ရောင်းရငွေမှာ (၃၂၀)ကျပ်မှ (၃၀၀)ကျပ်နှင့် (၂၄၀)ကျပ်သို့ ကျဆင်း သွားသည်။ ဝယ်ယူသည့်အရေအတွက်တိုးလာခြင်းသည် ဈေးနှုန်းကျဆင်းခြင်းထက် အချိုးအစားနည်း သောကြောင့် ရောင်းရငွေလျော့နည်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းသည် (၄၀)ကျပ်မှ(၃၀)ကျပ် နှင့် (၂၀)ကျပ်သို့ ကျဆင်းသွားသောအခါ ရောင်းရငွေကျဆင်းသွားသည်။ ဈေးနှုန်းပြောင်းလဲမှုနှင့် ရောင်းရ ငွေပြောင်းလဲမှု တိုက်ရိုက်ဆက်စပ်နေသဖြင့် ဝယ်လိုအား အလျော့အတင်းနည်းသည်ဟု သုံးသပ်နိုင်သည်။
(ဂ) ဝယ်လိုအား၏ အပြန်အလှန်အလျော့အတင်း (Exy) ကို သုံးသပ်ရာတွင်လည်း အချက် (၃)ချက် သုံးသပ်ရပါမည်။
(၁) ကုန်စည်၏ဝယ်လိုအားအလျော့အတင်း အနည်း/အများကို သုံးသပ်ရမည်။ Exy ၏ တန်ဖိုး ၁ ထက်ကြီးပါက အလျော့အတင်းများပြီး၊ Exy ၏တန်ဖိုး ၁ ထက်ငယ်ပါက အလျော့အတင်းနည်းသည်ဟု သုံးသပ်ရမည်။
(၂) တွက်ချက်ရရှိသော အပြန်အလှန်အလျော့အတင်း (Exy) ၏ လက္ခဏာကိုသုံးသပ်ရမည်။ Exy သည် အပေါင်း (+) လက္ခဏာဆောင်ပါက ကုန်စည် X ကိုဝယ်ယူသောအရေအတွက်နှင့် ကုန်စည် Y ၏ ဈေးနှုန်းတိုက်ရိုက်ဆက်စပ်သဖြင့် ကုန်စည် X နှင့် ကုန်စည် Y သည် အစားထိုးကုန်စည်များဖြစ်ကြသည် ဟုသုံးသပ်ရမည်။ Exy သည် အနုတ်(-) လက္ခဏာဆောင်ပါက ကုန်စည် X ကို ဝယ်ယူသောအရေအတွက်နှင့် ကုန်စည် Y ၏ဈေးနှုန်း ပြောင်းပြန်ဆက်စပ်သဖြင့် ကုန်စည် X နှင့် ကုန်စည် Y သည် တွဲဖက်ကုန်စည်များ ဖြစ်ကြသည်ဟုသုံးသပ်ရမည်။
(၃) ကုန်စည် Y ၏ဈေးနှုန်း ၁% ပြောင်းလဲခြင်း (တက်ခြင်း/ကျခြင်း)ကြောင့် ကုန်စည် X ကိုဝယ်ယူသော အရေအတွက် ရာခိုင်နှုန်းမည်မျှပြောင်းလဲသွားသည်(တိုးသွားသည်/လျော့သွားသည်)ကို သုံးသပ်ရမည်။
(ဃ) ဝယ်လိုအား၏ဝင်ငွေအလျော့အတင်း (Ey) ကို သုံးသပ်ရာတွင်လည်း အချက်(၃)ချက် သုံးသပ် ရပါမည်။
(၁) ကုန်စည်၏ဝယ်လိုအားအလျော့အတင်း အနည်း/အများကို သုံးသပ်ရမည်။ Ey ၏ တန်ဖိုး ၁ ထက်ကြီးပါက အလျော့အတင်းများပြီး၊ Ey ၏ တန်ဖိုး ၁ ထက်ငယ်ပါက အလျော့အတင်းနည်းသည်ဟု သုံးသပ်ရမည်။
(၂) တွက်ချက်ရရှိသော ဝင်ငွေအလျော့အတင်းတန်ဖိုး၏ လက္ခဏာကိုသုံးသပ်ရမည်။
(၃) ဝင်ငွေ ၁% ပြောင်းလဲခြင်းကြောင့် ဝယ်ယူသောအရေအတွက်ပြောင်းလဲမှုရာခိုင်နှုန်းကို သုံးသပ် ရမည်။ Ey တန်ဖိုး အပေါင်းလက္ခဏာ(+) လက္ခဏာဆောင်ပါက ဝင်ငွေတိုးလျှင် ကုန်စည်အတွက် ဝယ်လို အားတိုးသည်။ ထို့ကြောင့် သာမန်ကုန်စည်ဟုသုံးသပ်နိုင်သည်။ Ey တန်ဖိုး အနုတ်လက္ခဏာ (-) ဆောင်ပါ က ဝင်ငွေတိုးလျှင် ကုန်စည်အတွက်ဝယ်လိုအားကျဆင်းသွားသည်။ ထို့ကြောင့် ကုန်စည်သည် ကုန်ညံ့ ဖြစ်သည်ဟုသုံးသပ်နိုင်သည်။ Ey တန်ဖိုးသည် သုည (၀) ဖြစ်ပါက ဝင်ငွေပြောင်းလဲမှုသည် ဝယ်လိုအား အပေါ် အကျိုးသက်ရောက်မှုမရှိပါ။ ထို့ကြောင့် ကုန်စည်သည် မရှိမဖြစ်လိုအပ်သော ကုန်စည်၊ အခြေခံ ကုန်စည်ဖြစ်ကြောင်း သုံးသပ်ရမည်။
(၄) သာမန်ကုန်စည်ဖြစ်ပါက ဝင်ငွေ ၁ % (တက်)သွားလျှင် ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်း မည်မျှ (တက်)သွားသည်။ ကုန်ညံ့ဖြစ်ပါက ဝင်ငွေ ၁ % (တက်)သွားလျှင် ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်းမည်မျှ(ကျဆင်း)သွားသည် စသဖြင့်သုံးသပ်ရမည်။
(င) ရောင်းလိုအား၏ ဈေးနှုန်းအလျော့အတင်း(Es)ကို သုံးသပ်ရာတွင်လည်း အချက် (၃)ချက် သုံးသပ်ရမည်။
(၁) ရောင်းလိုအား၏ ဈေးနှုန်းအလျော့အတင်း အနည်း/အများ ကိုသုံးသပ်ရမည်။ (Es သည် ၁ ထက် ကြီးပါက အလျော့အတင်းများသည်ဟုသုံးသပ်နိုင်သည်။ Es သည် ၁ ထက်ငယ်ပါက အလျော့အတင်းနည်း သည် ဟုသုံးသပ်နိုင်သည်။)
(၂) ရောင်းလိုအားအလျော့အတင်းတန်ဖိုးသည် အမြဲတမ်းအပေါင်းကိန်းဖြစ်ရသည့် အကြောင်းရင်း ကို သုံးသပ်ရမည်။ (ကုန်စည်၏ဈေးနှုန်းနှင့် ရောင်းချသောအရေအတွက် တိုက်ရိုက်ဆက်စပ်သဖြင့် Es တန်ဖိုးသည် အပေါင်းကိန်းဖြစ်သည်။)
(၃) ဈေးနှုန်း ၁ %(တက်ခြင်း/ကျခြင်း)ကြောင့် ရောင်းချသောအရေအတွက် (အတိုး/အလျော့)ရာခိုင်နှုန်းများကို သုံးသပ်ရမည်။
အလျော့အတင်းပုစ္ဆာများတွက်ရာတွင် သတိပြုရမည့်အချက်များမှာ ပုံသေနည်းကိုဖော်ပြရာတွင် မှားယွင်းမှုမရှိစေရန် ၊ ∆Q နှင့် ∆P တန်ဖိုးများကို မှားယွင်းထည့်သွင်းခြင်း ၊ ∆Q နှင့် ∆Y တန်ဖိုးများကို မှားယွင်းထည့်သွင်းခြင်းမရှိစေရန်နှင့် တွက်ချက်ရရှိသောအလျော့အတင်းတန်ဖိုးတွင်(%)မထည့်ရန်တို့ ဖြစ်ကြသည်။
အခန်း(၂) ‘ထုတ်လုပ်မှုသီအိုရီ’ အခန်းတွင် စုစုပေါင်းထုတ်ကုန်၊ ပျမ်းမျှထုတ်ကုန်နှင့် အစွန်းထွက် ထုတ်ကုန်ဆိုင်ရာမေးခွန်းမျိုးတွင် ပေးထားသော ကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ ထုတ်ကုန် များတွက်ချက်ပုံ၊ ထုတ်ကုန်မျဉ်းကွေးများရေးဆွဲပုံ၊ ထုတ်ကုန်မျဉ်းကွေးများ၏ ဆက်စပ်ပုံနှင့် ထုတ်လုပ်မှု အဆင့်များ ပိုင်းခြားသတ်မှတ်ပုံများကို သိရှိထားရန်လိုအပ်ပါသည်။ ဖြေဆိုရာတွင် ပုံသေနည်းကို ဦးစွာ ဖြေဆိုပြီးမှ ပေးထားသောကိန်းဂဏန်းအချက်အလက်များအရ တွက်ချက်ရရှိသည့် ထုတ်ကုန်အရေအတွက် များကို ဇယားတွင် ဖြည့်စွက်ဖြေဆိုရပါသည်။
မျဉ်းကွေးများရေးဆွဲထားသောပုံတွင် ထုတ်လုပ်မှုအဆင့်များ ပိုင်းခြားရာ၌ မူရင်းမှတ်မှ AP အမြင့်ဆုံး (သို့မဟုတ်) AP နှင့် MP မျဉ်းကွေးများ ဖြတ်သောအမှတ်ထိသည် အဆင့်(၁)ဟု ပိုင်းခြား သတ်မှတ်ရပါမည်။ TP အမြင့်ဆုံး (သို့မဟုတ်) MP= 0 ဖြစ်သောအမှတ်အထိ ထုတ်လုပ်မှုအဆင့်(၂) ဖြစ်ပြီး MP တန်ဖိုး အနုတ် (-)ဖြစ်သောအပိုင်းသည် ထုတ်လုပ်မှုအဆင့်(၃)ဟု သတ်မှတ်ရပါမည်။ ထုတ်လုပ်သူသည် အဆင့်(၂) အတွင်း ၌သာ ထုတ်လုပ်မှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့် (၂)အတွင်း AP နှင့် MP နှစ်မျိုးလုံး အပေါင်း လက္ခဏာဖြစ်ပြီး အဆင့် (၂) ၏ အဆုံးအမှတ်သည် TP အမြင့်ဆုံးဖြစ်သော အမှတ်ဖြစ်ပါသည်။ ထို့ကြောင့် AP အမြင့်ဆုံးအမှတ်နှင့် MP သုည(၀)ဖြစ်သော အမှတ်ကြားရှိ အဆင့်(၂)တွင် လုပ်ငန်းလည်ပတ်ခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ လုပ်သားဦးရေ မည်မျှငှားရမ်းအသုံးပြုရမည်ကိုလည်း ဆုံးဖြတ်တတ်ရပါမည်။
လျော့နည်းသွားသော ပြန်ရချက်ဥပဒေသရဲ့သဘောကို သိရှိရပါမည်။ မည်သည့် ထုတ်ကုန်အပိုင်းက လျော့နည်းသွားသော ပြန်ရချက်ဥပဒေသကို ဖော်ပြနေသလဲ ဆိုတာကိုလည်း သိရှိရပါမည်။ ကျဆင်းနေ သော အစွန်းထွက်ထုတ်ကုန်အပိုင်းသည် လျော့နည်းသွားသောပြန်ရချက်ဥပဒေသကို ဖော်ပြနေပါသည်။ တွက်ချက်မှုအရ လုပ်သားဦးရေဘယ်လောက်မှာ MP စတင် ကျဆင်းသွားသည်ဆိုတာကို ကြည့်ရပါမည်။ ဥပမာ ဇယားမှ MP တန်ဖိုးများကိုကြည့်ရာတွင် လုပ်သားဦးရေ ၄ ဦးမှာ MP တန်ဖိုးက အများဆုံးဖြစ်နေ တယ်ဆိုပါစို့၊ လုပ်သား ၄ ဦးထက်ကျော်ပါက MP စတင်ကျဆင်းပါပြီ။ လုပ်သားဦးရေ ၄ ဦးမှာ MP အမြင့် ဆုံးဖြစ်နေပြီး၊ လုပ်သားဦးရေ ၄ ဦးထက်ကျော်၍ သုံးစွဲသောအခါ ကျဆင်းနေသော အစွန်းထွက်ထုတ်ကုန် အပိုင်းသည် လျော့နည်းသွားသော ပြန်ရချက်ဥပဒေသကို ဖော်ပြသည်ဟု သုံးသပ်နိုင်ပါသည်။
အခန်း(၃) ‘စရိတ်သီအိုရီ’ အခန်းတွင် စုစုပေါင်းစရိတ်၊ ပျမ်းမျှစရိတ်နှင့် အစွန်းထွက်စရိတ်ဆိုင်ရာ မေးခွန်းမျိုးတွင် ပေးထားသောကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ စရိတ်အမျိုးမျိုး တွက်ချက်ပုံ၊ စရိတ်မျဉ်းကွေးများရေးဆွဲပုံနှင့် စရိတ်မျဉ်းကွေးများဆက်စပ်ပုံများကို လေ့လာသိရှိထားရန် လိုအပ်သည်။ တွက်ချက်ရာတွင် ပုံသေစရိတ်နှင့် စရိတ်ရှင်သဘောကိုလည်း သိရှိနားလည်ရန် လိုအပ်ပါသည်။ ဥပမာ မေးခွန်းတွင် ကုန်ထွက်အသီးသီးရှိ စုစုပေါင်းစရိတ်များကို ပေးထားပါက ကုန်ထွက်သုညရှိ စုစုပေါင်း စရိတ်သည် ပုံသေစရိတ်ဖြစ်ကြောင်း၊ ပုံသေစရိတ်သည် ကုန်ထွက်အဆင့်တိုင်းအတွက် အတူတူပင်ဖြစ် ကြောင်း စုစုပေါင်းစရိတ်မှ ပုံသေစရိတ်ကိုနုတ်ခြင်းဖြင့် စုစုပေါင်းစရိတ်ရှင်ကို ရရှိနိုင်ကြောင်းသိရှိရန်လိုသည်။ထို့အတူ စုစုပေါင်းစရိတ်မှ စုစုပေါင်းစရိတ်ရှင်ကို နုတ်ခြင်းဖြင့် စုစုပေါင်းပုံသေစရိတ်ကို ရရှိနိုင်ကြောင်းကို လည်း သိရှိထားရန်လိုအပ်သည်။ ဖြေဆိုရာတွင် ပုံသေနည်းကို ဦးစွာဖြေဆိုပြီးမှ ပေးထားသောကိန်းဂဏန်း အချက်အလက်များအရ တွက်ချက်ရရှိသော စရိတ်များကို ဇယားတွင်ဖြည့်စွက်ဖြေဆိုရပါမည်။
