သတင်းများ

အီဘိုလာကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဟု WHO ပြော
လက်ရှိဖြစ်ပွားလျက်ရှိသော အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုအတွင်း သေဆုံးဖွယ်ရှိသူအရေအတွက် ၂၂၀ ရှိလာကြောင်း၊ရောဂါကူးစက်မှုများကို ရှာဖွေရာတွင်မြန်ဆန်မှု မရှိခြင်းကြောင့် အဆိုပါကပ်ရောဂါကိုထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ညွှန်ကြားရေးမှူးချုပ်က မေလ ၂၅ ရက်တွင်ပြောသည်။"ကျွန်တော်တို့အနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပေမယ့်လည်းအခုအချိန်ထိတော့ အဲဒီကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး"ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ထို့ပြင် ကွန်ဂိုနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေလျက်ရှိသည့် အခြားနိုင်ငံများအနေဖြင့် အရေးပေါ်ဆောင်ရွက်ချက်များ ချက်ချင်းလုပ်ဆောင်ရန် ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းထားသည်။ကွန်ဂိုနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော ယူဂန်ဒါနိုင်ငံ၌ မေလ ၂၅ ရက်နံနက်ပိုင်းအထိ အီဘိုလာရောဂါဖြစ်ပွားသူ ခုနစ်ဦးအထိရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများကထုတ်ပြန်ထားသည်။ ယခုကူးစက်ပျံ့နှံ့နေသော အီဘိုလာရောဂါသည် Bundibugyoမျိုးကွဲဖြစ်ပြီး နိုင်ငံတကာအနေဖြင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာထားသည်။ MWD

    လက်ရှိဖြစ်ပွားလျက်ရှိသော အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုအတွင်း သေဆုံးဖွယ်ရှိသူအရေအတွက် ၂၂၀ ရှိလာကြောင်း၊ရောဂါကူးစက်မှုများကို ရှာဖွေရာတွင်မြန်ဆန်မှု မရှိခြင်းကြောင့် အဆိုပါကပ်ရောဂါကိုထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ညွှန်ကြားရေးမှူးချုပ်က မေလ ၂၅ ရက်တွင်ပြောသည်။

"ကျွန်တော်တို့အနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပေမယ့်လည်းအခုအချိန်ထိတော့ အဲဒီကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး"ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ထို့ပြင် ကွန်ဂိုနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေလျက်ရှိသည့် အခြားနိုင်ငံများအနေဖြင့် အရေးပေါ်ဆောင်ရွက်ချက်များ ချက်ချင်းလုပ်ဆောင်ရန် ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းထားသည်။

ကွန်ဂိုနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော ယူဂန်ဒါနိုင်ငံ၌ မေလ ၂၅ ရက်နံနက်ပိုင်းအထိ အီဘိုလာရောဂါဖြစ်ပွားသူ  ခုနစ်ဦးအထိရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများကထုတ်ပြန်ထားသည်။ ယခုကူးစက်ပျံ့နှံ့နေသော အီဘိုလာရောဂါသည် Bundibugyoမျိုးကွဲဖြစ်ပြီး နိုင်ငံတကာအနေဖြင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာထားသည်။         

