အဒစ္စအဘာဘာ ဇွန် ၂
အာဖရိကထိပ်တန်း လေကြောင်းလိုင်းဖြစ်သော အီသီယိုးပီးယား လေကြောင်းလိုင်းသည် နိုင်ငံ၏ မြို့တော် အဒစ္စအဘာဘာမှ မောရစ်ရှပ်စ်နိုင်ငံမြို့တော် ပေါ့သ် လူဝီမြို့သို့ တစ်ပတ်လျှင် သုံးကြိမ် ခရီးသည်တင်လေကြောင်း ခရီးစဉ်သစ်ကိုလာမည့် ဇူလိုင် ၁၂ ရက်မှ စတင်ကာ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ဇွန် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မောရစ်ရှပ်စ်နိုင်ငံသို့ ခရီးသည်တင်လေကြောင်း ပျံသန်းပြေးဆွဲမှုသည် အာဖရိကတိုက်အတွင်း ပေါင်းစည်းချိတ်ဆက်မှုကို ပိုမို နက်ရှိုင်းစေရန်နှင့် အရှေ့တောင် အာဖရိကနှင့် အခြားဒေသများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် လေကြောင်းလိုင်း၏ မဟာဗျူဟာမြောက် ကတိကဝတ်ကို ပေါ်လွင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မောရစ်ရှပ်စ်နိုင်ငံသို့ တိုက်ရိုက် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲ ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ယင်းကဲ့သို့ ပျံသန်း ပြေးဆွဲမှုက အာဖရိကလူမျိုးများနှင့် ကမ္ဘာလှည့်ခရီးသွားများအတွက် သွားလာမှုပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများလည်း ပိုမိုတိုးတက်ကောင်းမွန် လာစေမည်ဖြစ်ကြောင်း အီသီယိုးပီးယား လေကြောင်းလိုင်း အုပ်စု အမှုဆောင်အရာရှိချုပ် မက်ဖင်းတာ ဆူးက ပြောသည်။
ဆင်ဟွာ
MDN

မနီလာ ဇွန် ၂
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ပမ်ပန်ဂါပြည်နယ် အိန်ဂျလိစ်မြို့တွင် ဆောက်လက်စ အဆောက်အအုံပြိုကျမှုမှ သေဆုံးသူ ၂၀ အထိ မြင့်တက်လာကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂ ရက်တွင် ပြောသည်။
ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက်မှ ရုပ်အလောင်းသုံးခု ထပ်မံတွေ့ရှိ သည့်အတွက် သေဆုံးသူအရေအတွက် မြင့်တက်လာခြင်း ဖြစ်သည်။ ဒေသခံမီးဘေး ကာကွယ်ရေးဌာနက အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း ၂၀ သေဆုံးကြောင်း အတည်ပြုထား သည်။ ထို့အပြင် ၂၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးသူ မရှိတော့ကြောင်း ပြောသည်။
ယင်းအဆောက်အအုံသည် ဆောက်လုပ်ရေး လုပ်သားများ အိပ်ပျော်နေစဉ် မေ ၂၄ ရက် နံနက် ၃ နာရီဝန်းကျင်က ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီ၍ အပျက်အစီးများ အောက်ပိတ်မိနေခဲ့ကြောင်း သိရသည်။

မိုနာကိုနိုင်ငံတွင် ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ရာအချို့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးတိုက်ခန်းကို ရောင်းချခဲ့ပြီးနောက် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်းသိရသည်။ ယူကရိန်း၏အချမ်းသာဆုံးပုဂ္ဂိုလ် ရီနတ် အက်ခ်မက်တော့ဗ် ပိုင်ဆိုင်သောကုမ္ပဏီ System Capital Management (SCM) သည် Le Renzo အဆောက်အအုံရှိ အခန်း(၂၁)ခန်းပါသောတိုက်ခန်းကို အမေရိကန်ဒေါ်လာသန်း(၅၀ဝ)ကျော်ဖြင့်ဝယ်ယူခဲ့ပြီးနောက် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ဈေးအကြီးဆုံး