ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင်
-
လူသားတို့တွင် အရွယ်သုံးပါးရှိပေရာ လူငယ်အရွယ်သည် အဓိကကျလှသည့်အရွယ်ဖြစ်သည်။ မိမိတို့စိတ်ဆန္ဒရှိရာကို အောင်မြင်စွာလုပ်ဆောင်နိုင်သော အရွယ်ဖြစ်သည်။ လူငယ်ဘဝတွင် ဇွဲ၊ လုံ့လ၊ ဝီရိယပြည့်ဝစွာဖြင့် အပင်ပန်းအဆင်းရဲခံကာကြိုးစားခြင်းဖြင့် ပထမအရွယ်မှ ဒုတိယအရွယ်သို့ ဖြတ်သန်းကြရမည်ဖြစ်သည်။ လူငယ်ဆိုသည်မှာ တက်ကြွ၍လန်းဆန်းနေရမည်။ ပညာကို တတ်အောင်သင်ယူရမည့်အရွယ်ဖြစ်သည်။ အတန်းပညာ၊ အသိပညာ၊ အတတ်ပညာမှန်သမျှတို့သည် လူငယ်တို့အတွက်ဖြစ်သည်။ လူကြီးအရွယ်ရောက်ကာမှ အတန်းပညာများကိုသင်ယူ၍ရနိုင်သည်မဟုတ်တော့ပေ။လူငယ်သည် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည်။ သင်လျှင်အတတ်မြန်သည်။ စမ်းသပ်ချက်များအရ အလယ်တန်းတွင်မိမိနှစ်သက်သောကဗျာကို အလွတ်ကျက်ထားမည်ဆိုလျှင် အသက်အရွယ်ကြီးရင့်သည်အထိ မမေ့နိုင်ပေ။ ဆိုလိုသည်မှာ လူငယ်ဘဝက စိတ်ပါလက်ပါဖြည့်ဆည်းထားသော အရာမှန်သမျှ အသက်အရွယ်ကြီးရင့်သည်အထိ မေ့ပျောက်မသွားခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ အလင်္ကာကျော်စွာ မြို့မငြိမ်းရေးသားသည့် လူချွန်လူကောင်းသီချင်းသည် ခေတ်အဆက်ဆက် မရိုးနိုင်သော သီချင်းဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးခေါင်းစဉ်သည် အဆိုပါသီချင်းထဲတွင် ပါဝင်သောစာသားဖြစ်သည်။ လူငယ်များကို လူချွန်လူကောင်းများ ဖြစ်အောင် လက်ဦးဆရာဖြစ်သော မိဘနှင့်ဆရာတို့က ပြုစုပျိုးထောင်ပေးကြရသည်။ ထို့အတူ နိုင်ငံတော်အစိုးရကလည်း ထူးခြားစွာအားပေးကြရသည်။ နိုင်ငံတော်အစိုးရ၏ အားပေးမှုသည် လူငယ်တို့၏အနာဂတ်ကို တောက်ပြောင်စေသည်။ နိုင်ငံတော်၏အနာဂတ်ကို လင်းလက်စေသည်။ “ကမ္ဘာ့သမိုင်းရာဇဝင် သုံးသပ်လေ့လာသင် အကြံဉာဏ် ဝေဖန်မြော်လို့မြင် ငါတို့ပြည်ထောင်စုတွင်…ကမ္ဘာ့ရေကြောင်းသ င်္ဘောမောင်းနှင်မြေပြင်လေပြင် နှံ့စပ်စုံလင် တို့လူချွန်လူကောင်းအထုတွင် ပါဝင်တစ်ယောက်ဆိုတအားပင်”ဆိုသည့် လူချွန်လူကောင်းသီချင်းစာသားမှာ ယနေ့ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းသားများကို ညွှန်းဆိုရေးခဲ့သလားဟု ထင်မြင်မိသည်။လူငယ်မှန်သမျှသည် အနာဂတ်နိုင်ငံတော်ကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြသည်။ လက်ဆင့်ကမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် သူတို့ကိုကောင်းမွန်စွာ မြေတောင်မြှောက်ပေးရမည်မှာ လက်ရှိလူကြီးများ၏တာဝန်ဖြစ်သည်။ လူကြီးများ၏ စီမံဆောင်ရွက်မှုအတိုင်း ကောင်းမွန်စွာလိုက်ပါ လုပ်ဆောင်ရမည်မှာလည်း လူငယ်များ၏တာဝန်ဖြစ်သည်။ အရည်အသွေးပြည့်ဝ၍ စိတ်ဓာတ်ကောင်းမွန်သောလူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာမှလည်း နိုင်ငံတော်၏အနာဂတ်သည် တောက်ပြောင်နေမည်ဖြစ်သည်။ ယခုအခါ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ကောင်းကျိုးရှိမည့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ အဆိုပါသင်တန်းများတွင် တပ်မတော်က နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိသည့် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများလည်းပါဝင်သည်။ အဆိုပါသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများတိုးပွားစေသည်။ မိမိတို့၏ ကျောင်းအားလပ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်သည်။ မိမိတို့ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေသည်။ နိုင်ငံတော်အတွက် ရေကြောင်းပညာနှင့်လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်များပေါ်ပေါက်စေသည်။ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)နှင့်ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲများကို ဧပြီလ ၂၇ ရက်နေ့ကနေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့နှင့်ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့်ကျွန်းစုမြို့၊ ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့်ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းများသို့ သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦး တက်ရောက်လျက်ရှိသည်။ အဆိုပါရေကြောင်းလူငယ် သင်တန်းများကို ၁၉၅၉ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၅၅၀ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို စာတွေ့/လက်တွေ့သင်ကြားပေးနေပြီဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလို ထူးချွန်သူများအား ပေါ်ထွန်းလာမည်ဖြစ်သည်။ မြန်မာ့အားကစားမြှင့်တင်ရေးအတွက်လည်း ရေကြောင်းလူငယ်သင်တန်းများမှ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးလျက်ရှိသည်မှာလည်း နိုင်ငံနှင့်တပ်မတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးသည်နှင့်တစ်ချိန်တည်းမှာပင် လေကြောင်းလူငယ် သင်တန်းများနှင့်ပတ်သက်၍ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)သင်တန်းများကို နေပြည်တော်သင်တန်း စခန်းအပါအဝင် သင်တန်းစခန်း ၂၀ ၌ ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)အား သင်တန်းစခန်း ၁၈ ခု သင်တန်းသား ၉၂၈ ဦးဖြင့်လည်းကောင်း၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)အား သင်တန်းစခန်းနှစ်ခု၊ သင်တန်းသား ၁၁၆ ဦးတို့ဖြင့်လည်းကောင်း ဧပြီလ၂၇ ရက်မှစတင်ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်သည်။ တန်းမြင့်လေကြောင်းလူငယ် သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံဗဟုသုတ၊ Airfield Procedure၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်များ ထည့်သွင်းပို့ချပေးသွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။၂၀၂၆ ခုနှစ် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း စခန်းပေါင်းစုံသင်တန်းဆင်းပွဲများကို မေလ ၂၂ ရက်နေ့တွင် သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)စခန်းပေါင်းစုံ သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံ အားကစားခန်းမ၌ လည်းကောင်း၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို နေပြည်တော်လေတပ်စခန်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။ရေကြောင်းလူငယ်သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့်စခန်းပေါင်းစုံ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာနှင့် အာကာသပြတိုက်လေ့လာခြင်းတို့ဆောင်ရွက်ကြသည်။ထို့အတူ လေကြောင်းလူငယ်သင်တန်းသားများအား သင်တန်းတွင်ပို့ချသည့်ဘာသာရပ်များအပြင် လေယာဉ်/ရဟတ်ယာဉ်များ၏ ပျံသန်းမှုအခြေခံ သဘောတရားများကို သိရှိနားလည်စေရန်အတွက် RCလေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများကို သက်ဆိုင်ရာသင်တန်းစခန်းများ အလိုက် လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲများကျင်းပကာ ထူးချွန်ဆုရသင်တန်းသားများအား နည်းပြလေသူရဲများနှင့်အတူ တပ်မတော်(လေ)ရှိ အမောင်းသင်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။သင်တန်းသားများအားလုံး ဒေသန္တရဗဟုသုတများရရှိစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊သူရဲကောင်းဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အာကာသပြတိုက်နှင့် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာတို့သို့ လည်းကောင်း လေ့လာရေးပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ်လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေမည်ဖြစ်သည်။ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေမည်။ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိသည်။ လူငယ်များ၏ဝါသနာပါရာ ပညာရပ်ကို မြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာ မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။လူဆိုသည်မှာအသက်အရွယ်အလိုက်ပြောင်းလဲလာကြခြင်းဖြစ်သည်။ ကျောင်းသား၊ကျောင်းသူလူငယ်အရွယ်တွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းမှာအထူးပင်ကောင်းမွန်သော အခွင့်အလမ်းဖြစ်သည်။ လူငယ်သည်တက်ကြွသည်။ စူးစမ်းလိုစိတ်ရှိသည်။ နာခံမှုကောင်းသည်။ ဖြူစင်သောကျောင်းသား၊ ကျောင်းသူလူငယ် မျိုးဆက်သစ်များကို နိုင်ငံတော်နှင့်တပ်မတော်က ယခုကဲ့သို့ ပြုစုပျိုးထောင်ပေးခြင်းဖြင့် သူတို့၏အနာဂတ်ကို သူတို့လှပအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ တပ်မတော်တွင် အခြေခံဖြစ်သည့် စစ်ရေးပြဘာသာရပ်ကို သင်ကြားတတ်မြောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှု ရရှိစေမည်ဖြစ်သည်။ စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတတ်ခြင်းမှာ မည်သည့်လုပ်ငန်းခွင်တွင်မဆို အလိုအပ်ဆုံးသော အရာဖြစ်သည်။ စည်းကမ်းရှိမှတိုးတက်မည် ဟူသော စကားသည်လွဲမှားမှုမရှိသော အမှန်တရားဖြစ်သည်။စည်းကမ်းမကောင်းသူကို မည်သူကမျှ ကြိုက်နှစ်သက်မည်မဟုတ်ပေ။ မိဘဖြစ်သူကိုယ်တိုင်ပင် မိမိ၏ သားသမီး စည်းမရှိ၊ ကမ်းမရှိနေထိုင်သွားလာနေသည်ကို ကြိုက်နှစ်သက်မည်မဟုတ်ပါ။ယခုမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များမှာ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများ တက်ရောက်ထားခြင်းအားဖြင့် သူတို့သည် အဖိုးတန်သောလူချွန်လူကောင်းကလေးများဖြစ်လာပေမည်။ လူချွန်လူကောင်းကလေးများဖြစ်အောင်လည်း တပ်မတော်(ရေ)နှင့်တပ်မတော်(လေ)တို့မှ နည်းပြများက အကောင်းဆုံးသင်၊ အကောင်းဆုံးပြင်ပေးခဲ့ကြပြီးဖြစ်သည်။ လူတိုင်း၏ဘဝတွင် လူငယ်ဘဝသည် အားကျဖွယ်အကောင်းဆုံးဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလောက် ခရီးပေါက်နိုင်သည်။ အထက်သို့တက်နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် စိတ်ဓာတ်တို့ဖြင့် နည်းပြများ၏သင်ကြားပို့ချမှုမှန်သမျှကို ပြည့်ပြည့်ဝဝရရှိအောင် စိတ်ဝင်တစား သင်ယူခဲ့ကြပြီးလည်းဖြစ်သည်။အချိန်နှင့်ဒီရေသည် လူကိုမစောင့်၊ အချိန်ရှိခိုက် လုံ့လစိုက်ဟူသော စကားပုံများကို စွဲမြဲမှတ်သားကာ ကြိုးစားခြင်းဖြင့် မိမိတို့တစ်ဦးချင်းစီ၏အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင်၊တော်သည်ထက်တော်အောင် စီမံဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။ ဤပညာရပ်များသည် လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူများအဖို့ ကံကောင်းထောက်မ၍ သင်ကြားခွင့်ရရှိခြင်းဖြစ်သည်။ လူငယ်မောင်မယ်တိုင်း သင်ယူခွင့်ရရှိနိုင်သည်မဟုတ်ပေ။ စိတ်ရင်းစေတနာကောင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်လာသည့် အခွင့်အရေးကောင်းများကို ရရှိအောင်၊ အိတ်သွန်ဖာမှောက်ရရှိအောင်၊ တတ်မြောက်အောင် သင်ယူကြပြီး နိုင်ငံတော်ကို အကျိုးပြုကြရမည်ဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် မေလ ၂၅ ရက်နံနက်ပိုင်းတွင်၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိနိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့၏ အဓိကအရေးပါမှုကိုသိရှိထားရန် လိုအပ်ကြောင်း၊၊လူငယ်များသည် ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက် ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး အင်အားစုများပင်ဖြစ်သည်ကို လူငယ်မောင်မယ်များအားလုံးသိရှိထားကြရန်မှာကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်းယှဉ်ပြိုင်နေကြရသည်။ မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ အင်အားကြီးမားသောနိုင်ငံကြီး နှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေပေါက်ဖွားမှုနှုန်း မြင့်မားသည့်နိုင်ငံနှင့် ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင် ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်သည်။ လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများသင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက် တတ်မြောက်အောင် သင်ယူကြရာတွင် ပညာရှာပမာ သူဖုန်းစားဆိုသကဲ့သို့ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး စိတ်ဓာတ်ဖြင့် သင်ယူကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သောအရာဖြစ်သည်။ ရေကြောင်းပညာ၊လေကြောင်းပညာ ဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သော ပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏ တစ်စိတ်တစ်ပိုင်းကို နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက် ကောင်းမွန်သော အစီအမံ(ရင်းနှီးမြှုပ်နှံမှု)များဖြစ်သည်။ မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်း အမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေ ပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကောပပျောက် သွားလေ့ရှိသည်ကို မြန်မာ့သမိုင်းတွင် သင်ခန်းစာများအဖြစ် သိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးပြုခြင်းနှင့်အတူ မိမိအတွက်၊ မိမိ၏နိုင်ငံတော်အတွက် အကောင်းဆုံးသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည်ဟု ယုံကြည်မိပါသည်။နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နွေရာသီကျောင်းပိတ်ရက်အတွင်း ငွေကုန်ကြေးကျခံကာ ရေကြောင်းလူငယ်သင်တန်းများ၊ လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းမှာ လူငယ်များအနေဖြင့် အနာဂတ်တွင် မိမိနိုင်ငံအတွက် ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်သည်။လူငယ်ရေးရာဝန်ကြီးဌာနအတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။ ရေကြောင်းပညာများ၊ လေကြောင်းပညာများကို စိတ်ပါဝင်စားစွာ သင်ယူကြသောလူငယ်များ အရေအတွက်သည် များပြားစွာ ရှိနေမည်ဖြစ်သည်။ လူငယ်များအနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုးစွာ ကာကွယ်စောင့်ရှောက်ကြရမည်။ ထိုသို့ စောင့်ရှောက်နိုင်ရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝရေးအတွက် သင်ကြားပေးနေခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော်နှင့်တပ်မတော်က လူငယ်မောင်မယ်တို့ကို “လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင်” နေခြင်းကို အထူးပင် ဝမ်းသာပီတိဖြစ်မိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။ ။MWD

           လူသားတို့တွင် အရွယ်သုံးပါးရှိပေရာ လူငယ်အရွယ်သည် အဓိကကျလှသည့်အရွယ်ဖြစ်သည်။ မိမိတို့စိတ်ဆန္ဒရှိရာကို အောင်မြင်စွာလုပ်ဆောင်နိုင်သော အရွယ်ဖြစ်သည်။ လူငယ်ဘဝတွင် ဇွဲ၊ လုံ့လ၊ ဝီရိယပြည့်ဝစွာဖြင့် အပင်ပန်းအဆင်းရဲခံကာကြိုးစားခြင်းဖြင့် ပထမအရွယ်မှ ဒုတိယအရွယ်သို့ ဖြတ်သန်းကြရမည်ဖြစ်သည်။ 

လူငယ်ဆိုသည်မှာ တက်ကြွ၍လန်းဆန်းနေရမည်။ ပညာကို တတ်အောင်သင်ယူရမည့်အရွယ်ဖြစ်သည်။  အတန်းပညာ၊ အသိပညာ၊ အတတ်ပညာမှန်သမျှတို့သည် လူငယ်တို့အတွက်ဖြစ်သည်။    လူကြီးအရွယ်ရောက်ကာမှ အတန်းပညာများကိုသင်ယူ၍ရနိုင်သည်မဟုတ်တော့ပေ။

လူငယ်သည် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည်။ သင်လျှင်အတတ်မြန်သည်။ စမ်းသပ်ချက်များအရ အလယ်တန်းတွင်မိမိနှစ်သက်သောကဗျာကို အလွတ်ကျက်ထားမည်ဆိုလျှင် အသက်အရွယ်ကြီးရင့်သည်အထိ  မမေ့နိုင်ပေ။ 

ဆိုလိုသည်မှာ လူငယ်ဘဝက စိတ်ပါလက်ပါဖြည့်ဆည်းထားသော   အရာမှန်သမျှ အသက်အရွယ်ကြီးရင့်သည်အထိ မေ့ပျောက်မသွားခြင်းကို  ညွှန်းဆိုခြင်းဖြစ်သည်။ အလင်္ကာကျော်စွာ မြို့မငြိမ်းရေးသားသည့် လူချွန်လူကောင်းသီချင်းသည် ခေတ်အဆက်ဆက် မရိုးနိုင်သော သီချင်းဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးခေါင်းစဉ်သည် အဆိုပါသီချင်းထဲတွင် ပါဝင်သောစာသားဖြစ်သည်။ 

လူငယ်များကို လူချွန်လူကောင်းများ ဖြစ်အောင် လက်ဦးဆရာဖြစ်သော မိဘနှင့်ဆရာတို့က ပြုစုပျိုးထောင်ပေးကြရသည်။ ထို့အတူ နိုင်ငံတော်အစိုးရကလည်း  ထူးခြားစွာအားပေးကြရသည်။ နိုင်ငံတော်အစိုးရ၏ အားပေးမှုသည် လူငယ်တို့၏အနာဂတ်ကို တောက်ပြောင်စေသည်။ 

နိုင်ငံတော်၏အနာဂတ်ကို  လင်းလက်စေသည်။ ကမ္ဘာ့သမိုင်းရာဇဝင် သုံးသပ်လေ့လာသင် အကြံဉာဏ် ဝေဖန်မြော်လို့မြင်  ငါတို့ပြည်ထောင်စုတွင်ကမ္ဘာ့ရေကြောင်းသ င်္ဘောမောင်းနှင်မြေပြင်လေပြင် နှံ့စပ်စုံလင် တို့လူချွန်လူကောင်းအထုတွင် ပါဝင်တစ်ယောက်ဆိုတအားပင်ဆိုသည့် လူချွန်လူကောင်းသီချင်းစာသားမှာ  ယနေ့ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းသားများကို  ညွှန်းဆိုရေးခဲ့သလားဟု ထင်မြင်မိသည်။

လူငယ်မှန်သမျှသည်    အနာဂတ်နိုင်ငံတော်ကို  လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ကြရမည့်သူများ   ဖြစ်ကြသည်။ လက်ဆင့်ကမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် သူတို့ကိုကောင်းမွန်စွာ  မြေတောင်မြှောက်ပေးရမည်မှာ လက်ရှိလူကြီးများ၏တာဝန်ဖြစ်သည်။ လူကြီးများ၏ စီမံဆောင်ရွက်မှု

အတိုင်း ကောင်းမွန်စွာလိုက်ပါ လုပ်ဆောင်ရမည်မှာလည်း လူငယ်များ၏တာဝန်ဖြစ်သည်။ အရည်အသွေးပြည့်ဝ၍ စိတ်ဓာတ်ကောင်းမွန်သောလူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာမှလည်း  နိုင်ငံတော်၏အနာဂတ်သည် တောက်ပြောင်နေမည်ဖြစ်သည်။ 

ယခုအခါ  နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ကောင်းကျိုးရှိမည့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။    အဆိုပါသင်တန်းများတွင် တပ်မတော်က နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိသည့်   ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများလည်းပါဝင်သည်။ အဆိုပါသင်တန်းများကို  ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို  နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများတိုးပွားစေသည်။ မိမိတို့၏ ကျောင်းအားလပ်ရက်ကို  အကျိုးရှိစွာ အသုံးပြုနိုင်သည်။ မိမိတို့ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေသည်။   နိုင်ငံတော်အတွက်  ရေကြောင်းပညာနှင့်လေကြောင်းပညာကျွမ်းကျင်သော   အနာဂတ်မျိုးဆက်သစ်များပေါ်ပေါက်စေသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)နှင့်ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲများကို  ဧပြီလ ၂၇ ရက်နေ့ကနေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့နှင့်ပုသိမ်မြို့၊ မွန်ပြည်နယ်တွင်    မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊  မြိတ်မြို့နှင့်ကျွန်းစုမြို့၊   ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့်ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ ဖွင့်လှစ်ခဲ့သည်။  အဆိုပါသင်တန်းများသို့  သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦး  တက်ရောက်လျက်ရှိသည်။ 

အဆိုပါရေကြောင်းလူငယ် သင်တန်းများကို ၁၉၅၉ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၅၅၀ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်   တပ်မတော်သမိုင်းဘာသာရပ်၊အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊  အခြေခံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို စာတွေ့/လက်တွေ့သင်ကြားပေးနေပြီဖြစ်သည်။   ကြိုးစားလျှင်ကြိုးစားသလို ထူးချွန်သူများအား ပေါ်ထွန်းလာမည်ဖြစ်သည်။   မြန်မာ့အားကစားမြှင့်တင်ရေးအတွက်လည်း   ရေကြောင်းလူငယ်သင်တန်းများမှ   လှေလှော်အားကစားနည်း၊  ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးလျက်ရှိသည်မှာလည်း နိုင်ငံနှင့်တပ်မတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။

ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးသည်နှင့်တစ်ချိန်တည်းမှာပင် လေကြောင်းလူငယ် သင်တန်းများနှင့်ပတ်သက်၍ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့်  တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)သင်တန်းများကို  နေပြည်တော်သင်တန်း စခန်းအပါအဝင်   သင်တန်းစခန်း ၂၀ ၌ ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)အား သင်တန်းစခန်း ၁၈ ခု သင်တန်းသား ၉၂၈ ဦးဖြင့်လည်းကောင်း၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)အား သင်တန်းစခန်းနှစ်ခု၊ သင်တန်းသား ၁၁၆ ဦးတို့ဖြင့်လည်းကောင်း ဧပြီလ၂၇ ရက်မှစတင်ဖွင့်လှစ်ပေးခဲ့သည်။ 

အခြေခံလေကြောင်းလူငယ်သင်တန်းတွင်   လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊  လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊    RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့်  အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်သည်။ တန်းမြင့်လေကြောင်းလူငယ်  သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံဗဟုသုတ၊ Airfield ProcedureRC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊    အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်များ ထည့်သွင်းပို့ချပေးသွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၆ ခုနှစ် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း စခန်းပေါင်းစုံသင်တန်းဆင်းပွဲများကို မေလ ၂၂ ရက်နေ့တွင်  သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။   ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)စခန်းပေါင်းစုံ သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံ အားကစားခန်းမ၌ လည်းကောင်း၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို နေပြည်တော်လေတပ်စခန်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

ရေကြောင်းလူငယ်သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက်   လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊  ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာ စနစ်များ၊   ရေယာဉ်ခုတ်မောင်းရာတွင်   လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့်စခန်းပေါင်းစုံ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာသတင်းအချက်အလက်    စင်တာနှင့် အာကာသပြတိုက်လေ့လာခြင်းတို့ဆောင်ရွက်ကြသည်။

ထို့အတူ လေကြောင်းလူငယ်သင်တန်းသားများအား သင်တန်းတွင်ပို့ချသည့်ဘာသာရပ်များအပြင် လေယာဉ်/ရဟတ်ယာဉ်များ၏  ပျံသန်းမှုအခြေခံ သဘောတရားများကို သိရှိနားလည်စေရန်အတွက် RCလေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများကို သက်ဆိုင်ရာသင်တန်းစခန်းများ အလိုက်  လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲများကျင်းပကာ ထူးချွန်ဆုရသင်တန်းသားများအား  နည်းပြလေသူရဲများနှင့်အတူ တပ်မတော်(လေ)ရှိ    အမောင်းသင်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

သင်တန်းသားများအားလုံး  ဒေသန္တရဗဟုသုတများရရှိစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊သူရဲကောင်းဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အာကာသပြတိုက်နှင့်  နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာတို့သို့ လည်းကောင်း  လေ့လာရေးပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ်လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့်   အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု   တိုးပွားလာစေမည်ဖြစ်သည်။ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေမည်။ 

စိတ်ဓာတ်၊ စည်းကမ်းနှင့်  ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိသည်။ လူငယ်များ၏ဝါသနာပါရာ ပညာရပ်ကို  မြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာ  မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

လူဆိုသည်မှာအသက်အရွယ်အလိုက်ပြောင်းလဲလာကြခြင်းဖြစ်သည်။ ကျောင်းသား၊ကျောင်းသူလူငယ်အရွယ်တွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းမှာအထူးပင်ကောင်းမွန်သော အခွင့်အလမ်းဖြစ်သည်။ လူငယ်သည်တက်ကြွသည်။ စူးစမ်းလိုစိတ်ရှိသည်။ နာခံမှုကောင်းသည်။ ဖြူစင်သောကျောင်းသား၊ ကျောင်းသူလူငယ် မျိုးဆက်သစ်များကို နိုင်ငံတော်နှင့်တပ်မတော်က   ယခုကဲ့သို့  ပြုစုပျိုးထောင်ပေးခြင်းဖြင့် သူတို့၏အနာဂတ်ကို သူတို့လှပအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။  တပ်မတော်တွင် အခြေခံဖြစ်သည့် စစ်ရေးပြဘာသာရပ်ကို   သင်ကြားတတ်မြောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်မှုနှင့်  အမိန့်နာခံတတ်မှု ရရှိစေမည်ဖြစ်သည်။ စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတတ်ခြင်းမှာ မည်သည့်လုပ်ငန်းခွင်တွင်မဆို အလိုအပ်ဆုံးသော အရာဖြစ်သည်။ စည်းကမ်းရှိမှတိုးတက်မည် ဟူသော  စကားသည်လွဲမှားမှုမရှိသော အမှန်တရားဖြစ်သည်။

စည်းကမ်းမကောင်းသူကို  မည်သူကမျှ ကြိုက်နှစ်သက်မည်မဟုတ်ပေ။   မိဘဖြစ်သူကိုယ်တိုင်ပင်   မိမိ၏ သားသမီး စည်းမရှိ၊ ကမ်းမရှိနေထိုင်သွားလာနေသည်ကို  ကြိုက်နှစ်သက်မည်မဟုတ်ပါ။

ယခုမျိုးဆက်သစ်   ကျောင်းသား၊   ကျောင်းသူလူငယ်မောင်မယ်များမှာ   ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများ  တက်ရောက်ထားခြင်းအားဖြင့် သူတို့သည် အဖိုးတန်သောလူချွန်လူကောင်းကလေးများဖြစ်လာပေမည်။   

လူချွန်လူကောင်းကလေးများဖြစ်အောင်လည်း တပ်မတော်(ရေ)နှင့်တပ်မတော်(လေ)တို့မှ  နည်းပြများက  အကောင်းဆုံးသင်၊ အကောင်းဆုံးပြင်ပေးခဲ့ကြပြီးဖြစ်သည်။ လူတိုင်း၏ဘဝတွင် လူငယ်ဘဝသည် အားကျဖွယ်အကောင်းဆုံးဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလောက် ခရီးပေါက်နိုင်သည်။ အထက်သို့တက်နိုင်အောင်   ကြိုးစားကြရမည်ဖြစ်သည်။

လှေခွက်ချည်းကျန်  အလံမလှဲသည့်စိတ်ဓာတ်၊    ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် စိတ်ဓာတ်တို့ဖြင့် နည်းပြများ၏သင်ကြားပို့ချမှုမှန်သမျှကို ပြည့်ပြည့်ဝဝရရှိအောင် စိတ်ဝင်တစား သင်ယူခဲ့ကြပြီးလည်းဖြစ်သည်။

အချိန်နှင့်ဒီရေသည်  လူကိုမစောင့်၊ အချိန်ရှိခိုက် လုံ့လစိုက်ဟူသော စကားပုံများကို စွဲမြဲမှတ်သားကာ ကြိုးစားခြင်းဖြင့် မိမိတို့တစ်ဦးချင်းစီ၏အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင်၊တော်သည်ထက်တော်အောင် စီမံဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။ ဤပညာရပ်များသည် လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူများအဖို့ ကံကောင်းထောက်မ၍ သင်ကြားခွင့်ရရှိခြင်းဖြစ်သည်။ လူငယ်မောင်မယ်တိုင်း သင်ယူခွင့်ရရှိနိုင်သည်မဟုတ်ပေ။ စိတ်ရင်းစေတနာကောင်းဖြင့်   နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်လာသည့် အခွင့်အရေးကောင်းများကို    ရရှိအောင်၊  အိတ်သွန်ဖာမှောက်ရရှိအောင်၊ တတ်မြောက်အောင်    သင်ယူကြပြီး နိုင်ငံတော်ကို အကျိုးပြုကြရမည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် မေလ ၂၅ ရက်နံနက်ပိုင်းတွင်၂၀၂၆ ခုနှစ် ရေကြောင်းနှင့်   လေကြောင်းလူငယ်မောင်မယ်များအား  တွေ့ဆုံအမှာစကား ပြောကြားရာတွင် နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့်  လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိနိုင်ငံတော်၏ မြေပြင်၊  ရေပြင်နှင့်   ဝေဟင်တို့၏ အဓိကအရေးပါမှုကိုသိရှိထားရန် လိုအပ်ကြောင်း၊၊

လူငယ်များသည်   ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက်  ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး အင်အားစုများပင်ဖြစ်သည်ကို လူငယ်မောင်မယ်များအားလုံးသိရှိထားကြရန်မှာကြားလိုကြောင်းထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း  မှီတင်းနေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။  ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်းယှဉ်ပြိုင်နေကြရသည်။   မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ   အင်အားကြီးမားသောနိုင်ငံကြီး နှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေပေါက်ဖွားမှုနှုန်း မြင့်မားသည့်နိုင်ငံနှင့် ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို  အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင်  ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်သည်။ 

လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများသင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက် တတ်မြောက်အောင် သင်ယူကြရာတွင် ပညာရှာပမာ သူဖုန်းစားဆိုသကဲ့သို့ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး စိတ်ဓာတ်ဖြင့်   သင်ယူကြရမည်ဖြစ်သည်။   ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သောအရာဖြစ်သည်။   ရေကြောင်းပညာ၊လေကြောင်းပညာ ဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သော  ပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏ တစ်စိတ်တစ်ပိုင်းကို နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက်  ကောင်းမွန်သော အစီအမံ(ရင်းနှီးမြှုပ်နှံမှု)များဖြစ်သည်။ 

မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်း အမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေ ပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကောပပျောက် သွားလေ့ရှိသည်ကို မြန်မာ့သမိုင်းတွင် သင်ခန်းစာများအဖြစ်  သိရှိကြပြီးဖြစ်သည်။  ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးပြုခြင်းနှင့်အတူ မိမိအတွက်၊ မိမိ၏နိုင်ငံတော်အတွက် အကောင်းဆုံးသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည်ဟု ယုံကြည်မိပါသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်က  နွေရာသီကျောင်းပိတ်ရက်အတွင်း ငွေကုန်ကြေးကျခံကာ   ရေကြောင်းလူငယ်သင်တန်းများ၊  လေကြောင်းလူငယ်သင်တန်းများကို  ဖွင့်လှစ်ပေးခြင်းမှာ လူငယ်များအနေဖြင့်   အနာဂတ်တွင် မိမိနိုင်ငံအတွက်  ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်သည်။

လူငယ်ရေးရာဝန်ကြီးဌာနအတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။ ရေကြောင်းပညာများ၊ လေကြောင်းပညာများကို စိတ်ပါဝင်စားစွာ သင်ယူကြသောလူငယ်များ အရေအတွက်သည်   များပြားစွာ ရှိနေမည်ဖြစ်သည်။ လူငယ်များအနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးကို  ချစ်ခင်မြတ်နိုးစွာ ကာကွယ်စောင့်ရှောက်ကြရမည်။   ထိုသို့ စောင့်ရှောက်နိုင်ရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊  ပညာပြည့်ဝရေးအတွက်   သင်ကြားပေးနေခြင်းဖြစ်သည်။   တစ်နည်းဆိုရလျှင် နိုင်ငံတော်နှင့်တပ်မတော်က လူငယ်မောင်မယ်တို့ကို    လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင် နေခြင်းကို အထူးပင် ဝမ်းသာပီတိဖြစ်မိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။    ။

MWD

ဘုန်းမောင်ဝင်း(ဖျာပုံ)

ရေကြောင်းလူငယ် စွမ်းအားကြွယ် နောင်တစ်ခေတ်အတွက် ရည်ရွယ်
-
မြန်မာနိုင်ငံအတွင်းမှီတင်း နေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်း ယှဉ်ပြိုင်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ အင်အားကြီးမားသော နိုင်ငံကြီးနှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေ ပေါက်ဖွားမှုနှုန်းမြင့်မားသည့် နိုင်ငံနှင့်ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင် ကြိုးပမ်းတည်ဆောက်ရမည် ဖြစ်သည်။မြန်မာနိုင်ငံတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို တပ်မတော်ဟုခေါ်ဆိုထားသည်။ တပ်မတော်(ရေ)သည် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ခေတ်မီတပ်မတော်(ရေ)အဖြစ် အစဉ်တစိုက် ရပ်တည်နိုင်ရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်က တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားများအား သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ရေကြောင်း အကျိုးစီးပွားများဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက်ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန် လိုအပ်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ရေတပ်(တပ်မတော်-ရေ)ကို စွမ်းရည်ပြည့်ဝအောင်တည်ထောင်ထားခြင်းဖြစ်သည်။ အနာဂတ်တပ်မတော်(ရေ)အတွက်လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင် တည်ဆောက်/ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက်ကုန်တင် ရေယာဉ်ကြီးများ တည်ဆောက်/ ပြုပြင်နိုင်သည်အထိ ရည်သန်၍ ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါသတင်းကောင်းသည် ပြည်သူများအတွက် အမှန်တကယ် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းလှသည်။ ကြည်းတပ်အင်အား၊ ရေတပ်အင်အား၊ လေတပ်အင်အား တောင့်တင်းနေမှသာ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်လည်း တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ တပ်မတော်(ရေ)၏အောင်မြင်မှုသည် နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးအတွက်ဖြစ်သည်။ အဆိုပါမင်္ဂလာသတင်းမှာ တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ စွမ်းဆောင်ရည်အရ လည်းကောင်း၊ အရွယ်အစားအရ လည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စင်းတို့ကိုလည်း တပ်တော်ဝင်ခဲ့သည်။ နိုင်ငံတော်နှင့်တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင်ဖြစ်ခဲ့သည်။ဤသို့ကြီးမားသော အောင်မြင်မှုများဖြစ်ပေါ်လာစေရန်အတွက် တပ်မတော်(ရေ)မှ အရာရှိနှင့် စစ်သည်များ၏ မြင့်မားသော ဉာဏ်ပညာ၊ သင်ယူတတ်မြောက်ထားသော မြတ်ပညာ၊ အတွေ့အကြုံကောင်းတို့မှပေါ်ထွက်လာသော ရလဒ်ကောင်းများဖြစ်သည်။လူသားတို့ဆိုသည်မှာ မြစ်တစ်စင်းအတွင်း စီးဆင်းနေသော ရေအလျဉ်နှင့်ပမာတူသည်။ လူငယ်များမှလူကြီးအဖြစ်သို့ရောက်ရှိကြပြီး နောင်တစ်နေ့တွင် အငြိမ်းစားဘဝသို့ကူးပြောင်းကြရမည်မှာ ဓမ္မတာဖြစ်သည်။ ထိုသို့လူရေစီးကြောင်းကြီးတွင် ပညာအမွေလက်ဆင့် ကမ်းခြင်းဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ လူကြီးများက မိမိတို့တတ်မြောက်ထားသော ပညာရပ်များကို လူငယ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းခြင်းဖြင့် ပညာအမွေကိုမျှဝေပေးကြရမည်ဖြစ်သည်။လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများ သင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက်တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။ပညာသင်ယူကြရာတွင် ပညာရှာပမာသူတောင်းစား ဆိုသကဲ့သို့ ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးစိတ်ဓာတ်ဖြင့် သင်ယူကြရမည်ဖြစ်သည်။ တပ်မတော်တွင် ပညာရပ်မှန်သမျှ လက်ဆင့်ကမ်း သင်ယူတတ်မြောက်ကြ၍သာ ယခုကဲ့သို့ ကြီးကျယ်လှသောသင်္ဘောများ တည်ဆောက်နိုင်ခြင်း၊ နိုင်ငံတော် ပိုင်နက်ရေပြင်ကို ကာကွယ်နိုင်ခြင်းဖြစ်သည်။ ပညာရပ်၏ တန်ဖိုးကွင်းဆက် မပြတ်စေရေးအတွက် ယနေ့အရွယ်ရောက်လာပြီဖြစ်သည့် လူငယ်မောင်မယ်တို့တွင် တာဝန်ရှိလာပြီဖြစ်သည်။ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သော အရာဖြစ်သည်။ ရေကြောင်းပညာဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သောပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏ တစ်စိတ်တစ်ပိုင်းကို နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော်ကာကွယ်ရေးအတွက် ကောင်းမွန်သောအစီအမံများဖြစ်သည်။ မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းအမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကော ပပျောက်သွားလေ့ရှိသည်ကို မြန်မာ့သမိုင်းတွင်သင်ခန်းစာများအဖြစ် သိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးပြုခြင်းနှင့် အတူ ရေကြောင်းဆိုင်ရာပညာရပ်များကို သင်ယူနေကြသည်မှာ ကောင်းမွန်သော စွမ်းဆောင်ချက်ဖြစ်သည်။၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအရေးပါကြောင်း လူငယ်များ သိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများမွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။အဆိုပါရေကြောင်းလူငယ်သင်တန်းများသို့ တက်ရောက်လျက်ရှိသည့် လူငယ်မောင်မယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ မိမိအတွက်၊ မိမိနိုင်ငံတော်အတွက် အသုံးပြုနေခြင်းမှာ ကောင်းသောအလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်၍ ဂုဏ်ယူဖွယ်ကောင်းလှသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၈ တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။”ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိသည်။နိုင်ငံတော်ကိုကာကွယ်နိုင်ရေးအတွက် စစ်ပညာသင်ယူရခြင်းမှာနိုင်ငံသားတာဝန်ကို ကျေပွန်စွာလုပ်ဆောင်ခြင်းဖြစ်သည်။လူငယ်ဆိုသည်မှာ နိုင်ငံတော်၏အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်သည်။ အရည်အချင်း၊ အရည်အသွေးပြည့်ဝသောလူငယ်များ များပြားစွာရှိနေမှသာ နိုင်ငံတော်၏အနာဂတ်သည် အထက်ပါနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်းဖြစ်လာပေမည်။ ယနေ့လူငယ်များ အထူးသဖြင့် ရေကြောင်းပညာရပ်ကို စွန့်စွန့်စားစားသင်ယူကြသည့် လူငယ်များသည် အနာဂတ်အတွက် မျိုးဆက်ကောင်းများဖြစ်သည်။ တပ်မတော်(ရေ)မှပညာရှင်များ၏ သင်ကြားပို့ချပေးမှုများကို တစ်သဝေမတိမ်း မှတ်သားနာယူလိုက်နာ လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကိုတန်ဖိုးရှိသော လူငယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။အခွင့်အရေးနှင့်အချိန်အခါကို ကောင်းမွန်စွာအသုံးချနိုင်သော လူငယ်တိုင်းသည် မလွဲမသွေကြီးပွား တိုးတက်မည်ဖြစ်သည်။ တပ်မတော်(ရေ)မှသင်ကြားပို့ချမည့် ပညာရပ်များမှာ ထူးခြားသောပညာရပ်များဖြစ်သည်။ မိုးရွာတုန်းရေခံဆိုသကဲ့သို့ မိမိတို့၏ နာခံမှတ်သားလေ့လာ စုဆောင်းမှုအပေါ်တွင် မိမိတို့အရည်အချင်း ပိုမိုမြင့်မားလာမည်ဖြစ်ပေရာ လူငယ်မောင်မယ်တို့ ကြိုးစားသင်ယူကြရန်သာ ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ငွေကြေးမြောက်မြားစွာ တတ်နိုင်သော်လည်း ရေကြောင်းပညာရပ် ဆိုသည်မှာ ပြင်ပတွင်သင်ယူရန်လွယ်ကူသည် မဟုတ်သော တန်ဖိုးကြီးမားသည့် ပညာရပ်များဖြစ်သည်။မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုး စီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာမကဘဲ သီးသန့်စီးပွား ရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများ ရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို လူငယ်မောင်မယ်များ သိရှိကြမည်ဖြစ်သည်။တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည်ဆိုပါကအရွယ်အစား ကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက်စိုးမိုးမှုအတွက် လုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့သည်။ တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေး အတွေ့အကြုံကောင်းများ ရှိပြီးဖြစ်သည်။ ယနေ့ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ရေယာဉ်တည်ဆောက်ရေးနည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက်ရှိသည်။အဆိုပါပညာရပ်များကို အခြေခံမှစတင်၍ ရေကြောင်းလူငယ်သင်တန်းသားများအား သင်ကြားပို့ချပေးမည်ဖြစ်ပေရာ လူငယ်မောင်မယ်များအနေဖြင့် သင်တန်းတွင် အကောင်းဆုံးကြိုးစားကြရန်ဖြစ်သည်။ တပ်မတော် (ရေ) ရေကြောင်းဆိုင်ရာပညာရပ်များကို လူငယ်မောင်မယ်များအနေဖြင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆောင်ပုဒ်နှင့်အညီ တက်ကြွရွှင်လန်းစွာ ပျော်ပျော်ရွှင်ရွှင်သင်ယူကြရမည်ဖြစ်သည်။ ပညာသင်ကြားနေစဉ်အတွင်း အထက်ကပေးအပ်သည့်အမိန့်နှင့်တာဝန်များကို လေးစားစွာ လိုက်နာလုပ်ဆောင်ကြလျက် အချင်းချင်းစည်းလုံးညီညွတ်ခြင်းဖြင့် စိတ်ဓာတ်ကောင်းသူများ၊ စည်းကမ်းကောင်းသူများ၊ နိုင်ငံနှင့်လူမျိုးအပေါ်သစ္စာစောင့်သိသူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုစကားနှင့်အညီ အခြေခံမှအစ အဆင့်မြင့်အထိတတ်မြောက် ကျွမ်းကျင်အောင်သင်ယူကြရမည်။ ထို့ပြင် ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့် “လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်” ကိုမွေးမြူခြင်းဖြင့် မိမိအတွက်၊ မိဘများအတွက်၊ တပ်မတော်(ရေ)အတွက်၊ နိုင်ငံတော်အတွက် အနာဂတ်တွင် “မြန်မာ့ပင်လယ် တို့ကာကွယ်” နိုင်သော သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။ ။MWD

