အမေးအဖြေကဏ္ဍ

လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ နား၊ မျက်စိတွေ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်တွေကိုယ်စား ပြည်သူတွေရဲ့ လိုအပ်ချက်၊ လိုလားချက်နဲ့ အခြေအနေအမှန်တွေကို ဝိုင်းဝန်းဖော်ဆောင်ပေးတဲ့သူတွေလို့ သဘောထားပြီး အတူတူပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ် (ဦးအောင်ကျော်မင်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်))

နေပြည်တော် မတ် ၁၃

“မြန်မာ့မျက်နှာစာသစ်ဖိုရမ်” (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “FORUM ON THE DAWN OF A NEW STATE”(Trust, Stability & Development) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC- I) ၌ မတ် ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပလျက်ရှိသည်။

အဆိုပါဖိုရမ်သို့ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ ပြည်တွင်း နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသူများ တက်ရောက်ဆွေးနွေးကြရာ ဖိုရမ်တက်ရောက်သူများ၏ မျှော်မှန်းချက်များ၊ အမြင်သဘောထားများ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်-

ဦးအောင်ကျော်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဒီဖိုရမ်က စိတ်ကူးကောင်းကောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အများကြီးအထောက်အကူပြုအောင် ကူညီဆောင်ရွက်ပေးတဲ့ ဖိုရမ်ပဲဖြစ်ပါတယ်။ ပညာရှင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်းပြည်တည်ဆောက်တဲ့ ကိစ္စတွေမှာ ဝိုင်းဝန်းကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်လို့ ယူဆပါတယ်။ ဒီဖိုရမ်ပြီးသွားရင်လည်း ပညာရှင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်လက်ကူညီပေးစေချင်ပါတယ်။ ဒီဖိုရမ်ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်အတွက် အများကြီးအကျိုးရှိစေမှာဖြစ်ပါတယ်။ လွှတ်တော်နဲ့ အစိုးရသစ်တို့က နိုင်ငံထူထောင်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ပြည်သူဗဟိုပြုမယ့်ကိစ္စရပ်တွေကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက အောက်ခြေမှာပြည်သူတွေရဲ့ အသံနဲ့ လိုအပ်ချက်တွေကို သိကြပါတယ်။ တစ်ခါတလေမှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိကြတဲ့အခါ ပညာရှင်တွေရဲ့ အကူအညီကို ထိထိရောက်ရောက် ရရှိခဲ့မယ်ဆိုရင် ခရီးတိုတိုနဲ့ အောင်မြင်မှုပန်းတိုင်ကို မြန်မြန်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အစိုးရအဖွဲ့တို့က ပြည်သူကိုဗဟိုပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ နား၊ မျက်စိတွေဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်တွေကိုယ်စား ပြည်သူတွေ ရဲ့လိုအပ်ချက်၊ လိုလားချက်နဲ့ အခြေအနေအမှန်တွေကို ဝိုင်းဝန်းဖော်ဆောင်ပေးတဲ့ သူတွေလို့ သဘောထားပြီး အတူတူ ပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ်။

ဦးကိုကိုကြီး ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ

ဒီနေ့ကျင်းပတဲ့ ဖိုရမ်မှာထူးခြားတာကတော့ ရွေးကောက်ပွဲအပြီး ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်တာဖြစ်ပါတယ်၊၊ ဒီနေ့အခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲအနေနဲ့ သူ့ရဲ့အယူအဆ၊ သုံးသပ်ချက်တွေကို ဖော်ပြသွားတယ်ဆိုတာ နိုင်ငံ့တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေအတွက် လက်ဆင့်ကမ်းတယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ လွှတ်တော် အခင်းအကျင်းပေါ်လာတယ်ဆိုတာက အာဏာခွဲဝေကျင့်သုံးတဲ့ ယဉ်ကျေးမှုပေါ်ထွန်းလာတာ ဖြစ်ပါတယ်၊၊ အပြန်အလှန်စစ်ဆေးထိန်းကျောင်းတဲ့ ပုံသဏ္ဌာန်တစ်ခုပေါ်ပေါက်လာပြီး အဲဒီကနေတစ်ဆင့် ပိုပြီးအားကောင်းတဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံရေးယဉ်ကျေးမှု တိုးတက်လာဖို့အတွက် ဝိုင်းပြီးကြိုးစားကြရမယ်လို့ မြင်ပါတယ်။

မကြာခင်မှာ ကျင်းပတော့မယ့် လွှတ်တော်အစည်းအဝေးတွေမှာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်၊ မူဝါဒဆိုင်ရာတွေကို ဆွေးနွေးကြမယ့်အချိန်မှာ ဒီနေ့ဆွေးနွေးတဲ့ အချက်အလက်တွေဟာ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတစ်ခုရဲ့ အပြောင်းအလဲဖြစ်စဉ်ဆိုတာက ကောင်းမွေဆိုးမွေ အားလုံးကိုဆက်ခံရတာပါ၊၊ ဖြစ်ခဲ့တာတွေကို သင်ခန်းစာတွေယူပြီး အဲဒီကနေ ရှေ့ဆက်မယ့်ခရီးအတွက် ပြင်ဆင်ကြရမှာဖြစ်ပါတယ်။

H.E.Mr.Abhay Thakur မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး

အခုလို ထူးခြားတဲ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အစိုးရအသစ်ဖွဲ့စည်းပြီး လွှတ်တော်အသစ်၊ ခေါင်းဆောင်အသစ်တွေ ပေါ်ထွန်းမယ့်ကာလဖြစ်တဲ့အပြင် သမိုင်းဝင်အကူး အပြောင်းကာလလည်းဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အခုကျင်းပတဲ့ ဆွေးနွေးပွဲကတစ်ဆင့် အနှစ်သာရပြည့်ဝတဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသတွင်းပေါင်းစည်း ဆက်နွှယ်ချိတ်ဆက်မှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍကို အနည်းငယ် ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံက အိန္ဒိယ၊ တရုတ်၊ အာဆီယံအစရှိတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုဆိုင်ရာကဏ္ဍတွေ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိနေပါတယ်။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာအားကောင်းလာမယ်ဆိုရင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွား လုပ်ငန်းအစရှိတဲ့ ကဏ္ဍတွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုက အိန္ဒိယနိုင်ငံရဲ့မြင်တွေ့လိုတဲ့ ဆန္ဒဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုး တိုးတက်လာဖို့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည် သွားမှာဖြစ်ပါတယ်။

ဒေါက်တာဇော်ဦး စီးပွားရေးသုတေသီ

ဒီနေ့ မြန်မာ့မျက်နှာစာသစ် ဖိုရမ်မှာ “နိုင်ငံတကာအခွင့် အလမ်းများ”ဆိုတဲ့ ဆွေးနွေးပွဲကို နိုင်ငံတကာ ပညာရှင်လေးဦးနဲ့ ကျွန်တော်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ပညာရှင်တွေလည်း ပါဝင်ဆွေးနွေးကြပါတယ်။

တရုတ်နဲ့ အိန္ဒိယက ကမ္ဘာပေါ်မှာ ပထမနဲ့ ဒုတိယအများဆုံး လူဦးရေရှိတဲ့အတွက် သူတို့ရဲ့စားနပ်ရိက္ခာ လိုအပ်ချက်ကကြီးမားပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေကို ကုန်ကြမ်းတွေ ရောင်းချနေတာထက် စားသုံးသူအဆင့်ဆင့် စားသုံးနိုင်တဲ့အထိ တန်ဖိုးမြင့်ထုတ်ကုန်တွေအထိ တိုးမြှင့်ဆောင်ရွက်သွားမယ်ဆိုရင် ဒေသတွင်းမှာ တင်ရောင်းမလောက်အောင် သုံးစွဲကြမယ့်ဈေးကွက်နဲ့ ပြည်သူလူထုလည်းရှိပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ချိတ်ဆက်နေတဲ့ အစီအစဉ်တွေထဲမှာ လယ်ယာ/ သားငါးကဏ္ဍ ချိတ်ဆက်မှုကိုလည်း အဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ပထဝီစီးပွားရေး အခွင့်အလမ်းတွေကိုဖော်ထုတ်ပြီး သက်ဆိုင်ရာ ဒေသခံပြည်သူတွေကြားမှာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ထုတ်ပြီး စီမံကိန်းတွေပြန်လည်စတင်နိုင်အောင် ကြိုးစားကြဖို့ ဆွေးနွေးခဲ့ပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားတဲ့အတွက် တည်ငြိမ်မှုတွေ ရရှိလာပါပြီ။ ဒီတည်ငြိမ်မှုကနေ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဘယ်လိုသွား မလဲဆိုတဲ့အချက်ကိုဆွေးနွေးကြပါတယ်။ အဓိက အကြံပြုချက်တွေထဲမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးနဲ့ လူသားအရင်းအမြစ် ဖော်ထုတ်လေ့ကျင့် ပျိုးထောင်ပေးတဲ့ကိစ္စတွေကို အိမ်နီးချင်းနိုင်ငံတွေက ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တည်နေရာဟာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုဆိုတဲ့ အိမ်နီးချင်း နိုင်ငံအားလုံးနဲ့ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့က အချက်အချာကျပါတယ်။ ဒီလောက်ကြီးမားတဲ့ ဈေးကွက်ကြီးတွေကြားက နိုင်ငံတစ်ခုအနေနဲ့ ကျွန်တော်တို့မှာ မျှော်လင့်ချက်တွေ၊ အခွင့်အလမ်းတွေအများကြီး ရှိပါတယ်လို့ ပြောချင်ပါတယ်။

အမေးအရေး-ကျော်စွာသန့်

moi

၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

မေး။ ။ ရွေးကောက်ပွဲပထမပိုင်းမှာ (၅၂)ရာခိုင်နှုန်းကျော်မဲပေးခဲ့တယ်လို့ သိရှိရပါတယ်။ မဲပေးရာမှာ ပြည်သူပြည်သားတွေ ပါဝင်အောင်လို့ ဘယ်လိုလုံခြုံရေးအစီအမံတွေ လုပ်ခဲ့လဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ အဓိကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲအပိုင်း (၁)မှာ ပြည်သူတွေ မဲပေးတာပေါ့နော်။ ပြည်သူတွေမဲပေးတာကြည့်ရတာ တော်တော်လေးအားရဖွယ်ကောင်းတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ဒါဟာအစိုးရရဲ့အောင်ပွဲလည်း မဟုတ်ဘူး။ ပြည်သူ့အောင်ပွဲပေါ့နော်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ၊ ငြိမ်းချမ်းမှုကို လိုလားတဲ့ပြည်သူတွေရဲ့အောင်ပွဲပါ။ အခု အပိုင်း(၂)မှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ တွေ့ကြတာပဲ။ အပိုင်း(၂)မှာလည်း ရန်ကုန်မြို့ကို ရောက်နေတဲ့ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဒီနေ့မဲရုံတွေကို လိုက်ကြည့်တယ်။ ကြည့်တဲ့အခါမှာလည်း တော်တော့်ကို တက်တက်ကြွကြွမဲပေးနေကြတာကို မြင်တွေ့ခဲ့ရမှာပဲ။ ဥပမာ - ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်လည်း ပြည်သူတွေနဲ့တွေ့ဆုံပြီး မေးမြန်းခဲ့တယ်။ မေးမြန်းခဲ့တဲ့အခါမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ မြင်လိမ့်မယ်။ မဲပေးစက်နဲ့ ပတ်သက်ပြီးလည်း မဲပေးတဲ့ပြည်သူတွေကို သူကိုယ်တိုင်မေးတယ်။ ခင်ဗျားနှိပ်တဲ့ ခလုတ်အတိုင်း စက္ကူကထွက်လားဆိုတော့ ထွက်တယ်ပေါ့နော်။ ဒါဟာပွင့်လင်းမြင်သာတဲ့ဟာပါပဲဗျ။ နောက်တစ်ခုကတော့ တချို့ဆိုရင် မနက် ၄ နာရီ ကတည်းကထပြီး မဲပေးကြရတာ။ အပိုင်း (၂)မှာလည်း ညနေမဲစာရင်းတွေပြီးရင်တော့ ထွက်လာမှာ ပေါ့ဗျာ။ အောင်မြင်မယ်လို့ ယုံကြည်တယ်။ အပိုင်း(၃)မှာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အရင်တုန်းက ၁၉၅၂ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ခဲ့တယ်။ အပိုင်း သုံးပိုင်း ခွဲပြီးလုပ်တာ ၅ လ လောက်ကြာတယ်။ အပိုင်းတစ်ပိုင်းကို (၇) ရက်လောက်၊ (၁၀) ရက်လောက်ကြာတယ်။ အဲ့ဒီမှာ မဲပေးခွင့်ရှိတဲ့သူ ၈ သန်းမှာ ၁ ဒသမ ၅ သန်းပဲပေးတာဆိုတော့ ၂၀ ရာခိုင်နှုန်းလောက်အထိ ရောက်သွားတာပေါ့နော်။ အခုတော့ ကျွန်တော်တို့နိုင်ငံမှာ မဲပေးတာနဲ့ပတ်သက်ပြီး တချို့ပြောနေကြတာတွေရှိတယ်။ မဲပေးတာနဲ့ပတ်သက်ပြီး မဲမပေးဖို့လှုံ့ဆော်နေကြတာတွေရှိတယ်။ အတိုက်အခံလုပ်ကြတာပေါ့။ ဘယ်လိုပဲပြောပြော ဒီမိုကရေစီစနစ်ကို ထူထောင်တဲ့နေရာမှာ ရွေးကောက်ပွဲကနေပဲတစ်ဆင့်ဖြတ်သန်းရမှာဖြစ်တယ်။ ဒီနေ့ပြောချင်တာကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားစွာလုပ်ဆောင်ပေးတဲ့၊ လာပြီးမဲပေးတဲ့ ပြည်သူပြည်သားတွေအားလုံး၊ ပြီးရင်မဲရုံမှာကြီးကြပ်နေတဲ့လူတွေအားလုံး၊ လုံခြုံရေးဝန်ထမ်းတွေအပါအဝင် ကူညီတဲ့လူတွေအားလုံးက ပြည်သူကိုစိတ်ချမ်းသာစွာ မဲပေးနိုင်ဖို့လုပ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ပြောချင်တယ်။