အခန်း(၇) ‘စီးပွားရေးတိုးတက်မှု’တွင် အမှန် GDP တန်ဖိုးများမှ စီးပွားရေးတိုးတက်မှုနှုန်း တွက်ချက်ပုံ နှင့် သုံးသပ်ပုံ၊ အချိန်ကာလတစ်ခုအတွက် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်း တွက်ချက်ပုံနှင့် သုံးသပ်ပုံ၊ GDP ကျုံ့ကိန်းတွက်ချက်ပုံ၊ GDP ကျုံ့ကိန်းမှ ဈေးဆနှုန်းကိန်းတွက်ချက်ပုံ၊ GDP ဈေးဆနှုန်းကိန်းမှ ငွေဖောင်းပွမှုနှုန်းတွက်ချက်ပုံနှင့် သုံးသပ်ပုံများကို လေ့လာထားရန်လိုအပ်သည်။ တွက်ချက်ရာတွင် အသုံး ပြုသောပုံသေနည်းများကို ဦးစွာဖော်ပြရမည်။
စီးပွားရေးတိုးတက်မှုနှုန်းကို တွက်ချက်သုံးသပ်ရာတွင် စီးပွားရေးတိုးတက်မှုနှုန်းသည် မည်သည့် ခုနှစ်များတွင် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်းထက်မြင့်မားသည်၊ စီးပွားရေးတိုးတက်မှုနှုန်းသည် မည်သည့် ခုနှစ်များတွင် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်းထက်နိမ့်သည် စသည်ဖြင့်သုံးသပ်နိုင်သည်။ အချို့နှစ်များတွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ဆက်တိုက်တိုးတက်ခြင်းရှိပါက စီးပွားရေး တိုးတက်မှုနှုန်းသည် မည်သည့် ခုနှစ်မှ မည်သည့်ခုနှစ်အထိ ဆက်တိုက်တိုးတက်နေသည်ကို သုံးသပ်နိုင်သည်။ အချို့နှစ်များတွင် စီးပွားရေး တိုးတက်မှုနှုန်းသည် ဆက်တိုက်ကျဆင်းနေပါက မည်သည့်ခုနှစ်မှ မည်သည့်ခုနှစ်အထိ ဆက်တိုက်ကျဆင်း နေသည် စသည်ဖြင့်သုံးသပ်နိုင်သည်။ စီးပွားရေးတိုးတက်မှုနှုန်းသည် အတက်အကျရှိနေပါက သုံးသပ်ရာ တွင်မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းပြီး မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်တိုးတက်လာသည်။ မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းတိုးနေပြီး မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်ကျဆင်းသွားသည် စသည်ဖြင့် သုံးသပ်နိုင်သည်။ သတိပြုရန်အချက်မှာ တွက်ချက်ရရှိသော စီးပွားရေးတိုးတက်မှုနှုန်းသည် အနုတ်လက္ခဏာဖြစ်ပါက ထိုနှစ်တွင် စီးပွားရေး တိုးတက်မှုမရှိဘဲ စီးပွားရေးဆုတ်ယုတ်ကျဆင်းသည်ဟု သုံးသပ်နိုင်သည်။
ငွေဖောင်းပွမှုနှုန်းကို တွက်ချက်ရာတွင် တွက်ချက်လိုသောလက်ရှိနှစ်နှင့် နှိုင်းယှဉ်လိုသည့် လွန်ခဲ့သော နှစ်အကြား ငွေဖောင်းပွမှုနှုန်းကို တွက်ချက်ခြင်းဖြစ်သည်။

နှစ်အလိုက် ငွေဖောင်းပွမှုနှုန်း အတက်အကျဖြစ်ပုံအနေဖြင့်သုံးသပ်ရာတွင် ငွေဖောင်းပွမှုနှုန်းသည် မည်သည့်ခုနှစ်တွင် မြင့်တက်ပြီး မည်သည့်ခုနှစ်တွင် ကျဆင်းသွားသည်၊ ငွေဖောင်းပွမှုနှုန်းသည် မည်သည့် နှစ်တွင် အနိမ့်ဆုံးဖြစ်ပြီး / မည်သည့်နှစ်တွင် အမြင့်ဆုံးဖြစ်သည် စသည်ဖြင့် သုံးသပ်ဖြေဆိုနိုင်ပါသည်။ ငွေဖောင်းပွမှုနှုန်းသည် ဆက်တိုက်မြင့်တက်နေပါက ငွေဖောင်းပွမှုနှုန်းသည် မည်သည့်ခုနှစ်မှ မည်သည့် ခုနှစ်အထိ ဆက်တိုက်မြင့်တက်နေသည်ဟု သုံးသပ်နိုင်သည်။ ငွေဖောင်းပွမှုနှုန်းသည် ဆက်တိုက်ကျဆင်းနေပါက မည်သည့်ခုနှစ်မှ မည်သည့်ခုနှစ်အထိ ဆက်တိုက် ကျဆင်းနေသည်ဟု သုံးသပ်နိုင်သည်။
ငွေဖောင်းပွမှုနှုန်းကိုတွက်ချက်သုံးသပ်ရာတွင်သတိပြုရန်အချက်များမှာ GDP ကျုံ့ကိန်းကို တွက်ချက် ရာတွင် ဒသမ (၃ နေရာ)အထိ ယူရမည်။ GDP ဈေးဆနှုန်းကိန်းကို ဒသမ (၁ နေရာ) အထိယူရမည်။ ငွေဖောင်းပွမှုနှုန်းကိုလည်း ဒသမ (၁ နေရာ) အထိယူရမည်။
မေးခွန်းနံပါတ်(၅)ကိုဖြေဆိုရာတွင် သတိပြုရမည့်အချက်များမှာ မေးခွန်းတွင်ဖော်ပြပါရှိသော ကိန်းဂဏန်းများကို အဖြေလွှာပေါ်သို့ပြန်လည် ကူးယူရာတွင် မှားယွင်းမှုမရှိစေရန်နှင့် Calculator ကို အသုံးပြုတွက်ချက်ရာတွင် ရရှိသောအဖြေကို နောက်ထပ်တစ်ကြိမ် ပြန်လည်စစ်ဆေးခြင်းပြုလုပ်ရန်တို့ ဖြစ်ပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲဘောဂဗေဒဘာသာရပ် မေးခွန်းလွှာသည် သင်ခန်းစာများအား နှံ့စပ်စွာ နားလည်တတ်မြောက်စေမှုကို ရည်ရွယ်ခြင်းဖြစ်ရာ သင်ခန်းစာများအား နှံ့စပ်စွာလေ့လာထားရန်လိုအပ် ပါသည်။ ဓမ္မဓိဋ္ဌာန်မေးခွန်းနှင့် တွက်ချက်သုံးသပ်မှု မေးခွန်းများအတွက်ပေးမှတ်မှာ (၅၀)မှတ်ဖြစ်သဖြင့် ယင်းမေးခွန်းများကို ဖြေဆိုနိုင်ပါက အောင်မှတ်ရရှိနိုင်သော်လည်း အခန်းရွေးချယ်၍ အလွတ်ကျက်မှတ် ဖြေဆိုခြင်းဖြင့် ဂုဏ်ထူးမှတ်ရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း သတိပြုစေလိုပါသည်။
ဖြေဆိုသူ ကျောင်းသား ကျောင်းသူများအားလုံး ထူးချွန်စွာအောင်မြင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
ဒေါက်တာစုစုမြတ်၊ ပါမောက္ခ(ဌာနမှူး) အသုံးချဘောဂဗေဒဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်း သင်ခန်းစာများမှ သိကောင်းစရာ အချက်အလက်များကို စုစည်းတင်ပြ ပေးသွားမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်သမိုင်းဘာသာရပ်မေးခွန်းဟာ သမားရိုးကျ အလွတ်ကျက်မှတ် ဖြေဆိုသောစနစ်မှ ကျောင်းသား ကျောင်းသူများရဲ့ တွေးခေါ်ဆင်ခြင်မှုကို အားပေးသည့် ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ သင်ခန်းစာတစ်ခုစီမှ အဓိကမှတ်သားသင့်သော အချက်များကို နားလည်သိရှိမှု ရှိ၊ မရှိ စစ်ဆေးသည့် မှတ်စုတိုမေးခွန်းများ၊ သမိုင်းအကြောင်းအရာ တစ်ခုစီ၏ အခြေခံအကြောင်းရင်းများနှင့် အကျိုးသက်ရောက်မှုများ မည်သို့ဆက်စပ်နေသည်ကို လေ့လာဆန်းစစ်ပြီး ဝေဖန်သုံးသပ်ရသော မေးခွန်းရှည်များပါဝင်ပါသည်။ ဒါ့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြင်ဆင်နေကြတဲ့ ကျောင်းသား ကျောင်းသူများအတွက် မမေ့သင့်တဲ့ အဓိကအချက်များကို စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကတစ်ဆင့် စာမေးပွဲအတွက် သေချာစွာပြင်ဆင်နိုင်ရန် အထောက်အကူဖြစ်မည်လို့ ယုံကြည်ပါတယ်။
ပထမဦးစွာ မြန်မာ့သမိုင်း သင်ခန်းစာများမှ သိကောင်းစရာတွေကို တင်ပြပါမယ်။ မြန်မာ့သမိုင်းသင်ခန်းစာမှာ ကိုလိုနီခေတ်မှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်အထိ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်နှင့် စီးပွားရေးပုံစံပြောင်းလဲမှုများ၊ လူမှုရေးပြောင်းလဲမှုများကို လေ့လာ သင်ကြားရမှာဖြစ်တယ်။ ကိုလိုနီခေတ်အုပ်ချုပ်ရေးစနစ်များကို လေ့လာတဲ့အခါ ပထမအင်္ဂလိပ်-မြန်မာစစ်(၁၈၂၄-၁၈၂၆)အပြီး အင်္ဂလိပ် တို့ ကျင့်သုံးခဲ့တဲ့အုပ်ချုပ်ရေးစနစ်၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၁၈၅၂-၁၈၅၃)အပြီး အင်္ဂလိပ်တို့ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ တတိယအင်္ဂလိပ်-မြန်မာစစ်(၁၈၈၅)အပြီး အင်္ဂလိပ်တို့ ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်နှင့် ဂျပန်ခေတ်အုပ်ချုပ်ရေး စနစ်တို့ကို လေ့လာကြရမှာဖြစ်တယ်။ မြန်မာနိုင်ငံဟာ အင်္ဂလိပ်တို့ရဲ့ကျူးကျော်စစ်ပွဲကို သုံးကြိမ် ရင်ဆိုင်ခဲ့ရတယ်။ ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးမှာ တနင်္သာရီနှင့် ရခိုင်ကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ပြီး ကုမ္ပဏီကတစ်ဆင့် အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့တယ်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ် အပြီးတွင် ပဲခူးနယ်ကို ထပ်မံသိမ်းယူခဲ့တဲ့အတွက် အောက်မြန်မာနိုင်ငံ တစ်ခုလုံးဟာ အင်္ဂလိပ်တို့လက်အောက်သို့ ကျရောက်ခဲ့ရပါတယ်။ အင်္ဂလိပ်တို့က တနင်္သာရီ၊ ရခိုင်နှင့် အောက်မြန်မာပြည်(ပဲခူးနယ်)တို့ကိုပေါင်းပြီး ဗြိတိသျှဘားမား(British Burma) လို့ခေါ်တွင်ခဲ့တယ်။ ဗြိတိသျှဘားမားကိုအုပ်ချုပ်ဖို့ ကုမ္ပဏီအုပ်ချုပ်ရေးကနေ အင်္ဂလိပ် အစိုးရအုပ်ချုပ်တဲ့ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တယ်။
မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးဟာ အိန္ဒိယဘုရင်ခံချုပ်ကို တာဝန်ခံပြီး အုပ်ချုပ်ရတဲ့စနစ်ဖြစ်တယ်။ မဟာဝန်ရှင်တော်မင်းကြီး ဟာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အခွန်ကောက်ခံ ရေးအာဏာစတဲ့ အာဏာသုံးရပ်ကို တစ်ဦးတည်း ကျင့်သုံးနိုင်တယ်။ ဒါပေမဲ့ သူ့မှာ ဥပဒေပြုပိုင်ခွင့်အာဏာမရှိတဲ့အတွက် လိုအပ်တဲ့ အက်ဥပဒေ၊ စည်းမျဉ်းဥပဒေတွေကို အိန္ဒိယဘုရင်ခံချုပ်က ပြဋ္ဌာန်း ပေးရတယ်။ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးဟာ အရာရှိ အဆင့်ဆင့်ကို လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်များ တိကျစွာသတ်မှတ် ပေးထားတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၁၈၈၆ ခုနှစ်မှ ၁၈၉၇ ခုနှစ်အထိ ၁၀ နှစ်ကြာမြင့်တယ်။ ၁၈၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ဗြိတိသျှပိုင် အိန္ဒိယအင်ပါယာရဲ့ ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းခဲ့ပြီးနောက် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးအဆင့်ကနေ ဒုတိယဘုရင်ခံအုပ်ချုပ်ရေးအဆင့်သို့ တိုးမြှင့်အုပ်ချုပ်ခဲ့တယ်။