မြန်မာနိုင်ငံအတွင်းမှီတင်း နေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်း ယှဉ်ပြိုင်နေကြသည်။  မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ အင်အားကြီးမားသော နိုင်ငံကြီးနှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေ ပေါက်ဖွားမှုနှုန်းမြင့်မားသည့် နိုင်ငံနှင့်ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင်  ကြိုးပမ်းတည်ဆောက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို တပ်မတော်ဟုခေါ်ဆိုထားသည်။  တပ်မတော်(ရေ)သည် တပ်မတော်၏  အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ခေတ်မီတပ်မတော်(ရေ)အဖြစ်  အစဉ်တစိုက် ရပ်တည်နိုင်ရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ 

၂၀၂၆ ခုနှစ် မတ်လ ၈ ရက်က တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ်  တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား၊   ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားများအား သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ ကျင်းပခဲ့သည်။ 

မြန်မာနိုင်ငံ၏ရေကြောင်း အကျိုးစီးပွားများဖြစ်သည့်  ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့်  ရေနက်ဆိပ်ကမ်းကြီးများအား  အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍  အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန်    လိုအပ်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ရေတပ်(တပ်မတော်-ရေ)ကို စွမ်းရည်ပြည့်ဝအောင်တည်ထောင်ထားခြင်းဖြစ်သည်။ အနာဂတ်တပ်မတော်(ရေ)အတွက်လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင် တည်ဆောက်/ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက်   အရပ်ဘက်ကုန်တင် ရေယာဉ်ကြီးများ တည်ဆောက်/ ပြုပြင်နိုင်သည်အထိ ရည်သန်၍  ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး  စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါသတင်းကောင်းသည် ပြည်သူများအတွက် အမှန်တကယ် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းလှသည်။   ကြည်းတပ်အင်အား၊   ရေတပ်အင်အား၊ လေတပ်အင်အား တောင့်တင်းနေမှသာ နိုင်ငံတော်၏   အချုပ်အခြာအာဏာသည်လည်း တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ တပ်မတော်(ရေ)၏အောင်မြင်မှုသည်   နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးအတွက်ဖြစ်သည်။        

အဆိုပါမင်္ဂလာသတင်းမှာ  တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ စွမ်းဆောင်ရည်အရ လည်းကောင်း၊ အရွယ်အစားအရ လည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့်   ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စင်းတို့ကိုလည်း တပ်တော်ဝင်ခဲ့သည်။ နိုင်ငံတော်နှင့်တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင်ဖြစ်ခဲ့သည်။

ဤသို့ကြီးမားသော အောင်မြင်မှုများဖြစ်ပေါ်လာစေရန်အတွက် တပ်မတော်(ရေ)မှ အရာရှိနှင့် စစ်သည်များ၏ မြင့်မားသော ဉာဏ်ပညာ၊ သင်ယူတတ်မြောက်ထားသော မြတ်ပညာ၊ အတွေ့အကြုံကောင်းတို့မှပေါ်ထွက်လာသော  ရလဒ်ကောင်းများဖြစ်သည်။

လူသားတို့ဆိုသည်မှာ မြစ်တစ်စင်းအတွင်း စီးဆင်းနေသော ရေအလျဉ်နှင့်ပမာတူသည်။ လူငယ်များမှလူကြီးအဖြစ်သို့ရောက်ရှိကြပြီး နောင်တစ်နေ့တွင် အငြိမ်းစားဘဝသို့ကူးပြောင်းကြရမည်မှာ ဓမ္မတာဖြစ်သည်။ ထိုသို့လူရေစီးကြောင်းကြီးတွင် ပညာအမွေလက်ဆင့် ကမ်းခြင်းဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ လူကြီးများက မိမိတို့တတ်မြောက်ထားသော ပညာရပ်များကို လူငယ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းခြင်းဖြင့် ပညာအမွေကိုမျှဝေပေးကြရမည်ဖြစ်သည်။

လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများ သင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက်တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။

ပညာသင်ယူကြရာတွင် ပညာရှာပမာသူတောင်းစား ဆိုသကဲ့သို့ ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးစိတ်ဓာတ်ဖြင့်    သင်ယူကြရမည်ဖြစ်သည်။ 

တပ်မတော်တွင်  ပညာရပ်မှန်သမျှ လက်ဆင့်ကမ်း သင်ယူတတ်မြောက်ကြ၍သာ ယခုကဲ့သို့ ကြီးကျယ်လှသောသင်္ဘောများ တည်ဆောက်နိုင်ခြင်း၊ နိုင်ငံတော် ပိုင်နက်ရေပြင်ကို ကာကွယ်နိုင်ခြင်းဖြစ်သည်။ ပညာရပ်၏ တန်ဖိုးကွင်းဆက် မပြတ်စေရေးအတွက် ယနေ့အရွယ်ရောက်လာပြီဖြစ်သည့် လူငယ်မောင်မယ်တို့တွင် တာဝန်ရှိလာပြီဖြစ်သည်။

ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သော အရာဖြစ်သည်။  ရေကြောင်းပညာဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သောပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏  တစ်စိတ်တစ်ပိုင်းကို  နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော်ကာကွယ်ရေးအတွက်  ကောင်းမွန်သောအစီအမံများဖြစ်သည်။ မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းအမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကော ပပျောက်သွားလေ့ရှိသည်ကို   မြန်မာ့သမိုင်းတွင်သင်ခန်းစာများအဖြစ် သိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးပြုခြင်းနှင့် အတူ ရေကြောင်းဆိုင်ရာပညာရပ်များကို သင်ယူနေကြသည်မှာ  ကောင်းမွန်သော စွမ်းဆောင်ချက်ဖြစ်သည်။

၂၀၂၆  ခုနှစ်  နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊  အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့်  နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

ပင်လယ်ရေကြောင်းပညာများကို  စိတ်ပါဝင်စားပြီး  နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအရေးပါကြောင်း လူငယ်များ သိရှိနားလည်

စေရန်၊   လှေလှော်အားကစားနည်း၊   ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများမွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

အဆိုပါရေကြောင်းလူငယ်သင်တန်းများသို့ တက်ရောက်လျက်ရှိသည့်   လူငယ်မောင်မယ်များအနေဖြင့်  အချိန်ကိုအကျိုးရှိစွာ  မိမိအတွက်၊ မိမိနိုင်ငံတော်အတွက် အသုံးပြုနေခြင်းမှာ ကောင်းသောအလုပ်ကို  လုပ်ဆောင်နေခြင်းဖြစ်၍  ဂုဏ်ယူဖွယ်ကောင်းလှသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၈ တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ ဟုလည်းကောင်း၊ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိသည်။

နိုင်ငံတော်ကိုကာကွယ်နိုင်ရေးအတွက် စစ်ပညာသင်ယူရခြင်းမှာနိုင်ငံသားတာဝန်ကို ကျေပွန်စွာလုပ်ဆောင်ခြင်းဖြစ်သည်။လူငယ်ဆိုသည်မှာ နိုင်ငံတော်၏အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်သည်။ အရည်အချင်း၊ အရည်အသွေးပြည့်ဝသောလူငယ်များ များပြားစွာရှိနေမှသာ  နိုင်ငံတော်၏အနာဂတ်သည် အထက်ပါနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်းဖြစ်လာပေမည်။ ယနေ့လူငယ်များ အထူးသဖြင့် ရေကြောင်းပညာရပ်ကို စွန့်စွန့်စားစားသင်ယူကြသည့် လူငယ်များသည် အနာဂတ်အတွက် မျိုးဆက်ကောင်းများဖြစ်သည်။ တပ်မတော်(ရေ)မှပညာရှင်များ၏  သင်ကြားပို့ချပေးမှုများကို   တစ်သဝေမတိမ်း မှတ်သားနာယူလိုက်နာ လုပ်ဆောင်ခြင်းဖြင့်   မိမိကိုယ်ကိုတန်ဖိုးရှိသော  လူငယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

အခွင့်အရေးနှင့်အချိန်အခါကို  ကောင်းမွန်စွာအသုံးချနိုင်သော လူငယ်တိုင်းသည် မလွဲမသွေကြီးပွား တိုးတက်မည်ဖြစ်သည်။ တပ်မတော်(ရေ)မှသင်ကြားပို့ချမည့် ပညာရပ်များမှာ ထူးခြားသောပညာရပ်များဖြစ်သည်။ မိုးရွာတုန်းရေခံဆိုသကဲ့သို့ မိမိတို့၏ နာခံမှတ်သားလေ့လာ စုဆောင်းမှုအပေါ်တွင် မိမိတို့အရည်အချင်း ပိုမိုမြင့်မားလာမည်ဖြစ်ပေရာ လူငယ်မောင်မယ်တို့ ကြိုးစားသင်ယူကြရန်သာ ဖြစ်သည်။ ရှင်းလင်းစွာဆိုရလျှင် ငွေကြေးမြောက်မြားစွာ တတ်နိုင်သော်လည်း ရေကြောင်းပညာရပ် ဆိုသည်မှာ ပြင်ပတွင်သင်ယူရန်လွယ်ကူသည် မဟုတ်သော တန်ဖိုးကြီးမားသည့် ပညာရပ်များဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုး စီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာမကဘဲ သီးသန့်စီးပွား ရေးဇုန်ဖြစ်သည့်     ကမ်းလွန်ပင်လယ်ပြင်အထိ  ကျယ်ပြန့်စွာတည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက်  တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့်  ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများ ရှိခြင်းတို့ကြောင့်    နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို       လူငယ်မောင်မယ်များ သိရှိကြမည်ဖြစ်သည်။

တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို   ကြည့်မည်ဆိုပါကအရွယ်အစား ကြီးမားသည့်  ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက်စိုးမိုးမှုအတွက် လုံခြုံရေးကိုလည်း  ပိုမိုခိုင်မာကောင်းမွန်စေခဲ့သည်။  တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေး အတွေ့အကြုံကောင်းများ ရှိပြီးဖြစ်သည်။ ယနေ့ခေတ်နှင့်အညီ  ဖွံ့ဖြိုးတိုးတက်နေသည့်  ရေယာဉ်တည်ဆောက်ရေးနည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး   အသုံးချနိုင်ရေး  တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက်ရှိသည်။

အဆိုပါပညာရပ်များကို   အခြေခံမှစတင်၍ ရေကြောင်းလူငယ်သင်တန်းသားများအား သင်ကြားပို့ချပေးမည်ဖြစ်ပေရာ     လူငယ်မောင်မယ်များအနေဖြင့် သင်တန်းတွင် အကောင်းဆုံးကြိုးစားကြရန်ဖြစ်သည်။ တပ်မတော် (ရေ)  ရေကြောင်းဆိုင်ရာပညာရပ်များကို လူငယ်မောင်မယ်များအနေဖြင့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆောင်ပုဒ်နှင့်အညီ တက်ကြွရွှင်လန်းစွာ ပျော်ပျော်ရွှင်ရွှင်သင်ယူကြရမည်ဖြစ်သည်။  ပညာသင်ကြားနေစဉ်အတွင်း အထက်ကပေးအပ်သည့်အမိန့်နှင့်တာဝန်များကို လေးစားစွာ လိုက်နာလုပ်ဆောင်ကြလျက် အချင်းချင်းစည်းလုံးညီညွတ်ခြင်းဖြင့် စိတ်ဓာတ်ကောင်းသူများ၊ စည်းကမ်းကောင်းသူများ၊   နိုင်ငံနှင့်လူမျိုးအပေါ်သစ္စာစောင့်သိသူများဖြစ်အောင်   ကြိုးစားကြရမည်ဖြစ်သည်။

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုစကားနှင့်အညီ အခြေခံမှအစ အဆင့်မြင့်အထိတတ်မြောက် ကျွမ်းကျင်အောင်သင်ယူကြရမည်။ ထို့ပြင် ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့်   လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်  ကိုမွေးမြူခြင်းဖြင့် မိမိအတွက်၊ မိဘများအတွက်၊ တပ်မတော်(ရေ)အတွက်၊ နိုင်ငံတော်အတွက် အနာဂတ်တွင် မြန်မာ့ပင်လယ်   တို့ကာကွယ်  နိုင်သော သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။        ။

နိုင်ငံ့အကျိုးထမ်းရွက်ကြသူ ထာဝရ တစ်သက်တာ လူရည်ချွန်ကြီးများ
-
"ကိုယ်၊ စိတ်၊ ပညာ" သုံးပါးစလုံးတွင် အများထက် ထူးကဲသာလွန်သော အရည်အသွေးရှိပြီး အများအကျိုးကို ဆောင်ရွက်ကြသူများအား လူရည်ချွန်ဟု သတ်မှတ်ကြသည်။ ပညာရေးထူးချွန်မှု၊ ကိုယ်ကျင့် တရားကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ အသိပညာကြွယ်ဝမှု၊ ဖြတ်ထိုး ဉာဏ်ရင့်သန်မှု အပါအဝင် ဘက်စုံထူးချွန်သူများလည်းဖြစ်သည်။ ကောက်ရိုးမီးကဲ့သို့ ကြိုးစားမှုဖြင့် လူရည်ချွန်မဖြစ်နိုင်ပါ။ ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးခြင်းမှ လူရည်ချွန်များအဖြစ် တွေ့မြင်ရခြင်းဖြစ်သည်။ ထိုကဲ့သို့ ဘက်စုံထူးချွန်သည့် အရည်အသွေးများကို ရရှိအောင် ကြိုးစားကျော်ဖြတ်လာကြသည့် လူရည်ချွန်များသည်ဘဝ တစ်လျှောက်လုံးတွင်လည်း မိမိတို့၏အရည်အသွေးများဖြင့် နိုင်ငံနှင့် အများပြည်သူအကျိုးကို ထမ်းဆောင်နိုင်ကြသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား တွေ့ဆုံသြဝါဒအမှာစကား ပြောကြားရာတွင် လူရည်ချွန်ဖြစ်ခဲ့သူသည် တစ်သက် တာ လူရည်ချွန်ပင်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ နိုင်ငံ့အနာဂတ်အတွက် ကြိုတင်ပြုစုပျိုးထောင်လူငယ်လူရည်ချွန်များအဖြစ် မွေးဖွားခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်သည့်အခါ ပညာထူးချွန်ရုံသာမက ဘက်စုံတော်သည့် ကျောင်းသားကျောင်းသူများကို ပြုစုပျိုးထောင်ပေး ရန်ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် သမိုင်းဝင်စီမံကိန်းတစ်ခု။ လူရည်ချွန် စီမံကိန်းအဖြစ် နိုင်ငံတော်အစိုးရက ဘက်စုံပညာ ထူးချွန်ပြောင်မြောက်သော နိုင်ငံချစ်သားကောင်း သမီးမွန်များကို မွေးထုတ်ပေးသည်။ လူရည်ချွန် စီမံကိန်းသည် နိုင်ငံတော်အစိုးရက အများထက် သာလွန်ထူးချွန်သည့် နိုင်ငံချစ်သားကောင်း သမီးမွန်ကို ရွေးချယ်စုစည်းပြီး နိုင်ငံ့အနာဂတ်အတွက် ကြိုတင်ပြုစုပျိုးထောင်ခြင်းလည်းဖြစ်သည်။ ၁၉၆၄ ခုနှစ်ကစတင်ခဲ့သည့် လူရည်ချွန်စီမံကိန်းတွင် ပါဝင်ခဲ့သော ကျောင်းသား ကျောင်းသူ လူငယ်များသည် မျက်မှောက်နိုင်ငံတော်အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအဖြစ် နိုင်ငံ့တာဝန်ကို ဦးဆွေးဆံမြည့် ထမ်းရွက်လျက် ရှိကြသည်။ ထို့အတူ သွေးချင်းတိုင်းရင်းသားလူရည်ချွန် အရာထမ်းကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင် များစွာတို့က နယ်ပယ်ကဏ္ဍစုံတွင် နိုင်ငံ့အကျိုးအတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လူရည်ချွန်ကြီးများသည်တစ်ချိန်က နိုင်ငံတော်က ပြုစုပျိုးထောင်ပေးခဲ့သည့် ကျောင်းသား ကျောင်းသူ လူငယ်များပင်။ နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေကြသော လူရည်ချွန်ကြီး ၁၂ ဦးမကြာမီကဖွဲ့စည်းခဲ့သည့် နိုင်ငံတော်အစိုးရသစ်တွင် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေကြသော လူရည်ချွန်ကြီး ၁၂ ဦး၏အကြောင်းကို လည်း လှစ်ဟရေးသား၍ ဂုဏ်ပြုလိုပါသည်။ ၁၉၆၉ ခုနှစ် (သတ္တမတန်း-စစ်တွေမြို့)၊ ၁၉၇၀ ပြည့်နှစ် (အဋ္ဌမတန်း-စစ်ကိုင်းမြို့) နှင့် ၁၉၇၁ ခုနှစ် (နဝမတန်း-မြောင်းမြမြို့) တို့တွင် သုံးနှစ်ဆက်တိုက် ရွေးချယ်ခဲ့ရသည့် သုံးထပ်ကွမ်းလူရည်ချွန် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်ဖြင့် အစပြုလိုပါသည်။ ယခုတိုင်အောင် နိုင်ငံတော်အကျိုး၊ ပြည်သူ့ အကျိုး ဆောင်ရွက်နေသည့်အပြင် ဥပဒေရေးရာ ဘက်စုံကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသားများ၏ စိတ်ဓာတ်နှင့် ယဉ်ကျေးမှုကိုပါ မြှင့်တင်ပေးနေသည့် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ပြင် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဇာတိသွေး ဇာတိမာန်ကို ဖော်ကျူးသည့် တေးသီချင်းများစွာကို ရေးသားသီဆိုခဲ့သည့် အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။ “ရိုးရာကမမ၊ ဝီးလို့ကျန်လိုက်မြို့ စစ်တွေ၊ နဝရူပဗျာလ” သီချင်းတို့သည် သူ၏ထင်ရှားသော အနုပညာလက်ရာမွန်များဖြစ်သည်။ ထို့အတူ အနုပညာကို ချစ်မြတ်နိုးပြီး ယနေ့အထိ ရခိုင် အနုပညာနှင့် စာပေကဏ္ဍဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပါဝင်ကူညီလျက်ရှိသည့် ချီးကျူးဖွယ် “လူရည်ချွန်” စိတ်ဓာတ်ရှိသူ တစ်ဦးဖြစ်သည်။ ထပ်မံရေးသားဖော်ပြလိုသည့် လူရည်ချွန်ကြီးတစ်ဦးမှာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ အခြေခံပညာအဆင့်မြင့်တန်း ကျောင်းတွင် ဒသမတန်းလူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန်အဆင့်အထိ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် ဦးဆောင် ထမ်းရွက်ပြုနေသည့် ပြည်သူ့ရှေ့ဆောင် လူရည်ချွန် ကြီးဖြစ်ပါသည်။ ထို့အတူ ပြည်သူ့ရှေ့ဆောင်လူရည်ချွန်ကြီး တစ်ဦးဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၏ နိုင်ငံအတွက်၊ ပြည်သူအတွက် ဆောင်ရွက်မှုများကိုလည်း ဖော်ပြလိုပါသည်။ ပညာ ရေးကဏ္ဍတွင် မန္တလေးတက္ကသိုလ်နှင့် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့ပြင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော်၌ ဒေသ ဖွံ့ဖြိုးရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပညာရေး (စာပေ) သာမက စည်းကမ်းနှင့် ကိုယ်ကျင့်တရားအပိုင်းတွင်ပါ စံပြဖြစ်အောင် ကြိုးစားခဲ့သူထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် “ဘက်စုံထူးချွန်ရမည်” ဆိုသည့် စံနှုန်းအတိုင်း ပညာရေး (စာပေ) သာမက စည်းကမ်းနှင့် ကိုယ်ကျင့်တရားအပိုင်းတွင်ပါ စံပြဖြစ်အောင် ကြိုးစားခဲ့သူဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် မော်လမြိုင်ကောလိပ် ပထမနှစ်တွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး လူရည်ချွန်ရွေးချယ်မှုများကို ပိုမိုစနစ်တကျဖြစ်စေရေး၊ ရွေးချယ်ခံရသည့် လူငယ်များအား နိုင်ငံတကာအဆင့်အထိ ထိတွေ့မှုရှိစေရေးတို့အတွက် မူဝါဒပိုင်းဆိုင်ရာများကို အဓိကပံ့ပိုးပေးလျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည်။ “လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ မြန်မာ့ သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်” ဟူသည့် ကျွန်တော့်ရည်မှန်းချက် သီချင်းစာသားကဲ့သို့ လူရည်ချွန်၊ ဆရာဝန်၊ ပြည်ချစ်တပ်မတော်သားဖြစ်ခဲ့သူမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဖြစ်သည်။ ၁၉၇၃ ခုနှစ်၌ ဘားအံ မြို့ အထက(၁) သတ္တမတန်းတွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယခုအခါ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများအပါအဝင် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည်။ ထို့အတူ လူရည်ချွန်ကြီး ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ယခင်က နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ကျေပွန်စွာတာဝန်ထမ်းဆောင်ခဲ့သည်။ ဘက်စုံထူးချွန်မှု ရှိသည့် လူရည်ချွန်ကြီးတစ်ဦးဖြစ်သည်။ ၁၉၈၆ ခုနှစ်၌ ပဲခူးကောလိပ် ပထမနှစ်တွင် လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအပြင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို စေ့စေ့ငှငှ လေ့လာခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတကာမျက်နှာစာနှင့် ထိတွေ့ ဆက်ဆံသည့် တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်သည်။ ထပ်မံ၍ ဖော်ပြလိုသည်မှာ ထူးချွန်လူရည်ချွန်ဖြစ်ခဲ့သည့် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၏ အကြောင်းပင်။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၈၁ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် အခြေခံပညာအလယ်တန်း တက်ရောက်စဉ် လူရည်ချွန် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် လူရည်ချွန်ကြီးတစ်ဦးဖြစ်သည့်အတွက် လူရည်ချွန် မောင်မယ်များ၏ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားပြီး လူရည်ချွန်များ၏ လူမှုရေးရာကိစ္စရပ်များကို တက်ကြွစွာ ပါဝင်ကူညီလေ့ရှိသူဖြစ်သည်။ ယခုအခါ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်ဖြင့် တိုင်းရင်းသားများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် ယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများကို ဦးစီးဦးရွက်ပြု ထမ်းဆောင်လျက်ရှိသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် လူရည်ချွန်ကြီး ရခိုင်တိုင်းရင်းသားဖြစ်သူ ပြည်ထောင်စု ဝန်ကြီးနှင့် လူရည်ချွန်ကြီး ရှမ်းတိုင်းရင်းသားဖြစ်သူ ဒုတိယဝန်ကြီးတို့၏ ဦးဆောင် တာဝန် ထမ်းဆောင်မှုကလည်း ထူးခြားမှု တစ်ခုဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည်လည်း ထင်ရှားသည့် လူရည်ချွန်ကြီး တစ်ဦးဖြစ်သည်။ ၁၉၇၈- ၁၉၇၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း တက်ရောက်စဉ် လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ပြည်သူ့ ကျန်းမာရေးကဏ္ဍအပေါ် အလေးထားကြိုးပမ်းပေးသူဖြစ်သည်။ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုရေး၊ နိုင်ငံတကာဆေးပညာရှင်များနှင့် ပူးပေါင်း၍ ဆေးပညာဖလှယ်ရေးနှင့် ဆေးဝါး ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ ဆေးရုံများနှင့် ဆေးတက္ကသိုလ်များ၏ လုပ်ငန်းစဉ်များ ပိုမိုသွက်လက်မြန်ဆန်စေရေးတို့ကို ကြိုးပမ်းဖော်ဆောင် ပေးလျက်ရှိသည်။ ထို့ပြင် လူရည်ချွန်ကြီးတစ်ဦးအနေဖြင့် လူရည်ချွန်မောင်မယ်များ၏ လှုပ်ရှားမှုများ နှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီလျက်ရှိသည်။ ထို့အတူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးသည် ရာထူးတာဝန်အဆင့်ဆင့်ဖြင့် နိုင်ငံနှင့် ပြည်သူ့ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးချွန်လူရည်ချွန် အမျိုးသမီးတစ်ဦးဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်းတွင် လူရည်ချွန် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်ဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအတွက် တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်နေသည့် “လူရည်ချွန်ပညာရှင်” တစ်ဦးဖြစ်သည်။ နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နေသည့် အမျိုးသမီးစွမ်းဆောင်ရှင်ထို့ပြင် အမျိုးသမီး လူရည်ချွန်ကြီးတစ်ဦးအကြောင်းကို ထပ်မံတင်ပြလိုပါသည်။ လက်ရှိ အစိုးရ အဖွဲ့တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူကား ဒေါက်တာရင်ရင်နွယ်။ ဒေါက်တာရင်ရင်နွယ်သည် ၁၉၆၈ ခုနှစ် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် စတုတ္ထနှစ်တွင် ရွေးချယ်ခံရသည့် လူရည်ချွန်ဖြစ်သည်။ ပြီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် UNICEF တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍစုံတွင် တက်ကြွစွာ ပါဝင်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နေသည့် အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦး ဖြစ်သည်။ လူရည်ချွန်ကြီးများထဲမှ နိုင်ငံတော်အဆင့် တာဝန်များကို ယနေ့အထိ ထူးထူးချွန်ချွန် တာဝန် ထမ်းဆောင်နေဆဲ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထပ်မံ၍ဖော်ပြလိုသည့် အမျိုးသမီးလူရည်ချွန်ကြီးမှာ ဒေါက်တာခင်ချစ်ချစ် ဖြစ်သည်။ ဥပဒေ ပါမောက္ခ (ငြိမ်း) တစ်ဦးဖြစ်သည်။ နှစ်ထပ်ကွမ်းလူရည်ချွန်ကြီးဖြစ်သည်။ ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ်တို့တွင် ရန်ကုန်တက္ကသိုလ် တတိယနှစ်နှင့် စတုတ္ထနှစ် လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ဒေါက်တာ ခင်ချစ်ချစ်သည် ဥပဒေပညာ သင်ကြားမှုတွင် အထူးကျွမ်းကျင်ထက်မြက်သူအဖြစ် ထင်ရှားပြီး လက်ရှိ တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းများတွင် လိုအပ်သော ဝန်ထမ်းများကို ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဦးခင်မောင်လတ်နှင့် ဒေါက်တာဖြူဖြူအိတို့သည် နိုင်ငံတော်က ပြုစုပျိုးထောင်ခဲ့သည့် နိုင်ငံ့သားကောင်း လူရည်ချွန်ကြီး များပင်။ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ နှင့် ၁၉၈၂ ခုနှစ် တို့တွင် လူရည်ချွန်ဖြစ်ခဲ့သည်မှာ နေပြည်တော် ကောင်စီဝင် ဦးခင်မောင်လတ်ဖြစ်သည်။ သူသည်လည်း တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦး ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်အဆင့် စီမံခန့်ခွဲရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဖြူဖြူအိသည်လည်း ၁၉၇၇၊ ၁၉၇၈ နှင့် ၁၉၈၀ ပြည့်နှစ်တို့တွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ လက်ရှိတွင် နိုင်ငံတော်၏ ငွေကြေးမူဝါဒရေးရာ ကိစ္စရပ်များအတွက် စွမ်းစွမ်းတမံ ပါဝင်ထမ်းဆောင်လျက်ရှိသည့် လူရည်ချွန်ကြီး တစ်ဦးဖြစ်သည်။ နိုင်ငံ့တာဝန်များကို ဦးစီးထမ်းရွက်နေကြပြီ“ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဆိုသကဲ့သို့ တစ်ချိန်က နိုင်ငံတော်က ပြုစုပျိုးထောင်ပေးခဲ့သည့် လူရည်ချွန် လူရည်မွန်လူငယ်များသည် ယနေ့နိုင်ငံ့တာဝန်များကို ဦးစီးထမ်းရွက်နေကြပြီဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံတော်က ယနေ့ပြုစုပျိုးထောင်ပေးလျက်ရှိသည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် နောင်အခါ နိုင်ငံအတွက်၊ ပြည်သူအတွက် ရှေ့ဆောင်ထမ်းရွက်ကြမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြမည်ဖြစ်သည်။ သို့ဖြစ်ရာ ယခုတိုင် နိုင်ငံ့တာဝန်များကို ဦးဆွေးဆံမြည့် ပါဝင်ထမ်းရွက်လျက်ရှိသည့် တစ်သက်တာ သို့မဟုတ် ထာဝရလူရည်ချွန်ကြီးများကဲ့သို့ ယနေ့လူရည်ချွန်မောင်မယ်များ အားလုံးတို့ကလည်း နိုင်ငံတော် အကျိုးပြုလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရင်း နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူများက အားကိုးအားထားပြုရသူများ ဖြစ်လာရန် ကြိုးပမ်းသွားကြမည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။MDN

"ကိုယ်၊ စိတ်၊ ပညာ" သုံးပါးစလုံးတွင် အများထက် ထူးကဲသာလွန်သော အရည်အသွေးရှိပြီး အများအကျိုးကို ဆောင်ရွက်ကြသူများအား လူရည်ချွန်ဟု သတ်မှတ်ကြသည်။ ပညာရေးထူးချွန်မှု၊ ကိုယ်ကျင့် တရားကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ အသိပညာကြွယ်ဝမှု၊ ဖြတ်ထိုး ဉာဏ်ရင့်သန်မှု အပါအဝင် ဘက်စုံထူးချွန်သူများလည်းဖြစ်သည်။

ကောက်ရိုးမီးကဲ့သို့ ကြိုးစားမှုဖြင့် လူရည်ချွန်မဖြစ်နိုင်ပါ။ ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့် ပျိုးထောင်ပေးခြင်းမှ လူရည်ချွန်များအဖြစ် တွေ့မြင်ရခြင်းဖြစ်သည်။ ထိုကဲ့သို့ ဘက်စုံထူးချွန်သည့် အရည်အသွေးများကို ရရှိအောင် ကြိုးစားကျော်ဖြတ်လာကြသည့် လူရည်ချွန်များသည်ဘဝ တစ်လျှောက်လုံးတွင်လည်း မိမိတို့၏အရည်အသွေးများဖြင့် နိုင်ငံနှင့် အများပြည်သူအကျိုးကို ထမ်းဆောင်နိုင်ကြသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြသည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား တွေ့ဆုံသြဝါဒအမှာစကား ပြောကြားရာတွင် လူရည်ချွန်ဖြစ်ခဲ့သူသည် တစ်သက် တာ လူရည်ချွန်ပင်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံ့အနာဂတ်အတွက် ကြိုတင်ပြုစုပျိုးထောင်

လူငယ်လူရည်ချွန်များအဖြစ် မွေးဖွားခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်သည့်အခါ ပညာထူးချွန်ရုံသာမက ဘက်စုံတော်သည့် ကျောင်းသားကျောင်းသူများကို ပြုစုပျိုးထောင်ပေး ရန်ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် သမိုင်းဝင်စီမံကိန်းတစ်ခု။ လူရည်ချွန် စီမံကိန်းအဖြစ် နိုင်ငံတော်အစိုးရက ဘက်စုံပညာ ထူးချွန်ပြောင်မြောက်သော နိုင်ငံချစ်သားကောင်း သမီးမွန်များကို မွေးထုတ်ပေးသည်။ လူရည်ချွန် စီမံကိန်းသည် နိုင်ငံတော်အစိုးရက အများထက် သာလွန်ထူးချွန်သည့် နိုင်ငံချစ်သားကောင်း သမီးမွန်ကို ရွေးချယ်စုစည်းပြီး နိုင်ငံ့အနာဂတ်အတွက် ကြိုတင်ပြုစုပျိုးထောင်ခြင်းလည်းဖြစ်သည်။

၁၉၆၄ ခုနှစ်ကစတင်ခဲ့သည့် လူရည်ချွန်စီမံကိန်းတွင် ပါဝင်ခဲ့သော ကျောင်းသား ကျောင်းသူ လူငယ်များသည် မျက်မှောက်နိုင်ငံတော်အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအဖြစ် နိုင်ငံ့တာဝန်ကို ဦးဆွေးဆံမြည့် ထမ်းရွက်လျက် ရှိကြသည်။

ထို့အတူ သွေးချင်းတိုင်းရင်းသားလူရည်ချွန် အရာထမ်းကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင် များစွာတို့က နယ်ပယ်ကဏ္ဍစုံတွင် နိုင်ငံ့အကျိုးအတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လူရည်ချွန်ကြီးများသည်တစ်ချိန်က နိုင်ငံတော်က ပြုစုပျိုးထောင်ပေးခဲ့သည့် ကျောင်းသား ကျောင်းသူ လူငယ်များပင်။

နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေကြသော လူရည်ချွန်ကြီး ၁၂ ဦး

မကြာမီကဖွဲ့စည်းခဲ့သည့် နိုင်ငံတော်အစိုးရသစ်တွင် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေကြသော လူရည်ချွန်ကြီး ၁၂ ဦး၏အကြောင်းကို လည်း လှစ်ဟရေးသား၍ ဂုဏ်ပြုလိုပါသည်။

၁၉၆၉ ခုနှစ် (သတ္တမတန်း-စစ်တွေမြို့)၊ ၁၉၇၀ ပြည့်နှစ် (အဋ္ဌမတန်း-စစ်ကိုင်းမြို့) နှင့် ၁၉၇၁ ခုနှစ် (နဝမတန်း-မြောင်းမြမြို့) တို့တွင် သုံးနှစ်ဆက်တိုက် ရွေးချယ်ခဲ့ရသည့် သုံးထပ်ကွမ်းလူရည်ချွန် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်ဖြင့် အစပြုလိုပါသည်။ ယခုတိုင်အောင် နိုင်ငံတော်အကျိုး၊ ပြည်သူ့ အကျိုး ဆောင်ရွက်နေသည့်အပြင် ဥပဒေရေးရာ ဘက်စုံကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသားများ၏ စိတ်ဓာတ်နှင့် ယဉ်ကျေးမှုကိုပါ မြှင့်တင်ပေးနေသည့် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ပြင် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဇာတိသွေး ဇာတိမာန်ကို ဖော်ကျူးသည့် တေးသီချင်းများစွာကို ရေးသားသီဆိုခဲ့သည့် အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။ “ရိုးရာကမမ၊ ဝီးလို့ကျန်လိုက်မြို့ စစ်တွေ၊ နဝရူပဗျာလ” သီချင်းတို့သည် သူ၏ထင်ရှားသော အနုပညာလက်ရာမွန်များဖြစ်သည်။ ထို့အတူ အနုပညာကို ချစ်မြတ်နိုးပြီး ယနေ့အထိ ရခိုင် အနုပညာနှင့် စာပေကဏ္ဍဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပါဝင်ကူညီလျက်ရှိသည့် ချီးကျူးဖွယ် “လူရည်ချွန်” စိတ်ဓာတ်ရှိသူ တစ်ဦးဖြစ်သည်။

ထပ်မံရေးသားဖော်ပြလိုသည့် လူရည်ချွန်ကြီးတစ်ဦးမှာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ အခြေခံပညာအဆင့်မြင့်တန်း ကျောင်းတွင် ဒသမတန်းလူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန်အဆင့်အထိ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် ဦးဆောင် ထမ်းရွက်ပြုနေသည့် ပြည်သူ့ရှေ့ဆောင် လူရည်ချွန် ကြီးဖြစ်ပါသည်။

ထို့အတူ ပြည်သူ့ရှေ့ဆောင်လူရည်ချွန်ကြီး တစ်ဦးဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၏ နိုင်ငံအတွက်၊ ပြည်သူအတွက် ဆောင်ရွက်မှုများကိုလည်း ဖော်ပြလိုပါသည်။ ပညာ ရေးကဏ္ဍတွင် မန္တလေးတက္ကသိုလ်နှင့် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့ပြင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော်၌ ဒေသ ဖွံ့ဖြိုးရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ပညာရေး (စာပေ) သာမက စည်းကမ်းနှင့် ကိုယ်ကျင့်တရားအပိုင်းတွင်ပါ စံပြဖြစ်အောင် ကြိုးစားခဲ့သူ

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် “ဘက်စုံထူးချွန်ရမည်” ဆိုသည့် စံနှုန်းအတိုင်း ပညာရေး (စာပေ) သာမက စည်းကမ်းနှင့် ကိုယ်ကျင့်တရားအပိုင်းတွင်ပါ စံပြဖြစ်အောင် ကြိုးစားခဲ့သူဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် မော်လမြိုင်ကောလိပ် ပထမနှစ်တွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး လူရည်ချွန်ရွေးချယ်မှုများကို ပိုမိုစနစ်တကျဖြစ်စေရေး၊ ရွေးချယ်ခံရသည့် လူငယ်များအား နိုင်ငံတကာအဆင့်အထိ ထိတွေ့မှုရှိစေရေးတို့အတွက် မူဝါဒပိုင်းဆိုင်ရာများကို အဓိကပံ့ပိုးပေးလျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည်။

“လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ မြန်မာ့ သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်” ဟူသည့် ကျွန်တော့်ရည်မှန်းချက် သီချင်းစာသားကဲ့သို့ လူရည်ချွန်၊ ဆရာဝန်၊ ပြည်ချစ်တပ်မတော်သားဖြစ်ခဲ့သူမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဖြစ်သည်။ ၁၉၇၃ ခုနှစ်၌ ဘားအံ မြို့ အထက(၁) သတ္တမတန်းတွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယခုအခါ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများအပါအဝင် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည်။

ထို့အတူ လူရည်ချွန်ကြီး ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ယခင်က နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ကျေပွန်စွာတာဝန်ထမ်းဆောင်ခဲ့သည်။ ဘက်စုံထူးချွန်မှု ရှိသည့် လူရည်ချွန်ကြီးတစ်ဦးဖြစ်သည်။ ၁၉၈၆ ခုနှစ်၌ ပဲခူးကောလိပ် ပထမနှစ်တွင် လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအပြင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို စေ့စေ့ငှငှ လေ့လာခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတကာမျက်နှာစာနှင့် ထိတွေ့ ဆက်ဆံသည့် တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်သည်။

ထပ်မံ၍ ဖော်ပြလိုသည်မှာ ထူးချွန်လူရည်ချွန်ဖြစ်ခဲ့သည့် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၏ အကြောင်းပင်။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၈၁ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် အခြေခံပညာအလယ်တန်း တက်ရောက်စဉ် လူရည်ချွန် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် လူရည်ချွန်ကြီးတစ်ဦးဖြစ်သည့်အတွက် လူရည်ချွန် မောင်မယ်များ၏ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားပြီး လူရည်ချွန်များ၏ လူမှုရေးရာကိစ္စရပ်များကို တက်ကြွစွာ ပါဝင်ကူညီလေ့ရှိသူဖြစ်သည်။ ယခုအခါ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်ဖြင့် တိုင်းရင်းသားများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် ယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများကို ဦးစီးဦးရွက်ပြု ထမ်းဆောင်လျက်ရှိသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် လူရည်ချွန်ကြီး ရခိုင်တိုင်းရင်းသားဖြစ်သူ ပြည်ထောင်စု ဝန်ကြီးနှင့် လူရည်ချွန်ကြီး ရှမ်းတိုင်းရင်းသားဖြစ်သူ ဒုတိယဝန်ကြီးတို့၏ ဦးဆောင် တာဝန် ထမ်းဆောင်မှုကလည်း ထူးခြားမှု တစ်ခုဖြစ်သည်။

အလားတူ မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည်လည်း ထင်ရှားသည့် လူရည်ချွန်ကြီး တစ်ဦးဖြစ်သည်။ ၁၉၇၈- ၁၉၇၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း တက်ရောက်စဉ် လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ပြည်သူ့ ကျန်းမာရေးကဏ္ဍအပေါ် အလေးထားကြိုးပမ်းပေးသူဖြစ်သည်။ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုရေး၊ နိုင်ငံတကာဆေးပညာရှင်များနှင့် ပူးပေါင်း၍ ဆေးပညာဖလှယ်ရေးနှင့် ဆေးဝါး ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ ဆေးရုံများနှင့် ဆေးတက္ကသိုလ်များ၏ လုပ်ငန်းစဉ်များ ပိုမိုသွက်လက်မြန်ဆန်စေရေးတို့ကို ကြိုးပမ်းဖော်ဆောင် ပေးလျက်ရှိသည်။ ထို့ပြင် လူရည်ချွန်ကြီးတစ်ဦးအနေဖြင့် လူရည်ချွန်မောင်မယ်များ၏ လှုပ်ရှားမှုများ နှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီလျက်ရှိသည်။

ထို့အတူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးသည် ရာထူးတာဝန်အဆင့်ဆင့်ဖြင့် နိုင်ငံနှင့် ပြည်သူ့ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးချွန်လူရည်ချွန် အမျိုးသမီးတစ်ဦးဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်းတွင် လူရည်ချွန် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်ဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအတွက် တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်နေသည့် “လူရည်ချွန်ပညာရှင်” တစ်ဦးဖြစ်သည်။

နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နေသည့် အမျိုးသမီးစွမ်းဆောင်ရှင်

ထို့ပြင် အမျိုးသမီး လူရည်ချွန်ကြီးတစ်ဦးအကြောင်းကို ထပ်မံတင်ပြလိုပါသည်။ လက်ရှိ အစိုးရ အဖွဲ့တွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူကား ဒေါက်တာရင်ရင်နွယ်။

