(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့က အားကစားသမားမောင်မယ်တွေ ရွှေတံဆိပ်ဆု ခုနစ်ဆုအပါအဝင် အခြားဆုတွေဆွတ်ခူးရရှိခဲ့တဲ့သတင်းကို နေ့စဉ်ထုတ်သတင်းစာမှာဖတ်လိုက်ရပါတယ်။ ဝမ်းသာစရာသတင်းပါ။ ပြိုင်ပွဲအဖွင့်မှာရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ အားကစားကွင်း၊ အားကစားရုံ တွေမှာကျင်းပနေတဲ့ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
ရေကူး၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ ဘိုးလင်း၊ စစ်တုရင်၊ ဘောလုံး၊ ဂိုးလ်ဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောနဲ့ အလေးမစတဲ့အားကစားနည်း (၁၁)နည်းမှာသတ်မှတ်ရက် အလိုက်ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းနိုင်ငံက အားကစားနည်း (၁၉)နည်း ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။
မြန်မာမသန်စွမ်း အားကစားအဖွဲ့အားကစားမောင်မယ်တွေ အားလုံးဟာ အမိမြေ၊မိမိကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှောက်မှာယှဉ်ပြိုင်ရတာ မဟုတ်ပေမယ့် အခု(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ မြေပေါ်မှာလည်း အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်ကောင်းတွေဆွတ်ခူးရယူပြီး မိမိနိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့ အစွမ်းကုန်အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်နေကြပါတယ်။ အခုပြိုင်ပွဲအစရက်မှာပဲ ရွှေတံဆိပ်ဆုလေးဆုအပါအဝင် ဆုတွေဆွတ်ခူးရရှိခဲ့တာက သူတို့လေးတွေရဲ့ အောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်ရရမယ်ဆိုတဲ့ အားကစားစိတ်ဓာတ်အပြည့်နဲ့ ကြိုးစားယှဉ်ပြိုင်နေတယ်ဆိုတာ ပေါ်လွင်လို့နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာတုန်းက အားကစားနည်းရှစ်မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှာ အဆင့် (၆)ရခဲ့ပါတယ်။ ရွှေတံဆိပ်ဆု ၁၅ ခု၊ ငွေတံဆိပ်ဆု ၂၃ ခု၊ ကြေးတံဆိပ်ဆု ၁၉ ခု စုစုပေါင်း ၅၇ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ အခု ၂၀၂၆ ခုနှစ် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ အားကစားနည်း (၁၁)နည်း ပါဝင်ယှဉ်ပြိုင်နေတာဖြစ်လို့ ပြီးခဲ့တဲ့ပြိုင်ပွဲထက်သာလွန်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရယူနိုင်ဖို့ မြန်မာမသန်စွမ်းအားကစားအဖွဲ့ အားကစားမောင်မယ်တွေအားလုံး အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့ဆိုတဲ့စိတ်ဓာတ်အပြည့်နဲ့လို့ပြောနိုင်ပါတယ်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့ဟာ အာဆီယံဒေသအတွင်းက မသန်စွမ်းသူတွေ အားကစားအဆင့်အတန်း တိုးတက်စေဖို့ ဒေသတွင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်မြှင့်တင်စေဖို့ ရည်ရွယ်ပြီးအာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်(ASEAN Para Sports Federation-APSF)ကကျင်းပတဲ့ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွေကို နှစ်စဉ်အကြိမ်တိုင်းပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အကြိမ်တိုင်းမှာလည်း မြန်မာမသန်စွမ်းအားကစားအဖွဲ့ဟာ အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်တွေဆွတ်ခူးရရှိခဲ့တယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့အားကစားနည်း အမျိုးအစားတိုင်းလိုလို ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တယ်။
အဲဒီရလဒ်ကောင်းတွေရယူနိုင်ခဲ့တဲ့ မှတ်တမ်းအစဉ်အလာတွေကို ကြည့်လိုက်မယ်ဆိုရင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ အားကစားမောင်မယ်တွေ အားလုံးဟာ သာမန်လူတွေထက်ကြိုးစားအားထုတ်မှု အပိုင်းမှာအဆပေါင်း များစွာသာပါတယ်။
အဆပေါင်းများစွာကြိုးစားပါဝင်ယှဉ်ပြိုင်ကြကာ မသန်စွမ်းအားကစားဖြင့် နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကိုဆောင်ခဲ့ကြတာလို့ ပြောနိုင်ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှာပြိုင်ပွဲပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော၊ ခုနစ်ယောက် တစ်ဖက် ဘောလုံး၊ (မျက်မမြင်)စစ်တုရင်၊ သေနတ်ပစ်၊ အလေးမနဲ့ဘိုစီယာ အားကစားနည်းတွေကို မြန်မာနိုင်ငံမှမသန်စွမ်း အားကစားမောင်မယ်တွေက ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာမြန်မာမသန်စွမ်းအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်အထိ ပြိုင်ပွဲများအပြီးမှာ မြန်မာအသင်းအနေနဲ့ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ်ခြောက်ခုနဲ့ကြေးတံဆိပ်သုံးခု စုစုပေါင်းဆုတံဆိပ် ၁၆ ခု ဆွတ်ခူးရရှိထားပါတယ်။ နိုင်ငံအလိုက် အနေနဲ့ အဆင့်(၆)မှာ ဆက်လက်ရပ်တည်နေပါတယ်။
၂၀၂၆ ခုနှစ် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့က အားကစားသမားမောင်မယ်တွေ အားလုံးဟာလည်း “မသန်သော်လည်းစွမ်းပါသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်မည်”ဆိုတဲ့ ဇွဲလုံ့လဝီရိယတို့နဲ့ ပြိုင်ဘက်တွေကိုကျော်ဖြတ် အနိုင်ယူပြီးရွှေတံဆိပ်ဆုတွေ ရယူပြကြကာ နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်ကို ဆောင်နိုင်ဖို့ ရေကုန်ရေခန်း ကြိုးစားယှဉ်ပြိုင်နေကြပါတယ်။ ပွဲစဉ်တိုင်းနိုင်ငံတော်သီချင်းကို သံကုန်ဖွင့်သံပြိုင်သီဆိုကာ မိမိနိုင်ငံရဲ့နိုင်ငံတော်အလံတိုင်ထိပ် အရောက်လွှင့်ထူနိုင်အောင်အားကုန်ထုတ်ယှဉ်ပြိုင်နေကြတယ်။
အားကစားသမား မောင်မယ်လေးတွေအတွက် လိုအပ်နေတာက မြန်မာအားကစားပရိသတ်ကြီးနဲ့ နိုင်ငံတစ်ဝန်းလုံးက တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ တစ်ခဲနက်လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံမှုဖြစ်နေပါတယ်။ အားလုံးက တစ်ခဲနက်အားပေးထောက်ခံကြမယ်ဆိုရင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ အားကစားမောင်မယ်တွေအားလုံးဟာ စိတ်ဓာတ်ခွန်အားပိုမိုတက်ကြွလာပြီး အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု) ရလဒ်ကောင်းတွေ မျှော်မှန်းထားတာထက်ကို ဆွတ်ခူးရယူနိုင်ကြပါလိမ့်မယ်။
တကယ်တမ်းလည်း မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာမသန်စွမ်း အားကစားမောင်မယ်တွေအားလုံးကို စိတ်ဓာတ်ခွန်အား ပိုမိုတက်ကြွလာအောင် ကျွန်ုပ်တို့နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ မြန်မာအားကစား ပရိသတ်ကြီးအားလုံးကလည်း စိတ်ဝင်တစား တစ်ခဲနက်အားပေးထောက်ခံနေပါတယ်။ ကိုယ်လက်အင်္ဂါမပြည့်စုံဘဲ နိုင်ငံ့ဂုဏ်တက်အောင် အားကစားနဲ့စွမ်းဆောင်ရည် မြှင့်တင်ပေးနေကြတဲ့ မြန်မာမသန်စွမ်းအားကစား မောင်မယ်တွေရဲ့စိတ်ဓာတ်ကို လေးစားဂုဏ်ယူမိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့မှာ ၂၀၂၆ ခုနှစ်(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ မြန်မာမသန်စွမ်းအားကစား အဖွဲ့အမြင့်ဆုံးအောင်မြင်မှု(ရွှေတံဆိပ်ဆု)ရလဒ်ကောင်းတွေ အများဆုံးရယူဆွတ်ခူးနိုင်ဖို့ ကျွန်ုပ်တို့တစ်တွေ“မြန်မာမသန်စွမ်း အားကစားသမား မောင်မယ်များကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးကြပါစို့”လို့ တိုက်တွန်းရေးသား ဖော်ပြလိုက်ရပါတယ်။ ။

ဘန်ကောက်မြို့ရဲ့ ညအလှကို ပိုမိုတောက်ပစေခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်ညဟာ အရှေ့တောင်အာရှသားများအတွက်
တော့ မေ့မရနိုင်စရာ အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒီညမှာ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း)ရဲ့ နောက်ဆုံးခမ်းနားတဲ့ ပိတ်ပွဲအခမ်းအနားကို ဘန်ကောက်မြို့ရဲ့ ဂုဏ်ကျက်သရေဆောင် ရာဇမင်္ဂလာ အားကစားကွင်းကြီးမှာ ကျင်းပခဲ့တာပါ။ ဒီပွဲဟာ အားကစားပွဲတော်ကြီးတစ်ခုရဲ့ အဆုံးသတ်တင်မကဘဲ ဒေသတွင်း နိုင်ငံသားတွေကြားကချစ်ကြည်ရေးကို ဖော်ဆောင်တဲ့ အောင်ပွဲညတစ်ညလည်း ဖြစ်ပါတယ်။
ပိတ်ပွဲအခမ်းအနားမစတင်ခင် နာရီပိုင်းအလိုကတည်းက ရာဇမင်္ဂလာကွင်းကြီးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပရိသတ်တွေ အလွန်အမင်း စည်ကားနေခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတွေတင်မကဘဲ အိမ်နီးချင်းနိုင်ငံအသီးသီးက လာရောက်အားပေးကြတဲ့ ဧည့်သည်တွေဟာ သူတို့နိုင်ငံရဲ့အလံတွေကို ကိုင်ဆောင်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတာပါ။ အိမ်ရှင်ထိုင်းနိုင်ငံ အနေနဲ့ ဒီပွဲတော်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် နှစ်နဲ့ချီပြီး ပြင်ဆင်ခဲ့ရတာဖြစ်သလို အခုလိုပိတ်ပွဲအခမ်းအနားကိုလည်း ကမ္ဘာကအံ့ဩသွားစေမယ့် အစီအစဉ်တွေနဲ့ တင်ဆက်ခဲ့တာ တွေ့ရပါတယ်။
ညနေခင်းအစီအစဉ်တွေ စတင်လိုက်တဲ့အချိန်မှာတော့ ကွင်းကြီးတစ်ခုလုံးဟာ ရောင်စုံမီးဆိုင်းတွေနဲ့ ဝေဝေဆာဆာ ဖြစ်သွားခဲ့ပါတယ်။ အခမ်းအနားရဲ့ ပထမဆုံးအပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပေါင်းစပ်တင်ဆက်သွားခဲ့ပါတယ်။ အထူးသဖြင့် Drone ပေါင်းထောင်နဲ့ချီပြီး ကောင်းကင်ယံမှာ ဆီးဂိမ်းအမှတ်တံဆိပ်တွေ၊ အားကစားပုံရိပ်တွေကို ပုံဖော်လိုက်တဲ့ မြင်ကွင်းဟာ ပရိသတ်တွေကို အတော်လေးရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ တိုးတက်လာတဲ့ နည်းပညာစွမ်းအားကို ပြသလိုက်တာလည်းဖြစ်ပါတယ်။
ပိတ်ပွဲရဲ့ အနှစ်သာရအရှိဆုံးဖြစ်တဲ့ အားကစားသမားတွေ ကွင်းအတွင်း ချီတက်ဝင်ရောက်လာတဲ့ အချိန်မှာတော့ တစ်ကွင်းလုံးက ပရိသတ်တွေဟာ မတ်တတ်ရပ်ပြီး ဂုဏ်ပြုလက်ခုပ်တီးခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖွင့်ပွဲတုန်းကလို နိုင်ငံအလိုက် သီးသန့်ခွဲမနေကြတော့ဘဲ အားကစားသမားအားလုံးရောနှောပြီး တစ်ဦးနဲ့တစ်ဦး လက်ချင်းချိတ်၊ ဓာတ်ပုံတွေအတူတူရိုက်ရင်း ဝင်လာကြတာဟာ တကယ့်ကိုကြည်နူးစရာမြင်ကွင်းတစ်ခုပါ။ ရှုံးနိမ့်ခဲ့တဲ့သူကလည်း ပြုံးရွှင်နေသလို၊ အောင်မြင်ခဲ့တဲ့သူကလည်း နှိမ့်ချစွာ တစ်ဦးကိုတစ်ဦး ဖက်လဲတကင်းနှုတ်ဆက်နေကြတာဟာ ဆီးဂိမ်းရဲ့ “စည်းလုံးခြင်း” ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။
အားကစားပွဲတော်ကျင်းပစဉ်ကာလတစ်လျှောက်လုံး ပြိုင်ပွဲကွင်းထဲမှာ ပြိုင်ဘက်တွေအဖြစ် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူတို့အားလုံးဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ် ရယ်မောပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ အားကစားကပေးတဲ့ အဖိုးတန်လက်ဆောင်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
အခုကျင်းပပြီးစီးခဲ့တဲ့ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်မှာ အိမ်ရှင်ထိုင်းနိုင်ငံဟာ ဆုတံဆိပ်ဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး သူတို့ရဲ့ အားကစားအဆင့်အတန်းမြင့်မားမှုကို သက်သေပြနိုင်ခဲ့ပါတယ်။ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း အစဉ်အလာမပျက် အားကောင်းခဲ့ကြတာကို တွေ့ရပါတယ်။ ပိတ်ပွဲမှာတော့ အဲဒီအောင်မြင်မှုတွေကို အတူတူဂုဏ်ပြုရင်း နိုင်ငံတော်သီချင်းတွေလည်း ဟိန်းထွက်နေခဲ့ပါတယ်။
အခမ်းအနားရဲ့ အထွတ်အထိပ်အပိုင်းကို ရောက်လာတဲ့အခါမှာတော့ ဆီးဂိမ်းမီးရှူးတိုင်ကြီးကို တဖြည်းဖြည်း ငြှိမ်းသတ်လိုက်ပါတယ်။ မီးတောက်တွေငြိမ်းသွားတဲ့ ခဏတာမှာ ကွင်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပေမယ့် စက္ကန့်ပိုင်း အကြာမှာတော့ ကောင်းကင်ယံထက်မှာ မီးရှူးမီးပန်းတွေ တစ်ပြိုင်နက်ပစ်ဖောက်လိုက်တာကြောင့် တစ်ကွင်းလုံး ပြန်လည်လင်းထိန်သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ထိုင်းနိုင်ငံအိုလံပစ်ကော်မတီ တာဝန်ရှိသူတွေက ဆီးဂိမ်းအလံကို ၂၀၂၇ ခုနှစ်မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မလေးရှားနိုင်ငံက ကိုယ်စားလှယ်တွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံကလည်း သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ပြန်လည်နှုတ်ဆက်ခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ “ကွာလာလမ်ပူမှာ ပြန်ဆုံကြမယ်” ဆိုတဲ့ ဖိတ်ခေါ်ချက်နဲ့အတူ ဆောင်းတွင်းညရဲ့ ပိတ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပွဲတော်ဟာ အားကစားပွဲတစ်ခုထက်ပိုခဲ့ပါတယ်။ ဒီအားကစားပွဲတော်မှာ အရှေ့တောင်အာရှနိုင်ငံတွေကြားက စည်းလုံးမှုကို ပြသနိုင်သလို အခက်အခဲတွေကြားကနေ အောင်မြင်အောင် ကျင်းပနိုင်ခဲ့တဲ့ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ကြိုးစားမှုကိုလည်း
အသိအမှတ်ပြုရမှာပါ။ နောက်ဆုံးမှာတော့ ရာဇမင်္ဂလာကွင်းကြီးထဲကနေ ပရိသတ်တွေ ပြန်လည်ထွက်ခွာသွားကြပေမယ့် ဒီညရဲ့ အမှတ်တရတွေက လူတိုင်းရဲ့ရင်ထဲမှာ နှစ်ပေါင်းများစွာ စွဲထင်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။
MWD

ဒီနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်သည် အရှေ့တောင်အာရှဒေသ တစ်ခုလုံးအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု စိုက်ထူလိုက်သည့်နေ့ရက်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းရင်းမှာ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ၏ ခမ်းနားထည်ဝါသောဖွင့်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားကို ရာဇမင်္ဂလာအမျိုးသား အားကစားကွင်း၌ ကျင်းပခြင်းဖြစ်ပြီး လင်းလက်နေသော မီးရောင်များအောက်တွင် အာဆီယံ ၁၁ နိုင်ငံမှ အားကစားသမားများနှင့် ပရိသတ် ပေါင်းထောင်သောင်းချီ၍ စုဝေးကာ အားကစားစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ခြင်း၏ စွမ်းအားအစစ်အမှန်ကို ပြသလိုက်ပေသည်။
ထိုင်းနိုင်ငံသည် ၁၈ နှစ်အကြာမှ SEA Games ကို အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပခွင့် ရရှိခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင်ကျင်းပခဲ့သည့် အားကစားပွဲတော် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းလုံးက ယခုအားကစားပွဲတော်အပေါ် မျှော်လင့်ချက် ကြီးမားလျက်ရှိသည်။
