လူဟူ၍ ဖြစ်လာပြီးသည်နှင့် ပထမအရွယ်မှာပညာရှာကြရခြင်းသည် မိမိဘာသာရှင်သန်ရပ်တည်ရမည့် ဘဝခရီးအတွက် ပြင်ဆင်ကြရခြင်းဖြစ်သည်။ ပညာမရှာ၍ ပညာမပါခဲ့သည်ရှိသော် ဘဝခရီးကိုစမ်းတဝါးဝါးနှင့် လျှောက်လှမ်းကြရမည်။ ရှင်သန်ရပ်တည်နိုင်ရန် ခက်ခဲလိမ့်မည်။ အပြောကျယ်လှသည့် လောကဟူသည် ပညာမဲ့သူအဖို့ လွန်စွာကျဉ်းမြောင်းကာ မှောင်မိုက်၍လည်းနေမည်ဖြစ်သည်။
ပညာဟူသည် မသိခြင်းဟူသော မောဟအမှောင်ကို ဖယ်ရှားရှင်းလင်းနိုင်သော ဉာဏ်အလင်းဖြစ်ခြင်းကြောင့် “ပညာသမာ အာဘာ နတ္ထိ - ပညာနှင့်တူသော အလင်းရောင်သည် မရှိ” ဟူ၍ မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ ပညာကိုသင်ယူကြမှသာ ပညာတတ်တစ်ယောက်အဖြစ်နှင့် လူ့ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သော အသိပညာ၊ အတတ်ပညာနှင့် နည်းပညာကျွမ်းကျင်မှုတို့ကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ အမှားနှင့်အမှန်ကို ခွဲခြားဆင်ခြင်နိုင်မှု၊ အခက်အခဲနှင့်ပြဿနာများကို မှန်ကန်သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှု၊ ထိုးထွင်းသိမြင် တီထွင်ကြံဆတတ်မှု၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဦးဆောင်ဦးရွက်ပြုနိုင်သည့် အရည်အသွေးရှိမှုစသည့် ပင်ကိုအရည်အချင်းများလည်း ပွင့်လင်းပေါ်ပေါက်လာမည်ဖြစ်သည်။
နိုင်ငံအနေဖြင့် ကြည့်မည်ဆိုပါက နိုင်ငံသားတစ်ဦး ပညာသင်ယူခြင်းသည် နိုင်ငံအတွက်အင်အားကို ဖြစ်စေခြင်းပင်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ မြင့်မားသော နိုင်ငံသားအများအပြားရှိနေမှသာ နိုင်ငံတည်ဆောက်ရေးနှင့် ကာကွယ်ရေးတို့အတွက် မဖြစ်မနေလိုအပ်သော အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်သည်။ မျက်မှောက်ကာလ ပညာခေတ်တွင် နိုင်ငံ၏အင်အားသည် ပညာပေါ်တွင် အခြေစိုက်သည့်အလျောက် နိုင်ငံတိုင်းက ပညာရေးတွင် ပိုမို၍ရင်းနှီးမြှုပ်နှံကြကာ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်ရန် ကြိုးပမ်းစုဆောင်းကြခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ထူးထူးခြားခြားမြှင့်တင်ကာ နိုင်ငံတော်၏ အနာဂတ်အတွက် အဖိုးတန်လူ့စွမ်းအားအရင်းအမြစ် ကောင်းမွန်စွာဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လက်ရှိ မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေမှာ အားရစရာမရှိဘဲ နိမ့်ကျနေသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရသည်။ နိုင်ငံအတွင်းရှိ မူကြိုမှဘွဲ့ရအထိဖြစ်သော အသက် ၃ နှစ်မှ ၂၅ နှစ်အထိ အရွယ်များအတွင်း ၉ ဒသမ ၈ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ထိုအသက်အရွယ်အပိုင်း အခြားအတွင်း လူ ၁၀၀ လျှင် ၁၀ ယောက်ခန့်မှာ ကျောင်းလုံးဝမတက်ဖူးသူများဖြစ်ကြောင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင် တွေ့ရှိရသည်။ ၃၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကျောင်းတက်ဖူးသူများဖြစ်ကြပြီး လက်ရှိကျောင်းတက်နေသူမှာ ၅၆ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်။ ကျောင်းစတင်တက်ရောက်သူများအနက် သုံးပုံတစ်ပုံခန့်မှာ မူလတန်းပညာရေး မပြီးဆုံးမီ ကျောင်းထွက်ကြပြီး အလယ်တန်းပညာရေးမပြီးဆုံးမီ ကျောင်းသားထက်ဝက်ကျော်ကျော်တို့ ကျောင်းထွက်သွားကြသည်။ အခြေခံပညာရေးမပြီးဆုံးသေးမီမှာပင် ကျောင်းသားအများအပြား ကျောင်းထွက်နေကြခြင်းမှာ ကျောင်းသားတစ်ဦးချင်းစီ၏ အနာဂတ်အတွက်ရော နိုင်ငံ၏လူသားအရင်းအမြစ်အတွက်ပါ မကောင်းသည့် အလားအလာဖြစ်သည်။
ယနေ့ကမ္ဘာကြီးတွင် နေ့စဉ်လူမှုဘဝများ၌ နည်းပညာတို့နှင့် ထိတွေ့နေကြရပြီဖြစ်သည့်အလျောက် ပညာတတ်မြောက်ထားမှသာ အဆင်ပြေပြေ ရပ်တည်နေထိုင်နိုင်ကြမည်ဖြစ်သည်။ အနည်းဆုံးအားဖြင့် အခြေခံပညာအလယ်တန်းအဆင့်ထိ တတ်မြောက်ထားရန်လိုအပ်ခြင်းကြောင့် နိုင်ငံတော်အစိုးရက လူတိုင်း KG+9 အထိ ပြီးမြောက်အောင်မြင်ရန် မသင်မနေရသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရေးအတွက်လည်း နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာရေးကို အခမဲ့ပညာရေးအဖြစ် ဖော်ဆောင်ပေးထားပြီး ကျောင်းအပ်နှံရေးနှင့် ကျောင်းတက်ရေးအတွက် မည်သည့်ကုန်ကျစရိတ်မှ မရှိစေရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြရပြီဖြစ်သည်။ ကလေးများကျောင်းတက်ကြရခြင်းသည် ၎င်းတို့၏ အနာဂတ်အတွက်ဖြစ်သလို မိသားစုအတွက်နှင့် နိုင်ငံတော်အတွက်လည်းဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့၏ ကျောင်းနေအရွယ်ရင်သွေးငယ်များအားလုံးကို မဖြစ်မနေပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းတက်ရောက်နိုင်ကြစေရေး မိဘအုပ်ထိန်းသူတို့ ကိုယ်တိုင်လိုက်ပါကာ ဆိုင်ရာအတန်းများ၌ အပ်နှံကြရန်နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။
MDN (မြန်မာ့အလင်း)

ယခု မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့သည် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အဆိုပါသီတင်းပတ်တွင် ကျောင်းအပ်နှံကြရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေလိုက်ရသည့် သို့မဟုတ် ကျောင်းပြင်ပသို့ ရောက်ရှိသွားကြသည့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအနေဖြင့်လည်း ဆက်လက်၍ စာသင်ကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်မည့် အခွင့်အရေးများရရှိနေပြီဖြစ်သည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်အားပေးပြီး ပညာအမွေအနှစ်များကို ရင်းနှီးမြှုပ်နှံပေးလျက်ရှိသည်။ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ၊ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးပြီး စဉ်ဆက်မပြတ် ပညာရေးကိုမြှင့်တင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ပြည်သူများ၏ လူမှုစီးပွားအခြေအနေများအရ ပညာသင်ကြားရေးတွင် အလွှာစုံ၊ နယ်ပယ်စုံလစ်ဟာမှုမရှိစေရေး၊ ပညာမသင်ရသူ မကျန်ရှိစေရေးအတွက် ဘက်စုံကဏ္ဍစုံ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ အခမဲ့ပညာရေးနှင့် လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်ရန် အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြရာ၌ နိုင်ငံသားတစ်ယောက်ချင်းစီတွင် မဖြစ်မနေပိုင်ဆိုင်ထားရမည့် ပညာအရည်အသွေး အဆင့်အတန်းအလိုက်ရှိရမည်ဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ အရည်အသွေးကို ပညာသင်ယူတတ်မြောက်မှုအဆင့်အတန်းဖြင့် တိုင်းတာကြပါသည်။ အဆိုပါအဆင့်အတန်းကို စာသင်ကျောင်းများကသာ ပြဋ္ဌာန်းပေးပါသည်။ အတန်းပညာရှိမှ အသိပညာရှိမည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းကောင်းများကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏အနာဂတ်အတွက်၊ နိုင်ငံတော်၏ရည်မှန်းချက်၊ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်အတွက် ပေါက်မြောက်အောင်မြင်စေရန် ပညာရေးဝန်ထမ်းများအားလုံးက အလေးထားဆောင်ရွက်ကြရမည်ဖြစ်သလို မိဘအုပ်ထိန်းသူများကလည်း မိမိတို့ရင်သွေးငယ်များ၊ သားသမီးများ၏ အနာဂတ်ဘဝအတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍမြင့်မားတိုးတက်လာအောင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြား၊ သင်ယူမှု အထောက်အပံ့ကောင်းများပြည့်စုံစေရေး၊ ဆရာအရည်အသွေး မြင့်မားတိုးတက်စေရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ပညာရေးရည်မှန်းချက် အကောင်အထည်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရ။ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရ။ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။ ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများ နေ့စဉ်လုပ်ဆောင်ရေး မိဘများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ပေးရန်။ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်။ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် မူလတန်းမှ အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများနှင့် ပူးပေါင်းညှိနှိုင်းပေးရန်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
ထို့အပြင် ပညာသင်ကြားရေးအတွက် နိုင်ငံတော်က ထောက်ပံ့ဖြည့်ဆည်းမှုများကို တစ်ယောက်မကျန် စီမံဆောင်ရွက်ပေးရန်။ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာမသုံးစွဲစေရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးကို ဆောင်ရွက်ပေးရန်။ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်စေရန် အသိပညာပေးရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ ကျောင်းသား ကျောင်းသူများ ဂိမ်းစွဲလမ်းမှု ပပျောက်စေရေး ပူးပေါင်းဆောင်ရွက်ရန်။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာစေဘဲ ဆေးရုံ၊ ဆေးခန်းပြသရန်။ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် ပညာရေးရည်မှန်းချက်အောင်မြင်စေရန် တာဝန်ဝတ္တရားများကို စေတနာအပြည့်အဝထားပြီး ထမ်းဆောင်နေကြသည်။ ကျောင်းအနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေကလေးတိုင်း အတန်းစဉ်ကူးပြောင်းရေး၊ ပညာတတ်မြောက်ရေးတို့အပြင် ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်အဝဝတို့ကို ဆောင်ရွက်ပေးနေပြီဖြစ်ရာ ငါးနှစ်အရွယ်ကလေးများအား သူငယ်တန်း (KG) သို့အပ်နှံရန်၊ ခြောက်နှစ်အရွယ်ကလေးများအား ပထမတန်း (Grade 1) သို့ အပ်နှံရန်နှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။
moi
Photo: Gemini

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ရင်သွေးငယ်သားသမီးများအားလုံး ကျောင်းတက်နိုင်ကြစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍသည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင် အရေအတွက်နည်းနေခြင်းသည် ပညာကိုစဉ်ဆက်မပြတ်သင်ယူသူ နည်းပါးနေခြင်းကြောင့်ဖြစ်သည်။ နိုင်ငံ၏ လူဦးရေနှင့်နှိုင်းယှဉ်လျှင် ပညာသင်ယူသူအရေအတွက်နည်းနေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ နောက်ကျကျန်လျက်ရှိသည်။ မိဘတိုင်း၊ ကလေးငယ်တိုင်းအနေဖြင့် ပညာတတ်လိုကြသူများဖြစ်သည်။ သို့သော် ပညာသင်ယူမှုအခွင့်အလမ်းများရှိပါလျက် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမနေနိုင်ကြသူများ၊ ပညာသင်ယူမှုအတန်းအဆင့်အလိုက် စာသင်ကျောင်းများနှင့် ကင်းကွာသွားသူများ များစွာရှိနေသည်။ မိမိတို့၏ဘဝ၊ လွဲမှားသည့်အယူအဆနှင့် ပတ်ဝန်းကျင်၏ရိုက်ခတ်မှုများကြောင့် ပညာရေးဆုံးခန်းမတိုင်ခင် ပညာသင်ယူရေးရပ်တန့်မှုများရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ့အသံကိုအလေးထားပြီး ပြည်သူများ၏လိုအပ်ချက်ကို အစဉ်ဖြည့်ဆည်းပေးလျက်ရှိသည်။ နိုင်ငံသားတစ်ဦးရရှိရမည့် ပညာသင်ယူမှုအခွင့်အရေးကို အလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူ့အကျိုးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်အနာဂတ်ကို မျှော်မှန်း၍လည်းကောင်း ကျောင်းပြင်ပရောက်ကလေးများ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိရေးအတွက် သတ်မှတ်ထားသောမူဝါဒများကိုလျှော့ချ၍ Placement Test (အထူးအစီအစဉ်) အဖြစ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းသားများ ပညာပြန်လည်သင်ကြားရေးအစီအစဉ်ကို ဖော်ဆောင်လျက်ရှိသည်။
အဆိုပါကျောင်းသားများကို ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း၊ သင့်လျော်ကိုက်ညီသည့်အတန်းတွင် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ပေးသည့် အရည်အချင်းစစ်စာမေးပွဲပါဝင်သည်။ အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျောင်းပြင်ပရောက် အသက် ၁၅ နှစ်ထက်မကျော်လွန်သည့် ကလေးများအားလုံး အကျုံးဝင်မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များပေါများရေး၊ ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံအကျိုးပြု အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရာ အခြေခံပညာကျောင်းများ အရည်အသွေးတိုးတက်မြင့်မားရေးကို ဖြည့်ဆည်းပေးလျက်ရှိသည်။