ဒေါက်တာရင်ရင်နွယ်သည် ၁၉၆၈ ခုနှစ် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် စတုတ္ထနှစ်တွင် ရွေးချယ်ခံရသည့် လူရည်ချွန်ဖြစ်သည်။ ပြီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် UNICEF တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍစုံတွင် တက်ကြွစွာ ပါဝင်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နေသည့် အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦး ဖြစ်သည်။ လူရည်ချွန်ကြီးများထဲမှ နိုင်ငံတော်အဆင့် တာဝန်များကို ယနေ့အထိ ထူးထူးချွန်ချွန် တာဝန် ထမ်းဆောင်နေဆဲ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ထပ်မံ၍ဖော်ပြလိုသည့် အမျိုးသမီးလူရည်ချွန်ကြီးမှာ ဒေါက်တာခင်ချစ်ချစ် ဖြစ်သည်။ ဥပဒေ ပါမောက္ခ (ငြိမ်း) တစ်ဦးဖြစ်သည်။ နှစ်ထပ်ကွမ်းလူရည်ချွန်ကြီးဖြစ်သည်။ ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ်တို့တွင် ရန်ကုန်တက္ကသိုလ် တတိယနှစ်နှင့် စတုတ္ထနှစ် လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ဒေါက်တာ ခင်ချစ်ချစ်သည် ဥပဒေပညာ သင်ကြားမှုတွင် အထူးကျွမ်းကျင်ထက်မြက်သူအဖြစ် ထင်ရှားပြီး လက်ရှိ တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းများတွင် လိုအပ်သော ဝန်ထမ်းများကို ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဦးခင်မောင်လတ်နှင့် ဒေါက်တာဖြူဖြူအိတို့သည် နိုင်ငံတော်က ပြုစုပျိုးထောင်ခဲ့သည့် နိုင်ငံ့သားကောင်း လူရည်ချွန်ကြီး များပင်။ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ နှင့် ၁၉၈၂ ခုနှစ် တို့တွင် လူရည်ချွန်ဖြစ်ခဲ့သည်မှာ နေပြည်တော် ကောင်စီဝင် ဦးခင်မောင်လတ်ဖြစ်သည်။ သူသည်လည်း တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦး ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်အဆင့် စီမံခန့်ခွဲရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဖြူဖြူအိသည်လည်း ၁၉၇၇၊ ၁၉၇၈ နှင့် ၁၉၈၀ ပြည့်နှစ်တို့တွင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ လက်ရှိတွင် နိုင်ငံတော်၏ ငွေကြေးမူဝါဒရေးရာ ကိစ္စရပ်များအတွက် စွမ်းစွမ်းတမံ ပါဝင်ထမ်းဆောင်လျက်ရှိသည့် လူရည်ချွန်ကြီး တစ်ဦးဖြစ်သည်။

နိုင်ငံ့တာဝန်များကို ဦးစီးထမ်းရွက်နေကြပြီ

“ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဆိုသကဲ့သို့ တစ်ချိန်က နိုင်ငံတော်က ပြုစုပျိုးထောင်ပေးခဲ့သည့် လူရည်ချွန် လူရည်မွန်လူငယ်များသည် ယနေ့နိုင်ငံ့တာဝန်များကို ဦးစီးထမ်းရွက်နေကြပြီဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံတော်က ယနေ့ပြုစုပျိုးထောင်ပေးလျက်ရှိသည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် နောင်အခါ နိုင်ငံအတွက်၊ ပြည်သူအတွက် ရှေ့ဆောင်ထမ်းရွက်ကြမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုတိုင် နိုင်ငံ့တာဝန်များကို ဦးဆွေးဆံမြည့် ပါဝင်ထမ်းရွက်လျက်ရှိသည့် တစ်သက်တာ သို့မဟုတ် ထာဝရလူရည်ချွန်ကြီးများကဲ့သို့ ယနေ့လူရည်ချွန်မောင်မယ်များ အားလုံးတို့ကလည်း နိုင်ငံတော် အကျိုးပြုလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရင်း နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူများက အားကိုးအားထားပြုရသူများ ဖြစ်လာရန် ကြိုးပမ်းသွားကြမည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

MDN

ကေကေ

ပညာတံခွန်စိုက်ကာ ကြယ်ကိုဆွတ်မည့် လူရည်ချွန်များသို့
-
မြန်မာ့ယဉ်ကျေးမှုနှင့် စာပေအမွေအနှစ်တွင်“လူသားတံခွန်၊ လူရည်ချွန်က၊ မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်းတည့်” ဟူသောဆိုရိုးစကားသည် ပညာရှိသူ၊ အရည်အချင်းရှိသူ မျိုးဆက်သစ်တို့အတွက် မည်သည့်ပန်းတိုင်မျှမမြင့်မားလွန်းကြောင်း၊ မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားပါက အောင်မြင်မှုသည် လက်တစ်ကမ်းတွင်သာ ရှိနေကြောင်း ခိုင်မာစွာ သက်သေပြနေသည်။ ဤဆိုရိုးသည် ကျား/မ မရွေး လူသားတိုင်း၏ စိတ်ဓာတ်ခွန်အားအမြင့်ဆုံးသော အောင်ပွဲကိုကိုယ်စားပြုပြီး အနာဂတ်မျိုးဆက်သစ် လူရည်ချွန်များအတွက် အဓိကလမ်းညွှန်ချက်ဖြစ်သည်။ ဤကဲ့သို့သော ခိုင်မာသည့်စိတ်ဓာတ် စွမ်းအားဖြင့်သာ ကျွန်ုပ်တို့၏ တိုင်းပြည်ကို တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ လူရည်ချွန်များအနေဖြင့် အနာဂတ်နိုင်ငံတော်၏ အဖိုးတန်ဆုံးသော ရတနာများဖြစ်သည့်အလျောက် မိမိတို့၏စွမ်းဆောင်ရည်ဖြင့် နိုင်ငံ၏အနာဂတ်ကို ပြောင်းလဲပေးနိုင်သော အင်အားစုများဖြစ်လာစေရန် ပညာတံခွန်စိုက်ကာ “ကြယ်ကိုဆွတ်” လိုသည့်စိတ်ဓာတ်ဖြင့် ကြိုးစားရန်လိုအပ်သည်။အောင်မြင်မှု၏လက်ရုံးရည်နှင့်နှလုံးရည်အောင်မြင်မှုဟူသည် ကံတရားအပေါ်တွင်သာ မူတည်နေသည်မဟုတ်ဘဲ ထူးချွန်သူတစ်ဦး၏ လက်ရုံးရည်နှင့်နှလုံးရည်တို့ ပေါင်းစပ်မှုအပေါ်တွင်သာ မူတည်သည်။ ဤဆိုရိုးစကားသည် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသော လူသားတိုင်းအတွက် ပန်းတိုင်တစ်ခုကို မည်သို့ရောက်အောင်သွားရမည်ကို အသေးစိတ် ဖော်ပြပေးထားသည်။ “လူသားတံခွန်” ဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူသက်သက်ကိုသာ ဆိုလိုသည်မဟုတ်ဘဲ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ထူးချွန်သူကို အဓိကထားရည်ညွှန်းခြင်းဖြစ်သည်။ “မိုးစွန်တမွတ် ကြယ်ကိုဆွတ်ခြင်း”ဆိုသည်မှာ တစ်ဦးတစ်ယောက်၏ဘဝတွင် မဖြစ်နိုင်ဟုထင်ရလောက်အောင် ခက်ခဲသောစိန်ခေါ်မှုများကို ပြတ်သားသော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကျော်လွှားအောင်မြင်ခြင်းပင်ဖြစ်သည်။ အားမာန်နှင့်ဝီရိယတို့ပေါင်းစပ်လိုက်မှသာ “မလွတ်စတမ်း ရမြဲလမ်း” ဆိုသည့် အောင်ပွဲဆီသို့ မုချမလွဲရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ဤခိုင်မာသောစိတ်ဓာတ်ကို အခြေခံ၍ လူရည်ချွန်တို့သည် မိမိတို့၏ဘဝခရီးလမ်းကို သာမန်လမ်းကြောင်းထက် ပိုမိုမြင့်မားသော အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တည်ဆောက်သွားကြရမည်ဖြစ်သည်။ပန်းတိုင်ဆီသို့ ခိုင်မာသောခြေလှမ်းများ“လူရည်ချွန်” ဆိုသည့် ဂုဏ်ထူးဆောင်ဘွဲ့သည် ပညာတတ်မြောက်ရုံသက်သက်ဖြင့် မရရှိနိုင်ဘဲ တန်ဖိုးမြင့်မားသော နိုင်ငံသားကောင်းပီသမှသာ ရရှိနိုင်သည့်ထူးချွန်ခြင်း၏ အမှတ်တံဆိပ် တစ်ခုဖြစ်သည်။ သို့သော် အောင်မြင်သူတိုင်းသည် ထူးချွန်သောလူသားဘဝသို့ အရောက်လှမ်းနိုင်ကြသည်တော့ မဟုတ်ပါ။ တန်ဖိုးရှိသော လူသားတစ်ယောက်၏ အဓိကသော့ချက်မှာ ကိုယ့်အတ္တ အကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ ပရဟိတနှင့်အများပြည်သူ၏ အကျိုးစီးပွားကိုသာ အမြဲဦးထိပ်ထားတတ်သော စိတ်နှလုံးသားကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ ဇွဲကောင်းပြီး စွမ်းဆောင်ရည်မြင့်မားသူတို့၏ ဘဝခရီးသည် အခက်အခဲမည်မျှပင်ကြီးမားစေကာမူ အောင်မြင်မှု၏ အထွတ်အထိပ်ဆီသို့ ရောက်ရှိနိုင်ကြောင်း သက်သေပြလျက်ရှိသည်။မျိုးဆက်သစ်လူရည်ချွန်မောင်မယ်တို့ကို ကျွန်ုပ်တို့ ပေးအပ်လိုသောအမွေမှာအခြားမဟုတ် “နိုင်ငံ့အကျိုး၊ အများအကျိုးကို ဦးထိပ်ထားနိုင်သည့် မြင့်မြတ်သောစိတ်ဓာတ်” ပင်ဖြစ်သည်။ အသက်နှင့်ရင်းပြီး မိမိဘဝကိုရင်းနှီးကာ တိုက်ပွဲဝင်နေရသည့်တိုင် “သာသနာ့အကျိုး၊ ပြည်သူ့ကောင်းကျိုး” ကိုသာ အစဉ်အမြဲထားရှိသော စိတ်ဓာတ်သည် လူရည်ချွန်တို့၏ အသက်သွေးကြောပင်ဖြစ်သည်။ ဤမြင့်မြတ်သောစိတ်ထားအမွေကို မြန်မာပြည်မြေပြင်ပေါ်တွင် အစဉ်ထာဝရ ထွန်းတောက်နေအောင် ဆက်လက်ထိန်းသိမ်း ဖော်ဆောင်ပေးရမည်ဖြစ်သည်။ထို့ပြင် ခေါင်းဆောင်ကောင်းဆိုသည်မှာ “ချီးမြှင့်ထိုက်သူကိုချီးမြှင့်ရမည်၊ မြှောက်စားထိုက်သူကိုမြှောက်စားရမည်”ဟူသော အစဉ်အလာကောင်းကို တန်ဖိုးထားတတ်သူများဖြစ်သည်။ ခေါင်းဆောင်လောင်းများဖြစ်ကြသည့် မောင်တို့၊ မယ်တို့အနေဖြင့်လည်း “ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမည်” ဆိုသည့် ဤမွန်မြတ်သောအမွေကိုဆက်ခံရင်း နောင်လာနောက်သားတို့လက်သို့ အစဉ်အဆက် လက်ဆင့်ကမ်း ပေးနိုင်ကြရမည်ဖြစ်သည်။စိတ်ဓာတ်ခိုင်မာပြီး အများအကျိုးကို ရှေ့တန်းတင်သည့် ဤမဟာဗျူဟာမြောက်စိတ်ဓာတ်သည်သာ လူငယ်တို့လက်ကိုင်ထားရမည့် အစစ်မှန်ဆုံးသော ပညာရေးအမွေဖြစ်ပါတော့သည်။လူရည်ချွန်တို့၏ ဂန္ထဝင်လမ်းညွှန်ချက် “ဆုတောင်း”၁၉၆၅ ခုနှစ် လူရည်ချွန်တံခွန်စိုက်ဆုရှင် တင်လှိုင်(မန္တလေး) ရေးစပ်သီကုံးခဲ့သည့် “ဆုတောင်း” ကဗျာသည် မြန်မာ့ပညာရေး သမိုင်းတွင် အဖိုးမဖြတ်နိုင်သော ဂန္ထဝင်မော်ကွန်းတစ်ခုပင်ဖြစ်သည်။ထိုခေတ်က လူရည်ချွန်ဖြစ်ခဲ့သူ တင်လှိုင်(မန္တလေး)(စာရေးဆရာလယ်တွင်းသား စောချစ်)၏ နှလုံးသားထဲမှပေါက်ဖွားလာသော ဤကဗျာသည် လူရည်ချွန်များအတွက် ပညာအရည်အသွေးထက် ပိုမိုမြင့်မြတ်သည့် မျိုးချစ်စိတ်ဓာတ်ကို အမြစ်တွယ်စေခဲ့သည်။ ဤကဗျာသည် လူရည်ချွန်များ၏ ဘဝ လမ်းကြောင်းအတွက်သာမက တိုင်းပြည်၏အနာဂတ်အတွက်ပါ အရေးအကြီးဆုံးသော လမ်းညွှန်မှတ်တိုင်တစ်ခုဖြစ်သည်။ကဗျာဆရာတင်လှိုင်(မန္တလေး)သည် ၎င်း၏ကဗျာထဲတွင် ပညာတတ်မြောက်ခြင်း၏ အနှစ်သာရမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ တိုင်းပြည်အတွက်ဖြစ်ကြောင်း အလွန်လှပသော စကားလုံးများဖြင့် ဆုမွန်ကောင်းတောင်းပေးထားသည် - “ပညာတံခွန်၊ လူရည်ချွန်၍ မွန်သည့်သူများ ဖြစ်ပါစေ။ တိုင်းကျိုးပြည်ကျိုး၊ သယ်ကာပိုးသည့် မျိုးချစ်သူများ ဖြစ်ပါစေ။”ဤကဗျာ၏ နက်ရှိုင်းသောအဓိပ္ပာယ်မှာ “ပညာတံခွန်” စိုက်ထူနိုင်သော လူရည်ချွန်တစ်ဦးသည် ပညာတတ်မြောက်ခြင်းကိုသာမက စိတ်ဓာတ်မြင့်မြတ်သူ(မွန်သည့်သူ) ဖြစ်ရန်လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပညာသည် နိုင်ငံ၏အားကိုးရာဖြစ်ရန်အတွက် “တိုင်းကျိုးပြည်ကျိုး”ကို သယ်ပိုးနိုင်သောမျိုးချစ်စိတ်ဓာတ်နှင့် ခွဲခြား၍မရပါ။ ကဗျာဆရာ၏ ဆုတောင်းသည် ရိုးရှင်းသော်လည်း အလွန်ပင်ခွန်အားကြီးမားလှသည်။ သူ၏ဆုတောင်းသည် လူရည်ချွန်တိုင်းအား မိမိတို့၏အသိပညာကို နိုင်ငံတော်၏အကျိုးစီးပွားအတွက် အသုံးချရန် တိုက်တွန်းနေခြင်းပင်ဖြစ်သည်။ကဗျာ၏နိဂုံးတွင်လည်း ကဗျာဆရာ တစ်ယောက်၏ မေတ္တာအပြည့်ဖြင့် ဤသို့ဆုမွန်တောင်းပေးထားပါသည် - “အစ်ကို့ဆုတောင်း၊ ဆုအပေါင်းကို ကောင်းစွာ ပိုင်ဆိုင်ကြစေသတည်း။ အစ်ကို့ဆုတောင်း၊ ဆုအပေါင်းသည် ကောင်းသည်ချည်းသာ ဖြစ်စေသတည်း။”ဤကဗျာသည် “ကောင်းသည်ချည်းသာ ဖြစ်စေသတည်း” ဟုအဆုံးသတ်ထားသည့်အတိုင်း လူရည်ချွန်တို့၏ဘဝတွင် ကောင်းသောစိတ်၊ ကောင်းသောကြိုးစားမှုနှင့် ကောင်းသောရလဒ်များသာ အစဉ်အမြဲဖြစ်ပေါ်နေစေရန် အစ်ကိုတစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဆုမွန်တောင်းပေးထားခြင်းဖြစ်သည်။ ဤကဗျာသည် လူရည်ချွန်တို့၏နှလုံးသားတွင် သစ္စာတရား၊ မျိုးချစ်စိတ်နှင့် ပညာတန်ဖိုးကို တစ်ပြိုင်နက်တည်း ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည့်အတွက် ယနေ့တိုင်အသက်ဝင်လှပနေဆဲဖြစ်ပြီး လူရည်ချွန်တစ်ဦး၏ စစ်မှန်သောရည်မှန်းချက်ကို ဖော်ညွှန်းသည့် ဂန္ထဝင်မော်ကွန်းတစ်ခုအဖြစ် ထာဝရတည်တံ့နေပေလိမ့်မည်။မျှော်လင့်ချက်ပန်းခင်းမှ မေတ္တာအလင်းတန်းများကဗျာဆရာတင်လှိုင်(မန္တလေး)၏ “အစ်ကို့ဆုတောင်း” သည် လူငယ်တို့၏ နှလုံးသားဆီသို့ မေတ္တာတရားနှင့် ခွန်အားတို့ကို ပေါင်းစပ်ပေးပို့လိုက်သည့် မရိုးနိုင်သော တေးသွားတစ်ခုပင်ဖြစ်သည်။ မိဘရင်ခွင်သို့ပြန်လည် ခိုလှုံခွင့်ရမည့် စိတ်လှုပ်ရှားဖွယ်အချိန်တွင် အစ်ကိုကြီးတစ်ယောက်၏ နွေးထွေးသောအမှာစကား၊ မေတ္တာပါသော ဆုမွန်ကောင်းများသည် လူရည်ချွန်တို့အတွက် ဘဝ၏အခက်ခဲဆုံး အချိန်များတွင်ပင် အားမာန်သစ်များတိုးပွားစေသည်။ ဤဆုတောင်းသည် ဂန္ထဝင်လူရည်ချွန်တို့၏အစဉ်အလာ အမွေအနှစ်အဖြစ် ခေတ်အဆက်ဆက် အသက်ဝင်နေဆဲဖြစ်သည်။ ကဗျာဆရာ၏ အလွမ်းနှင့်မေတ္တာတို့ပေါင်းစပ်ထားသောစာသားများမှာ အလွန်ပင်နက်ရှိုင်းလှသည် - “ငါ၏ညီမ၊ ရှုမဝနှင့် ငါ၏ညီငယ်၊ ချစ်စဖွယ်တို့ စခန်းမှခွာ၊ မွေးရပ်ရွာသို့ ပြန်ရာလမ်း၌၊ အေးချမ်းသာယာကြပါစေ။ မိဘရင်ခွင်၊ ခိုလှုံဝင်၍ ရေစင်ကြာနှယ် လန်းပါစေ။”ဤကဗျာအပိုဒ်တွင် “ရေစင်ကြာနှယ် လန်းပါစေ” ဟူသည့် တင်စားချက်မှာ လူရည်ချွန်တို့၏စိတ်ဓာတ်သည် ရေစင်ပေါ်မှကြာဖူးပွင့်ကဲ့သို့ အမြဲသန့်စင်ပြီး အသိပညာ၏ရနံ့ဖြင့် လန်းဆန်းနေစေရန် တိုက်တွန်းခြင်းဖြစ်သည်။ ပညာရည်ချွန်မြောက်ခြင်းသည် အသွင်အပြင်အားဖြင့် ထူးချွန်ရုံသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ရေစင်ကြာပန်းကဲ့သို့ အညစ်အကြေးကင်းစင်ပြီး တောက်ပနေရမည်ဟူသောအဓိပ္ပာယ်ကို သက်ရောက်နေသည်။အစ်ကိုကြီးတစ်ယောက်၏ ဤဆုတောင်းသည် လူငယ်တို့အား တိုင်းပြည်၏ဝန်ကိုထမ်းနိုင်သူ၊ မျိုးချစ်စိတ်ရှိသူများဖြစ်လာစေရန် လမ်းပြပေးလိုက်ခြင်းပင်ဖြစ်သည်။ဤကဗျာသည် လူငယ်တို့၏ရင်ထဲတွင် မေတ္တာနှင့်တာဝန်သိစိတ်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။ အစ်ကို့ဆုတောင်းသည် လူရည်ချွန်တို့၏ ဘဝခရီးအတွက် လမ်းပြမြေပုံသာမက အခက်အခဲများကြားတွင် အေးချမ်းသာယာမှုနှင့်မျှော်လင့်ချက်ကို ပေးစွမ်းနိုင်သော စွမ်းအားရှင်တစ်ဦးကဲ့သို့ဖြစ်သည်။ ဤဂန္ထဝင်ဆုတောင်းစကားများသည် လူရည်ချွန်တိုင်း၏ ဘဝလမ်းကြောင်းတွင် မီးရှူးတန်ဆောင်သဖွယ် ထွန်းတောက်နေမည်မှာအမှန်ပင်ဖြစ်သည်။အနာဂတ်၏မြင့်မြတ်သောလူရည်ချွန်များသို့ ပန်ကြားချက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့သည် အောင်မြင်ခြင်း၏ မဏ္ဍိုင်ဖြစ်သော်လည်း “လူရည်ချွန်” ဟူသော ဂုဏ်ပုဒ်သည် ထိုအောင်မြင်မှုတို့၏ အထက်တွင်တည်ရှိနေသည့် “ထူးချွန်သော လူသားဘဝ” ကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ အောင်မြင်သူတိုင်း တန်ဖိုးရှိသူများ မဖြစ်နိုင်သော်လည်း တန်ဖိုးရှိ သူတို့ကား ကိုယ်ကျိုးထက် အများအကျိုးကို အမြဲနှလုံးသွင်းကာ ရှေ့တန်းတင် ဆောင်ရွက်တတ်ကြသည်။ ဤမွန်မြတ်သောစိတ်ဓာတ်သည် ခေတ်ကာလတစ်ခုတွင် ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ လူရည်ချွန်တို့၏ သမိုင်းကြောင်းတစ်လျှောက် စတင်ပေါက်ဖွားကာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ကျင့်သုံးလာခဲ့သည့် အမွေအနှစ်ကောင်းတစ်ခုဖြစ်သည်။အနာဂတ်လူရည်ချွန်မောင်မယ်တို့ခင်ဗျား... သင်တို့သည် နိုင်ငံတော်၏ အဖိုးတန်ဆုံးသော ရတနာများဖြစ်ကြပြီး သင်တို့၏စွမ်းဆောင်ရည်များသည် မြန်မာနိုင်ငံ၏အနာဂတ်ကို ပြောင်းလဲပေးနိုင်မည့် အင်အားကြီးမားသော အရင်းအမြစ်များ ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အနာဂတ်၏ ခေါင်းဆောင်လောင်းများဟု ခံယူကာ ပညာကို အစဉ်မပြတ်လေ့လာလိုက်စားရင်း “လူရည်ချွန်၊ လူရည်မွန်” ဘဝကိုအစဉ်ထိန်းသိမ်းကြပါ။ “လူရည်ချွန်၊ လူရည်မွန်” ဘဝကိုတည်ဆောက်ကြပါ။ အမိနိုင်ငံတော်၏ အနာဂတ်ကံကြမ္မာသည်သင်တို့၏ စိတ်ဓာတ်မည်မျှကြွယ်ဝပြီး ထိုစိတ်ဓာတ်ကို မည်မျှလက်တွေ့ အကောင်အထည်ဖော်နိုင်သလဲ ဆိုသည့်အချက်အပေါ်တွင် မူတည်နေသည်။ ပညာတံခွန်စိုက်ကာ “မိုးစွန်တမွတ် ကြယ်ကိုဆွတ်” လိုသည့် ဇွဲ၊ လုံ့လနှင့်အတူ တိုင်းပြည်ကို တည်ဆောက်ကြပါ။ မိမိတို့၏အိပ်မက်များကို အကောင်အထည်ဖော်ကြပါ။ထို့ထက်ပို၍ သင်တို့သည် မြန်မာ့မြေကိုအခြေပြုလျက် ကမ္ဘာကိုယှဉ်နိုင်သော “ကမ္ဘာ့နိုင်ငံသား (Global Citizens)”များဖြစ်လာကြရန် ကျွန်ုပ်တို့အထူးမျှော်လင့်ပါသည်။ ဤမွန်မြတ်သော စိတ်ဓာတ်ကိုဖွံ့ဖြိုးစည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ရင်း နိုင်ငံတော်နှင့်မြန်မာ့ လူ့အဖွဲ့အစည်းကို အမြင့်ဆုံးသို့မြှင့်တင်ပေးကြပါ။ “အစ်ကို့ဆုတောင်း” အတိုင်း တိုင်းကျိုးပြည်ကျိုးကိုသယ်ပိုးနိုင်ကြပြီး အောင်မြင်သူတို့၏အထက်က မြင့်မြတ်သောခေါင်းဆောင်များအဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူစွာရပ်တည်နိုင်ကြပါစေကြောင်း ခိုင်မာစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ပညာတံခွန်စိုက်ကာ အနာဂတ်ကို အလင်းရောင်ဖြင့် တောက်ပကြပါစေ . . . ။ ။MWD

မြန်မာ့ယဉ်ကျေးမှုနှင့်    စာပေအမွေအနှစ်တွင်လူသားတံခွန်၊ လူရည်ချွန်က၊  မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်းတည့် ဟူသောဆိုရိုးစကားသည် ပညာရှိသူ၊ အရည်အချင်းရှိသူ  မျိုးဆက်သစ်တို့အတွက် မည်သည့်ပန်းတိုင်မျှမမြင့်မားလွန်းကြောင်း၊ မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားပါက    အောင်မြင်မှုသည် လက်တစ်ကမ်းတွင်သာ ရှိနေကြောင်း  ခိုင်မာစွာ သက်သေပြနေသည်။  ဤဆိုရိုးသည် ကျား/မ မရွေး လူသားတိုင်း၏ စိတ်ဓာတ်ခွန်အားအမြင့်ဆုံးသော     အောင်ပွဲကိုကိုယ်စားပြုပြီး    အနာဂတ်မျိုးဆက်သစ် လူရည်ချွန်များအတွက် အဓိကလမ်းညွှန်ချက်ဖြစ်သည်။ ဤကဲ့သို့သော  ခိုင်မာသည့်စိတ်ဓာတ် စွမ်းအားဖြင့်သာ ကျွန်ုပ်တို့၏ တိုင်းပြည်ကို တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ လူရည်ချွန်များအနေဖြင့်    အနာဂတ်နိုင်ငံတော်၏ အဖိုးတန်ဆုံးသော ရတနာများဖြစ်သည့်အလျောက် မိမိတို့၏စွမ်းဆောင်ရည်ဖြင့်   နိုင်ငံ၏အနာဂတ်ကို ပြောင်းလဲပေးနိုင်သော  အင်အားစုများဖြစ်လာစေရန် ပညာတံခွန်စိုက်ကာ  ကြယ်ကိုဆွတ်  လိုသည့်စိတ်ဓာတ်ဖြင့် ကြိုးစားရန်လိုအပ်သည်။

အောင်မြင်မှု၏လက်ရုံးရည်နှင့်နှလုံးရည်

အောင်မြင်မှုဟူသည် ကံတရားအပေါ်တွင်သာ မူတည်နေသည်မဟုတ်ဘဲ ထူးချွန်သူတစ်ဦး၏ လက်ရုံးရည်နှင့်နှလုံးရည်တို့ ပေါင်းစပ်မှုအပေါ်တွင်သာ မူတည်သည်။ ဤဆိုရိုးစကားသည် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသော လူသားတိုင်းအတွက် ပန်းတိုင်တစ်ခုကို   မည်သို့ရောက်အောင်သွားရမည်ကို အသေးစိတ် ဖော်ပြပေးထားသည်။ 

လူသားတံခွန် ဟုဆိုရာတွင်  ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူသက်သက်ကိုသာ ဆိုလိုသည်မဟုတ်ဘဲ အသိပညာ၊  အတတ်ပညာနှင့်ပြည့်စုံသော ထူးချွန်သူကို  အဓိကထားရည်ညွှန်းခြင်းဖြစ်သည်။ မိုးစွန်တမွတ် ကြယ်ကိုဆွတ်ခြင်းဆိုသည်မှာ  တစ်ဦးတစ်ယောက်၏ဘဝတွင်  မဖြစ်နိုင်ဟုထင်ရလောက်အောင် ခက်ခဲသောစိန်ခေါ်မှုများကို    ပြတ်သားသော ဇွဲ၊  လုံ့လ၊ ဝီရိယတို့ဖြင့်  ကျော်လွှားအောင်မြင်ခြင်းပင်ဖြစ်သည်။  အားမာန်နှင့်ဝီရိယတို့ပေါင်းစပ်လိုက်မှသာ  မလွတ်စတမ်း ရမြဲလမ်း ဆိုသည့် အောင်ပွဲဆီသို့ မုချမလွဲရောက်ရှိနိုင်မည်ဖြစ်သည့်အတွက်  ဤခိုင်မာသောစိတ်ဓာတ်ကို အခြေခံ၍ လူရည်ချွန်တို့သည်  မိမိတို့၏ဘဝခရီးလမ်းကို သာမန်လမ်းကြောင်းထက် ပိုမိုမြင့်မားသော  အောင်မြင်မှုလမ်းကြောင်းပေါ်သို့  တည်ဆောက်သွားကြရမည်ဖြစ်သည်။

ပန်းတိုင်ဆီသို့ ခိုင်မာသောခြေလှမ်းများ

လူရည်ချွန် ဆိုသည့် ဂုဏ်ထူးဆောင်ဘွဲ့သည် ပညာတတ်မြောက်ရုံသက်သက်ဖြင့်  မရရှိနိုင်ဘဲ တန်ဖိုးမြင့်မားသော   နိုင်ငံသားကောင်းပီသမှသာ ရရှိနိုင်သည့်ထူးချွန်ခြင်း၏     အမှတ်တံဆိပ် တစ်ခုဖြစ်သည်။  သို့သော် အောင်မြင်သူတိုင်းသည် ထူးချွန်သောလူသားဘဝသို့   အရောက်လှမ်းနိုင်ကြသည်တော့ မဟုတ်ပါ။ တန်ဖိုးရှိသော လူသားတစ်ယောက်၏  အဓိကသော့ချက်မှာ ကိုယ့်အတ္တ အကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ ပရဟိတနှင့်အများပြည်သူ၏ အကျိုးစီးပွားကိုသာ   အမြဲဦးထိပ်ထားတတ်သော စိတ်နှလုံးသားကို  ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ ဇွဲကောင်းပြီး စွမ်းဆောင်ရည်မြင့်မားသူတို့၏ ဘဝခရီးသည်  အခက်အခဲမည်မျှပင်ကြီးမားစေကာမူ     အောင်မြင်မှု၏ အထွတ်အထိပ်ဆီသို့ ရောက်ရှိနိုင်ကြောင်း သက်သေပြလျက်ရှိသည်။

မျိုးဆက်သစ်လူရည်ချွန်မောင်မယ်တို့ကို ကျွန်ုပ်တို့ ပေးအပ်လိုသောအမွေမှာအခြားမဟုတ် နိုင်ငံ့အကျိုး၊ အများအကျိုးကို  ဦးထိပ်ထားနိုင်သည့် မြင့်မြတ်သောစိတ်ဓာတ် ပင်ဖြစ်သည်။ အသက်နှင့်ရင်းပြီး  မိမိဘဝကိုရင်းနှီးကာ  တိုက်ပွဲဝင်နေရသည့်တိုင် သာသနာ့အကျိုး၊ ပြည်သူ့ကောင်းကျိုး ကိုသာ   အစဉ်အမြဲထားရှိသော စိတ်ဓာတ်သည် လူရည်ချွန်တို့၏  အသက်သွေးကြောပင်ဖြစ်သည်။ 

ဤမြင့်မြတ်သောစိတ်ထားအမွေကို  မြန်မာပြည်မြေပြင်ပေါ်တွင်  အစဉ်ထာဝရ ထွန်းတောက်နေအောင် ဆက်လက်ထိန်းသိမ်း ဖော်ဆောင်ပေးရမည်ဖြစ်သည်။

ထို့ပြင်  ခေါင်းဆောင်ကောင်းဆိုသည်မှာ  ချီးမြှင့်ထိုက်သူကိုချီးမြှင့်ရမည်၊ မြှောက်စားထိုက်သူကိုမြှောက်စားရမည်ဟူသော အစဉ်အလာကောင်းကို တန်ဖိုးထားတတ်သူများဖြစ်သည်။  ခေါင်းဆောင်လောင်းများဖြစ်ကြသည့်  မောင်တို့၊  မယ်တို့အနေဖြင့်လည်း  ဂုဏ်ပြုထိုက်သူကို  ဂုဏ်ပြုရမည် ဆိုသည့်    ဤမွန်မြတ်သောအမွေကိုဆက်ခံရင်း နောင်လာနောက်သားတို့လက်သို့  အစဉ်အဆက် လက်ဆင့်ကမ်း ပေးနိုင်ကြရမည်ဖြစ်သည်။

စိတ်ဓာတ်ခိုင်မာပြီး  အများအကျိုးကို ရှေ့တန်းတင်သည့်   ဤမဟာဗျူဟာမြောက်စိတ်ဓာတ်သည်သာ  လူငယ်တို့လက်ကိုင်ထားရမည့် အစစ်မှန်ဆုံးသော ပညာရေးအမွေဖြစ်ပါတော့သည်။

လူရည်ချွန်တို့၏ ဂန္ထဝင်လမ်းညွှန်ချက် ဆုတောင်း

၁၉၆၅ ခုနှစ်      လူရည်ချွန်တံခွန်စိုက်ဆုရှင် တင်လှိုင်(မန္တလေး)  ရေးစပ်သီကုံးခဲ့သည့် ဆုတောင်း ကဗျာသည် မြန်မာ့ပညာရေး သမိုင်းတွင် အဖိုးမဖြတ်နိုင်သော ဂန္ထဝင်မော်ကွန်းတစ်ခုပင်ဖြစ်သည်။ထိုခေတ်က  လူရည်ချွန်ဖြစ်ခဲ့သူ တင်လှိုင်(မန္တလေး)(စာရေးဆရာလယ်တွင်းသား စောချစ်)၏ နှလုံးသားထဲမှပေါက်ဖွားလာသော ဤကဗျာသည် လူရည်ချွန်များအတွက်  ပညာအရည်အသွေးထက် ပိုမိုမြင့်မြတ်သည့် မျိုးချစ်စိတ်ဓာတ်ကို အမြစ်တွယ်စေခဲ့သည်။ ဤကဗျာသည် လူရည်ချွန်များ၏ ဘဝ လမ်းကြောင်းအတွက်သာမက တိုင်းပြည်၏အနာဂတ်အတွက်ပါ အရေးအကြီးဆုံးသော လမ်းညွှန်မှတ်တိုင်တစ်ခုဖြစ်သည်။

ကဗျာဆရာတင်လှိုင်(မန္တလေး)သည် ၎င်း၏ကဗျာထဲတွင်  ပညာတတ်မြောက်ခြင်း၏  အနှစ်သာရမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ  တိုင်းပြည်အတွက်ဖြစ်ကြောင်း အလွန်လှပသော စကားလုံးများဖြင့် ဆုမွန်ကောင်းတောင်းပေးထားသည် -

            “ပညာတံခွန်၊ လူရည်ချွန်၍

            မွန်သည့်သူများ ဖြစ်ပါစေ။

            တိုင်းကျိုးပြည်ကျိုး၊ သယ်ကာပိုးသည့်

            မျိုးချစ်သူများ ဖြစ်ပါစေ။

ဤကဗျာ၏   နက်ရှိုင်းသောအဓိပ္ပာယ်မှာ ပညာတံခွန် စိုက်ထူနိုင်သော လူရည်ချွန်တစ်ဦးသည် ပညာတတ်မြောက်ခြင်းကိုသာမက     စိတ်ဓာတ်မြင့်မြတ်သူ(မွန်သည့်သူ)   ဖြစ်ရန်လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပညာသည် နိုင်ငံ၏အားကိုးရာဖြစ်ရန်အတွက် တိုင်းကျိုးပြည်ကျိုးကို သယ်ပိုးနိုင်သောမျိုးချစ်စိတ်ဓာတ်နှင့် ခွဲခြား၍မရပါ။  ကဗျာဆရာ၏ ဆုတောင်းသည် ရိုးရှင်းသော်လည်း အလွန်ပင်ခွန်အားကြီးမားလှသည်။ သူ၏ဆုတောင်းသည် လူရည်ချွန်တိုင်းအား  မိမိတို့၏အသိပညာကို  နိုင်ငံတော်၏အကျိုးစီးပွားအတွက် အသုံးချရန် တိုက်တွန်းနေခြင်းပင်ဖြစ်သည်။

ကဗျာ၏နိဂုံးတွင်လည်း        ကဗျာဆရာ တစ်ယောက်၏  မေတ္တာအပြည့်ဖြင့် ဤသို့ဆုမွန်တောင်းပေးထားပါသည် -

            “အစ်ကို့ဆုတောင်း၊ ဆုအပေါင်းကို 

            ကောင်းစွာ ပိုင်ဆိုင်ကြစေသတည်း။ 

            အစ်ကို့ဆုတောင်း၊ ဆုအပေါင်းသည် 

            ကောင်းသည်ချည်းသာ ဖြစ်စေသတည်း။

ဤကဗျာသည်  ကောင်းသည်ချည်းသာ ဖြစ်စေသတည်း ဟုအဆုံးသတ်ထားသည့်အတိုင်း လူရည်ချွန်တို့၏ဘဝတွင် ကောင်းသောစိတ်၊ ကောင်းသောကြိုးစားမှုနှင့် ကောင်းသောရလဒ်များသာ  အစဉ်အမြဲဖြစ်ပေါ်နေစေရန် အစ်ကိုတစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဆုမွန်တောင်းပေးထားခြင်းဖြစ်သည်။ ဤကဗျာသည် လူရည်ချွန်တို့၏နှလုံးသားတွင်     သစ္စာတရား၊ မျိုးချစ်စိတ်နှင့် ပညာတန်ဖိုးကို တစ်ပြိုင်နက်တည်း ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည့်အတွက် ယနေ့တိုင်အသက်ဝင်လှပနေဆဲဖြစ်ပြီး    လူရည်ချွန်တစ်ဦး၏ စစ်မှန်သောရည်မှန်းချက်ကို ဖော်ညွှန်းသည့် ဂန္ထဝင်မော်ကွန်းတစ်ခုအဖြစ် ထာဝရတည်တံ့နေပေလိမ့်မည်။

မျှော်လင့်ချက်ပန်းခင်းမှ မေတ္တာအလင်းတန်းများ

ကဗျာဆရာတင်လှိုင်(မန္တလေး)၏  အစ်ကို့ဆုတောင်း သည်  လူငယ်တို့၏ နှလုံးသားဆီသို့   မေတ္တာတရားနှင့် ခွန်အားတို့ကို  ပေါင်းစပ်ပေးပို့လိုက်သည့် မရိုးနိုင်သော တေးသွားတစ်ခုပင်ဖြစ်သည်။ မိဘရင်ခွင်သို့ပြန်လည် ခိုလှုံခွင့်ရမည့်  စိတ်လှုပ်ရှားဖွယ်အချိန်တွင် အစ်ကိုကြီးတစ်ယောက်၏ နွေးထွေးသောအမှာစကား၊  မေတ္တာပါသော ဆုမွန်ကောင်းများသည် လူရည်ချွန်တို့အတွက် ဘဝ၏အခက်ခဲဆုံး အချိန်များတွင်ပင်  အားမာန်သစ်များတိုးပွားစေသည်။  ဤဆုတောင်းသည် ဂန္ထဝင်လူရည်ချွန်တို့၏အစဉ်အလာ အမွေအနှစ်အဖြစ် ခေတ်အဆက်ဆက် အသက်ဝင်နေဆဲဖြစ်သည်။  ကဗျာဆရာ၏ အလွမ်းနှင့်မေတ္တာတို့ပေါင်းစပ်ထားသောစာသားများမှာ အလွန်ပင်နက်ရှိုင်းလှသည် -

            “ငါ၏ညီမ၊ ရှုမဝနှင့်

            ငါ၏ညီငယ်၊ ချစ်စဖွယ်တို့

            စခန်းမှခွာ၊ မွေးရပ်ရွာသို့

            ပြန်ရာလမ်း၌၊ အေးချမ်းသာယာကြပါစေ။

            မိဘရင်ခွင်၊ ခိုလှုံဝင်၍

            ရေစင်ကြာနှယ် လန်းပါစေ။

ဤကဗျာအပိုဒ်တွင် ရေစင်ကြာနှယ် လန်းပါစေ ဟူသည့်  တင်စားချက်မှာ  လူရည်ချွန်တို့၏စိတ်ဓာတ်သည်  ရေစင်ပေါ်မှကြာဖူးပွင့်ကဲ့သို့  အမြဲသန့်စင်ပြီး  အသိပညာ၏ရနံ့ဖြင့် လန်းဆန်းနေစေရန် တိုက်တွန်းခြင်းဖြစ်သည်။ ပညာရည်ချွန်မြောက်ခြင်းသည် အသွင်အပြင်အားဖြင့် ထူးချွန်ရုံသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ရေစင်ကြာပန်းကဲ့သို့  အညစ်အကြေးကင်းစင်ပြီး   တောက်ပနေရမည်ဟူသောအဓိပ္ပာယ်ကို သက်ရောက်နေသည်။

အစ်ကိုကြီးတစ်ယောက်၏ ဤဆုတောင်းသည် လူငယ်တို့အား တိုင်းပြည်၏ဝန်ကိုထမ်းနိုင်သူ၊ မျိုးချစ်စိတ်ရှိသူများဖြစ်လာစေရန် လမ်းပြပေးလိုက်ခြင်းပင်ဖြစ်သည်။

ဤကဗျာသည် လူငယ်တို့၏ရင်ထဲတွင်  မေတ္တာနှင့်တာဝန်သိစိတ်ကို  တစ်ပြိုင်နက်တည်း ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။  အစ်ကို့ဆုတောင်းသည် လူရည်ချွန်တို့၏ ဘဝခရီးအတွက် လမ်းပြမြေပုံသာမက အခက်အခဲများကြားတွင် အေးချမ်းသာယာမှုနှင့်မျှော်လင့်ချက်ကို ပေးစွမ်းနိုင်သော စွမ်းအားရှင်တစ်ဦးကဲ့သို့ဖြစ်သည်။   

ဤဂန္ထဝင်ဆုတောင်းစကားများသည် လူရည်ချွန်တိုင်း၏ ဘဝလမ်းကြောင်းတွင် မီးရှူးတန်ဆောင်သဖွယ်   ထွန်းတောက်နေမည်မှာအမှန်ပင်ဖြစ်သည်။

အနာဂတ်၏မြင့်မြတ်သောလူရည်ချွန်များသို့ ပန်ကြားချက်

      ဇွဲ၊  လုံ့လ၊ ဝီရိယတို့သည်  အောင်မြင်ခြင်း၏ မဏ္ဍိုင်ဖြစ်သော်လည်း  လူရည်ချွန်  ဟူသော ဂုဏ်ပုဒ်သည်  ထိုအောင်မြင်မှုတို့၏ အထက်တွင်တည်ရှိနေသည့် ထူးချွန်သော လူသားဘဝ ကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။  အောင်မြင်သူတိုင်း တန်ဖိုးရှိသူများ  မဖြစ်နိုင်သော်လည်း    တန်ဖိုးရှိ သူတို့ကား    ကိုယ်ကျိုးထက်  အများအကျိုးကို အမြဲနှလုံးသွင်းကာ  ရှေ့တန်းတင် ဆောင်ရွက်တတ်ကြသည်။ ဤမွန်မြတ်သောစိတ်ဓာတ်သည် ခေတ်ကာလတစ်ခုတွင်  ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ လူရည်ချွန်တို့၏ သမိုင်းကြောင်းတစ်လျှောက် စတင်ပေါက်ဖွားကာ ခေတ်အဆက်ဆက်  လက်ဆင့်ကမ်း ကျင့်သုံးလာခဲ့သည့်  အမွေအနှစ်ကောင်းတစ်ခုဖြစ်သည်။

အနာဂတ်လူရည်ချွန်မောင်မယ်တို့ခင်ဗျား... 

