မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံအတွက် စားသုံးဆီဖူလုံရေးက ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေ လုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပါလျက်နှင့် နှစ်စဉ် စားသုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေ များစွာအကုန်အကျခံနေရခြင်းမှာ အလွန်နှမြောဖွယ်ကောင်းသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုအတွက် နှစ်စဉ်ကုန်ကျနေရသည့် နိုင်ငံခြားငွေ သန်းပေါင်းများစွာကို ပြည်တွင်း၌ ပြန်လည်ထိန်းသိမ်းပေးနိုင်သော သီးနှံဖြစ်သည့်ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးကြရန် မဖြစ်မနေ လိုအပ်လာပါသည်။
ကျွန်ုပ်တို့သည် ပဲပုပ်ကို စားဖိုဆောင်သုံးဟင်းခတ်အဆင့်မှသည် နိုင်ငံတော်၏စီးပွားရေးကို မောင်းနှင်ပေးမည့် “ဆီပဲပုပ်” အဖြစ် အသွင်ကူးပြောင်း ရှုမြင်ခြင်းသည်သာ ဆီဖူလုံရေးအတွက် အမှန်ကန်ဆုံးနှင့် အမြန်ဆုံးသောလမ်းစဖြစ်ပါမည်။
ပဲပုပ်ကို စားဖိုဆောင်တိုင်း၏ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ရှမ်းရိုးရာပဲပုပ်ပြားအဖြစ် လည်းကောင်း ကျွန်ုပ်တို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါသည်။ သို့သော် ဤသေးငယ်သော အစေ့အဆန်များထဲတွင် စားရေရိက္ခာဖူလုံမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို ပြောင်းလဲပစ်နိုင်သည့် “မမြင်ရသော စွမ်းအားများ” ကိန်းအောင်းနေသည်ကိုမူ ကျွန်ုပ်တို့သတိပြုမိရန် နောက်ကျနေခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ပဲပုပ်ကို ယနေ့အချိန်အထိ ဟင်းခတ်အဆင့်၊ ဒေသစာ အဆင့်တွင်သာ ထိန်းချုပ်ထားခဲ့ပြီး ယင်း၏စစ်မှန်သောတန်ဖိုးဖြစ်သည့် “စားသုံးဆီထုတ်လုပ်မှု” ကဏ္ဍကိုမူ လျစ်လျူရှုထားခဲ့ကြပါသည်။
အရည်ပျော်နေသောရွှေအဖြစ် သတ်မှတ်
ပဲပုပ်ကို စားသုံးဆီလောကတွင် ကျွန်ုပ်တို့ မသိကျိုးကျွန်ပြုထားသော်လည်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင်မူ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် တည်ရှိခဲ့သည်မှာကြာပြီဖြစ်ပါသည်။ ကမ္ဘာ့စားသုံးဆီကဏ္ဍတွင် ဆီအုန်း ၃၅ ရာခိုင်နှုန်းခန့်၊ ပဲပုပ်ဆီ ၂၈ ရာခိုင်နှုန်းခန့်၊ မုန်ညင်းဆီ ၁၅ ရာခိုင်နှုန်းခန့်၊ နေကြာဆီ ကိုးရာခိုင်နှုန်းခန့်နှင့် အခြား (မြေပဲ၊ အုန်း၊ သံလွင်၊ နှမ်းဆီများ) ၁၃ ရာခိုင်နှုန်းခန့်ဖြင့် အသီးသီးနေရာယူ ထားကြရာ ပဲပုပ်သည် ကမ္ဘာတစ်ဝန်းတွင် စားသုံးဆီအတွက် မည်မျှအားကိုးရသည့်သီးနှံဖြစ်ကြောင်း ထင်ရှားလှပါသည်။ ကျွန်ုပ်တို့သည် ပဲပုပ်ကို ဟင်းခတ်အဖြစ်သာမြင်နေချိန်တွင် ကမ္ဘာ့စိုက်ပျိုးရေး အင်အားကြီးနိုင်ငံများသည် ၎င်းကိုအရည်ပျော်နေသောရွှေအဖြစ် သတ်မှတ်ကာ စီးပွားရေးအင်အား အဖြစ် တည်ဆောက်ခဲ့ကြပါသည်။
ဘရာဇီးနိုင်ငံက လွန်ခဲ့သော ဆယ်စုနှစ်များတွင် ပဲပုပ်ကို အနည်းငယ်သာ စိုက်ပျိုးခဲ့သော်လည်း ယနေ့အချိန်တွင် ကမ္ဘာ့နံပါတ် (၁) ပဲပုပ်တင်ပို့သူဖြစ်လာပြီး ဘရာဇီးနိုင်ငံအတွက် ပဲပုပ်သည် လယ်ယာ ထွက်ကုန်တစ်ခုမျှသာ မဟုတ်တော့ဘဲ နိုင်ငံ၏ GDP ကို အဓိကမောင်းနှင်ပေးသည့် အင်ဂျင်ကြီးတစ်ခု ဖြစ်လာပါသည်။
အလားတူပင် အာဂျင်တီးနားနိုင်ငံသည်လည်း ပဲပုပ်ကိုကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် ပဲပုပ်ဆီနှင့် ပဲပုပ်ဖတ်အဖြစ် ပြုပြင်ထုတ်လုပ်ကာ ၎င်းတန်ဖိုးမြှင့် (Value-added) ကုန်စည်များဖြင့် ကမ္ဘာ့ဈေးကွက်ကို စိုးမိုးထားသည်။ ကုန်ကြမ်းတင်ပို့ခြင်းထက် ကုန်ချော (ဆီနှင့်ပဲဖတ်) ထုတ်လုပ်သည့် စက်ရုံများကို တည်ထောင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဝင်ငွေပိုမိုရရှိခဲ့ပါသည်။
အထက်ပါ စိုက်ပျိုးရေး အခြေပြုနိုင်ငံများက သတိပေးနှိုးဆော်နေသည်မှာ ပဲပုပ်ကို ရိုးရာဟင်းခတ် အမွှေးအကြိုင်အဖြစ်သာ စိုက်ပျိုးမနေဘဲ နိုင်ငံ၏ စားသုံးဆီဖူလုံရေး၊ သွင်းကုန်အစားထိုးရေးနှင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် သီးနှံတစ်ခုအဖြစ်ရှုမြင်၍ အလေးထား ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ ယင်းကို စနစ်တကျနှင့် အပြင်းအထန် အသုံးချနိုင်ခြင်းသည်သာ နိုင်ငံ၏ စီးပွားရေးအင်အားကို မြှင့်တင်ပေးမည့်အပြင် စားသုံးဆီဖူလုံမှုအတွက် အခိုင်မာဆုံးသော ကျောရိုးတိုင်ကြီးတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခင်းအကျင်းတွင် စားသုံးဆီသည် သွင်းကုန်ကဏ္ဍ၌ ငွေကြေး အမြောက်အမြား အသုံးပြုနေရပြီး စိုက်ပျိုးရေးနိုင်ငံတစ်ခုအနေဖြင့် မဖြစ်သင့်သည့်အရာလည်း ဖြစ်နေသည်။ နှစ်စဉ်ပြည်ပမှ စားသုံးဆီတန်ချိန်လေးသိန်းမှ ခြောက်သိန်းဝန်းကျင်အထိ တင်သွင်း နေရခြင်းသည် နိုင်ငံတော်၏ အဖိုးတန်လှသော နိုင်ငံခြားငွေများကို ပြည်ပသို့စီးထွက်စေသည့် အဓိက အပေါက်အပြဲတစ်ခုဖြစ်နေရာ “ဆီပဲပုပ်” တိုးချဲ့စိုက်ပျိုးခြင်းက ထိုအပေါက်အပြဲကို ပိတ်ဆို့ပေးမည့် အခိုင်မာဆုံးသော ဆည်တံခါးကြီး ဖြစ်လာပါလိမ့်မည်။
ပဲပုပ်သည် အပင်မှရသော “ကုန်းပေါ်မှအသား” ဖြစ်ရုံသာမက မြေဆီလွှာကို ပြန်လည်ကုသပေးသည့် “မြေဩဇာစက်ရုံ” လည်းဖြစ်သည်။ ယင်းကို ဆီထွက်သီးနှံအဖြစ် အကြီးအကျယ် စိုက်ပျိုး ထုတ်လုပ်ခြင်းသည် စားသုံးဆီဖူလုံရေးအတွက်သာမက မွေးမြူရေးကဏ္ဍနှင့် မြေဆီလွှာ ရေရှည်တည်တံ့ရေး အတွက်ပါ သော့ချက်ကျသော လုပ်ငန်းစဉ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ပဲပုပ်သည် အခြားသီးနှံများထက် ထူးခြားသော ဝိသေသတစ်ခု ရှိနေပါသည်။ ယင်းမှာ နေရာဒေသမရွေး စိုက်ပျိုးနိုင်မှုပင်ဖြစ်သည်။ နေပူပြင်းသော အညာဒေသ၏ မြေဆီလွှာမှသည် မိုးများသော ကမ်းရိုးတန်းဒေသများအထိ ပဲပုပ်သည် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲ ရှင်သန်နိုင်သော စွမ်းအားရှိပါသည်။ အထူးသဖြင့် စပါးစိုက်ခင်းများအပြီး သီးထပ်စိုက်ပျိုးရန်အတွက် ပဲပုပ်သည် အကောင်းဆုံးသော ရွေးချယ်စရာတစ်ခုဖြစ်သည်။
ဤသို့ တစ်နိုင်ငံလုံး အနှံ့အပြားစိုက်ပျိုးနိုင်ခြင်းကြောင့် ဒေသအလိုက် ဆီဖူလုံရေးကို အထောက်အကူ ပြုရုံသာမက သယ်ယူပို့ဆောင်စရိတ် သက်သာစွာဖြင့် ပြည်တွင်းဖြစ် ဆီစစ်စစ်ကို လူတိုင်းလက်လှမ်းမီ နိုင်စေမည်ဖြစ်ပါသည်။ ဒေသအလိုက် ဆီကြိတ်စက်ငယ်လေးများမှတစ်ဆင့် ဒေသထွက်ဆီများကို ထုတ်လုပ်လာနိုင်ပါက ကျေးလက်နေပြည်သူများ၏ ဝင်ငွေစီးဆင်းမှု သိသိသာသာ တိုးတက် လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။ ထို့ကြောင့် ဆီပဲပုပ်ကို ပိုမိုတိုးချဲ့ စိုက်ပျိုးရေးသည် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုမျှသာမဟုတ်ဘဲ နိုင်ငံ၏ စားရေရိက္ခာဖူလုံမှု၊ နိုင်ငံခြားငွေတည်ငြိမ်မှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ကို ပေါင်းစပ်ပေးမည့် ဗျူဟာမြောက် စီးပွားရေးလှုပ်ရှားမှုကြီး ဖြစ်ပေတော့မည်။
ပြည်တွင်းစီးပွားရေးယန္တရားကို ကိုယ်ပိုင်ကုန်ကြမ်းဖြင့်လည်ပတ်
ပဲပုပ်စိုက်ပျိုးထုတ်လုပ်ခြင်းသည် လယ်ယာထွက်ကုန်တစ်ခုရရှိရုံမျှမကဘဲ ဆက်စပ်စီးပွားရေးကဏ္ဍ အသီးသီးကိုပါ တစ်ပြိုင်နက်တည်း နိုးကြားတက်ကြွလာစေမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဆီပဲပုပ်ကို တိုးချဲ့စိုက်ပျိုးလာနိုင်ခြင်းသည် ရပ်တန့်လုနီးပါးဖြစ်နေသည့် ပြည်တွင်း ဆီစက်များကို ပြန်လည်ရှင်သန် လည်ပတ်လာစေမည့်အပြင် စက်ရုံလုပ်သားများမှသည် သယ်ယူပို့ဆောင်ရေးလုပ်သားများအထိ အလုပ်အကိုင်အခွင့် အလမ်းသစ်များကို ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံခြားငွေယိုစီးမှုကို တားဆီးရုံသာမက ပြည်တွင်းစီးပွားရေးယန္တရားကို ကိုယ်ပိုင်ကုန်ကြမ်းဖြင့် လည်ပတ်စေခြင်းပင်ဖြစ်ပါသည်။
သာမန်အားဖြင့် ပဲပုပ်ကို ဆီအတွက်သာ ရည်ရွယ်သည်ဟုထင်ရသော်လည်း ယင်းမှရရှိသော “ပဲဖတ်” (Soybean Meal) သည် မွေးမြူရေးကဏ္ဍအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်နေပြန်ပါသည်။ လက်ရှိတွင် ကျွန်ုပ်တို့နိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်ပမှတင်သွင်းနေရခြင်းမှာ အလွန်ပင်နှမြောဖို့ကောင်းလှသည်။ ဆီပဲပုပ်ကို အင်တိုက်အားတိုက် စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံရေးဟူသည့်ပန်းတိုင်ကို လှမ်းကိုင်နိုင် ရုံမျှမကဘဲ မွေးမြူရေးအစာဖူလုံရေးကိုပါ တစ်ဆက်တည်း ဖြေရှင်းပေးနိုင်သည့် “တစ်ချက်ခုတ် နှစ်ချက်ပြတ်”လမ်းကြောင်းဖြစ်ပါသည်။
ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း ပဲပုပ်ဆီသည် ဈေးကွက်အတွင်းရှိ အရည်အသွေးမမီသော ဆီများအတွက် အကောင်းဆုံးသော အစားထိုးမှုဖြစ်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်သည့် အကျိုးပြုဓာတ်များ ပါဝင်ခြင်းကြောင့် ပဲပုပ်ဆီကို စားသုံးခြင်းသည် ပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်းကိုပါ မြှင့်တင်ပေးရာရောက်သည်။ ထို့ကြောင့် “ဆီပဲပုပ်” စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးစေရုံတင်မကဘဲ တစ်မျိုးသားလုံး၏ အသက်ရှည် ကျန်းမာခြင်းကိုပါ တည်ဆောက်ပေးနိုင်သည့် ဘက်စုံအကျိုးပြုလုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။
ပို၍ ထူးခြားသောအချက်မှာ ပဲပုပ်သည် စိုက်ပျိုးသူတောင်သူတို့၏ မြေဆီလွှာကို အခမဲ့ပြုပြင်ပေးသည့် “သဘာဝမြေဩဇာစက်ရုံ” ဖြစ်နေ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေအများစုမှာ ဓာတ်မြေဩဇာများကို နှစ်ရှည်လများ သုံးစွဲလာမှုကြောင့် မြေဆီလွှာများ မာကျောပျက်စီးပြီး အာဟာရဓာတ် ကုန်ခန်းနေကြပြီဖြစ်ရာ ပဲပုပ်စိုက်ပျိုးခြင်းသည် မြေဆီလွှာကို ပြန်လည်ကုသပေးသည့် ထိရောက်သောကုထုံးတစ်ခုဖြစ်သည်။ ပဲပုပ်ပင်၏အမြစ်များက လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို မြေကြီးထဲသို့ ဖမ်းယူဖြည့်တင်း ပေးနိုင်စွမ်းရှိသဖြင့် နောက်ဆက်တွဲစိုက်ပျိုးမည့် သီးနှံများအတွက် ဓာတ်မြေဩဇာအသုံးပြုမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ယင်းသည် တောင်သူတို့အတွက် စိုက်ပျိုးစရိတ်ကို သက်သာစေရုံသာမက အသားတင်အမြတ်ငွေကို ပိုမိုရရှိစေကာ မြေဆီလွှာကိုပါ ရေရှည်တည်တံ့စေသည့် ဘက်စုံအကျိုးပြုစီးပွားရေးစနစ်သစ်ကို ဖော်ဆောင်ပေးမည်မှာ ဧကန်မလွဲပင် ဖြစ်ပေသည်။
ဆီထွက်နှုန်းကောင်းပြီး အပင်သက်တမ်းတိုသော မျိုးကောင်းမျိုးသန့်များကိုရွေးချယ်
“ဆီပဲပုပ်” စိုက်ပျိုးရန်အတွက် ခက်ခဲနက်နဲသော နည်းပညာများစွာ မလိုအပ်ဘဲ ရိုးရှင်းစွာ ဆောင်ရွက်နိုင်ပါသည်။ ဆီထုတ်ရန်အတွက် ရည်ရွယ်၍ လက်ရှိစိုက်ပျိုးနေသောမျိုးများအစား စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဆီထွက်နှုန်းကောင်းပြီး အပင်သက်တမ်းတိုသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ မြေကိုထွန်ရေး ညက်အောင် ပြင်ပြီးနောက် အစိုဓာတ်ရှိချိန်တွင် တန်းကြား ၁၂ လက်မနှင့် ပင်ကြား လေးလက်မခန့်ထားကာ စနစ်တကျ စိုက်ပျိုးနိုင်ပါသည်။
အထူးသဖြင့် စပါးရိတ်သိမ်းပြီးစ အစိုဓာတ်ဖြင့်ပင် အလွယ်တကူ စိုက်ပျိုးနိုင်ခြင်းမှာ ပဲပုပ်၏ အားသာချက်ဖြစ်ပြီး အခြားသီးနှံများကဲ့သို့ အလွန်အမင်းပြုစုရန်မလိုဘဲ အစောပိုင်းပေါင်းမြက် ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့်အချိန်တွင် ရေအနည်းငယ်သွင်းပေးရုံဖြင့် အောင်မြင်နိုင်ပါသည်။ ပဲပုပ်သည် အပင်သက်တမ်း တိုတောင်းခြင်းကြောင့် တစ်နှစ်လျှင် သီးနှံနှစ်ကြိမ်၊ သုံးကြိမ်အထိ သီးထပ်စိုက်ပျိုးနိုင်၍ မိမိ၏ မြေကွက်ငယ်လေးမှ ဝင်ငွေအမြောက်အမြား ရရှိလာစေမည့်နည်းလမ်း ကောင်းတစ်ခုလည်းဖြစ်သည်။
ထို့အပြင် ပဲပုပ်စိုက်ပျိုးခြင်းသည် အရင်းအနှီးသက်သာပြီး အကျိုးအမြတ်များပြားသည့် “အလေအလွင့် မရှိသော စီးပွားရေး” (Zero Waste Economy) ကို ဖော်ဆောင်ပေးပါသည်။ အစေ့ကိုဆီကြိတ်ရန် ရောင်းချရုံတင်မကဘဲ အပင်ခြောက်များနှင့် ဘေးထွက်ပစ္စည်းများကို မွေးမြူရေးအစာ သို့မဟုတ် မြေဆွေးအဖြစ် ပြန်လည်အသုံးချနိုင် သဖြင့် စိုက်ပျိုးသူအတွက် မည်သည့်အရာမှ လေလွင့်မှုမရှိသည့် ဘက်စုံအကျိုးအမြတ်ကို ရရှိစေမည်ဖြစ်သည်။ ပဲပုပ်သည် မြေကြီးကို ချစ်မြတ်နိုးသော တောင်သူများအတွက် မြေဆီလွှာကိုကုသပေးရင်း ဝင်ငွေတိုးစေသည့် “ရွှေရောင်အခွင့်အလမ်း” တစ်ခုဖြစ်ရာ စားသုံးဆီ ဖူလုံရေးအတွက် ဆီပဲပုပ်ကိုအလေးထားစိုက်ပျိုးခြင်းဖြင့် မိမိတို့၏ ဘဝကို မြှင့်တင်ရန် အချိန်တန်ပြီဖြစ်သည်။
