မြန်မာနိုင်ငံ၏ ဖြတ်သန်းခဲ့ရသောသမိုင်းကြောင်းအရ တပ်မတော်သည် နိုင်ငံတော်အား လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ရရှိထားသော လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲအောင်လည်း ယနေ့တိုင် စောင့်ရှောက်ကာကွယ်လျက်ရှိသည်။ ကာကွယ်ရေး မောင်းနှင်အား အမြဲရှင်သန်နေပါလျှင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည်လည်း တည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။
ကာကွယ်ရေး မောင်းနှင်အားဆိုသည်မှာ အခိုက်အတန့် တစ်ခုအတွင်းသာ ရှင်သန်နေခြင်းမျိုးမဟုတ်ပေ။ လူသားမျိုးနွယ် အဆက်ဆက်တို့ လက်ဆင့်ကမ်းထမ်းဆောင်နေရမည့် တာဝန်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃၇ တွင် ပြဋ္ဌာန်းထားသည့် အတိုင်း တပ်မတော်အနေဖြင့် နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် ဦးစီးဦးဆောင်ပြု ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ဆိုသည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည်။ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်ကို အပြည့်အဝ ကာကွယ်နိုင်ကြရမည် ဖြစ်သည်။ ထိုသို့ကာကွယ်ပေးနိုင်ရန်အတွက် လေ့ကျင့်ရေးသည် အဓိကဖြစ်သည်။ တပ်မတော်၏ အဓိက တာဝန်ကြီးသုံးရပ်တွင်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ဟူ၍ ရှိပေရာ အဆိုပါ လုပ်ငန်းကြီးသုံးရပ် ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သားပြည့်ဝနေရန် လိုပေသည်။
ထိုသို့လေ့ကျင့်သားပြည့်ဝနေစေရန် တပ်မတော်သားတို့ အစဉ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိပေရာ သင်တန်းများ တက်ရောက်ခြင်း၊ သင်တန်းပြီးမြောက်ခြင်းတို့ဖြင့် စစ်စွမ်းအင်၊ စစ်စွမ်းအားကြီးမား ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြသည်။ တပ်မတော်(ရေ)အနေဖြင့်လည်း တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသည့် အသင့်ဖြစ်မှု(၃)ရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အလေးအနက်ထားဆောင်ရွက်လျက်ရှိရာ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ဗဟုသုတတိုးတက်ရေးဟောပြောပွဲများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများဖြင့် ဘက်စုံထောင့်စုံ အရှိန်အဟုန်မြှင့်တင်လျက်ရှိသည်။ အရာရှိ၊ စစ်သည်များအနေဖြင့် လေ့လာမှတ်သားမှုများ၊ ကျွမ်းကျင်ရန်လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာ ကျင့်သုံးမှုများဖြင့် အောင်မြင်မှုအသီးအပွင့်များ ဖွံ့ဖြိုးဝေစည်စေခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအရာရှိ၊ စစ်သည်များအားလုံး လူ့စွမ်းအား အရင်းအမြစ် ဟန်ချက်ညီတိုးတက်စေရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၅)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၉)နှင့် တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ်သင်တန်းအမှတ်စဉ်(၁၀)တို့သည် သင်တန်းအောင်မြင် ပြီးမြောက်ခဲ့ပြီဖြစ်သည်။
အဆိုပါအရာရှိငယ်များမှာ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့မှ စာပေပညာ၊ စစ်ပညာများ သင်ယူတတ်မြောက်ခဲ့ကြပြီး ရေတပ်ဆိုင်ရာအခြေခံပညာရပ်များကို ဆက်လက်သင်ယူကြရခြင်းဖြစ်ရာ သင်တန်းကာလအတွင်း နိုင်ငံတကာရေတပ်စံနှုန်းများနှင့်အညီ ရေကြောင်းဆိုင်ရာပညာရပ်များ၊ ရေတပ်လက်နက်နှင့် လက်နက်စနစ် ပညာရပ်များ၊ ရေတပ်ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ပညာရပ်များ၊ ရေတပ်စစ်ဆင်မှုပညာရပ်များ၊ ရေတပ်အုပ်ချုပ် ထောက်ပံ့မှုပညာရပ်များ၊ ရေကြောင်းစက်မှုလက်မှုပညာရပ်များ၊ ရေကြောင်းလျှပ်စစ်ပညာရပ်များ၊ ရေကြောင်း အင်ဂျင်နီယာ ပညာရပ်များနှင့် ရေယာဉ်တည်ဆောက်မှုပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြပြီးဖြစ်သည်။
ဆက်လက်၍ စစ်ရေယာဉ်ကြီးများတွင် တွဲဖက်ပဲ့စင်တာဝန်ကျအရာရှိနှင့် တွဲဖက်စက်မှုလက်မှု တာဝန်ကျအရာရှိများအဖြစ် လက်တွေ့လုပ်ငန်းခွင်တွင် ထပ်မံလေ့လာဆည်းပူးကြရမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင် လက်တွေ့လေ့ကျင့်မှုများ ပြီးဆုံးသွားသည့်အခါ အရည်အချင်းပြည့်မီသူများကိုသာ စစ်ရေယာဉ်များတွင် တာဝန်ပေးသွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ထိုက်သင့်သည့် ပညာရပ်များဖြင့် လုပ်ငန်းအတွေ့အကြုံရရှိပြီးချိန်တွင် အထူးပြုဘာသာရပ်ဆိုင်ရာပညာရပ်များကို ထပ်မံတက်ရောက် သင်ကြားကြရမည်ဖြစ်သည်။
တပ်မတော်(ရေ)ဆိုသည်မှာလည်း နိုင်ငံအတွက်အစဉ်အလာကြီးမားသည့် သမိုင်းကြောင်းရှိထားပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ရန်ကုန်အစိုးရဟု အထင်သေးခံနေရချိန်တွင် မြစ်ဝကျွန်းပေါ်ဒေသတိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း တိုက်ပွဲများ၌ ရွပ်ရွပ်ချွံချွံ ပါဝင်ဆင်နွှဲခဲ့သည်။ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပြင် တံမြက်စည်း၊ ရေဘီလူး၊ ရေသူရဲ၊ ရေသဘက် အမည်တွင်သော ဘီးတပ်အမြောက်များသည် အကြမ်းဖက်သောင်းကျန်းသူတို့ ၏ ထိုးစစ်မှန်သမျှကို ရိုက်ချိုးနိုင်ခဲ့သည်။ စစ်ရေယာဉ်(မေယု)မှ အမြောက်ကြီး၏ တိကျထိရောက်သောပစ်ကူပေးမှုသည် နာမည်ကျော်ခဲ့သည်။
အင်းစိန်၊ သန်လျင်ကျိုက်ခေါက်၊ ပုသိမ်၊ ကျောက်ဖြူနှင့် မော်လမြိုင်တိုက်ပွဲတို့တွင် သောင်းကျန်းသူများအား ကြောက်ရွံ့တုန်လှုပ်စေခဲ့သည့် သမိုင်းကောင်းများစွာရှိသည်။
အဆိုပါသမိုင်းကောင်းများ အမြဲတမ်းရှင်သန်နေစေရန် စစ်ရေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် အမြဲမပြတ်လေ့ကျင့်နေရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ)အနေဖြင့် သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။ လေ့ကျင့်ရေးသည် စစ်ဆင်ရေးအောင်မြင်မှုအတွက် အခြေခံမဏ္ဍိုင်ဖြစ်သည်။ တပ်မတော်(ရေ)သည် ရေမိုင်ပေါင်း ၁၂၆၀ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် စတုရန်းမိုင်ပေါင်း ၁၄၀၀၀၀ ကျော် ကျယ်ဝန်းသော မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်လျက်ရှိပြီး ယခုအခါ ဒေသတွင်းရေတပ်များက ခံ့ညားလေးစားပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် တပ်မတော်(ရေ)အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ရရှိထားသော အရှိန်အဟုန် ပိုမိုမြင့်မားစေရေးအတွက် နိုင်ငံတော်အကြီးအကဲက ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆောင်ပုဒ်အတိုင်း အစဉ်သတိပြု ဆောင်ရွက်နေကြရမည် ဖြစ်သည်။
သင်တန်းမှပို့ချပေးသော သင်ခန်းစာများ၊ ပြင်ပမှလေ့လာရရှိသော ဗဟုသုတများဖြင့် ကျွမ်းကျင်ရန်လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာကျင့်သုံးခြင်းများကို လုပ်ဆောင်နေကြရမည်ဖြစ်သည်။ စစ်သည်တော်တစ်ဦးချင်းစီက အရည်အချင်း ပြည့်ဝနေအောင် ကြိုးစားခြင်းဖြင့် တပ်မတော်(ရေ)၏ အောင်မြင်တိုးတက်မှုများ ဆက်လက်ထိန်းသိမ်းထားရမည့်အပြင် ပိုမိုတိုးတက်သော အောင်မြင်မှုများရရှိရေးအတွက် လေ့လာခြင်း၊ လေ့ကျင့်ခြင်း၊ လိုက်နာခြင်းပြုနေကြရမည်ဖြစ်သည်။
တပ်မတော်(ရေ)အနေဖြင့် “နိုင်ငံတော်အား ရှေ့တန်းကျကျကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်နိုင်ရမည်၊ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည်” ဆိုသည့်ရည်မှန်းချက်တာဝန်များထားရှိကာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ကို တည်ဆောက်လျက်ရှိသည်။ ထိုသို့ တည်ဆောက်ရာတွင် တပ်မတော်(ရေ)၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်
အတွက် အားကိုးအားထားပြုနိုင်သည့် တပ်မတော်(ရေ)အဖြစ် ရပ်တည်နိုင်ရမည်ဖြစ်သည်။
တပ်မတော်(ရေ)အနေဖြင့် စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍနှင့် စာနာအကူအညီပေးရေး ကဏ္ဍဟူသည့် ကဏ္ဍကြီး(၄)ရပ်ကို စနစ်တကျဖြင့် ထိရောက်အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ပင်လယ်ပြင်နှင့် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်အဖြစ် ထမ်းဆောင်နေပြီး သမားရိုးကျစစ်ဆင်ရေး၊ သောင်းကျန်းသူနှိမ်နင်းရေး၊ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတို့ကိုပါ ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်(ရေ)သည် ယခင်က ပင်လယ်ပြင်စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့် ရေတပ်မှ ယခုအခါ သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက် စိုးမိုးလှုပ်ရှားနိုင်သည့် ရေတပ်အဖြစ်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားစဉ် “၂၁ ရာစုတွင် နိုင်ငံအများစုသည် သမား ရိုးကျခြိမ်းခြောက်မှု များအပြင် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့် ပင်လယ်ဓားပြမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုကူးမှုစသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း၊ ထိုသို့ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ခေတ်မီပြီး အင်အားတောင့်တင်းခိုင်မာသည့် ရေတပ်ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့၏ပိုင်နက်ပင်လယ်၊ သီးသန့်စီးပွားရေးဇုန်၊ ကမ်းရိုး တန်းဒေသများနှင့် နိုင်ငံ၏ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေများနှင့်အညီ အပြည့်အဝ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်
ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်ပြင်အတွင်းသာမဟုတ်ဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသည့်အတွက် တပ်မတော်(ရေ)အနေဖြင့် လွှမ်းခြုံကာကွယ်နိုင်ရမည်ဖြစ်သည်။ ထိုသို့ကာကွယ်ရာတွင် ရေတပ်တစ်ခုတည်းဖြင့်သာမကဘဲ ကြည်းတပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့နှင့်ပေါင်းစပ်ပြီး ကာကွယ်ကြရမည်ဖြစ်သည်။ ရေကြောင်းစစ်ဆင်ရေးမှာ ဘက်စုံအသွင်ဆောင်သည့် သဘောသဘာဝရှိပြီး မျက်မှောက်ခေတ်ရေကြောင်း စစ်ဆင်ရေးကဏ္ဍကို ထိရောက်အောင်မြင်စွာ စစ်ဆင်နိုင်ရန် စစ်ရေယာဉ်မျိုးစုံပါဝင်ပြီး ခေတ်မီလက်နက်နှင့် လက်နက်စနစ်များ၊ အရည်အချင်းပြည့်ဝသည့် ရေတပ်မတော်သားများနှင့် ဟန်ချက်ညီညီ ပေါင်းစပ်စစ်ဆင်ရန် လိုအပ်သည့်အပြင် ကမ်းတက်စစ်ဆင်ရေး၊ မြစ်တွင်းစစ်ဆင်ရေး၊ ခြေလျင်အသွင်တိုက်ပွဲဝင်နိုင်ရေးတို့အတွက်ပါ အမြဲစုဖွဲ့လေ့ကျင့်ထားရမည်ဖြစ်သည်။
ယခုအခါ တပ်မတော်(ရေ )အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၅)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၉)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၁၀)သင်တန်းဆင်း အရာရှိများအနေဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော ယုံကြည်ချက်၊ ခံယူချက်ထားရှိကာ “လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်ဖြင့်” တပ်မတော်(ရေ)၏ အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းကြရန် ဖြစ်ပါကြောင်း ဂုဏ်ပြု ရေးသားအပ်ပါသည်။ ။
MWD

နိုင်ငံတစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ အဲဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာ (Sovereignty) နဲ့ နယ်မြေလုံခြုံရေးဆိုတာ အသက်တမျှအရေးကြီးပါတယ်။ ကမ္ဘာ့မြေပုံပေါ်က ဘယ်နိုင်ငံရဲ့ အစိုးရမဆို သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲစခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်လာရင် လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတကာဥပဒေအရရော နိုင်ငံတစ်နိုင်ငံရဲ့ ခုခံပိုင်ခွင့်အရပါ တရားဝင်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးချင်တာကတော့ ကမ္ဘာ့မီဒီယာတွေ မှာ ဝေဝေဆာဆာဖော်ပြနေကြတဲ့ လူ့အခွင့်အရေး ခေါင်းစဉ်အောက်က ဖုံးကွယ်ခံထားရတဲ့ ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုအကြောင်းပါ။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ အမြစ်တွယ်နေတဲ့ ARSA (Arakan Rohingya Salvation Army) အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သူတို့နောက်ကွယ်က နိုင်ငံရေးကစားကွက်နဲ့ မျောက်ပြဆန်တောင်းလုပ်ရပ်တွေအကြောင်းပဲ ဖြစ်ပါတယ်။
ARSA အဖွဲ့ကို မြန်မာနိုင်ငံအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကတည်းက အကြမ်းဖက်အဖွဲ့အဖြစ် ဥပဒေနဲ့အညီ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ယခုတစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာအမှုရဲ့ ပြဿနာအစ၊ အဓိကအရင်းအမြစ်ကတော့ ARSA ပဲဖြစ်ပါတယ်။ သူ့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို တပ်မတော်က ROE နဲ့အညီ တုံ့ပြန်တိုက်ခိုက်ရာကနေ ဒီအမှုဟာ ၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။
အခုဆိုရင် ၂၀၂၆ ခုနှစ်ကို ရောက်ရှိလာပြီဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ အမှုတွေက မပြီးပြတ်သေးပါဘူး။ မြန်မာနိုင်ငံက Genocide(လူမျိုးသုဉ်းသတ်ဖြတ်မှု)ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ဒီအမှုမှာ နိုင်ငံတကာက မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်သူအဖြစ် လက်ခံလာအောင်ပုံဖော်နေကြပေမယ့်တကယ့်လက်တွေ့မြေပြင်မှာ အကြမ်းဖက်ခံရသူတွေ၊ သတ်ဖြတ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတာတွေရဲ့လက်သည်တရားခံဖြစ်တဲ့ ARSA (Arakan Rohingya Salvation Army) အစွန်းရောက် အကြမ်းဖက်အဖွဲ့ကြီးအကြောင်းကိုတော့တမင်သက်သက်မေ့လျော့ထားကြသလိုပါပဲ။ အထူးသဖြင့်ဂမ်ဘီယာနိုင်ငံ လျှောက်လဲချက်တွေမှာ ARSA အဖွဲ့ကိုမသိတဲ့ပုံစံမျိုးအထိ ဖုံးကွယ်နေတာ အံ့ဩဖွယ်ရာကြားသိရပါတယ်။
ARSA အဖွဲ့ဟာရိုးရိုးရှင်းရှင်းဒေသခံတွေ မကျေနပ်လို့ထကြွတဲ့အဖွဲ့လေးလို့ ထင်နေရင်တော့ အကြီးအကျယ်မှားသွားပါလိမ့်မယ်။သူတို့ရဲ့နောက်ကွယ်မှာ ခိုင်မာတဲ့ ဖွဲ့စည်းပုံ၊ နိုင်ငံတကာအစွန်းရောက်အဖွဲ့တွေရဲ့ အထောက်အပံ့နဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေရှိနေပါတယ်။ နိုင်ငံတကာမီဒီယာအများစုက ARSA ကို “လွတ်မြောက်ရေး လှုပ်ရှားသူများ” အဖြစ် ပုံဖော်ချင်ကြပေမယ့် သူတို့ရဲ့ဇာစ်မြစ်ကိုလေ့လာကြည့်ရင် အစွန်းရောက်အကြမ်းဖက်ဝါဒနဲ့ဆက်နွှယ်နေတာကို တွေ့ရမှာပါ။ ARSA အဖွဲ့ (ယခင် Aqa Mul Mujahidin)ကို ဦးဆောင်နေသူ ကတော့ ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ မွေးဖွားကာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကြီးပြင်းခဲ့ပြီးမြန်မာနိုင်ငံ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာကို ပြောင်းရွှေ့နေခဲ့တဲ့ အသက် ၄၅ နှစ်အရွယ်အာတာအူလ္လာ (ခ) ဟာဘစ်တူဟာရ် (Hafiz Tohar) ဆိုသူဖြစ်ပါတယ်။
ဟာဘစ်တူဟာရ်ဟာ ပါကစ္စတန်အခြေစိုက် တာလီဘန်အကြမ်းဖက်အဖွဲ့မှာ ခြောက်လကြာ စစ်သင်တန်းတက်ခဲ့ဖူးသူတစ်ဦးပါ။ သူဟာ တစ်ဦးတည်းလှုပ်ရှားသူမဟုတ်ဘဲ ပါကစ္စတန်နိုင်ငံသား ခါလစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတာပါလောင်ဒုက္ခသည်စခန်းနေ အီဗရာဟိန်း၊ အဇာနှင့် အာရပ်တူလာ အပါအဝင် အမာခံ ၁၂ ဦးနဲ့ အုပ်စုဖွဲ့လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ဆက်နွှယ်ပြီး Aqa Mul Mujahidin အမည်နဲ့ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကို စတင်ပြုလုပ်ခဲ့တာပါ။ သူတို့အဖွဲ့ကို ဆော်ဒီအာရေဗျက ဘာသာရေးခေါင်းဆောင်တချို့က ငွေကြေးထောက်ပံ့ခဲ့ပြီး နိုင်ငံတကာအကြမ်းဖက်ကွန်ရက်တွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။
ARSA အဖွဲ့ဟာ ရုတ်တရက်ပေါ်ပေါက်လာတဲ့ အဖွဲ့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် မူဂျာဟစ်သောင်းကျန်းသူတွေကနေ အစပြုလို့ RLP၊ RPF၊ RSO စသည်ဖြင့် အဆင့်ဆင့်အသွင်ပြောင်းလာခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ Aqa Mul Mujahidin (AMM) အမည်နဲ့ စတင်လှုပ်ရှားခဲ့ကာ နောက်ပိုင်းမှာ ARSA အဖြစ် အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က ရှင်းလင်းပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေကို မြန်မာ့မြေပုံပေါ်ကနေ ဖဲ့ထုတ်ပြီး အာကစ္စတန် (Arkistan) ဆိုတဲ့ နိုင်ငံသစ်ထူထောင်ဖို့ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် သူတို့ဟာ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နိုင်ငံ စတဲ့နိုင်ငံတွေက အစွန်းရောက်အဖွဲ့အစည်းတွေဆီက ငွေကြေးနဲ့နည်းပညာအထောက်အပံ့တွေ ရယူခဲ့ကြပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ သူတို့မှာ ရက်စက်ကြမ်းကြုတ်တဲ့ အဆင့် (၄) ဆင့်ပါ စီမံကိန်းကြီးရှိခဲ့ပါတယ်။
ပထမအဆင့်အနေနဲ့ အစိုးရဌာနဆိုင်ရာနဲ့ဆက်နွှယ်နေတဲ့ ဘင်္ဂါလီတွေကို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်မယ်။ ဒုတိယအဆင့်ကတော့ ARSA အဖွဲ့ရဲ့ အမိန့်ကိုမနာခံတဲ့ ဘင်္ဂါလီတွေကို သတ်ဖြတ်မယ်။ တတိယအဆင့်အဖြစ် ဒေသခံတိုင်းရင်းသား (ရခိုင်၊ မြို၊ ဒိုင်းနက်) တွေကို သတ်ဖြတ်ပြီး နေရပ်စွန့်ခွာထွက်ပြေးအောင်လုပ်မယ်။ နောက်ဆုံး စတုတ္ထအဆင့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စခန်းတွေကို ဝင်တိုက်ပြီး နယ်မြေသိမ်းပိုက်မယ်။ ဒါဟာ နိုင်ငံရေးအရတောင်းဆိုမှု မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒ (Terrorism) သက်သက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။
ARSA က ဘာတွေလုပ်ခဲ့သလဲဆိုတာကြည့်မယ်ဆိုရင် ARSA အဖွဲ့ဟာ သာမန်ဘင်္ဂါလီအရပ်သားတွေမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်က ဟာဘစ်တူဟာရ် ဦးစီးတဲ့ အကြမ်းဖက်အဖွဲ့ဟာ မောင်တောဒေသမှာရှိတဲ့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲစခန်းနဲ့ ငါးခူရနယ်မြေရုံးတွေကို အလစ်အငိုက်တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနဲ့ အရပ်သား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အစိုးရ ရဲတပ်ဖွဲ့ဘက်က လက်နက်မျိုးစုံ ၆၇ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်းနဲ့ ကျည်အိမ် ၁၆၄ ခုအထိ အကြမ်းဖက်သမားတွေလက်ထဲသို့ ရောက်ရှိသွားခဲ့ရပါတယ်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ ARSA အကြမ်းဖက်သမားတွေအနေနဲ့ အစိုးရသတင်းပေးလို့စွပ်စွဲပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခြင်း၊ နေအိမ်တွေကို မီးရှို့ခြင်းတွေပြုလုပ်ခဲ့လို့ ကျေးရွာပေါင်း ၁၇ ရွာက အဆောက်အအုံ ၉၆၃ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဲဒီကာလအတွင်းမှာပဲ သူတို့ရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၁၈ ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ARSA အဖွဲ့ဟာ လူ့အခွင့်အရေးလှုပ်ရှားတာမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်အဖွဲ့သက်သက်ဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။
ဒါက အစပျိုးရုံပဲ ရှိပါသေးတယ်။ ပိုပြီးကြီးမားတဲ့ စစ်ဆင်ရေးကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မနက် ၁ နာရီလောက်အချိန်မှာ ARSA အစွန်းရောက် အင်အား ၄၀၀၀ ကျော်ကနေ ၁၀၀၀၀ လောက်အထိ စုရုံးပြီး မောင်တော၊ ဘူးသီးတောင်ဒေသတွေမှာရှိတဲ့ ရဲကင်းစခန်းပေါင်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း (Simultaneous Attacks) ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ ရိုးရိုးတိုက်ခိုက်မှုမဟုတ်ပါဘူး။ အင်အားရာနဲ့ချီအသုံးပြုပြီး စနစ်တကျစီစဉ်ထားတဲ့ စစ်ဆင်ရေးတစ်ခုပါ။ အဲဒီအချိန်ကတည်းက သူတို့ဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးပြီး အကြမ်းဖက်ဝါဒကို အစပျိုးနေပြီဆိုတာ ထင်ရှားခဲ့ပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာတင် တိုက်ပွဲ ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ရသလို လက်နက်ခြောက်လက် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ ကားလမ်းတွေမှာမိုင်းထောင်တာ၊ တံတားတွေကို ဖောက်ခွဲတာတွေကိုပါလုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတကာအနေနဲ့စဉ်းစားကြည့်စေချင်ပါတယ်။ကိုယ့်နိုင်ငံရဲ့ရဲစခန်း ၃၀ ကို လက်နက်ကိုင် အင်အားထောင်ချီကတစ်ပြိုင်နက်တည်း ဝင်တိုက်ရင်ဘယ်အစိုးရကငြိမ်နေမှာပါလဲ။ ဒီလိုအခြေအနေမျိုးမှာမြန်မာအစိုးရအနေနဲ့ Counter-Terrorism Operation မလုပ်ဘဲလက်ပိုက်ကြည့်နေလို့ရပါ့မလား။ဒါဟာလူ့အခွင့်အရေးတောင်းဆိုမှုလား၊ ဒါမှမဟုတ်အကြမ်းဖက်ကျူးကျော်မှုလားဆိုတာ ကွဲကွဲ ပြားပြားသိမြင်ဖို့လိုပါတယ်။
ဟာဘစ်တူဟာရ်အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ရုံမကပါဘူး။ လူမှုကွန်ရက်တွေကတစ်ဆင့် ဝါဒဖြန့်ဗီဒီယိုဖိုင် ၁၀ ကြိမ်လောက်ထုတ်လွှင့်ပြီး အစွန်းရောက်လှုံ့ဆော်မှုတွေပြုလုပ်ခဲ့ပါတယ်။
သူ့ရဲ့ဗီဒီယိုဖိုင်တွေမှာဆိုရင် “အာရကန်ဒေသမှာ အစ္စလာမ်ဘာသာတစ်မျိုးတည်းသာရှိရမယ်”လို့ ကြွေးကြော်ခဲ့သလို “ဘာသာခြားတွေကို လာသတ်ကြ၊ ဂျီဟတ်လုပ်ကြ၊ အားလုံးထွက်လာကြ”လို့ အတိအလင်းလှုံ့ဆော်ခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ရခိုင်ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးပြီး ဘင်္ဂါလီဘာသာစကားနဲ့ပြောဆိုအမိန့်ပေးနေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်တွေမှာ မြန်မာလို၊ အင်္ဂလိပ်လို ဘာသာစကား တွေနဲ့ပျံ့နှံ့နေတာဟာ ငြင်းလို့မရတဲ့ သူတို့ရဲ့အကြမ်း ဖက်လုပ်ရပ်တွေပဲဖြစ်ပါတယ်။
ARSA ရဲ့ လုပ်ရပ်တွေမှာ အဆိုးရွားဆုံးကတော့ လူမျိုးရေးမုန်းတီးမှုအပေါ်အခြေခံတဲ့ သတ်ဖြတ်မှုတွေပါပဲ။ ARSA ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသာ တိုက်ခိုက်တာမဟုတ်ဘဲ ဒေသခံတိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကိုပါ ပစ်မှတ်ထား သတ်ဖြတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေဟာ ရဲဘောက်ကျ ကျေးရွာက ဟိန္ဒူဘာသာဝင် ၅၂ ဦးနဲ့ ခမောင်းဆိပ် (တောင်) ရွာက ၅၃ ဦး၊ စုစုပေါင်း ၁၀၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအထဲက ဟိန္ဒူဘာသာဝင် ၄၅ ဦးကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ပြီး ကျင်းတစ်ခုထဲမှာ မြှုပ်နှံခဲ့တာကို ပြန်လည်တူးဖော်တွေ့ရှိခဲ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ ARSA ဟာ ဒေသခံ မြိုတိုင်းရင်းသားတွေ၊ ဒိုင်းနက်လူမျိုးတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ ARSA ဟာ သူတို့ရဲ့အကြမ်းဖက်လမ်းစဉ်ကို လက်မခံတဲ့၊ အစိုးရနဲ့ ပူးပေါင်းတယ်လို့ယူဆရတဲ့ အစ္စလာမ်ဘာသာဝင် အချင်းချင်းကိုပါ သစ္စာဖောက်ဆိုပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာတွေရှိပါသေးတယ်။ ဒီအချက်တွေက ဘာကိုပြနေသလဲဆိုတော့ ARSA ဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ မဟုတ်ဘဲ၊ ISIS လိုမျိုး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း (Terrorist Group)သာဖြစ်ကြောင်း သက်သေပြနေပါတယ်။
နိုင်ငံတော်အစိုးရဟာ ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter-Terrorism Operation) ကို ဆင်နွှဲခဲ့ခြင်းသာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံနဲ့ OIC တို့က ICJ မှာစွပ်စွဲနေသလို မြန်မာနိုင်ငံမှာ ဘင်္ဂါလီလူမျိုးတွေကို မျိုးဖြုတ်သတ်ဖြတ်နေတာမျိုး လုံးဝမရှိပါဘူး။
ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို အကြမ်းဖက် သမားတွေက နယ်မြေလုံခြုံရေးကို ထိပါးလာရင်၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်လာရင် အစိုးရအနေနဲ့ နိုင်ငံသားတွေကိုကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ မြန်မာ့တပ်မတော်နဲ့ရဲတပ်ဖွဲ့ဟာ ARSA အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထားရှင်းလင်းခဲ့တာဖြစ်ပြီး၊ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိအောင် Rules of Engagement (ROE) နဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများက ဖော်ပြထားပါတယ်။
နိုင်ငံတကာကပြောနေကြတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေ ထွက်ပြေးနေရတယ်ဆိုတဲ့ ကိစ္စရဲ့နောက်ကွယ်မှာလည်း ARSA ရဲ့နိုင်ငံရေးကစားကွက် (Political Trap)ကြီးတစ်ခုရှိနေပါတယ်။ ARSA အဖွဲ့ဟာ ဘင်္ဂါလီလူမျိုးတွေကိုလူသားဒိုင်း(Human Shields) အဖြစ် အသုံးပြုခဲ့သလို၊ သူတို့ရဲ့တိုက်ခိုက်မှုမအောင်မြင်တဲ့အခါမှာ ကျေးရွာတွေကို သူတို့ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးကြပါတယ်။ ပြီးတော့ သာမန်ဘင်္ဂါလီရွာသားတွေကို ခြိမ်းခြောက်ပါတယ်။ “မင်းတို့ ထွက်မပြေးရင် အစိုးရစစ်တပ်က လာသတ်လိမ့်မယ်”၊ “မလိုက်ရင် မင်းတို့ကိုသစ္စာဖောက်အဖြစ် သတ်မယ်” ဆိုပြီးခြိမ်းခြောက်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးအောင် တွန်းအားပေးမောင်းထုတ်ခဲ့ကြတာပါ။
တစ်ဖက်မှာလည်း“ဟိုဘက်နိုင်ငံရောက်ရင် နိုင်ငံတကာအထောက်အပံ့တွေနဲ့ ကောင်းကောင်းနေရမယ်၊ တတိယနိုင်ငံသွားရမယ်”ဆိုပြီး မက်လုံးပေးစည်းရုံးခဲ့ကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဒုက္ခသည်အကြပ်အတည်း(RefugeeCrisis)ကိုဖန်တီးပြီးနိုင်ငံတကာဖိအားမြန်မာနိုင်ငံအပေါ် ကျရောက်လာအောင် လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ် ICJ မှာ အမှုရင်ဆိုင်နေရချိန်အထိ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေဟာ ARSA ရဲ့ အခန်းကဏ္ဍကို လုံးဝထည့်သွင်းပြောဆိုခြင်းမရှိသလောက်ပါပဲ။ ဒါ့အပြင် အကြမ်းဖက်သမား ၆,၀၀၀ ကျော်၊ ၁၀,၀၀၀ လောက်ကလက်နက်တွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်နေတာကို ထုတ်ပြောခဲ့တာမရှိသလို၊ ဒါတွေအတွက် ဘယ်လိုဖြေရှင်းကုစားပေးမှာလဲလို့ ပြန်ပြီး မေးခွန်းထုတ်လိုက်ရင်လည်း သူတို့အဖြေမပေးနိုင်ပါဘူး။
BBC အင်တာဗျူးတစ်ခုမှာ ဂမ်ဘီယာဘက်က ရှေ့နေ Mr. Suleman ပြောကြားချက်တွေကိုကြည့်ရင် သူတို့ရဲ့ရည်ရွယ်ချက်က တရားမျှတမှုထက် မြန်မာနိုင်ငံဆီက လျော်ကြေးငွေ(Compensation)ရလိုမှုက ပိုများနေတာကိုတွေ့ရပါတယ်။ သူတို့ဟာ ARSA ရဲ့ အကြမ်းဖက်မှုတွေကိုမျက်ကွယ်ပြုပြီး တစ်ဖက်သတ် FFM (Fact-Finding Mission) အစီရင်ခံစာတွေကိုပဲ ကိုးကားနေကြပါတယ်။ အဲဒီအစီရင်ခံစာတွေက မြေပြင်အခြေအနေမှန်ကို မထင်ဟပ်ဘဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေရှိနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုဖို့ ဝန်လေးနေတာဟာ အလွန်အန္တရာယ်ကြီးမားပါတယ်။ ဒါဟာ အကြမ်းဖက်ဝါဒကို သွယ်ဝိုက်ပြီး အားပေးရာရောက်နေပါတယ်။
၂၀၂၆ ခုနှစ်အထိ ARSA ဟာ ပျောက်ကွယ်သွားခြင်းမရှိဘဲ နယ်စပ်ဒေသမှာ ခိုအောင်းပြီးအကြမ်းဖက်လုပ်ရပ်တွေကိုနည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ လူသစ်စုဆောင်းတာ၊ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားတဲ့သူတွေကိုခြိမ်းခြောက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေဆဲပါ။ ICJ မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ဆက်လက်ဖြေရှင်းနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ဘင်္ဂါလီလူမျိုးတွေကို မုန်းတီးလို့တိုက်ခိုက်နေတာမဟုတ်ပဲ နိုင်ငံတော်ကို ရန်ပြုလာတဲ့ ARSA အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနေခြင်း(Counter-Terrorism Operation)သာဖြစ်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မျက်လုံးဖွင့်ပြီး အမှန်တရားကို ကြည့်စေချင်ပါတယ်။
မြန်မာနိုင်ငံရဲ့အနောက်တံခါးဝကို ခြိမ်းခြောက်နေတဲ့ ARSA အန္တရာယ်ဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းရဲ့ပြဿနာမဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ကမ္ဘာ့နိုင်ငံတိုင်း လက်ခံအသိအမှတ်ပြုပြီး ဝိုင်းဝန်းတိုက်ဖျက်ရမယ့် ဘုံရန်သူဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ ဘင်္ဂါလီတိုင်းကို ဒုက္ခသည်လို့ သတ်မှတ်နေသလို ARSA အဖွဲ့ဝင်တိုင်းကလဲ ဘင်္ဂါလီဖြစ်နေတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ဒေသခံဘင်္ဂါလီများနဲ့ရခိုင်တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ဖြစ်ပေါ်လာခဲ့ရတဲ့ဖြစ်ရပ်မှန်တွေကိုဂုဏ်သိက္ခာရှိရှိ ဥပဒေကြောင်းအရ ခိုင်မာတဲ့အချက်အလက်များနဲ့ တုံ့ပြန် နေခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့တရားမျှတတဲ့ခုခံပိုင်ခွင့်ကို လေးစားကြဖို့အချိန်တန်ပြီဖြစ်ကြောင်း သတိမူ ဂူမြင်စေဖို့အသိပေးတင်ပြလိုက်ရပါတယ်။ ။

နိုင်ငံတစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ အဲဒီနိုင်ငံရဲ့အချုပ်အခြာအာဏာ(Sovereignty)နဲ့ နယ်မြေလုံခြုံရေးဆိုတာ အသက်တမျှအရေးကြီးပါတယ်။ ကမ္ဘာ့မြေပုံပေါ်က ဘယ်နိုင်ငံရဲ့ အစိုးရမဆို သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲစခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက် လာရင် လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ဒါဟာနိုင်ငံတကာဥပဒေအရရော နိုင်ငံတစ်နိုင်ငံရဲ့ ခုခံပိုင်ခွင့်အရပါ တရားဝင်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးချင်တာကတော့ ကမ္ဘာ့မီဒီယာတွေမှာ ဝေဝေဆာဆာဖော်ပြနေကြတဲ့ လူ့အခွင့်အရေးခေါင်းစဉ်အောက်က ဖုံးကွယ်ခံထားရတဲ့ ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခု အကြောင်းပါ။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ အမြစ်တွယ်နေတဲ့ ARSA (Arakan Rohingya Salvation Army) အကြမ်း ဖက်အဖွဲ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ သူတို့နောက်ကွယ်က နိုင်ငံရေးကစားကွက်နဲ့ မျောက်ပြဆန်တောင်း လုပ်ရပ်တွေအကြောင်းပဲ ဖြစ်ပါတယ်။
ARSA အဖွဲ့ကို မြန်မာနိုင်ငံအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကတည်းက အကြမ်းဖက်အဖွဲ့အဖြစ် ဥပဒေနဲ့အညီ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ယခု တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ICJ မှာ မြန်မာနဲ့ဂမ်ဘီယာအမှုရဲ့ ပြဿနာအစ၊ အဓိကအရင်းအမြစ်ကတော့ ARSA ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို တပ်မတော်က ROE နဲ့အညီ တုံ့ပြန်တိုက်ခိုက်ရာကနေ ဒီအမှုဟာ ၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။
အခုဆိုရင် ၂၀၂၆ ခုနှစ်ကို ရောက်ရှိလာပြီဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုတွေက မပြီးပြတ်သေးပါဘူး။ မြန်မာနိုင်ငံက Genocide (လူမျိုးသုဉ်း သတ်ဖြတ်မှု) ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ဒီအမှုမှာ နိုင်ငံတကာက မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်သူအဖြစ် လက်ခံလာအောင် ပုံဖော်နေကြပေမယ့် တကယ့်လက်တွေ့မြေပြင်မှာ အကြမ်းဖက်ခံရသူတွေ၊ သတ်ဖြတ်ခံရသူတွေနဲ့ နေရပ် စွန့်ခွာထွက်ပြေးနေရတာတွေရဲ့ လက်သည်တရားခံဖြစ်တဲ့ ARSA (Arakan Rohingya Salvation Army) အစွန်းရောက် အကြမ်းဖက်အဖွဲ့ကြီး အကြောင်းကိုတော့ တမင်သက်သက်မေ့လျော့ထားကြသလိုပါပဲ။ အထူးသဖြင့်ဂမ်ဘီယာနိုင်ငံ လျှောက်လဲချက်တွေမှာ ARSA အဖွဲ့ကို မသိတဲ့ပုံစံမျိုးအထိဖုံးကွယ်နေတာ အံ့ဩဖွယ်ရာ ကြားသိရပါတယ်။
ARSA အဖွဲ့ဟာ ရိုးရိုးရှင်းရှင်းဒေသခံတွေ မကျေနပ်လို့ ထကြွတဲ့အဖွဲ့လေးလို့ ထင်နေရင်တော့ အကြီးအကျယ်မှားသွားပါလိမ့်မယ်။ သူတို့ရဲ့နောက်ကွယ်မှာ ခိုင်မာတဲ့ဖွဲ့စည်းပုံ၊ နိုင်ငံတကာ အစွန်းရောက်အဖွဲ့တွေရဲ့ အထောက်အပံ့နဲ့ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံတကာ မီဒီယာအများစုက ARSA ကို “လွတ်မြောက်ရေး လှုပ်ရှားသူများ” အဖြစ် ပုံဖော်ချင်ကြပေမယ့်သူတို့ ရဲ့ဇာစ်မြစ်ကို လေ့လာကြည့်ရင် အစွန်းရောက် အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်နေတာကို တွေ့ရမှာပါ။
ARSA အဖွဲ့ (ယခင် Aqa Mul Mujahidin)ကို ဦးဆောင်နေသူကတော့ ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ မွေးဖွားကာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကြီးပြင်းခဲ့ပြီး မြန်မာနိုင်ငံ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာကို ပြောင်းရွှေ့နေခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် အာတာအူလ္လာ(ခ) ဟာဘစ်တူဟာရ် (Hafiz Tohar)ဆိုသူ ဖြစ်ပါတယ်။
ဟာဘစ်တူဟာရ်ဟာ ပါကစ္စတန်အခြေစိုက် တာလီဘန်အကြမ်းဖက်အဖွဲ့မှာ ၆ လကြာစစ်သင်တန်းတက်ခဲ့ဖူးသူ တစ်ဦးပါ။ သူဟာတစ်ဦးတည်း လှုပ်ရှားသူမဟုတ်ဘဲ ပါကစ္စတန်နိုင်ငံသား ခါလစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတာပါလောင် ဒုက္ခသည်စခန်းနေ အီဗရာဟိန်း၊ အဇာနှင့် အာရပ်တူလာအပါအဝင် အမာခံ ၁၂ ဦးနဲ့ အုပ်စုဖွဲ့ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ဆက်နွှယ်ပြီး Aqa Mul Mujahidin အမည်နဲ့ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကို စတင်ပြုလုပ်ခဲ့တာပါ။ သူတို့အဖွဲ့ကို ဆော်ဒီအာရေဗျက ဘာသာရေးခေါင်းဆောင်တချို့က ငွေကြေးထောက်ပံ့ခဲ့ပြီး နိုင်ငံတကာအကြမ်းဖက်ကွန်ရက် တွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။
ARSA အဖွဲ့ဟာ ရုတ်တရက် ပေါ်ပေါက်လာတဲ့ အဖွဲ့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ်မူဂျာဟစ် သောင်းကျန်းသူတွေကနေအစပြုလို့ RLP၊ RPF၊ RSO စသဖြင့် အဆင့်ဆင့်အသွင်ပြောင်းလာခဲ့ ပြီးနောက် ၂၀၁၆ ခုနှစ်မှာ Aqa Mul Mujahidin (AMM) အမည်နဲ့ စတင်လှုပ်ရှားခဲ့ကာ နောက်ပိုင်း မှာ ARSA အဖြစ်အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က ရှင်းလင်းပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေကို မြန်မာ့မြေပုံ ပေါ်ကနေဖဲ့ထုတ်ပြီး အာကစ္စတန်(Arkistan)ဆိုတဲ့ နိုင်ငံသစ်ထူထောင်ဖို့ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် ကို အကောင်အထည်ဖော်ဖို့အတွက် သူတို့ဟာ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နိုင်ငံ စတဲ့နိုင်ငံတွေက အစွန်းရောက် အဖွဲ့အစည်းတွေဆီက ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေ ရယူခဲ့ကြပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ သူတို့မှာ ရက်စက်ကြမ်းကြုတ်တဲ့ အဆင့် (၄) ဆင့်ပါစီမံကိန်းကြီး ရှိခဲ့ပါတယ်။
ပထမအဆင့်အနေနဲ့ အစိုးရဌာနဆိုင်ရာနဲ့ ဆက်နွှယ်နေတဲ့ ဘင်္ဂါလီတွေကို သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်မယ်။ ဒုတိယအဆင့်ကတော့ ARSA အဖွဲ့ရဲ့အမိန့်ကိုမနာခံတဲ့ ဘင်္ဂါလီတွေကို သတ်ဖြတ်မယ်။ တတိယအဆင့်အဖြစ် ဒေသခံတိုင်းရင်းသား (ရခိုင်၊ မြို၊ ဒိုင်းနက်)များကို သတ်ဖြတ်ပြီး နေရပ်စွန့်ခွာထွက်ပြေးအောင်လုပ်မယ်။ နောက်ဆုံးစတုတ္ထအဆင့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စခန်းတွေကို ဝင်တိုက်ပြီး နယ်မြေ သိမ်းပိုက်မယ်။ ဒါဟာ နိုင်ငံရေးအရတောင်းဆိုမှု မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒ (Terrorism) သက်သက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရမှာ ဖြစ်ပါတယ်။
ARSA ကဘာတွေလုပ်ခဲ့သလဲဆိုတာ ကြည့်မယ်ဆိုရင် ARSA အဖွဲ့ဟာ သာမန် ဘင်္ဂါလီ အရပ်သား တွေမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီ ၃၀ အချိန်က ဟာဘစ် တူဟာရ်ဦးစီးတဲ့ အကြမ်းဖက်အဖွဲ့ဟာ မောင်တောဒေသမှာရှိတဲ့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်ပြင်)၊ ကိုးတန်ကောက်ရဲစခန်းနှင့် ငါးခူရနယ်မြေရုံးများကို အလစ်အငိုက် တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနှင့် အရပ်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အစိုးရရဲတပ်ဖွဲ့ဘက်က လက်နက်မျိုးစုံ ၆၇ လက်၊ ကျည်မျိုးစုံ ၆၆၂၄တောင့်၊ လှံစွပ် ၄၇ ချောင်းနဲ့ ကျည်အိမ် ၁၆၄ ခုအထိ အကြမ်းဖက်သမားများ လက်ထဲသို့ ရောက်ရှိသွားခဲ့ရပါတယ်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ ARSA အကြမ်းဖက်သမားတွေ အနေနဲ့ အစိုးရသတင်းပေးလို့ စွပ်စွဲပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတွေ ပြုလုပ်ခဲ့လို့ ကျေးရွာပေါင်း ၁၇ ရွာက အဆောက်အအုံ ၉၆၃ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဲဒီကာလအတွင်းမှာပဲ သူတို့ရဲ့လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ARSA အဖွဲ့ဟာ လူ့အခွင့်အရေးလှုပ်ရှားတာ မဟုတ်ဘဲအပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်အဖွဲ့သက်သက် ဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။
ဒါက အစပျိုးရုံပဲ ရှိပါသေးတယ်။ ပိုပြီးကြီးမားတဲ့ စစ်ဆင်ရေးကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ နံနက် ၁ နာရီလောက် အချိန်မှာ ARSA အစွန်းရောက်အင်အား ၄၀၀၀ ကျော်ကနေ ၁၀၀၀၀ လောက်အထိစုရုံးပြီး မောင်တော၊ ဘူးသီးတောင်ဒေသတွေမှာရှိတဲ့ ရဲကင်းစခန်းပေါင်း ၃၀ နဲ့ တပ်ရင်းဌာနချုပ် ၁ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း (Simultaneous Attacks) ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ ရိုးရိုးတိုက်ခိုက်မှု မဟုတ်ပါဘူး။ အင်အားရာနဲ့ချီအသုံးပြုပြီး စနစ်တကျစီစဉ်ထားတဲ့ စစ်ဆင်ရေးတစ်ခုပါ။ အဲဒီအချိန်ကတည်းက သူတို့ဟာဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးပြီးအကြမ်းဖက်ဝါဒကို အစပျိုးနေပြီဆိုတာ ထင်ရှားခဲ့ပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာတင် တိုက်ပွဲ(၃၈)ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ရသလို လက်နက် ၆ လက် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာကားလမ်းတွေမှာ မိုင်းထောင်တာ၊ တံတားတွေကို ဖောက်ခွဲတာတွေကိုပါ လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတကာအနေနဲ့ စဉ်းစား ကြည့်စေချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ရဲစခန်း ၃၀ ကို လက်နက်ကိုင်အင်အားထောင်ချီက တစ်ပြိုင်နက်တည်း ဝင်တိုက်ရင် ဘယ်အစိုးရက ငြိမ်နေမှာပါလဲ။ ဒီလိုအခြေအနေမျိုးမှာ မြန်မာအစိုးရအနေနဲ့ Counter- Terrorism Operation မလုပ်ဘဲ လက်ပိုက်ကြည့်နေလို့ရပါ့မလား။ ဒါဟာ လူ့အခွင့်အရေးတောင်းဆိုမှုလား၊ ဒါမှမဟုတ် အကြမ်းဖက် ကျူးကျော်မှုလားဆိုတာ ကွဲကွဲပြားပြားသိမြင်ဖို့ လိုပါတယ်။
ဟာဘစ်တူဟာရ်အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ရုံမကပါဘူး။ လူမှုကွန်ရက်တွေကတစ်ဆင့် ဝါဒဖြန့်ဗီဒီယိုဖိုင် (၁၀)ကြိမ် လောက်ထုတ်လွှင့်ပြီး အစွန်းရောက်လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ဗီဒီယိုဖိုင်တွေမှာဆိုရင် “အာရကန်ဒေသမှာ အစ္စလာမ်ဘာသာတစ်မျိုးတည်းသာရှိရမယ်”လို့ ကြွေးကြော်ခဲ့သလို “ဘာသာခြားတွေကို လာသတ်ကြ၊ ဂျီဟတ်လုပ်ကြ၊ အားလုံးထွက်လာကြ” လို့ အတိအလင်းလှုံ့ဆော်ခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ရခိုင်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ဘင်္ဂါလီဘာသာစကားနဲ့ ပြောဆိုအမိန့်ပေးနေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်တွေမှာ မြန်မာလို၊ အင်္ဂလိပ်လို ဘာသာစကားတွေနဲ့ ပျံ့နှံ့နေတာဟာ ငြင်းလို့မရတဲ့ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ARSA ရဲ့ လုပ်ရပ်တွေမှာ အဆိုးရွားဆုံးကတော့ လူမျိုးရေးမုန်းတီးမှုအပေါ်အခြေခံတဲ့ သတ်ဖြတ်မှုတွေပါပဲ။ ARSA ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသာ တိုက်ခိုက်တာမဟုတ်ဘဲ ဒေသခံတိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကိုပါ ပစ်မှတ်ထား သတ်ဖြတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေဟာ ရဲဘောက်ကျကျေးရွာက ဟိန္ဒူဘာသာဝင် ၅၂ ဦးနဲ့ ခမောင်းဆိပ်(တောင်)ရွာက ၅၃ ဦး စုစုပေါင်း ၁၀၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအထဲက ဟိန္ဒူဘာသာဝင် ၄၅ ဦးကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ပြီး ကျင်းတစ်ခုထဲမှာ မြှုပ်နှံခဲ့တာကို ပြန်လည်တူးဖော်တွေ့ရှိခဲ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ ARSA ဟာ ဒေသခံမြိုတိုင်းရင်းသားတွေ၊ ဒိုင်းနက်လူမျိုးတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ပိုပြီး ထိတ်လန့်စရာကောင်းတာကတော့ ARSA ဟာ သူတို့ရဲ့ အကြမ်းဖက်လမ်းစဉ်ကို လက်မခံတဲ့၊ အစိုးရနဲ့ပူးပေါင်းတယ်လို့ ယူဆရတဲ့အစ္စလာမ် ဘာသာဝင်အချင်းချင်းကိုပါ သစ္စာဖောက်ဆိုပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာတွေ ရှိပါသေးတယ်။ ဒီအချက်တွေက ဘာကိုပြနေသလဲဆိုတော့ ARSA ဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေမဟုတ်ဘဲ ISIS လိုမျိုးအစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း (Terrorist Group) သာဖြစ်ကြောင်း သက်သေပြနေပါတယ်။
နိုင်ငံတော်အစိုးရဟာ ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆင်နွှဲခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံနဲ့ OIC တို့က ICJ မှာ စွပ်စွဲနေသလို မြန်မာနိုင်ငံမှာ ဘင်္ဂါလီလူမျိုးတွေကို မျိုးဖြုတ် သတ်ဖြတ်နေတာမျိုး လုံးဝမရှိပါဘူး။ ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို အကြမ်းဖက်သမားတွေက နယ်မြေလုံခြုံရေးကို ထိပါးလာရင်၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်လာရင် အစိုးရအနေနဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဟာ ARSA အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထားရှင်းလင်းခဲ့တာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိအောင် Rules of Engagement (ROE) နဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာများက ဖော်ပြထားပါတယ်။
နိုင်ငံတကာကပြောနေကြတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေ ထွက်ပြေးနေရတယ်ဆိုတဲ့ကိစ္စရဲ့ နောက်ကွယ်မှာလည်း ARSA ရဲ့ နိုင်ငံရေးကစားကွက် (Political Trap) ကြီးတစ်ခုရှိနေပါတယ်။ ARSA အဖွဲ့ဟာ ဘင်္ဂါလီလူမျိုးတွေကို လူသားဒိုင်း (Hu-man Shields) အဖြစ်အသုံးပြုခဲ့သလို သူတို့ရဲ့ တိုက်ခိုက်မှုမအောင်မြင်တဲ့အခါမှာ ကျေးရွာတွေကို သူတို့ကိုယ်တိုင် မီးရှို့ပြီးထွက်ပြေးကြပါတယ်။ပြီးတော့ သာမန်ဘင်္ဂါလီရွာသားတွေကို ခြိမ်းခြောက်ပါတယ်။ “မင်းတို့ ထွက်မပြေးရင် အစိုးရစစ်တပ်က လာသတ်လိမ့်မယ်” ၊ “မလိုက်ရင် မင်းတို့ကို သစ္စာ ဖောက်အဖြစ် သတ်မယ်” ဆိုပြီး ခြိမ်းခြောက်ပြီး တစ်ဖက်နိုင်ငံကိုထွက်ပြေးအောင် တွန်းအားပေး မောင်းထုတ်ခဲ့ကြတာပါ။ တစ်ဖက်မှာလည်း “ဟိုဘက်နိုင်ငံရောက်ရင် နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ကောင်းကောင်းနေရမယ်၊ တတိယနိုင်ငံသွားရမယ်” ဆိုပြီး မက်လုံးပေးစည်းရုံးခဲ့ကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဒုက္ခသည်အကျပ်အတည်း (Refugee Crisis) ကို ဖန်တီးပြီးနိုင်ငံတကာဖိအား မြန်မာနိုင်ငံအပေါ် ကျရောက်လာအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ် ICJ မှာ အမှုရင်ဆိုင်နေရချိန် အထိ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေဟာ ARSA ရဲ့ အခန်းကဏ္ဍကို လုံးဝထည့်သွင်းပြောဆိုခြင်း မရှိသလောက်ပါပဲ။ ဒါ့အပြင် အကြမ်းဖက်သမား ၆၀၀၀ ကျော်၊ ၁၀၀၀၀ လောက်က လက်နက်တွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်နေတာကို ထုတ်ပြောခဲ့တာ မရှိသလို ဒါတွေအတွက် ဘယ်လိုဖြေရှင်း ကုစားပေးမှာလဲလို့ ပြန်ပြီး မေးခွန်းထုတ်လိုက်ရင်လည်း သူတို့အဖြေမပေးနိုင်ပါဘူး။
BBC အင်တာဗျူးတစ်ခုမှာ ဂမ်ဘီယာဘက်က ရှေ့နေ Mr. Suleman ပြောကြားချက်တွေကိုကြည့်ရင် သူတို့ရဲ့ရည်ရွယ်ချက်က တရားမျှတမှုထက် မြန်မာနိုင်ငံဆီက လျော်ကြေးငွေ (Compensation) ရလိုမှုက ပိုများနေတာကိုတွေ့ရပါတယ်။ သူတို့ ဟာ ARSA ရဲ့ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုပြီး တစ်ဖက်သတ် FFM (Fact-Finding Mission) အစီရင်ခံစာတွေကိုပဲ ကိုးကားနေကြပါတယ်။ အဲဒီအစီရင်ခံစာတွေက မြေပြင်အခြေအနေမှန်ကို မထင်ဟပ်ဘဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ရှိနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုဖို့ ဝန်လေးနေတာဟာ အလွန်အန္တရာယ်ကြီးမားပါတယ်။ ဒါဟာအကြမ်းဖက်ဝါဒကို သွယ်ဝိုက်ပြီး အားပေးရာရောက်နေပါတယ်။
၂၀၂၆ ခုနှစ်အထိ ARSA ဟာ ပျောက်ကွယ်သွားခြင်းမရှိဘဲ နယ်စပ်ဒေသမှာ ခိုအောင်းပြီးအကြမ်းဖက်လုပ်ရပ်တွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လူသစ်စုဆောင်းတာ၊ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားတဲ့သူတွေကို ခြိမ်းခြောက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေဆဲပါ။ ICJ မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ဆက်လက်ဖြေရှင်းနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ဘင်္ဂါလီ လူမျိုးတွေကို မုန်းတီးလို့ တိုက်ခိုက်နေတာမဟုတ်ဘဲ နိုင်ငံတော်ကိုရန်ပြုလာတဲ့ ARSA အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနေခြင်း (Counter-Terrorism Operation)သာ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မျက်လုံးဖွင့်ပြီး အမှန်တရားကို ကြည့်စေချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်တံခါးဝကို ခြိမ်းခြောက်နေတဲ့ ARSA အန္တရာယ်ဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတိုင်း လက်ခံအသိအမှတ်ပြုပြီး ဝိုင်းဝန်းတိုက်ဖျက်ရမယ့် ဘုံရန်သူဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ ဘင်္ဂါလီတိုင်းကို ဒုက္ခသည်လို့ သတ်မှတ်နေသလို ARSA အဖွဲ့ဝင်တိုင်းကလည်း ဘင်္ဂါလီဖြစ်နေတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ဒေသခံဘင်္ဂါလီများနဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ဖြစ်ပေါ်လာခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို ဂုဏ်သိက္ခာရှိရှိ ဥပဒေကြောင်းအရ ခိုင်မာတဲ့အချက်အလက်များနဲ့ တုံ့ပြန်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားမျှတတဲ့ခုခံပိုင်ခွင့်ကို လေးစားကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း သတိမူဂူမြင်စေဖို့ အသိပေးတင်ပြလိုက်ရပါတယ်။ ။
moi

မြောက်ပြန်လေသွေး၊ အအေးဓာတ်ကဲလာသည့် ဇန်နဝါရီလသည် မြန်မာပြည်အလယ်ပိုင်းရှိ မိတ္ထီလာမြို့လေးကို ငွေနှင်းမှုန်တို့ဖြင့်ခြုံလွှမ်းကာ အေးချမ်းသာယာသော ပန်းချီကားတစ်ချပ်အဖြစ် ဖန်တီးနေသည့်အလားပင်။ နှစ်တစ်နှစ်၏အစဦးဖြစ်သော ဇန်နဝါရီလတွင် မိတ္ထီလာကန်ကြီးမှ တိုက်ခတ်လာသော လေအေးစိမ့်စိမ့်တို့သည် နံနက်ဝေလီဝေလင်းအချိန်တွင် မိတ္ထီလာကန်ရေပြင်ထက်၌ မြူနှင်းခိုးများ တအိအိတက်နေသည်။ လေတပ်စခန်းဌာနချုပ်တည်ရှိရာနယ်မြေဖြစ်သည်နှင့်အညီ အအေးဓာတ်ကြားမှပျံတက်သွားသော လေ့ကျင့်ရေးလေယာဉ်များ၏အင်ဂျင်သံသည် မိတ္ထီလာ၏ အေးချမ်းသော ဆောင်းနံနက်ခင်းကို နိုးကြားတက်ကြွစေသည့် ထူးခြားသောသင်္ကေတတစ်ခုပင် ဖြစ်ပါတော့သည်။
အချိန်ကား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် အေးချမ်းလှသည့် အညာဒေသဆောင်းနံနက်ခင်း၏ မနက်စာကောက်ညှင်းပေါင်းနဲ့ပဲပြုတ်ဆီဆမ်းနဲ့ အကြော်တို့ကိုရေနွေးကြမ်းနှင့် လွေးပြီးသကာလ အိမ်သူသက်ထား ဇနီးမယားကိုလည်း ကော်ဖီပူလေးတစ်ခွက်လာပို့ပေးဦးဟု အော်ပြောလိုက်ရင်း မြဝတီနေ့စဉ်သတင်းစာကို ယူဖတ်မိလေသည်။ သတင်းများကို ဟိုဒီလှန်လှောကြည့်စဉ် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ သတင်းအား စိတ်ပါဝင်စားစွာ ဖတ်မိလေသည်။ ထိုစဉ် မြေးဖြစ်သူမောင်ဘုန်းမြတ်ဇော်က“ဖိုးဖိုး ဘာတွေ စိတ်ဝင်တစားဖတ်နေတာလဲ”ဟု လာမေးလေသည်။
“လေယာဉ်မောင်းသင်တန်းဆင်းတဲ့ သတင်းကိုဖတ်နေတာလေ မြေးလေး”“ဟုတ်လား..”မြေးဖြစ်သူမှာ မိတ္ထီလာမြို့ ကောင်းကင်ယံတွင် ပျံဝဲနေသော လေယာဉ်၊ ရဟတ်ယာဉ်များကို မကြာခဏမြင်တွေ့နေရသူမို့ လေယာဉ်ပျံသန်းမှု အကြောင်းများကို စိတ်ဝင်တစားရှိလှသည်။
“ဒါဆို… ဖိုးဖိုးသိတဲ့အကြောင်းတွေ သားကိုပြောပြဦးလေ”
“အေး အေး.. ပြောပြမယ်”
“သွား.. မင်းဖွားဖွားဆီက ကော်ဖီ
ခွက်သွားယူချေဦး”
မြေးဖြစ်သူကို ဘယ်ကစပြီးပြောရမလဲ စဉ်းစားရင်း စာရေးသူ၏ သောတနားဝယ်“လေယာဉ်မောင်းပညာ နိုင်ငံတကာအဆင့်မီ အောင်မြင်စွာတတ်မြောက်ခဲ့ပြီ..”
