နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နှစ်သစ်ကူးပွဲတော်ကိုယ်စီရှိကြရာ ဘာသာဓလေ့ကို အခြေခံသည့် ပွဲတော်၊ နေထိုင်မှုစနစ်ကိုအခြေခံသည့် ပွဲတော်၊ ပုဂ္ဂလိကမိသားစုသဘောကို အခြေခံသည့်ပွဲတော် နှင့် လူမှုအသိုင်းအဝိုင်းကို အခြေခံသည့် ပွဲတော်ဟူ၍ အမျိုးမျိုးအဖုံဖုံကွဲပြားကြသည်။ မြန်မာနိုင်ငံ၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ဗဟိုပြုသည့် ပွဲတော်အမျိုးအစားဖြစ်သည်။ မြန်မာ့နှစ်သစ်ကူးသင်္ကြန်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတန်းစားမရွေး ပါဝင်ဆင်နွှဲပျော်ရွှင်လေ့ရှိကြသည်။ သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံအတော်များများတွင် နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် ကျင်းပသည့်ပွဲတော်ဖြစ်သည်။
သင်္ကြန်ပွဲတော်၏အနှစ်သာရ
“မြနန္ဒာ x x နေညိုညိုရစ်ကာသန်းတော့ x ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ် x မျှော်ခင်းလေး သာပါဘိတယ် နိမိတ်ကောင်းယူမယ် နှစ်ကူးသင်္ကြန်တော်ဝယ်” ဆိုသည့် သီချင်းသံ များ ပျံ့လွင့်လာလျှင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ခါရောက်ပြီဟု အလိုလိုသိနိုင်သည်။ သင်္ကြန် ဆိုသည်မှာ“ကူးပြောင်းခြင်း”၊ “ပြောင်းရွှေ့လာခြင်း”ဟုအဓိပ္ပာယ်ရသည့် ပါဠိဘာသာသင်္ကန္တ၊ သက္ကတ ဘာသာ သင်္ကြန္တတို့မှ တိုက်ရိုက်မြန်မာမှုပြုထားခြင်းဖြစ်သည်။ မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်တွင် နှစ်ဟောင်းကိုစွန့်ကာ နှစ်သစ်ကို ကူးပြောင်းသည့်အခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်အောင် ရေစင်သွန်းလောင်းသည် ဟူသော အဓိပ္ပာယ်ဖြင့် ဆင်နွှဲကြသည်။
သင်္ကြန်ပွဲတော်၏ အသွင်သဏ္ဌာန်
သင်္ကြန်ရေသဘင်ပွဲသည် သာကီဝင်တို့၏ဓလေ့မှကူးစက်လာသည်ဟုဆိုနိုင်သည်။ ထိုမှ တကောင်းခေတ်၊ ပုဂံခေတ်တို့မှ လက်ဆင့်ကမ်း သယ်ဆောင်ကာ ယနေ့ကာလအထိ မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်အဖြစ် တည်ရှိနေခဲ့သော ဓလေ့ဖြစ်သည်။ မြန်မာ့ရိုးရာပွဲတော်များထဲတွင် အကြီးမားဆုံးနှင့် အထင်ရှားဆုံးသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲသည် ခေတ်ကာလ အခြေအနေအပေါ်မူတည်ကာ အသွင်သဏ္ဌာန်အမျိုးမျိုးကွဲပြားပြောင်းလဲလာခဲ့သည်။ ရှေးမြန်မာဘုရင်များသည် နှစ်သစ်ကူးပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် သပြေခက်နှင့် နံ့သာရည်များ ပက်ဖျန်း၍ ဆင်ယင်ကျင်းပခဲ့ကြသည်။ သင်္ကြန်ကာလတွင် လူပျိုကာလသားများက ရေပက်ကစားကြသလို သက်ကြီးရွယ်အိုများနှင့် အပျိုကာလသမီးတို့ကလည်း ဘုရားသွား၊ သီလယူခြင်းဖြင့် ကုသိုလ်ပြုကြလေ့ရှိသည်။ သင်္ကြန်ကာလတွင် အပျော်ကြူးစွာ ရေကစားခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများဖြစ်တတ်ပုံကို သမိုင်းတွင်ထင်ရှားစွာတွေ့မြင်နိုင်သည်။ ပုဂံခေတ်နောက်ဆုံးမင်းဆက် နရသီဟပတေ့မင်းလက်ထက်တွင် အသက်အငယ်ဆုံး မိဖုရားစောလုံကို ဘုရင်နရသီဟပတေ့နှင့် ကျန်သည့်မိဖုရားများက ရေမွန်းအောင် ရေပက်ကစားကြသဖြင့် မိဖုရားစောလုံက အငြိုးထားကာ ဘုရင်၏ပွဲတော်အုပ်အတွင်း အဆိပ်ခတ်သည်အထိ ရုပ်ဆိုးအကျည်းတန်သည့် အဖြစ်အပျက်ရှိခဲ့သည်။
“နှစ်အကူး xxx ရွှင်မြူးလေတဲ့သင်္ကြန်” ဆိုသည့်အတိုင်းပင် သင်္ကြန်အခါသမယတွင် ပျော်တတ်သူတို့က ရေပက်ကစားခြင်းအပြင် အိုးမဲသုတ်ခြင်း စသည့်ကျီစားမှုများလည်းပြုတတ်ကြသည်။
ယခုခေတ်တွင်မူ မြို့ကြီးများတွင် ရေပက်မဏ္ဍပ်များဆောက်လုပ်ကာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ဖျော်ဖြေခြင်း၊ ရေပိုက်များဖြင့် ရေပက်ကစားခြင်းများပြုလုပ်ကြသည်။ သင်္ကြန်တွင် ရေပက်ခံထွက်သူများကလည်း အမျိုးအစားစုံသော ကားများပေါ်တွင် ရောင်စုံအဝတ်အစားများဖြင့် ပျော်ရွှင်မြူးတူးစွာ မြို့အနှံ့ ရေပက်ခံထွက်ကြသည်။ နယ်မြို့များတွင်မူ စက်ဘီး၊ ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြသည်။ အချို့သောကျေးလက်တောရွာများတွင်မူ နွားလှည်းများပေါ်တွင် ရေစည် များတင်ဆောင်ကာ ရေပက်ကစားကြသည့်ဓလေ့များ ယခုတိုင်ရှိနေသေးပေသည်။
သင်္ကြန်ရေသဘင်ပွဲတော်ကို ဗမာတိုင်းရင်းသားများသာမက အခြားသော တိုင်းရင်းသားများကလည်း မိမိတို့ရိုးရာဓလေ့အတိုင်း ဆင်ယင်ကျင်းပလေ့ရှိသည်။ ထိုအထဲတွင် ရခိုင်တိုင်းရင်းသားတို့၏သ င်္ကြန်ပွဲမှာ ထင်ရှားသည်။ ရခိုင်တိုင်းရင်းသားတို့သည် သစ်ထွင်းလှေများထဲတွင် ရေထည့်ကာ လူပျို၊ အပျိုတို့ကို တစ်ဖက်တစ်ချက်စီမှနေ၍ ရေပက်ကစားကြခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မောင်ရင်းနှမသဖွယ် ချစ်ခင်စွာ နှစ်ကူးပွဲတော်ကို ဆင်နွှဲကြသည်။
သင်္ကြန်ပွဲတော်နှင့်အစားအစာ
သင်္ကြန်နှင့်အတူပါဝင်လာသည့် သင်္ကြန်အစားအစာတစ်မျိုးမှာ မုန့်လုံးရေပေါ်ဖြစ်သည်။ မုန့်နှစ်အတွင်း ထန်းလျက်ခဲများထည့်ကာ လုံးဝန်းအောင်ပြုလုပ်ပြီး ရေနှင့်ပြုတ်ထားသည့် မုန့်လုံးရေပေါ်ကို အုန်းသီးများများနှင့် စားရသည်က သင်္ကြန်ရေစိုစိုတွင် တစ်သက်မမေ့စရာ အရသာပင်ဖြစ်သည်။ သင်္ကြန်ကာလတွင် မြို့တိုင်း၊ ရွာတိုင်း၊ လမ်းတိုင်းတွင် မုန့်လုံးရေပေါ်စတုဒိသာကျွေးသည့် ပုံရိပ်များကို အထင်းသား တွေ့မြင်နိုင်သည်။ သင်္ကြန်နှင့် မုန့်လုံးရေပေါ်မှာ ခွဲခြားမရသော အမှတ်သင်္ကေတ များပင်ဖြစ်သည်။ ထိုအထဲတွင်မှ မွန်တိုင်းရင်းသားတို့၏ သင်္ကြန်ထမင်းမှာလည်း ထင်ရှားသည်။ ရေဆမ်းထားသည့် ထမင်းကို ငါးခြောက်ထောင်းကြော် မွမွရွရွနှင့် တွဲဖက်စားသောက်ရသည်မှာ တစ်မျိုးထူးခြားသော အရသာဖြစ်ပြီး သင်္ကြန်၏ နိမိတ်ပုံနှင့် အပ်စပ်မှုရှိသည့် အစားအစာတစ်မျိုးဖြစ်သည်။
သင်္ကြန်ပွဲတော်နှင့်ရာသီပန်း
သင်္ကြန်ကာလတွင် ပွင့်လေ့ရှိသည့် ရာသီပန်းမှာ ပိတောက်ပန်းပင်ဖြစ်သည်။ နွေရာသီတွင် ငုဝါပန်းတို့ ပွင့်လေ့ရှိသော်လည်း ပိတောက်ပန်းမှာ သင်္ကြန်အကြိုလက်ဆေးမိုးရွာမှ ပွင့်လေ့ရှိပြီး သင်္ကြန်ကာလအတွင်းတွင်သာ အများဆုံးပွင့်သည့် ပန်းဖြစ်သည့်အတွက် သင်္ကြန်နှင့်ပိတောက်မှာ ခွဲခြား၍မရသလိုပင်ဖြစ်ခဲ့သည်။ ပိတောက်ကို သင်္ကြန်၏ နိမိတ်ပုံသင်္ကေတအဖြစ်ပင် ထားရှိ ခဲ့ကြသည်။ ရေစိုစိုတွင် ပိတောက်ပန်းတဝင့်ဝင့်နှင့် အလှတင့်နေသော မြန်မာလှပျိုဖြူလေးများမှာ မြင်သူတိုင်း ရင်အေးစရာဖြစ်ခဲ့သည်။ ရာသီဥတုပြောင်းလဲလာသည့်ကာလများတွင်မူ ပိတောက် ပန်းများသည်လည်း ပွင့်သည့်အချိန်ကာလအနည်းငယ် ရွေ့လျားမှုရှိခဲ့သော်လည်း ပိတောက်ပန်း အများစုမှာ သင်္ကြန်ကာလတွင် ပွင့်ကြမြဲဖြစ်သည်။
သင်္ကြန်ပွဲတော်နှင့်ဘာသာရေး
သင်္ကြန်ကာလတွင် တရားစခန်းများ အများဆုံးဖွင့်လှစ်ပြီး သင်္ကြန်ပိတ်ရက်အတွင်း တရားအားထုတ်ကြသည်။ သင်္ကြန်ကာလအတွင်း သက်ကြီးရွယ်အိုများနှင့် ဘာသာရေးလေ့လာလိုက်စားသူများက ဘုရားကျောင်းကန်များတွင် သီလယူခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်းများ ပြုလေ့ရှိကြသည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း စတုဒိသာကျွေးမွေးခြင်း၊ နှစ်သစ်ကူးတွင် သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ခြင်း၊ လက်သည်း၊ ခြေသည်းလှီးခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်းတို့ဖြင့် ကုသိုလ်ယူကြလေ့ရှိသည်။
သင်္ကြန်ပွဲတော်နှင့်အနုပညာ
သင်္ကြန်ကာလတွင် သင်္ကြန်ပုံရိပ်ကို ထင်ဟပ်စေသော သီချင်းများ ဖွဲ့နွဲ့သီဆိုလေ့ရှိသလို သင်္ကြန်ကာလကို အခြေပြုသည့် ရုပ်ရှင်များလည်း ရိုက်ကူးထုတ်လွှင့်လေ့ရှိကြသည်။ ထို့ပြင် သင်္ကြန်အကနှင့် သင်္ကြန်သံချပ်များကလည်း သင်္ကြန်၏ပုံရိပ်ကို ပိုမိုပေါ်လွင်စေသည်။ “တူးပို့ တူးပို့” တီးလုံးသံကြားလျှင်ပင် မြန်မာလူမျိုးတို့၏ စိတ်တွင် သင်္ကြန်၏အရသာကို ထိတွေ့ခံစားမိကြသည်။ သင်္ကြန်သီချင်းများထဲတွင် မြို့မငြိမ်း၏ သင်္ကြန်တေးသီချင်းများမှာ ထင်ရှားသည်။ “မြနန္ဒာ”၊ “မန်းမြို့သူဇာမေ”၊ “ရှာပုံတော် မင်းသားကြီး” စသည့် တေးသီချင်းများမှာ သင်္ကြန်ကာလတိုင်း မရိုးနိုင်အောင် ဆိုကြတီးကြကကြသည့်သီချင်းများဖြစ်သည်။
သင်္ကြန်ပွဲတော်နှင့်အိမ်နီးချင်းနိုင်ငံများ
ထိုင်း၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများနှင့်ယူနန် စသည့်ဒေသများတွင်လည်း ရေသဘင်ပွဲတော်များ ဆင်နွှဲလေ့ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေးစနစ်များကြောင့် နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်ကြသည့်အတွက် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် နိုင်ငံခြားသားခရီးသွားများ ပါဝင်ဆင်နွှဲမှု များပြားလာသည်ကို တွေ့ရသည်။ ထို့ကြောင့် မိမိတို့လူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို မပျောက်ပျက်စေဘဲ သင်္ကြန်၏ အနှစ်သာရကို ပေါ်လွင်စေသည့် အကြောင်းအရာ၊ အပြင်အဆင်များဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြခြင်းဖြင့် မြန်မာ့ရိုးရာသင်္ကြန်၏ သွင်ပြင်သဏ္ဌာန်ကို မြှင့်တင်သွားကြရမည်ဖြစ်သည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပါဝင်လက်ရှိတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင် ပါဝင်နိုင်ခဲ့ပြီဖြစ်သည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဒီဇင်ဘာလ ၅ ရက်၌ တရားဝင်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် မြန်မာတို့၏ ရိုးရာအတာသင်္ကြန်တွင် ယဉ်ကျေးမှုနှင့် သွေဖည်သည့် အပြုအမူ၊ အပြောအဆိုများနှင့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများကို ရှောင်ရှား၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်မှ ရရှိလာသော လန်းဆန်းမှုများ၊ စိတ်ဓာတ်ခွန်အားများဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝများ သာယာဝ ပြောရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ခေတ်ကာလ၏ အပြောင်းအလဲများနောက်တွင် အကောင်းနှင့် အဆိုးက ဒွန်တွဲလိုက်ပါလာကြမည်သာဖြစ်သည်။ ကောင်းမွန်သည့်အကျင့်စရိုက်များကို ထိန်းသိမ်းပြီး မကောင်းသည့်အကျင့်စရိုက်ဆိုးများကို ဖယ်ရှားနိုင်မှသာ တိုးတက်သည့် လူမှုဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ခေတ်နှင့်မလျော်ညီသော အတွေးအခေါ်၊ အယူအဆများကို လိုအပ်လျှင် စွန့်ပစ်ရမည်ဖြစ်သလို မိမိတို့လူမှု အသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်သော အတွေးအခေါ်နှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ စိတ်စေတနာ အလှတရားကို အခြေခံကာ မြန်မာ့နှစ်သစ်ကူး ပွဲတော်ကို အဓိပ္ပာယ်ပြည့်ဝစေရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပေသည်။ ။
MWD

မြန်မာတို့၏ တစ်နှစ်တာကာလအတွင်း အထွတ်အမြတ်အထားဆုံးနှင့် အနှစ်သက်ဆုံးသော ပွဲတော်ကိုပြပါဆိုလျှင် တန်ခူးလ၏ သင်္ကြန်ပွဲတော်သည် ပြည်သူတို့၏ နှလုံးသားဝယ် ထာဝရကိန်းအောင်းနေသည့် ပွဲတော်တစ်ခုဖြစ်ပါသည်။ အတာရေစင်ဖြင့် အညစ်အကြေးတို့ကို ဆေးကြောသန့်စင်ကာ နှစ်ဟောင်းမှ အညစ်အကြေးများကိုပယ်၍ နှစ်သစ်ကို တည်ဆောက်ကြသည့် ဤအချိန်အခါသမယသည် မြန်မာ့ယဉ်ကျေးမှု၏အနှစ်သာရကို ဖော်ကျူးနေရုံသာမက နိုင်ငံတော်နှင့် ပြည်သူတို့၏ ငြိမ်းချမ်းသာယာရေးမျှော်မှန်းချက်များကိုလည်း တစ်ပါတည်း သယ်ဆောင်လာခြင်းဖြစ်ပါသည်။
တန်ခူးလ၏ သဘာဝအလှနှင့် သင်္ကြန်အကြိုကာလ
နွေဦးကဗျာကို ရေးထိုးသည့် ပိတောက်ရွှေဝါတို့နှင့်အတူ သင်္ကြန်၏အငွေ့အသက်များ စတင်လာပြီ ဖြစ်ပါသည်။ ပူပြင်းသောနေရှိန်အောက်တွင် လန်းဆန်းစိုပြည်သည့် သဘာဝအလှတရားတို့က ပြည်သူတို့၏စိတ်နှလုံးကို ပွဲတော်ဆီသို့ခေါ်ဆောင်သွားပြီး နှစ်ဟောင်းကုန်ဆုံးတော့မည့် နိမိတ်ပုံများကို ဖော်ဆောင်နေပါသည်။
အတာရေစင်နှင့် စိတ်ဓာတ်ခွန်အား သန့်စင်ခြင်း
ပူပြင်းသော နွေအပူကို အေးမြစေသည့် ရေစင်ဖြင့် စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးများကို ဆေးကြောသန့်စင်ကြပါသည်။ ထိုရေစင်သည် ကိုယ်ခန္ဓာကိုသာမက စိတ်အတွင်းသန္တာန်ရှိ အာဃာတနှင့် ဒေါသတရားတို့ကို ငြိမ်းအေးစေကာ နှစ်သစ်အတွက် စိတ်ဓာတ်ခွန်အားအသစ်များကို ပေးစွမ်းနိုင်ပါသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းခြင်း
ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် မဟာသင်္ကြန်၏ ခိုင်မာသောယဉ်ကျေးမှုအမြုတေကို ထိန်းသိမ်းရပါမည်။ ရိုးရာမပျက် ဝတ်စားဆင်ယင်မှု၊ စကားပြောဆိုမှုနှင့် ပြုမူနေထိုင်မှုတို့သည် မြန်မာ့ဂုဏ်ကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်စေသော အမွေအနှစ်များဖြစ်ပါသည်။
စည်းလုံးညီညွတ်ခြင်း၏ပြယုဂ် သင်္ကြန်ပွဲတော်
လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ တစ်ဦးပေါ်တစ်ဦး မေတ္တာဖြင့် ရေပက်ဖျန်းကြခြင်းသည် အမျိုးသားစည်းလုံးညီညွတ်မှုကို ခိုင်မာစေပါသည်။ ဤစည်းလုံးမှုအင်အားသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးသော ရိက္ခာတစ်ရပ်ပင်ဖြစ်ပါသည်။
ဘုရားကျောင်းကန်နှင့်ကုသိုလ်ပွားရာအတာကာလ
ပျော်ပွဲရွှင်ပွဲများအပြင် ဘာသာရေးအသိဖြင့် ကောင်းမှုကုသိုလ်ပြုကြသည့် မြတ်နိုးဖွယ်ဓလေ့သည် မြန်မာတို့၏ ဝိညာဉ်ပင်ဖြစ်ပါသည်။ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာကြားခြင်းဖြင့် နှစ်ဟောင်းကို ကုသိုလ်ဖြင့် နှုတ်ဆက်ကြပါသည်။
သက်ကြီးပူဇော်ပွဲနှင့် ကတညုတတရားပွားများခြင်း
လူကြီးမိဘများကို ခေါင်းဆေးမင်္ဂလာပြုပေးခြင်းနှင့် ကန်တော့ခြင်းတို့ဖြင့် ရိုသေလေးစားမှုကို ဖော်ကျူးကြပါသည်။ ဤကတညုတတရားသည် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာစေပြီး မိသားစုတန်ဖိုး ကိုမြှင့်တင်ပေးသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။
ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် မေတ္တာကမ္ဘာ
သတ္တဝါတို့၏အသက်ကို ဘေးမဲ့ပေးခြင်းဖြင့် ငြိမ်းချမ်းခြင်း၏အစပျိုးမှုကို ဖော်ဆောင်ကြပါသည်။ သတ္တဝါအားလုံး အေးချမ်းပါစေဟူသော မေတ္တာစိတ်သည် ကမ္ဘာလောကကြီးကို ပိုမိုလှပစေပြီး ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်လည်းဖြစ်ပါသည်။
သင်္ကြန်မုန့်လုံးရေပေါ်နှင့် ဝေမျှခြင်းအနုပညာ
စုပေါင်းလုပ်ဆောင်မှုနှင့် စေတနာရှေ့ထားသည့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းယဉ်ကျေးမှုသည် မြန်မာတို့၏ရက်ရောမှုကို ပြသနေပါသည်။ မုန့်လုံးရေပေါ်ပြုလုပ်ရာတွင် ပါဝင်သည့် စုပေါင်းအင်အားသည် အောင်မြင်မှု၏ လျှို့ဝှက်ချက်ပင် ဖြစ်ပါသည်။
နန်းတွင်းသင်္ကြန်မှသည် ပြည်သူ့သင်္ကြန်သို့
သမိုင်းကြောင်းအစဉ်အလာ ကြီးမားခဲ့သည့် မြန်မာ့သင်္ကြန်၏ ဖြစ်တည်မှုအဆင့်ဆင့်ကို ပြန်လည်လေ့လာခြင်းဖြင့် အမျိုးသားရေး ဂုဏ်သိက္ခာကို ခံစားသိရှိနိုင်ပါသည်။ ခေတ်အဆက်ဆက် မရိုးနိုင်သော အတာရေသဘင်သည် ပြည်သူတို့၏ အသည်းစွဲဖြစ်လာခဲ့ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပွဲတော်၏ကဏ္ဍ