ဒုတိယဘုရင်ခံအုပ်ချုပ်ရေးစနစ်မှာ ဘုရင်ခံဟာ မြန်မာနိုင်ငံ အတွက် ဥပဒေပြုကောင်စီ ဖွဲ့စည်းခွင့်ရရှိတယ်။ အဲဒီအချိန်က မြန်မာ နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် အိန္ဒိယမှာ အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲဖြစ်တိုင်း မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သိထားရမယ်။ အင်္ဂလိပ်အစိုးရဟာ ၁၉၁၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံအတွက် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ဥပဒေပြဋ္ဌာန်းပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံကို ချန်လှပ်ထားခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုလည်း အုပ်ချုပ်ရေးစနစ်တိုးမြှင့်ပေးဖို့ မြန်မာပြည်သူတွေက အပြင်းအထန် တောင်းဆိုကြတဲ့အတွက် အင်္ဂလိပ်အစိုးရက ဒိုင်အာခီအုပ်ချုပ်ရေး ပေးခဲ့တယ်။ ဒိုင်အာခီအုပ်ချုပ်ရေးဟာ ၁၉၂၃ ခုနှစ်မှ ၁၉၃၇ ခုနှစ် အထိကြာမြင့်ခဲ့တယ်။ ဒီသင်ခန်းစာမှာ ဒိုင်အာခီအုပ်ချုပ်ရေးပေါ်ပေါက် လာပုံနဲ့ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို သေချာသိထားသင့်တယ်။
အင်္ဂလိပ်တို့ဟာ ဒိုင်အာခီအုပ်ချုပ်ရေး ချမှတ်စဉ်ကတည်းက ၁၀ နှစ်ကာလပြီးရင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင် ပြောင်းလဲပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါကြောင့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးနဲ့ပတ်သက်ပြီး စုံစမ်းဖို့ ၁၉၂၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဆာဂျွန်ဆိုင်မွန် ခေါင်းဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီကော်မရှင်ရဲ့အစီရင်ခံစာနဲ့ အကြံပေးချက်များ အရ ၁၉၃၁ ခုနှစ်မှာ လန်ဒန်မှာ သီးခြားစုံညီအစည်းအဝေးကျင်းပခဲ့ တယ်။ အစည်းအဝေးမှာ ခွဲရေးကိုလိုလားသူများနဲ့ တွဲရေးကိုလိုလားသူ များဆိုပြီး အုပ်စုများကွဲပြားလာတဲ့အတွက် ခွဲရေးတွဲရေးပြဿနာကိုဆုံးဖြတ်ဖို့ အထူးရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ရွေးကောက်ပွဲမှာ တွဲရေးကို ထောက်ခံတဲ့ဘက်က အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ ဒီပြဿနာကို မြန်မာတို့အပြီးအပြတ်ဆုံးဖြတ်နိုင်ခြင်း မရှိနိုင်ဟုဆိုပြီး အင်္ဂလိပ်အစိုးရ ဟာ ၁၉၃၅ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့တယ်။
၉၁ ဌာနအုပ်ချုပ်ရေးဟာ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ကြာမြင့်ခဲ့တယ်။ ၉၁ ဌာနအုပ်ချုပ်ရေးကို လေ့လာတဲ့အခါ ၁၉၃၅ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ ပေါ်ပေါက်လာပုံ၊ ၉၁ ဌာန အုပ်ချုပ်ရေးမှာ ဘုရင်ခံစီရင်အုပ်ချုပ်ခွင့်ရတဲ့ဌာနများ၊ ၉၁ ဌာနအုပ်ချုပ် ရေးရဲ့ ဖွဲ့စည်းပုံ အကြောင်းတွေကို သီးခြားလေ့လာထားသင့်တယ်။
ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများသည် အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင် အပြောင်းအလဲ များစွာဖြစ်ခဲ့တယ်။ ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းသည် ဒေသဖူလုံသည့် စိုက်ပျိုးရေးမှ ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် ကူးသန်းရောင်းဝယ်ရေးအခြေပြု စိုက်ပျိုးရေးသို့ ပြောင်းလဲလာခဲ့တယ်။ အင်္ဂလိပ်အစိုးရသည် ဆန်စပါး ထုတ်လုပ်မှုအား ပိုမိုအထောက်အပံ့ပြုခဲ့တယ်။ သစ်လုပ်ငန်းမှာလည်း ဗြိတိသျှကုမ္ပဏီများက သစ်များကို ခုတ်ယူခဲ့သည့်အတွက် သစ်တော ဥပဒေထုတ်ပြန်ပြီး သစ်တောဌာနကို တည်ထောင်ပေးခဲ့တယ်။ ရေနံ လုပ်ငန်းမှာတော့ BOC ကုမ္ပဏီက ဦးဆောင်ခဲ့တယ်ဆိုတာ သေသေ ချာချာလေ့လာထားသင့်တယ်။ သတ္တုနှင့်သယံဇာတလုပ်ငန်းမှာ နမ္မတူ ဘော်တွင်းမိုင်း၊ မိုးကုတ်ပတ္တမြားတွင်း၊ ရွှေဘိုကျောက်မီးသွေးတွင်းတို့ ဟာ အင်္ဂလိပ်ကုမ္ပဏီများ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့တယ်။ ဗြိတိသျှကုမ္ပဏီများက ကူးသန်းရောင်းဝယ်ရေးမှာ ဈေးကွက်ကို ထိန်းချုပ်ခဲ့တဲ့အတွက် ပြည်တွင်းလက်မှု လုပ်ငန်းများ ထိခိုက်ခဲ့ရတယ်။ မီးရထား၊ မီးသင်္ဘော၊ ကားလမ်းများကို တိုးချဲ့လာနိုင်တဲ့အတွက် ကူးသန်းရောင်းဝယ်ရေး ပိုမိုလွယ်ကူလာစေခဲ့သော်လည်း စီးပွားရေး အမြတ်အစွန်းများဟာ အင်္ဂလိပ်တို့အတွက်သာ ရရှိခဲ့တယ်ဆိုတာ သိထားရမယ်။
ကိုလိုနီခေတ်မှာ စီးပွားရေး လုပ်ငန်းကြီးများကို ကိုလိုနီအစိုးရနဲ့ နိုင်ငံခြားသားအရင်းရှင်တို့က ပိုင်ဆိုင်ကြတယ်။ မြန်မာ့ဆန်စပါး ရောင်းဝယ်ရေးမှာ ဘူလင်ဂျာပူးလ်အမည်နဲ့ ကုမ္ပဏီလေးခုက လည်းကောင်း၊ မြန်မာ့သစ်ထုတ်လုပ်ရေး လုပ်ငန်းကို ဘုံဘေဘားမား ကူးသန်းရောင်း ဝယ်ရေးကုမ္ပဏီက လည်းကောင်း၊ မြန်မာ့ရေနံလုပ်ငန်းကို ဘီအိုစီ ကုမ္ပဏီက လည်းကောင်း၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို ဧရာဝတီဖလိုတီလာကုမ္ပဏီက လည်းကောင်း လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားခဲ့တယ်ဆိုတာလည်း သိထားရပါမယ်။
ကိုလိုနီခေတ်မှာ အရင်းရှင်စီးပွားရေး စနစ်နဲ့အတူ နိုင်ငံခြားသား အရင်းရှင်များ၊ အလုပ်သမားများ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက် မြန်မာ့လူမှုအဖွဲ့အစည်းဟာ ပဒေသရာဇ်စနစ်ကို အခြေခံတဲ့ လူနေမှု စနစ်ကနေ အရင်းရှင်စီးပွားရေးစနစ်ကို အခြေခံတဲ့လူနေမှုစနစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရဟာ လယ်ယာလုပ်ငန်းများ တိုးချဲ့လာခြင်းနဲ့အတူ ပြောင်းလဲသွားတဲ့ တောင်သူလယ်သမားများရဲ့ ဘဝအခြေအနေများကိုလည်း သိထားရမယ်။ ကိုလိုနီခေတ်မှာ လယ်ယာလုပ်ငန်းသာမက စက်မှုလုပ်ငန်း များတိုးချဲ့လာတဲ့အတွက် ပြည်ပမှ အလုပ်သမားများကို ခေါ်ယူခဲ့တယ်။ အလုပ်သမားများအနက် စက်မှုလုပ်ငန်းများမှာ လုပ်ကိုင်တဲ့အလုပ် သမားများရဲ့ဘဝအခြေက ပိုပြီးဆိုးရွားတယ်။ အထူးသဖြင့် ရေနံမြေ အလုပ်သမားများဟာ အရင်းရှင်များရဲ့ လက်ဝါးကြီးအုပ်အမြတ်ထုတ် သည့်ဒဏ်ကို ဆိုးရွားစွာခံကြရတယ်။ ၁၉၃၀ ပြည့်နှစ်မှာ ကြုံတွေ့ရသော ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် အလုပ်သမားများရဲ့ဘ၀ဟာ ပိုမိုဆိုးရွား လာခဲ့တယ်ဆိုတာကိုလည်း လေ့လာထားရမယ်။ အင်္ဂလိပ်အစိုးရဟာ ကိုလိုနီအုပ်ချုပ်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး စက်မှုလက်မှုသင်တန်းကျောင်းများအပါ အဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်။ ၁၉၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်အဖြစ် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာတယ်ဆိုတာလည်း သေသေချာချာ လေ့လာထားဖို့လိုတယ်။
ကိုလိုနီခေတ်မှာ ကျန်းမာရေးဌာန ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ကျေးလက်နေပြည်သူများဟာ မြန်မာဆေးဝါးများနဲ့ တိုင်းရင်းဆေးဆရာများကိုသာ မှီခိုအားထား နေကြရပြီး မြို့နေလူထုကတော့ အနောက်တိုင်းဆေးပညာနဲ့ ထိတွေ့ မှုများလာတယ်။ ဆေးရုံများကို အားကိုးလာကြတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးနဲ့ အခြားခရိုင်မြို့ကြီးများမှာ ဆေးရုံများဖွင့်လှစ်နိုင်ခဲ့တယ်။
၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် ပြဋ္ဌာန်းစာအုပ်မှာ ဂျပန်ခေတ် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးပြောင်းလဲမှု သင်ခန်းစာများကို ထည့်သွင်းထားလို့ ဒီသင်ခန်းစာတွေကိုလည်း လေ့လာထားရမယ်။ ဂျပန်ခေတ်အုပ်ချုပ်ရေးကို လေ့လာတဲ့အခါမှာ ဂျပန်ခေတ်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့တဲ့ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလကို ခေါ်ဆိုတာဖြစ်ကြောင်း သိထားဖို့လိုတယ်။ ဂျပန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး မကြာမီမှာပဲ ဒေါက်တာဘမော် ဦးဆောင်တဲ့ ယာယီအစိုးရကိုဖွဲ့စည်းခဲ့တယ်။ ၁၉၄၃ ခုနှစ် ဇွန်လမှာ လွတ်လပ်ရေးစီစဉ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး သြဂုတ် ၁ ရက်နေ့မှာ မြန်မာ နိုင်ငံကို လွတ်လပ်ရေးပေးဖို့ ကြေညာခဲ့တယ်။ ဒါပေမဲ့ ဂျပန်တို့ပေးတဲ့ လွတ်လပ်ရေးဟာ အတုအယောင်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှာ ဂျပန် စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာသာရှိကြောင်း တွေ့ရတယ်။ ဂျပန် ခေတ်မှာ တန်ခိုးအာဏာအရှိဆုံးသူတို့မှာ ကင်ပေတိုင်ဂျပန်စစ်ပုလိပ် များသာဖြစ်တယ်။
ဂျပန်ခေတ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းကာလဖြစ်လို့ မြန်မာ့ စီးပွားရေးဟာ တိုးတက်မှုမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ရေနံလုပ်ငန်းများ ထုတ်လုပ်မှုကျဆင်းသွားတာတွေ့ရတယ်။ ဂျပန်တို့ က စီးပွားရေးကို ထိန်းချုပ်နိုင်ဖို့ အကန့်အသတ်မရှိ ငွေစက္ကူများ ထုတ်ဝေခဲ့တဲ့အတွက် ပြည်သူများ၏ လူနေမှုဘ၀ကျဆင်းခဲ့ရတယ်။ ဂျပန်ခေတ်စီးပွားရေးဟာ မြန်မာပြည်သူများအတွက် အကျိုးမဖြစ်ဘဲ ဂျပန်တို့အတွက်သာ အသုံးချသောစီးပွားရေးစနစ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။
ဂျပန်ခေတ်မှာ ယိုးဒယား-မြန်မာ မီးရထားလမ်းကို ဖောက်လုပ်ခဲ့တဲ့အတွက် မြန်မာပြည်သူများ သေဆုံးခဲ့ရတယ်။ သေဆုံးသူများ ပြားခဲ့သဖြင့် သေမင်းတမန်ရထားလမ်းဆိုပြီး သမိုင်းတွင်ခဲ့တယ်။ ဂျပန်ခေတ်ပညာသင်ကြားရေးစနစ်ကို လေ့လာတဲ့အခါ မဟာအရှေ့ အာရှသာတူညီမျှ ကောင်းစားရေးအတွက်ဖြစ်ပြီး ဂျပန်စစ်ဘက်ဆိုင်ရာ အာဏာပိုင်တို့ကလည်း စာသင်ကျောင်းများမှာ ဂျပန်ဘာသာကို မသင်မနေရဘာသာအဖြစ် ပြဋ္ဌာန်းစေခဲ့တယ်။ ဂျပန်ခေတ်မှာ အစား အသောက်၊ အဝတ်အထည်၊ အိမ်ရာအဆောက်အအုံနှင့် ဆေးဝါးချို့တဲ့မှုကြောင့် ကပ်ရောဂါဖြင့် သေဆုံးသူအရေအတွက်လည်း များပြားခဲ့ ပါတယ်။
လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပြောင်းလဲမှု (၁၉၄၈-၁၉၆၂)ကို လေ့လာရာမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလ အပိုင်းအခြားဟာ ဖဆပလအစိုးရအုပ်ချုပ်တဲ့ကာလ၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ကာလဟာ အိမ်စောင့်အစိုးရအုပ်ချုပ်တဲ့ကာလ၊ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၆၂ ခုနှစ်အထိကာလဟာ ပြည်ထောင်စု (ပထစ) အစိုးရတာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်ဆိုတာ သိထားရမယ်။
၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ကာလအတွင်း ဖဆပလအစိုးရဟာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အုပ်ချုပ်တယ်။ ဖဆပလ ခေတ်မှာ ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစုလွှတ်တော်ဆိုပြီး လွှတ်တော် နှစ်ရပ်ရှိတယ်။ လွှတ်တော်နှစ်ရပ်ပေါင်းကို ပြည်ထောင်စုပါလီမန်လို့ ခေါ်တယ်။ ပြည်ထောင်စုပါလီမန်မှာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာများရှိတယ်။ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်ထောင်စုပုံစံပေါ်လွင်စေဖို့ ပြည်နယ် များကို ဖွဲ့စည်းထားရှိတယ်။ ဝန်ကြီးဌာနအလိုက် ၀န်ကြီးဌာနရုံးများ ဖွဲ့စည်းထားရှိပြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီး၊ အတွင်းဝန်၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်ခေါ်အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်နှင့် လက်ထောက်မြို့ပိုင်တို့ဟာ စီမံခန့်ခွဲရေးဆိုင်ရာတာဝန်များကို အဆင့် ဆင့်ဆောင်ရွက်ကြရတယ်။
ဖဆပလအစိုးရဟာ ၁၉၅၂ ခုနှစ်မှာ ပြည်တော်သာစီမံကိန်း ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီး ၁၉၅၃ ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေးစီမံကိန်းဟာ ကျေးရွာကိုအခြေပြုတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်ဆိုတာကိုလည်း သိထားရမယ်။ မြန်မာ့သမိုင်းမှာ ၁၉၅၈-၁၉၆၀ ကာလဟာ အိမ်စောင့်အစိုးရ တာဝန်ယူတဲ့ကာလဖြစ်တယ်။ ဒီအပိုင်းမှာ အိမ်စောင့်အစိုးရပေါ်ပေါက်လာပုံ၊ အိမ်စောင့်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ် လေးရပ်၊ အိမ်စောင့်အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်(ဒါမှမဟုတ်) ဆောင်ရွက်ချက်များကို လေ့လာသင့်တယ်။ မြန်မာ့သမိုင်းမှာ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၆၂ ခုနှစ်အထိကာလဟာ ပြည်ထောင်စု(ပထစ) အစိုးရတာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်။ ပထစအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံကတော့ ယခင်ဖဆပလအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံကိုပဲ အခြေခံထား တယ်ဆိုတာ သိထားရမယ်။ ပြည်ထောင်စု(ပထစ)အစိုးရလက်ထက် အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာတဲ့အတွက် တော်လှန် ရေးကောင်စီ ပေါ်ပေါက်လာစေတယ်။ မြန်မာ့သမိုင်းသင်ရိုးမှာ ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ ပထစအစိုးရများ လက်ထက် စီးပွားရေး၊ လူမှုရေးပြောင်းလဲလာတဲ့အခြေအနေတွေကိုလည်း သီးခြား ကအလိုက် လေ့လာသင့်တယ်။
မြန်မာ့သမိုင်းမှာ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိကာလကို တော်လှန်ရေးကောင်စီခေတ်လို့ ခေါ်တယ်။ ဒီသင်ခန်းစာမှာ တော်လှန် ရေးကောင်စီ ပေါ်ပေါက်လာပုံ၊ တော်လှန်ရေး ကောင်စီခေတ်မှာ ပြောင်းလဲကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ်တွေ အကြောင်းကို လေ့လာထားဖို့လိုတယ်။ တော်လှန်ရေးကောင်စီဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ပြဋ္ဌာန်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အမြုတေပါတီကို စတင်တည်ထောင်ခဲ့တယ်ဆိုတာလည်း သိထားရ မယ်။ တော်လှန်ရေးကောင်စီက ဝါဒသဘောထား ကြေညာချက် ထုတ်ပြန်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံမှာ အရင်းရှင်စီးပွားရေးစနစ် ကို ဖျက်သိမ်းပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်မှာဖြစ် ကြောင်း ကြေညာခဲ့တယ်။ ပြည်သူပိုင်ကဏ္ဍကို ကျယ်ပြန့်လာအောင် ဆောင်ရွက်ခဲ့တယ်။ ကုန်သွယ်ရေးလုပ်ငန်း၊ သမဝါယမလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆိုရှယ်လစ်စီးပွားရေး မူဝါဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့တယ်။ တော်လှန် ရေးကောင်စီဟာ ဆိုရှယ်လစ်စနစ်နှင့် ကိုက်ညီပြီး အသက်မွေးဝမ်း ကျောင်းမှုကို အထောက်အကူပြုတဲ့ ပညာရေးမူဝါဒအသစ်များချမှတ်ခဲ့ တယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့တယ်။ စာတတ် မြောက်ရေးလုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက် ၁၉၇၁ ခုနှစ်မှာ မိုဟာမက်ရီဇာပါလဗီဆုကိုလည်း ရရှိခဲ့တယ်။
တော်လှန်ရေးကောင်စီဟာ ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့တယ်။ ဆေးပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပေးတယ်။ တိုင်းရင်းဆေးပညာ ပြန့်ပွားလာရေးအတွက် ဆောင်ရွက်ပေးတယ်။ ကျေးလက်ကျန်းမာရေးဌာနတွေကို တိုးချဲ့ ဖွင့်လှစ်ပေးခဲ့တယ်။ အားကစားကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှု အသွင်နဲ့ဆောင်ရွက်ဖို့ မူဝါဒချမှတ် အကောင်အထည်ဖော်ပေးခဲ့တယ် ဆိုတဲ့ တော်လှန်ရေးကောင်စီခေတ်ရဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေ ကို သိထားဖို့လိုတယ်။
၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့တယ်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်အမည်မှာ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖြစ်တယ်။ ဒီသင်ခန်းစာမှာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြောင်းလဲလာသော အုပ်ချုပ်ရေးစနစ်၊ ကျင့်သုံးခဲ့ သော ဆိုရှယ်လစ်စီးပွားရေးပုံစံနဲ့ မြန်မာ့ဆိုရှယ်လစ် လူ့အဖွဲ့အစည်း၏ ပြောင်းလဲမှုများကို သေသေချာချာမှတ်ထားရမယ်။