“လေသူရဲရင်မှာ ရွှေတောင်ပံဝင့်ချီ မြန်မာပြည်ကိုကာကွယ်မည်”ဟူသည့် စစ်ချီတေးစာသားရောက်လာပြီး တပ်မတော်(လေ)အတွက် လေသူရဲများ ခေတ်အဆက်ဆက် လေ့ကျင့်မွေးထုတ်ကာ ပျံသန်းမှုအတတ်ပညာများ လက်ဆင့်ကမ်းခဲ့သည့် ပုံရိပ်များနှင့်အမိမြန်မာပြည်ကို ဝေဟင်မှကာကွယ်ပေးခဲ့သည့်အကြောင်းအရာများကို ပြောပြရန်စိတ်ကူးမိလေတော့သည်။
၁၉၁၉ ခုနှစ်တွင် ဗြိတိန်မှ ဩစတြေးလျသို့ ပထမဦးဆုံး လေယာဉ်ပျံသန်းမောင်းနှင်မှု ပြိုင်ပွဲတွင် ဩစတြေးလျနိုင်ငံသား လေယာဉ်မှူးတို့မောင်းနှင်ခဲ့သည့် Vickers Vimy အမျိုးအစား လေယာဉ်ဖြင့် စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဆင်းသက်ပျံသန်းမှုသည် မြန်မာ့ဝေဟင်တွင် အစောဆုံးပျံသန်းခဲ့သည့် ပျံသန်းမှုပင်ဖြစ်သည်ဟု မှတ်သားခဲ့ရဖူးသည်။ လေယာဉ်ပျံသန်းမှု အတတ်ပညာများသည်ကား ၁၉၃၄ ခုနှစ်ဧပြီလရောက်မှသာရန်ကုန်မြို့၌ ရန်ကုန်လေယာဉ်မောင်းသင်ကျောင်း (Rangoon Flying School) ကို Gipsy Moth လေယာဉ်နှစ်စင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည်။
၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်တွင် ဗမာ့အပျော်တမ်းလေတပ်ဖွဲ့ (Burma Volunteer Air Unit - BVAU) အမည်ဖြင့် ပထမဆုံးဖွဲ့စည်းနိုင်ခဲ့သည်။ ဗမာ့အပျော်တမ်းလေတပ်ဖွဲ့အဖြစ် ပီပြင်စွာပေါ်ပေါက်လာရန် စတင်ကြိုးပမ်းခဲ့ကြပြီး ၁၉၄၀ ပြည့်နှစ် အောက်တိုဘာလအတွင်း၌ Tiger Moth လေယာဉ်ငါးစင်းသည် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီလ ၄ ရက်တွင် မြန်မာနိုင်ငံ ဗြိတိသျှအစိုးရကာကွယ်ရေးဌာနက ဗမာ့အပျော်တမ်းလေတပ်ဖွဲ့ (BVAU)ကို ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force - BVAF) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force - BVAF) အဖြစ်သို့ ဖွဲ့စည်းခဲ့ပြီး ပထမဆုံးလေယာဉ်မောင်းသင်တန်းအတွက် လေယာဉ်များ၊ သင်တန်းဆရာများနှင့် လေသူရဲလောင်းများကို စတင်စုဆောင်းခဲ့သည်။ ဘုရင့်လေတပ်မတော်မှ ရောက်ရှိလာကြသော လေယာဉ်မောင်းနည်းပြဆရာနှစ်ဦးတို့အပြင် အရပ်ဘက်လေကြောင်းပညာအသင်းမှ လေယာဉ်မောင်းနည်းပြဆရာတစ်ဦးနှင့် စက်မှုလက်မှုတာဝန်ခံတစ်ဦးတို့အား သင်တန်းဆရာများအဖြစ်ခန့်အပ်ခဲ့သည်။ ထိုသို့ စုဆောင်းပြီး သင်တန်းစတင်ရန်အတွက် လေသူရဲလောင်းများကို ရွေးချယ်ခဲ့ကြသည်။
၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ပထမဆုံးလေယာဉ်မောင်းသင်တန်းအတွက် သင်တန်းသား ၁၂ ဦးကို ရွေးချယ်ခဲ့ပြီး စုစုပေါင်းကိုးဦးသာ အောင်မြင်ခဲ့သည်။ ၎င်းကိုးဦးအနက် မြန်မာငါးဦး ပါဝင်ခဲ့ပြီး ဒုတိယဗိုလ်တီကလစ်၊ ဒုတိယဗိုလ်ဆဲလ်ဝင်းခင်၊ ဒုတိယဗိုလ်ကျော်သာ၊ ဒုတိယဗိုလ်ကျော်ထွန်းနှင့် ဒုတိယဗိုလ်လှရီတို့ ဖြစ်ကြသည်။ ထို့နောက် အထက်တန်းလေယာဉ်မောင်းသင်တန်းအား အိန္ဒိယနိုင်ငံ Ambala မြို့တွင်လည်းကောင်း၊ စစ်ဆင်ရေးလွှဲပြောင်းသင်တန်းအား နယူးဇီလန်ကျွန်းတွင်လည်းကောင်း ဆက်လက်တက်ရောက်ခဲ့ကြသည်။
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဒုတိယအကြိမ် လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ရာ မြန်မာလူမျိုးများအနက်မှ သင်တန်းအောင်မြင်ကြသူများမှာ ဒုတိယဗိုလ်စောရှီးရှိုး၊ ဒုတိယဗိုလ်ထွန်းသာ၊ ဒုတိယဗိုလ်ပီအေးချိုနှင့် ဒုတိယဗိုလ်အောင်ညွန့်တို့ဖြစ်သည်။
စင်စစ်မူကား ဗြိတိသျှတို့သည် ၎င်းတို့၏ စစ်ရေးကိစ္စရပ်များတွင် အသုံးပြုနိုင်မည့် လေသူရဲများအဖြစ်တာဝန်ပေးနိုင်ရန်အတွက် ဗမာ့အပျော်တမ်းလေတပ်တွင် မြန်မာလူမျိုးများအား ထည့်သွင်း၍ ပါဝင်ခွင့်ပြုပေးခဲ့ခြင်းလည်းဖြစ်သည်။ ထိုနည်းတူစွာပင်မြန်မာတို့အနေဖြင့်လည်း လေကြောင်းပညာရပ်၌ မြန်မာလူမျိုးများအတွက် လမ်းဖွင့်ပေးသည့်အသွင်မျိုးဖြစ်နေသဖြင့် လက်ခံခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် မြန်မာလူမျိုးများအနက်မှ ဒုတိယဗိုလ်တီကလစ်၊ ဒုတိယဗိုလ်ဆဲလ်ဝင်းခင်နှင့် ဒုတိယဗိုလ်လှရီတို့အား ဘုရင့်လေတပ်မတော်အမှတ်(၂၅၇)အုပ်သို့ နေရာချထားပြီး ဘုရင့်လေတပ်နှင့်အတူ ဥရောပစစ်မျက်နှာတွင် တိုက်ခိုက်ရေးလေသူရဲများအဖြစ် တိုက်ပွဲဝင်ခဲ့ရသည်။ ဥရောပစစ်မျက်နှာတွင် ဂျာမန်နှင့် ဗြိတိသျှတို့၏ လေကြောင်းတိုက်ပွဲများတွင် ပါဝင် တိုက်ပွဲဝင်ခဲ့ကြခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာလေသူရဲတို့၏အရည်အချင်းမည်မျှရှိသည်ကို ခန့်မှန်းနိုင်သည်။ မြန်မာလေသူရဲတို့၏ လေကြောင်းအတတ်ပညာခရီးအစသည် ခက်ခဲကြမ်းတမ်းခဲ့သော်လည်း တန်ဖိုးမဖြတ်နိုင်သောအတွေ့အကြုံများနှင့် လေယာဉ်မောင်းအတတ်ပညာတို့ကို အနာဂတ်တပ်မတော်(လေ)အတွက် ရရှိခဲ့ကြသည်။
အနာဂတ်မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်လွတ်လပ်ရေးရပြီးသည့်အချိန်၌ ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် တပ်မတော်(လေ)၏ အမြုတေများအဖြစ် ဂျပန်သို့ လေကြောင်းပညာသင်များ စေလွှတ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရဲဘော်သောင်းဒန်၊ ရဲဘော်ကျော်ဇော၊ ရဲဘော်အောင်မြတ်၊ ရဲဘော်စိုးလှိုင်၊ ရဲဘော်တင်မောင်၊ ရဲဘော်ချစ်ခင်၊ ရဲဘော်ဉာဏ်မောင်၊ ရဲဘော်အေးမောင်၊ ရဲဘော်အေးလှိုင်နှင့် ရဲဘော်ထွန်းသန်းတို့ဖြစ်ကြသည်။
၁၉၄၄ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ဂျပန်ကြည်းတပ်မတော် လေယာဉ်မောင်းသင်ကျောင်း (Army Air Force Academy)သို့ လေသူရဲလောင်းများအဖြစ် စတင်တက်ရောက်ကြရသည်။ စုစုပေါင်းပျံသန်းချိန် နာရီ ၆၀ ရရှိပြီးသည့်နောက် တန်းမြင့်လေသူရဲသင်တန်းအား Osaka နှင့် Shikoku တို့၌ ဆက်လက်လေ့ကျင့်သင်ကြားခဲ့သည်။ တိုက်ပွဲဝင်လေသူရဲအဆင့်ကိုသင်ကြားရခြင်းဖြစ်သဖြင့်လေ့ကျင့်ခန်းများသည် ပိုမိုခက်ခဲ၍ ကြိုးပမ်းလေ့ကျင့်ခဲ့ကြရသည်။ လေကြောင်းစစ်ဆင်ရေးအခြေခံပညာများအဖြစ် လေယာဉ်များအုပ်ဖွဲ့ပျံသန်းခြင်း၊ ကျွမ်းထိုးခြင်းနှင့် ဝေဟင်-မြေပြင်တိုက်ခိုက်ခြင်း၊ ဝေဟင်-ဝေဟင်တိုက်ခိုက်ခြင်းစသည်တို့ကို သင်ကြားခဲ့ကြရပြီး စစ်မြေပြင်၌လည်း ဝေဟင်တွင်းစီးချင်းထိုးတိုက်ခိုက်ခြင်းနှင့်
အုပ်ဖွဲ့လိုက်ပျံသန်းတိုက်ခိုက်ခြင်းတို့ကို လေ့ကျင့်ခဲ့ကြရလေသည်။ ထိုအချိန်၌ ဂျပန်တို့သည် မဟာမိတ်တပ်များ၏ထိုးစစ်ကို အပြင်းအထန်ခံနေရချိန်ဖြစ်သည်။ မြန်မာပြည်၌လည်း ဖက်ဆစ်ဂျပန်တို့အား တော်လှန်နေချိန်ဖြစ်ပေသည်။ အမေရိကန်တပ်များ ဂျပန်ကိုသိမ်းပိုက်ခဲ့သည့်အချိန်၌ ဂျပန်ရှိ မြန်မာလူမျိုးစစ်ဘက်နှင့် အရပ်ဘက် ပညာတော်သင်အားလုံးတို့သည် မြန်မာစစ်သံမှူး ဒုတိယဗိုလ်မှူးကြီးစကြာ ၏ ကွပ်ကဲမှုအောက်၌ စုဖွဲ့ခဲ့ကြပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။ထို့ကြောင့်ဗမာ့အပျော်တမ်းလေတပ်တွင်ယခင်ဗြိတိသျှတို့ဖွင့်လှစ်သင်ကြားပြီးဖြစ်သည့် လေယာဉ် မောင်းသင်တန်းနှစ်ခုမှ လေသူရဲများနှင့် ဂျပန်ပညာတော်သင်လေသူရဲများအတန်အသင့်ရှိလာပြီဖြစ်သည်။
အောင်ဆန်း - အက်တလီစာချုပ် လက်မှတ်ရေးထိုးပြီး၍ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်မှမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသောအခါ၌ အနာဂတ်ဗမာ့လေတပ်မတော် ဖွဲ့စည်းရေးအတွက် ပြင်ဆင်မှုများဆက်လက်ပြုလုပ်ခဲ့သည်။
ဗမာ့အပျော်တမ်းလေတပ်ကို ဗမာ့လေတပ်မတော် (Burma Air Force - BAF) အဖြစ် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံအစိုးရကာကွယ်ရေးဌာနမှ ထုတ်ပြန်ကြေညာသော အမိန့်စာအမှတ်(၄၀၉)အရ ပြောင်းလဲ၍ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ဝေဟင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ခေတ်မီပြီးစွမ်းရည်ထက်မြက်သော တပ်မတော်(လေ)တစ်ရပ်ရှိနေခြင်းက နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ဒြပ်တစ်ခုပင်ဖြစ်ပေသည်။
လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော တပ်မတော်(လေ)သည် မိမိတို့တွင်ရှိသည့် လေယာဉ်လေသူရဲအင်အားဖြင့် ရောင်စုံသူပုန်တို့အား တိုက်ခိုက်ရာတွင် ဗမာ့တပ်မတော်အတွက် လေကြောင်းမှ အကူအညီများပေးခဲ့ကြသည်။ သို့သော် အကူအညီပေးနိုင်လောက်သည်အထိ လူ၊ လေယာဉ်၊ လက်နက်၊ ခဲယမ်း စသဖြင့် ပြည့်စုံစွာမရှိခဲ့သော်လည်း နိုင်ငံတော်အတွက်ရှိသည့် ပစ္စည်းများဖြင့် တီထွင်ကြံဆ၍ ဆောင်ရွက်ပေးခဲ့ကြသည်။ Oxford လေယာဉ်အချို့ရှိသော်လည်း လေယာဉ်မောင်းသင်တန်း၌ အသုံးပြုလျက်ရှိနေကြသည်။ Tiger Moth နှင့် အမောင်းသင် လေယာဉ်မဟုတ်သော Auster လေယာဉ်များဖြင့် အချိန်မရွေးတိုက်ပွဲဝင်နိုင်ရေး အမြဲအသင့်ပြင်ဆင်နေကြရသည်။ တိုက်ပွဲဝင်လေယာဉ်များမဟုတ်သည့်အတွက် ပစ်ကူပေးခြင်း၊ ဗုံးချခြင်းတို့ ပြုလုပ်နိုင်ရေးအတွက် တီထွင်ကြံဆပြီး တိုက်ပွဲဝင်နေကြရသည်။ ဓာတ်တိုင်များကိုဖြတ်၍ ယမ်းများဖြည့်သိပ်ကာ ဗုံးအဖြစ် အသုံးပြုကြရသည်။ ပျံသန်းမှုနှုန်းနှေးသည့် လေယာဉ်များဖြစ်သည့်အတွက် မြေပြင်မှရန်သူ၏ ပြန်လည်ပစ်ခတ်မှုကိုလည်း အထူးဂရုပြုဆောင်ရွက်ခဲ့ရသည်။ လေယာဉ်သေနတ်သမားများမှာလည်းလေယာဉ်ဖြင့်လိုက်ပါ၍ သေနတ်ပစ်ခတ်ခြင်းတာဝန်ကိုထမ်းဆောင်ရန် သီးသန့်ဖွဲ့စည်းထားသူများမဟုတ်ကြပေ။ သို့သော် Auster လေယာဉ်များကိုအသုံးပြုသည့် စစ်ဆင်ရေး မှာလည်း ထိရောက်မှုမရှိလှသဖြင့် နောက်ဆုံး၌ Oxford လေယာဉ်များအား လေယာဉ်မောင်းသင်တန်းများမှ ရပ်ဆိုင်းပြီးအသုံးပြုခဲ့ကြရသည်။ ဤအချိန်ကစစ်ဆင်ရေးတာဝန်ကို ထမ်းဆောင်ကြရသော လေသူရဲများမှာ စစ်ဆင်ရေးလွှဲပြောင်းသင်တန်းများကို စနစ်တကျတက်ရောက်သင်ကြားထား
ခြင်းမရှိခဲ့ကြပါ။ တိုင်းပြည်၏တာဝန်ကိုထမ်းဆောင်ရန် လေသူရဲများအရေးတကြီးလိုအပ်နေချိန်ဖြစ်၍ တစ်ဦးချင်းမောင်းနှင်နိုင်သည်နှင့် တစ်ပြိုင်နက် စစ်ဆင်ရေးတာဝန်ကို ထမ်းဆောင်ကြရခြင်းဖြစ်သည်။ Spitfire တိုက်လေယာဉ် သုံးစင်း ရောက်ရှိလာသောအခါ၌ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးတွင် လေကြောင်းပစ်အားအကူကို ထိရောက်စွာပေးနိုင်ခဲ့ကြသည်။ Oxford လေယာဉ်များ၏ ပစ်ခတ်နိုင်မှုစွမ်းအားကိုလည်း အစွမ်းကုန်အသုံးချခဲ့ကြသည်။
ထို့ကြောင့် တပ်မတော်(လေ)၏ သမိုင်းအစသည် “တိုက်ရင်းလေ့ကျင့်” ဟူသကဲ့သို့ လေယာဉ်ပျံသန်းမှုအတတ်ပညာများကို အခက်အခဲများကြားမှ ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် လေတပ်သားမှသည် လေတပ်ဦးစီးချုပ်အထိအသက်ကိုပဓာနမထားဘဲ ထမ်းဆောင်ခဲ့ကြသည်။ ထိုသို့ထမ်းဆောင်လျက် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရသော လေသူရဲ၊ လေယာဉ်သားများလည်းရှိသကဲ့သို့ ထိုစဉ်က အရေအတွက်အများအပြားရှိသော Oxford လေယာဉ်များ၌ ဒုံးကျည်စမ်းသပ်ပစ်ခတ်လျက် လေယာဉ်နှင့်အတူ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး သူရအက်စ်ခင်လည်း ကျဆုံးခဲ့ရသည်။
၁၉၅၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်တွင် မြန်မာ့တပ်မတော်(လေ)အတွက် အရည်အချင်းအရည်အသွေးပြည့်ဝသောလေသူရဲများ မွေးထုတ်ပေးနိုင်ရန် လေယာဉ်မောင်းသင်ကျောင်းအား မင်္ဂလာဒုံလေတပ်စခန်း၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၁ ခုနှစ်မှစ၍ တပ်မတော်(လေ)အတွက် လေသူရဲ၊ လေယာဉ်သားနှင့် စက်မှုလက်မှု အရာရှိ၊စစ်သည်များစွာတို့ ပြည်ပနိုင်ငံအသီးသီးသို့ ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးပညာတော်သင်များ စေလွှတ်ကာ အနာဂတ်တပ်မတော်(လေ) အတွက် မျိုးစေ့ကောင်းများ ဖြစ်လာစေခဲ့သည်။ ယခင်အင်္ဂလန်နှင့် ဂျပန်တို့မှလေ့ကျင့်သင်ကြားခဲ့ကြရသော လေယာဉ်မောင်းအတတ်ပညာများအပြင် အင်ဒိုနီးရှားလေတပ်သို့ လေသူရဲလောင်း ကျော်သိန်းနှင့် လေသူရဲလောင်း စောလှိုင်တို့ကိုလည်း လေယာဉ်မောင်းပညာတော်သင်အဖြစ် စေလွှတ်ခဲ့ကာ သင်တန်းအောင်မြင်ပြီးမြောက်ခဲ့၍တပ်မတော်(လေ)အတွက် ပြန်တမ်းဝင်လေသူရဲအရာရှိများအဖြစ် ခန့်အပ်ခဲ့ကြသည်။
၁၉၅၃ ခုနှစ်တွင် Vampire Mark T-55 အမောင်းသင်ဂျက်လေယာဉ်များနှင့် Bell 47 G ရဟတ်ယာဉ်များ ပိုင်ဆိုင်ခဲ့ပြီး ဂျက်တိုက်လေယာဉ်လေသူရဲများနှင့် ရဟတ်ယာဉ်လေသူရဲများကို တပ်မတော်(လေ)အတွက် လေ့ကျင့်မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တပ်မတော်(လေ)စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ဆယ်စုနှစ်တစ်ခု မပြည့်မီမှာပင် ခေတ်မီလေကြောင်းစွမ်းအားများကို စတင်ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။ အရှေ့တောင်အာရှတွင် ထိပ်တန်းအဆင့်ရှိသည့် လေတပ်ကိုဆောလျင်စွာပိုင်ဆိုင်နိုင်ခဲ့သည်ဟုဆိုလျှင်ကား မှားအံ့မထင်။
လေယာဉ်မောင်းအတတ်ပညာများကိုလေတပ်သားတို့အနေဖြင့် လက်ဆင့်ကမ်း၍သင်ကြားလျက်ပင် မြန်မာ့တပ်မတော်(လေ)၏ လေယာဉ်မောင်းပညာရပ်များနှင့် စက်မှုလက်မှုပညာရပ်ဆိုင်ရာကဏ္ဍများသည် အဆင့်အတန်းမြင့်မားစွာ ပိုင်ဆိုင်လာခဲ့သည်။ မြန်မာ့မြေပေါ်သို့ ကျူးကျော်လာသောရန်သူများအားမြေပြင်တွင်မဆိုထားဘိ၊ဝေဟင်မှကျူးကျော်လာသော တရုတ်ဖြူတို့၏ လေယာဉ်ကိုလည်း ဝေဟင်တွင် လေယာဉ်ချင်း စီးချင်းထိုး၍တိုက်ပွဲအောင်နိုင်သည်အထိ တပ်မတော်(လေ)၏ လေယာဉ်ပျံသန်းမှုအတတ်ပညာအဆင့်အတန်းမှာ ထိပ်တန်းသို့ရောက်ခဲ့သည်။
ထို့ပြင် စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ နယ်နိမိတ်စစ်ဆင်ရေး၊ ဘိန်းစစ်ဆင်ရေး၊ သဘာဝဘေးပြန်လည်ကယ်ဆယ်ရေးများ၊ အဓိကပုဂ္ဂိုလ်နှင့်သယ်ယူပို့ဆောင်ခြင်းကိစ္စရပ်များကိုလည်းလေတပ်သားတို့နေ့မအားညမအားစွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့ကြသည်။ လေကြောင်းစွမ်းအား၏ အရေးပါမှုနှင့်အတူ ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲများသည်ခေတ်မီ၍စွမ်းရည်ထက်မြက်သော တပ်မတော်(လေ)ပေါ်ထွန်းလာရေးအတွက် လူ၊ လက်နက်၊ လေယာဉ်၊ စက်ပစ္စည်းစသည်တို့ကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့သည်။ `
မျက်မှောက်ကာလ အမျိုးမျိုးသော ခြိမ်းခြောက်စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် တပ်မတော်(လေ)အား စတုတ္ထမျိုးဆက်လွန် ဂျက်တိုက်လေယာဉ်များ၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ခေတ်မီအစွမ်းထက်ပြီး အင်အားတောင့်တင်းသော လေတပ်တစ်ခုအဖြစ် တိုးချဲ့တည်ဆောက်လျက်ရှိသည်။ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရာတွင်လည်း အမျိုးသားများနည်းတူ အမျိုးသမီးလေသူရဲများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များလေကြောင်းပညာရပ်များတွင် စိတ်ပါဝင်စားလာစေရန်အတွက် လေကြောင်းလူငယ် သင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပေးခြင်းဖြင့်လည်း လေကြောင်းပညာများအား မျိုးစေ့ချပေးလျက်ရှိသည်။
လက်ဆင့်ကမ်းအမွေဟူသည် ရယူရုံသက်သက်မဟုတ်ဘဲ ပိုမိုတိုးတက်တောက်ပအောင် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားလည်းပါဝင်သည်။ နည်းပညာများ တဟုန်ထိုးတိုးတက်နေသော ယနေ့ခေတ်ကာလတွင် ရှေးကရှိခဲ့သော ရဲစွမ်းသတ္တိနှင့်စည်းကမ်းကောင်းမွန်မှုများကိုအခြေခံကာ ခေတ်မီလေကြောင်းလက်နက်စနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ခြင်းဖြင့် ထိုအမွေကို အဆင့်မြှင့်တင်ကြရမည်ဖြစ်သည်။ မိမိတို့ထံရောက်ရှိလာသော အစဉ်အလာကောင်းများကိုမပျောက်ပျက်အောင်ထိန်းသိမ်းပြီးမိမိတို့၏ကြိုးပမ်းအားထုတ်မှုဖြင့်နောင်လာနောက်သားများအတွက်ပိုမိုခိုင်မာတိုးတက်သော တပ်မတော်(လေ)ကို လက်ဆင့်ကမ်းနိုင်မှသာလျှင် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ လက်ဆင့်ကမ်းအမွေ တိုးတက်စေ”ဟူသည့်အတိုင်း လက်တွေ့ကျကျ အသက်ဝင်လာမည်ဖြစ်သည်။
“ဖိုးဖိုး..”