MWD

ပြည်ပသို့ ဆေးကုသမှုခံယူရန် ကြန့်ကြာမှုကြောင့် ဂါဇာတွင် နေ့စဉ် လူနာငါးဦးမှ ခုနစ်ဦးအထိ သေဆုံး
ဂါဇာ မေ ၂၅ပြည်ပသို့ ဆေးကုသမှုခံယူရန် နှောင့်နှေးကြန့်ကြာနေသည့်အတွက် ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ် လူနာငါးဦးမှ ခုနစ်ဦးအထိ သေဆုံးနေကြောင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက မေ ၂၄ ရက် တွင် ပြောသည်။လွှဲပြောင်းကုသမှုခံယူရန် လူနာပေါင်း ၁၈၀၀၀ ကျော်ရှိဂါဇာကမ်းမြောင်ပြင်ပရှိ အထူးကုဆေးဘက်ဆိုင်ရာ စင်တာများတွင် လွှဲပြောင်းကုသမှုခံယူရန် လိုအပ်သော လူနာပေါင်း ၁၈၀၀၀ ကျော်ရှိသည်ဟု ပါလက်စတိုင်းလခြမ်းနီအဖွဲ့၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဘာရှာမူရတ်က ပြောသည်။အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများကိုသာ ကုသမှုများ လုပ်ဆောင်နေရလက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဆေးရုံ ၂၉ ခုမှာ လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် ကျန်းမာရေးကဏ္ဍမှာ ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း မူရတ်က ပြောသည်။ ထို့အပြင် အခြားသောဆေးရုံများတွင်လည်း ဆေးနှင့် ဆေးပစ္စည်းများမှာ လုံလောက်စွာမရှိတော့သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများကိုသာ ဦးစားပေးကုသမှုများ လုပ်ဆောင်နေရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေပြီး လူနာထောင်ပေါင်းများစွာ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိကြောင်း သတိပေးပြောကြားထားသည်။ ပိတ်ဆို့မှုများနှင့် အစားအစာပြတ်လပ်မှုများကြောင့် ဂါဇာကမ်းမြောင်တွင် နေထိုင်သူများမှာ အလွန်ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ဆိုးရွားမြဲ ဆိုးရွားနေဆဲဖြစ်၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရပ်စဲမှု စတင်အသက်ဝင်ခဲ့သော်လည်း လူဦးရေ နှစ်သန်းကျော်နေထိုင်သော ဂါဇာကမ်းမြောင်ရှိ လူနေမှုဘဝအခြေအနေများမှာ ဆိုးရွားမြဲ ဆိုးရွားနေဆဲဖြစ်ကြောင်း သိရသည်။ ဆင်ဟွာMDN

ဂါဇာ  မေ  ၂၅

ပြည်ပသို့ ဆေးကုသမှုခံယူရန် နှောင့်နှေးကြန့်ကြာနေသည့်အတွက် ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ် လူနာငါးဦးမှ ခုနစ်ဦးအထိ သေဆုံးနေကြောင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက မေ ၂၄ ရက် တွင် ပြောသည်။

လွှဲပြောင်းကုသမှုခံယူရန် လူနာပေါင်း ၁၈၀၀၀ ကျော်ရှိ

ဂါဇာကမ်းမြောင်ပြင်ပရှိ   အထူးကုဆေးဘက်ဆိုင်ရာ  စင်တာများတွင်  လွှဲပြောင်းကုသမှုခံယူရန် လိုအပ်သော လူနာပေါင်း ၁၈၀၀၀ ကျော်ရှိသည်ဟု ပါလက်စတိုင်းလခြမ်းနီအဖွဲ့၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဘာရှာမူရတ်က ပြောသည်။

အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများကိုသာ ကုသမှုများ လုပ်ဆောင်နေရ

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဆေးရုံ  ၂၉ ခုမှာ လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် ကျန်းမာရေးကဏ္ဍမှာ ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း မူရတ်က ပြောသည်။ ထို့အပြင် အခြားသောဆေးရုံများတွင်လည်း ဆေးနှင့် ဆေးပစ္စည်းများမှာ လုံလောက်စွာမရှိတော့သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများကိုသာ   ဦးစားပေးကုသမှုများ   လုပ်ဆောင်နေရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေပြီး  လူနာထောင်ပေါင်းများစွာ၏  အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိကြောင်း သတိပေးပြောကြားထားသည်။  ပိတ်ဆို့မှုများနှင့် အစားအစာပြတ်လပ်မှုများကြောင့် ဂါဇာကမ်းမြောင်တွင် နေထိုင်သူများမှာ အလွန်ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဆိုးရွားမြဲ  ဆိုးရွားနေဆဲဖြစ်

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရပ်စဲမှု စတင်အသက်ဝင်ခဲ့သော်လည်းလူဦးရေ နှစ်သန်းကျော်နေထိုင်သော ဂါဇာကမ်းမြောင်ရှိ လူနေမှုဘဝအခြေအနေများမှာ  ဆိုးရွားမြဲ  ဆိုးရွားနေဆဲဖြစ်ကြောင်း သိရသည်။                    

ဆင်ဟွာ

MDN

နေပြည်တော်ပြည်သူ့ဆေးရုံကြီးခုတင်(၃၀၀)တွင် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစစ်ဆေးခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေး
နေပြည်တော် မေ ၂၅ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၃၀၀)တွင် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစစ်ဆေးခြင်းကို အထူးကု ဆရာဝန်(သားဖွားမီးယပ်)နှင့် ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ် သောကြာနေ့တိုင်း အသက် ၂၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။သတင်းစဉ်MDN