ကျောင်းပြင်ပရောက်ရှိသွားသည့်ကလေးများသည် ပညာသင်ယူခွင့် ရပ်တန့်သွားခြင်းမရှိပါ။ ကျောင်းပြင်ပမှ လေ့လာသင်ယူနေသူများရှိသော်လည်း ပညာအရည်အချင်းကိုသတ်မှတ်သည့် အာမခံချက်အထောက်အထားမရနိုင်ပါ။ စာတတ်ပြီး အတန်းပညာမရှိခြင်းသည် လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆံ့ရန်ခက်ခဲပါသည်။ မည်သည့်လုပ်ငန်းခွင်မဆို အနိမ့်ဆုံးအောင်မြင်ရမည့် ပညာအဆင့်ရှိရမည်ဖြစ်သည်။ အတန်းပညာ၊ ဘွဲ့၊ ဒီဂရီများရှိမှသာ အခွင့်အရေးရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ကျောင်းသားလူငယ်ထုတစ်ရပ်လုံး၏ ပညာရည်တိုးတက်ရေးကို လိုလားသည့်စေတနာမှန်ဖြင့် ယခုပညာသင်နှစ်တွင် စတင်ပြုလုပ်ပေးသော အထူးအစီအစဉ်တွင် မိဘပြည်သူအားလုံးက ကျောင်းပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ခဲ့ကြသည့် မိမိတို့၏ရင်သွေးငယ်များ ပညာသင်ယူခွင့်ရရေး တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသည့်ဒေသများမှကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိရေး၊ လူမှုစီးပွားအခြေအနေအရ ကျောင်းထွက်လိုက်ရသည့် ကလေးငယ်များ အနည်းဆုံးအဆင့်အထိ ပညာဆက်လက်သင်ကြားရေးအတွက် နိုင်ငံတော်က ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများနှင့်အတူ မိဘ၊ ဆရာ၊ အုပ်ထိန်းသူများ အားလုံးက နိုးကြားတက်ကြွစွာ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

အခြေခံပညာဦးစီးဌာန
“ပညာသင်ယူခွင့်ရရှိရေး”သည် နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ အတန်းပညာရှိမှ အသိပညာ၊ အတတ်ပညာ ပြည့်စုံကြွယ်ဝပြီး အတွေးအခေါ်မြင့်မားမည်ဖြစ်ရာ “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး” သည် ပညာသင်ယူမှု၏ ပထမ ခြေလှမ်းဖြစ်သည်။ ထိုမှတစ်ဆင့် စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး သင်ယူမှုပန်းတိုင်သို့ အရောက် လှမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများကြောင့်ကလေးများ၏ ပညာသင်ယူမှုတွင် အဟန့်အတားများ ဖြစ်ခဲ့ရသည့်အတွက် ကျောင်းမှထွက်ခွာ၍ ပြင်ပသို့ရောက်ရှိနေသော ကျောင်းနေအရွယ် ကလေးများအရေအတွက် များစွာရှိနေပြီး ပညာရေးနှင့် အလှမ်းဝေးနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရပါသည်။
ကလေးတိုင်းသည် မိသားစုဝင်များအတွက်သာမက နိုင်ငံတော်အတွက် အားထားရသည့် အဖိုး ထိုက်ရတနာများဖြစ်ပါသည်။ ကျောင်းများတွင် ရောက်ရှိပညာသင်ယူနေရမည့် ကလေးများက လွဲမှားသည့် အယူအဆများနှင့် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများကြောင့် ပညာရေးဆုံးခန်းမတိုင်ခင် သင်ယူမှု ရပ်တန့်နေခဲ့ကြရပါသည်။ ကျောင်းနေအရွယ်တွင် ကျောင်းသို့မရောက်ခြင်း၊ ကျောင်းမနေ ခြင်းတို့သည် မိမိကိုယ်တိုင် မိမိဘဝကိုဖျက်ဆီးနေ ခြင်းဖြစ်သကဲ့သို့ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းကိုပါ ထိခိုက်ပျက်စီးစေနိုင်ပြီး နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်စေပါသည်။
ပညာသည်သာ အခရာ လက်တွေ့သိမြင်လာ
ပညာဆိုသည်မှာ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြား သုံးသပ် နိုင်သော အသိဉာဏ်ဖြစ်ပါသည်။ ပညာမတတ်လျှင် မိမိကိုယ်ကို ထိန်းကျောင်းပဲ့ပြင်နိုင်စွမ်းမရှိဘဲ ပတ်ဝန်းကျင်၏လွှမ်းမိုးမှုအောက်သို့ အလွယ်တကူ ရောက်ရှိနိုင်ပါသည်။
နိုင်ငံကို ဖျက်ဆီးလိုသည့် လူတစ်စု၏ မသမာလုပ်ရပ်များကြောင့် ပညာရေးနှင့် အလှမ်း ဝေးသည်ထက်ဝေးသွားရသည့် ကလေးများသည် ကျောင်းမတက်ရခြင်းနှင့် ပညာမတတ်ခြင်း၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရပြီး ဘဝရည်မှန်းချက်များ ဝေဝါးပျောက်ဆုံးနေကြရပြီဖြစ်ပါသည်။ သက်တူရွယ်တူများအကြား ပညာအဆင့်အတန်း ကွာဟချက်များရှိလာပြီး တန်ဖိုးမဲ့လူသားများအဖြစ် သတ်မှတ်ခံရမည့်အခြေအနေသို့ ရောက်ရှိနေကြရသည်ကို ရင်နင့်ဖွယ် တွေ့မြင်နေရပါသည်။ မိမိတို့ ဘဝအတွက် ပညာသည် အခရာကျသည်ကို နားလည်သဘောပေါက်လာပြီး ကျောင်းများသို့ ပြန်လည်ဝင်ရောက်၍ ပညာဆက်လက်သင်ယူလိုသည့် စိတ်ဆန္ဒများ ပြင်းပြနေကြပါသည်။
သင်ယူမှုအခွင့်အရေး ဖော်ဆောင်ပေး
ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ ကျောင်း နေမြဲရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်စေရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါသည်။ ကျောင်းသားများ ကျောင်းနေပျော်၍ စာပေတော်အောင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများ၊ ခဲတံ၊ ဘောပင်များ၊ သင်ကြားသင်ယူမှု အထောက် အကူပစ္စည်းများထောက်ပံ့ပေးပြီး အခမဲ့ ပညာရေး စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါ သည်။ ထို့ပြင် အရည်အသွေးပြည့်ဝစွာ တန်းစဉ်ကူးပြောင်းနိုင်ရေးအတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းပြင်ပရောက်ကလေးများ ပညာဆက်လက် သင်ယူနိုင်ရေးအတွက်လည်း ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်းပညာရေး တန်းညှိ အစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
“ပညာသင်ယူခြင်းသည် ရပ်တန့်၍မရသောအရာ” ဖြစ်ပါသည်။ ကလေးများအားလုံး အကျုံးဝင်ပြီး တန်းတူပညာသင်ယူခွင့်ရရှိရေးအတွက် နိုင်ငံ တော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် နည်းတူ မိသားစုကလည်း ပံ့ပိုးပေးရပါမည်၊ ပတ်ဝန်းကျင်ကလည်း တွန်းအားပေးရပါမည်၊ ပညာရေးရပ်ဝန်းအတွင်းမှ တာဝန်ရှိသူများကလည်း လက်တွဲခေါ်ပေးရပါမည်။