ဤပြိုင်ပွဲအတွက် ထိုင်းနိုင်ငံက “We Are One” (ငါတို့သည် တစ်သားတည်း) ဟူသော ဆောင်ပုဒ်ကိုပေးထားပြီး ယင်းဆောင်ပုဒ်သည် အရှေ့တောင်အာရှနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုပွဲတော်၏ ကြီးကျယ်ခမ်းနားမှုကို ဖော်ညွှန်းပြသနိုင်ရန် ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းဘုရင်နှင့်ကြင်ယာတော်တို့ ကိုယ်တိုင်တက်ရောက်လာသည်ကို တွေ့ရသည်။
သို့သော်လည်း ဤကဲ့သို့ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီး အောင်မြင်စွာ ဖြစ်မြောက်လာရေးသည် လမ်းဖြောင့်တစ်ခုမဟုတ်ခဲ့ပါ။ စတင်ပြင်ဆင်မှု လုပ်ဆောင်စဉ်ကာလကတည်းက ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာဝေဖန်မှုများ၊ ပြည်တွင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် အားကစားပွဲတော်အတွက် ပြင်ဆင်မှုများလုပ်ရာတွင် နှောင့်နှေးကြန့်ကြာမှုများစသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ မူလက သမိုင်းဝင်Sanam Luang ကွင်းပြင်၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးအခြေအနေနှင့် ပရိသတ် လုံလောက်စွာဝင်ဆံ့နိုင်ရေး အကြောင်းပြချက်များဖြင့် ရာဇမင်္ဂလာအမျိုးသား အားကစားကွင်းသို့ ပြောင်းရွှေ့ကျင်းပခဲ့ရခြင်း ဖြစ်သည်။ အဆိုပါပြောင်းလဲမှုသည် ပြင်ဆင်ရေးအဖွဲ့အပေါ် ဖိအားများစွာ သက်ရောက်စေခဲ့သော်လည်း၊ ယနေ့ညတွင် အားကစားကွင်းကြီးတစ်ခုလုံးသည် ဧည့်ပရိသတ်များဖြင့်ပြည့်နှက်နေပြီး စိန်ခေါ်မှုအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း သက်သေပြလိုက်ပေပြီ။
ယနေ့ည အားကစားပွဲတော်ဖွင့်ပွဲ အခမ်းနားကို ထိုင်းနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှု၊ ခေတ်မီသောနည်းပညာနှင့် အရှေ့တောင်အာရှဒေသ၏ စည်းလုံးညီညွတ်မှုတို့အား အသားပေးဖော်ပြသည့် ခမ်းနားထည်ဝါသော အပိုင်း(၅) ပိုင်းဖြင့် ဖော်ကျူးထားသည်။
အပိုင်း (၁) ကို“စတင်ခြင်း”ဟုအမည်ပေးထားပြီး အရှေ့တောင်အာရှအားကစားပွဲတော်၏ မူလအစကို ဖော်ကျူးထားသည်။ ထိုင်းနိုင်ငံ၏ သမိုင်းဝင် အမွေအနှစ်များနှင့် အားကစားစိတ်ဓာတ်တို့ ပေါင်းစပ်ထားသော ရိုးရာအကများ၊ တေးဂီတများဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်များစွာအတွင်း ထိုင်းနိုင်ငံ၌ကျင်းပခဲ့သော “ASEAN Games” (ယခု SEA Games အဖြစ် ပြောင်းလဲကျင်းပ) ၏ သမိုင်းကြောင်းကိုလည်း မီးမောင်းထိုးပြသည်။
အပိုင်း (၂) မှာ “ချီတက်ခြင်း” ဖြစ်ပြီး ထိုအပိုင်းကပရိသတ်များ စိတ်အလှုပ်ရှားရဆုံး အပိုင်းဖြစ်သည်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမားစုစုပေါင်း ၁၃၀၀၀ ကျော်တို့သည် နိုင်ငံတော်အလံများကိုဝင့်ကြွားစွာ ကိုင်ဆောင်ရင်း ကွင်းအတွင်း ချီတက်လာကြသည်။ ယခုနှစ်တွင် ထူးခြားသည်မှာ နိုင်ငံ့ကိုယ်စားလှယ်အဖွဲ့ တစ်ခုချင်းစီကို ကမ္ဘာ့အဆင့်မီ အောင်မြင်မှုရရှိထားသည့် ထိပ်တန်းအလှမယ်တစ်ဦးကဦးဆောင်ခဲ့ခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် Miss World ဆုရှင် အပါအဝင် ထင်ရှားလှသော အလှမယ်၁၁ ဦးသည် နိုင်ငံ့ကိုယ်စားပြုအဖွဲ့များကို ဦးဆောင်ကာ အားကစားသာမက ယဉ်ကျေးမှုနှင့် အလှအပဆိုင်ရာဂုဏ်ယူမှုကိုပါ တစ်ပြိုင်နက် ဖော်ပြခဲ့သည်။
အပိုင်း(၃)ကို “စည်းလုံးမှု အင်အား” ဟု ခေါင်းစဉ်ပေးထားပြီး အနုပညာနှင့် နည်းပညာတို့ ပေါင်းစပ်မှုဖြင့်ဖျော်ဖြေမှုများစတင်သည်။ ထိုင်းနိုင်ငံ၏ ပြောင်မြောက်သော ရိုးရာအကအလှများနှင့် ခေတ်ပေါ်ဖျော်ဖြေမှုများသည် ကွင်းအတွင်းရှိ LED မီးရောင်များနှင့် ဒရုန်းပုံဖော်မှုများဖြင့် အသက်ဝင်လာသည်။ ကမ္ဘာ့ကျော် K-pop အဖွဲ့ဝင်ဟောင်းဖြစ်သူ ထိုင်းလူမျိုး အဆိုတော် BamBam Kunpimook ၏ စွမ်းအားပြည့် ဖျော်ဖြေမှုသည် လူငယ်ပရိသတ်များကို ဆွဲဆောင်ခဲ့ပြီး၊ ထိုင်း Rap ဂီတပညာရှင် Golf F. Hero ၏ ဖျော်ဖြေမှုက အားကစားပွဲတော်၏စိန်ခေါ်မှုနှင့် ခေတ်မီမှုတို့ကို ကိုယ်စားပြုသည်။ အဆိုရှင် Violette Wautier ၏သီဆိုမှုက ပွဲတော်ကြီး၏ ချစ်ခင်ရင်းနှီးမှုကို ဖော်ကျူးပြသနိုင်ခဲ့သည်။
အပိုင်း(၄)ဖြစ်သည့် “မီးတောက်နှင့် ကတိကဝတ်”သည်ဖွင့်ပွဲ၏ အရေးအကြီးဆုံး အခိုက်အတန့်ဖြစ်သည်။ SEA Games မီးရှူးတိုင်ထွန်းညှိခြင်း အခမ်းအနားကို ပုံစံသစ်ဖြင့် တင်ဆက်ခဲ့သည်။ ရိုးရာအားကစားနည်းများတွင် ထိုင်းနိုင်ငံ၏ ဂုဏ်ယူစရာ အားကစားသမားများမှတစ်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာသော မီးတိုင်သည် ကွင်းအတွင်းသို့ ရောက်ရှိလာသည်။ နောက်ဆုံး မီးတိုင်ထွန်းညှိပြီးသည့်အခါတွင် ကွင်းတစ်ခုလုံး ပျော်ရွှင်မှုအပေါင်းဖြင့် ဆူညံသွားပြီး၊ အားကစားပွဲတော်ကို တရားဝင်စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
အပိုင်း(၅)ကို“အနာဂတ်သို့”ဟုအမည်ပေးထားပြီး ခေတ်မီနည်းပညာသုံး လေဆာရောင်ခြည်များ၊ မီးရှူးမီးပန်းများနှင့် ဒရုန်းပြပွဲများက ကောင်းကင်ယံကို လင်းလက်စေကာ အရှေ့တောင်အာရှ၏ ငြိမ်းချမ်းသော အနာဂတ်နှင့်အားကစား၏ စွမ်းအားကို ဖော်ညွှန်းပြသနိုင်ခဲ့သည်။
ယခုနှစ်အားကစားပွဲတော်တွင် ထိုင်းအစိုးရသည် “Green SEA Games” အယူအဆကို အလေးပေး ဆောင်ရွက်ခဲ့သည်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေရန် စွမ်းအင်ချွေတာသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများကို အသုံးပြုခြင်းနှင့် ကာဗွန်ခြေရာလျှော့ချရေး အစီအမံများကိုချမှတ်ခဲ့သည်။ ထိုအချက်သည်အားကစားပွဲတော်ကြီးများက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမှုအပေါ် ကမ္ဘာ့အမြင် ပြောင်းလဲလာချိန်တွင် ထိုင်းနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ကတိကဝတ်ကို ဖော်ပြခြင်းပင် ဖြစ်သည်။
ယခုအားကစားပွဲတော်တွင် အားကစားနည်းပေါင်း၅၀ ကျော် ထည့်သွင်းယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားစုစုပေါင်း ၁၃၆၅၇ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံကလည်း အားကစားနည်း ၃၈ မျိုး တွင် ကစားသမား ၁၅၀၀ နီးပါးဖြင့်ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကာ နိုင်ငံ့ဂုဏ်ကိုဆောင်ကြမည်ဖြစ်သည်။ အထူးသဖြင့် ဘောလုံး၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်းများတွင် မြန်မာတို့၏စွမ်းရည်ကို ဒေသတွင်း ပြန်လည်ပြသနိုင်ရန် မျှော်လင့်ထားသည်။ လက်ရှိမြင်တွေ့နေရသော မြန်မာ့အားကစားသမားများ၏ ရဲရင့်စိတ်ဓာတ်များသည် ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးသို့မြန်မာ့အားကစား၏ ကြိုးစားအားထုတ်မှုကို ထင်ဟပ်ပြသနေသည်။
ယနေ့ညတွင် ပြီးဆုံးသွားသည့် ၃၃ ကြိမ်မြောက် SEA Games ဖွင့်ပွဲသည် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု အနုပညာ၊ စည်းရုံးနိုင်စွမ်းနှင့် ခေတ်မီနည်းပညာတို့ကို တစ်ပြိုင်နက်တည်း ပြသနိုင်ခဲ့သည်။ ဤဖွင့်ပွဲသည် အားကစားပြိုင်ပွဲ၏ စတင်ခြင်းကိုသာမက အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေး၏ အရေးပါပုံကိုလည်း မီးမောင်းထိုးပြခဲ့သည်။ ကမ္ဘာ့အဆင့်မီ ဖျော်ဖြေမှုများ၊ ခမ်းနားသော အားကစားသမားချီတက်ပွဲများနှင့် စိတ်လှုပ်ရှားဖွယ်ရာ မီးရှူးထွန်းညှိခြင်း အခမ်းအနားတို့သည် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပွဲတော်ကို အရှေ့တောင်အာရှ၏ သမိုင်းတွင် အမှတ်ရစရာ ပွဲတော်တစ်ခုအဖြစ် စွဲထင်စေပြီး၊နောက်ဆုံးတွင် ပြိုင်ပွဲဝင်အားကစားသမား အားလုံး အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
Photo Credit to CNA

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် တတိယအချက်ဖြစ်သော “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဟူသောဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူအများပါဝင်သော လူထုစုပေါင်း လမ်းလျှောက်ပွဲများနှင့် စုပေါင်းအားကစား လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် ဒီဇင်ဘာလတိုင်း ကျင်းပလျက်ရှိသည်။
ပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး အသက်ရှည်ကျန်းမာ လန်းဖြာမှသာ မိမိတို့၏ နိစ္စဓူဝအမှုကိစ္စများကို တက်ကြွရွှင်လန်းစွာ အားစိုက်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကို အားကစားလအဖြစ်သတ်မှတ်ပြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများအဖြစ် ရက်သတ္တပတ် စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပခြင်းဖြစ်သည်။ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပဆောင်ရွက်ခြင်းသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက်ဖြစ်သည်။
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လူအများဖြင့်ဖြစ်စေ စုပေါင်းဆောင်ရွက်သည့် လှုပ်ရှားဆောင်ရွက်မှုအားလုံးသည် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်အတွက် ပါဝင်ဆောင်ရွက်သူအားလုံး ကျန်းမာရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျန်းမာပျော်ရွှင်သော သူများဖြစ်စေရေးအတွက် သက်ရှိလူသားတိုင်း အားကစားနှင့် ကင်းကွာသောနေ့များ မရှိစေရေး၊ အားကစားနည်း တစ်ခုခုကိုဖြစ်စေ၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း တစ်ခုခုကိုဖြစ်စေ မပျက်မကွက်ဆောင်ရွက်သင့်သည်။ ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း များစွာရှိသည့်အနက် အရွယ်သုံးပါးစလုံး တစ်ဦးချင်းဖြစ်စေ၊ လူအများစုပေါင်း၍ဖြစ်စေ လိုက်ပါလုပ်ဆောင်နိုင်သည့် လုပ်ဆောင်ရန် လွယ်ကူသော လေ့ကျင့်ခန်းမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။
လမ်းလျှောက်ခြင်းကို လူကြီး၊ လူငယ်၊ လူရွယ်မရွေးပြုလုပ်နိုင်ပြီး နံနက်စောစောတွင် လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကျန်းမာရေးကိုများစွာ အထောက်အကူပြုပြီး ယခုလို ဆောင်းရာသီ ဒီဇင်ဘာအားကစားလ အချိန်သည် လမ်းလျှောက်ရန် အကောင်းဆုံးဖြစ်သည်။
လူတစ်ယောက်သည် နေ့စဉ် ခြေလှမ်း ၁၀၀၀၀ ခန့် လမ်းလျှောက်သင့်သည်။ ငါးရက်တိုင်တိုင် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ လမ်းမလျှောက်ဘဲနေခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများပျက်စီးမှု ဖြစ်ပေါ်စေနိုင်သည့်အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ အာရုံခံစားမှု လျော့နည်းခြင်းမှတစ်ဆင့် ဆီးချိုရောဂါနှင့်နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သည်။ ထို့ပြင် ပျက်စီးသွားသော သွေးကြောများ ပြန်လည်ကောင်းမွန်နိုင်ရန်အတွက် အချိန်အများကြီး လိုအပ်မည်ဖြစ်သည်။ တစ်ရက်ကိုခြေလှမ်း ၅၀၀၀ အောက်နည်းပြီး လမ်းလျှောက်သူများသည် ဇီဝရုပ်ဖြစ်ပျက်ခြင်းမူ မမှန်မှုတွေကြောင့် ရောဂါပိုမိုဖြစ်လွယ်စေသည်။ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ တစ်ရက်လျှင် ခြေလှမ်း ၁၀၀၀၀ ခန့် လမ်းလျှောက်သူများသည် ဇီဝရုပ်ဖြစ်ပျက်မှုမမှန်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သောရောဂါများကို ကုစားနိုင်သည်။
တစ်နေ့လျှင် ခြေလှမ်း ၁၀၀၀၀ လမ်းလျှောက်ခြင်းသည် ကျန်းမာကြံ့ခိုင်မှုနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းမှ နှလုံးသွေးကြော ကျန်းမာရေးကိုမြှင့်တင်ပေးပြီး များပြားလှသော ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးဆောင်သည်။ ဘဝတွင် နေ့စဉ်လမ်းလျှောက်ခြင်းနည်းလမ်းကို ပြုလုပ်ခြင်းဖြင့် ပိုမိုကျန်းမာပြီး ပျော်ရွှင်မှုဆီသို့ သိသာထင်ရှားသောခြေလှမ်းများကို လှမ်းနိုင်မည်ဖြစ်သည်။
လမ်းလျှောက်ခြင်းသည် အသားအရည်စိုပြည်စေသည့်အပြင် ခန္ဓာကိုယ်ရှိအဆိပ်အတောက်များ လျော့နည်းစေသည့်အတွက် ရုပ်အဆင်းလှပစေသည်။ အသားအရေ တင်းတင်းရင်းရင်းရှိပြီး ပါးရည်တွန့်ခြင်းကိုလည်း သက်သာစေသည်။ ထို့ကြောင့် လမ်းလျှောက်ခြင်းသည် အိုမင်းမှုကိုပင်ဟန့်တားနိုင်ပြီး အသက်ကိုရှည်စေသည်။
လမ်းလျှောက်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းတို့ကို သက်သာစေသည်။ ကိုယ်အလေးချိန်ကျအောင် ကူညီပေးသည့်အပြင် နှလုံးရောဂါနှင့် လေဖြတ်၊ လေဖြန်းစသော နာတာရှည်ရောဂါဖြစ်နိုင်ခြေများကိုလည်း လျော့နည်းစေသည်။
လူတစ်ယောက် ကျန်းမာကြံ့ခိုင်ဖို့ဆိုလျှင် အသက်အရွယ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်ပေါ် မူတည်သည်။ နေ့စဉ်လမ်းလျှောက်ခြင်းသည် ကယ်လိုရီ လောင်ကျွမ်းစေသည့်အတွက် ကိုယ်အလေးချိန်ကိုလျှော့ချပေးပြီး အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။ နေ့စဉ်ပုံမှန်လမ်းလျှောက်သူများသည် လမ်းမလျှောက်သူများထက်ပို၍ သက်လုံကောင်းပြီး အမောခံနိုင်သည်။ စတင်လျှောက်စဉ် အနည်းငယ်မောနိုင်သော်လည်း နေ့စဉ်ပုံမှန်လျှောက်ပါက အမောခံနိုင်ပြီး သက်လုံကောင်းလာမည်ဖြစ်သည်။
လမ်းလျှောက်ခြင်းသည် ကာယလေ့ကျင့်ခန်း တစ်ခုအဖြစ်သာမက ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် အတူ ခြေလှမ်းများအပေါ် အာရုံစုစည်းခြင်းလည်း ပြုနိုင်သည်။ အတွေးနယ်ချဲ့ပြီး စိတ်ကူးဉာဏ်များ ကွန့်မြူးနိုင်သည်။ ထို့ကြောင့် လမ်းလျှောက်ခြင်းမှ တစ်ဆင့် စိတ်တည်ငြိမ်အေးချမ်းမှု၊ တီထွင်ဖန်တီးနိုင်စွမ်းများကိုလည်းရရှိစေသည်။ လမ်းလျှောက်ခြင်းသည် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုး ဖြစ်သည့်အပြင် ကျန်းမာရေး အကျိုးကျေးဇူးများစွာကိုလည်း ရရှိစေသည်။ လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနှင့် စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခတို့အား များစွာအထောက်အကူဖြစ်စေသည်။
အဖော်အပေါင်းများနှင့်အတူ လမ်းလျှောက်ခြင်းသည် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး အဆက်အသွယ်ကောင်းများ တိုးပွားလာစေကာ အထီးကျန်မှုခံစားချက်အား လျှော့ချပေးနိုင်သည်။ စုပေါင်းလမ်းလျှောက်ခြင်းသည် တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှု၊ လူမှုဆက်ဆံရေးနှင့် ပံ့ပိုးကူညီမှုအတွက် ဘဝအခွင့်အလမ်းများအပြင် ပျော်ရွှင် မှုကိုလည်းရရှိစေသည်။ အထူးသဖြင့် ကျန်းမာရေးကို အလွန်ကောင်းမွန်စေသည်။ သို့ဖြစ်၍ ကုန်ကျစရိတ်သက်သာပြီး အသက်အရွယ်မရွေး ဆောင်ရွက်နိုင်သော အားကစားနည်းတစ်မျိုးဖြစ်သည့် လမ်းလျှောက်ခြင်းအား ပုံမှန်မပျက်မကွက် ပြုလုပ်ပေးရန် အသိပေး နှိုးဆော်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းကျင်းပမည့် လူထုလှုပ်ရှားမှုများဖြစ်သော ရက်သတ္တပတ် စုပေါင်းလမ်းလျှောက်ပွဲများအား ခြေလှမ်း ၁၀၀၀၀ အစ ဒီဇင်ဘာ အားကစားလဖြင့် စတင်လျှောက်လှမ်းနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသား လိုက်ရပါတော့သည်။ ။