ဒါ့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ နဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ များလက်ထက် အုပ်ချုပ်ရေးစနစ် ပြောင်းလဲလာပုံ၊ စီးပွားရေးစနစ်ကို ဆိုရှယ်လစ်စီးပွားရေးစနစ်မှ စျေးကွက်စီးပွားရေးစနစ်သို့ပြောင်းလဲလာပုံ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် အမျိုးသားပညာ ရည်မြင့်မားရေး နှစ် ၃၀ စီမံကိန်းကို ချမှတ်ခဲ့ပုံ၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်းများကို ကျေးရွာများနှင့် နယ်စပ်ဒေသများတွင် တိုးမြှင့်ဖွင့်လှစ် ခဲ့ပုံ စတာတွေကိုလည်း သိထားရမယ်။
ဆက်လက်ပြီး ကမ္ဘာ့သမိုင်းနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို တင်ပြသွားပါ့မယ်။ ကမ္ဘာ့သမိုင်းသင်ခန်းစာမှာ အခန်း ၄ ခန်း ပါဝင် တယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ပြောင်းလဲလာသော ကမ္ဘာ့အနေအထား၊ ကမ္ဘာ့စီးပွားရေး၊ ပြောင်းလဲလာသော နည်းပညာများနဲ့ စီးပွားရေးပုံသဏ္ဌာန်များကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့ပြဿနာများ၊ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်ဆိုင် ရတဲ့ စိန်ခေါ်မှုများကို လေ့လာရမှာဖြစ်တယ်။ ပထမဦးစွာ ဒုတိယ ကမ္ဘာစစ်ပြီးကာလ ပြောင်းလဲလာသော ကမ္ဘာ့အနေအထား သင်ခန်းစာ ကို တင်ပြသွားပါ့မယ်။ ကမ္ဘာ့အနေအထားသင်ခန်းစာမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းများဆိုပြီး ပါရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အကြောင်းကို လေ့လာတဲ့အခါမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆိုင်ရာ အမျိုးအစားအလိုက် အေဂျင်စီများ၊ ကုလသမဂ္ဂရဲ့အဓိကလုပ်ငန်းကြီး ၅ ရပ်နဲ့ ယင်းတို့ရဲ့ဆောင်ရွက်ချက်များကို ကအလိုက် လေ့လာသင့် တယ်။ ဒေသဆိုင်ရာအဖွဲ့အစည်းများအကြောင်းကို လေ့လာတဲ့အခါမှာ နေတိုး၊ အီးယူ၊ အာဆီယံ၊ အေပက်၊ ဘင်းမ်စတက်နဲ့ ဂျီအမ်အက်စ် စတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းများ ပေါ်ပေါက်လာပုံနဲ့ အဲဒီအဖွဲ့အစည်း များရဲ့ ဆောင်ရွက်ချက်တွေကိုသိဖို့ သေသေချာချာ ပိုင်းခြားလေ့လာ ထားသင့်တယ်။
ကမ္ဘာ့နိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေးဟာ အပြန်အလှန်ဆက်စပ် အကျိုးပြုနေတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာအဖွဲ့ အစည်းများနဲ့အတူ ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းများလည်း ပေါ်ပေါက် လာတယ်။ ဒုတိယကမ္ဘာစစ်အပြီးပေါ်ပေါက်လာတဲ့ ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းများထဲက ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး မှုညီလာခံ(အန်းတက်)၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဘရစ်စ်နဲ့ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဟာ အရေးပါတဲ့အတွက် က အလိုက် ပိုင်းခြားလေ့လာသင့်တယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက် တိုးတက်လာသောနည်းပညာများ၊ နည်းပညာကို အခြေပြု၍ ပြောင်းလဲလာသော ရင်းနှီးမြှုပ်နှံမှုပုံစံများ၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ပြောင်းလဲလာပုံ၊ နိုင်ငံတကာကုန်သွယ်ရေးရဲ့အရေးပါပုံ စတဲ့အကြောင်းတွေကိုလည်း သိထားရမယ်။ တိုးတက်လာသော နည်းပညာဟာ လူသားတို့အပေါ် ဘယ်လိုအကျိုး သက်ရောက်မှုတွေရှိတယ်ဆိုတာကို သိနားလည်ရမယ်။ ကမ္ဘာ့ရာသီဥတုဟာ ၁၉ ရာစုနှောင်းပိုင်း စက်မှုတော်လှန်ရေးပေါ်ပေါက် လာပြီးနောက် သိသာစွာပြောင်းလဲမှုများ ဖြစ်ပေါ်လာတယ်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် သဘာဝအလျောက် သော်လည်းကောင်း၊ လူသားတို့ ပြုမူဆောင်ရွက်ချက်ကြောင့်သော်လည်းကောင်း ဖြစ်ပေါ်တယ်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့်ရင်ဆိုင်လာရပြီး ကမ္ဘာ့လူသားများ၏ ကျန်းမာရေးအပေါ် စိန်ခေါ်မှုများဖြစ်စေတယ်။ ဒါကြောင့် ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ချက်များ၊ ရာသီဥတု ဆိုင်ရာ ပြဿနာများကြောင့် လူသားတို့၏ ကျန်းမာရေးဆိုင်ရာစိန်ခေါ် မှုများကို သိရှိထားဖို့လိုတယ်။
ကမ္ဘာ့သမိုင်းကိုလေ့လာရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့နိုင်ငံများအနက် တရုတ်နိုင်ငံနဲ့စင်ကာပူနိုင်ငံတို့ရဲ့ ဖွံ့ဖြိုးတိုးတက် မှုအတွက် ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေဟာ အရေးပါတဲ့အတွက် တစ်နိုင်ငံ ချင်း လေ့လာသင့်တယ်။
တရုတ်နိုင်ငံအကြောင်းကိုလေ့လာတဲ့အခါ တရုတ်နိုင်ငံထူထောင် ခြင်း၊ ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်များက ချမှတ်ဆောင်ရွက်ခဲ့သော မူဝါဒများနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲမှုများ၊ ပြည်တွင်း ပြည်ပစိန်ခေါ်မှု များကို လေ့လာသိရှိဖို့လိုအပ်တယ်။ ပြည်တွင်းပြည်ပစိန်ခေါ်မှုများကို လေ့လာတဲ့အခါ တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက် ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူဦးရေဆိုင်ရာစိန်ခေါ်မှုများအပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရပ်ဝန်း နှင့်လမ်းအစီအစဉ်-ဘီအာအိုင်ကိုလည်းသိဖို့ လိုအပ်တယ်။ အရေးပါတဲ့ အတွက် ကအလိုက် ပိုင်းခြားလေ့လာသင့်တယ်။
စင်ကာပူနိုင်ငံအကြောင်းကို လေ့လာတဲ့အခါ စင်ကာပူနိုင်ငံ ထူထောင်ခြင်း၊ စင်ကာပူနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကိုဖော်ဆောင်ရာတွင် အဓိကဦးဆောင်ခဲ့သော ပီအေပီ ပါတီနဲ့ နိုင်ငံခေါင်းဆောင်များရဲ့ အခန်းကဏ္ဍ၊ နည်းပညာဖွံ့ဖြိုး တိုးတက်လာခြင်းဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေးတို့အပေါ် စိန်ခေါ်မှုများဖြစ်ပေါ်စေကြောင်းကိုလည်း သိထားဖို့လိုအပ်တယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သမိုင်းဘာသာဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို မှာလိုတာကတော့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြဋ္ဌာန်းထားသော ကျောင်းသုံးသမိုင်းဖတ် စာအုပ်ကို စနစ်တကျ ပြည့်ပြည့်စုံစုံ လေ့လာထားရန် အရေးကြီးပါ တယ်။ သမိုင်းဘာသာကို လေ့လာရာတွင် သင်ခန်းစာတစ်ခုတည်းကိုသာ ရွေးချယ်မလေ့လာဘဲ သင်ခန်းစာအားလုံးကို လေ့လာသိရှိထားဖို့ လိုပါတယ်။ သမိုင်းကို နားလည်သဘောပေါက်ဖို့အတွက် သင်ခန်းစာ တိုင်းရဲ့ အဓိကအချက်များ၊ သမိုင်းစဉ်အချိတ်အဆက်များကို သေချာ ဖော်ထုတ်၍ လေ့လာသိရှိထားခြင်းက အထူးအရေးကြီးပါတယ်။ စာမေးပွဲဖြေဆိုချိန်မှာလည်း မေးခွန်းအကြောင်းအရာနှင့် သက်ဆိုင် သော အချက်အလက်များကိုသာ တိကျသေချာစွာဖြေဆိုရန်လိုအပ်ပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအားလုံး ကောင်းမွန်အောင်မြင်စွာ ဖြေဆိုနိုင်ကြပါ စေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဒေါက်တာသင်းသင်းအေး[ပါမောက္ခ(ဌာနမှူး) သမိုင်းဌာန ရန်ကုန်တက္ကသိုလ်]

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ ပထဝီဝင်ဘာသာရပ် သိကောင်းစရာများ
အခြေခံပညာအထက်တန်း ဒွါဒသမတန်း ကျောင်းသား ကျောင်းသူများအနေဖြင့် ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မကြာမီဖြေဆိုကြရမှာဖြစ်သည်။ ဒါကြောင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ပထဝီဝင် ဘာသာရပ်နဲ့ပတ်သက်ပြီး လွယ်ကူချောမွေ့စွာဖြေဆိုနိုင်ရန်ရည်ရွယ်ပြီး စာမေးပွဲအထောက်အကူပြု ပထဝီဝင်ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ယနေ့ သင်ကြားပို့ချမှာဖြစ်သည်။
ရှေးဦးစွာ ဒွါဒသမတန်း ပထဝီဝင်ဘာသာရပ်အတွက် ပြဋ္ဌာန်းထားသော ကျောင်းသုံးစာအုပ်တွင်ပါရှိသည့် သင်ခန်းစာများကို အကျဉ်းမျှ ရှင်းလင်းဖော်ပြလိုပါသည်။ ထိုကျောင်းသုံးစာအုပ်တွင် သင်ခန်းစာ အခန်းကြီး(၅)ခန်း ပါဝင်ပါသည်။
အခန်း (၁)သည် ကမ္ဘာ့တိုက်ကြီးများ၏ သဘာဝပထဝီဝင်ဖြစ်ပြီး အာဖရိကတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ ဥရောပတိုက်နှင့် ဩစတြေးလျတိုက်များအကြောင်းပါဝင်သည်။ ဒီအခန်းမှာ ကမ္ဘာ့တိုက်ကြီးတစ်ခုချင်းစီ၏ တည်နေရာ၊ အကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်နှင့် ရေဆင်းတို့ကို အခြေခံပြီး ရာသီဥတု၊ သဘာဝပေါက်ပင်နှင့် မြေဆီလွှာတို့ ကွဲပြားသွားပုံများကို လေ့လာကြရမှာဖြစ်သည်။