အခြေအနေအမျိုးမျိုးကြောင့် အချို့သော ကျောင်းနေအရွယ်ကလေးများသည် ကျောင်း ပရဝဏ်နှင့် ငါးနှစ်တာ ဝေးကွာခဲ့ရပြီးဖြစ်၍ ၎င်းတို့ တက်ရောက်အောင်မြင်ခဲ့သော အတန်းအရ ကျောင်းသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက လက်ရှိကျောင်းသားများနှင့် အသက်အရွယ် ကွာဟမှုများ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မတူညီမှုများကြောင့် ရှက်ရွံ့သိမ်ငယ်မှုများခံစားရပြီး နေ့စဉ်ကျောင်း တက်ရောက်မှုတွင် အခက်အခဲများ ရှိလာနိုင်ပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းပြင်ပရောက် ကလေးများ၏ အခြေအနေအရပ်ရပ်ကို ထောက်ရှု၍ အခြေခံပညာရေးတွင် လူတိုင်းအကျုံး ဝင်မှုရှိအောင် အထူးအခွင့်အရေးတစ်ရပ် ဖော်ဆောင် ပေးသွားမည်ဖြစ်ပါသည်။
လူတိုင်းအကျုံးဝင် Placement Test (အထူးအစီအစဉ်)
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ့အသံကို အလေးထားပြီး ပြည်သူ များ၏ လိုအပ်ချက်ကို အစဉ်ဖြည့်ဆည်းပေးလျက် ရှိပါသည်။ နိုင်ငံသားတစ်ဦး ရရှိရမည့် ပညာသင်ယူ မှုအခွင့်အရေးကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူ့အကျိုးကို ရှေးရှု၍ လည်းကောင်း ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် သတ်မှတ်ထားသောမူဝါဒများကို လျှော့ချ၍ Placement Test (အထူးအစီအစဉ်) ဆောင်ရွက်ပေး မည်ဖြစ်ပါသည်။
ယခုဆောင်ရွက်မည့် အစီအစဉ်သည် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းသားများကို ပညာအရည်အချင်းအရသော် လည်းကောင်း၊ အသက်အရွယ်အရသော်လည်း ကောင်း သင့်လျော်ကိုက်ညီသည့် အတန်းတွင် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့် အရည်အချင်းစစ်စာမေးပွဲဖြစ်ပါသည်။
ဤအစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်ပါအစီအစဉ်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားပါမည်-
Placement Test (အထူးအစီအစဉ်) ကို အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် တက်ရောက်ခဲ့ဖူးပြီး အသက် ၁၅ နှစ်ထက်မကျော်လွန်သည့် ကလေးများအားလုံး အကျုံးဝင်မည်ဖြစ်ပါသည်။
ဤစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းပြင်ပရောက်ကလေးများသည် အသက်အရွယ်အရ တက်ရောက်ရမည့် အတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပါသည်။ (မိမိသဘော ဆန္ဒအရ အတန်းအဆင့်နိမ့်၍ တက်ရောက်လိုပါကလည်း ထိုအတန်း၏ တစ်ဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုနိုင်ပါသည်)
အသက်အရွယ်အရ ဝင်ရောက်ဖြေဆိုရမည့် အတန်းနှင့် တက်ရောက်ရမည့်အတန်း သတ်မှတ် ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Placement Test (အထူးအစီအစဉ်) ဝင်ရောက် ဖြေဆိုပြီး အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း ကို ၁-၇-၂၀၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင် တည်း ထုတ်ပြန်ကြေညာသွားပါမည်။ အတန်း တက်ရောက်ခွင့် ရရှိသူများက ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်မှစ၍ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများတွင်သာ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
ဘဝရည်မှန်းချက်တွေအောင်မြင်ဖို့ အထူးအစီအစဉ်တွင် ပါဝင်ကြပါစို့
ပညာရေးဝန်ကြီးဌာနက အသိပညာ၊ အတတ် ပညာနှင့်ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံ့အကျိုးပြု အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရာ “အခြေခံ ပင်မရင်းမြစ်” ဖြစ်သည့် အခြေခံပညာ ကျောင်းများ အရည်အသွေးတိုးတက် မြင့်မားလာစေရေး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါသည်။
မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများကို အရည်အသွေးရှိပြီး စနစ်ကျသည့် ကျောင်းသင်ပညာရေးမှတစ်ဆင့် ဘဝရှင်သန် ရပ်တည်ရေးအတွက်လိုအပ်သည့် အခြေခံ ကျွမ်းကျင်မှုများရရှိအောင်၊ ကိုးစားခိုင်လုံသည့် ပညာအရည်အချင်းသတ်မှတ်ချက်များဖြင့် လုပ်ငန်း ခွင်ဝင်ရောက်နိုင်ရေး အဆင်သင့်ဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိပါသည်။ ကလေးများ ကိုယ်တိုင်ကလည်း “ကျောင်းနေအရွယ်တွင် ကျောင်းတက်ရမည်” ဟူသော ပင်ကိုအသိ မဖြစ်မနေ ရှိရပါမည်။
နိုင်ငံသားတိုင်းတွင် နိုင်ငံတော်အတွက် ထမ်းဆောင်ရမည့် တာဝန်ကိုယ်စီရှိပါသည်။ ကျောင်းသားတစ်ဦးအနေဖြင့် ကျောင်းနေအရွယ်တွင် ကျောင်းမှန်မှန်တက်ပြီး တန်းစဉ်ကူးပြောင်း၍ ပညာသင်ယူခြင်းသည် နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်းပင်ဖြစ်ပါသည်။
ကျောင်းနေအရွယ်တွင် ပုံစံတကျ ပညာသင်ယူ ခွင့်ရရှိမှသာ အလေ့အကျင့်ကောင်းများကို ခိုင်မာစွာအုတ်မြစ်ချနိုင်ပြီး ဘဝတစ်လျှောက်လုံး သင်ယူပြီးရင်း သင်ယူလိုစိတ်များ ရှင်သန် ကိန်းအောင်းလာမည်ဖြစ်ပါသည်။ “အခြေခံပညာ” ကို ကောင်းစွာသင်ယူတတ်မြောက်မှသာ ကိုယ်ရည် ကိုယ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် ခံယူချက်များ တည့်မတ်မှန်ကန်လာမည်ဖြစ်ပါသည်။ ပညာကသာ လူတစ်ဦး၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေပါသည်။
ကျောင်းပြင်ပရောက်ကလေးတိုင်းသည် ပညာသင်ယူမှု ရပ်တန့်သွားသည်ဟု မဆိုနိုင်ပါ။ ကျောင်းမတက်သော်လည်း ကျောင်းသင်ရိုးပါ သင်ခန်းစာများကို မိမိတို့အစီအစဉ်ဖြင့် ကိုယ်တိုင် သင်ယူနေကြသူများလည်း ရှိနိုင်ပါသည်။ ထိုသို့ လေ့လာသင်ယူခြင်းက စာပေများကို တတ်မြောက် နိုင်သော်လည်း ပညာအရည်အချင်းသတ်မှတ်ချက် ကို အာမခံနိုင်သည့် တရားဝင်အထောက်အထား ရရှိမည်မဟုတ်ပါ။ စာတတ်ပြီး အတန်းပညာ မရှိခြင်းသည် လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရန် ခက်ခဲပါလိမ့်မည်။ မည်သည့်လုပ်ငန်းခွင်တွင်မဆို အနည်းဆုံး အောင်မြင်ရမည့် အတန်းပညာ၊ ဘွဲ့ဒီဂရီ စသော ပညာအရည်အချင်းများနှင့်ပြည့်စုံမှသာ ရွေးချယ်ကြပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ကျောင်းသားလူငယ်တစ်ရပ်လုံး၏ ပညာရည်တိုးတက်ရေးကို လိုလားသည့် စေတနာအမှန်ဖြင့် Placement Test (အထူးအစီအစဉ်) ဆောင်ရွက်ပေးခြင်းဖြစ်သည့် အတွက် မိဘပြည်သူအားလုံးက ကျောင်းပြင်ပ ရောက်ကလေးတိုင်း ဝင်ရောက်ဖြေဆိုနိုင်ရေး တတ်အားသရွေ့ ပူးပေါင်းပါဝင်ပေးကြရမည်ဖြစ်ပါသည်။ ကျောင်းပြင်ပရောက်ကလေးများကလည်း မိမိတို့အတွက် ဆောင်ရွက်ပေးသည့် အထူးအခွင့် အရေးကို လက်မလွှတ်ဘဲ အမိအရ ဆုပ်ကိုင်ကြရပါ မည်။ ယခုအချိန်သည် ကျောင်းတက်ရောက်ရန် အချိန်မနှောင်းသေးသည့် အချိန်ကောင်း အခါကောင်း ပင်ဖြစ်ပါသည်။