ယခု အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဟု ခေါ်တွင်သော အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEAP Games) ကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စတင်ကျင်းပခဲ့သည်။
ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲ
အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကျင်းပရန် စဉ်းစားစိုင်းပြင်းခဲ့သည်မှာ ၁၉၅၈ ခုနှစ် တိုကျိုအာရှအိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်စဉ်ကဖြစ်သည်။ ထိုင်းနိုင်ငံက ဦးဆောင် လှုံ့ဆော်ကာ မြန်မာ၊ လာအို၊ မလေးယား (ယခု မလေးရှား) တို့ကို ဖိတ်ကြားပြီး အိမ်နီးချင်းအရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ အားကစားတိုးတက်ရေးအတွက် အားကစားပြိုင်ပွဲတစ်ရပ် ပြုလုပ်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၌ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများမှ အားကစားသမားများသည် အာရှ အိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအတွေ့အကြုံ၊ အရည်အချင်းနှင့် စွမ်းရည်ပြည့်ဝရန်လိုအပ်သည်။ အဆိုပါအရည်အချင်း၊ စွမ်းရည်များပြည့်ဝရန် အတွက် အဆင့်အတန်းတူညီသည့် ကျွန်းဆွယ်နိုင်ငံအချင်းချင်း ယှဉ်ပြိုင်စမ်းသပ် အကဲခတ်ရန်လိုသည်။ ထို့ပြင် အာရှအိုလံပစ်နှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ကြားတွင် ကျွန်းဆွယ်ပြိုင်ပွဲကို ပြုလုပ်ခြင်းဖြင့် ကျွန်းဆွယ်အားကစားသမားများ အဆင့်အတန်းကို ခန့်မှန်းနိုင်သည်စသည်ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ဗန်ကောက်မြို့၌ ပြုလုပ်ရန်နှင့် ပြိုင်ပွဲကို နှစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်ရန်၊ ကမ္ဘောဒီးယားနှင့် ထိုစဉ်က တောင်ဗီယက်နမ်တို့ကိုလည်း လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် ၁၉၅၉ ခုနှစ် ဇွန်လတွင် ဗန်ကောက်မြို့၌ ကျွန်းဆွယ်အားကစားအဖွဲ့ချုပ် အစည်းအဝေး ပွဲတစ်ရပ်ပြုလုပ်ပြီး ပြိုင်ပွဲစည်းကမ်းများရေးဆွဲခဲ့ကြသည်။ ကမ္ဘာ့အားကစားအဖွဲ့ချုပ်များက အသိအမှတ်ပြုထားသော အားကစားပြိုင်ပွဲများကိုသာ ထည့်သွင်းကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် စင်ကာပူနိုင်ငံကိုလည်း အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ သို့သော် ပထမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ကျင်းပသည့်အခါ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ ပြဿနာဖြစ်နေ၍ ကမ္ဘောဒီးယားက လာရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ချေ။
သို့ဖြစ်၍ ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲသို့ အိမ်ရှင် ထိုင်း၊ မြန်မာ၊ မလေးယား (ယခု မလေးရှား)၊ စင်ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံ စုစုပေါင်း ခြောက်နိုင်ငံမှသာ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့
မြန်မာနိုင်ငံအနေဖြင့်မူ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ စတင်သန္ဓေတည် ပေါ်ပေါက်လာရန်ကြိုးပမ်းခဲ့သည့် ဦးဆောင်နိုင်ငံပီပီ ပထမအကြိမ်ပြိုင်ပွဲမှ ယခုလာမည့် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတိုင်အကြိမ်တိုင်း မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့သည်။
အိမ်ရှင်နိုင်ငံအနေဖြင့်လည်း ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ်ပြိုင်ပွဲကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို နေပြည်တော်၌လည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ အောင်မြင်မှုအစဉ်အလာနှင့် ရွှေရောင် တောက်ပခဲ့သော သမိုင်းမှတ်တမ်းကောင်းများစွာ ကိုလည်း ရေးထိုးနိုင်ခဲ့သည်။
ဗွေဆော်ဦးကျင်းပသည့် ၁၉၅၉ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစား ပြိုင်ပွဲမှာပင် မြန်မာအားကစားအဖွဲ့သည် အုပ်ချုပ်သူ ၂၄ ဦး၊ အမျိုးသားအားကစားသမား ၉၈ ဦး၊ အမျိုးသမီးအားကစားသမား လေးဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၄ ခုဖြင့် စုစုပေါင်း ဆုတံဆိပ် ၄၀ ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် ဒုတိယရရှိခဲ့သည်။
အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၃၅၊ ငွေ ၂၆၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၀၄ ခု ဆွတ်ခူး ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပထမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၇၊ ကြေး ၁၈ ဖြင့် စုစုပေါင်း ၃၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ကျင်းပသည့် ၁၉၆၇ ခုနှစ် စတုတ္ထအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၁၁၊ ငွေ ၂၆၊ ကြေး ၃၂ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့
မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၅၇၊ ငွေ ၄၆၊ ကြေး ၄၆ ဖြင့် စုစုပေါင်း ၁၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၆ နိုင်ငံအနက် ပထမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၀၊ ငွေ ၂၈၊ ကြေး ၁၃ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ဆက်လက်ကျင်းပသည့် ၁၉၇၃ ခုနှစ် သတ္တမအကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေ ၂၈ ၊ ငွေ ၂၄၊ ကြေး ၁၅ ဖြင့် စုစုပေါင်း ၆၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် စတုတ္ထရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေ ၂၈၊ ငွေ ၃၅၊ ကြေး ၃၃ ဖြင့် စုစုပေါင်း ၉၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၄ နိုင်ငံအနက် တတိယရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၇ ခုနှစ် နဝမအကြိမ်ပြိုင်ပွဲတွင်မူ ကျွန်းဆွယ်မဟုတ်သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ပါဝင်လာ၍ ကျွန်းဆွယ်အမည်ဖြုတ်ပြီး အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ သို့ရာတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုတို့ ပါဝင် ယှဉ်ပြိုင်ခြင်းမရှိ၍ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် စုစုပေါင်း ၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအားကစားအဖွဲ့က ရွှေ ၂၅၊ ငွေ ၄၂၊ ကြေး ၄၃ ဖြင့် စုစုပေါင်း ၁၁၀ ဆွတ်ခူးရရှိခဲ့ပြီး စတုတ္ထ ရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၇၉ ခုနှစ် ဒသမအကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၆၊ ငွေ ၂၆၊ ကြေး ၂၄ ဖြင့် စုစုပေါင်း ၇၆ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် တတိယရရှိခဲ့ သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၈၁ ခုနှစ် (၁၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၅၊ ငွေ ၁၉၊ ကြေး ၂၇ ဖြင့် စုစုပေါင်း ၆၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၈၃ ခုနှစ် (၁၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၈၊ ငွေ ၁၅၊ ကြေး ၁၇ ဖြင့် စုစုပေါင်း ၅၀ ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ပဉ္စမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၈၅ ခုနှစ် (၁၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၉၊ ကြေး ၃၄ ဖြင့် စုစုပေါင်း ၆၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၇ ခုနှစ် (၁၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၃၊ ငွေ ၁၅၊ ကြေး ၂၁ ဖြင့် စုစုပေါင်း ၄၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၈ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၈၉ ခုနှစ် (၁၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၀၊ ငွေ ၁၄၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၄၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၁၉၉၁ ခုနှစ် (၁၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၁၆၊ ကြေး ၂၉ ဖြင့် စုစုပေါင်း ၅၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် ဆဋ္ဌမရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၉၉၃ ခုနှစ် (၁၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၁၃၊ ကြေး ၁၆ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၉ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၂၁၊ ကြေး ၃၇ ဖြင့်စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၁၉၉၇ ခုနှစ် (၁၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၈၊ ငွေ ၃၄၊ ကြေး ၄၄ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် ၁၉၉၉ ခုနှစ် အကြိမ် (၂၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ ရွှေ ၃၊ ငွေ ၁၀၊ ကြေး ၁၀ ဖြင့် စုစုပေါင်း ၂၃ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၀၁ ခုနှစ် (၂၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၉၊ ငွေ ၁၄၊ ကြေး ၅၃ ဖြင့် စုစုပေါင်း ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၃ ခုနှစ် (၂၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၄၃၊ ကြေး ၅၀ ဖြင့်စုစုပေါင်း ၁၀၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ၂၀၀၅ ခုနှစ် (၂၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၇၊ ငွေ ၃၄၊ ကြေး ၄၈ ဖြင့် စုစုပေါင်း ၉၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၂၀၀၇ ခုနှစ် (၂၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၄၊ ငွေ ၂၆၊ ကြေး ၄၇ ဖြင့် စုစုပေါင်း ၈၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
လာအိုနိုင်ငံ၌ ကျင်းပသည့် ၂၀၀၉ ခုနှစ် (၂၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၂၂၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၇၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၁ ခုနှစ် (၂၆) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆၊ ငွေ ၂၇၊ ကြေး ၃၇ ဖြင့် စုစုပေါင်း ၈၂ ခုဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
မြန်မာနိုင်ငံက တတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်မူ မြန်မာ အားကစားအဖွဲ့သည် ရွှေ ၈၄၊ ငွေ ၆၃၊ ကြေး ၈၄ ဖြင့် စုစုပေါင်း ၂၃၁ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် ဒုတိယရရှိခဲ့သည်။
စင်ကာပူနိုင်ငံ၌ကျင်းပသည့် ၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂၊ ငွေ ၂၆၊ ကြေး ၃၁ ဖြင့် စုစုပေါင်း ၆၉ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၇၊ ငွေ ၁၀၊ ကြေး ၂၀ ဖြင့် စုစုပေါင်း ၃၇ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၄၊ ငွေ ၁၈၊ ကြေး ၅၁ ဖြင့် စုစုပေါင်း ၇၃ ခု ဆွတ်ခူးရရှိခဲ့ ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၉၊ ငွေ ၁၈၊ ကြေး ၃၅ ဖြင့် စုစုပေါင်း ၆၂ ခု ဆွတ်ခူးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် သတ္တမရရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၂၁၊ ငွေ ၂၅၊ ကြေး ၆၈ ဖြင့် စုစုပေါင်း ၁၁၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဋ္ဌမရရှိခဲ့သည်။
အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့
ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်နှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုစာရင်းဇယားများကို လေ့လာ ကြည့်လျှင် မြန်မာအားကစားအဖွဲ့သည် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ် ဒုတိယ ကျွန်းဆွယ်ပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတို့တွင် ပထမ၊ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယ၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၇၅ ခုနှစ် အဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတို့တွင် တတိယဖြင့် အောင်မြင်မှုစံနှုန်းကို အမြင့်မားဆုံး စိုက်ထူစွမ်းဆောင်နိုင်ခဲ့သည်။
ထို့အတူ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၅ ခုနှစ် (၁၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ဘရူနိုင်း နိုင်ငံ၌ ကျင်းပခဲ့သည့် ၁၉၉၉ ခုနှစ် အကြိမ် ၂၀ မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့ သည့် ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၄ ခု၊ ရွှေတံဆိပ် ၃ ခုနှင့် ရွှေတံဆိပ် ၄ ခုသာ ရရှိခဲ့၍ ကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ရွှေတံဆိပ် အနည်းဆုံးပြိုင်ပွဲများအဖြစ် တွေ့မြင်ရမည်ဖြစ်ပေ သည်။
ခေတ်ဦးကျွန်းဆွယ်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်အများဆုံးဆွတ်ခူးရရှိရန် အဓိကဒေါက်တိုင်အဖြစ် မတည်ပေးခဲ့သော အားကစား နည်းများမှာ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီဘောအားကစားနည်းများ ဖြစ်ပေသည်။
ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဆိုလျှင် ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နှင့် ၁၉၇၃ ခုနှစ် အရှေ့ တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတို့တွင် ငါးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ရုံမက ၁၉၆၆ ခုနှစ် နှင့် ၁၉၇၀ ပြည့်နှစ် အာရှအားကစားပြိုင်ပွဲချန်ပီယံ၊ ၁၉၆၈ ခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲတွင် ဒုတိယ၊ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုတို့အပြင် ဖိတ်ခေါ်ဖလားပြိုင်ပွဲများ ချန်ပီယံဆုရှင်အဖြစ် အောင်မြင်မှုသမိုင်းအစဉ် အလာကြီးမားခဲ့သည်။