“ဖိုးဖိုး သိတဲ့အကြောင်းတွေ ပြောပြမယ်ဆို” ဟု မြေးဖြစ်သူ၏အသံကို ကြားလိုက်ရတော့မှသာမြေးဖြစ်သူထံက ကော်ဖီခွက်အားလှမ်းယူရင်း “ဒီလိုကွယ့်” ဟု အစချီကာ ပြောပြမိတော့သည်။
“လက်ဆင့်ကမ်းအမွေ တိုးတက်စေ” ဆောင်းပါးဖြင့် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအား ဂုဏ်ပြုရေးဖွဲ့လိုက်ရပါသည်….။ ။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးကုန်ကူးသူများ၏ အလေ့အထများနှင့် ဒေသတွင်းဖြစ်ပေါ်နေသော အခြေအနေများအပေါ် သုံးသပ်ပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်ချဆောင်ရွက်နေရလျက်ရှိသည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဖြင့် ကြုံတွေ့ခံစားနေရသော မူးယစ်ဆေးဝါးပြဿနာကို အလုံးစုံဖြေရှင်းနိုင်မည် မဟုတ်သော်လည်း တားဆီးနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ပြဿနာအတိုင်းအတာ တစ်ခုကိုဖြေရှင်းပြီးဖြစ်နေတတ်သည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကိုကာကွယ်ရန်မှာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထောက်အကူပြုစေသည့် “သုံးစွဲသူလက်ထဲ အလွယ်တကူမရောက်ရှိနိုင်ရေးသည်” အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရာနေရာများမှာ လက်နက်ကိုင် သောင်းကျန်းသူများ ကြီးစိုးရာနေရာဒေသများတွင်ဖြစ်သဖြင့် ထုတ်လုပ်ရာနေရာများမှ သယ်ယူပို့ဆောင်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လက်လီရောင်းချမှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းဖြင့် သုံးစွဲသူလက်အတွင်း အလွယ်တကူမရောက်ရှိရေးကို တားဆီးနှိမ်နင်းရေး လုပ်ငန်းများဖြင့် ဟန့်တားထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လွန်ခဲ့သောဆယ်စုနှစ်ကျော် ကာလများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးရောင်းချမှုများနှင့် သုံးစွဲမှုများအတန်အသင့်ရှိခဲ့သော်လည်း ဒေသတွင်းနိုင်ငံဖြတ်ကျော်မူးယစ်ရာဇဝတ်ဂိုဏ်းများ၏ ပါဝင်ပတ်သက်လာမှုနှင့် ဒေသတွင်းဈေးကွက်မြင့်တက်လာမှုများက ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို မြင့်တက်လာစေခဲ့သည်။
ပြည်သူလူထုအတွင်း အထူးသဖြင့် လူငယ်ထုအတွင်းတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုများကို မြင့်တက်စေလျက်ရှိသည်။
မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်သည့်ပုံစံများကို ပြန်လည်လေ့လာကြည့်လျှင် မူးယစ်ဆေးဝါးထုတ်လုပ်ရာဒေသများမှ မူးယစ်ဆေးအနည်းငယ်ကို လူတစ်ဦးချင်းစီမှ အခြားကုန်ပစ္စည်းများဖြင့် ကွယ်ဝှက်ကာ အကြိမ်ကြိမ်သယ်ဆောင်ခြင်း၊ မူးယစ်ဆေးအနည်းငယ်ကို လူတစ်ဦးချင်းစီမှအဆင့်ဆင့် သယ်ဆောင်ခြင်း၊ အကြိမ်ကြိမ်အနည်းငယ်သယ်ဆောင်ပြီး နေရာတစ်ခုတွင်စုစည်းခြင်းနှင့် အခြားနေရာတစ်ခုသို့ ထပ်မံသယ်ဆောင်မှုများကို အများဆုံးတွေ့ရှိရသည်။
နောက်ပိုင်းတွင် မူးယစ်ဆေးဝါးအမြောက်အမြားကို သိုဝှက်ပုံနည်းလမ်းအမျိုးမျိုးဖြင့် အဆင့်ဆင့်လက်ဆင့်ကမ်း သယ်ဆောင်လာကြသည်။
သယ်ယူပို့ဆောင်သူအဖြစ် အသုံးချခံသူများမှာ တစ်ဦးနှင့်တစ်ဦးမသိရှိဘဲ နောက်ကွယ်မှ ထိန်းချုပ်ကြိုးကိုင်သူ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရသည်။ ဥပမာနေရာတစ်ခုတွင် သော့တန်းလန်းဖြင့် ရပ်တန့်ထားသောယာဉ်များကို အခြားနေရာတစ်ခုသို့ မောင်းနှင်ရပြီး ရောက်ရှိရာနေရာတွင် ရပ်တန့်ထားခြင်းဖြင့် သယ်ယူပို့ဆောင်မှုကို အပိုင်းလိုက်၊ အကန့်စနစ်ဖြင့် လုပ်ဆောင်စေခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို ပြန်လည်လေ့လာကြည့်လျှင် AA အကြမ်းဖက်သောင်းကျန်းသူများကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ၏ ပါဝင်ပတ်သက်လာမှုများကြောင့် ဂိုဏ်းဖွဲ့ ကျူးလွန်သည့်ပုံစံမျိုးကို တွေ့ရှိလာရသည်။ တာဝန်ခံတစ်ဦး၏ထိန်းချုပ်မှုအောက်တွင် ထုတ်လုပ်သည့်အဆင့်မှ ဈေးကွက်သို့ ပို့ဆောင်၊ ရောက်ရှိသည်အထိ ဆောင်ရွက်လာသည်ကိုတွေ့ရသည်။
မူးယစ်ဆေးဝါး အမျိုးမျိုးကို ပြည်တွင်းဖြန့်ဖြူးသည့်အဆင့်မှ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့ ကုန်းလမ်း၊ ရေလမ်းကြောင်းများအသုံးပြုပြီး သယ်ဆောင်သည်အထိ ကျယ်ပြန့်လာခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော ဖြစ်စဉ်များကို ပြန်လည်လေ့လာကြည့်ပါက မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိမှုများတွင် လက်နက်ကိုင်အဖွဲ့များသည် တစ်နည်းနည်းနှင့်ပါဝင် ပတ်သက်နေကြသည်ကို တွေ့ရှိရသည်။
နှစ်အလိုက် ဖမ်းဆီးရမိမှုများကိုနှိုင်းယှဉ်ပါက ဖမ်းဆီးရမိသည့် မှုခင်းအရေအတွက်လျော့ကျသွားခဲ့ပြီး ဖမ်းဆီးရမိတရားခံများလည်း လျော့ကျသွားခဲ့သည်။ သို့သော် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပမာဏလွန်စွာမြင့်မားနေခြင်းက မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် လူအနည်းငယ်က ဂိုဏ်း/အုပ်စုဖွဲ့ကာ အမြောက်အမြား သယ်ဆောင်ရောင်းဝယ်သည့်ပုံစံမျိုးသို့ ပြောင်းလဲအသုံးပြုနေလျက်ရှိသည်။ အသုံးပြုသည့် ယာဉ်၊ ခေတ္တထားသိုမည့်နေရာများနှင့် ပို့ဆောင်ရာတွင်အသုံးချမည့်သူများကိုလည်း ပုံစံပြောင်းလဲကျင့်သုံးလာလျက်ရှိသည်။ လွန်ခဲ့သောနှစ်များတွင် အသုံးပြုသည့်ယာဉ်နှင့် ခေတ္တထားသိုသိမ်းဆည်းမည့်နေရာများမှာ ကိုယ်ပိုင်ယာဉ်၊ အိမ်/ဂိုဒေါင်များကို အသုံးပြုခဲ့သော်လည်း လက်ရှိကာလတွင် ယာဉ်များ၊ အိမ်/ဂိုဒေါင်များကို ဈေးနှုန်းမြင့်မားစွာ ငှားရမ်းအသုံးပြုလာကြသည်။ သာမန်ပြည်သူများမှာ ငှားရမ်းခမြင့်မားစွာရရှိသဖြင့် ကျေနပ်နေမှုမှာ မူးယစ်ကုန်ကူးသူများ၏ သားကောင်အဖြစ်သို့ ကျရောက်သွားနိုင်သည်ကို သတိထားရန်လိုအပ်သည်။
၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရသည် ဘိန်းစိုက်ပျိုးမှုအား ပြင်းထန်စွာ အရေးယူမည်ဟု တားမြစ်လိုက်သဖြင့် ၂၀၂၄ ခုနှစ် ဘိန်းစိုက်ပျိုးထွက်ရှိမှုမှာ ၉၅ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုမှာ သိသာသောပြောင်းလဲမှုများ မရှိခဲ့ဘဲ အနည်းငယ်သာ ပြောင်းလဲမှုရှိသည်။
တာလီဘန်အစိုးရမှဘိန်းစိုက်ပျိုးမှုကို တားမြစ်လိုက်သဖြင့် ဈေးကွက်လိုအပ်ချက်အရ ဘိန်းနှင့်ဘိန်းဖြူဈေးနှုန်းများ မြင့်တက်လာရမည်ဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများတွင် ဈေးနှုန်းများစွာလျော့ကျသွားသည်ကိုတွေ့ရသည်။ ဘိန်းနှင့်ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှုသည် အချိန်များစွာယူရခြင်း၊ သုံးစွဲသူဈေးကွက်အတွင်း လူလုပ်မူးယစ်ဆေးဝါး သုံးစွဲမှုပိုမိုမြင့်မားလာခြင်းတို့ကြောင့် ဘိန်းဈေးနှုန်းများ ကျဆင်းသွားသည်ကိုတွေ့ရသည်။ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဘိန်း ၁ ဒသမ ၇ တန်ကျော်ဖမ်းဆီးရမိခဲ့ရာမှ ယခုနှစ်တွင် ဘိန်း ၁ ဒသမ ၁၅ တန်သာ ဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရှိရသည်။ ဘိန်းဖြူသုံးစွဲမှုမှာ ယခင်အတိုင်းသာရှိနေပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၁ ဒသမ ၉၇ တန်ကျော်ရှိခဲ့ရာမှ အရေးကြီးနယ်မြေများ၌ စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် ၂ ဒသမ ၁၃ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။
ဘိန်းနှင့်ဘိန်းဖြူသုံးစွဲမှုများသည် ယခင်သုံးစွဲနေသည့်ဒေသများတွင် ပုံမှန်အတိုင်းသာရှိသော်လည်း စိတ်ကြွရူးသွပ်ဆေးပြားမှာ နိုင်ငံတစ်ဝန်းပျံ့နှံ့ပြီး ဈေးနှုန်းကျဆင်းမှုက သာမန်လူထုအတွင်း လက်လှမ်းမီနိုင်သည့်အခြေအနေတွင်ရှိသည်။ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိမှုမှာ ၂၀၂၄ ခုနှစ်တွင် ဆေးပြား ၂၂၇ သန်းကျော်ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၃၇၇ သန်းကျော် ဖမ်းဆီးရမိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရမိမှုနှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော်မြင့်တက်ခဲ့သည်။ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုများအား စစ်ဆေးဖော်ထုတ်ချက်များအရ ရခိုင်ပြည်နယ်သည် စိတ်ကြွဆေးပြားများ တရားမဝင်သယ်ယူပို့ဆောင်ရာ အဓိကနေရာဖြစ်နေပြီး AA အကြမ်းဖက်သောင်းကျန်းသူများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်ပတ်သက်နေသည်ကို တွေ့ရသည်။
ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေများအရ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲသူ အနည်းငယ် တိုးလာနိုင်သော်လည်း ဖမ်းဆီးရမိဆေးပြားပမာဏမှာ တစ်ပြည်နယ်လုံးရှိ လူဦးရေအားလုံး တစ်နှစ်သုံးစွဲနိုင်သည့် ပမာဏထက်ပိုနေသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏အနောက်ဘက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း စိတ်ကြွဆေးပြားများကို ရခိုင်ဒေသမှ၎င်းတို့နိုင်ငံအတွင်း အမြောက်အမြားဝင်ရောက်နေကြောင်း ပြောဆိုနေမှုများကိုလည်းတွေ့ရသည်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိသည့်အမှုမှာ အများဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ မကွေးတိုင်းဒေသကြီး - ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း - ဧရာဝတီတိုင်းဒေသကြီး - ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး - ချင်းပြည်နယ်တို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်း ဝင်/ထွက်ရာ လမ်းကြောင်းများမှအဓိကသယ်ယူပို့ဆောင်နေသဖြင့် အဆိုပါလမ်းကြောင်းများကို အထူးသတိထား စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားသဖြင့် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံသို့ တရားမဝင်ဆေးခြောက်သယ်ယူပို့ဆောင်မှုများမြင့်တက်ခဲ့ပြီး နယ်စပ်ဒေသလမ်းကြောင်းများတွင် ဖမ်းဆီးရမိမှု အများဆုံးဖြစ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဆေးခြောက် ၁ ဒသမ ၁၅၈ တန်ကျော် ဖမ်းဆီးရမိခဲ့သော်လည်း ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၌ ဆေးခြောက်ရောင်းချမှုများကို ပြန်လည်ထိန်းချုပ်လိုက်သဖြင့် ဖမ်းဆီးရမိမှုလျော့ကျသွားခဲ့ပြီး သုည ဒသမ ၈၇၉ တန်ကျော်သာ ဖမ်းဆီးရမိခဲ့သည်။ သို့သော် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့်ဒေသများမှ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာလမ်းကြောင်းများတွင် ဖမ်းဆီးရမိမှုများမှာ မြင့်တက်နေဆဲဖြစ်သည်။ နိုင်ငံအတွင်းသို့ ဆေးခြောက်ပါဝင်သော စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ တရားမဝင်ဝင်ရောက်နေမှုများကို ထိန်းချုပ်နိုင်ရန်မှာလည်း အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်နေသည်။
ဘိန်းစာရွက်ကို မြန်မာနိုင်ငံမှထိန်းချုပ်ထားသော်လည်း ထိုင်းနိုင်ငံတွင် တရားဝင်ခွင့်ပြုထားသဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဘိန်းစာရွက်၊ ဘိန်းစာရွက်ပါဝင်သောဖျော်ရည်နှင့် စားသောက်ကုန်ပစ္စည်းများသုံးစွဲမှုမှာ နှစ်စဉ်ပုံမှန်တိုးတက်လာလျက်ရှိသည်။
ဘိန်းစာရွက်ဖမ်းဆီးရမိမှုပမာဏကွာခြားခြင်း မရှိသော်လည်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်နေမှုများကို ပိုမိုထိန်းချုပ်နေရလျက်ရှိသည်။
ခေါင်းညိတ်၊ ခေါင်းခါဆေးဟုခေါ်သော အက်တက်စီဆေးပြားမှာ ဒေသတွင်းထုတ်လုပ်မှုမရှိဘဲ ဥရောပနိုင်ငံများမှတစ်ဆင့် ဒေသတွင်းသို့ ဝင်ရောက်နေလျက်ရှိသည်။ ဒေသတွင်းနိုင်ငံများမှ ဘိန်း၊ ဘိန်းဖြူနှင့်အခြားလူလုပ်မူးယစ်ဆေးဝါးများသည် ဥရောပနိုင်ငံများသို့ရောက်ရှိမှုမှာ မဆိုစလောက်အနည်းငယ်သာရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံနှင့်ဒေသတွင်းနိုင်ငံအချို့အပေါ် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော စွပ်စွဲပြောကြားမှုများသာ အသံကျယ်လောင်နေပြီး ဥရောပနိုင်ငံများမှဒေသတွင်းနိုင်ငံများသို့ အက်တက်စီဆေးပြားများဝင်ရောက်မှုမှာ အသံမကြားရသလောက်ပင်ဖြစ်သည်။ ယခုအခါ ဒေသတွင်းနိုင်ငံအချို့တွင် နိုင်ငံဖြတ်ကျော်မူးယစ်ရာဇဝတ်ဂိုဏ်းများ ဝင်ရောက်လာမှုက ဒေသတွင်း အက်တက်စီ ချက်လုပ်မှုများကိုတွေ့ရှိလာရပြီး မြန်မာနိုင်ငံအတွက် သတိထားစောင့်ကြည့်ရမည့် အခြေအနေတွင်ရှိသည်။
ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေများအရ အိုက်စ်နှင့်ကက်တမင်းသုံးစွဲမှုများ အဆမတန်မြင့်တက်လာလျက်ရှိသည်။
ဒေသတွင်းနိုင်ငံများတွင် အိုက်စ်နှင့်ကက်တမင်း ဖမ်းဆီးရမိမှုများ စံချိန်တင်မြင့်တက်လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဖမ်းဆီးရမိမှုများမြင့်တက်လာလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် အိုက်စ် ၂၁ တန်ကျော် ဖမ်းဆီးရမိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၇ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။
၂၀၂၁ ခုနှစ် (၁၃ ဒသမ ၈ တန်ကျော်)နှင့် ပြန်လည်နှိုင်းယှဉ်ကြည့်ပါက သုံးဆခန့်မြင့်တက် လာသည်ကိုတွေ့ရသည်။ ကက်တမင်းဖမ်းဆီးရမိမှုများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှုမြင့်တက်လာပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆ ၂၀ ခန့်မြင့်တက်လာလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သော်လည်း ကက်တမင်းချက်လုပ်သည့်နေရာများဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။ ဒေသတွင်း နိုင်ငံများတွင်မူ ကက်တမင်းအမြောက်အမြားထုတ်လုပ်နေသည့် စက်ရုံများကို ဖမ်းဆီးရမိသော်လည်း မြန်မာနိုင်ငံအပေါ်ကိုသာ စွပ်စွဲလက်ညှိုးထိုးနေမှုများကို သတိထားစောင့်ကြည့်သွားရန်လည်း လိုအပ်သည်။
ယခုအခါ လူငယ်ထုကြား KTV၊ Bar များရှိ ဟိုင်းခန်းများတွင် Happy Water သုံးစွဲမှုများ ခေတ်စားလာနေပြီး လူလတ်ပိုင်းအရွယ် အများစုပါဝင်နေသည်ကို စိတ်မကောင်းဖွယ်တွေ့နေရသည်။ ၂၀၂၁ ခုနှစ်တွင် Happy Water ဖမ်းဆီးရမိမှု မရှိခဲ့ပါ။ ၂၀၂၂ ခုနှစ်မှစတင်ပြီး ဖမ်းဆီးရမိသော Happy Water ပမာဏမှာ သိသာစွာကွာခြားခြင်းမရှိသော်လည်း အမှုအရေအတွက်မှာ ပုံမှန်မြင့်တက်နေလျက်ရှိသည်။
ဒေသတွင်းမူးယစ်ဆေးဝါးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်လျှင် မူးယစ်ဆေးဝါးဈေးကွက်ချဲ့ထွင်လာမှု (သုံးစွဲမှုမြင့်တက်လာမှု)၊ နိုင်ငံဖြတ်ကျော်မူးယစ် ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်လာမှု များကြောင့် မူးယစ်ဆေးဝါးချက်လုပ်သည့် နည်းလမ်းများပြောင်းလဲလာခြင်းနှင့် သန့်စင်မှုရာခိုင်နှုန်းမြင့်တက်လာခြင်း၊ အမြောက်အမြားထုတ်လုပ်လာမှုများကြောင့် ဈေးနှုန်းကျဆင်းလာခြင်းများနှင့် သုံးစွဲမှုမြင့်တက်လာခြင်းဟူသောသံသရာအတွင်းသို့ လည်ပတ်နေလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နေမှုများကြောင့် ဖမ်းဆီးရမိမှုများမြင့်တက်နေသော်လည်း ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများ လျော့ကျသွားခြင်းမရှိသည်ကို အထူးဂရုပြုစောင့်ကြည့်သွားရန် လိုအပ်သည်။
မြန်မာနိုင်ငံအဖို့ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများတွင် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ နက်ရှိုင်းစွာပါဝင်နေမှုများက ပြဿနာကို ပိုမိုဆိုးရွားစေပြီး ပြဿနာဖြေရှင်းရေးတွင် ပိုမိုခက်ခဲစေလျက်ရှိသည်။ လက်နက်ကိုင်အဖွဲ့များကြီးစိုးရာနေရာများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရန်ခက်ခဲနေပြီး သတင်းရရှိရန်မှာလည်း လွန်စွာခက်ခဲလျက်ရှိသည်။ သို့သော် လမ်းကြောင်းတစ်လျှောက်ရှိ ငြိမ်းချမ်းသောနယ်မြေများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုသတင်းများကို သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အတူလက်တွဲ ဆောင်ရွက်သွားရန် လိုအပ်သည်။ ပြဿနာအများစုမှာ လူတစ်ဦးချင်း၊ တစ်နိုင်ငံချင်းနှင့်သက်ဆိုင်နေသော်လည်း မူးယစ်ဆေးဝါးပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့်သက်ဆိုင်နေသဖြင့် နိုင်ငံသားတိုင်း၊ လူသားတိုင်းတွင် တာဝန်ရှိသည်ဟုခံယူလုပ်ဆောင်ရန် လိုအပ်လာသည့်အချိန်လည်းဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်သည် တပ်မတော်(ရေ)၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်၏။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက် သစ္စာလေးချက်ကို ရင်ဝယ်သံမှိုနှက်ကာ နိုင်ငံတော်၊ နိုင်ငံသားနှင့် တပ်မတော်အတွက် ပေးအပ်သည့် အမိန့်နှင့်တာဝန်မှန်သမျှကို အရိုးကြေကြေ၊ အရေခန်းခန်း ဦးလည်မသုန် ထမ်းရွက်ခဲ့သည်မှာ (၇၈)နှစ်ပြည့်မြောက်ခဲ့လေပြီ။
တပ်မတော်(ရေ)သည် ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် မျိုးချစ်တပ်မတော်တည်ဆောက်ရေး လုပ်ငန်းစဉ်ဖြင့် တစ်ဆင့်ချင်းတိုးတက်အောင် ဆောင်ရွက်လျက်ရှိ၏။ တပ်မတော်(ရေ)အား အနာဂတ်ကာလတွင် ရေပြာရေတပ်အဆင့် (Blue Water Navy Standard) ရောက်ရှိရန် မျှော်မှန်းအကောင်အထည်ဖော် ဆောင်လျက်ရှိရာ နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ (National Maritime Interests) အား ကာကွယ်စောင့်ရှောက်ရေး၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရေးဟူသော ရည်မှန်းချက် သုံးရပ်ကိုလည်း ချမှတ်အကောင်အထည်ဖော်လျက်ရှိ၏။ အထက်ပါမျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ရှေ့သို့ချီတက်နေသော တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်၏။
သခင်အောင်ဆန်း(ဗိုလ်တေဇ) ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်မောင်းသွေးဖောက် သစ္စာရေသောက်ပြီး မြန်မာ့တပ်မတော်၏အမြုတေဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army - BIA) ကို မဖွဲ့စည်းမီကပင် မြန်မာ့တပ်မတော်(ရေ)သည် ဖွဲ့စည်းပေါ်ပေါက်ခဲ့၏။ မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှတို့ လက်အောက်ကျရောက်ပြီးနောက် မြန်မာ့ကမ်းရိုးတန်းကာကွယ်ရေးကို ဗြိတိသျှတို့၏အရှေ့အိန္ဒိယရေတပ်က တာဝန်ယူခဲ့ပြီး ၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယရေတပ်ကလွှဲပြောင်းတာဝန်ယူခဲ့၏။ ၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှခွဲထွက်ပြီးနောက် ဗမာ့အပျော်တမ်းအရန်ရေတပ် (Burma Royal Naval Volunteer Reserve – BRNVR) ကို ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့၏။ ၁၉၄၂ ခုနှစ် ဖက်ဆစ်ဂျပန်တို့လက်အောက်သို့ မြန်မာနိုင်ငံကျရောက်ချိန်တွင် ဗမာ့အပျော်တမ်းအရန်ရေတပ်သည်လည်း နယ်ချဲ့ဗြိတိသျှတို့နှင့်အတူ အိန္ဒိယသို့ ဆုတ်ခွာခဲ့၏။ ဂျပန်တို့က ၁၉၄၂ ခုနှစ် ဇွန်လတွင် ဗမာ့လွတ်လပ်ရေး ရေတပ်မတော် (Burma Independence Navy – BIN) ကိုဖွဲ့စည်းခဲ့၏။ ထို့ကြောင့် BRNVR နှင့် BIN တို့သည် ယနေ့တပ်မတော်(ရေ)၏အမြုတေရေတပ်များအဖြစ် သမိုင်းအစဉ်အလာကောင်းများကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်၏။
အထက်ပါ သမိုင်းအစဉ်အလာကောင်းခဲ့သော တပ်မတော်(ရေ)သည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့၏။ မြန်မာ့ကြည်းတပ်မတော်နှင့်အတူ ထင်ရှားခဲ့၏။ သမိုင်းအထောက်အထားများအရ ဘာသာရေး၊ ယဉ်ကျေးမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုတို့ကို အခြေခံသော ပင်လယ်ရေကြောင်းသွားလာမှုနှင့် ရှေးမြန်မာတို့ ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း လေ့လာတွေ့ရှိရ၏။ ၁၂ ရာစုအစပိုင်းကပင် မြန်မာ့ရေကြောင်းသွားလာမှုအစပြုခဲ့ကြောင်း၊ ၁၅ ရာစု အလယ်ပိုင်းတွင် မုတ္တမမှထုတ်လုပ်ခဲ့သော မုတ္တမစဉ့်အိုး (Martaban Jar) သည် အရှေ့တောင်အာရှနိုင်ငံများနှင့် အာရပ်နိုင်ငံများအထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း လေ့လာသိရှိရ၏။ ပုဂံခေတ်တွင် အလောင်းစည်သူမင်းသည် ပုသိမ်သင်္ဘောဆိပ်မှတစ်ဆင့် သီဟိုဠ်ကျွန်းနှင့် မလေးကျွန်းဆွယ်များသို့ တိုင်းခန်းလှည့်လည်ခဲ့ကြောင်း၊ နရပတိစည်သူမင်းလက်ထက်တွင် သံဃာတော်များ သီဟိုဠ်ကျွန်းနှင့် အဆက်အဆံမပြတ်သွားလာခဲ့ကြောင်း အထင်အရှားတွေ့ရ၏။ ၁၈ ရာစု ကုန်းဘောင်မင်းဆက် ရတနာပုံခေတ်တွင် ရေတပ်ကိုရာထူးဌာနန္တရ၊ ဂုဏ်ထူးအဆောင်အယောင်များဖြင့် စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့၏။
