ယနေ့ခေတ်ကာလမှာ နည်းပညာတွေ အရှိန်အဟုန်နဲ့တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ နေ့စဉ်လူမှုစီးပွားဘဝတွေအပြင် ကမ္ဘာကြီးတစ်ခုလုံးရဲ့ လည်ပတ်မှုစနစ်တွေအထိ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်ကွန်ရက်တွေအပေါ်မှာ အပြည့်အဝမှီခိုနေရတဲ့အခြေအနေကို ရောက်ရှိလာနေပါတယ်။ နည်းပညာရဲ့ တိုးတက်မှုကနေ လျင်မြန်မှု၊ အဆင်ပြေလွယ်ကူမှုစတဲ့ အကျိုးကျေးဇူးကောင်းတွေ အများကြီးရရှိလာပေမယ့်လည်း တစ်ဖက်မှာတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ၊ အန္တရာယ်တွေကလည်း ဒွန်တွဲပြီးပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအန္တရာယ်တွေထဲမှာမှ အဆိုးရွားဆုံးနဲ့ အများဆုံးကြုံတွေ့နေရတာကတော့ အွန်လိုင်းကနေ တစ်ဆင့် လိမ်လည်လှည့်ဖြားတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ(Cyber Scams)ပဲ ဖြစ်ပါတယ်။
အခုဆိုရင် ဒီလိုအွန်လိုင်းလိမ်လည်မှုတွေဟာ သာမန်ပြဿနာအဆင့်ကနေ ကျော်လွန်သွားပြီး ကမ္ဘာတစ်ဝန်းလုံးမှာ အမြန်ဆုံးကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုလိုမျိုး အလွန်ဆိုးရွားစွာ ဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်။ ဒီဆိုက်ဘာရာဇဝတ်ကောင်တွေဟာ ပြည်သူလူထုရဲ့ နိစ္စဓူဝပင်ပန်းဆင်းရဲစွာ ရှာဖွေစုဆောင်းထားရတဲ့ ချွေးနှဲစာငွေကြေးတွေကို မသမာတဲ့နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်ယူငင်နေကြရုံသာမကဘဲ ပြည်သူတွေရဲ့ အေးချမ်းတဲ့ လူမှုစီးပွားဘဝတွေနဲ့ အသက်အန္တရာယ်ကိုပါ ပြိုလဲသွားအောင် ကြီးမားစွာခြိမ်းခြောက်ဖျက်ဆီးလာနေပြီဖြစ်ပါတယ်။
ဒီလိုမျိုးပြည်သူတွေအနေနဲ့ အွန်လိုင်းပေါ်မှာငွေလိမ်ခံရပြီး နစ်နာဆုံးရှုံးနေရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုမှလျစ်လျူရှုပြီး လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူတွေထပ်မံမနစ်နာရအောင်နဲ့ အွန်လိုင်းပေါ်မှာ လုံခြုံ စိတ်ချရအောင် နိုင်ငံတကာအဆင့်မီခိုင်မာတဲ့ ကာကွယ်တားဆီးရေး ယန္တရားတစ်ခုကို အချိန် နှောင့်နှေးကြန့်ကြာမှု လုံးဝမရှိစေဘဲ အမြန်ဆုံးနဲ့အထိရောက်ဆုံးဖြစ်အောင် အထူးဦးစားပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
ဒီလိုမျိုး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမှန်တကယ် အလေးထားပြီး ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတဲ့ သက်သေတစ်ခုအနေနဲ့ “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေ” ဆိုတဲ့ ဥပဒေသစ်တစ်ခုကို မူကြမ်းရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေ၊ မီဒီယာတွေကနေ အများပြည်သူသိအောင် တရားဝင်မိတ်ဆက်ထုတ်ပြန်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီဥပဒေထဲမှာ ဘာတွေပါဝင်သလဲဆိုတာကို ကြိုတင်ဖတ်ရှုလေ့လာပြီး အကျိုးရှိမယ့် အကြံဉာဏ်တွေနဲ့ သဘောထားမှတ်ချက်တွေကို ပြည်ထောင်စုလွှတ်တော်ရုံးဆီ တိုက်ရိုက်လိပ်မူပေးပို့နိုင်အောင် အစိုးရအနေနဲ့ အခုလိုပွင့်လင်းမြင်သာမှုရှိရှိ ကြိုတင်အသိပေးထားခြင်းဖြစ်ပါတယ်။
တကယ်တော့ ဒီလိုအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေကြမ်းကြီး ပေါ်ထွက်လာတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဆိုက်ဘာရာဇဝတ်ကောင်တွေရဲ့ ရန်ကနေ အပြည့်အဝကာကွယ်ပေးနိုင်ဖို့အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ဒါဟာ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးစနစ် အဆင့်အတန်းဟာ ဘယ်လောက်အထိ ခိုင်မာအားကောင်းနေပြီလဲဆိုတာကို ပြသနိုင်မယ့် အလွန်ကိုအရေးပါပြီး သမိုင်းဝင်လှတဲ့ ခြေလှမ်းသစ်တစ်ရပ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
ဒီဥပဒေကြမ်းထဲမှာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သေချာဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ နေ့စဉ်အသုံးပြုနေတဲ့ အွန်လိုင်းငွေပေးချေမှုစနစ် တွေ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုတဲ့အခါမှာ လိမ်လည်ခံရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ လုံးဝမရှိတော့ဘဲ ရဲရဲဝံ့ဝံ့နဲ့စိတ်ချလက်ချ အသုံးပြု နိုင်အောင်ဥပဒေအရ အခိုင်အမာ အကာအကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြစ်မှုကျူးလွန်တဲ့ လိမ်လည်သူတွေကို ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူရုံနဲ့ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ပြည်သူတွေလိမ်လည်လှည့်ဖြားမှုထပ်မခံရစေဖို့အတွက်ဘယ်လိုအရာတွေကို သတိထားရမယ်ဆိုတဲ့ ကြိုတင်ကာကွယ်ရေး အသိပညာပေးအစီအစဉ်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာမှာလည်း လိမ်လည်သူတွေဝင်ရောက်မလာနိုင်အောင် အစိုးရကိုယ်တိုင်က အနီးကပ်ကြီးကြပ်ပြီး တားဆီးပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ့် အစီအမံကောင်းတွေ အများကြီးပါဝင်နေတဲ့အတွက် ဒီဥပဒေသစ်ကြီးဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်ပေးမယ့် တကယ့်ကိုစစ်မှန်တဲ့ “ဒစ်ဂျစ်တယ် အမိုးအကာ” တစ်ခု အသေအချာကို ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။
ဥပဒေဆိုတာ ပြစ်မှုဖြစ်မှအရေးယူဖို့ထက် ကြိုတင်ကာကွယ်ဖို့ကပိုအရေးကြီးတဲ့အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းရဲ့အခန်း(၇)မှာ ပြည်သူတွေရဲ့ ငွေကြေးတွေကို ဆိုက်ဘာရာဇဝတ်ကောင်တွေ မခိုးယူနိုင်အောင် ခိုင်မာတဲ့ကြိုတင်ကာကွယ်ရေး အစီအမံတွေ အထူးထည့်သွင်းထားပါတယ်။ ဥပမာအားဖြင့် Mobile Pay အကောင့်ဖွင့်ရာတွင် မှတ်ပုံတင်မူရင်းနဲ့ တိတိကျကျ စစ်ဆေးစေတာ၊ သံသယဖြစ်ဖွယ် ငွေလွှဲမှုတွေကို ဘဏ်တွေကနေ ဗဟိုဌာနဆီကို ချက်ချင်းသတင်းပို့စေတာမျိုးတွေ လုပ်ဆောင်စေမှာပါ။ အဓိကအားဖြင့် လိမ်လည်သူတွေ လက်နက်သဖွယ်သုံးလေ့ရှိတဲ့ တရားမဝင်ဆင်းကတ်၊ ဆင်းဘောက်စ် (SIM Box) တွေနဲ့ အကောင့်တုတွေကို စနစ်တကျပြတ်ပြတ်သားသား ပိတ်ဆို့သွားမှာဖြစ်လို့ ရာဇဝတ်ကောင်တွေအနေနဲ့ ခြေရာဖျောက်ဖို့ အလွန်ခက်ခဲသွားမှာပဲဖြစ်ပါတယ်။
ဒါဟာပြည်သူတွေနေ့စဉ်အသုံးပြုနေတဲ့ နိုင်ငံရဲ့အွန်လိုင်းစနစ်တစ်ခုလုံးကို အညစ်အကြေး ကင်းစင်ပြီး သန့်စင်သွားအောင် လုပ်ဆောင်ပေးမယ့် နိုင်ငံတော်အကြီးအကဲရဲ့ ကြီးမားကျယ်ပြန့်လှတဲ့အမြော်အမြင်နဲ့ ပြည်သူ့အပေါ်ထားရှိတဲ့ စေတနာကို အထင်အရှားတွေ့မြင်ရခြင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူလူထုရဲ့ ချွေးနှဲစာတွေ မဆုံးရှုံးစေဖို့အတွက် စောင့်ကြည့်တားဆီးခြင်းအပိုင်းမှာလည်း နိုင်ငံတော်ဗဟိုဘဏ်လုပ်ငန်းတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ချိတ်ဆက်ပူးပေါင်းစေခဲ့ပါတယ်။ ဒီလိုအချိတ်အဆက်မိမိနဲ့ ပူးပေါင်းဆောင်ရွက်စေတဲ့ အတွက်ကြောင့် မသင်္ကာစရာ၊ သံသယဖြစ်ဖွယ်ကောင်းတဲ့ ငွေကြေးစီးဆင်းမှုတွေအပြင် ပြည်သူတွေကို လှည့်ဖြားလိမ်လည်နေတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတို(SMS)တွေ ပေးပို့တာတွေကိုပါ လမ်းခုလတ်မှာတင် စနစ်တကျအချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ပြီး ထိထိရောက်ရောက် တားဆီးဟန့်တား ပေးသွားတော့မှာဖြစ်ပါတယ်။
ဆိုက်ဘာလိမ်လည်မှုတွေကို အမြစ်ပြတ်တိုက်ဖျက်နှိမ်နင်းရာမှာ အရင်ကတည်းက ကျွန်တော်တို့အတွက် အဓိကအဟန့်အတားကြီး တစ်ခုဖြစ်နေခဲ့တာကတော့ သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေအကြားမှာ သတင်းအချက်အလက် စီးဆင်းမှုနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတာပဲဖြစ်ပါတယ်။ အခုအသစ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းရဲ့ အခန်း (၈) “သတင်းအချက်အလက်ဖလှယ်ခြင်း” ကဏ္ဍဟာဆိုရင် အဲဒီလို ယခင်ကရှိခဲ့တဲ့ဟာကွက် အားနည်းချက်တွေအားလုံးကို အလုံးစုံချေဖျက်ပေးလိုက်မယ့် အရေးကြီးဆုံးအခန်းတစ်ခန်းဖြစ်လာမှာပါ။
လက်တွေ့မြေပြင်မှာဆိုရင် လိမ်လည်သူဆိုက်ဘာရာဇဝတ်ကောင်တွေဟာ သူတို့ရဲ့ ကွန်ရက်တွေကို စက္ကန့်နဲ့အမျှ အမြဲတမ်းပြောင်းလဲလှည့်စားပြီး ပြစ်မှုတွေကိုလျင်လျင်မြန်မြန် ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ အစိုးရဌာနတွေ၊ ဘဏ်နဲ့ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ အီလက်ထရွန်နစ်ငွေပေးချေမှု ဝန်ဆောင်မှုပေးသူတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေ၊ အင်တာနက် ဝန်ဆောင်မှုပေးသူတွေ အားလုံးကြားမှာ သံသယဖြစ်ဖွယ်အကောင့်တွေနဲ့ ငွေကြေးစီးဆင်းမှုသတင်းအချက်အလက်တွေကို ဗဟိုဒေတာစနစ်(Centralized Database)ကနေတစ်ဆင့် လျှပ်စီးလက်သလို မြန်မြန်ဆန်ဆန် ချိတ်ဆက်ဖလှယ်နိုင်ခြင်းဟာ ဒီတိုက်ပွဲကို အောင်ပွဲခံနိုင်ရေးအတွက် အဓိကအကျဆုံး သော့ချက်ပဲဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှုတစ်ခုဖြစ်ပွားပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူတွေရဲ့အဖိုးတန်လှတဲ့ ငွေကြေးတွေ ဆက်လက်မဆုံးရှုံးရအောင် အရေးပေါ်ကာကွယ်ပေးမယ့် စနစ်တစ်ခုကို ဒီဥပဒေမှာ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားပါတယ်။ အရင်ကလိုမျိုး ဌာနတစ်ခုနဲ့တစ်ခုကြားမှာ အချိန်ဆွဲကြန့်ကြာနေတာမျိုး လုံးဝမရှိစေတော့ဘဲ ပြစ်မှုဖြစ်ပွားတာကို ိသိချင်းမှာပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဗဟိုဘဏ်၊ ပုဂ္ဂလိကငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေအားလုံးဟာ အချိတ်အဆက်မိမိ အတူတကွပူးပေါင်းပြီး သတင်းအချက်အလက်တွေကို “အနီရောင်အဆင့်အရေးပေါ်စနစ်” (Red Alert)သဖွယ် အထူးသတ်မှတ်ကာ အပြန်အလှန်လျင်လျင်မြန်မြန် ချိတ်ဆက်ဖလှယ်ကြမှာဖြစ်ပါ တယ်။
သာမန်အားဖြင့် ရာဇဝတ်ကောင်လိမ်လည်သူတွေရဲ့ထုံးစံက ပြည်သူတွေဆီကနေ လိမ်လည်လို့ရလိုက်တဲ့ ငွေကြေးတွေကို အကောင့်တစ်ခုကနေ နောက်ထပ်အကောင့်တစ်ခုဆီကို စက္ကန့်ပိုင်း အတွင်း အဆင့်ဆင့်လွှဲပြောင်းပြီး ခြေရာဖျောက်တတ်ကြပါတယ်။ ဒါပေမဲ့ အခုလိုမျိုး သက်ဆိုင်ရာဌာနပေါင်းစုံက ဗဟိုဒေတာစနစ်ကနေတစ်ဆင့် လျှပ်စီးလက်သလို အလွန်မြန်ဆန်သွက်လက်တဲ့ အချိတ်အဆက်တွေနဲ့ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်လုပ်ဆောင်လိုက်တဲ့ အတွက်ကြောင့် လိမ်လည်သူတွေအနေနဲ့ ငွေကြေးတွေကို သူတို့လိုသလို ဆက်လက်လွှဲပြောင်းခွင့် လုံးဝမရနိုင်တော့ဘဲ လမ်းခုလတ်မှာတင် ချက်ချင်းဖြတ်တောက် ဟန့်တားပစ်နိုင်မယ့် အားထားလောက်စရာ ကာကွယ်ရေးလုပ်ငန်းစဉ်ကြီး တစ်ခုကို နိုင်ငံတော်အစိုးရက ပြည်သူ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ ဒီအခန်းမှာပါဝင်တဲ့ သတင်းအချက်အလက်ဖလှယ်ခြင်း လုပ်ငန်းစဉ်တွေဟာ ပြည်တွင်းမှာတင် ရပ်တန့်နေမှာမဟုတ်ပါဘူး။ နိုင်ငံတကာရဲတပ်ဖွဲ့တွေ၊ ဒေသတွင်း ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနတွေနဲ့ပါ အချိန်နဲ့တစ်ပြေးညီ လျင်လျင်မြန်မြန် ချိတ်ဆက်သတင်းဖလှယ်နိုင်ဖို့အတွက် ခိုင်မာတဲ့လမ်းကြောင်းတွေ ဖွင့်လှစ်ပေးထားပါတယ်။
ဒီဥပဒေကြမ်းရဲ့ အသက်သွေးကြောလို့တင်စားခေါ်ဝေါ်ရမယ့် အခန်း (၉) “ငွေကြေးစီးဆင်းမှုကို ယာယီဆိုင်းငံ့ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း” ကဏ္ဍမှာဆိုရင် ပြည်သူတွေအတွက် အလွန်အားရကျေနပ်စရာကောင်းတဲ့ အချက်တွေကို ထည့်သွင်းပြဋ္ဌာန်းပေးထားပါတယ်။ အရင်ကဆိုရင် ငွေလိမ်ခံရပြီဆိုတာနဲ့ တရားရုံးလုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို အချိန်ကုန်ခံ စောင့်ဆိုင်းနေရတဲ့အတွက် ပြည်သူတွေရဲ့ ငွေကြေးတွေဟာ လိမ်လည်သူတွေလက်ထဲကို အလွယ်တကူ ရောက်ရှိသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ယခုဥပဒေသစ်မှာတော့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခံရကြောင်း တိုင်ကြားချက်ရရှိတာနဲ့ဖြစ်စေ၊ ဒါမှမဟုတ် သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုတွေကို ဘဏ်တွေကစိစစ်တွေ့ရှိတာနဲ့ဖြစ်စေ ရှုပ်ထွေးတဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း စောင့်ဆိုင်းနေစရာ လုံးဝမလိုတော့ဘဲ သက်ဆိုင်ရာဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက အဆိုပါ ငွေစာရင်းအမှတ်ကို ၇၂ နာရီအထိ ချက်ချင်းယာယီဆိုင်းငံ့ ပိတ်သိမ်းပစ်နိုင်တဲ့ အာဏာကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ အပ်နှင်းပေးလိုက်ပြီပဲဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်တိုင် ငွေလိမ်လည်တာမဟုတ်ပေမယ့် လိမ်လည်သူတ ွေငွေကြေးခဝါချနိုင်အောင် မိမိတို့ရဲ့ ဘဏ်အကောင့်နဲ့ ကတ်တွေကို အခကြေးငွေယူပြီး လွှဲပြောင်းရောင်းချပေးနေကြတဲ့ ကြားခံပွဲစားတွေ (Money Mules) ကိုပါ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားမယ့် ပြဋ္ဌာန်းချက်တွေလည်း ပါဝင်လာပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အကြီးမားဆုံးသော မျှော်မှန်းချက်က ပြစ်မှုကျူးလွန်သူတွေကို လိုက်လံဖမ်းဆီးအရေးယူဖို့ သက်သက်သာမဟုတ်ဘဲ အခုလိုချက်ချင်းယာယီဆိုင်းငံ့ထိန်းချုပ်ထားနိုင်တဲ့ ငွေကြေးတွေကို နစ်နာသူပြည်သူလူထုရဲ့ လက်ဝယ်ဆီသို့ အမြန်ဆုံးနဲ့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေအပ်နိုင်မယ့် ဥပဒေမူဘောင်တွေကိုပါ အသေးစိတ်ပြီးပြည့်စုံစွာ ထည့်သွင်းစဉ်းစား ရေးဆွဲပေးထားတာပဲဖြစ်ပါတယ်။
ဆိုက်ဘာရာဇဝတ်မှုတွေဆိုတာ နိုင်ငံတစ်ခုတည်းရဲ့ နယ်နိမိတ်ထဲမှာတင် ဖြစ်ပွားလေ့ရှိတာ မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ပြီး ကျူးလွန်တတ်ကြတဲ့ ပြစ်မှုကြီးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆန်းပြားတဲ့မှုခင်းတွေကို နိုင်ငံတစ်နိုင်ငံတည်းရဲ့ ကိုယ်ပိုင်အင်အားနဲ့သာ တိုက်ဖျက်နှိမ်နင်းဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူနိုင်ဘူးဆိုတာကို နိုင်ငံတော်အစိုးရက အမြော်အမြင်ကြီးမားစွာနဲ့ ကြိုတင်ရှုမြင် သုံးသပ်ထားပါတယ်။ ဒါကြောင့်လည်း ဒီဥပဒေကြမ်းရဲ့ အခန်း (၁၀) မှာဆိုရင် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊အာဆီယံရဲအဖွဲ့စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အချက်တွေကို ဟန်ချက်ညီညီ ပေါင်းစပ်ရေးဆွဲ ထားတာဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေ၊ နိုင်ငံတကာရဲတပ်ဖွဲ့တွေ၊ နည်းပညာအဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ပြီး ပြစ်မှုကျူးလွန်သူတွေကို လွှဲပြောင်းရယူတာ၊ ပူးတွဲစုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်ကာ ဂိုဏ်းဖွဲ့လိမ်လည်နေသူတွေကို အမြစ်ပြတ်ချေမှုန်း သွားမယ်ဆိုတဲ့ အစိုးရရဲ့ပြတ်သားတဲ့ သန္နိဋ္ဌာန်ကို ကမ္ဘာသိအောင် ကြေညာလိုက်တာဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ဟန်ချက်ညီညီ တက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ တာဝန်သိစိတ်အပြည့်ရှိတဲ့ တက်ကြွလှုပ်ရှားသော အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် အခိုင်အမာရပ်တည်နေကြောင်း သက်သေပြလိုက်တာပဲဖြစ်ပါတယ်။
ဒီဥပဒေကြမ်းရဲ့ အခန်း(၁၁) “တားမြစ်ချက်များ” အပိုင်းကို လေ့လာကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အလွန်အရေးပါတဲ့ တားမြစ်ချက်တွေကို တိတိကျကျ ထည့်သွင်းပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကအားဖြင့် အွန်လိုင်းလိမ်လည်သူတွေ အမြဲတမ်းအသုံးပြုလေ့ရှိတဲ့ ဆင်းဘောက်စ်(SIM Box)တွေ၊ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဂြိုဟ်တုဆက်သွယ်ရေးကိရိယာတွေနဲ့ တရားမဝင်ဆော့ဖ်ဝဲလ်နည်းပညာတွေကို ခွင့်ပြုတာ၊ လက်ဝယ်ထားရှိတာနဲ့ အသုံးပြုတာတွေကို လုံးဝပြတ်ပြတ်သားသား တားမြစ်ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားမလုပ်နိုင်အောင် အခြားသူတစ်ယောက်ရဲ့ နာမည်၊ မှတ်ပုံတင် အချက်အလက်တွေကိုသုံးပြီး ဆင်းကတ်ဝယ်ယူတာတွေ၊ ဘဏ်အကောင့်တွေနဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallets) တွေ ဖွင့်လှစ်တာကိုလည်း အခိုင်အမာတားမြစ်ထားပါတယ်။ ဒီလိုတင်းကျပ်လိုက်တဲ့ တားမြစ်ချက်တွေဟာ လိမ်လည်သူတွေရဲ့ နောက်ကွယ်ကနေ အဓိကကြိုးကိုင်လှုပ်ရှားနေကြတဲ့ အကောင့်ပွဲစားတွေနဲ့ ဆင်းကတ်မှောင်ခိုသမားတွေရဲ့ လမ်းကြောင်းတွေကို အသေအချာပိတ်ဆို့လိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့အချက်အလက်လုံခြုံရေးကို အပြည့်အဝကာကွယ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ပိုပြီးပြည့်စုံတဲ့ ကာကွယ်မှုအနေနဲ့ ဆက်သွယ်ရေးအော်ပရေတာတွေ၊ ဘဏ်နဲ့ငွေကြေးအဖွဲ့အစည်းတွေ၊ အင်တာနက်ဝန်ဆောင်မှုပေးသူတွေ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ပြဋ္ဌာန်းထားတဲ့အပြင် လူတစ်ဦးကို မတရားသွေးဆောင် ခေါ်ဆောင်တာ၊ လုပ်အားခေါင်းပုံဖြတ်ပြီး အတင်းအဓမ္မခိုင်းစေတာတွေနဲ့ လူကုန်ကူးမှုနဲ့ပတ်သက်နေတဲ့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေတာတွေကိုပါ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှု (Crypto Scam)တွေကိုပါ ဘယ်သူမှကျူးလွန်ခြင်းမပြုရဆိုပြီး ဥပဒေလမ်းကြောင်းအရ အတိအလင်းကြိုတင်ထည့်သွင်းပြဋ္ဌာန်းထားတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရရဲ့ အမြော်အမြင်ကြီးမားပုံကို ထင်ရှားစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းရဲ့ အခန်း (၁၂) မှာ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို တိတိကျကျရေးဆွဲပြဋ္ဌာန်းထားသလို အခန်း (၁၃) အထွေထွေအပိုင်းမှာဆိုရင်လည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကို ဥပဒေအရအပြည့်အဝ ကာကွယ်ပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။
အထူးသဖြင့် ပြစ်မှုတစ်ခုခုကို သံသယရှိလို့ဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ လိမ်လည်သူရဲ့ ဘဏ်ငွေစာရင်းအမှတ်ကို ယာယီဆိုင်းငံ့ပိတ်သိမ်းပေးခဲ့တဲ့ ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေကို ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဘယ်တရားရုံးမှာမှ တရားစွဲဆိုခြင်းမခံရအောင်ဥပဒေနဲ့ အခိုင်အမာအကာအကွယ်ပေးထားတာဟာ အလွန်ပဲအားရကျေနပ်စရာကောင်းပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အမြော်အမြင်ကြီးမားစွာ ဦးဆောင်လမ်းညွှန်မှုကြောင့် ပေါ်ပေါက်လာမယ့် “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေ” ဟာ ပြည်သူလူထုတစ်ရပ်လုံးကို ဆိုက်ဘာရာဇဝတ်ကောင်တွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ရေရှည်စိတ်ချယုံကြည်စွာ ကာကွယ်ပေးသွားမယ့် အလွန်ခိုင်မာအားကောင်းတဲ့ ဥပဒေအကာအကွယ်ကြီး တစ်ခုဖြစ်လာတော့မယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီဥပဒေကြမ်းမှာပါဝင်တဲ့ အနှစ်သာရတွေကို ပိုမိုလွယ်ကူစွာ သိရှိနားလည်နိုင်စေရန်နဲ့ လိုအပ်တဲ့အပြုသဘောဆောင်သော အကြံပြုချက်များရှိလာခဲ့ပါက ပြည်ထောင်စုလွှတ်တော်ရုံးထံသို့ တိုက်ရိုက်လိပ်မူပေးပို့နိုင်တဲ့အကြောင်း နိုင်ငံ့အကျိုးနဲ့ ပြည်သူ့အကျိုးကိုရှေးရှုလျက် လေးစားစွာဖြင့် တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။ ။
MWD

“ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့်ယောကျ်ားမြတ်ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့” စစ်သည်တော်ဟောင်းတစ်ဦး၏ မရိုးနိုင်သော စကားတစ်ခွန်းဖြစ်သည်။
ထိုစကားတစ်ခွန်းတွင် တပ်မတော်သား တစ်ဦးဖြစ်ရခြင်း၏ အနှစ်သာရနှင့် အဓိပ္ပာယ်များ ပေါင်းစပ်ပါဝင်နေသည်။ ယခုဆိုလျှင် ယောကျ်ားကောင်း ယောကျ်ားမြတ်ဖြစ်စေနိုင်သော ထိုကျောင်းကြီးများမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
အမိနိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသား တိုင်း၏တာဝန်ဖြစ်သည်ကို နားလည်ခံယူထားကြသူများဖြစ်သည်နှင့်အညီ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ကြခြင်းကြောင့် ထိုသားကောင်းစစ်သည် ပြည်သူ့စစ်မှုထမ်းများထဲမှပင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူး ဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၁၁၅ ဦးအထိရှိပြီဟုလည်း ဂုဏ်ယူဖွယ်သိရှိရပါသည်။ လူငယ်ဆိုသည်မှာနိုးကြား၏။ တက်ကြွ ၏။ ဖျတ်ဖျတ်လတ်လတ်ရှိ၏။ ရိုးသား၏။ ဖြူစင်၏။ ပရိယာယ်ဝေဝုစ်ကင်း၏။ အရာရာ၌ စိတ်နှင့်ကိုယ်သည် တစ်ထပ် တည်းမျှထင်ရလောက်အောင် လှုပ်ရှား ရှင်သန်နေကြသူများဖြစ်၏။
နိုင်ငံရေးအရ မင်းသားကြီးမလုပ်ရ၍ ပတ်မကြီးထိုးဖောက်လိုသော သန္ဓေမမှန်သည့်နိုင်ငံရေးသမားတချို့က လူငယ်တို့၏ ရိုးသားဖြူစင်မှုနှင့် နိုးကြားတက်ကြွမှုကို တလွဲဆံပင်ကောင်းအသုံးချ၍ လမ်းမှား သို့ရောက်စေခဲ့ကြသည်။ သို့ဖြင့် တိုင်းပြည်၏ အဖူးအညွန့်များဖြစ်ကြသော လူငယ်များစွာမှာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများ၌ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ် ဘဝဖြင့် ထမင်းစားကျွန်ခံဇာတ်သိမ်းနေကြရသည်။ အချို့သောတိုင်းရင်းသား လက်နက်ကိုင်များနှင့် အကြမ်းဖက် သောင်းကျန်းသူများအတွက် အကြမ်းဖက် စစ်ပွဲများတွင် ရှေ့ဆုံးမှအဓိပ္ပာယ်မဲ့အသက် စွန့်တိုက်ခိုက်ပေးနေရသည်။ အကြမ်းဖက် သောင်းကျန်းသူများ၏ နောက်မြီးဆွဲ PDF များအဖြစ် ကျင်လည်နေကြရသည်။