မေး။ ။ ရွေးကောက်ပွဲပြီးလို့ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာဆက်ဆံရေးတည်ဆောက်တဲ့အခါမှာ ဘာတွေဘယ်လိုအထိမျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာတော့ ပိတ်ဆို့တဲ့ဟာတွေ ရှိတာပေါ့။ ဒီဟာသည် ရွေးကောက်ခံအစိုးရမဟုတ်တဲ့အတွက် ပိတ်ဆို့တာတွေရှိတယ်။ သို့သော်ဆက်ဆံနေတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေလည်း အများကြီးရှိတယ်။

ဥပမာဆိုရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ဆိုရင် မြန်မာနိုင်ငံနဲ့က ဆက်ဆံနေတာပဲ။ တကယ့်ကိုမိတ်ဆွေရင်းချာလိုပဲ ဆက်ဆံနေတာပဲ။ ဒီရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ ခုနကပြောတဲ့ ကန့်သတ်ချက်တွေနည်းသွားတဲ့အတွက်ကြောင့် နိုင်ငံတကာဆက်ဆံရေး ပိုပြီးပွင့်လင်းလာမယ်။ ပိုပြီးမြင်သာလာမယ်လို့ပဲ ကျွန်တော်မြင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံမှာ ပိုပြီးဝင်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်ဗျ။ ဒီဟာနဲ့အတူ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးလည်း ပိုပြီးတော့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာမယ်လို့ မြင်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော်ခေါ်မယ်၊ အစိုးရဖွဲ့မယ်၊ ပေါ်ပေါက်လာတဲ့အစိုးရသစ်ကို အာဏာလွှဲပြောင်းမှုတွေလုပ်မယ်။ အဲ့ဒီအချိန်ဇယားက ဘယ်နှစ်လပိုင်းလောက်ဖြစ်မလဲ။ ပုံမှန်ဆိုရင်တော့ ဧပြီမှာ လွှဲတဲ့အခြေအနေမျိုးတွေရှိတာပေါ့၊ ဗိုလ်ချုပ်အနေနဲ့ ပြောပြလို့ရနိုင်လား။

ဖြေ။ ။လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင်အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းကလုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်။

မေး။ ။ ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီများက ဗိုလ်ချုပ်မှူးကြီးကို တင်ပြတောင်းခံထားတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေဆက်လက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ ဒါကတော့ ကော်မရှင်ရဲ့ကိစ္စပဲ။ ကော်မရှင်ကလုပ်ပါလိမ့်မယ်။ အဓိကတော့ ကြိုတင်မဲနဲ့ပတ်သက်ပြီး သူတို့ပြောနေတာများတယ်။ ကြိုတင်မဲရေတွက်တဲ့အခါမှာလည်း ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးဖိတ်တာပဲ။ ခင်ဗျားတို့လည်းမြင်ပြီးသားပဲ။ ကျွန်တော်သိရသလောက် တချို့ကိုယ်စားလှယ်တွေက မလာဘူး။ မလာဘဲနဲ့ပြောတာပေါ့နော်။ ဥပမာဆိုရင် မရမ်းကုန်းဆိုရင် ပထမအကြိမ်မှာ ပြီးသွားပြီ။ ခင်ဗျားတို့ ကျွန်တော်တို့လည်းကြားခဲ့မှာပဲလေ။ ပုဂ္ဂလိကကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့ သူဆိုရင် သူကိုယ်တိုင်လည်း ပြောခဲ့တာပဲ။ သူဆိုရင် တော်တော်လေးစားဖို့ကောင်းပါတယ်။ သူရှုံးခဲ့တယ်။ ကြိုတင်မဲတွေရေတွက်တဲ့နေရာမှာ သူကိုယ်တိုင်လည်းသွားကြည့်တယ်။ သွားကြည့်တဲ့အခါမှာ ဒီလိုပဲပွင့်လင်းမြင်သာတာပါပဲ။ အကုန်လုံးကကျွန်တော်တို့က ကွယ်ဝှက်ပြီးလုပ်လို့မရပါဘူး။ ပွင့်လင်းမြင်သာစွာပဲလုပ်ရတာပဲ။ သို့သော်ချို့ယွင်းချက်လေးတွေရှိတာကို ကျွန်တော်တွေ့ရတယ်။ ဘာချို့ယွင်းချက်ရှိတာလည်းဆိုတော့ ကိုယ်စားလှယ်လောင်းတွေကို မဲရေတွက်တဲ့အချိန် ခေါ်တဲ့အခါမလာတာတွေရှိတယ်။ မလာဘဲနဲ့ပြောနေတာတွေရှိတာပေါ့နော်။ ဒါကျွန်တော်တွေ့ခဲ့တဲ့ဟာကိုပဲ ပြောခြင်းဖြစ်ပါတယ်။ တစ်ဖက်သတ်ပြောခြင်း မဟုတ်ပါဘူး။ သို့သော် ချို့ယွင်းချက်တွေလည်း ရှိကောင်းရှိနိုင်တယ်။ ရှိရင်လည်းကော်မရှင်နဲ့ ရှင်းလို့ရပါတယ်။ ကော်မရှင်နဲ့ ပြောလို့ရပါတယ်။ အားလုံးပွင့်လင်းမြင်သာစွာပဲ သူတို့ဆောင်ရွက်ပေးပါလိမ့်မယ်။

မေး။ ။ ဒီရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ နိုင်ငံတကာအမြင်ကတော့ ပထမဦးဆုံးအကြိမ်ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေလာတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့က သေချာလေ့လာခဲ့တယ်။ လေ့လာပြီးမှ သူတို့တွေ့ပြီးတာတွေကို ပြောခဲ့တာရှိတယ်။ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့တာတွေရှိတယ်။ အနှစ်ချုပ်ပြန်ပြောရရင် နံပါတ်တစ်က မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို ဒီလောက်အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ထင်မထားဘူး။ ဒီလောက်လူများလိမ့်မယ်လို့လည်းသူတို့ ထင်မထားဘူး။

သူတို့သွားကြည့်တဲ့အခါမှာ မဲရုံမှာတန်းစီပြီးတော့ လူတွေမဲပေးနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်လည်းအံ့ဩတယ်။ နောက်တစ်ခုက မဲပေးစက်ပေါ့။ မဲပေးစက်နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း လေ့လာခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးစက်၊ ဘယ်လိုမှ လိမ်လို့မရတဲ့ မဲပေးစက်ဆိုပြီး ပြောသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့စိတ်ကို သူတို့ထုတ်ဖော်ပြီးတော့ ချီးကျူးသွားတာရှိတယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့သံရုံးတွေက စောင့်ကြည့်ရေးကိုယ်စားလှယ်တွေ သူတို့လွှတ်ထားတယ်။ အယောက် ၁၀၀ ကျော်ရှိတယ်။ အများအားဖြင့် မြို့ကြီးတွေမှာပဲများတယ်။ အပေါ်မြို့တွေမှာ ရန်ကုန်၊ မန္တလေး၊ ပြီးရင် အောက်မှာမော်လမြိုင်၊ ဟိုဘက်ကတောင်ကြီးတို့၊ စစ်ကိုင်းတို့ အဲ့ဒီအထိလွှတ်ထားတာရှိပါတယ်။ သူတို့လည်း အလျဉ်းသင့်တဲ့အချိန်မှာ ဒီစောင့်ကြည့်ရေးအဖွဲ့တွေက သူတို့တွေ့တာနဲ့ပတ်သက်ပြီး ပြန်ပြီးပြောပါလိမ့်မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

moi

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအမေး/အဖြေများ

(ယမန်နေ့မှအဆက်)

People Media Agency မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက ရှေ့တွင်လည်း မေးခွန်းက တော်တော်လေးစုံသွားပြီဖြစ်ကြောင်း၊ မိမိတို့ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်ပြီး Centre များကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအဝင် စသည့်မြို့ကြီးများသို့ ရောက်မလာစေရန် နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့စီမံထားပြီး မည်သို့ပြင်ဆင်ထားသည်ကိုသိလိုကြောင်း၊ ယင်းနေရာများတွင် ဖမ်းဆီးရမိခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မည်သည့်နေရာမဆို မိမိတို့ဖမ်းဆီးနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မိမိတို့ထပ်ပြီးသတင်းပေးလိုသည်မှာ မြဝတီဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည် မှုနှင့်ပတ်သက်ပြီး ကွင်းဆက်လိုက်သည့်အခါတွင် မိမိတို့နိုင်ငံအတွင်းတွင်လည်း တချို့နေရာများတွင် ပျံ့နှံ့ရောက်ရှိနေသည်ကို သတင်းရရှိကြောင်း၊ တချို့လည်းပါဝင်ပတ်သက်နေသည့် သတင်းဆက် များလည်းရရှိကြောင်း၊ အချိန်တန်လျှင် ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက် ဆဲလုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ယခုအချိန်တွင် ထုတ်ဖော်ပြောကြားလျှင် လိုက်လံဆောင်ရွက် ရသူများအနေဖြင့် သတင်းကွင်းဆက်လိုက်ရသည်မှာ ခက်ခဲမည်ဖြစ်ကြောင်း၊ အချိန်တန်လျှင် သိရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Eleven Media Group သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအောင်မင်းသိန်းက အွန်လိုင်းလိမ်လည်မှုများသည် ပြည်သူကြားထဲတွင် ပုံစံ အမျိုးမျိုးနှင့် ပျံ့နှံ့နေကြောင်း၊ ဖုန်းထဲတွင် ဂိမ်းဆော့ခြင်းမျိုးသည်အဓိကအားဖြင့် ဖုန်းအော်ပရေတာများ၊ မိုလ်ဘိုင်းဖုန်းများကနေ သွားနေကြောင်း၊ အများပြည်သူကသိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ အကယ်၍ အွန်လိုင်းပေါ်မှ လိမ်လည်ခံရမည်ဆိုလျှင် မည်သည့်နေရာကို အဓိကထားပြီး တိုင်ကြားရမည်၊ မည်ကဲ့သို့ လျင်လျင်မြန်မြန် ဆောင်ရွက်မှုရှိသည်ကိုသိလိုကြောင်း၊ ဖုန်းအော်ပရေတာများက ယခုအခန်း ကဏ္ဍတွင် အဓိကပါဝင်ပတ်သက်နေသောကြောင့် ဖုန်းအော်ပရေတာများနှင့် မည်သို့ပူးပေါင်း ဆောင်ရွက်ရန်ရှိသည်ကို သိလိုကြောင်း၊ ဆက်စပ်အနေဖြင့် အွန်လိုင်းလိမ်လည်ဖမ်းဆီးရမှုတွင် နိုင်ငံခြားသားများကို ၎င်းတို့၏သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ မြန်မာနိုင်ငံက လွှဲပြောင်းပေးနေသည် ကို တွေ့ရှိရကြောင်း၊ ယင်းလုပ်ငန်းများတွင်သိ၍ ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ဝင်ရောက်လုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိမှုရှိ/မရှိနှင့် ၎င်းတို့ကို မည်ကဲ့သို့မျိုးအရေးယူဆောင်ရွက်ထားသည်ကို ရှိရင်သိလိုပါကြောင်း မေးမြန်းသည်။