နိဂုံးချုပ်ရလျှင် ပဲပုပ်သည် ကျွန်ုပ်တို့အတွက် သာမန်ဟင်းခတ် သီးနှံတစ်ခုမျှသာ မဟုတ်တော့ဘဲ နိုင်ငံ၏ စားသုံးဆီဖူလုံရေးနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် ရတနာသီးနှံ ဖြစ်သည်။ “ဆီပဲပုပ်” ကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးထုတ်လုပ်သွားမည်ဆိုပါက မကြာမီကာလအတွင်း မြန်မာ့မြေပေါ်မှထွက်ရှိသော ရွှေရောင်ပဲပုပ်စေ့များမှတစ်ဆင့် ပြည်သူများ ထံသို့ အရည်အသွေးမြင့် ပဲပုပ်ဆီများ စီးဝင်လာပေတော့မည်။ ယခုအချိန်သည် “ဟင်းခတ်မှသည် ဆီထွက် သီးနှံသို့” အသွင်ပြောင်းရန် အချိန်ကောင်းပင်ဖြစ်သည်။ ထိုသို့ပြောင်းလဲနိုင်ခြင်းသည်ပင်လျှင် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေးအတွက် ခိုင်မာသော အနာဂတ်ကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
MDN

ကမ္ဘာပေါ်တွင် ပေါက်ရောက်ရှင်သန်ကြသောမှိုမျိုးများစွာရှိရာ အအေးပိုင်းဒေသတွင်ဖြစ်ထွန်းသောမှိုမျိုးနှင့် အပူပိုင်း/သမပိုင်းဒေသများတွင် ပေါက်ရောက်ရှင်သန်နိုင်သော မှိုမျိုးဟူ၍ အကြမ်းအားဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ အအေးပိုင်းဒေသများတွင်သာ ရှင်သန်ဖြစ်ထွန်းနိုင်သောမှိုမျိုးကွဲများအနက်မှ ရှီတာကီမှိုစိုက်ပျိုးထုတ်လုပ်ပုံအကြောင်းကို ပြည်သူအများသိရှိနိုင်ရန် တင်ပြလိုပါသည်။ ရှီတာကီမှိုအား သူ၏သိသာထင်ရှားသောမွှေးရနံ့ကြောင့် မှိုမွှေးဟုလည်း ခေါ်ဆိုကြပါသေးသည်။
ရှီတာကီမှိုအား ဝက်သစ်ချမျိုးရင်းဝင်အပင်များဖြစ်သော ညံ၊ ကြွက်စာ၊ ရင်းကူ၊ ဖက်ကြမ်း၊ ကြိမ်ပင်စသည့်အပင်များပေါ်တွင် သဘာဝအလျောက်ပေါက်ရောက်ရှင်သန်နေသည်ကို ၁၁၀၀ ခုနှစ်ခန့်က တရုတ်နိုင်ငံတွင် စတင်တွေ့ရှိခဲ့ကြသည်။ ၁၉၃၆ ခုနှစ် ဂျပန်နိုင်ငံတွင် သဘာဝအတိုင်း ပေါက်ရောက်စေခြင်းမဟုတ်ဘဲ ဝက်သစ်ချသားသစ်တုံးပေါ်တွင် ရှီတာကီမှိုမျိုးထည့်သွင်း၍ စမ်းသပ်စိုက်ပျိုးကြည့်ရာ အောင်မြင်ခဲ့သည်။
၁၉၈၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ လွှစာရောစပ်စာအသုံးပြုစိုက်ထုပ်ဖြင့် မှိုမျိုးထည့်သွင်းစိုက်ပျိုးရာ အောင်မြင်ခဲ့သည်။ ရှီတာကီမှိုသည် ကျန်းမာရေးနှင့် ညီညွတ်စေသဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား စသည့် အရှေ့အာရှနိုင်ငံများတွင် ရာစုနှစ်ပေါင်း များစွာစားသုံးခဲ့ကြသည်။ အာဟာရနှင့် ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများကြောင့် သစ်တုံးအပြင် ဝက်သစ်ချသားလွှစာ ရောစပ်စာစိုက်ထုပ်ဖြင့် စီးပွားဖြစ်အမြောက်အမြား စိုက်ပျိုးထုတ်လုပ်လာကြသည်။ ရှီတာကီမှိုသည် အသားကဲ့သို့အရသာရှိပြီး ထူးခြားသောမွှေးရနံ့ကြောင့်လည်း ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်လာကြပြီး လူကြိုက်အများဆုံးအစားအစာ ထဲတွင် ပါဝင်လာပါသည်။
ရှီတာကီမှိုကို သက်သတ်လွတ်ဟင်းလျာအဖြစ် စားသုံးနိုင်သလို အသားနှင့်ရောနှောချက်ပြုတ်၍လည်း စားနိုင်ပါသည်။ ထို့ပြင် မှိုကုန်းဘောင်ကြော်၊ ဟင်းသီးဟင်းရွက်အစုံကြော်တို့တွင်လည်း ထည့်သွင်းချက်ပြုတ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အအေးပိုင်းဒေသရှိ မှိုသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ(ပြင်ဦးလွင်)တွင် ၁၉၉၅ ခုနှစ်မှစ၍ စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ဖြစ်ထွန်းအောင်မြင်ခဲ့သည့်အတွက် ထိုကာလများက ရှီတာကီမှိုကိုသာ အဓိကစိုက်ပျိုးထုတ်လုပ်ခဲ့ကြ သည်။
ရှီတာကီမှိုသည် မြန်မာနိုင်ငံ၏ရာသီဥတုအရဆိုလျှင် အပူချိန် ၈ -၂၇ ဒီဂရီစင်တီဂရိတ်အတွင်းရှိသည့် အအေးပိုင်းဒေသများတွင် ကောင်းစွာရှင်သန်ဖြစ်ထွန်းနိုင်ကြောင်း တွေ့ရှိရသည်။ မှိုစိုက်ထုပ်ပြုလုပ်ရန်အသုံးပြုသည့် ရောစပ်စာလွှစာကုန်ကြမ်းသည် ဝက်သစ်ချမျိုးရင်းဝင်အပင်များ အများဆုံးပေါက်ရောက်ရာ အအေးပိုင်းဒေသများတွင်သာရှိသဖြင့် ရှီတာကီမှိုကို အအေးပိုင်းမှိုဟု ခေါ်ဝေါ်ကြသေးသည်။ ရှီတာကီမှိုသည် ဝက်သစ်ချလွှစာတွင်သာ အကောင်းဆုံးဖြစ်ပြီး အခြားသောသစ်ပွလွှစာများ ရောစပ်အသုံးပြုလိုပါက ၃ပုံ ၁ပုံသာ ရောစပ်သုံးသင့်သည်။
ကုန်ကြမ်းရောစပ်စာကို လွှစာ ၁၀၀ ရာခိုင်နှုန်းတွင် ဖွဲနု ၇ ရာခိုင်နှုန်း၊ ထုံး ၁ ရာခိုင်နှုန်း၊ ဆားခါး သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် သကြား ၁ ရာခိုင်နှုန်း ၊ ရေအစိုဓာတ် ၆၅ ရာခိုင်နှုန်းတို့ဖြင့် သမအောင်ရောစပ်၍ စိုက်ထုပ်အိတ်အတွင်း လေဟာနယ်မရှိအောင် ထည့်ပေးရမည်ဖြစ်သည်။
စိုက်ထုပ်ပြုလုပ်ပြီးပါက ရောစပ်စာအတွင်းပါရှိလာသည့် ရောဂါပိုးမွှားများ ပပျောက်သွားစေရန် ပေါင်းတင်ပိုးသန့်စင်ခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်သည်။ ပေါင်းတင် ပိုးသန့်စင်ခြင်းဆောင်ရွက်ရာတွင် အငွေ့လုံပီပါခွံကို တိုင်ကီအဖုံးတွင် ၂ လက်မ သံချောင်းဖြင့် အပေါက်ငယ်
တစ်ပေါက် ဖောက်ထားပေးရမည်။ တိုင်ကီအောက်ခြေတွင် ၅ - ၆ လက်မအမြင့်ရှိ သစ်သားစင်အား အောက်ခံအဖြစ်ထည့်သွင်း၍ ရေကို ၄လက်မခန့်ထည့်ပေးထားပြီးမှ မှိုစိုက်ထုပ်များ စီထပ်ပေးရမည်ဖြစ်သည်။ မီးပြင်းပေးရန် မီးသွေး/ထင်း/လောင်စာခဲများ အသုံးပြုရမည်ဖြစ်ပြီး မီးပြင်းအားညီစေရန် အထူးသတိပြုရပါမည်။ မီးအပူပေး၍ တိုင်ကီအဖုံးရှိ အပေါက်ငယ်မှ အငွေ့စထွက်လာချိန်မှစ၍ ၃ - ၄ နာရီခန့်ကြာအောင် ပေါင်းပေးရမည်ဖြစ်သည်။ အချိန်ပြည့်ပြီးနောက် ပေါင်းအိုးမှ ချက်ချင်းမထုတ်ဘဲ ပေါင်းအိုးအတွင်း အပူလျော့ကျသည်အထိ နှပ်ထားပေးရမည်။
ပေါင်းတင်ပိုးသန့်စင်ပြီးသော စိုက်ထုပ်များကို သီးသန့်ပြုလုပ်ပေးထားသော မှိုမျိုးသွင်းခန်းတွင် ကြမ်းခင်းကို သန့်ရှင်းရေးပြုလုပ်ရလွယ်ကူစေရန် ကြွေပြား/ကွန်ကရစ်/ပျဉ်ခင်း၍ အပေါ်တွင် ဖယောင်းပုဆိုးခင်းပေးထားရမည်ဖြစ်ပြီး အခန်းဝတွင် ခြေထောက်မှတစ်ဆင့် ရောဂါပိုးမွှားများ ကပ်ပါလာခြင်းမရှိစေရန် ထုံးထည့်ထားသော ခြေနင်းဗန်းထားရှိပေးရပါမည်။
ရှီတာကီမှိုမျိုးထည့်သွင်းရန်မျိုးပုလင်းကို မျိုးပြည့်ပြီး သက်တမ်း ၂၁ ရက်အတွင်း အသုံးပြုပေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ မျိုးပုလင်းအတွင်း မှိုရိုင်းများ၊ ပိုးမွှားများ ပါဝင်နေခြင်းမရှိအောင် အထူးသတိပြုရမည်ဖြစ်သည်။ မျိုးသွင်းပြီး ရှီတာကီမှိုစိုက်ထုပ်များကို ရင့်ကျက်ခန်းအတွင်း မှိုမျှင်ပြည့်လာစေရန် ရင့်ကျက်ကာလ လေးလခန့်ကြာအောင် ထားရှိပေးထားရမည်။ ရှီတာကီမှိုအတွက် ရင့်ကျက်ခန်းအပူချိန်သည် ၂၄ - ၂၇ ဒီဂရီစင်တီဂရိတ် အတွင်းသာရှိသင့်သည်။ အလင်းရောင် အနည်းငယ်သာရှိရန်လိုအပ်ပြီး လေဝင်လေထွက်ကောင်းမွန်ကာ သန့်ရှင်းခြောက်သွေ့နေစေရန် ဖန်တီးပေးထားရမည်။ ရှီတာကီမှိုအတွက် မှိုမျှင်ရင့်ကျက်ကာလသည် ပထမအဆင့် မှိုမျှင်ပြည့်ရန် နှစ်လခွဲခန့် ကြာလေ့ရှိပြီး ဒုတိယအဆင့် အင်ဇိုင်းထုတ်ရန် တစ်လခွဲခန့် ကြာတတ်သောကြောင့် ရင့်ကျက်ခန်းအတွင်း ကြာချိန်သည် လေးလခန့် အချိန်ယူရပါသည်။
မှိုမျှင်ပြည့်သွားသောမှိုစိုက်ထုပ်များကို စိုက်ပျိုးခန်းတွင် စင်ပေါ်ထောင်တင်၍ ချစိုက်ပေးချိန်တွင် စိုက်ခန်းအပူချိန်မှာ ၈ - ၁၆ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ ၇၅ - ၉၀ ရာခိုင်နှုန်းအတွင်း ထိန်းညှိထားနိုင်ရမည်။ စိုက်ထုပ်အား ရေဖျန်းကရားဖြင့် တစ်ရက် ၂ - ၃ ကြိမ်ခန့် ရေမှုန်ရေမွှားပုံစံ ပက်ဖျန်းပေးရမည်ဖြစ်သည်။ ရှီတာကီမှိုစိုက်ထုပ် တစ်ထုပ်လျှင် ၂ - ၃ ကြိမ်အထိ ခူးဆွတ်နိုင်ပြီး မှိုပွင့်အစို ၁၅ - ၂၀ ကျပ်သားခန့် ထွက်ရှိနိုင်ပေသည်။
ရှီတာကီမှိုသည် အအေးပိုင်းဒေသများတွင်သာ ကောင်းစွာဖြစ်ထွန်းနိုင်သည်ဖြစ်ရာ အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်သွားပါက မှိုမျှင်ကြီးထွားမှုရပ်တန့်သွားပြီး အဝါရောင်ပြောင်းသွားကာ ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားလျှင် မှိုမျှင်များ အနီရောင်သို့ပြောင်းသွားပြီး ခြောက်၍သေဆုံးသွားစေသည်။
ရှီတာကီမှိုသည် ဟင်းလျာအဖြစ်သာ အသုံးဝင်သည်မဟုတ်ဘဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဗီတာမင်ဘီ ( B5, B6 )၊ ဗီတာမင်ဒီ၊ ဆီလီနီယမ်၊ ကော့ပါး၊ ဇင့် စသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်နေသည့် အာဟာရတန်ဖိုးမြင့်မားစွာ ပါရှိနေသည်ကို တွေ့ရှိရပါသည်။ ရှီတာကီမှိုတွင်ပါရှိသော အမျှင်ဓာတ်သည် အစာခြေစနစ်ကို အထောက် အကူဖြစ်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေသော ပိုလီဆက်ကရိုက်များလည်း ပါဝင်နေသေးသည်။ အချို့လေ့လာမှုများအရ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း တွေ့ရှိရပါသည်။ ကိုလက်စထရောပါဝင်မှုကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။ အရိုးများကိုသန်မာစေသည့် အာနိသင်လည်းပါရှိနေသေးသည်။ သို့သော် “တန်ဆေး လွန်ဘေး” ဆိုသကဲ့သို့ အလွန်အကျွံ စားသုံးမိလျှင် အမျှင်ဓာတ်များသွား၍ အစာမကြေဗိုက်အောင့်ခြင်းများ ဖြစ်စေတတ်ပြီး အချို့သောသူများတွင် ဓာတ်မတည့်မှုမျိုးဖြစ်ပေါ်စေသဖြင့် အရေပြားယားယံခြင်းကို ခံစားရစေနိုင်သည်။
ဈေးကွက်တွင်ရောင်းချနေသော ရှီတာကီမှိုခြောက်များကို အခြောက်ခံရာတွင် သဘာဝအတိုင်း နေရောင်ဖြင့်အခြောက်ခံလျှင် မှို၏အရောင်အဆင်းပျက်သွားစေနိုင်ခြင်း၊ မှိုပွင့်အတွင်းရှိ အစိုဓာတ်အား လုံးဝခြောက်သွေ့သွားအောင် မလျှော့ချနိုင်ခြင်းကြောင့် မကြာမီ ပျက်စီးသွားစေနိုင်ခြင်း၊ မှိုပွင့်ပုံသဏ္ဌာန်ပြောင်းလဲသွားစေခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်ဝင် မှိုခြောက်ရရှိစေရန် အခြောက်ခံစက်ဖြင့် ၄၅ - ၆၀ ဒီဂရီစင်တီဂရိတ်ကို နာရီအပိုင်းအခြားအလိုက် ထိန်းညှိ ပေး၍ အခြောက်ခံပေးရမည်။ အခြောက်ခံချိန်ကာလမှာ ၁၈ နာရီခန့်ဖြစ်ပြီး အစိုဓာတ်မှာ ၁၀ - ၁၂ ရာခိုင်နှုန်းအထိ လျှော့ချပေးရမည်ဖြစ်ပါသည်။ မှိုအစိုထက် မှိုအခြောက်တွင် မွှေးရနံ့ပိုရစေသည်။
အအေးပိုင်းဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းနိုင်သော ရှီတာကီမှိုကို စိုက်ပျိုးရေး ဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ မှိုသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ပြင်ဦးလွင်)တွင် ၁၉၉၅ ခုနှစ်၊ စမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ချိန်မှစ၍ ဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အတွက် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့သည်။ ယခုအချိန်တွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ ဆောင်းရာသီ အအေးဆုံး အချိန်ကာလတွင်သာ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးလိုသူများအတွက် မျိုးဖြန့်ဖြူးပေးလျက်ရှိပါသည်။
ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးဖြစ်ပြီး ဆေးဖက်ဝင်အာနိသင်များစွာပါဝင်ကာ တန်ဖိုးမြင့်မှိုဖြစ်သည့် ရှီတာကီမှိုတွင် အရည်အသွေးမြင့် ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်နေခြင်းကြောင့် ပြည်သူအများ သိရှိစားသုံးသင့်သော မှိုသီးနှံဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ ။
MWD

မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ပြီး ပြည်ပပို့ကုန်ပိုမိုတင်ပို့ရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်ရေးတို့ကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့်ဝါကို မြန်မာမင်းများလက်ထက်ကပင် စိုက်ပျိုးခဲ့ကြပြီး ပြည်ပသို့တင်ပို့နိုင်ခဲ့သော ပို့ကုန်သီးနှံတစ်မျိုးဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ရောင်းချနေရသည့်သီးနှံဖြစ်သည်။ သဘာဝချည်မျှင်လုပ်ငန်း အခြေခံအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်နေသည့် ဝါစိုက်ဧကများမှ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်ပြီး မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း မိုးနှောင်းရာသီတွင် ဇူလိုင်လလယ်မှ သြဂုတ်လအတွင်း စိုက်ပျိုးလေ့ရှိသည်။ ဝါသီးနှံတစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ သတ်မှတ်ထားပြီး ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် အားပေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ မျိုးကောင်းမျိုးသန့်များမှာ တစ်ဧကလျှင် ပိဿာ ၇၀၀ - ၈၀၀ မှသည် ပိဿာ ၁၀၀၀ အထိ ထွက်ရှိနိုင်သော်လည်း တောင်သူများအနေဖြင့် စိုက်နည်းအဆင့်ဆင့်တွင် မှန်ကန်အောင်ပြုလုပ်ကြရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ အဓိကဝါစိုက်ပျိုးသော ဒေသများတွင် တောင်သူများ အဓိကစိုက်ပျိုးကြသော ဝါမျိုးများ၏ အားနည်းချက်၊ အားသာချက်များ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အကျိုးအမြတ်တို့ကိုသိရှိနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသီးနှံဌာနခွဲနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာနတို့ပူးပေါင်း၍ “ဝါသီးနှံထုတ်လုပ်မှု၊ အကျိုးအမြတ်နှင့် ရောင်းချမှုကွင်းဆက်ကို လေ့လာခြင်း” သုတေသနကို မြန်မာနိုင်ငံ၏ အဓိကဝါစိုက်ပျိုးထုတ်လုပ်သည့် ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး မိထ္ထီလာခရိုင်အတွင်းရှိ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များတွင် လေ့လာခဲ့ပါသည်။