စဉ်ဆက်မပြတ်ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး
ယခုဆောင်ရွက်ပေးသည့် အစီအစဉ်သည် အရွယ်မတိုင်ခင် ကျောင်းနှင့် ကင်းကွာခဲ့ရသော်လည်း ပညာကို တန်ဖိုးထားသူတိုင်းအတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ မိမိတို့သည် ကျောင်း မတက်ဘဲ ပညာရေးနှင့် အဆက်ပြတ်ရသည့် အကျိုးဆက်ကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများဖြစ်ရာ အမှားတစ်ခုကို တစ်ဘဝစာသင်ခန်းစာယူ၍ အခြေခံပညာရေး ပြီးဆုံးသည်အထိ စဉ်ဆက်မပြတ် ပညာသင်ယူမည်ဟု သန္နိဋ္ဌာန်ချပြီး လေးလေးနက်နက် ကြိုးစားအားထုတ်ကြရပါမည်။
ကျောင်းသားများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် အဓိကသော့ချက်သည် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသော ဒေသမှ မိဘပြည်သူများအနေဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထား၍ ပူးပေါင်း ပါဝင်ကြစေလိုပါကြောင်းနှင့် ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ယခုဆောင်ရွက်မည့် Placement Test (အထူးအစီအစဉ်)ကို လက်ဆင့်ကမ်း၍ သတင်းစကားပါးကြစေလိုပါကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။ ။
MDN(ကြေးမုံ)

၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယခုလ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရန်နှင့် ပညာသင်ခွင့် မဆုံးရှုံးစေရန်ဖြစ်ပြီး လှုပ်ရှားမှုတွင် မိဘအုပ်ထိန်းသူများနှင့် လူထုတစ်ရပ်လုံးပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်ခြင်းကြောင့် ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြသည်။ ကျောင်းအပ်နှံသူများအား မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၂) ချောင်းနှင့် ဘောပင်(၂)ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သည်။
မိမိတို့နိုင်ငံတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့၌ နှစ်စဉ်ကျောင်းအပ်နှံသူဦးရေ ပျမ်းမျှအားဖြင့် ၆ သန်းကျော်ရှိသည်။ အစိုးရ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံသူစုစုပေါင်းမှာ ၂၀၂၄ ခုနှစ်တွင် ၆၃၉၄၅၂၈ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၆၁၁၉၂၆၀ ဦးတို့ရှိခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင်လည်း ၎င်းအရေအတွက် ဝန်းကျင်မှာပင်ရှိနေမည်ဟု ခန့်မှန်းရသည်။ ကျောင်းထွက်နှုန်းနှင့် ပညာသင်ယူမှုအခွင့်အလမ်းဆုံးရှုံးမှုနှုန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်မှစ၍ များစွာမြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၆) နှစ်မှ (၁၇) နှစ်ကြား ကလေးများ၏ ၂၁ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းခန့် ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး အထက်တန်းအဆင့်အရွယ်တွင် ကျောင်းထွက်နှုန်း ၄၅ ရာခိုင်နှုန်းခန့်အထိ ရှိလာသည်။
မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေနှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၌ ဖော်ပြထားရာ ကျောင်းသားကျောင်းသူအများစု ကျောင်းထွက်ရခြင်းသည် ပညာရေးစနစ်ကြောင့်မဟုတ်ဘဲ မိသားစုအတွင်း ဖိအားများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဓိကအားဖြင့် မိသားစုကို ကူညီရန်၊ အိမ်အလုပ်များ လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်ဟူသည့် အကြောင်းရင်းများဖြင့် ကျောင်းမှထွက်ရန် တွန်းအားပေးခဲ့ကြခြင်းဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထူးခြားသည့်အချက်မှာ ကျောင်းကို အလယ်တန်း သို့မဟုတ် အထက်တန်းအဆင့်ထက်ပို၍ မနေလိုခြင်းကြောင့် ကျောင်းထွက်ကြခြင်းဖြစ်သည်။ ၎င်းတို့အရေအတွက်မှာ ကျောင်းဆက်မတက်သူဦးရေ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။
“မိမိတို့နိုင်ငံ၏ ပညာရေးကို ကြည့်မည်ဆိုပါက ခေတ်အဆက် ဆက်တွင် အားနည်းလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတတ်ပညာ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာများကို ပိုမိုပြည့်စုံအောင် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် မေ ၁၅ ရက်က တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ ဆောင်ရွက်ရာတွင် အတတ်ပညာ၊ အသိပညာတို့ ကြွယ်ဝပြည့်စုံသည့် နိုင်ငံသူ နိုင်ငံသားများကသာလျှင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ရာ နိုင်ငံ၏လူသားအရင်းအမြစ်မှာ တန်ဖိုးမြင့်မားဖို့လိုသည်။ သို့ဖြစ်ခြင်းကြောင့် ခေတ်အဆက်ဆက်အားနည်းလျက်ရှိသည့် ပညာရေးကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပညာသင်အရွယ်ကလေးများ၊ လူငယ်များကို စာသင်ခန်းမှ ဆွဲထုတ်ပြီး မိသားစုအလုပ်၊ အိမ်အလုပ်များတွင် ကူခိုင်းခြင်းက ကလေးများ၏ အနာဂတ်ကိုရော နိုင်ငံ၏အနာဂတ်ကိုပါ လျစ်လျူရှုခြင်း၊ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ကလေးကို ကျောင်းဆက်မတက်စေခြင်းသည် ဆင်းရဲနွမ်းပါးခြင်းကြောင့်ဟုဆိုလျှင်လည်း ယင်းသို့ပြုလုပ်ခြင်းက ဆင်းရဲခြင်းသံသရာမှ မလွတ်မြောက်နိုင်သည့် အခြေအနေသို့သာ ဆိုက်ရောက်သွားစေမည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းစာသင်ခန်းများသို့ ရောက်ရှိရေးအတွက် လူတိုင်းက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