အရေးယူသင့်ယူထိုက်သည့်သူများကို တည်ဆဲဥပဒေများနှင့်အညီအရေးယူ

ရဲမှူးချုပ် ကျော်လင်းက ရှေ့တွင်လည်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းဂိမ်းများ အသုံးပြုနေသည့် Facebook ၊ Telegram အကောင့် များနှင့် ပတ်သက်ပြီးဆောင်ရွက်ချက်များကို မိမိ ဖြေကြားခဲ့ကြောင်း၊ Facebook ၊Telegram ၊ Tiktok လူမှုကွန်ရက်အကောင့်ကို ပြန်ကြည့်မည်ဆိုလျှင် အများအားဖြင့် အကောင့်ဖွင့်ရာတွင် မှတ်ပုံတင် အတုများ၊ အခြားသူများ၏ မှတ်ပုံတင်များကို အသုံးပြုခြင်းဖြစ်ကြောင်း၊ အကောင့်ပိုင်ရှင်များ၏ ကိုယ်ရေးအချက်အလက်အမှန်ရရန် အခက်အခဲ အနည်းငယ်ရှိကြောင်း၊ မိမိတို့က ယင်းအကောင့်များနှင့် ဆက်စပ်နေသည့် တယ်လီဖုန်းများကို ပိတ်သိမ်းနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရကြောင်း၊ ယနေ့အထိ ဆင်းကတ်ပေါင်း ၂၃၀၀ ကို ပိတ်ထားကြောင်း၊ ယင်းနှင့်တစ်ဆက်တည်း Pay အကောင့်များပိတ်သကဲ့သို့ဆက်စပ်နေသည့် Bank အကောင့်များကို စိစစ်ဖော်ထုတ်ရရှိခြင်းများရှိကြောင်း၊ ယခုချိန်အထိ Bank အကောင့်ပေါင်း ၁၄၉ ခုကို ဗဟိုဘဏ်နှင့်ဆက်သွယ်ပြီး ပိတ်သိမ်းခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခံရပြီး အလိမ်ခံရပြီဆိုလျှင် ပထမဦးဆုံး မိမိနေထိုင်သည့် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းရန်လိုကြောင်း၊ သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ပြီးမှသာလျှင် ရဲစခန်းက ဆက်လက်စုံစမ်းဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဆက်လက် စုံစမ်းမှုလုပ်သည့်အခါတွင် လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်၊ ဆက်စပ်နေသည့် Bank အကောင့်များပိတ်ရန်၊ ဆင်းကတ် များပိတ်ရန်၊ နည်းပညာပိုင်းအရစိစစ်ရန် SOP များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ မိမိတို့က အချိန်တိုအတွင်းတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် လုပ်ထားခြင်း ဖြစ်ကြောင်း၊ တချို့အမှုကိစ္စများတွင် ငွေကြေးပမာဏများပြားပြီး နည်းပညာပိုင်းအရလည်း စုံစမ်း ဖော်ထုတ်ရမည့် ကိစ္စရပ်များပါလာမည်ဆိုလျှင် မိမိတို့က CID ကို သီးခြားတာဝန်ပေးပြီး စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်ခြင်းများလည်းရှိကြောင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်လာလျှင် သက်ဆိုင်ရာနယ်မြေရဲစခန်းကို အမြန်ဆုံးအမှုဖွင့်တိုင်ကြားရန် လိုအပ်ကြောင်း၊ အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းတွင် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများနှင့်အတူ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများလည်းရှိကြောင်း၊ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေခြင်းရှိ/မရှိ၊ ခြံစောင့်၊ ထမင်းချက်၊ သန့်ရှင်းရေး အစရှိသဖြင့် မိမိတို့ကစိစစ်ပြီး အရေးယူသင့်ယူထိုက်သည့်သူ များကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း ဖြေကြားသည်။

Myanmar Hard Talk News မှ သတင်း အယ်ဒီတာ ဦးဥက္ကာက အွန်လိုင်းလိမ်လည်မှု များနှင့်ပတ်သက်ပြီး အဆောက်အအုံများကိုဖြိုချ ဖျက်ဆီးခြင်းများကို နိုင်ငံတကာကသိအောင်၊ ကမ္ဘာ ကသိအောင် ချပြထားခြင်းများလည်းရှိကြောင်း၊ ထိုအဆောက်အအုံများကို ဖြိုချရှင်းလင်းခြင်းသည် သက်သေခံပစ္စည်းများကို ဖျောက်ဖျက်ခြင်းဖြစ်သည်ဆိုပြီး ပြည်ဖျက်မီဒီယာများပြောနေသည်ကိုကြားရကြောင်း၊ ယင်းအပေါ်တွင် ဗိုလ်ချုပ်အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်မည်ကို သိလိုကြောင်း၊ အွန်လိုင်းလိမ်လည်မှုကိစ္စများတွင် KNU အကြမ်းဖက်အဖွဲ့အနေဖြင့်မည်မျှထိ နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေသည်ကို အနည်းငယ်မျှ အကျယ်တဝင့် ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။

တစ်ကမ္ဘာလုံးကို ကြေညာပြီးလုပ်နေခြင်းဖြစ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက သက်သေခံပစ္စည်းကို ဖျောက်ဖျက်သည်ဆိုသည်မှာ ယင်းဧရိယာ အကျယ်ကြီးတွင် လုပ်ဆောင်နေသည့်ကိစ္စကို အမှန်တကယ် ကျူးလွန်ခဲ့ခြင်းရှိခဲ့လျှင် သက်သေခံပစ္စည်း ဖျောက်ဖျက်ရန် အလွန်ခဲယဉ်းပါကြောင်း၊ နေရာကျယ်သည်ကို ပြောလိုခြင်းမဟုတ်ကြောင်း၊ သက်သေခံပစ္စည်းနှင့်ပတ်သက်ပြီး သာမန်နိုင်ငံသူနိုင်ငံသားတစ်ယောက် တွေးခေါ်ခြင်းဖြင့် သိနိုင်ကြောင်း၊ လူမသိအောင်လုပ်လိုက်သည့် တစ်ဦးချင်းကျူးလွန်ခဲ့သည့် လူသတ်မှုကဲ့သို့ ပြစ်မှုများတွင် မျက်မြင်သက်သေမရှိသော်လည်း အချိန်တန်လျှင် သက်သေခံပစ္စည်းဆိုတာ ပေါ်လာကြောင်း၊ ပြည်ဖျက်မီဒီယာများက စွပ်စွဲပြောဆိုသည်ကို ပထမဆုံးတုံ့ပြန်ပြောဆိုလိုသည်မှာ အဓိပ္ပာယ်မရှိဟု ပြောလိုပါကြောင်း၊ နံပါတ်နှစ်အချက်သည် ၎င်းတို့က သာမန်ပြည်သူများတွေးသလောက် အတွေး အခေါ်ပင်မရှိသည့် အဖွဲ့အစည်းဟု မှတ်ချက်ပြုလိုကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်ပျက်စီးရာ ပျက်စီးကြောင်းကို အမြဲရည်ရွယ်ပြောဆိုနေမည် ဖြစ်ကြောင်း၊ ထိုအဆောက်အအုံများကို ဖောက်ခွဲ ဖျက်ဆီးခြင်းကို မိမိတို့တိတ်တိတ်ဆိတ်ဆိတ် လုပ်နေခြင်းမဟုတ်ဘဲ ပေါ်တင်လုပ်နေခြင်းဖြစ် ကြောင်း၊ တစ်ကမ္ဘာလုံးကို ကြေညာပြီးလုပ်နေခြင်း ဖြစ်ကြောင်း၊ သတင်းထောက်ကြီးများ ဤအခန်း အတွင်းသို့ဝင်လာစဉ်က တွေ့လိမ့်မည်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းအဖြစ်အသုံးပြုခဲ့သည့်ဖုန်းများ၊ ကွန်ပျူတာများ၊ စာရွက်စာတမ်းများကို မြင်ခဲ့ကြ မည်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းကို ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း၊ ဖျောက်ဖျက်စရာ အကြောင်းမရှိကြောင်း၊ အဆောက်အအုံကို ဖျက်ဆီးခြင်းသည် နောက်နောင်မဖြစ်အောင်၊ မိမိတို့အစိုးရအနေဖြင့် စံနမူနာဖြစ်အောင် ပြခြင်းဖြစ်ကြောင်း၊ တချို့လည်းပြောကြကြောင်း၊ ထိုအဆောက်အအုံများကို မည်သို့အကျိုးရှိရှိ အသုံးချလိုက်လျှင် ကောင်းနိုင်သည်ဟု ပြောကြကြောင်း၊ မကောင်းဘူးဟု မိမိပြောလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထပ်ဝင်လာဦးမည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခသည် လွတ်လပ်ရေးကစခဲ့ ခြင်းဖြစ်ကြောင်း၊ နှစ် ၇၀ ရှိပြီဖြစ်ကြောင်း၊ နယ်စပ် တစ်လျှောက်လုံးတွင် ဖြစ်နေခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်း လျှောက်လှမ်းရန် NCA နှင့် နိုင်ငံတကာပါဝင်ကြောင်း၊ သတင်းထောက်ကြီး များလည်း NCA ပွဲကို အကြိမ်ကြိမ်တက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ NCA ထက်ပိုကောင်းသည့်လမ်းကြောင်း မရှိကြောင်း၊ နိုင်ငံတကာကလည်း သဘောတူကြောင်း၊ ဖြောင့်ဖြူးနေအောင် လမ်းကြောင်းဖောက် ပေးသော်လည်း ထိုလမ်းကြောင်းကို မတက်ကြောင်း၊ တက်ပြီးသားသူကလည်း ဆူးတောထဲကိုသာ ဆက်တိုးမည်ဆိုသည့်ပုံစံမျိုးပဲဖြစ်ကြောင်း၊ ယင်းနယ်မြေဒေသကြီးသည် အမြဲတမ်းတည်ငြိမ် အေးချမ်းပြီး ၁၀၀ ရာခိုင်နှုန်း တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိနိုင်လားဆိုသည့် သုံးသပ်ချက်အပေါ် တွင်လည်းမူတည်ကြောင်း၊ ထို့အတွက်ကြောင့် ပြန်လည်ပြီး မခိုအောင်းနိုင်ပါဘူးဆိုသည်ကို မယုံကြည်ပါကြောင်း၊ မယုံကြည်သည့်အတွက်ကြောင့် လက်စတုံးချေမှုန်း၍ မြေလှန်ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ နံပါတ်နှစ်အနေဖြင့် ထိုကဲ့သို့ လုပ်လျှင် ထိုသို့ဖြစ်မည်ဟု ကမ္ဘာကိုလည်း တိတိလင်းလင်းပြောလိုကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကိုလည်း တိတိလင်းလင်း ပြလိုကြောင်း၊ ထို့ကြောင့် မိမိတို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဦးဥက္ကာက KNU ပါဝင်ပတ်သက် နေခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့က မည်မျှထိပါဝင်ပတ်သက်နေသည်ကို တစ်ဆက်တည်းရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။