မိတ္ထီလာခရိုင်တွင် တောင်သူများ အဓိကစိုက်ပျိုးသော ဝါမျိုးသုံးမျိုးမှာ ရွှေတောင် - ၁၀၊ ရွှေတောင် - ၈ နှင့် ရာကာတို့ဖြစ်သည်။ အများဆုံးစိုက်ပျိုးကြသော ဝါမျိုးဖြစ်သည့် ရွှေတောင် - ၁၀ ကို စိုက်ပျိုးရခြင်း၏ အားသာချက် ခုနစ်ချက်မှာ (၁) မျိုးစေ့ကုန်ကျစရိတ်နည်းခြင်း၊ (၂) ဝါအထွက်နှုန်းကောင်းခြင်း၊ (၃) ထွက်ရှိသော ဝါအရည်အသွေးကောင်းခြင်း၊ (၄) ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊ (၅) ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်း၊ (၆) ရိတ်သိမ်းခူးဆွတ်ရလွယ်ကူခြင်းနှင့် (၇) သွင်းအားစုကုန်ကျစရိတ်နည်းခြင်းတို့ ဖြစ်ကြပါသည်။
ဒုတိယအများဆုံးစိုက်ပျိုးကြသော ဝါမျိုးဖြစ်သည့် ရွှေတောင် - ၈ ကို စိုက်ပျိုးရခြင်း၏ အားသာချက်ခြောက်ချက်မှာ (၁) မျိုးကောင်းမျိုးသန့် လွယ်ကူစွာရရှိခြင်း၊ (၂) ဝါအထွက်နှုန်းကောင်းခြင်း၊ (၃) ထွက်ရှိသော ဝါအရည်အသွေးကောင်းခြင်း၊ (၄) ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊ (၅) ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်းနှင့် (၆) ရိတ်သိမ်းခူးဆွတ်ရလွယ်ကူခြင်းတို့ ဖြစ်ကြပါသည်။
တတိယအများဆုံးစိုက်ပျိုးကြသော ဝါမျိုးဖြစ်သည့် ရာကာကို စိုက်ပျိုးရခြင်း၏ အားသာချက် သုံးချက်မှာ (၁) စိုက်ပျိုးကုန်ကျစရိတ်နည်းခြင်း၊ (၂) ဝါအထွက်နှုန်းကောင်းခြင်းနှင့် (၃) ဝါအရည်အသွေးကောင်းခြင်းတို့ဖြစ်သည်။ သို့ဖြစ်ပါ၍ လေ့လာခဲ့သောအချက်အလက်များအရ တောင်သူများအတွက် အားသာချက်အများဆုံးမျိုးမှာ ရွှေတောင် - ၁၀ ဖြစ်ပါသည်။
ရွှေတောင် - ၈ မျိုး၏ အားနည်းချက်သုံးချက်မှာ (၁) အထွက်နည်းခြင်း၊ (၂) ပိုးမွှားဒဏ်မခံနိုင်ခြင်းနှင့် (၃) အရည်အသွေးမကောင်းခြင်းတို့ဖြစ်ပြီး ရာကာမျိုး၏ အားနည်းချက်သုံးချက်မှာ (၁) အထွက်နည်းခြင်း၊ (၂) ရောဂါပိုးမွှားဒဏ်မခံနိုင်ခြင်းနှင့် (၃) ရာသီဥတုဒဏ်မခံနိုင်ခြင်းတို့ ဖြစ်ကြပါသည်။ သို့ရာတွင် တောင်သူများမှ ရွှေတောင် - ၁၀ ၏ အားနည်းချက်များအား ဖြေကြားထားခြင်းမရှိပါ။
လေ့လာမှုများကို အခြေခံ၍ မိတ္ထီလာခရိုင် မြို့နယ်လေးမြို့နယ်တွင် အဓိကစိုက်ပျိုးကြသော ဝါမျိုးများ (ရွှေတောင် - ၁၀၊ ရွှေတောင် - ၈ နှင့် ရာကာ)၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) အသီးသီး၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) တို့အား နှိုင်းယှဉ်လေ့လာမှုကို ဇယား (၁)တွင် ဖော်ပြထားပါသည်။
ရွှေတောင် - ၁၀ ၏ ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR)မှာ ၂ ဒသမ ၉၃ ဖြစ်သည်။ BCR အများဆုံးမှာ ၁၂ ဒသမ ၆၇ ဖြစ်၍ တစ်ဧက လျှင် ကျပ်တစ်သိန်းရင်းပါက ငွေကျပ် ၁၁ ဒသမ ၆၇ သိန်းထိ အကျိုးအမြတ်ရှိသည်ကို တွေ့ရသည်။ ရွှေတောင် - ၈ ၏ ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) မှာ ၂ ဒသမ ၅၈ ဖြစ်သည်။ (BCR) အများဆုံးမှာ ၇ ဒသမ ၄၃ ဖြစ်၍ တစ်ဧကလျှင် ကျပ်တစ်သိန်းရင်းပါက ကျပ် ၆ ဒသမ ၄၃ သိန်း အမြတ်ရရှိကြောင်း လေ့လာခဲ့ရသည်။
ရာကာ၏ ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR)မှာ ၂ ဒသမ ၈၉ ဖြစ်သည်။ BCR အများဆုံးမှာ ၁၀ ဒသမ ၄၁ ဖြစ်၍ တစ်ဧကလျှင် ကျပ်တစ်သိန်းရင်းပါက ကျပ် ၉ ဒသမ ၄၁ သိန်း အမြတ်ရရှိပါသည်။ သို့ဖြစ်၍ လေ့လာခဲ့သောဒေသတွင် အစိုက်အများဆုံး ဝါမျိုးသုံးမျိုးအနက် ရွှေတောင် - ၁၀ သည် ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) အများဆုံးဖြစ်ပြီး ရွှေတောင် - ၈ သည် ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) အနည်းဆုံးဖြစ်သည် (ဇယား ၁) ။
နမူနာတောင်သူများ လက်ခံထားသော ဝါသီးနှံစိုက်ပျိုးရခြင်း၏ အားသာချက်များမှာ ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိခြင်း၊ အခြားသီးနှံထက် အမြတ်ပိုမိုရရှိခြင်း၊ မျိုးကောင်းမျိုးသန့် အလွယ်တကူရရှိခြင်း၊ အခြားသီးနှံထက် ဈေးကွက်ခိုင်မာခြင်း၊ ရေလိုအပ်မှုနည်းခြင်း၊ သီးနှံစိုက်ပျိုးမှုပုံစံပြောင်းလဲလာခြင်း၊ မိရိုးဖလာစိုက်ပျိုးခြင်း၊ အခြားသီးနှံထက် ကုန်ကျစရိတ်နည်းပါးခြင်း၊ သီးနှံစိုက်ပျိုးရာတွင် လုပ်အားလိုအပ်ချက်နည်းခြင်းတို့ ဖြစ်ပါသည်။
ဝါသီးနှံစိုက်ပျိုးရခြင်း၏ အဓိကအဟန့်အတားများမှာ ခိုင်မာသောကြမ်းခင်းဈေးနှုန်းသတ်မှတ်ရန် လိုအပ်ခြင်း၊ ချေးငွေလုံလောက်စွာမရရှိခြင်း၊ ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်း၊ သွင်းအားစုကုန်ကျစရိတ်များခြင်းနှင့် အလုပ်သမားရှားပါးခြင်းတို့ဖြစ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသီးနှံဌာနခွဲနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာနတို့ ပူးပေါင်းလေ့လာမှုများကို အခြေခံ၍ ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန်အတွက် ဝါသီးနှံမျိုးစေ့နှင့် စိုက်ပျိုးသွင်းအားစုဆိုင်ရာ အကြုံပြုချက်များမှာ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းသော ဝါမျိုးစေ့များကို အကျိုးတူလယ်ယာစနစ်(Contract farming)ဖြင့် ထုတ်လုပ်ရန်၊ သွင်းရေရရှိရန် ပံ့ပိုးပေးရန်၊ ထွန်စက်များ၊ ဝါကြိတ်စက်များအစရှိသည်တို့ကို သင့်တော်သောနှုန်းထားများဖြင့် ငှားရမ်းပေးရန်၊ ဝါစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့်ထောက်ပံ့ပေးခြင်း၊ သွင်းအားစုများ စနစ်တကျအသုံးပြုရန်နှင့် သိပ္ပံနည်းကျ ဝါစိုက်ပျိုးခြင်းနည်းပညာများအား သင်ကြားလေ့ကျင့်ပေးခြင်းများပြုလုပ်ရန်၊ ဝါသုတေသနခြံများတွင် ပြည်တွင်းနှင့် နိုင်ငံခြားပညာရှင်များပူးပေါင်း၍ ဝါစပ်မျိုးထုတ်လုပ်ငန်းဆောင်ရွက်ရန်နှင့် ထွက်ရှိလာသော ဝါမျိုးကောင်းမျိုးသန့်များအား တောင်သူထံသို့ရောက်အောင် ဖြန့်ဝေပေးရန်တို့ဖြစ်ပါသည်။
ထို့အပြင် ဝါသီးနှံကဏ္ဍတွင် အရည်အသွေးမြင့် ချည်မျှင်များထုတ်လုပ်နိုင်သည့် ဝါအမျိုးအစားများကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ဈေးကွက်ဝယ်လိုအားနှင့် အရည်အသွေးအလိုက် ဈေးနှုန်းသတ်မှတ်ချက်များအား ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်နေသော ချည်မျှင်နှင့် အထည်အလိပ်ကဏ္ဍမှ သေချာသော အာမခံချက်များပေးရန် လိုအပ်ပါသည်။ ဝါသီးနှံထုတ်လုပ်မှုနှင့် ရောင်းချမှု ကွင်းဆက်တစ်လျှောက်လုံးအား လေ့လာသော သုတေသနများဆက်လက်ဆောင်ရွက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား တစ်ဧကအထွက်တိုးစေရန် တွန်းအားပေးဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

MDN (မြန်မာ့အလင်း)

ဝါးပင်သည် မြန်မာနိုင်ငံတွင် သဘာဝအလျောက် ပေါက်ရောက်သော အပင်မျိုးစိတ်တစ်ခုဖြစ်ပြီး လူသားတို့၏ နေ့စဉ်ဘဝတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိသည်။ မြန်မာအမည် ဝါး၊ အင်္ဂလိပ်အမည် Bamboo၊ မျိုးရင်းမှာ Poaceae or Gramineae (မြက်မျိုးရင်း)ဖြစ်သည်။ ဝါးပင်သည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် များစွာအသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံသည် ဝါးပင်များသဘာဝအလျောက် ပေါက်ရောက်မှုများပြားသော နိုင်ငံဖြစ်ပြီး ဝါးစိုက်ပျိုးမှုအတွက် သင့်လျော်သောရာသီဥတုနှင့် မြေဆီလွှာအခြေအနေများစွာရှိသည်။ ကျေးလက်ဒေသများတွင်လည်း သဘာဝအလျောက်ပေါက်ရောက်လျက်ရှိပြီး အိမ်တွင်းစိုက်ပျိုးမှုများရှိသကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးမှုများလည်း တဖြည်းဖြည်းများပြားလာသည်။ ယခုအခါ ဝါးစိုက်ပျိုးမှုသည် စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ပိုမိုအားကောင်းလာပြီး နိုင်ငံတကာဈေးကွက်တွင် ဝါးထွက်ကုန်များ၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ၏ဝါးစိုက်ပျိုးမှု အလားအလာများ ပိုမိုကောင်းမွန်လာသည်။ ဝါးပင်များသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာတွင် အထောက်အကူပြုသည်။ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကာ အောက်ဆီဂျင်ထုတ်လုပ်ပေးသောကြောင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရာတွင်လည်း အထောက်အကူပြုသည်။
မြန်မာနိုင်ငံတွင် ဝါးပင်များပေါက်ရောက်ရန် သင့်လျော်သောရာသီဥတုနှင့် မြေဆီလွှာအခြေအနေများစွာရှိသောချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဒေသတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော ဝါးအမျိုးအစားများမှာ ဝါးကြီးမျိုး (Dendrocalamus spp.)၊ ဝါးငယ်မျိုး (Bambusa spp.)နှင့် ဝါးခြောက်မျိုး (Melocanna baccifera) တို့ဖြစ်သည်။
ဝါးကြီးမျိုးများသည် အထွက်နှုန်းပိုမိုများပြားပြီး ဝါးငယ်မျိုးများသည် အထွက်နှုန်း အနည်းငယ်နည်းပါးသည်။ ဝါးတစ်ဧက စိုက်ပျိုးမှုမှရရှိနိုင်သော အထွက်နှုန်းသည် ဝါးအမျိုးအစား၊ စိုက်ပျိုးနည်းပညာ၊ မြေဆီလွှာ၏အရည်အသွေး၊ ရာသီဥတုအခြေအနေနှင့် စိုက်ပျိုးစောင့်ရှောက်မှုတို့အပေါ်မူတည်၍ ကွာခြားနိုင်သည်။ ဝါးကြီးမျိုးနှင့် ဝါးငယ်မျိုးများစိုက်ပျိုးပါက တစ်ဧကဝါးအလေးချိန် ၅ တန်မှ ၁၀ တန်အထိထွက်ရှိနိုင်ကြောင်း ဖတ်ရှုလေ့လာသိရှိရသည်။ စီးပွားရေးအရလည်း ဆောက်လုပ်ရေး၊ ပရိဘောဂ၊ စက္ကူ၊ လက်မှုပစ္စည်းများထုတ်လုပ်ရာတွင် အသုံးဝင်သော ကုန်ကြမ်းတစ်ခုဖြစ်သည်။
ဝါးကုန်ကြမ်းများတွင် ဝါးတုတ်များ၊ ဝါးလုံးများ၊ ဝါးပြားများ၊ ဝါးခြမ်းများပါဝင်သည်။ မြန်မာနိုင်ငံတွင် ဝါးကုန်ကြမ်းများကို ကျေးလက်ဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်သော ဝါးပင်များမှရယူကြသလို စီးပွားဖြစ်စိုက်ပျိုးမှုများမှလည်း ထုတ်လုပ်လျက်ရှိသည်။ ဝါးသည် ပြည်တွင်းဈေးကွက်တွင် စီးပွားရေးအရ ဆောက်လုပ်ရေး၊ ပရိဘောဂ၊ စက္ကူ၊ လက်မှုပစ္စည်းများ စသည့် ဝါးကုန်ချောများ ထုတ်လုပ်ရာတွင် အသုံးဝင်သော ကုန်ကြမ်းတစ်ခုဖြစ်သည်။ ဝါးဖြင့် ထိုင်ခုံများ၊ စားပွဲများ၊ ခုတင်များ၊ စာအုပ်စင်၊ ပန်းအိုးစသည့် ပရိဘောဂများ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ခြင်းများ၊ ပန်းအိုးများ၊ လက်ကိုင်အိတ်များ စသည့်လက်မှုပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုကြသည်။ ဝါးကို စက္ကူထုတ်လုပ်ရာတွင်အသုံးပြုကြပြီး ဝါးမှထုတ်လုပ်သောစက္ကူသည် အရည်အသွေးကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိကြောင်းလေ့လာသိရှိရသည်။ ထို့ပြင် ဝါးထွက်ကုန်များကို ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုသဖြင့် စီးပွားရေးအရ အလွန်အသုံးဝင်သောအပင်တစ်မျိုးဖြစ်သည်။ ဝါးကုန်ချောများကို မြန်မာနိုင်ငံ၏ကျေးလက်ဒေသများတွင် လက်မှုလုပ်ငန်းများမှထုတ်လုပ်ကြသလို စက်ရုံများတွင်လည်း ထုတ်လုပ်လျက်ရှိသည်။ ဝါးကုန်ချောများမှာ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားနေပြီး ပြည်ပဈေးကွက်တွင်လည်း ဝယ်လိုအားမြင့်မားနေကာ အထူးသဖြင့် အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း လေ့လာသိရှိရသည်။ မြန်မာနိုင်ငံတွင် ဝါးထုတ်ကုန်များကို ဒေသတွင်းနိုင်ငံအတွင်း ကျေးလက်ဒေသများ၊ ကျေးရွာဈေးများ၊ မြို့ဈေးများတွင် ရောင်းချကြသည်။ ထို့ပြင် ဝါးထုတ်ကုန်များကို ပြည်တွင်းစက်ရုံများတွင် ထပ်မံပြုပြင်ပြီး ပြည်တွင်းဈေးကွက်သို့ရောင်းချကြသည်။ ဝါးစိုက်ပျိုးမှုသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသော လုပ်ငန်းတစ်ခုလည်းဖြစ်ပြီး ဝါးပင်များကို နေ့စဉ်ဘဝတွင် အမျိုးမျိုးအသုံးပြုကြသည်။ ဝါးစိုက်ပျိုးခြင်းဖြင့်လည်း ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ဝင်ငွေတိုးတက်စေသည်။