သူတို့ လက်ချက်ဖြင့် မြို့ရွာများပျက်စီးခြင်း၊ ဒေသခံပြည်သူများ အတိဒုက္ခရောက်ရခြင်းများကို အောင်မြင်မှုအသီးအပွင့်အဖြစ် လွဲမှားစွာကြွေးကြော်နေကြရသည်။ စေ့စေ့တွေးကြည့်လျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သွေးဆောင်မှုဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေကြသော PDF များနှင့် လမ်းမှားရောက်နေသော လူငယ်များ၏အဖြစ်မှာ သားတစ်သာမြင်၍ ကျော့ကွင်းမမြင်ကြသူများနှင့် ပုံပမာတူသည်။ စင်စစ် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသော အကြမ်းဖက်သောင်းကျန်းသူများမှာ နောက်မြီးဆွဲ PDF များကို ခုတုံးလုပ်၍ ‘‘မျောက်မြီးနှင့် မျောက်ချည်’’နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံတော်နှင့် ပြည်သူ့အတွက် ဆိုသော စကားလုံးများကို တွင်တွင်ဟစ်နေကြသော်လည်း လက်တွေ့တွင်မူ နိုင်ငံတော်နှင့်ပြည်သူ့အကျိုး ပျက်စီးရာပျက်စီးကြောင်းများကိုသာ ထပ်ပြန်တလဲလဲကျူးလွန်နေကြသူများဖြစ်သည်။ ၎င်းတို့လွှမ်းမိုးခြယ် လှယ်ထားသော အရပ်ဒေသမှတိုင်းရင်း သားများ၏ ဘဝမှာတောင်ယာရှင် မျောက် မောင်းခံရသည့်နှယ်ဖြစ်နေကြရရှာသည်။ သူခိုးက လူပြန်ဟစ်ခြင်းကို ခံနေကြရရှာသည်။ မသိနိုးနား နိုင်ငံရေးအပါးမဝသောလူငယ်များအပေါ် အမြတ်ထုတ်နေသည်မှာ ရင်နာဖွယ်ကောင်းလှသည်။ တစ်တော တစ်ကြက်ဖတွန်၍ သေနတ်ပြောင်းဝ၌ အာဏာတည်သော သူတို့လောကတွင် ‘‘အကန်းထဲမှာ မျက်ကန်းကလူမော်’’လုပ်နေ ကြသည်ကို ရှင်းရှင်းပြတ်ပြတ်သိမြင်ကြဖို့လိုပါသည်။
တစ်ဖက်တွင်မူ နိုင်ငံ့သားကောင်း ရတနာလေးများသည် တပ်မတော်၏ စနစ်တကျဖွဲ့စည်းထားသော လေ့ကျင့်ရေး ကျောင်းအသီးသီး၌ စစ်ပညာရပ်များကို အပတ်တကုတ်ကြိုးစား သင်ယူကြလျက်ရှိသည်။ စစ်နည်းဗျူဟာဘာသာရပ်များ၊ လက်နက်နည်းပညာဆိုင်ရာ ဘာသာရပ်များ၊ ကြံ့ခိုင်မှုဆိုင်ရာ ဘာသာရပ်များ၊ ခေါင်းဆောင်မှုဆိုင်ရာ ဘာသာရပ်များ၊ စစ်စည်းကမ်းနှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များ၊ အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များ အစရှိသည့် ယောကျ်ားကောင်း ယောကျ်ားမြတ်ဖြစ်စေနိုင်သော သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်လျက်ရှိသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ၎င်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် အလေးအနက်ထား သင်ကြားနေကြခြင်းဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် အပင်ပန်းအဆင်းရဲခံ၍ ဇွဲနပဲဖြင့် သင်ကြားနေကြခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းလူငယ်များ၏ ရည်ရွယ်ချက်မှာ PDF အကြမ်းဖက်သမားများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဟု ဆိုရလိမ့်မည်။ လူချင်းတူသော်လည်း အသက်ရှူပုံချင်းကွဲသည်ဟု ဆိုရလိမ့်မည်။ ငယ်စဉ်က သင်ကြားခဲ့ရသည့် ကျေးညီနောင်ပုံပြင်ကိုပင် ပြန်၍အမှတ်ရဖွယ်ဖြစ်သည်။ သူတော်ကောင်းတို့၏အေးရိပ်၌ ခိုလှုံခွင့် ရသောကျေးသားနှင့် ခိုးသားဓားပြတို့ လက်တွင် ကြီးပြင်းရသော ကျေးသားမှာ ညီရင်းအစ်ကိုပင်ဖြစ်လင့်ကစားမနှိုင်းသာ မယှဉ်သာအောင် ကွာခြားနေပုံမျိုးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများနှင့် PDF အကြမ်းဖက်သမားများမှာ လည်း ထိုနည်းတူပင်ဖြစ်သည်။ လူငယ်များ၏စွမ်းပကားသည် နိုင်ငံတော် ၏အားများပင်ဖြစ်ပါ၏။
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန် များကို ပခုံးပြောင်းတာဝန်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင် ရွက်သွားကြရမည့်သူများဖြစ်သည်။ ထို့ကြောင့် လူငယ်တိုင်းလူငယ်တိုင်းသည် နိုင်ငံတော်အတွက် သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ဟု ဆိုရလောက်အောင် ထူးမြတ်သောသားကောင်းများ ဖြစ်ကြရန် လိုသည်။ နိုင်ငံတော်က မိမိတို့အပေါ် ပေးအပ်လိုက်သည့်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်လိုသည့် သန္နိဋ္ဌာန်စိတ်ရှိဖို့ လိုအပ်ပါသည်။ ကုန်ကုန်ဆိုရပါလျှင် ‘‘တာဝန်သိစိတ်’’ ရှိရုံမျှဖြင့်ပင် လုံလောက်သေးသည် မဟုတ်ပါ။ ‘‘တာဝန်ယူလိုစိတ်’’ ပြင်းပြင်းပြပြ ထက်ထက်သန်သန်ရှိနေရန်လည်း လိုပါသည်။
ကိုယ်လုပ်နေသည့်အလုပ်၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်တိုင်းကိုယ့်ပြည်တွင် ကိုယ်နှင့်သက်ဆိုင်သည့် တာဝန်များစွာ ရှိနေပါသည်။ ထိုသို့ ယူသင့်ယူအပ်သည့်တာဝန်များကို ကိုယ့်သဘောနှင့်ကိုယ်ယူပြီး ဆောင်ရွက်တတ်သူများကို ‘‘လူ့အဖိုးတန်’’ ဟု လူ့အဖွဲ့အစည်းက သတ်မှတ်လေ့ရှိပါ၏။ သာမန်လူတစ်ယောက်အတွက် ဘဝမှာအရေးအကြီးဆုံးအရာကိုပြပါဆိုလျှင် သူတို့၏ဘဝကိုသာ ပြဆိုမည်ဖြစ်သော်လည်း တပ်မတော်သားတစ်ယောက်အတွက်မူ ဘဝတွင် အရေးအကြီးဆုံးအရာ ဆိုသည်မှာ သူ့နိုင်ငံတော်ကို ကာကွယ်ရန်ပင်ဖြစ်ပါသည်။
သူ၏အမွန်မြတ်ဆုံးသောတာဝန်လည်း ဖြစ်ပါသည်။ ယခုဆိုလျှင် ထိုမွန်မြတ်သောတာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသားကောင်း စစ်သည်များမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)နှင့်(၂)တို့မှာ သတ်မှတ်ကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြည်သူ့ စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို အခမ်းအနားများဖြင့် ချီးမြှင့်ပေးအပ်၍ နေရပ်ဒေသအသီးသီးရှိ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်ပါသည်။
၎င်းတို့၏ အိမ်အပြန်ခရီးမှာ နိုင်ငံသားတစ်ယောက် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် မိမိအလုပ်အပေါ် ဂုဏ်ယူမြတ်နိုးစိတ်၊ နှစ်သက်ကြည်နူးစိတ်တို့နှင့်အတူ မိသားစုနှင့် ပြန်လည်ဆုံဆည်းရသည့်အတွက် ဝမ်းသာပျော်ရွှင်မှုတို့သည်လည်း အတိုင်းမသိ ပြည့်လျှမ်း၍ နေပါလိမ့်သည်။ ထိုထိုသော သားကောင်းစစ်သည်တို့၏ ဂုဏ်ယူဖွယ်ရာ အိမ်အပြန်ခရီးကို မိဘဆွေမျိုးများသာမက ဒေသခံပြည်သူများကပါ ဝမ်းပန်းတသာလှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည့် မြင်ကွင်းပုံရိပ်များကို ဆိုရှယ်မီဒီယာလူမှုကွန်ရက် အသီးသီးတွင် ကြည်နူးဖွယ်တွေ့မြင်နေရသည်မှာလည်း ပကတိအရှိတရားတစ်ခုပင်ဖြစ်ပါသည်။
နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့မှုအပေါ် ၎င်းတို့၏မိသားစုဝင်များသာမက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများကလည်း အထူးပင် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ကြရသည်။ ထို့အတွက် ကြိုတင်တိုင်ပင်ထားကြရသည်မဟုတ်ပါဘဲ ရင်တွင်းဆန္ဒကိုယ်စီဖြင့် လှိုက်လှဲဝမ်းသာကြိုဆိုကြပုံများမှာ နံဘေးမှ မြင်တွေ့ရသူများအဖို့ပင် ကြည်နူးဖွယ်ကောင်းလှပါသည်။ သူတို့တစ်တွေ၏ ဝမ်းသာပျော်ရွှင်မှု၊ ကြည်နူးပီတိဖြစ်ရမှုများကို ကူးစက်ခံစားရစေပါသည်။ ဒေသခံပြည်သူတို့ကလည်း မိမိတို့၏ တူသားနောင်မယ်များသဖွယ် ဂုဏ်ပြုပန်းခြင်းများ၊ အောင်သပြေအောင်ပန်းများဖြင့် သောင်းသောင်းဖြဖြကမ်းလှမ်း ကြိုဆိုကြပါသည်။ ချီးမြှင့်ငွေများအပ်နှင်းကြပါသည်။ ထိုမျှမကသေး အိုးစည်ဒိုးပတ်များ၊ အတီးအမှုတ်အကအခုန်များဖြင့်ပါ ပျော်ပျော်ပါးပါး ဂုဏ်ပြုကြိုဆိုကြပါသေးသည်။ သူတို့တတွေ၏ အပြုံး မျက်နှာများများတွင် ဂုဏ်ယူမဆုံးသော ခံစားချက်ပုံရိပ်များကိုလည်း အထင်းသား တွေ့မြင်နေရပါသည်။
ပြည်သူ့စစ်မှုထမ်းများ၏ ခံစားခွင့်များကိုကြည့်လျှင် စစ်မှုထမ်းဆောင်ဆဲကာလနှင့် စစ်မှုထမ်းဆောင်ပြီးကာလဟူ၍ နှစ်ပိုင်း တွေ့နိုင်ပါသည်။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက်လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ယင်းတာဝန်ထမ်းဆောင်နေသည့်ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပါသည်။ ပြည်သူ့စစ်မှုထမ်းကာလ ပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူအလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်ဖြစ်ပါသည်။
သတ်မှတ်ကာလပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူတစ်ဦးသည် မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်မှုထမ်းခွင့် ပြုနိုင်ပါသည်။ ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူ များနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း သိရပါသည်။ စစ်မှုထမ်းဆောင်ပြီးကာလအနေဖြင့် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများသည် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်သို့ အလားတူ ရာထူးအတိုင်းပြန်လည်ခန့်အပ်ခံကြရပြီး နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပါသည်။ ယခင်အလုပ်အကိုင်မရှိသူများ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍ ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်တွင်း/ ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု သိရပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ ပြည်ပကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့်၎င်းတို့ ၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်နိုင်ရန် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းထားပြီး ၎င်းစီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီငါးခုဖွဲ့စည်း၍ စီမံဆောင်ရွက်နေခြင်းဖြစ်ပါ သည်။ စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများ ပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာဌာနအသီးသီးနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တက်ညီလက်ညီ စီမံဆောင်ရွက်ပေးလျက်ရှိသည်မှာ များစွာ အားတက်ဖွယ်ဖြစ်ရပါသည်။
ဤသည်တို့မှာ နိုင်ငံတော်ကလိုအပ်သည့်အချိန်တွင် မိမိအသက်နှင့်ခန္ဓာကို ပဓာနမထားဘဲ တစ်သားတည်းပါဝင် ပေါင်းစပ်ခဲ့သူတို့အတွက် နိုင်ငံတော်နှင့် တပ်မတော်မှလည်း တန်ဖိုးထားလေး စားဂုဏ်ယူလျက်ရှိကြောင်း ဖော်ညွှန်းပြဆိုနေသည့် ပြယုဂ်များပင်ဖြစ်ပါသည်။ မေတ္တာနှင့်ယှဉ်သော အပြန်အလှန်ကျေးဇူးတုံ့တင်သည့် မင်္ဂလာရှိသောမြင်ကွင်းများပင်ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းလူငယ်တစ်ဦးတစ်ယောက်ချင်းစီမှာ နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သည့် ကျောက်ကောင်းကလေးများပင် ဖြစ်ကြပါသည်။
သားကောင်းတစ်ယောက်ကျောက်ကောင်း တစ်စေ့ဆိုသည့်အတိုင်း နိုင်ငံ၏လက်ရုံး၊ နိုင်ငံ၏ပခုံး၊ နိုင်ငံ၏စွမ်းပကားများပင် ဖြစ်ကြပါသည်။ ပြည်သူ့ရင်မှဖြစ်သော ပြည်သူ့သား ကောင်းစစ်သည်တို့သည် သံတောင်ကြီး နဲ့ကျောက်ထီးပမာ တညီးညီးတပြောင်ပြောင်တောက်လောင်နေသည့် နေရောင်ကိုလည်း မမှု၊ မီးအရှိန်ကိုလည်း မဖြုံ၊ တကယ့်ကို နိုင်ငံတော်လုံခြုံစိတ်ချရအောင် အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ “သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစ်စစ်တစ်မက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်ရည်၍၊ ဦးလည်မသုန်” တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ကျားကိုခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးကိုမွေ့ယာ ပမာသဘောထား၍ အမိနိုင်ငံတော်၏ ပိုင်နက်နယ်မြေအနှံ့ခရီး ဆန့်ခဲ့ကြသူများ ဖြစ်ပါသည်။
သို့နှယ် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြီးလေးမွန်မြတ်သော တာဝန်ဝတ္တရားများကို ဦးဆွေးဆံမြည့်ထမ်းဆောင်ခဲ့ကြသည့် တိုင်းပြည်၏သားကောင်းရတနာများအား တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက နှစ်ထောင်းအားရ ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုနေကြပုံများမှာ အားတက်ဖွယ်၊ ဂုဏ်ယူ ဖွယ်၊ လှိုက်လှဲကြည်နူးဖွယ် ကောင်းလှပါသည်။
နိုင်ငံတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့ ကလည်း ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးတက် မြင့်မားရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိသည်မှာ အခြားသော လူငယ်များအဖို့ အား ကျဂုဏ်ယူဖွယ် ကောင်းလှပါသည်။ အနှစ်ချုပ်ဆိုရပါသော် ရဲရင့်သူတို့၏ ဂုဏ်ယူဖွယ်ရာ အိမ်အပြန် ခရီးမှာ နိုင်ငံတော်နှင့် ပြည်သူတို့၏ မေတ္တာ၊ စေတနာမိုးတို့ သွန်ဖြိုးစွေရွာလျက် ကောင်းခြင်းအဖြာဖြာ မင်္ဂလာအပေါင်းတို့နှင့် ပြည်လျှမ်း၍ နေပါတော့သတည်း။ ။

လူသားတိုင်း အိမ်ပြန်ခဲ့ဖူးကြမှာပါ။ မူကြိုကနေ အိမ်ကိုပြန်ခဲ့ဖူးတယ်။ ကျောင်းကနေအိမ်ကိုပြန်ခဲ့ဖူးတယ်။ တက္ကသိုလ်ကနေ အိမ်ကိုပြန်ခဲ့ဖူးတယ်။ အလုပ်ကနေ အိမ်ကိုပြန်ခဲ့ဖူးတယ်။ ခွဲခွာချိန်ကြာမြင့်လေလေ အိမ်အပြန်ခရီးဟာ ပိုပြီးပျော်ရွှင်စရာ ကောင်းလေလေပါပဲ။ တချို့များဆို မိသားစုများနဲ့ ပြန်ဆုံတွေ့တဲ့အခါ ပျော်ရွှင်လွန်းလို့ မျက်ရည်များတောင် ကျတတ်ကြပါသေးတယ်။ အခုဆိုလည်း ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)က ပြည်သူ့စစ်မှုထမ်း စစ်သည်တော်ဟောင်းတွေဟာ နှလုံးသားတို့စုစည်းရာ မိသားစုတွေဆီ ပျော်ရွှင်စွာပြန်နိုင်ခဲ့ကြပါပြီ။
မိသားစုတွေနဲ့ နှစ်နှစ်တိုင်တိုင် ဝေးကွာခဲ့လို့ သူတို့အိမ်အပြန်ခရီးတချို့မှာ ပျော်ရွှင်မှုက ဖြစ်တည်လာတဲ့ မျက်ရည်စများကိုတွေ့မြင်ရပါသေးတယ်။ ဒါကတော့ လူတွေမြင်တဲ့ မျက်ရည်စတွေပါ။ သူတို့ဘဝသူတို့ခရီးမှာ လူတွေမြင်တွေ့ခွင့်မရတဲ့မျက်ရည်စတွေရှိခဲ့မှာပါ။ ဒီမျက်ရည်စတွေကိုတော့ သူတို့တစ်တွေသာ သိနိုင်ပါတယ်လို့ ကနဦးဆိုလိုချင်ပါတယ်။ ပြည်သူ့စစ်မှုထမ်းများရဲ့ ဘဝခရီးအစကို ပြန်အောက်မေ့ကြရအောင်ပါ။
သူတို့ရဲ့ဘဝခရီးအစဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်အတည်ပြုခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ မရှေးမနှောင်း သန္ဓေတည်ခဲ့တာပါပဲ။ ဥပဒေနဲ့ အသားမကျသေးချိန်၊ နိုင်ငံတော်ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေအရပ်ရပ်ကို ဖြတ်သန်းနေရချိန်တွေကြားမှာ သူတို့ဘဝ အမြုတေဖြစ်ခဲ့ကြတာပါပဲ။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အား တောင့်တင်းမှုကို နည်းမျိုးစုံနဲ့နှောင့်ယှက်ဝါဒ ဖြန့်ခဲ့ကြတဲ့ ဒဏ်တွေကိုလည်း သူတို့ခံခဲ့ကြပါသေးတယ်။ မည်သို့ဆိုစေ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက် သူတို့နှလုံးသားတွေ ရဲရင့်နိုင်ခဲ့ကြပါတယ်။
သင်တန်းကာလပြီးဆုံးတဲ့အခါမှာလည်း သက်ဆိုင်ရာ ပညာအရည်အချင်းအလိုက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ သတ်မှတ်စံနှုန်းများနဲ့အညီ အဆင့်တံဆိပ်များတပ်ဆင်ကာ တာဝန်ပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။ တိုင်းစစ်ဌာနချုပ်အလိုက် စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်တွေကို ဦးလည်မသုန်ထမ်းဆောင်ခဲ့ကြပါတယ်။ ပြည်သူ့စစ်မှုထမ်းဆိုပေမယ့် သူတို့ရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့ တိုက်စွမ်းရည်တွေဟာ တိုက်ပွဲရဲ့အောင်မြင်မှုများနဲ့အတူ ပန်းသတင်းလေညင်းဆောင်သလို ထွက်ပေါ်လာခဲ့ပြန်တယ်။
တောင်ခမ်းတိုက်ပွဲ၊ နောင်ချိုတိုက်ပွဲ စတဲ့တိုက်ပွဲတွေအပါအဝင် အခြားသော တိုက်ပွဲနယ်မြေတွေမှာ သူတို့ရဲရဲရင့်ရင့်စွမ်းဆောင်ခဲ့ကြတယ်။ ပြည်သူ့စစ်မှုထမ်းပင်ဖြစ်ပါစေ မည်သူမဆို စစ်သည်တော်ကောင်းတွေဖြစ်အောင် ကနဦး ကျင့်ကြံရတာပဲဖြစ်ပါတယ်။ စစ်သည်တော်ကောင်းတွေ အဖြစ် ယမ်းငွေ့ကြားမှာ ရဲရင့်ပျော်ရွှင်ခဲ့ကြတဲ့ သူတို့ပုံရိပ်များကို နိုင်ငံပိုင်သတင်းစာ၊ မီဒီယာတွေမှာသာမက လူမှု ကွန်ရက်အသွယ်သွယ်မှာလည်း တွေ့မြင်ခဲ့ရတယ်။ တစ်ခါတစ်ရံ သူတို့ကိုယ်ပိုင်လူမှုကွန်ရက်တွေမှာလည်း စာရေးသူတွေ့မြင်ခဲ့ဖူးပါတယ်။ ရဲရင့်ပျော်ရွှင်စွာစီးမျော ပါဝင်သွားနိုင်ခဲ့တဲ့ သူတို့ပုံရိပ်များဟာ နိုင်ငံတော်ရဲ့ ကာကွယ်ရေး အင်အားတောင့်တင်းမှု၊ နိုင်ငံသားတို့ရဲ့ ကာကွယ်ရေးစွမ်းအား ခိုင်မာလာမှုကို သက်သေညွှန်းဆိုခဲ့ခြင်းတစ်မျိုးပါပဲ။ တိုက်ပွဲထူးချွန်မှုတွေကြောင့် နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲများကလည်း ချီးကျူးဂုဏ်ပြုမှုတွေ၊ အဆင့်တိုးမြှင့်ပေးခြင်းတွေ၊ စွမ်းရည်ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ကြတယ်။ ဒီကမ္ပည်းမှတ်တိုင်များဟာ သူတို့ရဲ့သားစဉ်မြေးဆက်များအတွက် အခွင့်သာတိုင်း ထုတ်ပြလှစ်ဟစရာ သမိုင်းမှတ်တိုင်များအဖြစ် ရှိနေကြမှာပဲဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းများနဲ့ တပ်မတော်ကြားမှာ အပြန်အလှန်အကျိုးပြုတဲ့ အကြောင်းတရားလေးတွေကိုလည်း စာရေးသူတွေ့မြင်ခဲ့ရပါသေးတယ်။ ဒါတွေကတော့ သူတို့ပြင်ပနယ်ပယ်အသီးသီးမှာ တတ်မြောက်ကျွမ်းကျင်ခဲ့ကြတဲ့ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များပဲဖြစ်ပါတယ်။ စာရေးသူတွေ့ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းအချို့မှာ အဲကွန်းလုပ်ငန်းမှာ ကျွမ်းကျင်သူတွေ၊ ပြည်ပဘာသာစကား သင်တန်းဖွင့်လှစ်သင်ကြားသူတွေ၊ စက်မှုပစ္စည်းများဆိုင်ရာ လုပ်ငန်းနယ်ပယ်ကသူတွေ၊ ယာဉ်မောင်းကျွမ်းကျင်သူတွေ စတဲ့ကဏ္ဍစုံအတတ်ပညာများ ကျွမ်းကျင်သူတွေကို တွေ့ခဲ့ရပါတယ်။
အခြားသော အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်သူတွေလည်း ပါဝင်နိုင်ပါသေးတယ်။အချို့သော တပ်ဖွဲ့တွေအနေနဲ့ သူတို့ကျွမ်းကျင်တဲ့ အတတ်ပညာတွေအလိုက် တပ်ဖွဲ့ရဲ့ပညာရပ်ပိုင်းဆိုင်ရာ ဌာနများမှာ တာဝန်ပေးအပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အချို့သော တပ်ဖွဲ့တွေမှာတော့ သူတို့ကျွမ်းကျင်ခဲ့ရာ အတတ်ပညာများကို ပြန်လည်အသုံးချနိုင်မှု မရှိသေးတာမျိုးကိုလည်း တွေ့ရပါတယ်။ ဥပမာ စာရေးသူတွေ့ခဲ့တဲ့ ပြည်ပဘာသာစကား သင်တန်းဖွင့်လှစ် သင်ကြားသူဆိုပါစို့။ သူ့ရဲ့အတန်းပညာ အရည်အချင်းကြောင့် တပ်ဖွဲ့ကိုရောက်လာတယ်။ တပ်ဖွဲ့ရဲ့ပညာရပ်များကို သင်ကြားပေးပြီး တာဝန်ပေးအပ်နိုင်ခဲ့တယ်။ သူတတ်မြောက်ထားတဲ့ ဘာသာစကားကျွမ်းကျင်မှုကို တပ်ဖွဲ့ကပြန်လည် အသုံးမချနိုင်ခဲ့ပါဘူး။
ဒီလို ပြည်သူ့စစ်မှုထမ်းကို ပိုင်ဆိုင်တဲ့ တပ်ဖွဲ့အနေနဲ့ဆိုရင် တပ်တွင်းက မိသားစုဝင်ကလေးများကို နွေရာသီမှာဖြစ်ဖြစ်၊ ကျန်အချိန်ပိုင်းတွေမှာပဲဖြစ်ဖြစ် သင်တန်းဖွင့်ပြီး တာဝန်ပေးအပ်နိုင်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ ကလေးငယ်များလည်း ဘာသာစကားတစ်မျိုး ကျွမ်းကျင်မှုရနိုင်သလို ဒီပြည်သူ့စစ်မှုထမ်းအတွက်လည်း ဘာသာစကားကို စစ်မှုထမ်းဆောင်နေချိန်မှာ ပိုမိုလေ့လာခွင့်ရနိုင်ပါတယ်။
နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ သဘောပေါ့။ ဒါကြောင့် တပ်ဖွဲ့အလိုက် ကိုယ့်ဆီကိုတာဝန်ကျ၍ရောက်ရှိလာတဲ့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ မူလအရည်အချင်းအမှန်ကို စိစစ် မေးမြန်းပြီး တပ်ဖွဲ့တွင်းမှာ အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ဖို့ အကြံပြုလိုပါတယ်။
လက်ရှိ နှစ်ပြည့်လို့ အိမ်ပြန်သွားသူတွေကို နှစ်နှစ်တာကာလအတွင်းမှာ သူတို့ဆီက တာဝန်ထမ်းဆောင်မှုတစ်ခုသာရလိုက်ပြီး တပ်ဖွဲ့အလိုက် သူတို့မူလအရည်အချင်းကို အသုံးချပြီး ကျန်တာမရလိုက်ဘူးဆိုပါစို့။ တပ်မတော်ကြီးကတော့ သူတို့ကိုလက်ဆောင်ကောင်းတွေ ပေးလိုက်နိုင်ပါတယ်။ ဒါတွေကတော့ တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်တဲ့ အမိန့်နာခံတတ်မှု၊ စည်းကမ်းကောင်းမွန်မှု၊ ရဲဘော်စိတ်၊ စစ်ပညာ၊ အဖွဲ့အစည်းစိတ်ဓာတ်၊ ရဲရင့်မှု စတဲ့တပ်မတော်သားဘဝရဲ့ လှပတဲ့အမြုတေများပါပဲ။ တာဝန်ထမ်းဆောင်နေတဲ့ သခိုက်မှာတော့ သူတို့နေအိမ် လွမ်းစိတ်တွေဖြစ်ခဲ့ကြမှာပါ။ နုနယ်တဲ့ ပြည်သူ့စစ်မှုထမ်းဘဝမို့ အရပ်ထဲက မိသားစုတစ်တွေကို အကြိမ်ကြိမ်လွမ်းခဲ့ကြမှာပါ။
နှစ်ပြည့်တဲ့ အိမ်ပြန်ချိန်ကို သူတို့အကြိမ်ကြိမ်တမ်းတခဲ့ကြမှာပါ။အမှတ်စဉ်(၁)တွေကတော့ နှစ်ပြည့်လို့ အိမ်ပြန်ခဲ့ကြပါပြီ။ အိမ်ပြန်ချိန်မှာလည်း ရပ်ထဲ၊ ရွာထဲက သောင်းသောင်းဖြဖြနဲ့ ကြိုဆိုကြတာကိုလည်း တွေ့မြင်ရပါတယ်။ သူတို့အိမ်ပြန်ချိန်ကို ကြိုဆိုကြပုံများက အမြဲတမ်းတပ်မတော်သားများရဲ့ ခွင့်ပြန်ချိန်မှာ ကိုယ်စားဝင်ခံစားမိစေလောက်တဲ့ စိတ်ကူးခံစားချက်တစ်ခုကိုပင် ဖြစ်ပေါ်နိုင်ပါသေးတယ်။ တာဝန်ထမ်းဆောင်ချိန်မှာ နေအိမ်လွမ်းစိတ်ဖြစ်ခဲ့ပေမယ့် ယခုအိမ်ပြန်ပြီး မူလပြည်သူတစ်ယောက်အနေနဲ့ ပြန်နေရဖို့ဆိုရင် သူတို့တပ်လွမ်းစိတ်မဖြစ်နိုင်ဘူးလား။ စဉ်းစားကြည့်စရာပါ။
ဘာကြောင့်လဲ။ တပ်ထဲမှာ သူနဲ့အတူတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆိုးတူကောင်းဖက် ရဲဘော်ရဲဘက်တွေ ကျန်နေခဲ့ရတယ်။ ပြည်သူ့စစ်မှုထမ်းဆိုပေမယ့် အားလုံးကို တပ်မတော်သားပဲဆိုတဲ့ အမြင်တစ်ခုနဲ့ အထက်အရာရှိတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းတွေက ဆက်ဆံခဲ့ကြတာ မဟုတ်ပါလား။ နှစ်နှစ်ပြည့်ရင် အိမ်ပြန်ကြမယ့်သူတွေဆိုတဲ့ အတွေးနဲ့ သူတို့ကိုဆက်ဆံခဲ့ကြတာ မဟုတ်ပါဘူး။
ဒါ့အပြင် တပ်မိသားစုများကပါ ပျော်ကာတစ်လှည့်၊ ဝမ်းနည်းတစ်ဖုံ၊ ကျွေးမွေးတစ်လှည့်၊ ဝိုင်းလုပ်ဝိုင်းစားတစ်ဖုံ ရသစုံနဲ့နေခဲ့ကြတဲ့ ပုံရိပ်များကလည်း ရှိခဲ့ကြတာမဟုတ်ပါလား။ သူတို့နောက်ကို မသိမသာကပ်ငြိတွယ်သွားတာကတော့ ရဲဘော်စိတ်၊ မိသားစုစိတ်ပါပဲ။ ရဲဘော်စိတ်ဆိုတာ မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာတရားတွေနဲ့ ရစ်ပတ်ထုံးဖွဲ့ထားတာပါ။ သူတို့ နှလုံးသားကို ကပ်ငြိတွယ်သွားပုံကို သူတို့သတိမထားမိလောက်ပါဘူး။ တိုက်ဆိုင်မှုရှိခဲ့ရင်တော့ သေချာပါတယ်။ “တပ်လွမ်းစိတ်” ဆိုတာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ဖြစ်ပေါ်လာမှာပါပဲ။
ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်မှာ ဟောကြားထားတာရှိပါတယ်။ သေနာသနမ္ပိ ဥပနိဿယ ပစ္စယေနပစ္စယောတဲ့။ အိမ်၊ ကျောင်း၊ အိပ်ရာ၊ နေရာတို့သည်လည်း အားကြီး၍မှီရာသတ္တိဖြင့် ကျေးဇူးပြုတတ်၏တဲ့။ သူတို့ဟာ လောကီလူသားတွေဖြစ်တာမို့ အကျိုးအကြောင်း ဆက်စပ်ဖြစ်ပေါ်ရာ ပဋ္ဌာန်းဒေသနာတော်တွေကို လွန်ဆန်လို့ရမှာမဟုတ်ပါဘူး။ နှစ်နှစ်တာနေခဲ့ဖူးတဲ့ တပ်ကလေးတွေ၊ အတူတူတိုက်ပွဲဝင်ရင်းနေခဲ့ကြတဲ့ ရှေ့တန်းစခန်းလေးတွေကအစ သူငယ်ချင်းများနဲ့ သောက်ခဲ့ကြတဲ့ လက်ဖက်ရည်ခွက်လေးတွေအဆုံး သူတို့သတိရနေကြမှာပါ။ အဲ့ဒါ စာရေးသူပြောချင်တဲ့ “တပ်လွမ်းစိတ်”ပါပဲ။ စာဖတ်သူများအနေနဲ့လည်း မိမိရော အိမ်ကနေခဏတစ်ဖြုတ်ထွက်သွားပြီး တစ်နေရာတည်းခိုခဲ့တယ် ဆိုပါစို့။ အိမ်ပြန်ရောက်တဲ့အခါ “ ဪ ငါအခုအချိန်ဆို အဲ့ဒီနေရာမှာ ဘာလုပ်နေပြီ ပျော်ခဲ့ရတယ်၊ စိတ်ချမ်းသာခဲ့ရတယ်” ဆိုတဲ့စကားမျိုးပြောမိကြမှာပါ။ ဒါဟာ လောကီလူသားတိုင်း ဖြတ်တောက်ဖို့ခက်ခဲတဲ့ ဥပနိဿယပစ္စယောပါပဲ။ ယနေ့ အိမ်ပြန် ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်းအချို့လည်း ဒီခံစားချက်ကို မလွဲမသွေခံစားကြရမှာပါ။
စိတ်ဆိုတာ အာရုံကြိုးတန်းပေါ်မှာ လျှောက်လှမ်းငြိတွယ်တတ်တဲ့ သဘာဝကိုသိသူအဖို့ “တပ်လွမ်းစိတ်”ဆိုတာ သူတို့အတွက် တစ်ချိန်တော့ဖြစ်တည်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းမိတဲ့သဘောပါပဲ။
ဒီလိုလွမ်းမိလို့ မိမိတာဝန်ထမ်းဆောင်ခဲ့ရာ တပ်ကို အလွမ်းပြေပြန်ကြမယ်ဆိုလည်း တပ်နဲ့ တပ်မိသားစုတွေက အမြဲနွေးထွေးစွာ ကြိုဆိုနေကြဦးမှာပါ။
အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ဆက်လက် ထမ်းဆောင်မယ်ဆိုလည်း တပ်မတော်ကြီးက တံခါးဖွင့်ကြိုဆိုနေမှာပဲဖြစ်ပါတယ်။ ယခုဆိုရင် ရှေ့လူတွေ အိမ်ပြန်နိုင်ကြလို့ မကြာခင် နှစ်ပြည့်မယ့်သူများကလည်း တာစူနေကြပါပြီ။ တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့စစ်မှုထမ်းများကလည်း မိမိပန်းတိုင်ကို မျှော်တွေးရင်း စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ကြိုးပမ်းထမ်းရွက်နေလျက်ရှိပါတယ်။
သင်တန်းတက်ရောက်နေကြသူများကလည်း ခရီးအစကို ကြိုးစားအားထုတ်မှုများနဲ့ စတင်လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ ဒီနေရာမှာ တွေ့မြင်ရတဲ့ ရလဒ်ကတော့ နိုင်ငံတော်ရဲ့ကာကွယ်ရေးအင်အားခိုင်မာတောင့်တင်းခြင်းဆိုတဲ့အချက်ပါပဲ။
စာရေးသူအနေနဲ့ ဆောင်းပါးတွေမှာရေးဖြစ်တယ်။ ပြည်သူ့စစ်မှုထမ်းအချို့ကိုလည်း ပြောဖြစ်တယ်။ “တို့နိုင်ငံကို တို့လူမျိုးမှမကာကွယ်ရင် ဘယ်သူတွေက လာကာကွယ်ကြမှာလဲ၊ တို့နိုင်ငံကို တို့တပ်မတော်မှ မကာကွယ်ရင် ဘယ်တပ်မတော်က လာကာကွယ်ပေးမှာလဲ၊ ဒါဟာ ငါတို့မိသားစု အိမ်တွင်းရေးမဟုတ်ဘူးလား”ဆိုတာကို သူတို့နဲ့တွေ့တိုင်း ပြောဖြစ်ခဲ့ပါတယ်။ ဒီလိုပါပဲ။ တာဝန်ထမ်းဆောင်ပြီး အိမ်ပြန်ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်း စစ်သည်တော်တွေ၊ တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့စစ်မှုထမ်း စစ်သည်တော်တွေကိုလည်း ဒီဆောင်းပါးကတစ်ဆင့် ဒီစကားကိုဆက်အမှာပါးချင်ပါတယ်။
မည်သို့ပင်ဆိုပါစေ။ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)တွေ သူတို့အိမ်ပြန်ခဲ့ကြပါပြီ။ တာဝန်တွေ ထမ်းဆောင်ရင်း နှစ်နှစ်တာ လွမ်းခဲ့ရတဲ့ သူတို့အိမ်လေးတွေကို သူတို့ပြန်ရောက်ခဲ့ပါပြီ။ တာဝန်ကျေပွန် ရဲရင့်မွန်မြတ် ဂုဏ်ဒြပ်များဖြင့် ပြန်ချင်စိတ်ကြောင့် ပြန်ခွင့်ရခဲ့သော်ငြား မသိမသာကပ်ငြိတွယ်ခဲ့ သံယောဇဉ်ကြောင့် အမှတ်ရရင်း တမ်းတစိတ်နဲ့ လွမ်းစိတ်ဝေဦးမည်မှာလည်း ဖြစ်မြဲဓမ္မတာပင် မဟုတ်ပါလား။

ဘိန်းသမိုင်းအကျဉ်း
ဘိန်းကိုဘိန်းပင်၏ အသီးမှခြစ်ယူရရှိပြီး ဘီစီ ၅၀၀၀ ခန့်က မြေထဲပင်လယ်ဒေသတွင် အစားအစာ၊ ဆေးဝါးနှင့်အခမ်းအနားများတွင်အသုံးပြုခဲ့ကြောင်း ရှေးဟောင်းဂရိစာပေမှတ်တမ်းများအရတွေ့ရှိရပါသည်။ ဘီစီ ၃၄၀၀ ခန့်က အရှေ့အလယ်ပိုင်းရှိ ယူဖရေးတီးနှင့် တီဂရစ်မြစ်အကြား မက်ဆိုပိုတေးမီးယားဒေသ ယခုခေတ် (အီရန်-အီရတ်-ဆီးရီးယား) ရှိ ဆူမေးရီးယန်းလူမျိုး (Sumerians) များက ဘိန်းပင် (Poppy) ကို အစောဆုံး စိုက်ပျိုးခဲ့ပြီး ဆူမေးရီးယန်းများက ပျော်ရွှင်မှုအပင် (Hul-gai) ဟုခေါ်ဆိုကြပါသည်။ “ဘိန်း” ဆိုသည့်ဝေါဟာရမှာ မြန်မာမူရင်းစကားလုံးမဟုတ်ပါ။ ဘိန်းကို ဥရောပအလယ်ပိုင်းနှင့် အာရှမိုင်းနားဒေသတွင် “အိဖွန်” ဟုခေါ်ဆို၍ ပါဠိဘာသာဖြင့် “အိဟိဖန” (Ahiphena)၊ သက္ကတ-သင်္သကရိုက် (Sanskrit) ဘာသာဖြင့် “အဖေန”၊ အိန္ဒိယဘာသာစကားဖြင့် “အဖိန်း” ဟု ခေါ်ဆိုရာမှ မွန်-မြန်မာဘာသာဖြင့် “ဘိန်း” ဟုခေါ်ဆိုခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
အေဒီ ၉ ရာစုခန့်တွင် အာရပ်လူမျိုးသမားတော်များက ဘိန်းကိုဆေးကုသရာတွင် စတင်အသုံးပြု ခဲ့ရာမှ ဆေးဝါးအဖြစ် နှစ်ပေါင်း ၄၀၀၀ ခန့် ပုံစံအမျိုးမျိုးဖြင့် သုံးစွဲခဲ့ပါသည်။ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၁၀၀၀ အတွင်း ဘိန်းသည် မြေထဲပင်လယ်ဒေသမှ အာရှနှင့်အရှေ့ဖျားနိုင်ငံများသို့ ပျံ့နှံ့လာခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းသည် အာရပ်ကုန်သည်များ ကုန်စည်ကူးသန်းရောင်းဝယ်ရာမှ အိန္ဒိယနှင့် တရုတ်နိုင်ငံဘက်သို့ရောက်ရှိလာခဲ့သည်။ ၁၆ ရာစုခန့်တွင် အာရပ်နှင့်ပေါ်တူဂီကုန်သည်များ အာရှဒေသနှင့်အိန္ဒိယနိုင်ငံသို့ ကုန်စည်ကူးသန်းရာမှ ဘိန်းမျိုးစေ့များရောက်ရှိလာပြီး အိန္ဒိယနှင့်တရုတ်နိုင်ငံတို့တွင် ဘိန်းစိုက်ပျိုးမှုဖြစ်ပေါ်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသို့ဘိန်းရောက်ရှိလာခြင်း
မြန်မာနိုင်ငံသို့ ၁၅၁၅ ခုနှစ်မှ ၁၅၈၀ ပြည့်နှစ်များအတွင်း၌ ဘိန်းစတင်ရောက်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပြီး ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် ကိုလိုနီအစိုးရက ဘိန်းလိုင်စင်များချထား၍ ဘိန်းခန်းများဖွင့်လှစ်ခွင့်ပြုရာမှ မြန်မာနိုင်ငံတွင် ဘိန်းသုံးစွဲမှုစတင်လာခဲ့ပါသည်။ ဘိန်းကုန်သွယ်မှု၊ ဘိန်းစားသုံးမှုများရှိလာသည့်အပြင် ပတ်ဝန်းကျင်ဒေသတွင်း ကိုလိုနီနိုင်ငံများတွင်လည်း ဘိန်းစားသုံးသည့် အလေ့အထများရှိလာပြီး ဘိန်းဝယ်လိုအားများလာခြင်း၊ ဘိန်းဝယ်လိုအားများလာသည်နှင့်အမျှ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဆုံရာနယ်မြေ (နောင်တွင် ရွှေတြိဂံဒေသဟုခေါ်ဆိုလာသည့်) သို့ ပတ်ဝန်းကျင်ဒေသများမှ ဘိန်းမျိုးစေ့များ၊ ဘိန်းစိုက်သည့်အလေ့အထများ ဝင်ရောက်လာပြီး ထိုဒေသမှ တောင်ပေါ်သားတို့သည် ဘိန်းစိုက်ပျိုးထုတ်လုပ်လာခြင်း၊ ဆက်စပ်လျက်ရှိသည့် မြန်မာနိုင်ငံတောင်တန်းဒေသများသို့ ဘိန်းမျိုးစေ့များ ပျံ့နှံ့လာခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဒေသတွင် ဘိန်းစိုက်ပျိုးမှုစတင်လာခဲ့ကြောင်း တွေ့ရှိရသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်တွင် ရှမ်းပြည်နယ်၏ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ အတိုင်းအတာတစ်ခုအနေဖြင့်ရှိနေပြီး အနာဂတ်တွင်ပိုမိုများပြားမည့် မူးယစ်ဆေးဝါးပြဿနာများအတွက် မျိုးစေ့ချထားပြီးသကဲ့သို့ဖြစ်နေသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာအစိုးရက “ဘိန်းခင်းများ နှိပ်ကွပ်ရေးဥပဒေ” ကိုပြဋ္ဌာန်းပြီး ဘိန်းစားသုံးမှုကို ပိတ်ပင်တားမြစ်နိုင်ခဲ့သော်လည်း သံလွင်မြစ်အရှေ့ခြမ်း ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ပျိုးမှုပြဿနာမှာကျန်ရှိနေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များ၊ သောင်းကျန်းသူအဖွဲ့အစည်းများ အများအပြား ပေါ်ပေါက်လာခြင်းကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသည် နိုင်ငံနေရာအနှံ့သို့သွားလာနိုင်မှုမရှိခြင်းမှာလည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုလျှော့ချရာတွင် အဓိကအဟန့်အတားတစ်ခုအဖြစ် ကြုံတွေ့ခဲ့ရသည်။
ဘိန်းစိုက်ပျိုးမှုအခြေအနေ
မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ဖွံ့ဖြိုးမှုနောက်ကျသည့်ဒေသများ၊ နယ်မြေ တည်ငြိမ်မှုအားနည်းသည့်နေရာများနှင့် တောတောင်ထူထပ်သည့်နေရာများတွင် ဘိန်းစိုက်ပျိုးမှု များပြားကြောင်းတွေ့ရှိရပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး (အနောက်ခြမ်း) တို့တွင် ဘိန်းစိုက်ပျိုးလေ့ရှိကြောင်း တွေ့ရှိရပါသည်။ ဘိန်းစိုက်ပျိုးမှုကိုတိုင်းတာမှုများအရ ၁၉၉၆ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၁၆၃၀၀၀ ဟက်တာရှိပြီး နိုင်ငံတော်က မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မှုကြောင့် ၂၀၀၆ ခုနှစ်တွင် ၂၁၅၀၀ ဟက်တာအထိ ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းတွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ NCA သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး မူးယစ်ဆေးဝါးကိုကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းဆွေးနွေးခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၉၅၀၀ ဟက်တာအထိ ကျဆင်းသွားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် လက်နက်ကိုင်သောင်းကျန်းသူများက ဒေသခံပြည်သူများအား ဘိန်းစိုက်ပျိုးမှုတိုးချဲ့ရန် တွန်းအားပေးစေခိုင်းခြင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက နိုင်ငံ၏နေရာအနှံ့သို့သွားလာ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ရန် အကန့်အသတ်ရှိလာခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်မှစတင်၍ ဘိန်းစိုက်ပျိုးမှု အနည်းငယ်မြင့်တက်လာခဲ့ပါသည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာအပေါ် ချဉ်းကပ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင်ပြဋ္ဌာန်းခဲ့သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်အရ ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးဆိုသည့် မူဝါဒများနှင့်အညီ ကိုင်တွယ်ဖြေရှင်းလျက်ရှိပါသည်။ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သော လုပ်ငန်းများအပေါ် မှီခိုနေရမှုလျှော့ချနိုင်ရေးအတွက် အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့သောအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးအပါအဝင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုသည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်နှင့်အညီ တစ်ဖက်မှဘိန်းစိုက်ပျိုးမှုသတင်းများကိုရယူဖော်ထုတ်၍ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဘိန်းစိုက်ဒေသများ၌ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်၍ ဘိန်းစိုက်တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဘိန်းစိုက်တောင်သူ
ဘိန်းစိုက်တောင်သူအများစုမှာ လွန်စွာဆင်းရဲနွမ်းပါးကြပါသည်။ ဘိန်းသည်လူ့အဖွဲ့အစည်းကို မည်မျှထိခိုက်စေကြောင်း၊ ကမ္ဘာတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့်သုံးစွဲမှုများ အဆမတန်မြင့်တက်လာမှုကြောင့် နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် ဆိုးရွားသောအန္တရာယ်ကျရောက်စေမည့် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိလာသည့် အကျိုးအမြတ်နှင့်ငွေကြေးတို့သည် အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ပင်လယ်ဓားပြမှု၊ ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်ပေါ်စေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာထိခိုက်စေ၍ လူသားအရင်းအမြစ်များ ဆုံးရှုံးလာပြီး လူရာမဝင်လူစဉ်မမီသည့် မျိုးဆက်သစ်လူ့အဖွဲ့အစည်းများ ဖြစ်လာစေနိုင်ကြောင်းကို ဘိန်းစိုက်သူများအနေဖြင့် ဗဟုသုတရှိချင်မှရှိကြမည်၊ ဘိန်းစိုက်ရာသီတွင် မိသားစုစားဝတ်နေရေးအတွက် တောင်စောင်း၌ထွန်ယက်ပြီး ဘိန်းခင်း တစ်ဧက (သို့မဟုတ်) နှစ်ဧကကိုစိုက်ပျိုးမည်၊ ဘိန်းစိုက်ရန် အရင်းအနှီးထုတ်ပေးမည့် နောက်ကွယ်မှသူတွေ အဆင်သင့်ရှိသည်၊ စျေးကွက်ရှာရန်မလို ဘိန်းပေါ်လျှင် လာရောက်သိမ်းယူမည့် သူတွေအဆင်သင့်ရှိသည်။ ဘိန်းတစ်ဧကကို အထွက်နှုန်းအပေါ်မူတည်၍ လေးပိဿာနှင့် ခြောက်ပိဿာကြားရမည်ဆိုလျှင် ဘိန်းတစ်ပိဿာ ငွေကျပ် ငါးသိန်းခန့်နှင့်တွက်ပါက ဘိန်းတစ်ဧက ငွေကျပ်သိန်း ၂၀ မှ သိန်း ၃၀ ကြားရမည်၊ ရရှိသည့်ငွေဖြင့် စားဝတ်နေရေးဖြေရှင်းရသည်။ ကျွမ်းကျင်သူပညာရှင်များ၏ တွက်ချက်မှုအရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကအကျိုးအမြတ်ရရှိသူများမှာ လက်နက်ကိုင်သောင်းကျန်းသူများ၊ နောက်ကွယ်မှ အရင်းအနှီးထုတ်ပေးသူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများသာဖြစ်ပြီး ဘိန်းစိုက်တောင်သူများ၏ဝင်ငွေမှာ Zero Level သာဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ် မေလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့တွင် ပြုလုပ်ခဲ့သည့် ခုနစ်ကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက်၏ ဖော်ပြချက်အရ ဘိန်းစိုက်တောင်သူများသည် တောင်တန်းဒေသများတွင် သီးခြားနေထိုင်ရပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါး၍ အသက်မွေးဝမ်းကျောင်းအတွက် ဘိန်းစိုက်ပျိုး၍ရရှိလာသောဝင်ငွေကို မိသားစုစားဝတ်နေရေးနှင့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုကြရကြောင်း၊ ဘိန်းစိုက်ပျိုးမှု၏ အဓိကအချက်မှာ ဆင်းရဲနွမ်းပါးမှုဖြစ်ကြောင်း၊ လူအချို့က ဘိန်းစိုက်တောင်သူများ ငွေကြေးများစွာရရှိနေသည်ဟု ယူဆနေကြသော်လည်း အမှန်တကယ်မှာ ဆင်းရဲနေကြဆဲဖြစ်ကြောင်း၊ ဘိန်းစိုက်တောင်သူများကို အပြစ်ကျူးလွန်သူများအဖြစ် မမြင်စေလိုကြောင်းနှင့် အစိုးရကို ဆန့်ကျင်ရန်၊ ကမ္ဘာကြီးကိုဆန့်ကျင်ရန် ဘိန်းစိုက်ပျိုးခြင်းမဟုတ်ဘဲ အသက်ရှင်နေထိုင်ရန်အတွက်သာ ဘိန်းစိုက်ကြခြင်းဖြစ်ကြောင်း၊ ဘိန်းစိုက်တောင်သူများသည် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသောနယ်မြေများ၌နေထိုင်ရပြီး လက်နက်ကိုင်ပဋိပက္ခသည် ဘိန်းစိုက်ပျိုးမှုကို နောက်ကွယ်မှအဓိကတွန်းအားပေးလျက်ရှိကြောင်း၊ ငြိမ်းချမ်းမှုမရှိသမျှကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှုရှိလာမည်မဟုတ်သဖြင့် အခြေခံစားဝတ်နေရေးအတွက် ဘိန်းကိုစိုက်ပျိုးနေရကြောင်း၊ တရားမဝင်လက်နက်ကိုင်အဖွဲ့များသည် ဘိန်းစိုက်ပျိုးမှုကိုတွန်းအားပေးပြီး ၎င်းတို့နှင့်အချိတ် အဆက်ရှိသည့် ကုန်သည်များကိုသာ ဘိန်းဝယ်ယူရောင်းချခွင့်ပြုခြင်းဖြင့် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုကို လက်ဝါးကြီးအုပ်ထားကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။
ဒေသတွင်းနိုင်ငံများ၏ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း
မဲခေါင်ဒေသတွင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ၁၉၅၈ ခုနှစ်တွင် ဘိန်းစိုက်ပျိုးခြင်းကိုပိတ်ပင်ခဲ့သော်လည်း အရင်းအမြစ်မလုံလောက်မှု၊ ဒေသနေပြည်သူများ နားလည်မှုနည်းပါးခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ်တွင် ချင်းမိုင်ခရိုင်ရှိ အချို့ဘိန်းစိုက်ပျိုးသူများသည် ဒေသထွက်မက်မွန်သီးများရောင်းချခြင်းမှ ဝင်ငွေရရှိကြောင်းသိရှိခဲ့ပြီး မက်မွန်သီးစိုက်ပျိုးခြင်းသည် ဘိန်းထက်ဝင်ငွေပိုမိုရရှိ၍ ရာဇဝတ်မှုမမြောက်ကြောင်းကို ဒေသခံများသိရှိအောင် အစိုးရကဆောင်ရွက်ခဲ့ပြီး Princess Mother's Medical Volunteer Foundation မှတစ်ဆင့် ဝေးလံသောတောင်ပေါ်ဒေသရှိ ပြည်သူများ၏ စာသင်ကြားမှု၊ ဆင်းရဲမွဲတေမှုနှင့် ကျန်းမာရေးကိစ္စများကို ဆယ်စုနှစ်များစွာထောက်ပံ့ကူညီခဲ့ကြောင်း၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်း၍ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မျိုးစေ့၊ ဓာတ်မြေသြဇာ၊ လေ့ကျင့်သင်ကြားရေးနှင့် အခြေခံအဆောက်အအုံများပံ့ပိုးပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ရာ ယခုအခါအောင်မြင်မှုများရရှိခဲ့ကြောင်း၊ ၁၉၇၁ ခုနှစ်တွင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သည် UNFDAC နှင့်ပူးပေါင်း၍ အစားထိုးသီးနှံနှင့် ရပ်ရွာဖွံ့ဖြိုးရေးစီမံကိန်းများကိုတည်ထောင်၍ အာရေးဗီးကားကော်ဖီ (ArabicaCoffee)၊ လက်ဖက်ခြောက်၊ ဂေါ်ဖီထုပ်၊ ပန်းသီးနှင့်အလှဆင် ပန်းများအပါအဝင် သီးနှံမျိုးစိတ်အသစ် ၁၅၀ ကျော်ကို ဘိန်းစိုက်တောင်သူများအား မျိုးဖြန့်ဝေခြင်း၊ ဖွံ့ဖြိုးရေးစင်တာများနှင့် သုတေသနစခန်းများ ဖွင့်လှစ်ပေးခြင်း၊ ဘိန်းအစားထိုးထုတ်ကုန်များကို Doi Kham အမှတ်တံဆိပ်ဖြင့် စူပါမားကတ်များတွင်တင်၍ဖြန့်ဖြူးပေးခြင်း၊ သစ်သီးခြောက်နှင့် ဖျော်ရည်ထုတ်ကုန်များကို ဂျပန်၊ တရုတ်နှင့် ရုရှားနိုင်ငံများတွင်စျေးကွက်ရရှိရန် ဆောင်ရွက်ပေးခြင်း၊ ချင်းရိုင်ပြည်နယ်တွင် Mae Fah Luang Foundation ၏ ဘိန်းအစားထိုးဖွံ့ဖြိုးရေး Doi Tung ကော်ဖီစေ့များကို ဂျပန်လေကြောင်းလိုင်းများနှင့် ဂျပန်လက်လီအရောင်းဆိုင် Muji စတိုးဆိုင်များတွင် ရောင်းချနိုင်ရေးဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
အလားတူ လာအိုနိုင်ငံသည် နိုင်ငံမြောက်ဘက်ပိုင်းရှိ ဆင်းရဲပြီးဝေးလံသီခေါင်သည့်ပြည်နယ်များတွင် ဘိန်းစိုက်ပျိုးလျက်ရှိသည့်အတွက် အဓိကဘိန်းစိုက်ပျိုးသည့်နေရာများ၌ အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တောင်သူအစုအဖွဲ့ပိုင် ဗန်မိုင်သမဝါယမအသင်းသည် ကော်ဖီစိုက်ပျိုး၍ ပြင်သစ်မာလန်ဂိုကော်ဖီကုမ္ပဏီ (Malongo Coffee) နှင့် နှစ်ရှည်အရောင်းအဝယ် သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီး ၂၀၂၅ ခုနှစ်အထိ ကော်ဖီ ဈေးကွက်ရရှိနိုင်ရန်ဆောင်ရွက်၍ ကော်ဖီမှုန့်များကို ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ကြောင်း၊ ဗန်မိုင်သမဝါယမအသင်း၏ အောင်မြင်မှုကိုအခြေခံ၍ အလားတူစီမံကိန်းတစ်ခုကို ဖုန်စလေပြည်နယ်တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့်ညှိနှိုင်း၍ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် တရားဝင်ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်မှုလမ်းကြောင်းများကို ဖြတ်တောက်ခဲ့သဖြင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ဘိန်းစိုက်ပျိုးမှု ဘက်သို့ဦးတည်သွားသည့်လူဦးရေ ပိုမိုများပြားလာနိုင်သည့်အတွက် ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်နှင့် ဘိန်းအစားထိုးသီးနှံ ကော်ဖီပင်စိုက်ပျိုးခြင်းသည် ရေရှည်ဝင်ငွေရရှိနိုင်သည့်လုပ်ငန်းဖြစ်ကြောင်း သိရှိလာစေရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြချက်များအရ လေ့လာတွေ့ရှိရပါသည်။
ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း
မြန်မာနိုင်ငံအနေဖြင့်လည်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ခဲ့ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေး၊ မူးယစ်ဆေးဝါးစိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မားတိုးတက်ပြောင်းလဲရေး၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာကူးလူးဆက်ဆံနိုင်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားရေး စသည့်အချက်များကို မူဝါဒတစ်ရပ်အနေဖြင့် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဘိန်းစိုက်ပျိုးရာဒေသများတွင် လမ်းဖောက်လုပ်ပေးခြင်း၊ ရေရရှိရေး၊ လျှပ်စစ်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေး/ မွေးမြူရေးအတွက် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း စသည့် (Substainable Development) ဖြစ်စေမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ လက်အောက်ရှိ သီးနှံများအစားထိုး စိုက်ပျိုးရေးအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းဝင်မြို့နယ် ၅၅ မြို့နယ်၌ နှစ်ချင်းသီးနှံမျိုးစေ့ဖြန့်ဖြူးခြင်း၊ နှစ်ရှည်ပျိုးပင် ဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှု၊ စိုက်ပျိုးရေး ပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ မွေးမြူရေးအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပုဂ္ဂလိကပျားမွေးမြူသူလုပ်ငန်းရှင်များနှင့် ကျေးလက်နေပြည်သူများအား ပျားမွေးမြူရေးသင်တန်းများပို့ချပေးခြင်း၊ စီမံကိန်းဝင် ၅၁ မြို့နယ်တွင် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ အခြားတိရစ္ဆာန် ၁၃၁၅၇၉၆ ကောင်ကို ရောဂါ ကာကွယ်ပေးနိုင်ခဲ့ပြီး ၁၈၁၂၉၇ ကောင်တို့ကို ရောဂါကုသပေးနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ထိုင်းနိုင်ငံ မယ့်ဖားလုံ ဖောင်ဒေးရှင်းနှင့်ပူးတွဲ၍ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိဆောင်ရွက်ခဲ့ရာ ကျန်းမာရေးထောက်ပံ့မှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ မွေးမြူရေးနှင့်ကုသရေး၊ စီးပွားဖြစ်သစ်တောနှင့် အသုံးချသစ်တောလုပ်ငန်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း၊ စီးပွားစစ်တမ်းကောက်ယူခြင်းလုပ်ငန်း၊ လေ့လာရေးခရီးစဉ်၊ စီမံကိန်းဧရိယာအတွင်းသို့ ကိုယ်စားလှယ်များ လေ့လာရေးနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်း စသည့်လုပ်ငန်းများ ပါဝင်ခဲ့ပါသည်။ အလှူရှင်နိုင်ငံများ၏ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ဟိုပုံးမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာ ၆၀ တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကို နှစ်အလိုက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ ဘိန်းအစားထိုးကော်ဖီစိုက်တောင်သူများ၏ ရွှေစိမ်း (Green Gold) ကော်ဖီစိုက်တောင်သူသမဝါယမအသင်းနှင့် ပြင်သစ်နိုင်ငံမှ မာလန်ဂို (Malongo Coffee) ကုမ္ပဏီတို့အကြား ငါးနှစ်စီမံကိန်းကို လက်မှတ်ရေးထိုး၍ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း ဒေသများမှထွက်ရှိသော ကော်ဖီတန်ချိန် ၆၀၀ ကျော်ကို ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချ နိုင်ရေးအတွက် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါသည်။ အရည်အသွေးကောင်းမွန်သည့် အစားထိုးသီးနှံကော်ဖီများကို Malongo ကော်ဖီကုမ္ပဏီမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကော်ဖီတန်ချိန် ၇၁၇ ဒသမ ၂၂ တန် တင်ပို့ရောင်းချခဲ့ပြီး ဈေးကွက်သစ်အဖြစ် ဂျပန်နိုင်ငံသို့ ကော်ဖီ သုည ဒသမ ၆ တန် တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။
အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံဘက်မှ တာဝန်ခံဌာနများနှင့် ထိုင်းနိုင်ငံ မယ့်ဖားလုံဖောင်ဒေးရှင်းတို့က ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် နောင်တရားဒေသတွင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းအနေဖြင့် ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ မွှေးပြင်၊ ပင်ခင်၊ လွယ်မော၊ ပေါ့အင်ကျေးရွာအုပ်စု လေးအုပ်စု၊ ကျေးရွာ ၉၆ ရွာ၊ အိမ်ထောင်စု ၆၁၄၉ စုတွင် ကော်ဖီပင်စိုက်ပျိုးခြင်း၊ လက်ဖက်ပင်စိုက်ပျိုး၍ လက်ဖက်ခြောက်ထုတ်လုပ်ခြင်း၊ ပြောင်းစိုက်ပျိုးခြင်း၊ နွားမွေးမြူခြင်း စသည့် ဘိန်းအစားထိုး စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒေသတွင်းနိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဘိန်းစိုက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ သန့်ရှင်းသည့် သောက်ရေ/သုံးရေရရှိရန်၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး စသည့်အခြေခံအဆောက်အအုံ လိုအပ်ချက်များပြည့်စုံရန်ဆောင်ရွက်ပေးခြင်း၊ ဘိန်းစိုက်တောင်သူများအတွက် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ပေးခြင်း၊ စီမံကိန်းမှထွက်ရှိသည့် ထုတ်ကုန်များကို စျေးကွက်ရရှိရေးဆောင်ရွက်ပေးခြင်း၊ သုတေသနနှင့် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူး ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း အလားတူ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့မှာ အဓိကကျပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှု ချုပ်ငြိမ်းသည်နှင့်အမျှ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပိုမိုအောင်မြင်မည် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးကင်းစင်သော လူမှုအသိုက်အဝန်းတည်ဆောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံးကလည်း နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
ကိုးကား -
- မြန်မာနိုင်ငံ၏မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်ချက် နှစ်ပတ်လည် အစီရင်ခံစာများ
- Statement from the 7th, Myanmar Opium Farmer’s Forum,10 May 2019
- How Thailand Became a Model for Alternative Development ( Internet)
- Internet

လူငယ်များအနေဖြင့် မိမိတို့အသက် အရွယ်နှင့်ကျန်းမာရေးကောင်းမွန်မှုများ အရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခွင့်ရရှိခြင်းမှာ အလွန်ပင် ဂုဏ်သိက္ခာရှိသည့်တာဝန်ထမ်းဆောင်မှု ဖြစ်သည်။ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ရေးမှာ မွေးရာပါ တာဝန်အဖြစ်သိရှိကြပြီးဖြစ်သည်။ မိမိ နိုင်ငံကို မိမိတို့လူငယ်များကမှ မကာကွယ် ပါလျှင် မည်သူကလာရောက်ကာကွယ် မည်နည်း။ မိမိနိုင်ငံကို မိမိတို့လူငယ် တွေ ကာကွယ်လိုစိတ်နည်းပါးနေမည် ဆိုလျှင် အဆိုပါနိုင်ငံသည် သူတစ်ပါး၏ ကျူးကျော်မှု၊ ဗိုလ်ကျစိုးမိုးမှုများကို မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံးခဲ့သည်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က ဖြစ်သည်။ အဆိုပါဥပဒေသည်နိုင်ငံတော် နှင့်နိုင်ငံသားများ၏အနာဂတ်လူမှုစီးပွား ဘဝအတွက် လွန်ခဲ့သည့်နှစ်ပေါင်း များစွာက ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်ရောက်မှစတင်ကျင့်သုံးခြင်း ဖြစ်သည်။ အခြားသောကမ္ဘာ့နိုင်ငံများ တွင်လည်း မိမိနိုင်ငံကိုမိမိတို့ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေများကို ထုတ်ပြန်ကာ ပြည်သူ့စစ်မှုထမ်းအဖြစ် နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည်အမှုထမ်းဆောင်ကြရ သည်။
ဤသို့ဆောင်ရွက်ခြင်းမှာ အရေးပေါ် အခြေအနေနှင့်ကြုံလာပါက နိုင်ငံ အတွင်းရှိလူငယ်လူရွယ်များအနေဖြင့် စစ်ပညာတတ်မြောက်ထားပြီး စစ်မှုထမ်း အတွေ့အကြုံရှိနေသည့်အတွက် မည်သည့် ရန်မျိုးကိုမဆိုလွယ်ကူစွာအနိုင်ယူနိုင်ကြ မည်ဖြစ်သည်။ ဂုဏ်ယူဖွယ်ကောင်းသည့်အမျိုးသားရေးတာဝန်ကို အသက် အရွယ်အရ အကျုံးဝင်သူများ တာဝန် သိစိတ်နှင့် ထမ်းဆောင်ခွင့်ရရှိစေရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင် အသက်သွင်းခဲ့သည့်အတွက် ယခုအခါ ပြည်သူ့စစ်မှုထမ်းတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီးမြောက်သူများပင်ရှိလာပြီ ဖြစ်သည်။ မကြာမီအချိန်အတွင်းမှာ ဂုဏ်ယူဝမ်းသာဖွယ်ရာ အိမ်အပြန် ခရီးကို စတင်မည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင် ရသော နှစ်နှစ်တာကာလတွင် ပြည်သူ့ စစ်မှုထမ်းလူငယ်များသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ တာဝန်ကို ကျေပွန်သည့်အပြင် စေတနာပါပါ ထမ်းဆောင်ခဲ့ကြသည့်အတွက် ပြည်သူ့ စစ်မှုထမ်းလူငယ်အချို့မှာ ဂုဏ်ယူဖွယ် ကောင်းလှသည့် ဂုဏ်ပြုချီးကျူးခံရခြင်း များရှိခဲ့သည်။ သူတို့သည် သာမန်အရပ် သားဘဝမှ ပြည်သူ့စစ်မှုထမ်းများအဖြစ် သို့ ကူးပြောင်းရောက်ရှိလာသည့်အခါ ပထမဆုံးသူတို့အတွက်ရရှိသော ကောင်း ကျိုးမှာ တန်ဖိုးရှိသောလူငယ်များဖြစ်လာ ကြခြင်းပင်ဖြစ်သည်။ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုလာတတ်သည်။ အချိန်နှင့်စား၊ အချိန်နှင့်သွားလှုပ်ရှားရသည့်အတွက် ကျန်းမာသန်စွမ်းသောလူငယ်များဖြစ်လာကြသည်။ တပ်မတော်သားတစ်ဦး အဖြစ်ပြည်သူ့စစ်မှုထမ်းကြရသည့်အခါ စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက် ရဲ့ဆိုစကားကဲ့သို့ သွက်လက်ဖျတ်လတ်ကျန်းမာကြံ့ခိုင်သည်မှာ ဒေါင်ဒေါင်ပင် မြည်တော့သည်။
ပြည်သူ့စစ်မှုထမ်းများ၏ စွမ်းဆောင်ချက် များသည် နိုင်ငံတော်လုံခြုံရေးအတွက် အလွန်အရေးပါသည့် အလှည့်အပြောင်း တစ်ခုဖြစ်သည်။ သမိုင်းစာမျက်နှာတွင် ပြည်သူ့စစ်မှုထမ်းများ၏စွမ်းဆောင်မှု ကို မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။ သူတို့၏စွန့်လွှတ်စွန့်စားမှု၊ ရဲရင့်မှု၊ သတ္တိပြောင်မြောက်မှုက “နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုသည်မှာ အမြဲတမ်း စစ်မှုထမ်းတပ်မတော်သားတွေသာမက နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည်” ဟူသောအနှစ်သာရကိုပီပြင်စွာဖော်ညွှန်း ပြသနိုင်ခြင်းဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဆိုသည့်ပြဋ္ဌာန်းချက်ကိုလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စည်းကမ်းစနစ်ကျနစွာ စီမံဆောင်ရွက်ပေးထားသည်။ တရား နည်းလမ်းကျနစွာဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ခြင်းမရှိပါက သတင်းပေး တိုင်ကြားဆက်သွယ်နိုင်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များကိုနေ့စဉ်ထုတ်သတင်းစာ များတွင် ဖော်ပြထားပြီးဖြစ်သည်။ သင်တန်းတက်ရောက်ရန် သင်တန်းများ စတင်ဖွင့်လှစ်ခြင်း၊ သင်တန်းပြီးမြောက် ခြင်းစသည့်အချိန်အခါများတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်တိုင် အလေးထားဂုဏ်ပြုခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ထို့အတူ သင်တန်းသား များ၏ ရင်တွင်းစကားသံများကိုလည်း ပြည်သူများကြားသိအောင် ထုတ်လွှင့်ပြသ ခဲ့ပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများကို နိုင်ငံတော်နှင့်ပြည်သူတို့က အလေးထား ကြည့်ရှုစောင့်ရှောက်မှု၊ ကြိုဆိုဂုဏ်ပြုမှု များ စဉ်ဆက်မပြတ်ရှိနေကြောင်းကို ထင်ရှားစွာပြနေခြင်းဖြစ်သည်။ လူငယ် များအနေဖြင့် ခံ့ညားထည်ဝါစွာပြည်သူ့ စစ်မှုထမ်းဆောင်ခွင့်ရရှိခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို မိမိတို့၏ဘိုးဘွားများတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့၍ ယနေ့တိုင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့ အလယ်တွင်မားမားမတ်မတ်ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ ခေတ်ကာလအလိုက် လူငယ်များ၏တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များနှင့်အတူ စွန့်လွှတ်စွန့်စားကာကွယ်ပေးခဲ့သည့် အတွက် နိုင်ငံတော်သီချင်းတွင်ဖော်ပြ ထားသည့်အတိုင်း “တရားမျှတလွတ်လပ် ခြင်းနဲ့မသွေ-တို့ပြည်-တို့မြေ- များလူ ခပ်သိမ်း-ငြိမ်းချမ်းစေဖို့-ခွင့်တူညီမျှ-ဝါဒ ဖြူစင်တဲ့ပြည်-တို့ပြည် တို့မြေ” အစချီ သော နိုင်ငံတော်သီချင်းကို ဂုဏ်ယူ ဝင့်ကြွားစွာသံပြိုင်ဟစ်ကြွေးနိုင်ခြင်းဖြစ် သည်။ လူငယ်တိုင်းက မိမိနိုင်ငံ၊ မိမိ လူမျိုးကို ချစ်ခင်မြတ်နိုးတန်ဖိုးထား ကာကွယ်လိုစိတ်ရှိနေမှသာ မြန်မာနိုင်ငံ သည် ကမ္ဘာ့အလယ်တွင် ထည်ဝါခံ့ညားစွာ ရပ်တည်နေနိုင်မည်ဖြစ်သည်။ ဘိုးဘွားအမွေစစ်ဖြစ်သည့် မြန်မာ နိုင်ငံကို မျိုးဆက်သစ်လူငယ်အဆက်ဆက် ကလည်း ရှေးကလူငယ်များနည်းတူ ကာကွယ်စောင့်ရှောက်ကြရမည်မှာ သမိုင်းအစဉ်အလာကောင်းဖြစ်သည်။ နိုင်ငံတော်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ထွန်းလာပြီး အရွယ်ရောက်သူ နိုင်ငံသားတိုင်းကာကွယ်ရေးပညာကို သင်ကြားခွင့်ရရှိခြင်းသည် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက် ကောင်းကျိုးတိုးပွားစေခြင်းဖြစ်သည်။ နိုင်ငံတိုင်းတွင် တပ်မတော်ကိုအင်အား ရှိအောင်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိရာတွင် မြန်မာနိုင်ငံ၏ကာကွယ်ရေး စွမ်းအားမြှင့်တင်ခြင်းနည်းလမ်းများထဲ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်း လည်းပါဝင်ပေသည်။ “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဟူသောဆောင်ပုဒ်သည် အမြဲတမ်းမှန်ကန် နေသည့်အမှန်တရားဖြစ်သည်။ အင်အား ချည့်နဲ့နေလျှင် သူများအောက်ကျခံနေ ရမည်သာဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများနှင့်ပတ်သက် လျှင် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး သတ်မှတ်အသက်အရွယ် အကျုံးဝင်သူတိုင်းကို တစ်ပြိုင်နက် စစ်မှုထမ်းဆောင်စေခြင်း မဟုတ်ဘဲ သတ်မှတ်အရည်အချင်းကိုက်ညီသူများ အနက် ကျန်းမာရေးဆေးအဆင့် အောင်မြင်ပြီးသူများကိုသာ ပြည်သူ့ စစ်မှုထမ်းအဖြစ် လစဉ်အလှည့်ကျ ခေါ်ယူနေခြင်းဖြစ်သည်။ ဥပဒေအရ အကျုံးဝင်သူများအနက် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိသူများ ကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည်။
ပြည်သူ့ စစ်မှုထမ်းအဖြစ် တပ်မတော်ရှိသင်တန်း ကျောင်းအသီးသီးတွင် စစ်ပညာရပ်များ ကို စနစ်တကျသင်ကြားပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကာလတစ်လျှောက် လုံးတွင် အမြဲတမ်းစစ်မှုထမ်းများနှင့် တန်းတူ လစာ၊ ရိက္ခာနှင့်အခြားရပိုင်ခွင့်၊ ခံစားခွင့်များကို အပြည့်အဝရရှိစေသည်။ ပြည်သူ့စစ်မှုထမ်းအတွေ့အကြုံကောင်း များကြောင့် သူတို့၏ တစ်ကိုယ်ရေ စည်းကမ်းပိုင်း ပိုမိုကောင်းမွန်လာသလိုစိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ ဇွဲ၊ လုံ့လနှင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှုများကိုပါ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျရာအခန်းကဏ္ဍ အလိုက် တာဝန်သိနိုင်ငံ့သားကောင်းများ အဖြစ် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် ခြင်းအတွေ့အကြုံများမှာ သူတို့၏ဘဝတွင် မမေ့နိုင်စရာ အတွေ့အကြုံကောင်းများ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများတွင် ဆေးပညာမဟာဘွဲ့ရ ဆရာဝန်များအပြင် အခြားဘွဲ့လွန်၊ ဘွဲ့ရပညာတတ်လူငယ် များလည်း ပါဝင်နေသည်ကို တွေ့မြင် နေရခြင်းအားဖြင့် သူတို့၏စိတ်ဓာတ်နှင့် ဆောင်ရွက်ချက်မှာလေးစားဂုဏ်ယူဖွယ် ဖြစ်သည်။ ဤလောကတွင် မေတ္တာနှင့်စေတနာ တို့သည် ရောင်ပြန်ဟပ်သည်။ တစ်ဦးက စေတနာ၊ တစ်ဦးကမေတ္တာဆိုသည့် အတိုင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သတ်မှတ်ကာလ ပြည့်မြောက်ပါက နိုင်ငံတော်အနေဖြင့် လက်လွတ်စပယ် (မသိကျိုးကျွန်)ပြုကာ ပြန်လည်စေလွှတ် ခြင်းမျိုးမဟုတ်ပေ။ လူငယ်များကပြည်သူ့ စစ်မှုထမ်းတာဝန်ကိုကျေပွန်ပြီးမြောက်စွာ ထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော် အနေဖြင့်“စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ” ကိုဖွဲ့စည်းခဲ့ပြီး စစ်မှုထမ်းကာလ ပြည့်မြောက်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိအောင် ဆောင်ရွက်ပေးနေပြီဖြစ် သည်။
နိုင်ငံတော်လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ၏ အနာဂတ်ခရီးလမ်း သာယာဖြောင့်ဖြူး စေရန်၊ ဘဝအာမခံချက်များခိုင်မာစေရန် အတွက် နိုင်ငံတော်အစိုးရက ကောင်းမွန် သော အစီအမံများပြုလုပ်ပေးလျက်ရှိ သည်။ ပြည်သူ့စစ်မှုထမ်းများ၏အိမ်ပြန် ခရီး သို့မဟုတ် အနာဂတ်မှာပန်းခင်းသော လမ်းကို လျှောက်လှမ်းကြရတော့မည် ဖြစ်သည်။ အဆိုပါ စီမံခန့်ခွဲမှုကော်မတီကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီး များနှင့် တာဝန်ရှိသူများက လုပ်ငန်း ကော်မတီငါးခုဖွဲ့စည်းကာ ပြည်သူ့စစ်မှု ထမ်းတာဝန် အောင်မြင်စွာထမ်းဆောင်ပြီး သူများကို တာဝန်ပြီးဆုံးကြောင်း အသိ အမှတ်ပြုဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး အလုပ်အကိုင်များရရှိနိုင်သည့်ရွေးချယ် စရာလမ်းကြောင်းများကိုလည်း ဖော်ဆောင် ပေးလျက်ရှိသည်။ ပထမဆုံးလမ်းကြောင်း အနေဖြင့် တပ်မတော်၏ရင်ခွင်တွင် ဆက်လက်ခိုလှုံပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် လိုသူများအတွက် အမြဲတမ်းစစ်မှုထမ်း အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခွင့် ပြုခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းလူငယ် များသည် နှစ်နှစ်တာစစ်မှုထမ်းကာလ အတွင်းတွင် စစ်ပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ထားကြပြီဖြစ်ပြီး စည်းကမ်းလိုက်နာမှု၊ ရဲရင့်မှုနှင့် ကြံ့ခိုင်မှု များကို လက်တွေ့နယ်ပယ်တွင် သက်သေပြ နိုင်ခဲ့ပြီးဖြစ်၍ တပ်မတော်က ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် လက်ကမ်းကြိုဆို လျက်ရှိသည်။ အမြဲတမ်းစစ်မှုထမ်းအဖြစ် ကူးပြောင်းတာဝန်ထမ်းဆောင်လိုသူများ ကို လက်ရှိတာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာကာလကို စစ်မှုထမ်းသက်အဖြစ် အသိအမှတ်ပြုပေးသွားမည်ဖြစ်ပြီး သူတို့၏ အရည်အချင်းနှင့်သင့်လျော်သည့် ရာထူး အဆင့်ဆင့်ကိုလည်း တိုးမြှင့်ပေးအပ်သွား မည်ဖြစ်သည်။ အထူးသဖြင့် တက္ကသိုလ်တက်ရောက် ဆဲ ကျောင်းသားများနှင့် တက္ကသိုလ် ဝင်တန်းအဆင့် အောင်မြင်ပြီးသူများကို တပ်ကြပ်ကြီးအဆင့်အထိ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ထားသည့် အရည် အချင်းနှင့် ကိုက်ညီမှုရှိခဲ့လျှင် သက်ဆိုင်ရာ ဗိုလ်သင်တန်းသို့ ဝင်ရောက်ဖြေဆိုခွင့် ရှိမည်ဖြစ်သည်။ ထို့ကြောင့် ယခုပထမ လမ်းကြောင်းမှာ မျိုးချစ်စိတ်ဓာတ် ထက်သန်ပြီး ရဲရဲဝံ့ဝံ့စွန့်စားလိုသည့်အပြင် တပ်မတော်သားဘဝကို မြတ်နိုးသူများ အတွက် ဂုဏ်ယူဝင့်ကြွားစွာ ရွေးချယ်သင့် သော လမ်းကြောင်းကောင်းတစ်ခုဖြစ် သည်။
တပ်မတော်သားဆိုသည်မှာ ကိုယ်တိုင်ဆန္ဒဖြင့် အမှုထမ်းကြသူများ ဖြစ်သည့်အတွက် အမြဲတမ်းစစ်မှုထမ်း အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ရေး ကို အတင်းအကျပ်တွန်းအားပေးခြင်းမျိုး ရှိမည်မဟုတ်ပေ။ ကာယကံရှင်ကိုယ်တိုင် ၏ဆန္ဒအရ တပ်မတော်သားဘဝ ကို အမှန်တကယ်ချစ်ခင်မြတ်နိုးပြီး တပ်မတော်တွင်တာဝန်ဆက်လက်ထမ်း ဆောင်လိုသူများကိုသာ လက်ခံပေးသွား မည်ဖြစ်သည်။ ဒုတိယမြောက် ရွေးချယ်စရာလမ်း ကြောင်းမှာ အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အဖြစ်ကူးပြောင်းတာဝန်ထမ်းဆောင်လို သူများအတွက် စီစဉ်ပေးထားသည့်အခွင့် အလမ်းကောင်းတစ်ခုဖြစ်သည်။ ပြည်သူ့ စစ်မှုထမ်းတာဝန်ပြီးဆုံးကြောင်း အသိ အမှတ်ပြုလက်မှတ်ရရှိထားပြီး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်သက်ဆိုင် ရာဝန်ကြီးဌာနများပူးပေါင်းကာ ဝန်ထမ်း အဖြစ် ဦးစားပေးခန့်အပ်ခြင်းဖြစ်သည်။ ခန့်အပ်ရာတွင်မူလအသက်သတ်မှတ်ချက် ကို သုံးနှစ်အထိတိုးမြှင့်လက်ခံပေးသွား မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများထဲမှ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်သူ များအနေဖြင့်လည်း သတ်မှတ်ကာလ ပြည့်ပြီးပါက မူလနေရာဌာနများမှာ မူလတာဝန်များအတိုင်း ပြန်လည်ခန့်အပ် ပြီး စစ်မှုထမ်းကာလနှစ်နှစ်ကို လုပ်သက် အဖြစ် ထည့်သွင်းတွက်ချက်ပေးသွား မည်ဖြစ်သည်။ တတိယမြောက်ရွေးချယ်စရာလမ်း ကြောင်းမှာ အစိုးရဝန်ထမ်းအဖြစ်မလုပ် ကိုင်လိုဘဲ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကဏ္ဍများတွင် ဝင်ရောက်လုပ်ကိုင်လိုသူ များအတွက် အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးမည့်အစီအစဉ် ဖြစ်သည်။ အစီအစဉ်အရ အလုပ်သမား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ပူးပေါင်းပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသူများကို ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် ဦးစားပေး ခန့်အပ်သွားမည်ဖြစ်သည်။ ပြည်သူ့ စစ်မှုထမ်းဟောင်းများ၏ စည်းကမ်း လိုက်နာမှု၊ အဖွဲ့အစည်းနှင့် ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲနိုင်မှုအပြင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် မှန်ကန်သည့် စိတ်ဓာတ်ရေးရာများမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် အလွန်တန်ဖိုးရှိ လှသည့် လူသားအရင်းအမြစ်များဖြစ် သည်။ ထို့ကြောင့်လည်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက သူတို့ကိုဝမ်းပန်း တသာလိုလိုလားလားလက်ကမ်းကြိုဆို လျက်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများပူးပေါင်းပြီး ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် နေရာမှာလည်း စစ်မှုထမ်းတာဝန် ကျေပွန်ခဲ့သူများကို အထူးဦးစားပေး စေလွှတ်သွားရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။ စတုတ္ထအနေဖြင့် နောက်ဆုံးလမ်း ကြောင်းကတော့ တပ်မတော်သားအဖြစ်၊ အစိုးရဝန်ထမ်းအဖြစ် အသက်မွေး ဝမ်းကျောင်းမပြုလိုသူများကို မိမိတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေကိုပြန်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအပါအဝင် ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် လိုအပ်မည့်အရင်းအနှီးနှင့် ချေးငွေများကို နိုင်ငံတော်အစိုးရကသတ်မှတ်ချက်နှင့်အညီ ထုတ်ချေးပေးမည်ဖြစ်သည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းအတွက် နည်းပညာများ ကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် လိုအပ်ချက်များကို ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်ဖြစ် သည့်အတွက် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပြီးသူများအနေဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကကဲ့သို့ ရိုးသားမှု၊ ကြိုးစားမှုဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟူ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၈၆ တွင်ပြဋ္ဌာန်းထားသည် များကို လက်တွေ့အကောင်အထည်ဖော် ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့ စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)တွင် မိမိ ဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးပြီး တာဝန်ထမ်းဆောင် ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုသို့တာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ချီးမြှင့်ပေးအပ်ခြင်း အခမ်း အနားများကို ဧပြီလ ၁၁ ရက်တွင် တိုင်း စစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ သည်။ ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်ကာလပြည့် မြောက်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့် ခြင်းမှာနိုင်ငံတော်အတွက်နိုင်ငံ့သားကောင်း များပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသူများကို ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုနှင့်တာဝန် သိမှုကိုဖော်ပြသည့် သမိုင်းဝင်မှတ်တိုင် တစ်ခုဖြစ်သည်။ လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများ၊သင်တန်းတက်ရောက်နေဆဲဖြစ်သည့် ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာ နောက်သား မျိုးဆက်သစ်လူငယ်လူရွယ် များအတွက် စံနမူနာကောင်းလည်းဖြစ် သည်။ မည်သည့်အလုပ်မဆို ကိုယ်တိုင်ကိုယ် ကျလုပ်ကိုင်ဆောင်ရွက်ပြီးမှသာ အကျိုး အကြောင်း၊ အဆိုးအကောင်းကိုသိရှိနိုင် မည်ဖြစ်ပေရာ ပြည်သူ့စစ်မှုထမ်းတာဝန် ကို ကျေပွန်စွာထမ်းဆောင်ပြီးမြောက်သူများအဖို့ နိုင်ငံတော်၏မေတ္တာစေတနာ ကို နားလည်သဘောပေါက်ကြပြီဖြစ် သည်။ ယခင်ကမဟုတ်မမှန်သတင်းများ ထုတ်လွှင့်ကာ နိုင်ငံပျက်စီးရေးအဖျက် အမှောင့်သမားများ၏ သတင်းအမှားများ သည် ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်သူ လူငယ်များ၏ အနာဂတ်မှာ ကြိုက် နှစ်သက်ရာလမ်းကြောင်းကို ရွေးချယ် လျှောက်လှမ်းခြင်းဖြင့် အနာဂတ်ကို ကောင်းမွန်အောင် ဖန်တီးတည်ဆောက် နိုင်ပြီဖြစ်ပါကြောင်း ရေးသားတင်ပြအပ် ပါသည်။ ။