တိုက်ခန်းသည် မိုနာကိုကမ်းစပ်ရှိ သီးသန့်အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးတွင်ရှိကာ ဧရိယာစတုရန်း ပေ(၂၆၉၀ဝ) ကျော်ကျယ်ဝန်းပြီး ပင်လယ်ပြင်၏လှပသောမြင်ကွင်းများကို ပေးစွမ်းနိုင်ကြောင်းသိရသည်။ အဆိုပါ တိုက်ခန်းတွင် အခန်း(၂၁)ခန်း၊ သီးသန့်ကားပါကင်နေရာ(၈)ခု၊ မြေထဲပင်လယ်၏ တိုက်ရိုက်မြင်ကွင်းများကိုမြင်တွေ့နိုင်သော လသာဆောင်များစွာ၊ သီးသန့်ရေကူးကန်၊ ပရီမီယံပရိဘောဂများနှင့် ခေတ်မီအိမ်တွင်း အလိုအလျောက်နည်းပညာများပါဝင်ကြောင်း သိရသည်။
ဗာတီကန်စီးတီးပြီးလျှင် ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သော မိုနာကိုနိုင်ငံသည် ကမ္ဘာ့အမြင့်ဆုံးအိမ်ခြံမြေဈေးနှုန်းများထဲမှ အချို့ကိုပိုင်ဆိုင်ထားပြီး ပြီးခဲ့သည့်နှစ်တွင် တစ်စတုရန်းမီတာလျှင် ခန့်မှန်းဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ(၈၂၃၀ဝ)ဒေါ်လာကျော်ရှိကြောင်းသိရသည်။ ထို့ပြင် အဆိုပါတိုက်ခန်း၏ အပြင်အဆင်သည် မြေထဲပင်လယ်ရှိ ဇိမ်ခံတိုက်ခန်းအဆောက်အအုံတစ်ခု၏ အပေါ်ဆုံးရှိ ငါးထပ်အိမ်ကြီးနှင့်ဆင်တူကြောင်းလည်း သိရသည်။
Np News

ဗီယင်ကျန်း ဇွန် ၁
ကယ်ဆယ်ရေးသမားများသည် လာအိုနိုင်ငံအလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုဖြစ်ပွားသော လိုဏ်ဂူတစ်ခုအတွင်း သီတင်းတစ်ပတ်ကျော်ကြာ ပိတ်မိနေသူ ငါးဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသူ နှစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
ကျေးရွာသား ခုနစ်ဦးသည် ရွှေရှာဖွေရန်အတွက် နိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့၏ အရှေ့ မြောက်ဘက် ၁၂၅ ကီလိုမီတာခန့်အကွာ ဆိုင်စမ်ဘွန်းပြည်နယ်ရှိ လိုဏ်ဂူတစ်ခုအတွင်းသို့ မေ ၂၀ ရက်က ဝင်ရောက်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ယင်းနောက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ လိုဏ်ဂူထွက်ပေါက် ပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးသမားများသည် လိုဏ်ဂူအတွင်းရှိ အခန်းငယ်တစ်ခု၌ ကျေးရွာသား ခုနစ်ဦးအနက် ငါးဦးကို မေ ၂၇ ရက်က အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် လိုဏ်ခေါင်းလမ်းကြောင်း များအတွင်း ပိတ်နေသောရေများကို ဖယ်ရှားရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး မေ ၃၀ ရက်တွင် ၎င်းတို့ငါးဦးကို လိုဏ်ဂူပြင်ပသို့ ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးနေသူ နှစ်ဦးမှာ ငါးဦးကို တွေ့ရှိခဲ့သည့်နေရာထက် ပိုမိုအတွင်းကျသော နေရာများသို့ ရောက်ရှိနေနိုင်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားသည်။
ကယ်ဆယ်ရေးအဖွဲ့တွင် ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများမှ ရေငုပ်သမားများပါဝင်ကြောင်း သိရပြီး ယင်းရေငုပ်သမားများအနက် အချို့မှာ ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရေလွှမ်းမိုးမှုဖြစ်ပွားသော လိုဏ်ဂူတစ်ခုအတွင်း ပိတ်မိနေသည့် လူငယ်ဘောလုံးအသင်းဝင်များကို ကယ်ဆယ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