ဝါးသည် ပေါ့ပါးပြီးခိုင်ခံ့သောကြောင့် အိမ်များ၊ တဲများ၊ တံတားများ၊ ခြံစည်းရိုးများ ဆောက်လုပ်ရာတွင်လည်း အသုံးဝင်သည်။ ဝါးသည် လောင်ကျွမ်းလွယ်ပြီး အပူဓာတ်ကောင်းစွာ ထုတ်လွှတ်နိုင်သော ကြောင့် လောင်စာအဖြစ်လည်း အသုံးပြုကြသည်။ ဝါးဖြင့်ပြုလုပ်သော တူရိယာများ၊ အနုပညာလက်ရာများကို ရိုးရာပွဲတော်များတွင် အသုံးပြုကြသည်။ ဝါးကို ရိုးရာအိမ်များ ဆောက်လုပ်ရာတွင် အသုံးပြုကြပြီး ဝါးဖြင့်ဆောက်လုပ်သောအိမ်များသည် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိကာ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်စေကြောင်း သိရှိရသည်။
ဝါးမှပေးသည့် အလှတရားအဖြစ် ကိုရီးယားနိုင်ငံမှထုတ်သည့် Skincare များမှာ ဝါးပင်အဆီအနှစ်များဖြင့်ထုတ်လုပ်ထားသည်။ ၎င်းအဆီအနှစ်များတွင် အသားအရေ တောက်ပ(glow) စေသည့် သဘာဝ silica ပါဝင်နေပြီး ကော်လာဂျင်ကို ဖြစ်ပေါ်စေကာ အသားအရေ ရေဓာတ်ဖြည့်ပေးသလို အရွယ်တင်နူးညံ့စေပြီး တင်းရင်းလှပစေကြောင်း၊ ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်ပြီး အရေပြားကိုရေဓာတ်ဖြည့်ပေးခြင်းကြောင့် ဝက်ခြံအပါအဝင်ဗက်တီးရီးယား အရေပြားပြဿနာများကိုပါ ကာကွယ်နိုင်ကြောင်း၊ ဝါးပင်၏ အစွမ်းသတ္တိတစ်ခုသည် ဓာတ်တိုးပစ္စည်းပါဝင်သောကြောင့် အရေပြားကိုဓာတ်တိုးပစ္စည်းအန္တရာယ်မှ ကာကွယ်ပေးပြီး အသားအရေ၏အဆိပ်အတောက်များကိုဖယ်ရှားပေးကာ ကြည်လင်ဝင်းပစေကြောင်း အမျိုးသမီးများအတွက် အလှအပရေးရာဗဟုသုတများကိုလည်း သိရသည်။
ဝါးစိုက်ပျိုးရာတွင် နည်းပညာပိုင်းဆိုင်ရာအသိပညာနည်းပါးမှု၊ ဈေးကွက်သို့ ချိတ်ဆက်မှုအားနည်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များ စသည့်အခက်အခဲများရှိနေကြောင်း၊ ထို့ပြင် သစ်တောပြုန်းတီးမှုနှင့် မြေယာအသုံးပြုမှုပဋိပက္ခများကြောင့် ဝါးစိုက်ပျိုးမှုကိုထိခိုက်နိုင်ကြောင်းနှင့် အစိုးရ၏အားပေးမှုများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ဝါးစိုက်ပျိုးမှုကို ပိုမိုအားဖြည့်သင့်ကြောင်း စိန်ခေါ်မှုများရှိနေပြီး စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများ၊ ဈေးကွက်ချိတ်ဆက်မှုများနှင့်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပေးခြင်း၊ MSME လုပ်ငန်းများအတွက် ပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်သည်။
အချုပ်အားဖြင့်ဆိုသော် ဝါးသည် လူသားတို့အတွက် သဘာဝကပေးသော အဖိုးတန်လက်ဆောင်တစ်ခုဖြစ်သည်။ ထို့ပြင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ကျေးလက်ဒေသများတွင် စီးပွားရေးတံခါးပေါက် တစ်ခုအဖြစ် ရပ်တည်နေပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်သဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုအတွက် အရေးပါသောအပင်တစ်မျိုးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင်လည်းဝါးထုတ်ကုန်များအပေါ် ဝယ်လိုအားမြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ ရှိနေကြောင်းနှင့် ဝါးထုတ်ကုန်များသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ကုန်စည်များဖြစ်သည့်အတွက် နိုင်ငံတကာဈေးကွက်တွင် ပိုမိုတွင်ကျယ်စွာရောင်းချနိုင်မည့် အလားအလာများစွာ ရှိနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

moi

အမိမြန်မာနိုင်ငံတော်၏စီးပွားရေးကဏ္ဍသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကုန်ထုတ်
လုပ်မှုကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်သောနိုင်ငံဖြစ်သည်နှင့်အမျှ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးသည် ဆန်စပါးကိုချက်ပြုတ်၍ နေ့စဉ်အဓိကအစားအစာအဖြစ် စားသုံးကြသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏အဓိကကျသော စားသုံးကုန်သီးနှံဖြစ်သကဲ့သို့ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်သော မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန် တစ်ခုလည်းဖြစ်သည်။
ဆန်စပါးကို မြန်မာတစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ စိုက်ဧကအားဖြင့် ဧက ၁၇ သန်းဝန်းကျင်၊ နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စိုက်ပျိုးထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းသည် ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ရာတွင် အသုံးပြုပြီး ကျန်ရှိသော ၂၀ ရာခိုင်နှုန်းသည် ပြည်ပသို့ နှစ်စဉ်တင်ပို့နေခြင်းဖြစ်သည်။ ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီအဖြစ် ရပ်တည်နေသည်နှင့်အမျှ စပါးသီးနှံကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး မိုးစပါးကို နှစ်စဉ်ဧက သုံးသိန်းကျော် စိုက်ပျိုးထုတ်လုပ်သည်။ ရွှေဘိုပေါ်ဆန်းစပါးကို နှစ်စဉ်ဧက နှစ်သိန်းကျော်စိုက်ပျိုးလျက်ရှိသည်။
ပေါ်ဆန်းစပါးမျိုး ရွှေဘိုဒေသရောက်ရှိခဲ့သည့် နောက်ခံသမိုင်း
ပေါ်ဆန်းစပါးမျိုးကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှတောင်သူ ဦးထွန်းရီ၊ ဒေါ်ကြည်ညွန့်တို့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာသို့သွားရောက်၍ လေးပြည်ယူဆောင်ခဲ့ပြီး စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပေါ်ဆန်းစပါးမျိုးသည် ရေ၊ မြေဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းကာ ဆန်အရည်အသွေးနှင့် စားသုံးမှုကောင်းခြင်းကြောင့် လူကြိုက်များလာခဲ့ပြီး ဒေသခံတောင်သူများအချင်းချင်းမျိုးဖလှယ်၍ တစ်စတစ်စပိုမိုများပြားစိုက်ပျိုးလာကြသည်။
၂၀၀၃ ခုနှစ်တွင် ရွှေဘိုဒေသမှမိုးကုတ်ဒေသသို့တင်ပို့ရောင်းချခြင်းဖြင့် စျေးကွက်စတင်ဖြစ်ထွန်း လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ချီပါမျိုးသန့်ခြံ၌ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ပေါ်ဆန်းစပါးမျိုးတင်း ၆၀ ရယူမျိုးပွားခဲ့ခြင်း၊ ၂၀၀၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သရောင်းချောင်းမျိုးသန့်ခြံမှ စပါးမျိုးတင်း ၁၅၀ ရယူမျိုးပွားခဲ့ခြင်း၊ ဖျာပုံမြို့နယ် အောက်ကွင်းကြီး စိုက်ကွင်းမှ ၁၅ တင်းရယူမျိုးပွားခဲ့ခြင်းတို့ကြောင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြပြီး အကျိုးဆောင်တောင်သူများဖြင့် မျိုးသန့်ပွားများရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှစတင်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးများမှာယူခဲ့ပြီး ချီပါမျိုးသန့်ခြံ၌ နှစ်စဉ်ရွှေဘိုပေါ်ဆန်းစပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။ ယခုအချိန်တွင် ရွှေဘိုခရိုင်အတွင်း ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ဧရိယာအများဆုံး တိုးချဲ့စိုက်ပျိုးထုတ်လုပ်နေသည်ကို မြင်တွေ့နေရပြီဖြစ်သည်။
တိုးချဲ့စိုက်ပျိုးလာမှုနှင့် မျိုးသန့်စိုက်ပျိုးထုတ်လုပ်ပွားများမှု
ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ခရိုင်အတွင်းမှမျိုးသန့်ခြံများ၊ မျိုးစေ့ထုတ်လုပ်သူအသင်းများ၊ ပုဂ္ဂလိက
မျိုးစေ့ထုတ်ကုမ္ပဏီများ၊ အကျိုးဆောင်တောင်သူများမှတစ်ဆင့် နည်းလမ်းမျိုးစုံနှင့် နှစ်စဉ်မျိုးသန့် စိုက်ပျိုးထုတ်လုပ်ခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါး အရည်အသွေးကောင်းသည်နှင့်အမျှ ဈေးကွက်ခိုင်မာလာမည်ဖြစ်သည့်အတွက်ယခုအခါတောင်သူများကိုယ်တိုင်စိတ်ပါဝင်စားစွာ မျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းကို လုပ်ကိုင်လာနေကြပြီဖြစ်သောကြောင့် ရွှေဘိုတစ်ခရိုင်လုံးရှိ ရွှေဘိုပေါ်ဆန်းစိုက်ဧရိယာ၏ ၈၀ ရာခိုင်နှုန်းသည် မျိုးသန့်လွှမ်းခြုံနေပြီဖြစ်သည်။
ရွှေဘိုဒေသသည် ရွှေဘိုပေါ်ဆန်းစပါးကိုမစိုက်မီ ကာလများက မနော်ဟရီ၊ မနောသုခ၊ ဆင်းသိင်္ဂီစသည့်စပါးမျိုးများကိုစိုက်ပျိုးခဲ့ကြပြီး အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရရှိသည့်အတွက် တောင်သူများ၏ ဝင်ငွေအကျိုးအမြတ်ရရှိမှု နည်းပါးခဲ့သည်။ ရွှေဘိုပေါ်ဆန်းစတင်စမ်းသပ်စိုက်ပျိုးရာမှ တစ်စတစ်စတိုးချဲ့စိုက်ပျိုးလာသည့်အတွက် ယခုအချိန်၌ ဆည်ရေသောက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းသည် ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ပျိုးနေကြပြီဖြစ်သည်။ ပေါ်ဆန်းစပါးဈေးကွက်ကောင်းရရှိနေမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား၌လည်း တိုးချဲ့စိုက်ပျိုးနေကြကြောင်း သိရသည်။
အထွက်နှုန်းကောင်းအရည်အသွေးကောင်းရရှိရန်
ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် ရာသီစပါးဖြစ်သည့်အတွက် စိုက်ချိန်ကွာခြားသော်လည်း ရိတ်သိမ်းချိန် လွန်စွာမကွာခြားသော စပါးမျိုးများဖြစ်သည်။
ရွှေဘိုပေါ်ဆန်းစပါးအထွက်တိုးနည်းပညာများကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။ ရွှေဘိုပေါ်ဆန်းစပါးအထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းရရှိရေးအတွက် လိုက်နာကျင့်သုံးရန်လည်း စဉ်ဆက်မပြတ် ပညာပေးဆောင်ရွက်လျက်ရှိသည်။ ရွှေဘိုခရိုင်သည် မိုးစပါး၊ နွေစပါး နှစ်စဉ်ဆက်တိုက် စိုက်ပျိုးကြသည်ဖြစ်၍ စပါးဆစ်ပိုးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူလယ်သမားများ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့ကာလ၌ ရွေဘိုပေါ်ဆန်းစပါးသည် ဆစ်ပိုးကင်းလွတ်၍ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း ရရှိနေပြီဖြစ်သည်။
ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက အထွက်တိုးနည်းလမ်းများဖြစ်သည့် မျိုးကောင်းမျိုးသန့်စပါးကို အသုံးပြုစိုက်ပျိုးခြင်း၊ သက်တမ်း ငါးလမကျော်အောင်စိုက်ပျိုးခြင်း၊ သတ်မှတ်ကောက်ကွက်ပြည့်မီအောင် အထူးဂရုပြုစိုက်ပျိုးခြင်း၊ ပျိုးသက်မှန်၊ လက်ဆမှန်စိုက်ပျိုးခြင်းများအပြင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို အချိန်ကိုက်၊ အချိုးကျထည့်သွင်းအသုံးပြုခြင်း စသည့်နည်းလမ်းငါးချက်ကို စနစ်တကျလိုက်နာကျင့်သုံး ဆောင်ရွက်ရန်လိုအပ်သည်။ ထို့ပြင် အရည်အသွေးကောင်းမွန်စေရန်အတွက် နေ့ညအပူချိန်ကွာဟချက်ဖြစ်ပေါ်ချိန်တွင် ပန်းပွင့်စေရန် စိုက်ပျိုးချိန်ကို ချိန်ညှိစိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ်စနစ်တကျမှန်ကန်မြန်ဆန်စွာပြုလုပ်ခြင်းဖြင့် မြေချဉ်ငန်ကိန်းကိုထိန်းညှိခြင်း၊ ရိတ်သိမ်းခြွေလှေ့ပြီး စပါးများကို မွှေးရနံ့ဗီဇပျံ့လွင့်မှုမရှိစေရန် နေရောင်တွင် တိုက်ရိုက်နေလှန်းအခြောက်ခံခြင်းကို မပြုလုပ်စေဘဲ အခြောက်ခံစက်များတွင် အခြောက်ခံပြီးမှသာ ကြိတ်ခွဲခြင်းတို့ဆောင်ရွက်ရမည်ဖြစ်သည်။ အဆိုပါမွှေးရနံ့ဗီဇကို လွှမ်းမိုးသောအချက်များသိရှိပြီး လိုက်နာဆောင်ရွက်မှုကြောင့် ရွှေဘိုပေါ်ဆန်းဆန်ချက်ပြုတ်ရာတွင် ထမင်းသည် ထမင်းအလျားရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ နူးညံ့ပျော့ပျောင်းပြီးစားကောင်းခြင်း၊ အနံ့မွှေးခြင်းတို့ကြောင့် စားသုံးသူပြည်သူများ ကြိုက်နှစ်သက်မှုများပြားလာပြီး ဈေးကွက်ရရှိလာခြင်းဖြစ်သည်။
ရွှေဘိုပေါ်ဆန်းဆန်အရည်အသွေးကောင်းရန်
ရွှေဘိုပေါ်ဆန်းဆန် အရည်အသွေးကောင်းရရှိရန်အတွက် ဓာတုပိုးသတ်ဆေးများ သုံးစွဲမှုကိုလျှော့ချပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ကြရန်လည်း လိုအပ်သည်။ ရွှေဘိုပေါ်ဆန်းမျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးသည့် စိုက်ခင်းများမှထွက်ရှိသည့် စပါးမျိုးများသည် အရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ ဆန်ထွက်ရာခိုင်နှုန်းကောင်းမွန်ခြင်း၊ ဆန်ရည်ဆန်သားကောင်းမွန်ခြင်းတို့ကြောင့် ဈေးကွက်ပိုမိုရရှိသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူလယ်သမားများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန်အရည်အသွေးမြှင့်တင်ရေး အတွက် မျိုးကောင်းမျိုးသန့် ပိုမိုသုံးစွဲနိုင်ရေးကိုလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ ရွှေဘိုပေါ်ဆန်းဆန်အရည်အသွေးကောင်းရရှိရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်သည်။
ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုပေါ်ဆန်းစပါးများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ပြီး စက်ရုံများရှိ အခြောက်ခံစက်များတွင် အခြောက်ခံပြီးနောက် အဆင့်မြင့်ဆန်စက်ကြီးများတွင် ကြိတ်ခွဲခြင်းကိုဆောင်ရွက်သည်။ အဆင့်မြင့်ဆန်စက်ကြီးများမှ ကြိတ်ခွဲပြီးဆန်များကို အရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် ဆန်ရွေးစက်(Color Sorter)တွင်ရွေးချယ်၍ အိုးဝင်ထူးထူးရှယ်၊ ဆန်လတ်ကြီး၊ ဆန်လုံး(အသေး)၊ ဆန်ကျော်၊ ဆန်လတ်(အသေး)နှင့် စွန့်သန့်ဆန်များကို ရရှိသည်။ ရရှိလာသောဆန်ထွက်ပစ္စည်းများအနက် အိုးဝင်ထူးထူးရှယ်များကို တစ်ကီလိုအိတ်၊ နှစ်ကီလိုအိတ်၊ သုံးကီလိုအိတ်၊ ခြောက်ကီလိုအိတ်၊ ၁၂ ကီလိုအိတ်၊ ၂၄ ကီလိုအိတ်နှင့် ၄၈ ကီလိုအိတ် စသည့် အရွယ်အစားအမျိုးမျိုးဖြင့်ထုပ်ပိုးပြီး မြန်မာပြည်အနှံ့စျေးကွက်များနှင့် စူပါမားကက်များသို့ ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးနေသည်။ ရွှေဘိုပေါ်ဆန်းဆန်၏ဈေးကွက်ခိုင်မာမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား၌လည်း တိုးချဲ့စိုက်ပျိုးကြရန် အလားအလာကောင်းများလည်းရှိနေသည်။
ရွှေဘိုပေါ်ဆန်းစပါး လက်ရှိအခြေအနေနှင့် အရည်အသွေး ဆက်လက်ထိန်းရန်
ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်များ၏ထူးခြား ကောင်းမွန်သည့်လက္ခဏာနှင့် အရည်အသွေးသည် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသဖြင့် စပါးအထွက်နှုန်းကောင်းခြင်း၊ ဆန်ရည်ဆန်သားကောင်းမွန်ခြင်း၊ စပါးစေ့ကြွေကျမှုနည်းသည့်အတွက် လေလွင့်ဆုံးရှုံးမှုသက်သာခြင်း၊ ဆန်ကိုချက်ပြုတ်ရာတွင် အမြင်လှပပြီး ထမင်းအလျားရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ နူးညံ့ပျော့ပျောင်းပြီး စားကောင်းခြင်း၊ အနံ့မွှေးခြင်း၊ ဈေးကွက်ခိုင်မာခြင်းများကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန်” World Best Rice အဖြစ် ရွေးချယ်သတ်မှတ်ခံရသည်။
ထို့အတွက် ရွှေဘိုပေါ်ဆန်းဆန်သည် လူသိများဈေးကွက်ဝင်ခဲ့သည်။ စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင်လည်း မျိုးကောင်းမျိုးသန့် မျိုးစေ့များကို အသုံးပြုပြီး မှန်ကန်သောစိုက်နည်းစနစ်များ၊ သွင်းအားစုများ စနစ်တကျအသုံးပြု စိုက်ပျိုးသည့်အတွက် အထွက်နှုန်းကောင်းသည့်အပြင် အရည်အသွေးပါ ကောင်းမွန်သည့်စပါးများရရှိရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်ကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်သည်။ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဖွဲ့စည်းထားရှိပြီး ရွှေဘိုပေါ်ဆန်းဆန်(ဒေသဆိုင်ရာအညွှန်း Geographical Indication -GI)ရရှိရေး လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်နေခြင်းသည် ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး GI ရရှိရန်ကိုလည်း အထူးအလေးထားဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသည်။
နိုင်ငံတော်အစိုးရသည် ပေါ်ဆန်းစပါး စိုက်ပျိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာ့ပေါ်ဆန်းဆန်အဖြစ် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်နေသည်။ ထို့ကြောင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသည့် လုပ်ငန်းကွင်းဆက်တစ်လျှောက်လုံးတွင် ပါဝင်ဆောင်ရွက်နေသော တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆက်စပ်ဌာနဆိုင်ရာများအားလုံး မြန်မာ့ပေါ်ဆန်းအဖြစ် တစ်ခေတ်ဆန်းစေရန်အတွက် အရည်အသွေး ဆက်လက်ထိန်းသိမ်းရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့် ကြံသီးနှံသည် လူတို့၏ အဓိကလိုအပ်သော စားဝတ်နေရေးတွင် စားရေးအတွက် ဖြည့်ဆည်းပေးသကဲ့သို့ စွမ်းအင်အပါအဝင် လူသုံးကုန်ပစ္စည်းအချို့ကို ထုတ်လုပ်နိုင်သည့် အရေးပါသော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။
ကြံမှ သကြားအပြင် ရရှိလာသည့်တင်လဲရည်ကို ဘီယာ၊ အဖျော်ယမကာ၊ အရက်ပြန်နှင့် ဇီဝအီသနောအဖြစ်လည်းကောင်း၊ ကြံ ကြိတ်ဖတ်ကို ပျော့ဖတ်၊ ဖိုင်ဘာ၊ ကတ်ပြား၊ စာရေးစက္ကူနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင်လည်းကောင်း၊ ကြံမြှုပ်ချေးကို အာဟာရဓာတ်များစွာ ပါဝင်သောကြောင့် အဆင့်မြင့်သဘာဝမြေဩဇာအဖြစ် လည်းကောင်း၊ ကြံပြာကို စက်ရုံဘွိုင်လာတွင် လောင်စာအဖြစ် သုံးနိုင်သလို စပါးစိုက်ခင်းများနှင့် ကြံစိုက်ခင်းများတွင် မြေဩဇာအဖြစ် လည်းကောင်း ထည့်သွင်းအသုံးပြုကြပါသည်။ လတ်ဆတ်သောကြံဖူး နှင့် ကြံရွက်များကို ကျွဲ/ နွား တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သကဲ့သို့ ကြံရွက်ခြောက်များကိုမူ ကျေးလက်ဒေသရှိ လူနေအိမ်များတွင် သက်ငယ်လုပ်၍ အိမ်အမိုးမိုးလေ့ရှိကြပါသည်။
ကြံရွက်ခြောက်နှင့် မီးရှို့ခြင်းအလေ့အထ
ကြံစိုက်တောင်သူအများစုက ကြံပင်မခုတ်သိမ်းမီနှင့် ခုတ်သိမ်းပြီးချိန်တို့တွင် ကြံရွက်ခြောက်များကို မီးရှို့လေ့ရှိကြရာ ထိုသို့ပြုလုပ်ခြင်းဖြင့် မီးခိုးမြူငွေ့ပြဿနာများဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏ကျန်းမာရေးကို ထိခိုက်စေပါသည်။ မီးရှို့ခြင်းကြောင့် အပင်အာဟာရများစွာ ဆုံးရှုံးစေပြီး မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝများကိုလည်းဆုံးရှုံးစေကာ နောက်ဆုံးတွင် မြေဆီဩဇာကို ခန်းခြောက် စေနိုင်ပါသည်။
မီးရှို့မှုဖြစ်စဉ်ကြောင့် ကြံအထွက်နှုန်းကို ထိခိုက်စေသည့်အပြင် သကြားဓာတ်ပါဝင်မှု လျော့နည်းသွားခြင်းကြောင့် အရည်အသွေးကိုပါ ထိခိုက်စေပါသည်။ လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များဖြစ်ပေါ် လာရခြင်းအကြောင်းရင်းများအနက် သီးနှံပင်အကြွင်းအကျန်များကို မီးရှို့ခြင်း (ဥပမာ-ကြံရွက်ခြောက်များ၊ စပါးရိုးပြတ်များ၊ နှမ်းရိုးများ၊ ပဲစင်းငုံရိုးများအား မီးရှို့ခြင်း) သည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ မီးခိုးမှုန်များကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆုတ်ကင်ဆာနှင့် အခြားကျန်းမာရေးပြဿနာများစွာ ဖြစ်ပွားကြောင်း တွေ့ရှိရသည်။
အရေးပါတဲ့ကြံရွက်ခြောက်
ကြံသီးနှံတစ်ဧကမှ ကြံရွက်ခြောက် လေး- ငါးတန်အထိထွက်ရှိပါသည်။ နှစ်စဉ် မြန်မာနိုင်ငံတစ်ဝန်း ကြံစိုက်ဧက လေးသိန်းကျော်မှ ထွက်ရှိသော ကြံရွက်ခြောက်တန်ချိန် သိန်း ၁၅ - ၂၀ ခန့်တွင် များပြားလှသော အာဟာရဓာတ်များစွာ ပါဝင်နေသော်လည်း အဆိုပါ ကြံရွက်ခြောက်များကို ပြန်လည်အသုံးပြုသည့် အလေ့အထမရှိဘဲ မီးရှို့ခြင်းကြောင့် နှစ်စဉ် အာဟာရတန်ချိန်များစွာ ဆုံးရှုံးနေပါသည်။ တောင်သူများ အလွယ်တကူမီးရှို့နေကြသည့် ကြံရွက်ခြောက်များတွင် အော်ဂဲနစ်ကာဗွန် ၂၈.၆ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၀.၃၅-၀.၅၁ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၀.၀၄-၀.၂၁ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၀.၄၂-၀.၅၈ ရာခိုင်နှုန်းအပြင် အနည်းလိုအာဟာရဓာတ်များဖြစ်သည့် ကယ်လ်ဆီယမ် ၀.၄၈ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၀.၁၂ ရာခိုင်နှုန်းနှင့် ဇင့်၊ အိုင်းယွန်းနှင့် မဂ္ဂနိစ်ဓာတ်များလည်း ပါဝင်ပါသည်။
ကြံစိုက်တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းမှ ရရှိလာသော ကြံရွက်ခြောက်များကို မြေဆွေးပြုလုပ်၍ ဓာတ်မြေဩဇာနှင့်အတူ စနစ်တကျ တွဲဖက်အသုံးပြုခြင်းဖြင့် မြေဆီလွှာကို ရေရှည်ထိန်းသိမ်း ရာရောက်သလို ကုန်ကျစရိတ်ကိုလည်း သက်သာစေမည်ဖြစ်ပါသည်။ လုပ်ကိုင်ရမည့်လုပ်ငန်းစဉ်များမှာလည်း လွယ်ကူရိုးရှင်းသောကြောင့် တောင်သူများ အတူတကွ လိုက်ပါဆောင်ရွက်နိုင်ပါသည်။
မြေဆွေးပုံပြုလုပ်ရာတွင် ပါဝင်ရမည့်ပစ္စည်းများ
မြေဆွေးပုံပြုလုပ်ရာတွင် အဓိကအနေဖြင့် ကြံရွက်ခြောက်၊ နွားချေး/ ကြက်ချေး၊ အသင့်သုံး EM ဖျော်ရည်၊ ယူရီးယားအနည်းငယ်၊ ပလတ်စတစ်စနှင့် အခြားသီးနှံပင် အကြွင်းအကျန်များရှိပါက ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ကြံရွက်ခြောက်သဘာဝမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်
ကြံရွက်ခြောက်သဘာဝမြေဩဇာ ပြုလုပ်ရာတွင် အောက်ပါအတိုင်း လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရပါမည် -
• ကြံရွက်ခြောက်များကို စုဆောင်းခြင်း၊
• ကြံရွက်ခြောက်များကို သေးငယ်အောင် ဖြတ်တောက်စင်းခြင်း၊
• ကြံရွက်ခြောက်များနှင့်အတူ အခြားလိုအပ်သော သွင်းအားစုများအား အလွှာလိုက်စုပုံပြီး မြေဆွေးပုံပြုလုပ်ခြင်း၊
• ရေဖျန်းပေးခြင်း၊
• သုံးလတစ်ကြိမ် မြေဆွေးပုံကို အထက်အောက်လှန်ပေးခြင်း၊
• ဆွေးမြည့်ပြီး ကြံရွက်ခြောက်မြေဆွေးများအား ဆန်ခါချပေးခြင်း။
ကြံရွက်ခြောက်များစုဆောင်းခြင်း
ကြံစိုက်ခင်းမှ ကြံရွက်ခြောက်များကို မြေဆွေးပုံပြုလုပ်မည့်နေရာသို့ သယ်ဆောင်စုပုံရပါမည်။ မြေဆွေးပုံအတွက် သီးသန့်မြေနေရာ မရှိပါက ကြံစိုက်ခင်းဘေးနားတွင် စုပုံနိုင်ပါသည်။ စုဆောင်းပြီး ကြံရွက်ခြောက်များကို ကျင်းနှင့်ဖြစ်စေ၊ မြေပေါ်တွင် အပုံလိုက်ဖြစ်စေ မြေဆွေးပုံ ပြုလုပ်နိုင်ပါသည်။ ကြံရွက်ခြောက်များစုဆောင်းပြီးပါက ရှည်လျားနေသော ကြံရွက်ခြောက်များကို ဓား (သို့) ဓားစက်ဖြင့် ဖြတ်တောက်စင်းပေးခြင်းဖြင့် သေးငယ်သောအစိတ်အပိုင်းများရရှိအောင် ဆောင်ရွက်ရပါသည်။ သို့မှသာ ဆွေးမြည့်မြန်စေပြီး မြေဆွေးပုံတစ်ခုလုံး ညီညာစွာဆွေးမြည့်စေမည်ဖြစ်ပါသည်။ တစ်ပုံချင်းစီကို စနစ်တကျအလေးချိန် ချိန်တွယ်ပြီး ပြုလုပ်လိုပါက ပြုလုပ်နိုင်ပါသည်။ စုပုံပြီးစီးပါက ဖြတ်တောက်ပြီးသော ကြံရွက်ခြောက်များနှင့်အတူ အခြားလိုအပ်သော သွင်းအားစုများကို အလွှာလိုက်စုပုံသွားရပါမည်။
မြေပေါ်တွင် မြေဆွေးပုံပြုလုပ်ခြင်း
မြေဆွေးပုံပြုလုပ်ရာတွင် အတိုင်းအတာအနေဖြင့် အလျား ကိုးပေ၊ အနံ ခြောက်ပေနှင့် အမြင့် ၄ ဒသမ ၅ ပေ ရှိသင့်ပါသည်။ ကြံရွက်ခြောက်ဖြတ်စများကို လက်မဝက်ခန့်အထူ အောက်ခြေမြေပြင်ပေါ်တွင် ခင်းပြီးနောက် ရေဖျန်းပေးရပါမည်။ ပြီးလျှင် နွားချေးတစ်ထပ် ဖြန့်ပေးရမည်။ နွားချေးဖျော်ရည် (သို့) အဏုဇီဝဖျော်ရည် (EM ဖျော်ရည်) ကို ညီညာစွာဖျန်းပေးရမည်။ ကြံရွက်ခြောက်တစ်တန်လျှင် နွားချေး၊ ကြက်ချေး ကီလိုဂရမ် ၅၀ သုံးစွဲသင့်ပါသည်။ ယင်းတို့ကို ရေလီတာ ၁၀၀ ဖြင့် ဖျော်ပြီး ကြံရွက်ခြောက်အနှံ့ဖျန်းပေးရန် လိုအပ်ပါသည်။ ပြီးလျှင် ယူရီးယားမြေဩဇာများကို ညီညာစွာဖြူးပေးရမည်။ အကယ်၍ အခြားသီးနှံပင် အကြွင်းအကျန်များရှိပါက မြေဆွေးပုံ အတွင်း အလွှာလိုက်ထည့်သွင်းနိုင်ပါသည်။
မြေဆွေးပုံကို အလွှာလိုက်ပုံနေစဉ် ပိပြားကျစ်လျစ်စေရန် လူကတက်နင်းပေးရမည်။ ဤသို့ဖြင့် အလွှာလိုက်ပုံသွားပြီးနောက် လိုချင်သည့် အမြင့်ပေရရှိပါက နောက်ဆုံးအလွှာပေါ်တွင် မြေနှင့် နွားချေးရည် ဖျော်၍ လက်မဝက်ခန့်အထူ မံပေးရပါမည်။ ယင်းနောက်တွင် လိုအပ် သောအပူချိန်နှင့် အစိုဓာတ်ကိုရရှိစေရန် ပလတ်စတစ် ဖုံးပေးရမည်။ မြေဆွေးပုံကို တစ်ပတ်တစ်ကြိမ် ရေဖျန်းပေးရန်နှင့် သုံးလတစ်ကြိမ် အထက်အောက်လှန်ပေးရန် လိုမည်ဖြစ်ပါသည်။ လေးလမှ ခြောက်လခန့် အကြာတွင် အသုံးပြုနိုင်သောအခြေအနေသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
ကြံရွက်ခြောက်မြေဆွေးပုံကို ကျင်းဖြင့်ပြုလုပ်ခြင်း
ကြံရွက်ခြောက်မြေဆွေးပုံကို ကျင်းဖြင့်ပြုလုပ်မည်ဆိုပါက ကျင်းအရွယ်အစားမှာ အလျား ၂၇ ပေ၊ အနံ ၁၅ ပေနှင့် အနက် လေးပေတူးရန် လိုအပ်ပါသည်။ နေရာအကျယ်အဝန်းနှင့် လုပ်သားအင်အား မလုံလောက်ပါက ရနိုင်သမျှ အလျား၊ အနံ၊ အနက် ကျင်းတူး၍ ဆောင်ရွက်နိုင်ပါ သည်။ ပြီးလျှင် အထက်ပါလုပ်ငန်းစဉ်အတိုင်း ကြံရွက်ခြောက်နှင့် သွင်းအားစုများကို အလွှာလိုက် ၁၀-၁၅ လွှာအထိရရှိအောင် ဆောင်ရွက်နိုင်ပါသည်။ သုံးလတစ်ကြိမ် မြေဆွေးပုံကို အထက်အောက်လှန်ပေး ခြင်းဖြင့် ညီညာစွာ ဆွေးမြည့်နိုင်မည်ဖြစ်ပါသည်။
မြေဆွေးပုံဆောင်ရွက်စဉ် ကာလတစ်လျှောက်လုံးတွင် အစိုဓာတ် ၆၀ ရာခိုင်နှုန်းရရှိအောင် ရေဖျန်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်သော်လည်း မိုးရွာသွန်းမှုများပြားပါက သတိပြုဆင်ခြင်သင့်ပါသည်။ အစိုဓာတ် ခန်းခြောက်သွားပါကလည်း မြေတွင်းရှိ ဆွေးမြည့်စေသော အကျိုးပြု အဏုဇီဝများကိုသေစေကာ ဆွေးမြည့်မှုလုပ်ငန်းစဉ်ကို ထိခိုက်စေပါ သည်။ လိုအပ်သောအပူချိန်နှင့် အစိုဓာတ်များရရှိပါက လေးလမှ ခြောက်လအကြာတွင် အသုံးပြုနိုင်သောအဆင့်သို့ ရောက်ရှိပြီဖြစ်ပါသည်။
ကြံရွက်မြေဆွေးများအား ဆန်ခါချပေးခြင်း