သင်တို့သည်   နိုင်ငံတော်၏   အဖိုးတန်ဆုံးသော ရတနာများဖြစ်ကြပြီး  သင်တို့၏စွမ်းဆောင်ရည်များသည်  မြန်မာနိုင်ငံ၏အနာဂတ်ကို ပြောင်းလဲပေးနိုင်မည့် အင်အားကြီးမားသော အရင်းအမြစ်များ ဖြစ်သည်။  ထို့ကြောင့်  မိမိကိုယ်ကို အနာဂတ်၏ ခေါင်းဆောင်လောင်းများဟု   ခံယူကာ ပညာကို အစဉ်မပြတ်လေ့လာလိုက်စားရင်း လူရည်ချွန်၊ လူရည်မွန် ဘဝကိုအစဉ်ထိန်းသိမ်းကြပါ။ လူရည်ချွန်၊ လူရည်မွန် ဘဝကိုတည်ဆောက်ကြပါ။ 

အမိနိုင်ငံတော်၏      အနာဂတ်ကံကြမ္မာသည်သင်တို့၏ စိတ်ဓာတ်မည်မျှကြွယ်ဝပြီး ထိုစိတ်ဓာတ်ကို မည်မျှလက်တွေ့ အကောင်အထည်ဖော်နိုင်သလဲ ဆိုသည့်အချက်အပေါ်တွင် မူတည်နေသည်။ ပညာတံခွန်စိုက်ကာ မိုးစွန်တမွတ် ကြယ်ကိုဆွတ် လိုသည့် ဇွဲ၊ လုံ့လနှင့်အတူ တိုင်းပြည်ကို တည်ဆောက်ကြပါ။ 

မိမိတို့၏အိပ်မက်များကို  အကောင်အထည်ဖော်ကြပါ။ထို့ထက်ပို၍ သင်တို့သည်  မြန်မာ့မြေကိုအခြေပြုလျက်  ကမ္ဘာကိုယှဉ်နိုင်သော  ကမ္ဘာ့နိုင်ငံသား (Global Citizens)”များဖြစ်လာကြရန် ကျွန်ုပ်တို့အထူးမျှော်လင့်ပါသည်။ ဤမွန်မြတ်သော စိတ်ဓာတ်ကိုဖွံ့ဖြိုးစည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ရင်း  နိုင်ငံတော်နှင့်မြန်မာ့ လူ့အဖွဲ့အစည်းကို အမြင့်ဆုံးသို့

မြှင့်တင်ပေးကြပါ။ အစ်ကို့ဆုတောင်း အတိုင်း တိုင်းကျိုးပြည်ကျိုးကိုသယ်ပိုးနိုင်ကြပြီး အောင်မြင်သူတို့၏အထက်က မြင့်မြတ်သောခေါင်းဆောင်များအဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူစွာရပ်တည်နိုင်ကြပါစေကြောင်း  ခိုင်မာစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။      

ပညာတံခွန်စိုက်ကာ အနာဂတ်ကို အလင်းရောင်ဖြင့် တောက်ပကြပါစေ . . . ။      ။

MWD

ဆရာဇော်(ပညာရေး)

နိုင်ငံတော်သစ်၏ ဗလငါးတန်ပြည့်ဝ လူရည်ချွန်များ
-
လူငယ်ဆိုသည်မှာ မိမိတို့နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် အဖိုးတန်ဆုံးသော လူ့စွမ်းအားအရင်း အမြစ်များဖြစ်ကြပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် လူငယ်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် “ဗလငါးတန်”နှင့် ပြည့်စုံသော လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို အထူးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ “လူရည်ချွန်စီမံကိန်း”သည် သမိုင်းအစဉ်အလာကြီးမားသော အစီအစဉ်တစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိပါသည်။လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ် တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ (၂၅)ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိ နှစ်စဉ် မပျက် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်မှစတင်ကာ ယာယီရပ်နားထားခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန် လူငယ်”စီမံကိန်းအမည်ဖြင့် ပြန်လည် စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ “လူရည်ချွန်” ဟူသောအမည်နာမဖြင့်ပင် ပြန်လည် ပြင်ဆင်အကောင်အထည်ဖော်ခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စ၍ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ခေတ္တရပ်နား ခဲ့ရပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်စွာ ပြန်လည်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန် လူရည်ချွန်မောင်မယ်များကို အခြေခံပညာကဏ္ဍသာမက အဆင့်မြင့် ပညာကဏ္ဍ ဘာသာရပ်အထူးပြု အသီးသီးမှ ရွေးချယ်ဆောင်ရွက်ခဲ့ပါသည်။ ရွေးချယ် ခံရသော လူရည်ချွန်စာရင်းများကို အတည်ပြုထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင် ကြီး၏ သက်ရောက်မှု ကြီးမားခဲ့သဖြင့် လူရည်ချွန်များအတွက် စခန်းဖွင့်လှစ် ကျင်းပဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ ယခုပညာသင်နှစ် ၂၀၂၅-၂၀၂၆ ၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍတို့မှ ထူးချွန်လူရည်ချွန်မောင်မယ်များဖြင့် အစိုးရသစ်ကို မင်္ဂလာရှိစွာ ကြိုဆိုဂုဏ်ပြုကျင်းပသည့်ပမာ တိုက်ဆိုင်နေပါသည်။လူရည်ချွန်ဖြစ်လာရန် စနစ်တကျပြုစု ပျိုးထောင်ခြင်းမှသည် ထူးချွန်မှုဆီသို့လူငယ်မောင်မယ်တို့သည် ပွင့်ဦးစပန်းလေးများနှင့် အလားသဏ္ဌာန်တူကြပါသည်။ ပန်းလေးတစ်ပွင့် ငွားငွားစွင့်စွင့် ပွင့်ဖူးလာစေရန်ကောင်းမွန်သော မြေ၊ သန့်ရှင်းသောလေ၊ အေးချမ်းသော ရေနှင့် နေရောင်ခြည်တို့ အချိုးကျပေါင်းစပ် ရန်လိုအပ်သကဲ့သို့ အနာဂတ်အတွက် အားထားရသည့် လူရည်ချွန်များထွက်ပေါ် လာရန်မှာလည်း ဥယျာဉ်မှူးနှင့်တူသော မိဘ၊ ဆရာတို့၏ စနစ်တကျ သင်ကြားပြသမှုနှင့် နိုင်ငံတော်၏ မြေတောင် မြှောက်ပေးမှုတို့အပေါ် များစွာမူတည်နေပါသည်။လူရည်ချွန်တစ်ဦး ဖြစ်လာရေးမှာ “အခုရေတွင်းတူး၊ အခုရေကြည်သောက်” သကဲ့သို့ ယနေ့ကြိုးစား၍ ယနေ့ချက်ချင်းရရှိလာနိုင်သည့် ကံထူးမှုမျိုးမဟုတ်ဘဲ ငယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးခြင်း၏ အကျိုးကျေးဇူး ရလဒ်ပင်ဖြစ်ပါသည်။ လူရည်ချွန်ဟူသည် စာတော်ရုံမျှဖြင့် မလုံလောက်ဘဲ ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ နှင့် ဘောဂဗလတည်းဟူသော ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်လှပါသည်။အဆင့်ဆင့်သော စိစစ်ရွေးချယ်မှုနှင့်စံနှုန်းများ လူရည်ချွန်တစ်ဦးအဖြစ် ရွေးချယ်ခံရရန် ကျောင်းအဆင့်တွင် အတန်းအလိုက် အမြင့်ဆုံးရမှတ်များ ရရှိထားရမည့်အပြင် အဆင့်ဆင့်​သော စစ်ဆေးမှုများကို ကျော်ဖြတ်ကြရပါသည်။ လူရည်ချွန်စီမံကိန်းတွင် ပါဝင်ယှဉ်ပြိုင်မည့် လူငယ်မောင်မယ်များအား စိစစ်ရွေးချယ်ရာတွင် ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုတို့အား အဓိကထား၍ ဘက်စုံရှုထောင့်မှ အကဲဖြတ်စစ်ဆေးလေ့ရှိပါသည်။ ဤရွေးချယ်မှုလုပ်ငန်းစဉ်သည် လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံ၍ စနစ်တကျ ပြုလုပ်ခြင်းဖြစ်ပြီး အောက်ပါအဓိကကဏ္ဍများဖြင့် ဖွဲ့စည်းထားပါသည်-ပထမဦးစွာ ရေးဖြေစစ်ဆေးမှုကဏ္ဍတွင် ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတ များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဗဟုသုတတို့အား ဖြေဆိုကြရပါသည်။ ဤစစ်ဆေးမှုသည် ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာနားလည်မှုနှင့် စာပေကျွမ်းကျင်မှုကို အကဲဖြတ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဉာဏစွမ်းအားကို သိရှိနိုင်ရန် ရည်ရွယ်ပါသည်။ဒုတိယအချက်အနေဖြင့် လူတွေ့စစ်ဆေးခြင်းကဏ္ဍတွင် ဘဝတွက်တာကျွမ်းကျင်စရာများ၊ စာရိတ္တကောင်းမွန်မှု၊ ပြည်သူ့နီတိနှင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအပေါ် ကျောင်းသားများ၏ သဘောထားနှင့် အသိအမြင်များကို အကဲဖြတ်မေးမြန်းလေ့ရှိပါသည်။ ဤကဏ္ဍသည် လူငယ်တို့၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကို လေ့လာနိုင်ရန် အဓိကရည်ရွယ်ပါသည်။တတိယအချက်မှာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းဖြစ်ပါသည်။ အပြေး၊ အလျားခုန်၊ အိပ်ထမတင်၊ ဒိုက်ထိုးနှင့် ခါးရှေ့ကုန်းထိခြင်းစသည့် ကိုယ်လက်လှုပ်ရှားမှုများကို လက်တွေ့စစ်ဆေးခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု နှင့် တက်ကြွဖျတ်လတ်မှုကို တိုင်းတာပါသည်။လူမှုရေးဆောင်ရွက်မှုတွင် ပါဝင်ခဲ့ခြင်းကိုလည်း အကဲဖြတ်ရာ၌ အရေးပါ သောအချက်အဖြစ် သတ်မှတ်ပါသည်။ လူမှုဝန်ထမ်းလုပ်ငန်းများ၊ ပရဟိတ လုပ်အားပေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများသည် လူငယ်တို့၏ ပရဟိတစိတ်ဓာတ်နှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် “မိတ္တဗလ”ကို ထင်ဟပ်စေပါ သည်။ ဤကဲ့သို့ ဘက်စုံစိစစ်ရွေးချယ်မှုများသည် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ထမ်းဆောင်နိုင်မည့် လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံ အုတ်မြစ်များပင်ဖြစ်ပါသည်။ဤကဲ့သို့ ကျောင်းအဆင့်၊ မြို့နယ်အဆင့်မှသည် ခရိုင်အဆင့်အထိ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်စာရိတ္တပိုင်းဆိုင်ရာများကို စနစ်တကျ စိစစ်ရွေးချယ်ခံရခြင်းဖြစ်သဖြင့် လူရည်ချွန်မောင်မယ်များသည် မိမိတို့ကိုယ်တိုင် ထိုက်ထိုက်တန်တန် ဂုဏ်ယူထိုက်သည့်အပြင် အခြားလူငယ်များအတွက်လည်း အားကျအတု ယူဖွယ်စံပြပုဂ္ဂိုလ်များပင် ဖြစ်ပါသည်။လူရည်ချွန်စခန်း အတွေ့အကြုံသစ် များမှတစ်ဆင့် နိုင်ငံ့သားကောင်းများ ပျိုးထောင်ခြင်းလူရည်ချွန်စီမံကိန်း၏ ထူးခြားချက်မှာ စာတွေ့ပညာရပ်များသာမက လေ့လာ ရေးခရီးစဉ်များမှတစ်ဆင့်ရရှိလာမည့် လက်တွေ့ဘဝ အတွေ့အကြုံများပင် ဖြစ်ပါသည်။ ဤစခန်းများသည် လူငယ်များအတွက် အပန်းဖြေခြင်းသက်သက်မျှသာ မဟုတ်ဘဲ ဗဟုသုတအဖြာဖြာကိုရှာဖွေနိုင်သည့် တက္ကသိုလ်ကြီးတစ်ခု သဖွယ်ဖြစ်ပေသည်။ နေပြည်တော်ကို စုပေါင်းစခန်းအဖြစ် သတ်မှတ်ထားပြီး နယ်စခန်းများအဖြစ် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့်ချောင်းသာ လူရည်ချွန် စခန်းတို့တွင် အဆင့်ဆင့်လေ့လာရေးခရီးများ သွားရောက်ကြမည်ဖြစ်ပါသည်။စခန်းအတွေ့အကြုံများနှင့်အလေ့အကျင့်ကောင်းများလူရည်ချွန် စခန်းများသည် ပြည်ထောင်စုတိုင်းရင်းသား ကျောင်းသား ကျောင်းသူများအချင်းချင်းဆုံဆည်းရာနေရာဖြစ်ပြီး ညီအစ်ကိုမောင်နှမရင်းများ သဖွယ် ချစ်ကြည်ရင်းနှီးမှု တည်ဆောက် နိုင်သည့် အခွင့်အလမ်းကောင်းများဖြစ်ပါသည်။ ဤနေရာတွင်ရရှိလာမည့် အလေ့အကျင့်ကောင်းများမှာ-အသင်းအဖွဲ့စိတ်ဓာတ်(Team Spirit)- မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများနှင့်စုပေါင်း၍ အသင်းအဖွဲ့လိုက် လှုပ်ရှားခြင်းတို့ကြောင့် လူမှုရေး စွမ်းရည်များ တိုးတက်လာပါသည်။ဒေသန္တရဗဟုသုတ-ရောက်ရှိရာဒေသ၏ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းဝင်နယ်မြေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို လေ့လာခြင်းဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးမှုအခြေအနေကို သိရှိနားလည်လာစေပါသည်။စွမ်းရည်မြှင့်တင်ခြင်း - နိုင်ငံတော်သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု အခြေအနေများ၊ တက္ကသိုလ်ဘာသာရပ် မိတ်ဆက်ဟောပြောပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ခြင်းဖြင့် ခေါင်းဆောင်မှု အရည်အချင်းများ ပေါ်ထွက်လာပါသည်။အနာဂတ်၏ အရင်းအမြစ်များ၁၉၆၄-၈၈ ခုနှစ်ပထမစီမံကိန်း ကာလမှသည် ၂၀၁၃ ခုနှစ် နောက်ပိုင်း ဒုတိယစီမံကိန်းကာလအထိ လူရည်ချွန်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ယခင်လူရည်ချွန်များသည် ဝန်ကြီးဌာန အသီးသီးတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပါမောက္ခများနှင့် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်သူများအဖြစ် ပါဝင်လျက်ရှိကြသည်။ အထူးသဖြင့် ညွှန်ကြားရေးမှူး/ပါမောက္ခအဆင့်နှင့် အထက်တာဝန်ထမ်းဆောင်သူ ၂၆၁ ဦး ထက်မနည်း ပေါ်ထွန်းခဲ့ခြင်းသည် ဤစီမံကိန်း၏ အောင်မြင်မှုကို သက်သေ ပြနေပါသည်။မျက်မှောက်ခေတ်တွင် နိုင်ငံတော်က အခြေခံပညာမှစ၍ အခမဲ့ပညာသင်ကြားရေးကို ကျင့်သုံးနေသဖြင့် ထူးချွန်လိုစိတ် ရှိသူတိုင်းပညာရပ်များကို လွယ်ကူစွာ ရယူနိုင်ပြီဖြစ်ပါသည်။ အခြေခံပညာရေး တွင် KG မှ Grade(9)အထိ မဖြစ်မနေ သင်ယူပြီးမြောက်စေရေး(KG+9) မူဝါဒ သည် မြန်မာနိုင်ငံသားတိုင်းအတွက် အနည်းဆုံးလိုအပ်သည့် စဉ်းစားတွေးခေါ် နိုင်စွမ်းနှင့်စည်းကမ်းရှိမှုကို အာမခံပေး မည့် အုတ်မြစ်ခိုင်မာရေးကို ဦးစားပေး ထားသည်။ လူရည်ချွန်ဟောင်းများ၏ တာဝန်ကို လူရည်ချွန်သစ်များက ဆက်လက်ထမ်းဆောင်ကာ နိုင်ငံတော်၏ အနာဂတ်အတွက် ဗလငါးတန်နှင့် ပြည့်စုံစွာဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုး ကို ပံ့ပိုးဆောင်ရွက်ကြရန်မှာ ဤစီမံကိန်း၏ အဓိကမျှော်မှန်းချက်ပင်ဖြစ်ပါသည်။လူရည်ချွန်စိတ်ဓာတ်နှင့် စံပြနိုင်ငံသား (စာသင်ခန်းမှသည် လူမှုဝန်းကျင်ဆီသို့)ကျွန်ုပ်တို့ငယ်စဉ် မူလတန်းကျောင်းသားဘဝ မြန်မာဖတ်စာအုပ်မှ “လူရည်ချွန်” ကဗျာငယ်နှင့် လူမွန်လူချွန်မောင်လေး၏ ပုံရိပ်သည်ကျွန်ုပ်တို့အား ရိုးရှင်းသော်လည်း နက်နဲသော အမှန် တရားတစ်ခုကို လမ်းညွှန်ပြသလျက်ရှိပါသည်။ စာသင်ခန်းဆိုသည့် စင်မြင့်ထက် တွင် ပညာဗဟုသုတများ ဆည်းပူးနေရရုံမျှဖြင့် စစ်မှန်သော “လူချွန်လူမွန်”တစ်ဦး ဖြစ်လာရန် မလုံလောက်ဘဲ၊ ထိုပုံရိပ်လေးတွင် တွေ့မြင်ရသည့် လူမွန်လူချွန် မောင်လေးကဲ့သို့ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”သုံးရပ်စလုံးကို ဟန်ချက်ညီအောင် ပျိုးထောင်ရန်လိုအပ်ကြောင်း ကျွန်ုပ်တို့အား သတိပေးလျက်ရှိပါသည်။စစ်မှန်သော လူရည်ချွန်တို့၏အရည်အသွေးများမြန်မာဖတ်စာပါ သရုပ်ဖော်ပုံရိပ် လေးနှင့် “လူရည်ချွန်”ကဗျာငယ်ကညွှန်ပြသည့် စံပြနိုင်ငံသားတစ်ဦး၏ အခြေခံအရည်အချင်းများကို ဖော်ညွှန်းလျက်ရှိပါသည် -ရိုးသားခြင်းနှင့် ပညာထူးချွန်ခြင်း- ကဗျာက “ရိုးသား၍ ပညာထူးချွန်သူ”ဟု ဆိုသကဲ့သို့၊ ဤလူမွန်လူချွန်မောင်လေး သည် ရိုးသားဖြောင့်မတ်သော စိတ်ဓာတ် ဖြင့် ပညာရပ်များကို အပတ်တကုတ် ဆည်းပူးနေသူတစ်ဦးကို ကိုယ်စားပြုပါသည်။ ၎င်း၏ အဝတ်အစားနှင့် ဦးထုပ် သည် ၎င်း၏ တာဝန်ကျေပွန်မှုကို ဖော်ပြ နေသကဲ့သို့၊ “စိတ်လှုပ်ရှားမှု” (Emotional Engagement)ပါဝင်သော သင်ကြားမှု အနုပညာဖြင့် မိမိကိုယ်ကို ပုံဖော်နေသူလည်း ဖြစ်ပါသည်။အကျင့်ကောင်းမွန်ခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်း-ကဗျာတွင် “အကျင့်ကောင်းမွန်သူ၊ အများအကျိုးငှာကိုယ်ကျိုးစွန့်သူ” ဟု ဆိုသည့်အတိုင်း ဤလူမွန်လူချွန် မောင်လေးသည် တစ်ပါးသူ၏ လက်ကိုတန်ဖိုးထား ဆုပ်ကိုင်လာခြင်းနှင့် ပဋိပက္ခများကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းတို့ ဖြစ်ပေါ်လာစေရန် လက်တွေ့ပြသနေသူ ဖြစ်ပါသည်။ ၎င်း၏ လူရည်ချွန်အဆောင်ယောင် အထိမ်းအမှတ်လည်စည်းသည် ၎င်း၏ချိုသာယဉ်ကျေးပညာဉာဏ် ထူးချွန်သည့်ပြယုဂ်ပင်။ ညီငယ်ညီမငယ်များအတွက် အတုယူအားကျဖွယ် လူရည်ချွန် လူငယ်အဖြစ် ဝင့်ထည်လှပါသည်။တာဝန်ကျေပွန်ခြင်းနှင့် ချီးကျူးထိုက်ခြင်း-ကဗျာက “တာဝန်ကျေပွန်သူ၊ ထိုသူတို့ကို ချီးမွမ်းရမည်”ဟု ဆိုသကဲ့သို့ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်လေးစားမှုကို အခြေခံသည့် ငြိမ်းချမ်းသော လူမှုဆက်ဆံရေးကို တည်ဆောက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤလူမွန်လူချွန် မောင်လေးကဲ့သို့ ရိုးသား၍ ပညာထူးချွန်ပြီး တာဝန်ကျေပွန်သော လူငယ်မောင်မယ်များကို ကျွန်ုပ်တို့က ချီးကျူးဂုဏ်ပြုကြရပါမည်။ အားလုံး အတွက် အကျိုးရှိစေမည့်ရလဒ်ကို ဦးတည်ရှာဖွေတတ်သော စိတ်ဓာတ်သည် စာသင်ခန်းအတွင်းရှိ “အများအကျိုးငှာ ကိုယ်ကျိုးစွန့်သူ” ဟူသော အလေ့အထမှ စတင်ပါသည်။ မြန်မာဖတ်စာပါ ဤပုံရိပ်လေးသည် ကျွန်ုပ်တို့အား မိမိ၏ ကိုယ်ပိုင်အသိဉာဏ်၊ ကိုယ်ပိုင်ကျွမ်းကျင်မှုများ ဖြင့် ကမ္ဘာကို အကျိုးပြုနိုင်သော Glocal Citizens များဖြစ်လာစေရန် လမ်းပြပေးလျက်ရှိပါသည်။ ထို့ကြောင့် ဤကင်းထောက် မောင်လေးကဲ့သို့ ရိုးသား၍ ပညာထူးချွန်ပြီး တာဝန်ကျေပွန်သော လူငယ်မောင်မယ်များကို ကျွန်ုပ်တို့က ချီးကျူးဂုဏ်ပြုကြရပါမည်။ ဤကဲ့သို့ သော အပြုသဘောဆောင်သည့် သင်ကြားမှုပတ်ဝန်းကျင်မှတစ်ဆင့် တည်ဆောက်ယူသည့် နားလည်မှုနှင့် လေးစားမှုများသည် နိုင်ငံတော်အတွက် အေးချမ်းသာယာသော လူမှုဝန်းကျင်သစ်ဆီသို့ လျှောက်လှမ်းရာတွင် အခိုင်မာဆုံးသော အုတ်မြစ်များ ဖြစ်လာမည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။ထာဝရလူရည်ချွန်တို့၏ နိုင်ငံ့တာဝန်နှင့် အနာဂတ်မျှော်လင့်ချက်ယနေ့ခေတ် စနစ်သစ်ပညာရေးတွင် အဆင့်ဆင့်စိစစ်ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များသည် ပညာရေးထူးချွန်မှုသာမက ကိုယ်ရည်ကိုယ်သွေး မြင့်မားသည့် ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွက်လာကြမည်ဖြစ်ပါသည်။ “လူရည်ချွန် တစ်ခါဖြစ်လျှင် ဘဝတစ်လျှောက်လုံး လူရည်ချွန်ပင်” ဟူသော ဆုံးမစကားနှင့်အညီ ယနေ့လူရည်ချွန် မောင်မယ်များသည် စာသင်ခန်းအတွင်းမှ အောင်မြင်မှုတစ်ခုတည်းကိုသာ ပိုင်ဆိုင်သူများမဟုတ်ဘဲ နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ပေးမည့် “ထာဝရ လူမွန်လူချွန် များ”ဖြစ်လာကြပါလိမ့်မည်။ မိမိတို့၏ အတတ်ပညာများဖြင့် နိုင်ငံတော်အား အလုပ်အကျွေးပြုကြမည့် သားကောင်း သမီးကောင်းများအဖြစ် တာဝန်သိစိတ် ဖြင့် ရှေ့ဆက်ကြမည့် အနာဂတ်၏ ဗိသုကာများပင် ဖြစ်ပါတော့သည်။ခရီးစဉ်တစ်လျှောက် ရရှိခဲ့သော ချစ်ခင် ရင်းနှီးမှုများ၊ အပြန်အလှန် အားပေးကူညီ မှုများနှင့် မမေ့နိုင်စရာ အမှတ်တရများ သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ပိုမိုရွက်လွှင့်စေပြီး နိုင်ငံနှင့် တိုင်းရင်းသား လူမျိုးအားလုံး၏ အကျိုးစီးပွားကို မြှင့်တင်ပေးကြမည့် ခေါင်းဆောင်ကောင်းများအဖြစ်သို့ အသွင်ပြောင်းလဲပေးသွား မည်မှာအသေအချာပင် ဖြစ်ပါသည်။နိုင်ငံတော်အနေဖြင့် ဤလူငယ်များကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းထားပြီး ပညာရေးသည်သာလျှင် အခြေခံကျသောအဓိကသော့ချက်ဖြစ်ကြောင်း ခိုင်မာစွာယုံကြည်ထားပါသည်။ သို့ဖြစ်ပါ၍ လူငယ်မောင်မယ်တို့အနေဖြင့် ကျောင်းကောင်စီကတိကဝတ်ဖြစ်သော-“မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်”ဟူသည့် စိတ်ဓာတ်ဖြင့် မိမိကိုယ်တိုင် သာမကမိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက်ပါအကျိုးရှိသည့် စံပြလူငယ်များဖြစ်လာစေရန် အစဉ်တစိုက် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်ပါသည်။ယနေ့ လူရည်ချွန်များသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာသာမက စာရိတ္တကောင်းမွန်ပြီး ရိုးသားတက်ကြွဖျတ်လတ်သည့် နိုင်ငံ့သားကောင်းများအဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံတော်၏ အဓိကစွမ်းအားစုဖြစ်သော လူငယ်တို့၏ ပခုံးပြောင်းတာဝန်ယူမှုမှာ အရေးကြီးဆုံးသော အလှည့်အပြောင်းပင် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ နိုင်ငံတော်အကျိုးပြု လုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပံ့ပိုးကူညီကြမည့် ဤလူရည်ချွန် မောင်မယ်များအားလုံး၊ မိမိတို့ရရှိထားသော အသိပညာ၊ အတတ် ပညာများကို မေ့ပျောက်မပစ်ဘဲ ဦးနှောက် ထဲတွင်စွဲစွဲမြဲမြဲ မှတ်သားထားရင်း ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ပေးနိုင် ကြပါစေကြောင်းနှင့် နိုင်ငံ့သားကောင်းမှသည် ကမ္ဘာ့သားကောင်းများအဖြစ်သို့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း လေးနက်သောယုံကြည်ချက်၊ ခိုင်မာသော ကတိကဝတ်များနှင့်အတူ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။moi

လူငယ်ဆိုသည်မှာ မိမိတို့နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် အဖိုးတန်ဆုံးသော လူ့စွမ်းအားအရင်း အမြစ်များဖြစ်ကြပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် လူငယ်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် “ဗလငါးတန်”နှင့် ပြည့်စုံသော လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်ကဏ္ဍကို အထူးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ “လူရည်ချွန်စီမံကိန်း”သည် သမိုင်းအစဉ်အလာကြီးမားသော အစီအစဉ်တစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိပါသည်။

လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ် တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ (၂၅)ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိ နှစ်စဉ် မပျက် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်မှစတင်ကာ ယာယီရပ်နားထားခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန် လူငယ်”စီမံကိန်းအမည်ဖြင့် ပြန်လည် စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ “လူရည်ချွန်” ဟူသောအမည်နာမဖြင့်ပင် ပြန်လည် ပြင်ဆင်အကောင်အထည်ဖော်ခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စ၍ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ခေတ္တရပ်နား ခဲ့ရပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်စွာ ပြန်လည်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန် လူရည်ချွန်မောင်မယ်များကို အခြေခံပညာကဏ္ဍသာမက အဆင့်မြင့် ပညာကဏ္ဍ ဘာသာရပ်အထူးပြု အသီးသီးမှ ရွေးချယ်ဆောင်ရွက်ခဲ့ပါသည်။ ရွေးချယ် ခံရသော လူရည်ချွန်စာရင်းများကို အတည်ပြုထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင် ကြီး၏ သက်ရောက်မှု ကြီးမားခဲ့သဖြင့် လူရည်ချွန်များအတွက် စခန်းဖွင့်လှစ် ကျင်းပဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ ယခုပညာသင်နှစ် ၂၀၂၅-၂၀၂၆ ၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍတို့မှ ထူးချွန်လူရည်ချွန်မောင်မယ်များဖြင့် အစိုးရသစ်ကို မင်္ဂလာရှိစွာ ကြိုဆိုဂုဏ်ပြုကျင်းပသည့်ပမာ တိုက်ဆိုင်နေပါသည်။

လူရည်ချွန်ဖြစ်လာရန် စနစ်တကျပြုစု ပျိုးထောင်ခြင်းမှသည် ထူးချွန်မှုဆီသို့

လူငယ်မောင်မယ်တို့သည် ပွင့်ဦးစပန်းလေးများနှင့် အလားသဏ္ဌာန်တူကြပါသည်။ ပန်းလေးတစ်ပွင့် ငွားငွားစွင့်စွင့် ပွင့်ဖူးလာစေရန်ကောင်းမွန်သော မြေ၊ သန့်ရှင်းသောလေ၊ အေးချမ်းသော ရေနှင့် နေရောင်ခြည်တို့ အချိုးကျပေါင်းစပ် ရန်လိုအပ်သကဲ့သို့ အနာဂတ်အတွက် အားထားရသည့် လူရည်ချွန်များထွက်ပေါ် လာရန်မှာလည်း ဥယျာဉ်မှူးနှင့်တူသော မိဘ၊ ဆရာတို့၏ စနစ်တကျ သင်ကြားပြသမှုနှင့် နိုင်ငံတော်၏ မြေတောင် မြှောက်ပေးမှုတို့အပေါ် များစွာမူတည်နေပါသည်။

လူရည်ချွန်တစ်ဦး ဖြစ်လာရေးမှာ “အခုရေတွင်းတူး၊ အခုရေကြည်သောက်” သကဲ့သို့ ယနေ့ကြိုးစား၍ ယနေ့ချက်ချင်းရရှိလာနိုင်သည့် ကံထူးမှုမျိုးမဟုတ်ဘဲ ငယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးခြင်း၏ အကျိုးကျေးဇူး ရလဒ်ပင်ဖြစ်ပါသည်။ လူရည်ချွန်ဟူသည် စာတော်ရုံမျှဖြင့် မလုံလောက်ဘဲ ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ နှင့် ဘောဂဗလတည်းဟူသော ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်လှပါသည်။

အဆင့်ဆင့်သော စိစစ်ရွေးချယ်မှုနှင့်စံနှုန်းများ လူရည်ချွန်တစ်ဦးအဖြစ် ရွေးချယ်ခံရရန် ကျောင်းအဆင့်တွင် အတန်းအလိုက် အမြင့်ဆုံးရမှတ်များ ရရှိထားရမည့်အပြင် အဆင့်ဆင့်​သော စစ်ဆေးမှုများကို ကျော်ဖြတ်ကြရပါသည်။ လူရည်ချွန်စီမံကိန်းတွင် ပါဝင်ယှဉ်ပြိုင်မည့် လူငယ်မောင်မယ်များအား စိစစ်ရွေးချယ်ရာတွင် ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုတို့အား အဓိကထား၍ ဘက်စုံရှုထောင့်မှ အကဲဖြတ်စစ်ဆေးလေ့ရှိပါသည်။ ဤရွေးချယ်မှုလုပ်ငန်းစဉ်သည် လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံ၍ စနစ်တကျ ပြုလုပ်ခြင်းဖြစ်ပြီး အောက်ပါအဓိကကဏ္ဍများဖြင့် ဖွဲ့စည်းထားပါသည်-

ပထမဦးစွာ ရေးဖြေစစ်ဆေးမှုကဏ္ဍတွင် ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတ များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဗဟုသုတတို့အား ဖြေဆိုကြရပါသည်။ ဤစစ်ဆေးမှုသည် ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာနားလည်မှုနှင့် စာပေကျွမ်းကျင်မှုကို အကဲဖြတ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဉာဏစွမ်းအားကို သိရှိနိုင်ရန် ရည်ရွယ်ပါသည်။

ဒုတိယအချက်အနေဖြင့် လူတွေ့စစ်ဆေးခြင်းကဏ္ဍတွင် ဘဝတွက်တာကျွမ်းကျင်စရာများ၊ စာရိတ္တကောင်းမွန်မှု၊ ပြည်သူ့နီတိနှင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအပေါ် ကျောင်းသားများ၏ သဘောထားနှင့် အသိအမြင်များကို အကဲဖြတ်မေးမြန်းလေ့ရှိပါသည်။ ဤကဏ္ဍသည် လူငယ်တို့၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကို လေ့လာနိုင်ရန် အဓိကရည်ရွယ်ပါသည်။

တတိယအချက်မှာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းဖြစ်ပါသည်။ အပြေး၊ အလျားခုန်၊ အိပ်ထမတင်၊ ဒိုက်ထိုးနှင့် ခါးရှေ့ကုန်းထိခြင်းစသည့် ကိုယ်လက်လှုပ်ရှားမှုများကို လက်တွေ့စစ်ဆေးခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု နှင့် တက်ကြွဖျတ်လတ်မှုကို တိုင်းတာပါသည်။

လူမှုရေးဆောင်ရွက်မှုတွင် ပါဝင်ခဲ့ခြင်းကိုလည်း အကဲဖြတ်ရာ၌ အရေးပါ သောအချက်အဖြစ် သတ်မှတ်ပါသည်။ လူမှုဝန်ထမ်းလုပ်ငန်းများ၊ ပရဟိတ လုပ်အားပေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများသည် လူငယ်တို့၏ ပရဟိတစိတ်ဓာတ်နှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် “မိတ္တဗလ”ကို ထင်ဟပ်စေပါ သည်။ ဤကဲ့သို့ ဘက်စုံစိစစ်ရွေးချယ်မှုများသည် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ထမ်းဆောင်နိုင်မည့် လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံ အုတ်မြစ်များပင်ဖြစ်ပါသည်။

ဤကဲ့သို့ ကျောင်းအဆင့်၊ မြို့နယ်အဆင့်မှသည် ခရိုင်အဆင့်အထိ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်စာရိတ္တပိုင်းဆိုင်ရာများကို စနစ်တကျ စိစစ်ရွေးချယ်ခံရခြင်းဖြစ်သဖြင့် လူရည်ချွန်မောင်မယ်များသည် မိမိတို့ကိုယ်တိုင် ထိုက်ထိုက်တန်တန် ဂုဏ်ယူထိုက်သည့်အပြင်အခြားလူငယ်များအတွက်လည်း အားကျအတု ယူဖွယ်စံပြပုဂ္ဂိုလ်များပင် ဖြစ်ပါသည်။

လူရည်ချွန်စခန်း အတွေ့အကြုံသစ် များမှတစ်ဆင့် နိုင်ငံ့သားကောင်းများ ပျိုးထောင်ခြင်း

လူရည်ချွန်စီမံကိန်း၏ ထူးခြားချက်မှာ စာတွေ့ပညာရပ်များသာမကလေ့လာ ရေးခရီးစဉ်များမှတစ်ဆင့်ရရှိလာမည့် လက်တွေ့ဘဝ အတွေ့အကြုံများပင် ဖြစ်ပါသည်။ ဤစခန်းများသည် လူငယ်များအတွက် အပန်းဖြေခြင်းသက်သက်မျှသာ မဟုတ်ဘဲ ဗဟုသုတအဖြာဖြာကိုရှာဖွေနိုင်သည့် တက္ကသိုလ်ကြီးတစ်ခု သဖွယ်ဖြစ်ပေသည်။ နေပြည်တော်ကို စုပေါင်းစခန်းအဖြစ် သတ်မှတ်ထားပြီး နယ်စခန်းများအဖြစ် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့်ချောင်းသာ လူရည်ချွန် စခန်းတို့တွင် အဆင့်ဆင့်လေ့လာရေးခရီးများ သွားရောက်ကြမည်ဖြစ်ပါသည်။

စခန်းအတွေ့အကြုံများနှင့်အလေ့အကျင့်ကောင်းများ

လူရည်ချွန် စခန်းများသည် ပြည်ထောင်စုတိုင်းရင်းသား ကျောင်းသား ကျောင်းသူများအချင်းချင်းဆုံဆည်းရာနေရာဖြစ်ပြီး ညီအစ်ကိုမောင်နှမရင်းများ သဖွယ် ချစ်ကြည်ရင်းနှီးမှု တည်ဆောက် နိုင်သည့် အခွင့်အလမ်းကောင်းများဖြစ်ပါသည်။ ဤနေရာတွင်ရရှိလာမည့် အလေ့အကျင့်ကောင်းများမှာ-

အသင်းအဖွဲ့စိတ်ဓာတ်(Team Spirit)- မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများနှင့်စုပေါင်း၍ အသင်းအဖွဲ့လိုက် လှုပ်ရှားခြင်းတို့ကြောင့် လူမှုရေး စွမ်းရည်များ တိုးတက်လာပါသည်။
ဒေသန္တရဗဟုသုတ-ရောက်ရှိရာဒေသ၏ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းဝင်နယ်မြေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို လေ့လာခြင်းဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးမှုအခြေအနေကို သိရှိနားလည်လာစေပါသည်။

စွမ်းရည်မြှင့်တင်ခြင်း - နိုင်ငံတော်သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု အခြေအနေများ၊ တက္ကသိုလ်ဘာသာရပ် မိတ်ဆက်ဟောပြောပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ခြင်းဖြင့် ခေါင်းဆောင်မှု အရည်အချင်းများ ပေါ်ထွက်လာပါသည်။

အနာဂတ်၏ အရင်းအမြစ်များ

၁၉၆၄-၈၈ ခုနှစ်ပထမစီမံကိန်း ကာလမှသည် ၂၀၁၃ ခုနှစ် နောက်ပိုင်း ဒုတိယစီမံကိန်းကာလအထိ လူရည်ချွန်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ယခင်လူရည်ချွန်များသည်ဝန်ကြီးဌာန အသီးသီးတွင် အသိပညာရှင်၊အတတ်ပညာရှင်များ၊ ပါမောက္ခများနှင့် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်သူများအဖြစ် ပါဝင်လျက်ရှိကြသည်။ အထူးသဖြင့် ညွှန်ကြားရေးမှူး/ပါမောက္ခအဆင့်နှင့် အထက်တာဝန်ထမ်းဆောင်သူ ၂၆၁ ဦး ထက်မနည်း ပေါ်ထွန်းခဲ့ခြင်းသည် ဤစီမံကိန်း၏ အောင်မြင်မှုကို သက်သေ ပြနေပါသည်။

မျက်မှောက်ခေတ်တွင် နိုင်ငံတော်က အခြေခံပညာမှစ၍ အခမဲ့ပညာသင်ကြားရေးကို ကျင့်သုံးနေသဖြင့် ထူးချွန်လိုစိတ် ရှိသူတိုင်းပညာရပ်များကို လွယ်ကူစွာ ရယူနိုင်ပြီဖြစ်ပါသည်။ အခြေခံပညာရေး တွင် KG မှ Grade(9)အထိ မဖြစ်မနေ သင်ယူပြီးမြောက်စေရေး(KG+9) မူဝါဒ သည် မြန်မာနိုင်ငံသားတိုင်းအတွက် အနည်းဆုံးလိုအပ်သည့် စဉ်းစားတွေးခေါ် နိုင်စွမ်းနှင့်စည်းကမ်းရှိမှုကို အာမခံပေး မည့် အုတ်မြစ်ခိုင်မာရေးကို ဦးစားပေး ထားသည်။ လူရည်ချွန်ဟောင်းများ၏ တာဝန်ကို လူရည်ချွန်သစ်များက ဆက်လက်ထမ်းဆောင်ကာ နိုင်ငံတော်၏ အနာဂတ်အတွက် ဗလငါးတန်နှင့် ပြည့်စုံစွာဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုး ကို ပံ့ပိုးဆောင်ရွက်ကြရန်မှာ ဤစီမံကိန်း၏ အဓိကမျှော်မှန်းချက်ပင်ဖြစ်ပါသည်။

လူရည်ချွန်စိတ်ဓာတ်နှင့် စံပြနိုင်ငံသား (စာသင်ခန်းမှသည် လူမှုဝန်းကျင်ဆီသို့)