ဇွန် ၂
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားမြို့ရှိ စီးပွားရေးနှင့် လူနေအိမ်ရာရပ်ကွက်တစ်ခုတွင် ဝက်ဝံတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် ဆာဆာကီနိုခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များက တောဝက်ဝံတစ်ကောင်သည် ကုမ္ပဏီတစ်ခု၏ အဆောက်အအုံနှင့် အနီးနားရှိ လူနေရပ်ကွက်တွင် လူများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရသူ လေးဦးသည် သတိရှိနေဆဲဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံမီးသတ်ဌာနက ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် JR Ou Main Line ရှိ ဆာဆာကီနို ဘူတာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်သီတင်းပတ်နောက်ပိုင်း ယင်းဝန်းကျင်တွင် ဝက်ဝံများကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဝက်ဝံကို ဖမ်းဆီးရမိခြင်း မရှိသေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များက အထူးစောင့်ကြည့်သတိထားလျက်ရှိပြီး ဝက်ဝံတိုက်ခိုက်ခံရသည့် နေရာများသို့ သွားရောက်ခြင်းမပြုကြရန်လည်း ဒေသခံပြည်သူများအား တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

Guangzhou Shipyard Interna tional ကုမ္ပဏီသည် EV ယာဉ်များ၊ ဟိုက်ဒရိုဂျင် စွမ်းအင်သုံးယာဉ်များနှင့် ကြီးမားသောထရပ်ကားများအပါအဝင်ယာဉ်အမျိုးမျိုးကို သယ်ယူပို့ဆောင်နိုင်စွမ်းရှိသည့် အရှည်(၂၃၀)မီတာ၊ အကျယ်(၄၀)မီတာရှိသော ကမ္ဘာ့အကြီးဆုံးယာဉ်တင်သင်္ဘောကြီးကို မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့ကြောင်းသိရသည်။ Pure Car and Truck Carrier (PCTC) အဖြစ်ဖော်ပြထား သော Glovis Leader ဟု အမည်ပေးထားသည့် သင်္ဘောအသစ်ကြီးကို တောင်ကိုရီးယားကား ကုမ္ပဏီ ဟွန်ဒိုင်းက မှာယူခဲ့ခြင်းဖြစ်ပြီး China State Shipbuilding Corporation (CSSC) လက်အောက်ရှိ Guangzhou Shipyard International Company Limited နှင့် China Shipbuilding Trading Co. Ltd တို့က သတ်မှတ်ထားသည့် အချိန်ဇယားထက်စောကာ တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Glovis Leader သင်္ဘောကြီးသည် အရှည်(၂၃၀)မီတာ၊ အကျယ် (၄၀)မီတာနှင့် မြန်နှုန်းမှာ(၁၉) knots ရှိကြောင်းလည်းသိရသည်။ ၎င်းတွင် ယာဉ်အစီးရေ(၁၀၈၀ဝ)အထိ တင်ဆောင်နိုင်သော သီးသန့်ကုန်းပတ် (၁၄)ခုပါရှိပြီး တည်ဆောက်ခဲ့ဖူးသမျှထဲတွင် အကြီးဆုံး ယာဉ်တင်သင်္ဘောကြီးဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့အကြီးဆုံးကားနှင့် ထရပ်ကားတင် သင်္ဘောအဖြစ် Höegh Aurora သင်္ဘောက စံချိန်တင်ခဲ့သော်လည်း ၎င်းတွင် ယာဉ်အစီးရေ(၉၁၀ဝ)သာ တင်ဆောင်နိုင်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် Glovis Leader သင်္ဘောကြီးက Höegh Aurora သင်္ဘောထက် သိသိသာသာပိုမိုကြီးမားကာ Höegh Aurora သင်္ဘောက တင်ဆောင်နိုင်သည့် ယာဉ်အစီးရေထက် (၁၇၀ဝ) စီး ပိုများအောင် တင်ဆောင်နိုင်စွမ်းရှိကြောင်းလည်းသိရသည်။