ထို့အတူ အလေးမအားကစားနည်းဆိုလျှင်လည်း ၁၉၆၅ ခုနှစ် တတိယအကြိမ် ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခုနှင့် ကြေးတံဆိပ် ၁၈ ခုအနက် မြန်မာအလေးမအားကစားအဖွဲ့က ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခုဖြင့် အများဆုံးရယူပေး နိုင်ခဲ့သည်။
မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့ဆိုမူ ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၀၊ ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲတွင် ထိုင်း၊ စင်ကာပူတို့ကို အနိုင်ရကာ ရွှေတံဆိပ် ၆ ခု ရယူဆွတ်ခူးပေးခဲ့ပြီး ကျွန်းဆွယ်နှင့် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲများတွင် အောင်ပွဲအလီလီဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်ကြသည့် ဂျင်နီဖာတင်လေး(သံလုံးပစ်)၊ မမိုးစံ (တာတိုပြေး)၊ ဂျင်မီကရမ်တန်(တာလတ်ပြေး)၊ ရှင်မွေဂန်း(တာဝေးပြေး)၊ မမိုးအေး(ခ)ဂရေစီကား (ပြေးခုန်ပစ်)၊ စိုးမရ(ဝါးလုံးထောက်ခုန်)၊ မဖြူဖြူ (ဘော်လီဘော)၊ ကြည်ညွန့်(ကြက်တောင်)၊ တင်မောင်နီ(ရေကူး)၊ တင်ထွန်း(လက်ဝှေ့)၊ သိန်းမြင့် (လက်ဝှေ့)၊ ထွန်းမောင်(အလေးမ)၊ ချစ်မြ(အလေးမ)၊ ဦးစိန်လှိုင်(ဘောလုံး)၊ ဗဟာဒူး(ဘောလုံး)၊ တင်အောင် (ဘောလုံး)၊ လှဌေး(ဘောလုံး)တို့၏ အားကစားအောင်မြင်မှုများကို အားကစားကလောင်ရှင် ဆရာမောင်ရဲဝင်းက “မြန်မာ့အားကစား လူရည်ချွန်များ” အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။
ထို့အတူ အားကစားကလောင်ရှင်ဆရာ ဗဟိုသိမ်းဆောင်ကလည်း “အာရှဘောလုံးနှင့် မြန်မာ့ ကြယ်ပွင့်များ”အမည်ဖြင့် ဗဟာဒူး၊ ခင်မောင်ထွန်း (ဂိုး)၊ ဘပု၊ မောင်မောင်၊ တင်အေး၊ အောင်ခင်၊ ဝင်းမောင်နှင့် စိုးမြင့်တို့၏ ဘဝတစေ့တစောင်းကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။
အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့
တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားလူရည်ချွန်များသည် ယခုမျက်မှောက် ခေတ်ကဲ့သို့ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းကို မခံစား၊ မစံစားခဲ့ ကြရသော်လည်း နိုင်ငံနှင့် လူမျိုးအတွက်ဟူသည့် ခံယူချက်ဖြင့် အရိုးကြေကြေ အရေခန်းခန်း၊ မလျှော့ သောဇွဲလုံ့လ၊ ဝီရိယ၊ သတ္တိအပြည့်တို့ဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်မခံ အရှုံးမပေးဘဲ အောင်ပွဲအလီလီ ရယူဆွတ်ခူးပေးခဲ့ကြပါသည်။
ကျွန်းဆွယ်အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မမိုးစံသည် အမျိုးသားတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်ဓာတ်မကျ၊ “ငါ တစ်နေ့နိုင်ရမည်” ဟူသော ခံယူချက်ဖြင့် အောင်စိတ်မွေးပြီး ရည်မှန်းချက်ပြည့်ဝ စေရန် ဆက်လက်ကြိုးစားလေ့ကျင့်ခဲ့သည်။
Burma’s Golden Boy ဟု ကျွန်းဆွယ်အားကစားပြိုင်ပွဲများတွင် ထင်ရှားကျော်ကြားခဲ့သော အာရှနှင့် ကျွန်းဆွယ်အားကစားပြိုင်ပွဲ တာလတ်အပြေးချန်ပီယံ ဂျင်မီကရမ်တန်ဆိုလျှင် ဆဋ္ဌမ ကျွန်းဆွယ်ပြိုင်ပွဲတွင် ခြေနာနေသောဒဏ်ကြောင့် ဖိနပ်မစီးဘဲ ယှဉ်ပြိုင်ခဲ့ရာ ခြေထောက်မှ သွေးများယိုစီးနေသော်လည်း အားမာန်မလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ပါသည်။
သို့ဖြစ်၍ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် အာရှအဆင့်အားကစားပြိုင်ပွဲများ တွင် မြန်မာအားကစားမောင်မယ်များသည် တစ်ခေတ်တစ်ခါက နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားလူရည်ချွန်များကဲ့သို့ အရိုးကြေကြေ အရေခန်းခန်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်စိတ်မွေးမြူကာ အလှည့်ကျလျှင် မနွဲ့စတမ်း နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ကြပါစို့။ ။
MOI

သူတို့ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်နေတာကြည့်ပြီး မိမိတို့ကိုယ်တိုင်မှာ ယုံကြည်ချက်တွေ တိုးလာတယ်။ သေချာပါတယ်။ သူတို့ဆီမှာရှိနေတဲ့ အနိုင်ယူမယ်ဆိုတဲ့ ယုံကြည်ချက်၊ အောင်ပွဲအလီလီရယူ မယ်ဆိုတဲ့ခံယူချက်၊ တစ်နည်းအားဖြင့် အောင်စိတ်၊ မောပန်းရုံနဲ့မရပ်၊ နိုင်မှရပ်မယ်ဆိုတဲ့ အောင်စိတ်မျိုး။ အောင်စိတ်ချည်းပဲမဟုတ်ပြန်၊ အနိုင်ရအောင် ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့ နည်းစနစ်၊ ဒါမှသာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသပြီး အကောင်းဆုံးယှဉ်ပြိုင်အနိုင်ယူ၊ ဆုတံဆိပ်တွေရပြီဆိုတဲ့ ရလဒ်ကောင်းကိုမြင်ရမယ်။
အနိုင်မခံ၊ အရှုံးမပေးခံယူချက်ရှိနေကြတဲ့အတွက် သူတို့ဟာနိုင်ငံအတွက် သူရဲကောင်းတွေ ဖြစ်မှာမလွဲ၊၊ ပြိုင်ပွဲအကြို ကြိုတင်မွေးထားရမယ့်ခံယူချက်နဲ့ စိတ်ဓာတ်တွေမှာ အရေးအကြီးဆုံးကကြုံရနိုင်တဲ့ စိုးရိမ်စိတ်တွေ၊ ဖိအားတွေပဲ၊ လျှော့ချထားရမယ်၊ ကြောက်စိတ်တွေ အငုံ့စိတ်တွေမထားရ၊ အရေးအကြီးဆုံးက စိတ်ဓာတ်ပါပဲ။ ကြောက်စိတ်နေရာမှာ အောင်ပွဲဆာလောင်စိတ်နဲ့ အစားထိုး၊ မိမိကိုယ်မိမိယုံကြည်မှုကို အမြင့်ဆုံးမှာတည်ဆောက်ကြဖို့ပဲ။
အားကစားမှာ 5 S’s ဖြစ်တဲ့ stamina, speed, strength, skill and spirit ဆိုတာရှိတယ်၊ သူတို့အားလုံး တစ်ခုနဲ့တစ်ခု ဟန်ချက်ညီနေရမယ်။ ခံနိုင်ရည်၊ ခွန်အား၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်။ ထိုငါးချက်မှာ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ စိတ်ဓာတ်ကောင်းရင် အောင်ပွဲဆင် ဆိုတဲ့အတိုင်း မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာစေ့ဆော်မှုတွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို စုစည်းပြီး အကောင်းဆုံးသော အင်အားထုကြီးကို တည်ဆောက်ထားကြဖို့ပါပဲ။
အကောင်းဆုံးပြိုင်ပြီး အများဆုံးဆုတွေယူခဲ့ဖို့
အားလုံးသိတဲ့အတိုင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကြီးက သုံးလသာလိုပါတော့တယ်။ နေရာသုံးနေရာခွဲပြီး ဆင်နွှဲကြမယ့်ပွဲမှာ အားကစားနည်း ၅၃ မျိုးထည့်သွင်းထားပြီး မြန်မာနိုင်ငံက အားကစားနည်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြိုင်ပွဲဝင်ကစားသမားအားလုံး ကြိုတင်လေ့ကျင့်ပြင်ဆင်နေကြပြီလည်း ဖြစ်ပါတယ်။ အောင်ပွဲဆိုတဲ့လမ်းဆုံးမရောက်မီ လေ့ကျင့်ပြင်ဆင်ခြင်းဆိုတဲ့ခရီလမ်းမှာ လျှောက်လှမ်းနေကြတဲ့ကာလတစ်ခုပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရင်းဖြင့် နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံးရဲ့ အားပေးမှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီးတွန်းအားပေးနေရတဲ့ အရေးကြီးဆုံးကာလအတွင်းမှာပါ။
ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးအစားပေါင်းက ပြိုင်ခဲ့ဖူးသမျှ အကြိမ်တိုင်းမှာ အခုပြိုင်ပွဲက ၇၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။ အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူအရေအတွက်အားဖြင့်လည်း အများဆုံးဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးက အခြားနိုင်ငံတွေမှာကျင်းပခဲ့တဲ့ ယခင်ပြိုင်ပွဲအားလုံးထက် ယခုဆီးဂိမ်းမှာ အကောင်းဆုံးဝင်ပြိုင်ပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံးရယူပေးနိုင်ဖို့ကသာ အဓိကဖြစ်တယ်။
စီမံမှုကောင်းတွေနဲ့အတူ ဖြစ်လာမယ့် အမှန်တကယ်အိပ်မက်
စိတ်ဓာတ်အင်အား၊ ရုပ်ပိုင်းအင်အားတွေကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ထားရမယ် လို့ဆိုခဲ့ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းကြံ့ခိုင်အောင်အတွက် စီမံမှုကောင်းတွေရှိပြီးဖြစ်ပေမယ့် မိမိကိုယ် မိမိတည်ဆောက်ရမယ့်အပိုင်းက ပိုပြီးအဓိကကျပါလိမ့်မယ်။ အခြေခံအားဖြင့်တော့ နိုင်ငံအတွက်၊ တစ်မျိုးသားလုံးအတွက် မြန်မာဆိုတဲ့စိတ်နဲ့ ပြိုင်နိုင်ရမယ်၊ အနိုင်ယူနိုင်ရမယ်။ ဆုတံဆိပ်တွေရခဲ့ရင် ပြည်သူနဲ့နိုင်ငံတော်က ချီးမြှင့်မယ့်ဆုလာဘ်တွေက မိမိတို့ရဲ့ပန်းတိုင်ကို တွန်းအားဖြစ်စေသလို ထိုချီးမြှောက်ခဲ့မှုများကပင် အောင်ပွဲဆီ အမှန်တကယ်လည်း ရှေးရှုပါတယ်။
အရေးအကြီးဆုံးက မိမိကိုယ်တိုင်သာလျှင်ပါ၊ လေ့ကျင့်မှုအပိုင်း၊ ပြင်ဆင်မှုအပိုင်းမှာ များစွာဝီရိယထားရပါမယ်။ နေ့ပေါင်းများစွာ၊ အပတ်ပေါင်း၊ လပေါင်းများစွာ အချိန်ယူလေ့ကျင့်ထားမှုအားလုံးက ရည်မှန်းချက်က တစ်ခုတည်းပါပဲ။ ပြိုင်ပွဲဝင် အားကစားသမားတွေဟာ အားကစားနဲ့ ဆေးဘက်ဆက်စပ်မှုအပိုင်းကို အထူးအလေးထားကြရပါတယ်။ နှလုံးအပါအဝင် ကျန်းမာရေးစစ်ဆေးမှု၊ ကြွက်သားအဆစ်ကြံ့ခိုင်မှု ဆန်းစစ်မှုတွေက နေ့စဉ်ဆောင်ရွက်ရတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။
အာဟာရအပိုင်းမှာလည်း မိမိပြိုင်ပွဲဝင်မယ့်အားကစားနည်းနဲ့ သင့်တော်မယ့်အမျိုးအစား၊ ညီညွတ်မျှတတဲ့ အာဟာရမျိုးကို ရွေးချယ်စားသောက်ကြရတယ်။ နေ့စဉ်အစားအသောက် အစီအစဉ်အောက်မှာ အားကစားသမားတစ်ယောက် စားသင့်တဲ့ပမာဏဟာ ကျန်းမာရေးနဲ့ ညီညွတ်ရမယ့်အပြင် ပြင်းပြင်းထန်ထန်လေ့ကျင့်ထားလို့ ကုန်ခန်းသွားတဲ့ ကယ်လိုရီနဲ့ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးရမယ့် အာဟာရအမျိုးအစား ပမာဏနဲ့ချိန်ပြီး စားသောက်ရတာမျိုးပါ။
ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးပြီး ကိုယ်အလေးချိန်လည်းမတက်စေ၊ ကိုယ်ခံအားလည်း ကောင်းစေတဲ့ lean protein လို အစားအစာမျိုးတွေကို အားကစားအာဟာရပညာရှင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ ကစားသမားအားလုံး တိတိကျကျ စားသောက်ကြရပါတယ်။ နောက်တစ်ချက်အရေးကြီးတဲ့ အားကစားဆိုင်ရာဆေးပညာကဏ္ဍမှာ ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာရရှိ နိုင်မယ့်အန္တရာယ်ကိုလည်း ထည့်သွင်းတွက်ချက် ထားရတယ်။ မပြိုင်ခင်မှာ ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်ကာကွယ်မှု၊ ဒဏ်ရာအနာတရဖြစ်ခဲ့ရင်လည်း ကုသမှုပရိုတိုကောလ် အစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ကြရတယ်။
လေ့ကျင့်ပြင်ဆင်မှုအပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာနဲ့အတူ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကလည်း အောင်မြင်မှုအတွက် အခရာကျလွန်းပါတယ်။ အနိုင်ရလိုစိတ် ပြင်းထန်လာတဲ့အခါ စိတ်ကိုလေ့ကျင့်ထားမှ ကြုံရမယ့်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ပြင်းပြတဲ့စိတ်ဓာတ်အပြင် တည်ငြိမ်တဲ့စိတ်ရှိနေဖို့လည်းလိုတယ်။ စိတ်တည်ငြိမ်ဖို့နဲ့ပတ်သက်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေကို တရားထိုင်တဲ့ နည်းလမ်းတွေသုံးပြီး စိတ်ကိုလေ့ကျင့်ပေးကြတယ်လို့ဆိုပါတယ်။
နောက်တစ်ချက်က စည်းကမ်းပိုင်းပါ၊ ပြိုင်ပွဲစည်းကမ်းတွေဆိုတာ အလွန်အရေးကြီးပါတယ်။ လိုချင်တဲ့စိတ်နဲ့အတူ နာခံတဲ့စိတ်ရှိဖို့လည်းလိုတယ်။ အစားအသောက်ပုံစံ၊ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်၊ နားချိန်ကအစပါ။ ပြိုင်ဘက်ကို အနိုင်ယူတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းဘောင် အတွင်းက ကစားတတ်ဖို့၊ အနိုင်ယူတတ်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ စည်းကမ်းဆိုတာ မိမိရောက်ရမယ့်ပန်းတိုင်နဲ့ ပြီးမြောက်မှုကြားက အကွာအဝေးခြားတစ်ခုသာ၊ ပန်းတိုင်နဲ့ပြီးမြောက်မှုအကြား ခင်းထားတဲ့ တံတားတစ်ခုမျှပါ။ အသင်းလိုက်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းနဲ့ ခိုက်ရန်ဖြစ်ပွားပြီး မိမိအသင်းအပေါ် အနုတ်လက္ခဏာ ဖြစ်မသွားအောင် စိတ်ကို ထိန်းသိမ်းနိုင်ဖို့လိုတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်ဆက်တွဲနိုင်ငံနဲ့ လူမျိုးဂုဏ်သိက္ခာမထိခိုက်အောင် စောင့်ထိန်းရမယ့် စိတ်နေစိတ်ထားတွေ ရှိနေဖို့လိုပါတယ်။ လိုက်နာဖို့အပြင် ရင့်ကျက်မှုပါ ပြသနိုင်ဖို့လိုပါတယ်။
အောင်မြင်မှုပန်းတိုင်ဆီ ချီတက်မယ့်ခရီးလမ်းဘယ်လမ်းမဆို မချောမွေ့နိုင်ပါဘူး။ အခက်အခဲအတားအဆီးတွေရှိနိုင်တယ်။ ဘယ်လိုစီမံမှု၊ ဘယ်လိုပြိုင်ပွဲမဆို စိန်ခေါ်မှုဆိုတာ ရှိလာနိုင်တယ်။ မျှော်လင့်မထားတဲ့အချက်တွေကို ကြိုတင်မြော်တွေးထားရပါမယ်။ အထူးသဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာဖြစ်တယ်။ ဥပမာ-ရာသီဥတု အပြောင်းအလဲ၊ အစားအသောက်အပြောင်းအလဲ၊ နေရာအပြောင်းအလဲ၊ စိတ်ပိုင်းဆိုင်ရာဖိအား၊ စိတ်လှုပ်ရှားမှုတွေကနေ အိပ်စက်အနားယူခြင်းအပေါ် ထိခိုက်နိုင်မှုစတဲ့အချက်တွေကို ထည့်တွက်ရပါမယ်။ ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ်ပါ၊ စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းနိုင်စွမ်းရှိဖို့က ပိုအရေးကြီးပါတယ်။ ထိုသို့ပြောင်းနိုင်ခြင်းကပဲ ချန်ပီယံတစ်ယောက်၊ အောင်နိုင်သူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဖြစ်ပါလိမ့်မယ်။
စိတ်ခွန်အားတွေ ပေးမြဲပေးလျက်
ဘာပဲဖြစ်ဖြစ် မြန်မာတစ်မျိုးသားလုံးက အားပေးလျက်ပါ။ မြန်မာတွေပါဝင်တဲ့ ပြိုင်ပွဲတိုင်း အားပေးနေပါတယ်။ ယခင့်ယခင်ခေတ်တွေနဲ့မတူအောင် နိုင်ငံတော်ဘက်ကလည်း အားကစားထူးချွန်သူတွေကို အလွန်အားပေးချီးမြှင့်မြှောက်စားတဲ့ အချိန်အခါကောင်းဖြစ်နေတယ်။ ပြည်သူတွေရဲ့ အားပေးမှုသြဘာသံတွေ၊ လက်ခုပ်သံတွေက သင်တို့ရဲ့စွမ်းဆောင်ရည်ကို မြင့်တက်စေမှာအမှန်ပါ။ ဒါကြောင့် နိုင်ငံ့ဂုဏ်ဆောင်မယ့် အားကစားသမားအားလုံး... မဆုတ်မနစ်သော လုံ့လနဲ့ ပုံမှန်လေ့ကျင့်ပြီး ကြိုးစားယှဉ်ပြိုင်ပေးကြပါ။
လေ့ကျင့်မှုဆိုတာ ဘယ်တော့မှပြီးဆုံးတယ်မရှိ၊ ဘယ်တော့မှလည်း အဆုံးသတ်တယ်မရှိ၊ လေ့ကျင့်နိုင်သမျှလေ့ကျင့်ပါ။ ကိုယ်ဝင်ပြိုင်မယ့် ကိုယ့်အားကစားကိုယ်ကိုယ်တိုင်ချစ်ပါ၊ တန်ဖိုးထားပါ၊ လေးစားပါ၊၊ လေ့ကျင့်မှုဆီကနေ အမြဲသင်ယူအမြဲလေ့လာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုအမြဲရှိပါ၊