ကျွန်ုပ်တို့ငယ်စဉ် မူလတန်းကျောင်းသားဘဝ မြန်မာဖတ်စာအုပ်မှ “လူရည်ချွန်” ကဗျာငယ်နှင့် လူမွန်လူချွန်မောင်လေး၏ ပုံရိပ်သည်ကျွန်ုပ်တို့အား ရိုးရှင်းသော်လည်း နက်နဲသော အမှန် တရားတစ်ခုကို လမ်းညွှန်ပြသလျက်ရှိပါသည်။ စာသင်ခန်းဆိုသည့် စင်မြင့်ထက် တွင် ပညာဗဟုသုတများ ဆည်းပူးနေရရုံမျှဖြင့် စစ်မှန်သော “လူချွန်လူမွန်”တစ်ဦး ဖြစ်လာရန် မလုံလောက်ဘဲ၊ ထိုပုံရိပ်လေးတွင် တွေ့မြင်ရသည့် လူမွန်လူချွန် မောင်လေးကဲ့သို့ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”သုံးရပ်စလုံးကို ဟန်ချက်ညီအောင် ပျိုးထောင်ရန်လိုအပ်ကြောင်း ကျွန်ုပ်တို့အား သတိပေးလျက်ရှိပါသည်။

စစ်မှန်သော လူရည်ချွန်တို့၏အရည်အသွေးများ

မြန်မာဖတ်စာပါ သရုပ်ဖော်ပုံရိပ် လေးနှင့် “လူရည်ချွန်”ကဗျာငယ်ကညွှန်ပြသည့် စံပြနိုင်ငံသားတစ်ဦး၏ အခြေခံအရည်အချင်းများကို ဖော်ညွှန်းလျက်ရှိပါသည် -

ရိုးသားခြင်းနှင့် ပညာထူးချွန်ခြင်း- ကဗျာက “ရိုးသား၍ ပညာထူးချွန်သူ”ဟု ဆိုသကဲ့သို့၊ ဤလူမွန်လူချွန်မောင်လေး သည် ရိုးသားဖြောင့်မတ်သော စိတ်ဓာတ် ဖြင့် ပညာရပ်များကို အပတ်တကုတ် ဆည်းပူးနေသူတစ်ဦးကို ကိုယ်စားပြုပါသည်။ ၎င်း၏ အဝတ်အစားနှင့် ဦးထုပ် သည် ၎င်း၏ တာဝန်ကျေပွန်မှုကို ဖော်ပြ နေသကဲ့သို့၊ “စိတ်လှုပ်ရှားမှု” (Emotional Engagement)ပါဝင်သော သင်ကြားမှု အနုပညာဖြင့် မိမိကိုယ်ကို ပုံဖော်နေသူလည်း ဖြစ်ပါသည်။

အကျင့်ကောင်းမွန်ခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်း-ကဗျာတွင် “အကျင့်ကောင်းမွန်သူ၊ အများအကျိုးငှာကိုယ်ကျိုးစွန့်သူ” ဟု ဆိုသည့်အတိုင်း ဤလူမွန်လူချွန် မောင်လေးသည် တစ်ပါးသူ၏ လက်ကိုတန်ဖိုးထား ဆုပ်ကိုင်လာခြင်းနှင့် ပဋိပက္ခများကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းတို့ ဖြစ်ပေါ်လာစေရန် လက်တွေ့ပြသနေသူ ဖြစ်ပါသည်။ ၎င်း၏ လူရည်ချွန်အဆောင်ယောင် အထိမ်းအမှတ်လည်စည်းသည် ၎င်း၏ချိုသာယဉ်ကျေးပညာဉာဏ် ထူးချွန်သည့်ပြယုဂ်ပင်။ ညီငယ်ညီမငယ်များအတွက် အတုယူအားကျဖွယ် လူရည်ချွန် လူငယ်အဖြစ် ဝင့်ထည်လှပါသည်။

တာဝန်ကျေပွန်ခြင်းနှင့် ချီးကျူးထိုက်ခြင်း-ကဗျာက “တာဝန်ကျေပွန်သူ၊ ထိုသူတို့ကို ချီးမွမ်းရမည်”ဟု ဆိုသကဲ့သို့ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်လေးစားမှုကို အခြေခံသည့် ငြိမ်းချမ်းသော လူမှုဆက်ဆံရေးကို တည်ဆောက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤလူမွန်လူချွန် မောင်လေးကဲ့သို့ ရိုးသား၍ ပညာထူးချွန်ပြီး တာဝန်ကျေပွန်သော လူငယ်မောင်မယ်များကို ကျွန်ုပ်တို့က ချီးကျူးဂုဏ်ပြုကြရပါမည်။ အားလုံး အတွက် အကျိုးရှိစေမည့်ရလဒ်ကို ဦးတည်ရှာဖွေတတ်သော စိတ်ဓာတ်သည် စာသင်ခန်းအတွင်းရှိ “အများအကျိုးငှာ ကိုယ်ကျိုးစွန့်သူ” ဟူသော အလေ့အထမှ စတင်ပါသည်။ မြန်မာဖတ်စာပါ ဤပုံရိပ်လေးသည် ကျွန်ုပ်တို့အား မိမိ၏ ကိုယ်ပိုင်အသိဉာဏ်၊ ကိုယ်ပိုင်ကျွမ်းကျင်မှုများ ဖြင့် ကမ္ဘာကို အကျိုးပြုနိုင်သော Glocal Citizens များဖြစ်လာစေရန် လမ်းပြပေးလျက်ရှိပါသည်။ ထို့ကြောင့် ဤကင်းထောက် မောင်လေးကဲ့သို့ ရိုးသား၍ ပညာထူးချွန်ပြီး တာဝန်ကျေပွန်သော လူငယ်မောင်မယ်များကို ကျွန်ုပ်တို့က ချီးကျူးဂုဏ်ပြုကြရပါမည်။ ဤကဲ့သို့ သော အပြုသဘောဆောင်သည့် သင်ကြားမှုပတ်ဝန်းကျင်မှတစ်ဆင့် တည်ဆောက်ယူသည့် နားလည်မှုနှင့် လေးစားမှုများသည် နိုင်ငံတော်အတွက် အေးချမ်းသာယာသော လူမှုဝန်းကျင်သစ်ဆီသို့ လျှောက်လှမ်းရာတွင် အခိုင်မာဆုံးသော အုတ်မြစ်များ ဖြစ်လာမည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။

ထာဝရလူရည်ချွန်တို့၏ နိုင်ငံ့တာဝန်နှင့် အနာဂတ်မျှော်လင့်ချက်

ယနေ့ခေတ် စနစ်သစ်ပညာရေးတွင် အဆင့်ဆင့်စိစစ်ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များသည်ပညာရေးထူးချွန်မှုသာမက ကိုယ်ရည်ကိုယ်သွေး မြင့်မားသည့် ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွက်လာကြမည်ဖြစ်ပါသည်။ “လူရည်ချွန် တစ်ခါဖြစ်လျှင် ဘဝတစ်လျှောက်လုံး လူရည်ချွန်ပင်” ဟူသော ဆုံးမစကားနှင့်အညီ ယနေ့လူရည်ချွန် မောင်မယ်များသည် စာသင်ခန်းအတွင်းမှ အောင်မြင်မှုတစ်ခုတည်းကိုသာ ပိုင်ဆိုင်သူများမဟုတ်ဘဲ နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ပေးမည့် “ထာဝရ လူမွန်လူချွန် များ”ဖြစ်လာကြပါလိမ့်မည်။ မိမိတို့၏ အတတ်ပညာများဖြင့် နိုင်ငံတော်အား အလုပ်အကျွေးပြုကြမည့် သားကောင်း သမီးကောင်းများအဖြစ် တာဝန်သိစိတ် ဖြင့် ရှေ့ဆက်ကြမည့် အနာဂတ်၏ ဗိသုကာများပင် ဖြစ်ပါတော့သည်။
ခရီးစဉ်တစ်လျှောက် ရရှိခဲ့သော ချစ်ခင် ရင်းနှီးမှုများ၊ အပြန်အလှန် အားပေးကူညီ မှုများနှင့် မမေ့နိုင်စရာ အမှတ်တရများ သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ပိုမိုရွက်လွှင့်စေပြီး နိုင်ငံနှင့်တိုင်းရင်းသား လူမျိုးအားလုံး၏ အကျိုးစီးပွားကို မြှင့်တင်ပေးကြမည့် ခေါင်းဆောင်ကောင်းများအဖြစ်သို့ အသွင်ပြောင်းလဲပေးသွား မည်မှာအသေအချာပင် ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် ဤလူငယ်များကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းထားပြီး ပညာရေးသည်သာလျှင် အခြေခံကျသောအဓိကသော့ချက်ဖြစ်ကြောင်း ခိုင်မာစွာယုံကြည်ထားပါသည်။ သို့ဖြစ်ပါ၍ လူငယ်မောင်မယ်တို့အနေဖြင့် ကျောင်းကောင်စီကတိကဝတ်ဖြစ်သော-

“မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊
မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်”

ဟူသည့် စိတ်ဓာတ်ဖြင့် မိမိကိုယ်တိုင် သာမကမိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက်ပါအကျိုးရှိသည့် စံပြလူငယ်များဖြစ်လာစေရန် အစဉ်တစိုက် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်ပါသည်။

ယနေ့ လူရည်ချွန်များသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာသာမက စာရိတ္တကောင်းမွန်ပြီး ရိုးသားတက်ကြွဖျတ်လတ်သည့် နိုင်ငံ့သားကောင်းများအဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံတော်၏ အဓိကစွမ်းအားစုဖြစ်သော လူငယ်တို့၏ ပခုံးပြောင်းတာဝန်ယူမှုမှာ အရေးကြီးဆုံးသော အလှည့်အပြောင်းပင် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အကျိုးပြု လုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပံ့ပိုးကူညီကြမည့် ဤလူရည်ချွန် မောင်မယ်များအားလုံး၊ မိမိတို့ရရှိထားသော အသိပညာ၊ အတတ် ပညာများကို မေ့ပျောက်မပစ်ဘဲဦးနှောက် ထဲတွင်စွဲစွဲမြဲမြဲ မှတ်သားထားရင်း ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ပေးနိုင် ကြပါစေကြောင်းနှင့် နိုင်ငံ့သားကောင်းမှသည် ကမ္ဘာ့သားကောင်းများအဖြစ်သို့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း လေးနက်သောယုံကြည်ချက်၊ ခိုင်မာသော ကတိကဝတ်များနှင့်အတူ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။

moi

ဉာဏ်သစ်(မန်းတက္ကသိုလ်)

ရေကြောင်းလူငယ်မှစချီ အနာဂတ်ကြယ်ပွင့်များဆီသို့
-
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါသော လူသားအရင်းအမြစ်အစသည် လူငယ်များပင်ဖြစ်သည်။ လူငယ်များ၏ အသိပညာစွမ်းရည်နှင့် နိုင်ငံချစ်စိတ်ကို မြှင့်တင်ပေးခြင်းဖြင့် ယနေ့ခေတ်လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ဆောင်ရွက် တည်ဆောက်ပေးမည့် အရေးကြီးဆုံးအခြေခံ အင်အားများဖြစ်ကြသည်။ “ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး” ၊ “လူငယ်ဆိုတာ နိုင်ငံ၏အနာဂတ်ကြယ်ပွင့်ဖြစ်သည့်အတွက် လူငယ်ကောင်းလျှင် နိုင်ငံကောင်းပါသည်။ လူငယ်တွေ အရည်အသွေးမြင့်လျှင် နိုင်ငံရဲ့အနာဂတ်လည်း မြင့်မားတိုးတက်လာမည်” ဆိုသည့်စကားများသည် လူငယ်များအပေါ် မျှော်လင့်ချက်ကြီးပုံကို ထင်ဟပ်စေသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက် စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်စခန်းများကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ တပ်မတော်(ရေ)အနေဖြင့် ရေကြောင်းပညာရပ်များကိုစိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်း(၁/၂၀၂၆)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း (၁/၂၀၂၆) တို့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်မှ မေလ ၂၉ ရက်အထိ လူငယ်စခန်းပေါင်း ၁၃ ခုတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၀၀ ဦးဖြင့် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ကာ အဆိုပါသင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများ၊ ရေတပ်စခန်း ဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများ၊ အရာရှိများ အသီးသီး တက်ရောက်ဖွင့်လှစ်ကြသည်။ ရေကြောင်းပညာသည် လွယ်ကူသော ပညာရပ်မဟုတ်ဘဲ စည်းကမ်းရှိမှု၊ စိတ်ရှည်သည်းခံနိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့ကို တစ်ပြိုင်တည်းဆောင်ရွက်ရန် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်သည်။ ရေယာဉ်ပေါ်တွင် အလုပ်လုပ်ရခြင်း၊ ရာသီဥတုအခြေအနေများကို ရင်ဆိုင်ရခြင်း၊ နိုင်ငံတကာရေလမ်းကြောင်းဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရခြင်းဖြင့် လူငယ်များအတွက် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထိုအတွေ့အကြုံများက လူငယ်များကို အရည်အချင်းပြည့်၀သော အနာဂတ်ခေါင်းဆောင်များအဖြစ် ပြောင်းလဲစေနိုင်သည်။ ရေကြောင်းလူငယ်များအနေဖြင့် အင်္ဂလိပ်ဘာသာစကား၊ နည်းပညာ၊ စည်းကမ်းလိုက်နာမှုနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု (Team Work) တို့ကို တိုးတက်အောင် လေ့ကျင့်ဆောင်ရွက်ရမည်။ ရေယာဉ်ပေါ်၌ အလုပ်လုပ်ရာတွင် မိမိတစ်ဦးတည်းသာမက အဖွဲ့လိုက်ညီညွတ်မှု (The Power of Unity) သည် အရေးကြီးသဖြင့် အပြန်အလှန်နားလည်မှုနှင့် တာဝန်ယူမှုရှိစေရန် လိုအပ်သည်။ ထို့ပြင် ရေကြောင်းလူငယ်များသည် မိမိတို့၏အိပ်မက်များကို မလျှော့မပေါ့ဘဲ အားစိုက်ကာ အခက်အခဲများ၊ ပင်ပန်းမှုများရှိနိုင်သော်လည်း အနာဂတ်ကိုရည်မှန်းပြီး ကြိုးစားသွားပါက နိုင်ငံတော်အတွက် အကျိုးရှိစေမည့်ကြယ်ပွင့်များအဖြစ် ထွန်းလင်းလာနိုင်မည်ဖြစ်သည်။ ရေကြောင်းလူငယ်များသည် ရေယာဉ်ပေါ်တွင် တာဝန်ထမ်းဆောင်ရန်သာမက အဖွဲ့လိုက်ပူးပေါင်း ဆောင်ရွက်နိုင်သော စိတ်ဓာတ်ကိုလည်း တည်ဆောက်ရမည်ဖြစ်ပြီး အပြန်အလှန်ကူညီမှု၊ စည်းကမ်းတကျ လေ့ကျင့်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်တို့ကို လေ့လာသင်ယူခြင်းသည် အနာဂတ်တွင် နိုင်ငံတော်၏ရေကြောင်း အခန်းကဏ္ဍ အောင်မြင်နိုင်စေရေး အထောက်အကူဖြစ်စေသည်။ ရေကြောင်းဆိုင်ရာ ပညာရပ်များနှင့် ရာသီဥတုအခြေအနေတို့ကို စနစ်တကျလေ့လာသင်ယူခြင်းအားဖြင့် လူငယ်များ၏အရည်အချင်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။ ရေကြောင်းလူငယ်များအတွက် အရေးကြီးဆုံးအချက်မှာ “ညီညွတ်မှုနှင့် အပြန်အလှန်လေးစားမှု”ဖြစ်သည်။ လူငယ်ဟူသည် စူးစမ်းလိုစိတ်ရှိခြင်း၊ ဖျတ်လတ်တက်ကြွခြင်း၊ အရာရာကိုတီထွင်ဖန်တီးလိုစိတ်ရှိခြင်း၊ အမှန်တရားကို မြတ်နိုးခြင်းစသော ဂုဏ်သတ္တိများရှိသကဲ့သို့ မှန်ကန်သောအတွေးအခေါ်နှင့် တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်မြတ်နိုးရန်လည်း လိုအပ်သည်။ ထို့ပြင် လူငယ်များသည် အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက် အားကိုးရမည့် အခြေခံကာကွယ်ရေး အင်အားစုများဖြစ်ပြီး လူငယ်များ၏ စွမ်းဆောင်နိုင်မှုသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကကျပေသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အင်အားနှင့် စွမ်းရည်မရှိပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်မတည်တံ့နိုင်သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် လူငယ်များ၏ တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုများသည် လွန်စွာအရေးပါသည်။ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ အဓွန့်ရှည်ရပ်တည်နိုင်ရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ အလေးထားပြုစု ပျိုးထောင်လျက်ရှိသည်။ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်းများကို ရေကြောင်းပညာရပ်များနှင့် ရေကြောင်းသွားလာရေးဆိုင်ရာ အတတ်ပညာများအား လူငယ်လူရွယ်များ စိတ်ပါဝင်စားလာပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေး အခန်းကဏ္ဍသည် အရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းချိန်ပြင်ပဖြစ်သော ကိုယ်ပိုင်အချိန်ကို အလဟဿမဖြစ်စေဘဲ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ပြီး မိမိဝါသနာပါရာပညာရပ်ကို တစိုက်မတ်မတ် လေ့လာလေ့ကျင့်နိုင်စေရန်၊ နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အသိပညာ၊ အတတ်ပညာများ တိုးပွားလာပြီး အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်နှင့် တိုင်းပြည်အတွက် အရေးပေါ်ကာလများတွင် လူငယ်လူရွယ်များကို နိုင်ငံတော်ကာကွယ်ရေး အရန်အင်အားများအဖြစ် အားကိုးအားထားပြုနိုင်ရန် ရည်ရွယ်သည်။ ရေကြောင်းလူငယ်သင်တန်းတစ်ခုတွင် သင်ကြားရသည့် ဘာသာရပ်များမှာ စစ်ရေးပြ၊ တပ်မတော်(ရေ)သမိုင်း၊ နက္ခတ္တဗေဒဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ ရေတပ်အချက်ပြဆက်သွယ်ရေး ဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရား၊ GPS ၊ Radar နှင့် အီလက်ထရောနစ် ဆက်သွယ်ရေးအပါအဝင် ရေကြောင်းသွားလာရေး ဘာသာရပ်၊ ရေကူး၊ လှေလှော်ရွက်တိုက် စသည်ဖြင့် သင်ကြားပြသပေးသည်။ သင်တန်းသို့တက်ရောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်စေခြင်း၊ လူငယ်များပူးပေါင်း ဆောင်ရွက်တတ်စေခြင်း၊ အမိန့်နာခံမှုကောင်းခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းတို့အပြင် စစ်ရေယာဉ်များ၏စွမ်းရည်၊ တာဝန်ထမ်းဆောင်ပုံနှင့် ရေတပ်ဆိုင်ရာ အခေါ်အဝေါ်များကို နားလည်သဘောပေါက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့် သာမန်ကျောင်းသားလူငယ်များ၊ သင်ယူလေ့လာရန်ခက်ခဲပြီး အခွင့်အလမ်းနည်းပါးသည့် ရေကူးဘာသာရပ်နှင့် လှေလှော်ရွက်တိုက် ဘာသာရပ်များကို သင်ကြားရသဖြင့် ရေနှင့်ရင်းနှီးကျွမ်းဝင်ကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းခြင်း၊ သက်လုံကောင်းခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းတို့အပြင် နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဖြစ်သည်။ ထို့ပြင် ရေတပ်သားဘာသာရပ်ကို သင်ကြားခြင်းဖြင့် ရေယာဉ်များ၏ အရာ၀တ္ထု၊ အသုံးအဆောင်၊ ပစ္စည်းသုံးစွဲပုံ စသည်တို့ကို သီးခြားသတ်မှတ်ခေါ်ဆိုသော ရေကြောင်းဆိုင်ရာဝေါဟာရများ၊ ကြိုးချည်ကြိုးထိုးနည်းများ၊ အဝေးကြည့်ကင်း တာဝန်ထမ်းဆောင်ခြင်း၊ ရေတိုင်းခြင်း စသော ရေတပ်သားတစ်ဦး အခြေခံသိရှိသင့်သည့် လုပ်ငန်းတာဝန်ပညာရပ်များကို သိရှိနားလည်နိုင်မည်ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဘာသာစကား ကွဲပြားခြားနားသော်လည်း ရေတပ်သားအချက်ပြ ဆက်သွယ်ရေးဘာသာရပ်ကို သင်ကြားခြင်းဖြင့် ပင်လယ်ပြင်တွင် ရေယာဉ်တစ်စင်းနှင့် တစ်စင်း အလံတင်/ချ ဆက်သွယ်နည်း၊ မျက်မြင်အချက်ပြဆက်သွယ်နည်းများဖြင့်ဆက်သွယ်နိုင်မည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်း တက်ရောက်ပြီးသည့်အခါ အချို့သောလူငယ်များ အနေဖြင့် သင်တန်းမှရရှိလာသော အတွေ့အကြုံများနှင့် စိတ်ဓာတ်များကိုအခြေခံ၍ အနာဂတ်တပ်မတော်(ရေ)တွင် အမှုထမ်းရန်၊ မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများတွင် ပါဝင်ရန် သို့မဟုတ် နိုင်ငံတကာကုန်သွယ် ရေယာဉ်များတွင် အမှုထမ်းရန် ဆုံးဖြတ်ချက်ချနိုင်ကြမည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အရေးပါသည့် ပြည်တွင်း၊ ပြည်ပရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ပင်လယ်ပြင်သယံဇာတများ ရှာဖွေဖော်ထုတ်အသုံးချရေး၊ ပင်လယ်ပြင်ဂေဟစနစ်များ ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရေလမ်းကြောင်းများကို စနစ်တကျအသုံးပြုရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့လူငယ်များသည် အနာဂတ်ရေကြောင်းဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်အင်အားစုများအဖြစ် ကျရာအခန်းကဏ္ဍ အသီးသီးမှ ပခုံးပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့သည် ပထဝီအနေအထားအရ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတို့တွင် အလွန်အချက်အချာ ကျသည်။ မြန်မာ့ပင်လယ်ပြင်မှ အဖိုးထိုက်အဖိုးတန် ရေပေါ်ရေအောက် သယံဇာတများ ထုတ်ယူသုံးစွဲလျက်ရှိရာ နိုင်ငံ၏အမျိုးသား အကျိုးစီးပွားကို များစွာပံ့ပိုးပေးလျက်ရှိသည်။ ရေကြောင်းအကျိုးစီးပွားအပေါ် အခြေပြုတည်ဆောက်သွားကြသည့် နိုင်ငံအားလုံးတို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်ကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် “မြန်မာ့ပင်လယ်ပြင်သည် မြန်မာနိုင်ငံ၏အနာဂတ်”ဖြစ်သည်ဟု ဆိုနိုင်သည်။ တပ်မတော်(ရေ)သည် “နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရမည်၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည်” ဟူသော ရည်မှန်းချက်တာဝန်များ ချမှတ်ပြီး သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) ဖြစ်စေရန် မျှော်မှန်းတည်ဆောက်လျက်ရှိပြီး ဝေဟင်စစ်ဆင်ရေး၊ ရေပြင်စစ်ဆင်ရေး၊ ရေအောက်ရန်ကာကွယ်မှု စစ်ဆင်ရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေး စသည့် စစ်ဆင်မှုနယ်ပယ်လေးရပ်ကို စစ်ဆင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များနှင့် ရေငုပ်သင်္ဘောစစ်ရေယာဉ်များကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ရာ ဒေသတွင်း ရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ပြီး မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေကြောင်းအကျိုးစီးပွား (National Interests)နှင့် ရေကြောင်းစွမ်းအား (Sea Power) သည် ရေတပ်စွမ်းအား တစ်ခုတည်းအပေါ် မှီတည်နေသည်မဟုတ်ဘဲ ပြည်သူလူထု၏ ရေကြောင်းဆိုင်ရာ အသိပညာရှိမှု၊ ပင်လယ်ရေကြောင်းအပေါ် အာရုံစိုက် အလေးထားနိုင်မှုနှင့် ရေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု စသည့်အချက်များအပေါ် မူတည်နေသည်။ အရာရာကိုစူးစမ်း လေ့လာလိုစိတ်ရှိသော၊ နိုးကြားတက်ကြွသော လူငယ်များ၏ ရေကြောင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူ အားထုတ်မှုအပေါ်တွင် များစွာတည်မှီသည်။ ထို့ကြောင့် အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်(ရေ)အတွက်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ရေကြောင်းလူငယ်သင်တန်းများတွင် ပင်လယ်ရေကြောင်းဆိုင်ရာ ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်ပြီး ရေကြောင်းအသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများ ပြည့်စုံနေစေရန် ရေကြောင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံများ သင်ကြားဖြန့်ဝေ လက်ဆင့်ကမ်းအမွေပေးလျက်ရှိသည်။ ရေကြောင်းလူငယ်များအနေဖြင့် မိမိတို့၏အိပ်မက်ကို အကောင်အထည်ဖော်ရန် အခက်အခဲများကို မကြောက်မရွံ့ဘဲ ကြိုးစားရမည်ဖြစ်သည်။ ပင်လယ်ရေပြင်တွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အသိပညာ၊ အတတ်ပညာနှင့် လက်ရုံးရည်၊ နှလုံးရည် နှစ်ခုလုံးကိုပြည့်စုံအောင် လေ့ကျင့်ရမည်ဖြစ်သည်။ထိုသို့ကြိုးစားသော လူငယ်မောင်မယ်များသည် အနာဂတ်တွင် တောက်ပသောကြယ်ပွင့်များအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည့် ရေကြောင်းလူငယ်များဖြစ်လာစေရန် အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးစားကြရမည်ဖြစ်သည်။ မြန်မာပြည်အနှံ့မှရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံကြရမည်ဖြစ်ရာ အသိမိတ်ဆွေများ တိုးပွားလာမည့်အပြင် သက်ဆိုင်ရာဒေသ အသီးသီး၏ ဒေသန္တရဗဟုသုတများလည်း ရရှိကြမည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်း တက်ရောက်လျက်ရှိသည့် လူငယ်မောင်မယ်များသည် အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် နိုင်ငံတော်က အားထားရသည့် ရေကြောင်းဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် လည်းကောင်း၊ အနာဂတ်တပ်မတော်(ရေ)၏ မျိုးဆက်သစ်လူငယ်များအဖြစ် လည်းကောင်း မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် နိုင်ငံ့ရတနာအနာဂတ်ကြယ်ပွင့်များအဖြစ်လည်းကောင်း မြင်တွေ့ကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲများကလည်း အနာဂတ်အတွက် လူငယ်များ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း သိရှိနားလည်သဖြင့် ရေကြောင်းလူငယ်မောင်မယ်များကို လက်ခံတွေ့ဆုံအားပေးစကားပြောကြားခြင်း၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းတို့ကို အရေးတယူဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် လူငယ်များကို အလေးအနက်ထားသည်မှာလည်း သိသာထင်ရှားလှသည်။ နိုင်ငံတော်အကြီးအကဲများ၏ အားပေးချီးမြှင့်လမ်းညွှန်မှုများကြောင့် သင်ထောက်ကူပစ္စည်းများစုံလင်စွာ ဘာသာရပ်များကို သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူ အရာရှိ၊ နည်းပြများမှ စနစ်တကျသင်ကြားပြသပေးပြီး နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ဆေးအကာအကွယ်ပေးရေးကအစ စနစ်တကျလိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် ရေကြောင်းလူငယ်မောင်မယ်များအပေါ် နိုင်ငံတော်အနေဖြင့် မည်မျှအလေးအနက်ထားကြောင်းကို သိနိုင်သည်။ ယနေ့နိုင်ငံတော်တာဝန်ထမ်းဆောင်နေကြသူများမှာ တစ်ချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များပင်ဖြစ်သည်။ လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်အတွက် ထပ်လောင်းပေါင်းစည်း တိုးပွားလာမည့် လူသားအရင်းအမြစ်များပင်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ တစ်ဟုန်ထိုးပြောင်းလဲတိုးတက်လျက်ရှိရာ ခေတ်နှင့်လိုက်လျောညီထွေစွာ မိမိတို့အပေါ် ကျရောက်လာမည့် နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ယခုကတည်းက ပြင်ဆင်ကြိုးစားသွားကြရန် လိုအပ်သည်။မြန်မာနိုင်ငံတော်နှင့် မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်(ရေ)အနေဖြင့်လည်း မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအမွေ ပခုံးပြောင်းတာဝန် လွှဲပြောင်းပေးရမည်ဖြစ်သည်။ သို့ဖြစ်၍ ရေကြောင်းလူငယ်သင်တန်းသည် ယနေ့ခေတ်ရေကြောင်းပညာကို စိတ်ဝင်စားသော လူငယ်တစ်ဦးအား မနက်ဖြန်၏ အနာဂတ်ကြယ်ပွင့်ဖြစ်လာစေရန် ပျိုးထောင်ပေးသော ပျိုးခင်းကောင်းတစ်ခုပင်ဖြစ်ပေသည်။ ထို့ကြောင့် ယခုနှစ်ဖွင့်လှစ်မည့် ရေကြောင်းလူငယ်စခန်းများတွင် သင်တန်းတက်ရောက်ကြမည့် ရေကြောင်းလူငယ်မောင်မယ်များသည် တပ်မတော်(ရေ) မျိုးဆက်သစ်များအဖြစ်လည်းကောင်း၊ အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် အားတစ်ခုအဖြစ်လည်းကောင်း၊ မြန်မာ့ပင်လယ်ပြင်ထက်တွင် လင်းလက်တည်ရှိလာမည့် ကြယ်ပွင့်များအဖြစ်လည်းကောင်း “ရေကြောင်း လူငယ်မှစချီ အနာဂတ်ကြယ်ပွင့်များဆီသို့”ဟူ၍ ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။MDN

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါသော လူသားအရင်းအမြစ်အစသည် လူငယ်များပင်ဖြစ်သည်။ လူငယ်များ၏ အသိပညာစွမ်းရည်နှင့် နိုင်ငံချစ်စိတ်ကို မြှင့်တင်ပေးခြင်းဖြင့် ယနေ့ခေတ်လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို  ဆောင်ရွက် တည်ဆောက်ပေးမည့် အရေးကြီးဆုံးအခြေခံ အင်အားများဖြစ်ကြသည်။ ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး ၊ လူငယ်ဆိုတာ  နိုင်ငံ၏အနာဂတ်ကြယ်ပွင့်ဖြစ်သည့်အတွက် လူငယ်ကောင်းလျှင် နိုင်ငံကောင်းပါသည်။ လူငယ်တွေ အရည်အသွေးမြင့်လျှင် နိုင်ငံရဲ့အနာဂတ်လည်း မြင့်မားတိုးတက်လာမည် ဆိုသည့်စကားများသည် လူငယ်များအပေါ် မျှော်လင့်ချက်ကြီးပုံကို ထင်ဟပ်စေသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက် စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ  ပေါ်ထွန်းလာစေရန်ရည်ရွယ်၍     တပ်မတော်(ရေ)က ရေကြောင်းလူငယ်စခန်းများကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။       

တပ်မတော်(ရေ)အနေဖြင့် ရေကြောင်းပညာရပ်များကိုစိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များ  ပေါ်ထွန်းလာစေရန်   လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်  အခြေခံသင်တန်း(၁/၂၀၂၆)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း (၁/၂၀၂၆) တို့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်မှ မေလ  ၂၉   ရက်အထိ လူငယ်စခန်းပေါင်း ၁၃ ခုတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း  ၈၀၀  ဦးဖြင့် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ကာ   အဆိုပါသင်တန်းဖွင့်ပွဲများသို့    သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများ၊ ရေတပ်စခန်း ဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများ၊   အရာရှိများ   အသီးသီး တက်ရောက်ဖွင့်လှစ်ကြသည်။ 

ရေကြောင်းပညာသည် လွယ်ကူသော ပညာရပ်မဟုတ်ဘဲ စည်းကမ်းရှိမှု၊ စိတ်ရှည်သည်းခံနိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့ကို တစ်ပြိုင်တည်းဆောင်ရွက်ရန် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်သည်။ ရေယာဉ်ပေါ်တွင် အလုပ်လုပ်ရခြင်း၊ ရာသီဥတုအခြေအနေများကို ရင်ဆိုင်ရခြင်း၊ နိုင်ငံတကာရေလမ်းကြောင်းဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရခြင်းဖြင့် လူငယ်များအတွက် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထိုအတွေ့အကြုံများက လူငယ်များကို အရည်အချင်းပြည့်၀သော အနာဂတ်ခေါင်းဆောင်များအဖြစ် ပြောင်းလဲစေနိုင်သည်။ ရေကြောင်းလူငယ်များအနေဖြင့် အင်္ဂလိပ်ဘာသာစကား၊ နည်းပညာ၊ စည်းကမ်းလိုက်နာမှုနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု (Team Work) 

တို့ကို တိုးတက်အောင် လေ့ကျင့်ဆောင်ရွက်ရမည်။ ရေယာဉ်ပေါ်၌ အလုပ်လုပ်ရာတွင် မိမိတစ်ဦးတည်းသာမက အဖွဲ့လိုက်ညီညွတ်မှု (The Power of Unity) သည် အရေးကြီးသဖြင့် အပြန်အလှန်နားလည်မှုနှင့် တာဝန်ယူမှုရှိစေရန် လိုအပ်သည်။ 

ထို့ပြင်  ရေကြောင်းလူငယ်များသည် မိမိတို့၏အိပ်မက်များကို မလျှော့မပေါ့ဘဲ အားစိုက်ကာ အခက်အခဲများ၊ ပင်ပန်းမှုများရှိနိုင်သော်လည်း   အနာဂတ်ကိုရည်မှန်းပြီး ကြိုးစားသွားပါက နိုင်ငံတော်အတွက် အကျိုးရှိစေမည့်ကြယ်ပွင့်များအဖြစ် ထွန်းလင်းလာနိုင်မည်ဖြစ်သည်။ ရေကြောင်းလူငယ်များသည် ရေယာဉ်ပေါ်တွင် တာဝန်ထမ်းဆောင်ရန်သာမက အဖွဲ့လိုက်ပူးပေါင်း ဆောင်ရွက်နိုင်သော စိတ်ဓာတ်ကိုလည်း တည်ဆောက်ရမည်ဖြစ်ပြီး အပြန်အလှန်ကူညီမှု၊ စည်းကမ်းတကျ လေ့ကျင့်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်တို့ကို လေ့လာသင်ယူခြင်းသည် အနာဂတ်တွင် နိုင်ငံတော်၏ရေကြောင်း အခန်းကဏ္ဍ အောင်မြင်နိုင်စေရေး အထောက်အကူဖြစ်စေသည်။ ရေကြောင်းဆိုင်ရာ ပညာရပ်များနှင့် ရာသီဥတုအခြေအနေတို့ကို စနစ်တကျလေ့လာသင်ယူခြင်းအားဖြင့် လူငယ်များ၏အရည်အချင်းများ  ပိုမိုတိုးတက်လာမည်ဖြစ်သည်။ ရေကြောင်းလူငယ်များအတွက် အရေးကြီးဆုံးအချက်မှာ ညီညွတ်မှုနှင့် အပြန်အလှန်လေးစားမှုဖြစ်သည်။ 

လူငယ်ဟူသည် စူးစမ်းလိုစိတ်ရှိခြင်း၊ ဖျတ်လတ်တက်ကြွခြင်း၊ အရာရာကိုတီထွင်ဖန်တီးလိုစိတ်ရှိခြင်း၊ အမှန်တရားကို မြတ်နိုးခြင်းစသော ဂုဏ်သတ္တိများရှိသကဲ့သို့ မှန်ကန်သောအတွေးအခေါ်နှင့် တိုင်းပြည်နှင့်  လူမျိုးအပေါ်ချစ်မြတ်နိုးရန်လည်း လိုအပ်သည်။ ထို့ပြင်  လူငယ်များသည် အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက် အားကိုးရမည့်   အခြေခံကာကွယ်ရေး အင်အားစုများဖြစ်ပြီး   လူငယ်များ၏ စွမ်းဆောင်နိုင်မှုသည်    နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကကျပေသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အင်အားနှင့် စွမ်းရည်မရှိပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည်  ရေရှည်မတည်တံ့နိုင်သောကြောင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် လူငယ်များ၏ တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုများသည် လွန်စွာအရေးပါသည်။ 

မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ  အဓွန့်ရှည်ရပ်တည်နိုင်ရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ အလေးထားပြုစု ပျိုးထောင်လျက်ရှိသည်။

ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်းများကို ရေကြောင်းပညာရပ်များနှင့် ရေကြောင်းသွားလာရေးဆိုင်ရာ အတတ်ပညာများအား လူငယ်လူရွယ်များ စိတ်ပါဝင်စားလာပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေး အခန်းကဏ္ဍသည် အရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းချိန်ပြင်ပဖြစ်သော ကိုယ်ပိုင်အချိန်ကို အလဟဿမဖြစ်စေဘဲ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ပြီး မိမိဝါသနာပါရာပညာ

ရပ်ကို တစိုက်မတ်မတ် လေ့လာလေ့ကျင့်နိုင်စေရန်၊ နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အသိပညာ၊ အတတ်ပညာများ တိုးပွားလာပြီး   အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်နှင့် တိုင်းပြည်အတွက် အရေးပေါ်ကာလများတွင် လူငယ်လူရွယ်များကို နိုင်ငံတော်ကာကွယ်ရေး အရန်အင်အားများအဖြစ်   အားကိုးအားထားပြုနိုင်ရန် ရည်ရွယ်သည်။ 

ရေကြောင်းလူငယ်သင်တန်းတစ်ခုတွင် သင်ကြားရသည့်   ဘာသာရပ်များမှာ စစ်ရေးပြ၊ တပ်မတော်(ရေ)သမိုင်း၊ နက္ခတ္တဗေဒဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ ရေတပ်အချက်ပြဆက်သွယ်ရေး ဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရား၊ GPS ၊ Radar နှင့် အီလက်ထရောနစ် ဆက်သွယ်ရေးအပါအဝင် ရေကြောင်းသွားလာရေး ဘာသာရပ်၊ ရေကူး၊ လှေလှော်ရွက်တိုက် စသည်ဖြင့် သင်ကြားပြသပေးသည်။ သင်တန်းသို့တက်ရောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်စေခြင်း၊ လူငယ်များပူးပေါင်း ဆောင်ရွက်တတ်စေခြင်း၊ အမိန့်နာခံမှုကောင်းခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းတို့အပြင် စစ်ရေယာဉ်များ၏စွမ်းရည်၊ တာဝန်ထမ်းဆောင်ပုံနှင့် ရေတပ်ဆိုင်ရာ အခေါ်အဝေါ်များကို နားလည်သဘောပေါက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။  ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့် သာမန်ကျောင်းသားလူငယ်များ၊ သင်ယူလေ့လာရန်ခက်ခဲပြီး အခွင့်အလမ်းနည်းပါးသည့် ရေကူးဘာသာရပ်နှင့် လှေလှော်ရွက်တိုက် ဘာသာရပ်များကို သင်ကြားရသဖြင့် ရေနှင့်ရင်းနှီးကျွမ်းဝင်ကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းခြင်း၊ သက်လုံကောင်းခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းတို့အပြင် နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဖြစ်သည်။ 

ထို့ပြင် ရေတပ်သားဘာသာရပ်ကို သင်ကြားခြင်းဖြင့် ရေယာဉ်များ၏ အရာ၀တ္ထု၊ အသုံးအဆောင်၊ ပစ္စည်းသုံးစွဲပုံ စသည်တို့ကို သီးခြားသတ်မှတ်ခေါ်ဆိုသော ရေကြောင်းဆိုင်ရာဝေါဟာရများ၊ ကြိုးချည်ကြိုးထိုးနည်းများ၊ အဝေးကြည့်ကင်း တာဝန်ထမ်းဆောင်ခြင်း၊ ရေတိုင်းခြင်း စသော ရေတပ်သားတစ်ဦး  အခြေခံသိရှိသင့်သည့် လုပ်ငန်းတာဝန်ပညာရပ်များကို သိရှိနားလည်နိုင်မည်ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဘာသာစကား ကွဲပြားခြားနားသော်လည်း   ရေတပ်သားအချက်ပြ ဆက်သွယ်ရေးဘာသာရပ်ကို သင်ကြားခြင်းဖြင့် ပင်လယ်ပြင်တွင် ရေယာဉ်တစ်စင်းနှင့် တစ်စင်း အလံတင်/ချ ဆက်သွယ်နည်း၊ မျက်မြင်အချက်ပြဆက်သွယ်နည်းများဖြင့်ဆက်သွယ်နိုင်မည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်း တက်ရောက်ပြီးသည့်အခါ အချို့သောလူငယ်များ အနေဖြင့် သင်တန်းမှရရှိလာသော အတွေ့အကြုံများနှင့် စိတ်ဓာတ်များကိုအခြေခံ၍ အနာဂတ်တပ်မတော်(ရေ)တွင် အမှုထမ်းရန်၊ မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများတွင် ပါဝင်ရန် သို့မဟုတ်  နိုင်ငံတကာကုန်သွယ် ရေယာဉ်များတွင် အမှုထမ်းရန် ဆုံးဖြတ်ချက်ချနိုင်ကြမည်ဖြစ်သည်။  ခေတ်မီဖွံ့ဖြိုးတိုးတက်သော   နိုင်ငံတော်သစ်တည်

ဆောက်ရေးတွင် အရေးပါသည့် ပြည်တွင်း၊ ပြည်ပရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ပင်လယ်ပြင်သယံဇာတများ ရှာဖွေဖော်ထုတ်အသုံးချရေး၊   ပင်လယ်ပြင်ဂေဟစနစ်များ ပျက်စီးမှုမရှိစေရန်    ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရေလမ်းကြောင်းများကို စနစ်တကျအသုံးပြုရေးလုပ်ငန်းများ   အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့လူငယ်များသည် အနာဂတ်ရေကြောင်းဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်အင်အားစုများအဖြစ်   ကျရာအခန်းကဏ္ဍ အသီးသီးမှ  ပခုံးပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့သည် ပထဝီအနေအထားအရ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတို့တွင် အလွန်အချက်အချာ ကျသည်။ 