ကွာလာလမ်ပူ ဇွန် ၁
မလေးရှားနိုင်ငံ၌ ယနေ့မှစ၍ အသက် ၁၆ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးစည်းများများ စတင်အာဏာသက်ဝင်နေပြီဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။
မလေးရှားအစိုးရ၏ အဆိုပါ စည်းများများအရ လူမှုမီဒီယာ ကုမ္ပဏီများအနေဖြင့် အသက်အရွယ် ပိုင်းခြားစိစစ်မှုစနစ်များ ကျင့်သုံးရမည်ဖြစ်သည်။
ထို့ပြင် အဆိုပါစည်းမျဉ်းများအရ လူမှုမီဒီယာကုမ္ပဏီများအနေဖြင့် အသက် ၁၆ နှစ်အောက်ကလေးများ ကိုယ်ပိုင်အကောင့်ထားရှိမှုကိုလည်း ပိတ်ပင်ပေးရမည်ဖြစ်သည်။
အသက် ၁၆ နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးစည်းမျဉ်းများ ချိုးဖောက်သည့် ကုမ္ပဏီများအနေဖြင့် ဒဏ်ငွေ မလေးရှားရင်းဂစ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း) ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။
ကလေးသူငယ်များကို အွန်လိုင်းမီဒီယာများ၏ ဆိုးကျိုးများမှ ကာကွယ်ရေးအတွက် အဆိုပါစည်းမျဉ်းများကို ချမှတ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း မလေးရှား တာဝန်ရှိသူများက ပြောကြားထားသည်။
မလေးရှားကဲ့သို့ပင် ဩစတြေးလျ၊ ဘရာဇီး၊ အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ကလေးများ လူမှုမီဒီယာသုံးစွဲခွင့်ကို ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။
ရတနာပုံ

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် အီရန်အမျိုးသား ဘောလုံးအသင်းသည် အမေရိကန်အစိုးရ၏ ပြည်ဝင်ခွင့်ကန့်သတ်ချက်များကြောင့် အမေရိကန်၌ အခြေစိုက်ခွင့်မရဘဲ မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့တွင် စခန်းချကာ ပွဲကစားမည့်ရက်များ၌သာ အသွားအပြန် ခရီးသွားလာ၍ ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်းက ပြောကြားခဲ့သည်။ အမေရိကန် အာဏာပိုင်များက ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမည့် ပြိုင်ပွဲကာလတစ်လျှောက်လုံးတွင် အီရန်အသင်းကို ၎င်းတို့နိုင်ငံ၌ တည်းခိုနေထိုင်ခွင့်မပြုလိုကြောင်းပြောဆိုခဲ့သဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မက္ကဆီကိုအစိုးရထံ ချဉ်းကပ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းကာ အီရန်ကို တိုက်ခိုက်ခဲ့မှုကြောင့် နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နိုင်မည့်အရေးမှာ မရေမရာ ဖြစ်ခဲ့ရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အသင်း လာရောက်ကစားသည်ကို ကြိုဆိုသော်လည်း အသင်းသားများ၏ အသက်အန္တရာယ်နှင့်လုံခြုံရေးအရ အမေရိကန်တွင် ရေရှည်တည်းခိုရန် မသင့်တော်ကြောင်း မတ်လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ဧပြီလအတွင်းက အီရန်နေရာတွင် အီတလီအသင်းနှင့် အစားထိုးရန် အမေရိကန်အထူးသံတမန်တစ်ဦးက အကြံပြုခဲ့သော်လည်း ဖီဖာနှင့် အီတလီတာဝန်ရှိသူများက ပယ်ချခဲ့ကြသည်။ အီရန်အသင်းသည် ပြီးခဲ့သည့်နှစ် အာရှဇုန်ခြေစစ်ပွဲတွင် အုပ်စုပထမရကာ ကမ္ဘာ့ဖလားသို့ လေးကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းဖြစ်သည်။