ပြည်သူများ အေးချမ်းစွာပျော်ရွှင်နိုင်ခြင်းသည် နိုင်ငံတော်တည်ငြိမ်မှု၏ ပြယုဂ်ဖြစ်သကဲ့သို့ ပွဲတော်ကာလ တည်ငြိမ်အေးချမ်းမှုသည်လည်း နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်ပါသည်။ အေးချမ်းသော သင်္ကြန်သည် အေးချမ်းသောအနာဂတ်၏ အစပျိုး ခြင်းဖြစ်ပါသည်။
ယဉ်ကျေးသိမ်မွေ့သော ပျော်ရွှင်မှု အလေ့အထကို ပျိုးထောင်ခြင်း
အစဉ်အလာမပျက် ယဉ်ကျေးစွာ ကစားကြခြင်းဖြင့် မြန်မာ့ဂုဏ်ကို မြှင့်တင်ကြရပါမည်။ ကြမ်းတမ်း သောအပြုအမူများကို ရှောင်ကြဉ်ပြီး မွန်မြတ်သော အတာရေဖြင့် တစ်ဦးကိုတစ်ဦး ချစ်ခင်စွာဖျန်းပက်ကြရမည်ဖြစ်ပါသည်။
စီးပွားရေးကဏ္ဍနှင့် MSMEs များအပေါ် သင်္ကြန်၏ သက်ရောက်မှု
ဒေသထွက်ကုန်များနှင့် လက်မှုအနုပညာများ ပွဲတော်ကာလအတွင်း အရှိန်အဟုန်ရရှိလာခြင်းသည် ပြည်တွင်းစီးပွားရေးအတွက် အထောက်အကူပြုပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ဈေးကွက်သစ်များ ဖော်ဆောင်ပေးသည့် ကာလလည်း ဖြစ်ပါသည်။
ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသန္တရအလှများ
သင်္ကြန်ခရီးသွားလာမှုမှတစ်ဆင့် ပြည်တွင်း ခရီးသွားလုပ်ငန်းကိုမြှင့်တင်နိုင်ပြီး ဒေသအသီးသီး၏ ယဉ်ကျေးမှုနှင့်သဘာဝအလှများကိုလေ့လာခွင့် ရရှိစေနိုင်ပါသည်။ ဤသည်မှာ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့် အလမ်းကောင်းပင်ဖြစ်ပါသည်။
အနာဂတ်မျိုးဆက်သစ်တို့၏ ယဉ်ကျေးမှုတာဝန်
အနာဂတ်မျိုးဆက်သစ်တို့က မိမိတို့၏ရိုးရာကို တန်ဖိုးထားထိန်းသိမ်းရမည့် အသိစိတ်ရှိရပါမည်။ နောင်လာနောက်သားများထံသို့ မှန်ကန်သော ယဉ်ကျေးမှုအမွေအနှစ်များကို လွှဲပြောင်းပေးအပ် ရန်မှာ ယနေ့လူငယ်များ၏ တာဝန်ပင်ဖြစ်ပါ သည်။
နိုင်ငံတကာသို့ ပျံ့နှံ့သွားသည့် မြန်မာ့ရေသဘင်
ကမ္ဘာက အသိအမှတ်ပြုရသည့် မြန်မာ့အလှနှင့် အတာရေသဘင်၏ ထူးခြားချက်များသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်လျက်ရှိပါသည်။ ရိုးရာပွဲတော်သည် ကမ္ဘာ့ယဉ်ကျေးမှုမြေပုံပေါ်တွင် ထင်ရှားသောနေရာတစ်ခု ရရှိထားပြီးဖြစ်ပါသည်။
အဟောင်းကို စွန့်ပယ်၍ အသစ်ကို ကြိုဆိုခြင်း
အတိတ်မှအမှားများကို သင်ခန်းစာယူကာ ပိုမိုကောင်းမွန်သော နမူနာသစ်များ ဖော်ဆောင်ကြရပါမည်။ နှစ်ဟောင်းမှ မကောင်းသော အလေ့အထများကို အတာရေဖြင့် ဆေးကြောပြီး နှစ်သစ်တွင် သစ်လွင်သော စိတ်ကူးများဖြင့် စတင်ကြရမည် ဖြစ်ပါသည်။
နှစ်သစ်ကူးအဓိဋ္ဌာန်နှင့် အမျိုးသားရေး ရည်မှန်းချက်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်းစီမှ အားသစ်လောင်း အဓိဋ္ဌာန်ပြုကြရမည် ဖြစ်ပါမည်။ ကိုယ်စီတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်များသို့ အတူတကွ ချီတက်ကြရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ဦးတည်ခြင်း
သင်္ကြန်မိုးနှင့်အတူ တစ်နိုင်ငံလုံး အေးချမ်းသာယာစေမည့် ငြိမ်းချမ်းရေးမျှော်လင့်ချက်များ ထွက်ပေါ်လာမည်ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးသည် အားလုံး၏ဆန္ဒဖြစ်ပြီး နှစ်သစ်တွင် ထိုဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
စည်းကမ်းပြည့်ဝသော နှစ်သစ်ကူးအထိမ်းအမှတ်
စည်းစနစ်ကျနမှုဖြင့် နိုင်ငံတော်အဆင့် ဂုဏ်သိက္ခာကိုဖော်ဆောင်သည့် ပွဲတော်ဖြစ်စေရန် အားလုံးတွင် တာဝန်ရှိပါသည်။ စည်းကမ်းရှိသော ပျော်ရွှင်မှုသည် ဘေးအန္တရာယ်ကင်းဝေးစေပြီး မြင်ရသူအပေါင်းကို ကြည်နူးစေပါသည်။
ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြင့် နှစ်သစ်ကိုအလှဆင်ခြင်း
ပွဲတော်အပြီးတွင် လုပ်ငန်းခွင်အသီးသီးသို့ တက်ကြွစွာဖြင့် ပြန်လည်ဝင်ရောက်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ကြရပါမည်။ နှစ်သစ်၏ အားမာန်များဖြင့် မိမိတို့၏လုပ်ငန်းစွမ်းဆောင်ရည် ကိုမြှင့်တင်ကာ တိုင်းပြည်အကျိုးကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဆိုရပါလျှင် မဟာသင်္ကြန်ပွဲတော်သည် ရာသီစက်ဝန်း၏ အပြောင်းအလဲတစ်ခုမျှသာမဟုတ်ဘဲ မြန်မာပြည်သူ ပြည်သားများ၏ စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် သာယာဝပြောမှုကို ဖော်ဆောင်သည့် အမျိုးသားရေးပြယုဂ်တစ်ခုဖြစ်ပါသည်။ တန်ခူးလ၏ ပူပြင်းမှုအောက်တွင် ပိတောက်ရွှေဝါတို့က လန်းဆန်းမှုကို ပေးစွမ်းသကဲ့သို့ အတာရေစင်သည်လည်း လူတို့၏ စိတ်နှလုံးကိုအေးမြ စေပါသည်။ သင်္ကြန်ပွဲတော်မှရရှိလိုက်သော စုပေါင်းအင်အား၊ သည်းခံခွင့်လွှတ်ခြင်းနှင့် မေတ္တာတရား တို့ကိုအခြေခံ၍ ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ကို ဝိုင်းဝန်းတည်ဆောက်ကြရမည် ဖြစ်ပါသည်။
နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင် လွင့်ပျောက်ကာ၊ နှစ်သစ်တွင် သန့်ရှင်းလတ်ဆတ်သော စိတ်ဓာတ်များဖြင့် နိုင်ငံတော်၏အနာဂတ်ကို အလှဆင်ကြပါစို့ဟု တိုက်တွန်းရင်း မဟာသင်္ကြန်မှသည် ငြိမ်းချမ်းသာယာသော နှစ်သစ်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဂုဏ်ယူစွာ ရေးသားအပ်ပါသည်။ ။
moi

ယနေ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (Cultural and Creative Industries – CCIs)သည် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ဦးတည်လာသည်။ အကြောင်းမူကား ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများသည် ယဉ်ကျေးမှုအရင်းအမြစ်များနှင့် လူသားတို့၏တီထွင် ဖန်တီးနိုင်စွမ်းကို အသုံးပြု၍ စီးပွားရေးတန်ဖိုး၊ လူမှုရေးတန်ဖိုးနှင့် ယဉ်ကျေးမှုတန်ဖိုးတို့ကို မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံများစွာတွင် ဖွံ့ဖြိုးရေးမဟာဗျူဟာချမှတ်ရေး၌ထည့်သွင်းရေးဆွဲ၍ အလေးပေးဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာလက်မှုပညာရပ်များ ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများကို မြှင့်တင်ပေးနိုင်ရေးတွင် အခွင့်အလမ်းများစွာရှိသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (Cultural and Creative Industries–CCIs) ဆိုသည်မှာ ယဉ်ကျေးမှု(Culture)၊ တီထွင်ဖန်တီးမှု(Creativity)၊ အသိပညာ (Knowledge)နှင့် ဉာဏမူပိုင်ခွင့်(Intellectual Property)တို့ကို အခြေခံ၍ ယဉ်ကျေးမှုဆိုင်ရာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဖန်တီးထုတ်လုပ်ပြီး ယဉ်ကျေးမှုတန်ဖိုး၊ စီးပွားရေးတန်ဖိုးနှင့် လူမှုရေးတန်ဖိုးများ ဖန်တီးမြှင့်တင်ပေးသောလုပ်ငန်းများဟု ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (United Nations Educational, Scientific and Cultural Organization - UNESCO)က ဖွင့်ဆိုထားသည်။
တစ်နည်းအားဖြင့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (CCIs)သည် ယဉ်ကျေးမှုအရင်းအမြစ်များနှင့် ဖန်တီးမှုစွမ်းရည်များကို အသုံးပြု၍ အလုပ်အကိုင်ဖန်တီးခြင်း၊ စီးပွားရေး တိုးတက်မှုကိုအားပေးခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ အတွက် ဆောင်ရွက်သည့် လုပ်ငန်းများပင်ဖြစ်ပေသည်။
ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (CCIs) တွင် အောက်ဖော်ပြပါကဏ္ဍများ ပါဝင်သည်-
- ဖျော်ဖြေရေးအနုပညာ (ကပွဲ၊ ပြဇာတ်၊ ရိုးရာအကအလှ)၊
- အနုပညာ (ပန်းချီ၊ ပန်းပုနှင့်လက်ရာအနုပညာများ)၊
- ရုပ်ရှင်နှင့် မီဒီယာ၊
- ဂီတ၊
- ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊
- ရိုးရာလက်မှုပညာနှင့် ဒီဇိုင်းလုပ်ငန်း၊
- ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆက်စပ်သော ဒစ်ဂျစ်တယ်တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်း။
မြန်မာ့ရိုးရာလက်မှုပညာများ၏အခန်းကဏ္ဍ
မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ(Myanmar’s Intangible Cultural Heritage) ဖြစ်သည့် ရိုးရာလက်မှုပညာများနှင့် ရိုးရာအနုပညာများသည် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများပင်ဖြစ်ပေသည်။
ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း အစရှိသည့် မြန်မာ့ပန်းဆယ်မျိုး လက်မှုအနုပညာများသည် အနုပညာတန်ဖိုးရှိရုံသာမက စီးပွားရေးတန်ဖိုးကိုလည်း ဖန်တီးပေးနိုင်သော ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများ(CCIs) ဖြစ်သည်။
အထူးသဖြင့် ပုဂံဒေသတွင် ထင်ရှားလျက်ရှိသည့် ပန်းယွန်းလုပ်ငန်းသည် ရိုးရာဒီဇိုင်းများ၊ အနုပညာလက်ရာများနှင့် အတတ်ပညာများပေါင်းစပ်ထားသည့် ယဉ်ကျေးမှုထုတ်ကုန်များဖြစ်သည်။ အဆိုပါထုတ်ကုန်များသည် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ ခရီးသွားဈေးကွက်ဖွံ့ဖြိုးရေးနှင့် လက်မှုပညာရှင်များ၏ အသက်မွေးဝမ်းကျောင်းတို့ကို အထောက်အကူပြုသည့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းဖြစ်ပေသည်။
လက်မှုပညာများသည် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပေးရုံသာမက ခရီးသွားလုပ်ငန်းနှင့် ပေါင်းစပ်၍ ဒေသခံပြည်သူများအတွက် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ သို့ဖြစ်ပါ၍ စီးပွားရေးတန်ဖိုးနှင့် လူမှုရေးတန်ဖိုးတက်စေသည့်အပြင် ယဉ်ကျေးမှုမူပိုင်ကိုလည်းဖြစ်စေသည်။ ထို့ကြောင့် CCIs များသည် ယဉ်ကျေးမှုအရင်းအမြစ်များကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာတန်ဖိုးများအဖြစ် ပြောင်းလဲပေးနိုင်သော အရေးပါသည့် လုပ်ငန်းများပင်ဖြစ်ပေသည်။
ယဉ်ကျေးမှုခရီးသွားလုပ်ငန်း
မြန်မာနိုင်ငံတွင် ခရီးသွားလာရေးအတွက် အထင်ကရနေရာ များစွာရှိသည့်အနက် ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသလည်း ဖြစ်သည်။ ပုဂံဒေသတွင် စေတီပုထိုးများ၊ ရှေးဟောင်းဗိသုကာ လက်ရာများနှင့် လက်မှုပညာရပ်များသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသော အရင်းအမြစ်များပင်ဖြစ်ပေသည်။
ထို့ပြင် ရိုးရာအစားအစာဖြစ်သည့် ပုံးရည်ကြီး၊ ထန်းလျက်၊ ယိုမျိုးစုံနှင့် လက်မှုပစ္စည်းများဖြစ်သည့် ယွန်းထည်၊ ချည်ထည်စသည့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်း (CCIs)တို့သည်လည်း ပုဂံဒေသ၌ ထင်ရှားစွာရှင်သန်လျက်ရှိပြီး ခရီးသွားဝင်ငွေတိုးတက်စေခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းတို့ကိုဖြစ်ပေါ်စေသည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များ စာအုပ်ထုတ်ဝေမှု
UNESCO က ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော “Backstage: Managing creativity and the arts in South-East Asia” စာအုပ်တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ ကိုးနိုင်ငံ၏ တီထွင်ဖန်တီးမှုကဏ္ဍဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ဖော်ပြထားပါသဖြင့် online ဖြင့် အခမဲ့ဝင်ရောက်ဖတ်ရှုနိုင်သည်။
(https://unesdoc.unesco.org/ark:/48223/pf0000381380)
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု
Mekong Institute (MI) သည် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (MKCF)၏ ပံ့ပိုးမှုဖြင့် “Creative4Mekong” စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် မဲခေါင်ဒေသတွင်းနိုင်ငံများ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်)မှ ကိုယ်စားလှယ်များသည် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ အတွေ့အကြုံဖလှယ်ခဲ့ကြသည်။
မြန်မာနိုင်ငံမှ ပုဂံမြို့ရှိ အနုပညာ၊ လက်မှုပညာနှင့် ဒီဇိုင်းနယ်ပယ်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံ၏ ဉာဏမူပိုင်ခွင့် ကာကွယ်ရေးစနစ်နှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို လေ့လာခွင့်ရရှိခဲ့ကြသည်။
ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အာဆီယံနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် အာဆီယံဒေသတွင်း၌ ချမှတ်ထားသော ယဉ်ကျေးမှုဆိုင်ရာ အရေးပါသောမူဝါဒများနှင့် ကြေညာစာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးက ထောက်ခံချက် (Endorsement)ပေး၍ အာဆီယံထိပ်သီး အစည်းအဝေးများ၌ အတည်ပြုခြင်း(Adoption)နှင့် အသိအမှတ်ပြုခြင်း(Notation)များ ဆောင်ရွက်ကြသည်။
ထိုအနက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့၌ အတည်ပြုခဲ့သည့် တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး လိုက်လျောညီထွေဖြစ်သောအာဆီယံ အသိုက်အဝန်းကို ယဉ်ကျေးမှုနှင့် ဖန်တီးမှုစီးပွားရေး မြှင့်တင်ခြင်းဆိုင်ရာကြေညာစာတမ်း "Siem Reap Declaration on Promoting a Creative and Adaptive ASEAN Community to Support the Cultural and Creative Economy" သည် အရေးပါသော ကြေညာစာတမ်းတစ်ရပ်ဖြစ်သည်။ ဤကြေညာစာတမ်းသည် ယဉ်ကျေးမှု၊ အနုပညာကဏ္ဍများနှင့် စီးပွားရေးပြန်လည် နာလန်ထူရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အထောက်အကူပြုရန်ရည်ရွယ်သည်။
ကြေညာစာတမ်းကို ချမှတ်ခဲ့ရသည့်အကြောင်းရင်းများ နောက်ခံသမိုင်း
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (AMCA)၌ ကိုဗစ် -၁၉ ရောဂါကြောင့် ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍအပေါ် သက်ရောက်မှုနှင့် အနာဂတ်တွင် ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။
အာဆီယံဒေသတွင်းအဓိပ္ပာယ်ဖွင့်ဆိုချက်
ဆက်လက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာဆီယံဒေသတွင်း တီထွင်ဖန်တီးမှုစီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ(ARWCE)တွင် အာဆီယံတီထွင် ဖန်တီးမှုစီးပွားရေး (ASEAN Creative Economy – ACE)ကို “အမွေအနှစ်၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဒီဇိုင်း၊ သိပ္ပံနှင့် မီဒီယာပညာတို့အပေါ် အခြေခံသည့်လူသား၏ တီထွင်ဖန်တီးနိုင်စွမ်းမှပေါ်ထွန်းလာသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ” ဟုသတ်မှတ်ဖွင့်ဆိုခဲ့သည်။
ACRF နှင့်ဆက်စပ်မှု
ထို့ပြင် အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework –ACRF) တွင်လည်း ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှု စီးပွားရေးကို ကိုဗစ်-၁၉ ရောဂါနောက်ပိုင်း စီးပွားရေးပြန်လည် နာလန်ထူရေးအတွက် အရေးပါသည့်ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်လာကြသည်။
အာဆီယံကြေညာစာတမ်းများ၏ အရေးပါမှု
အဆိုပါကြေညာစာတမ်းသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်း၊ CCIs များ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးခြင်း၊ ဒေသတွင်းယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းတို့ကို အဓိကရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်သည့်အတွက် အာဆီယံဒေသတွင်း၌ အရေးပါလှသည်။
ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ် လုပ်ဆောင်ချက်များ
အာဆီယံနိုင်ငံများသည် CCIs များ ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်း၊ ယဉ်ကျေးမှုလက်မှုပညာ ဖန်တီးသူများ၏ စွမ်းရည်မြှင့်တင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာပြန့်ပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုတိုးမြှင့်ရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် CCIs များသည် အာဆီယံဒေသ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်လာရန်မျှော်မှန်းသည်။
ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးဖန်တီးခြင်းဆိုင်ရာ မလက်ကာကြေညာစာတမ်း ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးဖန်တီးခြင်းဆိုင်ရာ မလက်ကာကြေညာစာတမ်း (Melaka Declaration On Cultural Heritage Value Creation)ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် အာဆီယံဒေသတွင်း၌ ချမှတ်အတည်ပြုခဲ့ကြသည်။
အဆိုပါကြေညာစာတမ်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာယဉ်ကျေးမှု အမွေအနှစ်များကို ခွဲခြားသတ်မှတ်ရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန်၊ အခွင့်အရေးရရှိရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်သည်။ ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ထားသည်။
ကြေညာစာတမ်းပါ အဓိက သဘောတူညီချက်ကြီး(၅)ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁) ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးကွင်းဆက်များအား အဖွဲ့အစည်းဆိုင်ရာ အထောက်အပံ့ဖြင့် မြှင့်တင်ရန် နိုင်ငံအဆင့် ဥပဒေပြုချက်များ၊ ဒေသတွင်းမူဘောင်များ ချမှတ်မှုအားကောင်းခိုင်မာစေခြင်း၊
(၂) ဝင်ငွေနှင့် အလုပ်အကိုင်အရင်းအမြစ်အသစ်များဖန်တီးနိုင်ရေး ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးဖန်တီးမှုအတွက် စီးပွားရေးပုံစံသစ်များဖော်ဆောင်ခြင်း၊
(၃) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးနှင့် တန်ဖိုးဖန်တီးရေးတို့တွင် စွမ်းဆောင်ရည်နှင့် အရည်အချင်းမြှင့်တင်ရန် အမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်နေသူများ၊ ဥပဒေ၊ အကောက်ခွန်နှင့်သက်ဆိုင်ရာ အရာရှိများအတွက် လေ့ကျင့်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊
(၄) ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းတို့အကြား ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက် ဆက်ဆံရေးများ အားကောင်းစေခြင်း၊
(၅) ချောမွေ့ပြီး ထိရောက်သော အကောင်အထည်ဖော်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိစေရေး မူဘောင်လုပ်ငန်းစဉ်တစ်ရပ်မှတစ်ဆင့် စောင့်ကြည့်အကဲဖြတ်မှုကိုမြှင့်တင်ခြင်း။
အာဆီယံဒေသတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများ
ထိုသို့ အာဆီယံဒေသတွင်း CCIs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နေပါသော်လည်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ ရန်ပုံငွေရှားပါးမှု၊ ဉာဏမူပိုင်ခွင့် အကာအကွယ်အားနည်းမှု၊ ခေတ်မီနည်းပညာ သုံးစွဲနိုင်မှုနည်းပါးခြင်း၊ ဈေးကွက်ချဲ့ထွင်ရေး အားနည်းခြင်း၊ မျိုးဆက်သစ်လက်မှုပညာရှင်များ ရှားပါးလာခြင်းနှင့် ကုန်ကြမ်းပစ္စည်းရရှိရေး အခက်အခဲများပင်ဖြစ်ပေသည်။
ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (CCIs) သည် ယနေ့ခေတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍဖြစ်ရုံသာမက လူမှုအသိုက်အဝန်း၏ ယဉ်ကျေးမှုကို တိုးတက်မြှင့်တင်နိုင်ပြီး ဖန်တီးနိုင်စွမ်းကိုလည်း အားပေးထောက်ပံ့ပေးသည်။ မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာလက်မှုပညာများ ကြွယ်ဝစွာတည်ရှိရာ နိုင်ငံဖြစ်သဖြင့် CCIs ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဒေသတွင်း၌ အလားအလာကောင်းများရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ရပ်တည်နေသည်။
ယွန်းထည်လုပ်ငန်းအပါအဝင် ရိုးရာအနုပညာနှင့် လက်မှုပညာရပ်များကို စနစ်တကျထိန်းသိမ်း မြှင့်တင်နိုင်ပါက ယဉ်ကျေးမှု အမွေအနှစ်များ၏ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်သည့် အပြင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုဘဝဖူလုံရေးတို့ကိုပါ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အာဆီယံအဆင့် ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ချမှတ်ထားသော မူဝါဒများနှင့် ကြေညာစာတမ်းများသည်လည်း မြန်မာနိုင်ငံ၏ CCIs ကဏ္ဍ မြှင့်တင်ရေးအတွက် အရေးပါလှသည်။
သို့ရာတွင် အဆိုပါအလားအလာများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ကျော်လွှားရမည့် စိန်ခေါ်မှုများလည်း ရှိနေသေးသည်။ သို့ဖြစ်ပါ၍ CCIs လုပ်ငန်းများအတွက် သီးသန့်မူဝါဒနှင့် မဟာဗျူဟာများချမှတ်ခြင်း၊ ဉာဏမူပိုင်ခွင့်ကာကွယ်ရေးဥပဒေများကို ထိထိရောက်ရောက် ပြဋ္ဌာန်းအကောင်အထည်ဖော်နိုင်ရန် အရေးကြီးလှသည်။
CCIs လုပ်ငန်းများအတွက် အထူးရန်ပုံငွေအစီအစဉ်များဖန်တီးခြင်း၊ ဘဏ်ချေးငွေရယူနိုင်ရေးကို လွယ်ကူချောမွေ့စေခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခြင်းတို့ ဆောင်ရွက်သင့်လှသည်။ ယဉ်ကျေးမှုနှင့် သက်ဆိုင်သူများ၊ လက်မှုပညာရှင်များအတွက် ခေတ်မီစီးပွားရေးစီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု၊ ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ သင်တန်းများစနစ်တကျ ပြုလုပ်ပေးရန်လည်း လိုအပ်သည်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် အွန်လိုင်းဈေးကွက်များဖန်တီးခြင်း၊ ဒစ်ဂျစ်တယ်အနုပညာလက်ရာများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးခြင်း၊ e-Commerce စနစ်များနှင့် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ခြင်းတို့သည် ယနေ့ခေတ်ကာလ၌ မလွှဲမရှောင် လိုအပ်သည်။
မဟာဗျူဟာများချမှတ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် သီးခြားဆောင်ရွက်နေရုံမျှ ဆောင်ရွက်နေခြင်းသည် လုံလောက်မှုမရှိနိုင်ပါ။
အဆိုပါလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန် အစိုးရဌာနများအကြား၊ အစိုးရနှင့် ပုဂ္ဂလိကအကြား၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများအကြား၊ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာတည်ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။
ဘက်စုံပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ မဟာဗျူဟာများချမှတ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းရည်မြှင့်တင်မှုနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုတို့ကို စနစ်တကျ အကောင်အထည်ဖော်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ CCIs ကဏ္ဍသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်ပေမည်။ ထို့ပြင် အာဆီယံဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အဓိကမောင်းနှင်အား တစ်ရပ်အဖြစ် ပါဝင်လာနိုင်မည်မှာ ဧကန်အမှန်ပင်ဖြစ်ပါကြောင်း အလေးအနက်ထား၍ ရေးသား တင်ပြလိုက်ရပါသည်။ ။

မြန်မာနိုင်ငံအတွင်း၌ ယခုမျက်မှောက်ကာလတိုင်အောင် မြတ်စွာဘုရား၏သာသနာတော် ထင်ရှားတည်ရှိကာ ပြန့်ပွားစည်ပင် ထွန်းကားနေခြင်းမှာ သံဃာတော်များနှင့် ဗုဒ္ဓဘာသာ ဒါယကာ၊ ဒါယိကာမတို့သာသနာ့ အကျိုးအတွက် တက်ညီလက်ညီ ဆောင်ရွက်လာခဲ့သောကြောင့်ဖြစ်သည်။ ရဟန်းရှင်လူပြည်သူတို့ လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး သာသနာတော်သည် တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။
သံဃာတော်များက ပရိယတ္တိသာသနာဖြစ်သော အခြေခံပဓာန သာသနာတော်ကို သင်ကြားပို့ချကာ မပျောက်မပျက်အောင် ဆောင်ရွက်တော်မူကြသည်။ ဒကာ၊ဒကာမတို့ကိုလည်း မိမိတို့ဆောင်ရွက်ပို့ချနေသော ပရိယတ္တိအတွင်းမှ သင့်လျော်ရာရာ ပဋိပတ်တရားတော်များကို အခါအားလျော်စွာဟောကြားတော်မူကြသည်။
သာသနာတော်မကွယ်ပျောက်အောင် စောင့်ရှောက်ဆောင်ရွက်တော်မူကြသော သံဃာတော်များအား ဒါယကာ၊ ဒါယိကာမတို့က ပစ္စည်းလေးပါးမျှတတော်မူစေရန်နှင့် မိမိကိုယ်တိုင်ဒါနမင်္ဂလာဖြစ်စေရန် ရည်သန်လျက် မိမိတို့စွမ်းအားရှိသလောက် အားပေးချီးမြှောက် လှူဒါန်းကြသောအားဖြင့် တစ်ဖက်တစ်လမ်းမှ သာသနာတော်ကိုစောင့်ရှောက် ထိန်းသိမ်းလျက်ရှိကြသည်။ ဤသို့သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်အလှူရှင်တို့သည် မြတ်စွာဘုရား၏ သာသနာတော်ကို ဦးထမ်းပဲ့ထမ်းဆိုဘိသကဲ့သို့ လည်းကောင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသကဲ့သို့လည်းကောင်း၊ သင်္ဘောစီးခရီးသွားလူများနှင့် သင်္ဘောကဲ့သို့လည်းကောင်း အညမညပစ္စည်းပြု၍ မိမိတို့၏ အကျိုးကျေးဇူးအပါအဝင်ဖြစ်သော သာသနာတော်ကြီးကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့တိုင်အောင်လည်း ဆောင်ရွက်လျက်ရှိကြသည်။
မြန်မာလူမျိုးတို့သည် ဆယ့်နှစ်လရာသီကာလပတ်လုံး ကြည်နူးချမ်းမြေ့ဖွယ်၊ ကုသိုလ်ယူဖွယ် ကောင်းလှသည့်အလှူမင်္ဂလာပွဲတော်များကို ကျင်းပလျက်ရှိကြသည်။ နှစ်ဦးတန်ခူးလမှတပေါင်းလ တိုင်အောင်ကုသိုလ်ကောင်းမှု ဒါနအစုစုတို့ဖြင့် စည်ကားလျက်ရှိသောရွှေနိုင်ငံဖြစ်သည်။ အထူးအားဖြင့်တပေါင်းလသည် မြန်မာလူမျိုးများအထွတ်အမြတ် ထားသည့်လတစ်လဖြစ်သည်။ အမျိုးဘာသာသာသနာအတွက် ထင်ရှားစွာမှတ်တမ်းပြုနိုင်သည့်လဖြစ်သည်။
ဗုဒ္ဓသာသနာတော်အတွက် လွန်စွာကြည်နူးကြည်ညိုဖွယ် ကောင်းသည့်လဖြစ်သည်။ မြတ်စွာဘုရားရှင်အား ကပိလဝတ်ရွှေနန်းတော်သို့ကြွရောက်၍ တရားဟောကြားသည့် လပြည့်နေ့အဖြစ်ကြည်ညိုနိုင်သည်။
တပေါင်းလနှင့်ပတ်သက်၍ ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်လရာသီဘွဲ့များတွင် “ပန်းရွှေဖီကြိုင်လှောက်လို့၊ ပိတောက်ကယ်တဲ့ သင်းချို။ ဥတ္တရာဘရဂုဏ်က၊ တိမ်ဘုံမှာရောင်ခြည်လင်းလို့၊ လမင်းသော်တာနှင့်၊ တူမကွာထိန်ဝါလဲ့၊ ထွန်းတဲ့ခါကို။ သောင်သဲငယ်မို၊ ရေညိုရစ်မို့။ လေညင်းငယ်လာ၊ စုံဟေမာမြိုင်ထဲက၊ ဝမ်းဘဲ ရွှေစင်ရော်တို့၊ ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊ မြူးကျော်ကြလို့” ဟူ၍ဝန်းကျင်သဘာဝ၏ သာယာပုံကိုဖွဲ့ဆိုထားသည်။ တပေါင်းလသည် ရွက်ဟောင်းကြွေ၍ ရွက်သစ်များ ဝေဆာအောင်လှပနေသည့်အချိန်ကာလဖြစ်သည်။ ရှေးစာဆိုတို့သည် တပေါင်းလသာယာပုံကို အထူးတလည်ဖွဲ့ဆိုကြသည်။ ပရိတ်ကြီး(၁၁)သုတ်တွင်ပါဝင်သည့် ရတနသုတ်တွင် နွေဦးအစတပေါင်းလ၌ အပင်တိုင်း ပင်လုံးကျွတ်ပွင့်သောတောအုပ်သည် အသရေရှိလှဘိသကဲ့သို့ဟူ၍ ဘုရားရှင်မိန့်ကြားခဲ့သော အနှိုင်းစကားက တပေါင်းလ၏သာယာပုံကို အလေးအနက်ဖော်ညွှန်းလျက်ရှိသည်။
ထို့ပြင် တပေါင်းလသည် ရာသီဥတုကြည်လင်သည့်အတွက် ခမည်းတော်စံရာ ကပိလဝတ်ပြည်သို့ကြွတော်မူလာရန် ကာဠုဒါယီမဟာထေရ်က ဘုရားရှင်ကိုလျှောက်ထားသော ဂါထာများတွင် ဆောင်းကူးနွေစ တပေါင်းလသာယာပုံကို လျှောက်တင်ခန်း၌ “တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲစ၊ ကာလသာထွေ၊ ဆောင်းနွေဆိုးဆမ်း၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များတို့၊ ဘုရားမြတ်စွာ၊ ဖူးအံ့ခါကား၊ သာယာသောတိ၊ ကြွဘွယ်ရှိစ၊ ခရီးဆစ်ပိုင်း၊ လမ်းစဉ်တိုင်းတုံ၊ သစ်ကိုင်းညွန့်လန်း၊ ဂနိုင်ပန်းတို့၊ ထက်ဝန်းဖြင်မျှ၊ ပွင့်လတ်ကြသော်၊ ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ဝတ်ရက်ယူယူ၊ ချစ်မူဘော်နှော၊ ရဂုံတောဝယ်၊ ဥဩကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ၊ ခုန်ပျံပြေးသွား၊ တပင်နားလျက်၊ ပင်ဖျားပင်ခြေ၊ မွမ်းမွမ်းထွေလျက်” စသည်ဖြင့် ပေလေးပင် ရှင်လေးပါးသိုက်ဝင် တောင်တွင်းရှင်အုန်းညိုက ဂါထာခြောက်ဆယ်ဖြင့်ရေးဖွဲ့ထားသည်။
တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရုအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊
ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး ၁၄၆ ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးတစ်ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။
၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့တွင် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
ဆရာတော်ကြီးများသည် သာသနာတော်ကို ဆောင်ရွက်နေကြသော ဆရာတော်ကြီးများဖြစ်သောကြောင့် ဆရာတော်ကြီးများကိုပူဇော်ခြင်းသည် သာသနာတော်ကိုချီးမြှောက် ပူဇော်ခြင်းပင်ဖြစ်သည်။
ဣဿရိယ၊ ဓမ္မ၊ ယသ၊ သီရိ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏ သာသနာတော်မြတ်ကို သာမန်ပုဂ္ဂိုလ်တို့ ဆောင်ရွက်နိုင်ကြသည် မဟုတ်ပေ။ ရှေးဘုန်းရှေးကံအလွန်ရှိသော ပုဂ္ဂိုလ်တို့သည်သာလျှင် မြတ်စွာဘုရား သာသနာတော်ကို အားပေးချီးမြှောက်ခွင့် ရရှိကြသည်။ နိုင်ငံတော်အစိုးရနှင့်ဗုဒ္ဓနွယ်ဝင် သူတော်စင်အပေါင်းတို့မှာ ရှေးဘုန်းရှေးကံရှိသောကြောင့်သာလျှင် ယခုကဲ့သို့သာသနာတော်ကို အားပေးချီးမြှောက် ပူဇော်ခြင်းပြုနိုင်ကြခြင်းဖြစ်သည်။ မြတ်စွာဘုရား၏ သာသနာတော်သည် ဘုန်းကံနည်းပါးသူတို့၏ အရာမဟုတ်ပေ။
သဗ္ဗညုတဉာဏ်တော်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သာသနာတော်ကို အသိဉာဏ် အမြင်ဉာဏ်ရှိသောပုဂ္ဂိုလ်တို့သည်သာလျှင် မြတ်နိုးခြင်း၊ ပူဇော်ခြင်းတို့ကိုပြုနိုင်ကြသည်။ ထို့ပြင် ကံနှင့်ကံ၏
အကျိုးကို ယုံကြည်ခြင်း၊ ရတနာသုံးပါးတို့၏ ဂုဏ်ကိုယုံကြည်ခြင်း၊ သဒ္ဓါတရားနှင့်ပြည့်စုံခြင်းတို့ရှိမှလည်း အားပေးပင့်ထောက် ချီးမြှောက်နိုင်ကြပေမည်။ ကံဆိုသည်မှာမြန်မာစကားနှင့် တိုက်ရိုက်ပြန်ဆိုလျှင် အလုပ်ပင်ဖြစ်သည်။ အလုပ်ကောင်းလျှင် ကံကောင်းသည်။ အလုပ်မကောင်းလျှင် ကံမကောင်း၊ အလုပ်ကောင်း၊ ကံကောင်းက ကောင်းကျိုးကျေးဇူးကိုရမည်။ ဘုရား၊ တရား၊ သံဃာတို့၏စစ်မှန်သောဂုဏ်၊ တကယ်ရှိသောဂုဏ်တို့ကို ယုံကြည်ကြရမည်။ ယုံကြည်မှသာလျှင် ထိုဘုရား၏သာသနာတော်ကို အားပေးပင့်ထောက် ချီးမြှောက်နိုင်မည်။ ဤကဲ့သို့သော သဒ္ဓါတရားနှင့်ပြည့်စုံက ယုံကြည်မှုရှိကြသောကြောင့်လျှင် ဤကဲ့သို့ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း၊ ဆွမ်းဆန်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူနိုင်ကြခြင်းဖြစ်သည့်အတွက် မြင်ရသူ၊ ကြားရသူအပေါင်းကလည်း သာဓုခေါ်ဆိုကာ စေတနာပီတိဂွမ်းဆီထိသကဲ့သို့ဖြစ်ကြရသည်။