အခန်း (၂) ကမ္ဘာပေါ်ရှိ စီးပွားကုန်ထုတ်လုပ်ငန်းများအကြောင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများနှင့် ၎င်းလုပ်ငန်းတို့ပျံ့နှံ့တည်ရှိရာဒေသများ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်သွယ်ရေးတို့ပါဝင်ပါသည်။ ဒီသင်ခန်းစာမှာ အခြေခံကျသော စီးပွားကုန်ထုတ် လုပ်ငန်းများကို လေ့လာပြီးနောက် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးအရေးပါပုံ၊ ကုန်သွယ်ရေး အရေးပါပုံများကို လေ့လာသင်ကြားရမှာဖြစ်သည်။
အခန်း (၃)သည် ပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်ဖြစ်ပြီး ကမ္ဘာ့လေထု၊ လေထုညစ်ညမ်းမှု၊ ၎င်း၏ အကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုကို ကာကွယ်ထိန်းချုပ်သောနည်းလမ်းများ၊ ဥပမာအဖြစ် နိုင်ငံအချို့၏ လေထုညစ်ညမ်းမှုအခြေအနေများကို ရှင်းပြထားသည်။ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်၍ ကမ္ဘာ့လေထုညစ်ညမ်းစေသည့်အကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် သက်ရှိနှင့် ဂေဟစနစ်အပေါ် ထိခိုက်မှုများ၊ ကာကွယ်ထိန်းချုပ်နိုင်မည့် နည်းလမ်းများကို လေ့လာကြရမှာဖြစ်သည်။
အခန်း (၄) ဒေသန္တရပထဝီဝင်မှာ အမေရိကတိုက်များမှ ရွေးချယ်ထားသော နိုင်ငံ(၅)နိုင်ငံ ဖြစ်သည့် ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနိုင်ငံ၊ ဘရာဇီးနိုင်ငံနဲ့ အာဂျင်တီးနားနိုင်ငံများအကြောင်း ပါဝင်ပါတယ်။
ဒီသင်ခန်းစာမှာတော့ နိုင်ငံတစ်နိုင်ငံချင်းစီ၏ မတူကွဲပြားစွာ ဖွံ့ဖြိုးတိုးတက်လာပုံများကို လေ့လာသင်ကြားကြရမှာဖြစ်သည်။
အခန်း (၅) သည် လက်တွေ့ပထဝီဝင်ဖြစ်ပြီး အဝေးမှစူးစမ်းလေ့လာမှုနည်းပညာ (Remote Sensing) နှင့် ပထဝီဝင်သတင်းအချက်အလက်စနစ်များ (Geographic Information Systems) အကြောင်းဖြစ်သည်။ အဝေးမှစူးစမ်းလေ့လာမှုနည်းပညာ၏ အခြေခံနိယာမများကို သိရှိစေပြီး ဂြိုဟ်တုပုံရိပ်များအကြောင်းနားလည်စေရန်နှင့် ပထဝီဝင်သတင်းအချက်အလက်စနစ်များတွင် ပေါင်းစပ်ပါဝင်သောအခြင်းအရာများ၊ အသုံးပြုသော အချက်အလက်အမျိုးအစားများ၊ မြေပုံနှင့်သက်ဆိုင်သောအကြောင်းအရာများကို နားလည်သဘောပေါက်စေရန်ဖြစ်သည်။
လက်တွေ့ပထဝီဝင်အပိုင်းမှာ အခြေခံသဘောတရားများကို သိနားလည်ရန်အပြင် တွက်ချက်မှုများကိုလည်း ကျွမ်းကျင်ရန်လိုသည်။ အဆင့်မြင့်သတင်း အချက်အလက်နည်းပညာ တစ်ခုကို တက္ကသိုလ်အဆင့်တွင် ဆက်လက်လေ့လာနိုင်စေရန် အခြေခံများကို ထည့်သွင်းသင်ကြားထားခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး ၂၀၂၆ ခုနှစ်တွင်ကျင့်သုံးမည့် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် မေးခွန်းပုံစံကို ရှင်းပြပါမည်။ မေးခွန်းတွင် အပိုင်း(က)မှ အပိုင်း(စ)အထိ အပိုင်း(၆)ပိုင်း ပါဝင်ကာ အပိုင်းအားလုံးကို ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲဖြေဆိုချိန် ၃ နာရီဖြစ်ပြီး စုစုပေါင်းပေးမှတ် ၁ဝဝ ဖြစ်သည်။
ပထဝီဝင်ဘာသာရပ်မေးခွန်းတွင် အပိုင်း(က)သည် ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြစ်သည်။ ကျောင်းသား ကျောင်းသူများသည် သင်ခန်းစာများအားလုံးကို ခြုံငုံသိနားလည်စေရန်နှင့် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်စဉ်းစားဖြေဆိုသည့် အလေ့အကျင့်ကောင်းများရရန်အတွက် ဓမ္မဓိဋ္ဌာန်မေးခွန်းများကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။ မေးခွန်းအားဖြင့် နံပါတ် ၁ ဖြစ်ကာ ၁(က)၊ ၁ (ခ)နှင့် ၁ (ဂ)ဟူ၍ (၃)ပိုင်းပါရှိမည်။ မေးခွန်း ၁ (က)သည် မှား မှန်ရွေး၊ မေးခွန်း ၁(ခ)သည် ကွက်လပ်ဖြည့်ရန်နှင့် မေးခွန်း ၁(ဂ)သည် ပေးထားသောအဖြေများထဲမှ အဖြေမှန်တစ်ခုကို ရွေးရန်ဖြစ်သည်။ မေးခွန်း ၁ (က)အတွက် ၁၀ မှတ်၊ ၁ (ခ)အတွက် ၁၀ မှတ်နှင့် ၁ (ဂ)အတွက် ၁၀ မှတ်ဖြစ်ပြီး အပိုင်း (က) တစ်ခုလုံးအတွက် စုစုပေါင်း (၃၀)မှတ် ပေးထားခြင်းဖြစ်သည်။ ထိုဓမ္မဓိဋ္ဌာန်မေးခွန်းများကို ဒွါဒသမတန်းသင်ရိုး ပထဝီဝင်ဘာသာရပ် ကျောင်းသုံးစာအုပ်ရှိ အခန်း(၁)မှ (၅)အထိ အပိုင်းအားလုံးပါဝင်ပြီး အပိုင်းတစ်ပိုင်းစီမှ အညီအမျှထုတ်နုတ်ပြီး မေးမည်ဖြစ်သည်။
အပိုင်း(ခ)တွင် ပြဋ္ဌာန်းထားသည့် သင်ရိုးဖတ်စာအုပ်မှ သင်ခန်းစာ အခန်း (၁) ကမ္ဘာ့တိုက်ကြီးများ၏ သဘာဝပထဝီဝင်အပိုင်းကို မေးမှာဖြစ်ပြီး မေးခွန်းအားဖြင့် မေးခွန်းနံပါတ် (၂) ဖြစ်သည်။ ထိုမေးခွန်းနံပါတ် (၂)တွင် မေးခွန်းရှည်(Essay Type)တစ်ပုဒ် သို့မဟုတ် ပေးထားသည့်အကြောင်းအရာ(၃)ခုမှ ကြိုက်နှစ်သက် ရာ နှစ်ခုကို မှတ်စုတိုအဖြစ် ရွေးချယ်၍ ဖြေဆိုနိုင်မည်။ မေးခွန်းရှည် တစ်ပုဒ်တည်းဖြေက ၁၄ မှတ်ရပြီး ကြိုက်နှစ်သက်ရာ နှစ်ပုဒ်ကို ရွေးချယ်၍ မှတ်စုတိုဖြေက တစ်ပုဒ်ကို ၇ မှတ်စီဖြင့် ၁၄ မှတ် ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ၁၄ မှတ်တန်ကို မေးခွန်းရှည်ဆိုပါက တစ်ပုဒ်တည်း ဖြေရန်ဖြစ်ပြီး ထိုမေးခွန်းရှည်ကိုမဖြေလိုက ပေးထားသည့်သုံးခုအနက် နှစ်ပုဒ်ကို မေးခွန်းတိုအဖြစ် ဖြေရန်ဖြစ်သည်။
ကျန်အပိုင်းများဖြစ်တဲ့ အပိုင်း(ဂ) ကမ္ဘာပေါ်ရှိ စီးပွားကုန်ထုတ်လုပ်ငန်းများ၊ အပိုင်း (ဃ) ပတ်ဝန်းကျင် ဆိုင်ရာပထဝီဝင်၊ အပိုင်း (င) ဒေသန္တရပထဝီဝင်နဲ့ အပိုင်း(စ) လက်တွေ့ပထဝီဝင်တို့ကိုလည်း မေးခွန်းရှည်၊ မေးခွန်းတိုဖွဲ့စည်းပုံကို အထက်မှာ ပြောခဲ့သည့်ပုံစံအတိုင်း မေးသွားမှာဖြစ်တယ်။
မေးခွန်းအပိုင်း(စ) သည် လက်တွေ့ပထဝီဝင်ဖြစ်ပြီး မေးခွန်းအားဖြင့် နံပါတ်(၆)ဖြစ်သည်။ မေးခွန်းဖွဲ့စည်းပုံမှာ ရှေ့ကအပိုင်းများကဲ့သို့ပင်ဖြစ်သည်။ မေးခွန်းရှည်တစ်ပုဒ် သို့မဟုတ် မေးခွန်းတိုနှစ်ပုဒ် ရွေးချယ်ဖြေဆိုရန်ဖြစ်သည်။ သို့သော် လက်တွေ့ပထဝီဝင်တွင် အဝေးမှစူးစမ်းလေ့လာမှုနည်းပညာနှင့် ပထဝီဝင် သတင်းအချက်အလက်စနစ်များဟူ၍ အဓိကအပိုင်းကြီး(၂)ပိုင်းရှိရာ ၎င်းတို့အနက်မှ တစ်ပိုင်းသည် မေးခွန်းရှည်ဖြစ်က ကျန်အပိုင်းသည် မေးခွန်းတိုသုံးပုဒ်အနက် နှစ်ပုဒ်ကို မှတ်စုတိုရွေးချယ်ဖြေရမည့် အပိုင်းဖြစ်မည်။
မေးခွန်းရှည်အပိုင်းတွင် Essay Type ရေးသားဖြေဆိုရသော မေးခွန်းဖြစ်နိုင်သကဲ့သို့ တွက်ချက်ဖြေဆို ရသည့် ပုစ္ဆာများလည်း မေးနိုင်သည်။ ဥပမာအားဖြင့် ကွန်ပျူတာတွင် အချက်အလက်များသိမ်းဆည်းရန် လိုအပ်သောပမာဏကို ရှာဖွေခြင်းကဲ့သို့သော တွက်ချက်မှုများကို မေးနိုင်ပါသည်။ ထို့အတူ ပထဝီဝင် သတင်းအချက်အလက်စနစ်များ သင်ခန်းစာအပိုင်းမှ အခြေခံသဘောတရားများ၊ သိသင့်သည့် အကြောင်း အရာများကို မေးခွန်းရှည်အဖြစ်မေးနိုင်ပါသည်။
လက်တွေ့ပထဝီဝင်၏ မေးခွန်းတိုအပိုင်းတွင်မူ ပထဝီဝင်သတင်းအချက်အလက်စနစ်များ သင်ခန်းစာမှ ပုံများပေးထားပြီး တည်နေရာဆိုင်ရာအချက်အလက်များကို မှတ်သားဖော်ပြခိုင်းသည့် ကိုဩဒိနိတ်မေးခွန်း မျိုးလည်း မေးနိုင်ပါသည်။ တွက်ချက်ရန် မေးခွန်းတိုပုစ္ဆာအဖြစ် ၇ မှတ်တန်လည်း မေးနိုင်ပါသည်။
ယခု နမူနာအားဖြင့် Remote Sensing အပိုင်းမှ တွက်ချက်ရန် ၁၄ မှတ်တန် ပုစ္ဆာတစ်ခုကို ရှင်းလင်း တွက်ပြပါမည်။ အဝေးမှ စူးစမ်းလေ့လာမှုနည်းပညာတွင် လေ့လာမည့်ရည်ရွယ်ချက်များပေါ်မူတည်ပြီး ဂြိုဟ်တုနှင့် အာရုံခံကိရိယာစနစ်အမျိုးမျိုးရှိသည်။ Grade 12 ပထဝီဝင်ဘာသာရပ် ကျောင်းသုံးစာအုပ်၏ စာမျက်နှာ ၁၅၈ ရှိ ဇယားအမှတ် (၅.၃) တွင် ဂြိုဟ်တုများနှင့် ၎င်းတို့၏ လက္ခဏာရပ်များကို ဖော်ပြထား ပါသည်။ ထိုဇယားတွင် ဖော်ပြထားသည့်အချက်များအနက် အိန္ဒိယနိုင်ငံမှလွှတ်တင်ထားသောဂြိုဟ်တု IRS LISS 4 ၏ အချက်အလက်များကို ကွန်ပျူတာတွင် သိမ်းဆည်းရန်ပမာဏ မည်မျှလိုမည်နည်း ဆိုသည့်ပုစ္ဆာကို နမူနာအားဖြင့် ရှင်းလင်းတွက်ပြမှာဖြစ်ပါတယ်။ IRS LISS 4 နှင့် သက်ဆိုင်သောအချက်အလက်များကို မေးခွန်းတွင် ဖော်ပြပေးထားမှာဖြစ်တယ်။
ပထမဦးစွာ မေးခွန်းပုစ္ဆာတွင်ပေးထားသော အချက်အလက်များကို ချရေးရန်ဖြစ်သည်။ ပုစ္ဆာပါ IRS LISS 4 ၏ အချက်အလက်များကို အောက်ပါအတိုင်း ရေးသားနိုင်သည်။

ထို့နောက် ပုစ္ဆာကမေးထားသော ရှာရန်အချက်ကို အောက်ပါအတိုင်း ရေးသားဖော်ပြပြီးလျှင် တွက်ချက် ခြင်းကို အဆင့်လိုက် တစ်ဆင့်ချင်းတွက်သွားရန်ဖြစ်သည်။
ရှာရန်။ ။ ကွန်ပျူတာတွင်အချက်အလက်သိမ်းဆည်းရန် လိုအပ်သောပမာဏ = ?