နေပြည်တော် မေ ၂၅

နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၃၀၀)တွင် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစစ်ဆေးခြင်းကို အထူးကု ဆရာဝန်(သားဖွားမီးယပ်)နှင့် ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ် သောကြာနေ့တိုင်း အသက် ၂၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

ရေးမြို့နယ်၌ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်း ဖွင့်လှစ်
ရေး မေ ၂၅ မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လူထုကျန်းမာရေး လုပ်သား (အကျဉ်းချုံး) သင်တန်း တတိယအသုတ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ (ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အမှာစကား ပြောကြားပေးပြီး ရေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးထက်က လူထုကျန်းမာရေး လုပ်သားများအနေဖြင့် ပို့ချပေးသည့် ပညာရပ်ဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိ ထိရောက်စွာ ပြန်လည် အသုံးချစေလိုကြောင်းနှင့် ပြည်သူလူထုကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ စေတနာ့ကျန်းမာရေးဝန်ထမ်း သင်တန်းသားဦးရေ ၆၀ အား ကျန်းမာရေးဆိုင်ရာပညာရပ်များကို မေ ၂၅ ရက်မှ စတင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ရှင်းသန့်ဖြူMDN

ရေး မေ ၂၅

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လူထုကျန်းမာရေး လုပ်သား (အကျဉ်းချုံး) သင်တန်း တတိယအသုတ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ (ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အမှာစကား ပြောကြားပေးပြီး ရေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးထက်က လူထုကျန်းမာရေး လုပ်သားများအနေဖြင့် ပို့ချပေးသည့် ပညာရပ်ဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိ ထိရောက်စွာ ပြန်လည် အသုံးချစေလိုကြောင်းနှင့် ပြည်သူလူထုကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ စေတနာ့ကျန်းမာရေးဝန်ထမ်း သင်တန်းသားဦးရေ ၆၀ အား ကျန်းမာရေးဆိုင်ရာပညာရပ်များကို မေ ၂၅ ရက်မှ စတင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှင်းသန့်ဖြူ

အဝလွန်ခြင်းသည် ဦးနှောက်ကို မြန်မြန်အိုမင်းစေနိုင်
ဦးနှောက်ကို အိုမင်းစေသည့်အချက်များထဲတွင် အဝလွန်ခြင်းသည် ယခင်ကသိထားသည်ထက် ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ထုတ်လိုက်သည်။အသက်အရွယ်ကိုလိုက်၍ မှတ်ဉာဏ်နှင့်အတွေးများ ပြောင်းလဲသွားခြင်းမှာ ပုံမှန်ဖြစ်သည်။ အသက်ကြီးလာချိန်တွင် နာမည်များ၊ သတင်းအချက်အလက်များ ပြန်လည်မှတ်မိရန် သို့မဟုတ် အာရုံစူးစိုက်နိုင်ရန် အချိန်ပိုယူရသည်။ ကျန်းမာသော သက်ကြီးရွယ်အိုများတွင်မူ ထိုအဆင့်များမှာ ဖြည်းဖြည်းချင်းဖြစ်လာသည်။ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ အဝလွန်ခြင်းသည် အသက်ကြီးလာသည့်အချိန်တွင် ထိုကဲ့သို့သောလက္ခဏာများကို ပို၍မြန်မြန်ဖြစ်လာစေနိုင်သည်ဟုဆိုသည်။ အလားတူ ဇီဝပြောင်းလဲမှုဖြစ်စဉ်များ၊ သွေးလှည့်ပတ်မှုနှင့် ရောင်ရမ်းမှုများသည်လည်း ဦးနှောက်ကို အိုမင်းမှုနှင့် ဆက်စပ်နေသည့်သက်သေများ ပိုမိုတွေ့လာရသည်ဟု အဆိုပါလေ့လာမှု က ဆိုသည်။လေ့လာမှုကို ဦးဆောင်ခဲ့သော ဂျော်ဂျီယာတက္ကသိုလ် လူထုကျန်းမာရေးကောလိပ်မှ လက်ထောက်ပါမောက္ခ ဆုဟန်ဆုန်းက “လူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်ဆိုရင် နောက်နှစ်နှစ်အတွင်းမှာ ဦးနှောက်ပိုင်းဆိုင်ရာကျဆင်းမှု သိသိသာသာနှေးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့အချိန်မှာ ကောင်းကောင်းနေနိုင်ဖို့အတွက် ကိုယ်အလေးချိန်က အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်နေတယ်ဆိုတာကို အလွယ်တကူမြင်နိုင်စေပါတယ်”ဟု ရှင်းပြသည်။အဆိုပါသုတေသနကို အသက် ၆၅ နှစ်အထက် လူကြီးများနှင့် ရှစ်နှစ်တိုင်တိုင်လေ့လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။Ref: scitechdailyMDN