တပေါင်းလပြည့်ကျော် ၁ ရက်မှ တန်ခူးလပြည့်အထိသည် နွေဥတုလေးလတွင်ပါဝင်သည်။ နွေရာသီတွင် မြန်မာတို့သည် အလှူအတန်းကို စိတ်လက်ချမ်းသာစွာ ပြုမူဆောင်ရွက်ကြသည်။ မိုးလေကင်းလွတ်သည့် လဖြစ်သည့်အတွက် စည်ဗြောသံတညံညံနှင့် သာသနာ့အောင်လံလွှင့်ထူထားသည့် အလှူမင်္ဂလာမဏ္ဍပ်များကို နိုင်ငံအနှံ့အပြားတွင် မြင်တွေ့ရသည်။
ရှေးခေတ်ပုဂံပြည်ကဗျာတွင်ဆရာဇော်ဂျီက “စေတီနဲ့တန်ဆောင်း၊ ဆည်ချောင်းနဲ့စပါးနှံ၊ ရွှေပေါက္ကံပြည်တစ်ကြောမှာ၊ ပေါချင်တိုင်း ပေါတဲ့ပြင်၊ ဝပြောတဲ့သာသနာ၊ ခေါင်းလောင်းသံ ညံမစဲရယ်နဲ့၊ ပုဂံပွဲသာလွန်းလို့၊ လာသူလာ သွားသူသွား၊ လယ်တွင်းသား၊ ပြည်တော်သား၊ အသည်သား မင်းမှုထမ်း၊ တစ်စိတ်ဝမ်းတစ်လက်ညီ၊ ပြည်ရေးကို ပြိုင်တူချီကြတော့၊ ပြည်တော်မြတ်ပဲ့တင်သံ၊ ဘဝဂ်က ပြန်ပါရော့” ဆိုသည့်အတိုင်း သာသနာ ထွန်းကားမှုကြုံကြိုက်သည့် အခါကာလတွင် မြန်မာနိုင်ငံမှာ သာယာလှပနေမည်သာဖြစ်သည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအထွန်းကားဆုံး နိုင်ငံဖြစ်သည့်အလျောက် ဘာသာရေးဆိုင်ရာ ပွဲတော်များ၊ဘာသာရေးဆိုင်ရာ အခမ်းအနားများမှာလည်း ဆယ့်နှစ်လရာသီကာလပတ်လုံး ကျင်းပလျက်ရှိသည်။
ထို့အတူ နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ သာသနာကိုချီးမြှင့် မြှောက်စားသည့် နိုင်ငံ့ခေါင်းဆောင်များလက်ထက်တွင် သာသနာသည်စည်ပင်ဖွံ့ဖြိုးသလို နိုင်ငံသည်လည်း သာယာဝပြောလျက်ရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူများစည်းလုံးညီညွတ်စွာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတိုင်းတွင် အားလုံးသည်တက်ညီလက်ညီ ရှိနေမည်ဆိုပါက “ဤကမ္ဘာတွင် ပြည်မြန်မာရယ်လို့ ဝင်းခဲ့သတဲ့၊ သည်မင်း သည်ပြည်ထောင်ဖြင့်၊ မလေးမောင် ချစ်မငြီးနိုင်ဘု” ဆိုသကဲ့သို့ကြည်နူးဖွယ်ဖြစ်နေပေလိမ့်မည်။ ယခုအချိန်ကာလမှာ အချိန်ကောင်း၊ အခါကောင်း၊ လတပေါင်းဟုဆိုရပေမည်။
ထို့ကြောင့် ဤသို့သောလှူဒါန်းမှုမြတ်ဒါနကြောင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ချစ်ကြည်ဖြူကာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း မကောင်းသောဘေးရန်များမှကင်းဝေး၍ ကောင်းသောစီးပွား လာဘ်လာဘဖြင့်ပြည့်စုံကြွယ်ဝကြပါစေ။ နိုင်ငံတော်ကြီး အေးချမ်းသာယာ၍ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ကာ ရဟန်းရှင်လူပြည်သူ အပေါင်းတို့သည်လည်း ချမ်းသာကိုယ်စိတ်မြဲကြပါစေကြောင်း ဆုတောင်းရင်း ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။ ။

ကျွန်တော်တို့ လေ့လာရေးအဖွဲ့သည် ပြင်ဦးလွင်မှဆင်းလာပြီး မန္တလေးနန်းတွင်းသို့ ဦးစွာဝင်ကြသည်။ နန်းတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့်ပြတိုက်ကို လှည့်ပတ်မကြည့်ရှုမီ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာအောင်ကို နှုတ်ဆက်ခဲ့သည်။ နန်းတွင်းကိုလည်ပတ်ပြီးနောက် နန်းတွင်းရှိ သစ်ပင်ရိပ်များအောက်မှာပင် နေ့လယ်စာစားခဲ့ကြပြီး အမရပူရသို့ ခရီးဆက်ခဲ့ကြသည်။
ခရီးစဉ်တစ်ခုလုံးကို အစီအစဉ်များရေးဆွဲပြီး ကျောင်းသား၊ ကျောင်းသူများကို ဦးဆောင်လာသည့် ကိုသန့်ဇင်ထူးက အမရပူရတွင်သွားမည့် နေရာများကို ကျွန်တော့်အားပြောပြသည်။ ကျွန်တော်က အမရပူရတွင် လေ့လာကြည့်ရှုစရာနေရာတွေ များကြောင်း၊ ဦးပိန်တံတားအပြင် ကုန်းဘောင်ဘုရင် သုံးပါး၏ သင်္ချိုင်းဂူများ၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ကျောက်တော်ကြီးဘုရား၊ တောင်မင်းကြီးဘုရားခေါ် နေပူခံကိုယ်တော်ကြီး၊ စန္ဒာမုနိစေတီအုတ်တိုက်များ၊ ပုထိုးတော်ကြီးတို့သည် အမရပူရ၏အထင်ကရနေရာများဖြစ်ကြောင်း ပြောပြရသည်။ အုပ်ချုပ်သူဆရာ၊ ဆရာမများနှင့် ယာဉ်မောင်းများအပါအဝင် အင်အား
၂၈၆ ဦးပါဝင်သည့် လေ့လာရေးအဖွဲ့သည် အချိန်ကန့်သတ်ချက်အရ အမရပူရကို နေရာအနှံ့ လေ့လာနိုင်မည်မဟုတ်သဖြင့် ဦးပိန်တံတားနှင့် တောင်မင်းကြီးတို့ကိုသာ လေ့လာရန် စီစဉ်ခဲ့ရပေသည်။
ကမ္ဘာကျော်ဦးပိန်တံတားသို့ ရောက်ချိန်တွင် လူများကကြိတ်ကြိတ်တိုး စည်ကားနေသည်။တံတားပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်းထိလုမတတ် သွားနေကြသည့် မြင်ကွင်းက တံတားကျိုးကြမည်ကို စိုးရိမ်စရာဖြစ်ခဲ့မိပါသေးသည်။
ကလေးများနှင့်အတူ ကျွန်တော်တို့ ဦးပိန်တံတားပေါ်တွင် လမ်းလျှောက်ကြသည်။ မုန့်စား၊ လက်ဆောင်ပစ္စည်းတွေ ဝယ်ရင်းလွတ်လပ်ပေါ့ပါးစွာပျော်ရွှင်နေသည့် ကလေးများ၏အပူအပင်ကင်းမှုက ကျွန်တော့်ထံကူးစက်လာပြီး ငယ်ဘဝနေ့ရက်များကို အမှတ်ရမိစေခဲ့သည်။
လေ့လာရေးခရီးတွင်လိုက်ပါလာသည့် အထက်တန်းကျောင်းသူလေးများက ကျွန်တော်နှင့်အတူ လိုက်လာသည်။ တံတားပေါ်တွင် သူတို့ကကျွန်တော့်အား “ဦးပိန်တံတားက ဘာလို့ကမ္ဘာကျော်ရတာလဲဆရာကြီး” ဟုမေးလာတော့ ဦးပိန်အကြောင်း အနည်းငယ်ရှင်းပြရသည်။
ကမ္ဘာကျော်ဦးပိန်တံတား
ငှက်သမ္ဗာန်များသွားလာနေသည့် ကျယ်ပြန့်သောရေပြင်ကျယ်၏အလယ်၌ ခပ်ကွေးကွေးတည်ရှိနေသော သစ်သားတံတားအိုကြီးသည် ကမ္ဘာ့ခရီးသွားများအကြား အလွန်ထင်ရှားသည့် သမိုင်းဝင် ဦးပိန်ရှေးဟောင်းတံတားပင်ဖြစ်သည်။
အင်းရေပြင်ကမ်းစပ်နောက်ခံတွင် မည်စည်ပင်တန်းများရှိနေသည်။ အနီးဝန်းကျင်တွင် ရှေးဟောင်း စေတီပုထိုး၊ အဆောက်အအုံများအပြင် ရှေးဟောင်းသုတေသန နယ်မြေတစ်ခုတည်ရှိသည်။
ထိုနေရာသည် တောင်သမန်ဟုထင်ရှားသည့် ခရီးသွားဒေသတစ်ခုဖြစ်သည်။
ကျွန်းတိုင်လုံး ၉၈၄ တိုင်ဖြင့် တည်ဆောက်ထားပြီး ၆ ဖာလုံရှည်သည့် ဦးပိန်တံတားတွင် ကျွန်တော်နှင့်ကျောင်းသူ၊ ကျောင်းသားလေးများလမ်းလျှောက်ကြသည်။ တံတားတစ်လျှောက်၌ ခရီးသွားများအတွက် နားနေဆောင်ငါးခုရှိသည်။ ကျွန်တော်တို့သည် ဒုတိယမြောက်နားနေဆောင်အထိလျှောက်၍ နားနေဆောင်ပေါ်တွင်နားကာ တောင်သမန်ရှုခင်းကို ကြည့်ရှုပြီး ပြန်လှည့်ခဲ့ကြသည်။
မန္တလေးနှင့် အမရပူရအကြား၌ တည်ရှိသည့် တောင်သမန်အင်းနှစ်ဖက်တွင် ရှေးအစဉ်အဆက်ကပင် ပြည်သူများနေထိုင်ခဲ့ကြသည်။ တောင်သမန်အင်း၏ အရှေ့နှင့်အနောက်တွင် နေထိုင်ကြသူများသွားလာရေးအဆင်ပြေစေရန် ကျွန်းတံတားကြီးတစ်စင်းကို လွန်ခဲ့သော ၁၆၅ နှစ်က တည်ဆောက်ခဲ့ရာ ယနေ့အချိန်တွင် သမိုင်းဝင် ကမ္ဘာကျော်တံတားကြီးဖြစ်လာခဲ့သည်။
ကုန်းဘောင်ခေတ် ကိုးဆက်မြောက်ဘုရင် ပုဂံမင်း(၁၈၄၆-၁၈၅၃)၏ အမိန့်အရ အမရပူရမြို့ဝန်ရုံးမှ စာရေးဦးပိန်က တောင်သမန်အင်းကိုဖြတ်လျက် ကျွန်းသစ်လုံးတိုင်ပေါင်း ၉၈၄ တိုင် အသုံးပြု၍ ၆ ဖာလုံရှည်လျားသည့် တံတားကိုတည်ဆောက်ခဲ့
ရာ ၁၈၅၁ ခုနှစ်တွင်ပြီးစီးခဲ့သည်။
ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် စတင်ဆောက်လုပ်၍ ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တံတားကိုတည်ဆောက်ခဲ့သည့် ခုနှစ်ကို “ အင်းက အော်အာ၊ ဆောက်လုပ်ခါ” ဟုလည်းကောင်း၊ တံတားပြီးစီးသည့်ခုနှစ်ကို “အင်းက အော်ညီး ဆောက်လုပ်ပြီး” ဟု လည်းကောင်း မှတ်သားခဲ့ကြသည်။ တိုင်လုံးအရေအတွက်ကို နဝအဋ္ဌ၊ ဇယမောင်ပိန်(၉၈၄)ဟု မှတ်သားကြောင်း ရှင်းပြတော့ကလေးများက စိတ်ဝင်စားကြသည်။
ကျောင်းသူလေးတစ်ယောက်က တံတားက ဘာလို့ဖြောင့်တန်းမနေဘဲ ကွေးနေတာလဲ ဆရာကြီးဟုမေးပြန်သည်။ လှိုင်းဒဏ်လေဒဏ်ခံနိုင်ရန် တံတားကို တစ်ဖြောင့်တည်း မတည်ဆောက်ဘဲ တောင်ဘက်သို့ ကွေ့ဝိုက်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းရှင်းပြရသည်။ ဦးပိန်တံတားသည် မြန်မာ့မြေပေါ်၊ မြန်မာ့ရေပေါ်တွင် အရှည်လျားဆုံးသော သက်တမ်းရှည် ကျွန်းတံတားကြီး ဖြစ်သောကြောင့် ကမ္ဘာကျော်ခဲ့ရကြောင်းပြောတော့ သူတို့ကျေနပ်သွားကြသည်။
အမရပူရဆိုတာဘာလဲသိလားဟု ကျွန်တော်ကမေးတော့ သူတို့ကပြုံးပြီး ခေါင်းခါပြကြသည်။ တစ်ယောက်က ဆရာကြီးရှင်းပြပါဟုဆိုသည်။ “ပါဠိဝေါဟာရ အမရပူရဆိုတာ သေခြင်းကင်းသည့် မြို့လို့ အဓိပ္ပာယ်ရှိတယ်။ ကုန်းဘောင်ခေတ်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တာပေါ့ဟုဆိုတော့ သမိုင်းမှာ သင်ရပါတယ်ဆရာကြီး”ဟု ပြန်ဖြေကြသည်။ ဖြူစင်ပွင့်လင်းသည့် ကလေးတို့သဘာဝက ချစ်စရာကောင်းလှသည်။
ဦးပိန်တံတားမှ ဆင်းလာတော့ ကျွန်တော်နှင့်အတူ ကလေးတွေ အတော်များများလိုက်လာကြသည်။ အလယ်တန်း ကလေးများလည်း ပါလာသည်။
တောင်မင်းကြီးကို နှုတ်ဆက်ခြင်း
တံတားမှဆင်းလာပြီး အင်းစောင်းပတ်လမ်းအတိုင်းလျှောက်လာကာ ကလေးများကို တောင်မင်း ကြီးဘုရားသို့ ခေါ်လာခဲ့သည်။
ဘုရားစောင်းတန်းအတိုင်းလျှောက်လာကြပြီး အုတ်လှေကားအတိုင်း ဘုရားဂန္ဓကုဋိတိုက်အတွင်း ဝင်လိုက်ချိန်တွင် ငြမ်းများအပြည့်ထိုးထားသဖြင့် ရုပ်ပွားတော်ကို မဖူးမြင်နိုင်ခဲ့ပါချေ။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တောင်မင်းကြီးဘုရားနှင့် ဘုရားပရိဝုဏ်အတွင်းရှိ ရှေးဟောင်းစေတီများ ထိခိုက်ပျက်စီးခဲ့သည်။
ယင်းတို့ကို ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နေသဖြင့် ကလေးများကို တောင်မင်းကြီးရုပ်ပွားတော်ကို ပြသခွင့်မရခဲ့သော်လည်း ဤရုပ်ပွားတော်သည် တစ်ချိန်က နေပူအောက်တွင် အမိုးအကာမရှိဘဲတည်ရှိခဲ့သဖြင့် နေပူခံကိုယ်တော်ကြီးဟု ထင်ရှားခဲ့ကြောင်းပြောပြတော့ ကလေးတွေက မျက်လုံးလေးတွေအဝိုင်းသားဖြင့် စိတ်ဝင်တစားဝိုင်းဝန်းမေးခဲ့ကြပုံကို အမှတ်ရမိနေသည်။
တစ်ချိန်က နေပူထဲတွင်ရှိခဲ့သည့် ဗုဒ္ဓဆင်းတုတော်ကြီးကို သက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် တောင်မင်းကြီး ခေါ် အသည်ဝန် မင်းလှကျော်စွာကတည်ခဲ့သည်။ ရုပ်ပွားတော်ကြီးသည် ၄၆ ပေ ၁၁ လက်မမြင့်သဖြင့် တောင်သမန်အင်းနှင့်အတူ အဝေးမှပင်ထင်ထင်ရှားရှားမြင်ခဲ့ကြရသည်။ ထို့ကြောင့် ၁၈၅၅ ခုနှစ်တွင် အမရပူရသို့ရောက်လာခဲ့သည့် ဗြိတိသျှသံအဖွဲ့က တောင်သမန်အင်းကို အပေါ်မှစီးကြည့်နေသည့် ရုပ်ပွားတော်ကြီးဟုဆိုကာ ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ခဲ့သည်။
တောင်မင်းကြီးဘုရားပရိဝုဏ်အတွင်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရှေးဟောင်းစေတီ နှစ်ဆူကိုကြည့်ပြီး ဘုရားဝင်းအတွင်းမှ ပြန်ထွက်ခဲ့ကြသည်။ ကန်ပတ်လမ်းဘေးတွင် စာအုပ်ဆိုင်တစ်ဆိုင်တွေ့သဖြင့် ကလေးများက သမီးတို့ ဘာစာအုပ်ဝယ်ရမလဲဆရာကြီးဟု မေးကြပြန်ရာ စာအုပ်ဆိုင်ရှေ့တွင် ကျွန်တော်တို့အားလုံးရပ်လိုက်ကြသည်။
ကလေးများ ဝယ်ယူသင့်သည့် သုတ ရသ စာအုပ်များကို ရွေးချယ်ပေးကာ သူတို့ဝယ်ယူပြီးနောက် ကားများပေါ်သို့ ပြန်တက်ကြချိန်တွင် နေအတော်စောင်းနေပြီဖြစ်သည်။
စာအုပ်တွေ အတော်ရောင်းလိုက်ရသဖြင့် စာအုပ်ရောင်းနေသူက ကျေးဇူးတင်ပါတယ်ဆရာကြီး၊ သုံးထောင်တန်အပုံထဲက ဆရာကြီးကြိုက်တဲ့ စာအုပ်တစ်အုပ်ယူပါ၊ ကျွန်တော် လက်ဆောင်ပေးတာပါဟု နွေးထွေးသောအပြုံးဖြင့် ပြောဆိုခဲ့သော်လည်း ကျွန်တော်မယူခဲ့ပါချေ။ ။

၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ယူနက်စကို (UNESCO) ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အထွေထွေအစည်းအဝေး၌ “ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရေးအပေါ် သဘောတူညီချက်” သဘောတူစာချုပ်ကို အတည်ပြုခဲ့ရာ ယခုနှစ်တွင် ၂၂ နှစ်ပြည့်ပြီဖြစ်ပါသည်။ ၂၀၀၃ သဘောတူစာချုပ်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို အသိအမှတ်ပြုသည့်အရေးပါသော မှတ်တိုင်ဖြစ်ပြီး ယူနက်စကိုက ၁၉၇၂ ခုနှစ်တွင် အတည်ပြုခဲ့သော “ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ကာကွယ်ရေး သဘောတူ စာချုပ်”ကို ပြည့်စုံစေသည့် တိုးတက်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ယနေ့အထိ စုစုပေါင်း ၁၈၃ နိုင်ငံက ယင်းသဘောတူ စာချုပ်အပေါ် လက်မှတ်ရေးထိုးပြီးဖြစ်ကြပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံလုံးပါဝင်ပါသည်။ ထိုထဲတွင်မော်လ်တာနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် နောက်ဆုံးအဖြစ် လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံဖြစ်ပါသည်။
၂၀၀၃ ခုနှစ် သဘောတူစာချုပ်၏ အရေးပါမှုကို နှစ်ပိုင်းမြင်နိုင်ပါသည်။ ပထမအနေဖြင့် “ယဉ်ကျေးမှုအမွေအနှစ်” ဟု ခေါ်ဆို၍ အသိအမှတ်ပြုနိုင်သော အရာများ၏ နယ်ပယ်အကျယ်ကို ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် ထူးခြားစွာတိုးချဲ့ပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်နှင့် ထိန်းသိမ်းစောင့်ရှောက်မှုအပေါ်တွင် တွေ့မြင်ရသော အနည်းငယ် ကွာခြားသည့် ဆောင်ရွက်မှုတစ်ခု ဖြစ်လာစေခဲ့ပါသည်။ ဤသဘောတူစာချုပ် နှစ်ပတ်လည် နှစ်(၂၀) ပြည့်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် ယူနက်စကို ၏ (၄၂) ကြိမ်မြောက် အထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် ၃၄ ဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များနေ့” ဟု အတည်ပြုသတ်မှတ်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ ကျင်းပရန်ရှင်သန်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များ၏ ကြွယ်ဝ ချမ်းသာမှုနှင့် မတူကွဲပြားမှုကို ပြသနိုင်သည့် ပွဲများ၊ လှုပ်ရှားမှုများ ပြုလုပ်စီစဉ်ဂုဏ်ပြုရန် လှုံ့ဆော်၍ ကမ္ဘာတစ်ဝန်း ကျင်းပခဲ့ရာယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ၂၀၀၃ ကွန်ဗင်းရှင်း(UNESCO 2003 Convention)တွင် ပါဝင် သည့်နိုင်ငံများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် အခြားပါဝင်သူများက တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ ကြပါသည်။
နည်းပညာအသုံးချမှုများ ဆွေးနွေး
၂၀၂၄ ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်း အောင်မြင်စွာကျင်းပခဲ့ရာ နိုင်ငံအသီးသီးတွင် ဒေသခံတို့၏ ပွဲတော်များ၊ နိုင်ငံပိုင်မီဒီယာကြော်ငြာများ၊ ပွဲတော်များကို ပုံစံအမျိုးမျိုးဖြင့် စီစဉ်ကာ ဘိုးဘွားစဉ်ဆက်မှ ယနေ့အထိ ရှင်သန်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ပြသခဲ့ကြပြီး နိုင်ငံတော်အဆင့် စာရင်းဝင်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဆိုရှယ်မီဒီယာနှင့် ဝက်ဘ်ဆိုက် များမှတစ်ဆင့် ရိုးရာပွဲတော်များနှင့် လှုပ်ရှားမှုများကို ထုတ်ဖော်ပြသခဲ့ပါသည်။ ထို့အပြင် AI နည်းပညာနှင့် ပတ်သက်သည့် Webinar တစ်ခုကိုလည်း စီစဉ်ကာ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆက်စပ်နေသည့် နည်းပညာအသုံးချမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထိုပွဲများတွင် အနုပညာပြပွဲများ၊ ရိုးရာလက်မှုအတတ်ပညာလုပ်ငန်းစဉ်များ၊ ရုပ်ရှင်များ၊ စကားဝိုင်း ဆွေးနွေးပွဲများကိုပါ ပြုလုပ်ခဲ့ကြပြီး ဧည့်ပရိသတ်များကို လာရောက်ကြည့်ရှု၊ သင်ယူကာ စုပေါင်းပျော်ရွှင် နိုင်စေရန်အတွက် စီစဉ်ပေးခဲ့ပါသည်။
၂၀၂၄ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနေ့သည် ကမ္ဘာတစ်လွှားရှိ ယဉ်ကျေးမှုဓလေ့များနှင့် အလေ့အကျင့်မှုများကြွယ်ဝမှု (global wealth of cultural traditions and practices)ကို ဂုဏ်ပြုပြသနိုင်သည့်အပြင် ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်းကိုလည်းထင်ဟပ်ပြသရန် အခွင့်အရေးဖြစ်ခဲ့ပါသည်။