အွန်လိုင်းလောင်းကစားမှုများ ဆက်ကြေးပေးပြီးလုပ်နေခြင်းဖြစ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU နှင့်ပတ်သက် ပြီး Video ဖိုင်များနှင့်လည်း ပြသခဲ့ကြောင်း၊ KNU အနေနှင့်စာချုပ်များတွင် လက်မှတ်ထိုးထားမှုကိုလည်းပြသခဲ့ကြောင်း၊ သက်သေပြ၍ရသည့် အထောက်အထားများကိုပြသခဲ့ကြောင်း၊ ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြားထဲတွင် KNU အနေဖြင့် မည်ကဲ့သို့ပြဿနာဖြစ်ရန် လုပ်နေသည်ကို မိမိပြသခဲ့ကြောင်း၊ မြန်မာကပစ်သည့်လက်နက်ကြီး ထိုင်းနိုင်ငံတွင်ကျသည်ဟုဆိုကာ ၎င်းတို့ကိုယ်တိုင် ထိုင်းနိုင်ငံဘက်သို့ ပစ်ခတ်ခြင်းမျိုးရှိကြောင်း၊ ယင်းတို့ကိုလည်း ပြသခဲ့ကြောင်း၊ သတင်းထောက် ကြီးများ စဉ်းစားကြည့်စေလိုကြောင်း၊ KNU အနေ ဖြင့် နယ်စပ်ဒေသတစ်လျှောက် နေရာအနှံ့အပြား တွင်ရှိကြောင်း၊ ၎င်းတို့အနေနှင့် စခန်းများ ပေါ်တင် လုပ်ထားခြင်းမျိုးလည်းရှိကြောင်း၊ စိမ့်ဝင်နေသည့် နေရာများလည်းရှိကြောင်း၊ ထိုနေရာမျိုးတွင် လုပ်နေသည့် အွန်လိုင်းလောင်းကစားမှုများသည် ရှင်းရှင်းပြောပြရလျှင် ၎င်းတို့ကို ပိုက်ဆံမပေးဘဲနှင့်လုပ်၍ကိုမရကြောင်း၊ မြဝတီမြို့နားတွင်ကပ်နေပြီး မိမိတို့၏ ရဲတပ်ဖွဲ့ဝင်များသွား၍ရသည့် တရားဥပဒေစိုးမိုးမှု တစ်စိတ်တစ်ပိုင်းရှိသည်ဆိုသည့် နေရာမျိုးတွင်ပင် ၎င်းတို့ကို ပိုက်ဆံမပေးဘဲမရကြောင်း၊ ၎င်းတို့လွှမ်းမိုးနေသည့် နယ်မြေထဲတွင် အွန်လိုင်းလောင်းကစားမှု လုပ်နေသူများပင်မဆို ကရင်ပြည်သူအချင်းချင်းပင်လျှင် ၎င်းတို့ကို ဆက်ကြေးပေးပြီး ရပ်တည်ရကြောင်း၊ ကရင်ပြည်နယ်ထဲရှိ စီးပွားရေးလုပ်ငန်းလုပ်နေသည့် ကရင်ပြည်သူ လူထုကိုစိတ်ကြိုက်မေးကြည့်စေလိုကြောင်း၊ ထိုကဲ့သို့ဆက်ကြေးပေးပြီး လုပ်နေခြင်းဖြစ်သည့်အတွက် တရားမဝင်လုပ်ငန်းများ ယင်းနေရာတွင်ရှိသည်ကို KNU အနေဖြင့် မသိရှိဟုဆိုခြင်းသည် မဖြစ်နိုင်ကြောင်း၊ ၎င်းတို့ကို ဆက်ကြေးပေးပြီး လုပ်နေရခြင်းဖြစ်ကြောင်း ဖြေကြားသည်။

CCTV သတင်းဌာနမှ ဒေါ်မြင့်မြင့်နွယ်က လက်ရှိ မြန်မာနိုင်ငံတွင် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်နေသည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်ပြီး မည်သည့်အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည်၊ မည်သည့်အကျိုး ရလဒ်များ ထွက်ပေါ်လာမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

လုပ်ငန်းများကို မူဝါဒများအတိုင်း ပြတ်ပြတ်သားသားလုပ်ဆောင်သွားမည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းလိမ်လည် မှုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ပထမဦးဆုံးပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေးအခြေအနေသည် အတက်ကြွဆုံးနှင့် အလုပ်အဖြစ်ဆုံးအခြေအနေ ဖြစ်သည်ဟု ပထမဦးဆုံးပြောကြားလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုခိုင်မာသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတန်ဖိုးထားကြောင်းနှင့် ဆက်လက်ပြီး ခိုင်မာစွာပူးပေါင်းဆောင်ရွက်သွားမည်ဟု ကျေးဇူးတင်စွာ ပြောကြားလိုကြောင်း၊ ဒုတိယအချက်အနေဖြင့် ယနေ့သတင်းစာရှင်းလင်းပွဲတွင် မိမိတို့၏ လုပ်ဆောင်လျက်ရှိသည့် မူဝါဒများ၊ နည်းလမ်းများ ကိုပြောပြီးဖြစ်ပါကြောင်း၊ ယခုလိုလုပ်ဆောင်သည့်အခါ မိမိတို့မြန်မာနိုင်ငံတစ်နိုင်ငံတည်း လုပ်ဆောင် ၍ရသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိတို့တစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ကို မူဝါဒများအတိုင်း ပြတ်ပြတ်သားသားလုပ်ဆောင်သွားမည်ဟု ပြောလိုကြောင်း၊ ထို့ကြောင့် အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှိမ်နင်းရေးနှင့်ပတ်သက်ပြီး နောက်ဖြစ်ပေါ်လာမည့် အကျိုး ရလဒ်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများတင်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကျေနပ်လောက်သည့် အနေအထားအထိ တိုးတက်လာနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ပြောကြားလိုကြောင်း ဖြေကြားသည်။

Xinhua News Agency မှ ဒေါ်အိမွန်ကျော်က မြန်မာနိုင်ငံပြည်တွင်းရှိ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများကို ယခုထက် ပိုမိုထိရောက်သည့် လုပ်ဆောင်မှုများ တစ်ဆင့်တိုး၍ မည်သို့လုပ်ဆောင်သွားမည်ကို သိလိုပါကြောင်း၊ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်း၌ ဘေးကင်းလုံခြုံမှုကို အာမခံပေးရန် မြန်မာအစိုးရအနေဖြင့် မည်ကဲ့သို့အသေးစိတ် အစီအမံများဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုနှင့်ပတ်သက်၍ လုပ်ဆောင်မည့်အသေးစိတ်ကို ပြောကြားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေများ၊ နိုင်ငံတကာ၏ပူးပေါင်းဆောင်ရွက်မှုများ၊ မိမိတို့ဆောင်ရွက်ချက်များအပေါ် ဖြစ်ပေါ် လာသည့်အခြေအနေအပေါ်မူတည်ပြီး တစ်ဆင့်ချင်း တိုးတက်အောင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ အိမ်နီးနားချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ များစွာလိုအပ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်း ဘေးကင်းလုံခြုံရေး အာမခံပေးမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား မှမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် မည်သည့်နိုင်ငံသားမဆို ဘေးကင်းလုံခြုံရေးအတွက် မိမိတို့မြန်မာနိုင်ငံအစိုးရတွင် တာဝန်ရှိကြောင်း၊ တာဝန်ရှိသည်ဟုလည်းခံယူကြောင်းနှင့် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ထူးခြားချက်အနေဖြင့် တရုတ်နိုင်ငံ ၏စီမံကိန်းများ မြန်မာနိုင်ငံတွင် များစွာရှိကြောင်း၊ လုပ်ဆောင်ပြီးသည့် စီမံကိန်းများ၊ မလုပ်ဆောင်ရသေးသည့် စီမံကိန်းများရှိကြောင်း၊ မကြာမီကာလတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ ရှိကြောင်း၊ အဆိုပါစီမံကိန်းများကို အကောင်အထည် ဖော်လုပ်ဆောင်နိုင်ရန် လုံခြုံမှုပိုရှိစေရေးလုပ်ဆောင် ပေးလျက်ရှိကြောင်း၊ အခြားနိုင်ငံများ၏ စီမံကိန်းများလည်းရှိကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများလည်း ရှိပါကြောင်း၊ အဆိုပါစီမံကိန်းများသည်လည်း အလားတူပင်ဖြစ်ပါကြောင်း၊ စီမံကိန်းများ လုံခြုံရေးအတွက် အထူးအစီအစဉ်များကို မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်တန်လျှင် သိရမည်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ ပို၍လုံခြုံမှုရှိသည့်၊ အာမခံချက်ရှိသည့်အခြေအနေတစ်ရပ် မလွဲမသွေဖြစ်ပေါ်လာမည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။

BBC သတင်းဌာနမှ အကြီးတန်းသတင်းထောက် ကိုသန့်ဇင်ဦး က KK Park ရှိ အဆောက်အအုံများ ဖြိုချသည့်ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်မေးခွန်းများကို မေးလိုပါကြောင်း၊ အဆောက်အအုံများကို ဖြိုချခြင်း၊ အဆောက်အအုံများကို မဖြိုချသေးဘဲ ရှိပြီးသားသက်သေများဖြစ်သည့် ကွန်ပျူတာများ၊ ဖုန်းများက ရရှိသည့်သက်သေများနှင့်အတူ နိုင်ငံတကာနှင့် ပူးပေါင်းဖော်ထုတ်လျှင် ပို၍ကောင်းမည်ဟုထင်မိကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြောခွင့်ရသူသည် အမေရိကန် နိုင်ငံကဖွဲ့စည်းလိုက်သည့် Scam နှင့်ပတ်သက်သည့် အထူးအဖွဲ့နောက်တွင် Hidden Agenda ရှိသည် ဟုပြောထားကြောင်း၊ မည်သည့်အကြောင်းအရာ တစ်ခုခုသိရှိထားသည်ကို သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြိုချဖျက်ဆီးမှုနှင့် ပတ်သက်၍ ပြောကြားပြီးဖြစ်သည့်အတွက် ထပ်မံမပြောလိုတော့ကြောင်း၊ အမေရိကန်နှင့် ပတ်သက်သည့် အကြောင်းအရာကိုသာ ပြောမည်ဖြစ်ကြောင်း၊ မိမိပြောခဲ့သည့် Hidden Agenda ဆိုသည်မှာ ၎င်းတို့၏ထုတ်ပြန်ချက်ကို လေ့လာကြည့်လျှင် သိနိုင်ပါကြောင်း၊ ၎င်းတို့၏ထုတ်ပြန်ချက်ထဲတွင် မိမိတို့နိုင်ငံနယ်စပ်ရှိ Online Scam နှင့်ပတ်သက်သည့် နေရာ ၂ နေရာကို ၎င်းတို့ရောက်ရှိစစ်ဆေးခဲ့သည်ဟုပါရှိကြောင်း၊ နံပါတ်(၁)မေးခွန်းအနေဖြင့် ၎င်းနေရာကို အမေရိကန်နိုင်ငံက မည်သူတွေက ရောက်တာလဲ။ မြန်မာအစိုးရပိုင်နက်ထဲ ရှိနေသည့် နေရာကို မည်သူက မည်သည့်နည်းဖြင့် ဝင်ရောက် တာလဲ။ မည်သူနှင့်ပူးပေါင်းဆောင်ရွက်တာလဲ။ သေချာသည်မှာ မိမိတို့အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိပါကြောင်း၊ ထိုသို့ဆိုလျှင် ၎င်းတို့၏ အစီအစဉ်ကဘာလဲ။ ပြီးလျှင် ၎င်းတို့က Task Force အဖွဲ့ ဖွဲ့စည်းပြီးသည့်နောက်တွင် မိမိတို့နှင့်တရားဝင် ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်းမရှိပါကြောင်း၊ ထူးခြား ချက်အနေဖြင့်တွေ့ရသည်မှာ တချို့ EAOs များ၏ ထုတ်ပြန်ချက်အနေဖြင့် အားလုံးလည်းတွေ့ရမှာ ဖြစ်ပါကြောင်း၊ BBC သတင်းဌာနအနေဖြင့်လည်း နိုင်ငံတကာသတင်းဌာန ဖြစ်သည့်အတွက် မြန်မာ အစိုးရ၏သတင်းကိုလည်း ဖော်ပြကြောင်း၊ EAOs များ၏ သတင်းကိုလည်း ဖော်ပြသည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ တချို့ EAOs များ၏ ထုတ်ပြန်ချက်အနေဖြင့် အမေရိကန်က ပို့လိုက်သည့် Task Forceနှင့် ၎င်းတို့ပူးပေါင်းဆောင်ရွက်ရန် လုပ်နေသည်ဆိုသည်ကို ထူးထူးခြားခြားတွေ့ရကြောင်း၊ ယင်းကိုလည်း ထုတ်ပြန်ထားပါကြောင်း၊ မိမိပြောသကဲ့သို့ နောက်ကွယ်တွင် တစ်ခုခုရှိလို့သာလျှင် ယခု အပြုအမူများ၊ အကြောင်းအရာများပေါ်လာသည်ဟု ထင်မြင်မိပါကြောင်း၊ ဤသည်မှာ မိမိပြောသည့် Hidden Agenda ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ BBC သတင်းဌာနမှ ကိုသန့်ဇင်ဦး က မနေ့က တရုတ်လက်ထောက်ဝန်ကြီးနှင့်အဖွဲ့ရောက်လာမှုနှင့်ပတ်သက်ပြီး ဆက်စပ်သည့်မေးခွန်း မေးလိုပါကြောင်း၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနလက်ထောက်ဝန်ကြီးက အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယင်းလုပ်ငန်းများကို အကြောင်းပြပြီး ပြည်ပစွက်ဖက်မှုများ လက်မခံဘူးဆိုသည့် ဆွေးနွေးချက်အပေါ် မြန်မာအစိုးရ၏တုံ့ပြန်ချက်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ပစွက်ဖက်မှုများကိုလက်မခံ

ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာအစိုးရ၏ တုံ့ပြန်ချက်မှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့သည် နိုင်ငံ တကာအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအဖွဲ့ တွင် ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့်အဖွဲ့ဖြစ်ပါကြောင်း၊ ထပ်ပြီးပြောရလျှင် လက်တွေ့အလုပ် အဖြစ်ဆုံးနှင့် အထိရောက်ဆုံးအဖွဲ့ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ပြည်ပစွက်ဖက်မှုများကို လက်မခံပါကြောင်း၊ ပြည်ပစွက်ဖက်မှုဆိုသည့်အပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံဖြစ်သည့်အတွက် ၎င်းတို့၏ တွေ့ရှိချက်များကို သံတမန်ဆက်ဆံရေးမှာ မိမိတို့အား ပြောရသည်များရှိပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း မိမိတို့၏တွေ့ရှိချက်များကို ပြောရ သည်လည်းရှိပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်းမဟုတ်ဘဲ၊ မြန်မာ-အိန္ဒိယ ဆက်ဆံရေး၊ မြန်မာ-ထိုင်း ဆက်ဆံရေးတို့တွင်လည်း ယခုကဲ့သို့ ပင်ဖြစ်ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး၊ မြန်မာ-လာအို ဆက်ဆံရေးများတွင်လည်း ထိုကဲ့သို့ပင်ရှိပါကြောင်း၊ အိမ်နီးနားချင်းနိုင်ငံ တစ်နိုင်ငံ၏ မတည်ငြိမ်မှုသည် ကျန်အိမ်နီးနားချင်း နိုင်ငံများမှာလည်း မလွဲမသွေခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုသည်လည်း မိမိတို့၏ အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် မလွဲမသွေ အနည်းနှင့် အများရိုက်ခတ်မှုရှိနိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ မတည်ငြိမ်မှုတစ်ခုရှိခဲ့လျှင်လည်း မိမိတို့ မြန်မာနိုင်ငံမှာ ရိုက်ခတ်မှုရှိနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏သတင်းဖလှယ်မှုသည် မိမိတို့ကြားသိရ သည့် အရာမှန်သမျှကို ဖလှယ်နေရခြင်းဖြစ်ကြောင်း၊ တခြားသော အိမ်နီးနားချင်းနိုင်ငံများအနေဖြင့်လည်း ၎င်းတို့ ကြားသိရသည့် သတင်းများကို မိမိတို့နှင့် သတင်းဖလှယ်နေရကြောင်း၊ ထိုကဲ့သို့ သတင်းဖလှယ်မှုနှင့်ပတ်သက်ပြီး မိမိတို့မြန်မာအစိုးရ၏ သဘောထားမှာ သတင်းဖလှယ်မှုများသည် ဂရုပြု လုပ်ဆောင်ရမည်၊ မိမိတို့၏ပူးပေါင်းဆောင်ရွက်မှု တွင် အလေးထားရမည်ဟု သဘောထားကြောင်း ဖြေကြားသည်။

ဂျပန်နိုင်ငံ Sankei Shimbun သတင်းစာမှ ဌာနေသတင်းထောက် ဒေါက်တာဇော်သန်း က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုကို အမြစ်ပြတ်နှိမ်နင်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေသည့်အချိန်တွင် အမေရိကန်က Special Striking Force ဆိုပြီး Online Scam ကို နှိမ်နင်းဖို့အဖွဲ့ ဖွဲ့လိုက်သည်ကို ကြားသိရပါကြောင်း၊ ရည်ရွယ်ချက်ချင်းအတူတူ ရဲချုပ်ကြီး အမိန့်ရှိသလို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း အမေရိကန်က မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိသည်ကို သိရှိရပါကြောင်း၊ Online Scam လိမ်လည်မှုနှိမ်နင်းရေးမှာ အမေရိကန်အစိုးရ၏ Special Striking Force က မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟူသည့် ကမ်းလှမ်းချက်များရှိပါက လက်ခံဖို့ ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ မြန်မာနိုင်ငံအစိုးရ၏မူဝါဒမှာ မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူ လူထု၏ကောင်းကျိုးကို လိုလားသည့်မည်သည့် အဖွဲ့အစည်းကိုမဆို မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်အတွက် အသင့်ရှိနေပါကြောင်း၊ နံပါတ်(၁)အနေဖြင့် မိမိတို့ပြည်သူ၊ နံပါတ်(၂)က မိမိတို့နိုင်ငံကောင်းကျိုးကို လိုလားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့မဟုတ်ပါက မိမိတို့အနေဖြင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာကိုကြည့်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

The Statesman Journal မှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ဗိုလ်ချုပ်တို့ ခုနက မတ်တပ်ရပ်ပြီး ပြည်သူလူထုကို မေတ္တာရပ်ခံပြောတာလေးလည်း ချီးကျူးပါကြောင်း၊ ဂုဏ်ပြုပါကြောင်း၊ ဝမ်းသာပါကြောင်း၊ ဗိုလ်ချုပ်တို့ ကြွေးကြော်သွားတာလေးလည်း တော်တော်ကောင်းပါကြောင်း၊ အွန်လိုင်း လိမ်လည်မှုအမြစ်ဖြတ်နှိမ်နင်းရေးဆိုသည့်အတွက် အမြစ်ပြတ်မယ်လို့လည်း မျှော်လင့်ပါကြောင်း၊ လက်ရှိမှာ Online Scam ကိစ္စသည် အမေရိကန်ရော၊ တရုတ်ရော ခြေရှုပ်လာပြီးတော့ နှစ်ဖက်လုံး Political အရပါ ကစားလာခဲ့ကြောင်း၊ Online Scamming Issue က Political Issue အဖြစ်နှင့် တဖြည်းဖြည်း ပြောင်းလဲလာပြီးနောက် တိုင်းပြည်၏ ကံကြမ္မာအထိပါ အပြောင်းအလဲဖြစ်သွားနိုင်သည်အထိ တချို့ကိစ္စများရှိနေသည်ဆိုသည့် Information များရှိသည့်အခါ ပြည်သူလူထုကို ယခု Issue ကနေ မြန်မာအစိုးရအနေဖြင့် မည်သည့်သတင်းစကားများ ပါးလိုပါသလဲ။ Online Scam တွင်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ပတ်သက်မိနေသူများ၊ ထိုင်းမှာလည်း ထိုင်းအစိုးရ အာဏာပိုင်တွေ ရှိနေသကဲ့သို့၊ ကမ္ဘောဒီးယား၊ လာအိုမှာလည်း အာဏာပိုင်အကြီးအကဲတွေထိ ပတ်သက်မှုများ ကြီးကြီးမားမားရှိနေပါကြောင်း၊ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မတော်တဆဖြစ်စေ ပတ်သက်မိနေသည့် Issue အားလုံးက တိုင်းပြည်တစ်ခုလုံးကို ရှုပ်ယှက်ခတ်သွားနိုင်သည် ဟု မြင်မိပါကြောင်း၊ ၎င်းတို့အားလုံးကို မည်သည့်သတင်းစကားပေးလိုပါသလဲ။ မိမိတို့နယ်စပ်တစ်လျှောက်တွင်ရှိသည့် EAOs များက Online Scam နှင့်ပတ်သက်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ပတ်သက်ခဲ့ကြကြောင်း၊ ၎င်းတို့အားလုံးကိုရော မည်သို့သော သတင်းစကားပေးလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

EAOs အဖွဲ့များကိုလည်း လမ်းအမှန်ကို ပြန်လည်လျှောက်လှမ်းကြရန် တိုက်တွန်းလို

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုမေးခွန်းနှင့် မဆိုင်သည့် အခြေအနေလေးတစ်ခုကို ပြောကြားလိုပါကြောင်း၊ မီဒီယာများပြောကြားချိန်တွင် မိမိတို့က ဖမ်းဆီးရမိသူများကိုသာ အဓိကထားပြီး ပြောကြားရာ တရုတ်နိုင်ငံသား၊ တခြားတစ်ဖက်က ထိုင်းနိုင်ငံသားဆိုပြီးပြောကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ မီဒီယာများကို အသိပေးပြောကြား လိုသည်မှာ ယခုကိစ္စသည် နိုင်ငံတကာဖြတ်ကျော်မှု ရာဇဝတ်မှုပုံစံ၊ နိုင်ငံပေါင်းစုံက မသမာသူများ ပူးပေါင်းဆောင်ရွက်နေသည့် ပုံစံဖြစ်သော International Organize Crime ဆိုသည့် ပုံစံဖြစ်ပါကြောင်း၊ မိမိတို့ မီဒီယာများအနေဖြင့် ယင်းကိစ္စကို ပြောကြားရာတွင် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ တည်းကိုသာ အပြစ်ပုံမချသင့်ကြောင်း၊ ယင်းသည် International Issue ဖြစ်ကြောင်း၊ ထိုသို့အပြစ်ပုံချလျှင် ဥပမာ- မိမိတို့ မြန်မာနိုင်ငံသော်လည်းကောင်း၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံသော်လည်းကောင်း အပြစ်ပုံချရုံနှင့် ထိုကိစ္စပြီးသွားမည်မဟုတ်ကြောင်း၊ ယင်းသည် International Crime ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအားလုံး၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ သတင်းထောက် ကြီးပြောခဲ့သည့်အတိုင်း တိုင်းပြည်၏ကံကြမ္မာကို ပြောင်းပစ်နိုင်သည်ဆိုတာ မှန်ကန်ပါကြောင်း၊ မိမိတို့သိပြီးသားဖြစ်သည့် အရှေ့မြောက်ဒေသတွင် မည်သို့ဖြစ်ခဲ့သလဲ။ အမျိုးစားပေါင်းစုံ၊ အကြောင်း အရာပေါင်းစုံရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း သတင်းထောက်ကြီးတို့သိပြီးသား ကိစ္စဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးဆိုသည်မှာ အွန်လိုင်းလိမ်လည်မှုကို တိုက်ဖျက်ရန်ဆိုသည့် ခေါင်းစဉ်နှင့်လာခြင်း ဖြစ်ကြောင်း၊ ထိုခေါင်းစဉ်၏နောက်ကွယ်တွင် အကြောင်းမျိုးစုံရှိမည်ဖြစ်ကြောင်း၊ မည်မျှလောက် အထိဖြစ်သွားသည်ကို မီဒီယာများအနေဖြင့် မြင်ပြီးသားဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပြင်ဦးလွင်မှ စစ်ဘေးရှောင်မည်မျှ ရန်ကုန်ကို ရောက်လာပါသလဲ။ ယင်း၏နောက်ဆက်တွဲဖြစ်သည့် မိုးကုတ်မှ စစ်ဘေးရှောင်မည်မျှ ရန်ကုန်ကို ရောက်လာပါသလဲ။ ယင်းတို့ကို မိမိတို့အနေဖြင့် ပြန်လည်ဖြေရှင်းနေရခြင်းဖြစ်ကြောင်း၊ ဤနေရာတွင် မိမိတို့အနေဖြင့်ပြောလိုသည်မှာ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတကာက မုန်းပါသည်ဟုပြောလျှင်၊ ၎င်းတို့မုန်းသည်ထက် မိမိတို့အစိုးရက ခါးခါးသီးသီးမုန်းပါကြောင်း၊ စစ်ဘေးရှောင်နေရသည့် ပြည်သူလူထုတချို့ရှိပါကြောင်း၊ ထိုပြည်သူလူထုကို မေးကြည့်၍ရနိုင်ပါကြောင်း၊ ၎င်းတို့ မည်မျှလောက်မုန်းနေမည်လဲ။ ထို့ကြောင့် မိမိပြောလိုသည်မှာ ယင်းအရာများကို မိမိတို့အနေဖြင့် တိုက်ဖျက်နေရမှာဖြစ်ကြောင်း၊ သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ ပတ်သက်မှုများစွာရှိနိုင်မည်ဖြစ်ကြောင်း၊ အရှေ့မြောက်ဒေသတွင်လည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပတ်သက်နေသည့်သူများ ရှိနိုင် မှာပဲဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အစည်းထဲတွင် လည်းရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းများတွင်လည်းရှိကြောင်း၊ မိမိတို့အနေဖြင့် အရေးယူပြီးပြီဖြစ်ကြောင်း၊ တော်တော်ကြီးကြီးမားမားကို အရေးယူဆောင်ရွက်ထားခြင်းရှိကြောင်း၊ အလားတူပင်မိမိတို့ အိမ်နီးနားချင်းနိုင်ငံများမှာလည်း ၎င်းတို့၏သတင်းများကိုထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန်သည်ဖြစ်စေ အရေးယူရသည်များရှိပါကြောင်း၊ အစိုးရအဖွဲ့အစည်းများတွင် ပါဝင်နေသည့်လူများ ကိုယ်တိုင်ကပင် အွန်လိုင်းလိမ်လည် မှုလုပ်ဆောင်နေမှန်းမသိကြပါကြောင်း၊ အပေါ်ယံဖုံးကွယ်ထားသည်များ အများအပြားရှိကြောင်း၊ ထို့ကြောင့် မိမိတို့ပြောလိုသည်မှာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မိမိတို့အနေဖြင့် ဆက်လက်ပြီး အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ မကောင်းသည့်သွေးများကို ဖောက်ထုတ်ရမည်ဖြစ်ကြောင်း၊ ဆူးစူးခြင်းကြောင့် ပြည်တည်တည်၊ ခလုတ်တိုက်ခြင်းကြောင့် ပြည်တည်တည်၊ ဗိုင်းရပ်ပိုးဝင်ခြင်းကြောင့် ပြည်တည်တည်၊ ပြည်တည်ပြီဆိုလျှင်တော့ ဖောက်ထုတ်ရမည်ဖြစ်ကြောင်း၊ ဖောက်မထုတ်၍လည်း မရနိုင်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် EAOs များနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ၎င်းတို့သည် တိုင်းရင်းသားအရေး၊ လူမျိုးအရေး၊