ယနေ့ခေတ်ကာလတွင် စီးပွားရေး အကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးမှုများကို အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင် ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် ပေါများလာလျက်ရှိသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ “အွန်လိုင်းလိမ်လည်မှု” (Online Scam) ဟုခေါ်ဆိုသော ငွေကြေးလိမ်လည်သည့်လုပ်ငန်းစုများသည် မြန်မာလူငယ်များစွာ၏ဘဝကို မြေစာပင်ဖြစ်စေခဲ့သည်။ အဆိုပါမိမိတို့၏ရင်ဝယ်သားလူငယ်များကို နိုင်ငံတော်မှမိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးလည်းဖြစ်သည်။ မျက်မှောက်ခေတ်တွင် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ များပြားလာသည်နှင့်အမျှ “လစာကောင်းကောင်း၊ အလုပ်သက်သာ” ဟူသောမက်လုံးများဖြင့် လိမ်လည်သွေးဆောင်ဖြားယောင်းနေမှုများသည် လူကုန်ကူးမှုဘေးအန္တရာယ်ဆိုးတွင်းသို့ ဆွဲခေါ်နေသလိုဖြစ်နေသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ (Online Scam) အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရသည့် မြန်မာလူငယ်များ၏ဖြစ်ရပ်အား သင်ခန်းစာရယူရန်ရည်ရွယ်သည်။
ဆွဲဆောင်မှုရှိသော “ပိုက်ကွန်”
ကမ္ဘောဒီးယားနိုင်ငံမှပြန်လည်ရောက်ရှိလာသော လူငယ်များ၏အတွေ့အကြုံများအရ အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် Telegram တို့တွင် အလုပ်ခေါ်စာများကို ဆွဲဆောင်မှုရှိစွာတင်လေ့ရှိကြောင်း၊ “အင်္ဂလိပ်စာ ပြောဆိုတတ်ရန်မလို၊ ဘွဲ့ရရန်မလို၊ ကွန်ပျူတာအခြေခံရှိရုံဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရမည်ဟု စည်းရုံးခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါမက်လုံးများသည် မိမိတို့၏လူနေမှုဘဝ တိုးတက်မှုကိုရှာဖွေနေသော လူငယ်များအတွက် ရွှေရောင်အိပ်မက်တစ်ခုဖြစ်လာခဲ့သည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရမည့်အပြင် “လမ်းစရိတ်အခမဲ့၊ ဗီဇာနှင့် နေစရိတ်အခမဲ့”ဟူသောစကားများဖြင့် ဖြားယောင်းကာ လေကြောင်းလိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ တာချီလိတ်မြို့ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ မြဝတီမြို့မှမဲဆောက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့် လည်းကောင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တောလမ်းများကိုဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ပို့ဆောင်ခံကြရသည်။ သို့သော် ထို “အခမဲ့” ဆိုသည့်စကားနောက်တွင် ထိုသူတစ်ဦးချင်းစီ၏ခေါင်းပေါ်၌ “ရောင်းကြေး” (Bounty)များရှိနေသည်ကို ကာယကံရှင်များမသိရှိကြပေ။
အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာဘာလဲ
၎င်းတို့၏ အဓိကအလုပ်မှာ အမျိုးသမီးချောလေးများ၏ ပုံကိုသုံး၍ Facebook/ Telegram တွင် အကောင့်တုများဖွင့်ခြင်း၊ နိုင်ငံခြားသားများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများကို ချဉ်းကပ်ကာ အချစ်ရေးဖြင့် မြှူဆွယ်ခြင်း (Pig Butchering Scam)၊ယုံကြည်မှုရလာပါက အွန်လိုင်းမှတစ်ဆင့် ငွေတိုးရင်းနှီးမြှုပ်နှံရန် ဖြားယောင်းပြီး ငွေများအားလုံးကို လိမ်လည်ယူခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြုကာ ငွေများကို လိမ်လည်ရယူခြင်းဖြစ်သည်။
(Online Scam) အွန်လိုင်းလိမ်လည်မှုအများဆုံးကျူးလွန်သည့် ပုံစံ(၅)မျိုးမှာ -
(၁) Application များ၊ Website အတုများ အသုံးပြု၍ သတင်းအချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud)
(၂) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ဝန်ထမ်းအယောင်ဆောင်၍လိမ်လည်ခြင်း (Social Media and Telecommunication Fraud)
(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင် ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud)
(၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Plat form Fraud)
(၅) အလုပ်အကိုင်ရရှိမည်ဟုအကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်ပေသည်။
လက်တွေ့ရင်ဆိုင်ရသည့်အခြေအနေ
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းစုများသည် ကာစီနိုရုံဟောင်းများ သို့မဟုတ် ဝေးလံသောမြို့သစ် စီမံကိန်းများရှိ အထပ်မြင့်အဆောက်အအုံများတွင် အခြေစိုက်ကြသည်။
ကမ္ဘောဒီးယားနိုင်ငံ စီဟာနုဗေး(Sihanoukville)နှင့် နယ်စပ်ဒေသများသို့ ရောက်ရှိသွားသော လူငယ် များကြုံတွေ့ရသည့် အခြေအနေများမှာ ကတိများနှင့်တခြားစီဖြစ်သည်။ အလုပ်ခွင်သို့ရောက်ရှိသွားသောအခါ လူငယ်များသည် မိမိတို့ထင်မှတ်ထားသည့် ရုံးအလုပ်မျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ စီဟာနုဗေး(Sihanoukville)၊ ဖနွမ်းပင်(Phnom Penh)နှင့် နယ်စပ်မြို့များရှိ အထပ်မြင့် အဆောက်အအုံများတွင် ထိန်းချုပ်ခံထားရကာ(Online Scam)အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည် သည့်လုပ်ငန်းတွင် “လိမ်လည်ရသူ” (Scammer)အဖြစ် အတင်းအဓမ္မစေခိုင်းခံရသည်။ တစ်နေ့လျှင် ၁၅ နာရီမှ ၁၈ နာရီအထိ မနားတမ်းအလုပ်လုပ်ရပေသည်။
အလုပ်သဘာဝ- လူမှုကွန်ရက်တွင် အကောင့်အတုများဖွင့်၍ ကမ္ဘာတစ်ဝန်းရှိ လူများကို ငွေကြေး ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အချစ်ရေးဖြင့်လိမ်လည်ရန် (Pig Butchering Scam) ခိုင်းစေခံရသည်။
ချုပ်နှောင်ခံရမှု - ခြံဝင်းအတွင်းမှ အပြင်သို့ထွက်ခွာခွင့်မရှိဘဲ လက်နက်ကိုင်လုံခြုံရေးများဖြင့် စောင့်ကြပ်ထားခြင်းခံရသည်။
နှိပ်စက်ညှဉ်းပန်းမှု - သတ်မှတ်ထားသော Target မပြည့်ပါက ရိုက်နှက်ခြင်း၊ လျှပ်စစ်ကျင်စက်ဖြင့် တို့ခြင်း၊ အစာငတ်ထားခြင်းနှင့် အဆိုးရွားဆုံးအခြေအနေဖြင့်ပြန်လည်ရောင်းချခြင်း (Reselling) များကြုံတွေ့ရနိုင်ပေသည်။
ပြန်ပေးဆွဲသကဲ့သို့ ငွေတောင်းခြင်း - အလုပ်မှ ထွက်လိုပါက လျော်ကြေးအဖြစ် ဒေါ်လာသောင်းချီ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းခံရပေမည်။
ကမ္ဘောဒီးယားနိုင်ငံ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း
(Online Scam)များတွင်လုပ်ကိုင်ခဲ့ရသည့် ကိုယ်တွေ့ ကြုံရသူ၏ စကားသံ(Survivor Quote)“လိုင်းပေါ်မှာလူခေါ်တဲ့ဟာတွေတွေ့တယ်။
ကျွန်မတို့သွားပြီးတော့ ဆက်သွယ်ကြည့်တော့ ဒီအလုပ်ကအလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး Customer Service ပေးရုံပဲဆိုပြီးခေါ်ခဲ့တာ။ ဟိုမှာတစ်လကို သိန်း ၄၀ လောက်ရတယ်ဆိုပြီးတော့ သွားခဲ့တာပေါ့။ စရောက်တော့ တစ်ရက်လောက်ပေးနားတယ်။ ရောက်တဲ့အချိန်မှာ Facebook အတိုင်းပဲ IG အကောင့်တွေဖွင့်ရတယ်။ ပြီးရင် အဲဒီကနေမှ ရည်ညွှန်းတဲ့နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။ အဲ့လို လူရှာပြီးတော့မှ Whatsapp ရဖို့အတွက် ကျွန်မတို့က တောင်းပေးရတာ။
ပြဿနာတွေမဖြစ်ခင်မှာ ကျွန်မတို့က သံရုံးကိုတိုင်မယ်ပေါ့။ သံရုံးကိုတိုင်ပြီးတော့မှ သံရုံးကလာခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယား အစိုးရက လိုက်လံဖမ်းဆီးတဲ့အခါမှာ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်းသေပါစေ၊ ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ရောက်အောင်ပြန်မယ်။ ဘယ်လိုနည်းနဲ့မဆို ဆိုပြီးတော့ အဲဒီကနေထွက်ပြေးပြီး နီးစပ်ရာကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး သံရုံးကိုရောက်အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော၊ ရုံးကအစ်မတွေရော အလွန်သဘောကောင်းတယ်။
အကုန်လုံးလည်း အစစအရာရာကူညီပေးတယ်။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲ နေဖို့ထိုင်ဖို့တွေ အစစအရာရာကျန်းမာရေးအကုန်လုံး ဂရုစိုက်ပေးတယ်။
နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ်ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ဆက်ဆံပေးတယ်။ အစကနေအဆုံးထိပေါ့။”
ကမ္ဘောဒီးယားနိုင်ငံ(Online Scam) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် မြန်မာနိုင်ငံသား လူငယ်များ၏ပြောပြချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းရှော့ပင်း ဈေးရောင်းလုပ်ကိုင်ရမည်၊ လုပ်ခလစာ အမေရိကန်ဒေါ်လာ ၆၀၀ ရရှိမည်၊လမ်းစရိတ်ကုန်ကျခံပို့ဆောင်ပေးမည်။ နိုင်ငံကူးလက်မှတ် စာအုပ်မရှိလည်းရသည်။ သွားရောက်မည်ဆိုပါက ကိုယ်ပိုင်အကောင့်သို့ လာရောက်ဆက်သွယ်ပါဟု ကြော်ငြာထားသည်ကိုတွေ့ရှိ၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူ၏ Telegram အကောင့်မှ ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တာချီလိတ်မြို့သို့ရောက်ရှိခဲ့ကြောင်း၊ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အားပြုလုပ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့လည်းကောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့လည်းကောင်း ကားဖြင့်သွားရောက်ခဲ့ပြီး ၎င်းမြို့မှကားဖြင့် ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့(KAM POT)မြို့အပြင်ဘက်ရှိ BoKor တောင်ပေါ်ရှိ KAMPOT-2 အမည်ရှိ ကုမ္ပဏီသို့ရောက်ရှိခဲ့ပြီး လေးထပ်တိုက်အခန်း ၂၀ ရှိ အဆောက်အအုံတွင် နေထိုင်ခဲ့ရပြီး ကွန်ပျူတာနှင့်ဖုန်းများကိုအသုံးပြုကာ Telegram မှ အကောင့် ၁၀၀၀ ခန့်ချပေးပြီး အသက် ၃၅ နှစ်အထက်ရှိ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အမျိုးသမီးဓာတ်ပုံများအား Profile တင်ကာ နိုင်ငံခြားသား အကောင့်များကိုရှာပေးရကြောင်း၊ နိုင်ငံခြားသားများမှ အကောင့်လာအပ်ပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားသားထံလွှဲပြောင်းပေးရပြီး အဖွဲ့ခေါင်းဆောင်မှ ငွေကြေးလိမ်လည်မှုကို ဆက်လက်ပြုလုပ်ကြောင်း သိရှိရသည်။
Online Scam များတွင် လုပ်ကိုင်ခဲ့ရသူများအပေါ် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှု မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသော မြန်မာနိုင်ငံသားလူငယ်များကို ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတကြီး(ယခင်)နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားလူငယ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်း စသည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
Online Scam များနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ မူဝါဒ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု(Online Scam) အား အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio A ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် “အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများသည် လူအများစုအပေါ်ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများဖြစ်သည်ဟု မြန်မာနိုင်ငံအစိုးရက သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏မူဝါဒသည် Zero Tolerance Policy ဖြစ်ကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ ခွင့်လွှတ်မှုမရှိ၊ ရေဆုံးရေဖျားလိုက်လံချေမှုန်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက ကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive CrackDowns Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ကြောင်း” ပြတ်ပြတ်သားသား ကြေညာထားပြီးဖြစ်သည်။ ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့်ဖွဲ့စည်းပြီးဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီတို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့်ဖွဲ့စည်းပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအလှမ်းမမီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့ နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက စိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒီပြဿနာကို ရိုးရိုးသာမန် ရာဇဝတ်မှုများလိုသဘောမထားဘဲ ပြတ်ပြတ်သားသား နှိမ်နင်းခဲ့ပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း ရေးဆွဲခြင်း၊ တရားမဝင်ရောက်ရှိလုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်းပြည်ပအဓိကတရားခံများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ကြိုတင်ကာကွယ်ခြင်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ
လူကုန်ကူးမှုသည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံပြောင်းလာတတ်သဖြင့် တစ်ဦးတစ်ယောက်ချင်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းကြိုတင်ကာကွယ်ရမည့်အပြင် Online Scam များတွင် လုပ်ကိုင်ရခြင်းနှင့် နောက်ဆက်တွဲလူကုန်ကူး မခံရစေရေးအတွက် လူကုန်ကူးမှုဆီသို့ ဦးတည်ဖြစ်ပေါ်စေနိုင်သည့် ပြည်ပသို့တရားမဝင် ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင်ပို့ဆောင်သူများကို စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိသည်။ လူကုန်ကူးသူလူပွဲစားများကိုလည်း စုံစမ်းဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း အောက်ပါလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိသည်-
(က) လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ဤဥပဒေပါ ရည်ရွယ်ချက်များကို ထမြောက် အောင်မြင်စွာ အကောင်အထည်ဖော်ရေး အတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊
(ခ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာ တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့အား လမ်းညွှန်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊
(ဂ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးတို့ကို ထိရောက်စွာဆောင်ရွက် နိုင်ရန် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် လည်းကောင်း၊ လိုအပ်သည့်အခြေခံ အချက်အလက်များ ရရှိနိုင်ရေးအတွက်လည်းကောင်း ကျွမ်းကျင်သူများပါဝင်သည့် သုတေသနလုပ်ငန်းအဖွဲ့များ၊ လေ့လာစိစစ်ရေးနှင့် အကဲဖြတ်အဖွဲ့များ၊ အခြားလိုအပ်သော အဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဃ) လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့်သတိပြုလာစေရေးအတွက် အသိပညာပေးအစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း၊
(င) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တားဆီးနှိမ်နင်းရေးအရာရှိများအား ခေတ်မီနည်းပညာများဖြင့် လေ့ကျင့်သင်ကြားရေး၊အခြားနိုင်ငံများမှ ကျွမ်းကျင်သူများနှင့် နည်းပညာဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက်လမ်းညွှန်ခြင်း၊
(စ) လူကုန်ကူးမှုများလျော့နည်းပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေးစီမံချက်များ၊ အစီအစဉ်များချမှတ်ရာ တွင် သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) နိုင်ငံဖြတ်ကျော်၍ တရားမဝင်ရွှေ့ပြောင်း သွားလာမှုနှင့်ဆက်စပ်ပြီး ပေါ်ပေါက်လာသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး /နှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအာဏာပိုင်များအချင်းချင်း သတင်းဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဇ) လူကုန်ကူးခံရသည့် အမျိုးသား/အမျိုးသမီး၊ လိင်ဝိသေသထူးခြားသူများနှင့် ကလေးသူငယ်များ၏ ကာယိန္ဒြေစောင့်ထိန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ယင်းတို့၏ အကျိုးအတွက် အလေးဂရုပြု ဆောင်ရွက်ခြင်း၊
(ဈ) ဤဥပဒေအရ ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့်ကြီးကြပ်ခြင်း၊
(ည) လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များတွင် တရားခံလွှဲပြောင်းရေးနှင့် နိုင်ငံအချင်းချင်းအကူအညီပေးရေးတို့ကိုတည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဋ) ဤဥပဒေအရ တရားမစွဲဆိုမီ သက်သေခံအဖြစ်သိမ်းဆည်းထားသော မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို လိုအပ်ပါက ချိပ်ပိတ်ထားရန်နှင့် ခံဝန်ဖြင့်ပြန်လည်ပေးအပ်ထားရန် ညွှန်ကြားခြင်း၊
(ဌ) ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများတွင်ရှိသော ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ်များကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမပြုရန် တားမြစ်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊
(ဍ) လူကုန်ကူးမှုနှင့်ဆက်စပ်ပြီး ပေါ်ပေါက်လာသော အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပြစ်မှုများကို လည်းကောင်း၊ လူကုန်ကူးခံရသူအား စိစစ်ပြီး ၎င်းအား အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အရေးယူရန်ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊
(ဎ) လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့်အကူအညီပေးရေး လုပ်ငန်းများအတွက် အစီအမံများချမှတ်ပေးခြင်း၊
(ဏ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းများနှင့်သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures - SOP)ကို ထုတ်ပြန်သတ်မှတ်ခြင်း၊
(တ) လူကုန်ကူးမှုများတားဆီး ကာကွယ်ရေး နှင့် နှိမ်နင်းရေးလုပ်ငန်းများ အတွက်လည်းကောင်း၊ လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီ ပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း လိုအပ်ပါက ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကို တရားခံလွှဲပြောင်းရေး ဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက် လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဒ) ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့် စုံစမ်းစစ်ဆေး အရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊
(ဓ) ဗဟိုအဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့် အညီ ကျင်းပခြင်း၊
(န) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း၊
(ပ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊
ဘေးကင်းစေရန် မည်သို့ကာကွယ်ရမည်နည်း
ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်းမကျရောက်စေရန် လူငယ်များနှင့် မိဘအုပ်ထိန်းသူများအထူးသတိပြုရန်လိုအပ်ပေသည်။ လွယ်ကူလွန်းသော အခွင့်အရေးကိုသံသယရှိပါ။ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့် အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်းသေချာပါသည်။ အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများ Social Media(Facebook, Telegram, TikTok)များမှတစ်ဆင့် ချိတ်ဆက်လာသောအလုပ်များကို ပိုမိုသတိထားပါ။ ပြည်ပသို့ ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့အလုပ်သွားလုပ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကိုစုံစမ်းပါ။ မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို ကြိုတင်စုံစမ်းပြီး မိသားစုထံလိပ်စာနှင့် ဖုန်းနံပါတ်များအားပေးထားပါ။ ဆက်သွယ်သတင်းပေးတိုင်ကြားနိုင်မည့် သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သားသွားပါ။ နိုင်ငံကူးလက်မှတ်(Passport)၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အရေးကြီးသော ကိုယ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာထားပါ။ မည်သည့်အလုပ်ရှင်ဖြစ်စေ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။
အချုပ်ဆိုရသော် “အွန်လိုင်းလိမ်လည်မှု” (Online Scam) ဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ ပူလောင်စေသည့်ငရဲကျင်းတစ်ခုဖြစ်သည်။ ရည်ရွယ်ချက်ကို ဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသော အလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင်လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိ သေတွင်းထဲသို့ ခုန်ဆင်းခြင်းနှင့်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ဘဝအနာဂတ်ကို တန်ဖိုးထားသောလူငယ်များ အနေဖြင့် သတင်းအချက်အလက်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသောရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ်မလိုက်ပါရန် အရေးကြီးသည်။ “အွန်လိုင်းလိမ်လည်မှု” (Online Scam)လုပ်ငန်းများနှင့် ဆက်နွှယ်ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ဘဝနှင့်ဂုဏ်သိက္ခာကိုဖျက်ဆီးနေသည့် လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/သတိဖြင့် ရွေးချယ်လျှောက်လှမ်း နိုင်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။

ယနေ့ခေတ်ကာလတွင် စီးပွားရေးအကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးမှုများကို အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင်ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် မှိုလိုပေါများလာလျက်ရှိပါသည်။
အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ “အွန်လိုင်းလိမ်လည်မှု” (Online Scams) ဟု ခေါ်ဆိုသော ငွေကြေးလိမ်လည်သည့် လုပ်ငန်းစုများသည် မြန်မာလူငယ်များစွာ၏ဘဝကို မြေစာပင်ဖြစ်စေခဲ့သည်။ အဆိုပါ မိမိတို့၏ ရင်ဝယ်သားလူငယ်များကို နိုင်ငံတော်မှ မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။
မျက်မှောက်ခေတ်တွင် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ များပြားလာသည်နှင့်အမျှ “လစာကောင်းကောင်း၊ အလုပ်သက်သာ” ဟူသောမက်လုံးများဖြင့် လိမ်လည်သွေးဆောင်ဖြားယောင်းနေမှုများသည် လူကုန်ကူးမှုဘေးအန္တရာယ်ဆိုးတွင်းသို့ ဆွဲခေါ်နေသလိုဖြစ်နေပါသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများ (Online Scams) တွင် အဓမ္မခိုင်းစေခံရသည့် မြန်မာလူငယ်များ၏ ဖြစ်ရပ်အား သင်ခန်းစာရယူရန် ရည်ရွယ်ပါသည်။
ဆွဲဆောင်မှုရှိသော “ပိုက်ကွန်”
ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော လူငယ်များ၏ အတွေ့အကြုံများအရ အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် Telegram တို့တွင် အလုပ်ခေါ်စာများကို ဆွဲဆောင်မှုရှိစွာ တင်လေ့ရှိကြောင်း၊ အင်္ဂလိပ်စာပြောဆိုတတ်ရန်မလို၊ ဘွဲ့ရရန်မလို၊ ကွန်ပျူတာအခြေခံရှိရုံဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရမည်ဟု စည်းရုံးခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါမက်လုံးများသည် မိမိတို့၏ လူနေမှုဘဝတိုးတက်မှုကို ရှာဖွေနေသောလူငယ်များအတွက် ရွှေရောင်အိပ်မက်တစ်ခု ဖြစ်လာခဲ့ပါသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရမည့်အပြင် “လမ်းစရိတ်အခမဲ့၊ ဗီဇာနှင့် နေစရိတ်အခမဲ့”ဟူသော စကားများဖြင့် ဖြားယောင်းကာ လေကြောင်းလိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ တာချီလိတ်မြို့ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ မြဝတီမြို့မှ မဲဆောက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တောလမ်းများကိုဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ပို့ဆောင်ခံကြရပါသည်။ သို့သော် ထို “အခမဲ့” ဆိုသည့် စကားနောက်တွင် ထိုသူတစ်ဦးချင်းစီ၏ ခေါင်းပေါ်၌ “ရောင်းကြေး” (Bounty) များရှိနေသည်ကို ကာယကံရှင်များ မသိရှိကြပေ။
အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ ဘာလဲ
၎င်းတို့၏ အဓိကအလုပ်မှာ - အမျိုးသမီးချောလေးများ၏ ပုံကိုသုံး၍ Facebook/ Telegram တွင် အကောင့်တုများ ဖွင့်ခြင်း၊ နိုင်ငံခြားသားများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများကို ချဉ်းကပ်ကာ အချစ်ရေးဖြင့် မြှူဆွယ်ခြင်း (Pig Butchering Scam) ၊ ယုံကြည်မှုရလာပါက အွန်လိုင်းမှတစ်ဆင့် ငွေတိုးရင်းနှီးမြှုပ်နှံရန် ဖြားယောင်းပြီး ငွေများအားလုံးကို လိမ်လည်ယူခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြုကာ ငွေများကို လိမ်လည်ရယူခြင်းဖြစ်သည်။
အွန်လိုင်းလိမ်လည်မှု (Online Scam) အများဆုံးကျူးလွန်သည့် ပုံစံ ၅ မျိုးမှာ -
(၁) Applicationများ၊ Website အတုများအသုံးပြု၍ သတင်း အချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud) ၊
(၂) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင် ဆောင်၍ လိမ်လည်ခြင်း(Social Media and Telecom-munication Fraud) ၊
(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည် ခြင်း (Online Romance Fraud) ၊
(၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Platform Fraud) ၊
(၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်ပေသည်။
လက်တွေ့ရင်ဆိုင်ရသည့်အခြေအနေ
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းစုများသည် ကာစီနိုရုံဟောင်းများ သို့မဟုတ် ဝေးလံသောမြို့သစ်စီမံကိန်းများရှိ အထပ်မြင့်အဆောက်အအုံများတွင် အခြေစိုက်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ စီဟာနုဗေး (Sihanoukville)နှင့် နယ်စပ်ဒေသများသို့ ရောက်ရှိသွားသော လူငယ်များကြုံတွေ့ရသည့်အခြေအနေများမှာ ကတိများနှင့် တခြားစီဖြစ်သည်။
အလုပ်ခွင်သို့ ရောက်ရှိသွားသောအခါ လူငယ်များသည် မိမိတို့ထင်မှတ်ထားသည့် ရုံးအလုပ်မျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ စီဟာနုဗေး (Sihanoukville)၊ ဖနွမ်းပင် (Phnom Penh)နှင့် နယ်စပ်မြို့များရှိ အထပ်မြင့်အဆောက်အအုံများတွင် ထိန်းချုပ်ခံထားရကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင် “လိမ်လည်ရသူ” (Scammer) အဖြစ် အတင်းအဓမ္မစေခိုင်းခံရသည်။ တစ်နေ့လျှင် ၁၅ နာရီမှ ၁၈ နာရီအထိ မနားတမ်း အလုပ်လုပ်ရပေသည်။
အလုပ်သဘာဝ - လူမှုကွန်ရက်တွင် အကောင့်အတုများဖွင့်၍ ကမ္ဘာတစ်ဝန်းရှိ လူများကို ငွေကြေးရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အချစ်ရေးဖြင့် လိမ်လည်ရန် (Pig Butchering Scam) ခိုင်းစေခံရသည်။
ချုပ်နှောင်ခံရမှု - ခြံဝင်းအတွင်းမှ အပြင်သို့ ထွက်ခွာခွင့်မရှိဘဲ လက်နက်ကိုင်လုံခြုံရေးများဖြင့် စောင့်ကြပ်ထားခြင်း ခံရသည်။
နှိပ်စက်ညှဉ်းပန်းမှု - သတ်မှတ်ထားသော အရေအတွက်မပြည့်ပါက ရိုက်နှက်ခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် တို့ခြင်း၊ အစာငတ်ထားခြင်းနှင့် အဆိုးရွားဆုံးအခြေအနေဖြင့် ပြန်လည်ရောင်းချခြင်း (Reselling)များ ကြုံတွေ့ရနိုင်ပေသည်။
ပြန်ပေးဆွဲသကဲ့သို့ ငွေတောင်းခြင်း - အလုပ်မှ ထွက်လိုပါက လျော်ကြေးအဖြစ် ဒေါ်လာသောင်းချီပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းခံရပေမည်။
ကမ္ဘောဒီးယားနိုင်ငံအွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် ကိုယ်တွေ့ကြုံရသူ၏ စကားသံ
“လိုင်းပေါ်မှာ လူခေါ်တဲ့ဟာတွေ တွေ့တယ်။ ကျွန်မတို့သွားပြီးတော့ ဆက်သွယ်ကြည့်တော့ ဒီအလုပ်က အလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး။ Customer Service ပေးရုံပဲဆိုပြီး ခေါ်ခဲ့တာ။ ဟိုမှာ တစ်လကို သိန်း ၄၀ လောက် ရတယ်ဆိုပြီးတော့ သွားခဲ့တာပေါ့။ စရောက်တော့ တစ်ရက်လောက်ပေးနားတယ်။ ရောက်တဲ့အချိန်မှာ Facebook အတိုင်းပဲ IG အကောင့်တွေ ဖွင့်ရတယ်။ ပြီးရင် အဲဒီကနေမှ ရည်ညွှန်းတဲ့ နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။ ကျွန်မတို့က အင်ဒိုနီးရှားကို လူရှာပြီးတော့မှ Whatsapp ရဖို့အတွက် ကျွန်မတို့က တောင်းပေးရတာ။ ပြဿနာတွေမဖြစ်ခင်မှာ ကျွန်မတို့က သံရုံးကို တိုင်မယ်ပေါ့။ သံရုံးကို တိုင်ပြီးတော့မှ သံရုံးက လာခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယားအစိုးရက လိုက်လံဖမ်းဆီးတဲ့အခါမှာ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်းသေပါစေ၊ ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ရောက်အောင်ပြန်မယ်။ ဘယ်လိုနည်းနဲ့မဆို ဆိုပြီးတော့ အဲဒီကနေထွက်ပြေးပြီး နီးစပ်ရာ ကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး သံရုံးကို ရောက်အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော၊ သံရုံးက အစ်မတွေရော အလွန်သဘောကောင်းတယ်။ အကုန်လုံးလည်း အစစအရာရာကူညီပေးတယ်။ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲနေဖို့၊ ထိုင်ဖို့တွေ အစစအရာရာ ကျန်းမာရေးကအစ အကုန်လုံးဂရုစိုက်ပေးတယ်။ နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ်ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးတယ်။ အစကနေ အဆုံးထိပေါ့။”
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် မြန်မာနိုင်ငံသားလူငယ်များ၏ ပြောပြချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းရှော့ပင်း ဈေးရောင်းလုပ်ကိုင်ရမည်၊ လုပ်ခလစာ အမေရိကန်ဒေါ်လာ ၆၀၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ ပို့ဆောင်ပေးမည်၊ နိုင်ငံကူးလက်မှတ်စာအုပ်မရှိလည်းရသည်၊ သွားရောက်မည်ဆိုပါက ကိုယ်ပိုင်အကောင့်သို့ လာရောက်ဆက်သွယ်ပါဟု ကြော်ငြာထားသည်ကိုတွေ့ရှိ၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူ၏ Telegram အကောင့်မှ ချိတ်ဆက်စီစဉ်ဆောင်ရွက် ပေးမှုဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အား ပြုလုပ်ပြီး ၂၀-၁၂-၂၀၂၅ ရက်နေ့တွင် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့လည်းကောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့လည်းကောင်း ကားဖြင့်သွားရောက်၍ ၎င်းမြို့မှ ကားဖြင့် ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့ (KAM POT)မြို့ အပြင်ဘက်ရှိ BoKor တောင်ပေါ်ရှိ KAMPOT-2 အမည်ရှိ ကုမ္ပဏီသို့ရောက်ရှိခဲ့ကြောင်း၊ လေးထပ်တိုက် အခန်း (၂၀)ရှိ အဆောက်အအုံတွင် နေထိုင်ခဲ့ရပြီး ကွန်ပျူတာနှင့် ဖုန်းများကိုအသုံးပြုကာ Telegram မှ အကောင့် ၁၀၀၀ ခန့်ချပေးပြီး အသက် ၃၅ နှစ်အထက်ရှိ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အမျိုးသမီးဓာတ်ပုံများအား Profile တင်ကာ နိုင်ငံခြားသားအကောင့်များကို ရှာပေးရကြောင်း၊ နိုင်ငံခြားသားများမှ အကောင့်လာအပ်ပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားသားထံ လွှဲပြောင်းပေးရပြီး အဖွဲ့ခေါင်းဆောင်က ငွေကြေးလိမ်လည်မှုကို ဆက်လက် ပြုလုပ်ကြောင်း သိရှိရပါသည်။
Online Scams တွင် လုပ်ကိုင်ခဲ့ရသူများအပေါ် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှု
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပါသည်။ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး မှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားလူငယ်များကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့အချိန်အထိ မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားလူငယ်များအား သက်ဆိုင်ရာတာဝန်ရှိသူ များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်းစသည့် စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
Online Scams နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ မူဝါဒ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအား အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio A ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် “အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုများသည် လူသားများအပေါ် ကျူးလွန်သော ကြီးလေးသည့်ရာဇဝတ်မှုများဖြစ်သည်ဟု မြန်မာနိုင်ငံ အစိုးရကသတ်မှတ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ မူဝါဒသည် Zero Tolerance Policy ဖြစ်ကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ ခွင့်လွှတ်မှုမရှိ၊ ရေဆုံးရေဖျားလိုက်လံချေမှုန်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက ကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive Crack Downs Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ပါကြောင်း” ပြတ်ပြတ်သားသား ကြေညာထားပြီးဖြစ်ပါသည်။
ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ၁၀-၁၂-၂၀၂၅ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။ ၁၂-၁၂-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီတို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။
နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအလှမ်းမမီသည့် လက်နက်ကိုင်သောင်းကျန်းသူအချို့၏ နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက စိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိုပြဿနာကို ရိုးရိုးသာမန်ရာဇဝတ်မှုများလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့ပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားများပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်း ပြည်ပ အဓိကတရားခံများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောက်ရွက်လျက်ရှိပါသည်။
ကြိုတင်ကာကွယ်ခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ
လူကုန်ကူးမှုသည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံပြောင်းလာတတ်သဖြင့် တစ်ဦးတစ်ယောက်ချင်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းကြိုတင်ကာကွယ်ရမည့်အပြင် Online Scams တွင် လုပ်ကိုင်ရခြင်းနှင့် နောက်ဆက်တွဲ လူကုန်ကူးမခံရစေရေးအတွက် လူကုန်ကူးမှုဆီသို့ ဦးတည်ဖြစ်ပေါ်စေနိုင်သည့် ပြည်ပသို့တရားမဝင်ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင်ပို့ဆောင်သူများကို စုံစမ်း ဖော်ထုတ် အရေးယူလျက်ရှိပါသည်။
လူကုန်ကူးသူလူပွဲစားများကိုလည်း စုံစမ်းဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့်လည်း အောက်ပါလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-
(က) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ ဤဥပဒေပါ ရည်ရွယ်ချက်များကို ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊
(ခ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာ တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အား လမ်းညွှန်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊
(ဂ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးအတွက်လည်းကောင်း၊ လိုအပ်သည့် အခြေခံအချက်အလက်များရရှိနိုင်ရေးအတွက်လည်းကောင်း ကျွမ်းကျင်သူများပါဝင်သည့် သုတေသနလုပ်ငန်းအဖွဲ့များ၊ လေ့လာစိစစ်ရေးနှင့် အကဲဖြတ်အဖွဲ့များ၊ အခြားလိုအပ်သော အဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဃ) လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတိပြုလာစေရေးအတွက် အသိပညာပေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း၊
(င) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တားဆီးနှိမ်နင်းရေးအရာရှိများအား ခေတ်မီနည်းပညာများဖြင့် လေ့ကျင့်သင်ကြားရေး၊ အခြားနိုင်ငံများမှ ကျွမ်းကျင်သူများနှင့် နည်းပညာဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လမ်းညွှန်ခြင်း၊
(စ) လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေးစီမံချက်များ၊ အစီအစဉ်များချမှတ်ရာတွင် သက်ဆိုင်ရာအစိုးရဌာန/ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) နိုင်ငံဖြတ်ကျော်၍ တရားမဝင်ရွှေ့ပြောင်းသွားလာမှုနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး/ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအာဏာပိုင်များ အချင်းချင်းသတင်းဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
( ဇ) လူကုန်ကူးခံရသည့် အမျိုးသား/ အမျိုးသမီး၊ လိင်ဝိသေသထူးခြားသူများနှင့် ကလေးသူငယ်များ၏ ကာယိန္ဒြေစောင့်ထိန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ယင်းတို့၏ အကျိုးအတွက် အလေးဂရုပြုဆောင်ရွက်ခြင်း၊
( ဈ) ဤဥပဒေအရ ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊
(ည)လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များတွင် တရားခံလွှဲပြောင်းရေးနှင့် နိုင်ငံအချင်းချင်း အကူအညီပေးရေးတို့ကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
( ဋ)ဤဥပဒေအရတရားမစွဲဆိုမီ သက်သေခံအဖြစ် သိမ်းဆည်းထားသော မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို လိုအပ်ပါက ချိပ်ပိတ်ထားရန်နှင့် ခံဝန်ဖြင့် ပြန်လည်ပေးအပ်ထားရန် ညွှန်ကြားခြင်း၊
( ဌ)ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်ရှိသော ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ်များကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမပြုရန် တားမြစ်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊
(ဍ)လူကုန်ကူးမှုနှင့်ဆက်စပ်ပြီး ပေါ်ပေါက်လာသော အခြား တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပြစ်မှုများကိုလည်းကောင်း၊ လူကုန်ကူးခံရသူအား စိစစ်ပြီး ၎င်းအား အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အရေးယူရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊
( ဎ) လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် အကူအညီပေးရေးလုပ်ငန်းများအတွက် အစီအမံများ ချမှတ်ပေးခြင်း၊
(ဏ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းများနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures - SOP) ကို ထုတ်ပြန်သတ်မှတ်ခြင်း၊
(တ)လူကုန်ကူးမှုများ တားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေး လုပ်ငန်းများအတွက်လည်းကောင်း၊ လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်ပါက ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကို တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဒ) ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့် စုံစမ်းစစ်ဆေးအရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်သည့်ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊
( ဓ) ဗဟိုအဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပခြင်း၊
(န) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း၊
(ပ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ် သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
ဘေးကင်းစေရန် မည်သို့ ကာကွယ်ရမည်နည်း
ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်းမကျရောက်စေရန် လူငယ်များနှင့် မိဘအုပ်ထိန်းသူများအထူးသတိပြုရန် လိုအပ်ပေသည်။ လွယ်ကူလွန်းသော အခွင့်အရေးကို သံသယရှိပါ။ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့် အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်းသေချာပါသည်။ အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများ SocialMedia (Facebook, Telegram, Tiktok) များမှတစ်ဆင့် ချိတ်ဆက်လာသော အလုပ်များကို ပိုမိုသတိထားပါ၊ ပြည်ပသို့ ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့ အလုပ်သွားလုပ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကို စုံစမ်းပါ၊ မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို ကြိုတင်စုံစမ်းပြီး မိသားစုထံ လိပ်စာနှင့် ဖုန်းနံပါတ်များအား ပေးထားပါ၊ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်မည့် သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သားသွားပါ၊ နိုင်ငံကူးလက်မှတ် (Passport)၊ နိုင်ငံသားစိစစ်ရေး ကတ်နှင့် အရေးကြီးသော ကိုယ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာထားပါ၊ မည်သည့်အလုပ်ရှင်ဖြစ်စေ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။
အချုပ်ဆိုရသော် “အွန်လိုင်းလိမ်လည်မှု” ဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ ပူလောင်စေသည့် ငရဲကျင်းတစ်ခုဖြစ်ပါသည်။ ရည်ရွယ်ချက်ကို ဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသော အလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင် လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိသေတွင်းထဲသို့ ခုန်ဆင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထို့ကြောင့် မိမိ၏ ဘဝအနာဂတ်ကို တန်ဖိုးထားသော လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသော ရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ်မလိုက်ပါရန် အရေးကြီးပါသည်။ “အွန်လိုင်းလိမ်လည်မှု” လုပ်ငန်းများနှင့် ဆက်နွှယ် ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ ဘဝနှင့်ဂုဏ်သိက္ခာကို ဖျက်ဆီးနေသည့် လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/ သတိဖြင့် ရွေးချယ်လျှောက်လှမ်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
MDN

စာရေးသူမှာ တပ်မတော်သား မိသားစုဝင်တစ်ဦး မဟုတ်သော်လည်း တပ်မတော်နှင့်မစိမ်းလှပေ။ နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် နေရာဒေသအနှံ့သို့ ရောက်ရှိတာဝန်ထမ်းဆောင်စဉ် ဒေသခံတပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများနှင့် အကြောင်းအားလျော်စွာ ထိတွေ့ဆက်ဆံခဲ့ရသည်။ လုပ်ငန်းတာဝန်များ အတူတကွ ထမ်းဆောင်ခဲ့ရဖူးသည်။
နေရာဒေသအလိုက် တပ်ဖွဲ့အမျိုးအစားများ မတူညီကြသော်လည်း သူတို့အားလုံးတွင် တူညီသော အရာတစ်ခုရှိနေသည်ကို သတိထားမိပါ၏။ ထိုအရာမှာ အထက်အောက်ရိုသေလေးစားမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကို ကျောရိုးမဏ္ဍိုင်ပြုထားသည်ဆိုသော အချက်ပင်။ ပမာပြုရသော် ပန်းတို့မည်သည် အမျိုးမျိုးအစားစားကွဲပြားကြသော်ငြား လှပသောအဆင်အသွေးနှင့် မွှေးပျံ့သောရနံ့တို့ ကိုယ်စီရှိကြသည့်နှယ်ဖြစ်ပါသည်။ တပ်မတော်သားတို့မည်သည်လည်း ထမ်းဆောင်ရသည့် တာဝန်နှင့် ရာထူးအဆင့်အလိုက် ကွဲပြားနိုင်သော်ငြား နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးကိုရှေးရှု၍ ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲဦးထိပ် ထားလေ့ရှိသည်မှာ တစ်သားတည်း တစ်ထပ်တည်းပင်ဖြစ်ကြပါ၏။