အနာဂတ်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ်
ယင်းနေ့တွင် နိုင်ငံအသီးသီး၏ ရိုးရာအကများ(dances)၊ ရိုးရာဓလေ့ထုံးတမ်းများ(traditions)၊ ပါးစပ်ရာဇဝင်များ (oral histories) နှင့် လက်မှုအတတ်ပညာများ(craftsmanship )ကဲ့သို့ ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်း (safeguarding living heritage)၏ အရေးပါမှုကို ပြည်သူများ ပိုမိုသိရှိနိုင်ရန် အသိပညာပေး၍ ဂုဏ်ပြုဆင်နွှဲကြပါသည်။ ဤကဲ့သို့ တက်ကြွစွာပါဝင်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်းများနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ ပါဝင်မှုကို ပြသထားပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်၏ လူ့အသိုင်းအဝိုင်းအတွက် အရေးပါမှုကို ကမ္ဘာအနှံ့အသိအမှတ်ပြုစေကာ အနာဂတ်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်းကိုလည်း အာရုံစိုက်ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များနေ့ကို အမျိုးသားပြတိုက်(ရန်ကုန်)၌ ပထမဆုံးကျင်းပပါသည်။ ယင်းနေ့တွင်“မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” စကားဝိုင်း ဆွေးနွေးပွဲ (Panel Discussion)နှင့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ တစ်နှစ် သင်တန်းအမှတ်စဉ် (၂၂)သင်တန်းသား သင်တန်းသူများ၏ သနပ်ခါးပြကွက်၊ ကြိုးကြီးချိတ်ပြကွက်၊ ဆယ့်နှစ်လရာသီပွဲတော် ပြကွက်၊ မြန်မာ့လက်ဖက် နတ်သစ်ရွက်ပြကွက်စသည်ဖြင့် အထူးပြပွဲ လက်တွေ့ခင်းကျင်းပြသ ခြင်းကိုလည်းထည့်သွင်းကျင်းပခဲ့ပါသည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့(International Intangible Cultural Heritage Day) ၏ Themeမှာ "Living Heritage is about people ၊resilience၊ and knowledge passed on from generation to generation"ဖြစ်ပါသည်။
“ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် လူသားတို့၏ ဗဟုသုတများအပေါ် အခြေခံသည့် ဖန်တီးမှုများကိုခံနိုင်ရည်ရှိစွာ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ဆက်လက် ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင်လာသော ယဉ်ကျေးမှုအမွေအနှစ်ကို ဆိုလိုပါသည်။”
တစ်နည်းအားဖြင့် ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်ဟူသည် ဘိုးဘွားဘီဘင်လက် ထက်မှစ၍ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ မပျောက်ပျက်သွားစေရန် ခံနိုင်ရည်ရှိစွာ ဆက်လက် ထိန်းသိမ်း လက်ဆင့်ကမ်းသယ်ဆောင်လာသော လူသားတို့၏ တန်ဖိုးရှိသည့် အသက်မွေးမှုအတွေ့အကြုံများ၊ ဖန်တီးနိုင်စွမ်းများ၊ လက်မှုအတတ်ပညာများ၊ ဗဟုသုတများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ဆိုလိုပါသည်။
“အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့”ကျင်းပရသည့် ရည်ရွယ်ချက်များမှာ-
(က) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအကြောင်းကို ပြည်သူလူထု ပိုမိုသိမြင်နားလည်ပြီး မြတ်နိုး တန်ဖိုးထားတတ်စေ ရန်အတွက် ပြည်သူလူထုကို အသိပညာမြှင့်တင်ရန်၊
(ခ) မိမိတို့၏ ဘိုးဘွားအမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းစောင့် ရှောက်ရန် အရေးကြီးသည်ကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန်၊
( ဂ ) ထို့ပြင် ထိန်းသိမ်းစောင့်ရှောက်ရုံမျှမကဘဲ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို နိုင်ငံတကာမှ ပိုမိုသိရှိစေရန် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်နိုင်ရန်တို့ ဖြစ်ပါသည်။
ယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်
ယဉ်ကျေးမှုအမွေအနှစ်ဟူသည် ကိုင်တွယ်ထိတွေ့နိုင်သည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage) နှင့် ကိုင်တွယ်ထိတွေ့မှုမပြုနိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritage)ဟူ၍ နှစ်မျိုးရှိပါသည်။ ဒြပ်ရှိ ယဉ်ကျေးမှု အမွေအနှစ်(Tangible Cultural Heritage)မှာ ရှေးဟောင်း အဆောက်အအုံများ၊ ရှေးဟောင်းနေရာများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ စသည်ဖြင့်ပါဝင်ပြီး ကိုင်တွယ်ထိတွေ့မှု မပြုနိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)များမှာ လူသားတို့ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေး အခေါ်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာ စသည့်ရှင်သန်နေသော ယဉ်ကျေးမှုအမွေအနှစ်များပါဝင်ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အဓိပ္ပာယ်ကို ၂၀၀၃ ခုနှစ် “ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း” အပိုဒ်(၂)တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်-
“ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ လူမှုအသိုက်အဝန်းများ၊ အုပ်စုများနှင့် အချို့ကိစ္စရပ်များတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် သက်ဆိုင်သော ယဉ်ကျေးမှုအမွေအနှစ်များတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေသည့် ဓလေ့ထုံးစံများ၊ ကိုယ်စားပြုချက်များ၊ ဖော်ပြချက်များ၊ ဗဟုသုတ၊ စွမ်းရည်များသာမက ၎င်းတို့နှင့် ဆက်နွှယ်သည့် ပစ္စည်းကိရိယာများ၊ အရာဝတ္ထုများ၊ ရှေးဟောင်းပစ္စည်းများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် သက်ဆိုင်သောနေရာများကို ဆိုလိုခြင်း ဖြစ်သည်။”
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ရန်အတွက် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း ခဲ့ကြခြင်း (Transmission)၊ ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် သစ်လွင်ဆန်းသစ်၍ ရှင်သန်နေခြင်း (Living Heritage)၊ သမိုင်းကြောင်း၊ သဘာဝတို့နှင့်ဆက်စပ်နေခြင်း (Interaction with nature and history)၊ စဉ်ဆက်မပြတ် တစ်သမတ် တည်းရှိနေခြင်း (Identity and continuity)၊ လူတို့၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် ဖန်တီးတီထွင်မှုတို့ကို အလေးဂရုပြု၍ မြှင့်တင်ပေးခြင်း (Promote respect) စသည့်အချက်များဖြင့်ပြည့်စုံရန် လိုအပ်ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် စံသတ်မှတ်ချက် (Domain) ၅ ရပ်ရှိပါသည်။ ယင်းတို့မှာ-
(က) ဘာသာစကားများ၊ ပါးစပ်ရာဇဝင်နှင့် နှုတ်ပြောအစဉ်အလာ ဖော်ပြချက်များ၊
(ခ) ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊
(ဂ) လူမှုရေးအစဉ်အလာ အလေ့အထများနှင့် ပွဲတော်များ၊ ရိုးရာဓလေ့များ၊
(ဃ) သဘာဝစကြဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာ အလေ့အထများ၊
(င) ရိုးရာလက်မှုပညာရပ်များ ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် ကုလသမဂ္ဂသို့ အမည်စာရင်းများတင်သွင်း နိုင်ရန်တို့အတွက် “မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီ”ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဟု အမည် ပြောင်းလဲသတ် မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ စာရင်းကောက် ယူထားသော Intangible Cultural Heritage Lists ၂၂၈၉ ခုကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု မှတ်ပုံတင် စာရင်းပထမအကြိမ်အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းကောက်ယူမှုပုံစံကိုအသုံးပြု၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတို့တွင် စာရင်း ကောက်ယူမှုမှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း နယ်ပယ် ငါးခု အလိုက် စုစုပေါင်း ၂၂၈၉ ခု ကောက်ယူပြီးဖြစ်ပါသည်။
မြန်မာပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှု၏ ရလဒ်အဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ အာဆွန် စီယွန်မြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် (19.COM 7.b.50 Myanmar Traditional New Year Ata Thingyan Festival) ကို ပထမဆုံး လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ရရှိခဲ့ရာ မြန်မာတစ်မျိုးသားလုံး လွန်စွာဝမ်းမြောက်ပျော်ရွှင်ကြရပါသည်။ ပြည်သူလူထုအတွင်း လက်ဆင့်ကမ်းလာသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ယူနက်စကို စာရင်းဝင်နိုင်ရေး အတွက် လူမှုအသင်းအဖွဲ့များက ပူးပေါင်းလက်မှတ်ထိုးတင်သွင်းရသဖြင့် Community Participationသည် အဓိကအရေးပါလှပေသည်။
ထို့ပြင် “မြန်မာ့သနပ်ခါး”ကိုလည်း မြန်မာနိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတွင် တင်သွင်းထားပြီးဖြစ်သလို ဆက်လက်ပြီး မြန်မာ့လက်ဖက်နှင့် မြန်မာ့ကြိုးကြီးချိတ်တို့ကိုလည်း ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာ လူမှုအဖွဲ့ အစည်းများက ဆက်လက်ကြိုးစားဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားပြတိုက်နှစ်ခုအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြတိုက်များ တွင်လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြသသည့် အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်နေကြပါသည်။
နိုင်ငံသားတိုင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကိုသိရှိပြီး ထိန်းသိမ်း ကာကွယ်သွားရန် လိုအပ်သလို ပညာရပ်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိစေရန်နှင့်ရေရှည် တည်တံ့ခိုင်မြဲနေစေရန်အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာပေးရန် သမိုင်းပေးတာဝန်တစ်ခုဖြစ်ပါသည်။ ယနေ့နည်းပညာခေတ်တွင် တီထွင်ဆန်းသစ် မှုများနှင့်အတူ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမှုအသိုက်အဝန်း၏ အင်အားပိုမိုပါဝင်လာရန်၊ မျိုးဆက်သစ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းနိုင်ရန် ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်ပြီး မြန်မာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကသိလာရန် မြန်မာ တစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်အဖြစ် တိုက်တွန်းရေးသား ရင်း အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ။
ကိုးကား-
၁။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
၂။ ၂၀၀၃ ခုနှစ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးကွန်ဗင်းရှင်း
၃။ https://ich.unesco.org/en/home
၄။ https://www.unesco.org › days › intangible-heritage
MOI

ယဉ်ကျေးမှုဟူသည် လူသားတစ်ဦး သို့မဟုတ် မျိုးနွယ်စုတစ်စု စတင်မွေးဖွားသည်မှ သေဆုံးသည်အထိ ကြုံတွေ့ဖြတ်သန်းရသောအရာဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာကျေးဇူးကြောင့် အမျိုးမျိုးသော ယဉ်ကျေးမှုများသည် လွတ်လပ်ပွင့်လင်းစွာ စီးဆင်းနေကြသည်။ အမျိုးမျိုးသောယဉ်ကျေးမှုများတွင် တိုးတက်ဆင့်ပွားအတုယူရမည့်အရာများရှိသလို ဆန့်ကျင်ဘက်ဖြစ်နေသည့် အရာများလည်းရှိသည်။ ထို့ကြောင့်မျိုးဆက်သစ်လူငယ်များ အတုယူလမ်းမှားမလိုက်မိစေရန်အတွက် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားအောင်ဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှု အစဉ်အလာကြီးမားသည့်နိုင်ငံဖြစ်ကြောင်းကို ယနေ့ခေတ်အထိ ရှင်သန်နေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အနုသုခုမပညာရပ်များက သက်သေပြလျက်ရှိပါသည်။ မြန်မာ့ယဉ်ကျေးမှုစရိုက်လက္ခဏာများသည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူများဖြစ်သကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ သီးသန့်ပိုင်ဆိုင်သော အမျိုးသားရေးသင်္ကေတ၊ အမျိုးသားရေးလက္ခဏာများပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် အနုသုခုမပညာရပ်သည် လည်း ပါဝင်လျက်ရှိရာ ထိုအနုပညာရပ်များသည် မြန်မာ့သမိုင်းဖြစ်သော ပျူ၊ ဗိဿနိုး၊ သရေခေတ္တရာ၊ တကောင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ အမရပူရနှင့် ရတနာပုံခေတ် စသော ရှည်လျားသည့် မြန်မာ့သမိုင်းခေတ်များကို အခြေခံကာ မြန်မာ့အမျိုးသားဟန်ကို ကိုယ်စားပြုသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာများ ထွန်းကားခဲ့ပါသည်။
အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်
အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သည့် ပြိုင်ပွဲကြီး
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား ရေး၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ဖော်ထုတ်ထိန်းသိမ်းဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားတက်ကြွစေပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ အဆက်ဆက်တို့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပျောက်ပျက်စေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများစွာနှင့် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် (၂၆)ကြိမ်မြောက်သို့ ရောက်ခဲ့ပြီဖြစ်သည်။
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဦးတည်ချက်(၄)ရပ်ဖြင့် ၇-၁၀-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ၂၀၁၆ ခုနှစ်အထိ ၂၂ ကြိမ်တိုင် ကျင်းပခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ကျင်းပပေးနိုင်ခဲ့ခြင်း မရှိပေ။ မြန်မာ့ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာ နှင့်ဆန့်ကျင်သည့် သရုပ်လွန်ဂီတများ၊ စကားလုံးကြမ်းကြမ်းတေးသီချင်းများ၊ ငြိမ့်ညောင်း ညက်ညောမှု၏ ဆန့်ကျင်ဘက်ဖြစ်သည့် လှုပ်ရှား ကပြမှုများသည် လူငယ်ထုအတွင်း အတိုင်းအတာ တစ်ခုအထိ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် ပညာရှင်ကြီးများ၊ မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များကို မြတ်နိုးဖက်တွယ်ထားသူ ဝါသနာရှင်လူငယ်များက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ထွန်းလာရေးကို မျှော်လင့်ခဲ့ကြပါသည်။
၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ် စဉ် (၃/၂၀၂၂) တွင် နိုင်ငံတော်အကြီးအကဲက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရန် လမ်းညွှန်ခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်မှုအပြင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်ပြီး အဂတိတရားကင်းရှင်းသည့် အကဲဖြတ်ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်နိုင်ရေးအတွက် အလေးအနက်ထား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့အထိ နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ငွေရတုအထိမ်းအမှတ် (၂၅)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုလည်း ၁၄-၁၀-၂၀၂၄ ရက်နေ့မှ ၂၀-၁၀-၂၀၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