ဖယ်ဒရယ်အရေးဟူ၍ အကြောင်းပြချက်ပေါင်း များစွာပေးကြောင်း၊ လက်တွေ့တွင် ၎င်းတို့၏ စီးပွားရေးသာ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ မြေရှားထွက်သော နေရာများတွင် မြေရှားများကို ခိုးထုတ်မည်ဖြစ်ကြောင်း၊ ရေနံထွက်သော နေရာဆို လျှင်လည်း ရေနံများ ခိုးထုတ်မည်ဖြစ်ကြောင်း၊ သစ်ထွက်သောနေရာများတွင်လည်း သစ်ခိုးထုတ် နေမည်သာဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့အစည်း ရပ်တည်ရေးဟု ပြောမည်ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့အစည်းရပ်တည်ရေးဟုဆိုလျှင် ၎င်းတို့အဖွဲ့အစည်း၏ လက်အောက်တွင်ရှိသောအဖွဲ့ဝင်များ၊ ပြည်သူလူထုများသည် မည်မျှပြောင်ပြောင်ရောင်ရောင် ဖြစ်နေ၊ ချမ်းသာနေပါသလဲ။ မိမိအနေဖြင့် ပွင့်ပွင့်လင်းလင်းပြောမည်ဆိုလျှင် ကချင်ပြည်နယ်အတွင်း မှာ KIA မှ ဖောက်လုပ်ပေးထားသော ပြည်ထောင်စုလမ်းမကြီးများမည်မျှရှိသနည်း။ ရထားလမ်းများလည်း မည်သည်လောက်ထိရှိသနည်း။ ထိုကဲ့သို့ပင် ကရင်ပြည်နယ်အတွင်းမှာလည်း KNU မှ ဖောက်လုပ် ပေးထားသည့် ပြည်ထောင်စုလမ်းမကြီးများ မည်မျှခန့်ရှိသနည်း။ ရထားလမ်းများလည်း မည်မျှရှိသနည်း။ ပြည်သူလူထုများ နေထိုင်နိုင်ရန်အတွက် လူနေအိမ်များမည်မျှရှိပါသနည်း။ သို့သော်လည်း ထိုနေရာများတွင်ရှိသည့် အရာများကို ၎င်းတို့ အနေဖြင့် ရယူခံစားနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် EAOs များကို မိမိတိုက်တွန်းလိုသည်မှာ NCA ဟူသောလမ်းကြောင်းသည် ရှိနေပြီးသား ဖြစ်ကြောင်း၊ NCA ကို မိမိတို့ရေးဆွဲထားခြင်းမဟုတ် ကြောင်း၊ EAOs အဖွဲ့များကသာ နိုင်ငံတကာအသိုင်း အဝိုင်းများအပါအဝင် ပထမဆုံးရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အခိုင်အမာရှိနေသည့် NCA လမ်းကြောင်းပေါ်မှ သူတစ်ပါး၏သွေးထိုးလှုံ့ဆော်မှုများကြောင့် မည်သည့်အတွက် ဆင်းချင်ရပါသလဲ၊ NCA လမ်းကြောင်းပေါ်တွင်ရှိနေပါက နိုင်ငံတကာ၏ အကာအကွယ်၊ နိုင်ငံတော်၏ အကာအကွယ်၊ ပြည်သူလူထု၏အကာအကွယ်ကို ရရှိနိုင်ကြောင်း၊ ထိုလမ်းကြောင်းပေါ်မှ ဆင်းချင်သည်ကို မိမိအနေဖြင့် အံ့ဩမဆုံးဖြစ်ရပါကြောင်း၊ မိမိအနေဖြင့် တိုက်တွန်းလိုသည်မှာ ပြည်သူလူထုများသည် မိမိတို့နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ နံပါတ်တစ်အချက်အနေဖြင့် အွန်လိုင်း လိမ်လည်မှုများနှင့်ပတ်သက်၍ ပုန်းကွယ်ရာမပေးကြရန်၊ မသိချင်ယောင်မဆောင်ကြရန်၊ မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ယခုလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါဝင်ပတ်သက်နေသည့် EAOs အဖွဲ့များကိုလည်း လမ်းအမှန်ကို ပြန်လည်လျှောက်လှမ်းကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

NHK ဂျပန်ရုပ်မြင်သံကြားဌာနမှ ဒေါ်ခင်မိုမိုမြင့်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အဖွဲ့အစည်းများမှ ယခုရွေးကောက်ပွဲသည် တရားမျှတမှုမရှိဘဲ အတင်းအကျပ်လုပ်ဆောင်နေသည်ဟု ဝေဖန်နေပါကြောင်း၊ ယင်းအချက်နှင့် ပတ်သက်၍ဖြေကြားပေးစေလိုပါကြောင်း၊ ယင်းဝေဖန်မှုကို မည်ကဲ့သို့ထင်မြင်ယူဆပါသလဲ၊ ယခုရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ထင်ပါသလား သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် တော်တော်မြင့်သည့် စကားလုံးဟု ပြောရမည် ဖြစ်ကြောင်း၊ ယခုမေးခွန်းကို ပြန်လည်မဖြေကြားမီ မိမိအနေဖြင့် အရင်မေးခွန်းတစ်ခု မေးမြန်းလိုပါကြောင်း၊ သတင်းထောက်ကြီးမေးတဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းစံနှုန်းဆိုသည်မှာ ဘာလဲ၊ NHK သတင်းဌာနက သတ်မှတ်ထားသည့် နိုင်ငံတကာ လူ့အဖွဲ့အစည်းဆိုတာ ဘယ်လိုစံနှုန်းလဲဆိုသည်ကို မိမိအနေဖြင့် မေးခွန်းထုတ်လိုကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏လူ့အဖွဲ့အစည်းများကို NHK သတင်း ဌာနက ပေမမီ ဒေါက်မမီ၊ ကျပ်မပြည့်တဲ့လူ့အဖွဲ့ အစည်းဖြစ်သည်ဟု ယူဆပါသလား၊ ထိုကဲ့သို့မဟုတ်ဘူးထင်ကြောင်း၊ ထိုသို့ယူဆပါက ထိုယူဆချက်ကို ပထမဆုံးပြင်စေလိုကြောင်း၊ ရွေးကောက်ပွဲကို အတင်းအကျပ်လုပ်စရာမလိုကြောင်း၊ မိမိအပါအဝင် သတင်းထောက်ကြီးနှင့် ပြည်သူလူထုများပါ မြင်တွေ့နေတာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အတင်းအကျပ်လုပ်၊ တုတ်နဲ့ရိုက်၍ မဲလာမထည့်မနေရ၊ ရွေးကောက်ပွဲကို မထောက်ခံဘဲမနေရဟူ၍ မလုပ်ထားပါကြောင်း၊ လုပ်စရာလည်းအကြောင်း မရှိပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိအောင် နေ့စဉ်ထုတ်လွှင့်နေပါကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူလူထု ဘယ်လောက်ထိ လိုလားတယ်ဆိုသည်ကို သိနိုင်ကြောင်း၊ မလိုလားတဲ့ ပြည်သူလူထုလည်းရှိနိုင်သည်ကို မိမိ အနေဖြင့် မငြင်းလိုပါကြောင်း၊ လိုလားတဲ့ပြည်သူ လူထုက ပို၍များနိုင်သည်ဟု ပြောကြားလိုပါ ကြောင်း၊ နောက်တစ်ခုအနေဖြင့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်သူလူထုအတွက် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအတွက် လုပ်ဆောင် နေခြင်းမဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွက် အစိုးရတာဝန်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မိမိပြောလိုသည်မှာ ရွေးကောက်ပွဲသည် မြန်မာပြည်သူလူထုကို ဗဟိုပြုသည့် ရွေးကောက်ပွဲဖြစ်ပါကြောင်း၊ မြန်မာပြည်သူလူထု မဲပေးနိုင်ရေးသည်သာ အရေးကြီးကြောင်း၊ နိုင်ငံတကာက ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ အရေးမပါကြောင်း၊ မိမိတို့ ရွေးကောက်ပွဲကို မိတ်ဖက်နိုင်ငံများက ကူညီပေးခြင်း၊ ထောက်ခံပေးခြင်းများရှိကြောင်း၊ မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးအတွက် မည်ကဲ့သို့ အကူအညီပေးရမည်ကိုလိုလားပြီး ဆောင်ရွက်နေသည်များရှိကြောင်း၊ ထို့ကြောင့် အပြစ်တင်လိုသူများက အပြစ်တင်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် မူလရည်မှန်းချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို မလွဲမသွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားမျှတမှုရှိ၊ မရှိဆိုသည်ကိုတော့ ရွေးကောက်ပွဲအခြေအနေ သုံးရပ်လုံးကြည့်ရန်လိုကြောင်း၊ ရွေးကောက်ပွဲကနဦးအခြေအနေ၊ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ မည်ကဲ့သို့ လုပ်ခဲ့လဲ၊ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ဘယ်လိုလုပ်ခဲ့လဲ၊ အခြေအနေသုံးရပ်လုံးဆောင်ရွက်ပြီးမှသာ သုံးသပ်တာ ကောင်းမည်ဖြစ်ကြောင်း၊ ဘာမျှမလုပ်ရသေးဘဲ တရားမျှတသောရွေးကောက်ပွဲမဖြစ်နိုင်၊ တရားမမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ပြောဆိုနေကြသည်မှာ တရားနည်းလမ်းကျသော ဆုံးဖြတ်ချက်မျိုး၊ သုံးသပ်ချက်မျိုး မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ်မှ အမှုဆောင်အယ်ဒီတာချုပ် ဦးမိုးဟိန်းက မြန်မာနိုင်ငံ၏ ပြည်သူလူထု ကြား၊ နိုင်ငံတကာအကြား အထူးစိတ်ဝင်စားနေသော မေးခွန်းတစ်ခုရှိပါကြောင်း၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးကောက်ပွဲအလွန်ကာလတွင် ပါဝင်ဆောင်ရွက်မည့် နိုင်ငံရေးအခင်းအကျင်း၊ ပါဝင်ဆောင်ရွက်မည့် အခန်းကဏ္ဍကို မေးမြန်းလိုပါကြောင်း၊ ယခုကဲ့သို့ မေးမြန်းနိုင်ရန် သူရိယနေဝန်းမီဒီယာမှ လူထုကြားတွင် မြေပြင်/အွန်လိုင်းမှတစ်ဆင့် လူထုသဘော ထားကို ၃ လခန့် ကွင်းဆင်းကောက်ယူခဲ့ပါကြောင်း၊ ကောက်ခံရရှိသည့် လူထုအများစုမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံတော်တွင် ကြုံတွေ့နေရသည့် ဘက်စုံအကျပ်အတည်းဖြစ်စဉ်တွင် ပြည်ထောင်စု မပြိုကွဲစေရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်မှု အခန်းကဏ္ဍသည် အလွန်အရေးပါပြီး ကျေးဇူးတင်ရှိ နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအောင်မြင်ပြီး လွှတ်တော်များ ပေါ်ပေါက်လာသည့်အခါ လွှတ်တော်များ၏ရွေးချယ် မှုအရလည်းကောင်း၊ ရရှိသည့် လူထုဆန္ဒသဘောထား အရလည်းကောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်စေလို၍ ကမ်းလှမ်းခဲ့ပါက နိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သမ္မတကြီးတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် အနေအထားမျိုး မြင်တွေ့ရနိုင်ပါသလား၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း လူထုကပေးအပ်လာသော၊ လွှတ်တော်ကပေးအပ်လာသော နိုင်ငံတော်သမ္မတရာထူးကို ထမ်းဆောင် ရန်အသင့်အနေအထားမျိုးဆန္ဒရှိပါသလားဟူသောမေးခွန်းကို သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းလိုပါကြောင်းနှင့် ဖြေကြားပေးစေလိုပါကြောင်း မေးမြန်းသည်။