လူရည်ချွန်စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်သုံးရပ်မှာ (၁) ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ (၂) ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် (၃) ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန် ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့် လူရည်ချွန်စီမံကိန်းသည် နိုင်ငံတည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်သော တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ရေး၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။
လူရည်ချွန်တစ်ယောက်ဖြစ်လာရန်ဆိုသည်မှာ ကျောင်းစာတွင် ထူးချွန်ရုံမျှသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် အထွေထွေဗဟုသုတ စသည်တို့တွင်လည်း ဘက်စုံအရည်အချင်း ပြည့်ဝ၍ သူတကာထက် ထူးကဲသာလွန်ဖို့လိုသည်။ သို့ဖြစ်ရာ လူရည်ချွန်သည် ကျောင်းအဆင့်တွင် အတန်းလိုက် အမြင့်ဆုံးရမှတ်များရရှိထားသူဖြစ်ပြီး ကျောင်းအဆင့်မှ ရွေးချယ်လိုက်သည့် လူရည်ချွန်များမှာ မြို့နယ်အဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုတို့ကို ဖြေဆိုကြရသည်။ လူတွေ့နှုတ်ဖြေတွင် ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တ၊ လောကနီတိ၊ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့တို့နှင့်ပတ်သက်၍ အကဲဖြတ်မေးမြန်းခြင်းကို ဖြေဆိုကြရပြီး ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကိုပါ ခံယူကြရခြင်းဖြစ်သည်။ ယင်းနောက် အတန်းအလိုက် တစ်မြို့နယ်လျှင် နှစ်ဦးနှုန်းဖြင့် ခရိုင်အဆင့်ဆက်လက်ရွေးချယ်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ အဆင့်ဆင့်စိစစ်ရွေးချယ်မှုများကို ဘက်စုံထူးချွန်သည့် အရည်အသွေးများပြသ၍ ကျော်ဖြတ်လာကြသည့် လူရည်ချွန်များမှာ ဘဝတစ်လျှောက်လုံးတွင်လည်း မိမိတို့၏ အရည်အသွေးများဖြင့် နိုင်ငံနှင့် အများပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြသည်။ “ ကောင်းမြတ်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် လူရည်ချွန်စီမံကိန်းသည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့သားကောင်း ရတနာများ မွေးထုတ်ပေးရာ အစဉ်အလာကောင်းသည့် ပညာရေးစီမံကိန်းတစ်ခုလည်းဖြစ်ကြောင်း၊ ယခင်က လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသူများသည် ယခုအချိန်တွင် နိုင်ငံ့တာဝန်များကို အဆင့်မြင့်စွာ ထမ်းဆောင်နေကြသူများရှိသကဲ့သို့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များနှင့် အဖွဲ့အစည်းများတွင်လည်း ပါဝင်အကျိုးပြု နေပြီကို မောင်တို့ မယ်တို့ အသိပင်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အသီးသီးတို့၌ လူရည်ချွန်ရွေးချယ်ခံခဲ့ရသူ (၁၂)ဦး ပါဝင်ကြောင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူနိုင်ရေး အသိပေးပြောကြားလိုကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား တွေ့ဆုံသြဝါဒအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ လူရည်ချွန်ဖြစ်ခဲ့သူသည် တစ်သက်တာ လူရည်ချွန်ပင်ဖြစ်သည့် သာဓကဖြစ်သည်။
လူငယ်များသည် အနာဂတ်ကာလတွင် နိုင်ငံ၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်ပြီး နိုင်ငံကို ပုံဖော်တည်ဆောက်ကြရမည့်သူများဖြစ်သည်။ ထို့အပြင် အနာဂတ်ကာလ၏ အသစ်အသစ်သော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရမည့်သူများဖြစ်ရာ ထူးချွန်ထက်မြက်သည့် လူငယ်များဖြင့်သာ ယင်းသို့သောစိန်ခေါ်မှုများကို ကျော်လွှားနိုင်ကြမည်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံ၏အနာဂတ် အကောင်းအဆိုးသည် လူငယ်များ၏ စွမ်းရည်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မူတည်ဖြစ်ပေါ် မည်ဖြစ်သည့်အလျောက် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေ ဆောင်ရွက်ကြရန်လိုသည်။ လူငယ်များသည် အသိ ပညာ အတတ်ပညာ ပြည့်ဝသူများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်သူများ၊ နိုင်ငံအကျိုးနှင့် အများအကျိုးသယ်ပိုးလိုစိတ်ရှိသူများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ကောင်းမြတ်သည့် အမျိုးသားရေး အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊ သဘာဝတောတောင် ရေမြေနှင့် သယံဇာတအရင်းအမြစ်တို့ကို တန်ဖိုးထားကာကွယ်စောင့်ရှောက်လိုစိတ် ပြင်းပြသူများဖြစ်ရန်လိုသည်။
သို့ဖြစ်ရာ နိုင်ငံအတွက် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့သော လူရည်ချွန်စီမံကိန်းများမှ နိုင်ငံအတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများစွာ ပေါ်ထွန်းလာခဲ့သည့် အစဉ်အလာနှင့်အညီ မျိုးဆက်သစ် လူရည်ချွန်မောင်မယ်များအနေဖြင့်လည်း မိမိတို့ရှေ့တွင် ကောင်းသောလမ်းကို ညွှန်ပြခဲ့သည့် လူရည်ချွန်ကြီးများနည်းတူ နိုင်ငံနှင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်း သမီးကောင်းတို့ ဖြစ်ကြပါစေကြောင်း။ ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ဧပြီ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “လာမည့်ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော် ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူ ဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရရှိသည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များ ရှိခဲ့သည်ကိုတွေ့နိုင်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပညာအဆင့်အတန်း မြင့်မားမှု/ နိမ့်ကျမှု အခြေအနေတို့နှင့် ခန့်မှန်းကြည့်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာစေရန်အတွက် အစွမ်းကုန် မြှင့်တင်ပေးရမည်ဖြစ်သည်။ သာဓကအားဖြင့် ပညာရေးတွင် အမြောက်အမြားရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများ၌ ပညာအဆင့်အတန်းမြင့်မားနေသည်။ ပညာအဆင့်အတန်းမြင့်မားသည့် နိုင်ငံတွင် ကဏ္ဍတိုင်း၌ တီထွင်ကြံဆမှုနှင့် ချင့်ချိန်သုံးသပ်ဆောင်ရွက်နိုင်မှု မြင့်မားခြင်းကြောင့် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ပိုင်ဆိုင်ထားသည်။