သာယာဝတီမင်း၏ သာယာ၀တီ-ဒဂုံရေကြောင်းချီ စစ်သည် မြန်မာ့ရေတပ်၏ အရည်အသွေးကိုထုတ်ဖော်ပြသနိုင်ခဲ့၏။ အေဒီ ၁၈၇၁ ခုနှစ်တွင် မြန်မာ့ရေယာဉ်တည်ဆောက်ရေး ဗိသုကာပညာရှင် “ဆရာရှမ်း” တည်ဆောက်ခဲ့သော အမြောက် ၁၄ လက်ပါ ရေနွေးငွေ့စက်တပ်တိုက်သင်္ဘော ရေချနိုင်ခဲ့ခြင်းသည်လည်း မြန်မာတို့၏ ရေယာဉ်တည်ဆောက်မှု သမိုင်းမှာခေတ်နောက်မကျခဲ့ကြောင်း လေ့လာသိရှိရ၏။
စစ်နှင့်သက်ဆိုင်သော စာပေများလေ့လာရာတွင် စစ်အင်္ဂါလေးပါးကို အခြေခံကြောင်း တွေ့ရှိရ၏။ ၎င်းတို့မှာ ဆင်လည်းတစ်ပါး၊ မြင်းလည်းတစ်ပါး၊ ရထားလည်းတစ်ပါး၊ ခြေသည်လည်းတစ်ပါးဖြစ်ကြောင်း၊ အဆိုပါစစ်အင်္ဂါလေးပါးကိုပင် သေနင်္ဂဟုလည်းခေါ်ကြောင်း လေ့လာသိရှိရ၏။ စစ်အင်္ဂါ လေးပါးမှာ ပါဠိကျမ်း၊ သက္ကတကျမ်းများကိုမှီကြောင်း လေ့လာသိရှိရ၏။
ရှေးမြန်မာမင်းများလက်ထက်၌ အမြဲတမ်းတပ်မတော်အဖြစ် ဖွဲ့စည်းခန့်အပ်ထားခြင်းမရှိဘဲ နိုင်ငံအတွက် လိုအပ်ချိန်မှသာ ဆင့်ခေါ်စစ်မှုထမ်းစေ၏။ ထိုသို့ဆင့်ခေါ်နိုင်ရန် ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့စသည်ဖြင့်သတ်မှတ်ပေးထား၏။ ဖွဲ့စည်းပေါ်ပေါက်လာသော တပ်မတော်ကို ရာထူးခန့်အပ်ရာ၌လည်း လုပ်ရည်ကြံရည်၊ အရည်အသွေးပေါ်မူတည်ပြီးခန့်အပ်ကြောင်း လေ့လာသိရှိရ၏။ “ခြေလျင် ၁၀ ပွဲရမှ မြင်းတင်၏၊ မြင်း ၁၀ ပွဲရမှ ဆင်သို့တင်၏၊ ဆင် ၁၀ ပွဲရမှ လှေသို့တင်၏၊ လှေ ၁၀ ပွဲရမှ မြို့ပြကံကျွေးပေးပြီး သူကောင်းပြု၏” ဟု လေ့လာသိရှိရ၏။ ထို့ကြောင့် ရှေးအခါက လှေတပ်(ရေတပ်)အားအရည်အသွေးအပြည့်၀ဆုံး စစ်သည်ရဲမက်များဖြင့် ဖွဲ့စည်းထားကြောင်း လေ့လာသိရှိရ၏။
သို့သော်လည်း ရှေးမြန်မာဘုရင်များလက်ထက် ဖွဲ့စည်းပေါ်ပေါက်ခဲ့သော မြန်မာ့ရေတပ်သည် တိုင်းတစ်ပါးသို့ ကျူးကျော်လိုသော ရည်ရွယ်ချက်ဖြင့် အခိုင်အမာဖွဲ့စည်းခဲ့ခြင်းမရှိခဲ့ပေ။ ပဒေသရာဇ်အချင်းချင်းအားပြိုင်ရာတွင်သာ အသုံးပြုခဲ့ကြ၏။ မြစ်၊ ချောင်းပေါများသော မိမိတို့နိုင်ငံတွင် မြစ်၊ ချောင်းများကိုအခြေခံသော ရေကြောင်းတိုက်ပွဲများပေါ်ပေါက်ခဲ့၏။ မြန်မာသက္ကရာဇ် ၉၀၂ ခုနှစ်တွင် တပင်ရွှေထီးနှင့် မုတ္တမစား စောဗညားတို့တိုက်ခိုက်ခဲ့သော မုတ္တမတိုက်ပွဲသည် ထင်ရှားခဲ့၏။ ထို့ပြင် ရာဇဝင်တွင်ထင်ရှားခဲ့သော “စစ်တို့၏သဘောသည် အင်အားနည်းသည်၊ များသည်ဟူ၍ မဆိုရာ၊ လုပ်ရည်ကိုင်ရည်နှင့် အရဲအစွမ်းသာ အရင်းဖြစ်သည်” ဟု ဆိုရိုးပြုခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ နောင်ရိုးတိုက်ပွဲသည် ရေကြောင်းတိုက်ပွဲမဟုတ်သော်လည်း မြစ်၊ ချောင်းကိုအခြေခံ၍ စိတ်ဓာတ်ခိုင်မာပြတ်သားမှုကိုအရင်းခံသော တိုက်ပွဲတစ်ခုဖြစ်၏။ အလားတူ ကုန်းဘောင်ခေတ်အတွင်း ဆင်နွှဲခဲ့သော အင်းဝတိုက်ပွဲ၊ သန်လျင်တိုက်ပွဲ၊ ဒေါပုံတိုက်ပွဲ စသည်တို့သည်လည်း ထင်ရှားသော ရေကြောင်းတိုက်ပွဲများဖြစ်ခဲ့၏။
ထိုသို့သမိုင်းအစဉ်အလာကောင်းခဲ့သော မြန်မာ့ရေတပ်သည် နယ်ချဲ့ဗြိတိသျှတို့၏ မတရားကျူးကျော်စစ်သုံးကြိမ်တိုက်ခိုက်ခံရပြီး လွတ်လပ်ရေးဆုံးရှုံးမှုနှင့်အတူ ပျောက်ကွယ်ခဲ့ရ၏။ ကိုလိုနီခေတ် မြန်မာ့ကမ်းရိုးတန်းရေပြင်ကာကွယ်ရေးကို ဗြိတိသျှတို့၏ အရှေ့အိန္ဒိယရေတပ်က တာဝန်ယူခဲ့ပြီး ၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယရေတပ်က လွှဲပြောင်းတာဝန်ယူခဲ့၏။ ၁၉၄၀ ပြည့်နှစ်တွင် BRNVR ကိုဖွဲ့စည်းခဲ့ရာ ဗြိတိသျှတော်ဝင်ရေတပ်မှ ဗိုလ်မှူးကြီး ကေအက်စ်လိုင်းက တပ်မှူးကြီး၊ ဘုရင်ခံ ဆာဒေါ်မန်စမစ်က စစ်ဦးစီးဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ကြ၏။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီး ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာသောအခါဗြိတိသျှတို့ အိန္ဒိယသို့ဆုတ်ခွာရာ၌ BRNVR တို့လည်း လိုက်ပါသွားခဲ့၏။ ဂျပန်တို့က ဗြိတိသျှရေတပ်ဖွဲ့ဝင်ဟောင်းများကို စည်းရုံးပြီး ဗမာ့လွတ်လပ်ရေး ရေတပ်မတော် (BIN) ကို ၁၉၄၂ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ဖွဲ့စည်းပေးခဲ့၏။ ၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဗြိတိသျှမဟာမိတ်တို့ မြန်မာ့မြေပေါ်ရှိ ဂျပန်တို့ကို တန်ပြန်တိုက်စစ်ဆင်နွှဲခဲ့ရာ BRNVR လည်းပါဝင်တိုက်ခိုက်ခဲ့၏။ ရခိုင်ပြည်နယ် မေယုမြစ်တစ်လျှောက် တပ်စွဲထားသော ဂျပန်တို့ကို ဗြိတိသျှရေတပ်နှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့၏။ ၁၉၄၅ ခုနှစ် မေလ ၁၀ ရက်တွင် ဆိပ်ကမ်းကာကွယ်ရေးရေယာဉ် (Harbour Defence Motor Launch – HDML) ၉ စင်းနှင့်အတူ ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ဆုတ်ခွာနေသည့်ဂျပန်တို့၏ ရန်ကုန်မြို့ကိုဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်နိုင်ခဲ့၏။
ဗြိတိသျှတို့မြန်မာနိုင်ငံကို ပြန်လည်ချုပ်ကိုင်နိုင်သောအခါ ဗမာ့အပျော်တမ်း အရန်ရေတပ်ကို အရာရှိ ၇၄ ဦး၊ အခြားအဆင့် ၇၆၃ ဦး၊ ဖရီဂိတ်စစ်ရေယာဉ်တစ်စင်း၊ HDML ၁၃ စင်းတို့ဖြင့် အမြဲတမ်းရေတပ်မတော်ဖွဲ့စည်းရန်ကြိုးပမ်း ဆောင်ရွက်ခဲ့၏။ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလ ၂၅ ရက်တွင် ရန်ကုန်မြစ်လယ်၌ ဖရီဂိတ်စစ်ရေယာဉ် HMS Fal အား ဗြိတိသျှရေတပ်မတော်မှ ဗမာ့အပျော်တမ်းအရန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ထိုစဉ်က စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်လက်ခံခဲ့၏။ HMS Fal မှာစစ်ကြီးအတွင်းက အမှုထမ်းဆောင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ် မေယုမြစ်တစ်လျှောက် ဗမာ့တပ်မတော်သားများက ဂျပန်တို့ကိုနှိမ်နင်းအောင်မြင်ခဲ့သည်ကို မမေ့နိုင်သည့်အတွက် အမည်ထင်ရှားစေရန် “စစ်ရေယာဉ်(မေယု)”ဟု အမည်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် မြန်မာလူမျိုးအနေဖြင့် မိမိဂုဏ်ယူကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ထည့်သွင်းမိန့်ခွန်းပြောကြားခဲ့၏။
စစ်ရေယာဉ်(မေယု)လွှဲပြောင်းလက်ခံသည့် အခမ်းအနားတွင် ရေတပ်ထုံးတမ်းစဉ်လာအရ စစ်ရေယာဉ်ပိုင်ဆိုင်သောနိုင်ငံ၏ရေတပ်အလံကို လွှင့်ထူရသည်ဖြစ်ရာ စစ်ရေယာဉ်ဦးပိုင်းအလံတိုင်မှ ဗြိတိသျှရေတပ်အလံအားလျှော့ချပြီး ဗမာ့အပျော်တမ်းအရန်ရေတပ်အလံကို လွှင့်ထူခဲ့၏။ မြန်မာ့လွတ်လပ်ရေးအကြိုရောင်နီဦးသည် မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ်(မေယု)၌ စတင်ကွန့်မြူးခဲ့ပြီး မကြာမီလွတ်လပ်ရေးရရှိမည့် အတိတ်ကောင်း၊ နိမိတ်ကောင်းအဖြစ် မြန်မာတစ်မျိုးသားလုံး၊ မြန်မာတစ်နိုင်ငံလုံးက ဝမ်းမြောက်ဝမ်းသာမှတ်ယူကြိုဆိုခဲ့ကြ၏။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ရက်ပိုင်းအလို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ဖွဲ့စည်းမိန့်အမှတ် (၄၂၄) (Burma Gazette, No. 424) ဖြင့် ဗမာ့အပျော်တမ်း အရန်ရေတပ်အား “ဗမာ့ရေတပ်မတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၏။ စစ်ရေယာဉ်(မေယု)၏ ပထမဦးဆုံးသော မြန်မာနိုင်ငံသား စစ်ရေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုက ဗြိတိသျှဗိုလ်မှူးကြီး ကေအက်စ်လိုင်းထံမှ တာဝန်များ လွှဲပြောင်းလက်ခံခဲ့၏။ လွတ်လပ်ရေးရရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်မှုနှင့်အတူ အရာရှိ၊ စစ်သည်အင်အား၊ စစ်ရေယာဉ်အင်အား၊ လက်နက်ခဲယမ်းအင်အားစသည်တို့ဖြင့် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိသော တပ်မတော်(ရေ)သည် အခိုင်အမာဖြစ်တည်ပေါ်ပေါက်လာခဲ့၏။
သို့သော်လည်း လွတ်လပ်ရေးနှင့်အပြိုင်ပေါ်ပေါက်လာသော ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကြောင့် တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း၊ လေ)တို့နှင့်အတူ နိုင်ငံလုံခြုံရေး၊ ပြည်သူလူထုကာကွယ်ရေးတို့ အတွက် လက်တွဲညီညီ ရှေ့တိုးချီခဲ့၏။ မြစ်ဝကျွန်းပေါ်တိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်း တိုက်ပွဲများနှင့် တနင်္သာရီကမ်းရိုးတန်း တိုက်ပွဲများ၌ မကြောက်မရွံ့ နောက်မတွန့်စတမ်း ရွပ်ရွပ်ချွံချွံဆင်နွှဲခဲ့၏။ တစ်တိုင်းပြည်လုံး ပြည်တွင်းသောင်းကျန်းမှုများ ကြီးစိုးခဲ့သည့်အတွက် “ရန်ကုန်အစိုးရ” ဟု နိုင်ငံတကာက နှိမ့်ချဆက်ဆံခံခဲ့ရချိန်တွင် ရန်ကုန်မြို့ကိုသိမ်းပိုက်ရန် ဦးတည်ချီတက်လာသော သောင်းကျန်းသူများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပြင် ဘီးတပ် ၄၀ မမ အမြောက်များက စွမ်းစွမ်းတမံခုခံကာကွယ်ခဲ့ကြ၏။ တပ်မတော်(ရေ)၏ တံမြက်စည်း၊ ရေဘီလူး၊ ရေသူရဲ၊ ရေသဘက်အမည်တွင်သော ဘီးတပ်အမြောက်များသည် အကြမ်းဖက်သောင်းကျန်းသူတို့၏ ထိုးစစ်မှန်သမျှကို ရိုက်ချိုးချေမှုန်းနိုင်ခဲ့၏။ စစ်ရေယာဉ်(မေယု)မှ လေးလက်မအမြောက်ကြီး၏ တိကျထိရောက်သော ပစ်ကူပေးမှုသည် နာမည်ကျော်ခဲ့ပြီး အင်းစိန်၊ သန်လျင်ကျိုက်ခေါက်၊ ပုသိမ်၊ ကျောက်ဖြူနှင့် မော်လမြိုင်တိုက်ပွဲတို့တွင် သောင်းကျန်းသူများအား ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။
တပ်မတော်(ရေ)သည် စတင်တည်ထောင်ကတည်းကပင် အရာရှိ၊ စစ်သည်များ၏ ရဲစွမ်းသတ္တိရှိစွာဖြင့် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် နိုင်ငံတော်မှ စွမ်းရည်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင်ဖြစ်၏။ တပ်မတော်(ရေ)စတင် ဖွဲ့စည်းချိန်မှသည် ယနေ့ထိ သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၁၇ ဦး၊ သီဟဗလတံဆိပ် ၂ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၆၈ ဦး၊ ပြည်သူ့သားကောင်းတံဆိပ် ၁ ဦး၊ စစ်သေနာပတိ၏ သူရဲကောင်းလက်မှတ် ၁၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၄၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၁၆၆ ဦး ချီးမြှင့်ခံခဲ့ရသည်မှာ တပ်မတော်(ရေ)အတွက် ဂုဏ်ယူဖွယ် သမိုင်းမော်ကွန်းပင်ဖြစ်၏။
အောင်မြင်စွာဖြတ်ကျော်လာခဲ့သော (၇၈)နှစ်တာကာလ သက်တမ်းတစ်လျှောက်ရရှိခဲ့သည့် အတွေ့အကြုံ၊ အသိအမြင်များဖြင့် တပ်မတော်(ရေ)သည် ရေမြင့်၍ကြာတင့်ခဲ့ပြီဖြစ်၏၊ ရင့်ကျက်တည်ငြိမ်သော၊ ခေတ်မီဆန်းသစ်သော၊ တိုးတက်ခိုင်မာသောအခြေအနေသို့ရောက်ရှိလာပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော၊ ဒေသတွင်းရေတပ်များက ခံ့ညားလေးစားရသော တပ်မတော်(ရေ)အဖြစ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်၏။
ရေမိုင်ပေါင်း ၁၂၆၀ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် စတုရန်းရေမိုင်ပေါင်း ၁၄၀၀၀၀ ကျော်ကျယ်ဝန်းသော မြန်မာ့ပင်လယ်ပြင်၏ အဖိုးတန်သယံဇာတများကား ပေါကြွယ်၀သည်ထက်ပိုလေ၏။ ထို့ပြင်မျက်မှောက်ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွင် အဓိကကျသော အိန္ဒိယသမုဒ္ဒရာ၏အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့၏ ထိန်းချုပ်မှတ် (Choke Point) နေရာတွင်လည်း တည်ရှိနေပြန်၏။ ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်သည် “ရွှေနိုင်ငံ၏ရွှေပင်လယ်” ဟု သတ်မှတ်မည်ဆိုပါက မည်သူငြင်းပယ်နိုင်ပါမည်နည်း။
ရွှေပင်လယ်၏တန်ဖိုးကြီးမားပုံကို အလေးထားသော တပ်မတော်အကြီးအကဲက တပ်မတော်(ရေ)၏ တိုက်စွမ်းအားများဖြစ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ရန် လမ်းညွှန်မှုပြုခဲ့၏။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောဆောင်ပုဒ်နှင့်အညီ တပ်မတော်(ရေ)၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် နိုင်ငံတကာစံချိန်စံညွှန်းမီ စစ်ရေယာဉ်များကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်စေခဲ့၏။ တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ပံ့ပိုးဖြည့်ဆည်းပေးမှု၊ တပ်မတော် (ရေ) အရာရှိ၊
စစ်သည်များ၏ အားထုတ်ကြိုးပမ်းမှုတို့ကြောင့် အဆင့်အတန်းမီ စစ်ရေယာဉ်များကို စဉ်ဆက်မပြတ် တည်ဆောက်၊ ရေချ၊ တပ်တော်ဝင်နိုင်ခဲ့ကြ၏။ “ဝယ်ယူအသုံးပြုသူမှ ကိုယ်တိုင်တည်ဆောက်သူ (Buyerto Builder)” အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေကို များစွာခြိုးခြံချွေတာနိုင်ခဲ့၏။
တပ်မတော်(ရေ)ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သီလဝါသင်္ဘောကျင်း(ပထမအဆင့်)ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ တပ်မတော်(ရေ)၏ ရေယာဉ်တည်ဆောက်ရေးအခန်းကဏ္ဍမှာ ပိုမိုအရေးကြီးပေ၏။ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်ပြီးသော စစ်ရေယာဉ်ပေါင်းမှာ ၇၈ စင်းဖြစ်၏။ ထို့ပြင် တပ်မတော်(ရေ)၏ အကြီးဆုံးဖရီဂိတ်စစ်ရေယာဉ်ကြီးကိုလည်း ပြီးခဲ့သည့် (၇၇)နှစ်မြောက်တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် အမည်ပေးခြင်းနှင့် ရေချခြင်းမင်္ဂလာအခမ်းအနားများ ကျင်းပခဲ့ပြီး တပ်မတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့၏။
တပ်မတော်အကြီးအကဲက “ယခု ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား နိုင်ငံ၏ပြည်တွင်းရန်ကို နှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် “ဖရီဂိတ်စစ်ရေယာဉ်(သာလွန်မင်း)” ဟု ကျွန်ုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်ပေးလိုက်သည်။ ဤစစ်ရေယာဉ်ကြီးနှင့်တကွ စစ်ရေယာဉ်ကြီးနှင့်အတူ လိုက်ပါတာဝန် ထမ်းဆောင်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရေယာဉ်သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု မြွက်ကြားကာ အမည်ပေးမင်္ဂလာအခမ်းအနားကျင်းပခဲ့၏။ ထို့နောက် ဖရီဂိတ်စစ်ရေယာဉ်ကြီး၏ ဦးပိုင်းတွင်ချိတ်ဆွဲထားသော ရှန်ပိန်ပုလင်းကို ချည်နှောင်ထားသည့် မင်္ဂလာပိုးကြိုးအား မင်္ဂလာအချိန်တွင် ရွှေပုဆိန်ဖြင့်ခုတ်ဖြတ်၍ ရေတပ်ထုံးတမ်း အစဉ်အလာနှင့်အညီ ရှန်ပိန်ပုလင်းခွဲကာရေချပွဲမင်္ဂလာ အခမ်းအနားကို တစ်ဆက်တည်း ကျင်းပခဲ့ခြင်းဖြစ်၏။ တစ်ချိန်တည်းတွင် နီ၊ စိမ်း၊ ဝါ မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ တပ်မတော်(ရေ)စစ်တီးဝိုင်းက စိတ်ဓာတ်တက်ကြွဖွယ် စစ်ချီသီချင်းတီးမှုတ်ဂုဏ်ပြုခြင်းများကို ခမ်းနားထည်ဝါစွာဖြင့် ဆောင်ရွက်ခဲ့၏။
ဤသို့ တပ်မတော်(ရေ)၏ အကြီးဆုံးဖရီဂိတ်စစ်ရေယာဉ်ကြီးကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်ခဲ့ခြင်းမှာ ရေတပ်သားတို့၏ ကြီးစွာသော ကြိုးပမ်းအားထုတ်မှုအပြင် တပ်မတော်အကြီးအကဲ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကြောင့်ပင်ဖြစ်၏။
စစ်ရေယာဉ်ကြီး၏ ခုတ်မောင်းသွားလာမှုစနစ်၊ လက်နက်နှင့်လက်နက်စနစ်၊ ဆက်သွယ်ရေးနှင့် ရေကြောင်းသွားလာမှုစနစ်၊ ရေယာဉ်ကိုယ်ထည်ပိုင်းနှင့် ရေလုံမှုစနစ်စသည့် စနစ်ပေါင်းများစွာကို ပေါင်းစပ်တည်ဆောက်နိုင်ခဲ့ခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ညှိနှိုင်းမှု၊ နားလည်စာနာမှုတို့ဖြင့် တွေ့ကြုံခဲ့ရသောစိန်ခေါ်မှုနှင့် အခက်အခဲပေါင်းများစွာကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့၏။ တပ်မတော်(ရေ)၏ သမိုင်းမှတ်တိုင်သစ်တစ်ရပ်သာမကပဲ နိုင်ငံတော်နှင့် တပ်မတော်၏ အောင်မြင်မှုအဖြစ်လည်း မှတ်ကျောက်တင်ထိုက်၏။
တပ်မတော်(ရေ)၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ရန်မှာ တိုက်စွမ်းအားမြင့်မားသော စစ်ရေယာဉ်များအပေါ် များစွာမှီတည်နေ၏။ ရေပြင်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန်စစ်ဆင်ရေး၊ ရေအောက်ရန် စစ်ဆင်ရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေးဟူသော စစ်ဆင်ရေး နယ်ပယ်လေးရပ်လုံး ထိရောက်စွာစစ်ဆင်နိုင်ရန် မလွဲမသွေလိုအပ်၏။
ထို့ပြင် ရေတပ်စွမ်းအားသည် ပင်လယ်ပြင်မှ ကုန်းမြေအပေါ် အကျိုးသက်ရောက်မှုပေးနိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာအရင်းအမြစ်(Maritime Resource) များကို ကာကွယ်မှုပေးနိုင်ရေးဟူသည့် စွမ်းအားနှစ်ရပ်ပြည့်စုံကာ Naval Power ကို Fighting Power အဖြစ် အသုံးချနိုင်ရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသော အသင့်ဖြစ်မှုသုံးရပ်ဖြင့် ပြည့်စုံရန်လည်း ကြိုးပမ်းဖြည့်ဆည်း တည်ဆောက်လျက်ရှိ၏။
မည်မျှပင် ခေတ်မီတန်ဖိုးကြီးမားသော စစ်ရေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ တပ်ဆင်အသုံးပြုစေကာမူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုနိုင်ပါက အချည်းနှီးပင်ဖြစ်၏။ တစ်နည်းအားဖြင့် “တိုက်စွမ်းအား” ပြည့်စုံရုံနှင့်မလုံလောက်ဘဲ “တိုက်စွမ်းရည်” နှင့်လည်း ပြည့်စုံနေရန်လိုအပ်၏။ ထို့ကြောင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်လည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိ၏။ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ အရာရှိဗဟုသုတတိုးပွားရေးဟောပြောပွဲများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများဖြင့် ဘက်စုံထောင့်စုံ အရှိန်အဟုန်ဖြင့် မြှင့်တင်လျက်ရှိ၏။ ထို့ပြင် ပြည်ပအလုပ်ရုံ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ သင်တန်းများသို့လည်း စဉ်ဆက်မပြတ်စေလွှတ် ပါဝင်တက်ရောက်စေလျက်ရှိ၏။ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်းရေတပ်များ၊ အိမ်နီးချင်းရေတပ်
များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း၊ ပူးတွဲကင်းလှည့်ခြင်း၊ ပူးတွဲရေကြောင်းတိုင်းတာခြင်းများဖြင့်လည်းပါဝင်ဆောင်ရွက်လျက်ရှိ၏။ တပ်မတော်အကြီးအကဲ၏ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့်လမ်းညွှန်ချက်အတိုင်း တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအနေဖြင့် လေ့လာမှတ်သားမှုများ၊ ကျွမ်းကျင်ရန်လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာကျင့်သုံးမှုများဖြင့် အောင်မြင်မှုအသီးအပွင့်များ ဖွံ့ဖြိုးဝေစည်စေခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအရာရှိ၊ စစ်သည်များအားလုံး လူ့စွမ်းအားအရင်းအမြစ် ဟန်ချက်ညီတိုးတက်စေရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိ၏။
ထို့ပြင် တပ်မတော်(ရေ)တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသော နိုင်ငံ့သားကောင်း ရတနာပြည်သူ့စစ်မှုထမ်းများကိုလည်း ၎င်းတို့တာဝန်ထမ်းဆောင်မည့် အချိန်ကာလအတွင်း တပ်မတော်(ရေ)အတွက်၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးရှိထိရောက်စေမည့် Professional ဘာသာရပ်၊ ပညာရပ်ပိုင်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခြင်း၊ လက်တွေ့လိုက်နာဆောင်ရွက်ခြင်းတို့ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိ၏။ အရာရှိ၊ စစ်သည်များ၏ပညာရည်တိုးတက်အောင်မြင်စေရန် အားပေးကူညီလျက်ရှိ၏။ ပညာအရည်အချင်းတိုးတက်မှုနှင့်အညီ သင့်လျော်သော ရာထူးအဆင့်အတန်း တိုးမြှင့်ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိ၏။
တာဝန်ထမ်းဆောင်လျက်ရှိသော အမျိုးသား၊ အမျိုးသမီးအရာရှိများကိုလည်း ၎င်းတို့စစ်မှုထမ်းသက်အလျောက် ဖြတ်သန်းရမည့်အနာဂတ် လမ်းပြမြေပုံ (Carrier Road Map) ကို ရေးဆွဲချမှတ်ထားပြီး အရာရှိတစ်ဦးချင်းစီ၏ အနာဂတ်ရည်မှန်းချက်ကို ပုံဖော်ပေးထား၏။
တပ်မတော်(ရေ)၏ လုပ်ငန်းတာဝန်ကဏ္ဍကြီးလေးရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ (Military Role)၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ (Constabulary Role)၊ စာနာအကူအညီပေးရေးကဏ္ဍ (Benign Role)နှင့် သံတမန်ရေးရာကဏ္ဍ (Diplomatic Role) တို့ကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်စွမ်းဆောင်နိုင်ရေး ရည်မှန်း အကောင်အထည်ဖော်လျက်ရှိ၏။