သမ္မတရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီးပါက အဆင့်ဆင့်မဲပေးရ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုမေးခွန်းသည် ပုဂ္ဂလိကနှင့်ဆိုင်သော မေးခွန်းဖြစ်သောကြောင့် မိမိအနေဖြင့် မိမိသိသလောက်အထောက်အထားရှိသလောက်သာ ဖြေကြားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ယခင်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်သည့်အချိန် ၂၀၁၄ ခုနှစ်ခန့်ကတည်းက ပြောကြားခဲ့သည်များရှိကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကာလ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံရေးကာလတွင် ဘယ်လိုပါဝင်မလဲဆိုသည်ကို မီဒီယာများက မေးမြန်းခဲ့မှုများရှိကြောင်း၊ ထိုအချိန်ကလည်း ပြောခဲ့ဖူးပါကြောင်း၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်တိုင်ကလည်း ယခင်ကတည်းက နိုင်ငံတော်၏တာဝန်အဆင့်ဆင့်ကို ၎င်းကိုယ်တိုင် တာဝန်ယူခဲ့ဖူးကြောင်း၊ နိုင်ငံတော်၏တာဝန်အဆင့် ဆင့်ဆိုသည်မှာ ယခင်တုန်းက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် နဝတခေတ်၊ နယကခေတ် မီခဲ့သောကြောင့် နယ်ဘက်တာဝန်များကို တိုင်းပြည် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုလည်း ထမ်းဆောင်နေခြင်းဖြစ်သောကြောင့် အတွေ့အကြုံများစွာရှိကြောင်း၊ နိုင်ငံတော်က တာဝန်ပေးလာပါကလည်း နိုင်ငံတော်အတွက် ၎င်း၏အတွေ့အကြုံများကို အသုံးချ၍ လုပ်ဆောင်သွားမည်ဆိုသည့် စကားကိုလည်း ပြောခဲ့ဖူးပါကြောင်း၊ ယင်းအကြောင်းအရာများကို မိမိအနေဖြင့်ပြန်လည်ကိုးကား၍ ပြောလိုပါ ကြောင်း၊ သမ္မတရွေးချယ်မှုအနေဖြင့် တစ်ဦးချင်း အနေဖြင့် နိုင်ငံတော်သမ္မတကို လုပ်ချင်ပါတယ်လို့ လည်းပြောလို့မရပါကြောင်း၊ မလုပ်ချင်ပါဘူးဟူ၍လည်း ပြောလို့မရပါကြောင်း၊ ဥပဒေအတိုင်းသာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ လုပ်ချင်ပါတယ်ဆိုတိုင်းလည်း ဥပဒေနှင့်မညီလျှင် မဖြစ်နိုင်ကြောင်း၊ မလုပ်ချင်ပါဘူးဆိုတိုင်းလည်း ရွေးကောက်တင်မြှောက်ခံရပါက မလုပ်၍ မရပါ ကြောင်း၊ လုပ်ချင်ပါတယ်လို့ဆိုတိုင်းလည်း မဖြစ်တဲ့ သူများကိုလည်း ရှေ့မှာလည်း တွေ့ခဲ့ဖူးပြီဖြစ်ကြောင်း၊ သမ္မတရွေးချယ်ရာတွင် အခြေခံအချက်များရှိပါကြောင်း၊ အခြေခံအချက်အလက်များမှာ ပြည်သူလူထုက ရွေးချယ်လိုက်သည့် လွှတ်တော်အမတ် ကိုယ်စားလှယ်များမှတစ်ဆင့် ဒုတိယသမ္မတကို ရွေးချယ်ရကြောင်း၊ သမ္မတရွေးချယ်တင်မြှောက်ခြင်း ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်ပါရှိပြီးဖြစ်ကြောင်း၊ သမ္မတရွေးချယ်ရေး အဖွဲ့ဖြင့် ရွေးချယ်ပြီးပါက အဆင့်ဆင့်မဲပေးရကြောင်း၊ မဲပေးပြီး သမ္မတဖြစ်လာပါက ဥပဒေအရ အကျုံးဝင်သဖြင့် သမ္မတတာဝန်ထမ်းဆောင်နိုင်ပါကြောင်း၊ မိမိအနေဖြင့် အနှစ်ချုပ်ပြောကြားလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဖြစ်ပါလိမ့်မည်ဟုသာ ပြောလိုပါကြောင်း ပြောကြားသည်။       

moi

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ် ၃၉/၂၀၂၅ ဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့၌ တတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ရာ၌ နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ၌ “အထူးကိစ္စရပ်မှအပ ဝန်ထမ်းကို ရာထူးတိုးမြှင့် ခန့်ထား ရာတွင်- ပုဒ်မခွဲ (က)တွင် ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ် ထားသော သင်တန်းတက်ရောက်ပြီးသူဖြစ်ရမည်" ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့ရာ မိမိအနေဖြင့် နားလည်သည်မှာ အထူးကိစ္စရပ်မှအပ ရာထူးဝန်အဖွဲ့က ရာထူးအဆင့်အလိုက် သတ်မှတ် ထားသော သင်တန်းများ တက်ရောက်ပြီးသူများကိုသာလျှင် ရာထူးတိုးမြှင့်ပေး ရမည်ဟု သိရှိနားလည်ခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် အချို့သော လုပ်ငန်း/ ဦးစီးဌာနများ၌ ရာထူးဝန်အဖွဲ့က ရာထူး အဆင့်အလိုက် တက်ရောက်ရန် သတ်မှတ်ထားသော သင်တန်း များ တက်ရောက်ရသေးခြင်း မရှိသူများကို အထူးကိစ္စရပ် မဟုတ်ဘဲ ရာထူးတိုးမြှင့် ပေးခြင်းများ ရှိနေပါသည်။ သို့ဖြစ်ပါ၍ "ရာထူးဝန်အဖွဲ့က ရာထူးအဆင့်အလိုက် တက်ရောက်ရန် သတ်မှတ်ထားသော သင်တန်းများ တက်ရောက်ရသေးခြင်း မရှိသူများ ကို" ရာထူးတိုးမြှင့်ပေးနိုင်ခြင်းရှိ/ မရှိ ဖြေကြားပေးပါရန် တင်ပြအပ်ပါသည်။

(က) နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ၌ အထူး ကိစ္စရပ်မှအပ ဝန်ထမ်းကို ရာထူးတိုးမြှင့် ခန့်ထား ရာတွင် ပုဒ်မခွဲ“(က) ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသောသင်တန်း တက်ရောက်ပြီးသူဖြစ် ရမည်။”ဟု ပြဋ္ဌာန်းထားပြီး “အထူးကိစ္စရပ်” စကားရပ် နှင့်စပ်လျဉ်း၍ ရှင်းလင်းချက် တွင် “အထူးကိစ္စရပ် ဆိုသည်မှာ ဝန်ထမ်း၏ လုပ်ငန်း စွမ်းဆောင်ရည်ပေါ် မူတည်၍ သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းက ရာထူးတိုးမြှင့်ပေးသင့်သည် ဟု သုံးသပ်ဆုံးဖြတ်သော ကိစ္စရပ်ကိုဆိုသည်” ဟု ဖော်ပြထားပါသည်။ အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်း များနှင့် ၃၀-၆-၂၀၂၅ ရက်နေ့တွင် ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၁၅ (ခ) တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ရှင်းလင်းချက် အရ လုပ်ငန်းစွမ်းဆောင်ရည် ကြောင့် ရာထူး တိုးမြှင့် သည့် ဝန်ထမ်းများအား နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ် များတွင်ဖွင့်လှစ်သည့် အနီးစပ်ဆုံး သင်တန်းသို့ တက်ရောက်နိုင်ရေး ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်း များက ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ပါ ရှင်းလင်းချက်နှင့် အစည်း အဝေးဆုံးဖြတ်ချက် အပိုဒ် ၁၅ (ခ) တို့အရ သတ်မှတ် ထားသောသင်တန်းများကို တက်ရောက်ရခြင်း မရှိ သေးသော်လည်း ဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင် ရည်ပေါ် မူတည်၍ ရာထူးတိုးမြှင့်ပေးသင့်သည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက သုံးသပ် ဆုံးဖြတ်ပြီး တန်းစီဇယားပါ အလှည့်ကျ ရောက်သည့် ဝန်ထမ်းများအား အထူးကိစ္စရပ်အနေဖြင့် ရာထူး တိုးမြှင့် ပေးလျက်ရှိပါသည်။ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ တစ်ဆင့်နိမ့် ဝန်ထမ်းများအား ပြန်တမ်းဝင် အရာရှိ အဆင့် စတင်ခန့်လစ်လပ်ရာထူးနေရာများသို့ တိုးမြှင့် ခန့်ထားပေးနိုင်ရေး အတွက် အဆိုပြုချက် ပေးပို့ ရာတွင် “ရာထူးတိုးမြှင့် ခန့်ထားရန် သဘော တူညီ ပြီးပါကအနီးစပ်ဆုံးအရာထမ်း အခြေခံသင်တန်းသို့ တက်ရောက်ပါမည်” ဟု ဖော်ပြ၍ အဆိုပြုလာခြင်း များကို လက်ခံဖြေလျှော့၍ သဘော တူညီချက် ပေးလျက်ရှိပါသည်။

( ခ ) ထိုသို့အဆိုပြုလာခြင်းကိုအချိန်ကာလ ၂ နှစ် အထိသာ ခွင့်ပြုသွားမည်ဖြစ်ပြီး ခွင့်ပြု ကာလ ကျော်လွန် ပါက “အနီးစပ်ဆုံး အရာထမ်းအခြေခံသင်တန်းသို့ တက် ရောက်ပါမည်”ဟုဖော်ပြ၍ အဆိုပြုခြင်းကို ခွင့်ပြုမည် မဟုတ်ပါ၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များအနေဖြင့် ရာထူးတိုးမြှင့်ပေးရန် လျာထားသည့် အမှုထမ်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော အရာထမ်းငယ်သင်တန်းနှင့်စာရေးဝန်ထမ်း ကြီးကြပ် သင်တန်းများသို့ ဦးစားပေး စေလွှတ်တက်ရောက် နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ၂၆-၁၁-၂၀၂၅ရက်စွဲပါစာဖြင့် ဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းများသို့ ဖြန့်ဝေခဲ့ပါသည်။

( ဂ ) သို့ဖြစ်ပါ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရာထူး အဆင့်အလိုက် တက်ရောက်ရန် သတ်မှတ် ထားသော သင်တန်းများ တက်ရောက်ရခြင်း မရှိသေး သော်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ရှင်းလင်းချက် အရ အထူးကိစ္စရပ်အနေဖြင့် လုပ်ငန်းစွမ်းဆောင် ရည်ပေါ် မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက ရာထူးတိုးမြှင့်ပေးသင့်သည်ဟု သုံးသပ် ဆုံးဖြတ်ပါက ရာထူးတိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး အဆိုပါ ဝန်ထမ်းများ သည်နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် နှစ်ခုတွင် ဖွင့်လှစ်သည့် အနီးစပ်ဆုံးသင်တန်းသို့ တက်ရောက် ရမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ဖြေကြားပေးသည့်ဌာန - ပြည်ထောင်စုရာထူးဝန်အဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ် ၃၉/၂၀၂၅ ဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့၌ တတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ရာ၌ နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ၌ “အထူးကိစ္စရပ်မှအပ ဝန်ထမ်းကို ရာထူးတိုးမြှင့် ခန့်ထား ရာတွင်- ပုဒ်မခွဲ (က)တွင် ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ် ထားသော သင်တန်းတက်ရောက်ပြီးသူဖြစ်ရမည်" ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့ရာ မိမိအနေဖြင့် နားလည်သည်မှာ အထူးကိစ္စရပ်မှအပ ရာထူးဝန်အဖွဲ့က ရာထူးအဆင့်အလိုက် သတ်မှတ် ထားသော သင်တန်းများ တက်ရောက်ပြီးသူများကိုသာလျှင် ရာထူးတိုးမြှင့်ပေး ရမည်ဟု သိရှိနားလည်ခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် အချို့သော လုပ်ငန်း/ ဦးစီးဌာနများ၌ ရာထူးဝန်အဖွဲ့က ရာထူး အဆင့်အလိုက် တက်ရောက်ရန် သတ်မှတ်ထားသော သင်တန်း များ တက်ရောက်ရသေးခြင်း မရှိသူများကို အထူးကိစ္စရပ် မဟုတ်ဘဲ ရာထူးတိုးမြှင့် ပေးခြင်းများ ရှိနေပါသည်။ သို့ဖြစ်ပါ၍ "ရာထူးဝန်အဖွဲ့က ရာထူးအဆင့်အလိုက် တက်ရောက်ရန် သတ်မှတ်ထားသော သင်တန်းများ တက်ရောက်ရသေးခြင်း မရှိသူများ ကို" ရာထူးတိုးမြှင့်ပေးနိုင်ခြင်းရှိ/ မရှိ ဖြေကြားပေးပါရန် တင်ပြအပ်ပါသည်။