ဦးနှောက်ကို အိုမင်းစေသည့်အချက်များထဲတွင် အဝလွန်ခြင်းသည် ယခင်ကသိထားသည်ထက် ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း  လေ့လာမှုအသစ်တစ်ခုက ဖော်ထုတ်လိုက်သည်။

အသက်အရွယ်ကိုလိုက်၍ မှတ်ဉာဏ်နှင့်အတွေးများ ပြောင်းလဲသွားခြင်းမှာ ပုံမှန်ဖြစ်သည်။ အသက်ကြီးလာချိန်တွင် နာမည်များ၊ သတင်းအချက်အလက်များ   ပြန်လည်မှတ်မိရန် သို့မဟုတ် အာရုံစူးစိုက်နိုင်ရန် အချိန်ပိုယူရသည်။ ကျန်းမာသော သက်ကြီးရွယ်အိုများတွင်မူ   ထိုအဆင့်များမှာ  ဖြည်းဖြည်းချင်းဖြစ်လာသည်။

ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ အဝလွန်ခြင်းသည် အသက်ကြီးလာသည့်အချိန်တွင် ထိုကဲ့သို့သောလက္ခဏာများကို   ပို၍မြန်မြန်ဖြစ်လာစေနိုင်သည်ဟုဆိုသည်။  အလားတူ ဇီဝပြောင်းလဲမှုဖြစ်စဉ်များ၊ သွေးလှည့်ပတ်မှုနှင့် ရောင်ရမ်းမှုများသည်လည်း ဦးနှောက်ကို အိုမင်းမှုနှင့် ဆက်စပ်နေသည့်သက်သေများ ပိုမိုတွေ့လာရသည်ဟု   အဆိုပါလေ့လာမှု က ဆိုသည်။

လေ့လာမှုကို ဦးဆောင်ခဲ့သော ဂျော်ဂျီယာတက္ကသိုလ် လူထုကျန်းမာရေးကောလိပ်မှ လက်ထောက်ပါမောက္ခ ဆုဟန်ဆုန်းက “လူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်ဆိုရင် နောက်နှစ်နှစ်အတွင်းမှာ ဦးနှောက်ပိုင်းဆိုင်ရာကျဆင်းမှု သိသိသာသာနှေးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့အချိန်မှာ ကောင်းကောင်းနေနိုင်ဖို့အတွက် ကိုယ်အလေးချိန်က အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်နေတယ်ဆိုတာကို အလွယ်တကူမြင်နိုင်စေပါတယ်”ဟု   ရှင်းပြသည်။

အဆိုပါသုတေသနကို အသက် ၆၅ နှစ်အထက်   လူကြီးများနှင့်   ရှစ်နှစ်တိုင်တိုင်လေ့လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ref: scitechdaily