တွက်ချက်ရာတွင် တွက်နည်းအဆင့်ဆင့်ကို သဘောပေါက်နားလည်ရန်လိုသည်။ ထိုသဘောတရားကို နားလည်ထားပါက မည်သည့်ဂြိုဟ်တုဓာတ်ပုံ၊ မည်သည့်အာရုံခံကိရိယာအကြောင်းကို အခြေခံ၍ မေးစေကာမူ အလွယ်တကူ တွက်ချက်ဖြေဆိုနိုင်မည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူများ သိရှိနားလည်ထားရမည်မှာ အာရုံခံကိရိယာမှ မှတ်တမ်းတင်သောပုံရိပ်များကို အတိုင်များ(Columns)၊ အတန်းများ(Rows)ဖြင့် ဖွဲ့စည်းထားသည့် သေးငယ်သောစတုရန်း ဂရစ်ကွက်များအတွင်း မှတ်တမ်းတင်သိမ်းဆည်းသည်။ ၎င်းစတုရန်းဂရစ်ကွက် တစ်ကွက်ချင်းကို ပစ်ဇယ် (Pixel)ဟု ခေါ်သည်။
တစ်နည်းအားဖြင့် ပစ်ဇယ်ဆိုသည်မှာ ဂြိုဟ်တုတွင်တပ်ဆင်ထားသောအာရုံခံကိရိယာမှ မြေပြင်ပေါ်ရှိအရာဝတ္ထုများကို မှတ်တမ်းတင်နိုင်သည့် အသေးငယ်ဆုံး မြေပြင်ဧရိယာဖြစ်သည်။ ပစ်ဇယ်အရွယ်အစား(Pixel size)သေးသေးဖြင့်မှတ်နိုင်လေ မြေပြင်ပေါ်ရှိအရာဝတ္ထုများ - ဥပမာ အဆောက်အအုံ၊ ကားလမ်း စသည်တို့ကို ပို၍အသေးစိတ်ထင်ရှားပြတ်သားစွာ တွေ့ရလေဖြစ်တယ်။ ဥပမာအားဖြင့် ပစ်ဇယ်အရွယ်အစား ၄ မီတာသည် ၃၀ မီတာထက်ပုံရိပ်ကို ပို၍ထင်ရှားပြတ်သားစွာ အသေးစိတ်မြင်ရမည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် နောက်ထပ်သိထားရမည့်အချက်မှာ ဂြိုဟ်တုဓာတ်ပုံဆိုသည်မှာ ဂြိုဟ်တုတွင်တပ်ဆင်ထားသော အာရုံခံကိရိယာမှ ကမ္ဘာ့မျက်နှာပြင်ရှိအခြင်းအရာများကို မှတ်တမ်းတင် ကူးယူခြင်းဖြစ်သည်။ ယခုပုစ္ဆာတွင် ပေးထားသော IRS LISS 4 မှ ရိုက်ယူသောပုံရိပ်၏ မြင်ကွင်းအကျယ်သည် ၂၄ ကီလိုမီတာ ဖြစ်သည်။ ၎င်းမှာမြေပြင်ပေါ်တွင် အလျား ၂၄ ကီလိုမီတာနှင့် အနံ ၂၄ ကီလိုမီတာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် မြေပြင်အလျား ၂၄ ကီလိုမီတာပေါ်မှာ ပစ်ဇယ်အရွယ်အစား ၅.၈ မီတာရှိသော အကွက်များ ဖြင့် တစ်လိုင်းချင်းမှတ်တမ်းတင်သွားမှာဖြစ်၍ ပုံရိပ်တွင်ရှိသော အတန်းလိုက် (အလျားလိုက်) မျဉ်းအရေ အတွက်ကို ရှာရန်လိုအပ်သည်။ ထိုမျဉ်းအရေအတွက်ကိုရရန် အလျား ၂၄ ကီလိုမီတာကို မြေပြင်ပေါ်ရှိ အရာဝတ္ထုများကို အသေးစိတ်ခွဲခြားနိုင်သည့်အရွယ်အစား(Pixel size) ၅.၈ မီတာနှင့် စားရမှာဖြစ်သည်။ အရင်ဆုံး ၂၄ ကီလိုမီတာကို ယူနစ်တူအောင် မီတာသို့ ပြောင်းဖို့လိုသည်။ ၂၄ ကီလိုမီတာကို ၁၀၀၀ မီတာနှင့် မြှောက်ရမည် (၂၄ ကီလိုမီတာ x ၁၀၀၀ မီတာ)။ မြှောက်၍ရသောကိန်းကို မြေပြင်ပေါ်ရှိအရာဝတ္ထုများကို အသေးစိတ်ခွဲခြားနိုင်သည့် အရွယ်အစား(Pixel size) ၅.၈ မီတာဖြင့် စားပါက ပုံရိပ်တွင်ရှိသော အလျားလိုက် တန်းအရေအတွက် ၄၁၃၈ ကိုရမှာဖြစ်သည်။
ထို့နောက် ပုံရိပ်တွင်ရှိသော အလျားလိုက်တန်းတစ်တန်းတွင်ပါဝင်မည့် ပစ်ဇယ်အရေအတွက်ကို ရှာရန်လိုသေးသည်။
၎င်းအရေအတွက်ကိုရှာရန် ပုံရိပ်၏မြင်ကွင်းအကျယ် (တစ်နည်းအားဖြင့် အာရုံခံကိရိယာမှမြင်တွေ့ရသော မြေပြင်၏ အနံ သို့မဟုတ် ဒေါင်လိုက်အကျယ်) ၂၄ ကီလိုမီတာကို မြေပြင်ရှိ ပစ်ဇယ်အရွယ်အစား ၅.၈ မီတာဖြင့် စားရန်လိုသည်။ ဤသို့တွက်ချက်ရာတွင်လည်း ယူနစ်တူအောင် ပြောင်းပေးရန်လိုသဖြင့် ၂၄ ကီလိုမီတာကို ၁၀၀၀ ဖြင့် မြှောက်ကာ မီတာအဖြစ်ပြောင်းပြီး ၅.၈ မီတာဖြင့် စားရန် ဖြစ်သည်။ ရရှိသောအဖြေ ၄၁၃၈ သည် ပုံရိပ်တွင်ရှိသော ဒေါင်လိုက်တိုင် အရေအတွက်ပင်ဖြစ်သည်။
ဤနေရာတွင် ဖြည့်စွက်ရှင်းလင်းလိုသည်မှာ ယခုပုစ္ဆာတွင်ပေးထားသော ဂြိုဟ်တုပုံရိပ်များရှိ ပစ်ဇယ် များသည် အတိုင်အတန်းပါသော စတုရန်းဂရစ်ကွက်များဖြင့် ဖွဲ့စည်းထားသောကြောင့် အလျားလိုက် (အတန်း)ရှိသောပစ်ဇယ်တန်ဖိုးများနှင့် ဒေါင်လိုက်(အတိုင်)ရှိသော ပစ်ဇယ်တန်ဖိုးများသည် အတူတူပင်ဖြစ် သည်။ သို့သော် အချို့ဂြိုဟ်တုပုံရိပ်များသည် အလျား(တန်း) နှင့် အနံ(တိုင်) မတူသည်များလည်း ရှိသည်ကို သိထားရန်လိုသည်။ ထိုသို့ အလျားနှင့် အနံ မတူညီပါက အလျားအတွက်တစ်ခါ၊ အနံအတွက်တစ်ခါ တွက်ပေးရန်လိုသည်။
ဆက်လက်၍ ပုံရိပ်မြင်ကွင်းတစ်ခုလုံး၏ ပစ်ဇယ်စုစုပေါင်းကိုရရန် ပုံရိပ်ရှိ အလျားလိုက်တန်းအရေ အတွက်နှင့် ပုံရိပ်တွင်ရှိသော ဒေါင်လိုက်တိုင်အရေအတွက်ကို မြှောက်ရန်ဖြစ်သည်။ ပုစ္ဆာတွင်ပေးထားသည့် IRS LISS 4 ၌ ရောင်စဉ်စုအရေအတွက်သည် သုံးခုဖြင့် ရိုက်ကူးထားသောကြောင့် ၃ နဲ့ ထပ်မြှောက်ပေးရန် လိုသည်။ ၄၁၃၈ X ၄၁၃၈ X ၃ = ၅၁၃၆၉၁၃၂ ပစ်ဇယ်ရမည်။ ၁ မီဂါပစ်ဇယ်တွင် ပစ်ဇယ်ပေါင်းတစ်သန်းရှိ၍ မြှောက်၍ရသောအဖြေကို တစ်သန်းဖြင့် စားက ၅၁.၃၇ မီဂါပစ်ဇယ်ကိုရမည်။ ထိုအဖြေသည် ပုံရိပ်တွင်ပါဝင် သော စုစုပေါင်း ပစ်ဇယ်အရေအတွက်အဖြစ်သာ ရှိသေးသည်။
ပေးထားသောမေးခွန်းသည် IRS LISS 4 ၏ အချက်အလက်များကို ကွန်ပျူတာတွင် သိမ်းဆည်းနိုင်မည့် ပမာဏဟုမေးထားခြင်းဖြစ်သည့်အတွက် ရရှိလာတဲ့ ပစ်ဇယ်စုစုပေါင်းကို ကွန်ပျူတာတွင် အချက်အလက် သိမ်းဆည်းရန် လိုအပ်သောပမာဏအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ဆက်လက်တွက်ချက်ပေးရန် လိုသည်။
ဤနေရာတွင် ကျောင်းသားများ သိရှိနားလည်ထားရမည်မှာ အရာဝတ္ထုမှ ဖြာထွက်သော လျှပ်စစ်သံလိုက် စွမ်းအင်များ၏ အသေးစိတ်ခွဲခြားမှတ်သားနိုင်မှု အတိုင်းအတာများကို ပစ်ဇယ်များအတွင်း မှတ်တမ်းတင် ရာတွင် “ဘစ်” အရေအတွက်ဖြင့်ဖော်ပြလေ့ရှိသည်။ ကွန်ပျူတာတွင်သိမ်းနိုင်သည့် ပမာဏ(Memory Storage)ကို “ဘစ်”၊ “ဘိုက်”၊ “မီဂါဘိုက်” စသည်တို့ဖြင့် ပြလေ့ရှိသည်။ ဒါကြောင့် ပစ်ဇယ်တန်ဖိုး ဘစ်မှ ဘိုက်သို့ ယူနစ်ပြောင်းရန် လိုလာသည်။ ၈ ဘစ်လျှင် ၁ ဘိုက်ရှိသဖြင့် ပုစ္ဆာတွင်ပေးထားသော IRS LISS 4 ၏ အရာဝတ္ထုမှဖြာထွက်လာသောစွမ်းအင်ကို အသေးစိတ်ခွဲခြားမှတ်သားနိုင်မှု ၇ ဘစ် အား ၈ ဘစ် ဖြင့် စားပါက ကွန်ပျူတာတွင် ပစ်ဇယ် ၁ ခုကို သိမ်းနိုင်သော ပမာဏ ၀.၈၈ ဘိုက်ကိုရမည်။