(က) နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ၌ အထူး ကိစ္စရပ်မှအပ ဝန်ထမ်းကို ရာထူးတိုးမြှင့် ခန့်ထား ရာတွင် ပုဒ်မခွဲ“(က) ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသောသင်တန်း တက်ရောက်ပြီးသူဖြစ် ရမည်။”ဟု ပြဋ္ဌာန်းထားပြီး “အထူးကိစ္စရပ်” စကားရပ် နှင့်စပ်လျဉ်း၍ ရှင်းလင်းချက် တွင် “အထူးကိစ္စရပ် ဆိုသည်မှာ ဝန်ထမ်း၏ လုပ်ငန်း စွမ်းဆောင်ရည်ပေါ် မူတည်၍ သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းက ရာထူးတိုးမြှင့်ပေးသင့်သည် ဟု သုံးသပ်ဆုံးဖြတ်သော ကိစ္စရပ်ကိုဆိုသည်” ဟု ဖော်ပြထားပါသည်။ အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်း များနှင့် ၃၀-၆-၂၀၂၅ ရက်နေ့တွင် ရှင်းလင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၁၅ (ခ) တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ရှင်းလင်းချက် အရ လုပ်ငန်းစွမ်းဆောင်ရည် ကြောင့် ရာထူး တိုးမြှင့် သည့် ဝန်ထမ်းများအား နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ် များတွင်ဖွင့်လှစ်သည့် အနီးစပ်ဆုံး သင်တန်းသို့ တက်ရောက်နိုင်ရေး ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်း များက ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ပါ ရှင်းလင်းချက်နှင့် အစည်း အဝေးဆုံးဖြတ်ချက် အပိုဒ် ၁၅ (ခ) တို့အရ သတ်မှတ် ထားသောသင်တန်းများကို တက်ရောက်ရခြင်း မရှိ သေးသော်လည်း ဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင် ရည်ပေါ် မူတည်၍ ရာထူးတိုးမြှင့်ပေးသင့်သည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက သုံးသပ် ဆုံးဖြတ်ပြီး တန်းစီဇယားပါ အလှည့်ကျ ရောက်သည့် ဝန်ထမ်းများအား အထူးကိစ္စရပ်အနေဖြင့် ရာထူး တိုးမြှင့် ပေးလျက်ရှိပါသည်။ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ တစ်ဆင့်နိမ့် ဝန်ထမ်းများအား ပြန်တမ်းဝင် အရာရှိ အဆင့် စတင်ခန့်လစ်လပ်ရာထူးနေရာများသို့ တိုးမြှင့် ခန့်ထားပေးနိုင်ရေး အတွက် အဆိုပြုချက် ပေးပို့ ရာတွင် “ရာထူးတိုးမြှင့် ခန့်ထားရန် သဘော တူညီ ပြီးပါကအနီးစပ်ဆုံးအရာထမ်း အခြေခံသင်တန်းသို့ တက်ရောက်ပါမည်” ဟု ဖော်ပြ၍ အဆိုပြုလာခြင်း များကို လက်ခံဖြေလျှော့၍ သဘော တူညီချက် ပေးလျက်ရှိပါသည်။

( ခ ) ထိုသို့အဆိုပြုလာခြင်းကိုအချိန်ကာလ ၂ နှစ် အထိသာ ခွင့်ပြုသွားမည်ဖြစ်ပြီး ခွင့်ပြု ကာလ ကျော်လွန် ပါက “အနီးစပ်ဆုံး အရာထမ်းအခြေခံသင်တန်းသို့ တက် ရောက်ပါမည်”ဟုဖော်ပြ၍ အဆိုပြုခြင်းကို ခွင့်ပြုမည် မဟုတ်ပါ၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များအနေဖြင့် ရာထူးတိုးမြှင့်ပေးရန် လျာထားသည့် အမှုထမ်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော အရာထမ်းငယ်သင်တန်းနှင့်စာရေးဝန်ထမ်း ကြီးကြပ် သင်တန်းများသို့ ဦးစားပေး စေလွှတ်တက်ရောက် နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ၂၆-၁၁-၂၀၂၅ရက်စွဲပါစာဖြင့် ဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းများသို့ ဖြန့်ဝေခဲ့ပါသည်။

( ဂ ) သို့ဖြစ်ပါ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရာထူး အဆင့်အလိုက် တက်ရောက်ရန် သတ်မှတ် ထားသော သင်တန်းများ တက်ရောက်ရခြင်း မရှိသေး သော်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ရှင်းလင်းချက် အရ အထူးကိစ္စရပ်အနေဖြင့် လုပ်ငန်းစွမ်းဆောင် ရည်ပေါ် မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက ရာထူးတိုးမြှင့်ပေးသင့်သည်ဟု သုံးသပ် ဆုံးဖြတ်ပါက ရာထူးတိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး အဆိုပါ ဝန်ထမ်းများ သည်နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် နှစ်ခုတွင် ဖွင့်လှစ်သည့် အနီးစပ်ဆုံးသင်တန်းသို့ တက်ရောက် ရမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ဖြေကြားပေးသည့်ဌာန - ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့က တတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၂၉ ၌ “အထူးကိစ္စရပ်မှအပ ဝန်ထမ်းကို ရာထူးတိုးမြှင့် ခန့်ထားရာတွင်- ပုဒ်မခွဲ (က) တွင် ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့် အလိုက် သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူဖြစ်ရမည်" ဟု ပါရှိရာ အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းသို့ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ရာထူးအဆင့် တို့သည် ရာထူးအဆင့်မတူသော်လည်း ပူးတွဲ တက်ရောက်ရလျက်ရှိရာ တစ်ဆင့်မြှင့် ရာထူးတိုးပေးရာတွင် အဆိုပါသင်တန်းသို့ တက်ရောက်ရခြင်းမရှိသေးသည့် လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး အနေဖြင့် ရာထူးတိုးခံစားခွင့်ရှိပါသလား။ သို့မဟုတ် အဆိုပါ လက်ထောက်ညွှန်ကြားရေးမှူးအနေဖြင့် ရာထူးတိုးမြှင့်ခြင်းခံရပြီးမှ ဒုတိယညွှန်ကြားရေးမှူး ရာထူးဖြင့် အလယ်အလတ်အဆင့်အရာထမ်းသင်တန်းသို့ တက်ရောက်နိုင်ပါသလား ရှင်းလင်းစွာ သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် တင်ပြအပ်ပါသည်။

အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းသည် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့်နှင့် ဒုတိယညွှန်ကြားရေးမှူး ရာထူးအဆင့်တို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် အကျုံးဝင်မှုရှိသဖြင့် အလယ် အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းကို တက်ရောက်ရခြင်း မရှိသေးသော်လည်း တန်းစီဇယားအရ ရာထူးတိုးမြှင့် ပေးရန် အလှည့် ကျရောက်သည့်အချိန်တွင် ရာထူး တိုးမြှင့်ပေးရမည်ဖြစ်ပြီး အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းကို တက်ရောက် စေရမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ဖြေကြားပေးသည့်ဌာန - ပြည်ထောင်စုရာထူးဝန်အဖွဲ့

နိုင်ငံ့ဝန်ထမ်းတစ်ဦးအား ရာထူးတိုးမြှင့်ရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ် ပို့ချသည့် သက်ဆိုင်ရာ သင်တန်းများ တက်ရောက်ဖူးရမည့်အပြင် နိုင်ငံခြားသင်တန်းများ တက်ရောက်ဖူးသူများကိုသာ ဦးစားပေး ဆောင်ရွက်မည် ဟု ဦးစီး/ လုပ်ငန်းဌာနများ အနေဖြင့် မူဝါဒ ချမှတ်ခွင့် ရှိပါသလား သိရှိလိုပါသည်။ ထိုသို့ ချမှတ် ဆောင်ရွက်ခွင့် ရှိပါက အသက်အရွယ်ကြီးရင့်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရာထူးတက်နိုင်မည့် အခွင့်အရေး လွန်စွာနည်းပါးသွားမည်ကို စိုးရိမ်မိပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ် ပါသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၉ ရှင်းလင်းချက်အရ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ၃၀-၆-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် ၅ (ခ) အရလည်းကောင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသည် အဆိုပြု လာသည့် ပြည်ပသင်တန်းများသို့ တက်ရောက်ရန် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်း များကိုသာ ရွေးချယ်အဆိုပြု၍ နိုင်ငံခြားပညာတော် သင်စိစစ်ရွေးချယ် စေလွှတ်ရေးကော်မတီ၏ ထောက်ခံတင်ပြမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ သွားရောက်စေခြင်းဖြစ်၍ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် အကျုံးဝင်ခြင်း မရှိသည့်အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဖွင့်လှစ်ပို့ချသည့် “သက်ဆိုင်ရာ သင်တန်းများ တက်ရောက်ဖူးရမည့်အပြင် နိုင်ငံခြား သင်တန်းများ တက်ရောက်ဖူးသူများကိုသာ ဦးစားပေး ဆောင်ရွက် ရမည်” ဟု မူဝါဒ ချမှတ်ဆောင်ရွက်ရန် မသင့်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည်။

ဖြေကြားပေးသည့်ဌာန - ပြည်ထောင်စုရာထူးဝန်အဖွဲ့

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းရေးရာကိစ္စများတွင် နစ်နာဆုံးရှုံးမှု များရှိပါက မည်သည့်အဖွဲ့အစည်းထံ တင်ပြခွင့် ရှိပါသလဲ သိရှိလိုပါသဖြင့် ဖြေကြားပေး နိုင်ပါရန် တင်ပြအပ်ပါသည်။

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းရေးရာ ကိစ္စရပ် များတွင် နစ်နာဆုံးရှုံးမှုများရှိပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးထံသို့ တင်ပြရမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည်။

 

ဖြေကြားပေးသည့်ဌာန - ပြည်ထောင်စုရာထူးဝန်အဖွဲ့

တန်းစီဇယားတွင် ထားရှိသော ဝန်ထမ်းကို ကျော်လွန်၍ နောက်ဝန်ထမ်းအား ရာထူးတိုးဖြေဆိုစေ၍ ရာထူးတိုးမြှင့်ပေးခွင့်ရှိပါသလား သိရှိလိုပါသည်။

တန်းစီဇယားသက်တမ်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၄၂ တွင် သတ်မှတ်ထား သည့်အတိုင်း ဆောင်ရွက်ရမည်ဖြစ်၍ တန်းစီဇယား သက်တမ်းအတွင်းရှိနေသော ဝန်ထမ်း ကို ကျော်လွန်၍ တန်းစီဇယားပြင်ပရှိ ဝန်ထမ်းအား ရာထူးတိုးဖြေဆိုစေ၍ ရာထူးတိုးမြှင့်ပေးခွင့်မရှိပါ။ 

ဖြေကြားပေးသည့်ဌာန - ပြည်ထောင်စုရာထူးဝန်အဖွဲ့

လုပ်ငန်းလိုအပ်ချက်အရ တွဲဖက် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းတစ်ဦးအား မိခင်ဌာန၌ တာဝန်ထမ်းဆောင်ခြင်းမရှိသည့်အတွက် ရာထူးတိုး စာမေးပွဲဖြေဆိုခွင့်ရရှိသော်လည်း တွဲဖက်တာဝန် ထမ်းဆောင်စဉ် ကာလ အတွင်း ရာထူးတိုးခံစားခွင့် မရရှိဘဲ မိခင်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်မှသာ ရာထူးတိုး ခံစားခွင့် ရှိပါသလား။

လုပ်ငန်းလိုအပ်ချက်အရ အခြားဌာနတွင် တွဲဖက် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းသည် မိခင်ဌာနတွင် တာဝန်ထမ်းဆောင်ခြင်း မရှိ သော်လည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်း ဥပဒေ ၇ နည်းဥပဒေခွဲ (ဂ) အရ ၎င်း၏ ရာထူးအနွယ် သည် မူလရာထူးအနွယ် တွင် တည်ရှိနေမည်ဖြစ်၍ သတ်မှတ်ထားသော ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်းနှင့်ရာထူးသက် တို့နှင့် ပြည့်စုံပါက ရာထူးတိုးဖြေဆိုခွင့်ရှိပြီး တန်းစီဇယားအတွင်း ရာထူး တိုးမြှင့်ပေးရန်အလှည့်ကျရောက်ပါက ဌာနတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နည်းတူ ရာထူးတိုးခံစားခွင့် ပြုရမည် ဖြစ်ပါသည်။

ဖြေကြားပေးသည့်ဌာန - ပြည်ထောင်စုရာထူးဝန်အဖွဲ့