၂ဝ၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံ တော်အတွင်း ပြည်ထောင်စု တိုင်းရင်းသားသွေးချင်းများသည် နှစ်ပေါင်းထောင်ချီ ရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ထို့ပြင် ထုထည်ပမာဏ ကြီးမားခိုင်ခံ့သည့် မြန်မာ့ယဉ်ကျေးမှု အုတ်မြစ်ကြီးများကို စိုက်ထူနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အလယ်၌ ထူးခြားလေးနက်သည့် ကိုယ်ပိုင်မြန်မာ့မူဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိ ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ကြကြောင်း။ ယခုကဲ့သို့ ဂုဏ်ယူ ဝင့်ကြွားဖွယ် မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရ ရှင်သန်ပွင့်လန်းနေစေရန်အတွက် တစ်မျိုးသားလုံး ကြိုးပမ်းဆောင်ရွက်နေကြသည့် အမျိုးသားအဆင့် ပွဲတော်များစွာရှိကြောင်း၊ ထိုအထဲမှ ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို အစဉ်အလာမပျက် ဆင်နွှဲကျင်းပနိုင် ခြင်းသည်လည်း မြန်မာလူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်း မြှင့်တင်ပေးသည့်ကြိုးပမ်းမှု၊ တစ်နည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်ကြွအောင် လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။ အမျိုးသားယဉ်ကျေးမှုများ အရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အမျိုးသားရေး ကိုယ်ခံအား တည်ဆောက်ပေးလျက်ရှိရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများသည် အရေးပါသည့်အခန်းကဏ္ဍမှ အထောက်အကူပြု စွမ်းဆောင်ပေးလျက်ရှိကြောင်း၊ ခေတ်အဆက်ဆက် ထွန်းကားလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ရပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချိုးနှိမ်မှုများကို ခံခဲ့ရကြောင်း၊ သို့သော် မြန်မာအနုပညာရှင်များအနေဖြင့် ကိုလိုနီနယ်ချဲ့ များ၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်းထိန်းသိမ်းလာခဲ့ကြသည့်အတွက် ယနေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာ့ရိုးရာသွင်ပြင်ဟန်ပန်အတိုင်း ရှေးမူမပျက် ဆက်လက်ဖြစ်ထွန်းနေသည်ကို ဂုဏ်ယူဝင့်ကြွားဖွယ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း” စသည်ဖြင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် ဇာတိ သွေး၊ ဇာတိမာန်နှင့် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးသည့် ပွဲကြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် နှစ်ပေါင်းများစွာ ခံ့ညားထည်ဝါစွာတည်ရှိခဲ့သည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို မတိမ်ကော၊ မပပျောက်စေရန် ရည်ရွယ်၍ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ် ပေးခြင်းဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကြောင့် မျိုးဆက်သစ်လူငယ်များထံသို့ ယဉ်ကျေးမှု အမျိုးသားရေးစရိုက်လက္ခဏာများကို တန်ဖိုးထား လိုစိတ်၊ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များအား လက်ဆင့်ကမ်းပေးစွမ်းနိုင်ခဲ့ပါသည်။
ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုကို ညွှန်းဆိုပြသနေသဖြင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများ၊ အနုသုခုမများ၊ ဓလေ့ထုံးတမ်းများသည် မြန်မာ့အမျိုးသားဟန်ကို ကိုယ်စားပြုသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာများဖြစ်သည်။ ထို့ကြောင့် ဘိုးဘေးဘီဘင်တို့၏ အမွေ အနှစ်အဖြစ် ချန်ထားရစ်ခဲ့သည့် အနုသုခုမပညာရပ် များကို မျက်မှောက်ကာလမှသည် ခေတ်အဆက် ဆက် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရေးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံး၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။ မိမိတို့၏ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းထားခြင်းသည် နိုင်ငံသားတို့၏ မျိုးချစ်စိတ်ရင့်သန်ခိုင်မာမှု၊ ဝံသာနုရက္ခိတတရားပြည့်ဝမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေပါသည်။
နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် အမျိုးသား ယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုရှိကြသည်။ အမျိုးသားယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုထဲတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဥစ္စာဓနကြွယ်ဝမှု၊ သယံဇာတပေါများမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာထူးချွန်မြင့်မားမှုများအပြင် ၎င်းနိုင်ငံ၏ ရှည်လျားသည့် သမိုင်းကြောင်းနှင့် ယှဉ်တွဲဖြစ်ထွန်း လာသည့် ရိုးရာယဉ်ကျေးမှု အနုသုခုမများ၊ ဓလေ့ထုံးတမ်းများလည်း ပါဝင်သည်။ ယဉ်ကျေးမှုအမွေ အနှစ်များ ပျောက်ကွယ်သွားပါက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ အနှစ်သာရလည်း ပျောက်ဆုံးသွား မည်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နည်းပညာနှင့် ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေသော်လည်း ရိုးရာအစဉ်အလာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို တည်တံ့ခိုင်မြဲစေရန် လူမျိုးတိုင်း၊ နိုင်ငံတိုင်းက တန်ဖိုးထားထိန်းသိမ်း လျက်ရှိကြသည်။ ထိုယဉ်ကျေးမှုများ တည်တံ့ခိုင်မြဲ ရန်မှာလည်း နိုင်ငံသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းမြှင့်တင်လိုစိတ်ပေါ်တွင် မူတည်ပါသည်။ အမျိုးသားယဉ်ကျေးမှုမြင့်မားလေ နိုင်ငံနှင့် လူမျိုး၏အဆင့်အတန်းမှာလည်း မြင့်တက်လေဖြစ်ပါကြောင်း (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအားဂုဏ်ပြု၍ ရေးသားလိုက်ရပါသည်။ ။
ကိုးကား - နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာများ
- ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှတ်တမ်းစာအုပ်

နိုင်ငံတစ်နိုင်ငံ၌ သဘာဝသယံဇာတများ၊ လူ့စွမ်းအားအရင်းအမြစ်များ မည်မျှပင်ပြည့်စုံသည်ဖြစ်စေ မိမိတို့၏ယဉ်ကျေးမှုကို အမြတ်တနိုးတန်ဖိုးထားကြသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ မြန်မာ၊ ရိုးရာ၊ ယဉ်ကျေးမှုဆိုသည့် ဝေါဟာရများ၏ အဓိပ္ပာယ်သည် လေးနက်ကျယ်ပြန့်သည်။
မြန်မာဆိုသည်မှာ အစဉ်အဆက်နေထိုင်ခဲ့ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုသည့် တိုင်းရင်းသားများကို ခြုံ၍ ဘုံသဘောဆောင်သည့် တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် အဓိပ္ပာယ်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ့ ယဉ်ကျေးမှုဆိုသည့် အမျိုးသားရေးလက္ခဏာများကို ပိုင်ဆိုင်ကြသည်။
ရိုးရာဆိုသည်မှာ ဘိုးဘွားစဉ်ဆက်၊ မိဘစဉ်ဆက်ကျင့်သုံးခဲ့သော အလေ့အထဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ရိုးရာယဉ်ကျေးမှုများကို ဘိုးဘွားမိဘများထံမှ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြ သည်။ ရိုးရာဓလေ့များကို တန်ဖိုးထားလေးစား မြတ်နိုးကြသည်။
ယဉ်ကျေးမှုဆိုသည်မှာ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း စသည်တို့ဖြစ်သည်။ မြန်မာတို့၏ယဉ်ကျေးမှုအစဉ်အလာများသည် ကိုယ်ပိုင်ရပ်တည်ချက်များဖြင့် ရှေးနှစ်ပေါင်းထောင်ချီ၍ ထိန်းသိမ်းစောင့်ရှောက်လာခြင်းဖြစ်သည်။
လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်
သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ်များကတည်းကပင် မြန်မာပညာ ရှိများက ရတု၊ ရကန်၊ ပျို့၊ လင်္ကာ၊ ဧချင်း၊ အဏ်ချင်း၊ သာချင်း၊ တုံချင်း၊ လူးတား၊ လေးဆစ်၊ သဖြန်၊ လေးချိုး၊ လေးထပ်၊ တေးထပ်၊ တောလား၊ တျာ၊ လျှောက်ထုံး၊ မှာတမ်း၊ ပြဇာတ်၊ ဘောလယ် စသည့်စာပေများကို ရေးသားစပ်ဆိုခဲ့ကြသည်။ မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှုများသည် များစွာရှေးကျသည့်ကာလများကတည်းက ရှင်သန်ထွန်းကားခဲ့သည်ဆိုသော သက်သေအထောက်အထားများဖြင့် ရပ်တည်ခဲ့သည်။ ဘိုးဘွားအစဉ်အဆက်တို့ကလည်း လက်ဆင့် ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် ယနေ့ ကာလအထိယဉ်ကျေးမှုများ တည်တံ့လျက်ရှိသည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့် အစဉ်အလာများ မပပျောက်စေရန် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ် မှပင် ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဦးတည်ချက် (၄) ရပ် ချမှတ်ကာ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
အနုပညာရပ်ဟု ခေါ်ဆိုအပ်သည့်အတတ်မျိုး ၆၄ ရပ်တွင် နစ္စဆိုသည့် အကမျိုးစုံအတတ်၊ ဝါဒနဆိုသည့် တီးမှုတ်မျိုးစုံအတတ်၊ ဗျူဟာစရနာဒိပရဏ ဆိုသည့် အတီးအမှုတ်မျိုးစုံတို့တီးမှုတ်၍ စစ်ဆင် စစ်တက်ခြင်း အတတ်များပါဝင်သည်။ အဋ္ဌာရသ သိပ္ပ ၁၈ ပါးတွင်လည်း ဂန္ဓဗ္ဗာဆိုသည့် စောင်းညှင်းစသည့် ကဗျာလင်္ကာ အတတ်၊ ဣတိဟာသဆိုသည့် ရယ်ရွှင်ဖွယ်အတတ်များပါဝင်သည်။ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများသည် များစွာရှေးကျသည့်ကာလကတည်းက ခိုင်ခိုင်မာမာ ရပ်တည်ရှင်သန်ထွန်းကားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ရှေးဘိုးဘွားအစဉ်အဆက်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပြီး အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များဆီသို့ လက်ဆင့်ကမ်းသယ်ဆောင်ပေးခဲ့ကြသည်။ မျိုးဆက်သစ်လူငယ်များကလည်း မိမိတို့လက်ထက်တွင် မတိမ်ကော၊ မပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်သည်။ မထိန်းသိမ်းနိုင်ပါက လူမျိုးနှင့်နိုင်ငံပါ ပျောက်ကွယ်သွားနိုင်သည့်အန္တရာယ်များ ရှိလာမည်။ ရိုးရာယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံတကာမှ မိမိတို့လူမျိုးအပေါ် အထင်ကြီးလေးစား မှုများ လျော့နည်းသွားကာ အမျိုးသားရေးအားမာန်များကိုပါ ထိခိုက်သွားနိုင်သဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ပါသည်။
တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ရပ်တန့်သွားစေရန်၊ မှေးမှိန်သွားစေရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုများကို အထင်ကြီးပြီး မိမိတို့ယဉ်ကျေးမှုကို အထင်သေးစိတ်များရှိစေရန်နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ မျက်မှောက်ခေတ်တွင် ခေတ်မီနည်းပညာများကိုအသုံးချ၍ မသိမသာရော၊ သိသိသာသာပါ နှောင့်ယှက်ဖျက်ဆီးနေသည်ကို အမျိုးသားရေး အမြင်ဖြင့် မြင်အောင်ကြည့်၍ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူစောင့်ထိန်းသွားကြရပါမည်။
အနုပညာစွမ်းအားဖြင့် စွမ်းဆောင်
ယမန်နှစ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက “နှစ်ပေါင်းထောင်ချီ ခမ်းနား ထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေစေရေး အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှု နှင့် ယဉ်ကျေးမှုအဆင့်အတန်း ဝင့်ထည်မြင့်မားမှု တို့ကို ကမ္ဘာတည်သရွေ့ တည်မြဲခိုင်မြဲနေအောင် အနုပညာစွမ်းအားဖြင့် စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားပြည့်ဝခိုင်မာအောင် အနုပညာ စွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်” တိုက်တွန်း ပြောကြားခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများ ရှေးခေတ်အဆက် ဆက်မှယနေ့တိုင်အောင် တည်တံ့ခိုင်မြဲနေခြင်းမှာ မျိုးဆက်သစ်လူငယ်များ၏ စွမ်းပကားများကြောင့် ဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ သုခုမအနုပညာ တူရိယာများ မည်သို့ပင်ကွဲပြားနေစေကာမူကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုသည့် မြန်မာ့တူရိယာငါးပါး၏ အခြေခံတွင် တစုတစည်းတည်း တူညီစွာပါဝင်လျက်ရှိကြသည်။ ထို့အပြင် တိုင်းရင်းသားများ၏ အကများသည်လည်း စည်းနှင့်ဝါးကို အခြေခံ၍ခေါင်း၊ ခါး၊ ခြေ၊ လက် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြင့် ကပြကြခြင်းဖြစ်သည်ကို မြင်တွေ့ကြရသည်။ တိုင်းရင်းသားအားလုံး၏ အကများသည်လည်း တူညီသည့်အခြေခံအတွင်းမှ ကပြကြခြင်းဖြစ်သည်။
ခေတ်အဆက်ဆက်တွင် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအနုပညာသည် ကျွန်ဘဝတွင် ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချိုးနှိမ်မှုများကြောင့် မှေးမှိန်ခဲ့ရသည်။ သို့ရာတွင် မြန်မာအနုပညာရှင်တို့က ဖိနှိပ် ချုပ်ချယ်မှုများကြားမှ ကြံ့ကြံ့ခံ၍ အမျိုးသားရေး စိတ်ဓာတ်များဖြင့် ထိန်းသိမ်းခဲ့ကြသည်။ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ်များက သီချင်းများ၊ အကများ၊ ရေးသားမှုများနှင့် အတီးအမှုတ်အနုပညာရပ်များသည် ယနေ့ကာလတွင် ခေတ်ဟောင်းအနုပညာရပ်များ ဖြစ်သွားခဲ့သည်။ ယခင်နှစ်များက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ရွက်ပုန်းသီးဝါသနာရှင်များ သည် ဝါသနာရှင်အဆင့်မှ ယခုနှစ်တွင် ပညာရှင်အဆင့်သို့ ယှဉ်ပြိုင်သွားမည့်သူများအဖြစ် မြင်တွေ့ ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အားလုံးက မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့်တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီးမှ ဗဟိုအဆင့်သို့ ယှဉ်ပြိုင်ကြသူများဖြစ်သည်။ တစ်နည်းအားဖြင့်တိုင်းဒေသကြီး/ ပြည်နယ်များ၏ လက်ရွေးစင်များဖြစ်ကြသည်။ ပြိုင်ပွဲဝင်များက မိမိတို့ယှဉ်ပြိုင်ကြမည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ခဲ့ကြပြီး ဖြစ်သည်။ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားလုံးက တစ်ဦးချင်းပြိုင်ပွဲတွင်ဖြစ်စေ၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင်ဖြစ်စေ ယှဉ်ပြိုင်လျှင် အနိုင်ရ ရမည်ဆိုသည့် ရည်မှန်းချက်များထားပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်၍ အားမာန်အပြည့်ဖြင့် အောင်မြင် မှုများရရှိအောင် ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်တိုင်းက နိုင်ငံတော်ကိုချစ်မြတ် နိုးစိတ်၊ ကိုယ့်လူမျိုးကိုချစ်သည့်စိတ်တို့ဖြင့် ဖန်တီးထားသည့် အနုပညာရပ်များကို ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ခံယူယှဉ်ပြိုင်သွားရန် လိုအပ်ပါသည်။ မြန်မာ့ဂီတ၊ မြန်မာ့အက၊ မြန်မာ့ရိုးရာ အနုပညာရပ် များ ထွန်းကားလာသည်နှင့်အမျှ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာများလည်း တိုးတက် လာမည်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် အောင်မြင်မှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမျိုးသားရေးတာဝန် တစ်ရပ်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု ဂုဏ်ယူ တတ်ရန် လိုအပ်ပါသည်။