မက္ကဆီကိုသမ္မတ ရှိန်းဘမ်းက မိမိတို့အနေဖြင့် အီရန်အသင်းကို လက်ခံရန် ငြင်းပယ်စရာအကြောင်းမရှိကြောင်း ပြောကြားခဲ့ပြီးနောက် အီရန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတာ့ဂ်ျကလည်း အသင်း၏အခြေပြုရာနေရာကို အမေရိကန် အရီဇိုးနားပြည်နယ်မှ မက္ကဆီကိုနယ်စပ်မြို့ဖြစ်သော တီဟွာနာ (Tijuana) ရှိ Xoloitzcuintle စင်တာသို့ ပြောင်းရွှေ့ရန် ဖီဖာနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုသို့ ပြောင်းရွှေ့ခြင်းဖြင့် ဗီဇာဆိုင်ရာရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်မည့်အပြင် အီရန် လေကြောင်းလိုင်းများ မက္ကဆီကိုသို့ တိုက်ရိုက်ပျံသန်းမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
အုပ်စု (G) တွင် ကျရောက်နေသည့် အီရန်အသင်းသည် ဇွန် ၁၅ ရက်တွင် နယူးဇီလန်၊ ဇွန် ၂၁ ရက်တွင် ဘယ်လ်ဂျီယံတို့နှင့် လော့စ်အိန်ဂျလိစ်မြို့ ၌လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် အီဂျစ်အသင်းနှင့် ဆီအက်တဲလ်မြို့၌လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အီရန် အားကစားဝန်ကြီး အာမက်ဒွန်ယာမာလီက ယခုအခြေပြုမည့် တီဟွာနာမြို့သည် ပထမဆုံး ပွဲစဉ် နှစ်ပွဲကစားရမည့် လော့စ်အိန်ဂျလိစ်မြို့နှင့် အလွန်နီးကပ်သဖြင့်သွားလာရေးအဆင်ပြေကာ ပြီးခဲ့သည့်လေ့ကျင့်ရေးစခန်းများကဲ့သို့ ဝေးလံသည့်ပြဿနာမျိုးကြုံတွေ့ရတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း မက္ကဆီကို ဘာဟာ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တီဟွာနာမြို့ခံ ကလပ်အသင်းများက အီရန်အသင်း အား မိမိတို့မြို့တွင် အကောင်းဆုံးကြိုဆိုဧည့်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

Meta နှင့် Snapchat, YouTube, TikTok တို့၏ မိခင်ကုမ္ပဏီများသည် လူမှုကွန်ရက်ပလက်ဖောင်းများကြောင့် ကျောင်းသားလူငယ်များအကြား စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပွားရခြင်းဖြစ်ကြောင်းစွပ်စွဲထားသည့် တရားစွဲဆိုမှုကို ဖြေရှင်းရန်အတွက် ဒေါ်လာသန်းပေါင်းများစွာ ပေးလျော်ရန် သဘောတူညီခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ကင်တပ်ကီ (Kentucky) ပြည်နယ်ရှိ ဒေသန္တရပညာရေးဇုန်တစ်ခုက တရားစွဲဆိုထားခြင်းဖြစ်ပြီး ၎င်းအမှုသည် အမေရိကန်တရားရုံးများတွင် ရင်ဆိုင်နေရဆဲဖြစ်သော အလားတူအမှုပေါင်းများစွာထဲမှတစ်ခုဖြစ်ကာ ရှေ့ပြေးဖြစ်ရပ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။