ယုံကြည်မှုရှိရင် အောင်မြေတစ်ဝက် နင်းပြီလို့မှတ်၊ ဖိအားဒဏ်ခံနိုင်အောင် စိတ်ကိုအမြဲလေ့ကျင့်ပါ။ အောင်မြင်မှုဆိုတာ ကြိုးစားမှုကြောင့်ရလာတာ အရည်အချင်းရှိလို့ရတာ၊ တိုက်ဆိုင်မှုမဟုတ်ကြောင်း ပြနိုင်ရမယ်၊၊ လဲကျမသွားနဲ့၊ ပြိုလဲမသွားနဲ့၊ လဲရင်ရုန်းထ ဘယ်တော့မှမရှုံးစေနဲ့။ ဘယ်လို အခက်အခဲရှိရှိလုပ်မယ်၊ ကိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ကသာ အခရာ။ အသင်းလိုက်မှာ သက်သောင့် သက်သာနဲ့လိုက်မယ်ဆိုတဲ့စိတ် ဘယ်တော့မှမတွေးပါနဲ့၊၊ ချွေးထွက်များမှ သွေးထွက်နည်းမယ်၊ အနာခံမှအသာစံရမယ့် စိတ်ဓာတ်နဲ့အတူ မိမိဘဝတစ်သက်တာဂုဏ်ယူနေရမယ့် ချန်ပီယံဆိုတဲ့ ဆုလာဘ်အတွက်ယခု ခဏတာနာကျင်မှုတွေကို မေ့ထားလိုက်ပါ၊ အနာဂတ်ဆိုတာ မျှော်မှန်းနေရုံနဲ့မပြီး၊ ဖန်တီးမှုရှိမှသာ လှပတဲ့အနာဂတ်ဖြစ်လာမှာပါ။
နေ့တိုင်းနေ့တိုင်းမှာ မနေ့ကထက် ဒီနေ့ငါဘယ်လောက် ပိုကောင်းအောင်လုပ်နိုင်သလဲ၊ အမြဲဆန်းစစ်နေပါ။ ဒါမှသာ ယနေ့နာကျင်မှုဟာ နောက်တစ်နေ့အတွက် ချိုမြိန်မှုဖြစ်ပါမယ်။ အားကစားပြိုင်ပွဲတစ်ခု အောင်မြင်မှုအတွက် ဆန္ဒ၊ အသိ၊ နည်းနာထိုသုံးခုမှာ ထက်သန်တဲ့ဆန္ဒက အရေးကြီးဆုံးလို့ ယူဆပါတယ်၊ ဆန္ဒပြင်းထန်မှုရှိနေရင် အင်အားနဲ့နည်းနာ နည်းပရိယာယ်တို့ကလည်း နောက်ကထက်ကြပ်လိုက်ပါလာမှာပဲ။ သေချာတာကတော့ ထက်သန်တဲ့စိတ်ဓာတ်မရှိဘဲ အောင်မြင်မှုဆိုတာ ဘယ်တော့မှရောက်မလာဘူးဆိုတာပဲ။ ဒီလိုကြိုးစားရင် ဒီလိုအောင်မြင်မှုရမယ်ဆိုတဲ့ မမှိတ်မသုန်ယုံကြည်ချက်ရှိနေရင် ဒီပုံဒီနည်းလမ်းအတိုင်း လုပ်မယ်ကြိုးစားမယ်ဆိုတဲ့ ခံယူချက်လည်း လိုက်လာမှာပဲ။ ခံယူတဲ့အတိုင်း ကြိုးစားခဲ့ရင်အောင်မြင်မှုက လက်တစ်ကမ်းမှာပါ၊၊
နောက်ဆုံးအချက် အားပေးချင်တာက အိပ်မက်ဆိုတာ ဘယ်အိပ်မက်မှ မကြိုးစားဘဲနဲ့တော့ မရနိုင်ပါဘူး၊ ခက်ခက်ခဲခဲကြိုးစားမှုရဲ့နောက်မှာ ချိုမြိန်တဲ့အောင်မြင်မှု ရှိနေတယ်ဆိုတဲ့အတွက် ကြောင့်... သူတို့အားလုံး ကောင်းကောင်းလုပ်နိုင်ကြမယ်၊ ယခင်စံချိန်ကောင်းတွေကို ချိုးနိုင်ကြမယ်၊ နိုင်ငံတော်အလံ ကွင်းအနှံ့လွှမ်းသွားမယ်၊ အဆုံးမှာအောင်ပွဲနဲ့အတူ ပြန်လာကြမယ်ဆိုတာ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာမှာမှ သံသယရှိမှာ မဟုတ်တော့ပါ။
အထူးသဖြင့် ယခုဆောင်းပါးဟာ (၃၃)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်တွေအတွက် အဓိကရည်ရွယ်တဲ့ အားပေးမှု၊ လှုံ့ဆော်တိုက်တွန်းမှုတွေဖြစ်သော်လည်း... ကိုယ်စီကိုယ်စီကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားနေကြသူတွေ၊ ဘဝကိုအနိုင်မခံအရှုံးမပေး ကြိုးစားနေကြသူအားလုံး.. အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက်လည်း ရည်ရွယ်ချက်တွေ ပါဝင်သွားခဲ့ပြီးဖြစ်ပါတယ်။ ။

အားကစားနည်းအမျိုးမျိုးတွင် မြန်မာပရိသတ်များ အမျှော်လင့်ဆုံး၊ အနှစ်သက်ဆုံးအားကစားနည်းမှာ ဘောလုံးအားကစားနည်းဖြစ်သည်။ တစ်ချိန်သောကာလက ပြည်နယ်နှင့် တိုင်းဘောလုံးအားကစားပြိုင်ပွဲနှင့် ကျွန်းဆွယ်၊ ဆီးဂိမ်း၊ အာရှအားကစားပြိုင်ပွဲများတွင် တိုင်းနှင့် ပြည်နယ်လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားခဲ့ကြပုံများကို ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်အားပေးခဲ့ကြသည်။ တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး၊ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဘဝဂ်ထိတိုင်ဆူညံသံများဖြင့် အားပေးခဲ့ကြသည်များကို ယနေ့ထက်တိုင်အောင် သတိရနေဆဲဖြစ်သည်။
မျိုးချစ်စိတ်ဓာတ်ရှင်သန်
မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ရေကုန်ရေခန်းအနိုင်မခံအရှုံးမပေးသည့် ပြောင်မြောက်သော ကစားပုံ၊ ကစားကွက်များမှာ ပရိသတ်အားလုံး၏ နှလုံးသားများကို စွဲငြိစေခဲ့သည်။ ရွှေတွဲလဲ၊ ငွေတွဲလဲနှင့် အောင်ပွဲမှပြန်လာကြသော မြန်မာ့လက်ရွေးစင်အားကစားသမားများကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသော မြင်ကွင်းများမှာလည်း ယနေ့ထက်တိုင် မမေ့ပျောက်နိုင်သေးဘဲရှိသည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင်အသင်းများအပေါ် မြန်မာအားကစားပရိသတ်ထားရှိသည့် ယုံကြည်ကိုးစားမှု၊ ကျေနပ်နှစ်သက်မှု၊ ချစ်ခင်မြတ်နိုးမှုများမှာ လျော့နည်းသွားခြင်းမရှိပေ။ မြန်မာနိုင်ရမည်ဆိုသည့် အားကစားစိတ်ဓာတ်များ မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲတွင်ကိန်းအောင်းနေဆဲ၊ အားကစားမှ ဖြစ်ပေါ်လာသော မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်နေဆဲ။
ပြီးခဲ့သည့် ဇူလိုင်လတတိယပတ်က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် အာဆီယံယူ - ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲများကို မြန်မာအားကစားပရိသတ် စိတ်ဝင်တစား အားပေးကြည့်ရှုခဲ့ကြသည်။ ဇူလိုင်လ ၂၂ ရက်နေ့အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဂိုးမရှိသရေပွဲကျခဲ့သည်။ အာဆီယံနိုင်ငံများတွင် အစဉ်အလာရှိသည့် ထိပ်တန်းထိုင်းအသင်းကို သရေကစားနိုင်သဖြင့်ကျေနပ်မိသည်။ သို့သော် အုပ်စုပထမပြိုင်ပွဲတွင် တီမောအသင်းကို မထင်မှတ်ဘဲ၊ မမျှော်လင့်ဘဲ သရေကစားခဲ့သည်ကိုမူ မြန်မာပရိသတ်များ မကျေမချမ်းဖြစ်ကြသည်။ မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်ကို တီမောအသင်းနှင့် ယှဉ်ပြိုင်ရာတွင် အထင်အရှားတွေ့ရသည်။ အနိုင်ရလျှင် တစ်နိုင်ငံလုံးပျော်မည်။ ရှုံးနိမ့်လျှင် ကြိတ်မနိုင်ခဲမရဖြစ်ကြသည်။
ပရိသတ်များမျှော်လင့်လျက်
ယခုကာလတွင် ယှဉ်ပြိုင်ကစားကြသော ပြည်တွင်း/ပြည်ပအားကစားပြိုင်ပွဲများ၏ အနိုင်/အရှုံးရလဒ်များသည် နှစ်ကုန်တွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အကြိုခြေလှမ်းများဟု ဆိုနိုင်သည်။ အတိတ်တစ်ချိန်က ရွှေရောင်လွှမ်းခဲ့သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားဂုဏ်သည် အားကစားသမိုင်းတွင် ကမ္ပည်းမော်ကွန်းရေးထိုးထားသည်။ ခေတ်ကာလရွေ့လျောလာသည့်အလျောက် မြန်မာ့အားကစားရွှေရောင်များမှာ မှေးမှိန်လာခဲ့ပြီး မျက်မှောက်ကာလတွင်မူ အားကစားအဆင့်အတန်းမှာ ပြန်လည်ဦးမော့လာသည်ဟုဆိုနိုင်သည်။ အတိတ်က ရွှေရောင်အိပ်မက်များကို မမေ့နိုင်သေးသလို အနာဂတ်အတွက် ရွှေရောင်အိပ်မက်များကိုလည်း ပရိသတ်အားလုံး မျှော်လင့်လျက်ရှိသည်။
၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစား နည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး စုစုပေါင်း မြန်မာအားကစားအဖွဲ့ဝင် ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု နိုင်ငံ့ဂုဏ်ဆောင် ရယူပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၁ ခုနှစ် နောက်ပိုင်းအခြားအိမ်ရှင်နိုင်ငံများသို့ ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ဆီဂိမ်းပြိုင်ပွဲ များတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်အများဆုံး ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ထူးခြားသော စွမ်းဆောင်မှုများကို တွေ့ရမည်ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့
ပါဝင်ယှဉ်ပြိုင်နိုင်မှုအင်အားတွင် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှ အားကစားသမား ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အိမ်ရှင်ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည် ပြိုင်ပွဲဝင် ၈၀၀ ကျော်စီပါဝင်သည့် အများဆုံးအင်အားဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဗီယက်နမ်က အင်အား ၇၀၀ ကျော်၊ မလေးရှားက အင်အား ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအိုနှင့် စင်ကာပူနိုင်ငံတို့က အင်အား ၅၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်မှု အခြေအနေကိုကြည့်လျှင် စုစုပေါင်းထည့်သွင်းကျင်းပသည့် အားကစားနည်း ၃၆ နည်းတွင် အိမ်ရှင်ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က အားကစားနည်းအားလုံး ရာနှုန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ ငါးနိုင်ငံက အားကစားနည်း ၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မှု ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ အားကစားသမားပါဝင်မှု အချိုးအစားကိုကြည့်လျှင် အာဆီယံနိုင်ငံအားလုံးက ပါဝင်ယှဉ်ပြိုင်သူအားလုံး၏ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရသည်။ မြန်မာအားကစားအဖွဲ့များအနေဖြင့် အားကစားနည်းစနစ်အစုံအလင်နှင့် ပြိုင်ပွဲဝင်အားကစားသမားအပြည့်အစုံ ပါဝင်ယှဉ်ပြိုင်ကြသည့် အခြားနိုင်ငံများကြားတွင် အားကစားနည်း ၁၉ နည်းနှင့်ပြိုင်ပွဲဝင် ၃၄၁ ဦးဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသော်လည်း အားကစားနည်းအရ ဆုတံဆိပ်ရရှိမှုတွင် မြန်မာနိုင်ငံက မြင့်မားနေသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။
အောင်မြင်မှုမြင့်မား
ထို့ပြင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူအားကစားသမားဦးရေနှင့် ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇)ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၈ ရာခိုင်နှုန်း၊ (၂၈)ကြိမ်မြောက်ပြိုင်ပွဲ၌ ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ (၂၉)ကြိမ်မြောက် ပြိုင်ပွဲ၌ ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ အကြိမ် (၃၀) မြောက်ပြိုင်ပွဲ၌ ၇ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၁ ဒသမ ၅၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက်ပြိုင်ပွဲ၌ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းအထိရရှိခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် မြန်မာ့အားကစား အောင်မြင်မှုများ မြင့်မားတိုးတက်လာသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၅၃ နည်းထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းပေါင်း ၄၀ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုအခါ အားကစားနည်းအလိုက်ပွဲမဝင်မီ ပြင်ဆင်လေ့ကျင့်နေကြသည်ကို တွေ့ရသည်။ (၃၃) ကြိမ်မြောက် ပြိုင်ပွဲတွင်ပါဝင်မည့် အားကစားနည်းအမျိုးအစားများလာသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းများအလိုက် တိုးတက်ယှဉ်ပြိုင်လာသည်ကို တွေ့နိုင်သည်။
စံချိန်သစ်ပေါ်ထွက်နိုင်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ပွဲမဝင်မီကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သည့်် ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲမှတစ်ဆင့် အစပျိုးလာခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သည့် အားကစားပွဲတော်ကြီးတွင် အားကစားသမားပေါင်း ၁၂၀၀၀ ခန့်နှင့်အားကစားနည်း ၂၃ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းမှစတင်သည်။ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ ရေကူး၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ ကာယဗလ၊ ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့စသည့် အားကစားနည်းများသည် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာနိုင်ပြီး စံချိန်သစ်တင်နိုင်သော အားကစားနည်းများဖြစ်သည်။
မြန်မာအားကစားပရိသတ်များ စိတ်ဝင်စားသည့် ဘောလုံးပြိုင်ပွဲနှင့်ပတ်သက်၍ အတိတ်က ရွှေရောင်အိပ်မက်များကို အမီမလိုက်နိုင်သေးသော်လည်း ၂၀၀၅ ခုနှစ်မှစတင်၍ ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းလာနိုင်သဖြင့် အရှေ့တောင်အာရှဘောလုံးလောကတွင် မြန်မာဘောလုံးအသင်းများ၏ ခြေစွမ်းခြေစများမှာ အလားအလာကောင်းများ ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်း နှစ်သင်းစလုံးအနေဖြင့် အကြိုဗိုလ်လုပွဲများသို့ တက်ရောက်နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အခြေအနေဖြစ်သည်။ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်၌ ပြိုင်ဘက်အသင်းကောင်းများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ကြရပြီး အကြိုဗိုလ်လုပွဲတွင် အာဆီယံ၌ အင်အားအကြီးဆုံး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိအနိုင်ရရှိခဲ့သည်။
ဂုဏ်ပြုပေးအပ်ချီးမြှင့်
ထိုသို့အောင်မြင်မှုများ အဆင့်ဆင့်တက်လှမ်းပြီး မျက်မှောက်ကာလတွင် မြန်မာအားကစားကဏ္ဍ အဆင့်အတန်းတစ်ခုအထိ မြင့်မားတိုးတက်လာခြင်းသည် မြန်မာအားကစားသမားများအားလုံး၏ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာမြင့်မားရေးအတွက် အားကစားဖြင့် ရေကုန်ရေခန်း ကြိုးပမ်းဆောင်ရွက်မည်ဆိုသည့် အောင်စိတ်မြင့်မားမှုရှိနေကြခြင်းဖြစ်သည်။ ထို့ပြင် အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာအောင် နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးမှုများဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံအတွက် ဆုတံဆိပ်များရယူပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် အမိမြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လွှင့်တင်ပေးနိုင်ခဲ့သဖြင့် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအား နိုင်ငံတော်အစိုးရက ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများသည်လည်း အထောက်အပံ့ကောင်းများဖြစ်သည်။
သာဓကအားဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးဆုများအဖြစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀၀၊ အကြိုဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည့် အမျိုးသားဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အခြားအားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆွတ်ခူးကြသော အားကစားမောင်မယ်များ၊ အသင်းလိုက်၊ အဖွဲ့အလိုက်ပါဝင်သူများ၊ အုပ်ချုပ်သူနည်းပြများပါမကျန် ပါဝင်စွမ်းဆောင်ခဲ့ကြသူအားလုံးကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။
သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် မြန်မာ့လက်ရွေးစင်အားကစားသမားများအားလုံးက မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ပွဲမဝင်မီ အစွမ်းကုန်ကြိုးပမ်းလေ့ကျင့်ပြင်ဆင်နေကြပြီဖြစ်ရာ ပြီးခဲ့သည့်ဆီးဂိမ်းပြိုင်ပွဲများတွင် ရွှေတွဲလဲ ငွေတွဲလဲ အောင်ပန်းဆင်နိုင်ခဲ့သည့် အခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် အောင်မြင်မှုများကို သယ်ဆောင်ရယူပေးပြီး အားကစားဖြင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ကြဉ်းပေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပမယ့်ရက်က တစ်စထက်တစ်စ နီးကပ်လာနေပါပြီ။ အခုလလက်ကျန်ရက်တွေကို ဖယ်လိုက်ရင် ကြားမှာလေးလသာ ကျန်ပါတော့တယ်။ ဒါကြောင့် အချို့အားကစားအဖွဲ့ချုပ်တွေက အပြီးသတ်လူရွေးချယ်တာ၊ အားကစားသမားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာတွေလုပ်နေကြတာ တွေ့ရပါတယ်။ အားကစားအဖွဲ့ချုပ်အလိုက် လူရွေးချယ်တဲ့အလုပ်ကို ဒီလ(ဇူလိုင်လ)ကုန်မှာ အပြီးလုပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အချိန်မီတင်ပြကြရမှာဖြစ်သလို ဝန်ကြီးဌာနကလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ အမည်စာရင်းတွေ အချိန်မီပေးပို့သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Game) ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အားကစားနည်းပေါင်း ၅၃ နည်းကို ဘန်ကောက်၊ ချွန်ဘူရီနဲ့ ဆောင်ခလာ မြို့သုံးမြို့မှာနေရာခွဲပြီး ကျင်းပသွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ အားကစားနည်းပေါင်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့အတွက် စခန်းသွင်းပြင်ဆင်လေ့ကျင့်နေကြတယ်လို့ သိရပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ နှလုံးသွင်းထားကြရမှာက ပြိုင်ပွဲဝင်နိုင်ငံတိုင်း၊ အားကစားသမားတိုင်း၊ အားကစားအသင်းအဖွဲ့တိုင်းက မိမိတို့အနိုင်ယူအောင်ပွဲခံနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြင်ဆင် လေ့ကျင့်နေကြတာဖြစ်လို့ ပြိုင်ပွဲက မကြေညာထားဘဲ အခုချိန်ကတည်းက စတင်ယှဉ်ပြိုင်နေကြပြီ ဆိုတာပါပဲ။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့တာ၊ လေ့ကျင့်တာ၊ စီမံချက်ရေးဆွဲတာ၊ နည်းဗျူဟာ ချမှတ်တာစသဖြင့် စနစ်တကျ၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ၊ ပံ့ပိုးမှုကောင်းကောင်း၊ အားပေးမှုကောင်းကောင်း ဆောင်ရွက်ကြခြင်းဖြင့် အခြေခံအကြောင်းတရားတွေ ပေါင်းစုံတဲ့အခါ အကောင်းဆုံးသော ရလဒ်၊ အမြင့်ဆုံးသော အောင်ပွဲတွေ ဆွတ်ခူးနိုင်ကြမှာဖြစ်ပါတယ်။
အနီးဆုံးပြိုင်ပွဲကို ပြန်ကြည့်ရင် ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာအားကစားနည်း ၃၆ နည်း ထည့်သွင်း ကျင်းပခဲ့တဲ့အနက် မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အားကစားသမားပေါင်း ၃၄၁ ဦး၊ အုပ်ချုပ်နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြရမှာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခုနဲ့ ကြေး ၆၈ ခု ဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့တာမို့ ၁၉၈၁ ခုနှစ် နောက်ပိုင်း(နှစ်ပေါင်း ၄၀ ကျော်အတွင်း) အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ မြန်မာအားကစားအဖွဲ့တွေ ရွှေ၊ ငွေ၊ ကြေး အများဆုံးရယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာ နိုင်ငံအလိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်သူဦးရေကို ပြန်ကြည့်ရင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံက ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းတို့က ပြိုင်ပွဲဝင်သူ ၈၀၀ ကျော်စီ၊ ဗီယက်နမ်က ၇၀၀ ကျော်၊ မလေးရှားက ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူတို့က ၅၀၀ ကျော်စီနဲ့ မြန်မာက ၃၄၁ ဦး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားအရေအတွက်နဲ့ ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ ပြီးခဲ့တဲ့(၃၂)ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းမှာ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး (၂၇)ကြိမ်မြောက် ဆီးဂိမ်းနောက်ပိုင်း အမြင့်ဆုံးသောအောင်မြင်မှုကို ရရှိနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးနှစ်သင်းစလုံး အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဆိုရင် အာဆီယံရဲ့အင်အားကြီးဖြစ်တဲ့ ထိုင်းနိုင်ငံအမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး အရှုံးနဲ့ နောက်ကလိုက်ကစားပြီးပွဲအပြီးမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာကိုလည်း အမှတ်ရနေကြဦးမှာပါ။ ဗိုလ်လုပွဲမှာတော့ ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ငွေဆုနဲ့နှစ်သိမ့်ခဲ့ရတာမို့ လက်ရှိမှာတော့ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာဆီယံရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိမှုဟာအား ကစားနည်းအလိုက် ပြိုင်ပွဲဝင်နိုင်တဲ့အရေအတွက်နဲ့ အားကစားသမားတွေရဲ့ အရည်အသွေးတို့အပေါ်မှာ မူတည်နေတာမို့ အားကစားအမျိုးအစားတိုင်းမှာ ဝင်ပြိုင်နိုင်မယ်၊ ကိုယ့်ရဲ့အားကစားသမားတွေ အားလုံးအရည်အသွေးမြင့်မားကြမယ်၊ စံချိန်ကောင်းကြမယ်ဆိုရင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေလည်း ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးဂိမ်းရဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတန်းစီဇယားမှာ ထိပ်ဆုံးပိုင်းကို ရောက်ရှိဖို့ဆိုရင် အားကစားသမားကောင်းတွေ ပိုမိုပြုစုပျိုးထောင်ဖို့၊ ပြိုင်ပွဲအားလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့နဲ့ ပြိုင်ပွဲတိုင်း ဆုတံဆိပ်တွေဆွတ်ခူးနိုင်ဖို့ ရေရှည်မျှော်မှန်းချက်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
အခုလာမယ့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းအတွက် မြန်မာနိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုဟာ ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ တခမ်းတနားကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးမှာ အားကစားသမားပေါင်း ၁၂၀၀၀ လောက်နဲ့ အားကစားနည်း ၂၃ မျိုး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ ရေကူး၊ ကြက်တောင်၊ ဘိလိယက်စနူကာ၊ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု၊ ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့စတဲ့ အားကစားနည်းတွေပါဝင်ပါတယ်။ အမျိုးသားအားကစားပွဲတော်ကြီးက လက်ရွေးစင်အဆင့်မီ အားကစားသမားတွေပေါ်ထွက်လာပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ အားကစားနည်းတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမယ့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းကို အဓိကဦးတည်ချက်ထားခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်တိတိကွာပါတယ်။ အမျိုးသား အားကစားပွဲတော်ကထွက်ပေါ်လာတဲ့ စံချိန်ရှင်တွေ၊ လက်ရွေးစင်အားကစားသမားတွေကို ဆက်လက်လေ့ကျင့်ပေးပြီး (၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြင်ဆင်မှုကောင်းမွန်ပြီး ရလဒ်ကောင်းတွေ ပိုမိုပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကိုယ့်စိတ်အလိုကျဆိုရရင် မြန်မာအားကစားသမားတွေပြိုင်ပွဲတိုင်းမှာ ရွှေဆုကိုသာမလွဲမသွေ ရယူကြလိမ့်မယ်လို့ ရဲရဲတင်းတင်း ပြောလိုက်ချင်တာပါ။
အားကစားဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်မှုတွေနဲ့ အစွမ်းကုန်မြှင့်တင်ပြီး ယှဉ်ပြိုင်ကြရတဲ့ ဖျော်ဖြေမှုတစ်ရပ်လို့ ယေဘုယျအဓိပ္ပာယ် ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အားကစားပွဲတွေကို နိုင်ငံအလိုက်၊ နိုင်ငံ့ကိုယ်စားပြုစသဖြင့် ယှဉ်ပြိုင်ကြတဲ့အခါ အနက်အဓိပ္ပာယ်နဲ့ အကျိုးသက်ရောက်မှုဟာ ဒီထက်များစွာပိုပြီး နက်ရှိုင်းကျယ်ဝန်းသွားပါတယ်။ အားကစားယှဉ်ပြိုင်မှုတွေက စစ်ပွဲတွေပမာဖြစ်သွားပါတယ်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေကို အခြေခံရတာ၊ နည်းလမ်းပေါင်းစုံနဲ့ အနိုင်ရအောင် တိုက်ရတာချင်းတူပေမယ့် ကျန်တာတွေကတော့ ဆန့်ကျင်ဘက်ပါ။ အားကစားသည်အပြု၊ စစ်သည်အဖျက်။ အားကစားသည် ချစ်ကြည်ရင်းနှီးမှု၊ စစ်သည်မုန်းတီးနာကြည်းမှု၊ အားကစားသည်ငြိမ်းချမ်းရေး၊ စစ်သည်ပျက်သုဉ်းရေး၊ အားကစားသည် အပေါင်းလက္ခဏာသဘော၊ စစ်သည် အနုတ်လက္ခဏာသဘော စသည်ဖြင့် ဆန့်ကျင်ခြားနားပါတယ်။
အားကစားမှာယှဉ်ပြိုင်ခြင်းသည် အဓိကဆိုပေမယ့် ဒါကကျင့်ဝတ်သဘောသာ ပြောခြင်းဖြစ်ပါတယ်။ လက်တွေ့မှာတော့ ပြိုင်ပွဲဝင်အားကစားသမားတွေရော၊ အားပေးကြတဲ့ ပရိသတ်တွေပါ အောင်ပွဲကိုပဲ လိုချင်ကြတာပါ။ အနိုင်ရမှ အားရကြတာပါ။ အနိုင်ယူနိုင်မှ အားပေးကြတာလည်း သဘာဝပါ။ ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့၊ ရေကူး၊ ပြေးခုန်ပစ်စတဲ့ အားကစားတွေမှာ မြန်မာအားကစားသမားတွေ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်စသဖြင့် အောင်မြင်မှုတွေရခဲ့တဲ့အချိန်တုန်းက မြန်မာတွေအားကစားကို အားပေးခဲ့ကြပါတယ်။ မြန်မာ့အားကစားအတွက် မြန်မာတွေဂုဏ်ယူခဲ့ကြရပါတယ်။ မြန်မာ့ဂုဏ်ဆောင်အားကစားသမားတွေဟာလည်း မြန်မာတို့အဖို့ ဟီးရိုးတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာ့အားကစားရွှေခေတ်ဟာ ရာစုနှစ်ဝက်လောက်မှာ ကျန်ရစ်ခဲ့ရပါတယ်။ အားကစားပရိသတ်တွေအဖို့လည်း ကြားကာလနှစ်တွေမှာ တစ်ခါတစ်ခါရတတ်တဲ့ အောင်ပွဲ တချို့တလေနဲ့ပဲ နှစ်သိမ့်နေခဲ့ကြရတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ ဘောလုံးအားကစားနည်းမှာ မြန်မာအမျိုးသား၊ အမျိုးသမီးအသင်းတွေကို အရှေ့တောင် အာရှရဲ့ထိပ်ဆုံးနေရာတွေမှာ တွေ့ချင်၊ မြင်ချင်ကြတဲ့ အာသီသဟာ ကြီးမားပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာမြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေဟာ (၃၂) ကြိမ်မြောက် ဆီးဂိမ်းထက်နှစ်ဆကျော်ပိုမို များပြားလာသလို အားကစားသမားတွေနဲ့ အုပ်ချုပ်သူ နည်းပြများလည်း ပိုမိုများပြားလာမှာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ပိုမိုများပြားတဲ့နည်းတူ အရည်အသွေးမြင့်မားတဲ့ အားကစားသမားတွေဖြစ်အောင်၊ ပြိုင်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်အောင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ဖြည့်ဆည်းကြပြီး အောင်စိတ်ကိုအမြင့်ဆုံးမှာ မြှင့်တင်ထားကြရမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အဘက်ဘက်က ဖြည့်ဆည်းစီမံဆောင်ရွက်ပေးမှု၊ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ အမြင့်မားဆုံးသော အားပေးမှုတွေနဲ့အတူ (၃၃) ကြိမ်မြောက် ဆီးဂိမ်းမှာ သမိုင်းတစ်ခုရေးထိုးနိုင်ကြရအောင် အချိန်ရှိခိုက် လုံ့လဝီရိယစိုက်ကြပါစို့ရဲ့ဗျား။ ။

အားကစားဟူသော ဝေါဟာရကို နိုင်ငံတကာ အဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကို အားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
အားကစား၏ အဓိကရည်မှန်းချက်မှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါ အားကစားမှာ တစ်ဦးချင်းယှဉ်ပြိုင်ရသော ပြိုင်ပွဲများမှသည် လူပေါင်းရာထောင်ချီပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲများအထိလည်းကောင်း၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသော အိုလံပစ်ပြိုင်ပွဲများအထိလည်းကောင်း ကျင်းပလျက်ရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေသည်။ ထိုမှတစ်ဆင့် အားကစားပြိုင်ပွဲများကို လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားခေါ်ဝေါ်လာနေကြပြီ ဖြစ်ပါသည်။
အားကစားသည် အမျိုးသားရေးတာဝန်
အားကစားသည် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်ရာ ကျန်းမာရေးသက်သက်၊ အားကစားသက်သက်အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ အမျိုးသားရေးတာဝန်တစ်ရပ်၏ အဆင့်နှင့်အညီ အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို အမျိုးသားအားကစားပွဲတော်အဖြစ် တစ်နိုင်ငံလုံးပါဝင်သည့် အားကစားပြိုင်ပွဲကြီးများ ကျင်းပပြီး အားကစားနည်းအလိုက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်မည့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်လာကြခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးပါသော အဓိကလုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ခေတ်အဆက်ဆက်ကပင် ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ယခင့်ယခင်ကာလ များကပင် ပြည်နယ်/ တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားအားကစားပြိုင်ပွဲများ ကျင်းပကာ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပျိုးထောင်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် သာဓကများလည်း ခိုင်ခိုင်မာမာရှိခဲ့ပြီး ဖြစ်ပါသည်။
သို့ရာတွင် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းတွင် မြန်မာ့အားကစားအဆင့်မှာ အရှေ့တောင်အာရှတွင် တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုမှာ အဆင့် ၇ အထိ ရောက်ရှိလာခဲ့ပါသည်။ ထိုသို့သော အခြေအနေကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ လက်ထက်ကပင် ကြိုတင်ပြင်ဆင်မှုများဖြင့် ကြိုးစားခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များအား ကျင်းပပေးခဲ့သည့်အပြင် ဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား ပြန်လည်ကျင်းပပေးခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
အားကစားပြိုင်ပွဲများကျင်းပခြင်းသည် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးများစွာ အထောက်အကူပြုနေမှုများ
အမျိုးသားအားကစားပွဲတော်ကြီးကျင်းပခြင်းမှာ အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးအဓိကထားရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများပင်လျှင် မိမိတို့နိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအားကစားပြိုင်ပွဲမျိုးစုံနှင့် နိုင်ငံတကာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအား ပုံစံအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ အားကစားနည်းအလိုက် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် စံချိန်စံညွှန်းများ တိုးတက်အောင် ဖော်ဆောင်ပေးလျက်ရှိပါသည်။
အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ် ကျောင်းသားလူငယ်အားကစားပြိုင်ပွဲ The First Student (Youth) Game ကို နန်နင်းမြို့တွင် ကျင်းပခဲ့ရာ အဆိုပါလူငယ်အားကစားပြိုင်ပွဲမှ ကမ္ဘာ့လူငယ်စံချိန် ၁၁ ခု ချိုးနိုင်ခဲ့ပြီး ထိုစံချိန် ၁၁ ခုအနက်မှ ကမ္ဘာ့စံချိန်တစ်ခုချိုးနိုင်ခဲ့သည်အထိ အောင်မြင်မှုများ မြင့်မားခဲ့ကြောင်း သိရှိခဲ့ရပါသည်။
အဆိုပါပြိုင်ပွဲ၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ပါရီအိုလံပစ်ပြိုင်ပွဲကြီးတွင် တရုတ်နိုင်ငံအနေဖြင့် ရွှေတံဆိပ် ၄၀ ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ရွှေတံဆိပ်အရေအတွက် ရရှိမှုတူညီခဲ့သော်လည်း ငွေတံဆိပ်လျော့နည်းရရှိခဲ့မှုကြောင့် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်နေရုံမျှမက လူငယ်ပြိုင်ပွဲများမှ ကမ္ဘာ့စံချိန်များကိုပင် ချိုးနိုင်ခဲ့ပြီး နောက်ဆုံးအဆင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိပါ အထောက်အကူပြုလျက်ရှိခြင်းကို ထင်သာမြင်သာရှိသည့် သာဓကအဖြစ်မြင်တွေ့နိုင်ပါသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာ့အားကစားဖွံ့ဖြိုး တိုးတက်ရေးအား ရေရှည်အထောက်အကူပြုနိုင်မည့် အမျိုးသားရေးဦးတည်ချက်များဖြင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး မှာ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြီးလျှင် အားကစားနည်းအများဆုံးနှင့် ပြိုင်ပွဲဝင်အားကစားသမားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြီးတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။
ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းများ
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝန်ကြီးဌာနအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲဟူ၍ ပြိုင်ပွဲအား အဆင့်သုံးဆင့်ခွဲခြားကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအဆင့်တွင် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး(အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဟူ၍ အားကစားနည်းခြောက်မျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။
ပြည်နယ်/တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ နည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး ပြေးခုန် ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊ ကြက်တောင် (အမျိုးသား/ အမျိုးသမီး)၊ ဘိလိယက်/စနူကာ(အမျိုးသား)၊ လက်ဝှေ့ (အမျိုး သား/အမျိုးသမီး)၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု (အမျိုးသား/အမျိုးသမီး)၊ ခရစ်ကက် (အမျိုး သား/အမျိုးသမီး)၊ ဘောလုံး(အမျိုးသား/ အမျိုးသမီး)၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး (အမျိုးသား)၊ ဂျူဒို(အမျိုးသား/အမျိုးသမီး)၊ ကရာတေး (အမျိုး သား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)၊ ရေကူး(အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး)၊ တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)၊ တင်းနစ် (အမျိုးသား/ အမျိုးသမီး)၊ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုး သမီး)၊ ဗိုဗီနမ်(အမျိုး သား/အမျိုးသမီး)၊ အလေးမ(အမျိုးသား/အမျိုးသမီး)၊ ဝူရှူး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ ပါဝင်ပါသည်။
မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ ထိုင်လျက်ဘော်လီဘော(အမျိုးသား)နှင့် မျက်မမြင်စစ်တုရင် ( အမျိုးသား/အမျိုးသမီး) စသည့်အားကစားနည်းလေးမျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။
ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားနှင့် ဒိုင်/ဂျူရီအင်အား
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားအနေဖြင့် ဝန်ကြီးဌာနအဆင့် ပြိုင်ပွဲများတွင် ၂၅၀၄ ဦး၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ၆၀၂၉ ဦး၊ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ၁၈၃ ဦး စုစုပေါင်း ၈၇၁၆ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အားကစားပြိုင်ပွဲအသီးသီးတွင် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည့် ဒိုင်/ဂျူရီအင်အားအနေဖြင့် ၈၂၃ ဦးခန့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
ချီးမြှင့်ပေးအပ်ခဲ့သည့် ဆုတံဆိပ်အရေအတွက်
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ ၂၃ မျိုးအတွက် ရွှေတံဆိပ် ၂၃၈ ခု၊ ငွေတံဆိပ် ၂၃၈ ခု၊ ကြေးတံဆိပ် ၃၃၁ ခု စုစုပေါင်း ၈၀၇ ခု၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲ ခြောက်မျိုးအတွက် ရွှေတံဆိပ် ၅၁ ခု၊ ငွေတံဆိပ် ၅၁ ခု၊ ကြေးတံဆိပ် ၅၁ ခု စုစုပေါင်း ၁၅၃ ခု၊ မသန်စွမ်းအားကစားပြိုင်ပွဲ လေးမျိုးအတွက် ရွှေတံဆိပ် ၅၀၊ ငွေတံဆိပ် ၅၀၊ ကြေးတံဆိပ် ၄၉ ခု၊ စုစုပေါင်း ၁၄၉ ခု၊ ပြိုင်ပွဲ သုံးရပ်လုံးအတွက် ရွှေတံဆိပ် ၃၃၉ ခု၊ ငွေတံဆိပ် ၃၃၉ ခု၊ ကြေးတံဆိပ် ၄၃၁ ခု စုစုပေါင်း ၁၁၀၉ ခု ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ပြိုင်ပွဲကြီးအပြီးတွင် ရွေးချယ်ရရှိခဲ့သည့် မျိုးဆက်သစ်များနှင့် စံချိန်ချိုးခဲ့မှုမှတ်တမ်းများ
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအပြီးတွင် အားကစားနည်း ၂၃ မျိုးအတွက် လူငယ်မျိုးဆက်သစ်အမျိုးသားအင်အား ၅၄၀ ကျော်၊ အမျိုးသမီးအင်အား ၃၀၀ ကျော် စုစုပေါင်းအင်အား ၈၄၀ ကျော်ရွေးချယ်ရရှိခဲ့ပြီး ပြေးခုန်ပစ်အားကစားနည်းမှ လမ်းလျှောက် Event တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့က အနီးကပ်ဆုံးကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲစံချိန်များအားလည်းကောင်း၊ အမျိုးသားတစ်ဦးက သံလုံးပစ်အားကစားနည်းတွင် ဝန်ကြီးဌာနစံချိန်နှင့် မြန်မာပြည်စံချိန်အားလည်းကောင်း၊ အလေးမပြိုင်ပွဲတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့က မြန်မာပြည်စံချိန်များအား ချိုး၍ စံချိန်သစ်များ တင်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာ့အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဖော်ဆောင်ရမည့် လူထုအားကစား
မြန်မာ့အားကစားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာ ရှိသော်လည်း မဖြစ်မနေတစိုက်မတ်မတ်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုမှာ “လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေးတွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများအပြင် လူထုအားကစားလှုပ်ရှား ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများအား အများပြည်သူများ (ကျောင်းသား ကျောင်းသူများအပါအဝင်) ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး အင်တိုက်အားတိုက် လိုက်ပါဆောင်ရွက်လာစေရေးအတွက် အားကစားအသိပညာပေးလုပ်ငန်းများအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရေးပင်ဖြစ်ပါသည်။”
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်း၏ အမျိုးသားရေးဦးတည်ချက်များ အောင်မြင်စေရေး
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား နိုင်ငံတော်က အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။ ပြိုင်ပွဲကြီးမှ အားကစားနည်းအလိုက် မျိုးဆက်သစ်များလည်း မြောက်မြားစွာ ပေါ်ထွက်ခဲ့ပြီးဖြစ်ရာ ရရှိခဲ့သည့် မျိုးဆက်သစ်အားကစားသမားများနှင့် ယခင်ရှိပြီး မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင် အားကစားသမားများအား ထိရောက်စွာအသုံးချ၍ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးအတွက်လည်းကောင်း၊ မကြာမီကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထိုက်ထိုက်တန်တန်အောင်မြင်မှု ရရှိစေရေးအတွက်လည်းကောင်း၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အင်တိုက် အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေးအတွက်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက ဆက်လက်အကောင်အထည်ဖော်ပေးကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။

နေပြည်တော်တွင် နှစ်ပေါင်း ၂၀ နီးပါး တာဝန်ထမ်းဆောင်စဉ် အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော မန္တလေးမြေငလျင်ကြီးသည် မိမိမွေးဖွားသည်မှ ယနေ့အသက် ၆၀ ကျော်ကာလအတွင်း ပထမဆုံးတွေ့ကြုံခဲ့ဖူးသော အပြင်းထန်ဆုံးသော သဘာဝဘေးငလျင်ဖြစ်သည်။
ငလျင်လှုပ်သည့်နေ့ မတ်လ ၂၈ ရက်တွင် ဌာနအကြီးအကဲများက ချက်ချင်းပင် မိမိဌာနဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု၊ ဝန်ထမ်းလိုင်းခန်းများ အပါအဝင် ရုံးအဆောက်အအုံ ပျက်စီးမှုများကို လိုက်လံစစ်ဆေးကြည့်ရှုကြရာ မိမိကိုင်တွယ်ရသော ဌာနခွဲမှာ မြန်မာ့အားကစားအမွေအနှစ်များ (ရုပ်တုများ၊ ဆုဖလားများ၊ ဆုတံဆိပ်မှတ်တမ်းများ၊ သမိုင်းဝင်ဓာတ်ပုံများ)ကို အများပြည်သူကြည့်ရှု လေ့လာနိုင်ရန် ပြခန်းများလည်းပါဝင်၍ လာရောက်စစ်ဆေးသူ အကြီးအကဲများက အဆိုပါ အားကစားအမွေအနှစ်ပစ္စည်းများအတွက် စိုးရိမ်ကာ ပြခန်းများအတွက် ညဂျူတီချရန် ညွှန်ကြားခဲ့ကြသည်။
မိမိအပါအဝင် ဝန်ထမ်းများ အိမ်ရာရွှေ့ပြောင်းရေးကိစ္စ ညှိနှိုင်းအစည်းအဝေး ကျင်းပအပြီးမှာ ကျွန်တော်လည်းပဲ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းအတွင်း နေအိမ်ခန်းတစ်ခန်း ရရှိခဲ့၍ နေထိုင်ရေး အဆင်ပြေခဲ့သည်။ အားကစားဌာန ဝန်ထမ်းဖြစ်ရတာကို ယခုအချိန်တွင် ဂုဏ်ယူမိသည်။ ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးတင်မိသည်။ အဆိုပါအားကစားလေ့ကျင့်ရေးစခန်းတွင်ပင် စခန်းဝင် အားကစား သမားများသည်လည်း ထိုအတောအတွင်း အဆောင်ရှေ့များ၌ ထွက်အိပ်ကြသည်ကို တွေ့ရသည်။
လျှပ်စစ်မီးနှင့် ရေကလည်းမလာ၍ အားလုံးစိတ်ညစ်နေကြသည်။ အဆိုပါပြဿနာများကို ပြည်ထောင်စုဝန်ကြီး ဦးစီး၍ ဒုတိယဝန်ကြီးများ အပါအဝင် ဌာနအကြီးအကဲများ စုပေါင်းတိုင်ပင် ညှိနှိုင်းကာ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများ၊ အားကစားသမားများ၊ နည်းပြများအားလုံး၏ နေထိုင်ရေး၊ စားသောက်ရေးအတွက် ထမင်းဘူးများဖြန့်ဝေပေးခြင်း၊ ရေကားများနှင့် ရေဖြန့်ဝေပေးခြင်း၊ သောက်ရေသန့် အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းတို့ကို စီစဉ်ပေးနိုင်ခဲ့သည်မှာ ကျေးဇူးတင် ဝမ်းသာစရာဖြစ်ခဲ့သည်။ တစ်ပတ်ခန့်အကြာမှာပင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။
ရေကတော့ ငလျင်လှုပ်မှုကြောင့် မြေအောက်ရေပိုက်လိုင်းများ ကွဲခြင်း၊ ပြတ်တောက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့၍ သက်ဆိုင်ရာဌာနများက အချိန်ယူပြီး ပင်ပင်ပန်းပန်း ဆောင်ရွက်ပေးကြသဖြင့် ကျေးဇူးတင်ထိုက်သူများတွင် သူတို့လည်းပါဝင်ကြသည်။ အဆိုပါကာလအတွင်း အရေးပေါ်လုပ်ငန်း ဆောင်တာများတွင် အားကစားနည်းပြကြီးများ၊ အားကစားသမားများက အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ကြသည်ကို တွေ့ရ၍ လွန်စွာကျေးဇူးတင်မိသည်။ ရန်ကုန်တိုင်းဒေသကြီး အားကစားထောက်အကူပြုအဖွဲ့မှ မိမိတို့ဝန်ကြီးဌာနသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်အပါအဝင် လက်နှိပ်ဓာတ်မီးကအစ ဦးဦးဖျားဖျား တကူးတက လာရောက်လှူဒါန်းသွားသည်မှာ ကျေးဇူးတင်အမှတ်တရဖြစ်စေခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌကြီးများအပါအဝင် ရပ်ဝေးဒေသ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အားကစား မိသားစုများကလည်း လာရောက်လှူဒါန်းကြ၍ အလှူရှင်များနှင့် ဌာနအကြီးအကဲများကို များစွာကျေးဇူးတင်မိသည်။ ဌာနခွဲအသီးသီးရှိ ရုံးများမှာလည်း လတ်တလောအခြေအနေအရ ပြောင်းရွှေ့ရ၍ စားပွဲခုံ၊ ဗီရို၊ မိတ္တူကူးစက်များ၊ ကွန်ပျူတာများ၊ ဆက်တီများ၊ အနှစ်နှစ်အလလက ရုံးစာဖိုင်များကို ရွှေ့ပြောင်းသယ်ယူရာမှာလည်း အမှန်တကယ် မိမိအပါအဝင် အမျိုးသားဝန်ထမ်းများက ပိုမိုပင်ပန်းကြရသည်။ နောက်ပိုင်းတွင် ဌာနအကြီးအကဲများ၏ ညှိနှိုင်းစီစဉ်ပေးမှုဖြင့် တပ်မတော်သားများ အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေးလံသော အားကစားဆိုင်ရာ ပစ္စည်းများကို ဝိုင်းဝန်းကူညီ သယ်ပိုးပေးမှုကြောင့်လည်း တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအပါအဝင် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသော အကြီးအကဲများကို အထူးလေးစားကြည်ညိုမိသည်။
မိမိသည်လည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အားလျော်စွာ မိမိဝန်ကြီးဌာန၏ တာဝန်ကြီးတစ်ရပ်ဖြစ်သော လာမည့်ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အဆင့်မီမီပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှု အရှိန်အဟုန်များ လျော့ပါးသွားမည်ကို စိုးရိမ်ပူပန်မိသည်။
ရေအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲအပါအဝင် လေ့ကျင့်ရန်နေရာများနှင့် စားသုံးသည့် အစားအစာများမှ ရသင့်ရထိုက်သော အာဟာရတန်ဖိုး ကယ်လိုရီများ လျော့နည်းသွားမည်ကိုပင် စိုးရိမ်မိသည်။ ဆုတံဆိပ်များ ရရှိရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိပြီး လေ့ကျင့်မှုအရှိန်အဟုန် ပျက်မည်ကို စိုးရိမ်ပူပန်လျက်ရှိစဉ် ထိုအပူသောကကို ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နာယကဂုဏ် ခြောက်ပါးနှင့်လျော်ညီစွာ စီမံခန့်ခွဲကာ ဖြေရှင်းပေးနေသည်ကို တွေ့မြင်ရသည်။
၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အားကစားသမားများ၊ တိုင်းဒေသကြီး /ပြည်နယ်ပြိုင်ပွဲများမှ အလားအလာရှိသော လူငယ်လက်ရွေးစင်များကို အားကစားလေ့ကျင့်ရေးစခန်း (နေပြည်တော်)တွင် စခန်းသွင်းလေ့ကျင့်စေရေး စီမံဆောင်ရွက် ထားသည်။ အဆိုပါ အားကစားသမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်အောင် စီမံဆောင်ရွက်ပေးထားသည်။ ငလျင်လှုပ်ချိန်ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများ အပါအဝင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ ငလျင်ဒဏ်ကို အသီးသီးကိုယ်တွေ့ ခံစားခဲ့ကြရသည်။ အဆိုပါအချိန်အတွင်း အားကစားသမားများ၏ လေ့ကျင့်မှု အရှိန်အဟုန် မလျော့ပါးစေရေးအတွက် ဌာနအကြီးအကဲများက စီမံထားသည်။ နေပြည်တော်အတွင်း လျှပ်စစ်မီးနှင့် ရေအခက်အခဲရှိနေစဉ် အားကစားအဖွဲ့၏ စွမ်းဆောင်ရည်ကျဆင်းမှု မရှိစေရေးကို ပြည်ထောင်စုဝန်ကြီးက လိုက်လံစစ်ဆေးကာ လိုအပ်ချက်များကို ဖြည့်စွက်ပေးသည်။ ငလျင်လှုပ်ပြီး တစ်ပတ်ခန့်အကြာတွင် ရန်ကုန်မြို့ရှိ အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်းများကို စနစ်တကျ ပြင်ဆင်ခဲ့သည်။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လေ့ကျင့်သည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်စနူကာ၊ ပန်ကြပ်စီလပ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအားကစားနည်း စသည်တို့ဖြစ်သည်။ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ လှေလှော်အပါအဝင် ကရာတေး အားကစားနည်းတို့မှာမူလကတည်းက ရန်ကုန်တွင် လေ့ကျင့်လျက်ရှိသည်။
လာမည့် (၃၃) ကြိမ်မြောက် SEA Games တွင် အိမ်ရှင်ထိုင်းက အားကစားနည်း ၅၀ နည်း ထည့်သွင်းကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာအားကစားအဖွဲ့ကလည်း အားကစားနည်းအမျိုးအစား ၃၀ ခန့်တွင် အရည်အချင်းမီမီဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာခံကာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး မိမိဌာနအကြီးအကဲများက ဖြစ်နိုင်သမျှဆောင်ရွက်ပေးနေပြီး ကျရာတာဝန်အပေါ် စေတနာထပ်ဆောင်း ဝီရိယလောင်းရင်း တာဝန်ကျေပွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း မိမိအနေဖြင့် သိမြင်မိသည်။ လက်ရွေးစင်အားကစားသမားများကလည်း“ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်”ဆိုသည့်အတိုင်း မြန်မာဟူသော ငါ့လူမျိုး၊ ငါ့နိုင်ငံအတွက် တိုင်းတစ်ပါးမြေတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့အလံကို တိုင်ထိပ် ရောက်အောင် လွှင့်ထူဖို့ ငါတို့သွေး၊ ငါတို့ချွေး၊ ငါတို့ရဲ့အားမာန်ဖြင့် ပြိုင်ပွဲတွင် ဖြစ်နိုင်သမျှ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အချိန်အထိ ကြိုးစားယှဉ်ပြိုင်အနိုင်ယူမည်ဟူသောအောင်နိုင်စိတ်ဖြင့် ပြင်ဆင် လေ့ကျင့်လျက်ရှိသည်။
အားကစားသမားများ အားကစားနည်းအလိုက် ကယ်လိုရီနှင့်ကိုက်ညီအောင် အတတ်နိုင်ဆုံး ကျွေးမွေးရေး၊ တားမြစ်ဆေးဝါးများ သုံးစွဲမှုကင်းရှင်းနိုင်ရေးအတွက် အားကစားဆေးဘက်ဆိုင်ရာ ဌာနခွဲအပါအဝင် မြန်မာနိုင်ငံတားမြစ်ဆေးဝါး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့အစည်း (MADO)ကလည်း အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးခြင်းများ၊ စားရိပ်သာအပါအဝင် အားကစားပရိဝုဏ်အတွင်း အသိပညာပေးဆောင်ပုဒ်များ ချိတ်ဆွဲခြင်းတို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်။ နိုင်ငံတော်ကလည်း လက်ရွေးစင် အားကစားသမားများအတွက် စားစရိတ်ကို ယခင်ထက် ပိုမိုတိုးမြှင့်ခွင့်ပြုပေးသည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးသော ဆက်စပ်ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အကြီးအကဲကို အထူးကျေးဇူးတင် လေးစားမိသည်။
ငလျင်လှုပ်ခတ်ပြီး မရှေးမနှောင်း ကာလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အကြောင်း ယခုဆောင်းပါးတွင် ထည့်သွင်းဖော်ပြလိုသည်။ မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်မှာ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင် ရက်ရှည်စခန်းသွင်း လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ ငလျင်လှုပ်
ပြီးချိန်တွင်လည်း လေ့ကျင့်မှုမပျက်စေရေး အာရုံစိုက်လုပ်ဆောင်ဆဲပင်ဖြစ်သည်။ မျိုးဆက်သစ် ဂျူနီယာတန်းတွင် အသက် ၁၀ နှစ်အောက် လေးဦး၊ အသက် ၁၂ နှစ်အောက် နှစ်ဦး၊ အသက် ၁၈ နှစ်အောက်တစ်ဦး၊ စီနီယာတန်းတွင် Youth Camp မှတစ်ဦး၊ ပဏာမ လက်ရွေးစင် လေးဦးအပါအဝင် စုစုပေါင်း ၁၂ ဦးပါအသင်းက မလေးရှားနိုင်ငံတွင် ဧပြီလ ၁၁ ရက် မှ ၁၃ ရက်အထိကျင်းပသော PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၅)ဆု၊ ငွေ (၄)ဆု၊ ကြေး (၃)ဆုဖြင့် ပြိုင်ပွဲဝင် အားကစားသမား ၁၂ ဦးလုံး ဆုအသီးသီး ဆွတ်ခူးခဲ့ကြသည်ကို အဖွဲ့ချုပ်အတွက်၊ ဝန်ကြီးဌာနအတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ဖြစ်ခဲ့သည်။
တိုးတက်အောင်မြင်မှုတိုင်းသည် ရေရှည်စဉ်ဆက်မပြတ်ဖြစ်ရန် Sustainable Development လိုအပ်သည်။ Sustainable Development နှင့်ပတ်သက်၍ ဂျူဒိုအားကစားအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်ကို ဥပမာပေး၍ ဖော်ပြလိုသည်။ ဆောင်းပါးရှင် အထက်မှာဖော်ပြခဲ့ပြီးသော မလေးရှားနိုင်ငံ ပီနန်းမြို့သို့ သွားရောက်ယှဉ်ပြိုင်သည့် မြန်မာဂျူဒိုအားကစားအဖွဲ့ ပြည်ပသို့မထွက်ခွာမီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၏ ဩဝါဒခံယူသည့်နေ့တွင် အသင်းနည်းပြအား ဝန်ကြီးက “ယခုပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့ မည်သို့ပြင်ဆင် လေ့ကျင့်ပေးထားပါသလဲ” ဟု မေးမြန်းရာတွင် နည်းပြက“အထူးသီးသန့်တော့ ပြင်ဆင်လေ့ကျင့်ပေးထားခြင်း မရှိပါ။
လပေါင်းများစွာ ရေရှည်စခန်းဝင် ပုံမှန်လေ့ကျင့်ပေးထားပြီးသား ဖြစ်၍ အားကစားသမားများအားလုံး မိမိတို့လေ့ကျင့်ပေးထားသည့်အတိုင်း သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်မှာ အမှတ်ရဖွယ်ဖြစ်ခဲ့ပြီး ပြိုင်ပွဲမှပြန်ရောက်လာချိန် ပြိုင်ပွဲဝင် ၁၂ ဦးလုံး ရွှေတံဆိပ်အပါအဝင် ဆုအသီးသီး ဆွတ်ခူးပေးနိုင်သည်မှာ Sustainable Training ၏ အကျိုးဆက်ဆိုသည်မှာ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ သိသာထင်ရှားပေသည်။ မြန်မာဂျူဒိုအသင်းအတွက် နည်းပြတာဝန်ထမ်းဆောင်နေသည့် ဂျပန်နည်းပြ Yamato Hiranuma ကလည်း စေတနာ၊ ဝါသနာအပြည့်ဖြင့် မြန်မာအသင်းကို ကိုင်တွယ်ပေးနေသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံသြဝါဒခံယူသောနေ့တွင် မြန်မာလိုနှုတ်ဆက် တင်ပြသွားသည်မှာ လေးစားစရာ အမူအရာအသွင်အပြင်ကို တွေ့ရသည်။
မြန်မာအသင်းကို ကိုင်တွယ်နေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်နေသော ဂျူဒိုမြက်ဖျာများရရှိရေး အပါအဝင် ဂျူဒိုမျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် Judo in School အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး မြန်မာဂျူဒိုအသင်းအောင်မြင်မှု ရရှိနေသည်မှာလည်း သူ့ကျေးဇူးမကင်း၍ ဂျူဒိုအားကစားဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်မိသည်။
ယခု မေလ ၈ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ၊ အကောင်းဆုံးအုပ်ချုပ်သူနှင့် နည်းပြဆုများ၊ စွမ်းဆောင်ရည်အကောင်းဆုံး အားကစားအဖွဲ့ချုပ်ကို ဆုရွေးချယ်ပေးအပ်ရာတွင် ဆုချီးမြှင့်ခံရသူ အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူတို့သည် အားကစားလောကတွင် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် အားကစားကို ကိုယ်ရောစိတ်ပါ ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသူများဖြစ်ကြ၍ ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကို စွမ်းဆောင်ရည် အကောင်းဆုံးအဖွဲ့ချုပ်ဆုပေးအပ်ခဲ့သည်မှာ Sustainable Development ဖြစ်အောင် ဆောင်ရွက်နိုင်မှုကြောင့်ဟု ချီးမွမ်းလိုသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုလို Sustainable Development ဖြစ်အောင် စွမ်းဆောင်နိုင်သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့မှာ ဆုတံဆိပ်များမလွတ်တမ်း ဆွတ်ခူးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိသည်။
အလားတူ မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့သည်လည်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၂၅ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲသို့ အားကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်လေးဆု ဆွတ်ခူးရရှိခဲ့သည်မှာလည်း အိုလံပစ်အားကစားနည်း တစ်ခုဖြစ်သော ရွှေ၊ ငွေ၊ ကြေး အရေအတွက် ၄၀ ကျော်စီ ချီးမြှင့်လေ့ရှိသော ကျွန်းဆွယ်ပွဲ (ယခုအခေါ် “အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ”)တွင် မြန်မာတို့ ဝင်ရောက်ယှဉ်ပြိုင်သော အားကစားနည်းများအနက် ရွှေ၊ ငွေ၊ ကြေး ဆုအရေအတွက် အများဆုံး ဆွတ်ခူးခဲ့ဖူးသော မြန်မာတို့ ယခုအချိန်ထိ လက်လှမ်းကွာနေသေးသော ပြေးခုန်ပစ်အားကစားနည်းသည် လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မျှော်လင့်ခြင်းရောင်ခြည်များ ထင်ရှားစွာပေးတော့မည့် အနေအထားပင်ဖြစ်သည်။
ထို့ကြောင့် အားကစားလောက တိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်များ (Human Resourses) အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ နည်းစနစ်ကျွမ်းကျင်သူ၊ နည်းစနစ်ညွှန်ကြားရေးမှူး(Technical Director)၊ နိုင်ငံတကာဒိုင်များဖြင့် စနစ်တကျဖွဲ့စည်းထားကာ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အားကစားအဖွဲ့ချုပ်များ ရှိဖို့လိုသလို ငွေကြေးအပါအဝင် လိုအပ်သည်များ ပံ့ပိုးသူ စပွန်ဆာများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ ဝိုင်းဝန်းပံ့ပိုး အားပေးမှုများကလည်း ခွန်အားတစ်ရပ်ပင်ဖြစ်သည်။
ထို့ပြင် လူငယ်လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး အားပေး ဆောင်ရွက်လာစေရေးနှင့် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေးတို့အတွက် နိုင်ငံတကာအိုလံပစ် ကော်မတီ၊ အာရှအိုလံပစ်ကောင်စီတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများသို့ ပူးတွဲလေ့ကျင့်ရန်(Joint-Training) စေလွှတ်ခြင်းအပါအဝင် ပြိုင်ပွဲအတွေ့အကြုံ ရရှိရေးအတွက် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများသို့ စေလွှတ်ခြင်း၊ နည်းပြသင်တန်း ဒိုင်သင်တန်းများသို့ စေလွှတ်ခြင်း၊ အလျဉ်းသင့်သလို မြန်မာနိုင်ငံ၌လည်း ပြည်ပအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ အားကစားနည်းအလိုက် လုပ်ငန်းအထောက်အကူပြု Seminar၊ Workshop များ ကျင်းပခြင်းတို့ကို အားကြိုးမာန်တက် ဆောင်ရွက်ကြရမည်ဖြစ်သည်။
တစ်ဆက်တည်းပင် အာရှနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံ Tohoku မြို့တွင် ၂၀၁၁ ခုနှစ် မတ်လ ၃ ရက်က ပြင်းအား ၉ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော်လည်း အားကစားသမိုင်းတွင် အောင်မြင်ခဲ့သည့် အကြောင်းကို ဆက်စပ်ဖော်ပြလိုသည်။ အဆိုပါ ငလျင်ဘေးဒဏ်ခံခဲ့ရာတွင် အစိုးရအရာရှိအကြီးအကဲများ ကိုယ်တိုင် သေပျောက်မှုတွင်ပါဝင်ကြောင်း၊ မြေငလျင်ဘေး နောက်ဆက်တွဲအဖြစ် ဆူနာမီမုန်တိုင်းကြောင့် ပင်လယ်ဒီရေကြီးမြင့်မှုဒဏ်ကိုပါ နောက်ဆက်တွဲခံခဲ့ရ၍ Fukushima Power Plant စက်ရုံနှစ်ခု ပေါက်ကွဲမှုပါဖြစ်ပွားခဲ့ကြောင်း၊ Toyota မော်တော်ကားကုမ္ပဏီများ ထုတ်လုပ်မှုလျှော့ချခဲ့ရကြောင်း၊ လူပေါင်း ၁၅၈၉၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၆၁၅၂ ဦးရှိပြီး ၂၅၆၂ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ဒုက္ခသည်ပြည်သူ ၂၅၀၀၀၀ ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးရာတွင် မြို့ရှိ အကြီးအကဲများမရှိသဖြင့် ဒေသခံပြည်သူတို့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၎င်းတို့အစီအစဉ်နှင့် လုပ်ရကြောင်း၊ သီးနှံများပျက်စီးသည့်အပြင် National Eco System များ ပျက်စီးခဲ့ရကြောင်းသိရသည်။
ငလျင်ဘေးဒဏ်ခံရသည့် ၂၀၁၁ ခုနှစ်အတွင်းကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်နေသည့် ဘောလုံးအားကစားသမားများ၏ မိသားစုဝင်များပင်လျှင် အဆိုပါ သဘာဝငလျင်ဘေးဒဏ်ကို ခံစားရသည့်အပြင် လေ့ကျင့်ရေးစခန်းများ Training Camps ပျက်စီးမှုကြောင့် ပုံမှန်လေ့ကျင့်ခွင့်ပင်မရခဲ့ကြ။ ထိုသို့သော အခက်အခဲများကြားမှပင် ၂၀၁၁ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်းက နောက်ဆုံးဗိုလ်လုပွဲ၌ အမေရိကန်အသင်းကိုနိုင်ပြီး ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပသည့် အချိန်မှသည် ၂၀၁၁ ခုနှစ်အထိ အာရှနိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ခြေစစ်ပွဲအောင်သော အမျိုးသားဘောလုံးအသင်းများနှင့် အမျိုးသမီးဘောလုံးအသင်းများအနက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်သည့်အသင်းမှာ ဂျပန်အမျိုးသမီးဘောလုံးအသင်း တစ်သင်းသာရှိသည်မှာ အာရှနိုင်ငံများအတွက် ဂုဏ်ယူဖွယ်ဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့နိုင်ငံနှင့်နှိုင်းယှဉ်လျှင် များစွာဆိုးဝါးသည့်ငလျင်နှင့် ဆူနာမီရေဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရသော ဂျပန်လက်ရွေးစင်အမျိုးသမီး ဘောလုံးကစားသမားများကို စံအတုယူလျက် မြန်မာ့ လက်ရွေးစင် အားကစားသမားများသည်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး၏ နောက်ဆက်တွဲဘေးဒုက္ခများကြောင့် မိမိတို့ကိုယ်စီ လေ့ကျင့်ထားသော စွမ်းရည်ကို မဆုတ်ယုတ်စေဘဲ အခက်အခဲမှန်သမျှကို ကျော်လွှား Overcome လုပ်နိုင်ကာ ပြိုင်ပွဲတိုင်းတွင် မိမိရှိရင်းစွမ်းဆောင်မှုထက် အဆပေါင်းများစွာ ဖော်ထုတ်ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း၊ လျင်မြန်သွက်လက်လျက် ကျောက်နံရံလို မာကျောသောစိတ်ဓာတ် ခံနိုင်ရည်အပြည့်ဖြင့် ထွန်းပြောင်ခဲ့သည့် မြန်မာ့သမိုင်းရာဇဝင် အစဉ်အလာရှိခဲ့ဖူးသည်များကို အမှတ်ရလျက် မြန်မာ့သမိုင်းအစဉ်အလာမပျက် ထိုင်းနိုင်ငံမြေတွင် မြန်မာအလံကို တိုင်ထိပ်အရောက် အကြိမ်ကြိမ်အလီလီ လွှင့်ထူနိုင်သော အားကစားသူရဲကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နိုင်ငံချစ်သူနိုင်ငံသား ဝန်ထမ်းတစ်ယောက်အနေနှင့် ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။
Source: Myawady Web Portal