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်သွေးစည်းမှုနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားရမည့် မျိုးဆက်သစ်လူငယ်များ၊ ဗလငါးတန်နှင့်ပြည့်စုံသော သားကောင်း၊ သမီးကောင်းရတနာများဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ဤသို့ပြုစုပျိုးထောင်ပေးနေခြင်းသည် လူငယ်များ၏ စွမ်းအားများကို နိုင်ငံတော်၏အနာဂတ်တွင် အထောက်အကူရရှိစေရန်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရာတွင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်သည် တစ်ခုအပါအဝင်ဖြစ်သည်။
မြန်မာတို့၏ ကာလကြာမြင့်စွာ ရှင်သန်ရပ်တည်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်စေရန် ပြိုင်ပွဲဝင်များသာမက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ရှေးဘိုးဘွားအစဉ်အဆက်က ထိန်းသိမ်းလာခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးနေခြင်းဖြစ်၍ ပြိုင်ပွဲကြီးအား ကြိုဆို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား
-ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ ၏ မြန်မာအဘိဓာန်(တတိယအကြိမ်)
-ဆရာကြီး ဦးသုခ၏ မှတ်အပ်မှတ်ရာ မှတ်စု ပဒေသာ၊ သုခမှတ်စု
-ဆရာကြီးဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်း

ပုဂံခေတ်၏ ဗိသုကာအတတ်ပညာ၊ အင်္ဂတေပန်းလက်ရာ၊ ကျောက်ဆစ်ပန်းတမော့ လက်ရာတို့မှာ သရေခေတ္တရာ၊ ပျူနှင့်သထုံ၊ မွန်တို့၏ယဉ်ကျေးမှုသြဇာသက်ရောက်ခဲ့သော်လည်း နံရံပန်းချီမှာ အိန္ဒိယပန်းချီမှဆင်းသက် ပေါက်ဖွားလာကာထိုမှတစ်ဆင့် မြန်မာ့ဟန်၊ မြန်မာ့အသွင်ကူးပြောင်းလာခြင်းဖြစ်သည်။
ဓမ္မအကြောင်းအရာများကို ပိုမိုအသားပေး ရေးဆွဲ
ပုဂံခေတ်က ရေးဆွဲခဲ့သော နံရံဆေးရေးပန်းချီများကို လေ့လာပါက လောကအကြောင်းထက် ဓမ္မအကြောင်းအရာများကို ပိုမိုအသားပေးရေးဆွဲလေ့ရှိသည်ကို တွေ့ရသည်။ ဗုဒ္ဓဝံသကျမ်းနှင့် ဇာတက အဋ္ဌကထာကျမ်းများမှ ဗုဒ္ဓနှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ ဖွားတော်မူခန်း၊ ဗောဓိပင်နှင့် ရွှေပလ္လင်အောင်ခန်း၊ ဓမ္မစကြာတရားဦးဟောခန်း၊ နာဠာဂီရိဆင်ချွတ်ခန်း၊ အာဠာဝကဘီလူးမင်းချွတ်ခန်း၊ တိတ္တိတို့အားတန်ခိုးပြာဋိဟာပြခန်း၊ ပါလိလေယျတော၌ မျောက်မင်းတို့၏ ပျားမုန့်ဆွမ်းခံယူခန်း၊ တာဝတိံသာမှဆင်းခန်း၊ ပရိနိဗ္ဗာန်စံတော်မူခန်း၊ ငါးရာ့ငါးဆယ်ဇာတ်တော်များ၊ ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်မှ ကဿပမြတ်စွာဘုရားတိုင် ဘုရားရှင်အဆက်ဆက် ဂေါတမမြတ်စွာဘုရား အလောင်းတော်အထိ ဗျာဒိတ်ခံယူခဲ့သော ဘဝများစသည်တို့ကို အများဆုံးရေးဆွဲကြပါသည်။ ရေးဆွဲထားသည့် အကြောင်းအရာများမှာမတူညီဘဲ ကွဲပြားနေသည်ကို ထူးခြားစွာတွေ့မြင်နိုင်ပါသည်။ အကယ်၍ အကြောင်းအရာတူ ရေးဆွဲထားသည့်တိုင်ရေးဆွဲသည့် ဒီဇိုင်းမတူခြင်း၊ အသုံးပြုသည့် ဆေးရောင်မတူခြင်း၊ တင်ပြပုံမတူညီခြင်းစသော ကွဲပြားမှုများကိုလည်း တွေ့မြင်နိုင်သည်။
နံရံပန်းချီများတွင် ဗုဒ္ဓအကြောင်းအရာများကို တွေ့ရသကဲ့သို့ နတ်၊ ဗြဟ္မာ၊ ရဟန္တာ၊ မင်းညီမင်းသား၊ မှူးမတ်၊ မိဖုရား၊ နန်းတွင်းသူများ၊ နန်းတော်ပုံစံ၊ တောတောင်ရှုခင်းများ၊ လူမှုရေးပန်းချီများ၊ မြင်း၊ ဆင် စသည့်တိရစ္ဆာန်ရုပ်ပုံများအပြင် ကိန္နရီ၊ ကိန္နရာ၊ ဟင်္သာ၊ ဘဲ ၊ တီးမှုတ်ကခုန်နေသူများနှင့် ကနုတ်ပန်းများ၊ ကြာပန်း၊ မျက်နှာကြက်ပန်းဒီဇိုင်းအမျိုးမျိုး စသည်တို့ကိုလည်း ရေးဆွဲတတ်ကြသည်။
သိကြားဟစ်ဘုရား (ရှေးဟောင်းအဆောက်အအုံအမှတ်-၂၄၉)သည် ညောင်ဦး-ပုဂံသွား ကားလမ်းဘေး အမှတ်(၇)ရပ်ကွက် ဝက်ကြီးအင်း၏ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းတွင် တည်ရှိပါသည်။ သိကြားဟစ်ဘုရားသည် အေဒီ(၁၃)ရာစု ဗိသုကာဖြစ်ပြီး နံရံဆေးရေးပန်းချီများ ရေးဆွဲထားသည်ကို တွေ့နိုင်သည်။ မျက်နှာကြက်ပန်းဝိုင်းတွင် ထိုင်တော်မူဗုဒ္ဓပုံတော်များ၊ နှစ်ကျိပ်ရှစ်ဆူဘုရားနှင့် ပွင့်ပြီးသောဘုရားလေးဆူ၊ နောင်ပွင့်မည့်အရိမေတ္တယျဘုရား၊ ရှစ်မြှောင့်ထောင့် ပန်းဒီဇိုင်းတွင် ပုံတော်များ၊ ပန်းလှူနေသည့် ရုပ်ပုံများရေးဆွဲထားပါသည်။ ဆေးအရောင်ကို မြေဝါ၊ အနက်၊ နီညိုတို့ အသုံးပြုထားကြပါသည်။ နံရံဆေးရေးပန်းချီများသည် ရာသီဥတုဒဏ်နှင့် နှစ်ကာလကြာမြင့်မှုကြောင့် ဆေးရောင်များမှေးမှိန်လာခြင်း၊ နံရံပန်းချီ ကျန်ရှိနေသော်လည်း ကောင်းစွာမမြင်ရတော့ခြင်း၊ ခြများကိုက်ထားခြင်း၊ နကျယ်အိမ်များရှိခြင်းနှင့် လူတို့၏ ဖျက်ဆီးမှုဖြစ်သော နံရံအချို့တွင်ဆော့ပင်၊ မီးသွေးစများဖြင့် ရေးခြစ်ထားခြင်း၊ အရုပ်များရေးဆွဲထားခြင်းတို့ကို တွေ့မြင်ကြရမည်ဖြစ်သည်။
သိကြားဟစ်ဘုရားရှိ နံရံဆေးရေးပန်းချီများ ပျက်စီးမှုဖြစ်ပေါ်နေပြီး အင်္ဂတေပန်းလက်ရာများ၊ နံရံများ အက်ကွဲကြောင်းများ ပေါ်နေသည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၂၅ ခုနှစ်မတ်လမှစတင်၍ အဆောက်အအုံထိန်းသိမ်းခြင်း၊ အင်္ဂတေပန်းလက်ရာများ၊ နံရံအက်ကွဲကြောင်းများနှင့် နံရံဆေးရေးပန်းချီများကို ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဘုရားပုံတော်များတွင် မင်စာများရေးထိုးထား
နံရံဆေးရေးပန်းချီများကို ဓာတုဗေဒနည်းဖြင့် ကြံ့ခိုင်မှုဆောင်ရွက်ရာမှ အာရုံခံ၏ မြောက်ဘက်နံရံနေရာ၌ နံရံဆေးရေးပန်းချီပေါ်တွင် ရေးဆွဲထားသော ပွင့်တော်မူပြီး ဘုရားငါးဆူ၌ ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿမုဒြာဟန် ထိုင်တော်မူနေဟန် ဘုရားပုံတော်များကို တွေ့ရှိခဲ့ပါသည်။ တွေ့ရှိခဲ့ရသည့် ဘုရားပုံတော်များတွင် မင်စာများရေးထိုးထားပါသည်။ နောက်ခံ တံကဲအရောင်မှာ အစိမ်းရောင်ဖြစ်ပါသည်။ ဘူမိဖဿမုဒြာ၏ အဓိပ္ပာယ်မှာ ဘယ်တင်ညာချ လက်တော်အနေအထားဖြစ်ပြီး ညာလက်တော်သည် ပလ္လင်တော်၏ အခြေအားထိနေခြင်း အဓိပ္ပာယ်အားဖော်ညွှန်းထားခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သည် မာရ်နတ်နှင့်အပေါင်းပါတို့ကို အောင်နိုင်ခြင်းအား ကိုယ်စားပြုသည်သာမက သဗ္ဗညုတ ဉာဏ်တော်ရရှိခြင်းကိုပါ ဖော်ကျူးပူဇော်ကြခြင်းဖြစ်ပါသည်။
နံရံဆေးရေးဘုရားပုံတော်များတွင် မျက်နှာတော်၊ လည်ပင်းတော်၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ညာဘက်လက်တော်တို့နှင့် ခြေဖဝါးနှစ်ဖက်တော်တို့တွင် ရွှေစင်ရွှေသားများ ထင်ရှားစွာ ကျန်ရှိနေပါ သေးသည်။ ဆေးရေးပုံတော်များ၏ သွင်ပြင်လက္ခဏာတို့မှာ ညောင်ရမ်းခေတ်ဟန်ဖြစ်ပါသည်။ ဆေးရေးပုံတော်များဘေးတွင် မြတ်စွာဘုရားရှင်အား လက်အုပ်မိုးပူဇော်နေဟန် လူရုပ်များ ရေးဆွဲထားပါသေးသည်။ ညောင်ရမ်းခေတ်ဘုရားပုံတော်များသည် ထူးခြားသောပုံစံသစ်ဖြစ်ပြီး ပုဂံခေတ်နှင့် လုံးဝခြားနားကြပါသည်။ ညောင်ရမ်းခေတ် ဗုဒ္ဓပုံတော်များ၏ သွင်ပြင်လက္ခဏာများမှာ ရွဲလုံးတန်းဆံတော်ရှိခြင်း၊ ဥဏှိသ(မှန်ကင်းတော်)သည် ကြာဖူးပုံသဏ္ဌာန်ရှိပြီး ဦးခေါင်းတော်၏ ထိပ်တည့်တည့်တွင်ရှိနေခြင်း၊ သင်းကျစ်တော်ပါရှိခြင်း၊ လည်ပင်းတော်၊ ခါးတော်၊ လက်တော်များ သေးသွယ်ခြင်း၊ လည်ရေးသုံးဆင့်ပါရှိခြင်း၊ ပခုံးတွင်သင်္ကန်းတော်နှစ်ထပ်၊ သုံးထပ်ပြုလုပ်လာခြင်းနှင့် နားရွက်တော်သည် ပခုံးသို့ထိနေခြင်းတို့ ဖြစ်ပါသည်။
နှစ်ပေါင်းများစွာကြာမြင့်
အသစ်တွေ့ခဲ့ရသည့် ရွှေစင်ရွှေသားဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿမုဒြာဟန် ထိုင်တော်မူဗုဒ္ဓပုံတော်များတွင် ယခင်ကတည်းက မင်စာများရေးထိုးထားသော်လည်း နှစ်ပေါင်းများစွာကြာမြင့်၍ ဖုန်မှုန့်များ၊ အညစ်အကြေးများဖြင့် ဖုံးအုပ်နေသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်နေခြင်းဖြစ်ပြီး ယခုဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းဆောင်ရွက်သည့်အခါမှ တွေ့ရှိရခြင်းဖြစ်ပါသည်။
အသစ်တွေ့ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသည့် ဘုရားပုံတော်ငါးဆူ၏ အောက်ခြေတွင် မင်စာရေးထိုးထားပါသည်။
ရေးထိုးထားသော မင်စာတွင်သက္ကရာဇ် -၉၄၃ ခုနှစ်ဟု ပါရှိသည့်အတွက် အေဒီ ၁၆ ရာစုဟု ယူဆရပါသည်။ ထို့ကြောင့် သိကြားဟစ်ဘုရား၏ တည်ဆောက်မှုနှင့် နံရံဆေးရေးပန်းချီများသည် အေဒီ ၁၃ ရာစုဟန်ဖြစ်သော်လည်း ယခုကြံ့ခိုင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ရာမှ ထင်ရှားစွာတွေ့မြင်ရသည့် မင်စာတွင်သက္ကရာဇ်-၉၄၃ ခုနှစ်ဟုပါရှိနေခြင်းကြောင့် ပုဂံခေတ်နှောင်းပိုင်း(Post Bagan Period)တွင် မူလမှတ်တမ်းပေါ်၌ နံရံပန်းချီများနှင့် မင်စာထပ်မံ၍ ရေးထိုးထားခြင်းဖြစ်မည်ဟု ယူဆရပါသည်။
မြန်မာဘာသာ၊ ပါဠိဘာသာတို့ဖြင့် ရေးထိုးထားပြီး အက္ခရာများမှာ ညောင်ရမ်းခေတ်အရေးအသားကို အသုံးပြုထားခြင်းဖြစ်သည်။ မင်စာပါအကြောင်းအရာသည် ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို ရည်စူး၍ လှူဒါန်းမှုအစုစုကို မှတ်တမ်းတင်ရေးထိုးထားခြင်းဖြစ်သည်။
ရွှေစင်ရွှေသားဖြင့် ပြုလုပ်ထားသည့် ဘုရားပုံတော် နံရံဆေးရေးပန်းချီများနှင့် မင်စာသည် အေဒီ ၁၆ ရာစုက ဖြစ်ပါသည်။ အေဒီ ၁၆ ရာစု၌ ဘုရင့်နောင်မင်းတရားကြီးသည် ပုဂံဒေသသို့ကြွရောက်လာသည့်အချိန်တွင် ရွှေစည်းခုံစေတီတော်ကြီး(ညောင်ဦးမြို့)အား ရွှေထီးတော်လှူဒါန်းခြင်း၊ ရွှေချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာ၊ ပါဠိ၊ မွန်သုံးဘာသာဖြင့် ကြေးသွန်းခေါင်းလောင်းစာ ရေးထိုးမှတ်တမ်းတင်ထားခဲ့သည့် မှတ်တမ်းရှိသည်။ အဆိုပါခေါင်းလောင်းသည် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World, MOW) အဖြစ် ၂၀၁၈ ခုနှစ်က အသိအမှတ်ပြုခံခဲ့ရပြီးဖြစ်ပါသည်။ ထို့ကြောင့် အေဒီ ၁၆ ရာစုမှစတင်၍ စေတီတော်များတွင် ရွှေချသည့်ဓလေ့ရှိခဲ့ကြောင်း ခိုင်မာသည့် အထောက်အထားဖြစ်ခဲ့ပါသည်။
ရွှေရည်ရေးခြင်း (ရွှေချခြင်း) ရွှေဖြင့်တန်ဆာဆင်ခြင်းတို့နှင့်ပတ်သက်၍ ကျောက်စာများတွင် မှတ်တမ်းတင်ရေးထိုးထားကြသည်ကို တွေ့ရှိရသည်။ စောလူးလတ် ဘုရားကျောက်စာတွင် ဂူအထွတ်ကို “ရွှေအတိသော အထွတ်လည်းတင်၏။ အဆန်းတကြယ် တင့်တယ်စွာသော သလွဲလည်းခတ်၏” ဟူ၍ လည်းကောင်း၊ ပုဂံမြို့ဟောင်း သရပါတံခါးအနီး တိုင်းချွတ်ဘုရားကျောက်စာတွင် “တိုင်းခတ်ဘုရား သ္ခိင်ကိုဝ်တော်ခပင်လည် ရွှေရည်ရေး၏၊ ရွှေထီးလေဆောင်း၏၊ ရွှေပန်လင်လည်ပြု၏၊ သ္ခိင်သာရိပုတ္တရာလည် ရွှေရည်ရေး၏၊ သ္ခိင်မောက္ကလာန်လည်း ရွှေရည်ရေး၏၊ သ္ခိင်ဂဝံပတိ နှစ်ခုသောလည်း ရွှေရည်ရေး၏” ဟူ၍လည်းကောင်း၊ မြစေတီကျောက်စာတွင် “ထိုရာဇကုမာရ်မည်သော ပယ်မယားသား ထိုရွှေဘုရား ဌာပနာ၍၏၊ ဤရွှေအထွတ်မူသောဂူပြု၏” ဟူ၍ လည်းကောင်း၊ ရွှေကွန်ချာဘုရား ကျောက်စာတွင် “ကူတွင် ဘုရားကြီးလည်း ရွှေအညီကိုယ်တော်ခပင်းရေး၏။ ပုထိုဝ်ကြီးငါးလုံးသော်လည်း ရွှေထွတ်တင်၏”။ ဟူ၍လည်းကောင်း ကျောက်ထက်အက္ခရာတင်ထားသည့် အထောက်အထားများ တွေ့ရှိရပါသည်။
ပုဂံခေတ်ရွှေဆင်းတုတော်များ တွေ့ရှိခဲ့
ပုဂံခေတ်တွင် ဆင်းတုတော်များ၊ လက်ဝဲရံလက်ယာရံသာဝကများ၊ အသုံးအဆောင်ပစ္စည်းများအား ရွှေဖြင့်ပြုလုပ်ခြင်းဓလေ့၊ နောက်ပိုင်းခေတ်တွင် အသုံးဆောင်ပစ္စည်းများ၊ မျက်နှာကြက်များနှင့် တိုင်လုံးများတွင် ရွှေချခြင်း သို့မဟုတ် ရွှေဖြင့်ပြုလုပ်ခြင်းများရှိခဲ့ကြောင်း ကျောက်စာအထောက်အထားများ ရှိခဲ့သလို တူးဖော်သုတေသနပြုဆောင်ရွက်ခြင်းတို့မှ ရွှေဆင်းတုတော်များ တွေ့ရှိခဲ့ရပေသည်။
ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားအသစ်တွေ့ရှိမှုအနေဖြင့် သိကြားဟစ်ဘုရား (ရှေးဟောင်းအဆောက်အအုံအမှတ်-၂၄၉)မှ နံရံဆေးရေးပန်းချီ ဘုရားပုံတော်ငါးဆူတွင် ရွှေရည်ရေးခြင်း(ရွှေချခြင်း)တွေ့ရှိမှုသည် ပထမဆုံးအသစ်တွေ့ရှိမှု ဖြစ်ပေသည်။ မည်သည့်ရှေးဟောင်းနေရာများတွင်မှ ထိုကဲ့သို့သော နံရံဆေးရေးပန်းချီများတွင် ရွှေရည်ရေး(ရွှေချ)သည့် အထောက်အထား မတွေ့ရှိရသေးပါ။ ထို့အပြင် နှောင်းခေတ်ကုသိုလ်ရှင် များအနေဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်မည်ဆိုပါက မိမိတို့ဘိုးဘွားများ၏ ကောင်းမှုကုသိုလ်အမွေအနှစ်များ သို့မဟုတ် ယခင်ကရှိပြီး အမွေအနှစ်များအား ဖျက်ဆီးခြင်းမပြုဘဲ ထပ်မံခြင်းဖြင့်လည်းကောင်း၊ ငုံ၍လည်းကောင်း လှူဒါန်းမှုပြုခဲ့ကြသည်ကို တွေ့ရှိရသည်။ ပုဂံဒေသတွင် တွေ့ရှိရသော နှစ်ထပ်ဆင်းတု တော်များ၊ နှစ်ထပ်ဘုရားများကလည်းကောင်း တိကျခိုင်မာသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားတစ်ခုဖြစ်ခဲ့ပါသည်။
ပုဂံဒေသရှိ အခြားသော နံရံဆေးရေးပန်းချီ ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား ဓာတုဗေဒနည်းဖြင့် ကြေးချွတ်ခြင်း၊ သန့်စင်ခြင်း၊ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းတို့ ဆောင်ရွက်သွားမည်ဆိုပါက ယခုကဲ့သို့ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားအသစ်များ ထပ်မံတွေ့ရှိနိုင်သကဲ့သို့ အမွေအနှစ်များလည်း ရေရှည်တည်တံ့စေမည်ဖြစ်ပါသည်။
နံရံဆေးရေးပန်းချီများနှင့် မင်စာများသည် မြန်မာ့သမိုင်းနှင့် မြန်မာအက္ခရာအတွက် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်ဖြစ်သကဲ့သို့ ယင်းနံရံဆေးရေးပန်းချီများနှင့် မင်စာများက ထိုခေတ်က လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေးအခြေအနေတို့ကို ထင်ဟပ်ပြသပေးနေပါသည်။ အဆိုပါ နံရံဆေးရေးပန်းချီများနှင့် မင်စာများသည် နှစ်ပေါင်းထောင်ချီကြာမြင့်နေခြင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေး၊ ရေဘေး၊ ခြများကိုက်စားခြင်း၊ ဖုန်မှုန့်များအမှိုက်အညစ်အကြေးများ ဖုံးအုပ်နေခြင်းနှင့် လူသားတို့ ပြုမူမှုများဖြစ်သော နံရံပန်းချီများပေါ်တွင် မီးသွေးစများ၊ ဆော့ပင်များ၊ မင်ဖျက်ဆေးများဖြင့်ရေးခြစ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်း၊ လှီးဖြတ်၍ ခိုးယူခြင်း၊ ရောင်းချခြင်း စသည်တို့ကြောင့် ပျက်စီးသွားခဲ့ကြရသောအမွေအနှစ် (နံရံပန်းချီနှင့် မင်စာ)များ မရေမတွက်နိုင်အောင်ရှိနေခဲ့မည်ဟု ယူဆဖွယ်ရာများ တွေ့ရှိရသည်။