မြန်မာ့ပင်လယ်ပြင်မှ အဖိုးထိုက်အဖိုးတန် ရေပေါ်ရေအောက် သယံဇာတများ ထုတ်ယူသုံးစွဲလျက်ရှိရာ နိုင်ငံ၏အမျိုးသား အကျိုးစီးပွားကို များစွာပံ့ပိုးပေးလျက်ရှိသည်။ ရေကြောင်းအကျိုးစီးပွားအပေါ် အခြေပြုတည်ဆောက်သွားကြသည့် နိုင်ငံအားလုံးတို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်ကြသည်ချည်းဖြစ်သည်။ ထို့ကြောင့်   မြန်မာ့ပင်လယ်ပြင်သည် မြန်မာနိုင်ငံ၏အနာဂတ်ဖြစ်သည်ဟု ဆိုနိုင်သည်။ 

တပ်မတော်(ရေ)သည်  နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရမည်၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည် ဟူသော ရည်မှန်းချက်တာဝန်များ ချမှတ်ပြီး သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) ဖြစ်စေရန် မျှော်မှန်းတည်ဆောက်လျက်ရှိပြီး ဝေဟင်စစ်ဆင်ရေး၊ ရေပြင်စစ်ဆင်ရေး၊ ရေအောက်ရန်ကာကွယ်မှု စစ်ဆင်ရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေး   စသည့် စစ်ဆင်မှုနယ်ပယ်လေးရပ်ကို စစ်ဆင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များနှင့် ရေငုပ်သင်္ဘောစစ်ရေယာဉ်များကို     ပိုင်ဆိုင်ထားရှိပြီးဖြစ်ရာ   ဒေသတွင်း ရေတပ်များနှင့်  ရင်ပေါင်တန်းနိုင်ပြီး   မြန်မာ့ပင်လယ်ပြင်ကို  ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။ 

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေကြောင်းအကျိုးစီးပွား (National Interests)နှင့် ရေကြောင်းစွမ်းအား (Sea Power) သည် ရေတပ်စွမ်းအား တစ်ခုတည်းအပေါ် မှီတည်နေသည်မဟုတ်ဘဲ ပြည်သူလူထု၏ ရေကြောင်းဆိုင်ရာ အသိပညာရှိမှု၊ ပင်လယ်ရေကြောင်းအပေါ် အာရုံစိုက် အလေးထားနိုင်မှုနှင့်   ရေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု   စသည့်အချက်များအပေါ် မူတည်နေသည်။ အရာရာကိုစူးစမ်း လေ့လာလိုစိတ်ရှိသော၊ နိုးကြားတက်ကြွသော လူငယ်များ၏ ရေကြောင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူ အားထုတ်မှုအပေါ်တွင် များစွာတည်မှီသည်။ ထို့ကြောင့် အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်(ရေ)အတွက်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ရေကြောင်းလူငယ်သင်တန်းများတွင် ပင်လယ်ရေကြောင်းဆိုင်ရာ ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်ပြီး ရေကြောင်းအသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများ ပြည့်စုံနေစေရန် ရေကြောင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့်    အတွေ့အကြုံများ သင်ကြားဖြန့်ဝေ  လက်ဆင့်ကမ်းအမွေပေးလျက်ရှိသည်။              

ရေကြောင်းလူငယ်များအနေဖြင့် မိမိတို့၏အိပ်မက်ကို အကောင်အထည်ဖော်ရန် အခက်အခဲများကို   မကြောက်မရွံ့ဘဲ ကြိုးစားရမည်ဖြစ်သည်။ ပင်လယ်ရေပြင်တွင်    ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အသိပညာ၊ အတတ်ပညာနှင့် လက်ရုံးရည်၊ နှလုံးရည် နှစ်ခုလုံးကိုပြည့်စုံအောင် လေ့ကျင့်ရမည်ဖြစ်သည်။

ထိုသို့ကြိုးစားသော လူငယ်မောင်မယ်များသည် အနာဂတ်တွင် တောက်ပသောကြယ်ပွင့်များအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည့် ရေကြောင်းလူငယ်များဖြစ်လာစေရန် အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးစားကြရမည်ဖြစ်သည်။ မြန်မာပြည်အနှံ့မှရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံကြရမည်ဖြစ်ရာ အသိမိတ်ဆွေများ တိုးပွားလာမည့်အပြင် သက်ဆိုင်ရာဒေသ အသီးသီး၏ ဒေသန္တရဗဟုသုတများလည်း ရရှိကြမည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်း တက်ရောက်လျက်ရှိသည့် လူငယ်မောင်မယ်များသည် အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် နိုင်ငံတော်က အားထားရသည့် ရေကြောင်းဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် လည်းကောင်း၊ အနာဂတ်တပ်မတော်(ရေ)၏ မျိုးဆက်သစ်လူငယ်များအဖြစ် လည်းကောင်း မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် နိုင်ငံ့ရတနာအနာဂတ်ကြယ်ပွင့်များအဖြစ်လည်းကောင်း မြင်တွေ့ကြရမည်ဖြစ်သည်။ 

နိုင်ငံတော်အကြီးအကဲများကလည်း အနာဂတ်အတွက် လူငယ်များ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း သိရှိနားလည်သဖြင့်  ရေကြောင်းလူငယ်မောင်မယ်များကို လက်ခံတွေ့ဆုံအားပေးစကားပြောကြားခြင်း၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းတို့ကို အရေးတယူဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် လူငယ်များကို အလေးအနက်ထားသည်မှာလည်း သိသာထင်ရှားလှသည်။ နိုင်ငံတော်အကြီးအကဲများ၏ အားပေးချီးမြှင့်လမ်းညွှန်မှုများကြောင့် သင်ထောက်ကူပစ္စည်းများစုံလင်စွာ ဘာသာရပ်များကို သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူ  အရာရှိ၊ နည်းပြများမှ စနစ်တကျသင်ကြားပြသပေးပြီး နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ဆေးအကာအကွယ်ပေးရေးကအစ စနစ်တကျလိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် ရေကြောင်းလူငယ်မောင်မယ်များအပေါ် နိုင်ငံတော်အနေဖြင့် မည်မျှအလေးအနက်ထားကြောင်းကို သိနိုင်သည်။ 

ယနေ့နိုင်ငံတော်တာဝန်ထမ်းဆောင်နေကြသူများမှာ တစ်ချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များပင်ဖြစ်သည်။ 

လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်အတွက် ထပ်လောင်းပေါင်းစည်း တိုးပွားလာမည့် လူသားအရင်းအမြစ်များပင်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ တစ်ဟုန်ထိုးပြောင်းလဲတိုးတက်လျက်ရှိရာ ခေတ်နှင့်လိုက်လျောညီထွေစွာ မိမိတို့အပေါ် ကျရောက်လာမည့် နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ယခုကတည်းက ပြင်ဆင်ကြိုးစားသွားကြရန်    လိုအပ်သည်။

မြန်မာနိုင်ငံတော်နှင့် မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်(ရေ)အနေဖြင့်လည်း    မျိုးဆက်သစ်လူငယ်များအား  လက်ဆင့်ကမ်းအမွေ ပခုံးပြောင်းတာဝန် လွှဲပြောင်းပေးရမည်ဖြစ်သည်။ သို့ဖြစ်၍ ရေကြောင်းလူငယ်သင်တန်းသည် ယနေ့ခေတ်ရေကြောင်းပညာကို စိတ်ဝင်စားသော    လူငယ်တစ်ဦးအား မနက်ဖြန်၏ အနာဂတ်ကြယ်ပွင့်ဖြစ်လာစေရန် ပျိုးထောင်ပေးသော ပျိုးခင်းကောင်းတစ်ခုပင်ဖြစ်ပေသည်။ ထို့ကြောင့် ယခုနှစ်ဖွင့်လှစ်မည့် ရေကြောင်းလူငယ်စခန်းများတွင် သင်တန်းတက်ရောက်ကြမည့် ရေကြောင်းလူငယ်မောင်မယ်များသည် တပ်မတော်(ရေ) မျိုးဆက်သစ်များအဖြစ်လည်းကောင်း၊ အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့်  အားတစ်ခုအဖြစ်လည်းကောင်း၊ မြန်မာ့ပင်လယ်ပြင်ထက်တွင် လင်းလက်တည်ရှိလာမည့်   ကြယ်ပွင့်များအဖြစ်လည်းကောင်း ရေကြောင်း လူငယ်မှစချီ အနာဂတ်ကြယ်ပွင့်များဆီသို့ဟူ၍ ဂုဏ်ပြုရေးသား လိုက်ရပါသည်။     ။

MDN

ဝိဓူရ(သန်လျင်)

၂၁ ရာစု မြန်မာလူငယ်နှင့် စစ်မှန်သောမျိုးချစ်စိတ်
-
၂၁ ရာစု၏ဒစ်ဂျစ်တယ်နည်းပညာနှင့် ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေး အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းထဲတွင် “လူငယ်နှင့် မျိုးချစ်စိတ်”ဟူသော ဝေါဟာရသည် ယခင်ကထက် ပိုမိုလေးနက်ပြီး ဆန်းသစ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့် အသက်ဝင်လာခဲ့သည်။ ယနေ့ခေတ်လူငယ်များအတွက် မျိုးချစ်စိတ်ဆိုသည်မှာ သမိုင်းဟောင်းများကဲ့သို့လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းထက် ပိုမိုကျယ်ပြန့်ပြီး အပြုသဘောဆောင်သည့် “နိုင်ငံတော်တည်ဆောက်ရေး”ကဏ္ဍသို့ သိသိသာသာ ဦးတည်ပြောင်းလဲလာနေပြီဖြစ်သည်။ ခေတ်သစ်မျိုးချစ်စိတ်ဓာတ်သည် တိုက်ခိုက်ဖျက်ဆီးခြင်းထက် “တည်ဆောက်ခြင်းနှင့် ဖန်တီးခြင်း”ကို ရှေ့တန်းတင်ထားသည်။ လူငယ်တစ်ဦးသည် မိမိ၏အရည်အချင်း(Skill-based Contribution) ကို အသုံးချကာ လူ့အဖွဲ့အစည်း၏အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ စီးပွားရေးအရ အင်အားတောင့်တင်းအောင်ကြိုးစားခြင်းနှင့် ကမ္ဘာ့အဆင့်မီ ပညာရပ်ကိုဆည်းပူးကာ မိမိနိုင်ငံ၏ပုံရိပ်ကိုမြှင့်တင်ခြင်းတို့သည် ခေတ်မီသောနိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များပင်ဖြစ်သည်။ ထို့ကြောင့် ၂၁ ရာစု လူငယ်တစ်ဦး၏ မျိုးချစ်စိတ်သည် စိတ်လှုပ်ရှားမှုသက်သက်(Emotion)မဟုတ်ဘဲ နိုင်ငံတော်ကို အဘက်ဘက်မှ တိုးတက်ခိုင်မာလာစေရန် ဉာဏ်ပညာနှင့်လုပ်အားကို ပေါင်းစပ်အသုံးချသည့် “လက်တွေ့ကျသော အမျိုးသားရေးတာဝန်”တစ်ရပ်အဖြစ် အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။ခေတ်မီပညာရေးဖြင့် နိုင်ငံကိုမြှင့်တင်ခြင်းယနေ့ခေတ်သည် ဗဟုသုတနှင့် အတတ်ပညာများအရှိန်အဟုန်ဖြင့် ထွန်းကားနေသော “ပညာခေတ်”ဖြစ်သည်နှင့်အညီ အရည်အချင်းပြည့်ဝသည့် ပညာတတ်လူငယ်များပေါများခြင်းသည် နိုင်ငံတော်၏ အားကိုးရဆုံးသော အင်အားပင်ဖြစ်သည်။ မျိုးချစ်စိတ်ရှိသော လူငယ်တစ်ဦးသည် မိမိ၏ပညာရည်မြင့်မားရေးကို ကိုယ်ပိုင်အောင်မြင်မှုသက်သက်အဖြစ် မရှုမြင်ဘဲ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သောရေရှည်ရင်းနှီးမြှုပ်နှံမှု (Human Capital Investment)တစ်ခုအဖြစ်ခံယူရမည်။ မိမိတတ်မြောက်ထားသော နည်းပညာ၊ ဆေးပညာ၊ အင်ဂျင်နီယာ အတတ်ပညာ သို့မဟုတ် အနုပညာစသည့်ပညာရပ်များဖြင့် မိမိနိုင်ငံသားများ၏လူမှုစီးပွားဘဝကို လက်တွေ့ကျကျမြှင့်တင်ပေးခြင်းသည် စိတ်ကူးယဉ်မှုထက်သာလွန်သည့်အဆင့်မြင့်သော မျိုးချစ်စိတ်ပင်ဖြစ်သည်။ထို့ပြင် ခေတ်သစ်လူငယ်တစ်ဦးသည် မိမိ၏ ဒေသတွင်းအခြေအနေ၌သာ နစ်မွန်းမနေဘဲ ကမ္ဘာ့အခြေအနေနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြည်မပြတ်လေ့လာနားလည်နေရမည်။မိမိနိုင်ငံ၏အားသာချက်နှင့် အားနည်းချက်များကို ကမ္ဘာ့စံနှုန်းများနှင့်ယှဉ်ထိုးကြည့်ရှုပြီး မိမိနိုင်ငံကို မည်သည့်လမ်းကြောင်းဖြင့် တိုးတက်အောင် လုပ်ဆောင်ရမည်နည်းဆိုသော ခိုင်မာသည့် Vision (မျှော်မှန်းချက်)ရှိခြင်းသည် နိုင်ငံတော်ကိုအနာဂတ်တွင် ဦးဆောင်မည့် ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းပင်ဖြစ်သည်။ အသိပညာကိုအခြေခံသည့် ထိုမျှော်မှန်းချက်များကသာ နိုင်ငံတော်ကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်စေမည်ဖြစ်သည်။ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှုပေါင်းစပ်ခြင်းလူငယ်များသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ရှေးဟောင်းပုံစံခွက်ထဲ၌သာ ပိတ်လှောင်ထားရမည့် အရာတစ်ခုအဖြစ်မရှုမြင်ဘဲ ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ်တီထွင်ကာ ဖော်ဆောင်တတ်သည့် “ယဉ်ကျေးမှု သံတမန်များ”ဖြစ်ရန် လိုအပ်သည်။ မိမိနိုင်ငံ၏ထူးခြားလှသောအစားအစာများ၊ လက်ရာမြောက်လှသော ရိုးရာအဝတ်အထည်များနှင့်ချစ်စဖွယ် ဓလေ့ထုံးတမ်းများကို လူမှုကွန်ရက်စာမျက်နှာ(Digital Platform)များမှတစ်ဆင့် တီထွင်ဖန်တီးမှုရှိသော Content များအဖြစ် ပြောင်းလဲကာ ကမ္ဘာကသိအောင်ချပြခြင်းသည် ခေတ်သစ်နည်းပညာကိုအသုံးပြု၍ မျိုးချစ်စိတ်ကို လက်တွေ့ကျကျဖော်ပြခြင်းပင်ဖြစ်သည်။အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း(Globaliza-tion)ခေတ်ကြီးတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် အခြားသော နိုင်ငံခြားဘာသာ စကားများကို သင်ယူဆည်းပူးရမည် ဖြစ်သော်လည်း မိမိတို့၏ဖြစ်တည်မှု အစဖြစ်သော မိခင်ဘာသာစကားကိုမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် စာပေနှင့် ဘာသာစကားအပေါ်ထားရှိသော အလေးနက်ဆုံးသောတန်ဖိုးထားမှုဖြစ်သကဲ့သို့ အမျိုးသားရေး လက္ခဏာကိုကာကွယ်ခြင်းလည်း ဖြစ်သည်။ မိမိတို့၏ အနုပညာနှင့်ဘာသာစကားကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်၍ တန်ဖိုးမြှင့်တင်နိုင်ခြင်းသည်သာ နိုင်ငံတော်၏ “နူးညံ့သော အင်အား(Soft Power)”ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။လူမှုရေးတာဝန်သိခြင်းစစ်မှန်သော နိုင်ငံချစ်စိတ်ရှိသည့်လူငယ်တစ်ဦးသည် မိမိကိုယ်ကျိုးထက် မိမိပတ်ဝန်းကျင်နှင့်လူ့အဖွဲ့အစည်းအပေါ် စာနာထောက်ထားမှု (Empathy)အပြည့်ရှိသူဖြစ်ရမည်။ မျိုးချစ်စိတ်ဆိုသည်မှာ စိတ်ကူးယဉ်အယူအဆသက်သက်မဟုတ်ဘဲ မိမိပတ်ဝန်းကျင်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် စေတနာ့ဝန်ထမ်း(Volunteer) လုပ်ငန်းများတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်သည့် စိမ်းလန်းသောလှုပ်ရှားမှုများ၊ နွမ်းပါးသည့်ကလေးငယ်များအတွက် ပညာဒါနပြုခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် ကိုယ်ကျိုးစွန့်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ခြင်းတို့သည် နိုင်ငံတော်ကိုလက်တွေ့ကျကျ ချစ်မြတ်နိုးခြင်း၏ ပြယုဂ်များပင်ဖြစ်သည်။ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာတွင် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်းသည်လည်း အရေးကြီးသော မျိုးချစ်စိတ်တစ်ရပ်ပင်ဖြစ်သည်။ မိမိနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲ သံသယပွားစေမည့် မဟုတ်မမှန်သတင်းများကို ဆင်ခြင်တုံတရားမဲ့စွာ မဖြန့်ဝေဘဲ အချက်အလက်အမှန်များဖြင့် စနစ်တကျ ခုခံကာကွယ်ခြင်းသည် လူမှုအဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးပါသည်။ အွန်လိုင်းပေါ်တွင် အမုန်းတရားများကို မျိုးစေ့မချဘဲ အမှန်တရားနှင့်အပြုသဘောဆောင်သော ဆွေးနွေးမှုများဘက်မှ ခိုင်ခိုင်မာမာရပ်တည်ခြင်းဖြင့်သာ စည်းလုံးညီညွတ်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။စီးပွားရေးအရ အားပေးကူညီခြင်း“ပြည်တွင်းဖြစ်ကို အားပေးပါ”ဟူသော စကားရပ်သည် ကြွေးကြော်သံမျှသာမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းပေးသည့် အလွန်ထိရောက်သော မျိုးချစ်စိတ်ဓာတ်ပြယုဂ်တစ်ခုဖြစ်သည်။ မိမိနိုင်ငံအတွင်းရှိ ဒေသတွင်းလုပ်ငန်းငယ်များ(Local Business)ကို အစဉ်တစိုက် ပံ့ပိုးကူညီခြင်းနှင့် ပြည်တွင်းထုတ်ကုန်များကို ဂုဏ်ယူစွာသုံးစွဲခြင်းသည် နိုင်ငံခြားသုံးငွေစီးဆင်းမှုကိုဟန့်တားပေးရုံသာမက မိမိနိုင်ငံ၏စီးပွားရေးသံသရာကို အရှိန်အဟုန်ဖြင့် လည်ပတ်စေကာ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍကို ပိုမိုခိုင်မာတောင့်တင်းစေသည်။ထို့ပြင် လူငယ်များအနေဖြင့် စွမ်းဆောင်ရှင်စိတ်ဓာတ်(Entrepreneurship)ကို အရင်းခံကာ မိမိနိုင်ငံ၏သယံဇာတနှင့် အရင်းအမြစ်များကို အခြေခံသည့်လုပ်ငန်းသစ်များ ဖန်တီးလာခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးပါသော အပြောင်းအလဲတစ်ခုဖြစ်သည်။ မိမိတို့ကိုယ်တိုင် လုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံသူများဖြစ်လာပြီး အလုပ်အကိုင်အခွင့် အလမ်းသစ်များစွာကို ဖန်တီးပေးနိုင်ခြင်းဖြင့် အရည်အချင်းရှိသောလူငယ်များ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှုကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ မိမိနိုင်ငံသားများ၏ လုပ်အားနှင့်တီထွင်မှုများကို အပြန်အလှန်ယုံကြည်အား ပေးခြင်းဖြင့်သာ စီးပွားရေးအရ အမှီအခိုကင်းပြီး ဝင့်ထည်ခံ့ညားသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။“ခေတ်မီရမည်၊ ကမ္ဘာကိုကြည့်ရမည်၊ သို့သော် မိမိမြေကို မမေ့ရ”ဟူသော ခံယူချက်သည် ယနေ့ခေတ်လူငယ်များ ဆုပ်ကိုင်ရမည့် အခြေခံမူဝါဒပင်ဖြစ်သည်။ လူငယ်တစ်ဦးအနေဖြင့် မိမိ၏အရည်အချင်းကိုမြှင့်တင်ခြင်း၊ ဗဟုသုတရှာမှီးခြင်းနှင့် မိမိကိုယ်ကိုတိုးတက်အောင် ကြိုးစားနေခြင်းသည် ပုဂ္ဂိုလ်ရေးအောင်မြင်မှုသက်သက်မဟုတ်ဘဲ နိုင်ငံတော်၏အင်အားကို တစ်ဖက်တစ်လမ်းမှတစ်တပ်တစ်အား တည်ဆောက်နေခြင်းဖြစ်ကြောင်း လေးနက်စွာ နားလည်ထားရန် လိုအပ်သည်။စစ်မှန်သည့် မျိုးချစ်စိတ်ဆိုသည်မှာ အခြားသူများ သို့မဟုတ် အခြားသောအယူအဆများကို မုန်းတီးတိုက်ခိုက်ခြင်းမဟုတ်ဘဲ မိမိနိုင်ငံသားအချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ စာနာနားလည်မှုနှင့် မိမိနိုင်ငံကို ယခင်ထက် ပိုမိုတိုးတက်စေလိုသော စိတ်ဆန္ဒအမှန်သာဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိတို့၏ရင်ထဲမှ အားကောင်းသော မျိုးချစ်စိတ်ဓာတ်ကို လက်တွေ့ကျသောလုပ်ဆောင်ချက်များဖြင့်ပေါင်းစပ်၍ မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်ပြီး သာယာဝပြောသော နိုင်ငံအဖြစ်သို့ အတူတကွ တည်ဆောက်ကြပါစို့ဟု ရည်ရွယ်ရေးသားလိုက်ရပါသည်။ ။ MWD

၂၁ ရာစု၏ဒစ်ဂျစ်တယ်နည်းပညာနှင့် ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေး   အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းထဲတွင် “လူငယ်နှင့် မျိုးချစ်စိတ်ဟူသော ဝေါဟာရသည် ယခင်ကထက် ပိုမိုလေးနက်ပြီး ဆန်းသစ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့်   အသက်ဝင်လာခဲ့သည်။ ယနေ့ခေတ်လူငယ်များအတွက် မျိုးချစ်စိတ်ဆိုသည်မှာ သမိုင်းဟောင်းများကဲ့သို့လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းထက် ပိုမိုကျယ်ပြန့်ပြီး အပြုသဘောဆောင်သည့် “နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍသို့ သိသိသာသာ  ဦးတည်ပြောင်းလဲလာနေပြီဖြစ်သည်။ ခေတ်သစ်မျိုးချစ်စိတ်ဓာတ်သည်   တိုက်ခိုက်ဖျက်ဆီးခြင်းထက် “တည်ဆောက်ခြင်းနှင့် ဖန်တီးခြင်းကို ရှေ့တန်းတင်ထားသည်။ လူငယ်တစ်ဦးသည် မိမိ၏အရည်အချင်း(Skill-based Contribution) ကို အသုံးချကာ လူ့အဖွဲ့အစည်း၏အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ စီးပွားရေးအရ အင်အားတောင့်တင်းအောင်ကြိုးစားခြင်းနှင့်   ကမ္ဘာ့အဆင့်မီ ပညာရပ်ကိုဆည်းပူးကာ မိမိနိုင်ငံ၏ပုံရိပ်ကိုမြှင့်တင်ခြင်း

တို့သည် ခေတ်မီသောနိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များပင်ဖြစ်သည်။ ထို့ကြောင့် ၂၁ ရာစု လူငယ်တစ်ဦး၏ မျိုးချစ်စိတ်သည် စိတ်လှုပ်ရှားမှုသက်သက်(Emotion)မဟုတ်ဘဲ   နိုင်ငံတော်ကို အဘက်ဘက်မှ    တိုးတက်ခိုင်မာလာစေရန် ဉာဏ်ပညာနှင့်လုပ်အားကို ပေါင်းစပ်အသုံးချသည့် “လက်တွေ့ကျသော အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။

ခေတ်မီပညာရေးဖြင့် နိုင်ငံကိုမြှင့်တင်ခြင်း

ယနေ့ခေတ်သည်  ဗဟုသုတနှင့် အတတ်ပညာများအရှိန်အဟုန်ဖြင့် ထွန်းကားနေသော “ပညာခေတ်ဖြစ်သည်နှင့်အညီ အရည်အချင်းပြည့်ဝသည့် ပညာတတ်လူငယ်များပေါများခြင်းသည် နိုင်ငံတော်၏ အားကိုးရဆုံးသော အင်အားပင်ဖြစ်သည်။ မျိုးချစ်

စိတ်ရှိသော လူငယ်တစ်ဦးသည်  မိမိ၏ပညာရည်မြင့်မားရေးကို   ကိုယ်ပိုင်အောင်မြင်မှုသက်သက်အဖြစ် မရှုမြင်ဘဲ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သောရေရှည်ရင်းနှီးမြှုပ်နှံမှု (Human Capital Investment)တစ်ခုအဖြစ်ခံယူရမည်။ မိမိတတ်မြောက်ထားသော နည်းပညာ၊ ဆေးပညာ၊ အင်ဂျင်နီယာ အတတ်ပညာ သို့မဟုတ် အနုပညာစသည့်ပညာရပ်များဖြင့်  မိမိနိုင်ငံသားများ၏လူမှုစီးပွားဘဝကို လက်တွေ့ကျကျမြှင့်တင်ပေးခြင်းသည်   စိတ်ကူးယဉ်မှုထက်သာလွန်သည့်အဆင့်မြင့်သော မျိုးချစ်စိတ်ပင်ဖြစ်သည်။

ထို့ပြင်   ခေတ်သစ်လူငယ်တစ်ဦးသည် မိမိ၏ ဒေသတွင်းအခြေအနေ၌သာ နစ်မွန်းမနေဘဲ ကမ္ဘာ့အခြေအနေနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြည်မပြတ်လေ့လာနားလည်နေရမည်။

မိမိနိုင်ငံ၏အားသာချက်နှင့် အားနည်းချက်များကို ကမ္ဘာ့စံနှုန်းများနှင့်ယှဉ်ထိုးကြည့်ရှုပြီး  မိမိနိုင်ငံကို မည်သည့်လမ်းကြောင်းဖြင့်     တိုးတက်အောင် လုပ်ဆောင်ရမည်နည်းဆိုသော ခိုင်မာသည့် Vision (မျှော်မှန်းချက်)ရှိခြင်းသည် နိုင်ငံတော်ကိုအနာဂတ်တွင် ဦးဆောင်မည့်  ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းပင်ဖြစ်သည်။ အသိပညာကိုအခြေခံသည့်  ထိုမျှော်မှန်းချက်များကသာ နိုင်ငံတော်ကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်စေမည်ဖြစ်သည်။

ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှုပေါင်းစပ်ခြင်း

လူငယ်များသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ရှေးဟောင်းပုံစံခွက်ထဲ၌သာ ပိတ်လှောင်ထားရမည့် အရာတစ်ခုအဖြစ်မရှုမြင်ဘဲ ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ်တီထွင်ကာ ဖော်ဆောင်တတ်သည့် “ယဉ်ကျေးမှု သံတမန်များဖြစ်ရန် လိုအပ်သည်။ 

မိမိနိုင်ငံ၏ထူးခြားလှသောအစားအစာများ၊ လက်ရာမြောက်လှသော   ရိုးရာအဝတ်အထည်များနှင့်ချစ်စဖွယ်  ဓလေ့ထုံးတမ်းများကို  လူမှုကွန်ရက်စာမျက်နှာ(Digital   Platform)များမှတစ်ဆင့် တီထွင်ဖန်တီးမှုရှိသော  Content   များအဖြစ် ပြောင်းလဲကာ  ကမ္ဘာကသိအောင်ချပြခြင်းသည် ခေတ်သစ်နည်းပညာကိုအသုံးပြု၍ မျိုးချစ်စိတ်ကို လက်တွေ့ကျကျဖော်ပြခြင်းပင်ဖြစ်သည်။

အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း(Globaliza-tion)ခေတ်ကြီးတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် အခြားသော နိုင်ငံခြားဘာသာ စကားများကို သင်ယူဆည်းပူးရမည် ဖြစ်သော်လည်း မိမိတို့၏ဖြစ်တည်မှု အစဖြစ်သော မိခင်ဘာသာစကားကိုမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် စာပေနှင့်  ဘာသာစကားအပေါ်ထားရှိသော အလေးနက်ဆုံးသောတန်ဖိုးထားမှုဖြစ်သကဲ့သို့   အမျိုးသားရေး လက္ခဏာကိုကာကွယ်ခြင်းလည်း ဖြစ်သည်။ မိမိတို့၏ အနုပညာနှင့်ဘာသာစကားကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်၍  တန်ဖိုးမြှင့်တင်နိုင်ခြင်းသည်သာ  နိုင်ငံတော်၏ “နူးညံ့သော အင်အား(Soft Power)”ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။

လူမှုရေးတာဝန်သိခြင်း

စစ်မှန်သော နိုင်ငံချစ်စိတ်ရှိသည့်လူငယ်တစ်ဦးသည် မိမိကိုယ်ကျိုးထက်  မိမိပတ်ဝန်းကျင်နှင့်လူ့အဖွဲ့အစည်းအပေါ်    စာနာထောက်ထားမှု (Empathy)အပြည့်ရှိသူဖြစ်ရမည်။   မျိုးချစ်စိတ်ဆိုသည်မှာ   စိတ်ကူးယဉ်အယူအဆသက်သက်မဟုတ်ဘဲ မိမိပတ်ဝန်းကျင်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် စေတနာ့ဝန်ထမ်း(Volunteer) လုပ်ငန်းများတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်သည့် စိမ်းလန်းသောလှုပ်ရှားမှုများ၊ နွမ်းပါးသည့်ကလေးငယ်များအတွက် ပညာဒါနပြုခြင်းနှင့် သဘာဝဘေးအန္တရာယ်များ  ကြုံတွေ့ရချိန်တွင် ကိုယ်ကျိုးစွန့်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ခြင်းတို့သည်  နိုင်ငံတော်ကိုလက်တွေ့ကျကျ ချစ်မြတ်နိုးခြင်း၏ ပြယုဂ်များပင်ဖြစ်သည်။

ယနေ့ခေတ်  ဒစ်ဂျစ်တယ်ကမ္ဘာတွင်  သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်းသည်လည်း အရေးကြီးသော မျိုးချစ်စိတ်တစ်ရပ်ပင်ဖြစ်သည်။   မိမိနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲ သံသယပွားစေမည့် မဟုတ်မမှန်သတင်းများကို ဆင်ခြင်တုံတရားမဲ့စွာ မဖြန့်ဝေဘဲ  အချက်အလက်အမှန်များဖြင့် စနစ်တကျ ခုခံကာကွယ်ခြင်းသည် လူမှုအဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးအတွက်  အလွန်အရေးပါသည်။ အွန်လိုင်းပေါ်တွင် အမုန်းတရားများကို မျိုးစေ့မချဘဲ အမှန်တရားနှင့်အပြုသဘောဆောင်သော ဆွေးနွေးမှုများဘက်မှ   ခိုင်ခိုင်မာမာရပ်တည်ခြင်းဖြင့်သာ စည်းလုံးညီညွတ်သော    နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

စီးပွားရေးအရ အားပေးကူညီခြင်း

ပြည်တွင်းဖြစ်ကို အားပေးပါဟူသော စကားရပ်သည် ကြွေးကြော်သံမျှသာမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းပေးသည့် အလွန်ထိရောက်သော   မျိုးချစ်စိတ်ဓာတ်ပြယုဂ်တစ်ခုဖြစ်သည်။  မိမိနိုင်ငံအတွင်းရှိ  ဒေသတွင်းလုပ်ငန်းငယ်များ(Local Business)ကို အစဉ်တစိုက် ပံ့ပိုးကူညီခြင်းနှင့်    ပြည်တွင်းထုတ်ကုန်များကို ဂုဏ်ယူစွာသုံးစွဲခြင်းသည် နိုင်ငံခြားသုံးငွေစီးဆင်းမှုကိုဟန့်တားပေးရုံသာမက  မိမိနိုင်ငံ၏စီးပွားရေးသံသရာကို  အရှိန်အဟုန်ဖြင့်  လည်ပတ်စေကာ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍကို ပိုမိုခိုင်မာတောင့်တင်းစေသည်။

ထို့ပြင်  လူငယ်များအနေဖြင့်  စွမ်းဆောင်ရှင်စိတ်ဓာတ်(Entrepreneurship)ကို အရင်းခံကာ မိမိနိုင်ငံ၏သယံဇာတနှင့် အရင်းအမြစ်များကို အခြေခံသည့်လုပ်ငန်းသစ်များ   ဖန်တီးလာခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးပါသော အပြောင်းအလဲတစ်ခုဖြစ်သည်။ မိမိတို့ကိုယ်တိုင် လုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံသူများဖြစ်လာပြီး အလုပ်အကိုင်အခွင့် အလမ်းသစ်များစွာကို   ဖန်တီးပေးနိုင်ခြင်းဖြင့် အရည်အချင်းရှိသောလူငယ်များ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှုကို   လျှော့ချပေးနိုင်မည်ဖြစ်သည်။   ဤကဲ့သို့  မိမိနိုင်ငံသားများ၏ လုပ်အားနှင့်တီထွင်မှုများကို  အပြန်အလှန်ယုံကြည်အား ပေးခြင်းဖြင့်သာ စီးပွားရေးအရ အမှီအခိုကင်းပြီး   ဝင့်ထည်ခံ့ညားသော  နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ခေတ်မီရမည်၊ ကမ္ဘာကိုကြည့်ရမည်၊ သို့သော် မိမိမြေကို    မမေ့ရဟူသော   ခံယူချက်သည် ယနေ့ခေတ်လူငယ်များ ဆုပ်ကိုင်ရမည့်   အခြေခံမူဝါဒပင်ဖြစ်သည်။ လူငယ်တစ်ဦးအနေဖြင့် မိမိ၏အရည်အချင်းကိုမြှင့်တင်ခြင်း၊ ဗဟုသုတရှာမှီးခြင်းနှင့် မိမိကိုယ်ကိုတိုးတက်အောင်  ကြိုးစားနေခြင်းသည် ပုဂ္ဂိုလ်ရေးအောင်မြင်မှုသက်သက်မဟုတ်ဘဲ  နိုင်ငံတော်၏အင်အားကို    တစ်ဖက်တစ်လမ်းမှတစ်တပ်တစ်အား    တည်ဆောက်နေခြင်းဖြစ်ကြောင်း    လေးနက်စွာ နားလည်ထားရန် လိုအပ်သည်။

စစ်မှန်သည့် မျိုးချစ်စိတ်ဆိုသည်မှာ အခြားသူများ သို့မဟုတ် အခြားသောအယူအဆများကို မုန်းတီးတိုက်ခိုက်ခြင်းမဟုတ်ဘဲ မိမိနိုင်ငံသားအချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ စာနာနားလည်မှုနှင့်  မိမိနိုင်ငံကို   ယခင်ထက် ပိုမိုတိုးတက်စေလိုသော စိတ်ဆန္ဒအမှန်သာဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့်  မိမိတို့၏ရင်ထဲမှ အားကောင်းသော   မျိုးချစ်စိတ်ဓာတ်ကို   လက်တွေ့ကျသောလုပ်ဆောင်ချက်များဖြင့်ပေါင်းစပ်၍    မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်ပြီး သာယာဝပြောသော   နိုင်ငံအဖြစ်သို့  အတူတကွ တည်ဆောက်ကြပါစို့ဟု ရည်ရွယ်ရေးသားလိုက်ရပါသည်။     ။