အာဖရိကဒေသတွင်း  အီဘိုလာရောဂါကူးစက်မှုအား တုံ့ပြန်ဆောင်ရွက်
အဒစ်အဘာဘာ မေ ၂၄အာဖရိကဒေသအတွင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာရောဂါပျံ့နှံ့နေခြင်းအား တုံ့ပြန်ဆောင်ရွက်ရန် အာဖရိက ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာက တာဝန်ရှိသူများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ စတင်ဖြစ်ပွားသည့် မေ ၁၅ ရက်မှစတင်၍ ရောဂါကူးစက်ခံရသူ ၇၄၅ ဦးနှင့် သေဆုံးသူ ၁၇၆ ဦးရှိခဲ့ကြောင်း စင်တာညွှန်ကြားရေးမှူးချုပ် ယွန်ကတ်ဆီယာက ပြောကြားသည်။ လက်ရှိတွင် ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံနှစ်နိုင်ငံနှင့် ရောဂါ ကူးစက်နိုင်ခြေရှိသည့် နိုင်ငံ ၁၀ နိုင်ငံရှိကြောင်း ၎င်းက ပြောကြားသည်။ ရောဂါကူးစက်မှုအခြေအနေများအရ အခြားဒေသတွင်းနိုင်ငံများမှာ ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများနှင့် နယ်နိမိတ်ကွာဝေးသောကြောင့် ၎င်းနိုင်ငံများအား ရောဂါကူးစက်နိုင်ခြေများသည့် နိုင်ငံများဟု သတ်မှတ်၍မရကြောင်း ၎င်းက ပြောကြားသည်။ဒေသတွင်းနိုင်ငံများတွင် ဆေးဝါးဆိုင်ရာ အရင်းအမြစ်များမရှိခြင်း၊ လူများရွှေ့ပြောင်းသွားလာမှုရှိခြင်းအပါအဝင် ရောဂါကာကွယ်ရေးဆောင်ရွက်ရာတွင် အားနည်းကြောင်း ၎င်းက ပြောကြားသည်။ အာဖရိကတိုက်သည် လက်ရှိတွင် ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရန် အမေရိကန်ဒေါ်လာ ၃၁၉ သန်းခန့် လိုအပ်ပြီး ၎င်းအနက် ဒေါ်လာ ၂၆၅ သန်းမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါတို့တွင် တုံ့ပြန်ရေးဆောင်ရွက်မှုများကို ပံ့ပိုးရန်အတွက်ဖြစ်ပြီး ဒေါ်လာ ၅၄ သန်းမှာ ရောဂါကူးစက်နိုင်ခြေရှိသည့် နိုင်ငံ ၁၀ နိုင်ငံတွင် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ကိုးကား - ဆင်ဟွာဘာသာပြန် - စိုးသူရMDN

အဒစ်အဘာဘာ  မေ  ၂၄

အာဖရိကဒေသအတွင်းရှိ  ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့်  ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာရောဂါပျံ့နှံ့နေခြင်းအား တုံ့ပြန်ဆောင်ရွက်ရန် အာဖရိက ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာက တာဝန်ရှိသူများအား  ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ စတင်ဖြစ်ပွားသည့် မေ ၁၅ ရက်မှစတင်၍ ရောဂါကူးစက်ခံရသူ ၇၄၅ ဦးနှင့် သေဆုံးသူ ၁၇၆ ဦးရှိခဲ့ကြောင်း စင်တာညွှန်ကြားရေးမှူးချုပ် ယွန်ကတ်ဆီယာက ပြောကြားသည်။ လက်ရှိတွင် ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံနှစ်နိုင်ငံနှင့် ရောဂါ ကူးစက်နိုင်ခြေရှိသည့်  နိုင်ငံ ၁၀ နိုင်ငံရှိကြောင်း ၎င်းက ပြောကြားသည်။ ရောဂါကူးစက်မှုအခြေအနေများအရ အခြားဒေသတွင်းနိုင်ငံများမှာ ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများနှင့် နယ်နိမိတ်ကွာဝေးသောကြောင့် ၎င်းနိုင်ငံများအား ရောဂါကူးစက်နိုင်ခြေများသည့် နိုင်ငံများဟု  သတ်မှတ်၍မရကြောင်း ၎င်းက ပြောကြားသည်။

ဒေသတွင်းနိုင်ငံများတွင် ဆေးဝါးဆိုင်ရာ အရင်းအမြစ်များမရှိခြင်း၊ လူများရွှေ့ပြောင်းသွားလာမှုရှိခြင်းအပါအဝင် ရောဂါကာကွယ်ရေးဆောင်ရွက်ရာတွင် အားနည်းကြောင်း ၎င်းက ပြောကြားသည်။  အာဖရိကတိုက်သည် လက်ရှိတွင် ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရန် အမေရိကန်ဒေါ်လာ ၃၁၉ သန်းခန့် လိုအပ်ပြီး ၎င်းအနက် ဒေါ်လာ ၂၆၅ သန်းမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါတို့တွင် တုံ့ပြန်ရေးဆောင်ရွက်မှုများကို ပံ့ပိုးရန်အတွက်ဖြစ်ပြီး ဒေါ်လာ ၅၄ သန်းမှာ ရောဂါကူးစက်နိုင်ခြေရှိသည့် နိုင်ငံ ၁၀ နိုင်ငံတွင် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
နေပြည်တော် မေ ၂၄ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အားလုံး၌ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ကျားပိုးလောက်လမ်း နှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လမ်း သေဆေး(အဘိတ်)ခတ်ခြင်း လုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါများ မဖြစ်စေရန် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာ မျှဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။ ထို့နောက် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် မိုးကောင်း ဓမ္မာရုံ၌ သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ မျက်စိရောဂါအထူးကု ဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ် ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများက ဉာဏ်ရည်တု(AI) နည်းပညာသုံး မျက်စိစမ်းသပ် စစ်ဆေးပေးမှု တို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်MDN