ကဏ္ဍကြီးလေးရပ်အနက် စစ်ရေးကဏ္ဍသည် တပ်မတော်(ရေ)၏ အဓိကတာဝန်ကြီးဖြစ်ပြီး “အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်ရမည်” ဟူသည့် “မြဲသုံးမြဲ”ကို လက်ကိုင်ထားကာ “လေ့ကျင့်၊ ကျွမ်းကျင်၊ အောင်ပွဲဆင်” ဆိုသည့်ဆောင်ပုဒ် အတိုင်း ပင်လယ်ပြင်မှ ကျူးကျော်လာသူများကို ချေမှုန်းနိုင်ရန် အမြဲလေ့ကျင့်လျက်ရှိ၏။ တပ်မတော်(ရေ) စစ်ရေယာဉ်အမျိုးအစား ပေါင်းစုံ စုပေါင်းပါဝင်သော စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise –Sea Shield) ကို ၂၀၁၄ ခုနှစ်မှ စတင်လေ့ကျင့်ခဲ့ပြီး တပ်မတော်(ရေ)၏ ပထမဦးဆုံး ရေပြင်မှရေပြင်ပစ်ဒုံးပျံကို အောင်မြင်စွာ ပစ်ခတ်လေ့ကျင့်နိုင်ခဲ့၏။
တပ်မတော်(ရေ)၏ အဆိုပါလေ့ကျင့်ခန်းများအား တပ်မတော်အကြီးအကဲ ကိုယ်တိုင်နှစ်စဉ်တက်ရောက်ကြည့်ရှုအားပေးပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်းကြောင့် လေ့ကျင့်မှုများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုထိရောက်အစွမ်းထက်လာခဲ့၏။ ပါဝင်လေ့ကျင့်ကြသော တပ်မတော်(ရေ) အရာရှိ၊ စစ်သည်များအတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၊ အလေ့အကျင့်ကောင်းများကို ရရှိပိုင်ဆိုင်စေခဲ့၏။
စစ်ရေးကဏ္ဍအတွက် အဓိကတိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်သည်သာမက ပြင်ပနိုင်ငံများမှလည်း အမျိုးအစားစုံလင်အောင် ဝယ်ယူဖြည့်တင်း အားဖြည့်ပေးလျက်ရှိ၏။ တပ်မတော်(ရေ) တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် “မင်းရဲသိင်္ခသူ” နှင့် “မင်းရဲကျော်ထင်”
တို့ကို (၇၃)နှစ်မြောက်နှင့် (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့များတွင် အသီးသီးတပ်တော်ဝင်နိုင်ခဲ့၏။ ရေအောက်ရန်စစ်ဆင်ရေးစွမ်းရည်ကို တိုးချဲ့နိုင်ခဲ့သည့်အပြင် Submarine Arm ပိုင်ဆိုင်ခြင်းဖြင့် ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ခဲ့၏။ သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသောရေတပ် (Three Dimensional Navy) အဆင့်သို့တက်လှမ်းကာ စစ်ရေးကဏ္ဍကို တောင့်တင်းခိုင်မာစေမည်ဖြစ်၏။
မိမိတို့နိုင်ငံနှင့် ပြည်သူတို့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍသည်လည်း အရေးကြီး၏။ ရေကြောင်းသွားလာမှု တိုးတက်များပြားလာမှုနှင့်အတူ ပင်လယ်ပြင်အခြေပြုဖြစ်ပေါ်လာသော အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများ၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုများ၊ လက်နက်နှင့်မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများ၊ လူမှောင်ခိုကုန်ကူးမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိရာ ၎င်းတို့ကိုထိရောက်စွာ တားဆီးကာကွယ်ရန် လိုအပ်လာ၏။ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်(ရေ)နှင့် လက်တွဲဆောင်ရွက်မည့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်ကစတင်ဖွင့်လှစ်တပ်တော်ဝင်ခဲ့၏။ ထို့ကြောင့် တပ်မတော်(ရေ)နှင့်အတူ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ ရေကြောင်းဆိုင်ရာရဲတပ်ဖွဲ့နှင့် အခြားရေကြောင်းဆိုင်ရာအဖွဲ့ အစည်းများပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင်အဝန်း တရားဥပဒေစိုးမိုးရေးကို လက်တွဲညီညီထိရောက်စွာအကောင်အထည်ဖော်ရမည်ဖြစ်၏။ ထို့ပြင်အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ရေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အခြားအဖွဲ့အစည်းများဖြင့်လည်း ဆက်သွယ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်၏။
တပ်မတော်(ရေ)အနေဖြင့် စာနာအကူအညီပေးရေးကဏ္ဍတွင်လည်း ပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိ၏။ မျက်မှောက်ကာလတွင် ပိုမိုဖြစ်ပွားလာသည့် သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခရောက်ကြရသောပြည်သူလူထုကို ကူညီစောင့်ရှောက်လျက်ရှိ၏။ အထူးသဖြင့် ကမ်းရိုးတန်းနေပြည်သူများပိုမိုခံစားလာရသော မုန်တိုင်းဘေး၊ ရေကြီးရေလျှံဘေး၊ မြေပြိုမှုဘေး၊ ဆူနာမီရေလှိုင်းဘေးတို့မှ သက်သာလွတ်ကင်းရန် ဘက်စုံထောင့်စုံနည်းလမ်းစုံဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိ၏။ တပ်မတော်အကြီးအကဲကလည်း သဘာ၀ဘေးအန္တရာယ် ကျရောက်ပြီး ဒုက္ခရောက်နေသော ပြည်သူကို စာနာကူညီပေးရန်အတွက် အထက်ဌာနများ၏ အမိန့်ကိုစောင့်နေစရာမလို၊ အမြန်ဆုံးသွားရောက် အကူအညီပေးရန် လမ်းညွှန်မှာကြားထားပြီးဖြစ်၏။
ထို့ပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများကို ခေတ်မီရောဂါရှာဖွေရေး ပစ္စည်းကိရိယာများ တပ်ဆင်ထားသည့် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)တို့မှ ကျွမ်းကျင်ပါရဂူများ၊ ဆရာဝန်၊ သူနာပြုများဖြင့် အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိ၏။ ၂၀၁၃ ခုနှစ်မှ ယနေ့အထိဆေးရုံရေယာဉ်များ၏ ဆေးကုသပေးမှုခရီးစဉ် ၃၉ ကြိမ်အတွင်း စုစုပေါင်းအမျိုးသား၊ အမျိုးသမီးလူနာ ၃၆၈၆၂၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့၏။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုတို့ အပြင်းအထန် ထိခိုက်ခံစားခဲ့ကြရ၏။ အဆိုပါထိခိုက်ခံစားရသော ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် တပ်မတော်(ကြည်း၊ လေ)တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊NGO၊ INGO အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုကူညီ
ရေးအသင်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်လက်တွဲ၍ အမြန်ဆုံးသွားရောက်ကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့၏။ ဖေးမကူညီခဲ့၏။ နှစ်သိမ့်အားပေးခဲ့၏။
သံတမန်ရေးရာကဏ္ဍသည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရေတပ်များအတွက် အဓိကကျ၏။ နိုင်ငံအချင်းချင်းဖြစ်ပွားနေသော ပဋိပက္ခအငြင်းပွားမှုများတွင် စစ်ဆင်တိုက်ခိုက်စရာမလိုဘဲ ရေတပ်အင်အားပြသခြင်းဖြင့် အသာစီးရရှိရန် စွမ်းဆောင်နိုင်၏။
ကမ္ဘာ့သမိုင်းတစ်လျှောက် အသုံးပြုခဲ့သော အလွန်ထိရောက်အကျိုးရှိသည့် အင်အားပြသမှုလည်းဖြစ်၏။
ယနေ့တပ်မတော်(ရေ)သည် မိမိကမ်းရိုးတန်းကိုသာ ကာကွယ်နိုင်စွမ်းရှိသော Coastal Navy အဆင့်မဟုတ်တော့ဘဲ မိမိတို့၏သီးသန့်စီးပွားရေးဇုန်အထိ ကာကွယ်စောင့်ရှောက်နိုင်သော ရေတပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ နိုင်ငံတကာရေတပ်အခမ်းအနားများသို့ မိမိတို့၏စစ်ရေယာဉ်များ စေလွှတ်တက်ရောက်စေခြင်း၊ အပြန်အလှန်လည်ပတ်စေခြင်း၊ အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရေတပ်များဖြင့် နီးကပ်စွာပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းတို့ဖြင့် သံတမန်ရေးရာကဏ္ဍကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့၏။
ထို့ပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အာဆီယံရေတပ်ဦးစီးချုပ်များတွေ့ဆုံဆွေးနွေးပွဲ (ASEAN Navy Chiefs’ Meeting-ANCM) များကိုလည်း နှစ်စဉ်ပါဝင်တက်ရောက်၍ သံတမန်ရေးရာကဏ္ဍတွင် လစ်ဟင်းမှုမရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၏။ မိမိတို့နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးရမည့် 9th ANCM ကို ၂၀၁၅ ခုနှစ်ကလည်းကောင်း၊ 18th ANCM ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်းကောင်း နေပြည်တော်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့၏။ တပ်မတော်(ရေ)၏ သံတမန်ရေးရာကဏ္ဍကို ပိုမိုအသက်ဝင် ရှင်သန်စေခဲ့ခြင်းပင်ဖြစ်၏။
မြန်မာ့တပ်မတော်(ရေ)အပါအဝင် နိုင်ငံတကာရေတပ်များသည် ယနေ့ခေတ်ကာလတွင် ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရလျက်ရှိ၏။ အကြီးမားဆုံးခြိမ်းခြောက်မှုမှာ သဘာ၀ ဘေးအန္တရာယ်ပင်ဖြစ်၏။ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ပြင်းထန်သည့် မုန်တိုင်းကြီးများ၊ ဆူနာမီရေလှိုင်းများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို ဖြစ်ပေါ်စေပြီး ပင်လယ်ကမ်းရိုးတန်းနေဘဝများကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိ၏။ ထို့ပြင် ပင်လယ်ပြင်ညစ်ညမ်းမှု၊ တရားမဝင်ငါးခိုးဖမ်းမှု၊ သဘာ၀သယံဇာတများ အလွန်အကျွံထုတ်ယူမှု၊ ပင်လယ်ပြင်မှ တရားမဝင်
မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း သယ်ဆောင်ရောင်းဝယ်မှုများ၊ လူများအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်မှု၊ ပင်လယ်ပြင်အခြေပြု အကြမ်းဖက်တိုက်ခိုက်မှု စသည့်အခြားခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်၏။ ဖြတ်သန်းကျော်လွှားပြီးခဲ့သည့် စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို အတွေ့အကြုံကောင်းများ၊ အောင်မြင်မှုအတွက် လှေကားထစ်များအဖြစ် ခံယူလျက်ဆက်လက် ကျော်ဖြတ်သွားရမည်သာဖြစ်၏။
ယနေ့တပ်မတော်(ရေ)သည် အထက်ပါခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများအပြင် ပြည်တွင်းအကြမ်းဖက်ဆူပူသောင်းကျန်းမှုများကိုလည်း ရင်ဆိုင်နှိမ်နင်းလျက်ရှိ၏။ အဆိုပါအခက်အခဲ၊ အကျပ်အတည်းများအကြားမှ ရနိုင်သမျှသောအရင်းအမြစ် (Resource)များကို အပြည့်အ၀စုစည်းအသုံးချ၍ဉာဏ်ရည်တု (Artificial Intelligence-AI) ကဲ့သို့သော အဆင့်မြင့်နည်းပညာများ ပေါင်းစပ်အသုံးချကာ သုတေသနပြုတီထွင်ထုတ်လုပ်ကြိုးစားမှုများကြောင့် အောင်မြင်မှုအသီးအပွင့်များ ရရှိခံစားနေရပြီဖြစ်၏။ အဆိုပါအောင်မြင်မှုများက တပ်မတော်(ရေ)ရှိ “တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား” ကို ဆပွားတိုးတက်စေမည်ဖြစ်၏။
သို့ဖြစ်၍ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်သော၊ရည်မှန်းချက်တာဝန်သုံးရပ်နှင့်စစ်ဆင်မှုနယ်ပယ်လေးရပ်ကို အပြည့်အ၀ အကောင် အထည်ဖော်နိုင်သော၊ သမိုင်းအစဉ်အလာကောင်းများကို ပိုမိုမြှင့်တင်ထိန်းသိမ်းနိုင်သော၊ နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးကအားထားရသော တပ်မတော်
(ရေ)အဖြစ် အရည်အချင်းပြည့် အရာရှိ၊ စစ်သည်များနှင့်အတူ “တွဲလက်ညီညီ ရှေ့သို့ချီ၊ အောင်လံလွှင့်ဝေ တပ်မတော်(ရေ)”ဖြစ်ပါစေကြောင်း (၇၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။ ။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ နောက်ပိုင်းမှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတားဆီးရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် တစိုက်မတ်မတ် နှိမ်နင်းလျက်ရှိရာမှာ ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု လုပ်ငန်းတွေကို တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် တိုက်ဖျက်လျက်ရှိပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မျက်စိမှိတ်၊ နားပိတ်ပြီး မမြင်ချင်ယောင်၊ မကြားချင်ယောင်ဆောင်ကာ ခိုင်မာမှုမရှိတဲ့ သတင်းအချက်အလက်တွေကိုအခြေခံပြီး အချို့နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို ပုံကြီးချဲ့ စွပ်စွဲလေ့ရှိပါတယ်။ အဲဒီစွပ်စွဲချက်တွေထဲက ဒီဇင်ဘာလ ၃ ရက်နေ့ UNODC ကထုတ်ပြန်တဲ့ အစီရင်ခံစာဟာ အမှန်တရားကို မျက်ကွယ်ပြုပြီး လိုရာပုံဖော်ထားတဲ့ ကိန်းဂဏန်းအချက်အလက်များကို အသုံးချကာ နိုင်ငံရေးအရဖိအားပေးလိုတဲ့ ရိုးသားမှု မရှိတဲ့ အစီရင်ခံစာတစ်စောင်ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC) က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုစစ်တမ်း (Myanmar Opium Survey 2025) အစီရင်ခံစာမှာ “စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် သက်ရောက်မှုများ” ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာတယ်၊ ဘိန်းစိုက်ပျိုးမှု တွေ မြင့်တက်လာတယ်ဆိုပြီး အတည်မပြုနိုင်တဲ့အချက်အလက်တွေကို ကိုးကားကာ အစီရင်ခံစာပုံစံ ရေးသားထားတာကို စိတ်မကောင်းဖြစ်ဖွယ်ရာ တွေ့ရှိရပါတယ်။
အဓိကကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ ဒေသပြင်ပမူးယစ်ဆေးဝါး ဖြန့်ဖြူးမှု တိုးလာတာကိုပုံဖော်ထားပြီး တားဆီးရန် အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ ပုံကြီးချဲ့ရေးသားထားပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က အကြောင်းတရားကိုတော့ နိုင်ငံတကာကတမင် လျစ်လျူရှုထားကြပုံရပါတယ်။ စာရွက်ပေါ်က ကိန်းဂဏန်းတွေကိုသာကြည့်ပြီး မြေပြင်ကဇာစ်မြစ်နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို တွန်းအားပေးနေတဲ့ လက်သည်တရားခံတွေကိုတော့ မမြင်ချင်ယောင်ဆောင်နေတာဟာ ပြဿနာကို ဖြေရှင်းရာမရောက်ပါဘူး။ဒါကြောင့် ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ ပကတိမြေပြင် အခြေအနေမှန်တွေနဲ့ ပူးပေါင်းဖြေရှင်းသင့်တဲ့ နည်းလမ်းမှန်ကို နိုင်ငံတကာကသိရှိနားလည်စေဖို့ ဒီဆောင်းပါးနဲ့ အမှန်တရားကို မီးမောင်းထိုးပြလိုပါတယ်။
နိုင်ငံရေးကစားကွက်များကြားက မရိုးသားတဲ့ တိုက်ဆိုင်မှုများ
လက်ရှိ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ သဘောထားအပြောင်းအလဲနဲ့အတူ မြန်မာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေဟာ တည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးတဲ့ ခြေလှမ်းများအဖြစ် စတင်ပြောင်းလဲလာနေပါတယ်။ အထူ းသဖြင့် Trump အစိုးရက USAID အကူအညီပိတ်သိမ်းခြင်းဟာ NUG အကြမ်းဖက်အဖွဲ့အတွက် အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေကို ရပ်ဆိုင်းသွားစေသလို မြန်မာနိုင်ငံသားတွေ အမေရိကန်နိုင်ငံမှာ ယာယီနေထိုင်ခွင့် (TPS -Temporary Protected Status) ကို ရုပ်သိမ်းလိုက်တာလိုမျိုး မူဝါဒအပြောင်းအလဲဟာ NUG/PDF တို့လို အကြမ်းဖက်လမ်းစဉ်ထက် နိုင်ငံတော်အစိုးရရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို အပြုသဘောဆောင် ရှုမြင်သုံးသပ်လာတဲ့ သဘောဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုအပြုသဘောဆောင်လာတဲ့အချိန်ကိုက်မှာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေပြီး လက်ရှိနိုင်ငံတော်အစိုးရ အထင်အမြင် လွဲမှားစေမယ့် မူးယစ်ဆေးဝါးအစီရင်ခံစာ တမင်ရည်ရွယ်ချက်ရှိရှိ ထွက်ပေါ်လာတာဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ နိုင်ငံတကာနဲ့ နိုင်ငံတော်အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုလမ်းစတွေကို ပိတ်ဆို့လိုသူတွေရဲ့ နောက်ကွယ်က နိုင်ငံရေးကစားကွက်တစ်ခုဖြစ်နေနိုင်ပါတယ်။ အစီရင်ခံစာမှာ နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေမှုတွေ၊ ဘိန်းခင်းဖျက်ဆီးနိုင်မှုတွေကို မျက်ကွယ်ပြုထားပြီး ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာကိုသာ တစ်ဖက်သတ် မီးမောင်းထိုးပြထားတာဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးထက် နိုင်ငံရေးအရ ဖိအားပေးလိုခြင်းသာဖြစ်တယ်လို့ယူဆရမှာဖြစ်ပါတယ်။
UNODC အစီရင်ခံစာနှင့် မြေပြင်လက်တွေ့အခြေအနေ
UNODC ရဲ့ ၂၀၂၅ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ၅၃၁၀၀ ဟက်တာ အထိရှိလာပြီး ၂၀၂၄ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီစိုက်ပျိုးမှုတွေဘယ်နေရာတွေမှာ တိုးလာသလဲဆိုတာကို မြေပုံပေါ်မှာ သေသေချာချာထောက်ကြည့်လိုက်ရင် အဖြေကရှင်းရှင်းလေးပါပဲ။ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုအာဏာ သက်ရောက်တဲ့ တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေမှာမဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းသူများ(EAOs)နဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ NUG/PDF အကြမ်းဖက်အဖွဲ့များ စိုးမိုးလှုပ်ရှားနေတဲ့နေရာတွေမှာသာ အဓိကတိုးပွားလာနေခြင်းဖြစ်ပါတယ်။
အထူးသဖြင့် UNODC အစီရင်ခံစာမှာပါတဲ့ မြေပုံကိုကြည့်မယ်ဆိုရင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ အရင်က ဘိန်းစိုက်ပျိုးမှုလုံးဝမရှိသလောက် နည်းပါးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ စိုက်ပျိုးမှုတွေသိသိသာသာ တိုးလာတာကိုတွေ့ရပါလိမ့်မယ်။ ဒါက ဘာကိုပြနေသလဲဆိုတော့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အခွင့်ကောင်း ယူပြီး အကြမ်းဖက်အဖွဲ့အစည်းတွေက ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုကို သူတို့ရဲ့အဓိကဝင်ငွေလမ်းကြောင်းအဖြစ် ပြောင်ပြောင်တင်းတင်း အသုံးချနေတဲ့သက်သေတွေဖြစ်ပါတယ်။
NUG/PDF နှင့် EAOs တို့၏ Narco-Terrorism
နိုင်ငံတကာက “ဒီမိုကရေစီအရေးလှုပ်ရှားသူများ” လို့ ခေါင်းစဉ်တပ်ပေးထားတဲ့ NUG/ PDF အကြမ်းဖက်အဖွဲ့တွေက “မူးယစ်ဆေးဝါးလုပ်ငန်း”ကို လက်နက်ဝယ်ယူဖို့ အဓိကငွေကြေးအထောက်အပံ့ အသက်သွေးကြောအဖြစ် အသုံးပြုပြီး အကြမ်းဖက်ယန္တရားကို လည်ပတ်နေကြပါတယ်။ တစ်ချိန်က စိုက်ပျိုးရေးနဲ့ အေးချမ်းခဲ့ဖူးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ အခုဆိုရင် NUG/ PDF အဖွဲ့တွေက “တော်လှန်ရေးရန်ပုံငွေ” ခေါင်းစဉ်တပ်ပြီး ဒေသခံတွေကို ဘိန်းနဲ့ဆေးခြောက်တွေ အတင်းအဓမ္မ ခြိမ်းခြောက်စိုက်ပျိုးခိုင်းပြီး အခွန်ကောက်ယူ၊ ထွက်ရှိတဲ့ဘိန်းတွေကို ရောင်းဝယ်ခြင်းတွေ ပြုလုပ်လာကြပါတယ်။
ဒီတော့ UNODC အစီရင်ခံစာပါ ဘိန်းစိုက်ပျိုးမှုမြင့်တက်လာတဲ့ ဧရိယာတွေက NUG/ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချို့ အကြမ်းဖက်လှုပ်ရှားနေတဲ့ နယ်မြေတွေနဲ့ တိုက်ဆိုင်နေတာက မတော်တဆမှုတော့ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော် ဝိသမလောဘသားမူးယစ်ဂိုဏ်းတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ရရှိလာတဲ့ ငွေမည်းတွေကို လက်နက်ခဲယမ်းများအဖြစ် ပြောင်းလဲနေကြတဲ့ Narco -Terrorism လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်တယ်ဆိုတာကို နိုင်ငံတကာအနေနဲ့ မျက်ကွယ်ပြုထားလို့မရပါဘူး။
KIA နဲ့ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချို့ဟာ ပါးစပ်ကသာ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးလို့ အသံကောင်းဟစ်နေပေမယ့် လက်တွေ့မှာ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ Narco - Terrorists တွေသာဖြစ်တာကိုတော့ ငြင်းမရနိုင်ပါဘူး။
ကချင်ပြည်နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနဲ့ နယ်စပ်တစ်လျှောက်မှာ ဘိန်းစိုက်ပျိုးမှုမြင့်တက်လာတာဟာ KIA က PDF တွေကို လက်နက်တပ်ဆင်ပေးဖို့ ငွေကြေးရှာဖွေမှုရဲ့ ရလဒ်ဖြစ်ပါတယ်။ AA အဖွဲ့ကလည်း ရှမ်းပြည်နယ်က တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတို့ကို ပို့ဆောင်တဲ့ မူးယစ်ဆေးဝါးကွန်ရက်ကြီးကို ချုပ်ကိုင်ထားပြီး ဘီလီယံနဲ့ချီတဲ့ အကျိုးအမြတ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လည်ပတ်နေတာကို ဖမ်းဆီးရမိမှုမှတ်တမ်းတွေကနေ သက်သေပြနေပါတယ်။
ဒါကြောင့် UNODC အနေနဲ့ ဒီလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖျက်ဆီးနေတာကို မျက်ကွယ်ပြုပြီး နိုင်ငံရေးထိုးနှက်ချက်ပါတဲ့ အစီရင်ခံစာတွေ ထုတ်ပြန်နေမယ့်အစား ပြဿနာရဲ့ အဓိကတရားခံဖြစ်တဲ့ အကြမ်းဖက်သမားတွေကိုဖော်ထုတ်ပြီး ဓာတုပစ္စည်း များ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ ငွေကြေးခဝါချမှု၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်မှုတွေကို နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး ထိရောက်စွာ တိုက်ဖျက်သင့်တယ်လို့ အသိပေးတိုက်တွန်းလိုပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းမှုများ
နိုင်ငံတကာရဲ့ ဖိအားတွေ၊ ပိတ်ဆို့မှုတွေကြားကနေ ပြည်ပအကူအညီမပါဘဲနဲ့ ဆင်နွှဲနေရတဲ့ နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို UNODC အစီရင်ခံစာက မျက်ကွယ်ပြုထားတာဟာ အံ့ဩဖွယ်ရာဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ် မိုးဟိန်းစစ်ဆင်ရေးကနေ ယနေ့အထိ ပေးဆပ်ခဲ့ရသော သွေးချွေးတွေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စံချိန်တင်ဖမ်းဆီးရမိမှု ကိန်းဂဏန်းတွေက နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သန္နိဋ္ဌာန်ကို သက်သေပြနေပါတယ်။
အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့အချို့ရဲ့ Narco -Terrorism လုပ်ရပ်တွေကိုဖော်ထုတ်ပြီး ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါး ကွန်ရက်ကြီးကို ဖြိုခွင်းနိုင်ခဲ့တာဟာ နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ လုံးဝပါဝင်ပတ်သက်မှုမရှိဘဲ အမျိုးသားဂုဏ်သိက္ခာအတွက် တစိုက်မတ်မတ်တိုက်ဖျက်နေကြောင်း ကမ္ဘာကိုအသံတိတ်သက်သေပြနေတာဖြစ်ပါတယ်။
ကိန်းဂဏန်းများက သက်သေပြုနေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေး အရှိန်အဟုန်
နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသန္နိဋ္ဌာန်ကို ဝေဖန်မှုများနဲ့ တိုင်းတာမယ်ဆိုရင်တောင် လက်တွေ့ဖမ်းဆီးရမိမှု မှတ်တမ်းတွေကတော့ အကောင်းဆုံးသက်သေဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းမှာပင် ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွဆေးပြား သန်း ၂၄၀ နီးပါး၊ အိုက်စ် ၂၃ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်)ကို ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့တာဟာ သာမန်ကာလျှံကာ လုပ်ဆောင်ချက် မဟုတ်ပါဘူး။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ၁၁ လတာကာလအတွင်းမှာလည်း ဘိန်း ၁၁၄၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၇၆၇ ကီလိုကျော်၊ စိတ်ကြွဆေးပြား သန်း ၂၉၀ ကျော်နဲ့ အိုက်စ် ၃၁ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၅၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၇၈ သန်းကျော်)ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီကိန်းဂဏန်းတွေက တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုထိရောက်လာတာကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့ကြီးတွေမှာ ဖမ်းဆီးရမိမူးယစ်ဆေးဝါးတွေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လူသိရှင်ကြား မီးရှို့ဖျက်ဆီး ပြသနေတာကလည်း နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ယုံကြည်ချက်ကို ကမ္ဘာကမြင်သာအောင် သက်သေထူလျက်ရှိပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး (Counter Terrorism Operation) ကို အလေးထားလုပ်နေရသလို နိုင်ငံတော်အစိုးရနဲ့ မြန်မာ့တပ်မတော်တို့ဟာ လူသားမျိုးနွယ်အပေါ်မှာ အညွန့်တုံးစေမယ့် ဘိန်းခင်းတွေဖျက်ဆီးရေးကို မေ့လျော့ထားခြင်းမရှိဘဲ “အမျိုးသားရေးတာဝန်” တစ်ရပ်အနေနဲ့ခံယူပြီး ကြိုးပမ်းတိုက်ဖျက်လျက်ရှိပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်အထိ ၄ နှစ်တာ ဘိန်းစိုက်ရာသီကာလအတွင်း ရှမ်း၊ ကချင်၊ ကယား၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာရှိတဲ့ ဘိန်းခင်း ဟက်တာပေါင်း ၈၀၀၀ ကျော်ကို လုံခြုံရေးအခက်အခဲများကြားက နိုင်ငံတော်အနေနဲ့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး ဖျက်ဆီးနိုင်ခဲ့တာကို စာရင်းဇယားများက အခိုင်အမာပြသနေပါတယ်။ ၂၀၂၅ ခုနှစ်လိုမျိုး စိန်ခေါ်မှုများပြားတဲ့ကာလမှာလည်း ဘယ်လိုပင်အခက်အခဲ ရှိပါစေ ဘိန်းခင်းတွေကို အားသွန်ခွန်စိုက် ဆက်လက်ရှင်းလင်းနေတာက လူသားထုရဲ့အနာဂတ်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတယ်ဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။
ဓာတုပစ္စည်း (Precursors) ပြဿနာ
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို ဓာတုမူးယစ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်ရာ ဗဟိုချက်အဖြစ်ပါ လက်ညှိုးထိုးနေကြပေမယ့် မဖြစ်မနေသိထားရမယ့် ပကတိအမှန်တရားတစ်ခုကိုတော့ မေ့လျော့နေကြပါတယ်။ အဲဒီအချက်ကတော့ စိတ်ကြွဆေးပြား(WY)၊ ICE နဲ့ Ketamine လိုမျိုး မူးယစ်ဆေးဝါးတွေထုတ်လုပ်ဖို့ မရှိမဖြစ်လိုတဲ့ ဓာတုပစ္စည်း(Precursors) တွေကို “မြန်မာနိုင်ငံက လုံးဝ(လုံးဝ) ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။” လက်တွေ့မြေပြင်မှာ ဒီဓာတုပစ္စည်းတွေဟာ အိမ်နီးချင်းနိုင်ငံကြီးတွေကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက စီးဝင်လာတဲ့ ဒီဓာတုပစ္စည်းတွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ လှုပ်ရှားနယ်မြေဒေသတွေကို ရောက်ရှိသွားပြီး ပြည်ပ ပညာရှင်တွေရဲ့အကူအညီနဲ့ ဓာတုမူးယစ်ဆေးဝါး အဖြစ် အသွင်ပြောင်း သွားကြတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကနေ ဓာတုမူးယစ်ဆေးဝါးတွေ အများအပြား ထွက်နေပါတယ်လို့ ရလဒ်ကိုသာကြည့်ပြီး စွပ်စွဲပြစ်တင်ဝေဖန်နေမယ့် အစား ဒီမူးယစ်ဆေးဝါးတွေ ဖြစ်လာဖို့ ကုန်ကြမ်းတွေဝင်ရောက်နေတဲ့ လမ်းကြောင်းများကို ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်အစိုးရ တစ်ခုတည်းကသာ အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ နယ်စပ်ဒေသတွေမှာ ပိတ်ဆို့ကြပ်မတ်နေရုံနဲ့ ဒီပြဿနာကိုဖြေရှင်းလို့ မရနိုင်ပါဘူး။
ဒီပြဿနာမြစ်ဖျားခံရာ ဓာတုပစ္စည်း ထုတ်လုပ်တဲ့ နိုင်ငံတွေအနေနဲ့ မိမိတို့ပို့ကုန်တွေကို လမ်းကြောင်းလွဲ၍ မရောက်ရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပူးပေါင်းထိန်းချုပ်နိုင်မှသာ ဒီမူးယစ်စက်ဝန်းကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ဓာတုပစ္စည်း (Precursors)တွေကို မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေထံ လမ်းကြောင်းလွဲ မရောက်ရှိအောင် နိုင်ငံတော်အစိုးရနဲ့ ဘယ်လိုပူးပေါင်း ထိန်းချုပ်ပေးကြမလဲဆိုတဲ့ မေးခွန်းကိုသာ ဦးစွာအဖြေရှာ သင့်ပါတယ်။
လက်ညှိုးထိုးသူတို့၏ မျက်ကွယ်ပြုမှုနှင့် အရေးယူပိတ်ဆို့မှုများ(Sanctions)၏ အကျိုးဆက်နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အနောက်အုပ်စုကနေ မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ “စီးပွားရေးပိတ်ဆို့မှု(Sanctions)” တွေက လက်တွေ့မှာမူးယစ်ဆေးဝါးပြဿနာကို ငြှိမ်းသတ်ပေးမယ့်အစား ပိုမိုတောက်လောင်စေတဲ့ လောင်စာဆီဖြစ်နေတာဟာလည်း ခါးသီးတဲ့ အမှန်တရားဖြစ်ပါတယ်။ စီးပွားရေးကျပ်တည်းမှုနဲ့ ဆင်းရဲမွဲတေမှုတို့က ရိုးသားတဲ့ တောင်သူတွေကို ဝမ်းစာအတွက် မလွှဲမရှောင်သာ ဘိန်းခင်းများဆီသို့ ဦးလှည့်စေခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အစားထိုးဖွံ့ဖြိုးရေး (Alternative Development) အကူအညီတွေကို ဖြတ်တောက်လိုက်တာကလည်း တောင်သူတွေကို အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ သားကောင်ဖြစ်စေဖို့ တွန်းပို့လိုက်သလို ဖြစ်နေပါတယ်။
ဒါကြောင့် UNODC လိုအဖွဲ့အစည်းတွေ အနေနဲ့ စာရွက်ပေါ်မှာသာ စိုးရိမ်ပူပန်ကြောင်း မှတ်တမ်းတင်ပြီး လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ တုပ်နှောင်ထားပြီးမှ “မင်းတို့ဆီမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေ တိုးလာပြီ”လို့ လက်ညှိုးထိုးစွပ်စွဲနေတာဟာ တရားမျှတမှုကင်းမဲ့ရာကျပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ အမှန်တကယ် စိတ်ပူတယ်ဆိုရင် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာနဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေကို လက်တွေ့ကျကျပံ့ပိုးပေးမှသာ ဒီမူးယစ်ဆေးပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။
အပြစ်တင်ခြင်းထက် လက်တွေ့ကျသည့် လူသားချင်းစာနာ ထောက်ထားမှုဆီသို့ နိုင်ငံတကာအသိုင်းအဝိုင်းက မူးယစ်ဆေးဝါးပြဿနာအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် နိုင်ငံတော်အစိုးရအနေနဲ့ ဘိန်းခင်းများကို အင်အားသုံးဖျက်ဆီးရုံသက်သက်မဟုတ်ဘဲ အစားထိုးဖွံ့ဖြိုးရေးနဲ့ လူသားအရင်းအမြစ် ပြန်လည်ပျိုးထောင်ခြင်းကိုပါ ၂၀၂၁-၂၀၂၆ စီမံချက်များနဲ့ အကောင်အထည်ဖော်လျက်ရှိပါတယ်။
ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တို့လို ဒေသတွေနဲ့ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှာ ဘိန်းအစားထိုးနှစ်ရှည်သီးနှံ၊ ဆိုလာစွမ်းအင်နဲ့ မွေးမြူရေး နည်းပညာများကို အစားထိုးပေးအပ်ပြီး တောင်သူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးလျက်ရှိပါတယ်။
ဒါ့အပြင် လမ်းမှားရောက်ခဲ့သူများအတွက်လည်း နိုင်ငံတစ်ဝန်းရှိ ကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနဲ့ မက်သာဒုံးဆေးခန်းပေါင်း ၁၇၀ ကျော်ဖွင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခမဲ့နီးပါးပေးအပ်နေပါတယ်။ ပြန်လည်ထူထောင်ရေးစခန်းတွေ ဖွင့်လှစ်ပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များနဲ့ လူ့အသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ဆံ့စေလျက်ရှိပါတယ်။ ဒီလုပ်ရပ်တွေက နိုင်ငံတော်ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ပြသနေခြင်းဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့ အဝေးမှဝေဖန်နေမယ့်အစား နည်းပညာနှင့် ဖွံ့ဖြိုးရေးကဏ္ဍများတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ပြီး ပိုမိုနီးကပ်စွာ လက်တွဲကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
နိုင်ငံတကာသို့ တိုက်တွန်းနှိုးဆော်ချက်
နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများအနေနဲ့မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာမှာ အပြစ်တင်ဝေဖန်နေရုံနဲ့ခရီးမရောက်နိုင်ဘဲ “အမှန်တရားကို ရှုမြင်သုံးသပ်ခြင်း” ဖြင့်သာ အဖြေရှာနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ ပေါ်ပေါက်လာတဲ့ NUG/PDF နဲ့ EAOs တို့ရဲ့ Narco-Terrorism (မူးယစ်ဆေးဝါးနဲ့ဆက်စပ်သော အကြမ်းဖက်မှု)လုပ်ရပ်များကို မျက်ကွယ်မပြုသင့်တဲ့အပြင် သူတို့ကိုထောက်ပံ့တာဟာလည်း မူးယစ်ဆေးထုတ်လုပ်မှုကို သွယ်ဝိုက်အားပေးရာ ရောက်ကြောင်း သတိပြုသင့်ပါတယ်။
ဒါ့အပြင် ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ကျပ်တည်းစေပြီး ဘိန်းစိုက်ပျိုးမှုကို တွန်းအားပေးသကဲ့သို့ဖြစ်စေတဲ့ စီးပွားရေးပိတ်ဆို့မှုများကို လျှော့ချကာ အစီရင်ခံစာများ ထုတ်ပြန်ခြင်းထက် နည်းပညာနဲ့ သတင်းအချက်အလက် ဖလှယ်ခြင်းလိုမျိုး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးသင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံများအနေနဲ့လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်းများကို မိမိတို့ဘက်မှ စတင်ထွက်ခွာကတည်းက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပေးကြပါရန် မေတ္တာရပ်ခံလိုပြီး လူသားအားလုံး၏ “ဘုံရန်သူ” ဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရနှင့်လက်တွဲ၍ ဟန်ချက်ညီညီ တိုက်ဖျက်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေသော အဓိကရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံတကာက အကူအညီပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရဲ့ မူးယစ်ဆေးဝါးမှရရှိတဲ့ ငွေကြေးနဲ့ အကြမ်းဖက်မှုများကိုပုံဖော်နေတာကို ထိရောက်စွာဟန့်တားနိုင်ဖို့၊ ကမ္ဘာ့လူသားထုကို မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအနေနဲ့ နိုင်ငံတော်အစိုးရအပေါ်မှာ နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒီကမ္ဘာ့ရန်သူဆိုးကို ပိုမိုထိရောက်မြန်ဆန်စွာ တိုက်ဖျက်နိုင်မှာဖြစ်တယ်ဆိုတာကို ကိန်းဂဏန်းများ နောက်ကွယ်က မျက်ကွယ်ပြုခံရတဲ့ အမှန်တရားအဖြစ် သတင်းစကားပါးအပ်ပါတယ်။ ။

တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်သကဲ့သို့ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့သည်လည်း တပ်မတော်၏ အဓိကအစိတ်အပိုင်းများဖြစ်သည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)ညီနောင်သုံးဖော်တို့သည် နိုင်ငံတော်ကာကွယ်ရေးတွင် ကျရာတာဝန် ထမ်းဆောင်နေကြရသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်သည့်အတွက် တပ်မတော် အင်အားရှိအောင် စွမ်းဆောင်ကြိုးပမ်းနေရသည်။ မိမိနိုင်ငံနှင့် မိမိလူမျိုးကိုချစ်မြတ်နိုးသူတိုင်းက မိမိနိုင်ငံ၏ ကာကွယ်ရေးအင်အားတောင့်တင်းခိုင်မာနေမှုကို အလွန်နှစ်သက်သဘောကျသည်။ အကောင်းမြင်စိတ်ဖြင့် အမြဲအားပေးလျက်ရှိသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ပြေးညီအင်အားတောင့်တင်းခိုင်မာနေမှသာ ပေါ်ပေါက်လာမည့်ရန်မှန်သမျှကို အောင်မြင်စွာ ချေမှုန်းနိုင်မည်ဖြစ်သည်။
နိုင်ငံတကာမျက်နှာစာလေ့လာကြည့်သည့်အခါ စစ်ရေးပဋိပက္ခမှာ အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ နိုင်ငံတိုင်းက မိမိနိုင်ငံကို အမြင့်မားဆုံးကာကွယ်နိုင်ရေးကို ကြိုးပမ်းလုပ်ဆောင်နေကြပြီဖြစ်သည်။ မိမိတစ်ဦးတည်းမတတ်နိုင်လျှင် အစုအဖွဲ့ဖွဲ့စည်းကာ မိမိနိုင်ငံကိုကာကွယ်လျက်ရှိကြသည်။ ခေတ်မီနည်းပညာများ လျင်မြန်စွာ တိုးတက်လာခြင်းနှင့်အတူ ခေတ်မီလက်နက် အသစ်အဆန်းများကလည်း ပေါများလာသည်။ မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံကို အပြည့်အဝကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်ကို အင်အားခိုင်မာတောင့်တင်းအောင် တည်ဆောက်လျက်ရှိသည်။ ထိုသို့တည်ဆောက်လျက်ရှိရာတွင် တပ်မတော်(ရေ)ဆိုလျှင် မိမိတို့အသုံးပြုနေသည့် ရေတပ်ဆိုင်ရာ သင်္ဘောများကို ကိုယ်တိုင်တီထွင်ဆောက်လုပ်ခြင်း၊ တပ်မတော်(လေ)ဆိုလျှင်လည်း မိမိတို့အသုံးပြုနေသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို ကိုယ်တိုင်ဒီဇိုင်းတီထွင်ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိနေသည်မှာ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ကောင်းလှသည့် စွမ်းဆောင်ချက်များဖြစ်သည်။
တပ်မတော်(လေ)သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု(၇၈)နှစ်သို့ရောက်ရှိ ခဲ့ပြီဖြစ်သည်။ တပ်မတော်(လေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တပ်မတော်(လေ)သည် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာခဲ့ပြီး ယခုအခါ စွမ်းရည်ထက်မြက်သောလေတပ်အဖြစ် နိုင်ငံအတွက်ခိုင်မာစွာရပ်တည်လျက်ရှိသည်။ တပ်မတော်(လေ)ကို စတင်ဖွဲ့စည်းစဉ်အချိန်က Tiger Moth နှင့် Gipsy Moth လေယာဉ်အနည်းငယ်သာရှိခဲ့သည်။
တပ်မတော်(လေ)အနေဖြင့် ၁၉၅၄ ခုနှစ် မတ်လအတွင်း ဘုရင့်နောင်စစ်ဆင်ရေး၊ ၁၉၅၅ ခုနှစ်တွင် ရန်ကြီးအောင်စစ်ဆင်ရေး၊ ၁၉၆၀ ပြည့်နှစ်တွင်မဲခေါင်စစ်ဆင်ရေးစသည်ဖြင့် လေကြောင်းမှစစ်ဆင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မဲခေါင်စစ်ဆင်ရေးတွင် ရန်သူ၏ရိက္ခာပို့လေယာဉ်အင်ဂျင်လေးလုံးတပ်လေယာဉ်ကြီးနှင့် မြန်မာ့တပ်မတော်(လေ)၏ Seafury တိုက်လေယာဉ်သုံးစင်းတို့ ဝေဟင်၌တိုက်ပွဲဖြစ်ပွားကြသည်။ ဤဝေဟင်တွင် ဖြစ်ပွားခဲ့သော ဤတိုက်ပွဲသည် ကမ္ဘာပေါ်တွင် ပထမဆုံးတိုက်ပွဲဟုဆိုကြသည်။ အဆိုပါတိုက်ပွဲတွင် ရန်သူ၏လေယာဉ်သည် မီးလောင်ပျက်စီးကျဆုံးသွားခဲ့သည်။
တပ်မတော်(လေ)မှ ဗိုလ်ပီတာ၏ လေယာဉ် ပျက်ကျပြီး လေသူရဲပါကျဆုံးခဲ့ရသည်။ မြန်မာ့တပ်မတော်၊ တပ်မတော်(လေ)၏ အောင်ပွဲအဖြစ် မမေ့နိုင်သောတိုက်ပွဲများဖြစ်ခဲ့သည်။ ကူမင်တန်ကျူးကျော်စစ်မှာလည်း မဲခေါင်စစ်ဆင်ရေးတွင် အဆုံးသတ်ပြီး ကျူးကျော်သူများကိုမြန်မာ့မြေပေါ်မှ အပြီးအပိုင်မောင်းထုတ်နိုင်ခဲ့သည်။
ယနေ့မျက်မှောက်ကာလစစ်ပွဲများတွင် လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာ အရေးပါလှသည်။ စစ်ပွဲတစ်ပွဲ၏ အနိုင်အရှုံးက အဆုံးအဖြတ်ပေးနိုင်သည့် အနေအထားဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာကျစ်လျစ်နေအောင် ဆောင်ရွက်ရာတွင် တပ်မတော်(လေ)ကိုလည်း စွမ်းရည်စွမ်းအား မြင့်မားသောတပ်မတော်(လေ)အဖြစ် တည်ဆောက်နေခြင်းဖြစ်သည်။
တပ်မတော်(လေ)တွင် အဓိကသင်ကြားပို့ချပေးလျက်ရှိသည့် လေယာဉ်မောင်းသင်ကျောင်း၊ လေကြောင်းစစ်ဆင်ရေး သင်တန်းကျောင်း၊ စက်မှုလက်မှု အတတ်သင်ကျောင်း၊ အီလက်ထရွန်နစ်အတတ်သင်ကျောင်းနှင့် အုပ်ချုပ်ရေး အတတ်သင်ကျောင်းစသည့် သင်တန်းကျောင်းကြီးများမှ အရည်အချင်း၊ အရည်အသွေးထက်မြက်သည့် အရာရှိ/စစ်သည်များကို မွေးထုတ်ပေးလျက်ရှိသည်။ ခေတ်မီပြောင်းလဲတိုးတက်နေသည့် နည်းပညာများနှင့်အတူ လိုက်လျောညီထွေဖြစ်မည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများအား “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်သည် တပ်မတော်(လေ)၏ (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားစဉ် “တပ်မတော်(လေ) ကိုလည်း ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်ကာ ခေတ်မီပြီးစွမ်းရည်ထက်မြက် အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့် တည်ဆောက် ပေးလျက်ရှိကြောင်း၊ စတင်ဖွဲ့စည်းတည်ထောင်ချိန်က အခြေစိုက်စခန်း ၁ ခုနှင့် ပျံသန်းရေးအုပ် အနည်းငယ်သာရှိခဲ့ရာမှ ယခုဆိုပါက မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကြက်ချထားနိုင်ပြီဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင်လည်း သောင်းကျန်းမှုနှိမ်နင်းရေး လေတပ်အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိဆင်နွှဲနေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်မှုများတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှုများ ထိထိရောက်ရောက်ဆောင်ရွက်ကာ အထောက်အကူပြုနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ အကြမ်းဖက်များပပျောက်ရေးကို ဆောင်ရွက်နေခြင်းမှာ လွန်စွာမှန်ကန်သည့် ဆောင်ရွက်ချက်ဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်မှုမှန်သမျှ ကင်းစင်နေရမည်ဖြစ်သည်။ လူတိုင်းသည် မိမိတို့အသက်ရှင်သန်နိုင်ရေးအတွက် တည်ငြိမ်အေးချမ်း၍ စိတ်ချလုံခြုံစွာနေထိုင်ရခြင်းကို နှစ်ခြိုက်ကြသည်။ တပ်မတော်၏ဆောင်ရွက်ချက်များမှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် တပ်မတော်အင်အား တောင့်တင်းခိုင်မာစွာရှိနေမှုကို သဘောကျပေရာ တပ်မတော်(လေ)အနေဖြင့် ထိရောက်အစွမ်းထက်မြက်သည့် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်အသုံးချနိုင်ရေးလေတပ်၏တိုက်စွမ်းအားနှင့် တိုက်စွမ်းရည်နှစ်မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက် ထားရမည်ဖြစ်သည်။ တိုက်စွမ်းအားတိုးတက် ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်/ရဟတ်ယာဉ်နှင့် စစ်ဆင်ရေး အထောက်အကူပြုစနစ်များကို အခါအားလျော်စွာ ကြိုးပမ်းဖြည့်တင်းနေခြင်းဖြစ်သည်။
တပ်မတော်(လေ)တွင် ပျံသန်းရေး၊ အုပ်ချုပ်ရေးနှင့် စက်မှုလက်မှုကဏ္ဍကြီးသုံးရပ်လုံးရှိ စစ်မှုထမ်းအားလုံး တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်ကြမှသာ တပ်မတော်(လေ)အနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝကောင်းမွန်ပြီး “တောင်ပံဖြန့်ချီ အောင်ပွဲဆီသို့” ဟူသည့်အတိုင်း အောင်မြင်မှုများရရှိမည်ဖြစ်သည်။
တပ်မတော်(လေ)စတင်တည်ထောင်ခဲ့ချိန်ကစပြီး ယနေ့အထိရရှိခဲ့သည့် အောင်မြင်တိုးတက်မှုများနှင့် ရလဒ်ကောင်းများသည် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ/စစ်သည်အားလုံး၏ ရဲစွမ်း သတ္တိပြည့်ဝမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ တာဝန်ကျေပွန်မှုများကြောင့် ဖြစ်သည်။
လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် စစ်မှုထမ်းများအနေဖြင့် ၎င်းတို့ကို အတုယူ စံနမူနာထားပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရမည့်အပြင် နောင်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွေများချန်ထားပေးနိုင်ရေး၊ တပ်မတော်(လေ)၏ စွမ်းဆောင်ရည်အစဉ်တိုးတက်မြင့်မားနေရေး ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းခြင်းမှာ စဉ်ဆက်မပြတ်လုပ်ဆောင်နေရမည့် သမိုင်းပေးတာဝန်တစ်ခုလည်းဖြစ်သည်။