ဤနေရာတွင် ပိုမိုနားလည်အောင် ဖြည့်စွက်ရှင်းပြချင်သည်မှာ ဂြိုဟ်တုနှင့် တပ်ဆင်ထားသော အာရုံခံ ကိရိယာများပေါ်မူတည်၍ ပစ်ဇယ်တန်ဖိုးများ ကွဲပြားသည်။ ထိုသို့ ပစ်ဇယ်တန်ဖိုးကွဲပြားလျှင် ကွန်ပျူတာ တွင် မှတ်တမ်းတင်သိမ်းဆည်းနိုင်သော Memory ပမာဏလည်း ကွဲပြားသွားမှာဖြစ်သည်။
တွက်ချက်၍ရရှိထားသော ပစ်ဇယ်စုစုပေါင်း (၅၁.၃၇ မီဂါပစ်ဇယ်)ကို ကွန်ပျူတာတွင် မှတ်နိုင်သော ပမာဏ ၀.၈၈ ဘိုက်ဖြင့်မြှောက်ပါက ၄၅.၂ မီဂါဘိုက်ကို ရရှိမှာဖြစ်တယ်။ ထို့ကြောင့် IRS LISS 4 ၏ အချက်အလက်များကို ကွန်ပျူတာတွင်သိမ်းဆည်းရန် လိုအပ်သောပမာဏသည် ၄၅.၂ မီဂါဘိုက် ဆိုတဲ့ အဖြေကို ရမှာဖြစ်သည်။
တွက်ချက်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

ကွန်ပျူတာတွင်အချက်အလက်သိမ်းဆည်းရန်လိုအပ်သောပမာဏသည် ၄၅.၂ မီဂါဘိုက် ဖြစ်သည်။
အထက်တွင် အဆင့်လိုက်တွက်ပြသည်များကို လေ့လာပြီး ကျောင်းသုံးဖတ်စာအုပ် စာမျက်နှာ ၁၅၈ ရှိ ဇယားနံပါတ် ၅.၃ တွင် ဖော်ပြထားသော Landsat ဂြိုဟ်တု၊ SPOT ဂြိုဟ်တုများနှင့် ၎င်းတို့၏ အချက် အလက်များကို အသုံးပြုပြီး အတွက်ပုစ္ဆာများကို လေ့ကျင့်တွက်ချက်သင့်ပါသည်။
လက်တွေ့ပထဝီဝင်ပိုင်းမှာ နောက်ထပ်လေ့ကျင့်ရမည့်အပိုင်းကတော့ ပထဝီဝင်သတင်းအချက်အလက် စနစ်များအပိုင်းဖြစ်ပါတယ်။ ပထဝီဝင်သတင်းအချက်အလက်များကို အသုံးပြုမည်ဆိုလျှင် ပထဝီဝင်ဆိုင်ရာ အယူအဆအချို့ဖြစ်တဲ့ တည်နေရာ(Location)၊ ဦးတည်ရာ(Direction)၊ အကွာအဝေး (Distance)၊ နေရာ (Space)နှင့် သွားလာရေး(Navigation)တို့ကို နားလည်ရန်လိုအပ်ပြီး ထိုသတင်းအချက်အလက်များကိုဖော်ပြသော ဗက်တာ၊ ရာစတာတို့ရဲ့ အခြေခံသဘောတရားကို နားလည်ရန်လိုအပ်သည်။
ဗက်တာအခြေခံပထဝီဝင်ဆိုင်ရာအချက်အလက်များကို ဖော်ပြရာတွင် နေရာအလိုက် အချက်အလက် များဖြစ်သည့် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိအခြင်းအရာများကို အမှတ်များ၊ မျဉ်းများ၊ ဧရိယာများဖြင့် ကိုယ်စားပြု ဖော်ပြလေ့ရှိသည်။
အမှတ်တစ်ခုသည် တည်နေရာကိုသာ ဖော်ပြနိုင်သည်။ ဥပမာ မြေပုံများတွင် တောင်ထိပ်များ၊ ဘုရား များ၊ ဆေးရုံများကို အမှတ်(တစ်နည်းအားဖြင့် အစက်)ဖြင့် ပြလေ့ရှိတယ်။ မျဉ်းတစ်ကြောင်းကိုဖော်ပြရာ တွင်မူ ထိုမျဉ်း၏တည်နေရာအပြင် အလျားအတိုင်းအတာကိုလည်း ဖော်ပြသည်။ ၎င်းမျဉ်း၏ စမှတ်နှင့် ဆုံးမှတ်ဟု အမှတ်နှစ်ခုပါဝင်ပြီး ၎င်းအမှတ်များကြားတွင် နောက်ထပ်အမှတ်များလည်းရှိနိုင်သည်။ ထိုမျဉ်း၏တည်နေရာကို အစဉ်လိုက်ရှိသော x, y ကိုသြဒိနိတ်များဖြင့်ဖော်ပြနိုင်သည်။ မျဉ်းများသည် မျဉ်းဖြောင့် သို့မဟုတ် မျဉ်းကွေးများလည်း ရှိနိုင်သည်။ ဥပမာအားဖြင့် မြေပုံများတွင် ကားလမ်းများ၊ နယ်နိမိတ်မျဉ်းများကို ဖော်ပြခြင်းမျိုးဖြစ်သည်။
ဤအပိုင်းအတွက် ကျောင်းသုံးဖတ်စာအုပ် စာမျက်နှာ ၁၇၆ နှင့် ၁၈၈ တို့တွင်ပါရှိသည့် ပုံများကဲ့သို့ ပုံတစ်ပုံပေးထားပြီး ပေးထားသောပုံမှ အမှတ်များ၊ မျဉ်းပိုင်းများ၊ ဧရိယာများ ဆက်စပ်တည်ရှိမှုကို ဖော်ပြပါဟူသော မေးခွန်းမျိုး လေ့ကျင့်ထားသင့်ပါသည်။
နမူနာအဖြစ် အောက်ဖော်ပြပါပုံမှ မျဉ်းပိုင်းတို့နှင့် ထိစပ်နေသော ဧရိယာများ၊ ထိုဧရိယာတို့တွင် ပါဝင်သောမျဉ်းပိုင်းများနှင့် ကိုသြဒိနိတ်အမှတ်များကို ဖော်ပြပါဆိုသည့်မေးခွန်းကို လေ့လာကြည့်မည်။
ပေးထားသောပုံတွင် မျဉ်းတစ်ကြောင်းချင်းစီ၏ တည်နေရာဆိုင်ရာတန်ဖိုးများကို သတ်မှတ်ရာတွင် ပထမဦးစွာ ထိုမျဉ်းပိုင်းများ၏ ဘယ်ဘက်နှင့် ညာဘက်ရှိ ဧရိယာများကို (ဇယား -က)တွင် ပြထားသကဲ့သို့ မှတ်သားရန်ဖြစ်သည်။ ထို့နောက် ၎င်းဧရိယာများကို ဖွဲ့စည်းထားသော မျဉ်းပိုင်းများကို(ဇယား-ခ)ကဲ့သို့ မှတ်သားရန်ဖြစ်သည်။ ပြီးနောက် ထိုဧရိယာအလိုက် ဖွဲ့စည်းထားသော မျဉ်းပိုင်းတစ်ခုစီ၏ X, Y ကိုသြဒိနိတ်အမှတ်များကို အောက်တွင်ပြထားသည့် ဇယားအတိုင်း(ဇယား-ဂ) မျဉ်းပိုင်းအလိုက် ဖော်ပြ ပေးရန်ဖြစ်သည်။ ဤသို့ဖြင့် မေးခွန်းတွင် ရှာခိုင်းသည့် ဧရိယာများ၊ ၎င်းဧရိယာတို့ကို ဖွဲ့စည်းထားသော မျဉ်းပိုင်းများနှင့် ကိုသြဒိနိတ်အမှတ်များ၏ ဆက်စပ်မှုကို လွယ်ကူစွာဖော်ပြနိုင်မည်ဖြစ်သည်။

ပထဝီဝင်သတင်းအချက်အလက်စနစ်များ သင်ခန်းစာတွင်လည်း အခြေခံသီအိုရီ သဘောတရားများ ကို သိနားလည်ထားရမည့်အပြင် ဗက်တာဆိုင်ရာအခြေခံအချက်အလက်များ၊ ရာစတာဆိုင်ရာအခြေခံ အချက်အလက်များကို ပုံများပေး၍ အမှတ်များ၊ မျဉ်းများ၊ ဧရိယာနှင့်ဆက်စပ်သော အကြောင်းအရာ အချက်အလက်များကို ဖော်ပြခိုင်းသည့် လေ့ကျင့်ခန်းများကို ကြိုတင်လေ့ကျင့်ထားကြရန် လိုအပ်ပါသည်။
အနှစ်ချုပ်တင်ပြရမည်ဆိုပါက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် မေးခွန်းသည် အလွတ်ကျက်ဖြေခြင်းမှ အထိုက်အလျောက်ကင်းလွတ်ပြီး စဉ်းစားတွေးခေါ်ဖြေဆိုရမည့် အပိုင်းများရှိမည်။ ကျောင်းသားများသည် မေးခွန်းကို သေချာဖတ်ရှုရန်လိုပါမည်။ မေးခွန်းတွင် ဝေဖန်သုံးသပ်ပါ၊ လေ့လာ ဆန်းစစ်ပါဟု မေးထားပါက မိမိ၏ကိုယ်ပိုင်အမြင်ကို အနည်းငယ်မျှပင်ဖြစ်စေ ထည့်သွင်းဖြေဆိုရမည်ဖြစ်သည်။ ယခုပို့ချချက်သည် ကျောင်းသားများအတွက် များစွာအထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။
လာမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ကျောင်းသူများအားလုံး ပထဝီဝင် ဘာသာရပ်ကို အခက်အခဲမရှိ ထူးချွန်စွာဖြေဆိုနိုင်ကြပါစေလို့ဆုတောင်းရင်း သင်ခန်းစာကို ဒီမှာပဲရပ်နား လိုက်ပါတယ်။
ဒေါက်တာဇင်နွယ်မြင့် ပါမောက္ခ(ဌာနမှူး)၊ ပထဝီဝင်ဌာန၊ ရန်ကုန်တက္ကသိုလ်