Instagram, Facebook နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီဖြစ်သော Meta Platforms သည် သဘောတူညီချက်အရ ဒေါ်လာ ၉ သန်း ပေးလျော် ရမည်ဖြစ်ကြောင်း အမှုပြေငြိမ်းရေးစာချုပ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက သောကြာနေ့ (မေ ၂၉) တွင် ဖော်ပြခဲ့သည်။ ပူးတွဲ တရားပြိုင်များဖြစ်ကြသည့် Snap Inc နှင့် ByteDance တို့သည်လည်း ယခင်က ဒေါ်လာ ၈ သန်းစီ အသီးသီးပေးလျော်ရန် သဘောတူထားကြပြီးAlphabet ကမူ ဒေါ်လာ ၂ သန်းထက် အနည်းငယ်ပိုမိုပေးလျော်ရန် သဘောတူညီခဲ့ကြောင်း အဆိုပါအစီရင်ခံစာအရ သိရှိရသည်။
ထိုတရားစွဲဆိုမှုကို ကင်တပ်ကီပြည်နယ်ရှိ Breathitt County ဒေသန္တရပညာရေးဇုန်က လွန်ခဲ့သည့် ကြာသပတေးနေ့ (မေ ၂၈) တွင် စတင်စွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်က အစပိုင်းတွင် နစ်နာကြေးအဖြစ် ဒေါ်လာ သန်း ၆၀ ကျော် တောင်းဆိုခဲ့သည်။ အဆိုပါကုမ္ပဏီများသည် လူငယ် အသုံးပြုသူများကို စွဲလမ်းစေရန်အတွက် ၎င်းတို့၏ ပလက်ဖောင်းများကို တမင်တကာပုံစံထုတ်လုပ်ထားပြီး စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုယ်နာကျင်အောင်ပြုလုပ်ခြင်းအပါအဝင် ပြဿနာများကို ဖြစ်ပွားစေသည်ဟု ဒေသန္တရပညာရေးဇုန်ဘက်က စွပ်စွဲထားသည်။ အဆိုပါအမှုပြေငြိမ်းရေးသဘောတူညီချက်အရ တရားပြိုင်များအနေဖြင့် ၎င်းတို့၏ အမှားကိုဝန်ခံရန် မလိုအပ်ပေ။ လူမှုကွန်ရက်များက လူငယ် အသုံးပြုသူများအပေါ် သက်ရောက်မှုရှိနေသည့်အပေါ် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် သင့်လျော်သောလုပ်ဆောင်မှုများကို လုပ်ဆောင် နေကြောင်း ကုမ္ပဏီများက ပြောကြားခဲ့သည်ဟု သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် တစ်နိုင်ငံလုံးရှိ ဒေသန္တရပညာရေးဇုန်ပေါင်း ၁,၂၀၀ ခန့်ကလည်း လူမှုကွန်ရက်ကုမ္ပဏီများကို အလားတူ တရားစွဲဆိုမှုများ ပြုလုပ်ထားကြသည်။ အဆိုပါအမှုများကို တစ်ဦးချင်း၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပြည်နယ်များက တရားစွဲဆိုထားမှုများနှင့်အတူ ကာလီဖိုးနီးယား ပြည်နယ်ရှိ ဖက်ဒရယ်တရားရုံးတွင် ပေါင်းစည်းစစ်ဆေးနေပြီး အခြားအမှုပေါင်း ၃,၃၀၀ ခန့်မှာမူ ပြည်နယ်တရားရုံးများတွင် ရင်ဆိုင်ဆဲအဖြစ် ကျန်ရှိနေသေးသည်။
မတ်လအတွင်းက ထူးခြားထင်ရှားသော စီရင်ချက်တစ်ခုတွင် ကယ်လီဖိုးနီးယား အခြေစိုက် ဂျူရီလူကြီးများအဖွဲ့က ကေလီ (Kaley) ဟု အမည်လွှဲပေး ထားသည့် အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး၏ တရားစွဲဆိုမှုတွင် Meta ကုမ္ပဏီအား ဒေါ်လာ ၄.၂ သန်းနှင့် Google ကုမ္ပဏီအား ဒေါ်လာ ၁.၈ သန်း ပေးလျော်ရန် အမိန့်ချမှတ်ခဲ့သည်။ တရားလိုက သူမသည် ကလေးဘဝကတည်းက အဆုံးမရှိအောက်သို့ ဆွဲချကြည့်ရှုနိုင်သည့် (Infinite Scrolling) ကဲ့သို့သော ဒီဇိုင်းပုံစံများကြောင့် YouTube နှင့် Instagram တို့အပေါ် စွဲလမ်းမှုဖြစ်ပေါ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ အခြားပူးတွဲတရားပြိုင်နှစ်ခုဖြစ်သည့် TikTok နှင့် Snap တို့သည် ရုံးတင်စစ်ဆေးခြင်းမစတင်မီ အမှုကိုပြေလည်အောင် ဖြေရှင်းခဲ့ကြသည်။