နေပြည်တော် မေ ၂၄

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အားလုံး၌ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ကျားပိုးလောက်လမ်း နှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လမ်း သေဆေး(အဘိတ်)ခတ်ခြင်း လုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါများ မဖြစ်စေရန် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာ မျှဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။

ထို့နောက် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် မိုးကောင်း ဓမ္မာရုံ၌ သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ မျက်စိရောဂါအထူးကု ဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ် ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများက ဉာဏ်ရည်တု(AI) နည်းပညာသုံး မျက်စိစမ်းသပ် စစ်ဆေးပေးမှု တို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်
နေပြည်တော် မေ ၂၄ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ မိုးရာသီတွင်ဖြစ်ပွား တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လမ်းသေဆေး(အဘိတ်)ခတ်ခြင်း လုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါများ မဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာမျှဝေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ထို့နောက် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် မိုးကောင်းဓမ္မာရုံ၌ သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက ဉာဏ်ရည်တု (AI)နည်းပညာသုံး မျက်စိစမ်းသပ်စစ်ဆေး ပေးမှုတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်   မေ    ၂၄

     ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့်   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌   မိုးရာသီတွင်ဖြစ်ပွား တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို  ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လမ်းသေဆေး(အဘိတ်)ခတ်ခြင်း လုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါများ မဖြစ်စေရန်  ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာမျှဝေခြင်း လုပ်ငန်းများ   ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်  မိုးကောင်းဓမ္မာရုံ၌  သန်လျင်ပြည်သူ့ဆေးရုံကြီးမှ  ‌ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများက  ကျန်းမာရေးစောင့်ရှောက်ပေးနေမှု မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက ဉာဏ်ရည်တု (AI)နည်းပညာသုံး မျက်စိစမ်းသပ်စစ်ဆေး ပေးမှုတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ 

ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကွင်းဆင်းကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
နေပြည်တော် မေ ၂၄ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကွင်းဆင်းကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပျဉ်းမနားဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီးအဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ဘိုးဘွားရိပ်သာရှိ အဘိုး ၁၃ ဦး၊ အဘွား ၂၈ ဦး စုစုပေါင်း ၄၁ ဦးတို့ကို စစ်ဆေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။မြို့နယ်(ပြန်/ဆက်)MDN

နေပြည်တော် မေ ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကွင်းဆင်းကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပျဉ်းမနားဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီးအဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ဘိုးဘွားရိပ်သာရှိ အဘိုး ၁၃ ဦး၊ အဘွား ၂၈ ဦး စုစုပေါင်း ၄၁ ဦးတို့ကို စစ်ဆေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