ထိုကဲ့သို့ အမွေအနှစ်များ ထပ်မံဖျက်ဆီးခြင်း၊ ပျက်စီးခြင်းမဖြစ်ပေါ်စေရေးနှင့် ယဉ်ကျေးမှုအမွေ အနှစ်အပေါ် ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို-UNESCO) က ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန်အတွက် နှစ်စဉ်စာရင်းသွင်းဆောင်ရွက်လျက်ရှိသည်။ ယဉ်ကျေးမှုအမွေအနှစ်ဟုဆိုရာတွင် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage -TCH)နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage - ICH )ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ (TCH)နှင့် ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (World Heritage List)အဖြစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသ (Cultural Heritage Site)၊ သဘာဝအမွေအနှစ်ဒေသ (Natural Heritage Site)နှင့် ယဉ်ကျေးမှု- သဘာဝအမွေအနှစ်ဒေသ (Mixed Heritage Site)တို့ကို ယူနက်စကိုက သတ်မှတ်ပေးလျက်ရှိသည်။ ယဉ်ကျေးမှုအမွေအနှစ်ဒေသများအနက် ပျူမြို့ဟောင်းသုံးမြို့ (ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာ)ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပုဂံရှေးဟောင်းဒေသကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (World Heritage List)အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (ICH) ထိန်းသိမ်းစောင့်ရှောက်ရေး
ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ(ICH)ကို ထိန်းသိမ်းစောင့်ရှောက်ရန် ၂၀၀၃ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပခဲ့သည့် ယူနက်စကို၏ (၃၂)ကြိမ်မြောက် အထွေထွေညီလာခံကြီးတွင် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း၊ ၂၀၀၃” (2003, ICH Safeguarding Convention) ကို ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်များမှာ-
(၁) ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊
(၂) သက်ဆိုင်ရာလူမှုအသိုက်အဝန်းများ၊ အုပ်စုများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို လေးစားတန်ဖိုးထားတတ်ကြစေရန်၊
(၃) ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ၏အကြောင်းနှင့် ယင်းတို့နှင့်ပတ်သက်၍ အချင်းချင်း အပြန်အလှန်နားလည်မှုရှိသင့်သည့် အကြောင်းတို့ကို ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်အထိ သိရှိနားလည်လာကြစေရေးအတွက် မြှင့်တင်ဆောင်ရွက်နိုင်ရန်၊
(၄) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူညီထောက်ပံ့မှုများကိုပေးရန်တို့ ဖြစ်ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (ICH) ဆိုသည်မှာ
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အဓိပ္ပာယ်ကို ၂၀၀၃ ခုနှစ် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း” အပိုဒ်(၂)တွင် အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်-
“ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ လူမှုအသိုက်အဝန်းများ၊ အုပ်စုများနှင့်အချို့ကိစ္စရပ်များတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် သက်ဆိုင်သောယဉ်ကျေးမှုအမွေအနှစ်များတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေသည့် ဓလေ့ထုံးစံများ၊ ကိုယ်စားပြုချက်များ၊ ဖော်ပြချက်များ၊ ဗဟုသုတ၊ စွမ်းရည်များသာမက ၎င်းတို့နှင့် ဆက်နွှယ်သည့်ပစ္စည်းကိရိယာများ၊ အရာဝတ္ထုများ၊ ရှေးဟောင်းပစ္စည်းများနှင့် ICH နှင့် သက်ဆိုင်သောနေရာများကို ဆိုလိုခြင်းဖြစ်သည်။”
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သတ်မှတ်ရန်အတွက် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြခြင်း (Transmission)၊ ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ်သစ်လွင်ဆန်းသစ်၍ ရှင်သန်နေခြင်း (Living Heritage)၊ သမိုင်းကြောင်း၊ သဘာဝတို့နှင့်ဆက်စပ်နေခြင်း (Interaction with nature and history)၊ စဉ်ဆက်မပြတ် တစ်သမတ်တည်းရှိနေခြင်း (Identity and continuity)၊ လူတို့၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် ဖန်တီးတီထွင်မှုတို့ကို အလေးဂရုပြု၍မြှင့်တင်ပေးခြင်း (Promote respect) စသည့်အချက်များဖြင့် ပြည့်စုံရန်လိုအပ်ပါသည်။
နယ်ပယ်(Domains) ငါးခု
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွင် နယ်ပယ် (Domains) ငါးခု ပါဝင်ပါသည်-
၁။ ပါးစပ်ရာဇဝင်နှင့်ဖော်ပြချက်များ၊ ဘာသာစကားများ၊ (Oral Traditions and Expression) ဥပမာ- ရိုးရာပုံပြင်၊ ရိုးရာဘာသာစကားနှင့် စာပေ၊ အရေးအသားများ၊
၂။ ဖျော်ဖြေတင်ဆက်မှု အနုပညာများ၊ (Performing Arts)
ဥပမာ - ရိုးရာပြဇာတ်စသည့်အမြင်ဆိုင်ရာအနုပညာများ၊ ရိုးရာပွဲလမ်းသဘင်နှင့် ဇာတ်သဘင်၊ ရိုးရာအသံဆိုင်ရာ အနုပညာများ၊
၃။ လူမှုရေးအစဉ်အလာ အလေ့အထများ၊ ရိုးရာဓလေ့များနှင့်ပွဲတော်များ၊ (Social Practices, rituals and festive events)
ဥပမာ - နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၊ သနပ်ခါးယဉ်ကျေးမှုဓလေ့၊ လူမှုရေးရိုးရာအစဉ်အလာများ၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ရိုးရာအခမ်းအနားများ၊
၄။ သဘာဝနှင့် စကြဝဠာဆိုင်ရာ ဗဟုသုတနှင့်အလေ့အထများ၊ (Knowledge and Practices concerning nature and the Universe)
ဥပမာ - ရိုးရာအသိပညာ ဗဟုသုတများ၊ ရိုးရာနတ်ကိုးကွယ်မှု၊ ရိုးရာအားကစား၊ ရိုးရာတိုင်းရင်းဆေး၊
၅။ ရိုးရာလက်မှုပညာရပ်များ၊ (Traditional Craftsmanship)
ဥပမာ - ပန်းချီ၊ ပန်းပု စသည့် ရိုးရာ ပန်းဆယ်မျိုး၊ ရိုးရာရက်ကန်းပညာ၊ ရိုးရာဗိသုကာပညာ၊ ရိုးရာအစားအသောက်၊ သွားလာပို့ဆောင်ရာတွင် အသုံးပြုသော ရိုးရာယာဉ်။
ထိန်းသိမ်းစောင့်ရှောက်ခြင်း
အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း လိုအပ်ပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (Safeguarding) ပြုလုပ်ရာတွင် ပုံမှန်ပညာပေးမှုများ (Formal Education)နှင့် ပုံမှန်မဟုတ်သော ပညာပေးမှုများ (Nonformal Education)ဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သွင်ပြင်လက္ခဏာ (Identification)၊ မှတ်တမ်းမှတ်ရာ (Documentation)၊ သုတေသန(Research)၊ ထိန်းသိမ်းမှု (Preservation)၊ ကာကွယ်မှု(Protection)၊ တိုးမြှင့်မှု (Promotion)၊ မြှင့်တင်မှု (Enhancement)၊ လက်ဆင့်ကမ်းဖြန့်ဝေမှု(Transmission)စသည့် အကြောင်းအရာများကို ကောင်းစွာသိရှိနားလည်စေရေး ပညာပေး၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ရှင်သန် သက်ဝင်နေစေရေးအတွက် ဆောင်ရွက်ကြရမည့်ကိစ္စများကို ဆိုလိုခြင်းဖြစ်သည်။
ထိန်းသိမ်းစောင့်ရှောက်ရာတွင် လိုက်နာရမည့် ကျင့်ဝတ်(၁၂)ချက်
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ (ICH)ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ် (၁၂)ချက်ရှိသည်-
၁။ လူမှုအသိုက်အဝန်းများ၊ အုပ်စုများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ (Community, Groups and Individual-CGI) အနေဖြင့် မိမိတို့၏ ICH တို့ကို အဓိကထိန်းသိမ်းရမည်။
၂။ CGI တို့၏ ICH ကို ဆက်လက်ရှင်သန်စေရန် လုပ်ဆောင်ကြသည့် လုပ်ပိုင်ခွင့်ကို လေးစားကြရမည်။
၃။ နိုင်ငံများနှင့် CGI တို့သည် မိမိတို့၏ ICH နှင့်ပတ်သက်၍ အချင်းချင်းအပြန်အလှန်နားလည်၍ လေးစားရမည်။
၄။ ICH မူရင်းပိုင်ရှင် CGI တို့၏ သဘောဆန္ဒဖြင့် လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်စေရမည်။
၅။ CGI တို့သည် ICH နှင့် ပတ်သက်သည့်ပစ္စည်းများ၊ နေရာများ၊ အထိမ်းအမှတ်များကို စစ်ပွဲများဖြစ်နေချိန်တွင်ပင် ရယူသုံးစွဲခွင့်ရှိရမည်။
၆။ CGI တို့ကသာ မိမိတို့၏ ICH များကို ကိုယ်တိုင်တန်ဖိုးဖြတ်ခွင့်ရှိပြီး အခြားပြင်ပမှ တန်ဖိုးဖြတ်ခွင့်မရှိ။
၇။ ICH ပိုင်ဆိုင်သည့် (CGI)တို့ကသာ ၎င်းတို့ ၏ ICH နှင့် ပတ်သက်၍ အကျိုးစီးပွားများကို ရရှိရမည်။
၈။ ICH ၏ အမြဲလှုပ်ရှားပြောင်းလဲနေပြီး ရှင်သန်နေသည့်သဘာဝကို လေးစားရမည်။ (ICH ထိန်းသိမ်းရာတွင် စစ်မှန်ခြင်း (Authenticity)၊ အထူးသီးသန့်ဖြစ်ခြင်း (Exclusivity)တို့ကို ထည့်သွင်းစဉ်းစား ခြင်းမပြုရ။)
၉။ CGI တို့သည် မိမိတို့၏ ICH များ ရှင်သန်မှုကို ထိခိုက်စေမည့်ကိစ္စရပ်များကို ဂရုစိုက်၍ အကဲဖြတ်ကြည့်ရှုနေရမည်။
၁၀။ CGI တို့သည် သက်ဆိုင်ရာက ပြဋ္ဌာန်းသည့်ဥပဒေများတွင် မိမိတို့၏ ICH များနှင့်ပတ်သက်၍ စာရင်းမှ ပယ်ဖျက်ခြင်း၊ ရောင်းကုန်ပစ္စည်းအဖြစ်သတ်မှတ်ခြင်း၊ လွဲမှားစွာဖော်ပြထားခြင်းတို့ပါဝင်နေခြင်း ရှိ၊ မရှိတို့ကို ရှာဖွေဖော်ထုတ်ရမည်။
၁၁။ (CGI)တို့၏ ယဉ်ကျေးမှုများကွဲပြားမှုနှင့် လက္ခဏာရပ်များကို လေးစားရမည်။ ယင်းသို့တန်ဖိုးထားလေးစားမှုတွင် ယဉ်ကျေးမှုစံတန်ဖိုးများ၊ ကျား/မတန်းတူမှု၊ ကလေးသူငယ်များ ပါဝင်ဆောင်ရွက်နိုင်မှု၊ တိုင်းရင်းသားများ၏ ထူးခြားသော အမှတ်လက္ခဏာများပါဝင်နေမှုတို့ကို အလေးထား ထည့်သွင်းထိန်းသိမ်းရမည်။
၁၂။ ICH သည် လူသားအားလုံးနှင့် ယေဘုယျအားဖြင့် သက်ဆိုင်၍ နိုင်ငံအချင်းချင်း၊ ဒေသအချင်းချင်း ပူးပေါင်းကာ ICH ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြသော်လည်း ICH ပိုင်ဆိုင်သည့် CGIတို့ကိုလည်း ပါဝင်ဆောင်ရွက်ခွင့်ပြုရမည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိကဆောင်ရွက်ရမည့်သူများမှာ လူမှုအသိုက်အဝန်းများ၊ အုပ်စုများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ (Community, Group and Individual - CGI)များဖြစ်ကြပြီး အစိုးရအနေဖြင့်မူ ပံ့ပိုးကူညီမှုပေးခြင်း၊ ပညာပေးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း သမိုင်းကြောင်း
မြန်မာနိုင်ငံသည် “၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း” သို့ ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့သည်။ အဓိကဆောင်ရွက်ရသည့် ဝန်ကြီးဌာနသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဖြစ်ပြီး ဦးစီးဌာနမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် ကုလသမဂ္ဂသို့ အမည်စာရင်းများတင်သွင်းနိုင်ရန်တို့အတွက် “မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီ”ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့အပြင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ စစ်ဆေးအတည်ပြုနိုင်ရန်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ယနေ့အထိ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့က စစ်ဆေး၍ မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှတစ်ဆင့် အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီသို့တင်ပြကာ အတည်ပြုချက်ရယူထားသည့် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များမှာ စုစုပေါင်း ၂၂၈၉ ခုရှိပြီ ဖြစ်ပါသည်။
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity)
ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (ICH)နှင့်ပတ်သက်၍ အောက်ပါအတိုင်းစာရင်းသုံးမျိုး သတ်မှတ်ထားသည်-
၁။ အဆောတလျင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သော ဒြပ်မဲ့ယဉ်ကျေးမှုစာရင်း (List of the Intangible Cultural Heritage in Need of Urgent Safeguarding)
၂။ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity)
၃။ အကောင်းဆုံး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှုစာရင်း (Register of Best Safeguarding Practices)
အဆိုပါ စာရင်းသုံးခုအနက်လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန်အတွက် နိုင်ငံအများစုကကြိုးပမ်းကြသည်။ အဆိုပါလူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေး မှု အမွေအနှစ်စာရင်း တင်သွင်းရာတွင် အောက်ဖော်ပြပါစံသတ်မှတ်ချက် (Criteria)ငါးချက်နှင့် ကိုက်ညီရပါမည်-
(၁) ၂၀၀၃ ခုနှစ် ကွန်ဗင်းရှင်းအပိုဒ်-၂ တွင် ဖော်ပြထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (ICH) အဓိပ္ပာယ်သတ်မှတ်ချက်နှင့်ကိုက်ညီခြင်း၊ (ICH Definition)
(၂) အမည်စာရင်းတင်သွင်းမည့် (ICH)၏ အရေးပါပုံကိုလူအများသိမြင်လာစေရန် ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းနှင့် လူသားတို့၏ တီထွင်ဖန်တီးမှုကိုပြသနိုင်ခြင်း၊ (awareness)
(၃) အမည်စာရင်းတင်သွင်းမည့်(ICH)ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအစီအမံများ ပြုလုပ်ထားခြင်း၊ (Safeguarding)
(၄) အမည်စာရင်းတင်သွင်းရာတွင်သက်ဆိုင်ရာ (CGI) အားလုံးပါဝင်ဆောင်ရွက်ခြင်းနှင့် သဘောတူညီခြင်း၊(Consent)
(၅) အမည်စာရင်းတင်သွင်းမည့် နိုင်ငံ၏အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခြင်း။ (Listed in National ICH Inventory)
မြန်မာနိုင်ငံက ယူနက်စကိုသို့ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) အတွက် တင်သွင်းခဲ့သော (ICH)များ
မြန်မာနိုင်ငံအနေဖြင့်လည်း “မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” (Myanmar Traditional New Year At Thingyan Festival)ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၂၄ ခုနှစ်က ပထမဆုံးအကြိမ် သတ်မှတ်ခံခဲ့ရပြီးဖြစ်သည်။ ယခုအခါ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကို ယူနက်စကိုသို့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ရန် ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အမည်စာရင်းတင်သွင်းသည့် စာတွဲကိုပေးပို့ခဲ့ပြီးဖြစ်ပါသည်။ “မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့”ကို ၂၀၂၀ ပြည့်နှစ်ကတင်သွင်းခဲ့သော်လည်း စာတွဲတွင် လိုအပ်ချက်အချို့ရှိသဖြင့် ပြန်လည်ပြင်ဆင်၍ တင်သွင်းရန် (Refer)အဖြစ် ယူနက်စကိုက ဆုံးဖြတ်ခဲ့သောကြောင့် စာတွဲအသစ်ကို ယခုအခါပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ ယူနက်စကိုက “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခြင်း ခံရခြင်းရှိ၊ မရှိကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် (၂၁) ကြိမ်မြောက် ICH ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစိုးရအချင်းချင်းကော်မတီအစည်းအဝေး (Session of Intergovernmental Committee for Safeguarding of ICH) တွင် ကြေညာသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဖြစ်လာခြင်းကြောင့် ကမ္ဘာကအသိအမှတ်ပြုလာ ကြမည်ဖြစ်ပါသည်။ ထိုသို့ ကမ္ဘာကပင် အသိအမှတ်ပြုရသည့် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် အဓိကတာဝန်ရှိသူများမှာ အစိုးရအဖွဲ့အစည်းများမဟုတ်ပါ။ မြန်မာနိုင်ငံ၏ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေးနှင့် ရေရှည်တည်တံ့စေရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ မိမိတို့ မြန်မာနိုင်ငံရှိလူမှုအသိုက်အဝန်းများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံသားတစ်ဦးချင်းစီတွင် အဓိကတာဝန်ရှိပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။