တပ်မတော်၏ ဒီအင်န်အေဟု ဆိုအပ်သည့် ထိုကျောရိုးမဏ္ဍိုင် အမှတ်လက္ခဏာများနှင့် ယုံကြည်ချက်၊ ခံယူချက်များ ယနေ့တိုင် တပ်မတော်သားအားလုံး၏ ရင်ထဲ၊ နှလုံးသားထဲတွင် ရှင်သန်ခိုင်မြဲနေရခြင်းမှာ မွန်မြတ်သည့် အစဉ်အလာကောင်းများအဖြစ် မျိုးဆက်ပေါင်းများစွာက ခေတ်သမိုင်းအဆက်ဆက် လက်ဆင့်ကမ်းအမွေအဖြစ် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်ဖြစ်မည်ဟု စာရေးသူ ယူဆမိပါ၏။ စာရေးသူကြည့်လိုက်ရသော ရုပ်သံသတင်းတစ်ပုဒ်ကလည်း ထိုအယူအဆကို ပို၍ခိုင်မာစေခဲ့ပါသည်။
မှန်ပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က ကြည့်ရှုလိုက်ရသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားပင်ဖြစ်ပါ၏။
စာရေးသူလုပ်ငန်းခွင်မှ သက်ပြည့်ပင်စင်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ကြာမြင့်ခဲ့ပါပြီ။ လျင်မြန်စွာစီးဆင်းနေသော သတင်းခေတ်ကြီးထဲတွင် မျက်မှောက်ခေတ် ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးများနှင့်မျက်ခြည်မပြတ်စေခြင်းငှာ သတင်းများကို နေ့စဉ်စားသုံးနေရပါသည်။
သတင်းများ စီးဆင်းပုံကလည်း အမျိုးမျိုးဖြစ်သည်။
လူမှုကွန်ရက်မီဒီယာများတွင် သတင်းများက အဆီးအတားမရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေကြသည်။ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတတ်သည်။ အဆိပ်အတောက်၊ အညစ်အကြေးများ ပြည့်နှက်ဖုံးလွှမ်းနေတတ်သည်။ သတင်းများ၏ မှန်ကန်စိတ်ချရမှုတန်ဖိုးက အထိန်းအကွပ်မဲ့စွာ ပရမ်း
ပတာဖြစ်နေတတ်သည်။ တစ်ဖက်တွင် တရားဝင်ထုတ်ဝေနေသည့် ပုံနှိပ်မီဒီယာများရှိသည်။ တရားဝင်ထုတ်လွှင့်နေသည့် ရုပ်သံမီဒီယာများရှိသည်။ သတင်းစီးဆင်းမှု အနည်းငယ်ကြန့်ကြာသည်ဟု ထင်ရသော်လည်း ၎င်းတို့၏ အားသာချက်မှာ ရာနှုန်းပြည့် မှန်ကန်စိတ်ချရမှုရှိခြင်းပင်ဖြစ်သည်။ အဆင့်ဆင့်သော နေရာဌာနတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတင်းစစ်၊ သတင်းမှန်များကို ပြည်သူလူထုလက်ဝယ်သို့ မွန်မြတ်သော ရည်ရွယ်ချက်ကောင်းများဖြင့် ပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။
စာရေးသူတို့အိမ်တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာ သုံးစောင်လုံးယူထားသည်။ ဈေးနှုန်းများကလည်း သင့်တင့်မျှတသည်။ သတင်းစာသုံးစောင်လုံးအတွက် တစ်လတာကျသင့်ငွေမှာ လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းစာမျှသာရှိသည်။ ညရှစ်နာရီဆိုလျှင် စာရေးသူတို့မိသားစု အားလုံးဧည့်ခန်းသို့ စုရုံးရောက်ရှိနေတတ်သည်မှာ အစဉ်အလာတစ်ခုလိုပင်ဖြစ်နေသည်။ မြဝတီနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှထုတ်လွှင့်မည့် နေ့စဉ်သတင်းများကို ကြည့်ရှုနိုင်ရန်ဖြစ်သည်။ ကျေနပ်စရာအကောင်းဆုံးမှာ စာရေးသူအဖို့ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျနှင့် မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ရရှိစေခြင်းပင်ဖြစ်သည်။
စာရေးသူညွှန်းဆိုလိုသည့် အခမ်းအနားမြင်ကွင်းမှာ ခမ်းနားလေးနက်လှသည်နှင့်အမျှ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်လျှမ်း၍နေပါသည်။ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးတို့ အလေးပြုခံစင်မြင့်ထက်တွင် အတူယှဉ်တွဲလျက် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူကြပုံ၊ ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးနေပုံတို့မှာ တပ်မတော်၏ စည်းစနစ်ကျနမှု၊ စည်းကမ်းသေဝပ်မှုနှင့် လေးနက်သော အဓိပ္ပာယ်တို့ ထင်ဟပ်ပေါ်လွင်နေပါသည်။ ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူနေစဉ် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ထပ်မံဂုဏ်ပြုပစ်ဖောက်လိုက်ပုံမှာ ကြက်သီးမွေးညင်းထဖွယ်ဖြစ်ပါသည်။
လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးပုံ၊ တစ်ဖန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦးက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြု ပြန်လည်ပေးအပ်နေပုံ မြင်ကွင်းတို့မှာ အထက်အောက်ရိုသေ လေးစားမှုသဘော၊ စည်းလုံးညီညွတ်မှုသဘောနှင့် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှု တရားဆိုသည့် ရဲဘော် စိတ်ကိုပေါ်လွင်စွာ ထင်ဟပ်ဖော်ကျူးနေသည်ဟု စာရေးသူခံစားရပါ၏။
အခမ်းအနားတွင် တပ်မတော်အကြီးအကဲနှစ်ဦး၏ မိန့်မှာချက်များမှာလည်း တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတော်အတွက်ပါ အလေးအနက်ထား လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များပင်ဖြစ်ပါသည်။
လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ ဂုဏ်ပြုမိန့်ခွန်းတွင် “မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ မြန်မာ့တပ်မတော်တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူ လူထုကအားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်း”အပြန်အလှန်အမှီသဟဲပြုလျက်ရှိသည့် နိုင်ငံတော်နှင့်တပ်မတော် ဖြစ်တည်မှုနှစ်ရပ်၏ အခန်းကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ပါသည်။ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန် အတွေ့အကြုံရင့်ကျက်သော နောင်တော်ကြီးတစ်ဦး၏ မေတ္တာနှင့်ယှဉ်သော ဆုံးမလမ်းညွှန်မှုအဖြစ် ခံစားရစေပါသည်။
ထို့အတူ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူရဲဝင်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်”တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကိုထမ်းဆောင် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း”ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် နောင်တော်ခေါင်းဆောင် အဆက်ဆက်တို့၏ ဆုံးမသွန်သင်မှုများ၊ လမ်းညွှန်မှာကြားမှုများအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မည့် တက်ကြွထက်သန်သော စိတ်နေစိတ်ထားကို အတိုင်းသားတွေ့မြင်ရပါသည်။
တပ်မတော်အကြီးအကဲနှစ်ဦးတို့၏ ထိုမြင်ကွင်းပုံရိပ်များမှာ ကြည်နူးခြင်း၊ ဝမ်းသာခြင်း၊ ဂုဏ်ယူခြင်းတို့နှင့်အတူ ကြည့်ရှုနေသူစာရေးသူတို့ကိုပင် ကူးစက်ခံစားရစေပါသည်။ တပ်မတော်အကြီးအကဲ နှစ်ဦးသည် တက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြပုံမှာ နွေးထွေးရင်းချာလှသည့် မိသားစုများသဖွယ် စည်းလုံးညီညွတ်သည့်မြင်ကွင်းသရုပ်နှင့် ချစ်ခင်လေးစားသည့် ပြယုဂ်ကို တစ်ပြိုင်တည်းတွေ့လိုက်ရခြင်းပင်ဖြစ်ပါသည်။
တီဗွီဖန်သားပြင်မှ သတင်းပုံရိပ်များပေါ်တွင် သက်ဝင်စီးမျောနေသော စာရေးသူတို့ မိသားစုမှာ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်း ပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာသည်အထိ ကြည့်ရှုနေကြရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုလိုက်သည့် သီချင်းသံကိုကြားလိုက်ရမှပင် သတိပြန်ဝင်လာပါတော့သည်။
အလားတူပင် လက်ရှိမြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်းနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းတို့၏ တာဝန်လွှဲပြောင်းမှု အခမ်းအနားကိုလည်း တပ်မတော်၏ ကောင်းမြတ်သောအစဉ်အလာများကို လက်ဆင့်ကမ်း ထမ်းဆောင်ကြသည်နှင့်အညီ အနှစ်သာရပြည့်ဝစွာ ကြည့်ရှုတွေ့မြင်ခဲ့ရပါသည်။
ထိုမြင်ကွင်းများကိုကြည့်ရှုပြီးနောက် တပ်မတော်၏ အစဉ်အလာကောင်းများနှင့် လက်ဆင့်ကမ်း အမွေဆိုသည့် အဓိပ္ပာယ်ကို စာရေးသူပိုမိုနားလည်လာမိပါသည်။ မြန်မာနိုင်ငံသမိုင်းကြောင်း တစ်လျှောက်မှ ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ဦးဆောင်နိုင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ခြင်း ဆိုသည်မှာ ခေတ်အဆက်ဆက်လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ လွတ်လပ်ရေးရပြီးနောက် မျက်မှောက်ကာလအထိ အဆင့်ဆင့်သော တပ်မတော် ခေါင်းဆောင်ကြီးများ၊ မိဘ၊ ဆရာသမားများ၏ သွန်သင်ဆုံးမမှုများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အဆင့်ဆင့်လက်ဆင့်ကမ်း သွန်သင်ဆုံးမမှုများကြောင့် ခိုင်မာစွာရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။ ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို တွန်းလှန်တိုက်ဖျက်နိုင်ခြင်းဖြစ်ပါသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းဖြစ်ပါသည်။
ဝန်ထမ်းငယ်ဘဝမှသည် ယနေ့အငြိမ်းစားယူပြီးသည်အထိ စာရေးသူမျက်ခြည်မပြတ်သတိပြုမိသည်မှာ တပ်မတော်သားများအနေဖြင့် တိုင်းရင်းသားပြည်သူများက မွေးဖွားလာသော မျိုးချစ်တပ်မတော်သားများအဖြစ် ခံယူကြပြီး အဆင့်ဆင့်သော ခေါင်းဆောင်များနှင့် ချမှတ်ထားသော လမ်းညွှန်ချက်များကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်လျက်ရှိနေကြသည် ဆိုသောအချက်ပင်ဖြစ်ပါသည်။ အစဉ်အလာကောင်းများနှင့်အညီ တပ်မတော်ကြီးထာဝစဉ်နုပျိုနေစေရန် အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းရည်ထက်မြက်သည့်တပ်မတော် အဖြစ် ဆက်လက်တည်ဆောက်လျက် ရှိနေကြသည်ဆိုသော အချက်ပင်ဖြစ်ပါသည်။
စာရေးသူတို့နိုင်ငံ၌ မကြာမြင့်သော ကာလမှာပင် ပြည်သူများလိုလားသည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ပါသည်။ ၎င်းအစိုးရသစ်သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်စေရန်၊ တရားဥပဒေစိုးမိုးစေရန်၊ ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေစေရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ကြတော့မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အထူးလိုအပ်သည့်အတွက် တပ်မတော်၏ အခန်းကဏ္ဍမှာလည်း အလွန်မှပင်အရေးကြီးပြီး အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် အစဉ်အလာမပျက် တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင် သွားရမည်ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်၏အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်အောင် သမိုင်းကြောင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်းအမွေအဖြစ် ဤသို့ ခမ်းနားလေးနက်စွာ လွှဲပြောင်းဆက်ဆံနေသည့်မြင်ကွင်းမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှပါသည်။ တပ်မတော်အကြီးအကဲနှစ်ဦး၏ နိုင်ငံတော်နှင့် တပ်မတော်အတွက် မိန့်မှာချက်များမှာလည်း အထူးပင်မှတ်သား လိုက်နာဖွယ်ဖြစ်ပါသည်။
ထို့အတူပင် နိုင်ငံတော်သီချင်း၌ “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ”ဟူ၍ပါရှိပါသည်။ စာရေးသူတို့၏ ဘိုးဘွားမိဘများ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့သော အမွေဖြစ်ပါသည်။ ထိုအမွေမှာ “မြန်မာပြည်”ပင်ဖြစ်ပါသည်။ စာရေးသူတို့လက်ရှိနေထိုင်နေသော အမိမြန်မာပြည်ကြီးသည် ဘိုးဘွားအစဉ်အဆက်တို့ အသက်၊ သွေး၊ ချွေးများစွာစတေးပြီး ရယူပေးခဲ့သောနိုင်ငံတော်ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် မိမိတို့၏ အသက်ကိုမငဲ့ကွက်ဘဲ ကာကွယ်စောင့်ရှောက်၍ လက်ဆင့်ကမ်းပေးခဲ့သောထိုအမွေကို တန်ဖိုးထား ထိန်းသိမ်းကာကွယ် ကြရမည်ဖြစ်ပါသည်။
အနှစ်ချုပ်ဆိုရပါသော် တပ်မတော်သားများ အပါအဝင် မိမိတို့ နိုင်ငံသူနိုင်ငံသား အားလုံးတို့ကလည်း နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိချမှတ်ထားခဲ့သည့် မွန်မြတ်သည့်လက်ဆင့်ကမ်း အမွေများကိုထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရမည်ဖြစ်ပါကြောင်း ညွှတ်နူးသော စိတ်နှလုံးဖြင့် ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။

လူအများသိနေကြတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေဟာ မြန်မာနိုင်ငံက စတင်ခဲ့တာမဟုတ်ဘဲ နိုင်ငံခြားသားဝိသမ လောဘသားများက အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ နယ်စပ်တွေမှာအခြေချပြီး တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေဖြစ်ပါတယ်။ အဲဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဦးဆောင်ကျူးလွန်နေသူတွေဟာ ပြည်ပနိုင်ငံသားတွေသာဖြစ်ပြီး အခြားနိုင်ငံသားများကို ပြစ်မှုကျူးလွန်ရန်အသုံးချရာမှတစ်ဆင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှု၊ လက်နက်ခဲယမ်း တရားမဝင်မှောင်ခိုရောင်းဝယ်မှုစတဲ့ ရာဇဝတ်မှုကြီးများနဲ့ ဆက်နွှယ်ရာကနေဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးကိုပါ ခြိမ်းခြောက်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား အလှမ်းမမီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့ နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကစိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ်ရာဇဝတ်မှုခင်းများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီပြဿနာကို ရိုးရိုးသာမန်ရာဇဝတ်မှုများလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့တာကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်များ၊ ပါဝင်ပတ်သက်ခဲ့တဲ့ ပြည်ပနိုင်ငံသားများ၊ တရားမဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားများနဲ့ ဖမ်းဆီးရမိခဲ့တဲ့ဆက်စပ်ပစ္စည်း ကိန်းဂဏန်းများက သက်သေပြနေပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ခံယူပြီး အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ပြတ်ပြတ်သားသား နှိမ်နင်းလျက်ရှိသလို အရေးယူဆောင်ရွက်ချက်တွေကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းများ ထုတ်ပြန်အသိပေးလျက်ရှိပါတယ်။
ဒီလိုလုပ်ဆောင်နေတာဟာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဒုစရိုက်ဘေးကနေ ကင်းဝေးစေဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝအကာအကွယ်ပေးဖို့အတွက် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးနေတာဖြစ်သလို မြန်မာနိုင်ငံမှာအခြေပြုပြီး နယ်စပ် ဖြတ်ကျော်မှုခင်းများ နိုင်ငံတကာကို မရောက်ရှိသွားစေရေးအတွက် တာဝန်သိမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။
အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေစိမ့်ဝင်နေပြီး အစိုးရအုပ်ချုပ်ရေးယန္တရား အပြည့်အဝမရှိတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ နယ်မြေတွေမှာ အခြေပြုနေတဲ့ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကိုလည်း စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အလေးထားပြီးဖြိုခွင်းလျက်ရှိနေပါတယ်။
ဒီလိုဖြိုခွင်းရာမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို နယ်စပ်ဒေသများမှာ အမြစ်ပြတ်ရှင်းလင်းဖို့နဲ့ ပြည်တွင်းအထိပျံ့နှံ့ရောက်ရှိမလာစေဖို့ “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကြီးကြပ်တိုက်ဖျက်ရေး ဗဟိုကော်မတီ” နဲ့ “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာန” (Anti Scam Centre- ASC)တွေကိုဖွဲ့စည်းထားပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေတဲ့နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးခြင်း၊ ပြည်တွင်း၊ ပြည်ပက အဓိက တရားခံတွေကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုလုပ်ကိုင်ဆောင်ရွက်မှုများကို မျက်ကွယ်ပြုပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့အဆိုးမြင်ဒေါ်လာစားမီဒီယာတွေက ပြည်သူလူထုနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ သတင်းအတု၊ သတင်းအမှားများနဲ့ အစိုးရရဲ့အွန်လိုင်း လိမ်လည်မှုနှိမ်နင်းရေး လုပ်ငန်းများကို ပုံရိပ်ကျဆင်းအောင် နှောင့်ယှက်လုပ်ဆောင်နေကြတာ မြင်တွေ့ကြားသိနေရပါတယ်။
အဆိုးမြင်မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace- USIP)ရဲ့ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို ညွှန်းဆိုပြီး မြန်မာနိုင်ငံဟာ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အဓိကလည်ပတ်နေတဲ့ ဗဟိုချက်ဖြစ်တယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပုံကြီးချဲ့ကာ ပြည်သူတွေ အထင်အမြင်လွဲမှားစေဖို့ ဖော်ပြခဲ့ပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းတွေအဓိကလည်ပတ်နေဆဲ ဖြစ်တယ်လို့ မဟုတ်မမှန် ဝါဒဖြန့်ချိနေကြပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီကိစ္စတွေကို မျက်ကွယ်ပြုထားတာမျိုး ဒါမှမဟုတ် နောက်ကွယ်ကနေ ပတ်သက်ဆက်နွှယ်နေတာမျိုး လုံးဝမရှိဘူးဆိုတာကို အခိုင်အမာပြောကြား လိုပါတယ်။ ၂၀၂၃ ခုနှစ်ကတည်းကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို မြန်မာနိုင်ငံအစိုးရက အမြစ်ပြတ်တိုက်ဖျက်ရှင်းလင်းခဲ့တယ်ဆိုတာကို အဲဒီ USIP အဖွဲ့အစည်းကြီးကတောင် တရားဝင်အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုကိစ္စရပ်တွေမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေပြုလုပ်ပြီး ပါဝင်ပတ်သက်ခဲ့တာမျိုး စစ်ဆေးတွေ့ရှိရရင်လည်း ဘယ်သူ့မျက်နှာမှမထောက်ထားဘဲ ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အစိုးရက အတိအလင်း သတင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေသာမက မြန်မာနိုင်ငံသားတွေပါ များစွာနစ်နာဆုံးရှုံးနေရတဲ့ ဒီလိုဆိုးရွားလှတဲ့လုပ်ရပ်တွေဟာ နိုင်ငံဖြတ်ကျော်တဲ့ သဘောသဘာဝရှိတာကြောင့် အဲဒီလိုရာဇဝတ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့အတွက်ကိုလည်းနိုင်ငံတော်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုဆိုးရွားလှတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရဟာ မိမိတို့နိုင်ငံတစ်ခုတည်းသာမကဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့နဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ်အတွင်းမှာ Operation Storm လို့အမည်ပေးထားတဲ့ အထူးစစ်ဆင်ရေးကြီးတစ်ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အခြေချလုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပေါင်း ရာနဲ့ချီကိုလည်း အပြီးတိုင်ဝင်ရောက်ချေမှုန်းနိုင်ခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ အဓိကတရားခံတွေကိုတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ထံကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သလို လူပေါင်းသောင်းနဲ့ချီပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို လုံခြုံစိတ်ချစွာပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါတင်မကသေးဘဲ မြန်မာ၊ တရုတ်နဲ့ ထိုင်း သုံးနိုင်ငံအကြားမှာ အထူး Task Force တစ်ရပ်ဖွဲ့စည်းပြီး ထိရောက်တဲ့ Action Plan တွေရေးဆွဲကာ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ သုံးနိုင်ငံစစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းအသုံးပြုပြီး လိမ်လည်နေမှုတွေကို တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့လည်း အချိတ်အဆက်မိမိစဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့်မို့လို့ ယနေ့အချိန်မှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေးကဏ္ဍမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုနေကြပြီဖြစ်ပါတယ်။
ဒီလိုအသိအမှတ်ပြုခံရခြင်းရဲ့ အကြောင်းတရားကတော့ နိုင်ငံတော်အကြီးအကဲရဲ့ စဉ်ဆက်မပြတ် လမ်းညွှန်ချက်များနဲ့အညီ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာနက နယ်စပ်ဒေသများအပါအဝင် ပြည်တွင်းရှိမြို့ရွာအသီးသီးမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ မကြီးထွားလာစေရေးအတွက် နည်းပညာအရ ထိန်းချုပ်ခြင်းအပါအဝင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အခြေပြုနေတဲ့နေရာတွေကို စီးနင်းဝင်ရောက်ဖမ်းဆီးတာတွေ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပါတယ်။
နည်းပညာအရထိန်းချုပ်ရာမှာ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သည့် IP Address ပိတ်ဆို့မှုများ၊ ဘဏ်စာရင်းပေါင်း ထောင်နှင့်ချီပိတ်သိမ်းမှုများ၊ Cryptocurrency နှင့် အဆင့်မြင့်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ တရားမဝင် Internet Bandwidth များ၏ တည်နေရာကို ခြေရာခံ၍ စီးနင်းမှုများ၊ တရားမဝင်ငွေလွှဲလုပ်ငန်း(Hundi)များမှတစ်ဆင့်စီးဆင်းနေသည့် ငွေကြေးလမ်းကြောင်း
များကို စောင့်ကြည့်ဖမ်းဆီးခြင်းများ၊ နယ်စပ်ဒေသများတွင် အသုံးပြုနေသည့် တရားမဝင် ဂြိုဟ်တုအင်တာနက်များအား ပိတ်ဆို့ဖြတ်တောက်ခြင်းများ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။
KNU အကြမ်းဖက်သောင်းကျန်းသူများ နယ်မြေမှာ လက်ခံထားတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို Border Safety Operation အမည်ဖြင့် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတစ်ရပ်ကို အရှိန်အဟုန်နဲ့ ဖော်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် မြဝတီ-မဲ့ထော်သလေး(KK Park)နဲ့ ရွှေကုက္ကိုလ်နယ်မြေတွေမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ အခိုင်အမာတည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စက်ယန္တရားကြီးတွေနဲ့ ကျူပင်ခုတ်ကျူငုတ်မကျန်ရလေအောင် မြေလှန်ဖြိုချဖျက်ဆီးပေးခဲ့တဲ့အပြင် ဖြိုဖျက်မှုမှတ်တမ်းဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကိုလည်း နိုင်ငံတကာသို့ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုနိုင်ငံတော်အစိုးရရဲ့ အဖွဲ့စုံပူးပေါင်းစစ်ဆင်ရေးတွေနဲ့ အရှိန်အဟုန်ပြင်းပြင်း ရှင်းလင်းဖယ်ရှားခဲ့တဲ့ မှတ်တမ်းတွေဟာ ငြင်းလို့မရတဲ့သက်သေ အထောက်အထားများဖြစ်ပါတယ်။ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေအတွင်းမှာဆိုရင် ဒုစရိုက်လုပ်ငန်းတွေအတွက် အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံပေါင်း ၆၃၅ လုံးကို နိုင်ငံတော်ရဲ့ ဥပဒေအာဏာစက်နဲ့အတူ အဆင့်မြင့်နည်းပညာတွေသုံးပြီး အစအနမကျန် ဖြိုချဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။