ပညာရေးအားနည်းချက်ကြောင့် အသိပညာများအားနည်းပြီး အဘက်ဘက်တွင် လိုအပ်ချက်များ ရှိလာသည်ကို တွေ့နိုင်သည်။ ပညာရေးအားနည်းသောကြောင့် အသိဉာဏ်ဆင်ခြင်တုံတရား အားနည်းပြီး ခေတ်အဆက်ဆက်တွင် အကောင်း၊ အဆိုး ခွဲခြားနိုင်မှုအားနည်းသည့် နိုင်ငံရေးပြဿနာ များနှင့် ကြုံတွေ့ခဲ့ရသည်ကို မြန်မာ့သမိုင်းကြောင်းတွင် တွေ့နိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ပညာရေး အားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပညာရေးကဏ္ဍကိုမြှင့်တင်၍ နိုင်ငံသူ နိုင်ငံသားများ၏ စိတ်နေစိတ်ထားများ မြင့်မားလာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ပညာရေးအားနည်းလာသည့်အခါ အတတ်ပညာများလည်း အားနည်းလာခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း အားနည်းပြီး ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များရှိလာသည်။ ဝင်ငွေ နည်းပါးခြင်း၊ အာဟာရမပြည့်ဝခြင်း၊ လူ့သက်တမ်းနိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း စသည့်ပြဿနာများ ရှိလာသည်။ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အိမ်နီးချင်းနိုင်ငံများသာမက ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းကို ဆန်းစစ် ကြည့်ပါက အဓိကအားဖြင့် စီးပွားရေးတိုးတက်မှု အားနည်းခြင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု အားနည်းခြင်းတို့မှ စတင်ခဲ့သည်ကိုတွေ့နိုင်သည်။ ထို့ကြောင့် အစိုးရသစ်အနေဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပြီး ပြုပြင်ပြောင်းလဲရေးမျှော်မှန်းချက်ကို ချမှတ်ခဲ့သည်။
ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်းအခြေခံပညာအဆင့်ကိုပင် တက်ရောက်သင်ကြားနိုင်မှုမရှိခဲ့ပေ။ ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက်ပြီးခဲ့သည့် နိုင်ငံကိုတာဝန်ယူ ဆောင်ရွက်ချိန်တွင် KG+9 အထိ မသင်မနေရပညာရေးအဖြစ် ပြောင်းလဲခဲ့သည်။ ခေတ် အဆက်ဆက်တွင် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း အချို့အခြေခံပညာ ကျောင်းများသည် သတ်မှတ်ထားသော အဆင့်အလိုက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရသည်။ အားကစားနှင့် လက်တွေ့ပညာရပ်ဆိုင်ရာများစသည့် ပညာရေး အထောက်အပံ့များ အားနည်းခဲ့သည်။ တစ်ချိန်သောကာလက လူနည်းစုပညာတတ် အခြေအနေမှ ယခုအခါ လူများစု ပညာတတ် အခြေအနေသို့ရောက်အောင် ပညာရေးကို မြှင့်တင်အားပေးရမည်ဖြစ်သည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော် ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ ပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍ တိုးတက်လာရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်၍ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အကျိုးရှိထိရောက်အောင်မြင်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
MDN

မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကိုပြန်ကြည့်ပါက အကြောင်းအမျိုးမျိုးဖြင့် အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အတန်းပညာအားနည်းပါက အတတ်ပညာ၊ အသိပညာအားနည်းမှုများဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးမှုများဖြစ်ပေါ်စေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရေး အတန်းပညာများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် အတတ်ပညာရှင်များများစွာလိုအပ်နေသည်။ နိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားလုပ်ကိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် ပညာရေးကိုမြှင့်တင်ပြီး စီးပွားရေးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာ လမ်း၊ တံတား များကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး မြင့်မားတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၆ ရက်ကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) တွင် “ခိုင်မာတောင့်တင်းသည့် စီးပွားရေးကိုရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုသည် အဆိုပါနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်းဖြစ်ကြောင်း၊ ပညာရေးသည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာကိုအခြေခံသည့် လူသားအရင်းအမြစ်များကို တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရန်လိုမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍ မြင့်မားတိုးတက်ခြင်းသည် တိုင်းပြည်စီးပွားရေးကို တွန်းအားတစ်ရပ် ဖြစ်စေသည်သာမက ဝေဖန်ပိုင်းခြားသုံးသပ်ဆုံးဖြတ်နိုင်သည့် အသိဉာဏ်ပညာအားကို ကောင်းမွန်စေသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိဉာဏ်ပညာဖြင့် သတိတရားလက်ကိုင်ထားပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပေသည်။ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အပြည့်အဝဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်။ နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် အဓိကဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအထိရောက်ရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်လူငယ်လူရွယ်များ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ အသိပညာများ၊ အတတ်ပညာများရရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ဆက်လက်၍ အဆင့်မြင့်အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပိုလီတက္ကနစ်တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ၌ လိုအပ်နေသည့် ကျွမ်းကျင်အတတ်ပညာရှင်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် စီးပွားရေးနှင့်ပတ်သက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းငယ်များရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည် နိုင်ရေးအတွက် လုပ်ငန်းများ စတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိသည့်အချိန်အထိ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သည့် ကျွမ်းကျင်အတတ်ပညာရှင်များကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ်ပေးလျက်ရှိသဖြင့် အနာဂတ်တွင် နိုင်ငံ့စီးပွား မြင့်မားတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံ ရသည့်လုပ်ငန်းဖြစ်သဖြင့် နိုင်ငံတော်၏ အားပေးမြှင့်တင်ပေးမှုများနှင့်အတူ အရှိန်အဟုန်မပျက် တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်း နိုင်ငံ၏အနာဂတ်တိုးတက်ကောင်းမွန်လာစေရန်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာစေရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။

ပညာရေးသည် လူတစ်ဦးချင်းစီအတွက်ရော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့်အလျောက် နိုင်ငံတော်အစိုးရက ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေမှာ ဝါယမစိုက်၍ မြှင့်တင်ရန်လိုအပ်လျက်ရှိရာ နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအပေါ် အမြင်များကိုလည်း မှန်ကန်စွာရှုမြင်လာကြစေရေးအတွက် တည့်မတ်ပေးရန်လိုအပ်သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အခန်း (၅) လူမှုစီးပွားဆိုင်ရာ အညွှန်းကိန်းများတွင် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို ကိန်းဂဏန်းစာရင်းဇယား အချက်အလက်များနှင့်တကွဖော်ပြထားရာ အဆိုပါအချက်အလက်များအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ လူဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါးခန့်ဖြစ်သော ၄၆ ရာခိုင်နှုန်းသည် KG သို့မဟုတ် မူလတန်းအဆင့်ကိုသာ ပြီးမြောက်ခဲ့ကြသည်။ ဤအဆင့်တွင် အမျိုးသားများ ၄၃ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီးများ ၄၈ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဒုတိယအများဆုံးအုပ်စုမှာ အလယ်တန်းအဆင့် ပညာရေးပြီးမြောက်သူများဖြစ်ပြီး လူဦးရေ၏ ၂၃ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ဤအုပ်စုတွင် အမျိုးသမီးများ ၂၁ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၂၆ ဒသမ ၀ ရာခိုင်နှုန်းရှိရာ ကွာခြားချက် ၄ ဒသမ ၁ ဖြင့် အမျိုးသားများက ပို၍များပြားသည်။ အထက်တန်းအဆင့်ပြီးမြောက်သူသည် လူဦးရေ၏ ၁၄ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။ ဤအဆင့်တွင်လည်း အမျိုးသားများက ၁၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အမျိုးသမီးများ ၁၂ ဒသမ ၆ ရာခိုင်နှုန်းထက် အမျိုးသားက ပိုမိုများပြားသည်။ နည်းပညာနှင့် သက်မွေးပညာသင်တန်း (TVET) အောင်မြင်သူများ၊ သို့မဟုတ် မဟာဘွဲ့၊ ပါရဂူဘွဲ့ရရှိသူများသည် ဝ ဒသမ ၁ ရာခိုင်နှုန်းမှ ဝ ဒသမ ၂ ရာခိုင်နှုန်းသာရှိခြင်း ကြောင့် ကျား/မ ကွာခြားချက်မရှိသလောက်ဖြစ်သည်။ ဖော်ပြပါကိန်းဂဏန်းအချက်အလက်များအရ မူလတန်းပညာရေးတွင် အမျိုးသမီးများ ပါဝင်မှုမြင့်မားသည်ကို ပြသနေသော်လည်း အလယ်အလတ်အဆင့် ပညာရေးတွင် အမျိုးသားများက ပိုမိုလွှမ်းမိုးနေသည်။ ဘွဲ့ရအဆင့်တွင် အမျိုးသမီးများက ပြန်လည်ဦးဆောင်လာသည်။
အသက် ၂၅ နှစ်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်းပညာ/အဆင့်တွင် တက္ကသိုလ်/ကောလိပ်/ဘွဲ့ကြိုဒီပလိုမာရသူ ကျား ၁၆၄၂၇၆ ဦး၊ မ ၁၃၁၀၀၁ ဦးရှိပြီး စုစုပေါင်း ၂၉၅၂၇၇ ဦး ရှိသည်။ ဘွဲ့ရ /ဘွဲ့လွန်ဒီပလိုမာရသူ ကျား ၇၈၉၄၃၈ ဦး၊ မ ၁၃၀၃၈၄၇ ဦးရှိပြီး စုစုပေါင်း ၂၀၉၃၂၈၅ ဦးရှိသည်။ မဟာဘွဲ့/ ပါရဂူဘွဲ့ရသူ စုစုပေါင်း ၄၃၆၅၄ ဦးရှိရာ ကျား ၁၈၅၆၆ ဦးရှိပြီး မ ၂၅၀၈၈ ဦး ရှိသည်။ ကျောင်းသား ကျောင်းသူအများစု ကျောင်းထွက်ရခြင်းသည် မိသားစုကိုကူညီရန်၊ အိမ်အလုပ်လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်တို့က အဓိကအကြောင်းရင်းဖြစ်ပြီး ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ဒုတိယအကြောင်းရင်းမှာ ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ကျောင်း ဆက်မတက်သူများ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းမှာ ၎င်းတို့မိသားစုများကိုယ်တိုင်ကပင် အလယ်တန်း/ အထက်တန်းအဆင့်ထိသာ မျှော်မှန်းတက်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားရေး၊ အခြေခံပညာကျောင်းများ၏ ကျောင်းအင်္ဂါရပ်များပြည့်စုံရေးနှင့် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်အောင် မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ “အခြေခံပညာ ကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိက ကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများအများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏ သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့် ကျောင်းများဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ များဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင်ကျင်းပသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်တွင် ပညာရေးကဏ္ဍမြင့်မားမှသာ လူတစ်ဦးချင်း၏ ဘဝများမြင့်မားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည့်အလျောက် နိုင်ငံတော်၏ ပညာရည်မြှင့်တင်ရေး အဘက်ဘက်မှ ဆောင်ရွက်မှုများတွင် နိုင်ငံသားတို့ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။ ။