အင်ဒိုနီးရှားနိုင်ငံ၏ အာဟာရပြည့်အစားအစာကျွေးမွေးရေးအစီအစဉ်က လူပေါင်း ၆၂ ဒသမ ၄ သန်းကျော်အထိ အကျိုးခံစားခွင့်ရှိလာ
ဂျကာတာ မေ ၂၄အင်ဒိုနီးရှားနိုင်ငံ၏ အာဟာရပြည့်အစားအစာ ကျွေးမွေးရေးအစီအစဉ်သည် ကျောင်းသား ကျောင်းသူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၆၂ ဒသမ ၄ သန်းကျော် အကျိုးခံစားခွင့်ရှိလာပြီဖြစ်ကြောင်း မေ ၂၃ ရက်တွင် ထုတ်ပြန် သော အစိုးရအချက်အလက်များအရ သိရသည်။အင်ဒိုနီးရှားအစိုးရသည် အသက်ငယ်ရွယ်ချိန်မှစတင်ကာ အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုအားကောင်းစေရန်နှင့် လူသားအရင်းအမြစ် အရည်အသွေးမြှင့်တင်နိုင်ရန် အာဟာရပြည့်အစားအစာကျွေးမွေးရေးအစီအစဉ်ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား အဆင့်အာဟာရဆိုင်ရာအေဂျင်စီက ပြောသည်။အကျိုးခံစားခွင့်ရှိသူများအနက် ကျောင်းသား ကျောင်းသူများ အများဆုံးဖြစ်ပြီး စုစုပေါင်း ၄၈ ဒသမ ၃၅ သန်းရှိကြောင်း၊ ယင်းပမာဏမှာ အင်ဒိုနီးရှားတစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း၏ ၇၆ ဒသမ ၁ ရာခိုင်နှုန်းအထိရှိကြောင်း အဆိုပါအေဂျင်စီက ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် စတင်ခဲ့သော အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းလည်ပတ်သော အာဟာရဆိုင်ရာဝန်ဆောင်မှုဌာနပေါင်း ၂၉၀၀၀ ခန့်မှတစ်ဆင့် ထမင်း အနပ်ပေါင်း ၈ ဒသမ ၃ ဘီလီယံအထိ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။အချက်အလက်များအရ ယင်းအစီအစဉ်သည် စာသင်ကျောင်းပေါင်း ၃၇၀၀၀၀ ကျော်အထိ အကျိုးခံစားခွင့်ရှိကြောင်း၊ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ဖြန့်ဝေဆောင်ရွက်ခြင်းတို့တွင် လုပ်သားပေါင်း ၁ ဒသမ ၂၈ သန်းဖြင့် လုပ်ကိုင်ဆောင်ရွက်ရကြောင်း သိရသည်။ဆင်ဟွာMDN

ဂျကာတာ   မေ  ၂၄

အင်ဒိုနီးရှားနိုင်ငံ၏ အာဟာရပြည့်အစားအစာ ကျွေးမွေးရေးအစီအစဉ်သည် ကျောင်းသား ကျောင်းသူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊   နို့တိုက်မိခင်များအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၆၂ ဒသမ ၄ သန်းကျော် အကျိုးခံစားခွင့်ရှိလာပြီဖြစ်ကြောင်း မေ ၂၃ ရက်တွင် ထုတ်ပြန် သော အစိုးရအချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှားအစိုးရသည် အသက်ငယ်ရွယ်ချိန်မှစတင်ကာ အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုအားကောင်းစေရန်နှင့် လူသားအရင်းအမြစ်  အရည်အသွေးမြှင့်တင်နိုင်ရန် အာဟာရပြည့်အစားအစာကျွေးမွေးရေးအစီအစဉ်ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား အဆင့်အာဟာရဆိုင်ရာအေဂျင်စီက ပြောသည်။

အကျိုးခံစားခွင့်ရှိသူများအနက် ကျောင်းသား ကျောင်းသူများ  အများဆုံးဖြစ်ပြီး  စုစုပေါင်း ၄၈ ဒသမ   ၃၅  သန်းရှိကြောင်း၊  ယင်းပမာဏမှာ အင်ဒိုနီးရှားတစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း၏  ၇၆  ဒသမ  ၁ ရာခိုင်နှုန်းအထိရှိကြောင်း အဆိုပါအေဂျင်စီက ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် စတင်ခဲ့သော အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းလည်ပတ်သော အာဟာရဆိုင်ရာဝန်ဆောင်မှုဌာနပေါင်း ၂၉၀၀၀ ခန့်မှတစ်ဆင့် ထမင်း အနပ်ပေါင်း ၈ ဒသမ ၃   ဘီလီယံအထိ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အချက်အလက်များအရ ယင်းအစီအစဉ်သည် စာသင်ကျောင်းပေါင်း ၃၇၀၀၀၀ ကျော်အထိ အကျိုးခံစားခွင့်ရှိကြောင်း၊ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ဖြန့်ဝေဆောင်ရွက်ခြင်းတို့တွင် လုပ်သားပေါင်း ၁ ဒသမ ၂၈ သန်းဖြင့် လုပ်ကိုင်ဆောင်ရွက်ရကြောင်း သိရသည်။