Meta Platforms သည် ပြည်ပနိုင်ငံများတွင်လည်း စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာဖိအားများနှင့် ပိုမိုရင်ဆိုင်နေရပြီး ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံ၌ အစွန်းရောက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံခဲ့ရကာ ဥရောပသမဂ္ဂ (EU) ၏ အာဏာပိုင်အဖွဲ့များထံမှ ယူရို ၇၉၇ သန်း (ဒေါ်လာ ၉၄၀ သန်း) တန်ဖိုးရှိ ဈေးကွက်မတရားပြိုင်ဆိုင်မှုတိုက်ဖျက်ရေး ဒဏ်ရိုက်မှုအပါအဝင် အရေးယူဆောင်ရွက်မှုအမြောက်အမြားကိုလည်း ရင်ဆိုင်နေရသည်။
ကိုးကား- RT

တိုကျို မေ ၃၀
ဂျပန်နိုင်ငံ၏ နောက်ဆုံး လူဦးရေသန်းခေါင်စာရင်းအချက်အလက်များအရ နိုင်ငံ၏လူဦးရေမှာ ၁၂၃ သန်းကျော်သာရှိပြီး ငါးနှစ်တာကာလအတွင်း အကြီးမားဆုံး လူဦးရေလျော့ကျမှုအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ဂျပန် ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် အမျိုးသားသန်းခေါင်စာရင်း၏ ပဏာမအချက်အလက်များကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၂၀ ပြည့်နှစ်မှ စတင်၍ ငါးနှစ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခဲ့သည်။
နောက်ဆုံးစစ်တမ်းအရ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ ရက်အထိ လူဦးရေမှာ ၁၂၃၀၄၉၅၂၄ ဦးရှိကြောင်း ဖော်ပြထားသည်။
ယင်းအရေအတွက်မှာ ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက ၃၀၉၆၅၇၅ ဦး လျော့နည်း သွားခဲ့ပြီး ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
လူဦးရေလျော့ကျမှုကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ပြီးနောက် ယခုအကြိမ်သည် သုံးကြိမ်ဆက်တိုက် လျော့ကျမှုဖြစ်လာခဲ့သည်။
နိုင်ငံအတွင်းရှိ ပြည်နယ်နှင့် ဒေသ ၄၇ ခုအနက် နှစ်ခုတွင်သာ လူဦးရေတိုးလာခဲ့သည်။ တိုကျိုတွင် လူဦးရေ ၁၉၉၀၀၀ တိုးလာခဲ့ပြီး အိုကီနာဝါတွင် ၁၀၀၀ တိုးလာခဲ့သည်။ သို့သော် ဒေသနှစ်ခုစလုံးတွင် လူဦးရေတိုးနှုန်းမှာ နှေးကွေးခဲ့သည်။
ကျန်ရှိသည့် ဒေသ ၄၅ ခုတွင် လူဦးရေလျော့ကျမှုများ ဖြစ်ပေါ်ခဲ့သည်။ ဟော့ကိုင်းဒိုးတွင် လူဦးရေ ၂၃၉၀၀၀ ဖြင့် အများဆုံး လျော့ကျခဲ့သည်။ ထို့နောက် ရှင်ဇူအိုကာနှင့် ဟီယိုဂိုဒေသတို့တွင် လူဦးရေ ၁၆၄၀၀၀ နှင့် ၁၄၁၀၀၀ စီ အသီးသီး လျော့ကျခဲ့ကြသည်။
အမြင့်ဆုံးအရေအတွက်ဖြစ်
အိမ်ထောင်စုအရေအတွက်မှာ ၅၇၁၂၄၅၀၇ ခု ရှိလာခဲ့ပြီး ယခင်သန်းခေါင်စာရင်းနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၂၉၄ သန်းခန့် တိုးလာခဲ့သည်။ အဆိုပါအရေအတွက်မှာ အချက်အလက်များ စတင်ကောက်ခံသည့် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးအရေအတွက် ဖြစ်သည်။
သို့သော် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ပျမ်းမျှမှာ ၂ ဒသမ ၂၆ ဦးမှ ၂ ဒသမ ၁၅ ဦးအထိ ကျဆင်းလာခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက သက်ကြီးရွယ်အိုများ တစ်ဦးတည်းနေထိုင်သည့် အိမ်ထောင်စုများ ပိုမိုများပြားလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
နောက်ဆုံး အတည်ပြုစာရင်းများကို စက်တင်ဘာလတွင် ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်