တပ်မတော်(လေ)သည် နှစ်ပေါင်း(၇၈)နှစ်အတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ဒေသများရှိပြည်သူများထံ လိုအပ်သည့် ပစ္စည်းများကို လျင်မြန်စွာပေးပို့နိုင်ခြင်းမှာလည်း ပြည်သူများအတွက် အထူးဝမ်းသာဖွယ်ဖြစ်သည်။ ထို့အတူစစ်ဆင်ရေးများ ဆင်နွှဲရာတွင် တပ်မတော်(လေ) စွမ်းဆောင်မှုများက ရန်သူတို့ကိုအထိနာစေခဲ့သည်။ ထို့ကြောင့်တပ်မတော်(လေ)အနေဖြင့် နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံတော်ကအားထားရသော တပ်မတော်(လေ)အဖြစ် ရပ်တည်နိုင်ပါစေကြောင်းနှင့် လေကြောင်းနှင့် အာကာသစွမ်းအားဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် အရာရာကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်။ ။

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ ဂုဏ်ပြုဆောင်းပါး
ရှေးခေတ်မြန်မာ့သမိုင်းတွင် အမျိုးသမီး သူရဲကောင်းများကို မတွေ့ရသော်လည်း ရှင်စောပု၊ လှိုင်ထိပ်ခေါင်တင်တို့လို ထက်မြက်သည့် မြန်မာအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ ထို့အတူ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် မျိုးချစ်မြန်မာ အမျိုးသမီးများသည် သခင်မများအဖြစ် ယောကျ်ားများနှင့်ရင်ပေါင်တန်းလျက် ပါဝင်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပြီးနောက် ၂၀ ရာစု ခေတ်ဦးပိုင်းကာလတွင် ဘာသာရေး၊ လူမှုရေး စသည့် အသင်းအဖွဲ့များ စတင်ပေါ်ပေါက်လာပြီးနောက် တစ်စတစ်စဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် နိုင်ငံရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် မြန်မာအမျိုးသမီး ကုမ္မာရီအသင်း စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာတစ်ပြည်လုံးပျံ့နှံ့ခဲ့သည်။ ထို့ကြောင့် နယ်ချဲ့တို့က မြန်မာအမျိုးသမီးတို့သည် အမျိုး၊ ဘာသာ၊ သာသနာချစ်မြတ်နိုးမှုနှင့်အတူ ဇာတိသွေး ဇာတိမာန်တက်ကြွသူများ ဖြစ်ကြောင်း ထိုစဉ်ကတည်းက အသိအမှတ်ပြုခဲ့ကြသည်။
ထို့နောက် လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် မြန်မာအမျိုးသမီးတို့သည်လည်း ကျရာအခန်းကဏ္ဍတွင် တက်တက်ကြွကြွ ပါဝင်လာခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သည့်ကာလတွင် မြန်မာအမျိုးသမီးအချို့ တပ်မတော်သို့ ဝင်ရောက်ထမ်းဆောင်ခဲ့ကြသည်။
၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အမျိုးသမီးစစ်ဝန်ထမ်းတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ဖူးသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် အဆင့်အမျိုးမျိုးဖြင့် ကျရာတာဝန်များကို ထမ်းဆောင်နိုင်ခဲ့သည်သာမက ပြည်ပသင်တန်းများတွင်လည်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်သည် ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရသည်။ သူရမချစ်ပိုသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံးသော မြန်မာအမျိုးသမီးသူရဲကောင်းအဖြစ် အထင်အရှားဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း မြန်မာအမျိုးသမီးသူရဲကောင်းများစွာ ပေါ်ထွန်းလျက်ရှိခဲ့သည်။
ယနေ့ကမ္ဘာကြီးသည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျား/မ မရွေး တန်းတူရင်ပေါင်တန်းလျက် ရှိကြသလို နယ်ပယ်အသီးသီးတွင် အမျိုးသမီးတို့ ကျယ်ပြန့်စွာပါဝင်လာခဲ့ကြသည်။ နိုင်ငံအသီးသီးတို့သည် မိမိတို့နိုင်ငံတော်ကြီးကို စွမ်းအားပြည့်ကာကွယ်စောင့်ရှောက်ရန်အတွက် ကြိုးပမ်းလျက်ရှိရာ ကာကွယ်ရေးကဏ္ဍတွင် အမျိုးသမီးများကိုပါ စစ်မှုထမ်းဆောင်ခွင့်ပြုခဲ့ကြသည်။ ယခင်က အမျိုးသမီးများကိုစစ်မှုထမ်းဆောင်ခွင့်ပြုခဲ့သော်လည်း နောက်တန်းဌာနချုပ်များတွင် ရုံးလုပ်ငန်းတာဝန်များနှင့် ဆက်သွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်ခွင့်ပြုသော်လည်း ယနေ့အခါတွင် ရှေ့တန်းဌာနချုပ်များသို့ လိုက်ပါခွင့်ပြုပြီး အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြကြောင်း လေ့လာတွေ့ရှိရသည်။
ယနေ့ မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော စစ်မှုထမ်းအမျိုးသမီး အရာရှိများသည်လည်း တာဝန်ကျရာဌာန အသီးသီးတွင် အုပ်ချုပ်မှုတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် ခက်ခဲပင်ပန်းသော အကြမ်းဖက်နှိမ်နင်းရေး သင်တန်းများတက်ရောက်ကြပြီး နိုင်ငံတော်ကာကွယ်ရေးအပြင် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးတာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိကြသည်။
အားနွဲ့သည့်မိန်းမသားဟုဆိုကြသော်လည်း မြန်မာ့တပ်မတော်စစ်မှုထမ်း အမျိုးသမီးများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ)အသီးသီးတွင် စစ်မှုထမ်းအမျိုးသားများနှင့် ရင်ပေါင်တန်းလျက် တာဝန်ထမ်းဆောင်နေကြောင်း တွေ့မြင်ရမည်သာဖြစ်သည်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နှစ်စဉ် ဘွဲ့ရအမျိုးသမီးပြန်တမ်းဝင်အရာရှိများကို မွေးထုတ်ပေးလျက်ရှိသည်။ ထိုသို့မွေးထုတ်ပေးရာတွင် “မီးနာမှ သံကောင်းမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ စစ်အတတ်ပညာများကို ပြင်းထန်စွာလေ့ကျင့် သင်ကြားပေးသည့်အပြင် စနစ်ကျသည့် ရုံးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှု အတတ်ပညာများကိုလည်း သင်ယူကြရသည်။ တပ်မတော်တွင် အုပ်ချုပ်မှုဆိုင်ရာ ရုံးလုပ်ငန်းနှင့်ပတ်သက်၍ စာရေးသူ၏ ဆရာတစ်ဦးက “တို့ရုံးလုပ်ငန်းဆိုတာ အင်မတန်အရေးကြီးတယ်၊ စစ်မြေပြင်မှာရှိတဲ့ စစ်သည်တစ်ယောက်ရဲ့ သေနတ်ပြောင်းဝကနေ ကျည်တစ်တောင့်ထွက်ဖို့အတွက် ဦး၊ ရေး၊ ထောက်ဆိုတဲ့ ပင်နယန်ကြီးသုံးခုက လည်ပတ်နေရတယ်”ဆိုခဲ့ဖူးပါသည်။
စင်စစ် နှစ်ဖက်တိုက်ပွဲမစမီကပင် အုပ်ချုပ်မှုလုပ်ငန်းများ၏ အားပြိုင်မှုသည် တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးပြီးဖြစ်သည်။
မည်သည့်အဖွဲ့အစည်းတွင်မဆို အုပ်ချုပ်မှုယန္တရား ကောင်းမွန်မှသာလျှင် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်မည်သာဖြစ်သည်။ ယနေ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များအား ထမ်းဆောင်နေသည့် တပ်မတော်တွင်လည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဟူသည့် ပင်နယန်ကြီးသုံးခုရှိသည်။ ထိုပင်နယန်ကြီးသုံးခုသည် အစဉ်သဖြင့်ချိတ်ဆက်နေပြီး ဟန်ချက်ညီလည်ပတ်နေသည်။ တစ်ခု ယိမ်းယိုင်ချို့ယွင်းရပ်တန့်သွားလျှင် အခြားပင်နယန်နှစ်ခုသည်လည်း ရပ်တန့်သွားမည်သာဖြစ်သည်။ စင်စစ် ထိုပင်နယန်ကြီးသုံးခုသည်ကား တိုက်ပွဲအောင်နိုင်ခြင်း၏ အခြေခံအုတ်မြစ်ပင်တည်း။ တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဟူသော ပင်နယန်ကြီးများသည် ရေသောက်မြစ်ဖြစ်၍ အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုသည် ပင်စည်ဖြစ်ပြီး အရပ်မျက်နှာအသီးသီးသို့ လန်းဆန်းဖြာထွက်နေသော အကိုင်းအခက်တို့သည်ကား အောင်မြင်မှု၏ပြယုဂ်ပင်ဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်သည်ကား စွမ်းရည်သုံးရပ် ပြည့်ဝရမည်သာဖြစ်သည်။ ထိုစွမ်းရည်သုံးရပ်မှာ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်တို့ပင်ဖြစ်သည်။ အုပ်ချုပ်မှုစွမ်းရည်ထက်မြက်မှသာလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်သည်လည်း ထက်မြက်မည်သာဖြစ်သည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ထို့အတူပင် အစိုးရအုပ်ချုပ်မှုယန္တရားကောင်းမွန်မှသာ တည်ငြိမ်အေးချမ်းမှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်သာဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မည့်အခြေအနေရောက်တိုင်း တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲမရှောင်သာ ထမ်းဆောင်ခဲ့ရသည်။ ထိုသို့ထမ်းဆောင်သည့်အခါတိုင်း အုပ်ချုပ်မှုယန္တရားများကို ပြန်လည်တည်ဆောက်ပြီး ချောမွေ့စွာ ရှေ့ဆက်သွားနိုင်ခဲ့သည်သာဖြစ်သည်။ ထိုသို့ နိုင်ငံတော်၏ရည်မှန်းချက်အတိုင်း ရှေ့ဆက်သွားမည့်လမ်းစဉ်၊ မူဝါဒများကိုချမှတ်လျက် ချောမွေ့စွာဖြတ်သန်းနိုင်ခဲ့ခြင်းသည် တပ်မတော်၏စွမ်းရည်သုံးရပ်ပြည့်ဝနေခြင်းကြောင့်သာလျှင်ဖြစ်သည်။ ယနေ့ နိုင်ငံတော်သည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် လျှောက်လှမ်းနိုင်ခြင်းသည် တပ်မတော်၏ အုပ်ချုပ်မှုစွမ်းရည် ထက်မြက်နေမှု၏ ထင်ရှားသောပြယုဂ်ပင်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအချို့သည် ဒီမိုကရေစီလမ်းပေါ်တွင် လျှောက်လှမ်းရင်း သွေဖည်သွားသည်များလည်း ယနေ့တိုင်ရှိသည်။ ဒီမိုကရေစီလမ်းပေါ်သို့ ရောက်သည့်အခါ ရောက်လိုက်၊ ချော်သွားလိုက်ဖြင့် ယနေ့တိုင် တည်ငြိမ်စွာ မလျှောက်လှမ်းနိုင်သေးသော နိုင်ငံများစွာကိုလည်း လေ့လာတွေ့မြင်နိုင်ပေသည်။ ယနေ့ ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ကား ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီလမ်းပေါ်တွင် စတင်လျှောက်လှမ်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်လာခဲ့သော်လည်းတပ်မတော်ဦးဆောင်သည့် နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီလမ်းပေါ်မှ မသွေဖည်စေဘဲ ဆက်လက်လျှောက်လှမ်းလျက်ရှိသည်မှာ အုပ်ချုပ်မှုယန္တရား ကျွမ်းကျင်ပိုင်နိုင်ခြင်းကို ညွှန်းဆိုလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင် လူသားအရင်းအမြစ်ပြည့်ဝစွာ အသုံးချနိုင်ရေးမှာ အဓိကဖြစ်သည်။ လူသားအရင်းအမြစ်ဆိုရာတွင် ယောကျ်ား၊ မိန်းမ ခွဲခြားခြင်းမပြုဘဲ တန်းတူရည်တူရှိမှုလိုအပ်သည်။ မိန်းမသားများကို အားနွဲ့သူဟုသတ်မှတ်၍ တန်းတူအခွင့်အရေး မပေးလျှင် ကုံလုံပြည့်ဝသည့် လူသားအရင်းအမြစ်ရမည်မဟုတ်။ ဤသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍတွင်လည်း မိန်းမသားတို့လိုက်ပါလုပ်ဆောင်နိုင်သော တာဝန်များကိုပါ အံဝင်ခွင်ကျလုပ်ဆောင်ခွင့်ပေးရမည်သာဖြစ်သည်။
ယနေ့တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စိတ်ပါဝင်စားသည့် မိဘပြည်သူတို့၏ ရင်နှစ်သည်းချာ ခေတ်ပညာတတ် ဘွဲ့ရမျိုးချစ်သမီးပျိုလေးများကိုစုစည်းကာ နှစ်စဉ် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ ပြန်တမ်းဝင်အရာရှိများအဖြစ် မွေးထုတ်ပေးလျက်ရှိပါသည်။ ထိုဘွဲ့ရအမျိုးသမီးပြန်တမ်းဝင် အရာရှိများသည် ယနေ့တပ်မတော်၏ ရည်မှန်းချက်ဖြစ်သည့် “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်’’တည်ဆောက်ရာတွင် အားနွဲ့သည့်မိန်းမသားအသွင်မဟုတ်ဘဲ အားမာန်အပြည့်ဖြင့် တပ်မတော်၏ပင်နယန်ကြီးသုံးခုအား ကောင်းစွာထိန်းကျောင်း မောင်းနှင်လျက်ရှိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။

(စစ်တက္ကသိုလ်အမှတ်စဉ်(၆၇)ကျောင်းဆင်းပွဲဂုဏ်ပြုဆောင်းပါး)
စာရေးသူတို့ ရောက်ရှိနေချိန်တွင် ပြင်ဦးလွင်မြို့၏ ဒီဇင်ဘာလ ညအပူချိန်က သိသိသာသာ လျော့ကျလျက်ရှိသည်။
အမှောင်ထုကင်းစင်သွားသော နံနက်ခင်းခြောက်နာရီခန့်အချိန်ထိ ဆောင်းလရာသီ၏အမှတ်အသား ငွေနှင်းပွင့်များက တဖွဲဖွဲကြွေဆင်းနေဆဲပင်။ သူရိန်နေမင်း၏ အလင်းရောင်က နှင်းသားထုများအကြား တဖြည်းဖြည်း တိုးဝင်လာချိန်တွင် ဝန်းကျင်တစ်ဝိုက် နေကြာရိုင်းပွင့်များပေါ်တွင် တွဲခိုနေကြသော နှင်းရည်နှင်းခဲတို့ကို ကဗျာဆန်ဆန်တွေ့မြင်လာရ၏။
ညီညာပြန့်ပြူးသော စစ်တက္ကသိုလ် စစ်ရေးပြကွင်းကြီး၏ မြက်ခင်းပြင်ပေါ်၌လည်း စိန်ပွင့်စိန်ခဲများသဖွယ်သော နှင်းရည်နှင်းခဲတို့ဖြင့် တန်ဆာဆင်ထားလျက်ရှိသည်။ စစ်ရေးပြကွင်းကြီးနှင့် ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပရာ အဆောက်အအုံ၏ ဝင်ထွက်လမ်းများတွင် အနားသတ်သဖွယ် စိုက်ပျိုးထားသည့် အမျိုးအစားစုံလင်လှသော ပန်းရောင်စုံအမျိုးမျိုးတို့ နိုးထလာသည်ကိုလည်း တွေ့မြင်လိုက်ရ၏။ ရောင်စုံလှပနေသည့် ပန်းရောင်စုံတို့ကို နံနက်ခင်းနေခြည်နုနွေးနွေးက ချော့မြှူသန့်စင်ပေးနေချိန်တွင် ရောင်စုံပန်းအလှများပေါ်၌ ဟိုဟိုဒီဒီ ဝဲပျံဝတ်မှုန်ချူနေသည့် အရွယ်စုံပျားပိတုန်းတို့ကိုလည်း ကြည်နူးဖွယ်ရာ တွေ့မြင်နေရပေသည်။
ထိုအချိန်၌ စာရေးသူအပါအဝင် သတင်းနှင့် ရုပ်သံမှတ်တမ်း တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မည့် အဖွဲ့တော်သားအားလုံးတို့ အသင့်နေရာယူပြီးဖြစ်သလို ကျောင်းဆင်းစစ်ရေးပြပွဲကို ချီးမြှင့်ဂုဏ်ပြုကြမည့် ဧည့်သည်တော်ကြီးများနှင့် ကျောင်းဆင်းဗိုလ်လောင်းများ၏ မိသားစုဝင်များလည်း တဖွဲဖွဲရောက်ရှိ နေရာယူကြသည်။
မကြာမီအချိန်၌ အရှေ့ဘက်တောင်တန်းပေါ်ရှိ သစ်ပင်များကြားက နေခြည်နုနုထွက်အန်လာသလို စစ်ချီဘင်သံတအုန်းအုန်းဖြင့် စစ်ချီသီချင်းကို မာန်ပါပါဟစ်ကြွေး ချီတက်လာသည့် ကျောင်းဆင်းစစ်ရေးပြတပ်ခွဲများ၏ စစ်ချီသီချင်းသံကိုကြားလိုက်ရ၏။ မကြာမီပင် အလံတော်အဖွဲ့ ဦးဆောင်လျက် ကျောင်းဆင်းစစ်ရေးပြကွင်းကြီး အတွင်းသို့ စတင်ဝင်ရောက်လာကြ၏။ အလံတော်အဖွဲ့နောက်တွင် ညီတော်နောက်ရန်တပ်ခွဲများခြံရံလျက် ချီတက်လာနေသည့် ကျောင်းဆင်းတပ်ခွဲကို လှမ်းတွေ့နေရ၏။ မာန်ပါလှသော စစ်ချီသီချင်းသံနှင့် တစ်ထပ်တည်းကျလျက်ရှိသော ညီညာသေသပ်လှသည့် လှုပ်ရှားမှုများကို တွေ့မြင်ကြရသည်။
ကျောင်းဆင်းစစ်ရေးပြ တပ်ခွဲများသီဆို ဟစ်ကြွေးလာသည့် “အောင်စစ်သည်”စစ်ချီတေးသီချင်းမှာ စစ်တက္ကသိုလ်ဗိုလ်လောင်းကျောင်းဆင်းအမှတ်စဉ်(၁)ကတည်းက သီဆိုခဲ့သည့် စစ်တက္ကသိုလ်၏ သမိုင်းဝင် စစ်ချီသီချင်းဖြစ်ကြောင်းလည်း သိရသည်။
ကျောင်းဆင်းစစ်ရေးပြအခမ်းအနား အစီအစဉ်များမှာ ကျောင်းဆင်းစစ်ရေးပြ တပ်ရင်းများနေရာယူခြင်း၊ အလံတော်အဖွဲ့နေရာယူခြင်း၊ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရောက်ရှိလာခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ရင်းများက အလေးပြုခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလံတော်အဖွဲ့၊ ကျောင်းဆင်းတပ်ရင်းနှင့် နောက်ရန်တပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုခြင်း၊ ကျောင်းဆင်းတပ်ရင်းနှင့် နောက်ရန်တပ်ရင်းများက မိန့်ခွန်းနာခံရန် ရှေ့သို့အမြန်လျှောက်နေရာယူခြင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထူးချွန်ဗိုလ်လောင်းများကို ဆုများအသီးသီးချီးမြှင့်ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားခြင်း၊ ကျောင်းဆင်းတပ်ရင်းများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဒုတိယအကြိမ် အလေးပြုပြီး စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာခွင့်တောင်းခံခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လုပ်ခွင့်ပြု၍ ထွက်ခွာသွားပြီးချိန်တွင် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများ စစ်ရေးပြကွင်းအတွင်းမှ ညီတော်ရောင်းရင်းများကို နှုတ်ဆက်သည့်အနေဖြင့် စစ်တက္ကသိုလ် စစ်ချီသီချင်းကို သီဆိုဟစ်ကြွေးလျက် ထွက်ခွာခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထိုသီချင်းမှာ ဗိုလ်လောင်းများ အမြဲတစေသီဆိုခဲ့ကြရသော သီချင်းဖြစ် ပြီး ယင်းသီချင်းကို ကျောင်းဆင်းတပ်ရင်းအနေဖြင့် ဗိုလ်လောင်းဘဝ၌ နောက်ဆုံးအကြိမ် သီဆိုကြခြင်းဖြစ်၍ ဝမ်းနည်းလွမ်းဆွတ်ဖွယ်ရာ ကောင်းလှပေသည်။ ယင်းအချိန်တွင် ကွင်းအတွင်း၌ ကျန်ရစ်နေခဲ့သည့် နောက်ချန် ညီတော်တပ်ရင်းများကလည်း နောင်တော်များကို အလေးပြုနှုတ်ဆက်နေကြသည်ကို တွေ့မြင်နေရခြင်းမှာ ကျောင်းဆင်းပွဲတက်ရောက်လာသူအားလုံးကို ဝမ်းနည်းဝမ်းသာ ခံစားချက်များ ကူးစက်ခံစားရစေခဲ့သည်။
မကြာမီပင် ကွင်းအတွင်း ကျန်ရစ်ခဲ့သော နောက်ရန်တပ်ခွဲများက “နောင်တော်စစ်သည်များတို့ တိုင်းပြည်အတွက် အလုပ်လုပ်နှင့်ကြ၊ နောင်တော်စစ်သည်များတို့ တိုင်းပြည်အတွက် တိုက်ခိုက်နှင့်ကြ၊ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြ”ဟူသည့် အမှာစကားများပါရှိသည့် “နောင်တော်စစ်သည်”အမည်ရသော စစ်ချီတေးသီချင်းကို မြိုင်ဆိုင်စွာသီဆိုကြလျက် စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာသွားခြင်းဖြင့် ကျောင်းဆင်းစစ်ရေးပြပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့၏။ စစ်တက္ကသိုလ်အမှတ်စဉ်(၆၇)၏ ကျောင်းဆင်းပွဲမြင်ကွင်းပုံရိပ်မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ မှတ်တမ်းတင်စာပေရေးသားရန် အချက်အလက်များ ရယူမှတ်သားနေခဲ့သည့် စာရေးသူ၏ စိတ်အစဉ်၌မူ စစ်တက္ကသိုလ် ကျောင်းတော်ကြီးက မွေးထုတ်ပေးလိုက်သော နောင်တစ်ခေတ်၏ အောင်စစ်သည်များ၏ သမိုင်းအစဉ် အလာကြီးမားလှသည့်ပုံရိပ်များက အစီအစဉ်တကျ ပေါ်လွင်လာပေသည်။
အမိနိုင်ငံတော်ကာကွယ်ရေး အတွက် အခရာကျလှသော အနာဂတ်၏ စစ်ခေါင်းဆောင်များ မွေးထုတ်ပေးရာ စစ်တက္ကသိုလ်ကို ၁၉၅၄ ခုနှစ် သြဂုတ်လ ၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် ဝါခေါင်လဆန်း ၂ ရက်၌ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ဗထူးမြို့၌စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ဇူလိုင်လ ၁ ရက်တွင် ပြင်ဦးလွင်မြို့သို့ပြောင်းရွှေ့ခဲ့ကြောင်း တွေ့ရှိရသည်။
စစ်တက္ကသိုလ်ကို “ကာကွယ်ရေးစစ်တက္ကသိုလ်”ဟု ခေါ်ဆိုသုံးစွဲခဲ့ရာက ၁၉၅၆ ခုနှစ် သြဂုတ်လ ၂၇ ရက်ကစတင်ပြီး “စစ်တက္ကသိုလ်” အင်္ဂလိပ်လို Defence Services Academy ဟု ခေါ်ဝေါ်သုံးစွဲခဲ့ သည်။ စစ်တက္ကသိုလ်အား လေ့ကျင့်ရေးဌာန၊ စာပေဌာနနှင့် အုပ်ချုပ်မှုဌာနဟူသည့် ဌာနကြီးသုံးခုဖြင့် ဖွဲ့စည်းထားရှိသည်။ လေ့ကျင့်ရေးဌာနက စစ်အတတ်ပညာများကို သင်ကြားပေးပြီး စာပေဌာနက တက္ကသိုလ်အဆင့် စာပေပညာရပ်များကို သင်ကြားပေးသည်။ အုပ်ချုပ်ရေးဌာနကမူ အုပ်ချုပ်မှုကိစ္စများကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
စစ်တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းမှာ သတ်မှတ်ထားသည့် “တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူ၍ဖြစ်သည်။ စစ်တက္ကသိုလ်သည် ဗိုလ်လောင်းများကို စစ်ပညာ၊ တက္ကသိုလ်ပညာ၊ စည်းကမ်း၊ အကျင့်စာရိတ္တ၊ ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်ရေးရာတို့ကို သင်ကြားပေးလျက်ရှိ၏။ စစ်တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သည့် သားကောင်းရတနာများသည ်တပ်မတော်တွင်သာမက နေရာဒေသအသီးသီးတွင်လည်း ရာထူးဌာနန္တရ အမျိုးမျိုးဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြပြီး သီဟသူရဘွဲ့၊ သူရဘွဲ့၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် အစရှိသည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များအပြင် နိုင်ငံတော်ကချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများနှင့် စွမ်းရည်ဘွဲ့ရရှိသူ အများအပြားလည်း ပေါ်ထွန်းခဲ့သည်။
တပ်မတော်စစ်တက္ကသိုလ် အမှတ်စဉ်(၆၇)ကျောင်းဆင်းပွဲ၏ ထက်သန်ပြင်းပြသော သူရဲကောင်းစိတ်ထားပုံရိပ်တို့က စာရေးသူ၏ နှလုံးအိမ်ကိုစိုးမိုးနေခဲ့ပြီဖြစ်သည်။ “စစ်သည်တော်” သီချင်းနှင့် “နောင်တော်စစ်သည်” သီချင်းတို့၏ သီချင်းသံစဉ်နှင့် စာသားတို့၏ စွမ်းရည်ပြောင်မြောက်မှုကြောင့်ပင် မြန်မာ့စစ်ကျမ်းပြု သူရဲကောင်းစာဆိုကျော် လက်ဝဲသုန္ဒရ၏ “နန္ဒီသေနပျို့” ပိုဒ်ရေ ၇၃ ပါ-
“ချည်းနှီးသက်သက်၊ သေသောထက်ကား
ဆက်လက်တညီ၊ တစီတလျဉ် သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်
တစစ်တမက်၊ ကိုယ်နှင့်သက်ကို
နှင်းဆက်တိုက်မည်၊ အားသန်ရည်၍
ဦးလည်မသုန်၊ ထမ်းပါကုန်လော့”
ဟူသည့် အမိနိုင်ငံတော်ကာကွယ်ရေး အတွက်ဆိုပါက အသက်သေဆုံးရသည်ကိုပင် အမှုမထားဘဲ သားစဉ်မြေးမြစ် ဂုဏ်ယူတတ်သော မြန်မာတို့၏ ပင်ကိုဗီဇအာဇာနည်စိတ်ဓာတ်ကို ပြတ်သားထင်ရှားစွာ ထိတွေ့ခံစားခဲ့ရပေသည်။
နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာဆောင်းလ၏ ရွှေနေကြာရိုင်းတို့နှင့်အပြိုင် ဖူးပွင့်အရွယ်ရောက်နေသည့် အောင်စစ်သည်တို့ကို မွေးထုတ်ပေးနေသော အမိစစ်တက္ကသိုလ် ကျောင်းတော်ကြီး၏ သမိုင်းအစဉ်အလာကောင်း ဂုဏ်သတင်းများက ပြီးဆုံးရပ်တန့်သွားမည် မဟုတ်ချေ။ ထို့ကြောင့်ပင် ဤမြေကမ္ဘာတွင် မြန်မာပြည်ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်တံ့နေသမျှ ကာလပတ်လုံး “သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်” အမိစစ်တက္ကသိုလ် ကျောင်းတော်ကြီး၏ အစဉ်အလာဂုဏ်သတင်း ထာဝရ ထုံသင်းကြိုင်လှိုင်ပါစေကြောင်း ဂုဏ်ပြုရေးသား အပ်ပါသည်။ ။