ကြံရွက်ခြောက်မြေဆွေးပုံ ဆွေးမြည့်သွားပါက ထုထည်လျော့ကျသွားခြင်း၊ မြေနံ့ရရှိခြင်း၊ အညိုရင့်ရောင်ပြောင်းသွားခြင်းတို့ ဖြစ်ပေါ်လာပါသည်။ မြေဆွေးပုံဆွေးမြည့်သွားပါက မြေဆွေးများကို ဆန်ခါချပေးခြင်းဖြင့် အရွယ်ညီညာသော မြေဆွေးမှုန့်များကို ရရှိစေနိုင်ပြီး ဆန်ခါပေါ် တွင် ကျန်ရှိနေသော အရွက်ခြောက်အစအဖတ်များကို မြေဆွေးပုံအသစ်တွင် ပြန်လည်ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ကြံရွက်ခြောက်မြေဆွေးတွင် နိုက်ထရိုဂျင် ၀.၅၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၀.၂၀ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၁.၁၀ ရာခိုင်နှုန်းနှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သဖြင့် ကြံသီးနှံအတွက် အကောင်းဆုံး အာဟာရသွင်းအားစု ဖြစ်ပါသည်။ ကြံရွက်ခြောက်မြေဆွေးကို ဓာတ်မြေဩဇာများနှင့် ရောစပ်အသုံးပြုခြင်းဖြင့် ပိုမိုထိရောက်စေပါသည်။
ကြံရွက်ခြောက်မြေဆွေးသုံးစွဲခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ
• ကြံရွက်ခြောက်များကို သဘာဝမြေဩဇာ/ သစ်ဆွေးမြေဩဇာများပြုလုပ်ပြီး ကြံစိုက်မြေများတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာအဆင့်အတန်းနှင့် မြေ၏ ဓာတု /ရူပ အရည်အသွေး တိုးတက်လာကာ ကြံပင်ဖြစ်ထွန်းမှုကောင်းမွန်ခြင်း စိုက်ခင်း၏ မြေချဉ်ငန်ဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ ရေထိန်းနိုင်စွမ်း ကောင်းမွန်ခြင်းနှင့် ခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊
• ကြံရွက်ခြောက်အပိုင်းအစများကို တိုက်ရိုက်မြေသားနှင့် ရောမွှေထည့်ပေးခြင်းဖြင့် မြေဆီလွှာအဆင့်အတန်းတိုးတက်စေခြင်း၊ ပေါင်းပေါက်ရောက်မှုသက်သာခြင်း၊
• ကြံရွက်ခြောက်မြေဆွေးကို ဓာတ်မြေဩဇာများနှင့်ရောစပ်ထည့်သွင်းအသုံးပြုခြင်းဖြင့် ကြံပင်လုံးပတ်ကြီးခြင်း၊ ဆစ်ကြား အရေအတွက်နှင့် ဆစ်ကြားအရှည်တိုးလာခြင်း၊ ကြံတစ်ချောင်း အလေးချိန်တိုးခြင်း၊ စက်သွင်းကြံအရေအတွက်တိုးခြင်း၊ အထွက်နှုန်းတိုးတက်ခြင်းနှင့် လမိုင်းအထွက်ပါ ကောင်းမွန်စေခြင်း၊
• ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုးတက်ရရှိခြင်း။
သတိပြုရန်အချက်
• ကြံရွက်ခြောက်များကို ဆွေးမြည့်မှုမြန်စေရန်နှင့် ညီညာစွာ ဆွေးမြည့်စေရန် သေးငယ်သောအပိုင်းအစများ ပိုင်းဖြတ်ပေးရန်၊
• ထုထည်ကြီးမားသော ကြံရွက်ခြောက်မြေဆွေးပုံပြုလုပ်ရန် မြေနေရာအခက်အခဲရှိပါက မိမိပိုင်ကြံစိုက်ခင်းအတွင်း သင့်လျော်သည့်အရွယ်အစားဖြင့် ဆောင်ရွက်နိုင်ပါသည်။
တစ်ဧကနှုန်းထား
• တစ်ဧကလျှင် နှစ်တန်မှ လေးတန်နှုန်းခန့် အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို ၄၀-၅၀ ရာခိုင်နှုန်းအထိ လျှော့ချစေနိုင်သလို ကြံစိုက်မြေ၏ အရည်အသွေးကို တိုးတက်ကောင်းမွန် စေကာ ရေရှည်တည်တံ့သောကြံအထွက်နှုန်းကို ရရှိစေပါသည်။
ဓာတ်မြေဩဇာအသုံးလျှော့ချပြီး သဘာဝမြေဆွေး စနစ်တကျတွဲဖက်အသုံးပြုစို့
ကြံတောင်သူများ အထွက်နှုန်းတိုးတက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာရေရှည်တည်တံ့ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲရှိ ဝန်ထမ်းများဦးဆောင်ကာ ကြံအဓိကစိုက်ပျိုးသည့်ဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိမြို့နယ်များ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်တို့တွင် ဓာတ်မြေဩဇာလျှော့ချ၍ သဘာဝမြေဩဇာနှင့် မြေပြုပြင်မြေဩဇာများ စနစ်တကျ တွဲဖက်အသုံးပြုရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြရာ တောင်သူများကလည်း လက်တွေ့လိုက်နာ ဆောင်ရွက် ရမည့်အပိုင်းကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြပါသည်။
ကျန်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူဦးကြီးများ အနေဖြင့်လည်း မိမိတို့စိုက်ခင်းမှရလာသော ကြံရွက်ခြောက် အပါအဝင် သီးနှံအကြွင်းအကျန်များကို အလဟဿမဖြစ်စေဘဲ အကျိုးရှိရှိ အသုံးချပြီး ဝင်ငွေများတိုးတက်ရရှိကာ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့ပါစေကြောင်း သတင်းစကားပါး ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။
MDN (ကြေးမုံ)

ခါးသက်သက်အရသာ၊ နက်ရှိုင်းသည့် ရနံ့ရှိသည့် ကော်ဖီတစ်ခွက်က ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းသည်။ ကော်ဖီ၏ ခါးသက်မှုအရသာကို နို့ပျစ်ပျစ်နှင့် ပေါင်းစပ်လိုက်သည့်အခါ လူကြိုက်များသည့် Cappuccino ကော်ဖီ ဖြစ်လာသည်။
နို့နည်းနည်း၊ ကော်ဖီအနှစ်ပျစ်ပျစ် များများ ပါဝင်သည့် Espresso ကလည်း ကော်ဖီချစ်သူများ အကြိုက်။ နို့နှင့် Creamy များသည့် ပုံစံ Caf Latte ၊ ကော်ဖီအသားချည်း သို့မဟုတ် ကော်ဖီပလိန်း Americano ၊ ကော်ဖီ၊ ချောကလက်၊ နွားနို့ ပါဝင်သည့် ကော်ဖီ Mocha ၊ နို့မပါဘဲ ကော်ဖီနှင့် Creamy အချိုးကျဖျော်စပ်သည့် Caramel Macchiato တို့ကိုလည်း ကော်ဖီချစ်သူများက နေ့စဉ်သောက်သုံး ကြသည်။
သောက်သုံးသူအကြိုက် အမျိုးမျိုးဖျော်စပ် သောက်သုံးကြသော ကော်ဖီသည် ကော်ဖီမျိုးစိတ် (Species) ပေါင်း ၁၂၀ ခန့်ရှိကြောင်း သိရသည်။ ကုန်းမြင့်ကော်ဖီဖြစ်သည့် အာရေးဗီးကား၊ မြေနိမ့် ကော်ဖီဖြစ်သည့် ရိုဘတ်စတာ၊ လိုက်ဘရီကာ၊ အိတ်ဆယ်စာစသည့် ကော်ဖီမျိုးစိတ်များကို စီးပွား ဖြစ် စိုက်ပျိုးမှုများသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်အလိုက် ကော်ဖီကို ရွေးချယ်စိုက်ပျိုးကြသည်။
“ကျွန်တော်တို့ မြန်မာ့ကော်ဖီက ပြည်ပပို့ကုန်တစ်ခုပါ။ ဒါကြောင့် မြန်မာ့ကော်ဖီကို အရေအတွက် များများ၊ အရည်အသွေးမြင့်မြင့် ထုတ်လုပ်ရောင်းချဖို့ လိုအပ်နေပါပြီ။ ကျွန်တော်ကတော့ တောင်ငူမှာ အာရေးဗီးကားနဲ့ ရိုဘတ်စတာ နှစ်မျိုးကို စိုက်ပျိုးထုတ်လုပ်ပါတယ်။ ပြည်တွင်းဈေးကွက် Icon နဲ့ City mart တွေမှာ ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ပဲခူး၊ တောင်ငူ၊ ရေတာရှည်၊ ပြည်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ ဘားအံ၊ ရန်ကုန်စတဲ့မြို့တွေကို တင်ပို့ရောင်းချနေပါတယ်။ Green Bean ကိုတော့ ရွာငံ၊ ရန်ကုန်၊ တောင်ကြီးမြို့ တွေကို ရောင်းချပါတယ်။ ပြည်ပပို့နိုင်ဖို့လည်း ကြိုးစားနေပါတယ်” ဟု Light House Coffee Myanmar မှ ဦးဇေယျာမင်းက ပြောသည်။
အများအပြားစိုက်ပျိုး
ကော်ဖီပင်သည် နှစ်ရှည် သီးနှံပင်မျိုးဖြစ်သည်။ တစ်ခါစိုက်ပျိုးပြီး အပင်ဖြစ်ထွန်းပါက သားသမီး မြေးမြစ်အထိတိုင် ဝင်ငွေရရှိမည့် သီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြား စိုက်ပျိုးကြသည်။ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးမှုရှိသည်။
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးပြီးဧရိယာ စုစုပေါင်း ၂၇၉၂၀ ဟက်တာ (၆၈၉၉၄ ဧက) ခန့်ရှိပြီး ထုတ်လုပ်မှုဧရိယာမှာ ၁၃၉၈၇ ဟက်တာ (၃၄၅၆၃ ဧက) ခန့်ရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီ ဆန်ထွက်ရှိမှုသည် တန်ချိန် ၁၀၀၀၀ ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာ့ကော်ဖီသည် အနံ့၊ အရသာနှင့် အရည်အသွေးပိုင်း ထူးကဲကောင်းမွန်သည့်အတွက် နိုင်ငံတကာကော်ဖီဈေးကွက်တွင် နာမည်ကောင်း ရရှိထားသည်။ ထိပ်တန်းရောက်သည်။ မြန်မာ့ ကော်ဖီကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ တို့သို့ တင်ပို့ရောင်းချလျက်ရှိသည်။
“ကျွန်တော်တို့နိုင်ငံမှာ အာရေးဗီးကားနဲ့ ရိုဘတ်စတာကော်ဖီမျိုးတွေ အဓိကစိုက်ကြပါ တယ်။ အာရေးဗီးကားကို မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးကြတယ်။ အာရေးဗီးကားမျိုး၂၉ မျိုးရှိပြီးတော့ မှတ်ပုံတင်ပြီး မျိုး ၁၆ မျိုးရှိပါတယ်။ SL-28 ၊ SL-34 ၊ S-795 ၊ Catuai ၊ Caturra ၊ Catimor ၊ P-88 နဲ့ P-90 မျိုးတွေ ကို အများဆုံးစိုက်ပျိုးကြတယ်။ ရိုဘတ်စတာကော်ဖီ မျိုးကိုတော့ ကရင်ပြည်နယ်ဘက်မှာ အများဆုံး စိုက်တယ်။ ဒေသမျိုးတွေအပါအဝင် ၁၀ မျိုးကျော် ရှိပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်။
အလားအလာကောင်းများစွာ ပိုင်ဆိုင်ထား
နိုင်ငံတကာဈေးကွက်ဝင် မြန်မာ့ကော်ဖီသည် အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားသည့် သီးနှံဖြစ်သည်။ မြန်မာ့ကော်ဖီမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ ထို့ကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန် အဖြစ် တိုးမြှင့်တင်ပို့နိုင်ရန် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး၊ လက်ရှိ စိုက်ဧကများတွင် အထွက်နှုန်းများ ကောင်းမွန်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကော်ဖီအသင်းအဖွဲ့များ၊ ကော်ဖီစိုက်ပျိုးသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံကော်ဖီအသင်းအပါအဝင် ကော်ဖီအစုအဖွဲ့များနှင့် ပူးပေါင်းကာ စိုက်ပျိုးရေးဦးစီးဌာန က မြန်မာ့ကော်ဖီအရည်အသွေး ပိုမိုမြင့်မားလာ၍ ထုတ်လုပ်မှုပမာဏ တိုးတက်လာစေရန် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ ပျိုးပင်ပျိုးထောင် ဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာပေး စံပြကွက်များနှင့် အသုံးချသုတေသန စမ်းသပ်ကွက် အမျိုးမျိုးတို့ကို စိုက်ပျိုးပြသလျက်ရှိသည်။
ထို့ပြင် စိုက်ပျိုးရေးထုတ်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေးနှင့် စားသောက်ကုန်များတွင် ဓာတုဓာတ်ကြွင်းများ မကျန်ရှိစေရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့် သင်တန်းများကို ပို့ချပေးလျက်ရှိကာ အဆိုပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာပြီး စိုက်ပျိုးထုတ်လုပ်သော ကော်ဖီစိုက်ခင်းများကို ကော်ဖီ GAP အသိအမှတ်ပြုလက်မှတ်များ ရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
“နိုင်ငံတော်အတွက် ကော်ဖီက ပို့ကုန်တစ်ခု ဖြစ်ပြီးတော့ အလားအလာရှိတဲ့ သီးနှံပါ။ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုကနေ အကျိုးအမြတ် ရရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို ကော်ဖီလုပ်ငန်းရှင် တွေကလည်း တိုးတက်စိုက်ပျိုးထုတ်လုပ်ချင်ပါတယ်။ မြန်မာ့ကော်ဖီကဏ္ဍ ပိုပြီးဖွံ့ဖြိုးဖို့ သမဝါယမ ပုံစံမျိုး၊ နှစ်စဉ် ကော်ဖီစိုက်ဧကတွေ တိုးချဲ့လုပ်ဆောင်နိုင်ဖို့ ဥယျာဉ်သစ်တော ရောနှောစိုက်စနစ်မျိုးတွေ ဖော်ဆောင်ပေးစေလိုပါတယ်။ တိုးတက်စိုက်ပျိုး နိုင်ဖို့ နိုင်ငံတော်ကနေ စိုက်ပျိုးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကို မြေအငှားစနစ်လည်း ဖော်ဆောင် ပေးစေချင်ပါတယ်” ဟု Light House Coffee Myanmar မှ ဦးဇေယျာမင်းက အကြုံပြုပြောကြားသည်။
အချုပ်အားဖြင့်ဆိုရလျှင် ကော်ဖီ တိုးတက် စိုက်ပျိုးရန် လိုအပ်သည့် ရေ၊ မြေ သယံဇာတ ပြည့်စုံစွာ တည်ရှိနေသည်။ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် မျှဝေလျက်ရှိသည်။ နိုင်ငံတကာ ဈေးကွက်အထိ အဆင့်တစ်ခု ထိုးဖောက်ရရှိထားပြီဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် စနစ်တကျ တိုးတက်စိုက်ပျိုးပါက ကော်ဖီသီးနှံဖြင့် စီးပွားဖြစ်ထွန်းသည့် လုပ်ငန်းရှင်သာဓကများလည်းရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အရည်အသွေးပြည့် ကော်ဖီကို တိုးတက်စိုက်ပျိုးထုတ်လုပ်ပြီး ပို့ကုန်အမယ် မြန်မာ့ကော်ဖီ၏ ဝိသေသလက္ခဏာဖြင့် နိုင်ငံခြားဝင်ငွေ ကြိုးပမ်းရှာဖွေကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
MDN (ကြေးမုံ)
Photo Crd Nestle

အမိမြန်မာနိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်နှင့်အမျှ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးက အဓိကအစားအစာအဖြစ် ဆန်စပါးကို နေ့စဉ်စားသုံးကြပါသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကကျသော စားသုံးကုန်သီးနှံဖြစ်သကဲ့သို့ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်သော မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ စိုက်ဧကအားဖြင့် ဧက ၁၇ သန်း ဝန်းကျင်၊ နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စိုက်ပျိုးထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းသည် ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ရာတွင် အသုံးပြုကာ ကျန်ရှိသော ၂၀ ရာခိုင်နှုန်းသည် ပြည်ပသို့ နှစ်စဉ်တင်ပို့နေခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တတိယစပါးကျီတစ်ခုဖြစ်သကဲ့သို့ ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီအဖြစ် ရပ်တည်နေသည်နှင့်အမျှ စပါးသီးနှံကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး မိုးစပါးကိုနှစ်စဉ်ဧက သုံးသိန်းကျော်စိုက်ပျိုးထုတ်လုပ်သည်။ ရွှေဘိုပေါ်ဆန်းစပါးကို ဧကနှစ်သိန်းကျော်စိုက်ပျိုးလျက်ရှိပါသည်။