MWD

နေလင်းသူ

ကြိုးစားကြလေ မောင်တို့မယ်တို့တစ်တွေ
-
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေးသည် အဓိက အခြေခံအချက်ပင်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်များဟု ဆိုရာဝယ် အတတ်ပညာသာမက အသိပညာပါပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းစေဖို့ လွန်စွာအရေးကြီးသည်။ ထိုမှသာ မိမိလူမှုအသိုက်အဝန်းနှင့် မိမိနိုင်ငံတော်ကို အတတ်ပညာဖြင့် တည်ဆောက်နိုင်သလို အသိပညာဖြင့် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်၏။ ယနေ့မျိုးဆက်သစ်လူငယ်များအနေဖြင့် ပညာအသိ၊ ဉာဏ်သတိနှင့်ပြည့်စုံသော သူများဖြစ်စေရေး မလွဲမသွေကြိုးစားကြရမည်သာဖြစ်သည်။ဉာဏ်ပညာကြီးမားသူများထံ ဆည်းကပ်ပါ ယနေ့မျိုးဆက်သစ်လူငယ်များကို ဉာဏ်ပညာနှင့် ပြည့်စုံစေချင်သည်။ ဉာဏ်ပညာချို့တဲ့သည်နှင့် ပျက်စီးမှုများနှင့်သာ ကြုံတွေ့ရစမြဲဖြစ်၏။ ယနေ့ခေတ်အခြေအနေများတွင် ဉာဏ်ပညာချို့တဲ့မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းချက်များဖြစ်ပေါ်ပြီး မိမိမွေးဖွားရာဇာတိဖြစ်သည့် မြို့၊ ရွာမှအစ အမိနိုင်ငံတော်ကို စိတ်လိုလက်ရ ဖျက်ဆီးနေကြသလိုဖြစ်နေသည်။ဉာဏ်ပညာချို့တဲ့မှုအကြောင်းနှင့်စပ်လျဉ်း၍ ဂေါတမမြတ်စွာဘုရားက “ရုက္ခမဓမ္မ”ဇာတ်ကို ဟောတော်မူခဲ့၏။ မြတ်စွာဘုရားရှင်သည် ဘုရား အလောင်းတော်တစ်ဘဝ၌ ရုက္ခစိုးနတ်မင်းဖြစ်တော်မူခဲ့၏။ တစ်နေ့တွင် ဝေဿဝဏ်နတ်မင်းကြီးသည် ဘုမ္မစိုးနတ်အပေါင်းအား သစ်ပင်ကြီး၊ သစ်ပင်ငယ်၊ချုံနွယ်တို့၌ ဗိမာန်များအား နှစ်သက်ရာအရပ်၌ယူစေဟုမိန့်ခဲ့၏။ ထိုအခါ ဘုရားအလောင်းရုက္ခစိုးနတ်မင်းသည် ဟိမဝန္တာတောရှိ အင်ကြင်းတောတွင် ဗိမာန်ပြု၍ နေတော်မူလေသည်။ ဆွေမျိုးနတ်အပေါင်းကိုလည်း လွင်ပြင်၌ရှိသောသစ်ပင်များ၌ ဗိမာန်မပြုကြဖို့၊ အင်ကြင်းတောရှိ ၎င်းနေသော ဗိမာန်ကိုသာခြံရံပြီး ဗိမာန်ယူကြဖို့ တိုက်တွန်းလေ၏။ဘုရားအလောင်းရုက္ခစိုးနတ်မင်း၏စကားအား ပညာရှိနတ်များကနားထောင်ပြီး အင်ကြင်းတောအတွင်း ဗိမာန်ယူကြ၏။ ပညာမရှိသောနတ်များမှာ ရွာ၊ မြို့တို့နှင့်နီးသော လွင်ပြင်များရှိ သစ်ပင်များတွင် ဗိမာန်ယူကြသည်။ ပညာမရှိသောနတ်တို့၏အတွေးမှာ မြို့၊ ရွာများနှင့်နီးစပ်မှသာ လူတို့၏ပူဇော်ခံရမှုများကိုရရှိမည်ဖြစ်ပြီး တော၌နေပါက လူတို့၏ပူဇော်မှုနှင့်ဝေးပြီး လာဘ်လာဘမရနိုင်ဟု တွေးကြခြင်းပင်ဖြစ်သည်။ သည်လိုနှင့်အင်ကြင်းတောကို အမှီပြု၍ ဗိမာန်ယူကြသော နတ်များနှင့် လွင်ပြင်များရှိ သစ်ပင်များကို ဗိမာန်ယူကြသောနတ်များဟူ၍ နှစ်ပိုင်းကွဲခဲ့လေ၏။ ပညာရှိသူနှင့် ပညာမဲ့သူသည် မည်သို့မျှပေါင်းစပ်၍မရ။ ပညာမဲ့သူများကြောင့် စည်းလုံးမှုပြိုကွဲရခြင်းကို ဤဇာတ်တွင် မျက်ဝါးထင်ထင်တွေ့မြင်ရမည်သာဖြစ်သည်။သည်နောက် တစ်ရက်တွင် မိုးကြီးလေကြီးကျလာကုန်၏။ ထိုအင်အားပြင်းသော လေစိုင်ကြီးသည် လွင်ပြင်များရှိ သစ်ပင်ကြီးများမှာ အမြစ်မှစ၍လဲကုန်ကြ၏။ အင်ကြင်းတောရှိ သစ်ပင်များကား တစ်ပင်ယှက်တစ်ပင်နွယ်ကဲ့သို့ပမာဖြစ်နေ၍ မလဲပြိုခဲ့ကြပေ။ ထိုအခါ လွင်ပြင်များရှိသစ်ပင်များကို ဗိမာန်ယူခဲ့သောနတ်များသည် နေစရာကိုးကွယ်စရာမရှိ၍ ကလေးများကိုလက်ဆွဲကာ ဘုရားအလောင်းရုက္ခစိုးနတ်မင်းရှိရာ ဟိမဝန္တာရှိ အင်ကြင်းတောဆီသို့ပြန်လာခဲ့ကြလေသည်။ ထိုအခါ ဘုရားအလောင်းနတ်မင်းသည် ပညာရှိတို့စကားကို မှတ်ယူမှုမရှိကြသူတို့မှာ ဤသို့သောသဘောနှင့်ကြုံရလေ၏ဟု မိန့်တော်မူခဲ့၏။ဤဇာတ်ကိုပမာပြု၍ ထင်ရှားသည့်အချက်သုံးချက်ကို တွေ့မြင်ရမည်သာဖြစ်သည်။ ပထမအချက်မှာ ပညာ၊ ဒုတိယအချက်မှာ ညီညွတ်မှုအား၊ တတိယအချက်မှာ ပညာရှိတို့၏ဆိုဆုံးမစကားကို နာယူမှတ်သားမှုတို့ပင်ဖြစ်၏။ ယနေ့မျိုးဆက်သစ် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး ယနေ့ဤဇာတ်တော်ကိုသိမြင်ပြီး ပျက်စီးခြင်း အကြောင်းတရားများအပေါ် သင်ခန်းစာယူတတ်ကြဖို့လိုသည်။အတတ်ပညာမှသည် အသိပညာသို့ လူငယ်များ၏စိတ်သည် တက်ကြွသည်၊ တုံ့ပြန်မှုမြန်ဆန်သည်၊ စွန့်စားဖန်တီးချင်သော စိတ်ရှိကြသည်။ ၎င်းတို့၏စွန့်စားဖန်တီးလုပ်ကိုင်လိုမှုများသည် တစ်ခါတစ်ရံ ရှေးရိုးရာ၊ မိရိုးဖလာဟူသည့် ရှုထောင့်ကိုပင် ဥပေက္ခာပြုလိုသည့်သဘောကို တွေ့ရတတ်သေး၏။ နည်းပညာတတ်ကျွမ်းမှု၊ နည်းပညာတစ်ခုသင်ကြားရေးတွင် နှောင်းလူကြီးများထက် သာလွန်သည်ကားအမှန်ပင်။ ယနေ့လူငယ်မျိုးဆက်သစ်များတွင် အသိပညာအားနည်းချက်များကို အထင်းသားတွေ့မြင်နေရသည်။ကနဦးမီးမောင်းထိုးပြရလျှင် ယနေ့အကြမ်းဖက်ဖြစ်စဉ်များကိုကြည့်ပါက တွေ့မြင်နိုင်သည်။ လူငယ်များ၏တက်ကြွမှု၊ စွန့်စားလိုမှုများကို ပြည်တွင်းပြည်ပအဖျက်သမားများက အံဝင်ခွင်ကျအသုံးချသွားနိုင်ခြင်းပင်ဖြစ်သည်။ ယနေ့လူငယ်များ၏အသိပညာအားနည်းချက်ကို သိမ်းသွင်းပြီး အတတ်ပညာတတ်ကျွမ်းမှု၊ အတတ်ပညာသင်ကြား တတ်မြောက်လွယ်ကူနိုင်မှုတို့ကို သိမ်းပိုက်သွားခြင်းပင်ဖြစ်သည်။ ထိုသည်မှာ နိုင်ငံတော်၏ ဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်သည်။ ဤဆုံးရှုံးမှုကိုသင်ခန်းစာယူ၍ ယနေ့နိုင်ငံတော်သည် လူငယ်များ၏ အတတ်ပညာ၊ အသိပညာကဏ္ဍနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဦးတည်ချက်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကိုတွေ့မြင်နေရသည်။ အတတ်ပညာသည် လူတော်ကိုဖြစ်စေသည်၊ အသိပညာကား လူကောင်းကို ဖြစ်စေသည်။ အဖွဲ့အစည်းတစ်ခုချင်းမှသည် နိုင်ငံတော်တစ်ရပ် ဖွံ့ဖြိုးတိုးတက်စေရန် လူတော်၊ လူကောင်းများ လိုအပ်သည်။ ထို့အတွက် နိုင်ငံတော်မှ ယနေ့မျိုးဆက်သစ်များအတွက် အတတ်ပညာအတွက် အတန်းပညာ တတ်မြောက်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ဖန် နိုင်ငံတော်၏အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးတွင် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းစေရေး စက်မှုလက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်များကိုပါ တိုးချဲ့ဖွင့်လှစ်၍ အတတ်ပညာကဏ္ဍကို ကြိုးပမ်း အကောင်အထည်ဖော်ပေးလျက်ရှိ၏။ ထို့အတူ လူငယ်အားကစားကဏ္ဍကိုလည်း အားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်။ဆိုရလျှင် ယနေ့မျိုးဆက်သစ် လူငယ်များအတွက် အတတ်ပညာသင်ကြားရေးအတွက် အခွင့်အလမ်းများ အနီးဆုံးတွင်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ အသိပညာ ထွန်းကားရေးအတွက်မူ လူငယ်ဖိုရမ်၊ လူငယ်စာပေပွဲတော်၊ ပြည်ပလေ့လာရေးခရီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကင်းထောက်လူငယ် စသည့်အစီအစဉ်များဖြင့် ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။ စာရေးသူကိုယ်ပိုင် အတွေးနှင့်ဆိုလျှင် အသိပညာ ထွန်းကားရေးအတွက် စာဖတ်အားကောင်းသည့် လူငယ်မျိုးဆက်တစ်ခုဖြစ်စေချင်သည်။ အသက်ဝင်သည့် စာပေစကားဝိုင်းများ၊ လူငယ်ဆွေးနွေးပွဲများကို ဒေသအလိုက် ထိထိရောက်ရောက်ဆောင်ရွက်စေလိုသည်။ ဘာသာရေးကို မြတ်နိုးတန်ဖိုးထားစေခြင်းငှာ ဓမ္မပူဇာပွဲများ ဒေသအလိုက် များများလုပ်စေချင်သည်။ ရပ်ကွက်၊ ကျေးရွာအလိုက် စာကြည့်တိုက်လုပ်ငန်းစဉ်များ လက်တွေ့ကျကျအသက်ဝင်စေလိုသည်။ နွေရာသီကျောင်းပိတ်ရက် အခါများ၌ လက်တွေ့ဆန်သော ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်စေချင်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် အတတ်ပညာ ထူးချွန်စေရန် အတန်းပညာကို တတ်မြောက်နိုင်ရမည်။ အတန်းပညာမှတစ်ဆင့် မြင့်မားသည့်အတတ်ပညာကို ဆင့်ပွားကူးပြောင်းသင်ယူတတ်မြောက်နိုင်မည်။ ထိုမှတစ်ဖန် အတန်းပညာ၊ အတတ်ပညာကိုအခြေခံ၍ အသိပညာကောင်းများကို ပိုင်ဆိုင်နိုင်အောင်ကြိုးစားခွင့်ရရှိကြမည်။ ထိုမှသာ အတတ်ပညာ၊ အသိပညာပြည့်ဝပြီး လူတော်လူကောင်းများအဖြစ်ဖြင့် အမိနိုင်ငံတော်ကို အဓွန့်ရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်နိုင်သည့် မျိုးဆက်များဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။လူငယ်များစူးစမ်းသင့်သည့် ပညာများနှင့်ယနေ့ကမ္ဘာ နိုင်ငံ့အရေး၊ ကမ္ဘာ့အရေးဆိုသည်မှာ ယနေ့လူကြီးများအလုပ်ဟု လူငယ်အများစုက ထင်မှတ်ထားကြသည်။ ဘဝကို ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေကြသူအများစုကို တွေ့မြင်နေရသည်။ အချို့လူငယ်များကား အတွေးလွန်ဘဝင်လေဟပ်ပြီး နိုင်ငံရေးနှင့်နိုင်ငံ့အရေးကိုမကွဲပြားဘဲ တော်လှန်ရေးဟူသော ဝေါဟာရအောက်တွင် ပျက်စီးသွားကြရသည်။ နိုင်ငံအတွက် ရင်လေးစရာတစ်ခုပင်ဖြစ်သည်။ယနေ့ကမ္ဘာသည် ပညာကိုအခြေခံသော ကမ္ဘာ ကြီးဖြစ်နေပြီ။ နိုင်ငံအလိုက် အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ကို ကာကွယ်ရေးလုပ်ငန်းစဉ်သည် မိမိနိုင်ငံစည်းရိုးထဲတွင် မဟုတ်တော့ပေ။ မိတ်ဖက်နိုင်ငံများ၏ စည်းရိုးများထိပါ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်နေကြပေပြီ။ မိတ်ဖက်နိုင်ငံဟုဆိုရာတွင် နယ်နိမိတ်ထိစပ်မှုကို ကျော်လွန်၍ ပင်လယ်၊ သမုဒ္ဒရာများပင် ခြားနားသည်အထိ ကျယ်ပြန့်နေသည်ကိုတွေ့မြင်ရမည်။ ထိုသို့သော ကာကွယ်ရေးလုပ်ငန်းစဉ်များ၌ ပညာကိုအဓိက အခြေခံပြီး နည်းပညာသာလွန်မှုကိုအားပြုကာ လွှမ်းမိုးနိုင်မှု အဆုံးအဖြတ်ကို မှတ်ကျောက်တင်နေကြသည်။ ပညာစွမ်းအားသည် နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေးဟူသော ကဏ္ဍများတွင် တွင်တွင်ကျယ်ကျယ် နေရာယူခဲ့ပြီဖြစ်သည်။အတတ်ပညာမြင့်မားသော အချို့နိုင်ငံများပင် အသိပညာအားနည်း၍ အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ခံနေရသည်။ အတတ်ပညာ၊ အသိပညာဖွံ့ဖြိုးမှုကိုမဏ္ဍိုင်ပြု၍ ဩဇာခံအဖြစ် လွှမ်းမိုးချုပ်ကိုင်လာမှုများကို ပြန်လည်တုံ့ပြန်ကာကွယ်နေသည့် နိုင်ငံများကိုလည်း တွေ့ရသည်။ ယနေ့ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့် လူငယ်မျိုးဆက်သစ်များအနေဖြင့် မည်သည့်နိုင်ငံမျိုးကို တည်ဆောက်ကြမည်နည်း။ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်၍ ကြိုးပမ်းရမည်သာဖြစ်သည်။အတတ်ပညာ၊ အသိပညာနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို စောင့်ရှောက်ကာကွယ်ရေး ယနေ့နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဟူသော နိုင်ငံရေးရည်မှန်းချက်တို့ကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်။ တိုင်းပြည်သာယာ ဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးဆိုသည့် အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ်မှာ ပြည်သူ့အကျိုးစီးပွားအတွက်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များတွင် ပညာတတ်လူသားအရင်းအမြစ်များ၏ စွမ်းအားသည် အဓိကကျ၏။ အတတ်ပညာ၊ အသိပညာပြည့်စုံသည့်လူ့စွမ်းအား အရင်းအမြစ်များကသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်မည်။ အဓွန့်ရှည်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ထို့ကြောင့် ယနေ့လုပ်ငန်းခွင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေဆဲ မျိုးဆက်သစ်များ၊ နောင်ဝယ်တာဝန်ယူထမ်းရွက်မည့် လူငယ်မျိုးဆက်သစ်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ရပ်ကိုပိုင်ဆိုင်လိုလျှင် အတတ်ပညာ၊ အသိပညာပြည့်စုံကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများဖြစ်အောင်ကြိုးစားကြရမည်။ အတတ်ပညာ၊ အသိပညာတို့ပေါင်းစပ်ပြီး မိမိမွေးဖွားကြီးပြင်းရာ အမိနိုင်ငံတော်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ကြဖို့ လိုအပ်ကြောင်း စာပန်းချီခြယ်မှုန်းကာ တိုက်တွန်းလိုက်ရပါသည်။ ။ထာဝရငြိမ်းချမ်းကြပါစေ….MWD

     နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ပညာရည်မြင့်မားသော  လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေးသည် အဓိက အခြေခံအချက်ပင်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်များဟု ဆိုရာဝယ် အတတ်ပညာသာမက အသိပညာပါပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းစေဖို့ လွန်စွာအရေးကြီးသည်။   

ထိုမှသာ မိမိလူမှုအသိုက်အဝန်းနှင့် မိမိနိုင်ငံတော်ကို အတတ်ပညာဖြင့် တည်ဆောက်နိုင်သလို အသိပညာဖြင့် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်၏။ ယနေ့မျိုးဆက်သစ်လူငယ်များအနေဖြင့် ပညာအသိ၊ ဉာဏ်သတိနှင့်ပြည့်စုံသော သူများဖြစ်စေရေး မလွဲမသွေကြိုးစားကြရမည်သာဖြစ်သည်။

ဉာဏ်ပညာကြီးမားသူများထံ ဆည်းကပ်ပါ

       ယနေ့မျိုးဆက်သစ်လူငယ်များကို ဉာဏ်ပညာနှင့် ပြည့်စုံစေချင်သည်။   ဉာဏ်ပညာချို့တဲ့သည်နှင့် ပျက်စီးမှုများနှင့်သာ ကြုံတွေ့ရစမြဲဖြစ်၏။ ယနေ့ခေတ်အခြေအနေများတွင်  ဉာဏ်ပညာချို့တဲ့မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု  အားနည်းချက်များဖြစ်ပေါ်ပြီး    မိမိမွေးဖွားရာဇာတိဖြစ်သည့် မြို့၊  ရွာမှအစ အမိနိုင်ငံတော်ကို စိတ်လိုလက်ရ ဖျက်ဆီးနေကြသလိုဖြစ်နေသည်။

ဉာဏ်ပညာချို့တဲ့မှုအကြောင်းနှင့်စပ်လျဉ်း၍ ဂေါတမမြတ်စွာဘုရားက ရုက္ခမဓမ္မဇာတ်ကို ဟောတော်မူခဲ့၏။ မြတ်စွာဘုရားရှင်သည် ဘုရား အလောင်းတော်တစ်ဘဝ၌ ရုက္ခစိုးနတ်မင်းဖြစ်တော်မူခဲ့၏။ တစ်နေ့တွင် ဝေဿဝဏ်နတ်မင်းကြီးသည် ဘုမ္မစိုးနတ်အပေါင်းအား သစ်ပင်ကြီး၊ သစ်ပင်ငယ်၊ချုံနွယ်တို့၌  ဗိမာန်များအား နှစ်သက်ရာအရပ်၌ယူစေဟုမိန့်ခဲ့၏။ ထိုအခါ ဘုရားအလောင်းရုက္ခစိုးနတ်မင်းသည် ဟိမဝန္တာတောရှိ အင်ကြင်းတောတွင် ဗိမာန်ပြု၍  နေတော်မူလေသည်။ ဆွေမျိုးနတ်အပေါင်းကိုလည်း  လွင်ပြင်၌ရှိသောသစ်ပင်များ၌ ဗိမာန်မပြုကြဖို့၊  အင်ကြင်းတောရှိ ၎င်းနေသော ဗိမာန်ကိုသာခြံရံပြီး ဗိမာန်ယူကြဖို့ တိုက်တွန်းလေ၏။

ဘုရားအလောင်းရုက္ခစိုးနတ်မင်း၏စကားအား ပညာရှိနတ်များကနားထောင်ပြီး   အင်ကြင်းတောအတွင်း ဗိမာန်ယူကြ၏။ ပညာမရှိသောနတ်များမှာ ရွာ၊ မြို့တို့နှင့်နီးသော လွင်ပြင်များရှိ သစ်ပင်များတွင် ဗိမာန်ယူကြသည်။ ပညာမရှိသောနတ်တို့၏အတွေးမှာ မြို့၊ ရွာများနှင့်နီးစပ်မှသာ လူတို့၏ပူဇော်ခံရမှုများကိုရရှိမည်ဖြစ်ပြီး တော၌နေပါက လူတို့၏ပူဇော်မှုနှင့်ဝေးပြီး လာဘ်လာဘမရနိုင်ဟု တွေးကြခြင်းပင်ဖြစ်သည်။ သည်လိုနှင့်အင်ကြင်းတောကို အမှီပြု၍ ဗိမာန်ယူကြသော နတ်များနှင့် လွင်ပြင်များရှိ သစ်ပင်များကို ဗိမာန်ယူကြသောနတ်များဟူ၍ နှစ်ပိုင်းကွဲခဲ့လေ၏။ ပညာရှိသူနှင့် ပညာမဲ့သူသည် မည်သို့မျှပေါင်းစပ်၍မရ။ ပညာမဲ့သူများကြောင့် စည်းလုံးမှုပြိုကွဲရခြင်းကို  ဤဇာတ်တွင်    မျက်ဝါးထင်ထင်တွေ့မြင်ရမည်သာဖြစ်သည်။

သည်နောက် တစ်ရက်တွင် မိုးကြီးလေကြီးကျလာကုန်၏။ ထိုအင်အားပြင်းသော လေစိုင်ကြီးသည် လွင်ပြင်များရှိ သစ်ပင်ကြီးများမှာ အမြစ်မှစ၍လဲကုန်ကြ၏။ အင်ကြင်းတောရှိ  သစ်ပင်များကား တစ်ပင်ယှက်တစ်ပင်နွယ်ကဲ့သို့ပမာဖြစ်နေ၍ မလဲပြိုခဲ့ကြပေ။

 ထိုအခါ လွင်ပြင်များရှိသစ်ပင်များကို ဗိမာန်ယူခဲ့သောနတ်များသည် နေစရာကိုးကွယ်စရာမရှိ၍  ကလေးများကိုလက်ဆွဲကာ ဘုရားအလောင်းရုက္ခစိုးနတ်မင်းရှိရာ ဟိမဝန္တာရှိ အင်ကြင်းတောဆီသို့ပြန်လာခဲ့ကြလေသည်။ ထိုအခါ ဘုရားအလောင်းနတ်မင်းသည် ပညာရှိတို့စကားကို မှတ်ယူမှုမရှိကြသူတို့မှာ ဤသို့သောသဘောနှင့်ကြုံရလေ၏ဟု မိန့်တော်မူခဲ့၏။

ဤဇာတ်ကိုပမာပြု၍  ထင်ရှားသည့်အချက်သုံးချက်ကို  တွေ့မြင်ရမည်သာဖြစ်သည်။  ပထမအချက်မှာ ပညာ၊ ဒုတိယအချက်မှာ ညီညွတ်မှုအား၊ တတိယအချက်မှာ  ပညာရှိတို့၏ဆိုဆုံးမစကားကို  နာယူမှတ်သားမှုတို့ပင်ဖြစ်၏။  ယနေ့မျိုးဆက်သစ် လူငယ်များအပါအဝင်   တိုင်းရင်းသားပြည်သူအားလုံး  ယနေ့ဤဇာတ်တော်ကိုသိမြင်ပြီး ပျက်စီးခြင်း အကြောင်းတရားများအပေါ်  သင်ခန်းစာယူတတ်ကြဖို့လိုသည်။

အတတ်ပညာမှသည် အသိပညာသို့

    လူငယ်များ၏စိတ်သည် တက်ကြွသည်၊ တုံ့ပြန်မှုမြန်ဆန်သည်၊  စွန့်စားဖန်တီးချင်သော စိတ်ရှိကြသည်။ ၎င်းတို့၏စွန့်စားဖန်တီးလုပ်ကိုင်လိုမှုများသည် တစ်ခါတစ်ရံ ရှေးရိုးရာ၊ မိရိုးဖလာဟူသည့် ရှုထောင့်ကိုပင်  ဥပေက္ခာပြုလိုသည့်သဘောကို တွေ့ရတတ်သေး၏။  နည်းပညာတတ်ကျွမ်းမှု၊ နည်းပညာတစ်ခုသင်ကြားရေးတွင် နှောင်းလူကြီးများထက် သာလွန်သည်ကားအမှန်ပင်။ ယနေ့လူငယ်မျိုးဆက်သစ်များတွင် အသိပညာအားနည်းချက်များကို အထင်းသားတွေ့မြင်နေရသည်။

ကနဦးမီးမောင်းထိုးပြရလျှင်  ယနေ့အကြမ်းဖက်ဖြစ်စဉ်များကိုကြည့်ပါက တွေ့မြင်နိုင်သည်။ လူငယ်များ၏တက်ကြွမှု၊ စွန့်စားလိုမှုများကို ပြည်တွင်းပြည်ပအဖျက်သမားများက အံဝင်ခွင်ကျအသုံးချသွားနိုင်ခြင်းပင်ဖြစ်သည်။ ယနေ့လူငယ်များ၏အသိပညာအားနည်းချက်ကို သိမ်းသွင်းပြီး အတတ်ပညာတတ်ကျွမ်းမှု၊ အတတ်ပညာသင်ကြား တတ်မြောက်လွယ်ကူနိုင်မှုတို့ကို သိမ်းပိုက်သွားခြင်းပင်ဖြစ်သည်။ 

ထိုသည်မှာ နိုင်ငံတော်၏ ဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်သည်။ ဤဆုံးရှုံးမှုကိုသင်ခန်းစာယူ၍ ယနေ့နိုင်ငံတော်သည် လူငယ်များ၏ အတတ်ပညာ၊ အသိပညာကဏ္ဍနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအတွက်  ဦးတည်ချက်များချမှတ်ကာ    အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကိုတွေ့မြင်နေရသည်။  အတတ်ပညာသည် လူတော်ကိုဖြစ်စေသည်၊ အသိပညာကား လူကောင်းကို ဖြစ်စေသည်။   အဖွဲ့အစည်းတစ်ခုချင်းမှသည် နိုင်ငံတော်တစ်ရပ် ဖွံ့ဖြိုးတိုးတက်စေရန် လူတော်၊ လူကောင်းများ လိုအပ်သည်။ ထို့အတွက် နိုင်ငံတော်မှ   ယနေ့မျိုးဆက်သစ်များအတွက်  အတတ်ပညာအတွက် အတန်းပညာ တတ်မြောက်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ဖန် နိုင်ငံတော်၏အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးတွင် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းစေရေး စက်မှုလက်မှုနှင့်  စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်များကိုပါ တိုးချဲ့ဖွင့်လှစ်၍  အတတ်ပညာကဏ္ဍကို ကြိုးပမ်း  အကောင်အထည်ဖော်ပေးလျက်ရှိ၏။ 

ထို့အတူ လူငယ်အားကစားကဏ္ဍကိုလည်း အားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်။

ဆိုရလျှင် ယနေ့မျိုးဆက်သစ် လူငယ်များအတွက် အတတ်ပညာသင်ကြားရေးအတွက် အခွင့်အလမ်းများ အနီးဆုံးတွင်ရှိနေသည်ကို  တွေ့ရမည်ဖြစ်သည်။  အသိပညာ ထွန်းကားရေးအတွက်မူ လူငယ်ဖိုရမ်၊ လူငယ်စာပေပွဲတော်၊ ပြည်ပလေ့လာရေးခရီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်  စသည့်အစီအစဉ်များဖြင့်  ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။ စာရေးသူကိုယ်ပိုင် အတွေးနှင့်ဆိုလျှင် အသိပညာ ထွန်းကားရေးအတွက် စာဖတ်အားကောင်းသည့်  လူငယ်မျိုးဆက်တစ်ခုဖြစ်စေချင်သည်။ အသက်ဝင်သည့် စာပေစကားဝိုင်းများ၊ လူငယ်ဆွေးနွေးပွဲများကို ဒေသအလိုက် ထိထိရောက်ရောက်ဆောင်ရွက်စေလိုသည်။ 

ဘာသာရေးကို မြတ်နိုးတန်ဖိုးထားစေခြင်းငှာ ဓမ္မပူဇာပွဲများ ဒေသအလိုက် များများလုပ်စေချင်သည်။ ရပ်ကွက်၊ ကျေးရွာအလိုက် စာကြည့်တိုက်လုပ်ငန်းစဉ်များ  လက်တွေ့ကျကျအသက်ဝင်စေလိုသည်။ နွေရာသီကျောင်းပိတ်ရက် အခါများ၌ လက်တွေ့ဆန်သော ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်စေချင်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် အတတ်ပညာ ထူးချွန်စေရန်  အတန်းပညာကို တတ်မြောက်နိုင်ရမည်။ 

အတန်းပညာမှတစ်ဆင့် မြင့်မားသည့်အတတ်ပညာကို ဆင့်ပွားကူးပြောင်းသင်ယူတတ်မြောက်နိုင်မည်။ ထိုမှတစ်ဖန် အတန်းပညာ၊  အတတ်ပညာကိုအခြေခံ၍ အသိပညာကောင်းများကို  ပိုင်ဆိုင်နိုင်အောင်ကြိုးစားခွင့်ရရှိကြမည်။   ထိုမှသာ အတတ်ပညာ၊ အသိပညာပြည့်ဝပြီး လူတော်လူကောင်းများအဖြစ်ဖြင့် အမိနိုင်ငံတော်ကို အဓွန့်ရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်နိုင်သည့် မျိုးဆက်များဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

လူငယ်များစူးစမ်းသင့်သည့် ပညာများနှင့်ယနေ့ကမ္ဘာ

      နိုင်ငံ့အရေး၊ ကမ္ဘာ့အရေးဆိုသည်မှာ ယနေ့လူကြီးများအလုပ်ဟု လူငယ်အများစုက ထင်မှတ်ထားကြသည်။ ဘဝကို ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေကြသူအများစုကို တွေ့မြင်နေရသည်။ အချို့လူငယ်များကား အတွေးလွန်ဘဝင်လေဟပ်ပြီး နိုင်ငံရေးနှင့်နိုင်ငံ့အရေးကိုမကွဲပြားဘဲ တော်လှန်ရေးဟူသော ဝေါဟာရအောက်တွင် ပျက်စီးသွားကြရသည်။ နိုင်ငံအတွက် ရင်လေးစရာတစ်ခုပင်ဖြစ်သည်။

ယနေ့ကမ္ဘာသည် ပညာကိုအခြေခံသော ကမ္ဘာ ကြီးဖြစ်နေပြီ။ နိုင်ငံအလိုက်  အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ကို ကာကွယ်ရေးလုပ်ငန်းစဉ်သည် မိမိနိုင်ငံစည်းရိုးထဲတွင် မဟုတ်တော့ပေ။ မိတ်ဖက်နိုင်ငံများ၏ စည်းရိုးများထိပါ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်နေကြပေပြီ။ မိတ်ဖက်နိုင်ငံဟုဆိုရာတွင် နယ်နိမိတ်ထိစပ်မှုကို ကျော်လွန်၍ ပင်လယ်၊ သမုဒ္ဒရာများပင် ခြားနားသည်အထိ ကျယ်ပြန့်နေသည်ကိုတွေ့မြင်ရမည်။ 

ထိုသို့သော ကာကွယ်ရေးလုပ်ငန်းစဉ်များ၌ ပညာကိုအဓိက အခြေခံပြီး နည်းပညာသာလွန်မှုကိုအားပြုကာ လွှမ်းမိုးနိုင်မှု အဆုံးအဖြတ်ကို မှတ်ကျောက်တင်နေကြသည်။ ပညာစွမ်းအားသည် နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေးဟူသော ကဏ္ဍများတွင် တွင်တွင်ကျယ်ကျယ် နေရာယူခဲ့ပြီဖြစ်သည်။

အတတ်ပညာမြင့်မားသော  အချို့နိုင်ငံများပင် အသိပညာအားနည်း၍  အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ခံနေရသည်။ အတတ်ပညာ၊ အသိပညာဖွံ့ဖြိုးမှုကိုမဏ္ဍိုင်ပြု၍ ဩဇာခံအဖြစ် လွှမ်းမိုးချုပ်ကိုင်လာမှုများကို ပြန်လည်တုံ့ပြန်ကာကွယ်နေသည့် နိုင်ငံများကိုလည်း တွေ့ရသည်။ ယနေ့ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်  လူငယ်မျိုးဆက်သစ်များအနေဖြင့် မည်သည့်နိုင်ငံမျိုးကို တည်ဆောက်ကြမည်နည်း။ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်၍ ကြိုးပမ်းရမည်သာဖြစ်သည်။

အတတ်ပညာ၊ အသိပညာနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို စောင့်ရှောက်ကာကွယ်ရေး

     ယနေ့နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေး ဟူသော နိုင်ငံရေးရည်မှန်းချက်တို့ကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်။ တိုင်းပြည်သာယာ ဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးဆိုသည့် အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ်မှာ ပြည်သူ့အကျိုးစီးပွားအတွက်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များတွင် ပညာတတ်လူသားအရင်းအမြစ်များ၏ စွမ်းအားသည် အဓိကကျ၏။ အတတ်ပညာ၊ အသိပညာပြည့်စုံသည့်လူ့စွမ်းအား အရင်းအမြစ်များကသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်မည်။ အဓွန့်ရှည်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ယနေ့လုပ်ငန်းခွင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေဆဲ မျိုးဆက်သစ်များ၊ နောင်ဝယ်တာဝန်ယူထမ်းရွက်မည့် လူငယ်မျိုးဆက်သစ်များအနေဖြင့်  ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ရပ်ကိုပိုင်ဆိုင်လိုလျှင် အတတ်ပညာ၊ အသိပညာပြည့်စုံကြွယ်ဝသည့်   လူသားအရင်းအမြစ်ကောင်းများဖြစ်အောင်ကြိုးစားကြရမည်။ အတတ်ပညာ၊ အသိပညာတို့ပေါင်းစပ်ပြီး မိမိမွေးဖွားကြီးပြင်းရာ အမိနိုင်ငံတော်ကို   ကောင်းမွန်စွာ စောင့်ရှောက်နိုင်ကြဖို့ လိုအပ်ကြောင်း  စာပန်းချီခြယ်မှုန်းကာ တိုက်တွန်းလိုက်ရပါသည်။   ။

ထာဝရငြိမ်းချမ်းကြပါစေ.

MWD

ကျော်တေဇ(ဥက္ကလာ)

ယနေ့လူငယ်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု
-
မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများသည် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲလာခဲ့ပြီး ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်ဓလေ့တို့ဖြင့် ယနေ့ထိတိုင် တည်တံ့ခိုင်မြဲလျက်ရှိသည့် အဖိုးတန်အမွေအနှစ်များဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ထုထည်ကြီးမားပြီး သမိုင်းနောက်ခံရှည်လျားသည့် ယဉ်ကျေးမှုတစ်ရပ်ကို ပိုင်ဆိုင်ထိန်းသိမ်းထားသော လူ့အဖွဲ့အစည်းဖြစ်သည်။ ဂုဏ်ယူဖွယ်ရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှု အစဉ်အလာများသည် ရှေးအစဉ်အဆက်မှ ယနေ့ထိတိုင် ဖြစ်ထွန်းနေသည်မှာ ခေတ်အဆက်ဆက် မြန်မာလူငယ်လူရွယ်တို့၏ မြတ်နိုးတန်ဖိုးထားမှု များကြောင့်ပင်ဖြစ်သည်။ မည်မျှပင်ကြွယ်ဝချမ်းသာသည်ဖြစ်စေ၊ ယဉ်ကျေးမှုဆိတ်သုဉ်းပါက လူမျိုးနှင့်နိုင်ငံ၏ဂုဏ်သိက္ခာ ညှိုးနွမ်းမည်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုဟူသည် ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသည့် ဂုဏ်ဒြပ်လည်းဖြစ်သည်။ ထို့ပြင် မြန်မာလူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့သည့် ဓလေ့စရိုက်များကြောင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ထည်ဝါစွာ နေထိုင်နိုင်ခြင်းပင်ဖြစ်သည်။ ဖက်ရှင်၊ ဂီတ၊ အစားအသောက်၊ နည်းပညာ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသည့် ယနေ့ခေတ်တွင် အခြားယဉ်ကျေးမှုနှင့် မိမိတို့၏ယဉ်ကျေးမှုများကို ယှဉ်လာလျှင် အခြားယဉ်ကျေးမှုများအား ရွေးလိုသူ၊ ပိုမိုတန်ဖိုးထားလိုသူများပြားလာကြောင်း တွေ့လာရသည်။ မိမိတို့၏ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်အစရှိသည့် အမှတ်လက္ခဏာများ၊ ကိုးကွယ်ယုံကြည်မှုများပျောက်ကွယ်သွားပါက “မြန်မာ၊ မြန်မာ၊ မြန်မာပော့လို့”ကြွေးကြော်နိုင်မည့် လူမျိုးတစ်စုကို ခွဲခြားသိမြင်စေနိုင်သည့် ဘာသာ၊ ယဉ်ကျေးမှု၊ အနုပညာ အစရှိသည့်အကျင့်စရိုက်များပါ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသားများသည် မိမိတို့၏ ဂုဏ်ယူဖွယ်ရာသမိုင်းအမွေအနှစ်များ၊ ဓလေ့စရိုက်များမေ့လျော့ ပျောက်ကွယ်လာမည်ဖြစ်သည်။ ထိုအခါ နောင်အနာဂတ်ကာလတွင် မြန်မာလူမျိုးတို့သည် သာမန်လူမျိုးစုတစ်ခုအဖြစ်သာကျန်ရှိနေမည်ဖြစ်ပြီး တဖြည်းဖြည်း မထင်မရှားကွယ်ပျောက်သွားနိုင်သည်။ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး”ဆိုသည့်စကားအတိုင်း မြန်မာ့ယဉ်ကျေးမှုနှင့် ယနေ့ခေတ် လူငယ်များအကြား ဆက်နွှယ်မှုသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေသည်။ တစ်ဖက်မှ ခေတ်သစ်နည်းပညာများ မြန်ဆန်စွာ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ တခြားတစ်ဖက်မှလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ ခေတ်နှင့်လည်း အံဝင်ခွင်ကျဖြစ်ရန်လိုအပ်သည်။ ထို့ကြောင့် ယနေ့လူငယ်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးများ ကမ္ဘာ့အလယ် ဝင့်ထည်စွာရပ်တည်နိုင်ရန် မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို ခေတ်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်လိုသည်။ထို့ကြောင့် ယနေ့လူငယ်လူရွယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရန်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မြန်မာတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကျောင်းသင်ခန်းစာများတွင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ပေါင်းစပ်သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် ရာသီအလိုက် ဘာသာရေးပွဲတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် မြန်မာ့ရိုးရာဝတ်စုံများအား ဝတ်ဆင်ခြင်းသော်လည်းကောင်း၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်းသော်လည်းကောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များအား ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်သည်။ ထို့ပြင် Facebook၊ YouTube၊ TikTok အစရှိသည့် လူမှုကွန်ရက်များတွင် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာအစားအစာပြုလုပ်နည်းများ၊ ရိုးရာလက်မှုပညာများ၊ ရိုးရာကစားနည်းများ အစရှိသည်တို့ကို စိတ်ဝင်စားဖွယ်အကြောင်းအရာများအဖြစ် ဖန်တီးဖြန့်ဝေခြင်းဖြင့်လည်း လူငယ်များထံသို့အလွယ်တကူရောက်ရှိစေနိုင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို အလွယ်တကူသိရှိစေနိုင်မည်ဖြစ်သည်။ ထိုသို့ရိုးရာယဉ်ကျေးမှုများကို မူလပုံစံမပျက် ထိန်းသိမ်းရမည့်အပိုင်းများရှိသကဲ့သို့ ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ဆန်းသစ်ရမည့်အပိုင်းများလည်းရှိသည်။ ဥပမာ- မြန်မာ့ရိုးရာဝတ်စုံများအားခေတ်မီဒီဇိုင်းများဖြင့် ဆန်းသစ်ဖန်တီးခြင်း၊ ရိုးရာတေးသီချင်းများကို (သီချင်းကြီး၊ ခေတ်ဟောင်း)ခေတ်ပေါ်တေးဂီတများနှင့် ပေါင်းစပ်ဖန်တီးခြင်းတို့ဖြစ်သည်။ ထို့ပြင် ရိုးရာယွန်းထည်၊ ပန်းထိမ်၊ ရက်ကန်းပညာ အစရှိသည်တို့ကို ခေတ်မီနည်းပညာဒီဇိုင်းများ၊ အရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်းများအဖြစ်ဖန်တီးကာ ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းဖြင့် ရိုးရာလက်မှုပညာရှင်များ၏ဘဝကို မြှင့်တင်ပေးရာရောက်သလို မြန်မာ့ရိုးရာလက်မှု ပညာရပ်များကိုလည်း ပြည်ပနိုင်ငံများမှသိရှိပြီး စီးပွားရေးအရလည်း တန်ဖိုးရှိစေမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ယဉ်ကျေးမှုသည် ထိုနိုင်ငံမှလူမျိုးတို့၏ ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့သည့်ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာဗိသုကာနှင့် အနုသုခုမပညာရပ်တို့ကို ပေါင်းခြုံထားခြင်းပင်ဖြစ်သည်။ ယဉ်ကျေးမှုနယ်ပယ်တွင် ဒြပ်ရှိယဉ်ကျေးမှုနှင့်ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍နှစ်မျိုးရှိရာ ထိုယဉ်ကျေးမှုနှစ်မျိုးလုံးတွင်ပါဝင်နေသည့် အဖိုးတန်အမွေအနှစ်များအား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရမည်မှာ ကျွန်ုပ်တို့နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ ခေတ်ကာလများ မည်သို့ပင်ပြောင်းလဲစေကာမူ ယဉ်ကျေးသိမ်မွေ့သည့် မြန်မာ့ဓလေ့စရိုက်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ အစဉ်အလာများမှေးမှိန် မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ ကျွန်ုပ်တို့နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ထို့ကြောင့် ရိုးရာယဉ်ကျေးမှုသည် လူသားတို့အနေဖြင့် လောက၌အမြဲတစေပူဇော်ရမည့် အရာလည်းဖြစ်သည်။ လောက၌ လူသားတို့အနေဖြင့် အမြဲတစေ ပူဇော်နေရမည့်အရာငါးမျိုးရှိသည်။ လောက၌ အမြဲတစေပူဇော်နေရမည့် အရာငါးမျိုးမှာ (၁) ရိုးရာယဉ်ကျေးမှု၊ (၂) ဆရာသခင်ကျေးဇူးရှင်၊ (၃) မိဘ၊ (၄) မိမိမှတစ်ပါး အခြားသောလူသားများ၊ (၅) ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောကတို့ဖြစ်သည်။ လူသားတို့သည် မိမိတို့အနေဖြင့် အမြဲတစေပူဇော်ရမည့် အရာငါးမျိုးအား ပူဇော်နေပါက မိမိသည်လည်းကောင်း၊ ပတ်ဝန်းကျင်သည်လည်းကောင်း၊ လောကကြီးသည်လည်းကောင်း အမြဲသာယာစည်ပင်ဖွံ့ဖြိုး တိုးတက်နေမည်ဖြစ်သည်။ (၁) ရိုးရာယဉ်ကျေးမှု။ လူသားတို့သည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပါက မိမိတို့၏မျိုးနွယ်နှင့် ရိုးရာယဉ်ကျေးမှုသည် ဤကမ္ဘာမြေပြင်မှပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုသည် လူသားတိုင်းအတွက် အမြဲတစေပူဇော်ရမည့်အရာဖြစ်သည်။ အမြဲတစေပူဇော်ခြင်းဆိုသည်မှာ အလေးအမြတ်ပြု၍ ထိန်းသိမ်းခြင်းပင်ဖြစ်သည်။(၂) ဆရာသခင်ကျေးဇူးရှင်။ ဒုတိယပူဇော်ရမည့်အရာမှာ ဆရာသခင်ကျေးဇူးရှင်များပင် ဖြစ်သည်။ လောက၌ လူသားတို့သည် အဆင့်အတန်းရှိရှိ၊ လူပီသစွာနေထိုင်နိုင်ရေးအတွက် သွန်သင်ပြသဆို ဆုံးမခြင်းမရှိခဲ့ပါလျှင် လူသားတို့သည် တောရိုင်းတိရစ္ဆာန်များနှင့် ခြားနားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆရာသခင် ကျေးဇူးရှင်များသည် လူသားတိုင်းအတွက် အမြဲတစေပူဇော်ရမည့် အရာဖြစ်သည်။ (၃) မိဘ။ တတိယပူဇော်ရမည့်အရာမှာ မိဘများဖြစ်သည်။ မိဘဟူ၍ မရှိပါက ဤကမ္ဘာမြေပေါ်၌ လူသားဟူ၍လည်း ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူသားတိုင်းအတွက် မိဘသည် အမြဲတစေ ပူဇော်ရမည့်အရာဖြစ်သည်။ အမှန်အားဖြင့် မိဘဟူသည် ပဓာနကျေးဇူးရှင်ဖြစ်၍ ကျန်ပူဇော်ရမည့်အရာလေးမျိုးမှာ အပဓာနကျေးဇူးရှင်များဖြစ်ကြသည်။(၄) မိမိမှတစ်ပါး အခြားလူသားများ။ လူသားတို့သည် မိမိတစ်ယောက်တည်း အထီးကျန်နေထိုင်နိုင်သည့်သတ္တဝါများ မဟုတ်ပေ။ လူ့သမိုင်းတွင် လူ့ယဉ်ကျေးမှုဟူ၍ မပေါ်ပေါက်မီကာလကတည်းက လူသားတို့သည် အသင်းအဖွဲ့နှင့် နေကြသူများဖြစ်ကြသည်။ ထို့ကြောင့် မိမိမှတစ်ပါး အခြားလူသားများသည် လူသားတိုင်းအတွက် ပူဇော်ရမည့်အရာများပင်ဖြစ်သည်။ မိမိထက် မြင့်မြတ်သူများအား ပူဇော်ခြင်းကို “ပူဇော်ခြင်း”ဟုဆိုသည်။ မိမိနှင့်အဆင့်တူသူများအား ပူဇော်ခြင်းကို “ကူညီခြင်း”ဟုဆိုသည်။ မိမိအောက်နိမ့်သူများအား ပူဇော်ခြင်းကို “ချီးမြှောက်ခြင်း”ဟုဆိုသည်။ ထို့ကြောင့် မိမိထက် မြင့်သူဖြစ်စေ၊ မိမိနှင့်အဆင့်တူသူဖြစ်စေ၊ မိမိအောက်နိမ့်သူဖြစ်စေ လူသားမှန်သမျှအားလုံးသည် ပူဇော်ထိုက်သူများဖြစ်သည်။(၅) ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောက။ ပဉ္စမမြောက် ပူဇော်ရမည့်အရာမှာ ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောကဖြစ်သည်။ ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောကသည် လူသားများအတွက် အသက်ရှင်နေထိုင်နိုင်ရန် အထောက်အကူပြုနေသည့်ကျေးဇူးရှင်များဖြစ်သည်။ ထို့ကြောင့် ကျေးငှက်တိရစ္ဆာန်များ အပါအဝင် ပတ်ဝန်းကျင်ရုပ်လောကသည်လည်း အလေးအမြတ်ပြု၍ ပူဇော်ရမည့်အရာများဖြစ်သည်။ ရုပ်လောကအားအလေးအမြတ်ပြု၍ ပူဇော်ခြင်းဆိုသည်မှာ သစ်ပင်ပန်းမန်များစိုက်ပျိုးခြင်း၊ ရေတွင်းရေကန်များတူးခြင်း၊ လမ်းများဖောက်ခြင်း၊ တည်းခိုဇရပ်များဆောက်လုပ်ခြင်းတို့ဖြစ်ကြသည်။ လူ့အဖွဲ့အစည်းတိုင်းတွင် ရိုးရာယဉ်ကျေးမှုဟူသည် ရှိစမြဲပင်ဖြစ်သည်။ သို့ရာတွင် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုတွင်ရှိသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်များသည် ကွဲပြားခြားနားကြသည်။ လူ့အဖွဲ့အစည်းတစ်ခု၌ရှိသည့်ရိုးရာယဉ်ကျေးမှုသည် ၎င်းအဖွဲ့အစည်းမှလက်ခံထားသည့် “ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာဗိသုကာနှင့် အနုသုခုမပညာရပ်”အစရှိသည့်တန်ဖိုးမဖြတ်နိုင်သည့် ရိုးရာအမွေအနှစ်များ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု၌ရှိသော ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများပျက်စီးသွားပါက ထိုသို့ပျက်စီးခြင်းနှင့်အတူ လူ့အဖွဲ့အစည်းရှိ တန်ဖိုးများသည်လည်း ဆိတ်သုဉ်းပျောက်ကွယ်သွားမည်သာဖြစ်သည်။ ထို့ကြောင့်မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ခေတ်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးသည် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ နိုင်ငံသားအားလုံး၊ အစိုးရ၊ ပုဂ္ဂလိက၊ လူမှုအဖွဲ့အစည်းများနှင့် မိသားစုတိုင်းမှ သတိတရားဖြင့် လက်တွဲဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ပင်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားကာ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို လက်ခံကျင့်သုံးနိုင်လျှင် မြန်မာ့ယဉ်ကျေးမှုသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဖွယ်ရာအဖြစ် ရေရှည်ရှင်သန်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယနေ့လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ရိုးရာ ယဉ်ကျေးမှုများကို စောင့်ထိန်းအပ်၊ စောင့်ထိန်းထိုက်၊ စောင့်ထိန်းသင့်သည့် တန်ဖိုးမဖြတ်နိုင်သောရတနာအဖြစ်မှတ်ယူပြီး သမိုင်းစဉ်ဆက်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက် သင့်ပါကြောင်း ရည်ရွယ် တင်ပြလိုက်ရပါသည်။ ။ MWD