ဒီလိုပြတ်ပြတ်သားသား နှိမ်နင်းဖမ်းဆီးခဲ့ရာမှာ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများရဲ့ အသုံးချခံနေရတဲ့ ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေကိုအခြေခံပြီး သူတို့ရဲ့သက်ဆိုင်ရာမိခင်နိုင်ငံတွေဆီကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိပါတယ်။
ကရင်ပြည်နယ်အတွင်း ရှာဖွေကူညီကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံခြားသားများ၏ထွက်ဆိုချက်တွေအရ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ဝင်ရောက်ပြီး ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်/ လေယာဉ်တို့ဖြင့် ပို့ဆောင်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကူးပြီး ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာရှိတဲ့ ကုမ္ပဏီများကို ပို့ဆောင်ခြင်း၊ ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိပြီး မော်တော်ယာဉ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့အတွင်းရှိကုမ္ပဏီများကိုပို့ဆောင်ခြင်း စတဲ့လမ်းကြောင်းတွေကနေတစ်ဆင့် လူကုန်ကူးခံခဲ့ကြရတာဖြစ်ပါတယ်။ သက်ဆိုင်ရာသံရုံးတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို လူကုန်ကူးခံရသူတွေအဖြစ်နဲ့ဖော်ပြပြီး အကူအညီတောင်းနေကြပေမယ့် အဲဒီထဲက တချို့ကတော့ လူကုန်ကူးခံရသူတွေမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ကိုယ်တိုင်လာရောက် လုပ်ကိုင်နေကြသူတွေဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေပြီး ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေသူတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်တဲ့နေရာတွေကို ဖော်ထုတ်အရေးယူခဲ့ရာမှာ ပါဝင်ပတ်သက်သူ နိုင်ငံခြားသား ၇၁၉၇၅ ဦးကို နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။
ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုအရ သူတို့ရဲ့မိခင်နိုင်ငံအသီးသီးဆီ ပြန်လည်လွှဲပြောင်းပေးအပ်နေသလိုမျိုးပဲ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ပတ်သက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီး အွန်လိုင်းလိမ်လည်မှုကိစ္စကို အမြစ်ပြတ်သွားအောင် လုပ်ဆောင်လျက်ရှိပါတယ်။
ဖမ်းဆီးရမိထားတဲ့ ပြည်တွင်းကတရားခံတွေကို အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေအစရှိတဲ့ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ပြီး ပြင်းပြင်းထန်ထန် တရားစွဲဆိုအရေးယူလျက်ရှိပါတယ်။
အမှန်တကယ်တော့ ဝိသမလောဘသားပြည်ပနိုင်ငံသားတွေ ကြိုးကိုင်ထားတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စမှာ ပါဝင်ပတ်သက်နေကြသူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေသာဖြစ်တယ်ဆိုတာကို ခိုင်လုံတဲ့သက်သေ အထောက်အထားတွေက ရှင်းလင်းစွာဖော်ပြနေပါတယ်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ဟာ သူတို့စိုးမိုးထားတဲ့နေရာမှာ တရားမဝင်ဒုစရိုက်သမားတွေကို လုံခြုံအောင်အကာအကွယ်ပေးထားပြီး အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ကိုယ်ကျိုးစီးပွားအတွက် လောဘတက်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်ထဲက အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဇာတ်လမ်းအစ တရားမဝင်မြေငှားစာချုပ်မှာ KNU ရဲ့ ဘဏ္ဍာရေးကော်မတီ တာဝန်ခံဖြစ်သူ ဖဒိုစောကွယ်ထူးဝင်း (လက်ရှိဥက္ကဋ္ဌ)ကိုယ်တိုင်က လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိယအသိသက်သေအနေနဲ့လည်း ဖဒိုစောရောဂျာခင်ကိုယ်တိုင် အသီးသီးပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာဟာ သူတို့ရဲ့ကိုယ်ကျိုးရှာ မတရားတဲ့လုပ်ရပ်တွေကို အထင်အရှား သက်သေပြသနေပါတယ်။
မြေပြင်ဖော်ထုတ်ချက်များအရ ပကတိအမှန်တရားကတော့ မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို ကိုယ်တိုင်ဖန်တီးခဲ့တာမျိုး မဟုတ်ဘဲ ပြည်ပက ရာဇဝတ်ဂိုဏ်းတွေက နယ်စပ်ဒေသ မတည်ငြိမ်တာကိုအခွင့်ကောင်းယူပြီး ခိုအောင်းအခြေပြုလုပ်ခဲ့တာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ အဲဒီအွန်လိုင်းလိမ်လည်မှု ဂိုဏ်းဝင်တွေကို တရားဝင်လက်ခံထားတာမျိုး မရှိသလို ဧည့်သည်အဖြစ် လက်မခံဘဲ "Operation Storm"နဲ့ "Border Safety Operation" ကဲ့သို့သော စစ်ဆင်ရေးများနဲ့အမြစ်ပြတ်ဖယ်ရှားခဲ့တာကို ကမ္ဘာသိအောင်လုပ်ဆောင်ပြသလျက်ရှိပြီး အဆိုးမြင်ဝါဒီများ စွပ်စွဲနေသလို မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုဗဟိုချက်မဟုတ်ဘဲ “ဒုစရိုက်သမားများရဲ့ကျူးကျော်ခံရမှုကို ရှင်းလင်းနေသူ” ဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ရှင်းလင်းပြတ်သားစွာ အသိပေးလိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖယ်ရှားနိုင်ခဲ့မှုတွေဟာ ဘယ်သူမှငြင်းပယ်လို့မရနိုင်တဲ့ လက်တွေ့မြေပြင် အမှန်တရားပဲဖြစ်ပါတယ်။ သောင်းနဲ့ချီတဲ့ဖမ်းဆီးရမိမှု ကိန်းဂဏန်းအချက်အလက်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကိုစနစ်တကျပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့တဲ့ ခိုင်လုံတဲ့မှတ်တမ်းတွေက နိုင်ငံတော်အစိုးရရဲ့ အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာသက်သေထူပြသနေပါတယ်။
ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးစစ်ပွဲကြီးမှာ ရှေ့တန်းကမားမားမတ်မတ်ရပ်တည်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီလိုအောင်မြင်မှုတွေကို လွဲမှားတဲ့ရှုထောင့်တွေကနေ တစ်ဖက်သတ်ဝေဖန်နေမယ့်အစား အပြုသဘောဆောင်ကာ အမှန်တရားနဲ့ ကိန်းဂဏန်းတွေက သက်သေထူနေတဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးကြပါရန် နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ။

နှစ်စဉ် မပြတ်ဖော်သရွေ့
တပ်မတော်နေ့ ထာဝရတည်။
ရှစ်ဆယ့်တစ်ကြိမ် ဂုဏ်အမြင့်
ဂုဏ်ဆင့်ပါမည်။
တပ်မတော်အတွက် စာစီ
တွဲလက်ညီ ဖော်ညွှန်း။
ရွှေနိုင်ငံ ရွှေတစ်ခေတ်
ထုဆစ်မော်ကွန်း။
မတ်လရက်မွန် နှစ်ဆယ့်ခွန်သို့ ရောက်ရှိခဲ့ပေပြီ။ ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍ ဖူးပုရစ်တို့ မြူးလှစ်သည့်အချိန်အခါပါပေ။ နွေ၏ပြကွင်းပြကွက်တို့သည် အားမာန်အပြည့်ဖြင့် ထပ်လောင်းပေါင်းစပ်လျက်ရှိသည်။ အဟောင်းအဟောင်းတို့နေရာ၌ အသစ်အသစ်တို့ ဖြစ်ထွန်းတိုးတက်လာရသည့်ပမာ ရေအလျဉ်သဖွယ် စဉ်ဆက်မပြတ် စီးဆင်းနေသော အင်အားသရုပ်ကို ဖော်ထုတ်ပြသနေသည့် မြင်ကွင်းတစ်ရပ်လည်းမည်ပါပေသည်။
ဤရာသီအခါသမယမှာ မြန်မာ့သမိုင်းစဉ်နှင့် ဆက်စပ်ကြည့်မည်ဆိုပါလျှင်လည်း ထင်ရှားသော ကမ္ပည်းမှတ်တိုင်တစ်ခုကို တွေ့ကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှမောင်းထုတ်နိုင်ခဲ့သည့် အချိန်ကာလဖြစ်သည်။ ဖက်ဆစ်ဂျပန်များကို ကျူပင်ခုတ် ကျူငုတ်မကျန်တော်လှန်တိုက်ထုတ်နိုင်ခဲ့သော မတ်လ ၂၇ ရက်နေ့သည် တပ်မတော်နေ့ပင်ဖြစ်သည်။ လွတ်လပ်ရေးတည်းဟူသော မြစ်တစ်စင်းမှာ တိုင်းရင်းသားပြည်သူတို့၏ တစ်စိတ်တစ်ဝမ်းတည်းသောစိတ်ဖြင့် လက်တွဲညီညွတ်ခဲ့သည့် ဤမည်သော အခါသမယတွင် မြစ်ဖျားခံစီးဆင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာ့တပ်မတော်သည် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံပြီး တစ်ဦးချင်းကိုယ်ကျိုးကို ပဓာနမထားဘဲ အများအကျိုးကို ဦးစားပေး ထမ်းရွက်လျက်ရှိသည့် နိုင်ငံတော်၏ အခိုင်မာဆုံးသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ တပ်မတော်သားများသည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသူများဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေကြသူများဖြစ်သည်။ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တစိုက်မတ်မတ် ထမ်းဆောင်နေကြသူများဖြစ်သည်။ တပ်မတော်၏အခန်းကဏ္ဍအရေးကြီးပုံကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၃၇ တွင် “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသည်။ မွန်မြတ်သည့်စိတ်ဓာတ်၊ ခိုင်မာသည့် ယုံကြည်ချက်၊ ရဲရင့်သည့်သတ္တိတို့ဖြင့် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် မိမိတို့၏ ရင်နှစ်သည်း ချာများကဲ့သို့ ရင်းနှီးနွေးထွေး၍ အားကိုးအားထား ပြုကြလျက်ရှိသည့် မိဘပြည်သူ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတွက် နှစ်စဉ် မတ်လ ၂၇ ရက်နေ့သို့ရောက်ရှိလေတိုင်း တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားများကို ခမ်းနားထည်ဝါစွာ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၈၁)နှစ်သို့တိုင်ရောက်ရှိခဲ့ပြီဖြစ်သည်။
မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ သန္ဓေတည် ပေါက်ဖွားလာခဲ့၍ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုတပ်မတော်ဖြစ်သည်။ တိုင်းရင်းသားပြည်သူတို့၏ အကျိုးကိုသာလျှင် အစဉ်ရှေးရှု ဆောင်ရွက်ခဲ့သောတပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံတော် ပြိုကွဲပြီး ပြည်သူတို့ သူ့ကျွန်ဘဝ ပြန်လည်ရောက်ရှိသွားနိုင်သည့် အခြေအနေဆိုးများ ကျရောက်လာတိုင်း အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ပြည်သူတို့၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတော် အဓွန့်ရှည်ရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အစဉ်တာဝန်ကျေပွန်ခဲ့သောတပ်မတော် ဖြစ်သည်။
ဤသို့လျှင် သမိုင်းကြောင်း အစဉ်အလာကြီးမားလှသည့် မြန်မာ့တပ်မတော်သားတို့အတွက် ဂုဏ်ယူမြတ်နိုးဖွယ်ရာဖြစ်သော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးကို စည်စည်ကားကား၊ ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါကျင်းပနေသည့် မြင်ကွင်းကျယ်ကြီးမှာ နိုင်ငံသားတစ်ယောက်အဖို့ အားမာန်အပြည့်ဖြင့် ဇာတိသွေး၊ ဇာတိမာန်များ နိုးကြားထက်သန်လာသည်အထိ ခံစားရစေပါသည်။ စစ်ကြောင်းကြီးများချီတက်ရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်နှင့် ပြည်သူ ကြည်ဖြူစွာ မေတ္တာတုံ့လှယ်နေကြသည့် မြင်ကွင်းပုံရိပ်များကလည်း ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းလှသည်။
ပင်လောင်းလမ်းဆုံတစ်လျှောက်နှင့် စစ်ရေးပြကွင်းကြီးအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတအနုပညာရှင်များ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ဒေသခံပြည်သူများကလည်း စစ်ရေးပြစစ်ကြောင်းကြီးများကို ဂုဏ်ပြုပန်းကုံးများဖြင့် ကြိုဆိုရန် သောင်းသောင်းဖြဖြကြိုဆိုစောင့်ဆိုင်းနေကြသည်မှာ အားတက်ဖွယ်ပင်ဖြစ်သည်။
စစ်ရေးပြမှူးကြီး၏ “တပ်ပေါင်း”ဟူသော အမိန့်သံအဆုံးတွင် တပ်မတော်နေ့အခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့က အမိန့်စဉ်အတိုင်းပါဝင်ချီတက်ရန် အသင့်ပြင်ထားကြပြီးဖြစ်သည်။
စစ်ရေးပြစစ်ကြောင်းကြီးတွင်ပါဝင်ကြသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲများ၏ အသွင်သဏ္ဌာန်မှာ တည်ကြည်ခံ့ညားလျက်ရှိသည်။ စစ်ရေးပြအခမ်းအနားအတွက် တူညီဝတ်စုံများနှင့် ချပ်ဝတ်တန်ဆာများကို သပ်ရပ်ညီညာစွာ စနစ်တကျ ဝတ်ဆင်ထားသည်။ ဇာတိသွေး၊ ဇာတိမာန်ကိုတက်ကြွစေသည့် စစ်ချီသီချင်းများကို အားအပြည့်၊ မာန်အပြည့် သံပြိုင်ညီညာသီဆိုကြပြီး တက်ကြွ၊ ညီညာ၊ သွက်လက်သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးတွင် ပါဝင်ဆင်နွှဲရသည်ကို ကိုယ်စီကိုယ်စီ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း ပေါ်လွင်လှပါသည်။
ထို့ပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာစေရန် ကြည်း၊ ရေ၊ လေ စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသည့် ပိုစတာကြီးများကိုလည်း လမ်းတစ်လျှောက်တွေ့မြင်ရသည်။ ပင်လောင်းလမ်း တစ်လျှောက်၏ လမ်းဘေး ဝဲ၊ ယာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့်လိုက်ဖက်ညီစွာ သစ်ပင်ပန်းပင်များကို လှပညီညာ စိုက်ပျိုးထားပြီး အလှမီးပန်းများ၊ ရောင်စုံမီးဆိုင်းများဖြင့် အလှဆင်ထားသည်မှာ ရှု၍မငြီးနိုင်အောင်ပင်ဖြစ်သည်။ နေရာအလိုက်၊ အခန်းကဏ္ဍအလိုက် အခမ်းအနားအပြင်အဆင်များကို စစ်ရေးပြအခမ်းအနားကြီးနှင့် လိုက်လျောညီစွာ အသေးစိတ်ကအစ စနစ်တကျ စီမံဆောင်ရွက်ထားသည်မှာ တပ်မတော်နှင့် တပ်မတော်သားများ၏ စည်းကမ်းကျနသေဝပ်မှုကို ပုံဆောင်ပြသနေသကဲ့သို့ရှိပါသည်။
အခမ်းအနားကြီးကျင်းပရာနေရာဌာနအားလုံးတို့၌ လျှပ်စစ်မီးများဖြင့် ထိန်ထိန်ညီးညီးထွန်းလင်းနေသဖြင့် ညဘက်ဖြစ်သော်လည်း နေ့ခင်းအချိန်အလား လင်းလင်းကျင်းကျင်းရှိနေပါသည်။
ထိုမျှမကသေး စစ်ရေးပြကွင်းကြီးဆီသို့ ချီတက်ရာလမ်းတစ်လျှောက်တွင် တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ်နှစ် ဘာသာဖြင့် ဆိုင်းဘုတ်များ စိုက်ထူကာပြသထားသည်။ စာတန်းများ ချိတ်ဆွဲရာတွင်လည်း ရဲစွမ်းသတ္တိကို ပြသရာရောက်သည့် အနီရောင်ကို အောက်ခံအရောင်အဖြစ် အသုံးပြုထားပြီး ၎င်းအနီရောင်အပေါ်တွင် ရွှင်လန်းတက်ကြွမှု၊ ချစ်ခင်ရင်းနှီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို ခံစားရရှိနိုင်စေရန် အဝါရောင်စာလုံးကြီးများဖြင့် ထင်ထင်ရှားရှားပုံဖော်ကာ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုလျက်ရှိနေသော ပုံရိပ်အငွေ့အသက်များဖြစ်ပေါ်လာအောင် ပြသထားသည်ကိုတွေ့မြင်ရသည်။
စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာတွေ့မြင်ရသည်။ လျှပ်စစ်မီးများဖြင့်အလှဆင်ထားပြီး ဆလိုက်မီးကြီးများ ထိုးထားသဖြင့် မုခ်ဦးကြီး၏ ခမ်းနားထည်ဝါပုံကို ခံ့ခံ့ညားညားမြင်တွေ့ရသည်။ မုခ်ဦးအတွင်း၌ ပုံဖော်ထားသည့် ပန်းအလှများအပြင် ထပ်မံ၍ ရောင်စုံမီးအလှများ စီခြယ်ထားသည်ကို တွေ့ရသည်။ ထိန်ထိန်ညီးညီး ထွန်းတောက်တည်ရှိနေသည့် မီးရှူးတိုင်ကြီး၏ခံ့ညားမှုနှင့် အေးမြကြည်လင်မှုကိုပုံဖော်နေသည့် ရေပန်းအလှတို့ကလည်း တပ်မတော်သည် နိုင်ငံတော်အတွက် တောက်ပမှုအလင်းရောင်နှင့်အေးချမ်းသာယာမှုကို ဆောင်ကြဉ်းပေးနိုင်ရန် အစဉ်တည်ရှိနေခြင်းကို ပြသပေးနေသကဲ့သို့ ခံစားမိစေသည်။
တပ်မတော်နေ့ စစ်ရေးပြစစ်တီးဝိုင်းများ၏ စစ်သီချင်းတီးမှုတ်ပုံများ၊ စစ်ရေးပြစစ်ကြောင်းကြီးများတွင် ပါဝင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ ဇာတိသွေး၊ ဇာတိမာန်အပြည့် စစ်ချီတေးသီချင်းသီဆိုမှုများမှာ နားသောတဆင်ရသူ ပြည်သူလူထု၏ ရင်ထဲ၊ အသည်းထဲ၊ စိတ်နှလုံးထဲတွင် ရဲစိတ်ရဲမာန်များ တိုးပွားလာကာ မျိုးချစ်စိတ်ဓာတ်များတက်ကြွလာစေသည်။ စစ်ချီသီချင်းသံများမှာ တိမ်ယံကိုထွင်းဖောက်၍ ထက်ကောင်းကင်သို့ပင် လွင့်ပျံရောက်ရှိမတတ် အားမာန်တို့ဖြင့် ပြည့်လျှမ်း၍နေပါသည်။
စစ်ရေးပြစစ်ကြောင်းကြီးများချီတက်လာချိန်တွင် လမ်းတစ်လျှောက်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတအနုပညာရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စစ်ကြောင်းကြီးများကို သောင်းသောင်းဖြဖြကြိုဆိုကြကာ ဂုဏ်ပြုပန်းကုံးများ ချီးမြှင့်နေကြပုံမှာ ကြည်နူးဖွယ်ကောင်းလှသည်။
စစ်ရေးပြကွင်းအတွင်းသို့ ယန္တရားစစ်ကြောင်းအပါအဝင် စစ်ရေးပြမှူးကြီး ဦးဆောင်သော စစ်ကြောင်းများက သတ်မှတ်နေရာတွင် ဝင်ရောက်နေရာယူပုံ၊ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက် ၁၉ ချက်ပစ်ဖောက်ဂုဏ်ပြုပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းများက အလေးပြုပုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ကိုစစ်ဆေးပုံ၊ မိန့်ခွန်းပြောကြားပုံ၊ မိန့်ခွန်းပြောကြားအပြီးတွင် စစ်ရေးပြမှူးကြီးဦးဆောင်သော စစ်ကြောင်းများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပုံ၊ တစ်ချိန်တည်းမှာပင် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များကလည်း ကောင်းကင်ယံမှ သရုပ်ပြပျံသန်းပြီးအလေးပြုပုံ၊ စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပုံ စသည့် စစ်ရေးပြ အခမ်းအနားအစီအစဉ်များကို လေ့ကျင့်သားပြည့်ဝမှု၊ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စုစည်းညီညွတ်မှုတို့ဖြင့် စနစ်တကျ ဆောင်ရွက်သွားသည်ကိုတွေ့ရသည်။
ထို့ပြင် ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MTX – 1 A လေယာဉ် ၁ စင်းနှင့် PT-6 လေယာဉ် ၂ စင်း တို့က ရှုရပ်၏ရှေ့တည့်တည့်မှ Composite Formation ပုံစံဖြင့်လည်းကောင်း၊ Mi-17 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ Mi-2M ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာ ဘက်သို့ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့် ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏ အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှ ဝင်ရောက်လာပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏ရှေ့တည့်တည့်မှဝင်ရောက်ပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၂ စင်းက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီမှဝင်ရောက်လာပြီး Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ်ပျံသန်း၍ လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏အရှေ့ဘယ် ၄၅ ဒီဂရီ မြင်ကွင်းမှ ပျံသန်း၍လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှ ပျံသန်း၍လည်းကောင်း၊ ATR 72 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းက ရှုရပ်၏ရှေ့တည့်တည့်မှ ပျံသန်း၍လည်းကောင်း၊ K-8 W တိုက်ခိုက်ရေးလေယာဉ် ၂ စင်းက Echelon Formation ပုံစံဖြင့် ရှုရပ်၏ရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှပျံသန်း၍ လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၃ စင်းက ရှုရပ်၏အရှေ့ဘယ် ၄၅ ဒီဂရီမြင်ကွင်းမှဝင်ရောက်ကာ Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ် ၃ စင်းက ပွဲကြည့်စင်နောက်မှ ရှုရပ်၏အရှေ့ဘက်သို့ ပျံသန်း၍ Flare မီးကျည်များ ထုတ်လွှတ်၍လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်အား အလေးပြုကြသည်။ လေယာဉ်၊ ရဟတ်ယာဉ်များ၏ ပျံသန်းခြင်းဆိုင်ရာ စွမ်းရည်ပြသမှုများကို ညဘက်တွင် ထူးခြားစွာ မြင်တွေ့ရသည်မှာ ကြည့်ရှုရသူပရိသတ်များအဖို့ ရင်သပ်ရှုမောဖွယ် ဖြစ်ပါသည်။
ထို့ပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကျင်းပသော နေပြည်တော်စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသည့် မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်ကြီးကို လည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေး မှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့်လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။
စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ကိုယ်စားပြု အရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့်လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြုအရောင်များအတိုင်း ပြောင်းလဲအလှဆင်၍လည်းကောင်း၊ လမ်းဘေး ဝဲ၊ ယာ တစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့်ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုသည့်စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံ စင်မြင့်မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့်လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Street Light များဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင် ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box များ၊ LED Street Light များဖြင့် အသီးသီးပုံဖော်အလှဆင်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။
ဤသို့ဤနှယ် ခမ်းနားထည်ဝါလှသော စစ်ရေးပြ အခမ်းအနားကြီးသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားစစ်သံရုံးမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ တပ်မတော်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတအစည်းအရုံး၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ အင်ပြည့်အားပြည့်တက်ရောက်လာကြသည်ကိုလည်း တွေ့ရသည်။
အနှစ်ချုပ်ဆိုရပါသော် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် ယနေ့အချိန်ထိ မည်သည့်ခေတ်စနစ်တွင်မဆို နိုင်ငံတော်နှင့် ပြည်သူတို့ အကျပ်အတည်း ဘေးဒုက္ခကြုံတွေ့တိုင်း အစဉ်အမြဲလက်တွဲ ဦးဆောင်၍ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်မှာ မြန်မာ့တပ်မတော်ပင်ဖြစ်ပါသည်။ ဤသို့လျှင် နိုင်ငံတော်နှင့်ပြည်သူအတွက် သမိုင်းမှတ်တိုင်ကောင်းများစိုက်ထူ၍ မရပ်မနားခရီးနှင်ခဲ့သော ပြည်ထောင်စုတပ်မတော်ကြီးမှာ မွန်မြတ်သည့်လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်း၍ သမိုင်းအစဉ်အလာ ကောင်းများနှင့်အညီ “အမိမြေအတွက် ဆက်လက်အောင်ပွဲချီ” လျက်ရှိပါကြောင်း စာပန်းချီခြယ်မှုန်း၍ ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။