ပေါ်ဆန်းစပါးမျိုး ရွှေဘိုဒေသ ရောက်ရှိ
ပေါ်ဆန်းစပါးမျိုးကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှတောင်သူ ဦးထွန်းရီ၊ ဒေါ်ကြည်ညွန့်တို့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဗုံလုံကျေးရွာသို့ သွားရောက်၍ လေးပြည်ယူဆောင်ခဲ့ပြီး စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပေါ်ဆန်းစပါးမျိုးသည် ရေ၊ မြေဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းကာ ဆန်အရည်အသွေးနှင့် စားသုံးမှုကောင်းခြင်းကြောင့် လူကြိုက်များလာခဲ့ပြီး ဒေသတောင်သူများအချင်းချင်း မျိုးဖလှယ်၍ တစ်စတစ်စ ပိုမိုများပြားစိုက်ပျိုးလာကြသည်။
၂၀၀၃ ခုနှစ်တွင် ရွှေဘိုဒေသမှ မိုးကုတ်ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် စျေးကွက်စတင်ဖြစ်ထွန်းလာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ချီပါမျိုးသန့်ခြံ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပေါ်ဆန်းစပါး မျိုးတင်း ၆၀ ရယူမျိုးပွားခဲ့ခြင်း၊ ၂၀၀၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သရောင်းချောင်း မျိုးသန့်ခြံမှ စပါးမျိုးတင်း ၁၅၀ ရယူမျိုးပွားခဲ့ခြင်း၊ ဖျာပုံမြို့နယ် အောက်ကွင်းကြီးစိုက်ကွင်းမှ ၁၅ တင်း ရယူမျိုးပွားခဲ့ခြင်းတို့ကြောင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြပြီး အကျိုးဆောင်တောင်သူများဖြင့် မျိုးသန့်ပွားများရေး ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှ စတင်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးများမှာယူခဲ့ပြီး ချီပါမျိုးသန့်ခြံ၌ နှစ်စဉ်ရွှေဘိုပေါ်ဆန်းစပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့် အခုအချိန်တွင် ရွှေဘိုခရိုင်အတွင်း ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ဧရိယာအများဆုံး တိုးချဲ့စိုက်ပျိုးထုတ်လုပ်နေသည်ကို မြင်တွေ့နေရပြီဖြစ်ပါသည်။
မျိုးသန့်စိုက်ပျိုးထုတ်လုပ်ပွားများမှု
ရွှေဘိုမြို့နယ် သီးလုံးကျေးရွာ၌ စတင်စမ်းသပ်စိုက်ပျိုးရာမှ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခဲ့သော ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ခရိုင်အတွင်းမှ မျိုးသန့်ခြံများ၊ မျိုးစေ့ထုတ်လုပ်သူအသင်းများ၊ ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများ၊ အကျိုးဆောင်တောင်သူများ၊ တောင်သူအချင်းချင်းမျိုးဖလှယ်မှု စသည့်နည်းလမ်းမျိုးစုံဖြင့် မျိုးသန့်နှစ်စဉ်စိုက်ပျိုးထုတ်လုပ်ပြီး ယခုအချိန်၌ ရွှေဘိုပေါ်ဆန်းစပါး အရည်အသွေးကောင်းမှ ဈေးကောင်းရရှိမည်ဖြစ်သည့်အတွက် တောင်သူများကိုယ်တိုင် စိတ်ပါဝင်စားစွာ မျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းကို လုပ်ကိုင်လာကြပြီဖြစ်သောကြောင့် ရွှေဘိုတစ်ခရိုင်လုံးရှိ ရွှေဘိုပေါ်ဆန်းစိုက်ဧရိယာ၏ ၈၀ ရာခိုင်နှုန်းသည် မျိုးသန့်လွှမ်းခြုံနေပြီဖြစ်သည်။
ရွှေဘိုဒေသသည် ရွှေဘိုပေါ်ဆန်းစပါးကို မစိုက်မီကာလများက မနော်ဟရီ၊ မနောသုခ၊ ဆင်းသိင်္ဂီ စသည့်စပါးမျိုးတွေကို စိုက်ပျိုးခဲ့ကြပြီး အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရရှိသည့်အတွက် တောင်သူများ၏ ဝင်ငွေအကျိုးအမြတ်ရရှိမှုနည်းပါးခဲ့ပါသည်။ ရွှေဘိုပေါ်ဆန်း စတင်စမ်းသပ်စိုက်ပျိုးရာမှသည် တစ်စတစ်စတိုးချဲ့စိုက်ပျိုးလာသည့်အတွက် ယခုအချိန်၌ ဆည်ရေသောက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းက ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ပျိုးနေကြပြီဖြစ်သည်။ ပေါ်ဆန်းစပါးဈေးကွက်ကောင်းရရှိနေမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား၌လည်း တိုးချဲ့စိုက်ပျိုးနေကြကြောင်း သိရသည်။
အထွက်နှုန်းကောင်း
ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် ရာသီစပါးဖြစ်သည့်အတွက် စိုက်ချိန်ကွာခြားသော်လည်း ရိတ်သိမ်းချိန် လွန်စွာမကွာခြားသော စပါးမျိုးများဖြစ်သည်။ ရွှေဘိုပေါ်ဆန်းစပါး အထွက်တိုးနည်းပညာများကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်။ ရွှေဘိုပေါ်ဆန်းစပါးအထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းရရှိရေးအတွက် လိုက်နာကျင့်သုံးရန်လည်း စဉ်ဆက်မပြတ် ပညာပေးဆောင်ရွက်လျက်ရှိသည်။ ရွှေဘိုခရိုင်သည် မိုးစပါး၊ နွေစပါးနှစ်စဉ် ဆက်တိုက်စိုက်ပျိုးကာ စပါးဆစ်ပိုးကာကွယ်နှိမ်နင်းရေးလုပ်ငန်းကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ကြသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူလယ်သမားများပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့ကာလ၌ ရွှေဘိုပေါ်ဆန်းစပါးသည် ဆစ်ပိုးကင်းလွတ်၍ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းရရှိနေပြီဖြစ်သည်။
ရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မည်ဆိုပါက အထွက်တိုးနည်းလမ်းများဖြစ်သည့် မျိုးကောင်းမျိုးသန့်စပါးကို အသုံးပြုစိုက်ပျိုးခြင်း၊ သက်တမ်း ၅ လမကျော်အောင်စိုက်ပျိုးခြင်း၊ သတ်မှတ်ကောက်ကွက်ပြည့်မီအောင် အထူးဂရုပြုစိုက်ပျိုးခြင်း၊ ပျိုးသက်မှန်၊ လက်ဆမှန်စိုက်ပျိုးခြင်းများအပြင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို အချိန်ကိုက်၊ အချိုးကျထည့်သွင်းအသုံးပြုခြင်းဟူသည့် နည်းလမ်း ၅ ချက်ကို စနစ်တကျလိုက်နာကျင့်သုံးဆောင်ရွက်သကဲ့သို့ အရည်အသွေးကောင်းမွန်ပြီး မွှေးရနံ့ဖြစ်ပေါ်စေသော ဗီဇ (aroma) ကို လွှမ်းမိုးထားသောအချက်များဖြစ်သည့် နေ့ညအပူချိန်ကွာဟချက်ဖြစ်ပေါ်ချိန်တွင် ပန်းပွင့်စေရန် စိုက်ပျိုးချိန်ကို ချိန်ညှိစိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ် စနစ်တကျ မှန်ကန်မြန်ဆန်စွာပြုလုပ်ခြင်းဖြင့် မြေချဉ်ငန်ကိန်းကို ထိန်းညှိခြင်း၊ ရိတ်သိမ်းခြွေလှေ့ပြီး စပါးများကို မွှေးရနံ့ဗီဇပျံ့လွင့်မှုမရှိစေရန် နေရောင်တွင် တိုက်ရိုက်နေလှန်းအခြောက်ခံခြင်းကို မပြုလုပ်စေဘဲ အခြောက်ခံစက်များတွင် အခြောက်ခံပြီးမှသာ ကြိတ်ခွဲရမည်ဖြစ်ပါသည်။ အဆိုပါမွှေးရနံ့ဗီဇကို လွှမ်းမိုးသောအချက်များသိရှိပြီး လိုက်နာဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ အရည်အသွေးကောင်းဆန်များရရှိသည့်အပြင် ဓာတ်မြေဩဇာများကို အချိန်ကိုက်၊ အချိုးကျ၊ မှန်ကန်စွာ အသုံးပြုခြင်း၊ အခြောက်ခံစက်များတွင် စနစ်တကျအခြောက်ခံကြိတ်ခွဲခြင်း၊ မွှေးရနံ့ဗီဇဖြစ်ပေါ်မှုထိန်းသိမ်းနိုင်ခြင်း စသည့်အချက်များကြောင့် ရွှေဘိုပေါ်ဆန်းဆန်ချက်ပြုတ်ရာတွင် ထမင်းသည် ထမင်းအလျားရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ နူးညံ့ပျော့ပျောင်းပြီး စားကောင်းခြင်း၊ အနံ့မွှေးခြင်းတို့ကြောင့် စားသုံးသူပြည်သူများ ကြိုက်နှစ်သက်မှုများပြားလာပြီး ဈေးကွက်ရရှိလာခြင်းဖြစ်သည်။
ရွှေဘိုပေါ်ဆန်းဆန် အရည်အသွေး
ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် ရွှေဘိုဒေသ၏ ရေမြေဒေသနှင့်ကိုက်ညီမှုရှိသည့်အပြင် ဆည်ရေနှင့် စိုက်ပျိုးရခြင်း၊ နေရောင်ခြည်ရရှိမှုများခြင်းတို့ကြောင့် အနံ့မွှေး၍ နူးညံ့ပျော့ပျောင်းပြီး စားသုံးမှုအရည်အသွေးကောင်းမွန်ခြင်း၊ အစိုမပြန်အစေးမပေါက်ခြင်းနှင့် အိုးတက်ခြင်း စသည့် ထူးခြားကောင်းမွန်မှုတို့ကြောင့် ဈေးကွက်ခိုင်မာလျက်ရှိနေပြီး ရွှေဘိုဒေသတောင်သူများ၏ အဓိကအားထားရာ စပါးအဖြစ်ရပ်တည်လျက်ရှိပါသည်။
ရွှေဘိုပေါ်ဆန်းဆန် အရည်အသွေးကောင်းရရှိရန် အထူးအလေးထားဆောင်ရွက်ရန် လိုအပ်လှသည်။ ဓာတုပိုးသတ်ဆေးများသုံးစွဲမှုကို လျှော့ချပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။
ရွှေဘိုပေါ်ဆန်း မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးသည့် စိုက်ခင်းများမှထွက်ရှိသည့် စပါးမျိုးများက အရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ ဆန်ထွက်ရာခိုင်နှုန်းကောင်းမွန်ခြင်း၊ ဆန်ရည်ဆန်သားကောင်းမွန်ခြင်းတို့ကြောင့် ဈေးကွက်ပိုမိုရရှိသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူလယ်သမားများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန်အရည်အသွေး မြှင့်တင်ရေးအတွက် မျိုးကောင်းမျိုးသန့် ပိုမိုသုံးစွဲနိုင်ရေးကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သလို ရွှေဘိုပေါ်ဆန်း ဆန်အရည်အသွေးကောင်းရရှိရေး အထူးအလေးထားဆောင်ရွက်ရန်လိုအပ်သည်။
ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုပေါ်ဆန်းစပါးများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ပြီး စက်ရုံများရှိ အခြောက်ခံစက်များတွင် အခြောက်ခံပြီးနောက် အဆင့်မြင့်ဆန်စက်ကြီးများတွင် ကြိတ်ခွဲခြင်းကို ဆောင်ရွက်ပါသည်။ အဆင့်မြင့်ဆန်စက်ကြီးများမှ ကြိတ်ခွဲပြီးဆန်များကို အရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် ဆန်ရွေးစက် (Color Sorter) တွင် ရွေးချယ်၍ ရွှေဘိုပေါ်ဆန်းဆန်ကို အိုးဝင်ထူးထူးရှယ်၊ ဆန်လတ်ကြီး၊ ဆန်လုံး (အသေး)၊ ဆန်ကျော်၊ ဆန်လတ် (အသေး) နှင့် စွန့်သန့်ဆန်များကို ရရှိသည်။
ရရှိလာသော ဆန်ထွက်ပစ္စည်းများအနက် အိုးဝင်ထူးထူးရှယ်များကို ၁ ကီလိုအိတ်၊ ၂ ကီလိုအိတ်၊ ၃ ကီလိုအိတ်၊ ၆ ကီလိုအိတ်၊ ၁၂ ကီလိုအိတ်၊ ၂၄ ကီလိုအိတ်နှင့် ၄၈ ကီလိုအိတ် စသည့်အရွယ်အစားအမျိုးမျိုးဖြင့် ထုပ်ပိုးပြီး မြန်မာပြည်အနှံ့စျေးကွက်များနှင့် စူပါမားကတ်များသို့ ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးနေပါသည်။ ရွှေဘိုပေါ်ဆန်းဆန်၏ ဈေးကွက်ခိုင်မာမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင်လည်း တိုးချဲ့စိုက်ပျိုးကြရန် အလားအလာကောင်းများ ရှိနေပါသည်။
အရည်အသွေးဆက်လက်ထိန်း
ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်များ၏ ထူးခြားကောင်းမွန်သည့် လက္ခဏာနှင့် အရည်အသွေးသည် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသောကြောင့် စပါးအထွက်နှုန်းကောင်းခြင်း၊ ဆန်ရည်ဆန်သားကောင်းမွန်ခြင်း၊ စပါးစေ့ကြွေကျမှုနည်းသည့်အတွက် လေလွင့်ဆုံးရှုံးမှုသက်သာခြင်း၊ ဆန်ကိုချက်ပြုတ်ရာတွင် အမြင်လှပပြီး ထမင်းအလျား ရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ နူးညံ့ပျော့ပျောင်းပြီး စားကောင်းခြင်း၊ အနံ့မွှေးခြင်း၊ ဈေးကွက်ခိုင်မာခြင်းများကြောင့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန်” World Best Rice အဖြစ် ရွေးချယ်သတ်မှတ်ခံရပါသည်။
ထို့အတွက် ရွှေဘိုပေါ်ဆန်းဆန်သည် လူသိများ ဈေးကွက်ဝင်ခဲ့ပါသည်။ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်ရာတွင်လည်း မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြုပြီး မှန်ကန်သော စိုက်နည်းစနစ်များ၊ သွင်းအားစုများ စနစ်တကျ အသုံးပြုစိုက်ပျိုးပြီး အထွက်နှုန်းကောင်းသည့်အပြင် အရည်အသွေးပါကောင်းမွန်သည့် စပါးများရရှိရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဖွဲ့စည်းထားရှိပြီး ရွှေဘိုပေါ်ဆန်းဆန် (ဒေသဆိုင်ရာအညွှန်း Geographical Indication -GI) ရရှိရေး လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်နေခြင်းသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး GI ရရှိရန်ကိုလည်း အထူးအလေးထား ဆက်လက်ကြိုးပမ်းဆောင်ရွက်နေပါသည်။
နိုင်ငံတော်အစိုးရက ပေါ်ဆန်းစပါးစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာ့ပေါ်ဆန်းဆန်အဖြစ် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် လုပ်ငန်းကွင်းဆက်တစ်လျှောက်လုံးတွင် ပါဝင်ဆောင်ရွက်နေသော တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆက်စပ်ဌာနဆိုင်ရာများအားလုံး မြန်မာ့ပေါ်ဆန်းအဖြစ် တစ်ခေတ်ဆန်းစေရန်အတွက် အရည်အသွေးဆက်လက်ထိန်းသိမ်းရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

ဝါး၏အသုံးဝင်ပုံ
“မောင်ငယ်ရင်သွေး၊ ဟင်းစားပေး၍
အစ်ကိုလတ်ကား၊ နှီးနွှယ်တတ်ကာ
အစ်ကိုကြီးက၊ အိမ်ရာပေး၏”
ဟူ၍ ရှေးလူကြီးသူမများက ဝါး၏ အရွယ်အလိုက် အသုံးဝင်ပုံကို တင်စားခိုင်းနှိုင်းခဲ့ကြသည်။
လူသားများ၏ နေ့စဉ်လူမှုဘဝအတွက် အမျိုးမျိုးအသုံးပြုနိုင်သည့် သစ်မဟုတ်သော အခြားသစ်တောထွက်ပစ္စည်းများအနက် ဝါးသည်အရေးပါသည့် သစ်တောသယံဇာတတစ်မျိုးဖြစ်သည်။