     မြန်မာနိုင်ငံ၏   ရိုးရာယဉ်ကျေးမှုများသည် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲလာခဲ့ပြီး ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်ဓလေ့တို့ဖြင့် ယနေ့ထိတိုင် တည်တံ့ခိုင်မြဲလျက်ရှိသည့် အဖိုးတန်အမွေအနှစ်များဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ထုထည်ကြီးမားပြီး သမိုင်းနောက်ခံရှည်လျားသည့် ယဉ်ကျေးမှုတစ်ရပ်

ကို ပိုင်ဆိုင်ထိန်းသိမ်းထားသော လူ့အဖွဲ့အစည်းဖြစ်သည်။ ဂုဏ်ယူဖွယ်ရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှု အစဉ်အလာများသည် ရှေးအစဉ်အဆက်မှ  ယနေ့ထိတိုင် ဖြစ်ထွန်းနေသည်မှာ ခေတ်အဆက်ဆက် မြန်မာလူငယ်လူရွယ်တို့၏ မြတ်နိုးတန်ဖိုးထားမှု များကြောင့်ပင်ဖြစ်သည်။ 

မည်မျှပင်ကြွယ်ဝချမ်းသာသည်ဖြစ်စေ၊ ယဉ်ကျေးမှုဆိတ်သုဉ်းပါက   လူမျိုးနှင့်နိုင်ငံ၏ဂုဏ်သိက္ခာ ညှိုးနွမ်းမည်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုဟူသည်  ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသည့် ဂုဏ်ဒြပ်လည်းဖြစ်သည်။ ထို့ပြင် မြန်မာလူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့သည့် ဓလေ့စရိုက်များကြောင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ထည်ဝါစွာ နေထိုင်နိုင်ခြင်းပင်ဖြစ်သည်။ 

ဖက်ရှင်၊ ဂီတ၊ အစားအသောက်၊ နည်းပညာ အစရှိသည့်  ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသည့် ယနေ့ခေတ်တွင် အခြားယဉ်ကျေးမှုနှင့် မိမိတို့၏ယဉ်ကျေးမှုများကို ယှဉ်လာလျှင် အခြားယဉ်ကျေးမှုများအား ရွေးလိုသူ၊ ပိုမိုတန်ဖိုးထားလိုသူများပြားလာကြောင်း တွေ့လာရသည်။ မိမိတို့၏ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်အစရှိသည့် အမှတ်လက္ခဏာများ၊ ကိုးကွယ်ယုံကြည်မှုများပျောက်ကွယ်သွားပါက   မြန်မာ၊  မြန်မာ၊ မြန်မာပော့လို့ကြွေးကြော်နိုင်မည့် လူမျိုးတစ်စုကို ခွဲခြားသိမြင်စေနိုင်သည့် ဘာသာ၊ ယဉ်ကျေးမှု၊ အနုပညာ အစရှိသည့်အကျင့်စရိုက်များပါ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသားများသည် မိမိတို့၏  ဂုဏ်ယူဖွယ်ရာသမိုင်းအမွေအနှစ်များ၊ ဓလေ့စရိုက်များမေ့လျော့ ပျောက်ကွယ်လာမည်ဖြစ်သည်။ ထိုအခါ နောင်အနာဂတ်ကာလတွင် မြန်မာလူမျိုးတို့သည်  သာမန်လူမျိုးစုတစ်ခုအဖြစ်သာကျန်ရှိနေမည်ဖြစ်ပြီး  တဖြည်းဖြည်း မထင်မရှားကွယ်ပျောက်သွားနိုင်သည်။ 

ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း မြန်မာ့ယဉ်ကျေးမှုနှင့် ယနေ့ခေတ် လူငယ်များအကြား ဆက်နွှယ်မှုသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေသည်။   တစ်ဖက်မှ ခေတ်သစ်နည်းပညာများ မြန်ဆန်စွာ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ တခြားတစ်ဖက်မှလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ ခေတ်နှင့်လည်း အံဝင်ခွင်ကျဖြစ်ရန်လိုအပ်သည်။ ထို့ကြောင့် ယနေ့လူငယ်များအနေဖြင့်  မိမိနိုင်ငံ၊ မိမိလူမျိုးများ ကမ္ဘာ့အလယ် ဝင့်ထည်စွာရပ်တည်နိုင်ရန် မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို ခေတ်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်လိုသည်။

ထို့ကြောင့်   ယနေ့လူငယ်လူရွယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရန်၊    ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့်  မြန်မာတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကျောင်းသင်ခန်းစာများတွင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ပေါင်းစပ်သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် ရာသီအလိုက် ဘာသာရေးပွဲတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် မြန်မာ့ရိုးရာဝတ်စုံများအား ဝတ်ဆင်ခြင်းသော်လည်းကောင်း၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်းသော်လည်းကောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များအား ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်သည်။ 

ထို့ပြင် Facebook၊ YouTube၊ TikTok အစရှိသည့် လူမှုကွန်ရက်များတွင် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာအစားအစာပြုလုပ်နည်းများ၊ ရိုးရာလက်မှုပညာများ၊ ရိုးရာကစားနည်းများ အစရှိသည်တို့ကို စိတ်ဝင်စားဖွယ်အကြောင်းအရာများအဖြစ် ဖန်တီးဖြန့်ဝေခြင်းဖြင့်လည်း  လူငယ်များထံသို့

အလွယ်တကူရောက်ရှိစေနိုင်ပြီး   မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို အလွယ်တကူသိရှိစေနိုင်မည်ဖြစ်သည်။ ထိုသို့ရိုးရာယဉ်ကျေးမှုများကို မူလပုံစံမပျက် ထိန်းသိမ်းရမည့်အပိုင်းများရှိသကဲ့သို့ ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ဆန်းသစ်ရမည့်အပိုင်းများလည်းရှိသည်။ ဥပမာ- မြန်မာ့ရိုးရာဝတ်စုံများအားခေတ်မီဒီဇိုင်းများဖြင့် ဆန်းသစ်ဖန်တီးခြင်း၊ ရိုးရာတေးသီချင်းများကို (သီချင်းကြီး၊ ခေတ်ဟောင်း)ခေတ်ပေါ်တေးဂီတများနှင့် ပေါင်းစပ်ဖန်တီးခြင်းတို့ဖြစ်သည်။ 

ထို့ပြင် ရိုးရာယွန်းထည်၊ ပန်းထိမ်၊ ရက်ကန်းပညာ အစရှိသည်တို့ကို  ခေတ်မီနည်းပညာဒီဇိုင်းများ၊ အရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်းများအဖြစ်ဖန်တီးကာ ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းဖြင့် ရိုးရာလက်မှုပညာရှင်များ၏ဘဝကို မြှင့်တင်ပေးရာရောက်သလို မြန်မာ့ရိုးရာလက်မှု ပညာရပ်များကိုလည်း ပြည်ပနိုင်ငံများမှသိရှိပြီး စီးပွားရေးအရလည်း တန်ဖိုးရှိစေမည်ဖြစ်သည်။ 

နိုင်ငံတစ်နိုင်ငံ၏ယဉ်ကျေးမှုသည်  ထိုနိုင်ငံမှလူမျိုးတို့၏ ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့သည့်ဘာသာစကား၊  ယုံကြည်ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊   လက်မှုအနုပညာဗိသုကာနှင့်  အနုသုခုမပညာရပ်တို့ကို  ပေါင်းခြုံထားခြင်းပင်ဖြစ်သည်။ ယဉ်ကျေးမှုနယ်ပယ်တွင် ဒြပ်ရှိယဉ်ကျေးမှုနှင့်ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍နှစ်မျိုးရှိရာ ထိုယဉ်ကျေးမှုနှစ်မျိုးလုံးတွင်ပါဝင်နေသည့် အဖိုးတန်အမွေအနှစ်များအား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရမည်မှာ ကျွန်ုပ်တို့နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ ခေတ်ကာလများ မည်သို့ပင်ပြောင်းလဲစေကာမူ ယဉ်ကျေးသိမ်မွေ့သည့် မြန်မာ့ဓလေ့စရိုက်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ အစဉ်အလာများမှေးမှိန် မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ ကျွန်ုပ်တို့နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။

ထို့ကြောင့် ရိုးရာယဉ်ကျေးမှုသည်  လူသားတို့အနေဖြင့် လောက၌အမြဲတစေပူဇော်ရမည့် အရာလည်းဖြစ်သည်။ လောက၌ လူသားတို့အနေဖြင့် အမြဲတစေ   ပူဇော်နေရမည့်အရာငါးမျိုးရှိသည်။ လောက၌ အမြဲတစေပူဇော်နေရမည့် အရာငါးမျိုးမှာ (၁) ရိုးရာယဉ်ကျေးမှု၊ (၂) ဆရာသခင်ကျေးဇူးရှင်၊ (၃) မိဘ၊ (၄) မိမိမှတစ်ပါး အခြားသောလူသားများ၊ (၅) ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောကတို့ဖြစ်သည်။ လူသားတို့သည် မိမိတို့အနေဖြင့် အမြဲတစေပူဇော်ရမည့် အရာငါးမျိုးအား ပူဇော်နေပါက မိမိသည်လည်းကောင်း၊ ပတ်ဝန်းကျင်သည်လည်းကောင်း၊ လောကကြီးသည်လည်းကောင်း အမြဲသာယာစည်ပင်ဖွံ့ဖြိုး တိုးတက်နေမည်ဖြစ်သည်။ 

(၁)       ရိုးရာယဉ်ကျေးမှု။ လူသားတို့သည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပါက  မိမိတို့၏မျိုးနွယ်နှင့် ရိုးရာယဉ်ကျေးမှုသည်     ဤကမ္ဘာမြေပြင်မှပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုသည် လူသားတိုင်းအတွက် အမြဲတစေပူဇော်ရမည့်အရာဖြစ်သည်။ အမြဲတစေပူဇော်ခြင်းဆိုသည်မှာ အလေးအမြတ်ပြု၍ ထိန်းသိမ်းခြင်းပင်ဖြစ်သည်။

(၂)        ဆရာသခင်ကျေးဇူးရှင်။ ဒုတိယပူဇော်ရမည့်အရာမှာ ဆရာသခင်ကျေးဇူးရှင်များပင် ဖြစ်သည်။ လောက၌ လူသားတို့သည် အဆင့်အတန်းရှိရှိ၊ လူပီသစွာနေထိုင်နိုင်ရေးအတွက် သွန်သင်ပြသဆို ဆုံးမခြင်းမရှိခဲ့ပါလျှင် လူသားတို့သည် တောရိုင်းတိရစ္ဆာန်များနှင့် ခြားနားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆရာသခင် ကျေးဇူးရှင်များသည် လူသားတိုင်းအတွက် အမြဲတစေပူဇော်ရမည့် အရာဖြစ်သည်။ 

(၃)       မိဘ။ တတိယပူဇော်ရမည့်အရာမှာ မိဘများဖြစ်သည်။ မိဘဟူ၍ မရှိပါက ဤကမ္ဘာမြေပေါ်၌ လူသားဟူ၍လည်း ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူသားတိုင်းအတွက် မိဘသည် အမြဲတစေ ပူဇော်ရမည့်အရာဖြစ်သည်။ အမှန်အားဖြင့် မိဘဟူသည် ပဓာနကျေးဇူးရှင်ဖြစ်၍  ကျန်ပူဇော်ရမည့်အရာလေးမျိုးမှာ အပဓာနကျေးဇူးရှင်များဖြစ်ကြသည်။

(၄)       မိမိမှတစ်ပါး အခြားလူသားများ။ လူသားတို့သည် မိမိတစ်ယောက်တည်း အထီးကျန်နေထိုင်နိုင်သည့်သတ္တဝါများ  မဟုတ်ပေ။ လူ့သမိုင်းတွင် လူ့ယဉ်ကျေးမှုဟူ၍  မပေါ်ပေါက်မီကာလကတည်းက လူသားတို့သည် အသင်းအဖွဲ့နှင့် နေကြသူများဖြစ်ကြသည်။ ထို့ကြောင့် မိမိမှတစ်ပါး အခြားလူသားများသည် လူသားတိုင်းအတွက် ပူဇော်ရမည့်အရာများပင်ဖြစ်သည်။ မိမိထက် မြင့်မြတ်သူများအား ပူဇော်ခြင်းကို ပူဇော်ခြင်းဟုဆိုသည်။  မိမိနှင့်အဆင့်တူသူများအား ပူဇော်ခြင်းကို ကူညီခြင်းဟုဆိုသည်။ မိမိအောက်နိမ့်သူများအား ပူဇော်ခြင်းကို ချီးမြှောက်ခြင်းဟု

ဆိုသည်။ ထို့ကြောင့် မိမိထက် မြင့်သူဖြစ်စေ၊ မိမိနှင့်အဆင့်တူသူဖြစ်စေ၊ မိမိအောက်နိမ့်သူဖြစ်စေ လူသားမှန်သမျှအားလုံးသည် ပူဇော်ထိုက်သူများဖြစ်သည်။

(၅)       ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောက။ ပဉ္စမမြောက် ပူဇော်ရမည့်အရာမှာ ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောကဖြစ်သည်။ ကျေးငှက်တိရစ္ဆာန်များအပါအဝင် ပတ်ဝန်းကျင်ရုပ်လောကသည် လူသားများအတွက်  အသက်ရှင်နေထိုင်နိုင်ရန် အထောက်အကူပြုနေသည့်ကျေးဇူးရှင်များဖြစ်သည်။  ထို့ကြောင့် ကျေးငှက်တိရစ္ဆာန်များ အပါအဝင်   ပတ်ဝန်းကျင်ရုပ်လောကသည်လည်း အလေးအမြတ်ပြု၍ ပူဇော်ရမည့်အရာများဖြစ်သည်။ ရုပ်လောက

အားအလေးအမြတ်ပြု၍ ပူဇော်ခြင်းဆိုသည်မှာ သစ်ပင်ပန်းမန်များစိုက်ပျိုးခြင်း၊ ရေတွင်းရေကန်များတူးခြင်း၊ လမ်းများဖောက်ခြင်း၊ တည်းခိုဇရပ်များဆောက်လုပ်ခြင်းတို့ဖြစ်ကြသည်။ 

လူ့အဖွဲ့အစည်းတိုင်းတွင်  ရိုးရာယဉ်ကျေးမှုဟူသည် ရှိစမြဲပင်ဖြစ်သည်။ သို့ရာတွင် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုတွင်ရှိသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်များသည် ကွဲပြားခြားနားကြသည်။ လူ့အဖွဲ့အစည်းတစ်ခု၌ရှိသည့်ရိုးရာယဉ်ကျေးမှုသည် ၎င်းအဖွဲ့အစည်းမှလက်ခံထားသည့် ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာဗိသုကာနှင့် အနုသုခုမပညာရပ်အစရှိသည့်တန်ဖိုးမဖြတ်နိုင်သည့် ရိုးရာအမွေအနှစ်များ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု၌ရှိသော ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများပျက်စီးသွားပါက ထိုသို့ပျက်စီးခြင်းနှင့်အတူ လူ့အဖွဲ့အစည်းရှိ တန်ဖိုးများသည်လည်း ဆိတ်သုဉ်းပျောက်ကွယ်သွားမည်သာဖြစ်သည်။ 

ထို့ကြောင့်မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ခေတ်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးသည် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ နိုင်ငံသားအားလုံး၊ အစိုးရ၊ ပုဂ္ဂလိက၊ လူမှုအဖွဲ့အစည်းများနှင့် မိသားစုတိုင်းမှ သတိတရားဖြင့်   လက်တွဲဆောင်ရွက်ရမည့်  အမျိုးသားရေး တာဝန်တစ်ရပ်ပင်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားကာ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို လက်ခံကျင့်သုံးနိုင်လျှင် မြန်မာ့ယဉ်ကျေးမှုသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဖွယ်ရာအဖြစ် ရေရှည်ရှင်သန်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယနေ့လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ရိုးရာ ယဉ်ကျေးမှုများကို စောင့်ထိန်းအပ်၊ စောင့်ထိန်းထိုက်၊ စောင့်ထိန်းသင့်သည့် တန်ဖိုးမဖြတ်နိုင်သောရတနာအဖြစ်မှတ်ယူပြီး သမိုင်းစဉ်ဆက်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက် သင့်ပါကြောင်း ရည်ရွယ် တင်ပြလိုက်ရပါသည်။  ။

လူငယ်ငြိမ်းချမ်းရေး ဖိုရမ်နှင့် ယနေ့လူငယ်
-
သံလွင်တစ်ခက် ချိုးဖြူငှက်ငယ် ရှေ့ဆက်သယ်ပေး ငြိမ်းချမ်းရေး။ မြန်မာတို့၏ ဆိုရိုးစကားဖြစ်သော “ယနေ့လူငယ်နောင်ဝယ်လူကြီး”ဆိုသည့်ပမာ နောင်တစ်ချိန် တိုင်းပြည်တာဝန်ထမ်းဆောင်ကြရမည့် လူငယ်မောင်မယ်အများစုသည် ဗလငါးတန်ဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့နှင့် ပြည့်စုံသင့်ပေသည်။ ထိုအရာများပြည့်ဝသောအခါ ခေတ်အမြင်၊ ခေတ်အတွေးတို့ဖြင့်လည်းကောင်း၊ AI နည်းပညာခေတ်၏ ပညာရပ်ဆိုင်ရာများဖြင့်လည်းကောင်း နိုင်ငံတော်တည်ဆောက်ရေး အစီအစဉ်များ ကဏ္ဍအသီးသီး၌ပါဝင်အားဖြည့်ဆောင်ရွက်ကြရပေမည်။ ထိုသို့သော လုပ်ငန်းစဉ်များစွာကို အောင်‌မြင်စွာ ဆောင်ရွက်နိုင်စေရန် တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရန် အထူးအရေးကြီးလှပေသည်။ လူငယ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါပေ၏။ ထို့ကြောင့် ငြိမ်းချမ်းခြင်းအဓိပ္ပာယ်၊ ငြိမ်းချမ်းရေးအနှစ်သာရ၊ ငြိမ်းချမ်းရေးဆိုင်ရာ အတွေးသစ် အမြင်သစ်ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်ခိုင်မာစေရန် အထူးလိုအပ်လှပေသည်။ ထိုသို့သောအရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အတွက် နိုင်ငံတော်အစိုးရက လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ကျင်းပပေးခြင်းဖြစ်သည်။ NCA (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှအလုပ်ရုံ ဆွေးနွေးပွဲအကြံပြုချက်များအရ ယခုလူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကို ကျင်းပပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်ဟု သိရှိခဲ့ရပေရာ လူငယ်များနှင့် လက်လှမ်းမီဝန်းကျင်သစ်များအတွက် ဝမ်းသာဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။အနာဂတ်ကာလနိုင်ငံ တည်ဆောက်ရေးတွင် လူငယ်မောင်မယ်များ တစ်ဖက်တစ်လမ်းမှပါဝင်၍ ဆောင်ရွက်ရေး၊ မတူကွဲပြားသော ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီအစ်ကိုမောင်နှမများ လူမှုစီးပွားအခြေခံမျိုးစုံမှ လူငယ်မောင်မယ်တို့၏ အမြင်ဝေမျှရေး၊ အပြန်အလှန်ယုံကြည်မှု ခိုင်မြဲစေရေး၊ လူမှုသဟဇာတမြှင့်တင်ခြင်း၌ လူငယ်အခန်းကဏ္ဍရှာဖွေကာ ဘက်ညီ‌သောအခင်းအကျင်း တစ်ရပ်ပေါ်ပေါက်လာစေရန်ရည်ရွယ်ကာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(Youth Peace Forum 2026)ကို ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်တတိယနေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးကြပြီး ခေတ်အဆက်ဆက်ငြိမ်းချမ်းရေး ရရှိရန်ဆောင်ရွက်မှု၊ နိုင်ငံ၏ လက်ရှိပကတိဖြစ်ပေါ်တိုးတက်မှု၊ အပြုသဘောဆောင်သည့် ပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးနှင့်လူမှု အသိုက်အဝန်းတည်ငြိမ်စေရေးတွင် လူငယ်များ၏ ဆောင်ရွက်ချက်များသည်အရေးကြီးကြောင်း ဆွေးနွေးနိုင်ခဲ့သည်။လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ပထမနေ့တွင် လူငယ်များကို ငြိမ်းချမ်းရေးအမွေ လက်ဆင့်ကမ်းပေးခြင်းနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် နယ်မြေဒေသအသီးသီးမှ အနည်းဆုံးလူငယ် ၂၂ ဦးထံမှ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးတင်ပြချက်များ ရယူခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ၊ ကျွမ်းကျင်ပညာရှင်လူငယ်များ၊ ဝန်ကြီးဌာနမှ အတွေ့ အကြုံရှိသည့် ကိုယ်စားလှယ် ၁၀ ဦးတို့က သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးပြီး လူငယ်ကိုယ်စားလှယ် ၃၂၀ တို့က အခန်း(၄) ခန်းခွဲ၍ ဆွေးနွေးဖော်ထုတ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးမှုများမှ ရရှိလာမည့် အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်စေရေးနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း မြှင့်တင်ခြင်းတို့တွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တတိယနေ့တွင် လူငယ်ဖိုရမ်၏ အဓိကအရေးအကြီးဆုံးဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ခြင်း၊ ကွန်ရက်အလိုက်စီမံချက်၊ အဆိုပြုချက်များ တင်ပြဆွေးနွေးခြင်းများ၊ ဆွေးနွေးချက်များအပေါ် ပညာရှင်အချို့က အကြံပြုဆွေးနွေးနိုင်ခဲ့သည်။ယခုကျင်းပပြီးစီးခဲ့သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သည်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှ လူငယ်မောင်မယ် အားလုံးတို့အတွက် ဆန်းသစ်သည့်အတွေး၊ မတူကွဲပြားသည့်အမြင်၊ အယူအဆသစ်တို့ဖြင့် တူညီသည်များစုစည်း၊ မတူသည်တို့အား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လာတတ်ကြစေမည်ဖြစ်ပေရာ နိုင်ငံ့အနာဂတ်အတွက် ပုံရိပ်သစ်တို့ကို ထုဆစ်ပုံဖော်နိုင်လာကြမည့် လူငယ်လူရွယ်များဖြစ်လာကြပေတော့မည်မှာ အမှန်ပင်ဖြစ်ပေသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံသားတိုင်း အမျိုးသားရေး တာဝန်အဖြစ်ဆောင်ရွက်သင့်သည်။ ထိုအခါ နိုးကြားတက်ကြွသော လူငယ်လူရွယ်များစွာသည် ယခုဖိုရမ်၌အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ဖြစ်တန်စွမ်းစသည်တို့အား ခြုံငုံသုံးသပ်၍ တိုင်းရင်းသားမျိုးစုံညီရင်းအစ်ကို၊ မောင်ရင်းနှမပမာသင့်မြတ်ခြင်း၊ သာတူညီမျှခြင်းတို့ဖြင့် ခေတ်ရှေ့ဆောင်လူငယ်မောင်မယ်များအဖြစ် အေးအတူပူအမျှ ဥမကွဲသိုက်မပျက် နေထိုင်ရင်း နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး မျိုးဆက်သစ်တာဝန် ကျေပွန်မည်ဖြစ်သည်။လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လူငယ်များ၏ တက်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ်ပညာနှင့် လူကြီးများ၏အတွေ့အကြုံများ ပေါင်းစပ်၍ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း”ပြောကြားခဲ့သည်။နိုင်ငံတစ်ဝန်းမှ ဖိုရမ်တက်ရောက်လာကြမည့် လူငယ်မောင်မယ်များအားလုံးသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရာတွင် တိုင်းပြည်၌ဖြစ်ပေါ်နေသည့် ပဋိပက္ခမျိုးစုံကိုဖြေရှင်းရေး၊ စိတ်ကူးဉာဏ်သစ် အတွေးသစ်တို့ဖြင့် ပုံဖော်စွမ်းဆောင်ပြီး IT နည်းပညာခေတ်၊ AI နည်းပညာခေတ်မှရရှိသော အထွေထွေဗဟုသုတတို့မှ ကောင်းသောရလဒ်များ စုစည်းပေါင်းစပ် လုပ်ဆောင်သွားကြပါမူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို တာဝန်ကိုယ်စီထမ်းရွက်ရင်း ဖော်ဆောင်ထူထောင်နိုင်မည်ဟု ယုံကြည်မိပါ၏။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သည်ငြိမ်းချမ်းသောနယ်မြေ၊ ငြိမ်းချမ်းသောဒေသ၊ လူမှုစီးပွားလုပ်ငန်း ဆောင်တာများအား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲလုပ်ဆောင်နိုင်ရေးဆီသို့ မြန်မာတိုင်းရင်းသား ပေါင်းစုံ လူငယ်ထု၏စွမ်းအားဖြင့် ဆောင်ရွက်နိုင်လာကြပေမည်။ ယမ်းနံ့သင်းသောနယ်မြေဒေသများအား ပန်းရနံ့ဝေသည့်ဒေသများအဖြစ် လူငယ်ထု၏စည်းလုံးမှု၊ စည်းရုံးမှုတို့ဖြင့် စွမ်းဆောင်လာနိုင်ကြပေလိမ့်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးတေးသံများ လွင့်ပျံ့စေမှု၊ ဘိုးဘွားတို့ရယူပေးခဲ့သော အမိမြန်မာပြည် လွတ်လပ်ရေး၏ အသီးအပွင့်တို့အား ကြာရှည်စွာခံစားနိုင်ရေးအတွက် ငြိမ်းချမ်းရေးခရီးအားဆက်၍ ဆက်ကာလျှောက်လှမ်းနိုင်မှု အစရှိသည်တို့ကို ညီညာလက်တွဲ၊ သွေးမကွဲကြဘဲစုစုစည်းစည်း ဆောင်ရွက်သွားကြပါမူ နိုင်ငံ၏အနာဂတ်သည် လင်းလက်တောက်ပလာမည်မှာ အမှန်ဧကန်ပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။ “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက် သုံးရက်တာကာလအတွင်း အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အနာဂတ်လူငယ် ကြေညာစာတမ်းနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်းပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် ရေးဆွဲနိုင်ရေးအကြံပြုချက်(Recommendations၊ Outcomes) များကို စနစ်တကျ စုစည်းရယူသွားမည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် ယနေ့လူငယ် များမှာ နုပျို၊ တက်ကြွ၊ အားမာန်အပြည့်ရှိကာ ရိုးသားစင်ကြယ်သောစိတ်ဓာတ်၊ အမှန်တရားကိုချစ်မြတ်နိုးခြင်း၊ ယဉ်ကျေးမှုစောင့်ထိန်းကာ အများအကျိုးရွက်သယ်ပိုးသော ပရဟိတစိတ်ရှိခြင်းနှင့်ပြည့်ဝကြပေ၏။ တိုင်းပြည်ချစ်စိတ်၊မျိုးချစ်စိတ်တို့ဖြည့်စွက် ပေါင်းစည်းကြပါမူ နိုင်ငံ့သားကောင်း၊ အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်လာကြမှာ အသေအချာပင်ဖြစ်၏။ လူငယ်အများစု၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်မှုများကို နိုင်ငံတော်မှ ကျင်းပပေးခဲ့သည့် လူငယ်နှင့်စာပေပွဲတော်များတွင် မြင်တွေ့သိရှိခဲ့ကြပြီးဖြစ်ပေသည်။ လူငယ်ထုသည် မိမိ၌ရှိပြီးဖြစ်သော စွမ်းရည်ကောင်းကို ကောင်းမွန်မှန်ကန်သော အင်အားတစ်ရပ်အဖြစ်ဖန်တီးရင်း အနာဂတ်နိုင်ငံတော်သစ်ဆီ ဦးတည်လျှောက်လှမ်း သွားကြရပေမည်။ ထို့ကြောင့် လူငယ်များ၏အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ယခုလူငယ်ဖိုရမ်၌ပါဝင် ဆွေးနွေးကာ နိုင်ငံတော်တည်ဆောက်ရေးတွင် တီထွင်ဖန်တီး၊ ဆန်းသစ်သော အတွေးအခေါ်အယူအဆများဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေကြောင်း ‌ဆုမွန်ကောင်း တောင်းရင်း ဆန္ဒပြု ရေးသား လိုက်ရပါတော့သည်။ ။MWD

      သံလွင်တစ်ခက်

      ချိုးဖြူငှက်ငယ်

      ရှေ့ဆက်သယ်ပေး ငြိမ်းချမ်းရေး။

    မြန်မာတို့၏ ဆိုရိုးစကားဖြစ်သော ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်ပမာ နောင်တစ်ချိန် တိုင်းပြည်တာဝန်ထမ်းဆောင်ကြရမည့်   လူငယ်မောင်မယ်အများစုသည်  ဗလငါးတန်ဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့နှင့် ပြည့်စုံသင့်ပေသည်။   ထိုအရာများပြည့်ဝသောအခါ ခေတ်အမြင်၊  ခေတ်အတွေးတို့ဖြင့်လည်းကောင်း၊ AI  နည်းပညာခေတ်၏ ပညာရပ်ဆိုင်ရာများဖြင့်လည်းကောင်း  နိုင်ငံတော်တည်ဆောက်ရေး အစီအစဉ်များ ကဏ္ဍအသီးသီး၌ပါဝင်အားဖြည့်ဆောင်ရွက်ကြရပေမည်။ ထိုသို့သော လုပ်ငန်းစဉ်များစွာကို အောင်‌မြင်စွာ ဆောင်ရွက်နိုင်စေရန်   တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရန် အထူးအရေးကြီးလှပေသည်။ 

လူငယ်များ၏   အခန်းကဏ္ဍသည် လွန်စွာအရေးပါပေ၏။   ထို့ကြောင့် ငြိမ်းချမ်းခြင်းအဓိပ္ပာယ်၊   ငြိမ်းချမ်းရေးအနှစ်သာရ၊ ငြိမ်းချမ်းရေးဆိုင်ရာ အတွေးသစ် အမြင်သစ်ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်ခိုင်မာစေရန် အထူးလိုအပ်လှပေသည်။ ထိုသို့သောအရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အတွက် နိုင်ငံတော်အစိုးရက လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ကျင်းပပေးခြင်းဖြစ်သည်။ 

NCA (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှအလုပ်ရုံ ဆွေးနွေးပွဲအကြံပြုချက်များအရ ယခုလူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကို ကျင်းပပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်ဟု သိရှိခဲ့ရပေရာ လူငယ်များနှင့် လက်လှမ်းမီဝန်းကျင်သစ်များအတွက် ဝမ်းသာဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။

အနာဂတ်ကာလနိုင်ငံ တည်ဆောက်ရေးတွင်  လူငယ်မောင်မယ်များ တစ်ဖက်တစ်လမ်းမှပါဝင်၍  ဆောင်ရွက်ရေး၊  မတူကွဲပြားသော   ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီအစ်ကိုမောင်နှမများ လူမှုစီးပွားအခြေခံမျိုးစုံမှ လူငယ်မောင်မယ်တို့၏ အမြင်ဝေမျှရေး၊  အပြန်အလှန်ယုံကြည်မှု ခိုင်မြဲစေရေး၊ လူမှုသဟဇာတမြှင့်တင်ခြင်း၌  လူငယ်အခန်းကဏ္ဍရှာဖွေကာ  ဘက်ညီ‌သောအခင်းအကျင်း တစ်ရပ်ပေါ်ပေါက်လာစေရန်ရည်ရွယ်ကာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(Youth Peace Forum 2026)ကို ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်တတိယနေ့တွင်  တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးမှ  လူငယ်ကိုယ်စားလှယ်များ  ပါဝင်တက်ရောက်ဆွေးနွေးကြပြီး ခေတ်အဆက်ဆက်ငြိမ်းချမ်းရေး ရရှိရန်ဆောင်ရွက်မှု၊  နိုင်ငံ၏ လက်ရှိပကတိဖြစ်ပေါ်တိုးတက်မှု၊  အပြုသဘောဆောင်သည့် ပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးနှင့်လူမှု အသိုက်အဝန်းတည်ငြိမ်စေရေးတွင် လူငယ်များ၏ ဆောင်ရွက်ချက်များသည်အရေးကြီးကြောင်း  ဆွေးနွေးနိုင်ခဲ့သည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ပထမနေ့တွင် လူငယ်များကို ငြိမ်းချမ်းရေးအမွေ   လက်ဆင့်ကမ်းပေးခြင်းနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် နယ်မြေဒေသအသီးသီးမှ   အနည်းဆုံးလူငယ် ၂၂ ဦးထံမှ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးတင်ပြချက်များ ရယူခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။  ဒုတိယနေ့တွင် အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များ၊ ကျွမ်းကျင်ပညာရှင်လူငယ်များ၊ ဝန်ကြီးဌာနမှ အတွေ့ အကြုံရှိသည့် ကိုယ်စားလှယ် ၁၀ ဦးတို့က သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးပြီး လူငယ်ကိုယ်စားလှယ် ၃၂၀ တို့က အခန်း(၄) ခန်းခွဲ၍   ဆွေးနွေးဖော်ထုတ်ခြင်းများ   ဆောင်ရွက်နိုင်ခဲ့သည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးမှုများမှ ရရှိလာမည့် အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး လက်နက်ကိုင်ပဋိပက္ခများ  ရပ်တန့်စေရေးနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း မြှင့်တင်ခြင်းတို့တွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တတိယနေ့တွင် လူငယ်ဖိုရမ်၏ အဓိကအရေးအကြီးဆုံးဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊  ချိတ်ဆက်ခြင်း၊ ကွန်ရက်အလိုက်စီမံချက်၊ အဆိုပြုချက်များ တင်ပြဆွေးနွေးခြင်းများ၊ ဆွေးနွေးချက်များအပေါ် ပညာရှင်အချို့က အကြံပြုဆွေးနွေးနိုင်ခဲ့သည်။

ယခုကျင်းပပြီးစီးခဲ့သည့်   လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth  Peace Forum 2026) သည်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှ လူငယ်မောင်မယ် အားလုံးတို့အတွက် ဆန်းသစ်သည့်အတွေး၊ မတူကွဲပြားသည့်အမြင်၊  အယူအဆသစ်တို့ဖြင့် တူညီသည်များစုစည်း၊  မတူသည်တို့အား    ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လာတတ်ကြစေမည်ဖြစ်ပေရာ  နိုင်ငံ့အနာဂတ်အတွက်  ပုံရိပ်သစ်တို့ကို ထုဆစ်ပုံဖော်နိုင်လာကြမည့်  လူငယ်လူရွယ်များဖြစ်လာကြပေတော့မည်မှာ  အမှန်ပင်ဖြစ်ပေသည်။ 

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံသားတိုင်း အမျိုးသားရေး တာဝန်အဖြစ်ဆောင်ရွက်သင့်သည်။  ထိုအခါ  နိုးကြားတက်ကြွသော လူငယ်လူရွယ်များစွာသည် ယခုဖိုရမ်၌အကောင်းအဆိုး၊   အကြောင်းအကျိုး၊ ဖြစ်တန်စွမ်းစသည်တို့အား ခြုံငုံသုံးသပ်၍   တိုင်းရင်းသားမျိုးစုံညီရင်းအစ်ကို၊  မောင်ရင်းနှမပမာသင့်မြတ်ခြင်း၊  သာတူညီမျှခြင်းတို့ဖြင့် ခေတ်ရှေ့ဆောင်လူငယ်မောင်မယ်များအဖြစ် အေးအတူပူအမျှ  ဥမကွဲသိုက်မပျက် နေထိုင်ရင်း နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး မျိုးဆက်သစ်တာဝန် ကျေပွန်မည်ဖြစ်သည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု  ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူငယ်များ၏   တက်ကြွသည့်စိတ်၊ သင်ကြားထားသည့်  အတတ်ပညာနှင့် လူကြီးများ၏အတွေ့အကြုံများ ပေါင်းစပ်၍ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်းပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းမှ ဖိုရမ်တက်ရောက်လာကြမည့် လူငယ်မောင်မယ်များအားလုံးသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရာတွင်    တိုင်းပြည်၌ဖြစ်ပေါ်နေသည့်  ပဋိပက္ခမျိုးစုံကိုဖြေရှင်းရေး၊  စိတ်ကူးဉာဏ်သစ် အတွေးသစ်တို့ဖြင့်  ပုံဖော်စွမ်းဆောင်ပြီး IT  နည်းပညာခေတ်၊  AI  နည်းပညာခေတ်မှရရှိသော   အထွေထွေဗဟုသုတတို့မှ   ကောင်းသောရလဒ်များ စုစည်းပေါင်းစပ် လုပ်ဆောင်သွားကြပါမူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို    တာဝန်ကိုယ်စီထမ်းရွက်ရင်း  ဖော်ဆောင်ထူထောင်နိုင်မည်ဟု ယုံကြည်မိပါ၏။ 

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သည်ငြိမ်းချမ်းသောနယ်မြေ၊  ငြိမ်းချမ်းသောဒေသ၊    လူမှုစီးပွားလုပ်ငန်း ဆောင်တာများအား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲလုပ်ဆောင်နိုင်ရေးဆီသို့ မြန်မာတိုင်းရင်းသား ပေါင်းစုံ လူငယ်ထု၏စွမ်းအားဖြင့် ဆောင်ရွက်နိုင်လာကြပေမည်။  ယမ်းနံ့သင်းသောနယ်မြေဒေသများအား ပန်းရနံ့ဝေသည့်ဒေသများအဖြစ် လူငယ်ထု၏စည်းလုံးမှု၊ စည်းရုံးမှုတို့ဖြင့် စွမ်းဆောင်လာနိုင်ကြပေလိမ့်မည်ဖြစ်သည်။  ငြိမ်းချမ်းရေးတေးသံများ လွင့်ပျံ့စေမှု၊    ဘိုးဘွားတို့ရယူပေးခဲ့သော  အမိမြန်မာပြည် လွတ်လပ်ရေး၏ အသီးအပွင့်တို့အား  ကြာရှည်စွာခံစားနိုင်ရေးအတွက် ငြိမ်းချမ်းရေးခရီးအားဆက်၍ ဆက်ကာလျှောက်လှမ်းနိုင်မှု   အစရှိသည်တို့ကို ညီညာလက်တွဲ၊   သွေးမကွဲကြဘဲစုစုစည်းစည်း ဆောင်ရွက်သွားကြပါမူ နိုင်ငံ၏အနာဂတ်သည်    လင်းလက်တောက်ပလာမည်မှာ အမှန်ဧကန်ပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။ 

ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး  ဆောင်ပုဒ်နှင့်အညီ  ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက် သုံးရက်တာကာလအတွင်း  အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့်    အနာဂတ်လူငယ် ကြေညာစာတမ်းနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်းပြီး   အနာဂတ်နိုင်ငံတော်  တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ  စာတမ်းတစ်ရပ် ရေးဆွဲနိုင်ရေးအကြံပြုချက်(Recommendations၊ Outcomes) များကို စနစ်တကျ စုစည်းရယူသွားမည်ဖြစ်သည်။ 

အချုပ်အားဖြင့်ဆိုရသော်  ယနေ့လူငယ် များမှာ နုပျို၊ တက်ကြွ၊ အားမာန်အပြည့်ရှိကာ  ရိုးသားစင်ကြယ်သောစိတ်ဓာတ်၊ အမှန်တရားကိုချစ်မြတ်နိုးခြင်း၊ ယဉ်ကျေးမှုစောင့်ထိန်းကာ အများအကျိုးရွက်သယ်ပိုးသော  ပရဟိတစိတ်ရှိခြင်းနှင့်ပြည့်ဝကြပေ၏။ တိုင်းပြည်ချစ်စိတ်၊မျိုးချစ်စိတ်တို့ဖြည့်စွက် ပေါင်းစည်းကြပါမူ    နိုင်ငံ့သားကောင်း၊ အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်လာကြမှာ အသေအချာပင်ဖြစ်၏။ လူငယ်အများစု၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်မှုများကို နိုင်ငံတော်မှ ကျင်းပပေးခဲ့သည့် လူငယ်နှင့်စာပေပွဲတော်များတွင်  မြင်တွေ့သိရှိခဲ့ကြပြီးဖြစ်ပေသည်။  လူငယ်ထုသည် မိမိ၌ရှိပြီးဖြစ်သော   စွမ်းရည်ကောင်းကို ကောင်းမွန်မှန်ကန်သော  အင်အားတစ်ရပ်အဖြစ်ဖန်တီးရင်း အနာဂတ်နိုင်ငံတော်သစ်ဆီ ဦးတည်လျှောက်လှမ်း သွားကြရပေမည်။ 

ထို့ကြောင့်  လူငယ်များ၏အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ်  ယခုလူငယ်ဖိုရမ်၌ပါဝင် ဆွေးနွေးကာ နိုင်ငံတော်တည်ဆောက်ရေးတွင် တီထွင်ဖန်တီး၊ ဆန်းသစ်သော အတွေးအခေါ်အယူအဆများဖြင့်  စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေကြောင်း ‌ဆုမွန်ကောင်း တောင်းရင်း ဆန္ဒပြု ရေးသား လိုက်ရပါတော့သည်။       ။

MWD

ကိုဝင်းမော်ထွန်း