ဝါးရုံတစ်ရုံတွင် သက်တမ်းမတူသည့် ဝါးပင်များ (ဝါးနု၊ တညင်၊ ဝါးရင့်)နှင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နှစ်စဉ်ထွက်ရှိသည့် ဝါးနု(မျှစ်)များသည် လူသားများအတွက် စားနပ်ရိက္ခာအဖြစ် အသုံးပြုနိုင်ခြင်း၊ တစ်နှစ်သားဝါးများ(တညင်)မှ နှီးဖြာ၍ ဝါးနှီးဖြင့်ရက်လုပ်ရသောလူ့အသုံးအဆောင် ပစ္စည်းများကို
ထုတ်လုပ်နိုင်ခြင်း၊ ထိုမှသက်တမ်းရင့်လာပြီး သုံးနှစ်နှင့်အထက်သက်တမ်းရှိသည့်ဝါးများ၏ ဖွဲ့စည်းတည်ဆောက်မှုသည် ရူပဂုဏ်သတ္တိရင့်သန်လာသဖြင့် အိမ်ရာအဆောက်အအုံများဆောက်လုပ် ရာတွင် အသုံးပြုနိုင်ခြင်းတို့ကြောင့် “ဝါးတစ်ပင်လုံး အသုံးပဒေသာ”ဟုပင် ဆိုရပါမည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝမြေဩဇာပြုပြင်ဖန်တီးပေးမှု၌လည်း ဝါး၏အသုံးဝင်ပုံမှာ ထူးခြားလှသည်။ ဝါးရုံများ၏ကျစ်လျစ်သိပ်သည်းပြီး ကွန်ရက်သဖွယ်ယှက်နွှယ်နေသည့်မြေအောက် အမြစ်အဖွဲ့အစည်း၏ဂုဏ်သတ္တိကြောင့် မြေဆီလွှာနှင့်ရေတိုက်စားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သစ်ပင်များထက် ပိုမိုစုပ်ယူပေးထားနိုင်ခြင်း၊ နှစ်စဉ်ဇီဝဒြပ်ထုဝါးရွက်ကြွေများသည် အလွယ်တကူဆွေးမြည့်နိုင်ပြီး မြေဆီလွှာအာဟာရကိုဖြည့်တင်းပေးခြင်း စသည့်ဂုဏ်သတ္တိများဖြင့် အကျိုးပြုလျက်ရှိသည်။
သစ်အစားထိုးနိုင်သည့်ရွှေစိမ်း
ယနေ့ခေတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာနှင့်အတူ ခေတ်မီစက်ကိရိယာများ၏ ပေါင်းစပ်တီထွင်မှုဖြင့် တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ ဝါးအထပ်သား၊ ဝါးဖျာဘုတ်ပြား၊ Bamboo Particle Board၊ Bamboo Lumber စသည်တို့ကို ထုတ်လုပ်သုံးစွဲလာနိုင်ခြင်းကြောင့် သစ်နေရာတွင် အစားထိုးအသုံးပြုလာနိုင်ပြီဖြစ်သည်။
ဝါးမှာ ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝသယံဇာတ တစ်မျိုးဖြစ်ရာ စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်နိုင်သော အားသာချက်ရှိသည်။
ဝါးအခြေခံစက်မှုလုပ်ငန်းအတွက် ဝါးမျိုးစိတ်များ ရွေးချယ်စိုက်ပျိုးခြင်း
ဝါးအခြေခံစက်မှုလုပ်ငန်းများအတွက် အသုံးပြုမည့်ဝါးမျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်သည်။ ဝါးအခြေခံစက်မှုထုတ်ကုန်များဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ Bamboo Lumber များ ထုတ်လုပ်ရာတွင် အသုံးပြုမည့် ဝါးမျိုးသည် ရင်းဖျားအသားညီသည့် ဝါးမျိုးဖြစ်ရန် လိုအပ်သည့်အတွက် ဝါးကြီးမျိုးဖြစ်သည့် ကလွေဝါး၊ ဝါးပိုး၊ ကြလိုဝါး၊ ဝါးနီ၊ ဝါးပိုး၊ မျက်ဆန်ကျယ် စသည့်ဝါးမျိုးများကို စိုက်ပျိုးရန်နှင့် စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး စက်ရုံအတွက် အမှန်တကယ်လိုအပ်မည့်ဝါးမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။
မျှစ်အခြေခံထုတ်ကုန်ပစ္စည်းထုတ်လုပ်ရန် ဝါးမျိုးရွေးချယ်စိုက်ပျိုးခြင်း
မျှစ်ထုတ်လုပ်သည့်ဝါးစိုက်ခင်းများ တည်ထောင်မည်ဆိုပါကလည်း ကမ္ဘာ့မျှစ်ဈေးကွက်ဝင် ဝါးမျိုးများဖြစ်သည့် ဝါးနီ၊ ကလွေဝါးစသည့် မြန်မာမူရင်းဝါးမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။
ယခုအခါ ပြည်တွင်းမျှစ်ဈေးကွက်အတွက် ပုဂ္ဂလိကဝါးစိုက်ခင်းများတွင် ကင်စွန်းဝါး၊ မျှစ်ချိုဝါးမျိုးများကို ထိုင်းနိုင်ငံမှ တင်သွင်းစိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။
ဝါးပျိုးထောင်စိုက်ပျိုးနည်း
ဝါးစိုက်ခင်းများတည်ထောင်ရန် ဦးစွာ ဝါးပျိုးပင်ရှိရန် လိုအပ်သည်။ အပင်အများစုကို စိုက်ခင်းတည်ထောင်လိုပါက မျိုးစေ့ကိုစုဆောင်း၍ ပျိုးပင်များအဖြစ် ပျိုးထောင်ကြရသည်။ သို့သော် ဝါးပင်၏ သဘောသဘာဝအရ ဝါးအမျိုးအစားနှင့် ဒေသကိုလိုက်၍ နှစ် ၂၀ မှ ၆၀ ခန့် ကြာမှ ဝါးသီးပွင့်ခြင်း(ဝါးသုဉ်းခြင်း)ဖြစ်ပေါ်လေ့ရှိသဖြင့် ဝါးစေ့ကို နှစ်အပိုင်းအခြား တစ်ခုရောက်မှသာ မျိုးစေ့ရရှိနိုင်သည့်အတွက် အချိန်တိုင်း သို့မဟုတ် နှစ်စဉ်ဝါးစေ့ကိုစုဆောင်းပြီး ဝါးပျိုးပင်အဖြစ် ပျိုးထောင်ရန်မလွယ်ကူလှပေ။ သို့ဖြစ်၍ ဝါးများကိုမျိုးပွားရာတွင် ပင်ပိုင်း/ခန္ဓာပိုင်းမျိုးပွားနည်းကို အဓိကအသုံးချပျိုးထောင်လေ့ရှိသည်။ လက်တွေ့ကျသော ဝါးပျိုးထောင်နည်းလေးနည်းရှိသည်။ ၎င်းတို့မှာ-
(က) ဝါးဘေးကိုင်းတက်အသုံးပြု မျိုးပွားခြင်းနည်း၊
(ခ) ဝါးအဆစ်ဖြတ်ပိုင်းများ အသုံးချမျိုးပွားနည်း၊
(ဂ) ပင်ပွားခွဲ၍ မျိုးပွားနည်းနှင့်
(ဃ) တစ်နှစ်သားဝါးအမြစ်ဆုံကို အသုံးပြုမျိုးပွားနည်းတို့ဖြစ်သည်။
မျိုးပွားနည်း(က၊ ခ၊ ဂ) နည်းတို့ဖြင့် မျိုးပွားပျိုးထောင်သည့် ဝါးပျိုးပင်ဖြင့် ဝါးစိုက်ခင်းတည်ထောင်မည်ဆိုပါက တည်ထောင်ပြီး ငါးနှစ်မှ ခုနစ်နှစ်အတွင်း စီးပွားဖြစ်ဝါးထုတ်ယူနိုင်မည်။ မျိုးပွားနည်း (ဃ)နည်းဖြင့် ပျိုးထောင်သည့် ဝါးပျိုးပင်ဖြင့်စိုက်ပျိုးပါက သုံးနှစ်မှ ငါးနှစ်အတွင်း စီးပွားဖြစ်ဝါးထုတ်ယူနိုင်မည်ဖြစ်သည်။ ဝါးများကို ပင်ပိုင်းမျိုးပွားရာတွင် မျိုးပွားယူချိန်သည် ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း မေလနှင့် ဇွန်လတို့တွင် မျိုးပွားပျိုးထောင်ရသည်။ သို့မှသာ ဝါးစိုက်ခင်း တည်ထောင်ရန်အတွက် ရှင်သန်မှုကောင်းမွန်သည့် ဝါးပျိုးပင်များရရှိနိုင်မည်ဖြစ်သည်။
စနစ်ကျသောဝါးခုတ်ယူခြင်း
သဘာဝဝါးတောမှဖြစ်စေ၊ ဝါးစိုက်ခင်းမှဖြစ်စေ ဝါးများထုတ်ယူရာတွင် စနစ်တကျခုတ်ယူသင့်သည်။ စနစ်မကျသောဝါးခုတ်ယူမှုသည် သဘာ၀ဝါးတောနှင့် ဝါးစိုက်ခင်းများ၏ ရှိသင့်သည့်အရည်အသွေးကို ကျဆင်းစေတတ်သည်။
မြန်မာနိုင်ငံရှိ ဝါးမျိုးအများစုသည် အရုံလိုက်ပေါက်သည့် ဝါးမျိုးများဖြစ်ကြပြီး ဝါးနုနှင့်တညင်ဝါးများသည် ဝါးရုံ၏အပြင်ဘက်အဝန်းတွင်ရှိသဖြင့် ဝါးရုံအတွင်းပိုင်းရှိ ဝါးရင့်များခုတ်ယူရာတွင် အပြင်ဘက်အဝန်းရှိ ဝါးနုနှင့်တညင်ဝါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ဂရုပြုထုတ်ယူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝါးနု(တစ်နှစ်သားဝါး)ကသာလျှင် မျှစ်ထုတ်ပေးနိုင်သောကြောင့်ဖြစ်သည်။
ဝါးနုများဆုံးရှုံးမှု များလာလေလေ နောင်တွင် မျှစ်ထွက်နှုန်းနည်းလေလေဖြစ်လာပြီး ဝါးသယံဇာတရှားပါးလာခြင်း၊ အရည်အသွေးမီဝါးများ ထွက်ရှိမှုနည်းလာခြင်း စသည့်ပြဿနာများကြုံတွေ့လာနိုင်သည်။ ဝါးသယံဇာတများရေရှည်တည်တံ့ပြီး အရည်အသွေးမီဝါးများ စဉ်ဆက်မပြတ်ထုတ်ယူနိုင်ရန် စနစ်ကျသောဝါးခုတ်ယူမှုကို ဆောင်ရွက်သင့်သည်။ ဝါးခုတ်ယူရာတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်-
(က) သုံးနှစ်နှင့်အထက်ကျော်လွန်သော ဝါးများကိုသာ ခုတ်လှဲထုတ်လုပ်ရမည်။
(ခ)ဝါးတစ်ရုံတွင် နှစ်နှစ်နှင့်အောက် ဝါးများကိုအသုံးပြုမည့် အရေအတွက်အား သတ်မှတ်၍ သုံးပုံတစ်ပုံကိုသာ ခုတ်ယူသုံးစွဲပြီး ကျန်နှစ်ပုံကို နောင်မျိုးဆက်အတွက် မဖြစ်မနေထိန်းသိမ်းထားရန်နှင့် ဝါးရင့်အရေအတွက်၏လေးပုံသုံးပုံကိုခုတ်ယူသုံးစွဲပြီး ကျန်တစ်ပုံကို ဝါးရုံသန်စွမ်းမှုအတွက် ချန်လှပ်ထိန်းသိမ်းထားရမည်။
(ဂ) ဝါးရုံများအား အရုံလိုက် အပြောင်ခုတ်လှဲခြင်းမပြုရ။
(ဃ) ဝါးသီးပွင့်ခြင်း(ဝါးသုဉ်းခြင်း)ဖြစ်ပေါ်ခဲ့ပါက ဝါးရုံများကို အပြောင်ခုတ်လှဲပြီး အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်ရန် စီမံရမည်။
(င) ဝါးခုတ်ယူရာတွင် မျှစ်စို့ထွက်သည့် ဆန့်ကျင်ဘက်အရပ်မှ စတင်ခုတ်ပါ။
(စ) အလွန်ကျပ်ညပ်နေသော ဝါးရုံများကို ပင်ကျပ်နုတ်ပေး၍ ဖယ်ရှားပေးရမည်။ ပင်ကျပ်နုတ်ရာတွင် နှစ်ချင်းပေါက်ဝါးများကို ချန်လှပ်ထားရန် လိုအပ်သည်။ သို့သော် ပိုးမွှားရောဂါကျရောက်နေသော နှစ်ချင်းပေါက်ဝါးပင်များကို ရှင်းလင်းဖယ်ရှားသင့်သည်။
(ဆ) ဝါးရင့်များ ထုတ်ယူသည့်အခါ မြေမျက်နှာပြင်အပေါ် ဝါးတစ်ဆစ်သာချန်၍ ခုတ်ယူရမည်။
(ဇ) မုတ်သုံမိုးကျပြီး ဇွန်လ၊ ဇူလိုင်လ မျှစ်ထွက်ချိန်နှင့်ဝါးပင်ကြီးထွားရာသီ ဇွန်လမှ အောက်တိုဘာလကြား ကာလအတွင်း ဝါးခုတ်ယူမှုမပြုသင့်ပေ။
(ဈ) “တန်ဆောင်မုန်းဝါး ပိုးမစား” ဆိုသည့်အတိုင်း ကြီးထွားရာသီကုန်ပြီးနောက် နိုဝင်ဘာလမှစ၍ မေလအထိ ဝါးထုတ်ယူပါက ဝါးတွင်းအချိုဓာတ်ကျဆင်းချိန်ဖြစ်၍ အသုံးပြုရာတွင်လည်း တာရှည်ခံနိုင်မည်ဖြစ်သည်။
(ည) ဝါးတောဧရိယာအတွင်း စားကျက်ချခြင်းအား လုံးဝတားမြစ်ရမည်။
ဝါးအချောထည် ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ရန်လို မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယမြောက် ဝါးသယံဇာတပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ဝါးထုတ်ကုန်ပစ္စည်း နိုင်ငံခြားသို့ တင်ပို့မှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်နှစ်တာကာလအတွင်း ဝါးထုတ်ကုန်ပစ္စည်း ပြည်ပသို့တင်ပို့ရန် သစ်တောထောက်ခံချက်ခွင့်ပြုပေးခဲ့မှုစာရင်းအရ ဝါးကုန်ကြမ်းဖြစ်သော ဝါးလုံး ၃ ဒသမ ၅ သန်း၊ ဝါးခြမ်း ၆၃ ဒသမ ၂ သန်းနှင့် ဝါးကုန်ချောထည်ပစ္စည်းမျိုးစုံ စုစုပေါင်း သုည ဒသမ ၉ သန်း အရေအတွက်အားဖြင့် တင်ပို့နိုင်ခဲ့သည်။
ယင်းအချက်အလက်များကို ထောက်ရှုလျှင် ဝါးအချောထည်ကုန်ပစ္စည်းတင်ပို့ နိုင်မှုမှာ ဝါးထုတ်ကုန်ပစ္စည်းအမျိုးမျိုးတင်ပို့မှုစာရင်း စုစုပေါင်း၏ ၁ ဒသမ ၃၄ ရာခိုင်နှုန်းခန့်သာရှိသဖြင့် အကြမ်းထည်တင်ပို့မှုက ပိုမိုများပြားလျက်ရှိသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ဝါးထုတ်ကုန် ပစ္စည်းများ နိုင်ငံခြားဈေးကွက်သို့တင်ပို့မှု မြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဝါးထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ဝါးတစ်ပင်လုံး အလေအလွင့်မရှိအသုံးချခြင်း
ဝါးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝါးသယံဇာတများကို ထိထိရောက်ရောက် အလေအလွင့်မရှိအသုံးချလာနိုင်မည်ဖြစ်ပြီး ဝါးတစ်ပင်ရှိ အရင်းပိုင်း၊ အလယ်ပိုင်း၊ အပေါ်ပိုင်းအလိုက် သင့်လျော်သည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက ဝါးတစ်ပင်လုံး အလေအလွင့်မရှိ အသုံးချလာနိုင်မည်ဖြစ်သည်။
ဝါးအောက်ခြေအရင်းပိုင်းရှိ အဆစ်များကို ဝါးပန်းပုများထုတ်လုပ်ခြင်း၊ ဝါးမီးသွေးထုတ်လုပ်ရာတွင် ဘေးထွက်ရရှိသည့်ဝါးအချဉ်ရည်မှ ဝါးဆပ်ပြာ၊ အပင်ပိုးသတ်ဆေး၊ အလှကုန်နှင့်ကျန်းမာရေးသုံး ပစ္စည်းအမျိုးမျိုးထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်းအောက်ခြေကို ဝါးအထပ်သား၊ ဝါးကြမ်းခင်း၊ ဝါးပရိဘောဂများ၊ Bamboo Lumber များ ထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်းအထက်ကို ဝါးချောင်းထိုး၍ ဆောင်ရွက်ရသော ယင်းလိပ်၊ စားပွဲတင်ဖျာ၊ ထိုင်ခုံနောက်မှီအခင်းပြားများနှင့် နှီးဖြာ၍ထုတ်လုပ်ရသော တန်ဖိုးမြှင့်ဝါးလက်မှုပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဝါးအပေါ်ပိုင်းကို တူ၊ သွားကြားထိုးတံ၊ အသားကင်ဝါးချောင်းများထုတ်လုပ်ခြင်း၊ ဝါးအကိုင်းအခက်များကို လယ်ယာသုံးပစ္စည်း၊ တံမြက်စည်း၊ အပေါ်ရုံအင်္ကျီများထုတ်လုပ်ခြင်း၊ ဝါးအရွက်မှဖျော်ရည်၊ တိရစ္ဆာန်အစားအစာ၊ သဘာဝမြေဩဇာများထုတ်လုပ်ခြင်း၊ ဝါးထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဝါးရွေပေါ်စများ၊ ဝါးစများ၊ ဝါးလွှစာမှုန့်များကို အသုံးပြု၍ လောင်စာတောင့်၊ Bamboo Particle Board များ စသည့်ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်အသုံးပြုနိုင်သည်။ ထို့ကြောင့် ဝါးထုတ်ကုန်တစ်ခုတည်း သာထုတ်လုပ်သည့် စက်ရုံတစ်ခုမဟုတ်ဘဲ ဖော်ပြပါဝါးထုတ်ကုန်အမယ်စုံကို တစ်နေရာတည်းတွင် ပေါင်းစပ်ထုတ်လုပ်နိုင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါးကိုအလေအလွင့်မရှိ အသုံးချနိုင်သကဲ့သို့ ယင်းကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ဆက်စပ်၍ ဝါးအခြေခံစက်မှု လုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်းအမြစ်များနှင့် သဘာဝဝါးတောများရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ်အသုံးချနိုင်ရန်၊ ဝါးကုန်ကြမ်းများကို သဘာဝတောများအပြင် ဝါးစိုက် ခင်းများမှ ထုတ်ယူနိုင်ရန်အတွက် ဝါးစိုက်ခင်းများ ယခုထက်ပိုမိုတည်ထောင်လာနိုင်ရန်၊ ဝါးအချောထည်ထုတ်ကုန်
ပစ္စည်းများ ထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် အစိုးရဌာနများမှနည်းပညာ များ ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံခြင်း၊ ဝါးစိုက်တောင်သူ အစုအဖွဲ့များမှ ဝါးစိုက်ခင်းများတည်ထောင်မှုတွင် ပူးပေါင်းပါဝင်ခြင်းတို့ဖြင့် ဟန်ချက်ညီညီဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ၏ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။